webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Action
Not enough ratings
69 Chs

Chapter 63

Thu, Aug 27, 2021

{UNICODE}

အဲ့ဒီ့အချိန် ကုံးရင့်ရှန်ဒေါသကို ရန်ရိအပြည့်အဝ နားလည်နိုင်ပြီး သူနှစ်သိမ့်ပေးလိုက်သည်။

" ရင့်ရှန်၊ စိတ်လျှော့ ၊ မင်းအခင်းနေရာမှာလား? "

" ကျွန်တော် အခင်းနေရာကို အပြေးသွားနေတယ် "

ကုံးရင့်ရှန်အသံက ဆက်၍တုန်ယင်နေဆဲဖြစ်ကာ

" ခင်များရော? "

" ငါလည်း လမ်းမှာပဲ၊ မင်းအခင်းနေရာက အခြေအနေကို သိလား? "

" ပေါက်ကွဲတဲ့နေရာက ကျိုးချွမ်းလူနာဆောင်ဆိုတာပဲ သိတယ် "

ကုံးရင့်ရှန် ပင့်သက်ကြမ်းကြမ်းရှိုက်ပြီး အံကြိတ်လိုက်သည်။

" အခု အနောက်ဘက်ဆောင် ပြိုကျသွားပြီ၊ ကျိုးချွမ်းလည်း အသက်ရှင်ဖို့ အခွင့်အရေးမရှိသလောက်ပဲ၊ ဒီမျိုးမစစ်....လူယုတ်မာတွေ....."

သူတို့အခုမှ လူယုတ်မာအဖွဲ့အစည်းထဲက ဝေဝါးဝါးအရိပ်လေးကို ဖြတ်ခနဲဖမ်းမိလိုက်ရုံရှိသေး၊ တစ်ဖက်လူကတော့ လူတောင်သတ်နေပြီ။ ကျိုးချွမ်းက ဒီဇာတ်ခုံပေါ်မှာ အကြီးဆုံးလမ်းစဖြစ်နိုင်ပြီး သူ့သေဆုံးမှုက ကုံးရင့်ရှန်အတွက် တွန်းလှန်မှုကြီးဖြစ်သည်။ ထပ်ပြီးတော့ ၎င်းက အပြစ်မဲ့သူတွေကိုပါ ထိခိုက်စေ၏။

" သူတို့ ဒီလိုတောင်လုပ်ရဲတယ်၊ နံရံ‌ပေါ်ခုန်တက်ဖို့ လောနေတာပဲ၊ စီစဉ်ချိန်ကအရမ်းတိုပြီး လစ်ဟာချက်တွေ အများကြီးရှိလိမ့်မယ် "

ရန်ရိ လေသံအနေအထားတစ်ခုဖြင့် ‌နှစ်သိမ့်ပေးလိုက်သည်။

" မစိုးရိမ်ပါနဲ့၊ မင်းသူတို့ကိုဖမ်းမိဖို့ ခြေတစ်လှမ်းနီးလာပြီ "

ကုံးရင့်ရှန်က အသက်ပြင်းပြင်းရှူလိုက်ပြီး

" ခင်များ အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာမလဲ? "

" ခြောက်မိနစ်၊ ခုနစ်မိနစ်လောက်ပေါ့၊ မင်းရော? "

" ကျွန်တော်လည်း အတူတူလောက်ပဲ "

ကုံးရင့်ရှန် တုံ့ဆိုင်းသွားပြီး

" ဖုန်းမချနဲ့ "

" ဘယ်လို? "

" ဖုန်းသာမချလိုက်နဲ့ "

ရန်ရိအသံကို နားထောင်ရင်း သူ့ ပေါက်ကွဲထွက်ခါနီးနေတဲ့ ဒေါသတွေ ဖြည်းဖြည်းချင်း လျော့ကျသွားသလို ခံစားရသည်။

" ကောင်းပြီ၊ ငါဖုန်းမချပါဘူး "

ရန်ရိအသံက မသိစိတ်အလျောက် ညင်သာသွား၏။

ကားတစ်စီးထဲအတူရှိနေတဲ့ တပ်သားတွေအကုန်လုံး ရန်ရိကို ထူးထူးဆန်းဆန်းမျက်လုံးများဖြင့် ကြည့်လာကြသည်။

ရန်ရိ ချောင်းအသာဟန့်လိုက်ပြီး

" မင်းတို့ ဆေးရုံဒီဇိုင်းဆွဲထားတာနဲ့ မီးသတ်လမ်းကြောင်းတွေ တောင်းပြီးပြီလား? "

" ဒီမှာပါ "

တင်းချင်ကရန်ရိကို Tablet လှမ်းပေးလာပြီး ရန်ရိ လှမ်းယူလိုက်သည်။ နောက်တော့ ကြည့်နေရင်း သူတိုးတိုးပြောလိုက်သည်။

" မင်း‌ ဆေးရုံအကြောင်း ဘာသိသေးလဲ? "

" အခန်းစောင့်ဂျူတီကျတဲ့ ရဲဘက်လုံခြုံရေးက အဆက်အသွယ်ပြတ်နေတယ် "

ကုံးရင့်ရှန်က အလေးအနက်ပြောလာသည်။

" ကျွန်တော် ကြောက်တာ....."

" မလိုဘူး၊ ငါတို့အခင်းနေရာသွားပြီး ပြိုကျတာ သွားစစ်တဲ့အထိစောင့်ဦး "

" ကျွန်တော်တို့ အစပိုင်းအစီအစဉ်က မနက်ဖြန်ဆေးရုံသွားမလို့ပဲ၊ ဒီအလုပ်ကာလအတွင်း ကျိုးချွမ်းလည်း ထုတ်ပြောလာတော့မှာ၊ သူတို့ အရင်ခြေလှမ်းလိုက်မယ်လို့ မထင်ထားဘူး "

" ကြည့်ရတာကျိုးချွမ်းက ငါတို့ထင်တာထက် ပိုသိနေပုံရတယ်၊ သူပြောလိုက်တာနဲ့ ရဲတွေဟုန်ယန့်ကို ဖမ်းနိုင်လိမ့်မယ်၊ အဲ့တာကြောင့် ဟုန်ယန့်အရဲစွန့်လိုက်တာပဲ "

" ဒီလူက ချန်ဖေ့ထက် ပိုအန္တရာယ်များတယ်၊ ချန်ဖေ့က ပိုက်ဆံယူပြီးအလုပ်လုပ်ပေးတဲ့ လူရမ်းကား၊ အများဆုံး ရက်စက်တာပဲ လုပ်နိုင်တယ်၊ ဒါပေမယ့် ဒီလူကတော့ ဆေးရုံ‌ကိုဖောက်ခွဲပြီး လူသတ်မှုကျူးလွန်တဲ့ အထောက်အထားတွေရှိတယ် "

ကုံးရင့်ရှန် စူးစူးရှရှပြောလာသည်။

" လူသေမှာကို ဝမ်းမနည်းတဲ့ တိရစ္ဆာန်ကောင်ပဲ "

မိနစ်အနည်းငယ်ကြာတော့ မီးသတ်ကား ဟုန်းဝူဆေးရုံသို့ ရောက်သည်။ ရဲကားတွေနဲ့ လူနာတင်ကားတွေ ဆေးရုံရှေ့မှာ ရပ်ထားကြပြီး သူတို့က ပထမဆုံးရောက်တဲ့ စခန်းဖြစ်သည်။

ရန်ရိ သိပ်မဝေးသော အတွင်းလူနာဆောင်ကို လှမ်းကြည့်လိုက်တော့ အနောက်ဘက်ရှိ လေးထပ်ဆောင်မှာ ဒုတိယထပ်ပြိုကျပြီး ပထမထပ်ပေါ် ပိကျနေသည်။ တတိယထပ်နဲ့ စတုတ္ထထပ်ကတော့ အနေအထားမှာ ခချော်ခချွတ် ရှိနေသေးပေမယ့် ပြင်းပြင်းထန်ထန်တိမ်းစောင်းနေပြီး နံရံများအက်ကွဲနေကာ အက်ကွဲကြောင်းကြီးက အဆောင်အတွင်း ဖြိုခွဲထားသည်။ လူတစ်ယောက်က ပြတင်းပေါက်ကနေ အဝတ်ယမ်းပြရင်း အကူအညီတောင်းနေ၏။ ဆေးရုံအတွင်းလူနာတွေကတော့ ဘေးလွတ်ရာရွေ့ပြောင်းသွားကြပြီး အခင်းနေရာက ဖရိုဖရဲဖြစ်နေသည်။

ရန်ရိမျက်နှာက တည်တံ့နေလျက်။ ဒီညတော့ တိုက်ပွဲကြမ်းတော့မယ်ဆိုတာ သိပြီး အော်ပြောလိုက်သည်။

" မီးဖွင့်လိုက်တော့ "

ကားမောင်းတဲ့သူက မီးသတ်ကားမှာပါတဲ့  မီးအခင်းအလင်းပေး‌တဲ့ကိရိယာကို ဖွင့်လိုက်တော့ လင်းထိန်နေတဲ့မီးရောင်က ပြိုပျက်နေတဲ့အဆောင်ပေါ် ထွန်းလင်းကျလာသည်။ အခင်းနေရာမှ အခြေအနေသည်ကား ထိတ်လန့်စရာအတိ။

" ခေါင်းဆောင်ရန်၊ ဒီမှာ လူတစ်ယောက်ရှိတဲ့ပုံပဲ၊ ကျွန်တော် အသံကြားလိုက်တယ်! "

တပ်သားတစ်ယောက်က အပျက်အစီး‌ပုံကို ညွှန်ပြလာသည်။

" စွန်းတင့်ရိ တူးဖော်ရေးအတွက် ပထမနဲ့ ဒုတိယအဖွဲ့ကိုခေါ်သွား "

ရန်ရိ အမိန့်ပေးလိုက်သည်။

" တတိယအဖွဲ့က လှေကားထောင်ပြီး အပေါ်ကလူတွေကို အရင်ကယ်၊ မင်းတို့ ငါ့အမိန့်မရဘဲ အဆောက်အဦးထဲ ဝင်ခွင့်မရှိဘူး "

" ဟုတ်ကဲ့ "

ပထမအဖွဲ့နှင့် ဒုတိယအဖွဲ့မှတပ်သားများ ကျောက်စရစ်တွေ စတူးထုတ်ကြပြီး လှေကားက အကူအညီတောင်းတဲ့သူတွေဆီ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။

ဂျူတီကုတ်အဖြူဝတ်ထားတဲ့ ယောက်ျား‌တစ်ယောက်က ရန်ရိဘက်လျှောက်လာပြီး

" ခေါင်းဆောင်ရန် မဟုတ်လား? ကျွန်တော်က ဒုဆေးရုံအုပ်ပါ၊ မျိုးရိုးနာမည်က စုန့်၊ ဒီနေ့ ကျွန်တော်ဂျူတီကျတယ် "

ရန်ရိ အဆောင်အခင်းအကျင်းကိုသာ ဆက်လေ့လာရင်း

" စုန့်ယွမ့်ကျောင်၊ ပြိုကျတဲ့အပိုင်းမှာ လူဘယ်လောက် ပိတ်မိနေလဲသိလား? "

" အနည်းဆုံး ခြောက်ဆယ်၊ ခုနစ်ဆယ်‌လောက် ရှိတယ် "

စုန့်ယွမ့်ကျောင်က စိုးရိမ်တကြီးပြောလာသည်။

" အချို့က မလှုပ်ရှားနိုင်တဲ့လူနာတွေပဲ "

" ဆက်သွယ်လို့ရတဲ့ ဆေးဝန်ထမ်းတစ်ယောက်ယောက်ရှိလား? "

" ရှိတယ်၊ တတိယထပ်နဲ့ စတုတ္ထထပ်မှာ ပိတ်မိနေတဲ့ ဆေးဝန်ထမ်းတွေရှိတယ်၊ ပထမထပ်နဲ့ ဒုတိယထပ်မှာကတော့...."

