webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 61

Tue, Aug 24, 2021

{ UNICODE }

ရန်ရိ ကျည်ဆန်ကိုက်ပြီးသာ ကုံးရင့်ရှန်နဲ့ အောက်ဆင်းသွားရသည်။

မြောက်ဘက်ပိုင်းက ဆောင်းညသည်ကား အပူချိန်သုညနားကပ်လာပြီ။ ချီရှောင်း သားရေဂျာကင်တစ်ထည်နဲ့ ဂျင်းသားတွေပဲဝတ်ထားပြီး အရမ်းပိန်နေပုံပေါ်သည်။ မျက်ကွင်းတွေကနီရဲနေပြီး ခန္ဓာကိုယ်ကယိုင်ထိုးကာ ဆံသားတွေက နုံးချိချိလဲကျနေသည်။

လျှိုဟွေး ရန်ရိကိုမြင်ပြီး ပြောလာသည်။

" ခေါင်းဆောင်ရန်၊ သူ ခေါင်းဆောင်ကို လာရှာတာလို့ ပြောတယ် "

" ဟုတ်တယ်၊ ငါ့သူငယ်ချင်းပဲ၊ အဆောင်ပြန်တော့ "

ချီရှောင်းကလက်မြှောက်ပြီး ရန်ရိကိုဝှေ့ယမ်းပြလျက်၊ ငိုတာထက်ပိုရုပ်ဆိုးသော အပြုံးကြီးတစ်ခု လှစ်ဟာပြလာသည်။

" ဟိုင်း "

ရန်ရိ သူ့ဆီလျှောက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

" မင်းဘာဖြစ်တာလဲ? ဘာဖြစ်ခဲ့လို့လဲ? "

သူချီရှောင်းကို ဒီလိုတွေ့ရတာ တကယ်စိတ်ပူမိသည်။

ကုံးရင့်ရှန်ကချီရှောင်းကို လက်နှစ်ဖက်လုံး အိတ်ကပ်ထဲထည့်ရင်း စိုက်ကြည့်သည်။

" ကျွန်တော်အလုပ်က ထွက်ပြေးလာတာ...."

ချီရှောင်းနှစ်ခါရယ်ပြီး ဆို့နင့်သွားသည်။

" သရုပ်ဆောင်လေးမှာ ဘာလူ့အခွင့်အရေးမှ မရှိဘူးပဲ "

ရန်ရိ သက်ပြင်းဖွဖွချလိုက်ပြီး

" အထဲဝင်ပြီးပြောရအောင်၊ အပြင်မှာအေးတယ် "

ချီရှောင်း ခြေနှစ်လှမ်းလောက်ရှေ့တိုးလိုက်တော့ ရုတ်တရက်ခြေယိုင်သွားပြီး အရှေ့သို့ထိုးကျလာရာ ရန်ရိသူ့ကို မျက်စိတစ်မှတ်အတွင်း အမြန်လှမ်းဖက်လိုက်သည်။

ကုံးရင့်ရှန် နှုတ်ခမ်း‌တွေကို အနည်းငယ်တင်းတင်းစေ့ပိတ်လိုက်ပြီး အသားအရောင်က မပြောင်းမလဲရှိနေသော်ငြား နှာဖူးပြင်မှ ပြာလဲ့လဲ့သွေးကြောများ ထောင်ထလာသည်။

ချီရှောင်းက အလွယ်တကူပဲ သူ့ကိုယ်သူ ရန်ရိပေါ်မှာမှီအပ်ထားရင်း ညုတုတုပြောလာသည်။

" ကော ကျွ‌န်တော့်ကို ကျောပိုးလို့ရလား "

ရန်ရိ ကုံးရင့်ရှန်ကို ခိုးကြည့်လိုက်သည်။ ကုံးရင့်ရှန် စကားတစ်ခွန်းမှမပြောရင်တောင် မရွှင်မပျဖြစ်နေတဲ့ အသက်ရှူသံကိုခံစားသိနိုင်ပြီး သူတိုးတိုးပြောလိုက်သည်။

" ချီရှောင်း ဒါက ကိုယ်အလုပ်လုပ်တဲ့နေရာလေ၊ အဆင်မပြေရင် ကိုယ်ကူတွဲပေးမယ် "

ချီရှောင်း ခေါင်းညိတ်ပြကာ ကုံးရင့်ရှန်ကိုတွေ့သွားပုံရပြီး " အိုး " ဟုပြောလာသည်။

" မင်းက ဟိုဒေါက်တာပဲ "

ကုံးရင့်ရှန် ဘာမှမပြောဘဲ မျက်လုံးများက အလွန်‌အေးစက်နေသည်။

ချီရှောင်းက အရမ်းမူးနေတော့ ကုံးရင့်ရှန်သူ့အပေါ်ဆက်ဆံပုံကို မမြင်လောက်ပေ။ ဆက်ပြီး ဝါးတားတားပြောနေသည်။

" မင်းက....ရဲအရာရှိမလား? "

ရန်ရိရှင်းပြရင်း ချီရှောင်းလမ်းလျှောက်ဖို့ ကူပေးလိုက်သည်။

" ကိုယ်သူနဲ့ အမှုလိုက်နေတာ "

ကုံးရင့်ရှန်က အေးစက်စက်မျက်နှာနဲ့ လိုက်လာသည်။

ချီရှောင်းက အော်ပြောသည်။

" မင်းသရုပ်ဆောင်လိုပဲ ပေါ်ပြူလာဖြစ်‌လောက်တယ်၊ ဒါပေမယ့်.....မဝင်နဲ့၊ ငါ့သောက်ပိန်းကုမ္ပဏီကိုတော့ မဝင်လိုက်နဲ့ "

" အိုကေ ဘာမှမပြောနဲ့တော့၊ အထဲဝင်ပြီး နားလိုက်ဦး "

ချီရှောင်းကို သူ့အခန်းထဲခေါ်သွားမယ့်အစား အလည်လာတဲ့မိသားစုဝင်တွေအတွက် ယာယီအခန်းကို ပို့ပေးလိုက်သည်။

ရန်ရိ ချီရှောင်းကို အိပ်ရာပေါ်ချလိုက်ပြီး

" ငါမင်းကို ရေတစ်ခွက်ငှဲ့ပေးမယ် "

" ဟင်အင်း "

ချီရှောင်း ရန်ရိလက်ကိုဆွဲလိုက်ပြီး

" ကျွန်တော် ရေမသောက်ချင်ဘူး၊ အရက်သောက်ချင်တယ် "

" မင်းထပ်သောက်လို့ မရတော့ဘူး၊ အထူးသဖြင့် ကိုယ့်စခန်းထဲမှာ "

ကုံးရင့်ရှန် ချီရှောင်းလက် ရန်ရိကိုကိုင်ထားတာကြည့်ပြီး ရုတ်တရက် ဒေါသပုန်ထလာသည်။ ဒီလူက မူးပြီးညစ်ပတ်နေတာ၊ ဘယ်လိုလုပ် ထိချင်တိုင်း လိုက်ထိနေတာလဲ! သူတည်တည်တံ့တံ့ပြောလိုက်သည်။

" ရန်ရိ "

" ဟမ်? "

ရန်ရိ သူ့ကိုလှည့်ကြည့်လာသည်။

ကုံးရင့်ရှန် ခဏလောက် ဘာပြောရမလဲမသိ။ သူဒီတိုင်း သူတို့နှစ်ယောက်ကို တတ်နိုင်သမျှ ဝေးဝေးထားချင်ရုံသာ။ အကြာကြီးတုံ့ဆိုင်းနေပြီးမှ ထအော်လိုက်သည်။

" မြန်မြန် ရေခပ်ပေးလိုက်လေ ! "

" အို့ "

ရန်ရိထရပ်ပြီး ချီရှောင်းကို ရေတစ်ခွက်ယူပေးလိုက်သည်။

" မင်း ရေနည်းနည်းသောက်ပြီး ခေါင်းကြည်အောင်လုပ်လိုက် "

ချီရှောင်း ရေလှမ်းမယူပေမယ့် ပါးစပ်ရှုံ့ကာ မျက်ရည်များကျလာသည်။

" မငိုနဲ့လေ "

ရန်ရိ ပျာပျာသလဲချော့လိုက်သည်။

" မင်းပြောချင်တာသာ ကိုယ့်ကိုပြော၊ မင်းအလုပ်နဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လို့လား? "

