webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Action
Not enough ratings
69 Chs

Chapter 31

[ Unicode ]

" ကုံး၊ ဒေါက်တာကုံး  "

ရန်ရိ စိုးရိမ်တကြီး မေးလိုက်သည်။

" ‌မင်း အဆင်ပြေရဲ့လား? "

သူနောက်လှည့်ချင်ပေမယ့် ကုံးရင့်ရှန် လက်တွေနဲ့ တင်းတင်းကြပ်ကြပ် အချုပ်ခံထားရပြီး သူအသားက‌နေ ဖြတ်စီးလာတဲ့ တုန်ယင်မှုက သူ့ကိုအံ့အားသင့်စေသည်။

ကုံးရင့်ရှန်ရဲ့ မြန်ဆန်သော အသက်ရှူငွေ့များက သူ့လည်ပင်ကြားမှာ လာဟပ်နေပြီး၊ သူ ရေခဲတုံးအလား တောင့်ခဲသွားပေမယ့် မထိန်းချုပ်နိုင်သော တုန်ခါမှုက သူနှလုံးခုန်နေသေးကြောင်း သက်သေတည်သည်။

သူ့(ကုံးရင့်ရှန်) အသား၊ အရိုး၊ သွေးတွေနဲ့ မှတ်ဉာဏ်တွေအားလုံးက သူမီးနားကပ်သွားတုန်းက ခံစားချက်ကို ပြန်အသက်သွင်းနေပြီး၊

သူ့လည်ပင်းကို ဓားလျှာဖြင့်လျက်နေသည့်အလား၊

စူးရှ‌သောမြှားတစ်စင်း သူ့နား,ဘေးက ပွတ်ဖြတ်သွားသည့်အလား၊

သူ့ပခုံးများကို မကောင်းဆိုးဝါးက လက်ကမ်းနေသည့်အလား၊

သူ ရန်ရိကို ဆယ့်ရှစ်နှစ်တာအတွက် အသက်ကယ်ကောက်ရိုးမျှင်တစ်ချောင်းကဲ့သို့ ‌‌ဖမ်းဆွဲထားသည်။

သူ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို မထိတွေ့ဖူးခဲ့ပေ၊

ပြီးတော့ သူ့ကို အိမ်မက်ဆိုးက ကာကွယ်ပေးတဲ့ခံစားမှုမျိုး ပေးနိုင်လိမ့်မယ်လို့လည်း မထင်ခဲ့ပါပေ။

သူလက်မလွှတ်နိုင်ဘူး၊ သူလက်လွှတ်လိုက်ရင် မီးတောက်တွေထဲကျသွားပြီး မီးလောင်ပြာကျသွားမှာ သူကြောက်တယ်။

ရန်ရိ အသက်ပြင်းပြင်းရှူပြီး ညင်ညင်သာသာလေး ပြောလိုက်သည်။

" ဒေါက်တာကုံး၊ အဆင်ပြေပါတယ်၊ ငါတို့ မီးနဲ့ဝေးသွားပြီလေ၊ ပြီးတော့ မီးက မင်းကို နာကျင်အောင်မလုပ်နိုင်တော့ပါဘူး "

ကုံးရင့်ရှန်က အသံတိတ်နေသည်။

" ငါ့ကိုယုံပါ၊ ငါဒီမှာရှိတယ်၊ အဲ့မီးတွေ မင်းကို ထိခိုက်အောင်လုပ်လို့မရဘူး "

ရန်ရိ ကုံးရင့်ရှန်လက်တွေကို ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီး

" မင်းငါ့ကို လွှတ်လို့ရပြီလေ ငါမသွားပါဘူး၊ မင်းနဲ့နေပေးမှာ "

မီးသတ်သမားတစ်ယောက်အနေနဲ့ ဒီလိုအမှုအခင်းမျိုးမှာ နစ်နစ်သူအများအပြားက သူတို့အပေါ် ယုံကြည်အားကိုးမှန်း သူမြင်ခဲ့ပြီးပြီ။

ကုံးရင့်ရှန်လည်း နစ်နာသူတစ်ယောက်ပင်။ မီးနဲ့ဝေးသွားတာတောင် သူ့ကို ဖက်တွယ်ထားတဲ့ လက်တွေက အားပြင်းနေဆဲဖြစ်ပေမယ့် အဲ့ဒီ့အားက အားနည်းချက်ရှိတဲ့စိတ်ကို ဖုံးကွယ်ထားဖို့ဆိုတာလည်း သူသိတယ်။

နောက်ဆုံးတော့ ကုံးရင့်ရှန် အတင်းဖက်တွယ်ထားတာ ပြေလျော့သွားပြီး ရန်ရိ ထိုအခွင့်အရေးကိုယူကာ နောက်လှည့်၍

ကုံးရင့်ရှန်ရဲ့ ပျက်ယွင်းနေတဲ့ပုံပန်း၊ ဖြူစုတ်နေတဲ့ အသားအရည်၊ ချွေးအကြီးအကျယ်ထွက်နေတာတွေကို သူကြည့်လိုက်သည်။

လက်တလောအခြေအနေက အတော်ဆိုးဝါးပြီး PTSD [Post-traumatic stress disorder] လူနာအတွက်လည်း ထိခိုက်မှုပြင်းထန်မှန်း သူသိ၏။ တစ်ခါတစ်ရံ နှလုံးဖောက်တာမျိုး၊ မှတ်ဉာဏ်နဲ့ ဆက်လျင်းတဲ့ ရောဂါမျိုးတွေ ဖြစ်နိုင်တာမို့ ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ကုသမှုခံယူသင့်သည်။

ကုံးရင့်ရှန်က မီးကျွမ်းအပျက်အစီးနေရာဆီ လျှောက်ဝင်သွားနိုင်ပြီး တောက်လောင်နေတဲ့ မီးကိုလည်း မီးသတ်ဆေးဘူးနဲ့ ငြိမ်းသတ်နိုင်ခဲ့သည်။

သူကုသမှုခံယူနေတာ နှစ်အတော်ကြာလောက်ပြီဖြစ်ပြီး ခုခံမှုအနည်းငယ်သာရှိတော့သည်။

ဒါပေမယ့် မီးထဲကို တိုက်ရိုက်ဝင်လာခဲ့တယ် သူ့(ရန်ရိ) အတွက်...

အဲ့လိုတွေးမိတော့ ရန်ရိ နှလုံးသား တင်းကြပ်သွားရ၏။

သူကုံးရင့်ရှန်ကို လက်နောက်ပြန်ဖက်လိုက်ပြီး ခေါင်းကို ဖွဖွသပ်ပေးကာ နူးနူးညံ့ညံ့ပြောလိုက်သည်။

" မကြောက်နဲ့ မကြောက်နဲ့ အဆင်ပြေသွားပါပြီ "

ကုံးရင့်ရှန်အသိစိတ်က စိုးရိမ်ကြောင့်ကြကာ သတိမေ့ချင်နေပြီး၊ခန္ဓာကိုယ်က တောင့်ခဲကာ တုန်ယင်နေဆဲ၊ သို့ပေမယ့် နားထဲကြားနေရတဲ့အသံနဲ့ ခန္ဓာကိုယ်မှ အထိအတွေ့က သူ့ကို ငြင်သာတဲ့ မိုးဖွဲလေးတွေလိုမျိုး  အေးချမ်းတည်ငြိမ်သွားစေသည်။

သူ့မျက်စိရှေ့မှာ အနက်ရောင်အစက်တစ်စက်ရှိနေတယ်၊ အနက်ရောင်အစက်လေး၊ သူသေချာမြင်ရအောင် ကြည့်လိုက်တယ်၊ အဲ့တာကြောင့် အာရုံစူးစိုက်မှုလည်း တဖြည်းဖြည်း ပြန်ရလာပြီး၊ နောက်ဆုံး သူပြတ်ပြတ်သားသား မြင်လိုက်ရတာက

ထိုအစက်လေးမှာ ရန်ရိနှာခေါင်းထိပ်က မှဲ့ကလေးဖြစ်နေခြင်းပင်။

နောက်ခံမှာက တောင်လောင်နေတဲ့မီးတောက်တွေ၊ ကြံ့ခိုင်နူးညံ့တဲ့လက်တွေနဲ့ ပွေ့ဖက်ထားပြီး၊ သူ့နှာရိုးပေါ်က မှဲ့လေး။

မှတ်ဉာဏ်ပေါ်က ဖုန်တွေကို လေတစ်ချက်ဝှေ့တိုက်လိုက်သလိုပဲ၊ နှစ်ဆွေးပြီး ဝါကျင်နေတဲ့ ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံ သူ့စိတ်ထဲပေါ်လာတယ်။ ဒီလိုအခိုက်အတန့်၊ ဒီလိုလူမျိုး၊ ရင်းနှီးနေသလိုပဲ။

ဘယ်သူလဲ? ဘာလို့သူမမှတ်မိတာလဲ?