စုန့်ယွမ့်ကျောင်က မျက်ရည်ထိန်းထားရင်း

" ဘာတွေဖြစ်နေလဲ မသိဘူး "

" ရန်ရိ! "

အခုပဲ အခင်းနေရာကိုရောက်တဲ့ ကုံးရင့်ရှန်က ချိုးယန်၊ ဆိုင့်ချောင်၊ အခြားသူနဲ့အတူ ရန်ရိဆီပြေးလာသည်။

ရန်ရိ ကုံးရင့်ရှန်ကိုတွေ့တော့ ရင်ထဲ ဖော်မပြတတ်အောင် အေးချမ်းသွား၏။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့တော့ အမည်မဖော်နိုင်တဲ့ ခံစားချက်တွေ လှိမ့်တက်လာပြီး သူကုံးရင့်ရှန်ကို ခေါင်းညိတ်ပြလိုက်သည်။

" မင်းတို့အခု လုံခြုံရေးတွေစီမံခန့်ခွဲပြီး ပတ်ဝန်းကျင်နေရာတွေကို တတ်နိုင်သမျှမြန်မြန်ရှာပေး၊ ပေါက်ကွဲမှုဖြစ်တာ မိနစ် ၂၀ အောက်ပဲရှိသေးတယ်၊ ပြီးတော့ တရားခံက အနီးတစ်ဝိုက်က လူစုတွေထဲ ရှိလောက်တယ် "

ချိုးယန်က ပြောလာသည်။

" ကျွန်မတို့ရဲတပ်သားတွေ အများကြီးလွှတ်ရတာ ပထမဆုံးပဲ "

ကုံးရင့်ရှန် ပြောလာသည်။

" ခင်များတို့ အဲ့တာဘာဗုံးအမျိုးအစားလဲ တွက်ချက်နိုင်ရင် တရားခံကိုဖမ်းဖို့ ပိုအကျိုးရှိလိမ့်မယ် "

" တူးဖော်ချိန် ရောက်လာမှာစိုးတယ်၊ ငါတို့....."

မဝေးတဲ့နေရာက မီးသတ်ကားဥဩသံတွေ ဆက်မြည်လာပြီး ရန်ရိ ကုံးရင့်ရှန် ပခုံးကိုပုတ်လိုက်သည်။

" ငါတို့ ဦးစီးမှူးရောက်လာပြီ "

မီးသတ်ကင်းလှည့်ကားတစ်စီး ရန်ရိရှေ့ထိုးရပ်ကာ၊ ရွှီကျင့် ကားထဲကထွက်လာပြီး၊ တစ်ချိန်တည်း အနောက်ဘက်ထိုင်ခုံမှဆင်းလာသူ နောက်တစ်ဦးကတော့ -- ချန်းရှောင်ဖေး။

ဝမ်းမုန် - လော်ရှန့်စခန်းခေါင်းဆောင်နှင့်၊ လင်းရှောင်ဖျင် - စန်းနင်စခန်းခေါင်းဆောင်တို့လည်း‌ ရှေ့ဆင့်နောက်ဆင့် သတင်းပေးလာကြသည်။

" အကြီးအကဲ၊ ‌ဦးစီးမှူး "

ရန်ရိ အလေးပြုပြီး သူတို့ကို tablet ပေးကာ အခင်းနေရာကအခြေအနေကို အတိုချုံးရှင်းပြလိုက်သည်။

ချန်းရှောင်ဖေး အခင်းနေရာကို လေ့လာကြည့်လိုက်ပြီး

" ထောက်လှမ်းရေးကိရိယာတွေနဲ့ ရှာဖွေရေးခွေးတွေ မကြာခင်ရောက်လာလိမ့်မယ်၊ ဝမ်းမုန် မင်းပလက်ဖောင်းကားကို အဆောက်အဦးအနောက်ဘက် ‌မောင်းသွားလိုက်၊ ပြီးတော့ ဖီးနစ်တပ်ဖွဲ့ တတိယထပ်နဲ့ စတုတ္ထထပ်ကလူတွေကို တတ်နိုင်သမျှမြန်မြန် ကယ်ထုတ်နိုင်ဖို့ ကူညီပေး။ ရှောင်ဖျင် မင်းက တတိယထပ်ဝင်ဖို့ လူနှစ်ယောက်ခေါ်သွား၊ အခြေအနေကိုကြည့်၊ အရမ်းအတွင်းကျအောင် မသွားနဲ့၊ လုံခြုံရေးကို ဂရုစိုက်။ လောင်ရွှီနဲ့ ရန်ရိ တည်ဆောက်ပုံမူကြမ်း ကြည့်ရအောင် "

" ဟုတ်ကဲ့ "

သူတို့ အဆောက်အဦးပြိုကျတဲ့ အပိုင်းတွေကို စက်ဝိုင်းအနည်းငယ်ဝိုင်းပြီး၊ အရင်ဆုံး ထိခိုက်မှုကို အပြင်ဘက်ကနေ လေ့လာသည်။

အတွင်းလူနာဆောင်က ဟုန်းဝူဆေးရုံနှင့် တစ်ပြိုင်တည်းတည်ဆောက်ခဲ့သော အဆောက်အဦးတွဲဖြစ်ပြီး အထပ်နိမ့်ကာ ပံ့ပိုးမှုအထောက်အခံများက အတော်အသင့် ဒိတ်အောက်နေပြီဖြစ်ပေမယ့် အတွင်းပိုင်း တည်ဆောက်ပုံကတော့ ရိုးရှင်းသည်။ ၎င်းက ကော်ရစ်တာတစ်လျှောက် ဘေးတစ်ဖက်တစ်ချပ်ဆီ၌ အခန်းများပါရှိသော အလျားလိုက်၊ဒေါင်လိုက်ဒီဇိုင်းဖြစ်သည်။

အခြားလူနာတွေကို သက်ရောက်မှုမရှိစေဖို့ ကျိုးချွမ်းအခန်းကို အနောက်ဘက်ကော်ရစ်တာအဆုံး၌ စီစဉ်ထားသည်။ ပေါက်ကွဲမှုကြောင့် ပြိုပျက်ကျတော့ နောက်ဆုံးလူနာခန်း အနည်းငယ်ကိုသာ အများအားဖြင့်ထိခိုက်သွားစေပြီး အဓိကတည်ဆောက်ပုံကို ထိခိုက်မှုမရှိခဲ့တာကပဲ အဆိုးထဲက အကောင်းဖြစ်သည်။

မကြာခင်ပဲ၊ အင်တာကွန်းထဲက လင်းရှောင်ဖျင်အသံထွက်လာ၏။

" အကြီးအကဲချန်း၊ ကျွန်တော်တို့ တတိယထပ်အခြေအနေကို အခြေခံအားဖြင့် လေ့လာထားတာရှိပါတယ်၊ အနောက်ဘက်မီးထွက်ပေါက်က လုံးဝကိုဖျက်ဆီးခံလိုက်ရပြီး ဒုတိယထပ်ဆင်းဖို့မဖြစ်နိုင်ဘူး၊ တတိယထပ်က စတီးတည်ဆောက်ပုံတွေက အပေါ်နဲ့ အောက်ဖက်က သံနုတ်ဖိအား‌ခံနေတယ်၊ အခုချိန်မှာတော့ သံနုတ်တွေအခြေခိုင်ပုံရပေမယ့် ဒုတိယအကြိမ်ပြိုကျမယ့် အန္တရာယ်ကို ထည့်မတွက်လို့မရ‌ဘူး၊ နောက်ပြီးတော့ ကျွန်တော် တတိယထပ်အက်ကွဲရာကနေ ဒုတိယထပ်မှာ မီးလောင်နေတာတွေ့ခဲ့တယ်၊ ပေါက်ကွဲပြီး တစ်ခုခုကိုမီးစွဲသွားတာလား မသိဘူး "

လူအတော်များများ အဆောက်အအုံကို တစ်ပြိုင်တည်း ကြည့်လိုက်ကြပေမယ့် ဘာမီးမှမတွေ့ချေ။ ၎င်းက မီးသိပ်မကြီးဘူးဆိုတာကို ဖော်ပြနေ၏။ ချန်းရှောင်ဖေးပြောလိုက်သည်။

" အာမခံချက်ရှိဖို့ ဆေးရုံကို မီးမိန်းနဲ့ အပူပေးပိုက်တွေ ဖြတ်တောက်ထားဖို့ သတင်းပေးလိုက်၊ ရှောင်ဖျင် မင်းပြန်ဆုတ်လို့ရပြီ "

အဲ့အချိန်မှာပဲ မီးသတ်သမားတွေ လှေကားနဲ့ ပလက်ဖောင်းများမှတစ်ဆင့် တတိယထပ်နဲ့ စတုတ္ထထပ်က ပိတ်မိလူနာ ၃၆ ယောက်ကို ကယ်ထုတ်ပေးနိုင်ခဲ့သည်။ တစ်ယောက် အပြင်းအထန်ဒဏ်ရာရတာကလွဲပြီး ဘယ်သူမှ သေလုမြောပါးဒဏ်ရာ မရခဲ့ပေ။

ပထမအဖွဲ့နှင့် ဒုတိယအဖွဲ့သည်လည်း အပျက်အစီးပုံထဲ ပိတ်မိနေသူအမျိုးသမီးတစ်ဦးအား ကယ်ထုတ်ကာ အရေးပေါ်ဆောင်သို့ အပြေးသွားကြသည်။

စုန့်‌ယွမ့်ကျောင်က သောကများလျက် ပြောလာသည်။

" အကြီးအကဲချန်း၊ အပူပေးပိုက်တွေ ဖြတ်တောက်လို့ရတယ်၊ ဒါပေမယ့် လျှပ်စစ်မီးတော့ အပြည့်အဝဖြတ်တောက်ပစ်လို့မရဘူး၊ အဆောက်အဦးထဲမှာ အသက်ရှူကိရိယာအပေါ် မှီခိုနေရတဲ့ လူနာတွေရှိသေးတယ်၊ ပြီးတော့ ခွဲစိတ်ခန်းထဲမှာလည်း ခွဲစိတ်လူနာတွေရှိသေးတယ် "

" လျှပ်စစ်သမားတစ်ယောက်ခေါ်ပြီး ပြိုကျတဲ့အပိုင်းကို လျှပ်စစ်ဓာတ်အား တတ်နိုင်သလောက် ဖြတ်ချလို့ရမလား ကြည့်ကြည့်လိုက်ပါ၊ အဆောက်အဦးထဲမှာ မီးလောင်နေပြီ၊ လျှပ်စစ်ပတ်လမ်းတိုဖြစ်တာနဲ့ အနှေးနဲ့အမြန် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားမှာပဲ၊ မင်းတို့ စောစော ပြင်ဆင်ထားရမယ် "