သူ တစ်ရှူးထုတ်ပြီး ချီရှောင်းမျက်ရည်တွေကို သုတ်ပေးလိုက်သည်။

ကုံးရင့်ရှန် ထိုင်ခုံကို ကန်‌ကျောက်လိုက်၏။

သတ္တုခြေတိုင်တွေက ကြမ်းပြင်ကို အသံကျယ်ကြီးနဲ့ ပွတ်ဆွဲသွားတော့ ရန်ရိလန့်ပြီး ကုံးရင့်ရှန်ကို လှည့်ကြည့်လိုက်သည်။ ကုံးရင့်ရှန် မျက်နှာလွှဲလိုက်ပြီး တိတ်တဆိတ် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ချီရှောင်းက သူဖိနှိပ်ဖယ်ရှားခဲ့ရတာတွေ၊ ကုမ္ပဏီက သူ့ကိုသေချာအာရုံမစိုက်သလို မကူညီတာတွေ၊ အဆက်အသွယ်ကောင်းမပေးတာတွေကို ဗလုံးဗထွေး စပြောလာတော့သည်။

ရန်ရိ နူးနူးညံ့ညံ့နှစ်သိမ့်ပေးလိုက်၏။ သူတို့နှစ်ယောက်တွေ့ခဲ့စဉ်က ချီရှောင်းဆိုတာ အသက်၂၀ ပင်မပြည့်သေး။ အရင်နှစ်တွေမှာသူ ချီရှောင်း ဖျော်ဖြေရေးလောကထဲ လုပ်ကိုင်နေတာကြည့်ခဲ့သည်။ သူတကယ်ကို ဒုက္ခခံခဲ့ရပေမယ့် အလုပ်ကြိုးစားတာက အမြဲဆုလာဒ် မဟုတ်တာတော့ စိတ်မကောင်းစရာပင်။

ချီရှောင်း ခဏလောက်ငိုနေပြီး သိသိသာသာအိပ်ချင်လာတော့ အသံပိုတိတ်လာပြီး မျက်တောင်တွေလည်း တန်းတန်းစိုက်ကျသွားတော့သည်။ ရန်ရိ သူ့ခေါင်းကိုကိုင်ပြီး ပျော့ပျော့ပျောင်းပျောင်း ပြောလိုက်သည်။

" မင်း ကောင်းကောင်း အိပ်လိုက်ပါဦး "

ချီရှောင်းက တိုးတိုးရေရွတ်လာပြီး

" ကျွန်တော်နဲ့နေပေးလေ "

ရန်ရိမျက်လုံးတွေကို အားကိုးမှုအပြည့်နဲ့ ကြည့်လာသည်။

ရန်ရိ ရင်တုန်သွားရ၏။ ကုံးရင့်ရှန် ကြားလား၊ မကြားလားမသိပေမယ့် ကိုယ်ကိုကိုင်းပြီး အသံတိုးတိုးနဲ့ပြောလိုက်သည်။

" ပြဿနာမလုပ်နဲ့လေ၊ ဒါကိုယ့်စခန်း "

ချီရှောင်း အရက်သောက်ထားပေမယ့်၊ မခြင့်ချိန်နိုင်တဲ့အထိတော့ မမူးသေး။ သူ စိတ်ပျက်ပျက်နဲ့ ခေါင်းညိတ်ပြလိုက်သည်။

ကုံးရင့်ရှန် ရန်ရိခေါင်း‌ငုံ့သွားတာ မြင်ပေမယ့် ချီရှောင်းကိုဘာပြောနေလဲ မသိပေ။ သူတို့နှစ်ယောက် အရမ်းကပ်သွားတော့ သူ့မျက်လုံးတွေ မီးထတောက်လာသည်။

ရန်ရိ ချီရှောင်းကို စောင်ခြုံပေးလိုက်ပြီး

" မင်းအိပ်လိုက်ရင် စိတ်အနှောင့်အယှက်ပေးနေတာတွေ မနေ့ကကိစ္စဖြစ်သွားပြီး မနက်ဖြန်ကျရင် အားလုံးအဆင်ပြေလာလိမ့်မယ် "

ချီရှောင်းက မပြုံးချင့်ပြုံးချင်နဲ့ ပြုံးသည်။

ရန်ရိ မတ်တပ်ထရပ်ပြီး ပြန်လာခဲ့၏။

တံခါးပိတ်သွားပြီးသည်နှင့်တစ်ပြိုင်နက် ကုံးရင့်ရှန်က ပြောလာသည်။

" ခင်များ လက်ထုတ်လိုက် "

သူ့အသံက အလွန်ဆိုးရွားနေလျက်။

" ဟမ်? "

ရန်ရိ ဘာလို့လဲဆိုတာ မသိ။

" ထုတ်လိုက် "

ကုံးရင့်ရှန် ရန်ရိကို စူးစိုက်ကြည့်ရင်း မျက်နှာမှာတော့ ဒေါသအလွှာတစ်ခု လွင့်ပါးနေသည်။

ရန်ရိ မရှင်းမလင်းနဲ့ လက်ဆန့်ထုတ်ပေးလိုက်ရသည်။

ကုံးရင့်ရှန် သူ့အိတ်ကပ်ထဲက ပိုးသတ်ဆေးဘူးထုတ်ပြီး ဒေါသထွက်ပေါက်ရဖို့ ဘူးနှုတ်သီးကို ခပ်ပြင်းပြင်းဖိချလိုက်သည်။ ပထမဆုံး ရန်ရိလက်ကို အရက်ပြန်နဲ့ဆေးပြီး နောက်တော့ သူ့တစ်ကိုယ်လုံးကို ဖြန်းချလိုက်သည်။

ရန်ရိ မျက်လုံးတွေမှိတ်ထားပြီး အရက်ပြန်နံ့စူးစူးခံကာ ကုံးရင့်ရှန်ကို စိတ်ထဲက ကျိန်ဆဲလိုက်သည်။

ပိုးသတ်ပြီးတာတောင် ကုံးရင့်ရှန်ကြည့်ရတာ ဒေါသပြေသေးပုံမရ။

" အထဲကလူ ဦးနှောက်မှာပြဿနာရှိနေတာလား? သူ့ဘာသာ အလုပ်အဆင်‌ပြေပြေ မလုပ်နိုင်တာကို ခင်များကိုလာရှာတာ ဘာသဘောလဲ? "

ရန်ရိမတတ်နိုင်ပဲ ပြောလိုက်သည်။

" သူကဒီတိုင်း စကားပြောလို့ရမယ့်လူ တစ်ယောက်ယောက်ရှာပြီး ဖြေရှင်းချင်ရုံပဲ "

" ဘာလို့ ခင်များကိုလာ‌တွေ့တာလဲ? "

" ငါတို့က သူငယ်ချင်းတွေလေ "

ကုံးရင့်ရှန်မျက်နှာက စိမ်းတစ်လှည့် ဖြူတစ်လှည့်ဖြစ်ပြီး ဒေါသတကြီးပြောလိုက်သည်။

" သူ၊ သူက ညစ်ပတ်နံစော်နေတာ၊ ခင်များ ဘာလို့ ညစ်ပတ်နံစော်တဲ့သူနဲ့ သူငယ်ချင်းဖြစ်ချင်နေတာလဲ? "

ရန်ရိ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ ချီရှောင်းရဲ့နီမြန်းပြီး ဖောယောင်နေတဲ့ မျက်နှာ ပေါ်လာသည်။ ချီရှောင်းက ပုံမှန်ဆို အရမ်းတက်ကြွပြီး စိတ်ရှုပ်စရာစရိုက်မျိုးမဟုတ်။ ဒါသူ့ရှေ့မှာ ပထမဆုံးမျက်ရည်ကျခြင်းပင်။ အဲ့တာက တကယ်တမ်း မှားယွင်းပြီး စိတ်ညစ်စရာကောင်းတာမျိုးမဟုတ်။ ဘယ်ယောက်ျားသားက တစ်ခြားသူရှေ့မှာ ရှက်စရာကောင်းတာမျိုး ပြချင်ပါ့မလဲ။ ကုံးရင့်ရှန် ဝေဖန်ချက်က သူ့ကိုစိတ်မသက်မသာ ဖြစ်စေ၏။ သူစိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်သည်။

" သူပုံမှန်ဆို ဒါမျိုးမလုပ်ဘူး၊ မင်းလည်းအရင်က သူ့ကိုမြင်ဖူးတာပဲ၊ ဒီလိုအခက်အခဲမရှိသေးဘူး "

ကုံးရင့်ရှန်က ရန်ရိ ချီရှောင်းအတွက် ပြောပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ ရုတ်တရက် အရမ်းဒေါသထွက်လာသည်။

" အဲ့တာဆို ခင်များပြန်ပြီး သူ့ကိုပဲအဖော်ပြုပေးလိုက်တော့! "

သူ‌လှည့်ထွက်သွားသည်။

" ဟေး! "

ရန်ရိ လှမ်းဆွဲဖို့အမြန်လုပ်လိုက်ပြီး ကုံးရင့်ရှန်လက်မောင်းကို ကိုင်လိုက်သည်။

" ဘာလို့ မင်း....."