အဝေးကနေ မီးသတ်ကားနဲ့ လူနာတင်ယာဉ် အချက်ပေးသံတွေ နားထဲကြားလိုက်သည်။

ရန်ရိ အခုမှပဲ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

မီးသတ်ကား အမြန်ရောက်လာတာနဲ့ မီးလောင်နေတဲ့ကားကို မီးသတ်နိုင်ခဲ့ပြီး ပြင်းထန်တဲ့ မတော်တဆမှုတွေ၊ ပေါက်ကွဲမှုတွေလည်း ထပ်မဖြစ်တော့ချေ။

လူနာတင်ယာဉ်က သူနာပြုတွေ ကျိုးချွမ်းကို ကားဆီတင်ပေးလိုက်ပြီး ကုံးရင့်ရှန်ကို သယ်ဖို့ထပ်လာကြသည်။

ကုံးရင့်ရှန် ရန်ရိလက်မောင်းကို ဆွဲထားရင်း ခေါင်းခါပြသည်။

ရန်ရိ ငြင်ငြင်သာသာပြောလိုက်၏။

" ငါမင်းနဲ့လိုက်ပေးမယ်၊ ငါမင်းနဲ့ ဆေးရုံလိုက်ပေးမယ် အိုကေနော် "

" မသွား....."

ကုံးရင့်ရှန် စကားတစ်လုံးကို ခက်ခက်ခဲခဲ ပြောလာသည်။

" မင်းဆေးရုံသွားရမယ်လေ၊ ငါပြောတာနားထောင်၊ မင်းကိုစစ်ဆေးရုံပဲ၊ ဘာမှမလုပ်ဘူး၊ ပြီးမှ ငါဦးလေးရှန့်ကို လာခေါ်ခိုင်းလိုက်မယ် နော် "

ကုံးရင့်ရှန်က ခေါင်းခါနေဆဲပင်။

" ကောင်းပြီ လိမ္မာတယ် "

ရန်ရိ အရေးပေါ်သူနာပြုကို မျက်စပစ်ပြလိုက်ပြီး ကုံးရင့်ရှန်ကို စိတ်ငြိမ်ဆေးပေးဖို့ပြောလိုက်သည်။

သူနာပြုက သဘောပေါက်ပြီး မျက်စိတစ်မှိတ်အတွင်း ကုံးရင့်ရှန်ကို အမြန်ဆေးထိုးပေးလိုက်သည်။ ကုံးရင့်ရှန် မျက်လုံးများ ဖြည်းဖြည်းချင်း မှိတ်သွားတော့၏။

" မင်းတို့ ကားထဲအရင်ဝင်နှင့်လိုက်နော်၊ ကျွန်တော့်ကို တစ်မိနစ်လောက်စောင့်ပေး "

ရန်ရိ ကုံးရင့်ရှန်ရဲ့ထမ်းစင်ပြားကို ကားထဲသွင်းဖို့ သူနာပြုလေးကို ကူပေးလိုက်သည်။

ရဲတပ်ကူတစ်ယောက်က သူ့ဆီလာပြီး

" ရဲဘော် ဘာကိစ္စလဲ? "

ရန်ရိ သူကယ်ထားတဲ့ကြောင်လေးကို မြေကြီးပေါ်ကနေ ညင်ညင်သာသာယူလိုက်ပြီး အလောတကြီးပြောလိုက်သည်။

" ရဲဘော် ကျွန်တော်က ဟုန်းဝူမြို့နယ်၊ ဖီးနစ်မီးသတ်တပ်ဖွဲ့ရဲ့ စခန်းခေါင်းဆောင်ပါ၊ ဒါကတော့ ဟုန်းဝူဌာနခွဲကမှုခင်းရဲတပ်သား၊ ကျွန်တော်တို့ မီးရှို့သမားတစ်ယောက်မိထားတယ်၊ ဟုန်းဝူဌာနခွဲကို ချက်ချင်းသတင်းပို့ပေးပါ "

" မင်းက....ခေါင်းဆောင်ရန်လား?"

တစ်ဖက်လူက ရန်ရိရဲ့ မဲပြာနေတဲ့မျက်နှာကို သေချာကြည့်ပြီး

" အိုး မင်းပဲ၊ ကျွန်တော်မင်းကို ကြော်ငြာဗီဒီရိုမှာ မြင်ဖူးတယ် "

ရန်ရိ ထိုရဲဘော်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး

" ညီကို၊ ကျွန်တော်ဒါကို အပ်ခဲ့ပြီ၊ ကြောင်လေးက အသက်ရှိသေးလို့ ကျွန်တော် ဂရုစိုက်လိုက်မယ်"

" သွားပါ ကျွန်တော် အခင်းနေရာကို တာဝန်ယူလိုက်မယ် "

ရန်ရိ ကုံးရင့်ရှန်ရဲ့ လူနာတင်ယာဉ်ထဲဝင်လိုက်သည်။ သူ့လက်ဖဝါးလောက်ပဲရှိပြီး အမွှေးနဲ့အသားကပ်နေတဲ့ ကြောင်လေးကိုကြည့်ရင်း ဒဏ်ရာပြင်းလား၊မပြင်းလား သူမပြောတတ်ပေ။ သူနာပြုကို သူပြောလိုက်သည်။

" ရဲဘော် မင်းသူ့ကိုကယ်နိုင်လား? "

သူနာပြုက မျက်မှောင်ကြုတ်သွားရင်း ပြောလာသည်။

" အရင်က တိရစ္ဆာန်တစ်ကောင်ကို မကုပေးဖူးဘူး၊ အရင်ဆုံး အပူလျော့အောင်ပဲ လုပ်ပေးနိုင်မယ်၊ ခဏနေရင် ၂၄ နာရီတိရစ္ဆာန်ဆေးရုံကိုဖြတ်သွားမှာ၊ အဲ့ကိုပို့ထားလိုက်ပေါ့ "

" ကောင်းပါပြီ "

သူနာပြုက ရေခဲတုံး‌တွေကို ပတ်တီးစနဲ့ပတ်ပြီး ကြောင်လေးရဲ့ဒဏ်ရာတွေကို ခပ်ဖွဖွ ဖိကပ်ပေးသည်။ ကြောင်လေးက နာလို့တွန့်တက်သွားပြီး လည်ချောင်းထဲက ငိုသံအက်ရှရှထွက်လာ၏။ သူနာပြုက စိတ်ညစ်ညစ်နဲ့ပြောလာသည်။

" အတော်သေးတဲ့ကြောင်ပဲ၊ အသက်ရှင်ပါ့မလားတောင် မသိဘူး "

ရန်ရိ သက်ပြင်းချရင်း စိတ်မသက်သာသလို ခံစားရသည်။

ဒီညအတော်များများ တွေ့ကြုံလိုက်ရပြီးသကာလ သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေသည်။ အခုတော့ သူ့မှာ ဒေါသထွက်ဖို့တောင် အားမရှိတော့ဘူး။ ကျိုးချွမ်းနဲ့ အနက်ရောင်ဝတ်ထားတဲ့ကောင် လုပ်ခဲ့တာရယ်၊ လူတွေ screen နောက်မှာပုန်းကွယ်ရင်း ‌ပျော်ပျော်ရွှင်ရွှင်ကြည့်နေမှာရယ်ကို ပြန်စဉ်းစားမိတော့ သူ အေးသလိုပဲခံစားရပြီး တကယ်တမ်း သူ့နှလုံးသား အတွင်းပိုင်းမှာတော့ ကြောက်မက်ဖွယ် အအေးလှိုင်းကြီးတိုက်ခတ်သွား၏။

တိရစ္ဆာန်ဆေးရုံကိုဖြတ်တော့ ရန်ရိ ကြောင်လေးကို တာဝန်ကျတိရစ္ဆာန်ဆရာဝန်ဆီ အပ်ခဲ့ပြီး ယွမ်တစ်ထောင်နဲ့ သူ့ဖုန်းပဲ ပါလာတော့သည်။ သူထွက်လာတော့ ကြောင်လေးက အိပ်နေပြီ၊ ညစ်ပတ်နေတဲ့အမွှေးတွေက အတူကပ်နေပြီး ဖြည်းဖြည်းချင်းလှုပ်နေတဲ့ ခန္ဓာကိုယ်လေးက ဘယ်သူမဆို အသက်နှုတ်သွားနိုင်သည့်အလား နုနယ်ပုံပေါ်နေသော်လည်း ခေါင်းမာမာနဲ့ အသက်ဆက်ရှူနေဆဲပင်။

သူကြောင်လေးကို ထိတွေ့ရင်း စိတ်ထဲကနေ အသက်ရှင်ပါစေလို့ဆုတောင်းလိုက်သည်။ နောက်တော့ လူနာတင်ယာဉ်ဆီပြန်လာပြီး ကုံးရင့်ရှန်ကို ဆေးရုံအတူလိုက်ပေး၏။

သူတို့ ဆေးရုံရောက်တော့ ဆရာဝန်က ကုံးရင့်ရှန်ကို စမ်းသပ်ပေးရင်း ရန်ရိပြန်ပြောပြတာကို နားထောင်သည်။ အဲ့တာပြီးတော့ ဆရာဝန်က နားကျပ်ဖြုတ်လိုက်ပြီး

" လူကအဆင်ပြေပါတယ်၊ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုက အတော်ကြီးတယ်၊ စိတ်ရောဂါဌာနဆီ ပြောင်းပေးလိုက်ပါ "

ရန်ရိ တွန့်ဆုတ်နေပြီးမှ

" ဒေါက်တာ သူ့ကိုလူနာဆောင်မှာ အရင်နားခိုင်းလိုက်ပါလား၊ မဆုံးဖြတ်ခင် ကျွန်တော် သူ့မိသားစုကို အရင်ဆက်သွယ်လိုက်ဦးမယ် "