စုန့်ယွမ့်ကျောင်က ပျာပျာသလဲခေါင်းညိတ်ပြီး

" ကျွန်တော် လျှပ်စစ်သမား သွားရှာလိုက်မယ် "

ချန်းရှောင်ဖေးက စခန်းခေါင်းဆောင်သုံးယောက်ကို သူ့ရှေ့ခေါ်ပြီး အလေးအနက်ပြောသည်။

" ပထမထပ်နဲ့ဒုတိယထပ်မှာ ပိတ်မိနေတဲ့ လူနာတွေနဲ့ဆေးဝန်ထမ်းတွေ အများကြီး‌ရှိသေးတယ်၊ အဆောက်အဦးတတိယထပ်က ဆင်းတဲ့နေရာ ပျက်ဆီးသွားပြီ၊ အဲ့တော့ ပထမထပ် ဒါမှမဟုတ် ဒုတိယထပ် အက်ကွဲကြောင်းကိုယ်ထည်ထဲဝင်ပြီးတော့ပဲ ရှာဖွေကယ်ဆယ်လို့ရမယ်၊ ဒီတာဝန်က အရမ်းအန္တရာယ်များတယ်၊ ဖွဲ့စည်းတည်ဆောက်ပုံဖိအားကို ပြဿနာမဖြစ်အောင်၊ အရမ်းအဝေးကြီး မသွားမိအောင်ဂရုစိုက်၊ ငါပြောတာ သေချာ‌နားထောင်၊ အဝေးကြီးမသွားနဲ့၊ ပြိုကျမယ့် အရိပ်အ‌ယောင်တွေ့တာနဲ့ မင်းတို့ချက်ချင်း ပြန်ဆုတ်လာရမယ် "

သုံးယောက်လုံး တစ်ညီတစ်ညာတည်း ပြောလိုက်သည်။

" ဟုတ်ကဲ့ "

" မင်းတို့ တပ်သားနှစ်ယောက်စီခေါ်ပြီး သုံးဖွဲ့ခွဲလိုက်၊ အဖွဲ့တစ်ခုစီတိုင်း တစ်ယောက်တည်း လှုပ်ရှားခွင့်မရှိဘူး၊ ဒဏ်ရာရတဲ့သူတွေ့ရင် ချက်ချင်းသတင်းပို့၊ လူကယ်ဖို့ မလောနဲ့၊ လူကယ်ဖို့ အ‌ခြေအနေသင့်မသင့် လေ့လာကြည့်ရမယ်၊ ကျန်တဲ့အပိုင်းအတွက် ကျောက်စရစ်တွေသယ်ထုတ်ဖို့ ငါစီစဉ်ပေးမယ် "

" ဟုတ်ကဲ့ "

" အကြီးအကဲချန်း "

ရန်ရိ ခေါင်းလှည့်လိုက်တာနဲ့ ကုံးရင့်ရှန်က သူ့ဘေးတစ်နေရာမှာ ရပ်နေတာ မြင်လိုက်ရသည်။

ကုံးရင့်ရှန်က ခပ်အေးအေးပြောလာ၏။

" ခေါင်းဆောင်ချန်း၊ ကျွန်တော်က ဟုန်းဝူနယ်မြေ၊ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနခွဲက ရဲတပ်သားကုံးရင့်ရှန်ပါ၊ သူတို့နဲ့အတူသွားခွင့်တောင်းပါတယ် "

ရန်ရိ မျက်လုံးပြူးသွားပြီး

" ကုံးရင့်ရှန်?! "

ကုံးရင့်ရှန်က သူ့ကိုဖာသိဖာသာ လှမ်းကြည့်လိုက်ပြီး

" မီးဘေးကယ်ဆယ်ရေးက ကျိန်းသေပေါက် အခင်းနေရာက သက်သေတွေကို ထိခိုက်စေမှာပဲ၊ ကျွန်တော် ရှေ့အကျဆုံးသက်သေလိုချင်တယ်၊ ပြီးတော့ ပေါက်ကွဲပစ္စည်းတွေကို တတ်နိုင်သမျှစောစော နားလည်တာကလည်း တရားခံဖမ်းတဲ့နေရာမှာ အရမ်းအရေးကြီးတယ်၊ အပျက်အစီးတွေရှင်းလင်းပြီးတဲ့ နောက်ရက်အနည်းငယ်ထိ စောင့်မယ်ဆိုရင် ပေါက်ကွဲပစ္စည်းတွေ ခွဲခြမ်းစိတ်ဖြာဖို့ အကောင်းဆုံးအချိန်ကို လွတ်သွားလိမ့်မယ် "

ရန်ရိ ကုံးရင့်ရှန်ပခုံးကို ကိုင်ပြီး နောက်ပြန်တွန်းလိုက်သည်။

" လူဆိုးဖမ်းဖို့က မင်းအလုပ်၊ ဒါပေမယ့် ကယ်ဆယ်ရေးက ငါ့အလုပ်ပဲ၊ မင်းဘာလုပ်နေတာလဲ? "

သူ ကုံးရင့်ရှန်ရဲ့ အလွန်လေးနက်ခိုင်မာသော မျက်ဝန်းများကိုကြည့်ရင်း မလွှဲရှောင်သာဘဲ ရင်ထိတ်သွားရသည်။ ပြိုပျက်နေတဲ့ အ‌ဆောက်အဦးထဲမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့က အရမ်းအန္တရာယ်များတာ၊ သူဘယ်လိုလုပ် ကုံးရင့်ရှန်ကို အသက်စွန့်ပြီး သူ့နောက်လိုက်ခိုင်းရမလဲ။

ချန်းရှောင်ဖေးက မျက်မှောင်ကြုတ်ပြီး ပြောလာသည်။

" ဒီက ရဲ‌ဘော်လေး၊ ငါတို့မှာ ငါတို့ကိုယ်ပိုင် အလုပ်ခွင်ခွဲခြားတာမျိုး ရှိတယ်၊ မင်းက ကျွမ်းကျင်ကယ်ဆယ်ရေးသမား မဟုတ်ဘူး၊ ငါတို့အလုပ်ကို မနှောင့်ယှက်ပါနဲ့ "

ကုံးရင့်ရှန် ရန်ရိလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ရည်ရွယ်လား၊ မရည်ရွယ်လား မသိပေမယ့် သူ့လက်ကို ရင်ဘတ်မှာကပ်ထားလိုက်ရင်း ချန်းရှောင်ဖေးကို ထက်သန်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

" ကျွန်တော်က ပေါက်ကွဲမှုဖြစ်စေခဲ့တဲ့ သူပဲ၊ ကိုင်ထားတဲ့အမှုက မျက်မြင်သက်သေ ၊ သူနှုတ်ပိတ်ခံလိုက်ရတာ၊ အုတ်အကျိုးအပြတ်ကြားထဲမှာ မြှပ်နှံခံလိုက်ရတာက တရားခံဖုံးချင်နေတဲ့ အမှန်တရားတစ်ခုတည်းမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ၊ အပြစ်မဲ့တဲ့သူတွေ၊ ဝမ်ရမ့်ရပ်ကွက်မှာ အသတ်ခံလိုက်ရတဲ့သူတွေ၊ အိမ်ပိုင်ရှင်တွေနဲ့ ခင်များတို့ ဆုံးရှုံးလိုက်ရတဲ့ မီးသတ်သမားတွေရောပဲ! "

အခင်းနေရာ ရုတ်တရက် ငြိမ်ကျသွား၏။

ရန်ရိအံကြိတ်ပြီး ပြောလိုက်သည်။

" ကုံးရင့်ရှန်၊ ငါ မင်းစိုးရိမ်မှန်းသိတယ်၊ ငါလည်းစိုးရိမ်တာပဲ၊ ဒါပေမယ့် အဲ့တာဘယ်လောက် အန္တရာယ်များလဲ မင်းသိလား? ဒါကမဟုတ်....."

" အန္တရာယ်ကိုကြောက်ရင် ဘာလို့ရဲလုပ်နေမှာလဲ! "

ကုံးရင့်ရှန် စူးစူးရှရှ ပြောလာသည်။

ရန်ရိ ကုံးရင့်ရှန်ရဲ့ နီးစွေးစွေးမျက်လုံးတွေကို စိုက်ကြည့်ရင်း၊ နှစ်ယောက်သား သဟဇာတမဖြစ်ဘဲ အချင်းချင်းစိုက်ကြည့်နေလိုက်သည်။

ကုံးရင့်ရှန်ရင်ဘတ်နှင့် ကပ်ထားသော ရန်ရိလက်က လက်အိတ်ထူတွေစွပ်ထားရင်း၊ ကုံးရင့်ရှန်ရဲ့ ဆောင်းဦးရာသီကုတ်ကို ဖြတ်ရင်းကပင်၊ ခပ်တိုးတိုးနှလုံးခုန်သံကို ကြားနေနိုင်သေး၏။

" အကြီးအကဲချန်း "

အသက်လတ်ပိုင်း လူကြီးတစ်ယောက်လျှောက်လာပြီး၊ မျက်နှာက ကြမ်းတမ်းလျက်၊ ခန္ဓာကိုယ်က ထွားကြိုင်းသန်မာပြီး ကြည့်ရတာ လူမိုက်တစ်ယောက်နဲ့တူသည်။

ရန်ရိ ဒီလူကို ဟုန်းဝူဌာနခွဲမှာ နှစ်ကြိမ်ဆုံဖူးပြီး၊ သူက ဟုန်းဝူဌာနခွဲ၊ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးမှူး ကျောက်ဖုန်ဖေး ဖြစ်သည်။

[ T/n : the fck! ဖုန်ဖေးနောက်တစ်ယောက် shit ]

" ‌အကြီးအကဲချန်း သူ့ကိုသွားခွင့်‌ပေးလိုက်ပါ၊ ဒီအမှုက အခုကျွန်တော်တို့ ဌာနခွဲမှာ ထိပ်ဆုံးဦးစားပေးပဲ၊ တရားခံက အနည်းဆုံးမီးရှို့မှုသုံးခုနဲ့ ပတ်သတ်နေတယ်၊ ရာဇဝတ်သား အဖွဲ့အစည်းလည်းပါတယ်၊ ထပ်ပေါင်းပြီးတော့...."

