webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Action
Not enough ratings
69 Chs

Chapter 64

{ Unicode }

" ဒါကဓာတ်မီး၊ ဒါက အကူအညီအတွက်၊ ဒါက အသက်ကယ်ကြိုး၊ ဒါက ရှေးဦးသူနာပြုပစ္စည်းတွေ၊ အိပ်ကပ်ထဲမှာက ဖျက်တဲ့ပစ္စည်းတစ်ချို့ပါတယ်၊ ခေါင်းဆောင်းကို တစ်ချိန်လုံး ချွတ်လို့်မရဘူး "

ရန်ရိ ကုံးရင့်ရှန်ကို သူ့ဦးထုပ်ဆောင်းပေးလိုက်ပြီး ‌ခေါင်းမော့ကာ မေးသိုင်းကြိုး ညှိပေးလိုက်သည်။

ကုံးရင့်ရှန် ရန်ရိအလေးအနက်ထားနေတာ ကြည့်ရင်း အရမ်းစိတ်ချမ်းသာသွားသည်။ သူမတတ်နိုင်ဘဲ မနေ့ညကသူတို့နှစ်ယောက် ရန်ဖြစ်ပြီးနောက်ပိုင်း ခံစားချက်ကိုသတိရသွားသည်။ ရန်ရိ သူ့ကိုပဲ ကြည့်၊ သူ့ကိုပဲ အာရုံစိုက်ပြီး သူအပိုင်ပဲ ဖြစ်ရမယ်ဆိုတဲ့ဆန္ဒက ပျင်းစရာကောင်း‌စေလွန်းလို့ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့။အမြဲတမ်းဒီလို ရန်ရိမျက်ဆံတွေထဲမှာ သူ့မျက်နှာပဲ ထင်ဟပ်နေရင် ကောင်းမည်။

" အဆင်ပြေလား? "

ရန်ရိ မေးလိုက်သည်။

" ပြေပါတယ် "

ကုံးရင့်ရှန်နှုတ်ခမ်းတွေ အနည်းငယ် တွန့်တက်သွားပြီး

" ဒါပေမယ့် အဝတ်အစားတွေ နည်းနည်းကျပ်တယ် "

ရန်ရိ နှာခေါင်းရှုံ့လိုက်ပြီး

" ဟန်ဆောင်မနေနဲ့၊ အာ၊ ငါ့အတွင်းခံလည်း မင်းဝတ်ဖို့အတွက်၊ ငါ့အဝတ်တွေလည်း မင်းဝတ်ဖို့အတွက်ပဲ၊ လုပ်နိုင်စွမ်းရှိရင် ချွတ်ပစ်လို့ရတယ်နော် "

" ဘာလို့လဲ? ခင်များ သိက္ခာကျလို့လား? "

ကုံးရင့်ရှန် စနောက်လိုက်သည်။

ရန်ရိ ကော်လံစစ်ကြည့်လိုက်ပြီး

" မင်းကဘယ်ဆိုဒ်မိုလို့လဲ? မင်းကိုယ်မင်း သူငယ်တန်းကလေးလို့ ပြောရမှာမပျော်ဘူးပေါ့ "

" ကျွန်တော် နှိုင်းယှဉ်တာမျိုးမရှိဘူး၊ အမှန်တရားကို ပြောရုံပဲ "

ကုံးရင့်ရှန်က ပြောင်ပြောင်တင်းတင်းပြောလာသည်။

ရန်ရိအဲ့နေ့က ရေချိုးခန်းထဲမှာ ဖြစ်ခဲ့တာကို အမှတ်ရသွားပြီး သူကုံးရင့်ရှန်ပေါ် လဲကျသွားတုန်း ကုံးရင့်ရှန်ရဲ့ ကြောက်မက်ဖွယ် အရွယ်အစားကို တကယ်အပြည့်အဝ ခံစားနိုင်ခဲ့၏။ သူဒီခေါင်းစဉ်ကို ဆက်မပြောချင်တော့ဘဲ။

" အိုကေ သွားရအောင် "

ရန်ရိ စွန်းတင့်ရိနဲ့ လျှိုဟွေး‌ကိုခေါ်လိုက်ပြီး ဝမ်းမုန်နဲ့ လင်း‌ရှောင်ဖျင်လည်း သူ့တို့လူသူတို့ ခေါ်ကြသည်။ သူတို့အားလုံး အထုပ်အပိုးတွေ၊ သံတူရွင်းတွေနဲ့၊ ခရီးဆောင်မီးသတ်ဆေးဘူးတွေအပြင် အခြားပစ္စည်းတွေကိုပါ ကျောပေါ်သယ်ထားကြရသည်။

ကျန်ရှိတဲ့တပ်သားတွေကတော့ အတန်းနှစ်တန်းစီပြီး ကျောက်တုံးတွေကို လက်ဆင့်ကမ်း သယ်ထုတ်ကာ အုတ်ကျိုးအုတ်ပဲ့တွေကို အပြင်ကနေ တတ်နိုင်သမျှ မြန်မြန်ဖယ်ရှားကြသည်။

သူတို့ ပြိုပျက်နေတဲ့အဆောက်အဦးဆီ ချဉ်းကပ်သွားကြတော့ ပထမခန်းမကနေ အနောက်ဘက်အဆောင်ကို ဆက်ထားတဲ့ ကော်ရစ်တာမှာ ကြားပေါက်တစ်ခုရှိနေသည်။ သူတို့နဖူးပေါ်ရှိ ရှာဖွေရေးဓာတ်မီးရောင်က အထဲကို အလင်းကျသွားပြီး မီတာအနည်းငယ်လောက်သာ မြင်ရသည်။ အတွင်းပိုင်းက ‌မှောင်၍ ကျောက်တုံးများဖြင့် ဖရိုဖရဲဖြစ်ကာ ကြည့်ရင်းနဲ့ လူတွေကို ကြက်သီးမွေးညင်းထစေသည်။

ဝမ်းမုန် ပြောလိုက်သည်။

" ဒီဘက်သွားရအောင်၊ ရှောင်ဖျင် မင်း အဆောက်အဦးအနောက်ဘက် ပြတင်းပေါက်ကနေ လှည့်ဝင်လို့ရတယ် "

" OK ဆက်သွယ်ဖို့ဝန်မလေးနဲ့ "

ရန်ရိပြောလိုက်သည်။

" သွား၊ ဒုတိယထပ် တက်ရအောင် "

" ဒုတိယထပ်မှာ မီး‌လောင်နေလောက်တယ်၊ သတိထား "

" စိတ်ချပါ "

သူတို့လေးယောက် အုတ်အပြိုအပျက်တွေပေါ် နင်းလျှောက်သွားရင်း ဒုတိယထပ်သို့ တွယ်တက်ကြရသည်။ ဒုတိယထပ်လည်း ပေါက်ကွဲသောအထပ်ဖြစ်ခဲ့ပြီး ထိခိုက်မှုက ပထမထပ်ထက်မသေးချေ။ ပြီးတော့ လေထဲမှာ ထူးဆန်းတဲ့ အနံ့တစ်မျိုးရနေသည်။

ကုံးရင့်ရှန် နှာခေါင်းရှုံ့ပြီး မျက်နှာမှာတော့ မသင်္ကာမှုများရှိနေလျက်။

ရန်ရိဦးဆောင်ပြီး နံရံအောက်ခြေတစ်လျှောက် ဂရုတစိုက်သွားရင်း

" တစ်ယောက်ယောက်ရှိလား? မီးသတ်ကပါ ! "

သူ အနီးဆုံးအခန်းကို‌ တွေ့သွားပြီး ပုံပျက်နေတဲ့တံခါးဘက် လှည့်သွားလိုက်သည်။

" တစ်ယောက်ယောက်ရှိလား? "

အလင်းရောင်က ရန်ရိခေါင်းအတိုင်း လှုပ်ရှားသွားသည်။ အခန်းထဲက မျက်နှာကျက်ပြိုကျကာ အိပ်ရာတစ်ခုလုံး ဖိချေခံထားရပြီး၊ ‌ကြမ်းပြင်မှာ သွေးအိုင်ကြီးတစ်ခု စီးကျနေတာကိုမြင်ပေမယ့် ဘယ်သူမှမတွေ့။ ရန်ရိ ရင်‌နင့်သွားပြီး၊ သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိပေမယ့်လည်း သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