သူထပ်ဖြည့်ပြောလိုက်သည်။

" သီးသန့်လူနာဆောင်ပါ "

======

ကုံးရင့်ရှန် စိတ်ငြိမ်ဆေးအရှိန်မပြယ်သေးဘဲ အိပ်ပျော်နေပြီး ငြိမ်သက်နေတဲ့သူ့မျက်နှာက ဘာမှဖြစ်မသွားခဲ့သလို။ ချွေးရွှဲနေတဲ့ဆံဖျားတွေကသာ ထိုအဖြစ်အပျက်က သူ့အဖို့ မလွယ်ကူမှန်း ဖော်ပြနေသည်။

ရန်ရိ ဦးလေးရှန့်ကို ခေါ်လိုက်သော်လည်း ချိုးယန်က ဦးလေးရှန့်ထက်အရင် ရောက်လာ၏။ အခင်းနေရာကို မီးသတ်တဲ့ မီးသတ်စခန်းက ဟုန်းဝူဌာနကို အကြောင်းကြားလိုက်တာသိသာပြီး သူခဏအတွင်း သူမကို ညကဘာဖြစ်ခဲ့လဲ ရှင်းပြလိုက်သည်။

ဦးလေးရှန့်ရောက်လာတော့ ဆေးရုံကုတင်ပေါ်၌ သတိမေ့ကာ‌လဲလျောင်းနေသော ကုံးရင့်ရှန်ကို စိတ်မကောင်း‌သည့်မျက်နှာဖြင့်ကြည့်သည်။ သူ့လက်ထဲမှာ အဝတ်အစားအသန့်တွေကိုင်ထားပြီး စကားတစ်လုံးတောင် မပြောနိုင်ချေ။

ရန်ရိ သူ့ကို စိတ်အေးသွားအောင်ပြောလိုက်သည်။

" သူအဆင်ပြေပါတယ်၊ စိတ်ငြိမ်ဆေးထိုးထားလို့ သူနိုးလာရင်ပြန်ကောင်းသွားမှာပါ "

ဦးလေးရှန့်က စိတ်ကောင်းဖြစ်ပြီး ပြောလာသည်။

" သခင်လေးငယ်ငယ်ကတည်းက စိတ်ရောဂါကုထုံး လုပ်နေတာ၊ ဆယ့်သုံးနှစ်အရွယ်လောက်ကျတော့ မီးကိုနည်းနည်း ရင်ဆိုင်နိုင်လာတယ်၊ ဒါပေမယ့် သူမီးကြောင့် ပူတဲ့အစားအစာတွေကိုတောင်မစားတာ၊ ဘယ်တုန်းကမှ မီးနဲ့အရမ်းနီးကပ်တာမျိုးမရှိဖူးဘူး "

ရန်ရိ အပြစ်ရှိသလို ခေါင်းငုံ့သွားသည်။

ချိုးယန်က ငြင်ငြင်သာသာပြောလာ၏။

" ဦးလေးရှန့်က ရှင့်ကိုအပြစ်တင်နေတာမဟုတ်ပါဘူး၊ ခေါင်းဆောင် အရမ်းကြီးမတွေးပါနဲ့၊ ရှင့်အပြစ်မဟုတ်ပါဘူး "

ဦးလေးရှန့်ကလည်း အမြန်ပြောလာသည်။

" ခေါင်းဆောင် ဦးလေးအဲ့လိုမရည်ရွယ်ပါဘူး "

ရန်ရိ ခေါင်းညိတ်ပြလိုက်ပြီး

" ကျွန်တော်သိပါတယ် ဒါပေမယ့်....သူ့ကို ဒီလိုမျိုးပြင်းထန်တဲ့အ‌ခြေအနေ ဖြစ်မယ်လို့ မထင်ခဲ့မိဘူး "

" အခုပိုကောင်းလာပါပြီ၊ သူ နှစ်အကြာကြီး ဆေးလည်းမသောက်ရတော့သလို၊ ဆရာဝန်လည်းပြစရာမလိုတော့ပါဘူး "

ဦးလေးရှန့်က သက်ပြင်းချသည်။

" သခင်လေးက ညစ်ပတ်တာအမုန်းဆုံးပဲ၊ နိုးလာရင် စိတ်မညစ်ရအောင် သန့်ရှင်းရေးလုပ်ပေးပြီး အဝတ်တွေလဲပေးလိုက်ဦးမယ် "

ရန်ရိနဲ့ ချိုးယန် လူနာဆောင်ကထွက်လာလိုက်သည်။

ကျိုးယန်က ရုပ်တည်နေပြီး မျက်နှာပေါ်မှာတော့ ဝမ်းနည်းမှုတစ်စွန်းတစ်စဖြင့်။

" အပြင်ထွက်ပြီး လေညင်းခံတာပေါ့ "

" သွားရအောင် "

သူတို့နှစ်ယောက် ဆေးရုံအပြင်ဘက်ရှိ ဝင်းဆီ လမ်းလျှောက်သွားကြပြီး ချိုးယန်က ‌စီးကရက်ဘူးကိုထုတ်ကာ ရန်ရိဆီ ကမ်းပေးလာသည်။

ရန်ရိ လက်တွန့်နေပြီးမှ တစ်လိပ်ထုတ်လိုက်သည်။ သူကောလိပ်မှာတုန်းက ဆေးလိပ်သောက်တယ်၊ အဲ့အချိန်က သူငယ်လည်းငယ်၊ ဖြတ်လည်းဖြတ်လတ်တော့ ခပ်မိုက်မိုက်ဖြစ်ချင်ရုံသာ။ နောက် သူစခန်းထဲဝင်တော့ ဆေးလိပ်ဖြတ်လိုက်သည်။ နှစ်တိုင်း ‌စီးကရက်ဖင်ကြောင့် မီးလောင်တဲ့အမှု ရာနဲ့ချီရှိပြီး၊ ‌မီးသတ်သမားတစ်ယောက်အနေနဲ့ သူစီးကရက်သောက်ဖို့ နည်းနည်း ရှိုးတိုးရှန့်တန့်ဖြစ်နေမိသည်။

ဒါပေမယ့် အခုတော့ သူတကယ်ကို စိတ်ညစ်နေပြီး ဖြေလျှော့ဖို့လိုသည်။

ချိုးယန်က လက်ချောင်းသွယ်များကြား၌ ‌စီးကရက်ဖွာရင်း ကျောက်တုံးစားပွဲတစ်ခုပေါ်ထိုင်နေသည်။ စီးကရက်ငွေ့တွေကို သူမနှုတ်ခမ်းဖျားကတစ်ဆင့် တဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်ပြီး သူမ စီးကရက်မီးက မှိန်ဖျော့ဖျော့အလင်းရောင်ထက်က ကြယ်လေးတစ်ပွင့်လို၊ သူမဆံပင်ရှည်များကတော့ မှောင်မိုက်နေတဲ့နဂါးငွေ့တန်းအလား။ ထိုပုံရိပ်ထဲ၌ အတိုင်းတဆမရှိသော အလှတရားများ ပါဝင်နေသည်။

ရန်ရိလည်း တစ်ဖွာရှိုက်လိုက်သည်၊ စူးရှသော အရသာက သူ့လည်ချောင်းထဲဝင်လာပြီး သူ့ကို နေရခက်စွာ နှစ်ကြိမ်ခန့် ချောင်းဆိုးစေသည်။

ချိုးယန် ရယ်လိုက်ပြီး

" ရှင်ဆေးလိပ်မသောက်တာကြာပြီလား? "

" အင်း ဒါပေမယ့် မင်းစီးကရက်ကပြင်းလွန်းတယ်၊ မိန်းကလေး‌တစ်ယောက် ဒီလိုစီးကရက်ပြင်းပြင်းသောက်တာကို ပထမဆုံးတွေ့ဖူးတာပဲ "

" အလုပ်ဖိအားများတော့ စိတ်လန်းနေဖို့လိုတယ်လေ "

ချိုးယန် သူမလက်ထဲက စီးကရက်ကိုကြည့်လိုက်ပြီး

" ‌ဆေးလိပ်သောက်တာ အန္တရာယ်များတယ်၊ ဒါပေမယ့် လူအတော်များများ မဖြတ်နိုင်ကြသလို၊ နိုင်ငံတော်ကလည်း မဖြတ်နိုင်ဘူး၊ နောက်ဆုံး အခွန်တွေပဲ များလာတာပေါ့ "

" ဟုတ်တယ် "

" ရှင်ပြော အဲ့တာမီးလိုပဲမလား "

ကျိုးချွမ်း အမူအရာက သိမ်မွေ့ပြီး ပန်းပုရုပ်တစ်ခုလို လှပပေမယ့် သူ့အထီးကျန်မှုတွေကို ဖုံးထားဖို့တော့ ခက်သည်။

" ကောင်းကျိုးများသလို ဆိုးကျိုးလည်းများတယ် "

" အင်း မီးက လူသားတွေရဲ့တိုးတက်မှုအစပဲ၊ ဒါပေမယ့် လူသားတွေတိုးတက်မှုကို ဖျက်ဆီးမယ့် လူသတ်သမားကြီးဆိုလည်း ဟုတ်တယ် "

" ရင့်ရှန် အရင်က မီးနဲ့ပတ်သက်တဲ့ သမိုင်းကြောင်း၊ ဒဏ္ဍာရီ၊ ယုံကြည်မှု၊ ရှေးရိုးထုံးထမ်း၊ သိပ္ပံပညာပိုင်း နဲ့ အခြားနယ်ပယ်တွေ လေ့လာဖူးတယ် "

