webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 30

{ Unicode }

ဒါကိုကြားပြီးတော့ ကုံးရင့်ရှန် ရှက်ကာ ဒေါသလည်းထွက်သွားသည်။

" ခင်များ ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ! "

ရန်ရိ မျက်နှာကအပြုံးသည်ကား ပြေလျော့မသွားဘဲ :

" ငါက ငါတို့အလုပ်တွဲလုပ်နေတယ်ဆိုပြီး သာမန်ကာလျှံကာ ပြောလိုက်တာပါ၊ သေချာတာပေါ့ မင်းက ငါသူငယ်ချင်းလေ "

ကုံးရင့်ရှန်က တစ်ခါတစ်လေ ထိုးချင်စရာကောင်းတယ်လို့ သူခံစားရပေမယ့် တစ်ခါတစ်လေကျတော့လည်း ကလေးလိုပဲ ဖြူစင်ပြီး ထူးထူးဆန်းဆန်း ချစ်စရာကောင်းနေတတ်သည်။

" သူငယ်ချင်းဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူက ဂရုစိုက်နေလို့လဲ? "

ကုံးရင့်ရှန် သူ့ပါးတွေပူလာသလို ခံစားရပြီး

" ခင်များအရင်လာစတာ၊ ကျွန်တော်က အမြဲတမ်း ကိစ္စတွေကို အစကနေအဆုံးထိလုပ်တတ်တယ်၊ ကတိပေးထားတဲ့အတိုင်း လေ့ကျင့်ရအောင် ကျွန်တော့်နည်းလမ်းတွေ လိုက်နာရုံသက်သက်ပဲ "

" ကောင်းပြီ ကောင်းပြီ မင်းနည်းလမ်းအတိုင်းပဲပေါ့ "

ရန်ရိ သူ့ကို နှစ်သိမ့်လိုက်သည်။

" ငါ့အမှားပါ၊ နောက်တစ်ခါ မင်းကိုတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရင် စကားအသုံးအနှုန်းတွေ သတိထားလိုက်ပါ့မယ် "

ကုံးရင့်ရှန် ရန်ရိကို စိတ်ဆိုးဆိုးနဲ့စိုက်ကြည့်ပြီး ပြတင်းပေါက်အပြင်ဘက်ဆီ မျက်နှာလှည့်သွားလေ၏။

ရန်ရိ ကုံးရင့်ရှန်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ နေ့လယ်ခင်းနေရောင်ခြည်က ကုံးရင့်ရှန်ရဲ့ ဆံပင်၊ အသားရည်နဲ့ နားရွက်ဖျားလေးတွေကို ထိုးဟပ်နေပြီး၊ ဆံဖျားလေးတွေကို အရောင်ဖျော့သွားစေလျက်၊ ဖြူစင်သောအသားအရည်ကို ကြွေရောင်ထစေကာ၊နားသီးလေးကို နီရဲလာစေသည်။ ရန်ရိ နှလုံးသားလည်း မတတ်သာဘဲ နှစ်ကြိမ်လောက် ကြမ်းကြမ်းတမ်းတမ်း တလှုပ်ခါသွားတော့ သူ အမြန်ခေါင်းငုံ့ကာ အသားတုံးကြီးကြီး စားလိုက်ပြီး အတောမသပ်နိုင်အောင် တွန့်ကွေးနေတဲ့ သူ့ပါးစပ်အစွန်းနှစ်ခုကို ပိတ်ပစ်လိုက်ရတော့သည်။

သူက ကုံးရင့်ရှန်ရဲ့ ပထမဆုံးသူငယ်ချင်းဖြစ်နေမလား?

ထမင်းစားပြီးတော့လည်း ကုံးရင့်ရှန် သူ့ကိုစကားပြောမလာသေး‌ဘဲ ကားထဲမှာ လေထုအနေအ‌ထားက ကိုရို့ကားယားဖြစ်နေသည်။

ရန်ရိ သူဘယ်လောက်လူကြီးဆန်ပြီး၊ ကုံးရင့်ရှန်ကို ဘယ်လိုစချော့ရင်ကောင်းမလဲလို့ တွေးနေတုန်း သူတို့စောင့်ကြည့်နေတဲ့ တိုက်ကနေ ရင်းနှီးတဲ့လူတစ်ယောက် လျှောက်ထွက်လာကြောင်း တွေ့ရ၏။

နှစ်ယောက်လုံး မတ်မတ်ထိုင်လိုက်ကြပြီး သူတို့ မှန်ဘီလူးနဲ့ ကျိုးချွမ်းအစစ်ဟုတ်မဟုတ် အတည်ပြုလိုက်ကြသည်။ ကျိုးချွမ်းက ဆံပင်နည်းနည်းရှည်လာပြီး  ရုပ်ပျက်ကာအာဟာရချို့တဲ့ပုံပေါ်နေဆဲပင်။ နောက်ဘက်မှာ ကျော‌ပိုးအိတ်လွယ်ထားပြီး ခေါင်းငုံ့ကာ တိုက်ဝင်းဂိတ်ဝဆီ လမ်းလျှောက်သွားနေသည်။

ရန်ရိ ကားစက်နှိုးလိုက်ပြီး စိတ်ရှုပ်ထွေးကာ ပြောလိုက်သည်။

" သူသွားချင်ရင်တောင် ညခင်းမှသွားသင့်တာ၊ အစောကြီးထွက်ပြီး ဘာလုပ်မလို့လဲ? "

" လိုက်ကြည့်ရင် ခင်များသိလိမ့်မယ် "

ကျိုးချွမ်း တိုက်ဝင်းဂိတ်ဝကိုရောက်တော့ ခဏလောက်စောင့်ပြီး online အငှားယာဉ်ရောက်လာသည်။ ကုံးရင့်ရှန် ဖုန်းတစ်ကောခေါ်လိုက်ပြီး သူ့လုပ်ဖော်ကိုင်ဖက်ကို ကားအငှားယာဉ်ကုမ္ပဏီဆီသွားစေကာ ထိုကားရဲ့စောင့်ကြည့်မှတ်တမ်းတွေ ထုတ်လာခိုင်းလိုက်သည်။

သူတို့နှစ်ယောက် အချိန်အတော်ကြာနောက်ကလိုက်ပြီးတော့ ကျိုးချွမ်းက ဈေးဝယ်စင်တာတစ်ခုဆီ ဝင်သွားသည်။ အနီးနားမှာ ကားပါကင်ထိုးဖို့နေရာကျပ်တာကြောင့် ကုံးရင့်ရှန် ကားထဲကထွက်ပြီး ကျိုးချွမ်းနောက်လိုက်သွားချိန် ရန်ရိကတော့ လမ်းတစ်ဖက်မှာ‌ပဲ ကားရပ်စောင့်နေရသည်။ မမျှော်လင့်တာက သူ သုံးနာရီကျော် စောင့်လိုက်ရခြင်းပင်။

ကုံးရင့်ရှန်ကားဆီ ခပ်သုတ်သုတ်ပြန်လာ‌ချိန်၌ ညရှစ်နာရီမထိုးသေး။ ကျိုးချွမ်းက လမ်းတစ်ဖက်က ကားမှတ်တိုင်တွင် ရပ်နေကြောင်း ရန်ရိတွေ့လိုက်သည်။

" မင်းအဲ့မှာ ဘာလို့ဒီလောက်ကြာနေတာလဲ? "

ကုံးရင့်ရှန် ပြောလိုက်သည်။

" သူ ဒီဂျစ်တယ်ပစ္စည်းဆိုင်သွားတာ၊ သူထွက်သွားမှပဲ ကျွန်တော်ဆိုင်ထဲဝင်ပြီး မေးလို့ရတယ်၊ ပစ္စည်းမှာပြဿနာတစ်ခုခုပေါ်လို့ အသစ်ပြန်လဲလိုက်ရပုံပဲ "

" ဒီသောက်ရူးကောင်.... ဟေး သူကားထဲဝင်သွားပြီ "

ရန်ရိ ကားစက်နှိုးပြီး ဘတ်စ်ကားနောက်လိုက်သည်။

ထိုအချိန်က ကားကြပ်တဲ့အချိန်ဖြစ်ပြီး သူတို့ဘတ်စ်ကားနဲ့ တစ်နာရီကျော်ပိတ်မိနေ၏။ ဘတ်စ်ကားက တစ်ဖြည်းဖြည်း လမ်းကြောင်းပြောင်းသွားပြီး သူတို့ ကားလမ်း‌ကြောင်းပြမြေပုံကို ကြည့်ပြန်တော့လည်း ကျိုးချွမ်း ဘယ်ကိုသွားချင်မှန်းမသိ၊ သေချာတာတော့ ဝမ်ရမ့်ရပ်ကွက်ဆီမဟုတ်‌ချေ။