အပြင်နဲ့နီးလေလေ ကြမ်းပြင်က ပိုပြိုကျလုနီးပါးဖြစ်လေလေပင်။ ရန်ရိ သတိကြီးကြီးနဲ့ထိကာ ကြမ်းပြင်မှာထိုင်ပြီး ပြိုကျတဲ့မျက်နှာကျက်ကြားထဲကို ကြည့်လိုက်သည်။

" လူရှိလား? "

အတွင်းပိုင်းထဲ အလင်းရောက်သွားတော့ ရုတ်တရက် ကွဲကြေနေသောခေါင်းတစ်လုံး သူ့မြင်ကွင်းထဲပေါ်လာသည်။

ရန်ရိ ကြောက်လန့်တကြား ပင့်သက်ရှိုက်ရင်း နောက်ပြန်ဆုတ်ဖို့ အကြိမ်အနည်းငယ် ရုန်းကန်မိသွား၏။

" ခေါင်းဆောင်ရန်၊ ဘာဖြစ်တာလဲ? "

စွန်းတင့်ရိက ရင်တုန်ပန်းတုန်နဲ့ မေးလာသည်။

" ဟင်အင်း၊ ရတယ်....."

ရန်ရိစိတ်ထဲမှာတော့ ‌ကွဲကြေနေတဲ့ဦးခေါင်းနဲ့ ပြူထွက်နေတဲ့ မျက်လုံးများသာ ပြည့်နှက်နေပြီး အသက်ဝဝရှူကာ နှလုံးခုန်တာငြိမ်ဖို့ ကြိုးစားလိုက်ပေမယ့် လှစ်ခနဲ အကြည့်တစ်ချက်ပင်ဖြစ်စေ သူရဲ့စာနာသနားမှုကို ဖိနှိပ်ရန်ခက်ခဲသည်။ မိန်းမငယ်လေး တစ်ယောက်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး သူအလေးအနက်ထား ပြောလိုက်သည်။

" ဒီအခန်းမှာ အသက်ရှင်တဲ့သူမရှိ‌ဘူး "

ကုံးရင့်ရှန်လက်ကမ်းပြီး ရန်ရိကိုဆွဲထူလိုက်သည်။ ဒါပေမယ့် သူရန်ရိလက်ကို ကိုင်လိုက်တဲ့အချိန် ရန်ရိတုန်နေတာကို ခံစားမိတော့ ကုံးရင့်ရှန်ထိုင်လိုက်ပြီး အမှောင်ထဲမှာ သွေးစုတ်နေတဲ့မျက်နှာကို ကြည့်ရင်း သူ့နှလုံးသား အပ်စိုက်ခံလိုက်ရသလိုပင်။

" ခင်များ ရရဲ့လား? "

ရန်ရိ ခေါင်းညိတ်ပြီး ခဏစကားမပြောနိုင်ဘဲ ၎င်းအစား ကုံးရင့်ရှန်လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားမိသည်။

ကုံးရင့်ရှန် ခပ်ဖွဖွပြောလိုက်သည်။

" အဲ့တာဓာတုဗုံးပဲ၊ ရုပ်ဝတ္ထုဗုံးမဟုတ်ဘူး "

" မင်း အဲ့တာ ဘာပေါက်ကွဲပစ္စည်းလဲ သိလား? "

" ကျွန်တော် ခန့်မှန်းထားတာတွေ ရှိတယ်၊ ဒါပေမယ့် မသေချာဘူး၊အကြွင်းအကျန်တွေ ထပ်ရှာဖို့လိုတယ်၊ ဒီမှာ ဘာယမ်းမှုန့်နံ့မှမရဘူး၊ ဓာတုပစ္စည်းနံ့ပဲရတယ်၊ တကယ်တော့ အစကတည်းက ဓာတုပေါက်ကွဲပစ္စည်းတွေလို့ သံသယဝင်နေတာ၊ ဘာလို့လဲဆိုတော့ အဆောက်အဦးတစ်ခုကို ဖြိုချဖို့ဆိုရင် ဒီလိုရုပ်ဝတ္ထုဗုံးမျိုးက အရွယ်အစားမသေးဘူး၊ လူတွေဝင်၊ထွက်နေတဲ့ ဆေးရုံတစ်ခုမှာဆို ပိုပြီးမြင်သာလိမ့်မယ်၊ ထပ်ပြီးတော့ တံခါးမှာရဲအစောင့်တွေ ရှိတယ်၊ ဒါပေမယ့် ဓာတုပစ္စည်းပမာဏ သေးသေးလေးကတော့ တုံ့ပြန်မှုအကြီးကြီး ဖြစ်သွားနိုင်တယ် "

" လေထုအဆိပ်သင့်သွားမလား? "

" အခုလေးတင် ကယ်ထုတ်လိုက်တဲ့ ပိတ်မိသူတွေကတော့ အဆိပ်သင့်လက္ခာမပြဘူး၊ တရားခံက အဆိပ်သင့်ဓာတုပစ္စည်းတွေ ထည့်မထားဘူးဆိုတာ ပြတယ်၊ ဒါပေမယ့် ဓာတုပစ္စည်းအမျိုးမျိုး ဓာတ်ပြုပြီးတဲ့အခါမှာတော့ လုံးဝကြီးအဆိပ်မသင့်ဖို့ဆိုတာ ရှောင်လွှဲရခက်တယ်၊ ပမာဏမမြင့်သရွေ့တော့ အဆင်ပြေမှာပါ "

" ဒီမှာ တစ်ယောက်ယောက်ရှိတယ်! "

လျှိုဟွေး အော်ပြောလာသည်။

" အသက်ရှင်တုန်းပဲ! "

ကုံးရင့်ရှန် မတ်တပ်ထပြီး ရန်ရိကိုပါ ဆွဲထူလိုက်သည်။

တပ်သားတွေ အသံနောက်လိုက်သွားကြတော့ လျှိုဟွေးက အခြားအခန်းထောင့်တစ်ခုမှာ ယောက်ျားတစ်ယောက်ကို ရှာတွေ့တာဖြစ်ပြီး ထိုသူက ကျောက်တုံးအောက်‌မှာပိနေသော်ငြား ထောင့်စွန်းရဲ့တြိဂံဧရိယာက ကျောက်တုံးအပိုင်းကို ညပ်ထားပြီး တကယ်တမ်း ဘာဖိအားမှမရှိပေ။

" ဆရာ၊ ထပါဦး "

စွန်းတင့်ရိ ထိုလူ့ပါးကို ခပ်ဖွဖွပုတ်လိုက်သည်။

ထိုလူ့မျက်လုံးများက သွေးတွေနဲ့ဖုံးကာနေပြီး မျက်တောင်တွေ အကြိမ်အနည်းငယ် လှုပ်ခတ်ရင်း အဆုံးမှာ တစ်ဝက်တစ်ပျက်သာဖွင့်နိုင်ပြီး ခပ်ဖျော့ဖျော့ အသက်ရှုထုတ်လာသည်။

" ကျောက်တုံးမဖို့လုပ်ကြည့် "

သူတို့လေးယောက် ‌တောင့်တင်းခိုင်မာတဲ့ဘိလပ်မြေမျက်နှာကျက်ကို ပင့်မဖို့ကြိုးစားကြပေမယ့် သူတို့အင်အားအကုန်လုံးနဲ့တောင် နည်းနည်းလေးပဲမနိုင်ပြီး မတတ်သာဘဲ ပြန်ချလိုက်ရသည်။

" မရဘူး၊ ဒါအလုပ်မဖြစ်ဘူး "

ရန်ရိ သူ့ခြေထောက်နားမှာ သစ်တုံးနည်းနည်းခံထားလိုက်ပြီး

" ဒီဘက်ခြမ်းကို အတူမ,ရအောင်၊ ပြီးရင် သစ်တုံးတွေ အရင်သွင်းမယ် "

" ကောင်းပြီ "

" တစ် နှစ် သုံး! "

