Translator - Lynx
____________
[ Unicode ]
နောက်တစ်နေ့၌ မီးစုံစမ်းစစ်ဆေးရေးဌာန ဓါတ်ခွဲခန်းမှ ရလဒ်များထွက်လာသည်။
အခင်းနေရာတွင် ကုံးရင့်ရှန်တွေ့ခဲ့သော ဖန်စလေးက သူမှန်းထားသကဲ့သို့ပင် အရက်ပြန်မီးခွက်မှ ဖြစ်နေ၏။
ရန်ရိ ချိုး၀မ်ကို အစီရင်ခံစာ copy အား ဟုန်းဝူဌာနသို့ ပို့ရန် ပြောလိုက်ပြီးနောက် ကုံးရင့်ရှန်ကို စစ်ဆေးရေးရလဒ်တွေ စာဖြင့်ပို့လိုက်သည်။
ဒီလိုခိုင်မာတဲ့ သက်သေနဲ့ဆိုရင်တော့ အခြေခံအားဖြင့် အမှုပိတ်နိုင်ပြီး စုံစမ်းရေးကလည်း ၄ ရက်သာရှိသေးသည်။
ဒီလို အချိန်တိုအကျိုးရှိ မျိုးက ခေါင်းဆောင်များနှင့် လူထုကိုလည်း တာ၀န်ခံရာကျ၏။
ရန်ရိ ထိုကိစ္စကို ပြီးပြတ်သွားပြီလို့ထင်ခဲ့သော်လည်း နေ၀င်ရီတရော အချိန်မှာတော့ ကုံးရင့်ရှန်ထံမှ နောက်ထပ်ခေါ်ဆိုမှုတစ်ခုလက်ခံရသည်။
" မင်း စစ်ဆေးရေး အစီရင်ခံစာ ရလိုက်လား? "
" ရတယ် ကျွန်တော်ခင်များနဲ့ တစ်ခုအတည်ပြုချင်လို့ "
" ဘာလဲ? "
" ခင်များ ဥသြဆွဲသံကြားပြီး၊ အခင်းနေရာကိုသွားတာ ၊ အရေးပေါ်ထွက်ပေါက်ဖွင့်တာ ၊ မီးငြိမ်းသတ်တာ ၊ အဲ့တာတွေရဲ့ အချိန်အတိအကျ "
" ငါ အစီရင်ခံစာရေးလို့မပြီးသေးဘူး ငါမင်းကိုအရင်ပို့ပေးလို့ရတယ် အဲ့အထဲမှာအချက်အလက်တွေမှတ်ထားတယ် ဘာဖြစ်လို့လဲ? "
" အမှူရဲ့အဖြစ်မှန်က ပြောင်းသွားနိုင်တယ် "
ရန်ရိ မတ်မတ်ထိုင်လိုက်သည်။
" ဘာပြောင်းလဲတာလဲ? အမှုပိတ်ဖို့ ဖြစ်နိုင်နေပြီမဟုတ်လား? "
" ခိုင့်၀မ်က ဆေးသုံးတာရော ဆိုဖာပေါ်က အရက်ပြန်မီးခွက်ကိုရော ၀န်ခံတယ်၊ ဒါပေမယ့် သူ(မ) ပြောတာက စားသောက်ခန်းထဲမှာ အခြားသူလည်းရှိသေးတယ်တဲ့ ထူးဆန်းတဲ့သူ၊ သူ(မ) ခေါင်းရှုပ်နေပြီး အခြားတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကိုမမှတ်မိဘူး အဲ့လူက အရက်ပြန်မီးခွက်ကို တမင်သက်သက်ခွဲလိုက်တာလို့ပြောတယ် သူ(မ) အစကမပြောရဲခဲ့တာက သူဆေးသုံးတာကြောင့် ဖမ်းမှာကြောက်လို့ပါတဲ့ "
ရန်ရိ တစ်ခဏတာတိတ်ဆိတ်သွားသည်။
" မင်းက ဆေးစွဲနေတဲ့သူပြောတာယုံလား? သူအာဘော်တွေက ခဏခဏ ပြောင်းနေတာပဲကို "
" ဆေးစွဲနေတဲ့သူတိုင်း အယောင်ဆောင်လူတွေပဲ
ကျွန်တော်သူ့ကို အပြည့်အ၀ယုံမှာမဟုတ်ဘူး ဒါပေမယ့် အဲ့တာကနည်းနည်း သံသယဖြစ်စရာကောင်းတယ်
အရက်ပြန်မီးခွက်ရဲ့ နှုတ်ခမ်းပုံစံက အပိတ်ပုံစံမျိုး ၊ တကယ်လို့ပြုတ်ကျသွားရင် ကော်တွန်မီးစာစ စိမ့်ထွက်သွားမယ်ဆိုပေမယ့် ဖြစ်ခဲတယ် ဘူးကယိုစိမ့်တာအရမ်းများနေပြီး ဘူးကိုယ်ထည်ကလည်း ယေဘုယျအားဖြင့်ထူတယ် ၊ ကော်ဖီစားပွဲ ဒါမှမဟုတ် ဆိုဖာက ကြမ်းပြင်နဲ့ ဘယ်လောက်များဝေးမှာလဲ? ၄၀ စင်တီမီတာလောက်? ကျွန်တော်အခြား အရက်ပြန်မီးခွက်တွေယူပြီး စမ်းကြည့်တယ် ၊ အဆိုးဆုံးကကျိုးပဲရုံပဲ ၊ ကျွန်တော်တို့တွေခဲ့တာက ပိုထူတယ် "
" အမြန်မီးစွဲတယ် ၊ လောင်ဖို့မလုံလောက်တဲ့လောင်စာ ၊ မီးကူပစ္စည်းတစ်ခုခုလိုဦးမှာပဲ မင်းဆိုလိုတာက တစ်ယောက်ယောက်က မီးခွက်ကိုပြင်းပြင်းထန်ထန် ရိုက်ခွဲထားရမယ်ပေါ့ "
" ခိုင့်၀မ် ပြောတာလည်းအတူတူပဲ ဒါပေါ့ သူ(မ) ခွဲတယ်ဆိုတဲ့ ဖြစ်နိုင်ချေကလည်း မလွတ်ဘူး ဒါပေမယ့် ကျွန်တော် သက်သေပြဖို့ အထောက်အထားလိုသေးတယ် "
ကုံးရင့်ရှန် ခဏရပ်လိုက်ပြီး :
" ဒါမှမဟုတ် ပယ်ချလိုက်တာပေါ့ "
" မင်းဘယ်လို သက်သေပြချင်လဲ ?"
" ကျွန်တော် အခင်းဖြစ်တဲ့အချိန် အခင်းနေရာကိုပြန်သွားချင်တယ် သဲလွန်စအသစ်တွေ့မလားလို့ "
" ညဘက်သွားမှာလား? အလင်းရောင်သိပ်မကောင်းဘူးနော်
"
" အမှုကို တတ်နိုင်သလောက်ပြန်မှတ်ယူတာက တရားခံရှုထောင့်ကနေ တွေးကြည့်ဖို့အကူအညီရတယ် "
ရန်ရိ သူ့ဆံပင်များကို ဆွဲကုတ်လိုက်သည်။
" okay "
---------------
ည ၁ နာရီတွင် သူတို့နှစ်ယောက် စစ်ရှစ်ကျောင် သို့တစ်ခေါက်ပြန်သွားကြသည်။
လွန်ခဲ့သောရက်အနည်းငယ်က ဤနေရာတွင် မတော်တဆမှုကြီးဖြစ်ခဲ့ပြီး ထုံးစံအတိုင်း စီးပွာရေးလည်း ထိခိုက်သွား၏။
လမ်းတစ်လျှောက်လုံး အတော်တည်ငြိမ်နေပြီး အရင်ကလို ပျားပန်းခပ် စည်စည်ကားကားလည်းမရှိတော့ပေ။
သူ အခင်းနေရာရောက်တော့ ကုံးရင့်ရှန် ချက်ချင်းအထဲမ၀င်သေး၊ လမ်းကိုနှစ်ပတ်လောက် ပတ်ပြီး စစ်ရှစ်ရှောင်ဘက်သို့ အရှေ့မှအနောက်သွားရန် လိုအပ်သောလမ်းများထက်လျှောက်ကြည့်နေသည်။
ရန်ရိ သူ့နောက်သို့ လမ်းအတိုင်းလိုက်သွားသည်။
စားသောက်ဆိုင်မှလွင့်ပျံလာသော အနံ့များရကာ သားရည်တစ်မြားမြားကျလာရပြီး ဗိုက်ကလည်း ပြင်းပြင်းထန်ထန် တဂွီဂွီမြည်လာတော့၏။
ညသန်းခေါင် ၁ နာရီမထိုးသေးမီ, အခင်းစတင်ဖြစ်ပွားသည့်အချိန်ခန့် , သူတို့နှစ်ယောက် အတားအဆီးကိုကျော်ကာ အပျက်အစီးများထဲ၀င်သွားလိုက်သည်။
ကုံးရင့်ရှန် အသက်ခပ်ပြင်းပြင်းရှူကာ mask တပ်လိုက်ပြီး ဓါတ်မီး ကိုဖွင့်လိုက်သည်။
" ခဏနေပါဦး "
ရန်ရိ သူ့ကိုကြည့်လိုက်သည်။
" မင်းထပ်မအန်တော့ဘူးလား? "
" အာမ,မခံဘူး "
" ဒီမှာ နည်းနည်းညစ်ပတ်နေရုံပါပဲ အဲ့တာကို မင်းအန်တယ် မင်းစိတ်ဆရာ၀န်နဲ့တွေ့ဖူးလား? "
ရန်ရိ ပခုံးတွန့်လိုက်သည်။
" အဲ့တာပြသနာဆို မင်းကိုယ့်ကိုယ်ကို ဘာလို့အပင်ပန်းခံနေတာလဲ? "
ကုံးရင့်ရှန် အေးအေးစက်စက်ပြောလိုက်သည်။
" ခင်များသာ အဓိပ္ပါယ်မဲ့တာတွေပြောမနေဘူးဆို ကျွန်တော်တို့မြန်မြန်ပြီးပြီး ကျွန်တော် ခင်များပေါ်လည်းအန်ချတော့မှာမဟုတ်ဘူး "
ပြောပြီးနောက် သူ ခြေလှမ်းကျဲကျဲဖြင့် ၀င်သွားတော့၏။
ရန်ရိ ကုံးရင့်ရှန်ကို မျက်စောင်းထိုးလိုက်ပြီး လိုက်၀င်သွားလိုက်သည်။
နေရာက အရင်နှစ်ရက်ကနှင့် ဘာမှမကွာခြားပေ၊ သို့ပေမယ့် ညဘက်မှာ အမြင်ကတော့ အလွန်အားနည်း၏။
သူတို့အမြဲတမ်း ခြေလှမ်းများကို သတိထားနေရသည် သို့မှမဟုတ်လျှင် ပစ္စည်းပစ္စအမျိုးမျိုးကို ခလုတ်တိုက်မိပေမည်။
