webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Action
Not enough ratings
69 Chs

Chapter 62

Wed, Aug 25, 2021

{ UNICODE }

ရန်ရိ စားသောက်ပြီးတော့ ဌာနချုပ်ကိုအပြေးသွားသည်။ သူ ချန်းရှောင်ဖေးကို သတင်းပေးရမလား၊ မပေးရမလားဆိုတာ တွေဝေနေဆဲဖြစ်ပေမယ့် ချန်းရှောင်ဖေးက အစည်းအဝေးတစ်ခုသွားတက်တော့ သူ့အတွက် အကြောင်းပြချက်တစ်ချို့ ရသွားသည်။

ရန်ရိ သူလိုချင်တဲ့ မတော်တဆမှုအစီရင်ခံစာ၂ခုကို သိမ်းဆည်းထားတဲ့နေရာမှာ ရှာတွေ့သည်။ ဒီဖိုင်တွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အီလက်ထရောနစ်ဖိုင်အဖြစ် အရံကူးထားခဲ့ပေမယ့် မူရင်းဖိုင်ကိုလည်း မဖျက်ဆီးခင် နှစ်၂၀ ကြာတဲ့အထိ ထိန်းသိမ်းထားရဦးမှာဖြစ်သည်။ ရန်ရိ ဖိုင်တွေပေါ်က လက်ရေးကိုကြည့်လိုက်တော့ တစ်စိတ်တစ်ပိုင်းက သူ့အဖေလက်ရေးဖြစ်ပြီး သူနဲ့အရမ်းရင်းနှီးနေသည်။

ရန်ရိ မူရင်းဖိုင်နဲ့ အီလက်ထရောနစ်ဖိုင်ကို ယှဥ်ကြည့်လိုက်တော့ ဓာတ်ပုံထင်သာမှုက အကောင်းဆုံးမဖြစ်တာ တွေ့လိုက်ရသည်။ ၎င်းကလွန်ခဲ့တဲ့နှစ်တွေမှာ ရိုက်ခဲ့တဲ့အချိန် အလင်းရောင်၊ ‌ရှုထောင့်နဲ့ Camera pixel တွေပေါ်မူတည်နေပြီး ဓာတ်ပုံဆရာရဲ့ အာရုံစူးစိုက်မှုအပေါ်လည်း မူတည်သည်။ စာရွက်ဖြတ်ပိုင်းထောင်ချီကို တစ်ခုချင်းသေချာ

ရွေးထုတ်ဖို့ မဖြစ်နိုင်ပါပေ။

[T/n : camera pixel ဆိုတာက ဒီလိုဟာလေး >

]

အချက်အလက်ကိုယ်တိုင်က ဟောင်းနွမ်းနေတာဖြစ်ပြီး ပြန်ပုံဖော်ဖို့သာအာရုံမစိုက်ရင် ဓာတ်ပုံဟောင်းတွေမှာ သဲလွန်စအများကြီး ပျောက်နေလိမ့်မည်။ အဲ့တာကြောင့် ရန်ရိ ဓာတ်ပုံဒေတာတွေကို SLR နဲ့ ဓာတ်ပုံသေချာရိုက်ပြီး အီလက်ထရောနစ်ဖိုင်တွေကိုတော့ မိတ္တူကူးလိုက်သည်။

ရန်ရိ စခန်းပြန်ရောက်တော့ အချက်အလက်အားလုံး စာပြန်ရိုက်သည်။ သူဖိုင်တွေကို စားပွဲပေါ်မှာ အထပ်လိုက်တင်ထားပြီး မေးထောက်ရင်း အကြာကြီးစဉ်းစားပြီးမှ ဖုန်းထုတ်၊ ဓာတ်ပုံတစ်ပုံရိုက်ကာ ကုံးရင့်ရှန်ဆီ ပို့လိုက်သည်။

- ဒါက ဌာနချုပ်ထိန်းသိမ်းခန်းထဲကဖိုင်‌တွေ၊ ငါအဲ့နှစ်က အစီရင်ခံစာအပြည့်အစုံ ရလာတယ်၊ ငါ့ကိုမချီးကျူးတော့ဘူးလား? -

ပြီးတော့ ရန်ရိ dialog box ကိုစိုက်ကြည့်နေလိုက်သည်။

မိနစ်အနည်းငယ်လောက်ကြာတော့ ကုံးရင့်ရှန် dialog box မှာစာရိုက်နေတာ မြင်လိုက်ရသည်။ အချိန်အကြာကြီးစာရိုက်နေပြီး နောက်တော့လည်း ဘာတစ်လုံးမှပို့မလာခဲ့ပေ။

[ Dialog box -

]

ရန်ရိ လှောင်ရယ်လိုက်ပြီး ကုံးရင့်ရှန်က တကယ် ကလေးတစ်ယောက်အတိုင်းပဲလို့ ခံစားရသည်။ တစ်ခါတစ်လေ စိတ်တိုစရာကောင်းပေမယ့် သူကုံးရင့်ရှန်ကို အတည်စိတ်မဆိုးနိုင်ဘဲ အမြဲတမ်းသူကပဲ ကုံးရင့်ရှန်အတွက် အကြောင်းပြချက်အရင်ရှာ‌မိသည်။

[ t/n : စချော့တာမျိုးပေါ့ ]

သူနောက်ထပ် စာတစ်ပိုဒ်ထပ်ပို့လိုက်သည်။

- စိတ်ဆိုးနေတုန်းလား? သူငယ်တန်းကလေးလေးပဲ၊ အဲ့တာကြောင့် ဂရုစိုက်နေဦး -

စက္ကန့်အနည်းငယ်ကြာတော့ ကုံးရင့်ရှန်ဖုန်းခေါ်လာပြီး ရန်ရိ အချိန်ဆွဲမနေဘဲ ဖုန်းဖြေလိုက်သည်။

ကုံးရင့်ရှန်က စိတ်ဆိုးနေတဲ့အသံနဲ့

" ခင်များ ဘယ်သူ့ကို သူငယ်တန်းကလေးလို့ ပြောတာလဲ? ဘယ်သူ့ကို ဂရုစိုက်ဖို့ပြော‌နေတာလဲ! "

" ငါ၊ ငါသိပြီ "

ရန်ရိအသံက ဖုံးဖိဖို့ခက်နေလျက်။

" မင်း စိတ်ဆိုးနေသေးလား? "

ကုံးရင့်ရှန် နှာခေါင်းရှုံ့ပြီး အေးစက်စက်ပြောလာသည်။

" ခင်များရဲ့ မင်းသားသူငယ်ချင်းရော ဘယ်မှာလဲ? "

'သူငယ်ချင်း' ဆိုတဲ့နေရာရောက်တော့ သူသွားကြိတ်လိုက်သည်။

" သူ ညလယ်ခေါင်ကြီး ပြန်သွားတယ် "

ရန်ရိ မေးလိုက်သည်။

" မင်း မနက်ကဘာစားလဲ? နေ့လယ်ကရော ဘာစားလဲ? "

".....မနက်က Omelet ထမင်းကြော်၊ နေ့လယ်အတွက်က sandwich "

ကုံးရင့်ရှန်ဒါကိုဖြေပြီး စိတ်အနှောင့်အယှက်ဖြစ်သလို စတင်ခံစားလာရသည်။ သူဘာလို့ ဒီလိုစိတ်လှည့်စားတဲ့မေးခွန်းမျိုးကို ဖြေလိုက်တာလဲ!

