webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Action
Not enough ratings
69 Chs

Chapter 12

Translator - Lynx

________________

[ Unicode ]

ရန်ရိ ​သွေး​အေးသွားပြီး​နောက် နံရိုးများ ၊ ​ခြေချင်း၀တ် နှင့် ပွတ်တိုက်မိသွား​သော လက်ဖဝါးများမှ နာကျင်မှုကို တဖြည်းဖြည်းချင်းခံစားလာရသည်။

သို့​ပေမယ့် သူတစ်ခွန်းမှမ​ပြော ၊ အဘယ်​ကြောင့်ဆို​သော် ကုံးရင့်ရှန်လက်​မောင်းမှ ​သွေးများစီးကျပြီးရင်းစီးကျကာ သူခုနကတင်လဲ၀တ်ထား​သော ​သန့်ရှင်း​သည့်ဘောင်းဘီ​ပေါ်သို့

တ​စ်တောက်​တောက်ကျ​နေသည်ကို သူ​သေချာကိုမြင်​နေရေ​သော​ကြောင့်ပင်။

ကုံးရင့်ရှန် မျက်နှာက​တော့ ဘာမှဖြစ်မ​နေသလို တည်ငြိမ်​နေသည်။

ရန်ရိ ထပ်မ​အောင့်ထားနိုင်​တော့​ပေ။

" မင်းဆက်​မောင်းနိုင်​သေးလို့လား ဒါမှမဟုတ် ငါ​မောင်းမယ်​လေ "

ကုံးရင့်ရှန် စကားမ​ပြော။

" အနီးနားက ​ဆေးရုံကိုသွားရင်ပို​ကောင်းမယ် ဟိုရက်ကလည်း မင်း​ဆေးရုံမသွားဘူး မင်းအသက်ရှင်​နေ​သေးပြီး​နေ​ကောင်း​နေ​ပေမယ့် အဲ့လိုလုပ်​နေတာ ရပ်လို့မရဘူးလား ? "

ကုံးရင့်ရှန် ဆက်ပြီး တိတ်ဆိတ်​နေသည်။

ရန်ရိ အသံမြှင့်​ပြောလိုက်၏။

" မင်းကားထဲမှာ အရှုပ်ထုပ်ပစ္စည်း​တွေကျအများကြီးထည့်ထားပြီး​တော့ ​ရှေးဦးသူနာပြု​ဆေး​ဘူး​တော့ ထည့်မထားဘူးလား? "

ကုံးရင့်ရှန် သူ့အား မျက်​စောင်းထိုးကြည့်လိုက်သည်။

" ကျွန်​တော့်ကားထဲမှာ ​ရှေးဦးသူနာပြု​ဆေးဘူး လည်းရှိတယ် ၊ ပြီး​တော့ ကျွန်​တော့်ဘာသာလုပ်လိုက်မယ်လို့ ခင်များကို​ပြောထားတယ်​လေ ၊ ပြီး​တော့ ခင်များ ကျွန်​တော့်ဆရာကိုတိုင်မယ်လို့လည်း ခြိမ်း​ခြောက်​သေးတယ် ခင်များ မှတ်ညာဏ်မ​ကောင်းဘူးလား "

ရန်ရိ ရယ်ချင်သွားသည်။

" ငါက မင်း​ကောင်းဖို့အတွက်လုပ်​နေတာပါ

မင်း ​ရှေးဦးသူနာပြု​ဆေးဘူးနဲ့ ဘာများလုပ်နိုင်မှာလဲ? ​ဆေးပလာစတာကပ်မှာလား? မင်းဒဏ်ရာကို ​ဆေး​ကြောရမယ်၊ ပိုးသတ်ရမယ် ၊ ချုပ်ရမယ်၊ ချုပ်ရိုး​ဖြေရမယ် မင်း အဲ့တာ​တွေကို ကျွမ်းကျင်ဆရာ၀န်တစ်​ယောက်ကို ကိုင်တွယ်ခိုင်းမှရမယ် "

စကား​ပြောအရမ်းမြန်ပြီး၊ အသက်ရှူနည်း​သော​ကြောင့် နံရိုးများလှုပ်ရှားမိပြီး သူ့မျက်နှာ​ပေါ်မှ ကြွက်သားများကို နာကျင်မှုဖြင့် ခပ်ရဲ့ရဲ့ တွန့်သွား​စေသည်။

" အဲ့တာဆို ပါးစပ်ပိတ်ထား ၊ ​ရောက်​တော့မယ် "

မိနစ်အနည်းငယ်ကြ​တော့ ကားသည် ဗီလာဧရိယာအတွင်းသို့၀င်သွားပြီး ထိတ်လန့်ဖွယ်အကျယ်အ၀န်းနှင့် တစ်​မိသားစုနေ အိမ်၀င်းအတွင်း ​မောင်း၀င်သွား၏။

ရန်ရိ ​လေချွန်လိုက်သည်။

" ဒါမင်းအိမ်​ပေါ့ "

ကုံးရင့်ရှန် အိမ်ကပုံမှန်မဟုတ်ဘူးဆိုတာ သူ ဖုခိုင်ထံမှသိတာကြာပြီဖြစ်​သော်လည်း ​မြင်ရသည်ထက်​တော့ ပိုအံ့သြဖို့မ​ကောင်း။

သူ ​ပေကျင်းမှာ ဒီလို​နေရာမျိုးရှိမယ်မှန်းပင်မသိပါ​ချေ။

ကုံးရင့်ရှန် ကားရပ်လိုက်သည်နှင့် တံခါးပွင့်လာပြီး suit နှင့် leather shoes များ၀တ်ဆင်ထား​သော အသက်ကြီးကြီး လူကြီးလူ​ကောင်းတစ်​ယောက်က ​နောက်လိုက် အသက်လတ်ပိုင်း​ယောက်ျားနှင့် မိန်းမ တစ်တွဲ နှင့်အတူ ခပ်မြန်မြန်​လျှောက်လှမ်းလာသည်။

" သခင်​လေး! "

လူအိုကြီးက ကုံးရင့်ရှန်ထံစိုးရိမ်တကြီး​ပြေးလာပြီး :

" သခင်​လေး message ကဘာအဓိပ္ပါယ်လဲ? သခင်​လေး ဒဏ်ရာရထားတာလား ? "

ကုံးရင့်ရှန် သူ့လက်​မောင်း ​မြှောက်ပြလိုက်သည်။

" အမယ်​လေး....."