သူတို့လေးယောက် အတူပူးပေါင်းလုပ်ကြပြီး နောက်ဆုံးတော့ ကျောက်တုံးပင့်နိုင်သွားသည်။ ရန်ရိက အခွင့်အရေးယူပြီး လပ်နေတဲ့ကြားကို ‌ခြေချောင်းတွေနဲ့ သစ်တုံးတွန်းထည့်လိုက်သည်။

ပထမသစ်တုံးအကူအညီနဲ့ နောက်ထပ်အတုံးအနည်းငယ်ကိုပါ ထပ်သွင်းထည့်နိုင်သွားပြီး နောက်ဆုံး လူကိုဖိထားတဲ့အလေးချိန် လျော့ကျသွားသည်။

ရန်ရိ သူ့ခန္ဓာကိုယ်ကကိရိယာကို အောက်ချပြီး ပင့်မထားတဲ့အစွန်းဘက် ကြားပေါက်ကနေ ကျုံ့ဝင်ကာ ထိုယောက်ျားရဲ့လက်မောင်းကို ဆုပ်ကိုင်ရင်းအော်လိုက်သည်။

" ဆွဲ! "

သုံးယောက်က ရန်ရိခါးပတ်နဲ့ခြေထောက် ကိုဆွဲပြီး လူနာကိုဆွဲထုတ်ကြသည်။

ကံကောင်းလို့ ရန်ရိနဲ့ထိုယောက်ျားက မဝဘဲ ဖြည်းဖြည်းချင်း ဆွဲထုတ်နိုင်သည်။

ထိုလူ့မျက်နှာနဲ့ခေါင်းက သွေးများနှင့် ဖုံးလွှမ်းနေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလည်း ထိခိုက်ခဲ့သည်။ ကြည့်ရတာ အခြေအနေက အလွန်အန္တရာယ်များပုံပင်။

ရန်ရိ အရမ်းပင်ပန်းလို့ ခဏလောက်မြေကြီးပေါ်မှာပဲထိုင်ပြီး မထနိုင်။ ကုံးရင့်ရှန်က အလုပ်ရှုပ်နေရင်း

" ခင်များထိခိုက်သွားလား? "

ရန်ရိပြုံးကာ သူ့ကိုလက်မ ထောင်ပြလိုက်ပြီး

" လျိုဟွေး၊ စွန်းတင့်ရိ မင်းတို့နှစ်ယောက် ဒီလူကို အောက်သယ်သွားလိုက် "

သူ အင်တာကွန်းကတစ်ဆင့် ပြောလိုက်သည်။

" တင်းချင် အောက်ကလာသယ်ဖို့ တစ်ယောက်ယောက်ရှာပေး "

" ဟုတ်ကဲ့ "

သူတို့နှစ်ယောက် ထွက်သွားပြီးတော့ ရန်ရိ ကြမ်းပေါ်ကထလိုက်သည်။ သူ့ကိုယ်ပေါ်က ပြာမှုန့်တွေကို အလဟဿပုတ်ထုတ်ရင်း ပြိုပျက်နေတဲ့‌နံရံတွေ ပြည့်နေတဲ့နေရာရှေ့က တွင်းနက်ဆီမေးငေါ့လိုက်သည်။

" ပေါက်ကွဲနေရာက ကော်ရစ်တာအဆုံးမှာပဲ၊ အဆောက်အဦးပုံကြမ်းအရဆို အခန်းသုံးခန်းလောက် ကွာသေးတယ် "

ကုံးရင့်ရှန် ခေါင်းညိတ်ပြပြီး

" ကလိုရင်းနံ့ ပိုပိုပြင်းလာပြီ "

" ဘာ? "

ရန်ရိလည်း ပိုပိုပြီးနံသလို ခံစားလိုက်ရသည်။

" ကလိုရင်း၊ ပေါက်ကွဲပစ္စည်းက nitrogen trichloride လို့ထင်တယ်၊ ဒါပေမယ့် အဲ့တာဘယ်လိုဓာတ်ပြုပြီး ပေါက်ကွဲလဲဆိုတာ မသိဘူး၊ Nitrogen trichloride က အားပြင်းတဲ့ ဓာတ်ပြုမော်လီကျူး၊ ပြီးတော့ မီးလောင်လွယ်တယ် "

[ T/N : Nitrogen trichloride ဆိုတာက Trichloramine လို့လဲသိကြတယ်၊ NCl₃ formula နဲ့ ဓာတုဒြပ်ပေါင်းတစ်ခု၊ အဝါရောင်ရှိပြီး ချွဲတယ်၊ အနံ့စူးရှတယ်၊ ပေါက်ကွဲပစ္စည်းအရည်က ammonia- derivatives နဲ့ chlorine ကြားဓာတုဓာတ်ပြုမှုရဲ့ ဘေးထွက်ပစ္စည်းအဖြစ် အများဆုံးတွေ့ရတယ် ]

" ကြည့်ရတာ အထဲမှာမီးလောင်နေပုံပဲ "

ရန်ရိပြောလိုက်သည်။

" အဆောက်အဦးက ဒီလိုပဲဖြစ်သွားရတော့ မီးလောင်ပစ္စည်းတွေ ရှာဖို့မလွယ်လောက်ဘူး၊ ပြီးတော့ မီးလောင်တဲ့ဧရိယာလည်း မကြီးသွားသင့်ဘူး "

" နေရာသေးသေးလေးမှာ လောင်လည်း အန္တရာယ်များတယ်၊ ကျွန်တော်တို့ ရှေ့ပိုတိုးလေလေ၊ အနံ့ပိုပြင်းလာလေလေပဲ၊ တိုက်စားမှုအရမ်းမြင့်တာ မဟုတ်ပေမယ့်လည်း ဓာတ်ငွေ့က တိုက်စားတတ်တယ်၊ အသားအရည်ကို အဝတ်နဲ့ဖုံးထားရင် ရပြီ၊ ဒါပေမယ့် မျက်လုံးတွေနဲ့ နှာခေါင်းအမြှေးပါးတွေ‌ကတော့ မခံ‌နိုင်လောက်ဘူး "

ရန်ရိ အင်တာကွန်းကနေ ပြောလိုက်သည်။

" စွန်းတင့်ရိ၊ မင်းပြန်လာရင် ဓာတ်ငွေ့မျက်နှာဖုံးတွေ ယူခဲ့ဦး"

" အိုကေ "

" ဒီ nitrogen trichloride ဘယ်လို ပေါက်ကွဲသွားတာလဲ? "

" နည်းလမ်းအတော်များများ‌ရှိတယ်၊ ဖိအားပေးတာ ဒါမှမဟုတ် ပိတ်ထားတဲ့ဘူးထဲမှာ အပူပေးတာကနေ ပေါက်ကွဲနိုင်တယ်၊ အခြားဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်တာကလည်း ပေါက်ကွဲစေနိုင်တယ်၊ လေထဲမှာ အမှုန့်တွေအရမ်းများနေရင်တောင် ဖုန်မှုန့်ပေါက်ကွဲမှု ဒါမှမဟုတ် ရေငွေ့ပုံပေါ်လာတယ်၊ အဲ့တာက အပူပေးပြီးနောက်ပိုင်းနဲ့ အခြားပေါက်ကွဲပစ္စည်းတွေနဲ့ ဓာတ်ပြုပြီးနောက်ပိုင်း မီးလောင်တယ် "

" ဒီပစ္စည်းက တအားပေါက်ကွဲလွယ်တာပဲ "

" အမ်း၊ ကလိုရင်းဓာတ်နှော အတော်များများကို ပေါက်ကွဲပစ္စည်းတွေအနေနဲ့ အသုံးပိုများတယ် "

" မင်းတို့ဓာတု‌ဗေဒလောကမှာပဲ အသုံးများတာပါ၊ ငါအရင်ကမကြုံဖူးဘူး "

" မကြုံဖူးတာပဲ ကောင်းပါတယ် "

ကုံးရင့်ရှန်အသံက အလွန့်အလွန်ကို အေးစက်နေလျက်။

" ဒါက ဟုန်ယန့်ကိုယ်တိုင် ဒါမှမဟုတ် ဓာတုဗေဒအထူးပြုထားတဲ့ တစ်စုံတစ်ယောက်က သာမန်မီးရှို့သမားထက်စာရင် အများကြီးပိုကြောက်စရာကောင်းမှန်း သက်သေတည်နေတယ် "