" wow အရသာရှိမယ့်ပုံပဲ၊ ငါတကယ် မင်းနဲ့အတူစားချင်တယ် "

ရန်ရိ ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး

" မင်းထမင်းဘူး ငါ့ဆီမှာရှိသေးတယ်၊ နောက်တစ်ခါ ငါလာပို့မယ်၊ အတူစားကြတာပေါ့ "

ကုံးရင့်ရှန်အမူအရာ ချက်ချင်းပြယ်သွားပေမယ့် အင်တင်တင်နဲ့ပြောလိုက်သေးသည်။

" ဘာပဲဖြစ်ဖြစ် "

" အဲ့တာဆို ဒီဖိုင်တွေ....."

" ကျွန်တော် ဒီနှစ်ရက်အတွင်း ဝမ်ရမ့်အမှုကိစ္စဖြေရှင်းနိုင်ဖို့ လုပ်နေတယ်၊ အခုလူတွေအများကြီး ပတ်သက်လာပြီ၊ အပြီးသတ်ဖို့ မလွယ်ဘူး "

ကုံးရင့်ရှန် ခဏတန့်သွားပြီး

" ကျွန်တော့်လက်ထဲက ပုံတွေလည်း ပုံပြန်ဖော်ပြီးသွားပြီ "

" အရမ်းကောင်းတယ်၊ အဲ့အချိန်ကျရင် သဲလွန်စတွေ အကုန်စုပြီးတော့ မီးသုံးသပ်ရေး ထပ်လုပ်ကြတာပေါ့ "

" ထပ်ပြီးတော့ ဒီနေ့ကျွန်တော်တို့ ဟုန်ယန့်အကြောင်း သဲလွန်စရသေးတယ် "

" အိုး? နားထောင်ကြည့်တာပေါ့ "

" ဒီအချိန်အတောတွင်း ရှောင်ထန် Seraph မှာသူလျှိုလုပ်ပြီး စုံစမ်းထားတာတွေနဲ့ အရင်အမှုတွေက ကောက်နှုတ်ချက်အရဆို လွန်ခဲ့တဲ့ငါးနှစ်က လူသေလောင်းမီးလောင်မှုနဲ့ ဟုန်ယန့်ပတ်သက်နေတယ်လို့ ကျွန်တော်တို့သံသယရှိတယ် "

" 'လူသေလောင်း မီးလောင်မှု' ? "

" ဟုတ်တယ်၊ လွန်ခဲ့တဲ့ငါးနှစ်က မနက်အစောကြီးလမ်းထလျှောက်တဲ့ လူကြီးလင်မယားနှစ်ယောက်က တံတားအောက်မှာ တူးခြစ်နေတဲ့ခန္ဓာကိုယ်တစ်ခု ရှာတွေ့ခဲ့တယ်၊ ရင်ခွဲစစ်ဆေးပြီးတော့ အဲ့ဒီ့ခန္ဓာကိုယ်က 40 45နှစ် အရွယ်ကြားရှိတဲ့ယောက်ျားတစ်ယောက်လို့ ဆုံးဖြတ်ခဲ့တယ်၊ သေဆုံးတဲ့အကြောင်းရင်းက ခေါင်းကို ခပ်တုံးတုံးအရာဝတ္ထုနဲ့ ရိုက်မိတာပဲ၊ လူက သေပြီးမှမီးရှို့ခံခဲ့ရတာ၊ ဘယ်သူဘယ်ဝါမှန်း အခုထိမဖော်ထုတ်နိုင်သေးဘူး၊ အဲ့တော့ဒါက ဆိုင်းငံ့ထားတဲ့အမှုပဲ "

" ရှောင်ထန်က အဲ့တာကို ဘယ်လိုရှာတွေ့တာလဲ? "

" သူ အဲ့အမှုဓာတ်ပုံတွေကို Seraph မှာတွေ့ခဲ့တယ်၊ ရဲတွေ ဓာတ်ပုံထုတ်ပြတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ Seraph မှာတင်ထားတဲ့ပုံတွေက လမ်းသွားလမ်းလာတွေ ဓာတ်ပုံရိုက်ပြီး အင်တာနက်မှာပျံ့သွားတာတွေနဲ့ ပုံစံမတူဘူး၊ ဒါက တရားခံကိုယ်တိုင်ရိုက်ထားတာ ဖြစ်နိုင်တယ်ဆိုတာပြတယ်၊ ရှောင်ထန် ပုံတင်တဲ့သူရဲ့ ID ကနေတစ်ဆင့် ဆက်စုံစမ်းကြည့်လိုက်တော့ အဲ့ဒီ့လူက Seraph မှာ အနည်းဆုံးသုံးနှစ်ကြာအောင် active ဖြစ်နေတာ တွေ့လိုက်ရတယ်၊ သူက English grammar ပိုင်းမှာ အမှားများပြီး တရုတ်လူမျိုးတွေ မှားလေ့ရှိတဲ့အမှားမျိုးပဲ၊ ထပ်ပြောရရင် အရင်တုန်းက အလောင်းရှာတွေ့ခဲ့တဲ့ တည်နေရာက ကျွန်တော်တို့ မှုခင်းပထဝီဝင်ရဲ့ three-circle သီအိုရီကို အခြေခံပြီးသုံးသပ်ထားတဲ့ ဟုန်ယန့်လှုပ်ရှားမှုစက်ကွင်းထဲမှာ ပါနေတယ် "

[ T/n : Three-circle theory ဆိုတာက

-  ]

ရန်ရိ လေးစားသွားပြီး

" အံ့ဩဖို့ကောင်းလိုက်တာ၊ ကျိုးချွမ်းနဲ့ ချန်ဖေ့သာ ဟုန်ယန့်အကြောင်း သဲလွန်စ ပိုပြီး ထုတ်ပြောလာမယ်ဆိုရင် မင်းသူ့ကို ဖမ်းမိမှာပဲ! "

" ဟုတ်တယ်၊ ဒါပေမယ့် ချန်ဖေ့ ဟုန်ယန့်ကိုသိတာက တကယ်အတိုင်းအတာရှိတယ်၊ သူသာပိုပြီးသိရင် ညှိနှိုင်းတာမျိုးလုပ်လိမ့်မယ်၊ ပြောင်းပြန်ဖြစ်နေတာက ကျိုးချွမ်းအများကြီး လျှို့ဝှက်ထားတာပဲ၊ ကျိုးချွမ်းမှာ ပြစ်ဒဏ်လျှော့ပေါ့တဲ့ ကိစ္စရှိနေတော့ အနှေးနဲ့အမြန် ဖွင့်ပြောလာမှာပါ "

" အခု ဒီလူတွေအဖမ်းခံလိုက်ရပြီ၊ ငါကြောက်တာက ဟုန်ယန့်သတင်းကြားပြီး ထွက်ပြေးမှာကိုပဲ "

" ကျွန်တော်တို့လည်း ဒီအမှုကဌာနမှာ အရေးကြီးဆုံးအမှုတစ်ခုဖြစ်နေလို့ လူတိုင်း အချိန်ပိုဆင်းနေရတဲ့ကိစ္စ စိုးရိမ်မိတယ် "

ရန်ရိ ကုံးရင့်ရှန်ရဲ့ ပင်ပန်းနေတဲ့မျက်ခုံးတွေကို တွေးမိပြီး မနေနိုင်မထိုင်နိုင် နည်းနည်းစိတ်ပူသွားသည်။