ကျောက်ဖုန်ဖေး ပြိုပျက်နေတဲ့အဆောက်အဦးကို မေးငေါ့ပြပြီး

" အနည်းဆုံး လူဦးရေ ကိန်းဂဏန်းနှစ်လုံးလောက်ထိတော့ ပတ်သက်နေတာပဲ၊ ကျွန်တော်တို့ သူ့ကိုတစ်ရက်စောပြီး ဖမ်းနိုင်မယ်ဆိုရင်တောင် အရဲစွန့်ဖို့လိုလားတယ် "

ချန်းရှောင်ဖေး သက်ပြင်းချလိုက်ပြီး

" လောင်ကျောက်၊ မင်းငါ့ကို မျက်နှာပူအောင် လုပ်နေပြန်ပြီ "

ရွှီကျင့် တိုးတိုးပြောလိုက်သည်။

" အကြီးအကဲ၊ ရန်ရိသူတို့ကို မီးရှို့မှုတွေ ကူ‌စုံစမ်းပေးနေတာ၊ နောက်ကွယ်မှာက မီးရှို့မှုတွေအဓိကလုပ်တဲ့ ရာဇဝတ်သားအဖွဲ့အစည်းရှိတယ်၊ ဒီအဖွဲ့အစည်းက ကျွန်တော်တို့ ဘုံရန်သူပဲ၊ အခု တစ်ဦးတည်းသောမျက်မြင်သက်သေက အသတ်ခံလိုက်ရပြီ၊ ကျွန်တော် သူတို့ခံစားချက်ကို နားလည်တယ် "

ကျောက်ဖုန်ဖေးက အလေးအနက်ပြောလာသည်။

" လောင်ချန်း၊ ကျွန်တော်တို့ ရဲတပ်သားလေးက အဲ့မှာပိတ်မိနေတုန်းပဲ၊ ကျွန်တော်တို့ သဲလွန်စအရေးတကြီးလိုတယ် ပြီးတော့ တရားခံကိုဖမ်းမိဖို့လိုတယ်၊ ခင်များ ကူညီပါ "

ရန်ရိ တုန်ယင်နေတဲ့လက်တွေကို လက်သီးဆုပ်လိုက်ပြီး ချန်းရှောင်ဖေးကို ကူကယ်ရာမဲ့ကြည့်ရင်း နောက်ဆုံး ခေါင်းညိတ်ပြကာ ကုံးရင့်ရှန်ကိုဆွဲ‌ခေါ်ပြီး ပြောလိုက်သည်။

" မင်းအဝတ်လဲဖို့ ငါနဲ့လိုက်ခဲ့ "

နှစ်ယောက်သား မီးသတ်ကားပေါ် အတူခုန်တက်လိုက်ကြပြီး ရန်ရိတံခါးပိတ်ကာ ကုံးရင့်ရှန်ကို ထိုင်‌ခုံပေါ်ဖိချလိုက်ရင်း ဒေါသထွက်ထွက်နဲ့ ပြောလိုက်သည်။

" မင်းဘာလို့ ဒီလိုသေမယ့်လမ်း ရွေးနေတာလဲ?! ဓာတုပစ္စည်း‌ကား မှောက်တုန်းကလည်းတစ်ခါ၊ မင်းကိုယ်မင်း ဘာလို့ အန္တရာယ်ကြားထဲ အရောက်ပို့ရမှာလဲ?! "

ကုံးရင့်ရှန်ကသူ့ကို စူးစူးရဲရဲကြည့်လာပြီး

" အဲ့တာဆို ခင်များကရော? ခင်များကရောဘာလို့ ဒီလိုအန္တရာယ်ဖြစ်မယ့် အလုပ်တွေ လုပ်ချင်တာလဲ?  ခင်များကိုယ်ခင်များ ဘာလို့အန္တရာယ်ထဲ အရောက်ပို့ရမှာလဲ?! "

" ဒါငါ့အလုပ်! "

" ဒါလည်း ကျွန်တော့်အလုပ်ပဲ! "

ကုံးရင့်ရှန် အသံမြှင့်လိုက်ပြီး

" ဘယ်လောက်ပဲ ရင်းရရင်းရ ရာဇဝတ်သားတွေကို နှိမ်နင်းရမှာ ကျွန်တော့်အလုပ် "

ရန်ရိ ဒေါသကြောင့် နီမြန်းလာသည်။

သူတို့နှစ်ယောက် ကျဉ်းမြောင်းတဲ့နေရာကထိုင်ခုံမှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြခြင်းဖြစ်ပြီး ဒူးတွေနဲ့၊ ခြေမျက်စိတွေအချင်းချင်း မလွဲဧကန် ထိခတ်မိကြလျက်၊ တစ်ယောက်မျက်နှာထက် တစ်ယောက် လေးလံသောဝင်သက်ထွက်သက်များ ရိုက်ခတ်နေခြင်းကိုပင် ခံစားနိုင်သည်။

ကုံးရင့်ရှန် ရန်ရိရဲ့ နီမြန်းသောမျက်နှာ၊ ထူထဲသောနှုတ်ခမ်းများနှင့် တသိမ့်သိမ့်တုန်နေသော ရင်ဘတ်ကိုကြည့်လိုက်သည်။ ရန်ရိရဲ့ လှပသောမျက်ဝန်းများဝယ် သူ့အတွက် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပေသော်ငြား မျက်ခုံးများကတော့ ရန်လိုခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် ဖြည့်စွက်ထားသည်။ သူ့နှလုံးသား ခပ်ကြမ်းကြမ်းတုန်ခါသွားပြီး မပြောတတ်ပြအောင် သွေးများဆူပွက်လာရင်း မရင်းနှီးသောတုံ့ပြန်မှုက ထကြွလာတော့မည့်ဆဲဆဲ၊ သူရုတ်တရက် ပျာယာခတ်သွားသည်။

ရန်ရိ လိမ္မော်ရောင်တောက်တောက် အသက်ကယ်ဝတ်စုံကို သူ့ဆီပစ်ပေးလိုက်ပြီး

" ဝတ်လိုက် "

ကုံးရင့်ရှန် ပြန်မဖြေဘဲ။

" ကျွန်တော် သူများအဝတ်တွေ မဝတ်ဘူး... ခင်များဟာပဲ ဝတ်ချင်တယ် "

ရန်ရိ စိတ်တိုတိုနဲ့ မျက်စိလှန်ပြီး အဝတ်တွေကို ခပ်ကြမ်းကြမ်းဆွဲချွတ်ကာ ကုံးရင့်ရှန်ကို ထပ်ပစ်ပေးလိုက်သည်။

ကုံးရင့်ရှန် ရန်ရိကိုယ်အနွေးဓာတ်ရှိတဲ့ အသက်ကယ်ဝတ်စုံကို ပြောင်းဝတ်လိုက်ပြီး ညင်သာမှုဖြင့် ရစ်ပတ်ခံလိုက်သလို ခံစားချက်က သူ့ကိုစိတ်အေးသွားစေသည်။

ရန်ရိ သူ့အဝတ်တွေပြန်လဲလိုက်ပြီး အလေးအနက်ပြောလိုက်သည်။

" ကုံးရင့်ရှန် သေချာနားထောင်၊ အခုကစပြီး မင်းငါ့အမိန့်တွေ သေချာလိုက်နာရမယ်၊ ငါအပြောပဲရှိတာ မဟုတ်ဘူး၊ မင်းငါ့ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာရမယ်၊ နားလည်လား? "

" နားလည်တယ် "

" မင်းကျိန်ပြ၊ ဘယ်တော့မှ ကိုယ့်ဆန္ဒအလျောက် ကိုယ်မလုပ်ဘဲ ငါ့အမိန့်ကိုပဲ တသွေမသိမ်း လိုက်နာပါ့မယ်လို့ ကျိန် "

ရန်ရိ လေ့သံမြှင့်လိုက်ပြီး

" ငါ ပုံမှန်အချိန်တွေမှာ မင်းစကားနားထောင်နိုင်တယ်၊ ဒါပေမယ့် ကယ်ဆယ်ရေးအချိန်မှာတော့ မလုပ်နိုင်ဘူး၊ မင်းခွင့်ပြုချက်မရဘဲ လုပ်လိုက်တဲ့ အပြုအမူတွေက မင်းကိုပဲ အန္တရာယ်တွေ့စေတာမဟုတ်ဘူး၊ အခြားသူတွေကိုလည်း အသက်အန္တရာယ်ဖြစ်စေနိုင်တယ်၊ အဲ့တာကြောင့်...."

ကုံးရင့်ရှန် ရုတ်တရက် ရန်ရိပါးပေါ် လက်တင်လိုက်ပြီး ရန်ရိမျက်လုံးတွေထဲ စိုက်ကြည့်ရင်း တည်တည်တံ့တံ့ပြောလာသည်။

" ကျွန်တော် ကျိန်တယ်၊ ခင်များအမိန့်တွေ နာခံပါ့မယ် "

ရန်ရိ ရင်နှစ်ချက်လောက်ပြင်းပြင်းထန်ထန်ခုန်သွားပြီး၊ မယောင်မလည်နဲ့ မျက်နှာလွှဲလိုက်ရင်း အသက်ဝဝရှူလိုက်သည်။

" သွားရအောင် "

==========

Ara ara~ ချိုချိုမွှေးမွှေး ရေရင်အေးလေး သောက်လိုက်ကြပါဦး ✨

==========

Thu, Aug 27, 2021

{ ZAWGYI }

အဲ့ဒီ့အခ်ိန္ ကုံးရင့္႐ွန္ေဒါသကို ရန္ရိအျပည့္အဝ နားလည္ႏိုင္ၿပီး သူႏွစ္သိမ့္ေပးလိုက္သည္။

" ရင့္႐ွန္၊ စိတ္ေလွ်ာ့ ၊ မင္းအခင္းေနရာမွာလား? "

" ကြၽန္ေတာ္ အခင္းေနရာကို အေျပးသြားေနတယ္ "

ကုံးရင့္႐ွန္အသံက ဆက္၍တုန္ယင္ေနဆဲျဖစ္ကာ

" ခင္မ်ားေရာ? "

" ငါလည္း လမ္းမွာပဲ၊ မင္းအခင္းေနရာက အေျခအေနကို သိလား? "

" ေပါက္ကြဲတဲ့ေနရာက က်ိဳးခြၽမ္းလူနာေဆာင္ဆိုတာပဲ သိတယ္ "

ကုံးရင့္႐ွန္ ပင့္သက္ၾကမ္းၾကမ္း႐ိႈက္ၿပီး အံႀကိတ္လိုက္သည္။

" အခု အေနာက္ဘက္ေဆာင္ ၿပိဳက်သြားၿပီ၊ က်ိဳးခြၽမ္းလည္း အသက္႐ွင္ဖို႔ အခြင့္အေရးမ႐ွိသေလာက္ပဲ၊ ဒီမ်ိဳးမစစ္....လူယုတ္မာေတြ....."