ရန်ရိ ရင်နင့်သွားပြီး

" မင်းပြောတာမှန်တယ်၊ ဒီတစ်ခေါက် သူတို့တမင်တကာ ဇီ၀ဗေဒနဲ့ ဓာတုဗေဒလက်နက်တွေ လုပ်ခဲ့တယ်ဆိုရင်၊ ဆေးရုံလိုလူထူထပ်တဲ့နေရာမျိုးမှာ အသေအကျေဘယ်လောက်များမယ်ဆိုတာ မသိရဘူး၊ ကြောက်စရာကောင်းတာပဲ "

မဖြစ်ခဲ့ပေမယ့် ပုန်းကွယ်နေတဲ့အန္တရာယ်တွေ အပြည့်ရှိနေနိုင်တယ်ဆိုတာကို တွေးမိတော့ ရန်ရိ ကျောချမ်းသွားရသည်။

စွန်းတင့်ရိနဲ့ လျှိုဟွေးသွားပြီး ပြန်လာတော့ ဓာတ်ငွေ့မျက်နှာဖုံးတွေ ယူလာခဲ့သည်။ သူတို့ မျက်နှာဖုံးတွေ တပ်ပြီး အတွင်းပိုင်းဆက်တိုးသွားကြ၏။

ရှေ့ဆက်တိုးလေလေ၊ ပေါက်ကွဲမှုဗဟိုချက်နဲ့ ပိုနီးလေလေဖြစ်ပြီး အဆောက်အဦးပြိုပျက်တာလည်း ပိုဆိုးရွားကာ အပေါ်ပိုင်းက ဆိုးဆိုးဝါးဝါး အပိတ်ခံထားရတော့ သူတို့ တွားပြီးပဲဝင်လို့ရသည်။

ရွှီကျင့်က ရုတ်တရက်ပြောလာ၏။

" စခန်းခေါင်းဆောင် အခြေအနေသတင်းပို့ပါ "

ဝမ်းမုန်နဲ့ လင်းရှောင်ဖျင်က ပထမထပ်မှာ ပိတ်မိနေသူတွေကို ရှာဖွေဆဲဖြစ်ပြီး ရန်ရိ ပြောလိုက်သည်။

" ကျွန်တော်တို့ ပေါက်ကွဲမှုဗဟိုချက်နဲ့ အတော်လေးနီးလာပြီ၊ ဒါပေမယ့် ဒီမှာဖြတ်သွားဖို့ခက်နေတယ်၊ ကျွန်တော်တို့...အာ? ကျွန်တော် မီးတွေ့ပြီ "

အပျက်အစီးတွေနဲ့ ကျောက်စရစ်တွေကြားမှာ အမှောင်ထုကိုတွန်း‌လှန်နေသော အလင်း‌တစ်စရှိနေပြီး အသူရာချောက်နက်ထဲ လွင့်မြောနေသည့် တစ္ဆေမီးလုံးတစ်ခုအလား လူကိုကြောက်ရွံ့စေသည်။

" မီးလောင်နေလား? ဘာကမီးလောင်တာလဲ? "

ရွှီကျင့် မေးလာသည်။

" ငါတို့လည်း အပြင်ကမြင်ရတယ် "

" သေးတော့သေးတယ်၊ ဘာမီးလောင်လဲဆိုတာ မသေချာဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ပေါက်ကွဲမှုဗဟိုချက် သွားတဲ့လမ်းကို ပိတ်ထား‌နိုင်လောက်တယ် "

" ပထမဆုံး မလှုပ်ရှားခင်အခြေအနေကြည့်၊ ရှေ့ဆက်တိုးဖို့ အခွင့်အရေးမရှိရင် ပြန်လာခဲ့ "

" ဟုတ်ကဲ့ "

ရန်ရိပြောလိုက်သည်။

" မီးက ငါတို့လမ်းကိုပိတ်‌လား၊ မပိတ်လားဆိုတာကြည့်ဖို့ ငါအရင်တွားဝင်လိုက်မယ် "

" ကျွန်တော်လည်းလိုက်မယ် "

ကုံးရင့်ရှန် ပြောလာသည်။

" မီးကလမ်းပိတ်နေရင် အခုကျွန်တော်တို့နေရာက ပေါက်ကွဲမှုဗဟိုချက်နဲ့အနီးဆုံးပဲ၊ ကျွန်တော်လိုချင်တာ ရှာလို့ရတယ် "

ရန်ရိ ကုံးရင့်ရှန်ကို တည့်တည့်ကြည့်လိုက်ပြီး

" မင်းသေချာလား? အဲ့တာမီးနော် "

ကုံးရင့်ရှန် အသက်ဝဝရှူပြီး

" ကျွန်တော်ပြောတယ်၊ ကြောက်ပေမယ့် နောက်ဆုတ်မှာမဟုတ်ဘူးလို့၊ ပြီးတော့....ခင်များရှိတာပဲ "

' ခင်များရှိတာပဲ ' ဆိုတဲ့စကားက ချက်ချင်း ရန်ရိနှလုံးသားကို ပျံတက်သွားစေလျက်၊ သူ့အမူအရာပြောင်းသွားတာကို အကောင်းဆုံးကြိုးစား ထိန်းသိမ်းရင်း ထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။

" အို၊ အိုကေ၊ မင်းငါ့နောက်လိုက်ခဲ့ "

စွန်း‌တင့်ရိ မျက်တောင်ခတ်ရင်း သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ပြန် ကြည့်လာသည်။ တစ်ခုခု သတိထားမိသွားသလိုနဲ့။

ရန်ရိ ထပ်ပြောလိုက်သည်။

" ငါမင်းကို ကာကွယ်ဆေးအရင်ပေးမယ်၊ ငါတို့မီးသတ်ဝတ်စုံ ဝတ်ထားတာမဟုတ်တော့ အပူဒဏ်ကာကွယ်တာတို့ မီးမလောင်စေတာတို့ မရှိဘူး၊ မီးဗဟိုချက်ရောက်ရင် အရမ်းပူလိမ့်မယ်၊ မင်းမတောင့်ခံနိုင်ရင် ထွက်သွားလို့ရတယ်၊ ဖိအားမပေးနဲ့ "

" သိပြီ၊ သွားရအောင် "

=========

စာဖတ်လို့အဆင်ပြေကြလား?

=========

{ Zawgyi }

" ဒါကဓာတ္မီး၊ ဒါက အကူအညီအတြက္၊ ဒါက အသက္ကယ္ႀကိဳး၊ ဒါက ေ႐ွးဦးသူနာျပဳပစၥည္းေတြ၊ အိပ္ကပ္ထဲမွာက ဖ်က္တဲ့ပစၥည္းတစ္ခ်ိဳ႕ပါတယ္၊ ေခါင္းေဆာင္းကို တစ္ခ်ိန္လုံး ခြၽတ္လို႔္မရဘူး "

ရန္ရိ ကုံးရင့္႐ွန္ကို သူ႕ဦးထုပ္ေဆာင္းေပးလိုက္ၿပီး ‌ေခါင္းေမာ့ကာ ေမးသိုင္းႀကိဳး ညႇိေပးလိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိအေလးအနက္ထားေနတာ ၾကည့္ရင္း အရမ္းစိတ္ခ်မ္းသာသြားသည္။ သူမတတ္ႏိုင္ဘဲ မေန႔ညကသူတို႔ႏွစ္ေယာက္ ရန္ျဖစ္ၿပီးေနာက္ပိုင္း ခံစားခ်က္ကိုသတိရသြားသည္။ ရန္ရိ သူ႕ကိုပဲ ၾကည့္၊ သူ႕ကိုပဲ အာ႐ုံစိုက္ၿပီး သူအပိုင္ပဲ ျဖစ္ရမယ္ဆိုတဲ့ဆႏၵက ပ်င္းစရာေကာင္း‌ေစလြန္းလို႔ တစ္ညလုံး ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့။အၿမဲတမ္းဒီလို ရန္ရိမ်က္ဆံေတြထဲမွာ သူ႕မ်က္ႏွာပဲ ထင္ဟပ္ေနရင္ ေကာင္းမည္။

