webnovel

အွန်လိုင်းကျင့်ကြံခြင်း

အွန်လိုင်းကျင့်ကြံခြင်း ဇာတ်လမ်းအကျဉ်း _____________________________________ ယွမ်က မွေးလာကတည်းက ကုသလို့မရနိုင်အောင် ဖျားနာခဲ့ပါတယ်။ အဲ့ဒါက သူကို ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မမြင် ဖြစ်စေပြီး နှစ်အနည်းငယ်အကြာမှာတော့ သူ့ဦးခေါင်း အောက်က ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး သုံးစားမရတော့ဘဲ ​မသန်မစွမ်းဖြစ်ခဲ့စေပါတယ်။ မျှော်လင့်မရှိတော့ဘူးလို့ယူဆပြီး သူ့မိဘတွေက သူ့အပေါ်အရှုံးပေးခဲ့ပြီး ကမ္ဘာကြီးကလည်း သူ့ကိုလျစ်လျူရှုထားပါတယ်။ မှောင်မိုက်ပြီးငြိမ်သက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ သူ့ညီမလေးကသာ သူအသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်လာပါတယ်။ ဒီလူငယ်လေးဟာ အွန်လိုင်းကျင့်ကြံခြင်းလို့ခေါ်တဲ့ အဆန်းသစ် ဆုံး VRMMORPG ဂိမ်းတစ်ခုမှာ ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး ဂျီးနီးယပ်စ်တစ်ယောက်အဖြစ် ကမ္ဘာနှစ်ခုလုံးမှာ ဒဏ္ဍရီတစ်ခုဖြစ်လာတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဝတ္ထုအမည် - Cultivation Online မူရင်းစာရေးဆရာ- MyLittleBrother Translator - LazYouth

VIntage20 · เกม
เรตติ้งไม่พอ
19 Chs

ch6

"ဘယ်လိုရှာနေတာလဲ။ ဒီကစားသမားယွမ်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုမင်းမတွေ့သေးဘူးလား?" ခန့်ညားသောလူငယ်တစ်ယောက်သည် Cultivation Online ဂိမ်း၏ခလုတ်ခုံနှင့်အတူအိပ်ရာပေါ်တွင်ထိုင်လျက် ခေါင်းပေါ်၌ခေါင်းဆောင်း(helmet)ဆောင်းထားကာတံခါးဝ၌ရပ်နေသောလူလတ်ပိုင်းကိုကြည့်နေသည်။ " သခင်လေးစိတ်မကောင်းပါဘူး၊ ဒါပေမယ့်ဒီကစားသမားကသူရဲ့အချက်အလက်တွေကိုလျှို့ဝှက်ထားဖို့စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ငါတို့ရဲ့ကမ်းလှမ်းမှုတွေတောင်မှသူ့ကိုဆွဲဆောင်နိုင်စွမ်းမရှိဘူး" ဟုလူလတ်ပိုင်းကပင်ပန်းနေသည့်အသံဖြင့်ပြောခဲ့သည်။ သူသည်ယွမ်နှင့်ပတ်သက်သောသတင်းအချက်အလက်များကိုရှာဖွေရန်အတွက်လွန်ခဲ့သောနှစ်ရက်လုံးလုံးအိပ်ရေးပျက်ခဲ့ရသည်၊ သို့သော်ရလဒ်မှာစိတ်ပျက်စရာဖြစ်ခဲ့သည်။ "ဒီကောင်က လာငါးစာမဟပ်ဘူးပေါ့။ဒါဆိုရင် ငါတို့လုပ်ရမယ့်အရာက သွေးဆောင်မှုကိုတိုးမြှင့်လိုက်တာပေါ့။ ဆုကိုမီလီယံသန်းပေါင်း ၂၀ အထိသွားပြီးပြင်ဆင်လိုက်။ ဒီကစားသမားသာ ဆင်းရဲမယ်ဆိုရင် သူက အနှေးနဲ့အမြန် ငါးစာလာဟပ်မှာပဲ" ဟု ငွေသန်းပေါင်းမီလီယံ၂၀သည် သူ့မျက်လုံးထဲတွင် ဘာမှမဟုတ်သကဲ့သို့ သမာန်ကာလျှံကာပင် လူငယ်ကပြောကြားခဲ့သည်။