သူတို႔အခုမွ လူယုတ္မာအဖြဲ႕အစည္းထဲက ေဝဝါးဝါးအရိပ္ေလးကို ျဖတ္ခနဲဖမ္းမိလိုက္႐ုံ႐ွိေသး၊ တစ္ဖက္လူကေတာ့ လူေတာင္သတ္ေနၿပီ။ က်ိဳးခြၽမ္းက ဒီဇာတ္ခုံေပၚမွာ အႀကီးဆုံးလမ္းစျဖစ္ႏိုင္ၿပီး သူ႕ေသဆုံးမႈက ကုံးရင့္႐ွန္အတြက္ တြန္းလွန္မႈႀကီးျဖစ္သည္။ ထပ္ၿပီးေတာ့ ၎က အျပစ္မဲ့သူေတြကိုပါ ထိခိုက္ေစ၏။

" သူတို႔ ဒီလိုေတာင္လုပ္ရဲတယ္၊ နံရံ‌ေပၚခုန္တက္ဖို႔ ေလာေနတာပဲ၊ စီစဥ္ခ်ိန္ကအရမ္းတိုၿပီး လစ္ဟာခ်က္ေတြ အမ်ားႀကီး႐ွိလိမ့္မယ္ "

ရန္ရိ ေလသံအေနအထားတစ္ခုျဖင့္ ‌ႏွစ္သိမ့္ေပးလိုက္သည္။

" မစိုးရိမ္ပါနဲ႔၊ မင္းသူတို႔ကိုဖမ္းမိဖို႔ ေျခတစ္လွမ္းနီးလာၿပီ "

ကုံးရင့္႐ွန္က အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး

" ခင္မ်ား အဲ့ဒီကိုေရာက္ဖို႔ ဘယ္ေလာက္ၾကာမလဲ? "

" ေျခာက္မိနစ္၊ ခုနစ္မိနစ္ေလာက္ေပါ့၊ မင္းေရာ? "

" ကြၽန္ေတာ္လည္း အတူတူေလာက္ပဲ "

ကုံးရင့္႐ွန္ တုံ႔ဆိုင္းသြားၿပီး

" ဖုန္းမခ်နဲ႔ "

" ဘယ္လို? "

" ဖုန္းသာမခ်လိုက္နဲ႔ "

ရန္ရိအသံကို နားေထာင္ရင္း သူ႕ ေပါက္ကြဲထြက္ခါနီးေနတဲ့ ေဒါသေတြ ျဖည္းျဖည္းခ်င္း ေလ်ာ့က်သြားသလို ခံစားရသည္။

" ေကာင္းၿပီ၊ ငါဖုန္းမခ်ပါဘူး "

ရန္ရိအသံက မသိစိတ္အေလ်ာက္ ညင္သာသြား၏။

ကားတစ္စီးထဲအတူ႐ွိေနတဲ့ တပ္သားေတြအကုန္လုံး ရန္ရိကို ထူးထူးဆန္းဆန္းမ်က္လုံးမ်ားျဖင့္ ၾကည့္လာၾကသည္။

ရန္ရိ ေခ်ာင္းအသာဟန္႔လိုက္ၿပီး

" မင္းတို႔ ေဆး႐ုံဒီဇိုင္းဆြဲထားတာနဲ႔ မီးသတ္လမ္းေၾကာင္းေတြ ေတာင္းၿပီးၿပီလား? "

" ဒီမွာပါ "

တင္းခ်င္ကရန္ရိကို Tablet လွမ္းေပးလာၿပီး ရန္ရိ လွမ္းယူလိုက္သည္။ ေနာက္ေတာ့ ၾကည့္ေနရင္း သူတိုးတိုးေျပာလိုက္သည္။

" မင္း‌ ေဆး႐ုံအေၾကာင္း ဘာသိေသးလဲ? "

" အခန္းေစာင့္ဂ်ဴတီက်တဲ့ ရဲဘက္လုံျခဳံေရးက အဆက္အသြယ္ျပတ္ေနတယ္ "

ကုံးရင့္႐ွန္က အေလးအနက္ေျပာလာသည္။

" ကြၽန္ေတာ္ ေၾကာက္တာ....."

" မလိုဘူး၊ ငါတို႔အခင္းေနရာသြားၿပီး ၿပိဳက်တာ သြားစစ္တဲ့အထိေစာင့္ဦး "

" ကြၽန္ေတာ္တို႔ အစပိုင္းအစီအစဥ္က မနက္ျဖန္ေဆး႐ုံသြားမလို႔ပဲ၊ ဒီအလုပ္ကာလအတြင္း က်ိဳးခြၽမ္းလည္း ထုတ္ေျပာလာေတာ့မွာ၊ သူတို႔ အရင္ေျခလွမ္းလိုက္မယ္လို႔ မထင္ထားဘူး "

" ၾကည့္ရတာက်ိဳးခြၽမ္းက ငါတို႔ထင္တာထက္ ပိုသိေနပုံရတယ္၊ သူေျပာလိုက္တာနဲ႔ ရဲေတြဟုန္ယန္႔ကို ဖမ္းႏိုင္လိမ့္မယ္၊ အဲ့တာေၾကာင့္ ဟုန္ယန္႔အရဲစြန္႔လိုက္တာပဲ "

" ဒီလူက ခ်န္ေဖ့ထက္ ပိုအႏၲရာယ္မ်ားတယ္၊ ခ်န္ေဖ့က ပိုက္ဆံယူၿပီးအလုပ္လုပ္ေပးတဲ့ လူရမ္းကား၊ အမ်ားဆုံး ရက္စက္တာပဲ လုပ္ႏိုင္တယ္၊ ဒါေပမယ့္ ဒီလူကေတာ့ ေဆး႐ုံ‌ကိုေဖာက္ခြဲၿပီး လူသတ္မႈက်ဴးလြန္တဲ့ အေထာက္အထားေတြ႐ွိတယ္ "

ကုံးရင့္႐ွန္ စူးစူး႐ွ႐ွေျပာလာသည္။

" လူေသမွာကို ဝမ္းမနည္းတဲ့ တိရစၧာန္ေကာင္ပဲ "

မိနစ္အနည္းငယ္ၾကာေတာ့ မီးသတ္ကား ဟုန္းဝူေဆး႐ုံသို႔ ေရာက္သည္။ ရဲကားေတြနဲ႔ လူနာတင္ကားေတြ ေဆး႐ုံေ႐ွ႕မွာ ရပ္ထားၾကၿပီး သူတို႔က ပထမဆုံးေရာက္တဲ့ စခန္းျဖစ္သည္။

ရန္ရိ သိပ္မေဝးေသာ အတြင္းလူနာေဆာင္ကို လွမ္းၾကည့္လိုက္ေတာ့ အေနာက္ဘက္႐ွိ ေလးထပ္ေဆာင္မွာ ဒုတိယထပ္ၿပိဳက်ၿပီး ပထမထပ္ေပၚ ပိက်ေနသည္။ တတိယထပ္နဲ႔ စတုတၳထပ္ကေတာ့ အေနအထားမွာ ခေခ်ာ္ခခြၽတ္ ႐ွိေနေသးေပမယ့္ ျပင္းျပင္းထန္ထန္တိမ္းေစာင္းေနၿပီး နံရံမ်ားအက္ကြဲေနကာ အက္ကြဲေၾကာင္းႀကီးက အေဆာင္အတြင္း ၿဖိဳခြဲထားသည္။ လူတစ္ေယာက္က ျပတင္းေပါက္ကေန အဝတ္ယမ္းျပရင္း အကူအညီေတာင္းေန၏။ ေဆး႐ုံအတြင္းလူနာေတြကေတာ့ ေဘးလြတ္ရာေ႐ြ႕ေျပာင္းသြားၾကၿပီး အခင္းေနရာက ဖ႐ိုဖရဲျဖစ္ေနသည္။

ရန္ရိမ်က္ႏွာက တည္တံ့ေနလ်က္။ ဒီညေတာ့ တိုက္ပြဲၾကမ္းေတာ့မယ္ဆိုတာ သိၿပီး ေအာ္ေျပာလိုက္သည္။

" မီးဖြင့္လိုက္ေတာ့ "

ကားေမာင္းတဲ့သူက မီးသတ္ကားမွာပါတဲ့  မီးအခင္းအလင္းေပး‌တဲ့ကိရိယာကို ဖြင့္လိုက္ေတာ့ လင္းထိန္ေနတဲ့မီးေရာင္က ၿပိဳပ်က္ေနတဲ့အေဆာင္ေပၚ ထြန္းလင္းက်လာသည္။ အခင္းေနရာမွ အေျခအေနသည္ကား ထိတ္လန္႔စရာအတိ။

" ေခါင္းေဆာင္ရန္၊ ဒီမွာ လူတစ္ေယာက္႐ွိတဲ့ပုံပဲ၊ ကြၽန္ေတာ္ အသံၾကားလိုက္တယ္! "

တပ္သားတစ္ေယာက္က အပ်က္အစီး‌ပုံကို ၫႊန္ျပလာသည္။

" စြန္းတင့္ရိ တူးေဖာ္ေရးအတြက္ ပထမနဲ႔ ဒုတိယအဖြဲ႕ကိုေခၚသြား "

ရန္ရိ အမိန္႔ေပးလိုက္သည္။

" တတိယအဖြဲ႕က ေလွကားေထာင္ၿပီး အေပၚကလူေတြကို အရင္ကယ္၊ မင္းတို႔ ငါ့အမိန္႔မရဘဲ အေဆာက္အဦးထဲ ဝင္ခြင့္မ႐ွိဘူး "

" ဟုတ္ကဲ့ "

ပထမအဖြဲ႕ႏွင့္ ဒုတိယအဖြဲ႕မွတပ္သားမ်ား ေက်ာက္စရစ္ေတြ စတူးထုတ္ၾကၿပီး ေလွကားက အကူအညီေတာင္းတဲ့သူေတြဆီ ျဖည္းျဖည္းခ်င္း ေ႐ြ႕လ်ားသြားသည္။

ဂ်ဴတီကုတ္အျဖဴဝတ္ထားတဲ့ ေယာက်္ား‌တစ္ေယာက္က ရန္ရိဘက္ေလွ်ာက္လာၿပီး

" ေခါင္းေဆာင္ရန္ မဟုတ္လား? ကြၽန္ေတာ္က ဒုေဆး႐ုံအုပ္ပါ၊ မ်ိဳး႐ိုးနာမည္က စုန္႔၊ ဒီေန႔ ကြၽန္ေတာ္ဂ်ဴတီက်တယ္ "

ရန္ရိ အေဆာင္အခင္းအက်င္းကိုသာ ဆက္ေလ့လာရင္း

" စုန္႔ယြမ့္ေက်ာင္၊ ၿပိဳက်တဲ့အပိုင္းမွာ လူဘယ္ေလာက္ ပိတ္မိေနလဲသိလား? "

" အနည္းဆုံး ေျခာက္ဆယ္၊ ခုနစ္ဆယ္‌ေလာက္ ႐ွိတယ္ "

စုန္႔ယြမ့္ေက်ာင္က စိုးရိမ္တႀကီးေျပာလာသည္။

" အခ်ိဳ႕က မလႈပ္႐ွားႏိုင္တဲ့လူနာေတြပဲ "

" ဆက္သြယ္လို႔ရတဲ့ ေဆးဝန္ထမ္းတစ္ေယာက္ေယာက္႐ွိလား? "

" ႐ွိတယ္၊ တတိယထပ္နဲ႔ စတုတၳထပ္မွာ ပိတ္မိေနတဲ့ ေဆးဝန္ထမ္းေတြ႐ွိတယ္၊ ပထမထပ္နဲ႔ ဒုတိယထပ္မွာကေတာ့...."