ချိုးယန်က ခါးသက်သက်ပြုံးရင်း

" သူမီးကြောက်တာကို ကုသမယ်လို့‌ပြောတယ် ၊ ဒါပေမယ့် ကျွန်မထင်တာက၊ သူအယူသီးနေတာပဲ၊ သူမီးကိုလက်မလွှတ်နိုင်ဘူး၊ မီးကနေ အမှန်တရားရှာချင်တယ်၊ ပြီးတော့ အဲ့လိုအတွေ့အကြုံမျိုး ကြုံဖူးတဲ့သူတွေ လွတ်မြောက်နိုင်မလား ဆိုတာကိုရောပဲ "

ရန်ရိ ‌စီးကရက်ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး ကုံးရင့်ရှန် ကလေးဘဝကတည်းက ကြုံတွေ့ခဲ့ရတာတွေ စဉ်းစားမိတဲ့အခါ အသက်ရှူခက်လာသလို ခံစားရသည်။

" ရှင် အကုန်လုံးသိပြီးပြီလား? "

ချိုးယန်မေးလာသည်။

" သူ့မိသားစု အကြောင်း "

" ကျွန်တော် နည်းနည်းပဲသိတယ်၊ ဘေးဘက်ကသိတာပါ၊ သူ့ကိုမမေးဘူး၊ မမေးရဲလို့ "

" ဘယ်သူမှ သူ့ကိုမမေးရဲဘူး "

ချိုးယန်က ဆေးရုံအဆောက်အဦးကိုလှမ်းကြည့်လိုက်သည်။ အဆောက်အဦးရဲ့ ပုံစံတကျတည်ဆောက်ထားသော စတုန်းများက မှုန်မှိုင်းပြီး စိတ်ညှိုးနွမ်းစေသလိုပင်။ ပြတင်းပေါက်တန်းများ၌ အနည်းငယ်သာ မီးဖွင့်ထားကြသည်။ ညခင်းကြည့်မိပါက ရင်ဖိုပြီး ကြက်သီးမွေးညင်းထစရာပင်ဖြစ်တော့၏။

" သူဘာလို့ဆေးရုံတွေမုန်းတာလဲ ရှင်သိလား? "

" သူမိဘတွေ..."

ချိုးယန်က ခေါင်းခါပြီး

" သူ့မိဘတွေက အိမ်ကတောင် အသက်ရှင်လျက်ထွက်မလာနိုင်ဘူး၊ ဆေးရုံပို့လိုက်ရတာက သူ့အစ်မပဲ "

ရန်ရိ မင်သက်သွားရသည်။

" သူ့အစ်မက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်း "

ချိုးယန် စီးကရက်ဖွာပြီး တိုးဖွဖွ ပြောလာသည်။

" ကျွန်မတို့ KG တန်းကနေ အလယ်တန်းအထိ အခန်းအတူတူပဲ၊ ပြီးတော့ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ မခွဲခွာစတမ်းနေခဲ့ကြတာ "

ရန်ရိ လက်သီးကို မသိမသာဆုပ်လိုက်ရင်း၊ သူဘယ်လို နှလုံးနာစရာဇာတ်လမ်းမျိုး ကြားရတော့မလဲ သိနေသည်။

" သူ(မ)က..... သူက ကျွန်မတွေ့ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးပဲ၊ စမတ်ကျပြီး ကြင်နာတယ်၊ စန္ဒယား လည်း ကောင်းကောင်းတီးတတ်ပြီး နတ်သမီးလေးတစ်ပါးလိုပဲ ပြီးပြည့်စုံလွန်းတယ်၊ ဒါပေမယ့် သူမီး‌လောင်သွားတာ မမှတ်မိနိုင်လောက်အောင်ပါပဲ..."

သူအသက်ပြင်းပြင်းရှူလိုက်ပြီး အသံက ဆို့နင့်နေပြီဖြစ်သည်။

" လက်ဆယ်ချောင်းလုံး ပူးကပ်သွားတယ် "

ရန်ရိ အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး မျက်လုံးများက နီရဲနေသည်။ လူသားခန္ဓာကိုယ်တွေ မီးလောင်ခံထားရတဲ့ စိတ်မချမ်းမြေ့ဖွယ်ရာအခြေအနေတွေ သူမြင်ဖူးသည်။ သူအများကြီးကို မြင်ဖူးပါ၏။

" သူ အထူးကြပ်မတ်ဆောင်မှာ ခြောက်ရက်လောက်နေရပြီးတော့....."

ချိုးယန် မျက်ရည်စတို့ တိတ်တဆိတ် ကျဆင်းလာသည်။

စီးကရက်ကိုင်ထားတဲ့ ရန်ရိလက်တွေလည်း မရပ်နိုင်လောက်အောင် တုန်ယင်နေသည်။

ချိုးယန် သူ့မျက်ရည်တွေကို တစ်စမကျန် သုတ်ပစ်လိုက်ပြီး

" ခေါင်းဆောင်၊ ရင့်ရှန်က ဆယ်ရှစ်နှစ်လုံးလုံး သူ့ကိုယ်သူပိတ်လှောင်ထားခဲ့တယ်၊ ရှင့်တစ်ယောက်တည်းကိုပဲ သူသူငယ်ချင်းလုပ်ခဲ့တာ၊ ကျွန်မတို့ ရှင့်အတွက်အရမ်းဝမ်းသာပြီး နောင်အနာဂတ်မှာလည်း ရှင်သူ့ကိုအများကြီးကူညီနိုင်ဖို့ မျှော်လင့်မိတယ် "

" ကျွန်တော်ကူညီမှာပါ "

ရန်ရိ အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ရင်ထဲမှာတော့ ကူရာမဲ့သော ဒေါသလှိုင်းတစ်ချက်ရိုက်ခတ်သွားသည်။ သူမအောင့်နိုင်ဘဲ ပြောလိုက်၏။

" ဘာလို့ သူ့အဖေက ဒီလိုလုပ်ရပ်မျိုးလုပ်ရတာလဲ..."

ချိုးယန် ခဏမျှတိတ်သွားပြီး

" ရှင်ဘာပဲကြားခဲ့ကြားခဲ့ အဲ့တာအမှန်မဟုတ်ဘူး "

ရန်ရိ  ချိုးယန်ကို အံ့ဩတကြီး ကြည့်လိုက်သည်။

" သူတို့လုပ်ကြံခံရတာ "

=========

Note---

Post-traumatic stress disorder (PTSD) - ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုခုကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတာပဲဖြစ်ဖြစ် မြင်တွေ့လိုက်ရတာပဲဖြစ်ဖြစ် အဲ့ကနေစပြီး စိတ်ခြောက်ခြားတာ အစရှိတဲ့ စိတ်ရောဂါတွေဖြစ်လာတာကိုပြောတာပါ။

See you soon!

Btw, 188 roleplayers တွေစုံနေပြီနော် ကျနော်တောင် စကားသွားပြောပြီး အားမွေးနေရတယ်

=========

[ Zawgyi ]

" ကုံး၊ ေဒါက္တာကုံး  "

ရန္ရိ စိုးရိမ္တႀကီး ေမးလိုက္သည္။

" ‌မင္း အဆင္ေျပရဲ႕လား? "

သူေနာက္လွည့္ခ်င္ေပမယ့္ ကုံးရင့္႐ွန္ လက္ေတြနဲ႔ တင္းတင္းၾကပ္ၾကပ္ အခ်ဳပ္ခံထားရၿပီး သူအသားက‌ေန ျဖတ္စီးလာတဲ့ တုန္ယင္မႈက သူ႕ကိုအံ့အားသင့္ေစသည္။

ကုံးရင့္႐ွန္ရဲ႕ ျမန္ဆန္ေသာ အသက္႐ွဴေငြ႕မ်ားက သူ႕လည္ပင္ၾကားမွာ လာဟပ္ေနၿပီး၊ သူ ေရခဲတုံးအလား ေတာင့္ခဲသြားေပမယ့္ မထိန္းခ်ဳပ္ႏိုင္ေသာ တုန္ခါမႈက သူႏွလုံးခုန္ေနေသးေၾကာင္း သက္ေသတည္သည္။

သူ႕(ကုံးရင့္႐ွန္) အသား၊ အ႐ိုး၊ ေသြးေတြနဲ႔ မွတ္ဉာဏ္ေတြအားလုံးက သူမီးနားကပ္သြားတုန္းက ခံစားခ်က္ကို ျပန္အသက္သြင္းေနၿပီး၊

သူ႕လည္ပင္းကို ဓားလွ်ာျဖင့္လ်က္ေနသည့္အလား၊

စူး႐ွ‌ေသာျမႇားတစ္စင္း သူ႕နား,ေဘးက ပြတ္ျဖတ္သြားသည့္အလား၊

သူ႕ပခုံးမ်ားကို မေကာင္းဆိုးဝါးက လက္ကမ္းေနသည့္အလား၊

သူ ရန္ရိကို ဆယ့္႐ွစ္ႏွစ္တာအတြက္ အသက္ကယ္ေကာက္႐ိုးမွ်င္တစ္ေခ်ာင္းကဲ့သို႔ ‌‌ဖမ္းဆြဲထားသည္။