နှစ်ယောက် စမ်းတမ်းတမ်းဖြင့် အပေါ်တက်ကြသည်။ ကုံးရင့်ရှန် အခြားစားသောက်ခန်းတစ်ခုကို စစ်ဆေးပြီးနောက် ရေရွတ်လိုက်သည်။
" စားသောက်ခန်း တံခါးပိတ်ထားရင် အထဲကနေ အပြင်ကိုမမြင်နိုင်ဘူး ခိုင့်၀မ်ပြောတာသာအမှန်ဆို၊ ဒီမှာ စားသောက်ခန်းတွေအများကြီးရှိသားပဲ ဘာလို့ အဲ့လူက သူတို့ဆီကို၀င်လာရတာလဲ ဘာလို့မီးရှို့တာလဲ? "
" ငါတော့ သူ(မ) လိမ်နေတာလို့ထင်နေတုန်းပဲ သူ(မ) ပြောတဲ့သူက လုံး၀မရှိတာဖြစ်မယ် ဒါမှမဟုတ် သူ(မ)သိတဲ့သူ မို့လို့ ကာကွယ်နေတာဖြစ်ရမယ် "
ရန်ရိ ဓါတ်ပုံရိုက်လိုက်သည်။
" သူ(မ) က တစ်ဦးတည်းသော ရှင်ကျန်သူပဲ တကယ်ကို သက်သေမရှိဘူး "
ကုံးရင့်ရှန်ကတော့ မယုတ်မလွန်နေပြီး ကြည့်နေရင်းကနေ ဒုတိယထပ်သို့ လျှောက်သွားသည်။
ရန်ရိ ရုတ်တရက် တစ်ခုခုတွေးမိလိုက်၏။
" ဟေး ဘားပိုင်ရှင်က သူ့ဘားကိုတစ်ယောက်ယောက် မူးယစ်ဆေးတွေသယ်လာတာ သိမယ်ထင်လား? "
" မေးခွန်းကောင်းပဲ "
ကုံးရင့်ရှန်ပြောလိုက်သည်။
" ကျွန်တော့် အဖွဲ့သား စုံစမ်းနေတယ် "
" အဲ့တာဆို ကောင်မလေး ဆေးကိုထိခဲ့ရုံပေါ့ "
" အရမ်းများတယ် ခိုင့်၀မ်ပြောတာက သူ(မ) အကြိမ်အနည်းငယ်လောက် သုံးခဲ့တာမဟုတ်ဘူးတဲ့ ဓါတုဗေဒဆေးတွေက အာရုံကြောကို အများကြီးထိခိုက်စေတယ် အဲ့တာကြောင့် သူ(မ) အာရုံထွေပြားတာအားလုံးက လိမ်နေတာကြောင့်မဟုတ်ဘူး "
" စကားမစပ် မင်းကတကယ်ပဲ ဓါတုဗေဒ Ph.D ဘွဲ့ရလား? "
" okay "
" အဲ့တာဆို မင်း TV တွေမှာလို ကိုယ့်ဘာသာ ဓါတ်ခွဲနိုင်တာပေါ့ .....သိလား "
" အဲ့တာက ရိုးရိုးဓါတုဓါတ်ခွဲတာပါ "
ရုတ်တရက် ၊ သူတို့နှစ်ယောက်ကျောဘက်မှ ခြောက်ခြားဖွယ် ကျွီခနဲမြည်သံထွက်ပေါ်လာ၏။
သူတို့နှစ်ယောက် ခေါင်းတစ်ပြိုင်တည်းလှည့်လိုက်ရာ သူတို့နောက်၌ အရိပ်မည်းတစ်ခုကိုဖျက်ခနဲမြင်လိုက်ရသည်။
ညလယ်ခေါင်ကြီး လူသုံးဆယ်နီးပါးသေထားသော ပုံပျက်ပန်းပျက်အဆောက်အအုံထဲ အရိပ်ဖျက်ခနဲတွေ့လိုက်ရခြင်း၊ ရန်ရိ ခြေဖဝါးမှ ကြက်သီးထသွားသည်ကို ခံစားလိုက်ရ၏။
" ဘယ်သူလဲ! "
ကုံးရင့်ရှန် ဟစ်အော်ကာ မြားတစ်စင်းကဲ့သို့ လိုက်ဖမ်းလေသည်။
ရန်ရိ အမြန်လိုက်သွား၏။
ပုံရိပ်က ကော်ရစ်တာရှည်ကြီးကို ဖြတ်ပြေးကာ လှေကားများဆီ အပြေးသွားလျက်။
ထိုလူက သက်ရှိတစ်ယောက်ဖြစ်ကြောင်း သေချာအောင်လုပ်ပြီးသည့်နောက်တော့ ရန်ရိ စိတ်သက်သာသွားသည့် သက်ပြင်းခိုးချလိုက်သော်ငြား သူ့ခြေလှမ်းကိုတော့ မနှောင့်နှေးသွားစေ၊ အဘယ်ကြောင့်ဆိုသော် မီးရှို့သမားများ၏ တူညီသော လက္ခဏာများအနက်တစ်ခုမှာ အခင်းနေရာသို့ ပြန်လာခြင်းကိုနှစ်သက်ပြီး သူတို့ရဲ့ "ပြောင်မြောင်တဲ့လက်ရာ" ကို တစ်ခါပြီးတစ်ခါ ပြန်ပြောင်းအမှတ်ရကြခြင်းပေ။
ဒီလူက အရမ်းတူ...
ရုတ်တရက် ရှေ့မှပြေးသွားသော ကုံးရင့်ရှန် တစ်ခုခုကို ခလုတ်တိုက်မိသွားကာ လူတစ်ကိုယ်လုံးရှေ့သို့ ယိုင်လဲသွားပြီး ရန်ရိ ခြေလှမ်းများကို မထိန်းလိုက်နိုင်ဘဲ သူ့ကို၀င်တိုက်မိတော့၏။
နှစ်ယောက်စလုံး ဘောလုံးကဲ့သို့ ရှုပ်ပွနေသော အပျက်အစီးများထဲသို့ လိမ့်သွားကြသည်။
ရန်ရိ သူ့နံရိုးက တစ်ခုခုနှင့်တိုက်မိသွားသည်ကိုခံစားလိုက်ရပြီး ခြေထောက်ခေါက်သွားသည်။
သူ နာကျင်စွာအော်လိုက်ပြီး သူ့နားထဲသို့ ကုံးရင့်ရှန်ရဲ့ ပင့်သက်ရှိုက်သံများ၀င်လာလေ၏။
ကုံးရင့်ရှန်၏ အနံ့များ ရန်ရိနှာခေါင်းထဲသို့ သွန်းလောင်းလိုက်ချိန်၊
ထိုရီဝေဝေ ၊ ခြောက်ခြောက်သွေ့သွေ့ ၊ ဆေးနံ့ဆွတ်ထားသည့်အ၀တ်စနံ့က ကုံးရင့်ရှန်ကားထဲမှာတင်မကဘဲ ကုံးရင့်ရှန်ကိုယ်ပေါ်ကပါ ထွက်ပေါ်လာ၏...
ကုံးရင့်ရှန် ရန်ရိအား ဘေးသို့တွန်းလိုက်ကာ မြေကြီးပေါ်ကခုန်ထလိုက်ပြီး စူးရှစွာပြောသည်။
" ရပ်လိုက်! "
ရန်ရိ ကြည့်လိုက်တော့ သူတို့လိုက်နေတဲ့ လူက လှေကားများဆီသို့ရောက်သွားပေပြီ။
ကုံးရင့်ရှန် ဓါတ်မီးကိုလွှတ်ပစ်လိုက်ပြီး ဓါတ်မီးအောက်ကျသွားချိန်၌ မီးအလင်းရောင်ကအပေါ်ဘက်သို့လင်းနေသည်။
သူ(ကုံးရင့်ရှန်) လက်ထဲ၌ ဘယ်တုန်းကများ အပိုသေနတ်ရှိနေသည်မသိ၊ ၎င်းက ရန်ရိ အမြင်ထဲ ရိပ်ခနဲထင်ဟပ်လာသည်။
ကုံးရင့်ရှန် တစ်ခဏတုံ့သွားပြီး စက္ကန့်တစ်ခုစာလောက်ပင်မကြာသော အချိန်တိုအတွင်း သူလှေကားများနှင့် ဆန့်ကျင့်ဘက်အရပ်သို့ ပြေးသွားလေ၏။
ရန်ရိ သူ(ကုံးရင့်ရှန်) ဘာလုပ်တော့မယ်ဆိုတာ သိသွားပြီးနောက် သူအော်လိုက်သည်။
" မလုပ်နဲ့! "
ကုံးရင့်ရှန် ဒုတိယထပ်ပြတင်းပေါက်ကနေ ခုန်ချသွား၏။
ရန်ရိ မြေကြီးပေါ်ကထကာ နာကျင်မှုဒဏ်ကိုတောင့်ခံရင်း အောက်ဘက်လှေကားများဆီ အပြေးသွားလိုက်သည်။
ကုံးရင့်ရှန် သေးငယ်သောလူတစ်ယောက်ကို မီတာ ၁၀၀ ကျော်အကွာကနေလိုက်နေတာ မြင်ရပြီး သူ ထိုလူအား မြေကြီးပေါ်သို့ ထိုးနှက်ချလိုက်ကာ ထိုလူငယ်၏ " လွှတ်ပေး "
ဆိုသည့် အော်ဟစ်သံကိုသာကြားလိုက်ရသည်။
ရန်ရိ ပြေးသွားလိုက်ကာ အော်သည်။
" ပြတင်းပေါက်က ခုန်ချတာဘယ်လောက် အန္တရာယ်များလဲ မင်းသိရဲ့လား? သောက်ကောင် မင်း ရုပ်ရှင်ရိုက်နေတယ်များ ထင်နေလား! "
ကုံးရင့်ရှန် ထိုစကားကိုမကြားသလို ၊ သူ့အိတ်ကပ်ထဲမှ ကားသော့ထုတ်လိုက်ပြီး ရန်ရိ ကိုပစ်ပေးလိုက်သည်။
" ပူးတွဲယာဥ်မောင်းထိုင်ခုံ အံဆွဲထဲမှာ လက်ထိပ်ရှိတယ် "
ရန်ရိ ကုံးရင့်ရှန်ကို ဒေါသထွက်လျက် စိုက်ကြည့်လိုက်သည်။
ကုံးရင့်ရှန် ထိုလူ၏ လက်ကောက်၀တ်နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ရင်း ထိုသူ့ကျောကို ဒူးခေါင်းဖြင့်တွန်းလိုက်သည်။
" သွား "
ရန်ရိ လှည့်ကာ ကုံးရင့်ရှန် ကားဆီသွားကာ လက်ထိပ်များယူလိုက်ပြီး ၎င်းတို့ကို ကုံးရင့်ရှန်ဆီ ပစ်ပေးလိုက်သည်။
သူ ( ကုံးရင့်ရှန် ) ထိုလူကို လက်ရန်းတွင် လက်ထိပ်ခတ်ထားလိုက်သည်။
" ခင်များတို့ဘာလို့ ကျွန်တော့်ကိုဖမ်းတာလဲ လွှတ်ပေး!"