"နားလည်ပါပြီ။" ထို့နောက်လူလတ်ပိုင်းသည် ထိုလူငယ်ကိုတစ်ယောက်တည်းထားခဲ့၍ ထွက်လာခဲ့သည်။ " ဒီကစားသမားကိုဘယ်လောက်ပဲပေးဆပ်ပါစေ ငါ့လက်ထဲအရယူရမယ်၊ ဒီကစားသမားဟာ ကံကောင်းလို့ပဲဖြစ်ဖြစ်၊ ဂိမ်းဖန်တီးသူတွေနဲ့အဆက်အသွယ်ရှိတာကြောင့်ပဲဖြစ်ဖြစ် သူကသာမန်လူတွေဘယ်တော့မှမရနိုင်တဲ့အရာတွေကိုရရှိခဲ့တယ်။ သူ့ကိုငါ့ဂိုဏ်းထဲဝင်ခိုင်းရမယ်။ဒါဆိုရင် ငါ့မိသားစုရဲ့ ဂိမ်းထဲကအဆင့်အတန်းက သေချာပေါက်မြင့်လာမှာဘဲ။"

အလားတူမြင်ကွင်းများ ကမ္ဘာတစ် ၀ န်းလုံးတွင် ဖြစ်ပေါ်နေကြသည်။အဆင့်အတန်းမြင့်များသူများစွာကကစားသမား ယွမ် အကြောင်းပိုမိုသိရှိရန် သူတို့အစွမ်းကုန်ကြိုးစားနေသည်။ အခြားသူများထက် ခေါင်းတစ်လုံးစာ ရှေ့သို့ကြိုရောက်နေသည့် ယွမ်က စနစ်၏ကြေငြာချက်အနည်းငယ်ကြောင့် အစစ်အမှန်ကမ္ဘာတွင်သူဖန်တီးခဲ့သည့် ဂယတ်ထမှုအကြောင်းကိုတော့ လုံး၀မသိရှိခဲ့ပေ။ Cultivation Online သည်ယွမ်၏အမြင်တွင် ဂိမ်းတစ်ခုမျှသာဖြစ်သော်လည်း ကိုယ်ပိုင်ထူးခြားသောရည်ရွယ်ချက်များရှိသည့် အခြားလူများမှာမူ ထိုသို့မဟုတ်ချေ။

-

နံနက်စာစားပြီးနောက် Yuan သည်ဂိမ်းထဲသို့ဝင်ခဲ့သည်။ သို့သော် ရှောင်ဟွာ၏ပုံပန်းသဏ္ဍန်လေးကိုမူရှာမတွေ့နိုင်ပါ။

" ဒီမှာနောက်ကျတဲ့အထိနေလို့ သူမမိသားစုနဲ့ ​ြဿနာဖြစ်နေတာများလား။"သူကဖြစ်နိုင်ခြေများကို စဉ်းစားမိသည်။ "သူမမိသားစုကိုစိတ်ပူစရာမလိုဘူးဆိုတာ ငါနဲ့ကြာကြာဆော့လို့ရအောင်လိမ်နေခဲ့တာလား" ယွမ်သည်တက်ကြွသောကလေးမလေးပျောက်ဆုံးနေမှုကြောင့် သက်ပြင်းချလိုက်မိသည်။ သူမ မရှိလျှင်ဤလောကတွင် နောက်ထပ်ဘာလုပ်စရာရှိမည်နည်း။ ခွန်အား၊ ကြွယ်ဝမှု၊ ကျော်ကြားမှု - ယွမ်သည်ဤအရာများကိုစိတ်မ ၀ င်စားခဲ့ပါ။ သူလုပ်ချင်တာက ပျော်စရာကောင်းပြီး အစစ်အမှန်ကမ္ဘာမှာ အသုံးမပြုနိုင်တဲ့ သူ့ကိုယ်ခန္ဓာကိုယ်ကို ပုံမှန်အတိုင်းအသုံးပြုနိုင်တာပါ။ သူမ မထွက်ခွာမီပေးခဲ့သောလည်ဆွဲလေးကို သူဆွဲထုတ်လိုက်သည်။ သူ၏ခေါင်းကိုခါလျက် သူသည်ညည်းတွားလိုက်သည်။ " ငါအရမ်းစိတ်မရှည် မဖြစ်သင့်ဘူး။ သူငါပြန်လာမယ့်အချိန်ကို စောင့်နေခဲ့သလိုပဲ သူ့ကိုငါပြန်စောင့်နေမယ်။ " ထို့​နောက်သူသည် ထပ်မံကျင့်ကြံရန်ထိုင်ချလိုက်လေသည်။ အစပိုင်းတွင်ငြီးငွေ့နေသော်လည်း တဖြည်းဖြည်းကျင့်သားရလာသည်နှင့်အမျှ ပျော်ရွှင်လာခဲ့သည်။သူသည်အိပ်မောကျနေစဉ် အနှိပ်ခံရသကဲ့သို့ သာသာယာယာခံစားရသည်။ အချိန်သည် အလျင်အမြန်ကုန်လွန်သွားပြီး ညကောင်းကင်ယံသည် တစ်ဖန်ထွက်ပေါ်လာပြန်သည်။ 160,000 / 160,000

