webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 32

{ Unicode }

ရန်ရိ မေးခွန်းတွေ ထပ်မေးချင်သေးပေမယ့် ချိုးယန်က အသံတိတ်နေသည်။ ဒီလိုကိစ္စမျိုးက စကားလုံးအနည်းငယ်လောက်နဲ့ ရှင်းလင်းသွားမှာမဟုတ်မှန်း သူသိပြီး ချိုးယန် ဘာကြောင့်ဆက်ပြောဖို့ တွန့်ဆုတ်နေလဲဆိုတာ သူနားလည်နိုင်သည်။

လွန်ခဲ့တဲ့ ဆယ်ရှစ်နှစ်က ဘာတွေများဖြစ်ခဲ့တာလဲ ?!

လူနာဆောင်ဆီပြန်တော့၊ ဦးလေးရှန့်က ကုံးရင့်ရှန်ကို အဝတ်သန့်တွေလဲပေးပြီးပြီ။ ရန်ရိ ပြန်လာတာမြင်တော့၊ ကုံးရင့်ရှန်အတွက် လိုအပ်တာတွေယူဖို့ပြန်သွား၏။

ရန်ရိ ဆေးရုံကုတင်ရှေ့မှာရပ်ရင်း ကုံးရင့်ရှန်ရဲ့ ဖြူဖျော့ကာ အေးချမ်းသော မျက်နှာလေးအား သေသေချာချာ စူးစမ်းကြည့်လိုက်သည်။

အလွန်လှပါ၏။ နက်မှောင်လင်းလက်သော မျက်ဝန်းတစ်စုံကို မှိတ်ထားရင်တောင် ယခုကဲ့သို့စိတ်လှုပ်ရှားစရာအလှမျိုးပေးစွမ်းနိုင်ဆဲပင်။ ဒါပေမယ့် ဒီလိုမျိုး ဘုရားသခင်ဂရုတစိုက်ထုစစ်ပေးထားတဲ့လူသားတစ်ယောက် ဖြစ်သော်ငြား ကံတရားဆီမှ သနားညှာတာမှုတစ်စွန်းတစ်စပင်မရခဲ့‌‌ပါဘဲ ထိုအစား သူ့ဆီက‌အရာအားလုံးကို အရက်စက်ဆုံးနည်းလမ်းဖြင့် နှုတ်ယူသွားခြင်းခံခဲ့ရလေ၏။

ရန်ရိ နှလုံးသားစူးနင့်သွားသည်။ မီးကြောင့် လူတွေကံဆိုးမိုးမှောင်ကျတာကို သူအကြိမ်များစွာတွေ့ကြုံဖူးပြီး အလေးစားရဆုံး ဆရာတွေ၊ ရဲဘော်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ မီးကြောင့်ဆုံးရှုံးသွားရတာကိုလည်း ခံစားဖူးခဲ့ပြီမို့ ကုံးရင့်ရှန်ရဲ့ နာကျင်မှုကို သူပိုပြီးနားလည်နိုင်တာ လုံးဝသေချာသည်။

လူကြီးများပင် ခံနိုင်ရည်ရှိရန်ခက်ခဲသော နာကျင်မှုကြီးက ခြောက်နှစ်သားအရွယ် ကလေးတစ်ယောက်၌ ဖြစ်ပွားခဲ့သည်။

ရန်ရိ မထိန်းချုပ်နိုင်ဘဲ လက်ဆန့်ထုတ်လိုက်ပြီး ကုံးရင့်ရှန်မျက်နှာကို သူ့လက်ချောင်းထိပ်လေးတွေနဲ့ ညင်ညင်သာသာ ထိ‌တွေ့လိုက်သည်။ လက်ချောင်းထိပ်မှ နွေးထွေးမှုက သူ့နှလုံးသားတစ်နေရာကို နူးညံ့သွားစေပြီး....ပြီးတော့ မဖော်ပြနိုင်သော ရင်ခုန်မှုမျိုး ဖြစ်ပေါ်လာစေ၏။

ရန်ရိ အံ့အားသင့်သွားပြီး ရုတ်တရက် သူ့လက်ကိုပြန်ဆုတ်လိုက်သည်။ သူ စိတ်မသန့်ဘဲ ဘေးဘီကိုဝေ့ဝဲကြည့်ပြီး မျက်နှာကိုပွတ်ကာ ရေချိုးဖို့ ရေချိုးခန်းဆီသွားလိုက်သည်။

ပြန်ထွက်လာတော့ သူထိုင်ခုံမှာထိုင်ရင်း ကုံးရင့်ရှန်ကို တိတ်တဆိတ်ငေးကြည့်နေပြီးနောက် မတတ်နိုင်ဘဲ ထိုင်ခုံပေါ်မှာအိပ်ပျော်‌သွားတော့၏။

သူတစ်မှေးလောက်အိပ်ပျော်သွားတုန်း တစ်ယောက်ယောက် သူ့ကိုခေါ်နေသံကြားလိုက်ရသည်။

" ရန်ရိ ထတော့ "

ရန်ရိ မျက်လုံးကို မဖွင့်ချင်ဘဲ ဖွင့်လိုက်ပြီး မပွင့်တပွင့်မျက်လုံးများကြားမှ ကုံးရင့်ရှန်မျက်နှာကို မြင်လိုက်ရသည်။ ရန်ရိ ယောင်ပြီးမတ်တပ်ထရပ်လိုက်ပေမယ့် အမြန်ထလိုက်တာမို့ ယိုင်သွား၏။

ကုံးရင့်ရှန် သူ့ကိုထိန်းပေးလိုက်သည်။

ရန်ရိ နည်းနည်းကြည်လင်သွားပြီး

" ဟေး မင်း နိုးလာပြီလား? "

ကုံးရင့်ရှန်အသားအရောင်က သိပ်မကောင်းသေးပေမယ့် စိတ်ကတော့ အရင်ထက်အများကြီး ပိုတည်ငြိမ်လာပြီဖြစ်သည်။ သူ မှုန်သိုးသိုးနဲ့ပြောလိုက်သည်။

" ကျွန်တော် ဘာလို့ဆေးရုံရောက်နေတာလဲ? "

" မင်းမမှတ်မိဘူးလား? "

ရန်ရိ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့ မိုးတောင်လင်းနေချေပြီ။

ကုံးရင့်ရှန်က မျက်မှောင်ကြုတ်ရင်း

" ကျွန်တော် ဆေးရုံမသွားဘူးလို့ ပြောခဲ့တာတော့ မှတ်မိတယ် "

" မင်းအဲ့ဒီ့အခြေအနေနဲ့ ဆေးရုံမသွားလို့ရမလား? "

ရန်ရိ သူ့ကို ခြေဆုံးခေါင်း‌ဆုံး ကြည့်လိုက်ပြီး တကယ်ကောင်းသွားပုံရတာ တွေ့တော့မှ တိတ်တခိုး စိတ်သက်သာသွားသည်။

" မစိုးရိမ်ပါနဲ့ ဦးလေးရှန့်လာရင် မင်းအဝတ်တွေအကုန်လုံး လဲပေးပြီး အိပ်ရာလည်းပြင်ပေးလိမ့်မယ် အခုတော့ငါမင်းကို အိပ်ရာလဲပေးမယ် "

ကုံးရင့်ရှန် သူလက်မောင်းသူပွတ်ရင်း တစ်ကိုယ်လုံး နေရခက်သလို ခံစားရသည်။

" ကျွန်တော် အိမ်ပြန်ချင်တယ် "

" ဆရာဝန်မင်းကိုခွင့်..."