ထိုလူက ကြောက်လန့်တကြား အော်သည်။
ရန်ရိ ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူးစမ်းကြည့်တော့ ထိုလူက အသက် ၂၀ အရွယ်လူငယ်တစ်ယောက်ဖြစ်ပြီး ပိန်၍အရပ်ပုသည် အသားရောင်ဖျော့ဖျော့နှင့် သူ့ကြည့်ရတာ အာဟာရချို့တဲ့သည့်ပုံ။
ကုံးရင့်ရှန် အေးစက်စက်ပြောလိုက်သည်။
" မင်းဘယ်သူလဲ ပြီးတော့ ညလယ်ခေါင်ကြီး မင်းဒီမှာဘာလို့ရှိနေတာလဲ? "
" ကျွန်တော်..ကျွန်တော် သိချင်လို့ပါ ကျွန်တော်လာပြီးကြည့်လို့တောင်မရဘူးလား? ကျွန်တော့်ကိုဘာလို့ဖမ်းတာလဲ? ဘယ်ဥပဒေကိုများချို့းဖောက်နေလို့လဲ! "
ရန်ရိ ထိုသူ့ကျောဘက်မှ ကျောပိုးအိတ်ကိုလှမ်းကြည့်ကာ ဆွဲယူလိုက်သည်။
" ခင်များဘာလုပ်တာလဲ? ကျွန်တော့်ပစ္စည်းတွေမဖွနဲ့ ကျွန်တော့်မှာလည်း ကိုယ်ရေးကိုယ်တာရှိတယ်! "
ရန်ရိ ၎င်းအထဲမှ laptop ၊ pan-tilt camera၊ ညလင်းမီးနှင့် ဦးထုပ်နှင့် ပစ္စည်းပေါင်းစုံထုတ်လိုက်သည်။
Camera ဖွင့်လိုက်တော့ စစ်ရှစ်ကျောင်ဓါတ်ပုံနှင့် video များစွာတွေ့လိုက်ရ၏။
သူ့ရင်ဘတ်ဒုန်းဆိုင်းသွားရသည့်ချက်ချင်း သူထိုလူငယ်ရဲ့လည်ပင်းအနောက်ဘက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ကြောက်မက်ဖွယ်လေသံဖြင့်ပြောလိုက်သည်။
[ T/n : Pan-tilt camera - CCTV camera တွေလိုမျိုး ]
" မင်း မီးရှို့တာလား? အာ? လူဘယ်လောက်တောင်သေခဲ့လဲမင်းသိလား?! "
" မဟုတ်ဘူး မရှို့ဘူး ကျွန်တော်မရှို့ဘူး !"
ကုံးရင့်ရှန့် ဖုန်းဆက်ကာ ရဲကားခေါ်လိုက်သည်။
ရန်ရိ ကုံးရင့်ရှန်ကိုလှမ်းကြည့်လိုက်တော့ သူ့(ကုံးရင့်ရှန်) suit ကလုံး၀ကို ပေရေ နေပြီး သူ(ရန်ရိ) သည်လည်း ထူးမခြားနားပေ။
မီးပြာတွေထဲ ရေတစ်ခါလောက်ချိုးလိုက်ရသကဲ့သို့ လုံး၀ညစ်ပေနေ၏။
သူ့လို ပုံမှန်လူတစ်ယောက်တောင် ဒီညစ်ပတ်နေတဲ့ပုံစံကို သည်းမခံနိုင်မှတော့ ကုံးရင့်ရှန်ဆို....
ကုံးရင့်ရှန် ခြေလက်များကတောင့်နေပြီး မျက်နှာက အုံ့မှိုင်းနေသည်။ သူ့ကြည့်ရတာ သူ့ကိုယ်သူဘယ်လိုလုပ်ရမလဲ မသိတော့သည့်အတိုင်း။
တစ်ကိုယ်ရေသန့်ရှင့်ရေးဝေဒနာသည် တစ်ယောက်အနေနှင့် သူ့ခန္ဓါကိုယ် ယခုလိုဖြစ်နေတာ သေချာပေါက်ကို အဆင်မပြေဖြစ်နေမည်ပင်။
" မင်းဘာလုပ်နေတာလဲ......"
ရန်ရိ ကုံးရင့်ရှန်လက်မောင်းကို လှမ်းဆွဲလိုက်ရာ သူ့(ကုံးရင့်ရှန်) လက်ဖျံမှသွေးများစီးကျနေသည်ကိုကြည့်ပြီး အသက်ရှူသွင်းလိုက်ရသည်။
ကုံးရင့်ရှန် သူ့လက်ကို ပြန်ဆွဲလိုက်သည်။
" ကျွန်တော့်ကို သူလိုငါလို လာမထိပါနဲ့ "
ထိုအချိန်၌ ရန်ရိ သူ့(ကုံးရင့်ရှန်) ကိုဂရုစိုက်ပေးဖို့ စိတ်မရှုပ်တော့ချေ။
" ဆေးရုံသွားရအောင် "
" ဟင်အင်း ကျွန်တော့်ဘာသာလုပ်လိုက်မယ် "
" အနည်းဆုံးတော့ မင်းဒဏ်ရာကို ချုပ်ရဦးမယ် "
" ကျွန်တော်ပြောတယ်လေ ကျွန်တော့်ဘာသာလုပ်လိုက်မယ်လို့ "
" မင်းဘာသာ ဘာကိုလုပ်မှာလဲ? ဟမ်? "
ရန်ရိ ရင်ထဲမှ ဒေါသများလှိုက်တက်လာသည်။
" မင်း အရူးထပြီး ဒုတိယထပ်ပြတင်းပေါက်ကနေ ခုန်ဆင်းတယ် ဟိုနေ့က မီးငြိမ်းသတ်နေတုန်း အဲ့ဒီ့ပြတင်းပေါက်ကပဲ တပ်သားတစ်ယောက်ခုန်ချပြီး ခြေထောက်ကျိုးသွားတယ်ကွ "
" ၃ မီတာကျော်လောက်ပါပဲ "
" သုံးမီတာကျော်က တော်လောက်ပြီမထင်ဘူးလား? "
ရန်ရိ အံကြိတ်လိုက်သည်။
" အရင်မီးသတ်ဌာနမှာ အပေါ်ထပ်ကနေပြီး ကားဂိုဒေါင်ကို တိုင်လုံးတစ်ခုထားတယ် အဲ့တာက ကြပ်မတ်ရေးကို အချိန်သက်သာအောင်လို့ ပြီးတော့ တပ်သားတွေအပေါ်က တွယ်ဆင်းရအောင်လို့ ၊ ဟုတ်တယ် အဲ့တာကိုနောက်တော့ ပယ်ဖျက်လိုက်ရရော ဘာလို့လဲဆို နှစ်တိုင်း လူတွေထိခိုက်တယ် အများစုကတော့ သွေးထွက်သံယိုဖြစ်ပြီး အခြားသူတွေက အသေးစားဖျားနာမှုတွေဖြစ်တတ်တယ်
ဒါပေမယ့် ခြေထောက်ကျိုးပြီး အပြင်းအထန်ထိခိုက်တဲ့သူတွေလည်း ရှိသလို သူ့တို့ဘ၀မှာလမ်းမလျှောက်နိုင်တော့အထိ ဖြစ်ခဲ့ရတဲ့သူတွေတောင်ရှိခဲ့လို့။
မင်းခြေချလိုက်ပြီးတော့ ဘယ်အမှားမျိုးလုပ်မိမလဲ မင်းသိမှာမဟုတ်ဘူး၊
မင်း ဒီနေ့ ကံဆိုးမလားဆိုတာ မင်းသိမှာမဟုတ်ဘူး
မင်း ကံကြမ္မာဘယ်လိုဖြစ်လာမလဲ ဆိုတာ မင်းသိမှာမဟုတ်ဘူး ၊
လူကြီးတစ်ယောက်က သူ့အန္တရာယ်ကင်းရေးသူ တာ၀န်ယူသင့်တယ် ! "
ကုံးရင့်ရှန် ရန်ရိ၏ ခက်ထန်သောအမူအရာကို ကြည့်ရင်း အရှိန်အဝါဖြင့် တစ်ခဏမျှဖိနှိပ်ခံလိုက်ရသည်။
သူ့လည်ဇလုတ် လှုပ်ရှားသွားကာမှ အသိစိတ်ပြန်၀င်လာတော့၏။
" ကျွန်တော်က ရဲတစ်ယောက်ပါ "
" ငါက မီးသတ်သမား "
ရန်ရိ ကုံးရင့်ရှန် ရင်ဘတ်သို့ လက်ညှိုးထိုးလိုက်ပြီး :
" ငါ့ဘ၀မှာ အမှားသေးသေးလေးကနေ ထိတ်လန့်ကြောက်ရွံ့စရာ မတော်တဆမှုတွေ ဖြစ်လာတာကို ဘယ်လောက်တောင် ကြုံတွေ့ခဲ့ရလဲ မင်းမသိပါဘူး "
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး တစ်ယောက်မှစကားမဟကြ။