" အဆင္ေျပလား? "

ရန္ရိ ေမးလိုက္သည္။

" ေျပပါတယ္ "

ကုံးရင့္႐ွန္ႏႈတ္ခမ္းေတြ အနည္းငယ္ တြန္႔တက္သြားၿပီး

" ဒါေပမယ့္ အဝတ္အစားေတြ နည္းနည္းက်ပ္တယ္ "

ရန္ရိ ႏွာေခါင္း႐ႈံ႕လိုက္ၿပီး

" ဟန္ေဆာင္မေနနဲ႔၊ အာ၊ ငါ့အတြင္းခံလည္း မင္းဝတ္ဖို႔အတြက္၊ ငါ့အဝတ္ေတြလည္း မင္းဝတ္ဖို႔အတြက္ပဲ၊ လုပ္ႏိုင္စြမ္း႐ွိရင္ ခြၽတ္ပစ္လို႔ရတယ္ေနာ္ "

" ဘာလို႔လဲ? ခင္မ်ား သိကၡာက်လို႔လား? "

ကုံးရင့္႐ွန္ စေနာက္လိုက္သည္။

ရန္ရိ ေကာ္လံစစ္ၾကည့္လိုက္ၿပီး

" မင္းကဘယ္ဆိုဒ္မိုလို႔လဲ? မင္းကိုယ္မင္း သူငယ္တန္းကေလးလို႔ ေျပာရမွာမေပ်ာ္ဘူးေပါ့ "

" ကြၽန္ေတာ္ ႏိႈင္းယွဥ္တာမ်ိဳးမ႐ွိဘူး၊ အမွန္တရားကို ေျပာ႐ုံပဲ "

ကုံးရင့္႐ွန္က ေျပာင္ေျပာင္တင္းတင္းေျပာလာသည္။

ရန္ရိအဲ့ေန႔က ေရခ်ိဳးခန္းထဲမွာ ျဖစ္ခဲ့တာကို အမွတ္ရသြားၿပီး သူကုံးရင့္႐ွန္ေပၚ လဲက်သြားတုန္း ကုံးရင့္႐ွန္ရဲ႕ ေၾကာက္မက္ဖြယ္ အ႐ြယ္အစားကို တကယ္အျပည့္အဝ ခံစားႏိုင္ခဲ့၏။ သူဒီေခါင္းစဥ္ကို ဆက္မေျပာခ်င္ေတာ့ဘဲ။

" အိုေက သြားရေအာင္ "

ရန္ရိ စြန္းတင့္ရိနဲ႔ လွ်ိဳေဟြး‌ကိုေခၚလိုက္ၿပီး ဝမ္းမုန္နဲ႔ လင္း‌ေ႐ွာင္ဖ်င္လည္း သူ႕တို႔လူသူတို႔ ေခၚၾကသည္။ သူတို႔အားလုံး အထုပ္အပိုးေတြ၊ သံတူ႐ြင္းေတြနဲ႔၊ ခရီးေဆာင္မီးသတ္ေဆးဘူးေတြအျပင္ အျခားပစၥည္းေတြကိုပါ ေက်ာေပၚသယ္ထားၾကရသည္။

က်န္႐ွိတဲ့တပ္သားေတြကေတာ့ အတန္းႏွစ္တန္းစီၿပီး ေက်ာက္တုံးေတြကို လက္ဆင့္ကမ္း သယ္ထုတ္ကာ အုတ္က်ိဳးအုတ္ပဲ့ေတြကို အျပင္ကေန တတ္ႏိုင္သမွ် ျမန္ျမန္ဖယ္႐ွားၾကသည္။

သူတို႔ ၿပိဳပ်က္ေနတဲ့အေဆာက္အဦးဆီ ခ်ဥ္းကပ္သြားၾကေတာ့ ပထမခန္းမကေန အေနာက္ဘက္အေဆာင္ကို ဆက္ထားတဲ့ ေကာ္ရစ္တာမွာ ၾကားေပါက္တစ္ခု႐ွိေနသည္။ သူတို႔နဖူးေပၚ႐ွိ ႐ွာေဖြေရးဓာတ္မီးေရာင္က အထဲကို အလင္းက်သြားၿပီး မီတာအနည္းငယ္ေလာက္သာ ျမင္ရသည္။ အတြင္းပိုင္းက ‌ေမွာင္၍ ေက်ာက္တုံးမ်ားျဖင့္ ဖ႐ိုဖရဲျဖစ္ကာ ၾကည့္ရင္းနဲ႔ လူေတြကို ၾကက္သီးေမြးညင္းထေစသည္။

ဝမ္းမုန္ ေျပာလိုက္သည္။

" ဒီဘက္သြားရေအာင္၊ ေ႐ွာင္ဖ်င္ မင္း အေဆာက္အဦးအေနာက္ဘက္ ျပတင္းေပါက္ကေန လွည့္ဝင္လို႔ရတယ္ "

" OK ဆက္သြယ္ဖို႔ဝန္မေလးနဲ႔ "

ရန္ရိေျပာလိုက္သည္။

" သြား၊ ဒုတိယထပ္ တက္ရေအာင္ "

" ဒုတိယထပ္မွာ မီး‌ေလာင္ေနေလာက္တယ္၊ သတိထား "

" စိတ္ခ်ပါ "

သူတို႔ေလးေယာက္ အုတ္အၿပိဳအပ်က္ေတြေပၚ နင္းေလွ်ာက္သြားရင္း ဒုတိယထပ္သို႔ တြယ္တက္ၾကရသည္။ ဒုတိယထပ္လည္း ေပါက္ကြဲေသာအထပ္ျဖစ္ခဲ့ၿပီး ထိခိုက္မႈက ပထမထပ္ထက္မေသးေခ်။ ၿပီးေတာ့ ေလထဲမွာ ထူးဆန္းတဲ့ အနံ႔တစ္မ်ိဳးရေနသည္။

ကုံးရင့္႐ွန္ ႏွာေခါင္း႐ႈံ႕ၿပီး မ်က္ႏွာမွာေတာ့ မသကၤာမႈမ်ား႐ွိေနလ်က္။

ရန္ရိဦးေဆာင္ၿပီး နံရံေအာက္ေျခတစ္ေလွ်ာက္ ဂ႐ုတစိုက္သြားရင္း

" တစ္ေယာက္ေယာက္႐ွိလား? မီးသတ္ကပါ ! "

သူ အနီးဆုံးအခန္းကို‌ ေတြ႕သြားၿပီး ပုံပ်က္ေနတဲ့တံခါးဘက္ လွည့္သြားလိုက္သည္။

" တစ္ေယာက္ေယာက္႐ွိလား? "

အလင္းေရာင္က ရန္ရိေခါင္းအတိုင္း လႈပ္႐ွားသြားသည္။ အခန္းထဲက မ်က္ႏွာက်က္ၿပိဳက်ကာ အိပ္ရာတစ္ခုလုံး ဖိေခ်ခံထားရၿပီး၊ ‌ၾကမ္းျပင္မွာ ေသြးအိုင္ႀကီးတစ္ခု စီးက်ေနတာကိုျမင္ေပမယ့္ ဘယ္သူမွမေတြ႕။ ရန္ရိ ရင္‌နင့္သြားၿပီး၊ သူ႕မွာ ဘာေမွ်ာ္လင့္ခ်က္မွ မ႐ွိေပမယ့္လည္း သြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။

အျပင္နဲ႔နီးေလေလ ၾကမ္းျပင္က ပိုၿပိဳက်လုနီးပါးျဖစ္ေလေလပင္။ ရန္ရိ သတိႀကီးႀကီးနဲ႔ထိကာ ၾကမ္းျပင္မွာထိုင္ၿပီး ၿပိဳက်တဲ့မ်က္ႏွာက်က္ၾကားထဲကို ၾကည့္လိုက္သည္။

" လူ႐ွိလား? "

အတြင္းပိုင္းထဲ အလင္းေရာက္သြားေတာ့ ႐ုတ္တရက္ ကြဲေၾကေနေသာေခါင္းတစ္လုံး သူ႕ျမင္ကြင္းထဲေပၚလာသည္။

ရန္ရိ ေၾကာက္လန္႔တၾကား ပင့္သက္႐ိႈက္ရင္း ေနာက္ျပန္ဆုတ္ဖို႔ အႀကိမ္အနည္းငယ္ ႐ုန္းကန္မိသြား၏။

" ေခါင္းေဆာင္ရန္၊ ဘာျဖစ္တာလဲ? "

စြန္းတင့္ရိက ရင္တုန္ပန္းတုန္နဲ႔ ေမးလာသည္။

" ဟင္အင္း၊ ရတယ္....."