ကုံးရင့်ရှန်က ရုတ်တရက် ရန်ရိကိုစိုက်ကြည့်လာပြီး

" ခင်များထိခိုက်သွားလား? "

ရန်ရိ ခဏ တန့်သွားပြီး

" ဟင်အင်း လက်ဖဝါးက ပူပြီး အရည်ခွံကွာနေတာလောက်ပဲ ငါတို့အတွက်တော့ ဖြစ်နေကျပါ "

" အဲ့တာဆို ခင်များဘာလို့ ဆေးရုံအဝတ်အစားတွေ ဝတ်ထားတာလဲ? "

" အို့ ငါ့သူငယ်ချင်းအင်္ကျီက အကုန်စုတ်ပြတ်သွားတယ်လေ "

ရန်ရိ ရုတ်တရက် သတိရသွားပြီး ခေါင်းကုတ်ကာ ဒေါသထွက်ထွက်နဲ့ပြောလာသည်။

" အဲ့အင်္ကျီဈေးကြီးလား? "

" စုတ်သွားတဲ့အင်္ကျီကို ဘာစိတ်ပူစရာရှိလို့လဲ? "

ကုံးရင့်ရှန်က ခက်ခက်ထန်ထန်ပြောလာသည်။

" ကျွန်တော် ပြန်လျော်ပေးမယ် "

ရန်ရိ လှောင်ထေ့ပြုံးလိုက်ရင်း

" မင်း ငါ့ပြေစာသာစောင့်နေလိုက် ဟေး ဦးလေးရှန့်ဘယ်မှာလဲ? "

" ဆေးရုံဆင်းခွင့်သွားလုပ်နေတယ် "

ကုံးရင့်ရှန်ပြောလာသည်။

" ယန်ကျဲ ဒီကိုလာသွားသေးလား? "

" အင်း ငါနောက်မှ ကျိုးချွမ်းကိစ္စရှင်းဖို့သွားရမယ် "

ရန်ရိ နာရီအနည်းငယ်က သူတို့စကားပြောခဲ့တာကို ပြန်စဉ်းစားမိပြီးထိတ်လန့်နေဆဲပင်။

' ကျိုးချွမ်း ' ဆိုတဲ့ နာမည်ကြားတော့ ကုံးရင့်ရှန် မျက်လုံးတွေ မည်းမှောင်လာသည်။‌

" စကားမစပ် ဒေါက်တာကုံး "

ရန်ရိ ပြုံးရင်း :

" ငါ့ကို ကယ်ပေးတာ ကျေးဇူးနော် "

ကုံးရင့်ရှန် လန့်သွားပြီး နောက်ဒေါသထွက်ထွက်နဲ့ ပြောလာသည်။

" မီးသတ်သမားတစ်ယောက်ဖြစ်ပြီး ကိုယ်ကိုယ့်ကိုကာကွယ်ဖို့ အခြေခံလေးတောင်မသိဘူးလား? "

" ဒါပေါ့ အချိန်ရှိသင့်တယ် "

" ' ရှိသင့်တယ် ' ? "

ကုံးရင့်ရှန် အံကြိတ်လိုက်ပြီး

" ကျွန်တော် ကျိုးချွမ်းကို ဖမ်းဖို့ လှေကားထစ်က ခုန်ချတုန်းက ခင်များဘာပြောခဲ့လဲ မေ့သွားပြီလား? ခင်များ သူများကို သင်ပြဖို့ မရှက်ဘူးလား? "

[ T/n : ဘာပြောခဲ့တာလဲ? မှတ်မိတဲ့သူ ပြောပြ ]

ရန်ရိ စကားလုံးများ ပျောက်ရှကာ ပြုံးရုံပဲ ပြုံးနိုင်တော့သည်။

" နောက်ဆို ငါသတိထားပါ့မယ်၊ ဘာပဲဖြစ်ဖြစ် မင်းမီးကို ဒီလောက်ကြောက်တာတောင် ငါ့ကိုကယ်ခဲ့သေးတယ်....."

သူ နှလုံးနေရာကိုပုတ်ပြီး ရင်ထဲထိသွားသောဟန်အမူအရာပိုလိုက်သည်။

" ငါ ရင်ထဲအရမ်းထိသွားတယ် "

ကုံးရင့်ရှန်က သူ့ကိုမျက်စောင်းထိုးကြည့်ပြီး သူ့အကြည့်က သူ့(ရန်ရိ) မျက်နှာပေါ်မှာပဲစွဲမြဲလျက် အနီးကပ်စိုက်ကြည့်နေသည်။

ရန်ရိ သူ့ကြည့်နေတာမြင်တော့ စိတ်မသက်မသာဖြစ်လာ၏။ သူ့မျက်နှာသူထိလိုက်ရင်း :

" ဘာဖြစ်တာလဲ? ငါအရမ်းချောနေလို့လား? "

" ....ခင်များမှာအမြဲတမ်း ဒီမှဲ့ရှိတာလား? "

" ဘယ်တစ်ခုလဲ? "

ရန်ရိ ရုတ်တရက် သတိရသွားပြီး

" အို့ နှာခေါင်းကတစ်ခုလား? အဓိပ္ပါယ်မရှိတာ၊ ငါမနေ့ကမှ စိုက်လိုက်တာဖြစ်နိုင်မလား? "

ကုံးရင့်ရှန် သဘောပေါက်သွားသည်။ တကယ်တမ်း သူအရင်ကတည်းက မြင်ဖူးနေပေမယ့် အဲ့တာကိုအရမ်းအာရုံမထားတာဖြစ်သည်။ သို့သော်ငြား မနေ့က မီးထဲဝင်သွားတော့ သူ့မှတ်ဉာဏ်ကိုနှိုး‌ဆွမိသွားပြီး သူ့မှတ်ဉာဏ်အနက်ပိုင်းထဲမှာ ဒီလိုမှဲ့မျိုးနဲ့ လူတစ်ယောက်ရှိနေခဲ့သည်။ ဒါပေမယ့် အဲ့တာဘယ်သူလဲဆိုတာကို သူမမှတ်မိနိုင်ပေ။

ရန်ရိ သူ့နှာခေါင်းက မှဲ့ကိုထိကြည့်ရင်း သူ့ကိုယ်သူရယ်လိုက်သည်။

" ပြောကြတာတော့ နှာခေါင်းမှာမှဲ့ရှိရင် လူချမ်းသာဖြစ်တယ်တဲ့၊ အားယိုး၊ ဒါက ငါ့နမိတ်မ‌ကောင်းတဲ့နာမည်နဲ့အတူတူပဲ၊ ကံကောင်းဖို့ယတြာချေတယ်ဆိုတာ တကယ်မလိုအပ်ဘူး "

ကုံးရင့်ရှန် ခဏလောက် တိတ်သွားပြီး ရုတ်တရက်ထပြောလာသည်။

" မီးသတ်တာ "

" ဘာ? "

" ခင်များ မီးဓာတ်ဖျက်တဲ့နည်းလမ်းက မီးကို မီးနဲ့ပြန်အနိုင်ယူတာမလား ? "

[ t/n : ရန်ရိ နာမည်အကြောင်းဆွေးနွေးနေတာ ]

" အင်း ဘာဖြစ်လို့လဲ? "

" အဲ့တော့ ခင်များမီးက မီးကိုအနိုင်ယူတဲ့မီးပဲပေါ့ "

ကုံးရင့်ရှန် ခပ်တိုးတိုးရေရွတ်လိုက်သည်။

" နမိတ်မကောင်းတာ မဟုတ်ပါဘူး "

ရန်ရိ ပြုံးဖြဲဖြဲလုပ်လိုက်ပြီး

" ဆရာဝန်တစ်ယောက်ဆိုတဲ့အတိုင်းပဲ အမျှော်အမြင်ရှိလိုက်တာ "

ကုံးရင့်ရှန် ခေါင်းဖွဖွဟန့်လိုက်သည်။

" ခင်များ အခုဘယ်သွားမှာလဲ? "

" စခန်းသွားမလို့၊ ဒီလိုပုံစံနဲ့အိမ်ပြန်လို့မဖြစ်ဘူးလေ၊ မင်းကရော? "

" အိမ်ပြန်မယ် "

ကုံးရင့်ရှန်ကြည့်ရတာ ပင်ပန်းနေပုံပေါ်၏။

" အိမ်ပြန်ပြီး တစ်ရက်လောက်နားချင်တယ် "

" အရမ်းတွန့်ဆုတ်‌မနေပါနဲ့၊ ကျိုးချွမ်းကိစ္စကလည်း အတော်‌လေးအာရုံစိုက်ခံ‌

နေရပြီပဲ၊ ပြီးတော့ ခေါင်းဆောင်ချိုးက သေချာပေါက် ဂရုတစိုက်စစ်ဆေးမှာပါ

ခွင့်ယူပြီး ရက်နည်းနည်းလောက်ပိုနားလိုက် "

ကုံးရင့်ရှန်က ခေါင်းခါပြီး

" ကျိုးချွမ်းကိစ္စတင်မဟုတ်ဘူး ဝမ်ရမ့်‌ရပ်ကွက်ကိစ္စရောပဲ၊ အလုပ်တွေများနေတာ၊ ကျွန်တော်အကြာကြီးမနားနိုင်ဘူး "

သူ့ကိုဖြောင်းဖျလို့မရမှန်းသိတော့ ရန်ရိ သူ့ပခုံးကိုပုတ်ပေးလိုက်ပြီး

" အမှုကိစ္စတစ်ခုခုထူးရင် ငါ့ကိုအတတ်နိုင်ဆုံးမြန်မြန်အကြောင်းကြားပေး၊ အထူးသဖြင့် ဟိုငနာလေး ကျိုးချွမ်းပဲ၊ မင်းသူ့ကိုစစ်မေးတုန်း ငါနားထောင်ချင်တယ် "