" မင်းအနားယူဖို့ အာရုံစိုက်ရမယ်၊ ကိုယ့်ကိုကိုယ် အရမ်းအပင်ပန်းမခံနဲ့ "

" အင်း "

ဖုန်းမှတစ်ဆင့်၊ ကုံးရင့်ရှန် ရန်ရိအသံထဲက ညင်သာမှုနဲ့ စိုးရိမ်မှုတို့ကို ကြားနိုင်သည်။ သူရုတ်တရက် ရင်ထဲအနွေးလှိုင်းတစ်ခု ဖြတ်စီးသွားသလို ခံစားလိုက်ရပြီး မျက်ခုံးများပင့်တက်သွားသည်။

" 'အင်း'ပဲ လုပ်မနေနဲ့၊ မင်းစားပြီး ကောင်းကောင်းအိပ်မှာလား? "

ကုံးရင့်ရှန် သူတောင်သတိမထားမိလိုက်ပါဘဲ  နှုတ်ခမ်းစွန်းများထက် အပြုံးတစ်ခုဖြစ်တည်လာသည်။

" လုပ်မယ် "

" ဆိုတော့ မင်းအလုပ်များလိုက်ပါဦး၊ အာ ဟုတ်သားပဲ...."

ရန်ရိ မျှော်လင့်ချက်တစ်စွန်းတစ်စဖြင့် မေးလိုက်သည်။

" နှစ်သစ်၊ နှစ်သစ်ကူးအကြိုနေ့ကျရင် အတူရှိကြမယ် ဘယ်လိုလဲ? "

ကုံးရင့်ရှန် ခဏတိတ်ဆိတ်သွားပြီး ထိုတိတ်ဆိတ်မှုက ရန်ရိကို မပြောပြတတ်အောင် စိတ်လေးစေပြီး၊ နောက်တော့ တက်မက်ဖွယ်အသံ ထွက်ပေါ်လာသည်။

" ကောင်းပြီလေ "

ဖုန်းချပြီးတော့ ရန်ရိစိတ်လှုပ်ရှားကာ လေထဲကို လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ နှစ်သစ်ကူးနေ့ကျရင်တော့ သူနဲ့ကုံးရင့်ရှန် သာမန်စုံတွဲတွေလိုမျိုး အပြင်ထွက်စားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ လျှောက်လည်ပြီး တကယ့် date တစ်ခုဖြစ်နိုင်လောက်သည်။

သူ့စိတ်ထဲမှာ ကုံးရင့်ရှန် သူ့ကိုကြိုက်တာတွေဘာတွေ၊ သူတို့နှစ်ယောက် ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာတွေကို  ခေါင်းရှုပ်ခံမနေတော့ဘဲ ကုံးရင့်ရှန်နဲ့ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်လောက် သူငယ်ချင်းအဖြစ် ရှိနေရရင်တောင် သူ့ကို အစစ်အမှန်ပျော်ရွှင်စေသည်ပင်။

========

ညနေစာစားပြီး၊ ညနေခင်းလေ့ကျင့်ချိန်ပြီးတော့ ရန်ရိ မတော်တဆမှုအစီရင်ခံစာ လေ့လာဖို့ သူ့ကိုယ်သူအခန်းထဲ ပိတ်နေလိုက်သည်။

ပေါင်ရှန့်စက်မှုဇုန်ကိစ္စက အလွန်ရှုပ်ထွေး၏။ စခန်းခေါင်းဆောင်တစ်ဦးချင်းစီနဲ့‌ အထက်အရာရှိ တင်သွင်းသော အစီရင်ခံစာကပင် စာမျက်နှာ 300 ကျော်ရှိပြီး စက်မှုဇုန်နဲ့ပတ်သက်တဲ့ စုံစမ်းရေးတွေလည်း ရှိသေးသည်။ သူဘာမှကို နားမလည်နိုင်ပေ။ ဒါက မီးသတ်ဌာနတစ်ခုစာပဲဖြစ်ပြီး အဲ့နှစ်ကတာဝန်အတွက် စုံစမ်းရေးအစီရင်ခံစာတွေ ဘယ်လောက်များရှိနေမလဲဆိုတာ စိတ်ကူးဖို့မဖြစ်နိုင်။

သူခဏကြည့်လိုက်ပေမယ့် ဆက်သည်းမခံနိုင်တော့ဘဲ စက်မှုဇုန်ကိစ္စကို ဘေးဖယ်ကာ ကုံးမိသားစုမီးလောင်တဲ့ကိစ္စကို စပြီးကြည့်လိုက်သည်။

သူစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့ပေသော်ငြား နက်နဲသောအစီရင်ခံစာနှင့် အခင်းဓာတ်ပုံများကြောင့် ရန်ရိခံစားချက်များ တဖြည်းဖြည်းချင်း လွန်ခဲ့သောဆယ်ရှစ်နှစ်က အကြီးအကျယ်လောင်မြိုက်နေသည့် ငရဲထံသို့ ခေါ်ဆောင်သွားခံလိုက်ရပြီး မနေနိုင်ဘဲ ကောင်လေးရဲ့ပုံရိပ်ခပ်သေးသေးကို ရှာဖွေမိပေမယ့် ကုံးရင့်ရှန်နဲ့ပတ်သက်တာတစ်ခု တကယ်ရှာတွေ့လိုက်ရချိန်မှာ စိတ်ဖိစီး၍ လမ်းစပျောက်သွားသည်။

ကမ္ဘာပေါ်မှာ အရက်စက်ဆုံးကံဆိုးမှုက ခြောက်နှစ်သား ကလေးတစ်ယောက် ခေါင်းခံဖို့အတွက် ကျန်ရစ်ခဲ့လေခြင်း။

ရန်ရိ စာမျက်နှာအနည်းငယ် ဖတ်လိုက်ပြီး စာရွက်ပါးပေါ်ရှိလေးလံမှုက သူ့ကိုအသက်ရှူမှားစေသည်။ သူကိုယ့်သူ ကုံးရင့်ရှန်အကြောင်း တွေးမိနေတာ ရပ်တန့်မရ။ စိုးရိမ်ထိတ်လန့်ပြီး ချုံးချုံးကျနေသူတွေ၊ ပျက်ယွင်းနေတဲ့ နံရံတွေ၊ အမှောင်ထုနဲ့ ကြောက်လန့်ခြင်းတွေ၊ မျက်ရည်များနဲ့ နာကျင်မှုတွေအားလုံး စကားလုံးတွေ ရုပ်ပုံတွေမှတစ်ဆင့် သူ့ရင်ဘတ်ထဲ ထိုးဖောက်ဝင်ရောက်လာသည်။ သူ ကုံးရင့်ရှန် ဒီလိုချောက်နက်ထဲမှာ ကြောက်ရွံ့၊ နာကျင်ပြီး သေလောက်အောင် ငိုကြွေးခဲ့ရတယ်ဆိုတာကိုသာ တွေးလို့ရပေမယ့် ဆယ့်ရှစ်နှစ်ဆိုတဲ့ အချိန်ကာလမြစ်ကမ်းဘေးတစ်ဖက်မှာပဲ ရပ်နေနိုင်ပြီး ဘာဆိုဘာမှ မလုပ်ပေးနိုင်။

သူ မီးထဲကနေ လူအများကြီး ကယ်တင်ပေးနိုင်ခဲ့ပေမယ့် သူသဘောကျနှစ်သက်ရတဲ့သူကိုတော့ တစ်ယောက်တည်း မကယ်တင်နိုင်ပေ။