«သင်သည် နောက်တစ်ဆင့်တက်ရန်အတွက် ချီ အလုံအလောက်ကိုစုဆောင်းခဲ့ပါသည်»

«သင်သည်ဆဌမအဆင့်ဝိညာဏကျင့်ကြံသူအဖြစ်သို့ရောက်ရှိသွားပါသည်>>

«အချက်အလက်များအားလုံး +350 »

320,000 / 320,000

«နောက်တစ်ဆင့်ချိုးဖြတ်ရန်အတွက် ချီအလုံအလောက်ကိုသင်ရယူစုဆောင်းခဲ့ပါသည်»

«သင်သည်သတ္တမမြောက်အဆင့်မြင့်ဝိညာဉ်ကျင့်ကြံသူအဖြစ်သို့ရောက်ရှိပါပြီ>>

«သင် အာရုံခံနိုင်မှုကို တိုးမြှင့်ပြီးပါပြီးပြီ»

«အချက်အလက်များအားလုံး +400 » -

« အာရုံခံနိုင်မှုတိုးမြှင့်ခြင်း »

«အဆင့် - အဆင့် / မရှိ»

«ဖော်ပြချက်: ရရှိနိုင်သည့်အာရုံခံအင်္ဂါ(မျက်စိ၊နား၊လျှာ၊နှာခေါင်း၊အတိအတွေ အာရုံငါးပါးကိုပြောတာပါ)အားလုံး၏လုပ်ဆောင်ချက်များကိုအမြဲတမ်းတိုးမြှင့်သည်။ အသက်သွင်းရန် မလိုအပ်ပါ။ »

-

320,295 / 640,000

"နောက်အဆင့်ကိုတက်ဖို့အချိန်ယူရတာပိုကြာလာပါလား။ လိုအပ်ချက်ကအဆင့်တစ်ဆင့်တက်တိုင်း နှစ်ဆတိုးလာတယ်။ အဆင့်တွေဘယ်လောက်ထပ်ရှိသေးလဲ။ " ယွမ်သည်တွေးတောနေရင်း သူသည်စတင်ကျင့်ကြံသူအဖြစ်သာရှိနေသေးသည်ကိုသိရခြင်းကြောင့် သူ့ကိုနောက်ပိုင်းအဆင့်များအတွက် စိုးရိမ်စေသည်။ ဒီနှုန်းထားအတိုင်းဆိုရင် နောက်တစ်ဆင့် မြှင့်တင်ဖို့တစ်လကြာ​ တစိုက်မတ်မတ်ကျင့်ကြံရန်လိုအပ်သည်။ ကျင့်ကြံခြင်းသည်ထိုသို့သောအလုပ်မျိုးဖြစ်သည်။ ယွမ်သည်ယနေ့ည ဂိမ်းမှထွက်ခွာခါနီးတွင်ကောင်းကင်၌ကြေညာချက်တစ်ခုထွက်ပေါ်လာကာ နောက်မှမရေမတွက်နိုင်သောအကြည့်များကို ဆွဲဆောင်ခဲ့သည်။