သူ လူသားတစ္ေယာက္ရဲ႕ ခႏၶာကိုယ္အပူခ်ိန္ကို မထိေတြ႕ဖူးခဲ့ေပ၊

ၿပီးေတာ့ သူ႕ကို အိမ္မက္ဆိုးက ကာကြယ္ေပးတဲ့ခံစားမႈမ်ိဳး ေပးႏိုင္လိမ့္မယ္လို႔လည္း မထင္ခဲ့ပါေပ။

သူလက္မလႊတ္ႏိုင္ဘူး၊ သူလက္လႊတ္လိုက္ရင္ မီးေတာက္ေတြထဲက်သြားၿပီး မီးေလာင္ျပာက်သြားမွာ သူေၾကာက္တယ္။

ရန္ရိ အသက္ျပင္းျပင္း႐ွဴၿပီး ညင္ညင္သာသာေလး ေျပာလိုက္သည္။

" ေဒါက္တာကုံး၊ အဆင္ေျပပါတယ္၊ ငါတို႔ မီးနဲ႔ေဝးသြားၿပီေလ၊ ၿပီးေတာ့ မီးက မင္းကို နာက်င္ေအာင္မလုပ္ႏိုင္ေတာ့ပါဘူး "

ကုံးရင့္႐ွန္က အသံတိတ္ေနသည္။

" ငါ့ကိုယုံပါ၊ ငါဒီမွာ႐ွိတယ္၊ အဲ့မီးေတြ မင္းကို ထိခိုက္ေအာင္လုပ္လို႔မရဘူး "

ရန္ရိ ကုံးရင့္႐ွန္လက္ေတြကို ဖြဖြေလး ပြတ္သပ္ေပးလိုက္ၿပီး

" မင္းငါ့ကို လႊတ္လို႔ရၿပီေလ ငါမသြားပါဘူး၊ မင္းနဲ႔ေနေပးမွာ "

မီးသတ္သမားတစ္ေယာက္အေနနဲ႔ ဒီလိုအမႈအခင္းမ်ိဳးမွာ နစ္နစ္သူအမ်ားအျပားက သူတို႔အေပၚ ယုံၾကည္အားကိုးမွန္း သူျမင္ခဲ့ၿပီးၿပီ။

ကုံးရင့္႐ွန္လည္း နစ္နာသူတစ္ေယာက္ပင္။ မီးနဲ႔ေဝးသြားတာေတာင္ သူ႕ကို ဖက္တြယ္ထားတဲ့ လက္ေတြက အားျပင္းေနဆဲျဖစ္ေပမယ့္ အဲ့ဒီ့အားက အားနည္းခ်က္႐ွိတဲ့စိတ္ကို ဖုံးကြယ္ထားဖို႔ဆိုတာလည္း သူသိတယ္။

ေနာက္ဆုံးေတာ့ ကုံးရင့္႐ွန္ အတင္းဖက္တြယ္ထားတာ ေျပေလ်ာ့သြားၿပီး ရန္ရိ ထိုအခြင့္အေရးကိုယူကာ ေနာက္လွည့္၍

ကုံးရင့္႐ွန္ရဲ႕ ပ်က္ယြင္းေနတဲ့ပုံပန္း၊ ျဖဴစုတ္ေနတဲ့ အသားအရည္၊ ေခြၽးအႀကီးအက်ယ္ထြက္ေနတာေတြကို သူၾကည့္လိုက္သည္။

လက္တေလာအေျခအေနက အေတာ္ဆိုးဝါးၿပီး PTSD [Post-traumatic stress disorder] လူနာအတြက္လည္း ထိခိုက္မႈျပင္းထန္မွန္း သူသိ၏။ တစ္ခါတစ္ရံ ႏွလုံးေဖာက္တာမ်ိဳး၊ မွတ္ဉာဏ္နဲ႔ ဆက္လ်င္းတဲ့ ေရာဂါမ်ိဳးေတြ ျဖစ္ႏိုင္တာမို႔ ကြၽမ္းက်င္တဲ့ဆရာဝန္ရဲ႕ ကုသမႈခံယူသင့္သည္။

ကုံးရင့္႐ွန္က မီးကြၽမ္းအပ်က္အစီးေနရာဆီ ေလွ်ာက္ဝင္သြားႏိုင္ၿပီး ေတာက္ေလာင္ေနတဲ့ မီးကိုလည္း မီးသတ္ေဆးဘူးနဲ႔ ၿငိမ္းသတ္ႏိုင္ခဲ့သည္။

သူကုသမႈခံယူေနတာ ႏွစ္အေတာ္ၾကာေလာက္ၿပီျဖစ္ၿပီး ခုခံမႈအနည္းငယ္သာ႐ွိေတာ့သည္။

ဒါေပမယ့္ မီးထဲကို တိုက္႐ိုက္ဝင္လာခဲ့တယ္ သူ႕(ရန္ရိ) အတြက္...

အဲ့လိုေတြးမိေတာ့ ရန္ရိ ႏွလုံးသား တင္းၾကပ္သြားရ၏။

သူကုံးရင့္႐ွန္ကို လက္ေနာက္ျပန္ဖက္လိုက္ၿပီး ေခါင္းကို ဖြဖြသပ္ေပးကာ ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

" မေၾကာက္နဲ႔ မေၾကာက္နဲ႔ အဆင္ေျပသြားပါၿပီ "

ကုံးရင့္႐ွန္အသိစိတ္က စိုးရိမ္ေၾကာင့္ၾကကာ သတိေမ့ခ်င္ေနၿပီး၊ခႏၶာကိုယ္က ေတာင့္ခဲကာ တုန္ယင္ေနဆဲ၊ သို႔ေပမယ့္ နားထဲၾကားေနရတဲ့အသံနဲ႔ ခႏၶာကိုယ္မွ အထိအေတြ႕က သူ႕ကို ျငင္သာတဲ့ မိုးဖြဲေလးေတြလိုမ်ိဳး  ေအးခ်မ္းတည္ၿငိမ္သြားေစသည္။

သူ႕မ်က္စိေ႐ွ႕မွာ အနက္ေရာင္အစက္တစ္စက္႐ွိေနတယ္၊ အနက္ေရာင္အစက္ေလး၊ သူေသခ်ာျမင္ရေအာင္ ၾကည့္လိုက္တယ္၊ အဲ့တာေၾကာင့္ အာ႐ုံစူးစိုက္မႈလည္း တျဖည္းျဖည္း ျပန္ရလာၿပီး၊ ေနာက္ဆုံး သူျပတ္ျပတ္သားသား ျမင္လိုက္ရတာက

ထိုအစက္ေလးမွာ ရန္ရိႏွာေခါင္းထိပ္က မွဲ႔ကေလးျဖစ္ေနျခင္းပင္။

ေနာက္ခံမွာက ေတာင္ေလာင္ေနတဲ့မီးေတာက္ေတြ၊ ၾကံ့ခိုင္ႏူးညံ့တဲ့လက္ေတြနဲ႔ ေပြ႕ဖက္ထားၿပီး၊ သူ႕ႏွာ႐ိုးေပၚက မွဲ႔ေလး။

မွတ္ဉာဏ္ေပၚက ဖုန္ေတြကို ေလတစ္ခ်က္ေဝွ႔တိုက္လိုက္သလိုပဲ၊ ႏွစ္ေဆြးၿပီး ဝါက်င္ေနတဲ့ ဓာတ္ပုံေတြ တစ္ပုံၿပီး တစ္ပုံ သူ႕စိတ္ထဲေပၚလာတယ္။ ဒီလိုအခိုက္အတန္႔၊ ဒီလိုလူမ်ိဳး၊ ရင္းႏွီးေနသလိုပဲ။

ဘယ္သူလဲ? ဘာလို႔သူမမွတ္မိတာလဲ?

အေဝးကေန မီးသတ္ကားနဲ႔ လူနာတင္ယာဥ္ အခ်က္ေပးသံေတြ နားထဲၾကားလိုက္သည္။

ရန္ရိ အခုမွပဲ စိတ္ေအးသြားသလို သက္ျပင္းခ်လိုက္သည္။

မီးသတ္ကား အျမန္ေရာက္လာတာနဲ႔ မီးေလာင္ေနတဲ့ကားကို မီးသတ္ႏိုင္ခဲ့ၿပီး ျပင္းထန္တဲ့ မေတာ္တဆမႈေတြ၊ ေပါက္ကြဲမႈေတြလည္း ထပ္မျဖစ္ေတာ့ေခ်။

လူနာတင္ယာဥ္က သူနာျပဳေတြ က်ိဳးခြၽမ္းကို ကားဆီတင္ေပးလိုက္ၿပီး ကုံးရင့္႐ွန္ကို သယ္ဖို႔ထပ္လာၾကသည္။

ကုံးရင့္႐ွန္ ရန္ရိလက္ေမာင္းကို ဆြဲထားရင္း ေခါင္းခါျပသည္။

ရန္ရိ ျငင္ျငင္သာသာေျပာလိုက္၏။

" ငါမင္းနဲ႔လိုက္ေပးမယ္၊ ငါမင္းနဲ႔ ေဆး႐ုံလိုက္ေပးမယ္ အိုေကေနာ္ "

" မသြား....."