ကုံးရင့်ရှန် ခေါင်းညိတ်ပြသည်။

" oh "

ရန်ရိ ရုတ်တရက် အာမေဋိတ်သံပြုလိုက်၏။

ကုံးရင့်ရှန် မျက်မှောင်ကြုတ်ရင်း သူ့ကို နားမလည်စွာကြည့်လာသည်။

" ငါအခုပဲ မင်းပခုံးကိုပုတ်လိုက်တာ၊ မင်းဘာမှမတုံ့ပြန်ဘူး "

ရန်ရိ မျက်တောင် ပုတ်ခလတ်" လုပ်ရင်း

" မင်းအံ့ဩသွားတာတို့ ၊ ဒါမှမဟုတ် ငါ့ကိုညစ်ပတ်တယ်လို့ မတွေးမိဘူးလား? "

ကုံးရင့်ရှန် ထိုမေးခွန်းကြောင့် အံ့အားသင့်သွားပုံရသည်။ ရုတ်ခြည်းဆိုသလို ရှက်ပြီးပြောလာ၏။

" ကျွန်တော်ဒီတိုင်း အခြားဟာတွေ တွေးနေလို့ "

ရန်ရိ စနောက်ချင်သေးပေမယ့် ဦးလေးရှန့်ရောက်လာသည်။

သူတို့နှစ်ယောက် ဆေးရုံအတူဆင်းကြပြီး၊ ဦးလေးရှန့်က ကုံးရင့်ရှန်ကို အိမ်ပြန်ပို့ပေးကာ ဒရိုင်ဘာတစ်ယောက်ပဲ ရန်ရိကို စခန်းပြန်ပို့ပေးသည်။

=======

ရန်ရိ စခန်းထဲခြေချလိုက်သည်နှင့် ဧည့်တွေ့ခန်း၌ ပန်းများ၊ ပူဖောင်းများ၊ သစ်သီးများနှင့် အစာသွပ်မုန့်များ တွေ့လိုက်ရပြီး -- ခွင့်ရက်ယူပြီးပြန်လာခြင်းအား ဂုဏ်ပြုပါသည်၊ မိန်းမလှလေးရဲ့အပြုအစုတွေကိုလည်း နှုတ်ဆက်လိုက်ပါသည်၊ ကိုယ်အင်္ဂါများပြန်လည်းကောင်းမွန်လာပါစေ -- ဆို၍ ဂုဏ်ပြု banner ကြီးဆွဲထားသည်။

ရန်ရိ သူဆေးရုံတက်တာ ဘယ်သူကိုမှလည်း မပြောမိပါဘူးလို့ တွေးလိုက်သည်။ သူတို့ပဲ သတင်းအရမြန်နေတာလား?

" ဟေး ခေါင်းဆောင်ရန်? "

စွေ့ရိရှန်းနဲ့ မီးသတ်သမားအချို့ တံခါးကဝင်လာရင်း စပရိုက်မိသွားကြသည်။

" ဘာလို့ ဒီလိုကြီးဝတ်ထားတာလဲ? "

" ငါအခုပဲ ဆေးရုံဆင်းလာတာ "

ရန်ရိ နှစ်ခါထပ်ပြောလိုက်သည်။

" မင်းတို့ တအားကိုအလေးပေးပြီး တခမ်းတနားပြင်ထားဖို့လိုလို့လား? ငါကအဆင်ပြေပါတယ် "

စွေ့ရိရှန့်နဲ့ အခြားသူတွေ ရန်ရိကို ကြည့်ပြီး ရှိုးတိုးရှန့်တန့်ဖြစ်နေကြသည်။

" ဒါကမဟုတ်....."

" ခေါင်းဆောင်ရန် ?"

ဧည့်တွေ့ခန်းကနေ ခေါင်း‌တွေပြူထွက်လာပြီး

" ခေါင်းဆောင်က နားရက်ယူထားတုန်းမဟုတ်လား? ဘယ်လိုဖြစ်ပြီးဒီလိုဝတ်စားထားတာလဲ? Cosplay? "

" ချီးပဲ မင်းတို့ကောင်တွေ...."

ရန်ရိ ရုတ်တရက် မတွေ့တာကြာပြီဖြစ်သော စွန်းတင့်ရိကို မြင်လိုက်ရပြီး ချက်ချင်း သဘောပေါက်သွားသည်။

" မင်း ဆေးရုံကပြန်ဆင်းလာပြီလား?! "

စွန်းတင့်ရိက ပြုံးဖြဲဖြဲလုပ်ရင်း

" ဟဲဟဲ ငါ ဟူဟန့်ဆန်း ပြန်လာပြီ "

ရန်ရိ အပျော်လွန်သွားပြီး သူ့ကို နှစ်‌ချက်လောက် ထိုးလိုက်သည်။

" ငဖျင်းလေး မင်းဘာလို့ခဏ‌ထပ်မနေတာလဲ? စခန်းကမင်းမရှိတော့ အရမ်းသန့်ရှင်းနေတာ "

" ငါတွေးမိတယ် ငါထပ်နေလို့ကတော့ ကုန်ကျစရိတ်တွေ ပြန်မရလောက်ဘူးဆိုပြီး "

စွန်းတင့်ရိ မျက်နှာရှုံ့မဲ့လိုက်ပြီး

" ငါဆေးရုံတက်ချိန်ကဆို၊ ငါကောင်မလေးက ငါ့အပေါ် အပြည့်ဝနာခံတာကွ၊ ငါ့ဘဝမှာ အထွတ်အထိပ်ရောက်တဲ့အချိန်ပဲဖြစ်ရမယ် "

" ' အတော်လေး ' တောင်မဟုတ်ဘူး 'အပြည့်ဝ' တဲ့ "

အကုန်လုံး ဝိုင်းရယ်ကြသည်။

ချွီယန်ပေါ်က ပြောလာသည်။

" ရန်ရိ မင်းဘာဖြစ်တာလဲ? ဘာလိုလုပ်ပြီး ဆေးရုံဝတ်စုံဝတ်ထားတာလဲ? "

ရန်ရိ သက်ပြင်းချလိုက်ပြီး

" မင်းကို ငါ့ရဲ့ ကြောချမ်းဖွယ် နှစ်ရက်တာအားလပ်ရက်ကြီးအကြောင်း ပြောပြမယ်"

=========

ရန်ရိ သူ့အဆောင်ပြန်ရောက်တော့ နောက်ဆုံး ဆေးရုံဝတ်စုံကို ချွတ်ပြီး ရင်းနှီးတဲ့ အပြာ‌ရောင်မီးသတ်လေ့ကျင့်ရေးဝတ်စုံပြောင်းဝတ်လိုက်သည်။ သူချီရှောင်းအင်္ကျီအကြောင်း တွေးမိတော့ ခေါင်းခဲလာရ၏။

သူအိပ်ရာပေါ်လှဲရင်း အံဆွဲထဲက ဘီစကွတ်တစ်ထုပ် ထုတ်လိုက်ပြီး ကိုက်စားရင်း ချီရှောင်းကိုဖုန်းခေါ်လိုက်သည်။ ပြီးတော့ ဝတ်စုံရဲ့ဇာတ်သိမ်းခန်းကို ခဏအတွင်းရှင်းပြလိုက်၏။

ချီရှောင်းက အံ့ဩတကြီး ‌အော်ပြောလာသည်။

" အစ်ကိုအဲ့မှာ မီးရှို့သမားကိုဖမ်းမိခဲ့တာပေါ့? ဒီမကောင်းတဲ့ကောင်တွေ ကြောင်ပေါက်လေးတွေကိုများ တကယ်မီးရှို့ရဲတယ်! ကြောင်လေးတွေဘာဖြစ်သွားသေးလဲ? "

ရန်ရိ သက်ပြင်းချလိုက်ပြီး

" မနက်တုန်းက ဆရာဝန် ကိုယ့်ကိုဖုန်းဆက်တယ် ကြောင်လေးကအခြေနေတည်ငြိမ်သွားပြီတဲ့ "

ချီရှောင်းက ဆဲရေးတဲ့စကား တစ်ခုပြီးတစ်ခုပြောလာ၏။

" အစ်ကို ဘာလို့အဲ့‌ငနာတွေကို မီးရှို့မသတ်ခဲ့တာလဲ၊ မကောင်းဆိုးဝါး အယုတ်တမာကောင်တွေ! "

" အမှောင်ထဲမှာ ပုန်းနေတဲ့ လူယုတ်မာတွေထပ်ရှိသေးတယ်၊ သူတို့ဘယ်အချိန်ထွက်လာပြီး မကောင်းတဲ့အလုပ်တွေလုပ်ဦးမလဲ ကိုယ်မသိဘူး "

ရန်ရိ အဲ့လိုပြောပြီး ဝန်ပိုလေးလာသလိုခံစားရသည်။

" တောင်းပန်ပါတယ် မင်းအဝတ်တွေ...ကြည့်ရတာ အဲ့ brand ကအတော်ဈေးကြီးတယ်မလား? ကိုယ်ဘယ်လောက်ပြန်ပေးရမလဲ?...."