«ဂုဏ်ယူပါတယ်! ကစားသူ ကြာဖြူပန်းလေး သည် အစေခံကိုရရှိသည့် ကမ္ဘာ့ပထမ ဦး ဆုံးကစားသမားဖြစ်လာပါသည်။ »

ဤ ကြာဖြူပန်းလေး သည်မည်သည့် အစေခံ အမျိုးအစားကိုရရှိခဲ့သနည်းဟု ယွမ်မှသိရှိလိုသော်လည်းအခြားကစားသမားများကမူ ကမ္ဘာပေါ်တွင်နောက်ထပ်အံ့အားသင့်ဖွယ်ရာများလုပ်ပြမည်ဟုယူဆရသော 'ကစားသမားယွမ်' အစား 'ကစားသူ ကြာဖြူပန်းလေး' ကိုတွေ့မြင်လိုက်ရခြင်းကြောင့် အားလုံးကအံ့အားသင့်ခဲ့ကြသည်။ သေချာတာပေါ့ ကမ္ဘာတစ်၀ှမ်းမှကစားသမားများက ယွမ်သည် ကမ္ဘာပေါ်တွင်တစ် ဦး တည်းသောရှေ့ဆောင်ကစားသမားဖြစ်တော့မည်မဟုတ်ကြောင်း တွေးမိလာပြီး ကစားသမားများစွာကို စိတ်သက်သာရာရစေခဲ့သည်။ 'ရှေ့ဆောင်' ဆိုသည်မှာ ယွမ်၏ပထမဆုံးကြေငြာချက်အပြီးတွင် စနစ်မှ`ကမ္ဘာ့ပထမဆုံး´ဟူသော စကားလုံးကို ထည့်သွင်းကြေငြာခြင်းခံရသောသူများကိုရည်ညွှန်းပြီး ကစားသမားအသိုင်းအဝိုင်းကဖန်တီးထားသည့်ခေါင်းစဉ်ဖြစ်သည်။

-

"ဟမ်။ " ယွမ်သည်ရုတ်တရက်ကျွန်တစ် ဦး ရလိုသည့်ဆန္ဒစတင်ဖြစ်ပေါ်လာသည်။ သို့သော် သူသည်ကျွန်တစ် ဦး ကိုမည်သို့ရရှိအောင်လုပ်ရမည်နည်း။

ကစားပွဲမှထွက်ခွာပြီးနောက်ယုရိုသည်သူအနားတွင်ညစာစားနေသည်။

"ယုရို မင်းဒီဂိမ်းမှာကျွန်တွေဘယ်လိုရယူရတာလဲသိလား" သူကသူမကိုမေးရန်ဆုံးထြတ်လိုက်သည်။

"အစေခံတွေလား။ တစ်စုံတစ် ယောက်ကအစေခံတစ် ဦး ကိုရပြီးပြီလား။" သူမသည်သိချင်စိတ်နှင့်မေးလိုက်သည်။

" ငါကျွန်တွေအကြောင်းဘာမှမသိဘူး။ "

"ကြာဖြူလေးအမည်နဲ့လူတစ် ဦး က ရခဲ့တယ်။ "

"ကြာဖြူလေး" ယုရို ထိုနာမည်ကိုချက်ချင်းမှတ်မိခဲ့သည်။ "သူမကပဉ္စမအဆင့်စတင်ကျင့်ကြံသူဖြစ်ပြီး အခုလက်ရှိ ထိပ်တန်းကစားသမားတွေထဲကတစ်ယောက်ပဲ။ဒါ့အပြင်သူမက အမှန်တကယ် လက်တွေ့ဘဝမှာပါ ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးငယ်တစ် ဦးပဲ။ "

`ပဉ္စမအဆင့်ဝိညာဏ်စတင်ကျင့်ကြံသူ၊ထိပ်တန်းကစားသမား သူကစဉ်းစားနေသည်? သတ္တမမြောက်အဆင့်ဝိညာဉ်ကျင့်ကြံသူဖြစ်သော ယွမ်သည်သူ့နောက်မှအဆင့်နှစ်ဆင့်ရှိသောသူကထိပ်ဆုံးတွင်ရှိနေသည်ကိုကြားလိုက်ရသောအခါ အံ့အားသင့်ခဲ့သည်။ သူတို့ဟာ တကယ်ကိုထိပ်တန်းကစားသမားများလား။ ငါက ကျင့်ကြံခြင်းမှာအသာရနေပြီး ထိပ်တန်းအဆင့်ကစားသမားတစ်ဦးထက်ပိုပြီး အဆင့်နှစ်ခုမြင့်နေတယ်။ ' သူသိချင်နေသည်။