တစ်ချိန်တည်းမှာပင် ရဲကားဥသြသံမြည်၍ သူတို့နှစ်ယောက်ရှေ့၌ ကားရပ်လာသည်။
ကင်းလှည့်ရဲတပ်သားနှစ်ယောက် ထွက်လာပြီး :
" ကုံးပေါ်ရှီး "
[ T/n : bó shì - PhD, Doctor ]
ကုံးရင့်ရှန် ပြောလိုက်သည်။
" သူက ဘားမီးလောင်မှုမှာ သံသယရှိတဲ့သူ ၊ မင်းတို့ ဌာနကိုပြန်ခေါ်သွားလိုက် ငါပြီးရင်စစ်မေးဖို့လာမယ် "
" ကောင်းပါပြီ "
ထိုလူကိုခေါ်သွားပြီးတော့ ကုံးရင့်ရှန် သူ့ကားဆီသို့ လမ်းလျှောက်သွားကာ ပစ္စည်းခန်းကိုဖွင့်၍ အသစ်စက်စက် suit တစ်စုံကိုထုတ်လိုက်သည်။
ကုံးရင့်ရှန် သူ့ tie ကို ဆွဲဖြည်ကာ shirt အားကြယ်သီး တစ်လုံးပြီးတစ်လုံးဖြုတ်နေ၏။
ရန်ရိ နောက်ကလိုက်သွားပြီး သူ့(ကုံးရင့်ရှန်) ကို ဆက်စိုက်ကြည့်လျက်။
" ခင်များ ကျွန်တော်အ၀တ်ချွတ် ကြည့်ချင်လို့လား? "
ကုံးရင့်ရှန် အေးစက်စက်ပြောလိုက်သည်။
ရန်ရိ အသိစိတ်ပြန်၀င်လာပြီး ဖွင့်ထားသောအရှေ့ဘက်ဆီမှ ထိတ်လန့်ဖွယ်ရင်ဘတ်ကြွက်သားများအား မြင်လိုက်ရလေ၏။
သူ ရုတ်တရက် ပါးတွေပူလာသလို ခံစားလိုက်ရပြီး (ဆဲရေး) တိုင်းထွာလိုက်သည်။
" မင်းအ၀တ်ချွတ်တာကို ဘယ်သူကကြည့်ချင်မလဲ ငါမင်းအခုဆေးရုံသွားပြီး ဒဏ်ရာဆေးထည့်တာမြင်ချင်လို့ ! "
" ကျွန်တော့်ဘာသာ လုပ်လိုက်မယ်လို့ ပြောတယ်လေ "
ကုံးရင့်ရှန် ခေါင်းမာမာနဲ့ပြောသည်။
" ကျွန်တော်ဆေးရုံသွားမှာမဟုတ်ဘူး "
" မင်း ဆေးရုံသွားရင်သွား ဒါမှမဟုတ် ငါ့ကိုပြ , မဟုတ်ရင် ငါ ချက်ချင်း ခေါင်းဆောင်စုန့်ကို ခေါ်လိုက်မှာ! "
ကုံးရင့်ရှန် သူ့ shirt ကို ဆွဲဖြဲဖွင့်လိုက်ပြီး ကြယ်သီးများက မြေပြင်ပေါ်ပြန့်ကျဲသွားရသည်။
လှုပ်ရှားမှုကြီးက သူ့ဒေါသကိုဖော်ပြလျက်။
[T/n : ရင်ခွင်ကျယ်ကြီးကိုရောပဲ ဟီး :"3 ]
ကုံးရင့်ရှန် အ၀တ်များ၀တ်ထားစဥ်ကာ အလွန်ပိန်သွယ်ပုံပေါ်သည်။
သို့သော် ချွတ်လိုက်သောအခါမှာတော့ သူ့၌ ပခုံးကျယ်များ၊ ရန်ရိထက်ပိုသန်မာသော ခပ်ထူထူရင်အုံကြွက်သားများနှင့် သွယ်လျသော ခါးရှိ၏။
ပြီးတော့ သူ့အဓိကကြွက်သားများက အုတ်ခဲသေးသေးလေးများနှင့်အလားတူစွာ။
ယေဘုယျအားဖြင့်ပြောရရင် ကုံးရင့်ရှန်သည် ရန်ရိသဘောကျသည့် type မျိုးမဟုတ်သော်လည်း ဒီလိုမျက်နှာနှင့် ဒီလိုကြွက်သားတွေကတော့ ကမ္ဘာကြီးမှာ တကယ့်ကို ရင်သပ်ရှုမောစရာပေ။
ရန်ရိ မျက်လုံးများက အချိန်တစ်ခုကြာ ဘယ်ဆီထားရမယ်မသိ။
ကြည့်ရင်လည်း မသင့်တော်ရာကျဦးမည်၊ မကြည့်ပြန်ရင်လည်း သူလိပ်ပြာမလုံတဲ့ပုံစံပေါ်ပြီး သနားချင့်ဖွယ်ကောင်းသည်။
" အခုထိ မလှည့်သေးဘူးလား? " ကုံးရင့်ရှန် စိတ်ဆိုးစွာပြောလိုက်သည်။
"....သူတော်ကောင်းယောင်ဆောင်တာ "
[ T/N : သူတော်ကောင်းယောင်မဆောင်ဘူး ကလေးက တကယ်အင်နိုးစန့်ပါ XD ]
ရန်ရိ နှုတ်ခမ်းတွန့်လိုက်ပြီး ဘေးလှည့်လိုက်သည်။
ကုံးရင့်ရှန် shirt အသစ်၀တ်ပြီး ဘေးဘီကြည့်လိုက်ကာ ဘောင်းဘီလဲသည်။
သူ့ပေရေနေသောအ၀တ်ဟောင်းများကို အမှိုက်ပုံးထဲသို့ထိုးသိပ်ထည့်ပြီးနောက် ညစ်ပတ်နေသော ရန်ရိအား အထက်မှအောက်သို့ကြည့်လိုက်သည်။
ရန်ရိ ပြန်သတိရသွားပြီး : " ငါမင်းကိုခြောက်နေတယ်မထင်နဲ့ ငါအခုခေါင်းဆောင်စုန့်ကို ခေါ်လိုက်မှာ "
" ကားထဲ၀င် "
" အိုကေ? "
ကုံးရင့်ရှန် အအေးခံဘူးထဲမှ တစ်ခါသုံး စာပွဲခင်းများထုတ်ကာ ရန်ရိ ထံပစ်လိုက်သည်။
" ခင်များ ထိုင်ခုံပေါ်ခင်းလိုက် ၊ ဘာနေရာမှမထိနဲ့ "
" မင်းလခွီး လူစကားရောနားလည်ရဲ့လား? ငါမင်းကို ဒဏ်ရာဆေးထည့်ခိုင်းနေတာ "
" ကားထဲ၀င် ၊ ကျွန်တော်ဒဏ်ရာကို ဘယ်လိုလုပ်မလဲဆိုတာ ခင်များကိုပြမလို့ "
ရန်ရိ တွန့်ဆုတ်နေပြီး co-pilot နေရာသို့သွားလိုက်သည်။
ကားထဲ၀င်ပြီးတော့ ကုံးရင့်ရှန် ရန်ရိကိုစိုက်ကြည့်နေကာ ထိုင်ခုံနှင့် ကျောဘက်ကို စားပွဲခင်းများဖြင့်ကာလိုက်သည်။
သူထိုင်လိုက်ပြီးသည်နှင့် ကားတံခါး ပိတ်ရန်လို၏။
" မထိနဲ့ ! "
ကုံးရင့်ရှန် ရန်ရိ ကိုတားလိုက်ပြီး ရန်ရိရဲ့ထိုင်ခုံကို လက်တစ်ဖက်ဖြင့်ထောက်ကာ လီဗာကိုကျော်ကာစောင်းငဲ့လိုက်ပြီး ကားတံခါးလက်ကိုင်ကိုဆွဲ၍ တံခါးပိတ်လိုက်သည်။ ပြီးတော့ ရန်ရိ ကားခါးပတ်ကိုဆွဲရန်လုပ်လိုက်သည်။
ရန်ရိ ကျောပြင်က ခုံနှင့်ထိနေပြီး သူမလှုပ်ရဲပေ။
ကုံးရင့်ရှန်၏ ထူးဆန်းသောအနံ့အသက်က အမြဲတမ်း သူ့နှာဖျား၌တဝေ့သီသီရှိနေသည်။
သူတို့နှစ်ယောက်ရဲ့အကွာအဝေးက အလွန်နီးစပ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကိုယ်အပူချိန်ကိုပင် ခံစားနိုင်နေလေပြီ။
သူ့ရှေ့တည့်တည့်၌ ကိုယ့်ရင့်ရှန်၏ပြီးပြည့်စုံသော ပုံစံက မက်လုံးပေးနေသည့်သကာလ သူမတတ်နိုင်ပဲ တံတွေးမြိုချလိုက်ရသည်။
ကုံးရင့်ရှန် ရန်ရိကို ခါးပတ်ပတ်ပေးပြီး ကားစမောင်းသည်။
ရန်ရိ သတိပြန်မ၀င်ခင် အချိန်အတော်ကြာသွား၏။
" ဘယ်သွားမှာလဲ ?"