ကုံးရင့်ရှန် ရန်ရိလက်ကို ခါထုတ်လိုက်ပြီး

" လာမထိနဲ့ "

ရန်ရိ လန့်သွားသည်။ အစတုန်းက ကုံးရင့်ရှန် သူ့အပေါ်အရမ်းရိုင်းပေမယ့် အဲ့အချိန်ကသူ ဒေါသထွက်ဖြစ်ပြီး ရယ်ချင်သလိုသာ ဖြစ်ခဲ့သည်။ အခုကုံးရင့်ရှန် သူ့ကိုထပ်ပြီး မုန်းသွားပြန်တော့ သူအတော်ကြီးကို စိတ်ဆင်းရဲရ၏။ သူ ဖျစ်ညှစ်ပြုံးပြီး စနောက်လိုက်သည်။

" အိုင်းယိုး၊ မင်းသဝန်မတိုတော့ဘူးပေါ့ "

ဒီစာကြောင်းက ကုံးရင့်ရှန်ကို ပိုပြီးအရှက်ရစေသည်။

" ညစ်ပတ်တယ်လို့ ခံစားရရုံပဲ "

ရန်ရိနှလုံးသား ဆွဲနှုတ်ခံလိုက်ရသလိုဖြစ်ပြီး ဒေါသထွက်သလို ဝမ်းလည်းနည်းသည်။ သူ ကုံးရင့်ရှန်ကိုကြိုက်တယ်၊ ဒါပေမယ့် တစ်ခါတစ်လေတော့ ကုံးရင့်ရှန် တဇွတ်ထိုးဆန်တာနဲ့ အမူအကျင့်ကို သည်းမခံနိုင်ပေ။ ထပ်ပြီးတော့ သူမချုပ်တည်းနိုင်ဘဲ စိတ်ကူးမိပြန်တာက တကယ်လို့များ ကုံးရင့်ရှန်သာ သူနဲ့ချီရှောင်းကြားက ဆက်ဆံရေးကိုသိသွားခဲ့ရင်၊ ကုံးရင့်ရှန်သာ သူ့စိတ်ထဲ ဘာအတွေးတွေချုပ်တည်းထားလဲ သိသွားခဲ့ရင်၊ သူ ပိုပြီးရွံရှာအထင်သေးတဲ့ အမူအရာမျိုး ဖော်ပြလေမလား?

ဒါကိုတွေးမိတော့ ရန်ရိအသက်ရှူကြပ်သလို ခံစားလာရသည်။ သူအသက်ပြင်းပြင်းရှူလိုက်ပြီး နင့်နဲသောအသံဖြင့် ပြောလိုက်သည်။

" မင်းပြန်ပြီး စောစောနားလိုက်ပါ "

ကုံးရင့်ရှန် လက်သီးဆုပ်ရင်း လှည့်ထွက်လာခဲ့သည်။

ကားထဲပြန်ရောက်တော့ ကုံးရင့်ရှန် တစ်ခဏမျှတိတ်ဆိတ်နေပြီး ရုတ်တရက် ကြောက်မက်ဖွယ်အလင်းတန်းတစ်ခု မျက်နှာပေါ် ဖြတ်ပြေးသွားလျက် ကားစတီယာရင်ကို ခပ်ပြင်းပြင်းထုရိုက်လိုက်ပြီး ကားဟွန်းသံ စူးရှစွာအော်မြည်လာသည်။

ဘာလို့၊ ဘာလို့ရန်ရိမှာ သူ့အပြင်အခြားသူငယ်ချင်းတွေ ရှိနေရတာလဲ? တကယ်လို့ ရန်ရိသာ သူတစ်ယောက်တည်းအတွက်ဆိုရင် အခြားသူတွေ ထိကိုင်တာ၊ အချိန်ယူတာမျိုး မခံရတော့ဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ရန်ရိကို အဲ့ဒီ့လူနဲ့ဝေးဝေးနေခိုင်းဖို့ သူ့မှာ သင့်လျော်တဲ့အကြောင်းပြချက်မျိုး မရှိချေ။

ရန်ရိကို သူပဲ သူတစ်ယောက်ပဲ သူတစ်ယောက်တည်းပဲ! ပိုင်ဆိုင်ရဖို့မျှော်လင့်တယ်။

ကုံးရင့်ရှန် ထွက်သွားပြီးတော့ ရန်ရိအခန်းပြန်လာပြီး စားပွဲပေါ်က သိမ်းဆည်းချိန်မရလိုက်တဲ့ အစားအသောက်ဘူးတွေကို ကြည့်မိသည်နှင့် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

ညကောင်းလေးတစ်ခု ဖြစ်ခဲ့ပါတယ်၊ သူ့အခန်းမှာ အေးစက်စက်ညစာဘူး စားခဲ့ရရင်တောင် သူ့အတွက်တော့ date တစ်ခုလိုပဲ ‌ကျေနပ်စရာကောင်းခဲ့တယ်။

အားလုံးပျက်စီးသွားတာတော့ ဝမ်းနည်းစရာပင်။

သူချီရှောင်းကို အပြစ်မတင်ပါဘူး၊ အဲ့တာကဒီတိုင်း ချီရှောင်းလာတဲ့အချိန် အရမ်းအနံ့ထွက်နေပြီး သူဖြေရှင်းလိုက်ရရုံပဲ။ ဒါကြောင့် ကုံးရင့်ရှန် အရမ်းစိတ်ဆိုးသွားတာ။

သူ ကုံးရင့်ရှန်နဲ့ ရှို့တိုးရှန့်တန့်ဖြစ်မနေချင်။ သူ နှစ်ယောက်သား နေ့ရောညပါ အတူရှိနေချိန်တွေကို မြတ်နိုးတန်ဖိုးထားသည်။ သို့ပေမယ့် ဒီညကုံးရင့်ရှန် အရမ်းစိတ်ဆိုးသွားပြီး သူ့ကိုဘယ်လောက်ကြာကြာ လျစ်လျူရှုထားဦးမလဲ မသိပေ။

ရန်ရိ အိပ်ရာပေါ်ပစ်လှဲရင်း ပင်ပင်ပန်းပန်း မျက်လုံးမှိတ်လိုက်ပေမယ့် စိတ်ဆင်းရဲနေပြီး အိပ်လို့မပျော်။

ကုံးရင့်ရှန်သာ သူကြိုက်သလောက် သူ့ကိုကြိုက်ရင် ဒီအချိန် ဘယ်လိုခံစားရလဲဆိုတာ နားလည်နိုင်လိမ့်မည်။

=======

နောက်တစ်နေ့ သူအိပ်ရာနိုးတော့ ချီရှောင်းပြန်သွားပြီဆိုတာ တွေ့လိုက်ရသည်။ သူမနက်ခြောက်နာရီ အိပ်ရာထတယ်ဆိုတော့ ချီရှောင်းညလယ်ခေါင်မှာ ပြန်သွားကြောင်း ဖော်ပြနေသည်။ တကယ်ကို ဖုန်းထဲမှာ WeChat ကနေမနက်လေးနာရီထိုး စာပို့ထား၏ : ကော ကျွန်တော်အလုပ်ဆီ အမြန်ပြန်ပြေးလိုက်ရတယ်၊ ဒုက္ခတွေ့စေခဲ့ပါပြီ။