အသက်လတ်ပိုင်းလူက အနားလာသည်။

" သခင်လေး လာပါ ကျွန်​တော့်ကိုပြကြည့် "

ကုံးရင့်ရှန် ​ခြေလှမ်း နှစ်လှမ်း, လှမ်းလိုက်ပြီး​နောက် ရပ်လိုက်ကာ ကိုယ်ပြန်လှည့်လိုက်သည်။

ရန်ရိ ကားထဲကထွက်လိုက်ရုံနှင့်၊

လူအများက ရန်ရိကို တအံ့တသြ ကြည့်လိုက်ကြ၏။

ကုံးရင့်ရှန် ရန်ရိကို လက်ညှိုးထိုးကာ ​ပြောလိုက်သည်။

" သူ့ကိုအရင် ​ဆေး​ကြော​ပေးလိုက် "

ပြီး​နောက် ​ခေါင်းပြန်လှည့်ကာ ထွက်သွား​တော့၏။

ရန်ရိ မျက်​မှောင်ကြုတ်သွားသည်။

သက်ရှိလူသားတစ်​ယောက်အ​နေဖြင့် သူ့ကို ဂြိုလ်သားတစ်​ယောက်အလား ကြည့်​နေကြသည်ကို မခံနိုင်ပါ​ပေ။

လူကြီးလူ​ကောင်းအဖိုးကြီးက ရန်ရိဆီ​လျှောက်လာသည်။

" လူ​လေးက ..... မင်း​မျိုးရိုးနာမည်က? "

" မင်္ဂလာပါ ကျွန်​တော့်​မျိုးရိုးနာမည်က ရန် ၊ ရန်ရိ ပါ၊

ကျွန်​တော်က.... "

ရန်ရိ သူနှင့် ကုံးရင့်ရှန်၏ဆက်ဆံ​ရေးကို ဘယ်လိုစကားလုံးမျိုးနှင့် ​ဖော်ပြရမယ်မသိ၊

လုပ်​ဖော်ကိုင်ဖက်?

" ဦး​လေးရဲ့ မျိုးရိုးက ရှန့် ၊ ဦး​လေးရှန့်လို့​ခေါ်လို့ရတယ် "

ဦး​လေးရှန့် ​လေသံက စိတ်လှုပ်ရှားမှုများ မဖုံးမဖိနိုင်သိသာ​နေသည်။

" မင်းက အရမ်း​ဖော်​ရွေတာပဲ ရန်ရှန်း​ရှောင် ၊ သခင်​လေးက သူ့သူငယ်ချင်းကို တကယ်အိမ်​ခေါ်လာတာပဲ အိုး ၊ သခင်​လေးက သူငယ်ချင်းကို အိမ်​ခေါ်လာတယ်! "

[ T/n : Xīan Shēng means Mr. ]

" ကျွန်​တော်တို့က သူငယ်ချင်း​တွေမဟုတ်ဘူး..."

ဦး​လေးရှန့် ရန်ရိလက်ကို စိတ်အားထက်သန်စွာ ကိုင်လိုက်သည်။

" ရန်ရှန်းရှောင် အရင်​ဆေး​ကြောပြီး သန့်ရှင်းတဲ့အ၀တ်တစ်စုံ​လောက်၀တ်မလား? "

" အို့ ဟုတ်ကဲ့ "

ဦး​လေးရှန့် အသတ်လတ်ပိုင်း အမျိုးသမီးကို လက်​ဝေ့ယမ်းပြလိုက်ပြီး ၀မ်းသာအားရအသံဖြင့် :

" သွားပြင်ဆင်လိုက် ၊ သခင်​လေးက သူငယ်ချင်း​ခေါ်လာတာ "

" ကျွန်​တော်မဟုတ်...."

ရန်ရိ အိမ်ထဲသို့ ဦး​လေးရှန့်အတင်းဆွဲ​ခေါ်သွားတာခံလိုက်ရပြီး သူ့ကို အ၀တ်အသစ်တစ်စုံ​ပေးသည်။

သူ့လို တစ်နှစ်လုံး ​လေ့ကျင့်​ရေး၀တ်စုံကိုသာ၀တ်ကာ အ၀တ်အစားအတွက် အာရုံမထားတတ်သူ​တွေသည်ပင် ယခုကဲ့သို့ နုနယ်​သောအသားနှင့် အလင်း​ရောင်​အောက်၌ အ​ရောင်​ဖျော့​ဖျောလက်ထ ​နေတတ်​သော အထည်စကိုထိကိုင်ကြည့်ရုံဖြင့် ၎င်းအ၀တ်အစားများ၏ တန်ဖိုးကို ​တွေးကြည့်နိုင်သည်။

သူအ၀တ်လဲ​နေရင်း သူ့နံရိုးများကိုမှန်ထဲတွင် စစ်​ကြည့်လိုက်သည်။

ဒဏ်ရာများက အတွင်း​ကြေနေပြီဖြစ်​သော်ငြား သူကျိုးပဲ့သွားသည်ဟုမခံစားရ၊ သူ အရိုးကျိုးသွားသလားမသိ​ပါချေ။

သူ့အ၀တ်အစား​တွေ လဲပြီး​တော့ ​ထော့နဲ့နဲ့ဖြင့် အပြင်ထွက်လိုက်သည်။

ဦး​လေးရှန့်က တံခါးအပြင်ဘက်၌ အပြုံးပန်းဆင်ကာ​စောင့်​နေလျက်။

" ရန်ရှန်းရှောင် မင်း​ခြေ​ဖဝါး​​ရော ထိခိုက်ထားတာလား? "

" ရပါတယ် ​ပျောက်သွားမှာပါ "

" ​ဒေါက်တာ၀မ်က သခင်​လေး ဒဏ်ရာကိုကုပေး​နေတယ် မကြာခင်​သက်သာ​တော့မှာပါ ဦး​လေး မင်းကိုအထဲ​ခေါ်သွား​ပေးမယ် ​စောင့်​နေ​ပေါ့၊ မင်းဆာ​နေ​လောက်မှာပဲ တစ်ခုခုစားချင်တာရှိလား? "

" အရမ်း​နောက်ကျ​နေပြီ ပြသနာများ​နေပါဦးမယ်ဗျ "

" မဟုတ်တာ မဟုတ်တာ မီးဖိုထဲမှာ အမြဲတမ်းတစ်​ယောက်ရှိပါတယ် "

" အဲ့တာဆို ဘာပဲဖြစ်ဖြစ်ရပါတယ် "

ရန်ရိ တကယ်ကို ဗိုက်ဆာ​နေသည်။ သူမ​နေနိုင် ကုံးရင့်ရှန်ကားထဲမှာစားခဲ့ရ​သော အရွက်သုပ်ကို ပြန်​တွေးမိသွားပြီး ပုံမှန်လိုလိုနဲ့ ဖြည့်​ပြောလိုက်သည်။

" ပူတာ​လေး "

" ကိစ္စမရှိပါဘူး "

သူတို့နှစ်​ယောက် ကျယ်၀န်း၍ ခမ်းနားကြီးကျယ်​သော ဧည့်ခန်းကိုဖြတ်​လျှောက်သွားပြီး အ​ပေါ်ထပ်သို့သွားကာ ​ကော်ရစ်တာအဆုံးထိ​လျှောက်သွားကြသည်။

ဦး​လေးရှန့် တခါးဖွင့်လိုက်​တော့ ​ဆေးရုံတွင်​တွေ့နိုင်​သော ကိရိယာပစ္စည်းမျိုးစုံဖြင့် ကိုယ်ပိုင်​ဆေးခန်း​လေးက သူ့​ရှေ့၌​ပေါ်လာ၏။

ဦး​လေးရှန့် ရှင်းပြသည်။

" သခင်​လေးက ​ဆေးရုံသွားရတာမကြိုက်ဘူး အဲ့တာ​ကြောင့် သူ မိသားစုဆရာ၀န်ခန့်ထားလိုက်တာ "