ကျိုးချွမ်းက ဘားမီးလောင်မှုတုန်းကလို ညဉ့်နက်တဲ့အထိစောင့်မှာပဲလို့ သူတို့ဆုံးဖြတ်ခဲ့ကြပေမယ့် ဒီတစ်ခါ ကျိုးချွမ်း ဘာလုပ်ဖို့စီစဉ်နေတာလဲ? ဘယ်လိုပဲဖြစ်ဖြစ် သူတို့အဆုံးထိလိုက်ဖို့လိုသည်။

ကျိုးချွမ်း ကားထဲမှဆင်းကာ လမ်းစလျှောက်ပြီး သူတို့နှစ်ယောက်လည်း ကားထဲကထွက်ကာ လမ်းလျှောက်လိုက်ရတော့သည်။ ထိုနယ်မြေမှာ အဝိုင်း ၅ က‌တောင်ထွက်သွားပြီဖြစ်သည်။ အရမ်းမဝေးပေမယ့်လည်း မြို့သစ်က မြို့ထဲထပ်စာရင် ပိုကျယ်ပြန့်ပြီး လူသွားလူလာနည်းတော့ သူတို့အရမ်းအနီးကပ်ကြီး မလိုက်ရဲပေ။

နောက်‌ဆုံးတော့ ကျိုးချွမ်းဆောက်လုပ်ရေးဆိုက်ထဲ ဝင်သွားပြီး သူတို့နှစ်ယောက်လည်း ရုတ်တရက် သတိကပ်ထားလိုက်ရသည်။

ဒီဆောက်လုပ်ရေးဆိုက် ရပ်ဆိုင်းထားရတာ ဘယ်လောက်ကြာပြီလဲမသိပေမယ့် ယာယီယဉ်ရပ်နားစခန်းလိုတောင်ဖြစ်နေပြီ။ အနီးနားမှာတော့ တိုက်တာအချို့ရှိပြီး ကားအစီး ၁၀၀ ဝန်းကျင်ရပ်ထားသည်။ တစ်ခုတည်းသော ဝင်/ထွက် ပေါက်မှာတော့ အဖိုးကြီးတစ်ယောက်စောင့်နေပြီး နေရာကို ကြည့်ရသလောက် ညအိပ်ယာဉ်ရပ်နားစခန်းဖြစ်ဟန်တူသည်။

ကျိုးချွမ်း ဝင်/ထွက် ပေါက်ကမဝင်ဘဲ ဆောက်လုပ်ရေးဆိုက် အပြင်ဘက်က ပတ်သွားသည်။ ကားတွေမဖြတ်နိုင်ပေမယ့် လူတွေတော့ဖြတ်သွားနိုင်၏။

သူတို့နှစ်ယောက် ပိုပြီး သံသယဝင်လာသည်။ ကျိုးချွမ်း ဘာလုပ်ဖို့ကြံနေလဲ သူတို့မသိပေမယ့် သူ့ " စီးပွားရေး " ဆိုတာနဲ့ ပတ်သက်ပုံပေါ်သည်။ သူတို့ နောက်ကနေ တိတ်တိတ်လိုက်တုန်း၊ ကျိုးချွမ်းက ထိုင်ဖို့လူကွယ်ရာထောင့်တစ်ထောင့်ကိုတွေ့သွားပြီး သူ့ကိရိယာတွေဆင်နေတာမြင်တော့ သူတို့လည်း ထိုနည်းတူ မြက်ပင်တွေကြား ဝပ်လိုက်ကြသည်။

ကားပါကင်၌ အခါအားလျော်စွာ ကားအနည်းငယ် ဝင်ထွက်နေပေမယ့် နောက်ကျလာသည်နှင့်အမျှ ပိုလျော့နည်းလာသည်။

ဆောင်းညတွေမှာ နည်းနည်းအေးတတ်ပေမယ့်လည်း မြက်ပင်ကြားက ခြင်တွေကတော့ အတင်းထိုးကိုက်နေဆဲပင်။ ကုံးရင့်ရှန်က Shirt အင်္ကျီလက်ရှည်ကို အပေါ်ထပ်နဲ့ပါဝတ်ထားသည်။ ရန်ရိမခံနိုင်တော့‌ပေ၊ သူ့လက်နှစ်ဖက်လုံး ကိုက်ခံထားရလို့ အဖုအဖောင်းတွေနဲ့ ပြည့်နေပြီ၊ သူကုတ်ရင်းကုတ်ရင်းနဲ့ ခပ်တိုးတိုးဆဲလိုက်၏။

ကုံးရင့်ရှန်က သူ့ကိုမျက်စောင်းတစ်ချက်ထိုးရင်း

" တန်တယ်၊ လက်‌တိုတွေဝတ်ချင်ဦး "

[ T/n : ဒီအင်္ကျီပဲ သူအမြင်ကတ်နေတယ်  :3 ]

" နေ့ခင်းမှာ အေးတာမှမဟုတ်ဘဲ "

ရန်ရိ ပွစိပွစိလုပ်လိုက်သည်။

" ဒီကောင်စုတ်လေးက ဘာလို့အဝေးကြီးလာတာတုန်း? "

ကုံးရင့်ရှန်ပြောလာသည်။

" ဂိတ်စောင့်အလုပ်ဆင်းတာကို စောင့်နေတာဖြစ်မယ် "

"အဓိက,က၊ ‌ငါဒီလောက်ခြင်ကိုက်ခံထားပြီးမှ ဘာမှမရရင် အလကားဖြစ်သွားလိမ့်မယ် "

သူတို့ ဆယ့်တစ်နာရီလောက်အထိစောင့်ပြီးနောက် အဖိုးကြီးသူ့ခုံနဲ့ လက်ဖက်ရည်ခွက်ကိုကိုင်ရင်း ထွက်သွားသည်ကို အဝေးကမြင်လိုက်ရသည်။ အဲ့အချိန်မှာပဲ ကျိုးချွမ်း လူကွယ်ရာထောင့်ကနေ  ထလာပြီး ကားပါကင်ဆီသွားကာ ‌ယောင်လည်လည်လုပ်ရင်း တစ်ခုခုရှာနေသလို။

တစ်နာရီကျော်လောက်စောင့်ပြီး ရန်ရိခြေထောက်တွေထုံလာတော့ သူသက်ပြင်းချလိုက်ရင်း

" မင်း ရာဇဝတ်သားတွေကို ဒီလိုပဲစောင့်နေကျလား? ရဲဖြစ်ဖို့မလွယ်ဘူးနော် "

" နာရီနည်းနည်းလောက်ပါပဲ "

ကုံးရင့်ရှန် ကျိုးချွမ်းကို တယ်လီစကုပ်နဲ့ကြည့်လိုက်ပြီး

" သူလှုပ်‌ရှားလောက်ပြီ "

ကျိုးချွမ်းလက်တစ်ဖက်မှာ ဟန်းဖုန်းကိုင်ထားရင်း အခြားတစ်ဖက်က ရိုက်ကူးရေးကင်မရာကို ကိုင်ထားပြီး ကားတစ်စီးရှေ့မှာ ရပ်နေကြောင်း တွေ့ရသည်။ အဝါရောင်တောက်တောက် Kia ကားတစ်စီးဖြစ်ပြီး တစ်ချက်ကြည့်ရုံနဲ့တင် အမျိုးသမီးစီးကားမှန်းသိသာ၏။ ထိုကားကို အတော်ကျယ်သောနေရာတွင်ရပ်ထားလျက်၊ ဘေးဘက်‌မှာ အခြားကားများရှိမနေချေ။

ညဆယ့်နှစ်နာရီမှာ ကျိုးချွမ်း ကားပါကင်ရဲ့ ဝင်/ထွက်ပေါက်ကို လျှောက်သွားပြီး ခဏကြာတော့ သူ့ဘေးကလူနဲ့အတူ ပြန်ရောက်လာသည်!