ရန္ရိစိတ္ထဲမွာေတာ့ ‌ကြဲေၾကေနတဲ့ဦးေခါင္းနဲ႔ ျပဴထြက္ေနတဲ့ မ်က္လုံးမ်ားသာ ျပည့္ႏွက္ေနၿပီး အသက္ဝဝ႐ွဴကာ ႏွလုံးခုန္တာၿငိမ္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ လွစ္ခနဲ အၾကည့္တစ္ခ်က္ပင္ျဖစ္ေစ သူရဲ႕စာနာသနားမႈကို ဖိႏွိပ္ရန္ခက္ခဲသည္။ မိန္းမငယ္ေလး တစ္ေယာက္ဆိုတာေတာ့ ႐ွင္း႐ွင္းလင္းလင္းျမင္လိုက္ရၿပီး သူအေလးအနက္ထား ေျပာလိုက္သည္။

" ဒီအခန္းမွာ အသက္႐ွင္တဲ့သူမ႐ွိ‌ဘူး "

ကုံးရင့္႐ွန္လက္ကမ္းၿပီး ရန္ရိကိုဆြဲထူလိုက္သည္။ ဒါေပမယ့္ သူရန္ရိလက္ကို ကိုင္လိုက္တဲ့အခ်ိန္ ရန္ရိတုန္ေနတာကို ခံစားမိေတာ့ ကုံးရင့္႐ွန္ထိုင္လိုက္ၿပီး အေမွာင္ထဲမွာ ေသြးစုတ္ေနတဲ့မ်က္ႏွာကို ၾကည့္ရင္း သူ႕ႏွလုံးသား အပ္စိုက္ခံလိုက္ရသလိုပင္။

" ခင္မ်ား ရရဲ႕လား? "

ရန္ရိ ေခါင္းညိတ္ၿပီး ခဏစကားမေျပာႏိုင္ဘဲ ၎အစား ကုံးရင့္႐ွန္လက္ကိုသာ တင္းတင္းဆုပ္ကိုင္ထားမိသည္။

ကုံးရင့္႐ွန္ ခပ္ဖြဖြေျပာလိုက္သည္။

" အဲ့တာဓာတုဗုံးပဲ၊ ႐ုပ္ဝတၳဳဗုံးမဟုတ္ဘူး "

" မင္း အဲ့တာ ဘာေပါက္ကြဲပစၥည္းလဲ သိလား? "

" ကြၽန္ေတာ္ ခန္႔မွန္းထားတာေတြ ႐ွိတယ္၊ ဒါေပမယ့္ မေသခ်ာဘူး၊အႂကြင္းအက်န္ေတြ ထပ္႐ွာဖို႔လိုတယ္၊ ဒီမွာ ဘာယမ္းမႈန္႔နံ႔မွမရဘူး၊ ဓာတုပစၥည္းနံ႔ပဲရတယ္၊ တကယ္ေတာ့ အစကတည္းက ဓာတုေပါက္ကြဲပစၥည္းေတြလို႔ သံသယဝင္ေနတာ၊ ဘာလို႔လဲဆိုေတာ့ အေဆာက္အဦးတစ္ခုကို ၿဖိဳခ်ဖို႔ဆိုရင္ ဒီလို႐ုပ္ဝတၳဳဗုံးမ်ိဳးက အ႐ြယ္အစားမေသးဘူး၊ လူေတြဝင္၊ထြက္ေနတဲ့ ေဆး႐ုံတစ္ခုမွာဆို ပိုၿပီးျမင္သာလိမ့္မယ္၊ ထပ္ၿပီးေတာ့ တံခါးမွာရဲအေစာင့္ေတြ ႐ွိတယ္၊ ဒါေပမယ့္ ဓာတုပစၥည္းပမာဏ ေသးေသးေလးကေတာ့ တုံ႔ျပန္မႈအႀကီးႀကီး ျဖစ္သြားႏိုင္တယ္ "

" ေလထုအဆိပ္သင့္သြားမလား? "

" အခုေလးတင္ ကယ္ထုတ္လိုက္တဲ့ ပိတ္မိသူေတြကေတာ့ အဆိပ္သင့္လကၡာမျပဘူး၊ တရားခံက အဆိပ္သင့္ဓာတုပစၥည္းေတြ ထည့္မထားဘူးဆိုတာ ျပတယ္၊ ဒါေပမယ့္ ဓာတုပစၥည္းအမ်ိဳးမ်ိဳး ဓာတ္ျပဳၿပီးတဲ့အခါမွာေတာ့ လုံးဝႀကီးအဆိပ္မသင့္ဖို႔ဆိုတာ ေ႐ွာင္လႊဲရခက္တယ္၊ ပမာဏမျမင့္သေ႐ြ႕ေတာ့ အဆင္ေျပမွာပါ "

" ဒီမွာ တစ္ေယာက္ေယာက္႐ွိတယ္! "

လွ်ိဳေဟြး ေအာ္ေျပာလာသည္။

" အသက္႐ွင္တုန္းပဲ! "

ကုံးရင့္႐ွန္ မတ္တပ္ထၿပီး ရန္ရိကိုပါ ဆြဲထူလိုက္သည္။

တပ္သားေတြ အသံေနာက္လိုက္သြားၾကေတာ့ လွ်ိဳေဟြးက အျခားအခန္းေထာင့္တစ္ခုမွာ ေယာက်္ားတစ္ေယာက္ကို ႐ွာေတြ႕တာျဖစ္ၿပီး ထိုသူက ေက်ာက္တုံးေအာက္‌မွာပိေနေသာ္ျငား ေထာင့္စြန္းရဲ႕ႀတိဂံဧရိယာက ေက်ာက္တုံးအပိုင္းကို ညပ္ထားၿပီး တကယ္တမ္း ဘာဖိအားမွမ႐ွိေပ။

" ဆရာ၊ ထပါဦး "

စြန္းတင့္ရိ ထိုလူ႕ပါးကို ခပ္ဖြဖြပုတ္လိုက္သည္။

ထိုလူ႕မ်က္လုံးမ်ားက ေသြးေတြနဲ႔ဖုံးကာေနၿပီး မ်က္ေတာင္ေတြ အႀကိမ္အနည္းငယ္ လႈပ္ခတ္ရင္း အဆုံးမွာ တစ္ဝက္တစ္ပ်က္သာဖြင့္ႏိုင္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့ အသက္႐ႈထုတ္လာသည္။

" ေက်ာက္တုံးမဖို႔လုပ္ၾကည့္ "

သူတို႔ေလးေယာက္ ‌ေတာင့္တင္းခိုင္မာတဲ့ဘိလပ္ေျမမ်က္ႏွာက်က္ကို ပင့္မဖို႔ႀကိဳးစားၾကေပမယ့္ သူတို႔အင္အားအကုန္လုံးနဲ႔ေတာင္ နည္းနည္းေလးပဲမႏိုင္ၿပီး မတတ္သာဘဲ ျပန္ခ်လိုက္ရသည္။

" မရဘူး၊ ဒါအလုပ္မျဖစ္ဘူး "

ရန္ရိ သူ႕ေျခေထာက္နားမွာ သစ္တုံးနည္းနည္းခံထားလိုက္ၿပီး

" ဒီဘက္ျခမ္းကို အတူမ,ရေအာင္၊ ၿပီးရင္ သစ္တုံးေတြ အရင္သြင္းမယ္ "

" ေကာင္းၿပီ "

" တစ္ ႏွစ္ သုံး! "