" ကျွန်တော့်အိမ် "
____________
W...wow my home !!!!!! နောက်တစ်ခန်း ကုံးရင့်ရှန် အိမ်မှာလဲ အဟွတ် အဟွတ် :3
ကဲ ကဲ ဘယ်လိုလဲ ရင်ခုန်သံစကားလေးတွေ ရေးခဲ့ကြစမ်းပါဦး ဒီနေ့ နေမကောင်းဘဲနဲ့ စာရိုက်ပေးနေတာ မြင်စေချင်လွန်းလို့ O>O
- 7 11 2020
- Lynx
_______________________________
[ Zawgyi ]
Translator - Lynx
____________
ေနာက္တစ္ေန႔၌ မီးစုံစမ္းစစ္ေဆးေရးဌာန ဓါတ္ခြဲခန္းမွ ရလဒ္မ်ားထြက္လာသည္။
အခင္းေနရာတြင္ ကုံးရင့္ရွန္ေတြ႕ခဲ့ေသာ ဖန္စေလးက သူမွန္းထားသကဲ့သို႔ပင္ အရက္ျပန္မီးခြက္မွ ျဖစ္ေန၏။
ရန္ရိ ခ်ိဳးဝမ္ကို အစီရင္ခံစာ copy အား ဟုန္းဝူဌာနသို႔ ပို႔ရန္ ေျပာလိုက္ၿပီးေနာက္ ကုံးရင့္ရွန္ကို စစ္ေဆးေရးရလဒ္ေတြ စာျဖင့္ပို႔လိုက္သည္။
ဒီလိုခိုင္မာတဲ့ သက္ေသနဲ႔ဆိုရင္ေတာ့ အေျခခံအားျဖင့္ အမႈပိတ္ႏိုင္ၿပီး စုံစမ္းေရးကလည္း ၄ ရက္သာရွိေသးသည္။
ဒီလို အခ်ိန္တိုအက်ိဳးရွိ မ်ိဳးက ေခါင္းေဆာင္မ်ားႏွင့္ လူထုကိုလည္း တာဝန္ခံရာက်၏။
ရန္ရိ ထိုကိစၥကို ၿပီးျပတ္သြားၿပီလို႔ထင္ခဲ့ေသာ္လည္း ေနဝင္ရီတေရာ အခ်ိန္မွာေတာ့ ကုံးရင့္ရွန္ထံမွ ေနာက္ထပ္ေခၚဆိုမႈတစ္ခုလက္ခံရသည္။
" မင္း စစ္ေဆးေရး အစီရင္ခံစာ ရလိုက္လား? "
" ရတယ္ ကြၽန္ေတာ္ခင္မ်ားနဲ႔ တစ္ခုအတည္ျပဳခ်င္လို႔ "
" ဘာလဲ? "
" ခင္မ်ား ဥၾသဆြဲသံၾကားၿပီး၊ အခင္းေနရာကိုသြားတာ ၊ အေရးေပၚထြက္ေပါက္ဖြင့္တာ ၊ မီးၿငိမ္းသတ္တာ ၊ အဲ့တာေတြရဲ႕ အခ်ိန္အတိအက် "
" ငါ အစီရင္ခံစာေရးလို႔မၿပီးေသးဘူး ငါမင္းကိုအရင္ပို႔ေပးလို႔ရတယ္ အဲ့အထဲမွာအခ်က္အလက္ေတြမွတ္ထားတယ္ ဘာျဖစ္လို႔လဲ? "
" အမႉရဲ႕အျဖစ္မွန္က ေျပာင္းသြားႏိုင္တယ္ "
ရန္ရိ မတ္မတ္ထိုင္လိုက္သည္။
" ဘာေျပာင္းလဲတာလဲ? အမႈပိတ္ဖို႔ ျဖစ္ႏိုင္ေနၿပီမဟုတ္လား? "
" ခိုင့္ဝမ္က ေဆးသုံးတာေရာ ဆိုဖာေပၚက အရက္ျပန္မီးခြက္ကိုေရာ ဝန္ခံတယ္၊ ဒါေပမယ့္ သူ(မ) ေျပာတာက စားေသာက္ခန္းထဲမွာ အျခားသူလည္းရွိေသးတယ္တဲ့ ထူးဆန္းတဲ့သူ၊ သူ(မ) ေခါင္းရႈပ္ေနၿပီး အျခားတစ္ေယာက္ရဲ႕ ပုံပန္းသဏၭာန္ကိုမမွတ္မိဘူး အဲ့လူက အရက္ျပန္မီးခြက္ကို တမင္သက္သက္ခြဲလိုက္တာလို႔ေျပာတယ္ သူ(မ) အစကမေျပာရဲခဲ့တာက သူေဆးသုံးတာေၾကာင့္ ဖမ္းမွာေၾကာက္လို႔ပါတဲ့ "
ရန္ရိ တစ္ခဏတာတိတ္ဆိတ္သြားသည္။
" မင္းက ေဆးစြဲေနတဲ့သူေျပာတာယုံလား? သူအာေဘာ္ေတြက ခဏခဏ ေျပာင္းေနတာပဲကို "
" ေဆးစြဲေနတဲ့သူတိုင္း အေယာင္ေဆာင္လူေတြပဲ
ကြၽန္ေတာ္သူ႔ကို အျပည့္အဝယုံမွာမဟုတ္ဘူး ဒါေပမယ့္ အဲ့တာကနည္းနည္း သံသယျဖစ္စရာေကာင္းတယ္
အရက္ျပန္မီးခြက္ရဲ႕ ႏႈတ္ခမ္းပုံစံက အပိတ္ပုံစံမ်ိဳး ၊ တကယ္လို႔ျပဳတ္က်သြားရင္ ေကာ္တြန္မီးစာစ စိမ့္ထြက္သြားမယ္ဆိုေပမယ့္ ျဖစ္ခဲတယ္ ဘူးကယိုစိမ့္တာအရမ္းမ်ားေနၿပီး ဘူးကိုယ္ထည္ကလည္း ေယဘုယ်အားျဖင့္ထူတယ္ ၊ ေကာ္ဖီစားပြဲ ဒါမွမဟုတ္ ဆိုဖာက ၾကမ္းျပင္နဲ႔ ဘယ္ေလာက္မ်ားေဝးမွာလဲ? ၄၀ စင္တီမီတာေလာက္? ကြၽန္ေတာ္အျခား အရက္ျပန္မီးခြက္ေတြယူၿပီး စမ္းၾကည့္တယ္ ၊ အဆိုးဆုံးကက်ိဳးပဲ႐ုံပဲ ၊ ကြၽန္ေတာ္တို႔ေတြခဲ့တာက ပိုထူတယ္ "
" အျမန္မီးစြဲတယ္ ၊ ေလာင္ဖို႔မလုံေလာက္တဲ့ေလာင္စာ ၊ မီးကူပစၥည္းတစ္ခုခုလိုဦးမွာပဲ မင္းဆိုလိုတာက တစ္ေယာက္ေယာက္က မီးခြက္ကိုျပင္းျပင္းထန္ထန္ ႐ိုက္ခြဲထားရမယ္ေပါ့ "
" ခိုင့္ဝမ္ ေျပာတာလည္းအတူတူပဲ ဒါေပါ့ သူ(မ) ခြဲတယ္ဆိုတဲ့ ျဖစ္ႏိုင္ေခ်ကလည္း မလြတ္ဘူး ဒါေပမယ့္ ကြၽန္ေတာ္ သက္ေသျပဖို႔ အေထာက္အထားလိုေသးတယ္ "
ကုံးရင့္ရွန္ ခဏရပ္လိုက္ၿပီး :
" ဒါမွမဟုတ္ ပယ္ခ်လိုက္တာေပါ့ "
" မင္းဘယ္လို သက္ေသျပခ်င္လဲ ?"
" ကြၽန္ေတာ္ အခင္းျဖစ္တဲ့အခ်ိန္ အခင္းေနရာကိုျပန္သြားခ်င္တယ္ သဲလြန္စအသစ္ေတြ႕မလားလို႔ "
" ညဘက္သြားမွာလား? အလင္းေရာင္သိပ္မေကာင္းဘူးေနာ္
"
" အမႈကို တတ္ႏိုင္သေလာက္ျပန္မွတ္ယူတာက တရားခံရႈေထာင့္ကေန ေတြးၾကည့္ဖို႔အကူအညီရတယ္ "
ရန္ရိ သူ႔ဆံပင္မ်ားကို ဆြဲကုတ္လိုက္သည္။
" okay "
---------------
ည ၁ နာရီတြင္ သူတို႔ႏွစ္ေယာက္ စစ္ရွစ္ေက်ာင္ သို႔တစ္ေခါက္ျပန္သြားၾကသည္။
လြန္ခဲ့ေသာရက္အနည္းငယ္က ဤေနရာတြင္ မေတာ္တဆမႈႀကီးျဖစ္ခဲ့ၿပီး ထုံးစံအတိုင္း စီးပြာေရးလည္း ထိခိုက္သြား၏။
လမ္းတစ္ေလွ်ာက္လုံး အေတာ္တည္ၿငိမ္ေနၿပီး အရင္ကလို ပ်ားပန္းခပ္ စည္စည္ကားကားလည္းမရွိေတာ့ေပ။
သူ အခင္းေနရာေရာက္ေတာ့ ကုံးရင့္ရွန္ ခ်က္ခ်င္းအထဲမဝင္ေသး၊ လမ္းကိုႏွစ္ပတ္ေလာက္ ပတ္ၿပီး စစ္ရွစ္ေရွာင္ဘက္သို႔ အေရွ႕မွအေနာက္သြားရန္ လိုအပ္ေသာလမ္းမ်ားထက္ေလွ်ာက္ၾကည့္ေနသည္။
ရန္ရိ သူ႔ေနာက္သို႔ လမ္းအတိုင္းလိုက္သြားသည္။
စားေသာက္ဆိုင္မွလြင့္ပ်ံလာေသာ အနံ႔မ်ားရကာ သားရည္တစ္ျမားျမားက်လာရၿပီး ဗိုက္ကလည္း ျပင္းျပင္းထန္ထန္ တဂြီဂြီျမည္လာေတာ့၏။
ညသန္းေခါင္ ၁ နာရီမထိုးေသးမီ, အခင္းစတင္ျဖစ္ပြားသည့္အခ်ိန္ခန႔္ , သူတို႔ႏွစ္ေယာက္ အတားအဆီးကိုေက်ာ္ကာ အပ်က္အစီးမ်ားထဲဝင္သြားလိုက္သည္။
ကုံးရင့္ရွန္ အသက္ခပ္ျပင္းျပင္းရႉကာ mask တပ္လိုက္ၿပီး ဓါတ္မီး ကိုဖြင့္လိုက္သည္။
" ခဏေနပါဦး "
ရန္ရိ သူ႔ကိုၾကည့္လိုက္သည္။
" မင္းထပ္မအန္ေတာ့ဘူးလား? "
" အာမ,မခံဘူး "
" ဒီမွာ နည္းနည္းညစ္ပတ္ေန႐ုံပါပဲ အဲ့တာကို မင္းအန္တယ္ မင္းစိတ္ဆရာဝန္နဲ႔ေတြ႕ဖူးလား? "
ရန္ရိ ပခုံးတြန႔္လိုက္သည္။
" အဲ့တာျပသနာဆို မင္းကိုယ့္ကိုယ္ကို ဘာလို႔အပင္ပန္းခံေနတာလဲ? "
ကုံးရင့္ရွန္ ေအးေအးစက္စက္ေျပာလိုက္သည္။
" ခင္မ်ားသာ အဓိပၸါယ္မဲ့တာေတြေျပာမေနဘူးဆို ကြၽန္ေတာ္တို႔ျမန္ျမန္ၿပီးၿပီး ကြၽန္ေတာ္ ခင္မ်ားေပၚလည္းအန္ခ်ေတာ့မွာမဟုတ္ဘူး "
ေျပာၿပီးေနာက္ သူ ေျခလွမ္းက်ဲက်ဲျဖင့္ ဝင္သြားေတာ့၏။
ရန္ရိ ကုံးရင့္ရွန္ကို မ်က္ေစာင္းထိုးလိုက္ၿပီး လိုက္ဝင္သြားလိုက္သည္။
ေနရာက အရင္ႏွစ္ရက္ကႏွင့္ ဘာမွမကြာျခားေပ၊ သို႔ေပမယ့္ ညဘက္မွာ အျမင္ကေတာ့ အလြန္အားနည္း၏။