စုန္႔ယြမ့္ေက်ာင္က မ်က္ရည္ထိန္းထားရင္း

" ဘာေတြျဖစ္ေနလဲ မသိဘူး "

" ရန္ရိ! "

အခုပဲ အခင္းေနရာကိုေရာက္တဲ့ ကုံးရင့္႐ွန္က ခ်ိဳးယန္၊ ဆိုင့္ေခ်ာင္၊ အျခားသူနဲ႔အတူ ရန္ရိဆီေျပးလာသည္။

ရန္ရိ ကုံးရင့္႐ွန္ကိုေတြ႕ေတာ့ ရင္ထဲ ေဖာ္မျပတတ္ေအာင္ ေအးခ်မ္းသြား၏။ သူတို႔ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ေတာ့ အမည္မေဖာ္ႏိုင္တဲ့ ခံစားခ်က္ေတြ လွိမ့္တက္လာၿပီး သူကုံးရင့္႐ွန္ကို ေခါင္းညိတ္ျပလိုက္သည္။

" မင္းတို႔အခု လုံျခဳံေရးေတြစီမံခန္႔ခြဲၿပီး ပတ္ဝန္းက်င္ေနရာေတြကို တတ္ႏိုင္သမွ်ျမန္ျမန္႐ွာေပး၊ ေပါက္ကြဲမႈျဖစ္တာ မိနစ္ ၂၀ ေအာက္ပဲ႐ွိေသးတယ္၊ ၿပီးေတာ့ တရားခံက အနီးတစ္ဝိုက္က လူစုေတြထဲ ႐ွိေလာက္တယ္ "

ခ်ိဳးယန္က ေျပာလာသည္။

" ကြၽန္မတို႔ရဲတပ္သားေတြ အမ်ားႀကီးလႊတ္ရတာ ပထမဆုံးပဲ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ခင္မ်ားတို႔ အဲ့တာဘာဗုံးအမ်ိဳးအစားလဲ တြက္ခ်က္ႏိုင္ရင္ တရားခံကိုဖမ္းဖို႔ ပိုအက်ိဳး႐ွိလိမ့္မယ္ "

" တူးေဖာ္ခ်ိန္ ေရာက္လာမွာစိုးတယ္၊ ငါတို႔....."

မေဝးတဲ့ေနရာက မီးသတ္ကားဥဩသံေတြ ဆက္ျမည္လာၿပီး ရန္ရိ ကုံးရင့္႐ွန္ ပခုံးကိုပုတ္လိုက္သည္။

" ငါတို႔ ဦးစီးမႉးေရာက္လာၿပီ "

မီးသတ္ကင္းလွည့္ကားတစ္စီး ရန္ရိေ႐ွ႕ထိုးရပ္ကာ၊ ႐ႊီက်င့္ ကားထဲကထြက္လာၿပီး၊ တစ္ခ်ိန္တည္း အေနာက္ဘက္ထိုင္ခုံမွဆင္းလာသူ ေနာက္တစ္ဦးကေတာ့ -- ခ်န္းေ႐ွာင္ေဖး။

ဝမ္းမုန္ - ေလာ္႐ွန္႔စခန္းေခါင္းေဆာင္ႏွင့္၊ လင္းေ႐ွာင္ဖ်င္ - စန္းနင္စခန္းေခါင္းေဆာင္တို႔လည္း‌ ေ႐ွ႕ဆင့္ေနာက္ဆင့္ သတင္းေပးလာၾကသည္။

" အႀကီးအကဲ၊ ‌ဦးစီးမႉး "

ရန္ရိ အေလးျပဳၿပီး သူတို႔ကို tablet ေပးကာ အခင္းေနရာကအေျခအေနကို အတိုခ်ံဳး႐ွင္းျပလိုက္သည္။

ခ်န္းေ႐ွာင္ေဖး အခင္းေနရာကို ေလ့လာၾကည့္လိုက္ၿပီး

" ေထာက္လွမ္းေရးကိရိယာေတြနဲ႔ ႐ွာေဖြေရးေခြးေတြ မၾကာခင္ေရာက္လာလိမ့္မယ္၊ ဝမ္းမုန္ မင္းပလက္ေဖာင္းကားကို အေဆာက္အဦးအေနာက္ဘက္ ‌ေမာင္းသြားလိုက္၊ ၿပီးေတာ့ ဖီးနစ္တပ္ဖြဲ႕ တတိယထပ္နဲ႔ စတုတၳထပ္ကလူေတြကို တတ္ႏိုင္သမွ်ျမန္ျမန္ ကယ္ထုတ္ႏိုင္ဖို႔ ကူညီေပး။ ေ႐ွာင္ဖ်င္ မင္းက တတိယထပ္ဝင္ဖို႔ လူႏွစ္ေယာက္ေခၚသြား၊ အေျခအေနကိုၾကည့္၊ အရမ္းအတြင္းက်ေအာင္ မသြားနဲ႔၊ လုံျခဳံေရးကို ဂ႐ုစိုက္။ ေလာင္႐ႊီနဲ႔ ရန္ရိ တည္ေဆာက္ပုံမူၾကမ္း ၾကည့္ရေအာင္ "

" ဟုတ္ကဲ့ "

သူတို႔ အေဆာက္အဦးၿပိဳက်တဲ့ အပိုင္းေတြကို စက္ဝိုင္းအနည္းငယ္ဝိုင္းၿပီး၊ အရင္ဆုံး ထိခိုက္မႈကို အျပင္ဘက္ကေန ေလ့လာသည္။

အတြင္းလူနာေဆာင္က ဟုန္းဝူေဆး႐ုံႏွင့္ တစ္ၿပိဳင္တည္းတည္ေဆာက္ခဲ့ေသာ အေဆာက္အဦးတြဲျဖစ္ၿပီး အထပ္နိမ့္ကာ ပံ့ပိုးမႈအေထာက္အခံမ်ားက အေတာ္အသင့္ ဒိတ္ေအာက္ေနၿပီျဖစ္ေပမယ့္ အတြင္းပိုင္း တည္ေဆာက္ပုံကေတာ့ ႐ိုး႐ွင္းသည္။ ၎က ေကာ္ရစ္တာတစ္ေလွ်ာက္ ေဘးတစ္ဖက္တစ္ခ်ပ္ဆီ၌ အခန္းမ်ားပါ႐ွိေသာ အလ်ားလိုက္၊ေဒါင္လိုက္ဒီဇိုင္းျဖစ္သည္။

အျခားလူနာေတြကို သက္ေရာက္မႈမ႐ွိေစဖို႔ က်ိဳးခြၽမ္းအခန္းကို အေနာက္ဘက္ေကာ္ရစ္တာအဆုံး၌ စီစဥ္ထားသည္။ ေပါက္ကြဲမႈေၾကာင့္ ၿပိဳပ်က္က်ေတာ့ ေနာက္ဆုံးလူနာခန္း အနည္းငယ္ကိုသာ အမ်ားအားျဖင့္ထိခိုက္သြားေစၿပီး အဓိကတည္ေဆာက္ပုံကို ထိခိုက္မႈမ႐ွိခဲ့တာကပဲ အဆိုးထဲက အေကာင္းျဖစ္သည္။

မၾကာခင္ပဲ၊ အင္တာကြန္းထဲက လင္းေ႐ွာင္ဖ်င္အသံထြက္လာ၏။

" အႀကီးအကဲခ်န္း၊ ကြၽန္ေတာ္တို႔ တတိယထပ္အေျခအေနကို အေျခခံအားျဖင့္ ေလ့လာထားတာ႐ွိပါတယ္၊ အေနာက္ဘက္မီးထြက္ေပါက္က လုံးဝကိုဖ်က္ဆီးခံလိုက္ရၿပီး ဒုတိယထပ္ဆင္းဖို႔မျဖစ္ႏိုင္ဘူး၊ တတိယထပ္က စတီးတည္ေဆာက္ပုံေတြက အေပၚနဲ႔ ေအာက္ဖက္က သံႏုတ္ဖိအား‌ခံေနတယ္၊ အခုခ်ိန္မွာေတာ့ သံႏုတ္ေတြအေျခခိုင္ပုံရေပမယ့္ ဒုတိယအႀကိမ္ၿပိဳက်မယ့္ အႏၲရာယ္ကို ထည့္မတြက္လို႔မရ‌ဘူး၊ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္ တတိယထပ္အက္ကြဲရာကေန ဒုတိယထပ္မွာ မီးေလာင္ေနတာေတြ႕ခဲ့တယ္၊ ေပါက္ကြဲၿပီး တစ္ခုခုကိုမီးစြဲသြားတာလား မသိဘူး "

လူအေတာ္မ်ားမ်ား အေဆာက္အအုံကို တစ္ၿပိဳင္တည္း ၾကည့္လိုက္ၾကေပမယ့္ ဘာမီးမွမေတြ႕ေခ်။ ၎က မီးသိပ္မႀကီးဘူးဆိုတာကို ေဖာ္ျပေန၏။ ခ်န္းေ႐ွာင္ေဖးေျပာလိုက္သည္။

" အာမခံခ်က္႐ွိဖို႔ ေဆး႐ုံကို မီးမိန္းနဲ႔ အပူေပးပိုက္ေတြ ျဖတ္ေတာက္ထားဖို႔ သတင္းေပးလိုက္၊ ေ႐ွာင္ဖ်င္ မင္းျပန္ဆုတ္လို႔ရၿပီ "

အဲ့အခ်ိန္မွာပဲ မီးသတ္သမားေတြ ေလွကားနဲ႔ ပလက္ေဖာင္းမ်ားမွတစ္ဆင့္ တတိယထပ္နဲ႔ စတုတၳထပ္က ပိတ္မိလူနာ ၃၆ ေယာက္ကို ကယ္ထုတ္ေပးႏိုင္ခဲ့သည္။ တစ္ေယာက္ အျပင္းအထန္ဒဏ္ရာရတာကလြဲၿပီး ဘယ္သူမွ ေသလုေျမာပါးဒဏ္ရာ မရခဲ့ေပ။

ပထမအဖြဲ႕ႏွင့္ ဒုတိယအဖြဲ႕သည္လည္း အပ်က္အစီးပုံထဲ ပိတ္မိေနသူအမ်ိဳးသမီးတစ္ဦးအား ကယ္ထုတ္ကာ အေရးေပၚေဆာင္သို႔ အေျပးသြားၾကသည္။

စုန္႔‌ယြမ့္ေက်ာင္က ေသာကမ်ားလ်က္ ေျပာလာသည္။

" အႀကီးအကဲခ်န္း၊ အပူေပးပိုက္ေတြ ျဖတ္ေတာက္လို႔ရတယ္၊ ဒါေပမယ့္ လွ်ပ္စစ္မီးေတာ့ အျပည့္အဝျဖတ္ေတာက္ပစ္လို႔မရဘူး၊ အေဆာက္အဦးထဲမွာ အသက္႐ွဴကိရိယာအေပၚ မွီခိုေနရတဲ့ လူနာေတြ႐ွိေသးတယ္၊ ၿပီးေတာ့ ခြဲစိတ္ခန္းထဲမွာလည္း ခြဲစိတ္လူနာေတြ႐ွိေသးတယ္ "

" လွ်ပ္စစ္သမားတစ္ေယာက္ေခၚၿပီး ၿပိဳက်တဲ့အပိုင္းကို လွ်ပ္စစ္ဓာတ္အား တတ္ႏိုင္သေလာက္ ျဖတ္ခ်လို႔ရမလား ၾကည့္ၾကည့္လိုက္ပါ၊ အေဆာက္အဦးထဲမွာ မီးေလာင္ေနၿပီ၊ လွ်ပ္စစ္ပတ္လမ္းတိုျဖစ္တာနဲ႔ အေႏွးနဲ႔အျမန္ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္သြားမွာပဲ၊ မင္းတို႔ ေစာေစာ ျပင္ဆင္ထားရမယ္ "