" ဟေး အဲ့ကိစ္စပြောမနေပါနဲ့၊ ဒီတိုင်းအဝတ်တစ်စုံပဲကို၊ ပြီးတော့အဲ့တာက brand ကလက်ဆောင်ပေးတဲ့ဟာ၊ ကျွန်တော့် ကိုယ်ပိုင်ပိုက်ဆံမကုန်ပါဘူး "

ချီရှောင်းက စိတ်ညစ်ညစ်နဲ့ပြောလာသည်။

" အစ်ကိုအဆင်ပြေရင် ရပါပြီ၊ အစ်ကိုဘာများပြောမလဲလို့ ကြောက်နေရတာ "

" မစိုးရိမ်ပါနဲ့ ကိုယ်အဆင်ပြေတယ် "

" အစ်ကို့အလုပ်က အရမ်းအန္တရာယ်များတာပဲ၊ တစ်ခါတလေ ကျွန်တော် အင်တာနက်ပေါ်မှာ မီးတွေ၊ မီးသတ်သမားတွေ အဲ့လိုမျိုးမြင်ရင် အစ်ကို့ကိုတွေးမိတယ် "

ချီရှောင်း တိုးဖွဖွပြောလာ၏။

" ကျွန်တော် အစ်ကို့ကို ထူးထူးခြားခြား စိတ်ပူနေမိတယ် "

ရန်ရိ ပြုံးကာပြောလိုက်သည်။

" မစိုးရိမ်ပါနဲ့၊ ကိုယ် ဒီအလုပ်,လုပ်လာတာအရမ်းကြာနေပါပြီ၊ အခြားသူတွေကို ပိုပြီးကူညီနိုင်လာသလို၊ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲဘော်တွေကိုလည်း ပိုပြီးကာကွယ်နိုင်လာပြီ၊ တကယ်ဆို မီးသတ်သမားသက်တမ်းပိုရင့်လေ ပိုပြီးအန္တရာယ်ကင်းလေပဲ "

" တကယ်လား? "

" ဒါပေါ့ ငယ်ရွယ်၊ တက်ကြွပြီး အတွေ့အကြုံမရှိတဲ့ မီးသတ်သမားလေးတွေက အန္တရာယ်အများဆုံးပဲ၊ စိတ်မပူနဲ့ "

" ဟုတ် "

ချီရှောင်းပြောလိုက်သည်။

" အဲ့တာဆို အစ်ကိုကောင်းကောင်းအနားယူသင့်တယ်၊ စိတ်အခြေအနေမကောင်းရင် ကျွန်တော်အစ်ကိုနဲ့အတူ ထပ်သောက်ပေးမယ် "

ဖုန်းချလိုက်ပြီး၊ သူစားနေတဲ့ဘီစကွတ်ထုပ်က ခေါင်းအုံးပေါ်မှောက်ကျနေတာ တွေ့တော့ သူအမြန်ပဲ ခေါင်းအုံးကိုယူကာ ပုတ်ခါလိုက်ရင်း စိတ်ထဲမှာတော့ ကုံးရင့်ရှန်သာ ဒါကိုတွေ့ရင် ကျိန်းသေပေါက် အပြစ်ပြောနေတော့မှာပဲလို့တွေးမိသွားသည်။ ကုံးရင့်ရှန်ရဲ့ မနှစ်မြို့တဲ့အမူအရာနဲ့ လေသံကိုပါ တွေးမိတော့ သူ့ကို ရယ်မောစေ၏။

ထိုအချိန် သူ့ဖုန်းကို စာအသစ်တစ်ဆောင်ဝင်လာပြီး သူဖွင့်ကြည့်လိုက်တော့ အဖြူရောင်ပတ်တီးလေးနဲ့ ပတ်ထားသော အနက်ရောင်ကြောင်လေးတစ်ကောင်၊ ချည်ခေါင်းအုံးပေါ်မှာလှဲနေရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့်ပုံ ဖြစ်ကြောင်းတွေ့လိုက်ရသည်။

ကမ္ဘာပေါ်မှာ ဘာအတွေ့အကြုံမှမရှိသေးတဲ့ ဖြစ်တည်မှုလေးက နှလုံးသားကို နူးညံ့သွားစေ၏။

ရန်ရိ ဖုန်း‌ကို သူ့ရင်ဘတ်ပေါ်တင်ပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။

============

Note -

( 1 ) ကုံးရင့်ရှန်နဲ့ ရန်ရိပြောနေတဲ့ နာမည်အဓိပ္ပါယ်အကြောင်း --

မီးသတ် (မီးဓာတ်ဖျက်) တဲ့နေရာမှာ မီးကိုရေနဲ့သတ်တာ၊ မီးကိုမီးနဲ့သတ်တာမျိုးရှိပါတယ်၊ ရန်ရိ နာမည်က မီးလေးလုံးရဲ့အဓိပ္ပါယ်က မီးဓာတ်ကို မီးနဲ့ဖြတ်တဲ့သဘောမျိုးပါ၊ ရန်ရိက သူနာမည်မှာမီးတွေပါနေလို့ မီးသတ်သမားအလုပ်ရပြီး မီးနဲ့မကင်းဘဲနေရလို့ နမိတ်မကောင်းဘူးပြောနေတာပါ၊ ဒါပေမယ့် ကုံးရင့်ရှန်က သူ့နာမည်က နမိတ်မကောင်းတာမဟုတ်ဘဲ မီးကိုသတ်ပေးတာမို့ ကောင်းတယ်လို့ဆိုလိုချင်တာပါပဲ။

( 2 ) ဟုဟန့်ဆန်း -

ဟုဟန့်ဆန်း က ' Sparkling Red Star ' ရုပ်ရှင်ထဲက အနိုင်ကျင့်တတ်တဲ့ အိမ်ပိုင်ရှင်တစ်ယောက်ပါ။ " ငါ ဟုဟန့်ဆန်း ပြန်လာပြီ " ဆိုတဲ့ ဂန္တဝင်စာကြောင်းကြောင့် လူသိများတဲ့ ကာရိုက်တာပါ။ " Sparkling Red Star " ကို 1974 မှာရိုက်ကူးခဲ့ပြီး ဟုဟန့်ဆန်းက အဲ့ဒီ မကောင်းဆိုးဝါးတိုက်ဖျက်ရေးဇာတ်ကားထဲက ဗီလိန်တစ်ယောက်ပါ။

Hope you enjoy~

============

{ Zawgyi }

ရန္ရိ ေမးခြန္းေတြ ထပ္ေမးခ်င္ေသးေပမယ့္ ခ်ိဳးယန္က အသံတိတ္ေနသည္။ ဒီလိုကိစၥမ်ိဳးက စကားလုံးအနည္းငယ္ေလာက္နဲ႔ ႐ွင္းလင္းသြားမွာမဟုတ္မွန္း သူသိၿပီး ခ်ိဳးယန္ ဘာေၾကာင့္ဆက္ေျပာဖို႔ တြန္႔ဆုတ္ေနလဲဆိုတာ သူနားလည္ႏိုင္သည္။

လြန္ခဲ့တဲ့ ဆယ္႐ွစ္ႏွစ္က ဘာေတြမ်ားျဖစ္ခဲ့တာလဲ ?!