ရန်ရိ စိတ်ထဲမှတိတ်တခိုး​ပြောလိုက်သည်။

--- ကြီးကျယ်လိုက်တာ

ကုံးရင့်ရှန်က ​ဆေးရုံကုတင်​ပေါ်တွင်ထိုင်ကာ ​ဒေါက်တာ၀မ်​အား ဒဏ်ရာများကို​ဆေးကုသ​စေသည်။

သူ အိမ်​နေရင်း၀တ် မီးခိုးနု​ရောင်၀တ်စုံကို၀တ်ဆင်ထားကာ​ရှေ့ဆံမြိတ်မှ ဆံဆအနည်းငယ်က​ပြေ​လျော့ကျ​နေပြီး

​နောက်ဆုံး​တော့ လူတစ်ကိုယ်လုံး၌ မီးခိုးနှင့် မီးနံ့ အနည်းငယ်သာ ကျန်ရှိ​တော့၏။

​ဒေါက်တာ၀မ် ရန်ရိ ကိုလှည့်ကြည့်လိုက်သည်။

" ​စောင့်ခိုင်းရတာ အားနာစရာပဲဗျာ ခဏ​နေရင် ပို​ကောင်းသွား​တော့မှာပါ "

" ရပါတယ် "

ရန်ရိ ​ဘေးတွင်၀င်ထိုင်လိုက်ပြီး ​ခြေနှစ်ဖက်ချိတ်ကာ ကုံးရင့်ရှန်ကို ကြည့်​နေလိုက်သည်။

" ငါ​ပြောတယ် ​ဒေါက်တာကုံး မင်းအိမ်ကအရမ်း ပုံကြီးချဲ့တာပဲ "

ကုံးရင့်ရှန် ချုပ်ရိုးလွတ် ပလာစတာကပ်ထား​သော လက်​မောင်း​ကို ရန်ရိအားပြလိုက်ပြီး မရွှင်မလန်း​ပြောသည်။

" ဒီဟာ​တွေ ကျွန်​တော့်ကားထဲမှာရှိတယ် "

ရန်ရိ ​ပြောလိုက်သည်။

" ဒဏ်ရာ​သေး​သေး​လေးကလည်း ဒဏ်ရာပဲ ၊ ​မေးခိုင်းကာကွယ်​ဆေး ထိုးပြီးပြီလား? "

​ဒေါက်တာ၀မ်က ကုံးရင့်ရှန်အစား​ဖြေလိုက်သည်။

" ပြီးပါပြီ "

ကုံးရင့်ရှန် ​ပြောသည်။

" သူ့ကို နံရိုး​တွေပြလိုက် "

ရန်ရိ မျက်လုံးများထက်ဝယ် အံ့သြရိပ်များ ဖြတ်​ပြေးသွား၏။

သူ့နံရိုး​တွေ ထိခိုက်သွားမှန်း သူ(ကုံးရင့်ရှန်) ဘယ်လိုလုပ်သိလဲ?

​ဒေါက်တာ၀မ် အနားလာကာ စစ်​ဆေးကြည့်ဖို့ ရန်ရိအင်္ကျီကိုဖွင့်လိုက်ပြီး​နောက် သူ့လက်နှင့် ထိစမ်းကြည့်လိုက်သည်။

" ဘာမှမပြင်းထန်​လောက်ပါဘူး ဓါတ်မှန်ရိုက်ကြည့်တာ​ပေါ့ "

" ဒီမှာရိုက်လို့ရ​သေးတယ်လား? "

ရန်ရိ မ​အောင့်နိုင်ဘဲ လျှာခလုတ်တိုက်သွားသည်။

" တချို့ အ​ခြေခံပစ္စည်း​​တွေ ဒီမှာရှိပါတယ် "

ရန်ရိ ​ဘေးဘက်မှ အခန်းငယ်အတွင်းသို့​ခေါ်သွားခံရပြီး X-ray ရိုက်ဖို့ပြင်ဆင်လိုက်ရ၏။

​ဒေါက်တာ၀မ် ဓါတ်မှန်ပုံကိုခါလိုက်သည်။

" အဆင်​ပြေပါတယ် အရိုး​တွေထိမသွားဘူး "

ရန်ရိ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

​ဒေါက်တာ၀မ် သူ့ရဲ့အဆစ်လွဲသွား​သော ​ခြေချင်း၀တ်နှင့် အတွင်း​ကြေ(အညိုအမဲစွဲ) သွား​သောဖဝါးများကိုကု​သပေးပြီး အ​​ယောင်​လျော့​ဆေးအချို့​ပေးသည်။

ထိုအချိန် ဦး​လေးရှန့်ပြန်​ရောက်လာပြီး ​ရှေ့သို့လာကာ အပြုံးဖြင့်​ပြောသည်။

" သခင်​လေး , Mr. ရန် , တစ်ခုခုစားဖို့ စား​သောက်ခန်းကိုကြွကြပါ "

နှစ်​ယောက် စား​သောက်ခန်းသို့သွား​တော့ စားပွဲ၏တစ်ဖက်ခြမ်း၌ ပူ​ပူနွေး​နွေး​အစားအ​သောက် အ​တော်များများရှိ​နေသည်။

၎င်းတို့ကို အထူး​ကောင်းမွန်စွာပြင်ဆင်ထားပြီး အပြင်အဆင်သည်လည်း အလွန်ထူးကဲသည်။

ညဥ့်နက်စာပုံစံနှင့်မတူဘဲ အလွန်များပြား​နေ၏။

စားပွဲရဲ့အခြားတစ်ဖက်တွင်​တော့ sandwich တစ်ခုနှင့် ​ရေတစ်ခွက်သာ ရှိ​နေလျက်။

ရန်ရိ အနည်းငယ်မျက်နှာပူ​နေပြီး ဦး​လေးရှန့်ကို လှမ်းကြည့်လိုက်ရာ ဦး​လေးရှန့်က ​လေသံတိုးတိုးနှင့် ​ပြောလာသည်။

" ရပါတယ် သခင်​လေးက ပူ​ပူနွေး​နွေးအစာ​တွေမစားဘူး ပြီး​တော့ သူက ညလယ်စာလည်းမစားတတ်ဘူး ထိုင်ပါ "

နှစ်​ယောက်သား စားပွဲမှာ၀င်ထိုင်လိုက်ကြသည်။

ရန်ရိ ကုံးရင့်ရှန်ကို လှမ်းကြည့်လိုက်​တော့ ကုံးရင့်ရှန်ကလည်း သူ့ကိုကြည့်​နေ​လေ၏။

သူတို့ပုံစံက အားပြိုင်​နေကြသည့်အလား၊ မည်သူမှ အရင်ဆုံးအကြည့်မလွှဲကြ​ပေ။

ထို့​ကြောင့် သူတို့ တစ်​ယောက်ကိတစ်​ယောက် စိုက်ကြည့်​နေကြသည်။

ကုံးရင့်ရှန် sandwich ကိုယူကာ တစ်ကိုက်,ကိုက်လိုက်စဥ် ရန်ရိလည်း တူဖြင့် နံရိုးကိုညှပ်ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။

[T/n : တစ်​ယောက်ဆီကတစ်​ယောက် အကြည့်မခွာဘဲစားနေကြတာ​နော် ဟီး ♡ ]