ရန်ရိစိတ်ဆင်းရဲပြီး တစ်ခဏလောက် အရေးကြီးအကြောင်းအရာ ဘာမှရှာမတွေ့။ သူဖုန်းကိုင်ရင်း အကြာကြီး တွန့်ဆုတ်နေပေမယ့် ကုံးရင့်ရှန်ဆီ ဖုန်းခေါ်ချင်တဲ့စိတ်ကို ချုပ်တည်းထားဆဲဖြစ်သည်။

သူ ရေချိုးပြီးအိပ်မယ်လို့ ဆုံးဖြတ်လိုက်ရုံရှိသေး သတိပေးချက်ထမြည်လာတော့၏။

[ T/n : မီးသတ်သမားတွေ ဘဝကလည်း အိမ်သာတောင် ဖြောင့်ဖြောင့်တက်ရမယ်မထင် ]

ရန်ရိနှင့်တပ်သားများ အခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားလိုက်ကြပြီး လျင်မြန်စနစ်ကျစွာ လူစု၍ ကိရိယာတန်ဆာပလာများ ဝတ်ဆင်ကြသည်။

တာဝန်ကျတပ်သားတစ်ယောက်က တင်ပြလာသည်။

" ခေါင်းဆောင်၊ ဟုန်းဝူဆေးရုံ၊ ဟုန်းဝူဆေးရုံ..."

ရန်ရိရင်ထဲ တင်းကြပ်သွားပြီး

" ဟုန်းဝူဆေးရုံက ဘာဖြစ်လဲ? "

" ပေါက်သွားပြီ! "

တာဝန်ကျတပ်သားပြောလာတဲ့ စကားသုံးလုံးက ပေါက်ကွဲမှုသတင်းတွေနဲ့ အလားတူဖြစ်သည်။

တပ်သားများ အံ့အားသင့်သွားကြ၏။

ရန်ရိစိတ်ထဲ တုန်လှုပ်သွားပေမယ့် အမြန်စိတ်လျှော့လိုက်သည်။ သူ ရဲဘက်အစီရင်ခံစာကို ဆွဲယူလိုက်ပြီး

" ပေါက်ကွဲမှု ဘယ်အတိုင်းအတာရှိလဲ? "

သူ့ လက်ထဲကစာရွက်ကို ကြည့်လိုက်တော့ ရဲဘက်အစီရင်ခံစာမှာ သတင်းပေးသူပြောတာကိုပဲ ဖော်ပြထားပြီးယေဘုယျအားဖြင့် အသေးစိတ်မကျပေ။ အဲ့အချိန် သူဘာမှမမြင်တော့ဘဲ အမြန်ပြောလိုက်သည်။

" ပလက်ဖောင်းယာဉ်ကလွဲပြီး အကုန်ထွက်! "

လမ်းမှာ ရန်ရိ ဌာနချုပ်ကအမိန့်ကို ကြားလိုက်ရပြီး လော်ရှန့်စခန်းနဲ့ စန်းနင်စခန်းတွေကို တာဝန်လွှတ်လိုက်ရင်း ဦးစီးမှူးရွှီကျင့်လည်း ဟုန်းဝူဆေးရုံသို့ သွားနေပြီဖြစ်သည်။ စခန်းသုံးခုလွှတ်ရတဲ့ ဝာာဝန်သည်ကား ကျိန်းသေပေါက်မသေးပေ။ ဒီစခန်းသုံးခုက စစ်ရှစ်ကျောင်ဘားမီးလောင်မှုမှာလည်း အတူထွက်ခဲ့ရသည်။ ပြီးတော့ ဆေးရုံလိုနေရာမျိုးက အရေးအကြီးဆုံး အဆောက်ဦးနေရာဖြစ်ပြီး တပ်သားတွေ ပုံမှန်ထက်ပို၍ စိတ်လှုပ်ရှားကာ တည်တံ့နေကြသည်။

ရန်ရိ ရှင်းရှင်း‌လင်းလင်းမေးရအောင် ဖုန်းခေါ်မလို့ပြင်လိုက်ပေမယ့် ဖုန်းအရင်မြည်လာခဲ့ပြီး ကုံးရင့်ရှန်က ကြိုသိနေပုံရ၏။

" ရင့်ရှန်၊ ဟုန်းဝူဆေးရုံ....."

" ကျိုးချွမ်း ကျိုးချွမ်းက....."

ကုံးရင့်ရှန် အသက်ရှူသံက အရမ်းမြန်နေပြီး ပြင်းထန်သော ဒေါသ၊ ကြောင့်ကြမှုတို့ဖြင့်ရောယှက်နေသည်။

" နှုတ်ပိတ်ခံရတာဖြစ်မယ် "

ရန်ရိဦးနှောက် ခဏတာလစ်ဟင်းသွား၏။ ထို့နောက်တော့ အတွင်းအားနှင့် သွေးဆောင့်တိုးလာသည်ကို ခံစားမိပြီး မ‌ပြောပြတတ်အောင် ဒေါသထွက်ခြင်းနှင့် အံ့ဩထိတ်လန့်ခြင်းတို့ကို တွေ့ကြုံခံစားလိုက်ရသည်။

ဒီလူယုတ်မာကောင်အုပ်စုက အရမ်းမျက်နှာပြောင်ပြီး မဆင်မခြင်လုပ်တာပဲ!

==========

စေတနာရှိရင် မုန့်ဖိုးလေး အဟင့်~

09795118580 [ Kpay or wavepay or bill ]

ဒီနေ့ အမှုကိစ္စရှာလိုက်ရတာ ဘေတော်တော်ပြုတ်သွားတယ် ငဲငဲ

===========

Wed, Aug 25, 2021

{ ZAWGYI }

ရန္ရိ စားေသာက္ၿပီးေတာ့ ဌာနခ်ဳပ္ကိုအေျပးသြားသည္။ သူ ခ်န္းေ႐ွာင္ေဖးကို သတင္းေပးရမလား၊ မေပးရမလားဆိုတာ ေတြေဝေနဆဲျဖစ္ေပမယ့္ ခ်န္းေ႐ွာင္ေဖးက အစည္းအေဝးတစ္ခုသြားတက္ေတာ့ သူ႕အတြက္ အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ ရသြားသည္။

ရန္ရိ သူလိုခ်င္တဲ့ မေတာ္တဆမႈအစီရင္ခံစာ၂ခုကို သိမ္းဆည္းထားတဲ့ေနရာမွာ ႐ွာေတြ႕သည္။ ဒီဖိုင္ေတြကို လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္က အီလက္ထေရာနစ္ဖိုင္အျဖစ္ အရံကူးထားခဲ့ေပမယ့္ မူရင္းဖိုင္ကိုလည္း မဖ်က္ဆီးခင္ ႏွစ္၂၀ ၾကာတဲ့အထိ ထိန္းသိမ္းထားရဦးမွာျဖစ္သည္။ ရန္ရိ ဖိုင္ေတြေပၚက လက္ေရးကိုၾကည့္လိုက္ေတာ့ တစ္စိတ္တစ္ပိုင္းက သူ႕အေဖလက္ေရးျဖစ္ၿပီး သူနဲ႔အရမ္းရင္းႏွီးေနသည္။