သူတို့နှစ်ယောက် အသက်အောင့်ရင်း မြက်ခင်းကြားမှာ မြန်မြန်ရွေ့လျားလိုက်သည်။ ပိုပြီးနီးအောင်လို့ ရန်ရိ တစ်ဖက်ကအမှိုက်ပုံးကို လက်ညှိုးထိုးပြလိုက်ပြီး အမှိုက်ပုံးနောက်မှာ ပုန်းဖို့အချက်ပြလိုက်သည်။

ကုံးရင့်ရှန် ရန်ရိကို စိုက်ကြည့်လာတော့ ရန်ရိလည်း အပြစ်ကင်းသလို ပခုံးတွန့်ပြလိုက်၏။ ကုံးရင့်ရှန် နှာခေါင်းစည်းတပ်လိုက်ပြီး ကြိတ်မှိတ်ကာ အမှိုက်ပုံးဆီ ရွေ့သွားတော့သည်။

အမှိုက်ပုံးကို သေချာဖုံးထားသော်ငြား နံဟောင်နေတာက စိတ်မသတီစရာ။ ရန်ရိ သူ့‌နှာခေါင်းသူပိတ်လိုက်ပြီး ကုံးရင့်ရှန်ရဲ့ mask ၊ နောက် ကုံးရင့်ရှန်ရဲ့အိတ်ကပ်၊ ပြီးတော့ သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်၏။ ကုံးရင့်ရှန် ကိုယ်ပေါ်မှာ ပစ္စည်းတစ်စုံမက,ပါမှန်း သူသိပြီးသား။

ကုံးရင့်ရှန် သူ့အိတ်ကပ်ထဲက နောက် mask တစ်ခုဆီ လက်လှန်းလိုက်တော့ ရန်ရိ အပျော်လွန်သွားသည်။ သူလက်ကမ်းပြီး ယူမလို့ပဲရှိသေး၊ ကုံးရင့်ရှန်က mask ကိုဖြန့်ပြီး သူ့မျက်နှာပေါ်သူတပ်ရင်း ရန်ရိကို အားရဝမ်းသာ ကြည့်လာ၏။

ရန်ရိ ကုံးရင့်ရှန်ကို စိတ်လေလေနဲ့သာ ကြည့်လိုက်သည်။

နောက်လူတစ်ယောက်က အနက်ရောင် ဝတ်ထားပြီး၊ လျှာဦးထုတ်နဲ့ mask တပ်ထားလျက်၊ သူ့မျက်နှာကို အပီအပြင်ဖုံးထားသည်။ သူ့လက်ထဲမှာလည်း ချည်သားအိတ်နှစ်လုံး ကိုင်ထား၏။ အဝေးကနေ သူတို့ပြောနေတာ မကြားရပေမယ့် အဝါရောင် Kia ကားတစ်ဝိုက်မှာပဲ စကားပြောနေကြတာဖြစ်သည်။

ထို့နောက် ကျိုးချွမ်းက ‌သုံးချောင်းထောက်ကို မြေပေါ်မှာထောင်လိုက်ပြီး ကင်မရာကို ကားဆီမျက်နှာချင်းဆိုင်လျက် သူ့ကွန်ပြူတာနဲ့ ချိတ်ဆက်လိုက်သည်။

အနက်ရောင်ဝတ်ထားတဲ့လူက ဆောက်လုပ်ရေးဆိုက်ထဲကိုသွားပြီး ကျောက်တုံးတစ်တုံး ကောက်ယူလိုက်သည်။ သူဘေးဘီကို အချိန်အတော်ကြာ ကြည့်ပြီး အကြာကြီးတွန့်ဆုတ်နေသည်။ ကားပါကင်ဆီကိုတောင် စစ်ဆေးဖို့ သွားလိုက်သေး၏။ ဘယ်သူမှမရှိဘူးဆိုတာ အတည်ပြုပြီးမှ ပြန်လာပြီး ကျောက်ခဲကို ကားမှန်ဆီ ပစ်ပေါက်လိုက်တော့သည်။

ထိုသူက ရိုးတိုးရှန့်တန့်နဲ့ တွန့်ဆုတ်စွာ လှုပ်ရှားနေပြီး ဒါကို အခုမှပထမဆုံးအကြိမ် လုပ်ဖူးပုံပေါ်သည်။

ကျိုးချွမ်း လက်တစ်ဖက်က ကင်မရာကို ဆွဲရိုက်ရင်း ကွန်ပျူတာကို အခြားလက်တစ်ဖက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေပြီး အချိန်အတော်ကြာ စကားပြောနေသည်။

ဒါကိုတွေ့ပြီး နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံး ကျိုးချွမ်းတို့ live လွှင့်မယ်ဆိုတာ သေချာသွားခဲ့သည်။ ကျိုးချွမ်းကမပြောင်းလဲပေ၊ သို့သော်ငြား ဝမ်ရမ့်အဆောက်အအုံကို မသွားရဲဘဲ ဒီလို ဝေးပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရစေတဲ့ လုံလုံခြုံခြုံနေရာမျိုးကို ရွေးလိုက်သည်။

ရန်ရိ တိုးတိုးပြောလိုက်သည်။

" မင်းသူတို့ကို ဘယ်အချိန်ဖမ်းမှာလဲ? "

ကုံးရင့်ရှန် : " သက်သေရတဲ့အထိစောင့်မှာ "

သူတို့နှစ်ယောက် ဖုန်းတွေနဲ့ record လုပ်နေတာ ကြာပြီ၊ ဒါပေမယ့် ကားမှန်ခွဲတဲ့ ပြစ်မှု‌နဲ့ မလုံလောက်သေးပေ။ ကျိုးချွမ်း ၄၈ နာရီလောက်ထပ်အထိန်းခံရပြီး စခန်းထဲကနေ မော်မော်ကြွားကြွား ပြန်ထွက်သွားတာမျိုး သူတို့မလိုချင်တော့ဘူး။

နောက်တော့ အနက်ရောင်ဝတ်စုံနဲ့လူက ချည်အိတ်ကိုဖွင့်ကာ အထဲက ပလက်စတစ်ပုံးအဖြူကို ထုတ်ပြီး ကားအပြင်ရော အတွင်းကိုပါ လောင်းချလိုက်သည်။ လေထဲ၌လွင့်ပျံလာသော ဓာတ်ဆီနံ့ကို အဝေးဆီကပင် အနံ့ရနိုင်၏။

" သေစမ်း သူတို့ ကားကိုတကယ်မီးရှို့ချင်နေတာပဲ "

ရန်ရိ ဆဲရေးလိုက်သည်။

" အယူလွဲသမားတွေ "

ကုံးရင့်ရှန် သူ့ခြေပွတ်တိုင်အရေးပေါ်သေနတ်အိတ်ကနေ အပိုသေနတ်ကိုထုတ်လိုက်ပြီး :

" သက်သေလုံလေက်ပြီ ခင်များ ကျိုးချွမ်းကို ထိန်းနိုင်လား? "

" မနောက်စမ်းပါနဲ့ သူ့ကိုယ်ခံအားနည်းနည်း‌လေးကို "

ရန်ရိ လက်သီးဆုပ်လိုက်သည်။ ကျိုးချွမ်းခဏတော့ ပြင်းပြင်းထန်ထန်ရုန်းမယ် မျှော်လင့်ရပြီး သူဒီမြေးကိုမှ မရိုက်နိုင်ရင် သူ့မျိုးရိုးနာမည်ပြောင်းဖို့သာ ရှိတော့၏။

" သွားမယ် "

သူတို့နှစ်ယောက် ခါးကိုင်းရင်း ကားတစ်စီးကို အကာအကွယ်ပြုပြီး ဟိုကောင်တွေဆီ ချဉ်းကပ်သွားသည်။

ကျိုးချွမ်း ကွန်ပျူတာကို ကြည့်ရင်း ဝမ်းသာအားရအော်သံ ကြားလိုက်ရ၏။

" ၁၀၀၀၀ ထပ်ပေးတယ်?! "

အနက်ရောင်နဲ့လူက 'ရှူး' ဆိုတဲ့အမူအရာ လုပ်ပြပြီး နောက်ထပ် ချည်အိတ်တစ်အိတ်ကိုဖွင့်၊ အထဲကတစ်ခုခုထုတ်၊ ကားထဲပစ်လိုက်ပြီး နောက်ဆုံး အဲ့ဒီ့ချည်အိတ်နဲ့ ပြတင်းပေါက်ကို ပိတ်ထားလိုက်သည်။