ကုံးရင့္႐ွန္ စကားတစ္လုံးကို ခက္ခက္ခဲခဲ ေျပာလာသည္။

" မင္းေဆး႐ုံသြားရမယ္ေလ၊ ငါေျပာတာနားေထာင္၊ မင္းကိုစစ္ေဆး႐ုံပဲ၊ ဘာမွမလုပ္ဘူး၊ ၿပီးမွ ငါဦးေလး႐ွန္႔ကို လာေခၚခိုင္းလိုက္မယ္ ေနာ္ "

ကုံးရင့္႐ွန္က ေခါင္းခါေနဆဲပင္။

" ေကာင္းၿပီ လိမၼာတယ္ "

ရန္ရိ အေရးေပၚသူနာျပဳကို မ်က္စပစ္ျပလိုက္ၿပီး ကုံးရင့္႐ွန္ကို စိတ္ၿငိမ္ေဆးေပးဖို႔ေျပာလိုက္သည္။

သူနာျပဳက သေဘာေပါက္ၿပီး မ်က္စိတစ္မွိတ္အတြင္း ကုံးရင့္႐ွန္ကို အျမန္ေဆးထိုးေပးလိုက္သည္။ ကုံးရင့္႐ွန္ မ်က္လုံးမ်ား ျဖည္းျဖည္းခ်င္း မွိတ္သြားေတာ့၏။

" မင္းတို႔ ကားထဲအရင္ဝင္ႏွင့္လိုက္ေနာ္၊ ကြၽန္ေတာ့္ကို တစ္မိနစ္ေလာက္ေစာင့္ေပး "

ရန္ရိ ကုံးရင့္႐ွန္ရဲ႕ထမ္းစင္ျပားကို ကားထဲသြင္းဖို႔ သူနာျပဳေလးကို ကူေပးလိုက္သည္။

ရဲတပ္ကူတစ္ေယာက္က သူ႕ဆီလာၿပီး

" ရဲေဘာ္ ဘာကိစၥလဲ? "

ရန္ရိ သူကယ္ထားတဲ့ေၾကာင္ေလးကို ေျမႀကီးေပၚကေန ညင္ညင္သာသာယူလိုက္ၿပီး အေလာတႀကီးေျပာလိုက္သည္။

" ရဲေဘာ္ ကြၽန္ေတာ္က ဟုန္းဝူၿမိဳ႕နယ္၊ ဖီးနစ္မီးသတ္တပ္ဖြဲ႕ရဲ႕ စခန္းေခါင္းေဆာင္ပါ၊ ဒါကေတာ့ ဟုန္းဝူဌာနခြဲကမႈခင္းရဲတပ္သား၊ ကြၽန္ေတာ္တို႔ မီး႐ိႈ႕သမားတစ္ေယာက္မိထားတယ္၊ ဟုန္းဝူဌာနခြဲကို ခ်က္ခ်င္းသတင္းပို႔ေပးပါ "

" မင္းက....ေခါင္းေဆာင္ရန္လား?"

တစ္ဖက္လူက ရန္ရိရဲ႕ မဲျပာေနတဲ့မ်က္ႏွာကို ေသခ်ာၾကည့္ၿပီး

" အိုး မင္းပဲ၊ ကြၽန္ေတာ္မင္းကို ေၾကာ္ျငာဗီဒီ႐ိုမွာ ျမင္ဖူးတယ္ "

ရန္ရိ ထိုရဲေဘာ္နဲ႔ လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး

" ညီကို၊ ကြၽန္ေတာ္ဒါကို အပ္ခဲ့ၿပီ၊ ေၾကာင္ေလးက အသက္႐ွိေသးလို႔ ကြၽန္ေတာ္ ဂ႐ုစိုက္လိုက္မယ္"

" သြားပါ ကြၽန္ေတာ္ အခင္းေနရာကို တာဝန္ယူလိုက္မယ္ "

ရန္ရိ ကုံးရင့္႐ွန္ရဲ႕ လူနာတင္ယာဥ္ထဲဝင္လိုက္သည္။ သူ႕လက္ဖဝါးေလာက္ပဲ႐ွိၿပီး အေမႊးနဲ႔အသားကပ္ေနတဲ့ ေၾကာင္ေလးကိုၾကည့္ရင္း ဒဏ္ရာျပင္းလား၊မျပင္းလား သူမေျပာတတ္ေပ။ သူနာျပဳကို သူေျပာလိုက္သည္။

" ရဲေဘာ္ မင္းသူ႕ကိုကယ္ႏိုင္လား? "

သူနာျပဳက မ်က္ေမွာင္ၾကဳတ္သြားရင္း ေျပာလာသည္။

" အရင္က တိရစၧာန္တစ္ေကာင္ကို မကုေပးဖူးဘူး၊ အရင္ဆုံး အပူေလ်ာ့ေအာင္ပဲ လုပ္ေပးႏိုင္မယ္၊ ခဏေနရင္ ၂၄ နာရီတိရစၧာန္ေဆး႐ုံကိုျဖတ္သြားမွာ၊ အဲ့ကိုပို႔ထားလိုက္ေပါ့ "

" ေကာင္းပါၿပီ "

သူနာျပဳက ေရခဲတုံး‌ေတြကို ပတ္တီးစနဲ႔ပတ္ၿပီး ေၾကာင္ေလးရဲ႕ဒဏ္ရာေတြကို ခပ္ဖြဖြ ဖိကပ္ေပးသည္။ ေၾကာင္ေလးက နာလို႔တြန္႔တက္သြားၿပီး လည္ေခ်ာင္းထဲက ငိုသံအက္႐ွ႐ွထြက္လာ၏။ သူနာျပဳက စိတ္ညစ္ညစ္နဲ႔ေျပာလာသည္။

" အေတာ္ေသးတဲ့ေၾကာင္ပဲ၊ အသက္႐ွင္ပါ့မလားေတာင္ မသိဘူး "

ရန္ရိ သက္ျပင္းခ်ရင္း စိတ္မသက္သာသလို ခံစားရသည္။

ဒီညအေတာ္မ်ားမ်ား ေတြ႕ၾကဳံလိုက္ရၿပီးသကာလ သူ႕ေခါင္းထဲမွာ ႐ႈပ္ေထြးေနသည္။ အခုေတာ့ သူ႕မွာ ေဒါသထြက္ဖို႔ေတာင္ အားမ႐ွိေတာ့ဘူး။ က်ိဳးခြၽမ္းနဲ႔ အနက္ေရာင္ဝတ္ထားတဲ့ေကာင္ လုပ္ခဲ့တာရယ္၊ လူေတြ screen ေနာက္မွာပုန္းကြယ္ရင္း ‌ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ၾကည့္ေနမွာရယ္ကို ျပန္စဥ္းစားမိေတာ့ သူ ေအးသလိုပဲခံစားရၿပီး တကယ္တမ္း သူ႕ႏွလုံးသား အတြင္းပိုင္းမွာေတာ့ ေၾကာက္မက္ဖြယ္ အေအးလိႈင္းႀကီးတိုက္ခတ္သြား၏။

တိရစၧာန္ေဆး႐ုံကိုျဖတ္ေတာ့ ရန္ရိ ေၾကာင္ေလးကို တာဝန္က်တိရစၧာန္ဆရာဝန္ဆီ အပ္ခဲ့ၿပီး ယြမ္တစ္ေထာင္နဲ႔ သူ႕ဖုန္းပဲ ပါလာေတာ့သည္။ သူထြက္လာေတာ့ ေၾကာင္ေလးက အိပ္ေနၿပီ၊ ညစ္ပတ္ေနတဲ့အေမႊးေတြက အတူကပ္ေနၿပီး ျဖည္းျဖည္းခ်င္းလႈပ္ေနတဲ့ ခႏၶာကိုယ္ေလးက ဘယ္သူမဆို အသက္ႏႈတ္သြားႏိုင္သည့္အလား ႏုနယ္ပုံေပၚေနေသာ္လည္း ေခါင္းမာမာနဲ႔ အသက္ဆက္႐ွဴေနဆဲပင္။

သူေၾကာင္ေလးကို ထိေတြ႕ရင္း စိတ္ထဲကေန အသက္႐ွင္ပါေစလို႔ဆုေတာင္းလိုက္သည္။ ေနာက္ေတာ့ လူနာတင္ယာဥ္ဆီျပန္လာၿပီး ကုံးရင့္႐ွန္ကို ေဆး႐ုံအတူလိုက္ေပး၏။

သူတို႔ ေဆး႐ုံေရာက္ေတာ့ ဆရာဝန္က ကုံးရင့္႐ွန္ကို စမ္းသပ္ေပးရင္း ရန္ရိျပန္ေျပာျပတာကို နားေထာင္သည္။ အဲ့တာၿပီးေတာ့ ဆရာဝန္က နားက်ပ္ျဖဳတ္လိုက္ၿပီး

" လူကအဆင္ေျပပါတယ္၊ ဒါေပမယ့္ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈက အေတာ္ႀကီးတယ္၊ စိတ္ေရာဂါဌာနဆီ ေျပာင္းေပးလိုက္ပါ "

ရန္ရိ တြန္႔ဆုတ္ေနၿပီးမွ

" ေဒါက္တာ သူ႕ကိုလူနာေဆာင္မွာ အရင္နားခိုင္းလိုက္ပါလား၊ မဆုံးျဖတ္ခင္ ကြၽန္ေတာ္ သူ႕မိသားစုကို အရင္ဆက္သြယ္လိုက္ဦးမယ္ "

သူထပ္ျဖည့္ေျပာလိုက္သည္။

" သီးသန္႔လူနာေဆာင္ပါ "