"ယုရို, ဒီဂိမ်းမှာအမြင့်ဆုံးကျင့်ကြံသူကဘယ်သူလဲ"

"သူက မိုးကြိုးအင်ပါယာ လို့လူသိများတဲ့သူတစ်ယောက်ဖြစ်တယ်၊ သူဟာဆဌမအဆင့်ဝိညာဏ်ကျင့်ကြံသူပဲ"

"၀ိုး ဘယ်လောက်တောင် အစွန်းရောက်တဲ့နာမည်လဲ"

"ဒါကမင်းအပူပါလို့လား" ယုရိုက ရယ်မောပြောဆိုလိုက်သည် ။ "မင်းပြောကြည့်လေမင်းအခုဘာတွေလုပ်နေတာလဲ။ မင်းရဲ့ကျင့်ကြံခြင်းက ဘယ်အဆင့်ရောက်နပြီလဲ။ အချိန်အများစုကို လှည့်ဖျားနေတာကြောင့်တော်တော်လေး အဆင့်နိမ့်နေသေးတယ် မဟုတ်လား။ ငါခန့်မှန်းကြည့်ရအောင် ... မင်းကဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်မလား"

ယွမ်ကအံကြိတ်လိုက်သည်၊၊

"မှားတယ်"

"ပထမအဆင့်ဝိညာဉ်ကျင့်ကြံသူ?" "နောက်ထပ် မှားတယ်။ "

" ဘာ…ငါ့ကိုမပြောပါနဲ့၊ မင်းမကျင့်ကြံရသေးဘူးလို့?!"

"ယုရို, ငါက မင်းအမြင်မှာဘယ်လောက်တောင်သနားစရာကောင်းပြီးအားနည်းနေတာလဲ။ မင်းအစ်ကိုက မင်းကိုစိတ်ပျက်သွားပြီ" ယွမ် ကဝမ်းနည်းစွာဖြင့်ပြောလိုက်သည်။ "အား..ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ်ငါဂိမ်းထဲမှာ ဘာကောင်မှမဟုတ်ဘူးဆိုတာအမှန်ပဲ။ ပြီးတော့မင်းပြောခဲ့သလိုပဲငါက သူများကိုလျှောက်ပြီး အရူးလုပ်နေတာပဲ၊ ဒါ့ကြောင့် ငါနဲ့အတူမြန်မြန်လာကစားလှည့်ပါ။ "

"ငါကျောင်းရှိနေသေးတယ်။ဒီအပတ်မှာတော့မဖြစ်နိုင်ဘူး၊ ဒါပေမယ့်လာမယ့်အပတ်မှာနွေရာသီအားလပ်ရက်စတော့မယ်ဆိုတာသေချာပါတယ်"

"ဟမ့်။ ငါမနာလိုနေတယ်။ " ယွမ်ကခါးသီးစွာပြုံးပြသည်။ ယုရိုက

" ကျောင်းသွားတက်တာကိုမနာလိုစရာမလိုပါဘူး။ ပျင်းစရာကောင်းတယ်။

" ဒါပေမယ့်ငါ မင်းနဲ့ကျောင်းသားတွေအားလုံးကိုမနာလိုဖြစ်နေဆဲပဲ။ မိနစ်အနည်းငယ်စကားပြောပြီးနောက် ယုရို သည်သူမအိပ်ရာအခန်းသို့ပြန်သွားပြီးယွမ်ကိုယ်တိုင်လည်းအိပ်ခဲ့သည်။ " သူမ မနက်ဖြန်ရောက်မလာခဲ့ရင် ငါသူမပေးခဲ့တဲ့လည်ဆွဲကိုသုံးသင့်တယ်…" အိပ်ပျော်မသွားမီ သူသည်မိမိကိုယ်ကို​ ရေရွတ်ခဲ့သည်။

Enjoy! My all readers;