လူနာေဆာင္ဆီျပန္ေတာ့၊ ဦးေလး႐ွန္႔က ကုံးရင့္႐ွန္ကို အဝတ္သန္႔ေတြလဲေပးၿပီးၿပီ။ ရန္ရိ ျပန္လာတာျမင္ေတာ့၊ ကုံးရင့္႐ွန္အတြက္ လိုအပ္တာေတြယူဖို႔ျပန္သြား၏။

ရန္ရိ ေဆး႐ုံကုတင္ေ႐ွ႕မွာရပ္ရင္း ကုံးရင့္႐ွန္ရဲ႕ ျဖဴေဖ်ာ့ကာ ေအးခ်မ္းေသာ မ်က္ႏွာေလးအား ေသေသခ်ာခ်ာ စူးစမ္းၾကည့္လိုက္သည္။

အလြန္လွပါ၏။ နက္ေမွာင္လင္းလက္ေသာ မ်က္ဝန္းတစ္စုံကို မွိတ္ထားရင္ေတာင္ ယခုကဲ့သို႔စိတ္လႈပ္႐ွားစရာအလွမ်ိဳးေပးစြမ္းႏိုင္ဆဲပင္။ ဒါေပမယ့္ ဒီလိုမ်ိဳး ဘုရားသခင္ဂ႐ုတစိုက္ထုစစ္ေပးထားတဲ့လူသားတစ္ေယာက္ ျဖစ္ေသာ္ျငား ကံတရားဆီမွ သနားညႇာတာမႈတစ္စြန္းတစ္စပင္မရခဲ့‌‌ပါဘဲ ထိုအစား သူ႕ဆီက‌အရာအားလုံးကို အရက္စက္ဆုံးနည္းလမ္းျဖင့္ ႏႈတ္ယူသြားျခင္းခံခဲ့ရေလ၏။

ရန္ရိ ႏွလုံးသားစူးနင့္သြားသည္။ မီးေၾကာင့္ လူေတြကံဆိုးမိုးေမွာင္က်တာကို သူအႀကိမ္မ်ားစြာေတြ႕ၾကဳံဖူးၿပီး အေလးစားရဆုံး ဆရာေတြ၊ ရဲေဘာ္ေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြ မီးေၾကာင့္ဆုံး႐ႈံးသြားရတာကိုလည္း ခံစားဖူးခဲ့ၿပီမို႔ ကုံးရင့္႐ွန္ရဲ႕ နာက်င္မႈကို သူပိုၿပီးနားလည္ႏိုင္တာ လုံးဝေသခ်ာသည္။

လူႀကီးမ်ားပင္ ခံႏိုင္ရည္႐ွိရန္ခက္ခဲေသာ နာက်င္မႈႀကီးက ေျခာက္ႏွစ္သားအ႐ြယ္ ကေလးတစ္ေယာက္၌ ျဖစ္ပြားခဲ့သည္။

ရန္ရိ မထိန္းခ်ဳပ္ႏိုင္ဘဲ လက္ဆန္႔ထုတ္လိုက္ၿပီး ကုံးရင့္႐ွန္မ်က္ႏွာကို သူ႕လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ညင္ညင္သာသာ ထိ‌ေတြ႕လိုက္သည္။ လက္ေခ်ာင္းထိပ္မွ ေႏြးေထြးမႈက သူ႕ႏွလုံးသားတစ္ေနရာကို ႏူးညံ့သြားေစၿပီး....ၿပီးေတာ့ မေဖာ္ျပႏိုင္ေသာ ရင္ခုန္မႈမ်ိဳး ျဖစ္ေပၚလာေစ၏။

ရန္ရိ အံ့အားသင့္သြားၿပီး ႐ုတ္တရက္ သူ႕လက္ကိုျပန္ဆုတ္လိုက္သည္။ သူ စိတ္မသန္႔ဘဲ ေဘးဘီကိုေဝ့ဝဲၾကည့္ၿပီး မ်က္ႏွာကိုပြတ္ကာ ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းဆီသြားလိုက္သည္။

ျပန္ထြက္လာေတာ့ သူထိုင္ခုံမွာထိုင္ရင္း ကုံးရင့္႐ွန္ကို တိတ္တဆိတ္ေငးၾကည့္ေနၿပီးေနာက္ မတတ္ႏိုင္ဘဲ ထိုင္ခုံေပၚမွာအိပ္ေပ်ာ္‌သြားေတာ့၏။

သူတစ္ေမွးေလာက္အိပ္ေပ်ာ္သြားတုန္း တစ္ေယာက္ေယာက္ သူ႕ကိုေခၚေနသံၾကားလိုက္ရသည္။

" ရန္ရိ ထေတာ့ "

ရန္ရိ မ်က္လုံးကို မဖြင့္ခ်င္ဘဲ ဖြင့္လိုက္ၿပီး မပြင့္တပြင့္မ်က္လုံးမ်ားၾကားမွ ကုံးရင့္႐ွန္မ်က္ႏွာကို ျမင္လိုက္ရသည္။ ရန္ရိ ေယာင္ၿပီးမတ္တပ္ထရပ္လိုက္ေပမယ့္ အျမန္ထလိုက္တာမို႔ ယိုင္သြား၏။

ကုံးရင့္႐ွန္ သူ႕ကိုထိန္းေပးလိုက္သည္။

ရန္ရိ နည္းနည္းၾကည္လင္သြားၿပီး

" ေဟး မင္း ႏိုးလာၿပီလား? "

ကုံးရင့္႐ွန္အသားအေရာင္က သိပ္မေကာင္းေသးေပမယ့္ စိတ္ကေတာ့ အရင္ထက္အမ်ားႀကီး ပိုတည္ၿငိမ္လာၿပီျဖစ္သည္။ သူ မႈန္သိုးသိုးနဲ႔ေျပာလိုက္သည္။

" ကြၽန္ေတာ္ ဘာလို႔ေဆး႐ုံေရာက္ေနတာလဲ? "

" မင္းမမွတ္မိဘူးလား? "

ရန္ရိ ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္လိုက္ေတာ့ မိုးေတာင္လင္းေနေခ်ၿပီ။

ကုံးရင့္႐ွန္က မ်က္ေမွာင္ၾကဳတ္ရင္း

" ကြၽန္ေတာ္ ေဆး႐ုံမသြားဘူးလို႔ ေျပာခဲ့တာေတာ့ မွတ္မိတယ္ "

" မင္းအဲ့ဒီ့အေျခအေနနဲ႔ ေဆး႐ုံမသြားလို႔ရမလား? "

ရန္ရိ သူ႕ကို ေျခဆုံးေခါင္း‌ဆုံး ၾကည့္လိုက္ၿပီး တကယ္ေကာင္းသြားပုံရတာ ေတြ႕ေတာ့မွ တိတ္တခိုး စိတ္သက္သာသြားသည္။

" မစိုးရိမ္ပါနဲ႔ ဦးေလး႐ွန္႔လာရင္ မင္းအဝတ္ေတြအကုန္လုံး လဲေပးၿပီး အိပ္ရာလည္းျပင္ေပးလိမ့္မယ္ အခုေတာ့ငါမင္းကို အိပ္ရာလဲေပးမယ္ "

ကုံးရင့္႐ွန္ သူလက္ေမာင္းသူပြတ္ရင္း တစ္ကိုယ္လုံး ေနရခက္သလို ခံစားရသည္။

" ကြၽန္ေတာ္ အိမ္ျပန္ခ်င္တယ္ "

" ဆရာဝန္မင္းကိုခြင့္..."

ကုံးရင့္႐ွန္က ႐ုတ္တရက္ ရန္ရိကိုစိုက္ၾကည့္လာၿပီး

" ခင္မ်ားထိခိုက္သြားလား? "

ရန္ရိ ခဏ တန္႔သြားၿပီး

" ဟင္အင္း လက္ဖဝါးက ပူၿပီး အရည္ခြံကြာေနတာေလာက္ပဲ ငါတို႔အတြက္ေတာ့ ျဖစ္ေနက်ပါ "

" အဲ့တာဆို ခင္မ်ားဘာလို႔ ေဆး႐ုံအဝတ္အစားေတြ ဝတ္ထားတာလဲ? "

" အို႔ ငါ့သူငယ္ခ်င္းအက်ႌက အကုန္စုတ္ျပတ္သြားတယ္ေလ "

ရန္ရိ ႐ုတ္တရက္ သတိရသြားၿပီး ေခါင္းကုတ္ကာ ေဒါသထြက္ထြက္နဲ႔ေျပာလာသည္။

" အဲ့အက်ႌေဈးႀကီးလား? "

" စုတ္သြားတဲ့အက်ႌကို ဘာစိတ္ပူစရာ႐ွိလို႔လဲ? "

ကုံးရင့္႐ွန္က ခက္ခက္ထန္ထန္ေျပာလာသည္။

" ကြၽန္ေတာ္ ျပန္ေလ်ာ္ေပးမယ္ "

ရန္ရိ ေလွာင္ေထ့ျပဳံးလိုက္ရင္း

" မင္း ငါ့ေျပစာသာေစာင့္ေနလိုက္ ေဟး ဦးေလး႐ွန္႔ဘယ္မွာလဲ? "

" ေဆး႐ုံဆင္းခြင့္သြားလုပ္ေနတယ္ "

ကုံးရင့္႐ွန္ေျပာလာသည္။

" ယန္က်ဲ ဒီကိုလာသြားေသးလား? "

" အင္း ငါေနာက္မွ က်ိဳးခြၽမ္းကိစၥ႐ွင္းဖို႔သြားရမယ္ "