သူတို႔အၿမဲတမ္း ေျခလွမ္းမ်ားကို သတိထားေနရသည္ သို႔မွမဟုတ္လွ်င္ ပစၥည္းပစၥအမ်ိဳးမ်ိဳးကို ခလုတ္တိုက္မိေပမည္။
ႏွစ္ေယာက္ စမ္းတမ္းတမ္းျဖင့္ အေပၚတက္ၾကသည္။ ကုံးရင့္ရွန္ အျခားစားေသာက္ခန္းတစ္ခုကို စစ္ေဆးၿပီးေနာက္ ေရ႐ြတ္လိုက္သည္။
" စားေသာက္ခန္း တံခါးပိတ္ထားရင္ အထဲကေန အျပင္ကိုမျမင္ႏိုင္ဘူး ခိုင့္ဝမ္ေျပာတာသာအမွန္ဆို၊ ဒီမွာ စားေသာက္ခန္းေတြအမ်ားႀကီးရွိသားပဲ ဘာလို႔ အဲ့လူက သူတို႔ဆီကိုဝင္လာရတာလဲ ဘာလို႔မီးရႈိ႕တာလဲ? "
" ငါေတာ့ သူ(မ) လိမ္ေနတာလို႔ထင္ေနတုန္းပဲ သူ(မ) ေျပာတဲ့သူက လုံးဝမရွိတာျဖစ္မယ္ ဒါမွမဟုတ္ သူ(မ)သိတဲ့သူ မို႔လို႔ ကာကြယ္ေနတာျဖစ္ရမယ္ "
ရန္ရိ ဓါတ္ပုံ႐ိုက္လိုက္သည္။
" သူ(မ) က တစ္ဦးတည္းေသာ ရွင္က်န္သူပဲ တကယ္ကို သက္ေသမရွိဘူး "
ကုံးရင့္ရွန္ကေတာ့ မယုတ္မလြန္ေနၿပီး ၾကည့္ေနရင္းကေန ဒုတိယထပ္သို႔ ေလွ်ာက္သြားသည္။
ရန္ရိ ႐ုတ္တရက္ တစ္ခုခုေတြးမိလိုက္၏။
" ေဟး ဘားပိုင္ရွင္က သူ႔ဘားကိုတစ္ေယာက္ေယာက္ မူးယစ္ေဆးေတြသယ္လာတာ သိမယ္ထင္လား? "
" ေမးခြန္းေကာင္းပဲ "
ကုံးရင့္ရွန္ေျပာလိုက္သည္။
" ကြၽန္ေတာ့္ အဖြဲ႕သား စုံစမ္းေနတယ္ "
" အဲ့တာဆို ေကာင္မေလး ေဆးကိုထိခဲ့႐ုံေပါ့ "
" အရမ္းမ်ားတယ္ ခိုင့္ဝမ္ေျပာတာက သူ(မ) အႀကိမ္အနည္းငယ္ေလာက္ သုံးခဲ့တာမဟုတ္ဘူးတဲ့ ဓါတုေဗဒေဆးေတြက အာ႐ုံေၾကာကို အမ်ားႀကီးထိခိုက္ေစတယ္ အဲ့တာေၾကာင့္ သူ(မ) အာ႐ုံေထြျပားတာအားလုံးက လိမ္ေနတာေၾကာင့္မဟုတ္ဘူး "
" စကားမစပ္ မင္းကတကယ္ပဲ ဓါတုေဗဒ Ph.D ဘြဲ႕ရလား? "
" okay "
" အဲ့တာဆို မင္း TV ေတြမွာလို ကိုယ့္ဘာသာ ဓါတ္ခြဲႏိုင္တာေပါ့ .....သိလား "
" အဲ့တာက ႐ိုး႐ိုးဓါတုဓါတ္ခြဲတာပါ "
႐ုတ္တရက္ ၊ သူတို႔ႏွစ္ေယာက္ေက်ာဘက္မွ ေျခာက္ျခားဖြယ္ ကြၽီခနဲျမည္သံထြက္ေပၚလာ၏။
သူတို႔ႏွစ္ေယာက္ ေခါင္းတစ္ၿပိဳင္တည္းလွည့္လိုက္ရာ သူတို႔ေနာက္၌ အရိပ္မည္းတစ္ခုကိုဖ်က္ခနဲျမင္လိုက္ရသည္။
ညလယ္ေခါင္ႀကီး လူသုံးဆယ္နီးပါးေသထားေသာ ပုံပ်က္ပန္းပ်က္အေဆာက္အအုံထဲ အရိပ္ဖ်က္ခနဲေတြ႕လိုက္ရျခင္း၊ ရန္ရိ ေျခဖဝါးမွ ၾကက္သီးထသြားသည္ကို ခံစားလိုက္ရ၏။
" ဘယ္သူလဲ! "
ကုံးရင့္ရွန္ ဟစ္ေအာ္ကာ ျမားတစ္စင္းကဲ့သို႔ လိုက္ဖမ္းေလသည္။
ရန္ရိ အျမန္လိုက္သြား၏။
ပုံရိပ္က ေကာ္ရစ္တာရွည္ႀကီးကို ျဖတ္ေျပးကာ ေလွကားမ်ားဆီ အေျပးသြားလ်က္။
ထိုလူက သက္ရွိတစ္ေယာက္ျဖစ္ေၾကာင္း ေသခ်ာေအာင္လုပ္ၿပီးသည့္ေနာက္ေတာ့ ရန္ရိ စိတ္သက္သာသြားသည့္ သက္ျပင္းခိုးခ်လိုက္ေသာ္ျငား သူ႔ေျခလွမ္းကိုေတာ့ မေႏွာင့္ေႏွးသြားေစ၊ အဘယ္ေၾကာင့္ဆိုေသာ္ မီးရႈိ႕သမားမ်ား၏ တူညီေသာ လကၡဏာမ်ားအနက္တစ္ခုမွာ အခင္းေနရာသို႔ ျပန္လာျခင္းကိုႏွစ္သက္ၿပီး သူတို႔ရဲ႕ "ေျပာင္ေျမာင္တဲ့လက္ရာ" ကို တစ္ခါၿပီးတစ္ခါ ျပန္ေျပာင္းအမွတ္ရၾကျခင္းေပ။
ဒီလူက အရမ္းတူ...
႐ုတ္တရက္ ေရွ႕မွေျပးသြားေသာ ကုံးရင့္ရွန္ တစ္ခုခုကို ခလုတ္တိုက္မိသြားကာ လူတစ္ကိုယ္လုံးေရွ႕သို႔ ယိုင္လဲသြားၿပီး ရန္ရိ ေျခလွမ္းမ်ားကို မထိန္းလိုက္ႏိုင္ဘဲ သူ႔ကိုဝင္တိုက္မိေတာ့၏။
ႏွစ္ေယာက္စလုံး ေဘာလုံးကဲ့သို႔ ရႈပ္ပြေနေသာ အပ်က္အစီးမ်ားထဲသို႔ လိမ့္သြားၾကသည္။
ရန္ရိ သူ႔နံ႐ိုးက တစ္ခုခုႏွင့္တိုက္မိသြားသည္ကိုခံစားလိုက္ရၿပီး ေျခေထာက္ေခါက္သြားသည္။
သူ နာက်င္စြာေအာ္လိုက္ၿပီး သူ႔နားထဲသို႔ ကုံးရင့္ရွန္ရဲ႕ ပင့္သက္ရႈိက္သံမ်ားဝင္လာေလ၏။
ကုံးရင့္ရွန္၏ အနံ႔မ်ား ရန္ရိႏွာေခါင္းထဲသို႔ သြန္းေလာင္းလိုက္ခ်ိန္၊
ထိုရီေဝေဝ ၊ ေျခာက္ေျခာက္ေသြ႕ေသြ႕ ၊ ေဆးနံ႔ဆြတ္ထားသည့္အဝတ္စနံ႔က ကုံးရင့္ရွန္ကားထဲမွာတင္မကဘဲ ကုံးရင့္ရွန္ကိုယ္ေပၚကပါ ထြက္ေပၚလာ၏...
ကုံးရင့္ရွန္ ရန္ရိအား ေဘးသို႔တြန္းလိုက္ကာ ေျမႀကီးေပၚကခုန္ထလိုက္ၿပီး စူးရွစြာေျပာသည္။
" ရပ္လိုက္! "
ရန္ရိ ၾကည့္လိုက္ေတာ့ သူတို႔လိုက္ေနတဲ့ လူက ေလွကားမ်ားဆီသို႔ေရာက္သြားေပၿပီ။
ကုံးရင့္ရွန္ ဓါတ္မီးကိုလႊတ္ပစ္လိုက္ၿပီး ဓါတ္မီးေအာက္က်သြားခ်ိန္၌ မီးအလင္းေရာင္ကအေပၚဘက္သို႔လင္းေနသည္။
သူ(ကုံးရင့္ရွန္) လက္ထဲ၌ ဘယ္တုန္းကမ်ား အပိုေသနတ္ရွိေနသည္မသိ၊ ၎က ရန္ရိ အျမင္ထဲ ရိပ္ခနဲထင္ဟပ္လာသည္။
ကုံးရင့္ရွန္ တစ္ခဏတုံ႔သြားၿပီး စကၠန႔္တစ္ခုစာေလာက္ပင္မၾကာေသာ အခ်ိန္တိုအတြင္း သူေလွကားမ်ားႏွင့္ ဆန႔္က်င့္ဘက္အရပ္သို႔ ေျပးသြားေလ၏။
ရန္ရိ သူ(ကုံးရင့္ရွန္) ဘာလုပ္ေတာ့မယ္ဆိုတာ သိသြားၿပီးေနာက္ သူေအာ္လိုက္သည္။
" မလုပ္နဲ႔! "
ကုံးရင့္ရွန္ ဒုတိယထပ္ျပတင္းေပါက္ကေန ခုန္ခ်သြား၏။
ရန္ရိ ေျမႀကီးေပၚကထကာ နာက်င္မႈဒဏ္ကိုေတာင့္ခံရင္း ေအာက္ဘက္ေလွကားမ်ားဆီ အေျပးသြားလိုက္သည္။
ကုံးရင့္ရွန္ ေသးငယ္ေသာလူတစ္ေယာက္ကို မီတာ ၁၀၀ ေက်ာ္အကြာကေနလိုက္ေနတာ ျမင္ရၿပီး သူ ထိုလူအား ေျမႀကီးေပၚသို႔ ထိုးႏွက္ခ်လိုက္ကာ ထိုလူငယ္၏ " လႊတ္ေပး "
ဆိုသည့္ ေအာ္ဟစ္သံကိုသာၾကားလိုက္ရသည္။
ရန္ရိ ေျပးသြားလိုက္ကာ ေအာ္သည္။
" ျပတင္းေပါက္က ခုန္ခ်တာဘယ္ေလာက္ အႏၲရာယ္မ်ားလဲ မင္းသိရဲ႕လား? ေသာက္ေကာင္ မင္း ႐ုပ္ရွင္႐ိုက္ေနတယ္မ်ား ထင္ေနလား! "
ကုံးရင့္ရွန္ ထိုစကားကိုမၾကားသလို ၊ သူ႔အိတ္ကပ္ထဲမွ ကားေသာ့ထုတ္လိုက္ၿပီး ရန္ရိ ကိုပစ္ေပးလိုက္သည္။
" ပူးတြဲယာဥ္ေမာင္းထိုင္ခုံ အံဆြဲထဲမွာ လက္ထိပ္ရွိတယ္ "
ရန္ရိ ကုံးရင့္ရွန္ကို ေဒါသထြက္လ်က္ စိုက္ၾကည့္လိုက္သည္။
ကုံးရင့္ရွန္ ထိုလူ၏ လက္ေကာက္ဝတ္ႏွစ္ဖက္ကို သူ႔လက္တစ္ဖက္တည္းျဖင့္ ဆုပ္ကိုင္ရင္း ထိုသူ႔ေက်ာကို ဒူးေခါင္းျဖင့္တြန္းလိုက္သည္။
" သြား "
ရန္ရိ လွည့္ကာ ကုံးရင့္ရွန္ ကားဆီသြားကာ လက္ထိပ္မ်ားယူလိုက္ၿပီး ၎တို႔ကို ကုံးရင့္ရွန္ဆီ ပစ္ေပးလိုက္သည္။
သူ ( ကုံးရင့္ရွန္ ) ထိုလူကို လက္ရန္းတြင္ လက္ထိပ္ခတ္ထားလိုက္သည္။
" ခင္မ်ားတို႔ဘာလို႔ ကြၽန္ေတာ့္ကိုဖမ္းတာလဲ လႊတ္ေပး!"