ရန္ရိ မူရင္းဖိုင္နဲ႔ အီလက္ထေရာနစ္ဖိုင္ကို ယွဥ္ၾကည့္လိုက္ေတာ့ ဓာတ္ပုံထင္သာမႈက အေကာင္းဆုံးမျဖစ္တာ ေတြ႕လိုက္ရသည္။ ၎ကလြန္ခဲ့တဲ့ႏွစ္ေတြမွာ ႐ိုက္ခဲ့တဲ့အခ်ိန္ အလင္းေရာင္၊ ‌႐ႈေထာင့္နဲ႔ Camera pixel ေတြေပၚမူတည္ေနၿပီး ဓာတ္ပုံဆရာရဲ႕ အာ႐ုံစူးစိုက္မႈအေပၚလည္း မူတည္သည္။ စာ႐ြက္ျဖတ္ပိုင္းေထာင္ခ်ီကို တစ္ခုခ်င္းေသခ်ာ

ေ႐ြးထုတ္ဖို႔ မျဖစ္ႏိုင္ပါေပ။

[T/n : camera pixel ဆိုတာက ဒီလိုဟာေလး >

]

အခ်က္အလက္ကိုယ္တိုင္က ေဟာင္းႏြမ္းေနတာျဖစ္ၿပီး ျပန္ပုံေဖာ္ဖို႔သာအာ႐ုံမစိုက္ရင္ ဓာတ္ပုံေဟာင္းေတြမွာ သဲလြန္စအမ်ားႀကီး ေပ်ာက္ေနလိမ့္မည္။ အဲ့တာေၾကာင့္ ရန္ရိ ဓာတ္ပုံေဒတာေတြကို SLR နဲ႔ ဓာတ္ပုံေသခ်ာ႐ိုက္ၿပီး အီလက္ထေရာနစ္ဖိုင္ေတြကိုေတာ့ မိတၱဴကူးလိုက္သည္။

ရန္ရိ စခန္းျပန္ေရာက္ေတာ့ အခ်က္အလက္အားလုံး စာျပန္႐ိုက္သည္။ သူဖိုင္ေတြကို စားပြဲေပၚမွာ အထပ္လိုက္တင္ထားၿပီး ေမးေထာက္ရင္း အၾကာႀကီးစဥ္းစားၿပီးမွ ဖုန္းထုတ္၊ ဓာတ္ပုံတစ္ပုံ႐ိုက္ကာ ကုံးရင့္႐ွန္ဆီ ပို႔လိုက္သည္။

- ဒါက ဌာနခ်ဳပ္ထိန္းသိမ္းခန္းထဲကဖိုင္‌ေတြ၊ ငါအဲ့ႏွစ္က အစီရင္ခံစာအျပည့္အစုံ ရလာတယ္၊ ငါ့ကိုမခ်ီးက်ဴးေတာ့ဘူးလား? -

ၿပီးေတာ့ ရန္ရိ dialog box ကိုစိုက္ၾကည့္ေနလိုက္သည္။

[ t/n : Dialog box

]

မိနစ္အနည္းငယ္ေလာက္ၾကာေတာ့ ကုံးရင့္႐ွန္ dialog box မွာစာ႐ိုက္ေနတာ ျမင္လိုက္ရသည္။ အခ်ိန္အၾကာႀကီးစာ႐ိုက္ေနၿပီး ေနာက္ေတာ့လည္း ဘာတစ္လုံးမွပို႔မလာခဲ့ေပ။

ရန္ရိ ေလွာင္ရယ္လိုက္ၿပီး ကုံးရင့္႐ွန္က တကယ္ ကေလးတစ္ေယာက္အတိုင္းပဲလို႔ ခံစားရသည္။ တစ္ခါတစ္ေလ စိတ္တိုစရာေကာင္းေပမယ့္ သူကုံးရင့္႐ွန္ကို အတည္စိတ္မဆိုးႏိုင္ဘဲ အၿမဲတမ္းသူကပဲ ကုံးရင့္႐ွန္အတြက္ အေၾကာင္းျပခ်က္အရင္႐ွာ‌မိသည္။

[ t/n : စေခ်ာ့တာမ်ိဳးေပါ့ ]

သူေနာက္ထပ္ စာတစ္ပိုဒ္ထပ္ပို႔လိုက္သည္။

- စိတ္ဆိုးေနတုန္းလား? သူငယ္တန္းကေလးေလးပဲ၊ အဲ့တာေၾကာင့္ ဂ႐ုစိုက္ေနဦး -

စကၠန္႔အနည္းငယ္ၾကာေတာ့ ကုံးရင့္႐ွန္ဖုန္းေခၚလာၿပီး ရန္ရိ အခ်ိန္ဆြဲမေနဘဲ ဖုန္းေျဖလိုက္သည္။

ကုံးရင့္႐ွန္က စိတ္ဆိုးေနတဲ့အသံနဲ႔

" ခင္မ်ား ဘယ္သူ႕ကို သူငယ္တန္းကေလးလို႔ ေျပာတာလဲ? ဘယ္သူ႕ကို ဂ႐ုစိုက္ဖို႔ေျပာ‌ေနတာလဲ! "

" ငါ၊ ငါသိၿပီ "

ရန္ရိအသံက ဖုံးဖိဖို႔ခက္ေနလ်က္။

" မင္း စိတ္ဆိုးေနေသးလား? "

ကုံးရင့္႐ွန္ ႏွာေခါင္း႐ႈံ႕ၿပီး ေအးစက္စက္ေျပာလာသည္။

" ခင္မ်ားရဲ႕ မင္းသားသူငယ္ခ်င္းေရာ ဘယ္မွာလဲ? "

'သူငယ္ခ်င္း' ဆိုတဲ့ေနရာေရာက္ေတာ့ သူသြားႀကိတ္လိုက္သည္။

" သူ ညလယ္ေခါင္ႀကီး ျပန္သြားတယ္ "

ရန္ရိ ေမးလိုက္သည္။

" မင္း မနက္ကဘာစားလဲ? ေန႔လယ္ကေရာ ဘာစားလဲ? "

".....မနက္က Omelet ထမင္းေၾကာ္၊ ေန႔လယ္အတြက္က sandwich "

ကုံးရင့္႐ွန္ဒါကိုေျဖၿပီး စိတ္အေႏွာင့္အယွက္ျဖစ္သလို စတင္ခံစားလာရသည္။ သူဘာလို႔ ဒီလိုစိတ္လွည့္စားတဲ့ေမးခြန္းမ်ိဳးကို ေျဖလိုက္တာလဲ!

" wow အရသာ႐ွိမယ့္ပုံပဲ၊ ငါတကယ္ မင္းနဲ႔အတူစားခ်င္တယ္ "

ရန္ရိ ေပါ့ေပါ့ပါးပါးျပဳံးလိုက္ၿပီး

" မင္းထမင္းဘူး ငါ့ဆီမွာ႐ွိေသးတယ္၊ ေနာက္တစ္ခါ ငါလာပို႔မယ္၊ အတူစားၾကတာေပါ့ "

ကုံးရင့္႐ွန္အမူအရာ ခ်က္ခ်င္းျပယ္သြားေပမယ့္ အင္တင္တင္နဲ႔ေျပာလိုက္ေသးသည္။

" ဘာပဲျဖစ္ျဖစ္ "

" အဲ့တာဆို ဒီဖိုင္ေတြ....."