ကုံးရင့်ရှန်နဲ့ ရန်ရိက သူတို့ကားထဲကို ဘာထိုးထည့်လိုက်လဲ မသိပေမယ့် မီးရှို့ပစ်မယ်ဆိုတာတော့သိသည်။

ကျိုးချွမ်းက သူ့ Laptop နဲ့ camera ကိုယူပြီး video သေချာရိုက်ဖို့ ကားဆီတိုးလိုက်သည်။ ပြီးတော့ သူ ထောက်တိုင်ဆီပြန်သွားပြီး အနက်ရောင်နဲ့လူကိုပြောလိုက်သည်။

" စလိုက်ရအောင် "

ကုံးရင့်ရှန် ရုတ်ခြည်းဆိုသလို ကားနောက်က ခုန်ထွက်လိုက်ပြီး သူ့သေနတ်ကိုမြှောက်ကာ အော်လိုက်သည်။

" မလှုပ်နဲ့! "

ကျိုးချွမ်းနဲ့ အနက်ရောင်ဝတ်ထားတဲ့လူက ကြောက်လို့တုန်နေသည်။ ကျိုးချွမ်း သူတို့နှစ်ယောက်ကို လှည့်ကြည့်လာပြီး သရဲတွေ့လိုက်သလို သတိလက်လွတ်နဲ့ ထွက်ပြေးချင်နေ၏။

" မင်း ပြေးရဲရင်ပြေးကြည့်စမ်း! "

ရန်ရိ ကျိုးချွမ်းကို လက်ညှိုးထိုးကာ အော်လိုက်သည်။

" မင်း သေနတ်မှန်ပြီး အဖမ်းခံချင်လို့လား? "

အနက်ရောင်လူမှာ ခြေထောက်နှစ်ဖက်လုံး တုန်နေသည်။ ရုတ်တရက် သူ့လက်တွေကို နောက်‌ပို့လိုက်ရင်း ‌အမှောင်ထုထဲမှာ မီးရောင်ဖျတ်ခနဲ လက်သွား၏။

" ရပ်လိုက်-----"

ကုံးရင့်ရှန် အော်ပြီး အပြေးသွားသည်။

အနက်ရောင်လူက မီးခြစ်ကို လွှင့်ပစ်လိုက်ပြီး၊ မြေပြင်ဆီ မီးစကျသွားရာ ဓာတ်ဆီသည် တစ်မဟုတ်ချင်း မီးတောက်သွား၏။ မီးသည်ကား ချက်ချင်းထပွင့်လာသည့် ပန်းပွင့်နှင့်အလားတူစွာ ကားတစ်စီးလုံးကို ဝါးမြိုလိုက်တော့သည်။

ကုံးရင့်ရှန်နဲ့ ရန်ရိခမျာ အပူလှိုင်းကြောင့် ရပ်တန့်သွားသော်လည်း ကားနဲ့နီးသော ကျိုးချွမ်းကတော့ ကံမကောင်းရှာပေ။ ကားတစ်ဝိုက်ကိုရိုက်ကူးရင်း ခြေဖဝါးမှာ ဓာတ်ဆီပေသွားသဖြင့် မီးလျှာဖျားသည် သူ့ကိုတိုက်ရိုက် ဖမ်းစား‌လေ၏။ ကျိုးချွမ်း အော်ဟစ်ရင်း မြေကြီးပေါ်လဲကျသွားသည်။

တစ်ချိန်တည်းမှာပဲ၊

ခပ်တိုးတိုးကြောင်ညည်းသံ ကြားလိုက်ရပြီး -- အသံကတစ်ကောင်မကပေ။

အနက်ရောင်နဲ့လူ ထွက်ပြေးသွားသည်။

ရန်ရိ အမြန်ပြေးသွားကာ ကျိုးချွမ်းကို ဘေးဆွဲလိုက်ပြီး သူ့ shirt ကိုချွတ်၊ ကျိုးချွမ်းကိုယ်ပေါ်ကို ရိုက်ပေးရင်း အော်လိုက်သည်။

" မြန်မြန် လှိမ့်! မြန်မြန်! "

ကျိုးချွမ်း မြေကြီးပေါ်မှာ လှိမ့်ရင်း အော်သည်။

" အိတ်ထဲမှာ မီးသတ်ဆေးဘူးရှိတယ် အိတ်ထဲမှာ! "

ကုံးရင့်ရှန် အနက်ရောင်နဲ့လူ ထွက်ပြေးသွားတာကိုကြည့်ပြီး ‌ကျိုးချွမ်းနဲ့ မီးလောင်နေတဲ့ကားကို တစ်ဖန်ကြည့်သည်။ သူ့မျက်နှာက စက္ကူတစ်ရွက်လိုပဲ ဖြူစုတ်နေပြီး နှလုံးခုန်သံက ရင်ဘတ်ပါတုန်ခါသည်အထိ မြန်ဆန်နေသည်။ ဒီ ‌မျက်စိကျိန်းလောက်တဲ့ အလင်းရောင်၊ ဒီ ပူပြင်းလွန်းတဲ့ အပူချိန်၊ ဒီမီးက တကယ့်မီးအစစ်ပဲ!

" ကုံးရင့်ရှန်! "

ရန်ရိ အားကုန်သုံးအော်လိုက်သည်။

ကုံးရင့်ရှန် အိပ်မက်က လန့်နိုးလာသလို၊ ထွက်ပြေးသွားတဲ့လူနောက် လိုက်မနေတော့ဘဲ ချည်သားအိတ်ဆီသွားတော့ မီးသတ်ပေါင်ဒါတစ်ခုနဲ့ အိတ်ဆောင် မီးသတ်စပရေးဘူး နှစ်ဘူးတွေ့သည်။

ကုံးရင့်ရှန် မီးသတ်ပေါင်ဒါဘူးကိုယူကာ ပြေးလာရင်း ကျိုးချွမ်းကို နည်းနည်းဖြန်းပြီး မီးသတ်ပေးလိုက်သည်။ သူကားကို မီးသတ်ဖို့လုပ်ပေမယ့် ရန်ရိတားတာ ခံလိုက်ရ၏။

" ပေါင်ဒါခြောက်ဖြန်းလိုက်ရင် ကြောင်တွေ အသက်ရှူကြပ်သွားလိမ့်မယ်၊ မှတ်ထား မင်းအပြင်ဘက်ကိုပဲ ဖြန်းရမယ် "

ရန်ရိ သူ့နှာဖူးပေါ်က ချွေးတွေသုတ်လိုက်ပြီး ‌မီးသတ်စပရေးဘူးနှစ်ခုကို လက်တစ်ဖက်တည်းနဲ့ကိုင်ကာ အပိတ်ကိုဖြုတ်လိုက်သည်။

" မင်း အပြင်ဘက်ကိုဖြန်း၊ ငါ အထဲကိုဖြန်းမယ် "

ကုံးရင့်ရှန် အားတက်သရော ခေါင်းညိတ်ပြလာပြီး ကားဘေးကို စပရေးဖြန်းလိုက်သည်။ မီးသတ်ပေါင်ဒါတစ်ဘူးလုံးကုန်အောင် ဖြန်းလိုက်ပြီး ရန်ရိက စပရေးနှစ်ဘူးကို ကားပြတင်းပေါက်ဆီချိန်ရင်း တစ်ရှိုက်တည်း အကုန်ဖြန်းချလိုက်သည်။

ဒီမီးသတ်ဆေးဘူးလေးတွေက ကားတစ်စီးလုံးစာ မီးသတ်ဖို့မလုံလောက်ပေ။

ရန်ရိ အမိန့်ပေး‌လိုက်သည်။

" 119 ကို ခေါ် "

ရန်ရိ ပြဲနေတဲ့ T - shirt ကို လက်မှာပတ်ရင်း၊ ကားပြတင်းပေါက်ဆီ လျှိုသွင်းကာ ဟိုစမ်းဒီစမ်း လုပ်လိုက်ပြီး ကားတံခါးကိုကိုင်ထားတဲ့လက်က တံခါးဖွင့်လိုက်သည်။