ထိုလူက ေၾကာက္လန႔္တၾကား ေအာ္သည္။
ရန္ရိ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး စူးစမ္းၾကည့္ေတာ့ ထိုလူက အသက္ ၂၀ အ႐ြယ္လူငယ္တစ္ေယာက္ျဖစ္ၿပီး ပိန္၍အရပ္ပုသည္ အသားေရာင္ေဖ်ာ့ေဖ်ာ့ႏွင့္ သူ႔ၾကည့္ရတာ အာဟာရခ်ိဳ႕တဲ့သည့္ပုံ။
ကုံးရင့္ရွန္ ေအးစက္စက္ေျပာလိုက္သည္။
" မင္းဘယ္သူလဲ ၿပီးေတာ့ ညလယ္ေခါင္ႀကီး မင္းဒီမွာဘာလို႔ရွိေနတာလဲ? "
" ကြၽန္ေတာ္..ကြၽန္ေတာ္ သိခ်င္လို႔ပါ ကြၽန္ေတာ္လာၿပီးၾကည့္လို႔ေတာင္မရဘူးလား? ကြၽန္ေတာ့္ကိုဘာလို႔ဖမ္းတာလဲ? ဘယ္ဥပေဒကိုမ်ားခ်ိဳ႕းေဖာက္ေနလို႔လဲ! "
ရန္ရိ ထိုသူ႔ေက်ာဘက္မွ ေက်ာပိုးအိတ္ကိုလွမ္းၾကည့္ကာ ဆြဲယူလိုက္သည္။
" ခင္မ်ားဘာလုပ္တာလဲ? ကြၽန္ေတာ့္ပစၥည္းေတြမဖြနဲ႔ ကြၽန္ေတာ့္မွာလည္း ကိုယ္ေရးကိုယ္တာရွိတယ္! "
ရန္ရိ ၎အထဲမွ laptop ၊ pan-tilt camera၊ ညလင္းမီးႏွင့္ ဦးထုပ္ႏွင့္ ပစၥည္းေပါင္းစုံထုတ္လိုက္သည္။
Camera ဖြင့္လိုက္ေတာ့ စစ္ရွစ္ေက်ာင္ဓါတ္ပုံႏွင့္ video မ်ားစြာေတြ႕လိုက္ရ၏။
သူ႔ရင္ဘတ္ဒုန္းဆိုင္းသြားရသည့္ခ်က္ခ်င္း သူထိုလူငယ္ရဲ႕လည္ပင္းအေနာက္ဘက္ကို တင္းၾကပ္စြာဆုပ္ကိုင္လိုက္ၿပီး ေၾကာက္မက္ဖြယ္ေလသံျဖင့္ေျပာလိုက္သည္။
[ T/n : Pan-tilt camera - CCTV camera ေတြလိုမ်ိဳး ]
" မင္း မီးရႈိ႕တာလား? အာ? လူဘယ္ေလာက္ေတာင္ေသခဲ့လဲမင္းသိလား?! "
" မဟုတ္ဘူး မရႈိ႕ဘူး ကြၽန္ေတာ္မရႈိ႕ဘူး !"
ကုံးရင့္ရွန႔္ ဖုန္းဆက္ကာ ရဲကားေခၚလိုက္သည္။
ရန္ရိ ကုံးရင့္ရွန္ကိုလွမ္းၾကည့္လိုက္ေတာ့ သူ႔(ကုံးရင့္ရွန္) suit ကလုံးဝကို ေပေရ ေနၿပီး သူ(ရန္ရိ) သည္လည္း ထူးမျခားနားေပ။
မီးျပာေတြထဲ ေရတစ္ခါေလာက္ခ်ိဳးလိုက္ရသကဲ့သို႔ လုံးဝညစ္ေပေန၏။
သူ႔လို ပုံမွန္လူတစ္ေယာက္ေတာင္ ဒီညစ္ပတ္ေနတဲ့ပုံစံကို သည္းမခံႏိုင္မွေတာ့ ကုံးရင့္ရွန္ဆို....
ကုံးရင့္ရွန္ ေျခလက္မ်ားကေတာင့္ေနၿပီး မ်က္ႏွာက အုံ႔မႈိင္းေနသည္။ သူ႔ၾကည့္ရတာ သူ႔ကိုယ္သူဘယ္လိုလုပ္ရမလဲ မသိေတာ့သည့္အတိုင္း။
တစ္ကိုယ္ေရသန႔္ရွင့္ေရးေဝဒနာသည္ တစ္ေယာက္အေနႏွင့္ သူ႔ခႏၶါကိုယ္ ယခုလိုျဖစ္ေနတာ ေသခ်ာေပါက္ကို အဆင္မေျပျဖစ္ေနမည္ပင္။
" မင္းဘာလုပ္ေနတာလဲ......"
ရန္ရိ ကုံးရင့္ရွန္လက္ေမာင္းကို လွမ္းဆြဲလိုက္ရာ သူ႔(ကုံးရင့္ရွန္) လက္ဖ်ံမွေသြးမ်ားစီးက်ေနသည္ကိုၾကည့္ၿပီး အသက္ရႉသြင္းလိုက္ရသည္။
ကုံးရင့္ရွန္ သူ႔လက္ကို ျပန္ဆြဲလိုက္သည္။
" ကြၽန္ေတာ့္ကို သူလိုငါလို လာမထိပါနဲ႔ "
ထိုအခ်ိန္၌ ရန္ရိ သူ႔(ကုံးရင့္ရွန္) ကိုဂ႐ုစိုက္ေပးဖို႔ စိတ္မရႈပ္ေတာ့ေခ်။
" ေဆး႐ုံသြားရေအာင္ "
" ဟင္အင္း ကြၽန္ေတာ့္ဘာသာလုပ္လိုက္မယ္ "
" အနည္းဆုံးေတာ့ မင္းဒဏ္ရာကို ခ်ဳပ္ရဦးမယ္ "
" ကြၽန္ေတာ္ေျပာတယ္ေလ ကြၽန္ေတာ့္ဘာသာလုပ္လိုက္မယ္လို႔ "
" မင္းဘာသာ ဘာကိုလုပ္မွာလဲ? ဟမ္? "
ရန္ရိ ရင္ထဲမွ ေဒါသမ်ားလႈိက္တက္လာသည္။
" မင္း အ႐ူးထၿပီး ဒုတိယထပ္ျပတင္းေပါက္ကေန ခုန္ဆင္းတယ္ ဟိုေန႔က မီးၿငိမ္းသတ္ေနတုန္း အဲ့ဒီ့ျပတင္းေပါက္ကပဲ တပ္သားတစ္ေယာက္ခုန္ခ်ၿပီး ေျခေထာက္က်ိဳးသြားတယ္ကြ "
" ၃ မီတာေက်ာ္ေလာက္ပါပဲ "
" သုံးမီတာေက်ာ္က ေတာ္ေလာက္ၿပီမထင္ဘူးလား? "
ရန္ရိ အံႀကိတ္လိုက္သည္။
" အရင္မီးသတ္ဌာနမွာ အေပၚထပ္ကေနၿပီး ကားဂိုေဒါင္ကို တိုင္လုံးတစ္ခုထားတယ္ အဲ့တာက ၾကပ္မတ္ေရးကို အခ်ိန္သက္သာေအာင္လို႔ ၿပီးေတာ့ တပ္သားေတြအေပၚက တြယ္ဆင္းရေအာင္လို႔ ၊ ဟုတ္တယ္ အဲ့တာကိုေနာက္ေတာ့ ပယ္ဖ်က္လိုက္ရေရာ ဘာလို႔လဲဆို ႏွစ္တိုင္း လူေတြထိခိုက္တယ္ အမ်ားစုကေတာ့ ေသြးထြက္သံယိုျဖစ္ၿပီး အျခားသူေတြက အေသးစားဖ်ားနာမႈေတြျဖစ္တတ္တယ္
ဒါေပမယ့္ ေျခေထာက္က်ိဳးၿပီး အျပင္းအထန္ထိခိုက္တဲ့သူေတြလည္း ရွိသလို သူ႔တို႔ဘဝမွာလမ္းမေလွ်ာက္ႏိုင္ေတာ့အထိ ျဖစ္ခဲ့ရတဲ့သူေတြေတာင္ရွိခဲ့လို႔။
မင္းေျခခ်လိုက္ၿပီးေတာ့ ဘယ္အမွားမ်ိဳးလုပ္မိမလဲ မင္းသိမွာမဟုတ္ဘူး၊
မင္း ဒီေန႔ ကံဆိုးမလားဆိုတာ မင္းသိမွာမဟုတ္ဘူး
မင္း ကံၾကမၼာဘယ္လိုျဖစ္လာမလဲ ဆိုတာ မင္းသိမွာမဟုတ္ဘူး ၊
လူႀကီးတစ္ေယာက္က သူ႔အႏၲရာယ္ကင္းေရးသူ တာဝန္ယူသင့္တယ္ ! "
ကုံးရင့္ရွန္ ရန္ရိ၏ ခက္ထန္ေသာအမူအရာကို ၾကည့္ရင္း အရွိန္အဝါျဖင့္ တစ္ခဏမွ်ဖိႏွိပ္ခံလိုက္ရသည္။
သူ႔လည္ဇလုတ္ လႈပ္ရွားသြားကာမွ အသိစိတ္ျပန္ဝင္လာေတာ့၏။
" ကြၽန္ေတာ္က ရဲတစ္ေယာက္ပါ "
" ငါက မီးသတ္သမား "
ရန္ရိ ကုံးရင့္ရွန္ ရင္ဘတ္သို႔ လက္ညႇိဳးထိုးလိုက္ၿပီး :
" ငါ့ဘဝမွာ အမွားေသးေသးေလးကေန ထိတ္လန႔္ေၾကာက္႐ြံ႕စရာ မေတာ္တဆမႈေတြ ျဖစ္လာတာကို ဘယ္ေလာက္ေတာင္ ႀကဳံေတြ႕ခဲ့ရလဲ မင္းမသိပါဘူး "
ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနၾကၿပီး တစ္ေယာက္မွစကားမဟၾက။
တစ္ခ်ိန္တည္းမွာပင္ ရဲကားဥၾသသံျမည္၍ သူတို႔ႏွစ္ေယာက္ေရွ႕၌ ကားရပ္လာသည္။
ကင္းလွည့္ရဲတပ္သားႏွစ္ေယာက္ ထြက္လာၿပီး :
" ကုံးေပၚရွီး "