" ကြၽန္ေတာ္ ဒီႏွစ္ရက္အတြင္း ဝမ္ရမ့္အမႈကိစၥေျဖ႐ွင္းႏိုင္ဖို႔ လုပ္ေနတယ္၊ အခုလူေတြအမ်ားႀကီး ပတ္သက္လာၿပီ၊ အၿပီးသတ္ဖို႔ မလြယ္ဘူး "

ကုံးရင့္႐ွန္ ခဏတန္႔သြားၿပီး

" ကြၽန္ေတာ့္လက္ထဲက ပုံေတြလည္း ပုံျပန္ေဖာ္ၿပီးသြားၿပီ "

" အရမ္းေကာင္းတယ္၊ အဲ့အခ်ိန္က်ရင္ သဲလြန္စေတြ အကုန္စုၿပီးေတာ့ မီးသုံးသပ္ေရး ထပ္လုပ္ၾကတာေပါ့ "

" ထပ္ၿပီးေတာ့ ဒီေန႔ကြၽန္ေတာ္တို႔ ဟုန္ယန္႔အေၾကာင္း သဲလြန္စရေသးတယ္ "

" အိုး? နားေထာင္ၾကည့္တာေပါ့ "

" ဒီအခ်ိန္အေတာတြင္း ေ႐ွာင္ထန္ Seraph မွာသူလွ်ိဳလုပ္ၿပီး စုံစမ္းထားတာေတြနဲ႔ အရင္အမႈေတြက ေကာက္ႏႈတ္ခ်က္အရဆို လြန္ခဲ့တဲ့ငါးႏွစ္က လူေသေလာင္းမီးေလာင္မႈနဲ႔ ဟုန္ယန္႔ပတ္သက္ေနတယ္လို႔ ကြၽန္ေတာ္တို႔သံသယ႐ွိတယ္ "

" 'လူေသေလာင္း မီးေလာင္မႈ' ? "

" ဟုတ္တယ္၊ လြန္ခဲ့တဲ့ငါးႏွစ္က မနက္အေစာႀကီးလမ္းထေလွ်ာက္တဲ့ လူႀကီးလင္မယားႏွစ္ေယာက္က တံတားေအာက္မွာ တူးျခစ္ေနတဲ့ခႏၶာကိုယ္တစ္ခု ႐ွာေတြ႕ခဲ့တယ္၊ ရင္ခြဲစစ္ေဆးၿပီးေတာ့ အဲ့ဒီ့ခႏၶာကိုယ္က 40 45ႏွစ္ အ႐ြယ္ၾကား႐ွိတဲ့ေယာက်္ားတစ္ေယာက္လို႔ ဆုံးျဖတ္ခဲ့တယ္၊ ေသဆုံးတဲ့အေၾကာင္းရင္းက ေခါင္းကို ခပ္တုံးတုံးအရာဝတၳဳနဲ႔ ႐ိုက္မိတာပဲ၊ လူက ေသၿပီးမွမီး႐ိႈ႕ခံခဲ့ရတာ၊ ဘယ္သူဘယ္ဝါမွန္း အခုထိမေဖာ္ထုတ္ႏိုင္ေသးဘူး၊ အဲ့ေတာ့ဒါက ဆိုင္းငံ့ထားတဲ့အမႈပဲ "

" ေ႐ွာင္ထန္က အဲ့တာကို ဘယ္လို႐ွာေတြ႕တာလဲ? "

" သူ အဲ့အမႈဓာတ္ပုံေတြကို Seraph မွာေတြ႕ခဲ့တယ္၊ ရဲေတြ ဓာတ္ပုံထုတ္ျပတယ္ဆိုတာ မျဖစ္ႏိုင္ဘူး၊ Seraph မွာတင္ထားတဲ့ပုံေတြက လမ္းသြားလမ္းလာေတြ ဓာတ္ပုံ႐ိုက္ၿပီး အင္တာနက္မွာပ်ံ႕သြားတာေတြနဲ႔ ပုံစံမတူဘူး၊ ဒါက တရားခံကိုယ္တိုင္႐ိုက္ထားတာ ျဖစ္ႏိုင္တယ္ဆိုတာျပတယ္၊ ေ႐ွာင္ထန္ ပုံတင္တဲ့သူရဲ႕ ID ကေနတစ္ဆင့္ ဆက္စုံစမ္းၾကည့္လိုက္ေတာ့ အဲ့ဒီ့လူက Seraph မွာ အနည္းဆုံးသုံးႏွစ္ၾကာေအာင္ active ျဖစ္ေနတာ ေတြ႕လိုက္ရတယ္၊ သူက English grammar ပိုင္းမွာ အမွားမ်ားၿပီး တ႐ုတ္လူမ်ိဳးေတြ မွားေလ့႐ွိတဲ့အမွားမ်ိဳးပဲ၊ ထပ္ေျပာရရင္ အရင္တုန္းက အေလာင္း႐ွာေတြ႕ခဲ့တဲ့ တည္ေနရာက ကြၽန္ေတာ္တို႔ မႈခင္းပထဝီဝင္ရဲ႕ three-circle သီအိုရီကို အေျခခံၿပီးသုံးသပ္ထားတဲ့ ဟုန္ယန္႔လႈပ္႐ွားမႈစက္ကြင္းထဲမွာ ပါေနတယ္ "

[ T/n : Three-circle theory ဆိုတာက - 

]

ရန္ရိ ေလးစားသြားၿပီး

" အံ့ဩဖို႔ေကာင္းလိုက္တာ၊ က်ိဳးခြၽမ္းနဲ႔ ခ်န္ေဖ့သာ ဟုန္ယန္႔အေၾကာင္း သဲလြန္စ ပိုၿပီး ထုတ္ေျပာလာမယ္ဆိုရင္ မင္းသူ႕ကို ဖမ္းမိမွာပဲ! "

" ဟုတ္တယ္၊ ဒါေပမယ့္ ခ်န္ေဖ့ ဟုန္ယန္႔ကိုသိတာက တကယ္အတိုင္းအတာ႐ွိတယ္၊ သူသာပိုၿပီးသိရင္ ညႇိႏိႈင္းတာမ်ိဳးလုပ္လိမ့္မယ္၊ ေျပာင္းျပန္ျဖစ္ေနတာက က်ိဳးခြၽမ္းအမ်ားႀကီး လွ်ိဳ႕ဝွက္ထားတာပဲ၊ က်ိဳးခြၽမ္းမွာ ျပစ္ဒဏ္ေလွ်ာ့ေပါ့တဲ့ ကိစၥ႐ွိေနေတာ့ အေႏွးနဲ႔အျမန္ ဖြင့္ေျပာလာမွာပါ "

" အခု ဒီလူေတြအဖမ္းခံလိုက္ရၿပီ၊ ငါေၾကာက္တာက ဟုန္ယန္႔သတင္းၾကားၿပီး ထြက္ေျပးမွာကိုပဲ "

" ကြၽန္ေတာ္တို႔လည္း ဒီအမႈကဌာနမွာ အေရးႀကီးဆုံးအမႈတစ္ခုျဖစ္ေနလို႔ လူတိုင္း အခ်ိန္ပိုဆင္းေနရတဲ့ကိစၥ စိုးရိမ္မိတယ္ "

ရန္ရိ ကုံးရင့္႐ွန္ရဲ႕ ပင္ပန္းေနတဲ့မ်က္ခုံးေတြကို ေတြးမိၿပီး မေနႏိုင္မထိုင္ႏိုင္ နည္းနည္းစိတ္ပူသြားသည္။

" မင္းအနားယူဖို႔ အာ႐ုံစိုက္ရမယ္၊ ကိုယ့္ကိုကိုယ္ အရမ္းအပင္ပန္းမခံနဲ႔ "