======

ကုံးရင့္႐ွန္ စိတ္ၿငိမ္ေဆးအ႐ွိန္မျပယ္ေသးဘဲ အိပ္ေပ်ာ္ေနၿပီး ၿငိမ္သက္ေနတဲ့သူ႕မ်က္ႏွာက ဘာမွျဖစ္မသြားခဲ့သလို။ ေခြၽး႐ႊဲေနတဲ့ဆံဖ်ားေတြကသာ ထိုအျဖစ္အပ်က္က သူ႕အဖို႔ မလြယ္ကူမွန္း ေဖာ္ျပေနသည္။

ရန္ရိ ဦးေလး႐ွန္႔ကို ေခၚလိုက္ေသာ္လည္း ခ်ိဳးယန္က ဦးေလး႐ွန္႔ထက္အရင္ ေရာက္လာ၏။ အခင္းေနရာကို မီးသတ္တဲ့ မီးသတ္စခန္းက ဟုန္းဝူဌာနကို အေၾကာင္းၾကားလိုက္တာသိသာၿပီး သူခဏအတြင္း သူမကို ညကဘာျဖစ္ခဲ့လဲ ႐ွင္းျပလိုက္သည္။

ဦးေလး႐ွန္႔ေရာက္လာေတာ့ ေဆး႐ုံကုတင္ေပၚ၌ သတိေမ့ကာ‌လဲေလ်ာင္းေနေသာ ကုံးရင့္႐ွန္ကို စိတ္မေကာင္း‌သည့္မ်က္ႏွာျဖင့္ၾကည့္သည္။ သူ႕လက္ထဲမွာ အဝတ္အစားအသန္႔ေတြကိုင္ထားၿပီး စကားတစ္လုံးေတာင္ မေျပာႏိုင္ေခ်။

ရန္ရိ သူ႕ကို စိတ္ေအးသြားေအာင္ေျပာလိုက္သည္။

" သူအဆင္ေျပပါတယ္၊ စိတ္ၿငိမ္ေဆးထိုးထားလို႔ သူႏိုးလာရင္ျပန္ေကာင္းသြားမွာပါ "

ဦးေလး႐ွန္႔က စိတ္ေကာင္းျဖစ္ၿပီး ေျပာလာသည္။

" သခင္ေလးငယ္ငယ္ကတည္းက စိတ္ေရာဂါကုထုံး လုပ္ေနတာ၊ ဆယ့္သုံးႏွစ္အ႐ြယ္ေလာက္က်ေတာ့ မီးကိုနည္းနည္း ရင္ဆိုင္ႏိုင္လာတယ္၊ ဒါေပမယ့္ သူမီးေၾကာင့္ ပူတဲ့အစားအစာေတြကိုေတာင္မစားတာ၊ ဘယ္တုန္းကမွ မီးနဲ႔အရမ္းနီးကပ္တာမ်ိဳးမ႐ွိဖူးဘူး "

ရန္ရိ အျပစ္႐ွိသလို ေခါင္းငုံ႔သြားသည္။

ခ်ိဳးယန္က ျငင္ျငင္သာသာေျပာလာ၏။

" ဦးေလး႐ွန္႔က ႐ွင့္ကိုအျပစ္တင္ေနတာမဟုတ္ပါဘူး၊ ေခါင္းေဆာင္ အရမ္းႀကီးမေတြးပါနဲ႔၊ ႐ွင့္အျပစ္မဟုတ္ပါဘူး "

ဦးေလး႐ွန္႔ကလည္း အျမန္ေျပာလာသည္။

" ေခါင္းေဆာင္ ဦးေလးအဲ့လိုမရည္႐ြယ္ပါဘူး "

ရန္ရိ ေခါင္းညိတ္ျပလိုက္ၿပီး

" ကြၽန္ေတာ္သိပါတယ္ ဒါေပမယ့္....သူ႕ကို ဒီလိုမ်ိဳးျပင္းထန္တဲ့အ‌ေျခအေန ျဖစ္မယ္လို႔ မထင္ခဲ့မိဘူး "

" အခုပိုေကာင္းလာပါၿပီ၊ သူ ႏွစ္အၾကာႀကီး ေဆးလည္းမေသာက္ရေတာ့သလို၊ ဆရာဝန္လည္းျပစရာမလိုေတာ့ပါဘူး "

ဦးေလး႐ွန္႔က သက္ျပင္းခ်သည္။

" သခင္ေလးက ညစ္ပတ္တာအမုန္းဆုံးပဲ၊ ႏိုးလာရင္ စိတ္မညစ္ရေအာင္ သန္႔႐ွင္းေရးလုပ္ေပးၿပီး အဝတ္ေတြလဲေပးလိုက္ဦးမယ္ "

ရန္ရိနဲ႔ ခ်ိဳးယန္ လူနာေဆာင္ကထြက္လာလိုက္သည္။

က်ိဳးယန္က ႐ုပ္တည္ေနၿပီး မ်က္ႏွာေပၚမွာေတာ့ ဝမ္းနည္းမႈတစ္စြန္းတစ္စျဖင့္။

" အျပင္ထြက္ၿပီး ေလညင္းခံတာေပါ့ "

" သြားရေအာင္ "

သူတို႔ႏွစ္ေယာက္ ေဆး႐ုံအျပင္ဘက္႐ွိ ဝင္းဆီ လမ္းေလွ်ာက္သြားၾကၿပီး ခ်ိဳးယန္က ‌စီးကရက္ဘူးကိုထုတ္ကာ ရန္ရိဆီ ကမ္းေပးလာသည္။

ရန္ရိ လက္တြန္႔ေနၿပီးမွ တစ္လိပ္ထုတ္လိုက္သည္။ သူေကာလိပ္မွာတုန္းက ေဆးလိပ္ေသာက္တယ္၊ အဲ့အခ်ိန္က သူငယ္လည္းငယ္၊ ျဖတ္လည္းျဖတ္လတ္ေတာ့ ခပ္မိုက္မိုက္ျဖစ္ခ်င္႐ုံသာ။ ေနာက္ သူစခန္းထဲဝင္ေတာ့ ေဆးလိပ္ျဖတ္လိုက္သည္။ ႏွစ္တိုင္း ‌စီးကရက္ဖင္ေၾကာင့္ မီးေလာင္တဲ့အမႈ ရာနဲ႔ခ်ီ႐ွိၿပီး၊ ‌မီးသတ္သမားတစ္ေယာက္အေနနဲ႔ သူစီးကရက္ေသာက္ဖို႔ နည္းနည္း ႐ိႈးတိုး႐ွန္႔တန္႔ျဖစ္ေနမိသည္။

ဒါေပမယ့္ အခုေတာ့ သူတကယ္ကို စိတ္ညစ္ေနၿပီး ေျဖေလွ်ာ့ဖို႔လိုသည္။

ခ်ိဳးယန္က လက္ေခ်ာင္းသြယ္မ်ားၾကား၌ ‌စီးကရက္ဖြာရင္း ေက်ာက္တုံးစားပြဲတစ္ခုေပၚထိုင္ေနသည္။ စီးကရက္ေငြ႕ေတြကို သူမႏႈတ္ခမ္းဖ်ားကတစ္ဆင့္ တျဖည္းျဖည္းခ်င္းမႈတ္ထုတ္လိုက္ၿပီး သူမ စီးကရက္မီးက မွိန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္ထက္က ၾကယ္ေလးတစ္ပြင့္လို၊ သူမဆံပင္႐ွည္မ်ားကေတာ့ ေမွာင္မိုက္ေနတဲ့နဂါးေငြ႕တန္းအလား။ ထိုပုံရိပ္ထဲ၌ အတိုင္းတဆမ႐ွိေသာ အလွတရားမ်ား ပါဝင္ေနသည္။

ရန္ရိလည္း တစ္ဖြာ႐ိႈက္လိုက္သည္၊ စူး႐ွေသာ အရသာက သူ႕လည္ေခ်ာင္းထဲဝင္လာၿပီး သူ႕ကို ေနရခက္စြာ ႏွစ္ႀကိမ္ခန္႔ ေခ်ာင္းဆိုးေစသည္။

ခ်ိဳးယန္ ရယ္လိုက္ၿပီး

" ႐ွင္ေဆးလိပ္မေသာက္တာၾကာၿပီလား? "

" အင္း ဒါေပမယ့္ မင္းစီးကရက္ကျပင္းလြန္းတယ္၊ မိန္းကေလး‌တစ္ေယာက္ ဒီလိုစီးကရက္ျပင္းျပင္းေသာက္တာကို ပထမဆုံးေတြ႕ဖူးတာပဲ "

" အလုပ္ဖိအားမ်ားေတာ့ စိတ္လန္းေနဖို႔လိုတယ္ေလ "

ခ်ိဳးယန္ သူမလက္ထဲက စီးကရက္ကိုၾကည့္လိုက္ၿပီး

" ‌ေဆးလိပ္ေသာက္တာ အႏၲရာယ္မ်ားတယ္၊ ဒါေပမယ့္ လူအေတာ္မ်ားမ်ား မျဖတ္ႏိုင္ၾကသလို၊ ႏိုင္ငံေတာ္ကလည္း မျဖတ္ႏိုင္ဘူး၊ ေနာက္ဆုံး အခြန္ေတြပဲ မ်ားလာတာေပါ့ "

" ဟုတ္တယ္ "

" ႐ွင္ေျပာ အဲ့တာမီးလိုပဲမလား "