ကုံးရင့်ရှန် ရန်ရိနောက်မှာရပ်နေရင်း ရန်ရိကိုယ်အပေါ်ပိုင်းက မီးလောင်နေဆဲကားအတွင်းသို့ ‌စောင်းဝင်နေသည်အား ကြည့်ကာ သူ့သွေးများ ခဲသွားသလိုပင်။ လောင်မြိုက်နေသော နီဆွေးဆွေး မီးတောက်က လူသားစားမိစ္ဆာအလား အရာအားလုံးကို ရက်စက်ကြမ်းကြုတ်စွာ၊ အားပြင်းစွာ၊ မောက်မာစွာ ဝါးမြိုနေလေသည်။

သူ့တစ်ဘဝလုံးကိုနှိပ်စက်နေပြီး မှတ်ဉာဏ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်နှံထားသည့် ပုံရိပ်များက ရိုက်ခတ်လာသော အကြောက်တရားလှိုင်းနှင့်အတူ ‌လိုက်ပါလာ၏။

သူ မွန်းကြပ်နေတယ်၊ အသက်ရှူမရဘူး၊ အဲ့တာက သူနစ်မွန်းနေတဲ့ အကြောက်တရားကြောင့်လား ဒါမှမဟုတ် လေထုထဲရှိနေတဲ့အပူချိန်က သူ့လည်ချောင်းကို လောင်မြိုက်စေတာကြောင့်လားတောင် သူမသိတော့ဘူး။

မီးထွက်ပေါက်ရှာနေတဲ့ ကြောင်ကလေးက ကားထဲကခုန်ထွက်လာပြီး ငိုညည်းကာ မြေကြီးပေါ် လျှပ်တိုက်ပြေးနေသည်။ အမြန်ပျံ့လာသော မီးတောက်က ဘဝလက်ကျန်လေးကို မျှော်လင့်ချက်မဲ့စေသည်။ မကြာမီ ထိုကြောင်ကလေး မြေပြင်ပေါ် လဲကျသွား၏။ ညင်သာစွာပင်။

ရန်ရိ အလွန်ပြင်းသောအပူရှိန်ကို အံတုရင်း နောက်ဆုံးတော့ ကားဆိုဖာအောက်က ကြောင်လေးကို ထုတ်ပေးလိုက်နိုင်သည်။ သူ ကြောင်လေးကိုယူရင်း ပြေးထွက်လိုက်သည်။ ကြောင်လေးကကိုယ်တစ်ခြမ်း မီးစွဲနေပြီး ရုန်းကန်ကာ အော်ညည်းနေသည်။

ရန်ရိ ကြောင်လေးကို T- shirt နဲ့ပတ်ပေးပြီး အုပ်‌ထားဖို့ မြေကြီးကသဲကိုယူလိုက်သည်။ မီးအများကြီးမရှိတော့ လေကာလိုက်တာနဲ့ မီးငြိမ်းသွားသည်။

ရန်ရိ ခေါင်းလှည့်ကြည့်လိုက်တော့ ကုံးရင့်ရှန်က ဘေးမှာ တောင့်တောင့်ကြီးရပ်နေပြီး မီးလောင်တာကို မျက်လုံးပြူးကာ ကြောက်လန့်တကြားစိုက်ကြည့်နေလျက်၊ ချွေးစီးကြောင်းများက ‌သူ့မေးကနေ တစ်တောက်တောက်စီးကျနေကြောင်း တွေ့ရသည်။

ရန်ရိ ကုံးရင့်ရှန်ကို ဘေးသို့ဆွဲလိုက်ပြီး သူ့‌ဖုန်းကို မြေကြီးပေါ်လှဲကာ ညည်းညူနေတဲ့ ကျိုးချွမ်းဆီ ပစ်ပေးလိုက်သည်။

" 119 ကိုခေါ် "

နောက်ပြီးတော့ သူမီးလောင်နေဆဲကားဆီ ထပ်ချဉ်းကပ်သွားပြန်သည်။ အထဲမှာ ကြောင်တချို့ ကျန်နေသေးပြီး ကြောင်အားလုံးက နှစ်လ/သုံးလ လောက်ပဲရှိသေးတာမို့ အသိုက်ထဲမှာပဲရှိသေးမှန်းသိသာသည်။

ရန်ရိ မီးကိုရှောင်ပြီး ကားအောက်ကိုဝင်ဖို့ ကြိုးစားရုန်းကန်လိုက်သည်။

ကုံးရင့်ရှန် အိမ်မက်ဆိုးက နိုးထလာပြီး၊ တစ်ချက်ကြည့်တာနဲ့ လောင်စာပုံးက ဓာတ်ဆီတွေစိမ့်ကျနေမှန်း တွေ့လိုက်သည်။ သူ ဆွံအလျက် အော်လိုက်၏။

" ရန်ရိ ဓာတ်ဆီတွေစိမ့်နေတယ် အမြန် ပြန်လာတော့! "

" ငါတွေ့တယ် "

ရန်ရိ ပြန်ပြောလိုက်သည်။

" ချက်ချင်းပဲ "

ကားမီးလောင်မှုရဲ့အဓိကအကြောင်းရင်း ဒါမှမဟုတ် ကားမီးလောင်ပြီးနောက်ပိုင်း ပေါက်ကွဲခြင်းအကြောင်းအရင်းမှာ

မီးအပူရှိန်က ဆီပိုက်ကို အက်ကွဲစေ‌သောကြောင့်ဖြစ်သည်။ ဒါကြောင့်မို့ သူရှောင်လွှဲမရပေ။

" ရန်ရိ! "

ကုံးရင့်ရှန် မျက်လုံးများက စိုးရိမ်သောကများဖြင့် ဝင်းလက်နေသည်။

နောက်ဆုံးတော့ ရန်ရိ ရှေ့ကုန်းပြီး ကြောင်လေးတစ်ကောင်ကို လှမ်းဆွဲလိုက်ပေမယ့် သူ့လက်က ပြင်းပြင်းထန်ထန်ကို အပူလောင်နေပြီး လက်လွှတ်လိုက်မိတာကြောင့် နောက်တစ်ခါ ထပ်ဖမ်းဖို့လိုသည်။

" ရန်ရိ! "

မီးက ဆီတွေယိုကျတဲ့နေရာထိ ပျံ့လာကြောင်း ကုံးရင့်ရှန် တွေ့လိုက်ရသည်။ သူ‌ရှေ့ကို ခြေတစ်လှမ်း,လှမ်းလိုက်ပေမယ့် ခြေထောက်တွေက အမြစ်တွယ်နေသလို၊ ဒုတိယခြေလှမ်း မလှမ်းနိုင်ဖြစ်နေသည်။

သူ မီးကိုကြောက်တယ်။ ဒါက သူ့ကိုအခြောက်လှန့်ဆုံး အရာပဲ။ ဒီအကွာအဝေးကတောင် သူ့အသားအရည်အစိတ်အပိုင်းတွေ အပ်နဲ့ထိုးစိုက်ထားသလို နာကျင်ရတယ်။ သူအနားကပ်သွားတာနဲ့ သူ့ကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်မယ့် ပါးစပ်ပေါက်အကျယ်ကြီးရှိနေသလိုပဲ။

သူ့လျှာသူ ဖိကိုက်လိုက်တော့မှ ခန္ဓာကိုယ်က အင်အားတွေ‌ပြန်ရလာသည်။ ‌သူခေါင်းငုံ့ရင်း ပြေးသွားပြီး ရန်ရိခါးကို ဖက်ကာ နောက်ကိုပြန်ဆွဲလိုက်သည်။

ရန်ရိက တုံ့ပြန်မှုမရှိတော့တဲ့ ပူနွေးနွေးကြောင်လေးကို ကိုင်ထားသည်။

ကုံးရင့်ရှန် ရန်ရိကို အဝေးကြီးဆွဲသွားပြီး နောက်ဆုံးလွှတ်လိုက်တော့ နှစ်ယောက်လုံး မြေကြီးပေါ်အတူလဲကျသွားတော့သည်။

ရန်ရိ သူ့လက်ထဲက အသက်မရှူတော့တဲ့ ကြောင်‌ပေါက်လေးကို ကြည့်ကာ နှာခေါင်းကျဥ်လာပြီး အသက်ရှူသံကလည်း တုန်ယင်နေသည်။

နောက်တော့ သူသိလိုက်ရတာက သူတုန်နေတာမဟုတ်ဘဲ သူ့ကိုဖက်ထားတဲ့သူ တုန်နေတယ်ဆိုတာပင်။

######

Note---

Ring Road ကိုအရင်က ဒီတိုင်းလမ်းလို့ပဲရေးခဲ့တယ် ဒါပေမယ့် နေပြည်တော်ကလို သပြေကုန်အဝိုင်း ဘာအဝိုင်း ညာအဝိုင်း အဲ့လိုအဝိုင်းတွေကိုပြောတာပါ။ Novel ထဲမှာတော့ နံပါတ်စဉ်နဲ့ပဲရေးပေးထားတယ် အခုတော့ 'အဝိုင်း' လို့ပြောင်းရေးလိုက်ပါပြီ

ဒီအပိုင်းတော့ အသက်အောင့်ပြီး ဘာသာပြန်နေရတယ်၊ လက်နာတာလည်းပျောက်သွားပါပြီ Vitamin တွေသောက် ကြက်ဥတွေစားနဲ့ဆိုတော့ ဟဲဟဲ။ စိတ်ပူပေးတဲ့သူတွေကြောင့်လည်းပါတယ် love u 🤍

See you soon!