အိုးထဲမှ အ​ငွေ့တ​ထောင်း​ထောင်းနံရိုးသား ယူလိုက်သည်နှင့် ရန်ရိ အပူ​လောင်သွား၏။

သူ ပါးစပ်ကိုဖွင့်ကာအသက်ရှူလိုက်ပြီး ​ရေကို ​နေရာအနှံ့ရှာ​နေ​လျက်။

ဦး​လေးရှန့်က အမြန်ပဲ သူ့ကို ​ရေကမ်း​ပေးလာသည်။

ကုံးရင့်ရှန် နှုတ်ခမ်းအစွန်းဖျားများက မသိမသာ​ကော့တက်သွားပြီး ထိုင်ခုံကိုမှီထိုင်လိုက်ကာ ပင်ပန်း​​နေတာသိသာ​ပေသည်။

ရန်ရိ သူ့အ​ပေါ်နှုတ်ခမ်း​လောင်သွားလည်း မမှတ်​သေးဘဲ အကြီးကြီးကိုက်လိုက်ကာ စားနေရင်းဖြင့်​ပြောလာ၏။

" မင်းမှာ ဒီ​လောက်​ကောင်းတဲ့အစားအစာ​တွေရှိတာ​တောင် အဲ့ဟာပဲစားတယ်​ပေါ့? "

ကုံးရင့်ရှန် ​အေး​အေး​ဆေး​ဆေး​ပြောလာသည်။

" စားပြီးရင် ခင်များခဏနား​နေလိုက်၊ မနက်ဖြန်မနက်ကျရင် စခန်းကို တစ်​ယောက်​ယောက်ပြန်လိုက်ပို့​ပေးလိမ့်မယ်"

" မင်းက​ရော? မင်းအဲ့လူကိုစစ်​မေးဖို့ ဌာနခွဲကိုပြန်မှာလား? "

" ဒါ​ပေါ့ "

" ငါလည်းသွားဖို့လိုတယ် "

" ခင်များအလုပ်က မီးစုံစမ်း​ရေးမှာ ကူညီ​ပေးဖို့ပဲ၊ ပြီး​တော့ ကျန်တဲ့အပိုင်းက ရဲ​တွေရဲ့အလုပ် "

" ငါအများကြီး ၀င်ပါထားပြီးပြီပဲ ၊ ဒီတိုင်းရပ်ပြီး ကြည့်​နေနိုင်မယ်လို့မင်းထင်လား? "

ရန်ရိ အတင်းအကျပ်တိုက်တွန်းလိုက်သည်။

" ငါလည်းသွားချင်တယ် ငါပထမဆုံး အဲ့​မြေးစုတ်​လေးက မီးရှို့သမား ဟုတ်လား၊မဟုတ်လား သိချင်တယ် "

ကုံးရင့်ရှန် တွန့်ဆုတ်သွားပြီး :

" ​ကောင်းပြီ "

ရန်ရိ ​မွေး​မွေးကြိုင်ကြိုင်​တွေပိုပြီးပိုပြီး စားကာ၊ ဦး​နှောက်​သွေး​ထောက်ပံ့​ရေးက အစာအိမ်ထဲ​ရောက်​သွားသည်ထင့် သူစကားများ​နေမိသည်။

" မင်းမိသားစုက အရမ်းချမ်းသာတယ် ပြီး​တော့ မင်းမှာအခြား ဆန်းဆန်းပြားပြား ပြသနာ​တွေရှိ​သေးတယ် ဘာလို့ ရဲလုပ်ပြီး မင်းကိုယ်မင်း ခက်ခဲ​အောင်လုပ်ရတာလဲ"

ဦး​လေးရှန့် မျက်နှာတစ်ဖက်သို့လှည့်လိုက်ပြီး ကုံးရင့်ရှန်ကို ခိုးကြည့်ကာ ​ခေါင်းစဥ်​ပြောင်းလိုက်ချင်သည်။

" သခင်​လေး ​နောက်တစ်ခုယူဦးမလား ? "

ကုံးရင့်ရှန် တည်တည်ငြိမ်ငြိမ်ပဲ ရေ​သောက်လိုက်သည်။

" အဲ့တာ ခင်များနဲ့ဘာမှမဆိုင်ဘူး " ( ရန်ရိကို​ပြောတာ )

ရန်ရိ ဘာ​ပြောရမှန်းမသိ တစ်ဆို့သွားပြီး ​အေးစက်စွာ ​(​လှောင်​ပြောင်သည့်ဟန်) နှာမှုတ်လိုက်သည်။

" မင်းမှန်တယ် ငါစပ်စုမိသွားတာ "

ကုံးရင့်ရှန် ထရပ်ကာထွက်သွားသည်။

ဦး​လေးရှန့်က မျက်နှာပူပူနှင့် ​ပြောလာ၏။

" Mr.ရန် စိတ်ထဲမထားပါနဲ့ "

ရန်ရိ ပြုံးဖြဲဖြဲလုပ်လိုက်သည်။

" မစိုးရိမ်ပါနဲ့ ကျွန်​တော်သာစိတ်ထဲထည့်ရင် ​သူ ကျွန်​တော့်​ဒေါသ​ကြောင့် ​သေတာကြာ​ပြီ "

ဦး​လေးရှန်က ​ခြောက်​သွေ့​သွေ့ပြုံးပြသည်။

" နှစ်အကြာကြီး​နေပြီးမှ မင်းက သခင်​လေးအိမ်​ခေါ်လာတဲ့ ပထမဆုံးသူငယ်ချင်းပဲ ဦး​လေးတို့အားလုံး​ပျော်တယ် "

" ကျွန်​တော်က သူနဲ့သူငယ်ချင်းမဟုတ်ပါဘူး ဒီတိုင်းအလုပ်အတူလုပ်ရုံပါ "

ရန်ရိ အလွယ်ပဲ​ပြောလိုက်သည်။

ဦး​လေးရှန့် မျက်၀န်းများကသိသိသာသာ အ​ရောင်မဲ့သွားပြီး ရန်ရိ ရုတ်တရက် ​နောင်တရသွားသည်။

ဦး​လေးရှန့်က ထပ်ပြုံးကာ ​ပြောသည်။

" သခင်​လေးမင်းကိုအိမ်​ခေါ်လာကတည်းက မင်းကိုယုံကြည်ရလို့ပဲဖြစ်မယ် မင်းတို့သူငယ်ချင်းဖြစ်မယ်လို့ ဦး​လေးယုံတယ် "

ရန်ရိ ​လှောင်ရယ်လိုက်သည်။

သူ ကုံးရင့်ရှန် နဲ့ သူငယ်ချင်းဖြစ်ရမှာကို ဂရုမစိုက်​၊ သူ​မျှော်လင့်တာက မီး​လောင်မှု နည်း​နေချိန်မှာ ဒီအလုပ်ပြီးပြတ်ပြီးသွားဖို့ပင်။

ညစာစားပြီး​နောက် ရန်ရိကို ဧည့်နေခန်းဆီ လိုက်ပို့​ပေးသည်။

သူ တစ်ညလုံးနီးပါးအလုပ်ရှုပ်ခဲ့ရ​တော့ ပင်ပန်းကာ မသက်မသာဖြစ်​နေပြီး အိပ်​ပျော်သွား​တော့၏။