ရန်ရိစိတ်ထဲ အရမ်းမသက်မသာဖြစ်ရသည်။ သူအတော်ကြာ ချီရှောင်းကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိဖြစ်နေပြီးမှ စာပြန်လိုက်သည် : အခက်အခဲအကုန် ‌ပပျောက်သွားလိမ့်မယ်၊ ကိုယ့်အနာဂတ်ကိုယ် ယုံကြည့်မှုရှိရမယ်လေ။

ခဏကြာတော့ ချီရှောင်း အပြုံးကြီးကြီးနဲ့ စာပြန်လာသည်။

ရန်ရိ chat box ကနေပြန်ထွက်လိုက်ပြီး သူ့‌ထိပ်ဆုံးမှာ နေရာယူထားတဲ့ ကုံးရင့်ရှန်နာမည်ကိုကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချမိသည်။

မနက်ခင်းလေ့ကျင့်ချိန် ပြီးခါစမှာပဲ ကောင်းကယ်က သူ့မိန်းမနဲ့ကလေးကို စခန်းခေါ်လာသည်။ သူဒီနေ့ ဆေးရုံဆင်းပေမယ့် ရက်နည်းနည်းခွင့်ပိုယူထားပြီး မိသားစုနဲ့အချိန်ဖြုန်းဖို့ ကြံရွယ်ထားသည်။

ရန်ရိပြုံးကာ ပြောလိုက်၏။

" မင်းဘာလို့ ဆေးရုံဆင်းဆင်းချင်း စခန်းဆီပြေးလာတာတုန်း? "

" ကလေး မီးသတ်ကားကြည့်ရအောင်လို့ "

ကောင်းကယ် သူ့သမီးလေး ခေါင်းကိုကိုင်လိုက်ပြီး

" ဒါကတော့ ငါတို့လာလည်ရတဲ့ ပထမဆုံးဆွဲဆောင်မှုဖြစ်မှာပဲ "

စွေးရီရှန့်ပြုံးလိုက်ပြီး

" ဒုခေါင်းဆောင် ကျွန်တော်တော့ မနက်စာစားဖို့ အချိန်ကိုက်ရောက်လာတယ်လို့ ထင်တာ "

" မင်းကြောင့်ပေါ်ကုန်ပြီ ကောင်စုတ်လေး "

ကောင်းကယ်ပြုံးရင်း ဆူလိုက်သည်။

ချွီယန်ပေါ်က ကောင်းကယ်လက်ထဲက ကလေးကိုချီလိုက်ပြီး

" ချင်းချင်း၊ ဦး‌ဦးကသမီးကို မီးသတ်ကားအကြီးကြီး ကြည့်ဖို့ခေါ်သွားမယ် Ok? "

ကလေးမလေးက အတည်ပြောလာသည်။

" သမီး မီးသတ်ကားအကြီးကြီး မောင်းလို့ရလား? "

ချွီယန်ပေါ်က ပြုံးပြီးပြောလိုက်သည်။

" သမီး‌ကြီးလာရင် မောင်းလို့ရတာပေါ့ "

ချွီယန်ပေါ် ကောင်းကယ်မိန်းမနဲ့‌ကလေးကို ကားဂိုဒေါင်ဆီလည်ဖို့ ခေါ်သွားသည်။

ရန်ရိ ကောင်းကယ်ပခုံးကို ပုတ်လိုက်ပြီး

" မင်းနေပြန်ကောင်းတာ ဘယ်လိုလဲ? "

" အဆင်ပြေပါတယ်၊ ရက်နည်းနည်းလောက်နေရင် တာဝန်ထွက်လို့ရပြီ၊ ဒါပေမယ့် ပတ်တီးလဲဖို့ ဆေးရုံပြန်သွားရမယ် "

ကောင်းကယ် ပြောလာသည်။

" မင်းလည်း မီးလောင်သွားသေးတယ်လို့ ကြားတယ်? "

" ငါ့လည်ပင်းနားမှာပါပဲ "

ရန်ရိ ပြောလိုက်သည်။

" မင်းနားလို့ရတယ်၊ ငါ့ကားယူပြီး မင်းမိန်းမနဲ့ကလေးကို အလည်အပတ်ခေါ်သွားလိုက်ဦး "

" ဟင်အင်း ငါကားငှားလိုက်မယ် "

" အပိုတွေပြောမနေနဲ့၊ မနက်စာစားပြီးရင် ငါမင်းကိုသော့ပေးမယ် "

[ T/n : ကားတော့ပြန်ပါလာပြီ၊ ဘယ်အချိန်က သွားပြန်ယူလိုက်လဲ မသိ ಥ‿ಥ ]

အဲ့အချိန် ချွီယန်ပေါ် ရုတ်တရက်ကားဂိုဒေါင်ကနေပြန်လာပြီး ရန်ရိကို လက်ယပ်ခေါ်သည်။

ရန်ရိ သူ့ဆီသွားလိုက်ပြီး

" ဘာကိစ္စလဲ? "

" မင်းဒီနေ့လယ် ဌာနချုပ်သွားလိုက်၊ မင်း cooy ချင်တဲ့ဟာအကုန်လုံး copy လုပ်လာခဲ့၊ ပြီးတော့ကြုံတုန်း နှစ်အလိုက်မတော်တဆမှု ကွက်ကျားဖြစ်တာတွေပါ copy လာခဲ့ဦး၊ အမှုသင်ကြားရေးလုပ်မလို့၊ ငါအားလုံးစီစဉ်ပြီးသွားပြီ၊ လူအများကြီး မမြင်စေနဲ့နော် "

ရန်ရိ ချွီယန်ပေါ်လည်ပင်းကို ဖက်လိုက်ပြီး

" ပေါ်ပေါ်၊ မင်းကတော်လိုက်တာ၊ ကျေးဇူးပဲ "

ချွီယန်ပေါ်က မတတ်နိုင်ပဲပြောလာသည်။

" ငါအရင်ဘဝတုန်းက မင်းအပေါ်အကြွေးတင်ခဲ့တာ ဖြစ်ရမယ်၊ ဒီဘဝမှာ မင်းအကြွေးဆပ်ဖို့ စောင့်နေမယ် "

" မဟုတ်ဘူး အရင်ဘဝက မင်းငါ့ကိုပစ်သွားတာ ဖြစ်ရမယ် "

" သွားစမ်းပါ "

============

"စေတနာရှိ" ရင်မုန့်ဖိုးပေးခဲ့ကြဦးဗျ ( ≧Д≦)

[ 09795118580 - Kpay or wavepay or bill ]

============

Tue, Aug 24, 2021

{ ZAWGYI }

ရန္ရိ က်ည္ဆန္ကိုက္ၿပီးသာ ကုံးရင့္႐ွန္နဲ႔ ေအာက္ဆင္းသြားရသည္။

ေျမာက္ဘက္ပိုင္းက ေဆာင္းညသည္ကား အပူခ်ိန္သုညနားကပ္လာၿပီ။ ခ်ီေ႐ွာင္း သားေရဂ်ာကင္တစ္ထည္နဲ႔ ဂ်င္းသားေတြပဲဝတ္ထားၿပီး အရမ္းပိန္ေနပုံေပၚသည္။ မ်က္ကြင္းေတြကနီရဲေနၿပီး ခႏၶာကိုယ္ကယိုင္ထိုးကာ ဆံသားေတြက ႏုံးခ်ိခ်ိလဲက်ေနသည္။

လွ်ိဳေဟြး ရန္ရိကိုျမင္ၿပီး ေျပာလာသည္။

" ေခါင္းေဆာင္ရန္၊ သူ ေခါင္းေဆာင္ကို လာ႐ွာတာလို႔ ေျပာတယ္ "

" ဟုတ္တယ္၊ ငါ့သူငယ္ခ်င္းပဲ၊ အေဆာင္ျပန္ေတာ့ "

ခ်ီေ႐ွာင္းကလက္ေျမႇာက္ၿပီး ရန္ရိကိုေဝွ႔ယမ္းျပလ်က္၊ ငိုတာထက္ပို႐ုပ္ဆိုးေသာ အျပဳံးႀကီးတစ္ခု လွစ္ဟာျပလာသည္။

" ဟိုင္း "

ရန္ရိ သူ႕ဆီေလွ်ာက္သြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။

" မင္းဘာျဖစ္တာလဲ? ဘာျဖစ္ခဲ့လို႔လဲ? "

သူခ်ီေ႐ွာင္းကို ဒီလိုေတြ႕ရတာ တကယ္စိတ္ပူမိသည္။

ကုံးရင့္႐ွန္ကခ်ီေ႐ွာင္းကို လက္ႏွစ္ဖက္လုံး အိတ္ကပ္ထဲထည့္ရင္း စိုက္ၾကည့္သည္။

" ကြၽန္ေတာ္အလုပ္က ထြက္ေျပးလာတာ...."