" အင္း "

ဖုန္းမွတစ္ဆင့္၊ ကုံးရင့္႐ွန္ ရန္ရိအသံထဲက ညင္သာမႈနဲ႔ စိုးရိမ္မႈတို႔ကို ၾကားႏိုင္သည္။ သူ႐ုတ္တရက္ ရင္ထဲအေႏြးလိႈင္းတစ္ခု ျဖတ္စီးသြားသလို ခံစားလိုက္ရၿပီး မ်က္ခုံးမ်ားပင့္တက္သြားသည္။

" 'အင္း'ပဲ လုပ္မေနနဲ႔၊ မင္းစားၿပီး ေကာင္းေကာင္းအိပ္မွာလား? "

ကုံးရင့္႐ွန္ သူေတာင္သတိမထားမိလိုက္ပါဘဲ  ႏႈတ္ခမ္းစြန္းမ်ားထက္ အျပဳံးတစ္ခုျဖစ္တည္လာသည္။

" လုပ္မယ္ "

" ဆိုေတာ့ မင္းအလုပ္မ်ားလိုက္ပါဦး၊ အာ ဟုတ္သားပဲ...."

ရန္ရိ ေမွ်ာ္လင့္ခ်က္တစ္စြန္းတစ္စျဖင့္ ေမးလိုက္သည္။

" ႏွစ္သစ္၊ ႏွစ္သစ္ကူးအႀကိဳေန႔က်ရင္ အတူ႐ွိၾကမယ္ ဘယ္လိုလဲ? "

ကုံးရင့္႐ွန္ ခဏတိတ္ဆိတ္သြားၿပီး ထိုတိတ္ဆိတ္မႈက ရန္ရိကို မေျပာျပတတ္ေအာင္ စိတ္ေလးေစၿပီး၊ ေနာက္ေတာ့ တက္မက္ဖြယ္အသံ ထြက္ေပၚလာသည္။

" ေကာင္းၿပီေလ "

ဖုန္းခ်ၿပီးေတာ့ ရန္ရိစိတ္လႈပ္႐ွားကာ ေလထဲကို လက္သီးတစ္ခ်က္ ပစ္ထိုးလိုက္သည္။ ႏွစ္သစ္ကူးေန႔က်ရင္ေတာ့ သူနဲ႔ကုံးရင့္႐ွန္ သာမန္စုံတြဲေတြလိုမ်ိဳး အျပင္ထြက္စားလိုက္၊ ႐ုပ္႐ွင္ၾကည့္လိုက္နဲ႔ ေလွ်ာက္လည္ၿပီး တကယ့္ date တစ္ခုျဖစ္ႏိုင္ေလာက္သည္။

သူ႕စိတ္ထဲမွာ ကုံးရင့္႐ွန္ သူ႕ကိုႀကိဳက္တာေတြဘာေတြ၊ သူတို႔ႏွစ္ေယာက္ ျဖစ္ႏိုင္လား၊ မျဖစ္ႏိုင္လားဆိုတာေတြကို  ေခါင္း႐ႈပ္ခံမေနေတာ့ဘဲ ကုံးရင့္႐ွန္နဲ႔ တစ္နာရီ၊ တစ္မိနစ္၊ တစ္စကၠန္႔ေလာက္ သူငယ္ခ်င္းအျဖစ္ ႐ွိေနရရင္ေတာင္ သူ႕ကို အစစ္အမွန္ေပ်ာ္႐ႊင္ေစသည္ပင္။

========

ညေနစာစားၿပီး၊ ညေနခင္းေလ့က်င့္ခ်ိန္ၿပီးေတာ့ ရန္ရိ မေတာ္တဆမႈအစီရင္ခံစာ ေလ့လာဖို႔ သူ႕ကိုယ္သူအခန္းထဲ ပိတ္ေနလိုက္သည္။

ေပါင္႐ွန္႔စက္မႈဇုန္ကိစၥက အလြန္႐ႈပ္ေထြး၏။ စခန္းေခါင္းေဆာင္တစ္ဦးခ်င္းစီနဲ႔‌ အထက္အရာ႐ွိ တင္သြင္းေသာ အစီရင္ခံစာကပင္ စာမ်က္ႏွာ 300 ေက်ာ္႐ွိၿပီး စက္မႈဇုန္နဲ႔ပတ္သက္တဲ့ စုံစမ္းေရးေတြလည္း ႐ွိေသးသည္။ သူဘာမွကို နားမလည္ႏိုင္ေပ။ ဒါက မီးသတ္ဌာနတစ္ခုစာပဲျဖစ္ၿပီး အဲ့ႏွစ္ကတာဝန္အတြက္ စုံစမ္းေရးအစီရင္ခံစာေတြ ဘယ္ေလာက္မ်ား႐ွိေနမလဲဆိုတာ စိတ္ကူးဖို႔မျဖစ္ႏိုင္။

သူခဏၾကည့္လိုက္ေပမယ့္ ဆက္သည္းမခံႏိုင္ေတာ့ဘဲ စက္မႈဇုန္ကိစၥကို ေဘးဖယ္ကာ ကုံးမိသားစုမီးေလာင္တဲ့ကိစၥကို စၿပီးၾကည့္လိုက္သည္။

သူစိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ခဲ့ေပေသာ္ျငား နက္နဲေသာအစီရင္ခံစာႏွင့္ အခင္းဓာတ္ပုံမ်ားေၾကာင့္ ရန္ရိခံစားခ်က္မ်ား တျဖည္းျဖည္းခ်င္း လြန္ခဲ့ေသာဆယ္႐ွစ္ႏွစ္က အႀကီးအက်ယ္ေလာင္ၿမိဳက္ေနသည့္ ငရဲထံသို႔ ေခၚေဆာင္သြားခံလိုက္ရၿပီး မေနႏိုင္ဘဲ ေကာင္ေလးရဲ႕ပုံရိပ္ခပ္ေသးေသးကို ႐ွာေဖြမိေပမယ့္ ကုံးရင့္႐ွန္နဲ႔ပတ္သက္တာတစ္ခု တကယ္႐ွာေတြ႕လိုက္ရခ်ိန္မွာ စိတ္ဖိစီး၍ လမ္းစေပ်ာက္သြားသည္။

ကမ႓ာေပၚမွာ အရက္စက္ဆုံးကံဆိုးမႈက ေျခာက္ႏွစ္သား ကေလးတစ္ေယာက္ ေခါင္းခံဖို႔အတြက္ က်န္ရစ္ခဲ့ေလျခင္း။

ရန္ရိ စာမ်က္ႏွာအနည္းငယ္ ဖတ္လိုက္ၿပီး စာ႐ြက္ပါးေပၚ႐ွိေလးလံမႈက သူ႕ကိုအသက္႐ွဴမွားေစသည္။ သူကိုယ့္သူ ကုံးရင့္႐ွန္အေၾကာင္း ေတြးမိေနတာ ရပ္တန္႔မရ။ စိုးရိမ္ထိတ္လန္႔ၿပီး ခ်ံဳးခ်ံဳးက်ေနသူေတြ၊ ပ်က္ယြင္းေနတဲ့ နံရံေတြ၊ အေမွာင္ထုနဲ႔ ေၾကာက္လန္႔ျခင္းေတြ၊ မ်က္ရည္မ်ားနဲ႔ နာက်င္မႈေတြအားလုံး စကားလုံးေတြ ႐ုပ္ပုံေတြမွတစ္ဆင့္ သူ႕ရင္ဘတ္ထဲ ထိုးေဖာက္ဝင္ေရာက္လာသည္။ သူ ကုံးရင့္႐ွန္ ဒီလိုေခ်ာက္နက္ထဲမွာ ေၾကာက္႐ြံ႕၊ နာက်င္ၿပီး ေသေလာက္ေအာင္ ငိုေႂကြးခဲ့ရတယ္ဆိုတာကိုသာ ေတြးလို႔ရေပမယ့္ ဆယ့္႐ွစ္ႏွစ္ဆိုတဲ့ အခ်ိန္ကာလျမစ္ကမ္းေဘးတစ္ဖက္မွာပဲ ရပ္ေနႏိုင္ၿပီး ဘာဆိုဘာမွ မလုပ္ေပးႏိုင္။