#######

{ Zawgyi }

ဒါကိုၾကားၿပီးေတာ့ ကုံးရင့္႐ွန္ ႐ွက္ကာ ေဒါသလည္းထြက္သြားသည္။

" ခင္မ်ား ဘာမဟုတ္တာေတြ ေလွ်ာက္ေျပာေနတာလဲ! "

ရန္ရိ မ်က္ႏွာကအျပဳံးသည္ကား ေျပေလ်ာ့မသြားဘဲ :

" ငါက ငါတို႔အလုပ္တြဲလုပ္ေနတယ္ဆိုၿပီး သာမန္ကာလွ်ံကာ ေျပာလိုက္တာပါ၊ ေသခ်ာတာေပါ့ မင္းက ငါသူငယ္ခ်င္းေလ "

ကုံးရင့္႐ွန္က တစ္ခါတစ္ေလ ထိုးခ်င္စရာေကာင္းတယ္လို႔ သူခံစားရေပမယ့္ တစ္ခါတစ္ေလက်ေတာ့လည္း ကေလးလိုပဲ ျဖဴစင္ၿပီး ထူးထူးဆန္းဆန္း ခ်စ္စရာေကာင္းေနတတ္သည္။

" သူငယ္ခ်င္းဟုတ္ဟုတ္ မဟုတ္ဟုတ္ ဘယ္သူက ဂ႐ုစိုက္ေနလို႔လဲ? "

ကုံးရင့္႐ွန္ သူ႕ပါးေတြပူလာသလို ခံစားရၿပီး

" ခင္မ်ားအရင္လာစတာ၊ ကြၽန္ေတာ္က အၿမဲတမ္း ကိစၥေတြကို အစကေနအဆုံးထိလုပ္တတ္တယ္၊ ကတိေပးထားတဲ့အတိုင္း ေလ့က်င့္ရေအာင္ ကြၽန္ေတာ့္နည္းလမ္းေတြ လိုက္နာ႐ုံသက္သက္ပဲ "

" ေကာင္းၿပီ ေကာင္းၿပီ မင္းနည္းလမ္းအတိုင္းပဲေပါ့ "

ရန္ရိ သူ႕ကို ႏွစ္သိမ့္လိုက္သည္။

" ငါ့အမွားပါ၊ ေနာက္တစ္ခါ မင္းကိုတစ္ေယာက္ေယာက္နဲ႔ မိတ္ဆက္ေပးရင္ စကားအသုံးအႏႈန္းေတြ သတိထားလိုက္ပါ့မယ္ "

ကုံးရင့္႐ွန္ ရန္ရိကို စိတ္ဆိုးဆိုးနဲ႔စိုက္ၾကည့္ၿပီး ျပတင္းေပါက္အျပင္ဘက္ဆီ မ်က္ႏွာလွည့္သြားေလ၏။

ရန္ရိ ကုံးရင့္႐ွန္ကို တစ္ခ်က္ခိုးၾကည့္လိုက္သည္။ ေန႔လယ္ခင္းေနေရာင္ျခည္က ကုံးရင့္႐ွန္ရဲ႕ ဆံပင္၊ အသားရည္နဲ႔ နား႐ြက္ဖ်ားေလးေတြကို ထိုးဟပ္ေနၿပီး၊ ဆံဖ်ားေလးေတြကို အေရာင္ေဖ်ာ့သြားေစလ်က္၊ ျဖဴစင္ေသာအသားအရည္ကို ေႂကြေရာင္ထေစကာ၊နားသီးေလးကို နီရဲလာေစသည္။ ရန္ရိ ႏွလုံးသားလည္း မတတ္သာဘဲ ႏွစ္ႀကိမ္ေလာက္ ၾကမ္းၾကမ္းတမ္းတမ္း တလႈပ္ခါသြားေတာ့ သူ အျမန္ေခါင္းငုံ႔ကာ အသားတုံးႀကီးႀကီး စားလိုက္ၿပီး အေတာမသပ္ႏိုင္ေအာင္ တြန္႔ေကြးေနတဲ့ သူ႕ပါးစပ္အစြန္းႏွစ္ခုကို ပိတ္ပစ္လိုက္ရေတာ့သည္။

သူက ကုံးရင့္႐ွန္ရဲ႕ ပထမဆုံးသူငယ္ခ်င္းျဖစ္ေနမလား?

ထမင္းစားၿပီးေတာ့လည္း ကုံးရင့္႐ွန္ သူ႕ကိုစကားေျပာမလာေသး‌ဘဲ ကားထဲမွာ ေလထုအေနအ‌ထားက ကို႐ို႕ကားယားျဖစ္ေနသည္။

ရန္ရိ သူဘယ္ေလာက္လူႀကီးဆန္ၿပီး၊ ကုံးရင့္႐ွန္ကို ဘယ္လိုစေခ်ာ့ရင္ေကာင္းမလဲလို႔ ေတြးေနတုန္း သူတို႔ေစာင့္ၾကည့္ေနတဲ့ တိုက္ကေန ရင္းႏွီးတဲ့လူတစ္ေယာက္ ေလွ်ာက္ထြက္လာေၾကာင္း ေတြ႕ရ၏။

ႏွစ္ေယာက္လုံး မတ္မတ္ထိုင္လိုက္ၾကၿပီး သူတို႔ မွန္ဘီလူးနဲ႔ က်ိဳးခြၽမ္းအစစ္ဟုတ္မဟုတ္ အတည္ျပဳလိုက္ၾကသည္။ က်ိဳးခြၽမ္းက ဆံပင္နည္းနည္း႐ွည္လာၿပီး  ႐ုပ္ပ်က္ကာအာဟာရခ်ိဳ႕တဲ့ပုံေပၚေနဆဲပင္။ ေနာက္ဘက္မွာ ေက်ာ‌ပိုးအိတ္လြယ္ထားၿပီး ေခါင္းငုံ႔ကာ တိုက္ဝင္းဂိတ္ဝဆီ လမ္းေလွ်ာက္သြားေနသည္။

ရန္ရိ ကားစက္ႏိႈးလိုက္ၿပီး စိတ္႐ႈပ္ေထြးကာ ေျပာလိုက္သည္။

" သူသြားခ်င္ရင္ေတာင္ ညခင္းမွသြားသင့္တာ၊ အေစာႀကီးထြက္ၿပီး ဘာလုပ္မလို႔လဲ? "

" လိုက္ၾကည့္ရင္ ခင္မ်ားသိလိမ့္မယ္ "

က်ိဳးခြၽမ္း တိုက္ဝင္းဂိတ္ဝကိုေရာက္ေတာ့ ခဏေလာက္ေစာင့္ၿပီး online အငွားယာဥ္ေရာက္လာသည္။ ကုံးရင့္႐ွန္ ဖုန္းတစ္ေကာေခၚလိုက္ၿပီး သူ႕လုပ္ေဖာ္ကိုင္ဖက္ကို ကားအငွားယာဥ္ကုမၸဏီဆီသြားေစကာ ထိုကားရဲ႕ေစာင့္ၾကည့္မွတ္တမ္းေတြ ထုတ္လာခိုင္းလိုက္သည္။

သူတို႔ႏွစ္ေယာက္ အခ်ိန္အေတာ္ၾကာေနာက္ကလိုက္ၿပီးေတာ့ က်ိဳးခြၽမ္းက ေဈးဝယ္စင္တာတစ္ခုဆီ ဝင္သြားသည္။ အနီးနားမွာ ကားပါကင္ထိုးဖို႔ေနရာက်ပ္တာေၾကာင့္ ကုံးရင့္႐ွန္ ကားထဲကထြက္ၿပီး က်ိဳးခြၽမ္းေနာက္လိုက္သြားခ်ိန္ ရန္ရိကေတာ့ လမ္းတစ္ဖက္မွာ‌ပဲ ကားရပ္ေစာင့္ေနရသည္။ မေမွ်ာ္လင့္တာက သူ သုံးနာရီေက်ာ္ ေစာင့္လိုက္ရျခင္းပင္။