ခ်ီေ႐ွာင္းႏွစ္ခါရယ္ၿပီး ဆို႔နင့္သြားသည္။

" သ႐ုပ္ေဆာင္ေလးမွာ ဘာလူ႕အခြင့္အေရးမွ မ႐ွိဘူးပဲ "

ရန္ရိ သက္ျပင္းဖြဖြခ်လိုက္ၿပီး

" အထဲဝင္ၿပီးေျပာရေအာင္၊ အျပင္မွာေအးတယ္ "

ခ်ီေ႐ွာင္း ေျခႏွစ္လွမ္းေလာက္ေ႐ွ႕တိုးလိုက္ေတာ့ ႐ုတ္တရက္ေျခယိုင္သြားၿပီး အေ႐ွ႕သို႔ထိုးက်လာရာ ရန္ရိသူ႕ကို မ်က္စိတစ္မွတ္အတြင္း အျမန္လွမ္းဖက္လိုက္သည္။

ကုံးရင့္႐ွန္ ႏႈတ္ခမ္း‌ေတြကို အနည္းငယ္တင္းတင္းေစ့ပိတ္လိုက္ၿပီး အသားအေရာင္က မေျပာင္းမလဲ႐ွိေနေသာ္ျငား ႏွာဖူးျပင္မွ ျပာလဲ့လဲ့ေသြးေၾကာမ်ား ေထာင္ထလာသည္။

ခ်ီေ႐ွာင္းက အလြယ္တကူပဲ သူ႕ကိုယ္သူ ရန္ရိေပၚမွာမွီအပ္ထားရင္း ညဳတုတုေျပာလာသည္။

" ေကာ ကြၽ‌န္ေတာ့္ကို ေက်ာပိုးလို႔ရလား "

ရန္ရိ ကုံးရင့္႐ွန္ကို ခိုးၾကည့္လိုက္သည္။ ကုံးရင့္႐ွန္ စကားတစ္ခြန္းမွမေျပာရင္ေတာင္ မ႐ႊင္မပ်ျဖစ္ေနတဲ့ အသက္႐ွဴသံကိုခံစားသိႏိုင္ၿပီး သူတိုးတိုးေျပာလိုက္သည္။

" ခ်ီေ႐ွာင္း ဒါက ကိုယ္အလုပ္လုပ္တဲ့ေနရာေလ၊ အဆင္မေျပရင္ ကိုယ္ကူတြဲေပးမယ္ "

ခ်ီေ႐ွာင္း ေခါင္းညိတ္ျပကာ ကုံးရင့္႐ွန္ကိုေတြ႕သြားပုံရၿပီး " အိုး " ဟုေျပာလာသည္။

" မင္းက ဟိုေဒါက္တာပဲ "

ကုံးရင့္႐ွန္ ဘာမွမေျပာဘဲ မ်က္လုံးမ်ားက အလြန္‌ေအးစက္ေနသည္။

ခ်ီေ႐ွာင္းက အရမ္းမူးေနေတာ့ ကုံးရင့္႐ွန္သူ႕အေပၚဆက္ဆံပုံကို မျမင္ေလာက္ေပ။ ဆက္ၿပီး ဝါးတားတားေျပာေနသည္။

" မင္းက....ရဲအရာ႐ွိမလား? "

ရန္ရိ႐ွင္းျပရင္း ခ်ီေ႐ွာင္းလမ္းေလွ်ာက္ဖို႔ ကူေပးလိုက္သည္။

" ကိုယ္သူနဲ႔ အမႈလိုက္ေနတာ "

ကုံးရင့္႐ွန္က ေအးစက္စက္မ်က္ႏွာနဲ႔ လိုက္လာသည္။

ခ်ီေ႐ွာင္းက ေအာ္ေျပာသည္။

" မင္းသ႐ုပ္ေဆာင္လိုပဲ ေပၚျပဴလာျဖစ္‌ေလာက္တယ္၊ ဒါေပမယ့္.....မဝင္နဲ႔၊ ငါ့ေသာက္ပိန္းကုမၸဏီကိုေတာ့ မဝင္လိုက္နဲ႔ "

" အိုေက ဘာမွမေျပာနဲ႔ေတာ့၊ အထဲဝင္ၿပီး နားလိုက္ဦး "

ခ်ီေ႐ွာင္းကို သူ႕အခန္းထဲေခၚသြားမယ့္အစား အလည္လာတဲ့မိသားစုဝင္ေတြအတြက္ ယာယီအခန္းကို ပို႔ေပးလိုက္သည္။

ရန္ရိ ခ်ီေ႐ွာင္းကို အိပ္ရာေပၚခ်လိုက္ၿပီး

" ငါမင္းကို ေရတစ္ခြက္ငွဲ႔ေပးမယ္ "

" ဟင္အင္း "

ခ်ီေ႐ွာင္း ရန္ရိလက္ကိုဆြဲလိုက္ၿပီး

" ကြၽန္ေတာ္ ေရမေသာက္ခ်င္ဘူး၊ အရက္ေသာက္ခ်င္တယ္ "

" မင္းထပ္ေသာက္လို႔ မရေတာ့ဘူး၊ အထူးသျဖင့္ ကိုယ့္စခန္းထဲမွာ "

ကုံးရင့္႐ွန္ ခ်ီေ႐ွာင္းလက္ ရန္ရိကိုကိုင္ထားတာၾကည့္ၿပီး ႐ုတ္တရက္ ေဒါသပုန္ထလာသည္။ ဒီလူက မူးၿပီးညစ္ပတ္ေနတာ၊ ဘယ္လိုလုပ္ ထိခ်င္တိုင္း လိုက္ထိေနတာလဲ! သူတည္တည္တံ့တံ့ေျပာလိုက္သည္။

" ရန္ရိ "

" ဟမ္? "

ရန္ရိ သူ႕ကိုလွည့္ၾကည့္လာသည္။

ကုံးရင့္႐ွန္ ခဏေလာက္ ဘာေျပာရမလဲမသိ။ သူဒီတိုင္း သူတို႔ႏွစ္ေယာက္ကို တတ္ႏိုင္သမွ် ေဝးေဝးထားခ်င္႐ုံသာ။ အၾကာႀကီးတုံ႔ဆိုင္းေနၿပီးမွ ထေအာ္လိုက္သည္။

" ျမန္ျမန္ ေရခပ္ေပးလိုက္ေလ ! "

" အို႔ "

ရန္ရိထရပ္ၿပီး ခ်ီေ႐ွာင္းကို ေရတစ္ခြက္ယူေပးလိုက္သည္။

" မင္း ေရနည္းနည္းေသာက္ၿပီး ေခါင္းၾကည္ေအာင္လုပ္လိုက္ "

ခ်ီေ႐ွာင္း ေရလွမ္းမယူေပမယ့္ ပါးစပ္႐ႈံ႕ကာ မ်က္ရည္မ်ားက်လာသည္။

" မငိုနဲ႔ေလ "

ရန္ရိ ပ်ာပ်ာသလဲေခ်ာ့လိုက္သည္။

" မင္းေျပာခ်င္တာသာ ကိုယ့္ကိုေျပာ၊ မင္းအလုပ္နဲ႔ပတ္သက္ၿပီး တစ္ခုခုျဖစ္လို႔လား? "

သူ တစ္႐ွဴးထုတ္ၿပီး ခ်ီေ႐ွာင္းမ်က္ရည္ေတြကို သုတ္ေပးလိုက္သည္။

ကုံးရင့္႐ွန္ ထိုင္ခုံကို ကန္‌ေက်ာက္လိုက္၏။

သတၱဳေျခတိုင္ေတြက ၾကမ္းျပင္ကို အသံက်ယ္ႀကီးနဲ႔ ပြတ္ဆြဲသြားေတာ့ ရန္ရိလန္႔ၿပီး ကုံးရင့္႐ွန္ကို လွည့္ၾကည့္လိုက္သည္။ ကုံးရင့္႐ွန္ မ်က္ႏွာလႊဲလိုက္ၿပီး တိတ္တဆိတ္ လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။