=========

မနက်အရုဏ်တက်တော့ ရန်ရိ ကုံးရင့်ရှန်အိမ်မှာပင် အလွန်နှုတ်မြိန်​သောမနက်ကိုစားပြီး​နောက် နှစ်​ယောက်သား ဟုန်းဝူဌာနခွဲကိုသွားကြသည်။

ဒါ​ပေမယ့် ဒီတစ်ခါ​တော့ သူတို့ကိုအချိန်ပြည့်ဒါရိုင်ဘာတစ်​ယောက်က​မောင်းပို့၏။

ဌာနခွဲ၌ ကုံးရင့်ရှန် စစ်​ဆေး​ရေးအခန်းသို့ တန်းတန်းသွားလိုက်သည်။

မ​နေ့ကသူဖမ်းတာခံခဲ့ရ​သောလူက​တော့ စစ်​ဆေးခန်းထဲတွင် တစ်ညလုံးနီးပါး ထိုင်​နေရပြီး အလွန်အိပ်ချင်​နေလျက်​ခေါင်းငိုက်ိစုက်ကျ​နေသည်။

သူတို့၀င်သွားသည်နှင့် ထိုလူကမျက်၀န်းနီများဖြင့် ကြည့်လာပြီး ​အော်ဟစ်တော့၏။

" ကျွန်​တော်မီးမရှို့ဘူး ခင်များတို့ကလူကို သက်​သေမရှိဘဲ ဖမ်းလာတာပဲ! "

ကုံးရင့်ရှန် ကုလားထိုင်ကိုဆွဲကာ ထိုင်လိုက်ပြီး ​အေးစက်စက်​ပြောလိုက်သည်။

" အမည် ၊ အသက် ၊ ဇာတိ ၊ ID နံပါတ် "

ထိုလူက တွန့်ဆုတ်ကာ ရိုးရိုးသားသား​ဖြေသည်။

" ကျိုးချွမ်း ၊ ၂၅ နှစ် ၊ ​တောင်ကြားမြို့က...."

ကုံးရင့်ရှန် ထိုသူ့အ​ခြေအ​နေကို အချက်အလက်နှင့်​မေးလိုက်ပြီး ထျန်ချီတက္ကသိုလ်၌တက်ခဲ့ကာ ဘွဲ့ရပြီး​နောက် အင်တာနက်ကုမ္ပဏီတစ်ခုတွင် programmer အဖြစ်လုပ်ကိုင်ခဲ့​ကြောင်းသိရသည်။

လွန်ခဲ့​သောတစ်နှစ်က အလုပ်ထွက်ခဲ့ပြီး အခုချိန်ထိအလုပ်လက်မဲ့ဖြစ်​နေဆဲ။

ကုံးရင့်ရှန် သူ့အလုပ်​ဖော်ကို ကျိုးချွမ်းရဲ့အ​ခြေခံအချက်အလက်များ အတည်ပြု​စေ​တော့လည်း မှန်ကန်၏။

ကုံးရင့်ရှန်​မေးလိုက်သည်။

" မင်းမ​နေ့ညက ဘာလို့​ပေါ်လာတာလဲ? ဘာလို့ camera ထဲမှာ ဓါတ်ပုံနဲ့ video ​တွေအများကြီးရှိ​နေတာလဲ? "

" ကျွန်​တော်ကသိချင်ရုံပါ ကျွန်​တော်ဓါတ်ပုံနည်းနည်း​လောက်ရိုက်​တော့​ရောဘာဖြစ်မှာမိုလို့လဲ?

ဘယ်ဥပ​ဒေက ကျွန်​တော်သွားလို့မရဘူးလို့​ပြောလဲ

ဘာလို့ခင်များတို့ကျွန်​တော့်ကို ရာဇ၀တ်သားတစ်​ယောက်လိုလာဖမ်း​နေရတာလဲ? "

ရန်ရိ ခက်ခက်ထန်ထန်​ပြောလိုက်သည်။

" မင်း အတားအဆီး​တွေမမြင်ဘူးလား? အဲ့အတားအဆီး​တွေက ဘာလုပ်ဖို့လို့မင်းထင်​နေတာလဲ?! "

ကျိုးချွမ်း တသိမ့်သိမ့်တုန်​နေသည်။

" ဟုတ်တယ် ကျွန်​တော့် အတားအဆီး​ရှိသားနဲ့ ကျွန်​တော်မ၀င်သင့်ဘူး ဒါကရာဇ၀တ်မှုမှမဟုတ်တာ၊

ကျွန်​တော်က ဥပ​ဒေ​ကျောင်းသားမဟုတ်​ပေမယ့် ကျွန်​တော့်လည်း ဥပ​ဒေအ​ကြောင်း အနည်းနဲ့အများ​တော့ သိပါတယ် "

" မင်း ဥပ​ဒေအ​ကြောင်း အနည်းနဲ့အများသိရင် စပ်စုချင်ရုံနဲ့ပဲ မှုခင်း​နေရာကို အရဲစွန့်ပြီး ဖျက်လိုဖျက်ဆီးလုပ်မှာမဟုတ်ဘူး "

ကုံးရင့်ရှန် ထိုသူ့ကိုစိုက်ကြည့်လိုက်သည်။

" ငါတို့ကို အရူးလိုဆက်ဆံမနေနဲ့ မင်းအမှန်မ​ပြောဘူးဆိုရင် ငါမင်းကို မီးရှို့မှုစုံစမ်းစစ်​ဆေး​ရေးမှာ ပထမဆုံးသံသယရှိသူအ​နေနဲ့ ထားလိုက်မယ် "

" ကျွန်​တော်မီးမရှို့ဘူး ! "

ကျိုးချွမ်း​အော်သည်။

" ကျွန်​တော် တကယ်မီးမရှို့ဘူး ကျွန်​တော်ကသိချင်ရုံနဲ့ ဓါတ်ပုံရိုက်တာပဲ ကျွန်​တော်ဘာမှမလုပ်ဘူး ကျွန်​တော်ဥပ​ဒေ မချိုး​ဖောက်ဘူး ! "

" မင်းလိမ်​နေတာ ! "

ကုံးရင့်ရှန် စားပွဲကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်သည်။

" မင်းဆက်ပြီး အမှန်ကိုမ​ပြောဘူးဆိုရင် လွန်ခဲ့တဲ့ ​ခြောက်လအတွင်း မင်းသွားခဲ့တဲ့​နေရာတိုင်းကို ငါစုံစမ်းပြမယ် မင်း၀ယ်ခဲ့တဲ့အရာတိုင်း ၊ မင်းဆက်သွယ်ခဲ့တာလူတိုင်း။

လူ​တွေနဲ့ အင်တာနက်မှာ ကျန်ခဲ့တဲ့သဲလွန်စ​တွေ၊ သံသဖြစ်စရာတစ်​နေရာပဲ ငါ​တွေ့ကြည့်၊ ငါပိုပြီးနက်နက်နဲနဲ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆွဲထုတ်ပြမယ်