[ T/n : bó shì - PhD, Doctor ]
ကုံးရင့္ရွန္ ေျပာလိုက္သည္။
" သူက ဘားမီးေလာင္မႈမွာ သံသယရွိတဲ့သူ ၊ မင္းတို႔ ဌာနကိုျပန္ေခၚသြားလိုက္ ငါၿပီးရင္စစ္ေမးဖို႔လာမယ္ "
" ေကာင္းပါၿပီ "
ထိုလူကိုေခၚသြားၿပီးေတာ့ ကုံးရင့္ရွန္ သူ႔ကားဆီသို႔ လမ္းေလွ်ာက္သြားကာ ပစၥည္းခန္းကိုဖြင့္၍ အသစ္စက္စက္ suit တစ္စုံကိုထုတ္လိုက္သည္။
ကုံးရင့္ရွန္ သူ႔ tie ကို ဆြဲျဖည္ကာ shirt အားၾကယ္သီး တစ္လုံးၿပီးတစ္လုံးျဖဳတ္ေန၏။
ရန္ရိ ေနာက္ကလိုက္သြားၿပီး သူ႔(ကုံးရင့္ရွန္) ကို ဆက္စိုက္ၾကည့္လ်က္။
" ခင္မ်ား ကြၽန္ေတာ္အဝတ္ခြၽတ္ ၾကည့္ခ်င္လို႔လား? "
ကုံးရင့္ရွန္ ေအးစက္စက္ေျပာလိုက္သည္။
ရန္ရိ အသိစိတ္ျပန္ဝင္လာၿပီး ဖြင့္ထားေသာအေရွ႕ဘက္ဆီမွ ထိတ္လန႔္ဖြယ္ရင္ဘတ္ႂကြက္သားမ်ားအား ျမင္လိုက္ရေလ၏။
သူ ႐ုတ္တရက္ ပါးေတြပူလာသလို ခံစားလိုက္ရၿပီး (ဆဲေရး) တိုင္းထြာလိုက္သည္။
" မင္းအဝတ္ခြၽတ္တာကို ဘယ္သူကၾကည့္ခ်င္မလဲ ငါမင္းအခုေဆး႐ုံသြားၿပီး ဒဏ္ရာေဆးထည့္တာျမင္ခ်င္လို႔ ! "
" ကြၽန္ေတာ့္ဘာသာ လုပ္လိုက္မယ္လို႔ ေျပာတယ္ေလ "
ကုံးရင့္ရွန္ ေခါင္းမာမာနဲ႔ေျပာသည္။
" ကြၽန္ေတာ္ေဆး႐ုံသြားမွာမဟုတ္ဘူး "
" မင္း ေဆး႐ုံသြားရင္သြား ဒါမွမဟုတ္ ငါ့ကိုျပ , မဟုတ္ရင္ ငါ ခ်က္ခ်င္း ေခါင္းေဆာင္စုန႔္ကို ေခၚလိုက္မွာ! "
ကုံးရင့္ရွန္ သူ႔ shirt ကို ဆြဲၿဖဲဖြင့္လိုက္ၿပီး ၾကယ္သီးမ်ားက ေျမျပင္ေပၚျပန႔္က်ဲသြားရသည္။
လႈပ္ရွားမႈႀကီးက သူ႔ေဒါသကိုေဖာ္ျပလ်က္။
[T/n : ရင္ခြင္က်ယ္ႀကီးကိုေရာပဲ ဟီး :"3 ]
ကုံးရင့္ရွန္ အဝတ္မ်ားဝတ္ထားစဥ္ကာ အလြန္ပိန္သြယ္ပုံေပၚသည္။
သို႔ေသာ္ ခြၽတ္လိုက္ေသာအခါမွာေတာ့ သူ႔၌ ပခုံးက်ယ္မ်ား၊ ရန္ရိထက္ပိုသန္မာေသာ ခပ္ထူထူရင္အုံႂကြက္သားမ်ားႏွင့္ သြယ္လ်ေသာ ခါးရွိ၏။
ၿပီးေတာ့ သူ႔အဓိကႂကြက္သားမ်ားက အုတ္ခဲေသးေသးေလးမ်ားႏွင့္အလားတူစြာ။
ေယဘုယ်အားျဖင့္ေျပာရရင္ ကုံးရင့္ရွန္သည္ ရန္ရိသေဘာက်သည့္ type မ်ိဳးမဟုတ္ေသာ္လည္း ဒီလိုမ်က္ႏွာႏွင့္ ဒီလိုႂကြက္သားေတြကေတာ့ ကမာၻႀကီးမွာ တကယ့္ကို ရင္သပ္ရႈေမာစရာေပ။
ရန္ရိ မ်က္လုံးမ်ားက အခ်ိန္တစ္ခုၾကာ ဘယ္ဆီထားရမယ္မသိ။
ၾကည့္ရင္လည္း မသင့္ေတာ္ရာက်ဦးမည္၊ မၾကည့္ျပန္ရင္လည္း သူလိပ္ျပာမလုံတဲ့ပုံစံေပၚၿပီး သနားခ်င့္ဖြယ္ေကာင္းသည္။
" အခုထိ မလွည့္ေသးဘူးလား? " ကုံးရင့္ရွန္ စိတ္ဆိုးစြာေျပာလိုက္သည္။
"....သူေတာ္ေကာင္းေယာင္ေဆာင္တာ "
[ T/N : သူေတာ္ေကာင္းေယာင္မေဆာင္ဘူး ကေလးက တကယ္အင္ႏိုးစန႔္ပါ XD ]
ရန္ရိ ႏႈတ္ခမ္းတြန႔္လိုက္ၿပီး ေဘးလွည့္လိုက္သည္။
ကုံးရင့္ရွန္ shirt အသစ္ဝတ္ၿပီး ေဘးဘီၾကည့္လိုက္ကာ ေဘာင္းဘီလဲသည္။
သူ႔ေပေရေနေသာအဝတ္ေဟာင္းမ်ားကို အမႈိက္ပုံးထဲသို႔ထိုးသိပ္ထည့္ၿပီးေနာက္ ညစ္ပတ္ေနေသာ ရန္ရိအား အထက္မွေအာက္သို႔ၾကည့္လိုက္သည္။
ရန္ရိ ျပန္သတိရသြားၿပီး : " ငါမင္းကိုေျခာက္ေနတယ္မထင္နဲ႔ ငါအခုေခါင္းေဆာင္စုန႔္ကို ေခၚလိုက္မွာ "
" ကားထဲဝင္ "
" အိုေက? "
ကုံးရင့္ရွန္ အေအးခံဘူးထဲမွ တစ္ခါသုံး စာပြဲခင္းမ်ားထုတ္ကာ ရန္ရိ ထံပစ္လိုက္သည္။
" ခင္မ်ား ထိုင္ခုံေပၚခင္းလိုက္ ၊ ဘာေနရာမွမထိနဲ႔ "
" မင္းလခြီး လူစကားေရာနားလည္ရဲ႕လား? ငါမင္းကို ဒဏ္ရာေဆးထည့္ခိုင္းေနတာ "
" ကားထဲဝင္ ၊ ကြၽန္ေတာ္ဒဏ္ရာကို ဘယ္လိုလုပ္မလဲဆိုတာ ခင္မ်ားကိုျပမလို႔ "
ရန္ရိ တြန႔္ဆုတ္ေနၿပီး co-pilot ေနရာသို႔သြားလိုက္သည္။
ကားထဲဝင္ၿပီးေတာ့ ကုံးရင့္ရွန္ ရန္ရိကိုစိုက္ၾကည့္ေနကာ ထိုင္ခုံႏွင့္ ေက်ာဘက္ကို စားပြဲခင္းမ်ားျဖင့္ကာလိုက္သည္။
သူထိုင္လိုက္ၿပီးသည္ႏွင့္ ကားတံခါး ပိတ္ရန္လို၏။
" မထိနဲ႔ ! "
ကုံးရင့္ရွန္ ရန္ရိ ကိုတားလိုက္ၿပီး ရန္ရိရဲ႕ထိုင္ခုံကို လက္တစ္ဖက္ျဖင့္ေထာက္ကာ လီဗာကိုေက်ာ္ကာေစာင္းငဲ့လိုက္ၿပီး ကားတံခါးလက္ကိုင္ကိုဆြဲ၍ တံခါးပိတ္လိုက္သည္။ ၿပီးေတာ့ ရန္ရိ ကားခါးပတ္ကိုဆြဲရန္လုပ္လိုက္သည္။
ရန္ရိ ေက်ာျပင္က ခုံႏွင့္ထိေနၿပီး သူမလႈပ္ရဲေပ။
ကုံးရင့္ရွန္၏ ထူးဆန္းေသာအနံ႔အသက္က အၿမဲတမ္း သူ႔ႏွာဖ်ား၌တေဝ့သီသီရွိေနသည္။
သူတို႔ႏွစ္ေယာက္ရဲ႕အကြာအေဝးက အလြန္နီးစပ္ၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ ကိုယ္အပူခ်ိန္ကိုပင္ ခံစားႏိုင္ေနေလၿပီ။
သူ႔ေရွ႕တည့္တည့္၌ ကိုယ့္ရင့္ရွန္၏ၿပီးျပည့္စုံေသာ ပုံစံက မက္လုံးေပးေနသည့္သကာလ သူမတတ္ႏိုင္ပဲ တံေတြးၿမိဳခ်လိုက္ရသည္။
ကုံးရင့္ရွန္ ရန္ရိကို ခါးပတ္ပတ္ေပးၿပီး ကားစေမာင္းသည္။
ရန္ရိ သတိျပန္မဝင္ခင္ အခ်ိန္အေတာ္ၾကာသြား၏။
" ဘယ္သြားမွာလဲ ?"
" ကြၽန္ေတာ့္အိမ္ "
____________
W...wow my home !!!!!! ေနာက္တစ္ခန္း ကုံးရင့္ရွန္ အိမ္မွာလဲ အဟြတ္ အဟြတ္ :3
ကဲ ကဲ ဘယ္လိုလဲ ရင္ခုန္သံစကားေလးေတြ ေရးခဲ့ၾကစမ္းပါဦး ဒီေန႔ ေနမေကာင္းဘဲနဲ႔ စာ႐ိုက္ေပးေနတာ ျမင္ေစခ်င္လြန္းလို႔ O>O
- 7 11 2020
- Lynx