ခ်ီေ႐ွာင္းက သူဖိႏွိပ္ဖယ္႐ွားခဲ့ရတာေတြ၊ ကုမၸဏီက သူ႕ကိုေသခ်ာအာ႐ုံမစိုက္သလို မကူညီတာေတြ၊ အဆက္အသြယ္ေကာင္းမေပးတာေတြကို ဗလုံးဗေထြး စေျပာလာေတာ့သည္။

ရန္ရိ ႏူးႏူးညံ့ညံ့ႏွစ္သိမ့္ေပးလိုက္၏။ သူတို႔ႏွစ္ေယာက္ေတြ႕ခဲ့စဥ္က ခ်ီေ႐ွာင္းဆိုတာ အသက္၂၀ ပင္မျပည့္ေသး။ အရင္ႏွစ္ေတြမွာသူ ခ်ီေ႐ွာင္း ေဖ်ာ္ေျဖေရးေလာကထဲ လုပ္ကိုင္ေနတာၾကည့္ခဲ့သည္။ သူတကယ္ကို ဒုကၡခံခဲ့ရေပမယ့္ အလုပ္ႀကိဳးစားတာက အၿမဲဆုလာဒ္ မဟုတ္တာေတာ့ စိတ္မေကာင္းစရာပင္။

ခ်ီေ႐ွာင္း ခဏေလာက္ငိုေနၿပီး သိသိသာသာအိပ္ခ်င္လာေတာ့ အသံပိုတိတ္လာၿပီး မ်က္ေတာင္ေတြလည္း တန္းတန္းစိုက္က်သြားေတာ့သည္။ ရန္ရိ သူ႕ေခါင္းကိုကိုင္ၿပီး ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္း ေျပာလိုက္သည္။

" မင္း ေကာင္းေကာင္း အိပ္လိုက္ပါဦး "

ခ်ီေ႐ွာင္းက တိုးတိုးေရ႐ြတ္လာၿပီး

" ကြၽန္ေတာ္နဲ႔ေနေပးေလ "

ရန္ရိမ်က္လုံးေတြကို အားကိုးမႈအျပည့္နဲ႔ ၾကည့္လာသည္။

ရန္ရိ ရင္တုန္သြားရ၏။ ကုံးရင့္႐ွန္ ၾကားလား၊ မၾကားလားမသိေပမယ့္ ကိုယ္ကိုကိုင္းၿပီး အသံတိုးတိုးနဲ႔ေျပာလိုက္သည္။

" ျပႆနာမလုပ္နဲ႔ေလ၊ ဒါကိုယ့္စခန္း "

ခ်ီေ႐ွာင္း အရက္ေသာက္ထားေပမယ့္၊ မျခင့္ခ်ိန္ႏိုင္တဲ့အထိေတာ့ မမူးေသး။ သူ စိတ္ပ်က္ပ်က္နဲ႔ ေခါင္းညိတ္ျပလိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိေခါင္း‌ငုံ႔သြားတာ ျမင္ေပမယ့္ ခ်ီေ႐ွာင္းကိုဘာေျပာေနလဲ မသိေပ။ သူတို႔ႏွစ္ေယာက္ အရမ္းကပ္သြားေတာ့ သူ႕မ်က္လုံးေတြ မီးထေတာက္လာသည္။

ရန္ရိ ခ်ီေ႐ွာင္းကို ေစာင္ျခဳံေပးလိုက္ၿပီး

" မင္းအိပ္လိုက္ရင္ စိတ္အေႏွာင့္အယွက္ေပးေနတာေတြ မေန႔ကကိစၥျဖစ္သြားၿပီး မနက္ျဖန္က်ရင္ အားလုံးအဆင္ေျပလာလိမ့္မယ္ "

ခ်ီေ႐ွာင္းက မျပဳံးခ်င့္ျပဳံးခ်င္နဲ႔ ျပဳံးသည္။

ရန္ရိ မတ္တပ္ထရပ္ၿပီး ျပန္လာခဲ့၏။

တံခါးပိတ္သြားၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ကုံးရင့္႐ွန္က ေျပာလာသည္။

" ခင္မ်ား လက္ထုတ္လိုက္ "

သူ႕အသံက အလြန္ဆိုး႐ြားေနလ်က္။

" ဟမ္? "

ရန္ရိ ဘာလို႔လဲဆိုတာ မသိ။

" ထုတ္လိုက္ "

ကုံးရင့္႐ွန္ ရန္ရိကို စူးစိုက္ၾကည့္ရင္း မ်က္ႏွာမွာေတာ့ ေဒါသအလႊာတစ္ခု လြင့္ပါးေနသည္။

ရန္ရိ မ႐ွင္းမလင္းနဲ႔ လက္ဆန္႔ထုတ္ေပးလိုက္ရသည္။

ကုံးရင့္႐ွန္ သူ႕အိတ္ကပ္ထဲက ပိုးသတ္ေဆးဘူးထုတ္ၿပီး ေဒါသထြက္ေပါက္ရဖို႔ ဘူးႏႈတ္သီးကို ခပ္ျပင္းျပင္းဖိခ်လိုက္သည္။ ပထမဆုံး ရန္ရိလက္ကို အရက္ျပန္နဲ႔ေဆးၿပီး ေနာက္ေတာ့ သူ႕တစ္ကိုယ္လုံးကို ျဖန္းခ်လိုက္သည္။

ရန္ရိ မ်က္လုံးေတြမွိတ္ထားၿပီး အရက္ျပန္နံ႔စူးစူးခံကာ ကုံးရင့္႐ွန္ကို စိတ္ထဲက က်ိန္ဆဲလိုက္သည္။

ပိုးသတ္ၿပီးတာေတာင္ ကုံးရင့္႐ွန္ၾကည့္ရတာ ေဒါသေျပေသးပုံမရ။

" အထဲကလူ ဦးေႏွာက္မွာျပႆနာ႐ွိေနတာလား? သူ႕ဘာသာ အလုပ္အဆင္‌ေျပေျပ မလုပ္ႏိုင္တာကို ခင္မ်ားကိုလာ႐ွာတာ ဘာသေဘာလဲ? "

ရန္ရိမတတ္ႏိုင္ပဲ ေျပာလိုက္သည္။

" သူကဒီတိုင္း စကားေျပာလို႔ရမယ့္လူ တစ္ေယာက္ေယာက္႐ွာၿပီး ေျဖ႐ွင္းခ်င္႐ုံပဲ "

" ဘာလို႔ ခင္မ်ားကိုလာ‌ေတြ႕တာလဲ? "

" ငါတို႔က သူငယ္ခ်င္းေတြေလ "

ကုံးရင့္႐ွန္မ်က္ႏွာက စိမ္းတစ္လွည့္ ျဖဴတစ္လွည့္ျဖစ္ၿပီး ေဒါသတႀကီးေျပာလိုက္သည္။

" သူ၊ သူက ညစ္ပတ္နံေစာ္ေနတာ၊ ခင္မ်ား ဘာလို႔ ညစ္ပတ္နံေစာ္တဲ့သူနဲ႔ သူငယ္ခ်င္းျဖစ္ခ်င္ေနတာလဲ? "

ရန္ရိ မ်က္ေမွာင္ၾကဳတ္သြားၿပီး စိတ္ထဲမွာ ခ်ီေ႐ွာင္းရဲ႕နီျမန္းၿပီး ေဖာေယာင္ေနတဲ့ မ်က္ႏွာ ေပၚလာသည္။ ခ်ီေ႐ွာင္းက ပုံမွန္ဆို အရမ္းတက္ႂကြၿပီး စိတ္႐ႈပ္စရာစ႐ိုက္မ်ိဳးမဟုတ္။ ဒါသူ႕ေ႐ွ႕မွာ ပထမဆုံးမ်က္ရည္က်ျခင္းပင္။ အဲ့တာက တကယ္တမ္း မွားယြင္းၿပီး စိတ္ညစ္စရာေကာင္းတာမ်ိဳးမဟုတ္။ ဘယ္ေယာက်္ားသားက တစ္ျခားသူေ႐ွ႕မွာ ႐ွက္စရာေကာင္းတာမ်ိဳး ျပခ်င္ပါ့မလဲ။ ကုံးရင့္႐ွန္ ေဝဖန္ခ်က္က သူ႕ကိုစိတ္မသက္မသာ ျဖစ္ေစ၏။ သူစိတ္႐ွည္႐ွည္ထားၿပီး ႐ွင္းျပလိုက္သည္။

" သူပုံမွန္ဆို ဒါမ်ိဳးမလုပ္ဘူး၊ မင္းလည္းအရင္က သူ႕ကိုျမင္ဖူးတာပဲ၊ ဒီလိုအခက္အခဲမ႐ွိေသးဘူး "

ကုံးရင့္႐ွန္က ရန္ရိ ခ်ီေ႐ွာင္းအတြက္ ေျပာေပးလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘဲ ႐ုတ္တရက္ အရမ္းေဒါသထြက္လာသည္။

" အဲ့တာဆို ခင္မ်ားျပန္ၿပီး သူ႕ကိုပဲအေဖာ္ျပဳေပးလိုက္ေတာ့! "

သူ‌လွည့္ထြက္သြားသည္။

" ေဟး! "

ရန္ရိ လွမ္းဆြဲဖို႔အျမန္လုပ္လိုက္ၿပီး ကုံးရင့္႐ွန္လက္ေမာင္းကို ကိုင္လိုက္သည္။

" ဘာလို႔ မင္း....."