ကုံးရင့္႐ွန္ကားဆီ ခပ္သုတ္သုတ္ျပန္လာ‌ခ်ိန္၌ ည႐ွစ္နာရီမထိုးေသး။ က်ိဳးခြၽမ္းက လမ္းတစ္ဖက္က ကားမွတ္တိုင္တြင္ ရပ္ေနေၾကာင္း ရန္ရိေတြ႕လိုက္သည္။

" မင္းအဲ့မွာ ဘာလို႔ဒီေလာက္ၾကာေနတာလဲ? "

ကုံးရင့္႐ွန္ ေျပာလိုက္သည္။

" သူ ဒီဂ်စ္တယ္ပစၥည္းဆိုင္သြားတာ၊ သူထြက္သြားမွပဲ ကြၽန္ေတာ္ဆိုင္ထဲဝင္ၿပီး ေမးလို႔ရတယ္၊ ပစၥည္းမွာျပႆနာတစ္ခုခုေပၚလို႔ အသစ္ျပန္လဲလိုက္ရပုံပဲ "

" ဒီေသာက္႐ူးေကာင္.... ေဟး သူကားထဲဝင္သြားၿပီ "

ရန္ရိ ကားစက္ႏိႈးၿပီး ဘတ္စ္ကားေနာက္လိုက္သည္။

ထိုအခ်ိန္က ကားၾကပ္တဲ့အခ်ိန္ျဖစ္ၿပီး သူတို႔ဘတ္စ္ကားနဲ႔ တစ္နာရီေက်ာ္ပိတ္မိေန၏။ ဘတ္စ္ကားက တစ္ျဖည္းျဖည္း လမ္းေၾကာင္းေျပာင္းသြားၿပီး သူတို႔ ကားလမ္း‌ေၾကာင္းျပေျမပုံကို ၾကည့္ျပန္ေတာ့လည္း က်ိဳးခြၽမ္း ဘယ္ကိုသြားခ်င္မွန္းမသိ၊ ေသခ်ာတာေတာ့ ဝမ္ရမ့္ရပ္ကြက္ဆီမဟုတ္‌ေခ်။

က်ိဳးခြၽမ္းက ဘားမီးေလာင္မႈတုန္းကလို ညဥ့္နက္တဲ့အထိေစာင့္မွာပဲလို႔ သူတို႔ဆုံးျဖတ္ခဲ့ၾကေပမယ့္ ဒီတစ္ခါ က်ိဳးခြၽမ္း ဘာလုပ္ဖို႔စီစဥ္ေနတာလဲ? ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔အဆုံးထိလိုက္ဖို႔လိုသည္။

က်ိဳးခြၽမ္း ကားထဲမွဆင္းကာ လမ္းစေလွ်ာက္ၿပီး သူတို႔ႏွစ္ေယာက္လည္း ကားထဲကထြက္ကာ လမ္းေလွ်ာက္လိုက္ရေတာ့သည္။ ထိုနယ္ေျမမွာ အဝိုင္း ၅ က‌ေတာင္ထြက္သြားၿပီျဖစ္သည္။ အရမ္းမေဝးေပမယ့္လည္း ၿမိဳ႕သစ္က ၿမိဳ႕ထဲထပ္စာရင္ ပိုက်ယ္ျပန္႔ၿပီး လူသြားလူလာနည္းေတာ့ သူတို႔အရမ္းအနီးကပ္ႀကီး မလိုက္ရဲေပ။

ေနာက္‌ဆုံးေတာ့ က်ိဳးခြၽမ္းေဆာက္လုပ္ေရးဆိုက္ထဲ ဝင္သြားၿပီး သူတို႔ႏွစ္ေယာက္လည္း ႐ုတ္တရက္ သတိကပ္ထားလိုက္ရသည္။

ဒီေဆာက္လုပ္ေရးဆိုက္ ရပ္ဆိုင္းထားရတာ ဘယ္ေလာက္ၾကာၿပီလဲမသိေပမယ့္ ယာယီယဥ္ရပ္နားစခန္းလိုေတာင္ျဖစ္ေနၿပီ။ အနီးနားမွာေတာ့ တိုက္တာအခ်ိဳ႕႐ွိၿပီး ကားအစီး ၁၀၀ ဝန္းက်င္ရပ္ထားသည္။ တစ္ခုတည္းေသာ ဝင္/ထြက္ ေပါက္မွာေတာ့ အဖိုးႀကီးတစ္ေယာက္ေစာင့္ေနၿပီး ေနရာကို ၾကည့္ရသေလာက္ ညအိပ္ယာဥ္ရပ္နားစခန္းျဖစ္ဟန္တူသည္။

က်ိဳးခြၽမ္း ဝင္/ထြက္ ေပါက္ကမဝင္ဘဲ ေဆာက္လုပ္ေရးဆိုက္ အျပင္ဘက္က ပတ္သြားသည္။ ကားေတြမျဖတ္ႏိုင္ေပမယ့္ လူေတြေတာ့ျဖတ္သြားႏိုင္၏။

သူတို႔ႏွစ္ေယာက္ ပိုၿပီး သံသယဝင္လာသည္။ က်ိဳးခြၽမ္း ဘာလုပ္ဖို႔ၾကံေနလဲ သူတို႔မသိေပမယ့္ သူ႕ " စီးပြားေရး " ဆိုတာနဲ႔ ပတ္သက္ပုံေပၚသည္။ သူတို႔ ေနာက္ကေန တိတ္တိတ္လိုက္တုန္း၊ က်ိဳးခြၽမ္းက ထိုင္ဖို႔လူကြယ္ရာေထာင့္တစ္ေထာင့္ကိုေတြ႕သြားၿပီး သူ႕ကိရိယာေတြဆင္ေနတာျမင္ေတာ့ သူတို႔လည္း ထိုနည္းတူ ျမက္ပင္ေတြၾကား ဝပ္လိုက္ၾကသည္။

ကားပါကင္၌ အခါအားေလ်ာ္စြာ ကားအနည္းငယ္ ဝင္ထြက္ေနေပမယ့္ ေနာက္က်လာသည္ႏွင့္အမွ် ပိုေလ်ာ့နည္းလာသည္။

ေဆာင္းညေတြမွာ နည္းနည္းေအးတတ္ေပမယ့္လည္း ျမက္ပင္ၾကားက ျခင္ေတြကေတာ့ အတင္းထိုးကိုက္ေနဆဲပင္။ ကုံးရင့္႐ွန္က Shirt အက်ႌလက္႐ွည္ကို အေပၚထပ္နဲ႔ပါဝတ္ထားသည္။ ရန္ရိမခံႏိုင္ေတာ့‌ေပ၊ သူ႕လက္ႏွစ္ဖက္လုံး ကိုက္ခံထားရလို႔ အဖုအေဖာင္းေတြနဲ႔ ျပည့္ေနၿပီ၊ သူကုတ္ရင္းကုတ္ရင္းနဲ႔ ခပ္တိုးတိုးဆဲလိုက္၏။

ကုံးရင့္႐ွန္က သူ႕ကိုမ်က္ေစာင္းတစ္ခ်က္ထိုးရင္း

" တန္တယ္၊ လက္‌တိုေတြဝတ္ခ်င္ဦး "

[ T/n : ဒီအက်ႌပဲ သူအျမင္ကတ္ေနတယ္  :3 ]

" ေန႔ခင္းမွာ ေအးတာမွမဟုတ္ဘဲ "

ရန္ရိ ပြစိပြစိလုပ္လိုက္သည္။

" ဒီေကာင္စုတ္ေလးက ဘာလို႔အေဝးႀကီးလာတာတုန္း? "

ကုံးရင့္႐ွန္ေျပာလာသည္။

" ဂိတ္ေစာင့္အလုပ္ဆင္းတာကို ေစာင့္ေနတာျဖစ္မယ္ "

"အဓိက,က၊ ‌ငါဒီေလာက္ျခင္ကိုက္ခံထားၿပီးမွ ဘာမွမရရင္ အလကားျဖစ္သြားလိမ့္မယ္ "