က်ိဳးခြၽမ္း အမူအရာက သိမ္ေမြ႕ၿပီး ပန္းပု႐ုပ္တစ္ခုလို လွပေပမယ့္ သူ႕အထီးက်န္မႈေတြကို ဖုံးထားဖို႔ေတာ့ ခက္သည္။

" ေကာင္းက်ိဳးမ်ားသလို ဆိုးက်ိဳးလည္းမ်ားတယ္ "

" အင္း မီးက လူသားေတြရဲ႕တိုးတက္မႈအစပဲ၊ ဒါေပမယ့္ လူသားေတြတိုးတက္မႈကို ဖ်က္ဆီးမယ့္ လူသတ္သမားႀကီးဆိုလည္း ဟုတ္တယ္ "

" ရင့္႐ွန္ အရင္က မီးနဲ႔ပတ္သက္တဲ့ သမိုင္းေၾကာင္း၊ ဒ႑ာရီ၊ ယုံၾကည္မႈ၊ ေ႐ွး႐ိုးထုံးထမ္း၊ သိပၸံပညာပိုင္း နဲ႔ အျခားနယ္ပယ္ေတြ ေလ့လာဖူးတယ္ "

ခ်ိဳးယန္က ခါးသက္သက္ျပဳံးရင္း

" သူမီးေၾကာက္တာကို ကုသမယ္လို႔‌ေျပာတယ္ ၊ ဒါေပမယ့္ ကြၽန္မထင္တာက၊ သူအယူသီးေနတာပဲ၊ သူမီးကိုလက္မလႊတ္ႏိုင္ဘူး၊ မီးကေန အမွန္တရား႐ွာခ်င္တယ္၊ ၿပီးေတာ့ အဲ့လိုအေတြ႕အၾကဳံမ်ိဳး ၾကဳံဖူးတဲ့သူေတြ လြတ္ေျမာက္ႏိုင္မလား ဆိုတာကိုေရာပဲ "

ရန္ရိ ‌စီးကရက္ခပ္ျပင္းျပင္း႐ိႈက္လိုက္ၿပီး ကုံးရင့္႐ွန္ ကေလးဘဝကတည္းက ၾကဳံေတြ႕ခဲ့ရတာေတြ စဥ္းစားမိတဲ့အခါ အသက္႐ွဴခက္လာသလို ခံစားရသည္။

" ႐ွင္ အကုန္လုံးသိၿပီးၿပီလား? "

ခ်ိဳးယန္ေမးလာသည္။

" သူ႕မိသားစု အေၾကာင္း "

" ကြၽန္ေတာ္ နည္းနည္းပဲသိတယ္၊ ေဘးဘက္ကသိတာပါ၊ သူ႕ကိုမေမးဘူး၊ မေမးရဲလို႔ "

" ဘယ္သူမွ သူ႕ကိုမေမးရဲဘူး "

ခ်ိဳးယန္က ေဆး႐ုံအေဆာက္အဦးကိုလွမ္းၾကည့္လိုက္သည္။ အေဆာက္အဦးရဲ႕ ပုံစံတက်တည္ေဆာက္ထားေသာ စတုန္းမ်ားက မႈန္မိႈင္းၿပီး စိတ္ညိႇဳးႏြမ္းေစသလိုပင္။ ျပတင္းေပါက္တန္းမ်ား၌ အနည္းငယ္သာ မီးဖြင့္ထားၾကသည္။ ညခင္းၾကည့္မိပါက ရင္ဖိုၿပီး ၾကက္သီးေမြးညင္းထစရာပင္ျဖစ္ေတာ့၏။

" သူဘာလို႔ေဆး႐ုံေတြမုန္းတာလဲ ႐ွင္သိလား? "

" သူမိဘေတြ..."

ခ်ိဳးယန္က ေခါင္းခါၿပီး

" သူ႕မိဘေတြက အိမ္ကေတာင္ အသက္႐ွင္လ်က္ထြက္မလာႏိုင္ဘူး၊ ေဆး႐ုံပို႔လိုက္ရတာက သူ႕အစ္မပဲ "

ရန္ရိ မင္သက္သြားရသည္။

" သူ႕အစ္မက ကြၽန္မရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း "

ခ်ိဳးယန္ စီးကရက္ဖြာၿပီး တိုးဖြဖြ ေျပာလာသည္။

" ကြၽန္မတို႔ KG တန္းကေန အလယ္တန္းအထိ အခန္းအတူတူပဲ၊ ၿပီးေတာ့ ကေလးဘဝကေန အ႐ြယ္ေရာက္တဲ့အထိ မခြဲခြာစတမ္းေနခဲ့ၾကတာ "

ရန္ရိ လက္သီးကို မသိမသာဆုပ္လိုက္ရင္း၊ သူဘယ္လို ႏွလုံးနာစရာဇာတ္လမ္းမ်ိဳး ၾကားရေတာ့မလဲ သိေနသည္။

" သူ(မ)က..... သူက ကြၽန္မေတြ႕ဖူးသမွ်ထဲမွာ အလွဆုံးမိန္းကေလးပဲ၊ စမတ္က်ၿပီး ၾကင္နာတယ္၊ စႏၵယား လည္း ေကာင္းေကာင္းတီးတတ္ၿပီး နတ္သမီးေလးတစ္ပါးလိုပဲ ၿပီးျပည့္စုံလြန္းတယ္၊ ဒါေပမယ့္ သူမီး‌ေလာင္သြားတာ မမွတ္မိႏိုင္ေလာက္ေအာင္ပါပဲ..."

သူအသက္ျပင္းျပင္း႐ွဴလိုက္ၿပီး အသံက ဆို႔နင့္ေနၿပီျဖစ္သည္။

" လက္ဆယ္ေခ်ာင္းလုံး ပူးကပ္သြားတယ္ "

ရန္ရိ အသက္ျပင္းျပင္း႐ွဴ႐ိႈက္လိုက္ၿပီး မ်က္လုံးမ်ားက နီရဲေနသည္။ လူသားခႏၶာကိုယ္ေတြ မီးေလာင္ခံထားရတဲ့ စိတ္မခ်မ္းေျမ့ဖြယ္ရာအေျခအေနေတြ သူျမင္ဖူးသည္။ သူအမ်ားႀကီးကို ျမင္ဖူးပါ၏။

" သူ အထူးၾကပ္မတ္ေဆာင္မွာ ေျခာက္ရက္ေလာက္ေနရၿပီးေတာ့....."

ခ်ိဳးယန္ မ်က္ရည္စတို႔ တိတ္တဆိတ္ က်ဆင္းလာသည္။

စီးကရက္ကိုင္ထားတဲ့ ရန္ရိလက္ေတြလည္း မရပ္ႏိုင္ေလာက္ေအာင္ တုန္ယင္ေနသည္။

ခ်ိဳးယန္ သူ႕မ်က္ရည္ေတြကို တစ္စမက်န္ သုတ္ပစ္လိုက္ၿပီး

" ေခါင္းေဆာင္၊ ရင့္႐ွန္က ဆယ္႐ွစ္ႏွစ္လုံးလုံး သူ႕ကိုယ္သူပိတ္ေလွာင္ထားခဲ့တယ္၊ ႐ွင့္တစ္ေယာက္တည္းကိုပဲ သူသူငယ္ခ်င္းလုပ္ခဲ့တာ၊ ကြၽန္မတို႔ ႐ွင့္အတြက္အရမ္းဝမ္းသာၿပီး ေနာင္အနာဂတ္မွာလည္း ႐ွင္သူ႕ကိုအမ်ားႀကီးကူညီႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္ "

" ကြၽန္ေတာ္ကူညီမွာပါ "

ရန္ရိ အသက္ျပင္းျပင္း႐ွဴ႐ိႈက္လိုက္ၿပီး ရင္ထဲမွာေတာ့ ကူရာမဲ့ေသာ ေဒါသလိႈင္းတစ္ခ်က္႐ိုက္ခတ္သြားသည္။ သူမေအာင့္ႏိုင္ဘဲ ေျပာလိုက္၏။

" ဘာလို႔ သူ႕အေဖက ဒီလိုလုပ္ရပ္မ်ိဳးလုပ္ရတာလဲ..."

ခ်ိဳးယန္ ခဏမွ်တိတ္သြားၿပီး

" ႐ွင္ဘာပဲၾကားခဲ့ၾကားခဲ့ အဲ့တာအမွန္မဟုတ္ဘူး "

ရန္ရိ  ခ်ိဳးယန္ကို အံ့ဩတႀကီး ၾကည့္လိုက္သည္။

" သူတို႔လုပ္ၾကံခံရတာ "

======

Note---

Post-traumatic stress disorder (PTSD) - ထိတ္လန္႔စရာအျဖစ္အပ်က္တစ္ခုခုကို ကိုယ္တိုင္ၾကဳံေတြ႕လိုက္ရတာပဲျဖစ္ျဖစ္ ျမင္ေတြ႕လိုက္ရတာပဲျဖစ္ျဖစ္ အဲ့ကေနစၿပီး စိတ္ေျခာက္ျခားတာ အစ႐ွိတဲ့ စိတ္ေရာဂါေတြျဖစ္လာတာကိုေျပာတာပါ။

See you soon!

Btw, 188 roleplayers ေတြစုံေနၿပီေနာ္ က်ေနာ္ေတာင္ စကားသြားေျပာၿပီး အားေမြးေနရတယ္