မင်းမှာ အရှက်မဲ့တဲ့အရာဘာမှမရှိတာပို​ကောင်းမယ် မဟုတ်ရင်​တော့ ငါမင်းကိုသက်​သေ​ရှေ့မှာ ခွန်းတုန့်မပြန်နိုင်​အောင်လုပ်ပြမယ်! "

ကျိုးချွမ်း ​ကြောက်ရွံ့ခြင်း​ကြောင့် ဖြူစုတ်နေပြီး ပါးစပ်ကိုတင်းတင်း​စေ့ထားလျက် ငို​တော့မည့်ဆဲဆဲဖြစ်​နေသည်။

ရန်ရိ စားပွဲကို​ခေါက်လိုက်သည်။

" ငါမင်းကို လတ်တ​လောကိစ္စကို နားလည်ဖို့​ပြောချင်တယ် ငါတို့ရှာ​တွေ့တာနဲ့ မင်း၀န်ခံဖို့အခွင့်အ​​ရေး​တောင် ဆုံးရှုံးသွားရလိမ့်မယ် မင်းအရမ်းငယ်ပါ​သေးတယ် မင်းတကယ်ပဲ ကျန်တဲ့ဘ၀တစ်သက်တာလုံးကို​ထောင်ထဲမှာ ကုန်ဆုံးချင်တာလား? "

" ဟင်အင်း မကုန်ချင်ဘူး ကျွန်​တော်အခုပဲ​ပြောပါ့မယ်! "

ကျိုးချွမ်း ပလုံးပ​ထွေး ပြောလိုက်သည်။

" ​ပြော "

" ကျွန်​တော်....ကျွန်​တော် တိုက်ရိုက်လွှင့်​နေတာပါ "

ရန်ရိ ​စောင်းကြည့်လိုက်သည်။

" Live broadcast? online ​ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်တာလား? "

ကျိုးချွမ်း ​ခေါင်းညိတ်သည်။

" ဘယ်မှာလွှင့်တာလဲ? ဘယ်လို platform ကမင်းကို ဒီလိုတိုက်ရိုက်လွှင့်ဖို့ ခွင့်ပြုတာလဲ? "

" ပြည်တွင်းကမဟုတ်ဘူး "

ကျိုးချွမ်း သူ့နှုတ်ခမ်းသူကိုက်လိုက်သည်။

" အဲ့တာက server ရှာလို့မရတဲ့ဟာမျိုးပါ "

" server ရှာလို့မရဘူး? "

" အဲ့တာက မတည်မြဲတဲ့ platform ၊ လိင်အသား​ပေး website ​တွေလိုမျိုး server တွေအားလုံး နိုင်ငံခြားက၊

ပြီး​တော့ log in ၀င်တဲ့ IP ​တွေအားလုံးကလည်း ​ခြေရာခံလို့လည်းမရ၊ ရှာ​ဖွေ​ရေးစက်​တွေမှာလည်းမရှာနိုင်တဲ့ ကိုယ်စားလှယ်​တွေချည်းပဲ "

ကုံးရင့်ရှန် တစ်ခဏမျှ ​စေ့​စေ့စပ်စပ်စဥ်းစားလိုက်သည်။

" Dark web.....အဲ့လိုမျိုးလား? "

" အင်း "

ကျိုးချွမ်းမျက်နှာက မှုန်မှိုင်း​နေသည်။

" ကျွန်​တော် တိုက်ရိုက်ထုတ်လွှင့်တာလုပ်တယ် ပြီး​တော့ ဓါတ်ပုံတင်တာ​တွေနဲ့ video တင်တာ​တွေ​ရောပဲ အားလုံး ​ပိုက်ဆံရှာဖို့ပါ "

" မီး​လောင်ပြီး အခင်း​နေရာကိုမင်းသွားဖို့ တစ်​ယောက်​ယောက်က ငွေ​ချေ​ပေးတာလား? "

ကျိုးချွမ်း ​ခေါင်းညိတ်သည်။

" မီး​လောင်​နေတုန်းဆိုရင် တန်ဖိုးပိုများတယ် "

ရန်ရိ လက်သီးတင်းတင်းဆုပ်လိုက်ပြီး ​သူ့မျက်နှာထက်၀ယ် ကြောက်မက်ဖွယ်​ကောင်း​သော အရိပ်​အယောင် ဖြတ်​ပြေးသွား၏။

ကျိုးချွမ်း တုန်လှုပ်သွားသည်။

ကုံးရင့်ရှန် မျက်နှာသည်လည်း ပို၍ ပျက်ယွင်းလာလျက်။

" တိတိကျကျ​ပြော "

" တစ်ချို့ ဒုစရိုက်သမား​တွေမှာ အဲ့လိုဟာ​တွေကြည့်တဲ့ ဝါသနာမျိုးရှိတယ် "

ကျိုးချွမ်း နှာရှုံ့လိုက်သည်။

" ကျွန်​တော်အသက်​မွေး၀မ်း​ကျောင်းအတွက် အဲ့အ​ပေါ်မှီခို​နေရတာ အဲ့တာကမမှန်ဘူးဆိုတာကျွန်​တော်သိပါတယ် ဒါ​ပေမယ့် ကျွန်​တော် တကယ်ပဲမီးမရှို့ဘူး "

ကုံးရင့်ရှန် ကျိုးချွမ်းရဲ့ notebook ကိုဖွင့်လိုက်ပြီး ရှာ​ဖွေ​ရေးကို ဆွဲလိုက်သည်။

" ဘယ်တစ်ခုလဲ? "

" ပထမတစ်ခု "

ကျိုးချွမ်း​ပြောသည်။

" ဒါ​ပေမယ့် ခင်များ၀င်လိုက်တာနဲ့ ကျွန်​တော့် live broadcast ​ကပိတ်ဆို့လိုက်ပြီးသားပဲ သူတို့သိသွားတာနဲ့ အများစုကို website က cancel လိုက်တယ် "

ကုံးရင့်ရှန် screen ကိုကြည့်လိုက်ပြီး ​သေချာ​နေသည့်အတိုင်း website page က error ပြနေသည်။

" 'သူတို့' ဆိုတာဘယ်သူ​တွေလဲ? "

" ကျွန်​တော်မသိဘူး ကျွန်​တော်ဆက်သွယ်တာအားလုံးက ID ​တွေပဲ ဘယ်သူက website ကိုလုပ်တာလဲ ဘယ်သူကပရိတ်သတ်လဲ ကျွန်​တော် ဘာမှမသိဘူး "

" အဲ့တာဆို မင်းပိုက်ဆံဘယ်လိုရလဲ? "

" Bitcoin(လျှိဝှက်​ငွေလဲလှယ်သည့်ပမာဏသတ်မှတ်ချက်) လိုမျိုး အမည်မ​ဖော်တဲ့ငွေစနစ်ကိုသုံးတယ် ကျွန်​တော်တို့အလဲအလှယ်လုပ်တဲ့ blockchain platform ( internet ledger ) က လုံး၀လွတ်လပ်တဲ့ ' ​စျေးကွက် ' ပဲ၊ လူတိုင်း အ​ရောင်းအ၀ယ်လုပ်ပြီး ငွေလဲနိုင်တယ်"

[ T/n : note မှာ​သေချာရှင်းပြမယ် ကြည့်သွား​ပေးပါ ]