စုန္႔ယြမ့္ေက်ာင္က ပ်ာပ်ာသလဲေခါင္းညိတ္ၿပီး

" ကြၽန္ေတာ္ လွ်ပ္စစ္သမား သြား႐ွာလိုက္မယ္ "

ခ်န္းေ႐ွာင္ေဖးက စခန္းေခါင္းေဆာင္သုံးေယာက္ကို သူ႕ေ႐ွ႕ေခၚၿပီး အေလးအနက္ေျပာသည္။

" ပထမထပ္နဲ႔ဒုတိယထပ္မွာ ပိတ္မိေနတဲ့ လူနာေတြနဲ႔ေဆးဝန္ထမ္းေတြ အမ်ားႀကီး‌႐ွိေသးတယ္၊ အေဆာက္အဦးတတိယထပ္က ဆင္းတဲ့ေနရာ ပ်က္ဆီးသြားၿပီ၊ အဲ့ေတာ့ ပထမထပ္ ဒါမွမဟုတ္ ဒုတိယထပ္ အက္ကြဲေၾကာင္းကိုယ္ထည္ထဲဝင္ၿပီးေတာ့ပဲ ႐ွာေဖြကယ္ဆယ္လို႔ရမယ္၊ ဒီတာဝန္က အရမ္းအႏၲရာယ္မ်ားတယ္၊ ဖြဲ႕စည္းတည္ေဆာက္ပုံဖိအားကို ျပႆနာမျဖစ္ေအာင္၊ အရမ္းအေဝးႀကီး မသြားမိေအာင္ဂ႐ုစိုက္၊ ငါေျပာတာ ေသခ်ာ‌နားေထာင္၊ အေဝးႀကီးမသြားနဲ႔၊ ၿပိဳက်မယ့္ အရိပ္အ‌ေယာင္ေတြ႕တာနဲ႔ မင္းတို႔ခ်က္ခ်င္း ျပန္ဆုတ္လာရမယ္ "

သုံးေယာက္လုံး တစ္ညီတစ္ညာတည္း ေျပာလိုက္သည္။

" ဟုတ္ကဲ့ "

" မင္းတို႔ တပ္သားႏွစ္ေယာက္စီေခၚၿပီး သုံးဖြဲ႕ခြဲလိုက္၊ အဖြဲ႕တစ္ခုစီတိုင္း တစ္ေယာက္တည္း လႈပ္႐ွားခြင့္မ႐ွိဘူး၊ ဒဏ္ရာရတဲ့သူေတြ႕ရင္ ခ်က္ခ်င္းသတင္းပို႔၊ လူကယ္ဖို႔ မေလာနဲ႔၊ လူကယ္ဖို႔ အ‌ေျခအေနသင့္မသင့္ ေလ့လာၾကည့္ရမယ္၊ က်န္တဲ့အပိုင္းအတြက္ ေက်ာက္စရစ္ေတြသယ္ထုတ္ဖို႔ ငါစီစဥ္ေပးမယ္ "

" ဟုတ္ကဲ့ "

" အႀကီးအကဲခ်န္း "

ရန္ရိ ေခါင္းလွည့္လိုက္တာနဲ႔ ကုံးရင့္႐ွန္က သူ႕ေဘးတစ္ေနရာမွာ ရပ္ေနတာ ျမင္လိုက္ရသည္။

ကုံးရင့္႐ွန္က ခပ္ေအးေအးေျပာလာ၏။

" ေခါင္းေဆာင္ခ်န္း၊ ကြၽန္ေတာ္က ဟုန္းဝူနယ္ေျမ၊ ရာဇဝတ္မႈစုံစမ္းစစ္ေဆးေရးဌာနခြဲက ရဲတပ္သားကုံးရင့္႐ွန္ပါ၊ သူတို႔နဲ႔အတူသြားခြင့္ေတာင္းပါတယ္ "

ရန္ရိ မ်က္လုံးျပဴးသြားၿပီး

" ကုံးရင့္႐ွန္?! "

ကုံးရင့္႐ွန္က သူ႕ကိုဖာသိဖာသာ လွမ္းၾကည့္လိုက္ၿပီး

" မီးေဘးကယ္ဆယ္ေရးက က်ိန္းေသေပါက္ အခင္းေနရာက သက္ေသေတြကို ထိခိုက္ေစမွာပဲ၊ ကြၽန္ေတာ္ ေ႐ွ႕အက်ဆုံးသက္ေသလိုခ်င္တယ္၊ ၿပီးေတာ့ ေပါက္ကြဲပစၥည္းေတြကို တတ္ႏိုင္သမွ်ေစာေစာ နားလည္တာကလည္း တရားခံဖမ္းတဲ့ေနရာမွာ အရမ္းအေရးႀကီးတယ္၊ အပ်က္အစီးေတြ႐ွင္းလင္းၿပီးတဲ့ ေနာက္ရက္အနည္းငယ္ထိ ေစာင့္မယ္ဆိုရင္ ေပါက္ကြဲပစၥည္းေတြ ခြဲျခမ္းစိတ္ျဖာဖို႔ အေကာင္းဆုံးအခ်ိန္ကို လြတ္သြားလိမ့္မယ္ "

ရန္ရိ ကုံးရင့္႐ွန္ပခုံးကို ကိုင္ၿပီး ေနာက္ျပန္တြန္းလိုက္သည္။

" လူဆိုးဖမ္းဖို႔က မင္းအလုပ္၊ ဒါေပမယ့္ ကယ္ဆယ္ေရးက ငါ့အလုပ္ပဲ၊ မင္းဘာလုပ္ေနတာလဲ? "

သူ ကုံးရင့္႐ွန္ရဲ႕ အလြန္ေလးနက္ခိုင္မာေသာ မ်က္ဝန္းမ်ားကိုၾကည့္ရင္း မလႊဲေ႐ွာင္သာဘဲ ရင္ထိတ္သြားရသည္။ ၿပိဳပ်က္ေနတဲ့ အ‌ေဆာက္အဦးထဲမွာ ႐ွာေဖြကယ္ဆယ္ေရးလုပ္ဖို႔က အရမ္းအႏၲရာယ္မ်ားတာ၊ သူဘယ္လိုလုပ္ ကုံးရင့္႐ွန္ကို အသက္စြန္႔ၿပီး သူ႕ေနာက္လိုက္ခိုင္းရမလဲ။

ခ်န္းေ႐ွာင္ေဖးက မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလာသည္။

" ဒီက ရဲ‌ေဘာ္ေလး၊ ငါတို႔မွာ ငါတို႔ကိုယ္ပိုင္ အလုပ္ခြင္ခြဲျခားတာမ်ိဳး ႐ွိတယ္၊ မင္းက ကြၽမ္းက်င္ကယ္ဆယ္ေရးသမား မဟုတ္ဘူး၊ ငါတို႔အလုပ္ကို မေႏွာင့္ယွက္ပါနဲ႔ "

ကုံးရင့္႐ွန္ ရန္ရိလက္ေကာက္ဝတ္ကို လွမ္းဆြဲလိုက္ၿပီး ရည္႐ြယ္လား၊ မရည္႐ြယ္လား မသိေပမယ့္ သူ႕လက္ကို ရင္ဘတ္မွာကပ္ထားလိုက္ရင္း ခ်န္းေ႐ွာင္ေဖးကို ထက္သန္ေသာမ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။

" ကြၽန္ေတာ္က ေပါက္ကြဲမႈျဖစ္ေစခဲ့တဲ့ သူပဲ၊ ကိုင္ထားတဲ့အမႈက မ်က္ျမင္သက္ေသ ၊ သူႏႈတ္ပိတ္ခံလိုက္ရတာ၊ အုတ္အက်ိဳးအျပတ္ၾကားထဲမွာ ျမႇပ္ႏွံခံလိုက္ရတာက တရားခံဖုံးခ်င္ေနတဲ့ အမွန္တရားတစ္ခုတည္းမဟုတ္ဘူး၊ ဒါေပမယ့္ ကြၽန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အျပစ္မဲ့တဲ့သူေတြ၊ ဝမ္ရမ့္ရပ္ကြက္မွာ အသတ္ခံလိုက္ရတဲ့သူေတြ၊ အိမ္ပိုင္႐ွင္ေတြနဲ႔ ခင္မ်ားတို႔ ဆုံး႐ႈံးလိုက္ရတဲ့ မီးသတ္သမားေတြေရာပဲ! "

အခင္းေနရာ ႐ုတ္တရက္ ၿငိမ္က်သြား၏။

ရန္ရိအံႀကိတ္ၿပီး ေျပာလိုက္သည္။

" ကုံးရင့္႐ွန္၊ ငါ မင္းစိုးရိမ္မွန္းသိတယ္၊ ငါလည္းစိုးရိမ္တာပဲ၊ ဒါေပမယ့္ အဲ့တာဘယ္ေလာက္ အႏၲရာယ္မ်ားလဲ မင္းသိလား? ဒါကမဟုတ္....."

" အႏၲရာယ္ကိုေၾကာက္ရင္ ဘာလို႔ရဲလုပ္ေနမွာလဲ! "

ကုံးရင့္႐ွန္ စူးစူး႐ွ႐ွ ေျပာလာသည္။

ရန္ရိ ကုံးရင့္႐ွန္ရဲ႕ နီးေစြးေစြးမ်က္လုံးေတြကို စိုက္ၾကည့္ရင္း၊ ႏွစ္ေယာက္သား သဟဇာတမျဖစ္ဘဲ အခ်င္းခ်င္းစိုက္ၾကည့္ေနလိုက္သည္။

ကုံးရင့္႐ွန္ရင္ဘတ္ႏွင့္ ကပ္ထားေသာ ရန္ရိလက္က လက္အိတ္ထူေတြစြပ္ထားရင္း၊ ကုံးရင့္႐ွန္ရဲ႕ ေဆာင္းဦးရာသီကုတ္ကို ျဖတ္ရင္းကပင္၊ ခပ္တိုးတိုးႏွလုံးခုန္သံကို ၾကားေနႏိုင္ေသး၏။

" အႀကီးအကဲခ်န္း "

အသက္လတ္ပိုင္း လူႀကီးတစ္ေယာက္ေလွ်ာက္လာၿပီး၊ မ်က္ႏွာက ၾကမ္းတမ္းလ်က္၊ ခႏၶာကိုယ္က ထြားႀကိဳင္းသန္မာၿပီး ၾကည့္ရတာ လူမိုက္တစ္ေယာက္နဲ႔တူသည္။

ရန္ရိ ဒီလူကို ဟုန္းဝူဌာနခြဲမွာ ႏွစ္ႀကိမ္ဆုံဖူးၿပီး၊ သူက ဟုန္းဝူဌာနခြဲ၊ ရာဇဝတ္မႈစုံစမ္းစစ္ေဆးေရးမႉး ေက်ာက္ဖုန္ေဖး ျဖစ္သည္။

[ T/n : the fck! ဖုန္ေဖးေနာက္တစ္ေယာက္ shit ]

" ‌အႀကီးအကဲခ်န္း သူ႕ကိုသြားခြင့္‌ေပးလိုက္ပါ၊ ဒီအမႈက အခုကြၽန္ေတာ္တို႔ ဌာနခြဲမွာ ထိပ္ဆုံးဦးစားေပးပဲ၊ တရားခံက အနည္းဆုံးမီး႐ိႈ႕မႈသုံးခုနဲ႔ ပတ္သတ္ေနတယ္၊ ရာဇဝတ္သား အဖြဲ႕အစည္းလည္းပါတယ္၊ ထပ္ေပါင္းၿပီးေတာ့...."