သူတို႔ေလးေယာက္ အတူပူးေပါင္းလုပ္ၾကၿပီး ေနာက္ဆုံးေတာ့ ေက်ာက္တုံးပင့္ႏိုင္သြားသည္။ ရန္ရိက အခြင့္အေရးယူၿပီး လပ္ေနတဲ့ၾကားကို ‌ေျခေခ်ာင္းေတြနဲ႔ သစ္တုံးတြန္းထည့္လိုက္သည္။

ပထမသစ္တုံးအကူအညီနဲ႔ ေနာက္ထပ္အတုံးအနည္းငယ္ကိုပါ ထပ္သြင္းထည့္ႏိုင္သြားၿပီး ေနာက္ဆုံး လူကိုဖိထားတဲ့အေလးခ်ိန္ ေလ်ာ့က်သြားသည္။

ရန္ရိ သူ႕ခႏၶာကိုယ္ကကိရိယာကို ေအာက္ခ်ၿပီး ပင့္မထားတဲ့အစြန္းဘက္ ၾကားေပါက္ကေန က်ံဳ႕ဝင္ကာ ထိုေယာက်္ားရဲ႕လက္ေမာင္းကို ဆုပ္ကိုင္ရင္းေအာ္လိုက္သည္။

" ဆြဲ! "

သုံးေယာက္က ရန္ရိခါးပတ္နဲ႔ေျခေထာက္ ကိုဆြဲၿပီး လူနာကိုဆြဲထုတ္ၾကသည္။

ကံေကာင္းလို႔ ရန္ရိနဲ႔ထိုေယာက်္ားက မဝဘဲ ျဖည္းျဖည္းခ်င္း ဆြဲထုတ္ႏိုင္သည္။

ထိုလူ႕မ်က္ႏွာနဲ႔ေခါင္းက ေသြးမ်ားႏွင့္ ဖုံးလႊမ္းေနၿပီး ကိုယ္အဂၤါအစိတ္အပိုင္းေတြလည္း ထိခိုက္ခဲ့သည္။ ၾကည့္ရတာ အေျခအေနက အလြန္အႏၲရာယ္မ်ားပုံပင္။

ရန္ရိ အရမ္းပင္ပန္းလို႔ ခဏေလာက္ေျမႀကီးေပၚမွာပဲထိုင္ၿပီး မထႏိုင္။ ကုံးရင့္႐ွန္က အလုပ္႐ႈပ္ေနရင္း

" ခင္မ်ားထိခိုက္သြားလား? "

ရန္ရိျပဳံးကာ သူ႕ကိုလက္မ ေထာင္ျပလိုက္ၿပီး

" လ်ိဳေဟြး၊ စြန္းတင့္ရိ မင္းတို႔ႏွစ္ေယာက္ ဒီလူကို ေအာက္သယ္သြားလိုက္ "

သူ အင္တာကြန္းကတစ္ဆင့္ ေျပာလိုက္သည္။

" တင္းခ်င္ ေအာက္ကလာသယ္ဖို႔ တစ္ေယာက္ေယာက္႐ွာေပး "

" ဟုတ္ကဲ့ "

သူတို႔ႏွစ္ေယာက္ ထြက္သြားၿပီးေတာ့ ရန္ရိ ၾကမ္းေပၚကထလိုက္သည္။ သူ႕ကိုယ္ေပၚက ျပာမႈန္႔ေတြကို အလဟႆပုတ္ထုတ္ရင္း ၿပိဳပ်က္ေနတဲ့‌နံရံေတြ ျပည့္ေနတဲ့ေနရာေ႐ွ႕က တြင္းနက္ဆီေမးေငါ့လိုက္သည္။

" ေပါက္ကြဲေနရာက ေကာ္ရစ္တာအဆုံးမွာပဲ၊ အေဆာက္အဦးပုံၾကမ္းအရဆို အခန္းသုံးခန္းေလာက္ ကြာေသးတယ္ "

ကုံးရင့္႐ွန္ ေခါင္းညိတ္ျပၿပီး

" ကလိုရင္းနံ႔ ပိုပိုျပင္းလာၿပီ "

" ဘာ? "

ရန္ရိလည္း ပိုပိုၿပီးနံသလို ခံစားလိုက္ရသည္။

" ကလိုရင္း၊ ေပါက္ကြဲပစၥည္းက nitrogen trichloride လို႔ထင္တယ္၊ ဒါေပမယ့္ အဲ့တာဘယ္လိုဓာတ္ျပဳၿပီး ေပါက္ကြဲလဲဆိုတာ မသိဘူး၊ Nitrogen trichloride က အားျပင္းတဲ့ ဓာတ္ျပဳေမာ္လီက်ဴး၊ ၿပီးေတာ့ မီးေလာင္လြယ္တယ္ "

[ T/N : Nitrogen trichloride ဆိုတာက Trichloramine လို႔လဲသိၾကတယ္၊ NCl₃ formula နဲ႔ ဓာတုျဒပ္ေပါင္းတစ္ခု၊ အဝါေရာင္႐ွိၿပီး ခြၽဲတယ္၊ အနံ႔စူး႐ွတယ္၊ ေပါက္ကြဲပစၥည္းအရည္က ammonia- derivatives နဲ႔ chlorine ၾကားဓာတုဓာတ္ျပဳမႈရဲ႕ ေဘးထြက္ပစၥည္းအျဖစ္ အမ်ားဆုံးေတြ႕ရတယ္ ]

" ၾကည့္ရတာ အထဲမွာမီးေလာင္ေနပုံပဲ "

ရန္ရိေျပာလိုက္သည္။

" အေဆာက္အဦးက ဒီလိုပဲျဖစ္သြားရေတာ့ မီးေလာင္ပစၥည္းေတြ ႐ွာဖို႔မလြယ္ေလာက္ဘူး၊ ၿပီးေတာ့ မီးေလာင္တဲ့ဧရိယာလည္း မႀကီးသြားသင့္ဘူး "

" ေနရာေသးေသးေလးမွာ ေလာင္လည္း အႏၲရာယ္မ်ားတယ္၊ ကြၽန္ေတာ္တို႔ ေ႐ွ႕ပိုတိုးေလေလ၊ အနံ႔ပိုျပင္းလာေလေလပဲ၊ တိုက္စားမႈအရမ္းျမင့္တာ မဟုတ္ေပမယ့္လည္း ဓာတ္ေငြ႕က တိုက္စားတတ္တယ္၊ အသားအရည္ကို အဝတ္နဲ႔ဖုံးထားရင္ ရၿပီ၊ ဒါေပမယ့္ မ်က္လုံးေတြနဲ႔ ႏွာေခါင္းအေျမႇးပါးေတြ‌ကေတာ့ မခံ‌ႏိုင္ေလာက္ဘူး "

ရန္ရိ အင္တာကြန္းကေန ေျပာလိုက္သည္။

" စြန္းတင့္ရိ၊ မင္းျပန္လာရင္ ဓာတ္ေငြ႕မ်က္ႏွာဖုံးေတြ ယူခဲ့ဦး"

" အိုေက "

" ဒီ nitrogen trichloride ဘယ္လို ေပါက္ကြဲသြားတာလဲ? "

" နည္းလမ္းအေတာ္မ်ားမ်ား‌႐ွိတယ္၊ ဖိအားေပးတာ ဒါမွမဟုတ္ ပိတ္ထားတဲ့ဘူးထဲမွာ အပူေပးတာကေန ေပါက္ကြဲႏိုင္တယ္၊ အျခားဓာတုပစၥည္းေတြနဲ႔ ေပါင္းစပ္တာကလည္း ေပါက္ကြဲေစႏိုင္တယ္၊ ေလထဲမွာ အမႈန္႔ေတြအရမ္းမ်ားေနရင္ေတာင္ ဖုန္မႈန္႔ေပါက္ကြဲမႈ ဒါမွမဟုတ္ ေရေငြ႕ပုံေပၚလာတယ္၊ အဲ့တာက အပူေပးၿပီးေနာက္ပိုင္းနဲ႔ အျခားေပါက္ကြဲပစၥည္းေတြနဲ႔ ဓာတ္ျပဳၿပီးေနာက္ပိုင္း မီးေလာင္တယ္ "

" ဒီပစၥည္းက တအားေပါက္ကြဲလြယ္တာပဲ "