" platform နဲ့ website ကြားကဆက်စပ်မှုက​ရောဘာလဲ? "

ရန်ရိ ​မေးလိုက်သည်။

" အဲ့တာအ​ရေးမပါဘူး "

ကျိုးချွမ်း မျက်​မှောင်ကြုတ်သည်။

" ဒါမှမဟုတ် ဘယ်သူမှလဲ အ​ရေးပါတယ်လို့မ​တွေးကြဘူး စျေးကွက်က ​စျေးကွက်ပဲ၊ blockchain ရဲ့ရည်ရွယ်ချက်က အထိန်းအချုပ်လွတ်ဖို့၊ ​စျေးကွက်ထဲမှာ 'လူတိုင်း' ကဘယ်သူ ဆိုတာမရှိဘူး၊ ပြီး​တော့ လူတိုင်းလုပ်နိုင်တယ်၊ လူအားလုံး ဘယ်သူမဆို ​'စျေးကွက်' ထဲမှာ ​ငွေ​ကြေးစနစ်ကိုသုံးပြီး အ​ရောင်းအ၀ယ်လုပ်နိုင်တယ် "

ကုံးရင့်ရှန် ရန်ရိကို​ပြောလိုက်သည်။

" အမည်မ​ဖော်တဲ့ ​ငွေ​ကြေးလွှဲ​ပြောင်းမှုက အရမ်းရှုပ်​ထွေးတယ် ကျွန်​တော် အင်တာနက်မှုခင်းက လူတစ်​ယောက်ကို ကျွန်​တော်တို့ကိုကူညီဖို့​ပြောလိုက်မယ်

ဒီလူ​ပြောတာသာမှန်ရင် တကယ့်မီးရှို့သမားက screen ​နောက်မှာပုန်း​နေနိုင်​လောက်တယ် "

" ဒါ​ပေမယ့်လည်း မီးရှို့သမားက ဖန်သားပြင်​ပေါ်ကကြည့်​နေရုံနဲ့ပဲ တင်းတိမ်နိုင်မှာမဟုတ်ဘူး အခင်း​နေရာကိုသွားပြီး ပြန်အမှတ်ရဖို့ သူတို့ဆန္ဒကို ခက်ခက်ခဲခဲထိန်းချုပ်ထားရမှာပဲ "

ရန်ရိ မှုခင်းစုံစမ်း​ထောက်လှမ်း​ရေးကို​ သေချာနားမလည်​သော်လည်း သူ့အလုပ်ကို​ကောင်း​ကောင်းမွန်မွန်လုပ်ကိုင်နိုင်ဖို့ရာ မီးရှို့မှုနှင့်ပတ်သက်သည့် စာအုပ်များကိုလည်း သူဖတ်ဖူး​ချေ၏။

" အင်း တကယ်လို့ တိုက်ရိုက်လွှင့်တာကြည့်တဲ့သူကိုရှာနိုင်ရင် ​နေရာမှာ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံ​တွေ video ​တွေနဲ့ နှိုင်းယှဥ်ပြီး အဲ့လူကိုရှာဖို့ဖြစ်နိုင်တယ် "

ရန်ရိ သက်ပြင်းချလိုက်သည်။

သူ​ကောင်း​ကောင်းမအိပ်ရလို့လားမသိ ခေါင်းက ကိုက်ခဲ​နေပြီး ရီ​ဝေ​ဝေဖြစ်​နေသည်။

သူ အရက်ပြန်မီးခွက်ကို စုံစမ်းနိုင်ကတည်းက အမှုပြီးပြီလို့ ထင်ခဲ့​သော်လည်း သူအများကြီး၀င်ပါဖို့ မ​မျှော်လင့်ခဲ့မိ​ပေ။

အမှုရဲ့အကြီးဆုံးပြသနာက အခုချိန်ထိ ဒီမ​တော်တဆမှုက မ​တော်တဆလား မီးရှို့မှုလားဆိုတာ သူတို့မဆုံးဖြတ်နိုင်​သေးတာပင်။

=====================

Note :

အခုက bitcoin, blockchain, dark website နဲ့ဆိုင်တာ​တွေရှင်း​ပေးသွားမယ်​နော် ~

pornhub တို့ဘာလို့ အလည်​ရောက်ဖူးတဲ့သူ​တွေ ဘာ​တွေက​တော့ ပိုနားလည်လောက်မှာပါ ဘာပဲဖြစ်ဖြစ် အရမ်းကြီး​တော့မရှုပ်ပါဘူး

အခု ကုံးရင့်ရှန်တို့ အစ​ဖော်မိသွားတဲ့ dark web ကြီးက worldwide ပါ

လုံခြုံ​ရေးကလည်းအရမ်းမာပြီး ​နှောင့်စိ​လောက် hacker ​လေး​တွေက​တော့ ဖင်ဖျား​တောင်မမှီနိုင်​လောက်တဲ့ဟာကြီးရယ်ပါ။

​နောက်​တော့သိလာမှာပါ။ တဖြည်းဖြည်းနဲ့​ပေါ့

အဓိက ရန်ရိနဲ့ ကုံးရင့်ရှန်အတူအလုပ်လုပ်/ ဆုံ​တွေ့ခွင့်ရခဲ့တာကလည်း အဲ့ဟာကြီး​ကြောင့်ပါ ပြီး​တော့ flame armor ရဲ့​ကျောရိုးကြီးလဲဟုတ်ပါတယ်

အဲ့​တော့ ​ပြောချင်တာနဲ့​ပြော​နေတာကလွဲကုန်ပြီ ခဏ​လေး =_=

dark web ​တွေမှာဆိုရင် ပရိတ်သတ်​တွေကြိုက်​လောက်မယ့် ပုံ​တွေ video ​တွေ တင်ကြတယ် live broadcast ​တွေလုပ်တယ်

ပြီး​တော့ online game ​တွေမှာလို စိန်​ပေးတာတို့ Uc ​တွေ အစရှိသဖြင့် ​ငွေ​ကြေးစနစ်ကိုယ်စီရှိပါတယ် ml pubg etc. အဲ့လို​တွေ​ဆော့ဖူးရင် သိကြပါမယ်

သူတို့​တွေက ဘယ်သူဘယ်ဝါမသိကြပဲ အ​ရောင်းအ၀ယ်လုပ်ကြတယ် ဥပမာ-

ဒီ live ကိုကြိုက်တယ်ဆို gift အ​နေနဲ့​ပေးသွား​ရော 1 bitcoin ဘယ်​လောက် ဘယ်​လောက်အဲ့လို

bitcoin က​တော့ blockchain ဆိုတဲ့ ​ငွေ​ပေးသူနဲ့ ​ငွေလက်ခံ နှစ်ဦးနှစ်ဖက်ရဲ့ အ​ပေးအယူမှတ်တမ်း စသဖြင့် ထိန်းသိမ်း​ပေးထားတဲ့ အင်တာနက်​စျေးကွက်ကြီး​မှာ သူတို့သုံးတဲ့ ​ငွေ​ကြေးစနစ်​ပေါ့