ရန္ရိ နာရီအနည္းငယ္က သူတို႔စကားေျပာခဲ့တာကို ျပန္စဥ္းစားမိၿပီးထိတ္လန္႔ေနဆဲပင္။

' က်ိဳးခြၽမ္း ' ဆိုတဲ့ နာမည္ၾကားေတာ့ ကုံးရင့္႐ွန္ မ်က္လုံးေတြ မည္းေမွာင္လာသည္။‌

" စကားမစပ္ ေဒါက္တာကုံး "

ရန္ရိ ျပဳံးရင္း :

" ငါ့ကို ကယ္ေပးတာ ေက်းဇူးေနာ္ "

ကုံးရင့္႐ွန္ လန္႔သြားၿပီး ေနာက္ေဒါသထြက္ထြက္နဲ႔ ေျပာလာသည္။

" မီးသတ္သမားတစ္ေယာက္ျဖစ္ၿပီး ကိုယ္ကိုယ့္ကိုကာကြယ္ဖို႔ အေျခခံေလးေတာင္မသိဘူးလား? "

" ဒါေပါ့ အခ်ိန္႐ွိသင့္တယ္ "

" ' ႐ွိသင့္တယ္ ' ? "

ကုံးရင့္႐ွန္ အံႀကိတ္လိုက္ၿပီး

" ကြၽန္ေတာ္ က်ိဳးခြၽမ္းကို ဖမ္းဖို႔ ေလွကားထစ္က ခုန္ခ်တုန္းက ခင္မ်ားဘာေျပာခဲ့လဲ ေမ့သြားၿပီလား? ခင္မ်ား သူမ်ားကို သင္ျပဖို႔ မ႐ွက္ဘူးလား? "

[ T/n : ဘာေျပာခဲ့တာလဲ? မွတ္မိတဲ့သူ ေျပာျပ ]

ရန္ရိ စကားလုံးမ်ား ေပ်ာက္႐ွကာ ျပဳံး႐ုံပဲ ျပဳံးႏိုင္ေတာ့သည္။

" ေနာက္ဆို ငါသတိထားပါ့မယ္၊ ဘာပဲျဖစ္ျဖစ္ မင္းမီးကို ဒီေလာက္ေၾကာက္တာေတာင္ ငါ့ကိုကယ္ခဲ့ေသးတယ္....."

သူ ႏွလုံးေနရာကိုပုတ္ၿပီး ရင္ထဲထိသြားေသာဟန္အမူအရာပိုလိုက္သည္။

" ငါ ရင္ထဲအရမ္းထိသြားတယ္ "

ကုံးရင့္႐ွန္က သူ႕ကိုမ်က္ေစာင္းထိုးၾကည့္ၿပီး သူ႕အၾကည့္က သူ႕(ရန္ရိ) မ်က္ႏွာေပၚမွာပဲစြဲၿမဲလ်က္ အနီးကပ္စိုက္ၾကည့္ေနသည္။

ရန္ရိ သူ႕ၾကည့္ေနတာျမင္ေတာ့ စိတ္မသက္မသာျဖစ္လာ၏။ သူ႕မ်က္ႏွာသူထိလိုက္ရင္း :

" ဘာျဖစ္တာလဲ? ငါအရမ္းေခ်ာေနလို႔လား? "

" ....ခင္မ်ားမွာအၿမဲတမ္း ဒီမွဲ႔႐ွိတာလား? "

" ဘယ္တစ္ခုလဲ? "

ရန္ရိ ႐ုတ္တရက္ သတိရသြားၿပီး

" အို႔ ႏွာေခါင္းကတစ္ခုလား? အဓိပၸါယ္မ႐ွိတာ၊ ငါမေန႔ကမွ စိုက္လိုက္တာျဖစ္ႏိုင္မလား? "

ကုံးရင့္႐ွန္ သေဘာေပါက္သြားသည္။ တကယ္တမ္း သူအရင္ကတည္းက ျမင္ဖူးေနေပမယ့္ အဲ့တာကိုအရမ္းအာ႐ုံမထားတာျဖစ္သည္။ သို႔ေသာ္ျငား မေန႔က မီးထဲဝင္သြားေတာ့ သူ႕မွတ္ဉာဏ္ကိုႏိႈး‌ဆြမိသြားၿပီး သူ႕မွတ္ဉာဏ္အနက္ပိုင္းထဲမွာ ဒီလိုမွဲ႔မ်ိဳးနဲ႔ လူတစ္ေယာက္႐ွိေနခဲ့သည္။ ဒါေပမယ့္ အဲ့တာဘယ္သူလဲဆိုတာကို သူမမွတ္မိႏိုင္ေပ။

ရန္ရိ သူ႕ႏွာေခါင္းက မွဲ႔ကိုထိၾကည့္ရင္း သူ႕ကိုယ္သူရယ္လိုက္သည္။

" ေျပာၾကတာေတာ့ ႏွာေခါင္းမွာမွဲ႔႐ွိရင္ လူခ်မ္းသာျဖစ္တယ္တဲ့၊ အားယိုး၊ ဒါက ငါ့နမိတ္မ‌ေကာင္းတဲ့နာမည္နဲ႔အတူတူပဲ၊ ကံေကာင္းဖို႔ယၾတာေခ်တယ္ဆိုတာ တကယ္မလိုအပ္ဘူး "

ကုံးရင့္႐ွန္ ခဏေလာက္ တိတ္သြားၿပီး ႐ုတ္တရက္ထေျပာလာသည္။

" မီးသတ္တာ "

" ဘာ? "

" ခင္မ်ား မီးဓာတ္ဖ်က္တဲ့နည္းလမ္းက မီးကို မီးနဲ႔ျပန္အႏိုင္ယူတာမလား ? "

[ t/n : ရန္ရိ နာမည္အေၾကာင္းေဆြးေႏြးေနတာ ]

" အင္း ဘာျဖစ္လို႔လဲ? "

" အဲ့ေတာ့ ခင္မ်ားမီးက မီးကိုအႏိုင္ယူတဲ့မီးပဲေပါ့ "

ကုံးရင့္႐ွန္ ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။

" နမိတ္မေကာင္းတာ မဟုတ္ပါဘူး "

ရန္ရိ ျပဳံးၿဖဲၿဖဲလုပ္လိုက္ၿပီး

" ဆရာဝန္တစ္ေယာက္ဆိုတဲ့အတိုင္းပဲ အေမွ်ာ္အျမင္႐ွိလိုက္တာ "

ကုံးရင့္႐ွန္ ေခါင္းဖြဖြဟန္႔လိုက္သည္။

" ခင္မ်ား အခုဘယ္သြားမွာလဲ? "

" စခန္းသြားမလို႔၊ ဒီလိုပုံစံနဲ႔အိမ္ျပန္လို႔မျဖစ္ဘူးေလ၊ မင္းကေရာ? "

" အိမ္ျပန္မယ္ "

ကုံးရင့္႐ွန္ၾကည့္ရတာ ပင္ပန္းေနပုံေပၚ၏။

" အိမ္ျပန္ၿပီး တစ္ရက္ေလာက္နားခ်င္တယ္ "

" အရမ္းတြန္႔ဆုတ္‌မေနပါနဲ႔၊ က်ိဳးခြၽမ္းကိစၥကလည္း အေတာ္‌ေလးအာ႐ုံစိုက္ခံ‌

ေနရၿပီပဲ၊ ၿပီးေတာ့ ေခါင္းေဆာင္ခ်ိဳးက ေသခ်ာေပါက္ ဂ႐ုတစိုက္စစ္ေဆးမွာပါ

ခြင့္ယူၿပီး ရက္နည္းနည္းေလာက္ပိုနားလိုက္ "

ကုံးရင့္႐ွန္က ေခါင္းခါၿပီး

" က်ိဳးခြၽမ္းကိစၥတင္မဟုတ္ဘူး ဝမ္ရမ့္‌ရပ္ကြက္ကိစၥေရာပဲ၊ အလုပ္ေတြမ်ားေနတာ၊ ကြၽန္ေတာ္အၾကာႀကီးမနားႏိုင္ဘူး "

သူ႕ကိုေျဖာင္းဖ်လို႔မရမွန္းသိေတာ့ ရန္ရိ သူ႕ပခုံးကိုပုတ္ေပးလိုက္ၿပီး

" အမႈကိစၥတစ္ခုခုထူးရင္ ငါ့ကိုအတတ္ႏိုင္ဆုံးျမန္ျမန္အေၾကာင္းၾကားေပး၊ အထူးသျဖင့္ ဟိုငနာေလး က်ိဳးခြၽမ္းပဲ၊ မင္းသူ႕ကိုစစ္ေမးတုန္း ငါနားေထာင္ခ်င္တယ္ "