" အမ္း၊ ကလိုရင္းဓာတ္ေႏွာ အေတာ္မ်ားမ်ားကို ေပါက္ကြဲပစၥည္းေတြအေနနဲ႔ အသုံးပိုမ်ားတယ္ "

" မင္းတို႔ဓာတု‌ေဗဒေလာကမွာပဲ အသုံးမ်ားတာပါ၊ ငါအရင္ကမၾကဳံဖူးဘူး "

" မၾကဳံဖူးတာပဲ ေကာင္းပါတယ္ "

ကုံးရင့္႐ွန္အသံက အလြန္႔အလြန္ကို ေအးစက္ေနလ်က္။

" ဒါက ဟုန္ယန္႔ကိုယ္တိုင္ ဒါမွမဟုတ္ ဓာတုေဗဒအထူးျပဳထားတဲ့ တစ္စုံတစ္ေယာက္က သာမန္မီး႐ိႈ႕သမားထက္စာရင္ အမ်ားႀကီးပိုေၾကာက္စရာေကာင္းမွန္း သက္ေသတည္ေနတယ္ "

ရန္ရိ ရင္နင့္သြားၿပီး

" မင္းေျပာတာမွန္တယ္၊ ဒီတစ္ေခါက္ သူတို႔တမင္တကာ ဇီ၀ေဗဒနဲ႔ ဓာတုေဗဒလက္နက္ေတြ လုပ္ခဲ့တယ္ဆိုရင္၊ ေဆး႐ုံလိုလူထူထပ္တဲ့ေနရာမ်ိဳးမွာ အေသအေက်ဘယ္ေလာက္မ်ားမယ္ဆိုတာ မသိရဘူး၊ ေၾကာက္စရာေကာင္းတာပဲ "

မျဖစ္ခဲ့ေပမယ့္ ပုန္းကြယ္ေနတဲ့အႏၲရာယ္ေတြ အျပည့္႐ွိေနႏိုင္တယ္ဆိုတာကို ေတြးမိေတာ့ ရန္ရိ ေက်ာခ်မ္းသြားရသည္။

စြန္းတင့္ရိနဲ႔ လွ်ိဳေဟြးသြားၿပီး ျပန္လာေတာ့ ဓာတ္ေငြ႕မ်က္ႏွာဖုံးေတြ ယူလာခဲ့သည္။ သူတို႔ မ်က္ႏွာဖုံးေတြ တပ္ၿပီး အတြင္းပိုင္းဆက္တိုးသြားၾက၏။

ေ႐ွ႕ဆက္တိုးေလေလ၊ ေပါက္ကြဲမႈဗဟိုခ်က္နဲ႔ ပိုနီးေလေလျဖစ္ၿပီး အေဆာက္အဦးၿပိဳပ်က္တာလည္း ပိုဆိုး႐ြားကာ အေပၚပိုင္းက ဆိုးဆိုးဝါးဝါး အပိတ္ခံထားရေတာ့ သူတို႔ တြားၿပီးပဲဝင္လို႔ရသည္။

႐ႊီက်င့္က ႐ုတ္တရက္ေျပာလာ၏။

" စခန္းေခါင္းေဆာင္ အေျခအေနသတင္းပို႔ပါ "

ဝမ္းမုန္နဲ႔ လင္းေ႐ွာင္ဖ်င္က ပထမထပ္မွာ ပိတ္မိေနသူေတြကို ႐ွာေဖြဆဲျဖစ္ၿပီး ရန္ရိ ေျပာလိုက္သည္။

" ကြၽန္ေတာ္တို႔ ေပါက္ကြဲမႈဗဟိုခ်က္နဲ႔ အေတာ္ေလးနီးလာၿပီ၊ ဒါေပမယ့္ ဒီမွာျဖတ္သြားဖို႔ခက္ေနတယ္၊ ကြၽန္ေတာ္တို႔...အာ? ကြၽန္ေတာ္ မီးေတြ႕ၿပီ "

အပ်က္အစီးေတြနဲ႔ ေက်ာက္စရစ္ေတြၾကားမွာ အေမွာင္ထုကိုတြန္း‌လွန္ေနေသာ အလင္း‌တစ္စ႐ွိေနၿပီး အသူရာေခ်ာက္နက္ထဲ လြင့္ေျမာေနသည့္ တေစၧမီးလုံးတစ္ခုအလား လူကိုေၾကာက္႐ြံ႕ေစသည္။

" မီးေလာင္ေနလား? ဘာကမီးေလာင္တာလဲ? "

႐ႊီက်င့္ ေမးလာသည္။

" ငါတို႔လည္း အျပင္ကျမင္ရတယ္ "

" ေသးေတာ့ေသးတယ္၊ ဘာမီးေလာင္လဲဆိုတာ မေသခ်ာဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေပါက္ကြဲမႈဗဟိုခ်က္ သြားတဲ့လမ္းကို ပိတ္ထား‌ႏိုင္ေလာက္တယ္ "

" ပထမဆုံး မလႈပ္႐ွားခင္အေျခအေနၾကည့္၊ ေ႐ွ႕ဆက္တိုးဖို႔ အခြင့္အေရးမ႐ွိရင္ ျပန္လာခဲ့ "

" ဟုတ္ကဲ့ "

ရန္ရိေျပာလိုက္သည္။

" မီးက ငါတို႔လမ္းကိုပိတ္‌လား၊ မပိတ္လားဆိုတာၾကည့္ဖို႔ ငါအရင္တြားဝင္လိုက္မယ္ "

" ကြၽန္ေတာ္လည္းလိုက္မယ္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" မီးကလမ္းပိတ္ေနရင္ အခုကြၽန္ေတာ္တို႔ေနရာက ေပါက္ကြဲမႈဗဟိုခ်က္နဲ႔အနီးဆုံးပဲ၊ ကြၽန္ေတာ္လိုခ်င္တာ ႐ွာလို႔ရတယ္ "

ရန္ရိ ကုံးရင့္႐ွန္ကို တည့္တည့္ၾကည့္လိုက္ၿပီး

" မင္းေသခ်ာလား? အဲ့တာမီးေနာ္ "

ကုံးရင့္႐ွန္ အသက္ဝဝ႐ွဴၿပီး

" ကြၽန္ေတာ္ေျပာတယ္၊ ေၾကာက္ေပမယ့္ ေနာက္ဆုတ္မွာမဟုတ္ဘူးလို႔၊ ၿပီးေတာ့....ခင္မ်ား႐ွိတာပဲ "

' ခင္မ်ား႐ွိတာပဲ ' ဆိုတဲ့စကားက ခ်က္ခ်င္း ရန္ရိႏွလုံးသားကို ပ်ံတက္သြားေစလ်က္၊ သူ႕အမူအရာေျပာင္းသြားတာကို အေကာင္းဆုံးႀကိဳးစား ထိန္းသိမ္းရင္း ထစ္ထစ္ေငါ့ေငါ့ေျပာလိုက္သည္။

" အို၊ အိုေက၊ မင္းငါ့ေနာက္လိုက္ခဲ့ "

စြန္း‌တင့္ရိ မ်က္ေတာင္ခတ္ရင္း သူတို႔ႏွစ္ေယာက္ကို တစ္ေယာက္တစ္ျပန္ ၾကည့္လာသည္။ တစ္ခုခု သတိထားမိသြားသလိုနဲ႔။

ရန္ရိ ထပ္ေျပာလိုက္သည္။

" ငါမင္းကို ကာကြယ္ေဆးအရင္ေပးမယ္၊ ငါတို႔မီးသတ္ဝတ္စုံ ဝတ္ထားတာမဟုတ္ေတာ့ အပူဒဏ္ကာကြယ္တာတို႔ မီးမေလာင္ေစတာတို႔ မ႐ွိဘူး၊ မီးဗဟိုခ်က္ေရာက္ရင္ အရမ္းပူလိမ့္မယ္၊ မင္းမေတာင့္ခံႏိုင္ရင္ ထြက္သြားလို႔ရတယ္၊ ဖိအားမေပးနဲ႔ "

" သိၿပီ၊ သြားရေအာင္ "

=========

စာဖတ္လို႔အဆင္ေျပၾကလား?

=========