ေက်ာက္ဖုန္ေဖး ၿပိဳပ်က္ေနတဲ့အေဆာက္အဦးကို ေမးေငါ့ျပၿပီး

" အနည္းဆုံး လူဦးေရ ကိန္းဂဏန္းႏွစ္လုံးေလာက္ထိေတာ့ ပတ္သက္ေနတာပဲ၊ ကြၽန္ေတာ္တို႔ သူ႕ကိုတစ္ရက္ေစာၿပီး ဖမ္းႏိုင္မယ္ဆိုရင္ေတာင္ အရဲစြန္႔ဖို႔လိုလားတယ္ "

ခ်န္းေ႐ွာင္ေဖး သက္ျပင္းခ်လိုက္ၿပီး

" ေလာင္ေက်ာက္၊ မင္းငါ့ကို မ်က္ႏွာပူေအာင္ လုပ္ေနျပန္ၿပီ "

႐ႊီက်င့္ တိုးတိုးေျပာလိုက္သည္။

" အႀကီးအကဲ၊ ရန္ရိသူတို႔ကို မီး႐ိႈ႕မႈေတြ ကူ‌စုံစမ္းေပးေနတာ၊ ေနာက္ကြယ္မွာက မီး႐ိႈ႕မႈေတြအဓိကလုပ္တဲ့ ရာဇဝတ္သားအဖြဲ႕အစည္း႐ွိတယ္၊ ဒီအဖြဲ႕အစည္းက ကြၽန္ေတာ္တို႔ ဘုံရန္သူပဲ၊ အခု တစ္ဦးတည္းေသာမ်က္ျမင္သက္ေသက အသတ္ခံလိုက္ရၿပီ၊ ကြၽန္ေတာ္ သူတို႔ခံစားခ်က္ကို နားလည္တယ္ "

ေက်ာက္ဖုန္ေဖးက အေလးအနက္ေျပာလာသည္။

" ေလာင္ခ်န္း၊ ကြၽန္ေတာ္တို႔ ရဲတပ္သားေလးက အဲ့မွာပိတ္မိေနတုန္းပဲ၊ ကြၽန္ေတာ္တို႔ သဲလြန္စအေရးတႀကီးလိုတယ္ ၿပီးေတာ့ တရားခံကိုဖမ္းမိဖို႔လိုတယ္၊ ခင္မ်ား ကူညီပါ "

ရန္ရိ တုန္ယင္ေနတဲ့လက္ေတြကို လက္သီးဆုပ္လိုက္ၿပီး ခ်န္းေ႐ွာင္ေဖးကို ကူကယ္ရာမဲ့ၾကည့္ရင္း ေနာက္ဆုံး ေခါင္းညိတ္ျပကာ ကုံးရင့္႐ွန္ကိုဆြဲ‌ေခၚၿပီး ေျပာလိုက္သည္။

" မင္းအဝတ္လဲဖို႔ ငါနဲ႔လိုက္ခဲ့ "

ႏွစ္ေယာက္သား မီးသတ္ကားေပၚ အတူခုန္တက္လိုက္ၾကၿပီး ရန္ရိတံခါးပိတ္ကာ ကုံးရင့္႐ွန္ကို ထိုင္‌ခုံေပၚဖိခ်လိုက္ရင္း ေဒါသထြက္ထြက္နဲ႔ ေျပာလိုက္သည္။

" မင္းဘာလို႔ ဒီလိုေသမယ့္လမ္း ေ႐ြးေနတာလဲ?! ဓာတုပစၥည္း‌ကား ေမွာက္တုန္းကလည္းတစ္ခါ၊ မင္းကိုယ္မင္း ဘာလို႔ အႏၲရာယ္ၾကားထဲ အေရာက္ပို႔ရမွာလဲ?! "

ကုံးရင့္႐ွန္ကသူ႕ကို စူးစူးရဲရဲၾကည့္လာၿပီး

" အဲ့တာဆို ခင္မ်ားကေရာ? ခင္မ်ားကေရာဘာလို႔ ဒီလိုအႏၲရာယ္ျဖစ္မယ့္ အလုပ္ေတြ လုပ္ခ်င္တာလဲ?  ခင္မ်ားကိုယ္ခင္မ်ား ဘာလို႔အႏၲရာယ္ထဲ အေရာက္ပို႔ရမွာလဲ?! "

" ဒါငါ့အလုပ္! "

" ဒါလည္း ကြၽန္ေတာ့္အလုပ္ပဲ! "

ကုံးရင့္႐ွန္ အသံျမႇင့္လိုက္ၿပီး

" ဘယ္ေလာက္ပဲ ရင္းရရင္းရ ရာဇဝတ္သားေတြကို ႏွိမ္နင္းရမွာ ကြၽန္ေတာ့္အလုပ္ "

ရန္ရိ ေဒါသေၾကာင့္ နီျမန္းလာသည္။

သူတို႔ႏွစ္ေယာက္ က်ဥ္းေျမာင္းတဲ့ေနရာကထိုင္ခုံမွာ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကျခင္းျဖစ္ၿပီး ဒူးေတြနဲ႔၊ ေျခမ်က္စိေတြအခ်င္းခ်င္း မလြဲဧကန္ ထိခတ္မိၾကလ်က္၊ တစ္ေယာက္မ်က္ႏွာထက္ တစ္ေယာက္ ေလးလံေသာဝင္သက္ထြက္သက္မ်ား ႐ိုက္ခတ္ေနျခင္းကိုပင္ ခံစားႏိုင္သည္။

ကုံးရင့္႐ွန္ ရန္ရိရဲ႕ နီျမန္းေသာမ်က္ႏွာ၊ ထူထဲေသာႏႈတ္ခမ္းမ်ားႏွင့္ တသိမ့္သိမ့္တုန္ေနေသာ ရင္ဘတ္ကိုၾကည့္လိုက္သည္။ ရန္ရိရဲ႕ လွပေသာမ်က္ဝန္းမ်ားဝယ္ သူ႕အတြက္ စိုးရိမ္မႈမ်ားျဖင့္ ျပည့္ႏွက္ေနေပေသာ္ျငား မ်က္ခုံးမ်ားကေတာ့ ရန္လိုျခင္း၊ ေဒါသထြက္ျခင္းတို႔ျဖင့္ ျဖည့္စြက္ထားသည္။ သူ႕ႏွလုံးသား ခပ္ၾကမ္းၾကမ္းတုန္ခါသြားၿပီး မေျပာတတ္ျပေအာင္ ေသြးမ်ားဆူပြက္လာရင္း မရင္းႏွီးေသာတုံ႔ျပန္မႈက ထႂကြလာေတာ့မည့္ဆဲဆဲ၊ သူ႐ုတ္တရက္ ပ်ာယာခတ္သြားသည္။

ရန္ရိ လိေမၼာ္ေရာင္ေတာက္ေတာက္ အသက္ကယ္ဝတ္စုံကို သူ႕ဆီပစ္ေပးလိုက္ၿပီး

" ဝတ္လိုက္ "

ကုံးရင့္႐ွန္ ျပန္မေျဖဘဲ။

" ကြၽန္ေတာ္ သူမ်ားအဝတ္ေတြ မဝတ္ဘူး... ခင္မ်ားဟာပဲ ဝတ္ခ်င္တယ္ "

ရန္ရိ စိတ္တိုတိုနဲ႔ မ်က္စိလွန္ၿပီး အဝတ္ေတြကို ခပ္ၾကမ္းၾကမ္းဆြဲခြၽတ္ကာ ကုံးရင့္႐ွန္ကို ထပ္ပစ္ေပးလိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိကိုယ္အေႏြးဓာတ္႐ွိတဲ့ အသက္ကယ္ဝတ္စုံကို ေျပာင္းဝတ္လိုက္ၿပီး ညင္သာမႈျဖင့္ ရစ္ပတ္ခံလိုက္သလို ခံစားခ်က္က သူ႕ကိုစိတ္ေအးသြားေစသည္။

ရန္ရိ သူ႕အဝတ္ေတြျပန္လဲလိုက္ၿပီး အေလးအနက္ေျပာလိုက္သည္။

" ကုံးရင့္႐ွန္ ေသခ်ာနားေထာင္၊ အခုကစၿပီး မင္းငါ့အမိန္႔ေတြ ေသခ်ာလိုက္နာရမယ္၊ ငါအေျပာပဲ႐ွိတာ မဟုတ္ဘူး၊ မင္းငါ့ၫႊန္ၾကားခ်က္အတိုင္း အတိအက်လိုက္နာရမယ္၊ နားလည္လား? "

" နားလည္တယ္ "

" မင္းက်ိန္ျပ၊ ဘယ္ေတာ့မွ ကိုယ့္ဆႏၵအေလ်ာက္ ကိုယ္မလုပ္ဘဲ ငါ့အမိန္႔ကိုပဲ တေသြမသိမ္း လိုက္နာပါ့မယ္လို႔ က်ိန္ "

ရန္ရိ ေလ့သံျမႇင့္လိုက္ၿပီး

" ငါ ပုံမွန္အခ်ိန္ေတြမွာ မင္းစကားနားေထာင္ႏိုင္တယ္၊ ဒါေပမယ့္ ကယ္ဆယ္ေရးအခ်ိန္မွာေတာ့ မလုပ္ႏိုင္ဘူး၊ မင္းခြင့္ျပဳခ်က္မရဘဲ လုပ္လိုက္တဲ့ အျပဳအမူေတြက မင္းကိုပဲ အႏၲရာယ္ေတြ႕ေစတာမဟုတ္ဘူး၊ အျခားသူေတြကိုလည္း အသက္အႏၲရာယ္ျဖစ္ေစႏိုင္တယ္၊ အဲ့တာေၾကာင့္...."

ကုံးရင့္႐ွန္ ႐ုတ္တရက္ ရန္ရိပါးေပၚ လက္တင္လိုက္ၿပီး ရန္ရိမ်က္လုံးေတြထဲ စိုက္ၾကည့္ရင္း တည္တည္တံ့တံ့ေျပာလာသည္။

" ကြၽန္ေတာ္ က်ိန္တယ္၊ ခင္မ်ားအမိန္႔ေတြ နာခံပါ့မယ္ "

ရန္ရိ ရင္ႏွစ္ခ်က္ေလာက္ျပင္းျပင္းထန္ထန္ခုန္သြားၿပီး၊ မေယာင္မလည္နဲ႔ မ်က္ႏွာလႊဲလိုက္ရင္း အသက္ဝဝ႐ွဴလိုက္သည္။

" သြားရေအာင္ "

==========

Ara ara~ ခ်ိဳခ်ိဳေမႊးေမႊး ေရရင္ေအးေလး ေသာက္လိုက္ၾကပါဦး ✨

=========