ကုံးရင့္႐ွန္ ရန္ရိလက္ကို ခါထုတ္လိုက္ၿပီး

" လာမထိနဲ႔ "

ရန္ရိ လန္႔သြားသည္။ အစတုန္းက ကုံးရင့္႐ွန္ သူ႕အေပၚအရမ္း႐ိုင္းေပမယ့္ အဲ့အခ်ိန္ကသူ ေဒါသထြက္ျဖစ္ၿပီး ရယ္ခ်င္သလိုသာ ျဖစ္ခဲ့သည္။ အခုကုံးရင့္႐ွန္ သူ႕ကိုထပ္ၿပီး မုန္းသြားျပန္ေတာ့ သူအေတာ္ႀကီးကို စိတ္ဆင္းရဲရ၏။ သူ ဖ်စ္ညႇစ္ျပဳံးၿပီး စေနာက္လိုက္သည္။

" အိုင္းယိုး၊ မင္းသဝန္မတိုေတာ့ဘူးေပါ့ "

ဒီစာေၾကာင္းက ကုံးရင့္႐ွန္ကို ပိုၿပီးအ႐ွက္ရေစသည္။

" ညစ္ပတ္တယ္လို႔ ခံစားရ႐ုံပဲ "

ရန္ရိႏွလုံးသား ဆြဲႏႈတ္ခံလိုက္ရသလိုျဖစ္ၿပီး ေဒါသထြက္သလို ဝမ္းလည္းနည္းသည္။ သူ ကုံးရင့္႐ွန္ကိုႀကိဳက္တယ္၊ ဒါေပမယ့္ တစ္ခါတစ္ေလေတာ့ ကုံးရင့္႐ွန္ တဇြတ္ထိုးဆန္တာနဲ႔ အမူအက်င့္ကို သည္းမခံႏိုင္ေပ။ ထပ္ၿပီးေတာ့ သူမခ်ဳပ္တည္းႏိုင္ဘဲ စိတ္ကူးမိျပန္တာက တကယ္လို႔မ်ား ကုံးရင့္႐ွန္သာ သူနဲ႔ခ်ီေ႐ွာင္းၾကားက ဆက္ဆံေရးကိုသိသြားခဲ့ရင္၊ ကုံးရင့္႐ွန္သာ သူ႕စိတ္ထဲ ဘာအေတြးေတြခ်ဳပ္တည္းထားလဲ သိသြားခဲ့ရင္၊ သူ ပိုၿပီး႐ြံ႐ွာအထင္ေသးတဲ့ အမူအရာမ်ိဳး ေဖာ္ျပေလမလား?

ဒါကိုေတြးမိေတာ့ ရန္ရိအသက္႐ွဴၾကပ္သလို ခံစားလာရသည္။ သူအသက္ျပင္းျပင္း႐ွဴလိုက္ၿပီး နင့္နဲေသာအသံျဖင့္ ေျပာလိုက္သည္။

" မင္းျပန္ၿပီး ေစာေစာနားလိုက္ပါ "

ကုံးရင့္႐ွန္ လက္သီးဆုပ္ရင္း လွည့္ထြက္လာခဲ့သည္။

ကားထဲျပန္ေရာက္ေတာ့ ကုံးရင့္႐ွန္ တစ္ခဏမွ်တိတ္ဆိတ္ေနၿပီး ႐ုတ္တရက္ ေၾကာက္မက္ဖြယ္အလင္းတန္းတစ္ခု မ်က္ႏွာေပၚ ျဖတ္ေျပးသြားလ်က္ ကားစတီယာရင္ကို ခပ္ျပင္းျပင္းထု႐ိုက္လိုက္ၿပီး ကားဟြန္းသံ စူး႐ွစြာေအာ္ျမည္လာသည္။

ဘာလို႔၊ ဘာလို႔ရန္ရိမွာ သူ႕အျပင္အျခားသူငယ္ခ်င္းေတြ ႐ွိေနရတာလဲ? တကယ္လို႔ ရန္ရိသာ သူတစ္ေယာက္တည္းအတြက္ဆိုရင္ အျခားသူေတြ ထိကိုင္တာ၊ အခ်ိန္ယူတာမ်ိဳး မခံရေတာ့ဘူး။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ရန္ရိကို အဲ့ဒီ့လူနဲ႔ေဝးေဝးေနခိုင္းဖို႔ သူ႕မွာ သင့္ေလ်ာ္တဲ့အေၾကာင္းျပခ်က္မ်ိဳး မ႐ွိေခ်။

ရန္ရိကို သူပဲ သူတစ္ေယာက္ပဲ သူတစ္ေယာက္တည္းပဲ! ပိုင္ဆိုင္ရဖို႔ေမွ်ာ္လင့္တယ္။

ကုံးရင့္႐ွန္ ထြက္သြားၿပီးေတာ့ ရန္ရိအခန္းျပန္လာၿပီး စားပြဲေပၚက သိမ္းဆည္းခ်ိန္မရလိုက္တဲ့ အစားအေသာက္ဘူးေတြကို ၾကည့္မိသည္ႏွင့္ စိတ္ပ်က္လက္ပ်က္ သက္ျပင္းခ်လိုက္သည္။

ညေကာင္းေလးတစ္ခု ျဖစ္ခဲ့ပါတယ္၊ သူ႕အခန္းမွာ ေအးစက္စက္ညစာဘူး စားခဲ့ရရင္ေတာင္ သူ႕အတြက္ေတာ့ date တစ္ခုလိုပဲ ‌ေက်နပ္စရာေကာင္းခဲ့တယ္။

အားလုံးပ်က္စီးသြားတာေတာ့ ဝမ္းနည္းစရာပင္။

သူခ်ီေ႐ွာင္းကို အျပစ္မတင္ပါဘူး၊ အဲ့တာကဒီတိုင္း ခ်ီေ႐ွာင္းလာတဲ့အခ်ိန္ အရမ္းအနံ႔ထြက္ေနၿပီး သူေျဖ႐ွင္းလိုက္ရ႐ုံပဲ။ ဒါေၾကာင့္ ကုံးရင့္႐ွန္ အရမ္းစိတ္ဆိုးသြားတာ။

သူ ကုံးရင့္႐ွန္နဲ႔ ႐ိႈ႕တိုး႐ွန္႔တန္႔ျဖစ္မေနခ်င္။ သူ ႏွစ္ေယာက္သား ေန႔ေရာညပါ အတူ႐ွိေနခ်ိန္ေတြကို ျမတ္ႏိုးတန္ဖိုးထားသည္။ သို႔ေပမယ့္ ဒီညကုံးရင့္႐ွန္ အရမ္းစိတ္ဆိုးသြားၿပီး သူ႕ကိုဘယ္ေလာက္ၾကာၾကာ လ်စ္လ်ဴ႐ႈထားဦးမလဲ မသိေပ။

ရန္ရိ အိပ္ရာေပၚပစ္လွဲရင္း ပင္ပင္ပန္းပန္း မ်က္လုံးမွိတ္လိုက္ေပမယ့္ စိတ္ဆင္းရဲေနၿပီး အိပ္လို႔မေပ်ာ္။