ကုံးရင့္႐ွန္ ေခါင္းညိတ္ျပသည္။

" oh "

ရန္ရိ ႐ုတ္တရက္ အာေမဋိတ္သံျပဳလိုက္၏။

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ရင္း သူ႕ကို နားမလည္စြာၾကည့္လာသည္။

" ငါအခုပဲ မင္းပခုံးကိုပုတ္လိုက္တာ၊ မင္းဘာမွမတုံ႔ျပန္ဘူး "

ရန္ရိ မ်က္ေတာင္ ပုတ္ခလတ္" လုပ္ရင္း

" မင္းအံ့ဩသြားတာတို႔ ၊ ဒါမွမဟုတ္ ငါ့ကိုညစ္ပတ္တယ္လို႔ မေတြးမိဘူးလား? "

ကုံးရင့္႐ွန္ ထိုေမးခြန္းေၾကာင့္ အံ့အားသင့္သြားပုံရသည္။ ႐ုတ္ျခည္းဆိုသလို ႐ွက္ၿပီးေျပာလာ၏။

" ကြၽန္ေတာ္ဒီတိုင္း အျခားဟာေတြ ေတြးေနလို႔ "

ရန္ရိ စေနာက္ခ်င္ေသးေပမယ့္ ဦးေလး႐ွန္႔ေရာက္လာသည္။

သူတို႔ႏွစ္ေယာက္ ေဆး႐ုံအတူဆင္းၾကၿပီး၊ ဦးေလး႐ွန္႔က ကုံးရင့္႐ွန္ကို အိမ္ျပန္ပို႔ေပးကာ ဒ႐ိုင္ဘာတစ္ေယာက္ပဲ ရန္ရိကို စခန္းျပန္ပို႔ေပးသည္။

=======

ရန္ရိ စခန္းထဲေျခခ်လိုက္သည္ႏွင့္ ဧည့္ေတြ႕ခန္း၌ ပန္းမ်ား၊ ပူေဖာင္းမ်ား၊ သစ္သီးမ်ားႏွင့္ အစာသြပ္မုန္႔မ်ား ေတြ႕လိုက္ရၿပီး -- ခြင့္ရက္ယူၿပီးျပန္လာျခင္းအား ဂုဏ္ျပဳပါသည္၊ မိန္းမလွေလးရဲ႕အျပဳအစုေတြကိုလည္း ႏႈတ္ဆက္လိုက္ပါသည္၊ ကိုယ္အဂၤါမ်ားျပန္လည္းေကာင္းမြန္လာပါေစ -- ဆို၍ ဂုဏ္ျပဳ banner ႀကီးဆြဲထားသည္။

ရန္ရိ သူေဆး႐ုံတက္တာ ဘယ္သူကိုမွလည္း မေျပာမိပါဘူးလို႔ ေတြးလိုက္သည္။ သူတို႔ပဲ သတင္းအရျမန္ေနတာလား?

" ေဟး ေခါင္းေဆာင္ရန္? "

ေစြ႕ရိ႐ွန္းနဲ႔ မီးသတ္သမားအခ်ိဳ႕ တံခါးကဝင္လာရင္း စပ႐ိုက္မိသြားၾကသည္။

" ဘာလို႔ ဒီလိုႀကီးဝတ္ထားတာလဲ? "

" ငါအခုပဲ ေဆး႐ုံဆင္းလာတာ "

ရန္ရိ ႏွစ္ခါထပ္ေျပာလိုက္သည္။

" မင္းတို႔ တအားကိုအေလးေပးၿပီး တခမ္းတနားျပင္ထားဖို႔လိုလို႔လား? ငါကအဆင္ေျပပါတယ္ "

ေစြ႕ရိ႐ွန္႔နဲ႔ အျခားသူေတြ ရန္ရိကို ၾကည့္ၿပီး ႐ိႈးတိုး႐ွန္႔တန္႔ျဖစ္ေနၾကသည္။

" ဒါကမဟုတ္....."

" ေခါင္းေဆာင္ရန္ ?"

ဧည့္ေတြ႕ခန္းကေန ေခါင္း‌ေတြျပဴထြက္လာၿပီး

" ေခါင္းေဆာင္က နားရက္ယူထားတုန္းမဟုတ္လား? ဘယ္လိုျဖစ္ၿပီးဒီလိုဝတ္စားထားတာလဲ? Cosplay? "

" ခ်ီးပဲ မင္းတို႔ေကာင္ေတြ...."

ရန္ရိ ႐ုတ္တရက္ မေတြ႕တာၾကာၿပီျဖစ္ေသာ စြန္းတင့္ရိကို ျမင္လိုက္ရၿပီး ခ်က္ခ်င္း သေဘာေပါက္သြားသည္။

" မင္း ေဆး႐ုံကျပန္ဆင္းလာၿပီလား?! "

စြန္းတင့္ရိက ျပဳံးၿဖဲၿဖဲလုပ္ရင္း

" ဟဲဟဲ ငါ ဟူဟန္႔ဆန္း ျပန္လာၿပီ "

ရန္ရိ အေပ်ာ္လြန္သြားၿပီး သူ႕ကို ႏွစ္‌ခ်က္ေလာက္ ထိုးလိုက္သည္။

" ငဖ်င္းေလး မင္းဘာလို႔ခဏ‌ထပ္မေနတာလဲ? စခန္းကမင္းမ႐ွိေတာ့ အရမ္းသန္႔႐ွင္းေနတာ "

" ငါေတြးမိတယ္ ငါထပ္ေနလို႔ကေတာ့ ကုန္က်စရိတ္ေတြ ျပန္မရေလာက္ဘူးဆိုၿပီး "

စြန္းတင့္ရိ မ်က္ႏွာ႐ႈံ႕မဲ့လိုက္ၿပီး

" ငါေဆး႐ုံတက္ခ်ိန္ကဆို၊ ငါေကာင္မေလးက ငါ့အေပၚ အျပည့္ဝနာခံတာကြ၊ ငါ့ဘဝမွာ အထြတ္အထိပ္ေရာက္တဲ့အခ်ိန္ပဲျဖစ္ရမယ္ "

" ' အေတာ္ေလး ' ေတာင္မဟုတ္ဘူး 'အျပည့္ဝ' တဲ့ "

အကုန္လုံး ဝိုင္းရယ္ၾကသည္။

ခြၽီယန္ေပၚက ေျပာလာသည္။

" ရန္ရိ မင္းဘာျဖစ္တာလဲ? ဘာလိုလုပ္ၿပီး ေဆး႐ုံဝတ္စုံဝတ္ထားတာလဲ? "

ရန္ရိ သက္ျပင္းခ်လိုက္ၿပီး

" မင္းကို ငါ့ရဲ႕ ေၾကာခ်မ္းဖြယ္ ႏွစ္ရက္တာအားလပ္ရက္ႀကီးအေၾကာင္း ေျပာျပမယ္"

=========

ရန္ရိ သူ႕အေဆာင္ျပန္ေရာက္ေတာ့ ေနာက္ဆုံး ေဆး႐ုံဝတ္စုံကို ခြၽတ္ၿပီး ရင္းႏွီးတဲ့ အျပာ‌ေရာင္မီးသတ္ေလ့က်င့္ေရးဝတ္စုံေျပာင္းဝတ္လိုက္သည္။ သူခ်ီေ႐ွာင္းအက်ႌအေၾကာင္း ေတြးမိေတာ့ ေခါင္းခဲလာရ၏။

သူအိပ္ရာေပၚလွဲရင္း အံဆြဲထဲက ဘီစကြတ္တစ္ထုပ္ ထုတ္လိုက္ၿပီး ကိုက္စားရင္း ခ်ီေ႐ွာင္းကိုဖုန္းေခၚလိုက္သည္။ ၿပီးေတာ့ ဝတ္စုံရဲ႕ဇာတ္သိမ္းခန္းကို ခဏအတြင္း႐ွင္းျပလိုက္၏။

ခ်ီေ႐ွာင္းက အံ့ဩတႀကီး ‌ေအာ္ေျပာလာသည္။

" အစ္ကိုအဲ့မွာ မီး႐ိႈ႕သမားကိုဖမ္းမိခဲ့တာေပါ့? ဒီမေကာင္းတဲ့ေကာင္ေတြ ေၾကာင္ေပါက္ေလးေတြကိုမ်ား တကယ္မီး႐ိႈ႕ရဲတယ္! ေၾကာင္ေလးေတြဘာျဖစ္သြားေသးလဲ? "