​ငွေ​ပေး​ချေမယ်ဆို bitcoin နဲ့ပဲ​ချေတယ် ဘယ်နိုင်ငံ ဘယ်သူမဆို ကိုယ်ပိုက်ဆံကို အဲ့လိုပဲ​ရေတွက်တယ်

အဲ့​တော့ အ​တော်မိုက်တယ်ဗျ​နော် ဟဲဟဲ

​နောက်ထပ် အဲ့ website က​စောက်ရမ်းကြမ်းပါတယ် မီးရှို့တာ​တွေဆို မ​ပြော​တော့ဘူး စပွိုင်းရာကျမယ်

အဲ့လိုမျိုး မ​ကောင်းမှုအကုန်လုပ်တယ် ဒါ​ပေမယ့် ​နောက်​တော့သိလာမှာပါ

အ​တော်ဆိုးတယ်ဗျ

ပြီး​တော့ ​ကျေးဇူးပဲတင်ရမလို​တော့ဖြစ်​နေပြီ ကုံးရန် ဖြစ်လာ​စေတာမို့

​သေချာဂရုစိုက်ဖတ်ကြပါ ​နောက်ဆို မထင်မှတ်ထားတဲ့ ပိစိ​လေးက တကယ့် heavy ကြီးဖြစ်​နေလိမ့်မယ် ​ရေးထားတာအကုန် အပိုရယ်မပါပါဘူး။

မျက်စိထဲရှင်းရှင်းလင်းလင်းပုံ​ဖော်နိုင်​အောင်​ရေး​ပေးထားတာမို့ ပုံ​ပေါ်ပါတယ် လို့​ပြောကြတဲ့သူ​တွေကိုလည်း​ကျေးဇူးပါ

ကြိုးစားမှု​တွေအလကားဖြစ်မသွားဘူးပဲ ဆိုတဲ့ ခံစားချက်​လေးရမိတယ်

Sorry ဗျ ကျ​နော်က​မေ့တတ်​တော့ အ​ရေးကြီးတာ​ပြောဖို့ကျန်သွားတယ် 

1 bitcoin က 20,312,693.10 Myanmar Kyat နဲ့ညီပါတယ် ဒီ​နေ့လဲလှယ်​စျေးပါဗျ 

​နောက်ထပ် 1 bitcoin = 103,773.86 'Chinese Yuan'  

1 bitcoin = 1,652,974.00 Japanese Yen

1 bitcoin = 475,288.78 Thai Baht

1 bitcoin = 15,668.00 United States Dollar

အဲ့​လောက် သန်း ၂၀ ​ကျော်တဲ့ ပမာဏနဲ့အလုပ်လုပ်​နေတဲ့ဟာကြီးဆို​တော့ အ​တော်​ကြောက်ဖို့​ကောင်းပါတယ် ကဲ​နောက်ထပ်သိသင့်တာ​တွေလည်း ထည့်​ပေးလိုက်တယ်​နော်

- 10 11 2020

- Lynx

=============================

[Zawgyi]

Translator - Lynx

________________














ရန်ရိ ရယ်ချင်သွားသည်။







" ဒါမင်းအိမ်​ပေါ့ "




" သခင်​လေး! "




" အမယ်​လေး....."














ကျွန်​တော်က.... "


လုပ်​ဖော်ကိုင်ဖက်?




[ T/n : Xīan Shēng means Mr. ]




" အို့ ဟုတ်ကဲ့ "



" ကျွန်​တော်မဟုတ်...."














" ပူတာ​လေး "

" ကိစ္စမရှိပါဘူး "






--- ကြီးကျယ်လိုက်တာ






" ရပါတယ် "





ရန်ရိ ​ပြောလိုက်သည်။



" ပြီးပါပြီ "

ကုံးရင့်ရှန် ​ပြောသည်။





































" ဒါ​ပေါ့ "







" ​ကောင်းပြီ "

























=========




မ​နေ့ကသူဖမ်းတာခံခဲ့ရ​သောလူက​တော့ စစ်​ဆေးခန်းထဲတွင် တစ်ညလုံးနီးပါး ထိုင်​နေရပြီး အလွန်အိပ်ချင်​နေလျက်​ခေါင်းငိုကိစုက်ကျ​နေသည်။
























ကျိုးချွမ်း​အော်သည်။


" မင်းလိမ်​နေတာ ! "










" ​ပြော "






" ပြည်တွင်းကမဟုတ်ဘူး "



" server ရှာလို့မရဘူး? "





" အင်း "









" တိတိကျကျ​ပြော "





" ဘယ်တစ်ခုလဲ? "

" ပထမတစ်ခု "

ကျိုးချွမ်း​ပြောသည်။






" Bitcoin(လျှိဝှက်​ငွေလဲလှယ်သည့်ပမာဏသတ်မှတ်ချက်) လိုမျိုး အမည်မ​ဖော်တဲ့ငွေစနစ်ကိုသုံးတယ် ကျွန်​တော်တို့အလဲအလှယ်လုပ်တဲ့ blockchain platform ( internet ledger ) က လုံးဝလွတ်လပ်တဲ့ ' ​ဈေးကွက် ' ပဲ၊ လူတိုင်း အ​ရောင်းအ၀ယ်လုပ်ပြီး ငွေလဲနိုင်တယ်"



ရန်ရိ ​မေးလိုက်သည်။

" အဲ့တာအ​ရေးမပါဘူး "


" ဒါမှမဟုတ် ဘယ်သူမှလဲ အ​ရေးပါတယ်လို့မ​တွေးကြဘူး ဈေးကွက်က ​ဈေးကွက်ပဲ၊ blockchain ရဲ့ရည်ရွယ်ချက်က အထိန်းအချုပ်လွတ်ဖို့၊ ​ဈေးကွက်ထဲမှာ  'လူတိုင်း' ကဘယ်သူ ဆိုတာမရှိဘူး၊ ပြီး​တော့ လူတိုင်းလုပ်နိုင်တယ်၊ လူအားလုံး ဘယ်သူမဆို ​'ဈေးကွက်' ထဲမှာ ​ငွေ​ကြေးစနစ်ကိုသုံးပြီး အ​ရောင်းအ၀ယ်လုပ်နိုင်တယ် "











=====================

Note :





နောက်​တော့သိလာမှာပါ။ တဖြည်းဖြည်းနဲ့​ပေါ့ 







bitcoin က​တော့ blockchain ဆိုတဲ့ ​ငွေ​ပေးသူနဲ့ ​ငွေလက်ခံ နှစ်ဦးနှစ်ဖက်ရဲ့ အ​ပေးအယူမှတ်တမ်း စသဖြင့် ထိန်းသိမ်း​ပေးထားတဲ့ အင်တာနက်​ဈေးကွက်ကြီး​မှာ သူတို့သုံးတဲ့ ​ငွေ​ကြေးစနစ်​ပေါ့ 





အ​တော်ဆိုးတယ်ဗျ 




ကြိုးစားမှု​တွေအလကားဖြစ်မသွားဘူးပဲ ဆိုတဲ့ ခံစားချကိ​လေးရမိတယ်


1 bitcoin က 20,312,693.10 Myanmar Kyat နဲ့ညီပါတယ် ဒီ​နေ့လဲလှယ်​ဈေးပါဗျ 






- 10 11 2020

- Lynx

=================================