ကုံးရင့္႐ွန္သာ သူႀကိဳက္သေလာက္ သူ႕ကိုႀကိဳက္ရင္ ဒီအခ်ိန္ ဘယ္လိုခံစားရလဲဆိုတာ နားလည္ႏိုင္လိမ့္မည္။

=======

ေနာက္တစ္ေန႔ သူအိပ္ရာႏိုးေတာ့ ခ်ီေ႐ွာင္းျပန္သြားၿပီဆိုတာ ေတြ႕လိုက္ရသည္။ သူမနက္ေျခာက္နာရီ အိပ္ရာထတယ္ဆိုေတာ့ ခ်ီေ႐ွာင္းညလယ္ေခါင္မွာ ျပန္သြားေၾကာင္း ေဖာ္ျပေနသည္။ တကယ္ကို ဖုန္းထဲမွာ WeChat ကေနမနက္ေလးနာရီထိုး စာပို႔ထား၏ : ေကာ ကြၽန္ေတာ္အလုပ္ဆီ အျမန္ျပန္ေျပးလိုက္ရတယ္၊ ဒုကၡေတြ႕ေစခဲ့ပါၿပီ။

ရန္ရိစိတ္ထဲ အရမ္းမသက္မသာျဖစ္ရသည္။ သူအေတာ္ၾကာ ခ်ီေ႐ွာင္းကို ဘယ္လိုႏွစ္သိမ့္ရမလဲ မသိျဖစ္ေနၿပီးမွ စာျပန္လိုက္သည္ : အခက္အခဲအကုန္ ‌ပေပ်ာက္သြားလိမ့္မယ္၊ ကိုယ့္အနာဂတ္ကိုယ္ ယုံၾကည့္မႈ႐ွိရမယ္ေလ။

ခဏၾကာေတာ့ ခ်ီေ႐ွာင္း အျပဳံးႀကီးႀကီးနဲ႔ စာျပန္လာသည္။

ရန္ရိ chat box ကေနျပန္ထြက္လိုက္ၿပီး သူ႕‌ထိပ္ဆုံးမွာ ေနရာယူထားတဲ့ ကုံးရင့္႐ွန္နာမည္ကိုၾကည့္ၿပီး တိတ္တဆိတ္ သက္ျပင္းခ်မိသည္။

မနက္ခင္းေလ့က်င့္ခ်ိန္ ၿပီးခါစမွာပဲ ေကာင္းကယ္က သူ႕မိန္းမနဲ႔ကေလးကို စခန္းေခၚလာသည္။ သူဒီေန႔ ေဆး႐ုံဆင္းေပမယ့္ ရက္နည္းနည္းခြင့္ပိုယူထားၿပီး မိသားစုနဲ႔အခ်ိန္ျဖဳန္းဖို႔ ၾကံ႐ြယ္ထားသည္။

ရန္ရိျပဳံးကာ ေျပာလိုက္၏။

" မင္းဘာလို႔ ေဆး႐ုံဆင္းဆင္းခ်င္း စခန္းဆီေျပးလာတာတုန္း? "

" ကေလး မီးသတ္ကားၾကည့္ရေအာင္လို႔ "

ေကာင္းကယ္ သူ႕သမီးေလး ေခါင္းကိုကိုင္လိုက္ၿပီး

" ဒါကေတာ့ ငါတို႔လာလည္ရတဲ့ ပထမဆုံးဆြဲေဆာင္မႈျဖစ္မွာပဲ "

ေစြးရီ႐ွန္႔ျပဳံးလိုက္ၿပီး

" ဒုေခါင္းေဆာင္ ကြၽန္ေတာ္ေတာ့ မနက္စာစားဖို႔ အခ်ိန္ကိုက္ေရာက္လာတယ္လို႔ ထင္တာ "

" မင္းေၾကာင့္ေပၚကုန္ၿပီ ေကာင္စုတ္ေလး "

ေကာင္းကယ္ျပဳံးရင္း ဆူလိုက္သည္။

ခြၽီယန္ေပၚက ေကာင္းကယ္လက္ထဲက ကေလးကိုခ်ီလိုက္ၿပီး

" ခ်င္းခ်င္း၊ ဦး‌ဦးကသမီးကို မီးသတ္ကားအႀကီးႀကီး ၾကည့္ဖို႔ေခၚသြားမယ္ Ok? "

ကေလးမေလးက အတည္ေျပာလာသည္။

" သမီး မီးသတ္ကားအႀကီးႀကီး ေမာင္းလို႔ရလား? "

ခြၽီယန္ေပၚက ျပဳံးၿပီးေျပာလိုက္သည္။

" သမီး‌ႀကီးလာရင္ ေမာင္းလို႔ရတာေပါ့ "

ခြၽီယန္ေပၚ ေကာင္းကယ္မိန္းမနဲ႔‌ကေလးကို ကားဂိုေဒါင္ဆီလည္ဖို႔ ေခၚသြားသည္။

ရန္ရိ ေကာင္းကယ္ပခုံးကို ပုတ္လိုက္ၿပီး

" မင္းေနျပန္ေကာင္းတာ ဘယ္လိုလဲ? "

" အဆင္ေျပပါတယ္၊ ရက္နည္းနည္းေလာက္ေနရင္ တာဝန္ထြက္လို႔ရၿပီ၊ ဒါေပမယ့္ ပတ္တီးလဲဖို႔ ေဆး႐ုံျပန္သြားရမယ္ "

ေကာင္းကယ္ ေျပာလာသည္။

" မင္းလည္း မီးေလာင္သြားေသးတယ္လို႔ ၾကားတယ္? "

" ငါ့လည္ပင္းနားမွာပါပဲ "

ရန္ရိ ေျပာလိုက္သည္။

" မင္းနားလို႔ရတယ္၊ ငါ့ကားယူၿပီး မင္းမိန္းမနဲ႔ကေလးကို အလည္အပတ္ေခၚသြားလိုက္ဦး "

" ဟင္အင္း ငါကားငွားလိုက္မယ္ "

" အပိုေတြေျပာမေနနဲ႔၊ မနက္စာစားၿပီးရင္ ငါမင္းကိုေသာ့ေပးမယ္ "

[ T/n : ကားေတာ့ျပန္ပါလာၿပီ၊ ဘယ္အခ်ိန္က သြားျပန္ယူလိုက္လဲ မသိ ಥ‿ಥ ]

အဲ့အခ်ိန္ ခြၽီယန္ေပၚ ႐ုတ္တရက္ကားဂိုေဒါင္ကေနျပန္လာၿပီး ရန္ရိကို လက္ယပ္ေခၚသည္။

ရန္ရိ သူ႕ဆီသြားလိုက္ၿပီး

" ဘာကိစၥလဲ? "

" မင္းဒီေန႔လယ္ ဌာနခ်ဳပ္သြားလိုက္၊ မင္း cooy ခ်င္တဲ့ဟာအကုန္လုံး copy လုပ္လာခဲ့၊ ၿပီးေတာ့ၾကဳံတုန္း ႏွစ္အလိုက္မေတာ္တဆမႈ ကြက္က်ားျဖစ္တာေတြပါ copy လာခဲ့ဦး၊ အမႈသင္ၾကားေရးလုပ္မလို႔၊ ငါအားလုံးစီစဥ္ၿပီးသြားၿပီ၊ လူအမ်ားႀကီး မျမင္ေစနဲ႔ေနာ္ "

ရန္ရိ ခြၽီယန္ေပၚလည္ပင္းကို ဖက္လိုက္ၿပီး

" ေပၚေပၚ၊ မင္းကေတာ္လိုက္တာ၊ ေက်းဇူးပဲ "

ခြၽီယန္ေပၚက မတတ္ႏိုင္ပဲေျပာလာသည္။

" ငါအရင္ဘဝတုန္းက မင္းအေပၚအေႂကြးတင္ခဲ့တာ ျဖစ္ရမယ္၊ ဒီဘဝမွာ မင္းအေႂကြးဆပ္ဖို႔ ေစာင့္ေနမယ္ "

" မဟုတ္ဘူး အရင္ဘဝက မင္းငါ့ကိုပစ္သြားတာ ျဖစ္ရမယ္ "

" သြားစမ္းပါ "

============

"ေစတနာ႐ွိ" ရင္မုန္႔ဖိုးေပးခဲ့ၾကဦးဗ် ( ≧Д≦)

[ 09795118580 - Kpay or wavepay or bill ]

============