သူ မီးထဲကေန လူအမ်ားႀကီး ကယ္တင္ေပးႏိုင္ခဲ့ေပမယ့္ သူသေဘာက်ႏွစ္သက္ရတဲ့သူကိုေတာ့ တစ္ေယာက္တည္း မကယ္တင္ႏိုင္ေပ။

ရန္ရိစိတ္ဆင္းရဲၿပီး တစ္ခဏေလာက္ အေရးႀကီးအေၾကာင္းအရာ ဘာမွ႐ွာမေတြ႕။ သူဖုန္းကိုင္ရင္း အၾကာႀကီး တြန္႔ဆုတ္ေနေပမယ့္ ကုံးရင့္႐ွန္ဆီ ဖုန္းေခၚခ်င္တဲ့စိတ္ကို ခ်ဳပ္တည္းထားဆဲျဖစ္သည္။

သူ ေရခ်ိဳးၿပီးအိပ္မယ္လို႔ ဆုံးျဖတ္လိုက္႐ုံ႐ွိေသး သတိေပးခ်က္ထျမည္လာေတာ့၏။

[ T/n : မီးသတ္သမားေတြ ဘဝကလည္း အိမ္သာေတာင္ ေျဖာင့္ေျဖာင့္တက္ရမယ္မထင္ ]

ရန္ရိႏွင့္တပ္သားမ်ား အခန္းထဲကေန တစ္ေယာက္ၿပီးတစ္ေယာက္ ေျပးထြက္သြားလိုက္ၾကၿပီး လ်င္ျမန္စနစ္က်စြာ လူစု၍ ကိရိယာတန္ဆာပလာမ်ား ဝတ္ဆင္ၾကသည္။

တာဝန္က်တပ္သားတစ္ေယာက္က တင္ျပလာသည္။

" ေခါင္းေဆာင္၊ ဟုန္းဝူေဆး႐ုံ၊ ဟုန္းဝူေဆး႐ုံ..."

ရန္ရိရင္ထဲ တင္းၾကပ္သြားၿပီး

" ဟုန္းဝူေဆး႐ုံက ဘာျဖစ္လဲ? "

" ေပါက္သြားၿပီ! "

တာဝန္က်တပ္သားေျပာလာတဲ့ စကားသုံးလုံးက ေပါက္ကြဲမႈသတင္းေတြနဲ႔ အလားတူျဖစ္သည္။

တပ္သားမ်ား အံ့အားသင့္သြားၾက၏။

ရန္ရိစိတ္ထဲ တုန္လႈပ္သြားေပမယ့္ အျမန္စိတ္ေလွ်ာ့လိုက္သည္။ သူ ရဲဘက္အစီရင္ခံစာကို ဆြဲယူလိုက္ၿပီး

" ေပါက္ကြဲမႈ ဘယ္အတိုင္းအတာ႐ွိလဲ? "

သူ႕ လက္ထဲကစာ႐ြက္ကို ၾကည့္လိုက္ေတာ့ ရဲဘက္အစီရင္ခံစာမွာ သတင္းေပးသူေျပာတာကိုပဲ ေဖာ္ျပထားၿပီးေယဘုယ်အားျဖင့္ အေသးစိတ္မက်ေပ။ အဲ့အခ်ိန္ သူဘာမွမျမင္ေတာ့ဘဲ အျမန္ေျပာလိုက္သည္။

" ပလက္ေဖာင္းယာဥ္ကလြဲၿပီး အကုန္ထြက္! "

လမ္းမွာ ရန္ရိ ဌာနခ်ဳပ္ကအမိန္႔ကို ၾကားလိုက္ရၿပီး ေလာ္႐ွန္႔စခန္းနဲ႔ စန္းနင္စခန္းေတြကို တာဝန္လႊတ္လိုက္ရင္း ဦးစီးမႉး႐ႊီက်င့္လည္း ဟုန္းဝူေဆး႐ုံသို႔ သြားေနၿပီျဖစ္သည္။ စခန္းသုံးခုလႊတ္ရတဲ့ ဝာာဝန္သည္ကား က်ိန္းေသေပါက္မေသးေပ။ ဒီစခန္းသုံးခုက စစ္႐ွစ္ေက်ာင္ဘားမီးေလာင္မႈမွာလည္း အတူထြက္ခဲ့ရသည္။ ၿပီးေတာ့ ေဆး႐ုံလိုေနရာမ်ိဳးက အေရးအႀကီးဆုံး အေဆာက္ဦးေနရာျဖစ္ၿပီး တပ္သားေတြ ပုံမွန္ထက္ပို၍ စိတ္လႈပ္႐ွားကာ တည္တံ့ေနၾကသည္။

ရန္ရိ ႐ွင္း႐ွင္း‌လင္းလင္းေမးရေအာင္ ဖုန္းေခၚမလို႔ျပင္လိုက္ေပမယ့္ ဖုန္းအရင္ျမည္လာခဲ့ၿပီး ကုံးရင့္႐ွန္က ႀကိဳသိေနပုံရ၏။

" ရင့္႐ွန္၊ ဟုန္းဝူေဆး႐ုံက....."

" က်ိဳးခြၽမ္း က်ိဳးခြၽမ္းက....."

ကုံးရင့္႐ွန္ အသက္႐ွဴသံက အရမ္းျမန္ေနၿပီး ျပင္းထန္ေသာ ေဒါသ၊ ေၾကာင့္ၾကမႈတို႔ျဖင့္ေရာယွက္ေနသည္။

" ႏႈတ္ပိတ္ခံရတာျဖစ္မယ္ "

ရန္ရိဦးေႏွာက္ ခဏတာလစ္ဟင္းသြား၏။ ထို႔ေနာက္ေတာ့ အတြင္းအားႏွင့္ ေသြးေဆာင့္တိုးလာသည္ကို ခံစားမိၿပီး မ‌ေျပာျပတတ္ေအာင္ ေဒါသထြက္ျခင္းႏွင့္ အံ့ဩထိတ္လန္႔ျခင္းတို႔ကို ေတြ႕ၾကဳံခံစားလိုက္ရသည္။

ဒီလူယုတ္မာေကာင္အုပ္စုက အရမ္းမ်က္ႏွာေျပာင္ၿပီး မဆင္မျခင္လုပ္တာပဲ!

==========

ေစတနာ႐ွိရင္ မုန္႔ဖိုးေလး အဟင့္~

09795118580 [ Kpay or wavepay or bill ]

ဒီေန႔ အမႈကိစၥ႐ွာလိုက္ရတာ ေဘေတာ္ေတာ္ျပဳတ္သြားတယ္ ငဲငဲ

=========