ရန္ရိ သက္ျပင္းခ်လိုက္ၿပီး

" မနက္တုန္းက ဆရာဝန္ ကိုယ့္ကိုဖုန္းဆက္တယ္ ေၾကာင္ေလးကအေျခေနတည္ၿငိမ္သြားၿပီတဲ့ "

ခ်ီေ႐ွာင္းက ဆဲေရးတဲ့စကား တစ္ခုၿပီးတစ္ခုေျပာလာ၏။

" အစ္ကို ဘာလို႔အဲ့‌ငနာေတြကို မီး႐ိႈ႕မသတ္ခဲ့တာလဲ၊ မေကာင္းဆိုးဝါး အယုတ္တမာေကာင္ေတြ! "

" အေမွာင္ထဲမွာ ပုန္းေနတဲ့ လူယုတ္မာေတြထပ္႐ွိေသးတယ္၊ သူတို႔ဘယ္အခ်ိန္ထြက္လာၿပီး မေကာင္းတဲ့အလုပ္ေတြလုပ္ဦးမလဲ ကိုယ္မသိဘူး "

ရန္ရိ အဲ့လိုေျပာၿပီး ဝန္ပိုေလးလာသလိုခံစားရသည္။

" ေတာင္းပန္ပါတယ္ မင္းအဝတ္ေတြ...ၾကည့္ရတာ အဲ့ brand ကအေတာ္ေဈးႀကီးတယ္မလား? ကိုယ္ဘယ္ေလာက္ျပန္ေပးရမလဲ?...."

" ေဟး အဲ့ကိစၥေျပာမေနပါနဲ႔၊ ဒီတိုင္းအဝတ္တစ္စုံပဲကို၊ ၿပီးေတာ့အဲ့တာက brand ကလက္ေဆာင္ေပးတဲ့ဟာ၊ ကြၽန္ေတာ့္ ကိုယ္ပိုင္ပိုက္ဆံမကုန္ပါဘူး "

ခ်ီေ႐ွာင္းက စိတ္ညစ္ညစ္နဲ႔ေျပာလာသည္။

" အစ္ကိုအဆင္ေျပရင္ ရပါၿပီ၊ အစ္ကိုဘာမ်ားေျပာမလဲလို႔ ေၾကာက္ေနရတာ "

" မစိုးရိမ္ပါနဲ႔ ကိုယ္အဆင္ေျပတယ္ "

" အစ္ကို႔အလုပ္က အရမ္းအႏၲရာယ္မ်ားတာပဲ၊ တစ္ခါတေလ ကြၽန္ေတာ္ အင္တာနက္ေပၚမွာ မီးေတြ၊ မီးသတ္သမားေတြ အဲ့လိုမ်ိဳးျမင္ရင္ အစ္ကို႔ကိုေတြးမိတယ္ "

ခ်ီေ႐ွာင္း တိုးဖြဖြေျပာလာ၏။

" ကြၽန္ေတာ္ အစ္ကို႔ကို ထူးထူးျခားျခား စိတ္ပူေနမိတယ္ "

ရန္ရိ ျပဳံးကာေျပာလိုက္သည္။

" မစိုးရိမ္ပါနဲ႔၊ ကိုယ္ ဒီအလုပ္,လုပ္လာတာအရမ္းၾကာေနပါၿပီ၊ အျခားသူေတြကို ပိုၿပီးကူညီႏိုင္လာသလို၊ ကိုယ္ကိုယ္တိုင္နဲ႔ ကိုယ့္ရဲေဘာ္ေတြကိုလည္း ပိုၿပီးကာကြယ္ႏိုင္လာၿပီ၊ တကယ္ဆို မီးသတ္သမားသက္တမ္းပိုရင့္ေလ ပိုၿပီးအႏၲရာယ္ကင္းေလပဲ "

" တကယ္လား? "

" ဒါေပါ့ ငယ္႐ြယ္၊ တက္ႂကြၿပီး အေတြ႕အၾကဳံမ႐ွိတဲ့ မီးသတ္သမားေလးေတြက အႏၲရာယ္အမ်ားဆုံးပဲ၊ စိတ္မပူနဲ႔ "

" ဟုတ္ "

ခ်ီေ႐ွာင္းေျပာလိုက္သည္။

" အဲ့တာဆို အစ္ကိုေကာင္းေကာင္းအနားယူသင့္တယ္၊ စိတ္အေျခအေနမေကာင္းရင္ ကြၽန္ေတာ္အစ္ကိုနဲ႔အတူ ထပ္ေသာက္ေပးမယ္ "

ဖုန္းခ်လိုက္ၿပီး၊ သူစားေနတဲ့ဘီစကြတ္ထုပ္က ေခါင္းအုံးေပၚေမွာက္က်ေနတာ ေတြ႕ေတာ့ သူအျမန္ပဲ ေခါင္းအုံးကိုယူကာ ပုတ္ခါလိုက္ရင္း စိတ္ထဲမွာေတာ့ ကုံးရင့္႐ွန္သာ ဒါကိုေတြ႕ရင္ က်ိန္းေသေပါက္ အျပစ္ေျပာေနေတာ့မွာပဲလို႔ေတြးမိသြားသည္။ ကုံးရင့္႐ွန္ရဲ႕ မႏွစ္ၿမိဳ႕တဲ့အမူအရာနဲ႔ ေလသံကိုပါ ေတြးမိေတာ့ သူ႕ကို ရယ္ေမာေစ၏။

ထိုအခ်ိန္ သူ႕ဖုန္းကို စာအသစ္တစ္ေဆာင္ဝင္လာၿပီး သူဖြင့္ၾကည့္လိုက္ေတာ့ အျဖဴေရာင္ပတ္တီးေလးနဲ႔ ပတ္ထားေသာ အနက္ေရာင္ေၾကာင္ေလးတစ္ေကာင္၊ ခ်ည္ေခါင္းအုံးေပၚမွာလွဲေနရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနသည့္ပုံ ျဖစ္ေၾကာင္းေတြ႕လိုက္ရသည္။

ကမ႓ာေပၚမွာ ဘာအေတြ႕အၾကဳံမွမ႐ွိေသးတဲ့ ျဖစ္တည္မႈေလးက ႏွလုံးသားကို ႏူးညံ့သြားေစ၏။

ရန္ရိ ဖုန္း‌ကို သူ႕ရင္ဘတ္ေပၚတင္ၿပီး ျဖည္းျဖည္းခ်င္း မ်က္လုံးမွိတ္လိုက္သည္။

============

Note -

( 1 ) ကုံးရင့္႐ွန္နဲ႔ ရန္ရိေျပာေနတဲ့ နာမည္အဓိပၸါယ္အေၾကာင္း --

မီးသတ္ (မီးဓာတ္ဖ်က္) တဲ့ေနရာမွာ မီးကိုေရနဲ႔သတ္တာ၊ မီးကိုမီးနဲ႔သတ္တာမ်ိဳး႐ွိပါတယ္၊ ရန္ရိ နာမည္က မီးေလးလုံးရဲ႕အဓိပၸါယ္က မီးဓာတ္ကို မီးနဲ႔ျဖတ္တဲ့သေဘာမ်ိဳးပါ၊ ရန္ရိက သူနာမည္မွာမီးေတြပါေနလို႔ မီးသတ္သမားအလုပ္ရၿပီး မီးနဲ႔မကင္းဘဲေနရလို႔ နမိတ္မေကာင္းဘူးေျပာေနတာပါ၊ ဒါေပမယ့္ ကုံးရင့္႐ွန္က သူ႕နာမည္က နမိတ္မေကာင္းတာမဟုတ္ဘဲ မီးကိုသတ္ေပးတာမို႔ ေကာင္းတယ္လို႔ဆိုလိုခ်င္တာပါပဲ။

( 2 ) ဟုဟန္႔ဆန္း -

ဟုဟန္႔ဆန္း က ' Sparkling Red Star ' ႐ုပ္႐ွင္ထဲက အႏိုင္က်င့္တတ္တဲ့ အိမ္ပိုင္႐ွင္တစ္ေယာက္ပါ။ " ငါ ဟုဟန္႔ဆန္း ျပန္လာၿပီ " ဆိုတဲ့ ဂႏၲဝင္စာေၾကာင္းေၾကာင့္ လူသိမ်ားတဲ့ ကာ႐ိုက္တာပါ။ " Sparkling Red Star " ကို 1974 မွာ႐ိုက္ကူးခဲ့ၿပီး ဟုဟန္႔ဆန္းက အဲ့ဒီ မေကာင္းဆိုးဝါးတိုက္ဖ်က္ေရးဇာတ္ကားထဲက ဗီလိန္တစ္ေယာက္ပါ။

Hope you enjoy~

============