သူတို႔ ဆယ့္တစ္နာရီေလာက္အထိေစာင့္ၿပီးေနာက္ အဖိုးႀကီးသူ႕ခုံနဲ႔ လက္ဖက္ရည္ခြက္ကိုကိုင္ရင္း ထြက္သြားသည္ကို အေဝးကျမင္လိုက္ရသည္။ အဲ့အခ်ိန္မွာပဲ က်ိဳးခြၽမ္း လူကြယ္ရာေထာင့္ကေန  ထလာၿပီး ကားပါကင္ဆီသြားကာ ‌ေယာင္လည္လည္လုပ္ရင္း တစ္ခုခု႐ွာေနသလို။

တစ္နာရီေက်ာ္ေလာက္ေစာင့္ၿပီး ရန္ရိေျခေထာက္ေတြထုံလာေတာ့ သူသက္ျပင္းခ်လိုက္ရင္း

" မင္း ရာဇဝတ္သားေတြကို ဒီလိုပဲေစာင့္ေနက်လား? ရဲျဖစ္ဖို႔မလြယ္ဘူးေနာ္ "

" နာရီနည္းနည္းေလာက္ပါပဲ "

ကုံးရင့္႐ွန္ က်ိဳးခြၽမ္းကို တယ္လီစကုပ္နဲ႔ၾကည့္လိုက္ၿပီး

" သူလႈပ္‌႐ွားေလာက္ၿပီ "

က်ိဳးခြၽမ္းလက္တစ္ဖက္မွာ ဟန္းဖုန္းကိုင္ထားရင္း အျခားတစ္ဖက္က ႐ိုက္ကူးေရးကင္မရာကို ကိုင္ထားၿပီး ကားတစ္စီးေ႐ွ႕မွာ ရပ္ေနေၾကာင္း ေတြ႕ရသည္။ အဝါေရာင္ေတာက္ေတာက္ Kia ကားတစ္စီးျဖစ္ၿပီး တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ အမ်ိဳးသမီးစီးကားမွန္းသိသာ၏။ ထိုကားကို အေတာ္က်ယ္ေသာေနရာတြင္ရပ္ထားလ်က္၊ ေဘးဘက္‌မွာ အျခားကားမ်ား႐ွိမေနေခ်။

ညဆယ့္ႏွစ္နာရီမွာ က်ိဳးခြၽမ္း ကားပါကင္ရဲ႕ ဝင္/ထြက္ေပါက္ကို ေလွ်ာက္သြားၿပီး ခဏၾကာေတာ့ သူ႕ေဘးကလူနဲ႔အတူ ျပန္ေရာက္လာသည္!

သူတို႔ႏွစ္ေယာက္ အသက္ေအာင့္ရင္း ျမက္ခင္းၾကားမွာ ျမန္ျမန္ေ႐ြ႕လ်ားလိုက္သည္။ ပိုၿပီးနီးေအာင္လို႔ ရန္ရိ တစ္ဖက္ကအမိႈက္ပုံးကို လက္ညိႇဳးထိုးျပလိုက္ၿပီး အမိႈက္ပုံးေနာက္မွာ ပုန္းဖို႔အခ်က္ျပလိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိကို စိုက္ၾကည့္လာေတာ့ ရန္ရိလည္း အျပစ္ကင္းသလို ပခုံးတြန္႔ျပလိုက္၏။ ကုံးရင့္႐ွန္ ႏွာေခါင္းစည္းတပ္လိုက္ၿပီး ႀကိတ္မွိတ္ကာ အမိႈက္ပုံးဆီ ေ႐ြ႕သြားေတာ့သည္။

အမိႈက္ပုံးကို ေသခ်ာဖုံးထားေသာ္ျငား နံေဟာင္ေနတာက စိတ္မသတီစရာ။ ရန္ရိ သူ႕‌ႏွာေခါင္းသူပိတ္လိုက္ၿပီး ကုံးရင့္႐ွန္ရဲ႕ mask ၊ ေနာက္ ကုံးရင့္႐ွန္ရဲ႕အိတ္ကပ္၊ ၿပီးေတာ့ သူ႕ကိုယ္သူလက္ညိႇဳးထိုးျပလိုက္၏။ ကုံးရင့္႐ွန္ ကိုယ္ေပၚမွာ ပစၥည္းတစ္စုံမက,ပါမွန္း သူသိၿပီးသား။

ကုံးရင့္႐ွန္ သူ႕အိတ္ကပ္ထဲက ေနာက္ mask တစ္ခုဆီ လက္လွန္းလိုက္ေတာ့ ရန္ရိ အေပ်ာ္လြန္သြားသည္။ သူလက္ကမ္းၿပီး ယူမလို႔ပဲ႐ွိေသး၊ ကုံးရင့္႐ွန္က mask ကိုျဖန္႔ၿပီး သူ႕မ်က္ႏွာေပၚသူတပ္ရင္း ရန္ရိကို အားရဝမ္းသာ ၾကည့္လာ၏။

ရန္ရိ ကုံးရင့္႐ွန္ကို စိတ္ေလေလနဲ႔သာ ၾကည့္လိုက္သည္။

ေနာက္လူတစ္ေယာက္က အနက္ေရာင္ ဝတ္ထားၿပီး၊ လွ်ာဦးထုတ္နဲ႔ mask တပ္ထားလ်က္၊ သူ႕မ်က္ႏွာကို အပီအျပင္ဖုံးထားသည္။ သူ႕လက္ထဲမွာလည္း ခ်ည္သားအိတ္ႏွစ္လုံး ကိုင္ထား၏။ အေဝးကေန သူတို႔ေျပာေနတာ မၾကားရေပမယ့္ အဝါေရာင္ Kia ကားတစ္ဝိုက္မွာပဲ စကားေျပာေနၾကတာျဖစ္သည္။

ထို႔ေနာက္ က်ိဳးခြၽမ္းက ‌သုံးေခ်ာင္းေထာက္ကို ေျမေပၚမွာေထာင္လိုက္ၿပီး ကင္မရာကို ကားဆီမ်က္ႏွာခ်င္းဆိုင္လ်က္ သူ႕ကြန္ျပဴတာနဲ႔ ခ်ိတ္ဆက္လိုက္သည္။

အနက္ေရာင္ဝတ္ထားတဲ့လူက ေဆာက္လုပ္ေရးဆိုက္ထဲကိုသြားၿပီး ေက်ာက္တုံးတစ္တုံး ေကာက္ယူလိုက္သည္။ သူေဘးဘီကို အခ်ိန္အေတာ္ၾကာ ၾကည့္ၿပီး အၾကာႀကီးတြန္႔ဆုတ္ေနသည္။ ကားပါကင္ဆီကိုေတာင္ စစ္ေဆးဖို႔ သြားလိုက္ေသး၏။ ဘယ္သူမွမ႐ွိဘူးဆိုတာ အတည္ျပဳၿပီးမွ ျပန္လာၿပီး ေက်ာက္ခဲကို ကားမွန္ဆီ ပစ္ေပါက္လိုက္ေတာ့သည္။

ထိုသူက ႐ိုးတိုး႐ွန္႔တန္႔နဲ႔ တြန္႔ဆုတ္စြာ လႈပ္႐ွားေနၿပီး ဒါကို အခုမွပထမဆုံးအႀကိမ္ လုပ္ဖူးပုံေပၚသည္။

က်ိဳးခြၽမ္း လက္တစ္ဖက္က ကင္မရာကို ဆြဲ႐ိုက္ရင္း ကြန္ပ်ဴတာကို အျခားလက္တစ္ဖက္နဲ႔ ကြၽမ္းကြၽမ္းက်င္က်င္ ကိုင္တြယ္ေနၿပီး အခ်ိန္အေတာ္ၾကာ စကားေျပာေနသည္။

ဒါကိုေတြ႕ၿပီး ေနာက္ဆုံးေတာ့ သူတို႔ႏွစ္ေယာက္လုံး က်ိဳးခြၽမ္းတို႔ live လႊင့္မယ္ဆိုတာ ေသခ်ာသြားခဲ့သည္။ က်ိဳးခြၽမ္းကမေျပာင္းလဲေပ၊ သို႔ေသာ္ျငား ဝမ္ရမ့္အေဆာက္အအုံကို မသြားရဲဘဲ ဒီလို ေဝးၿပီး ကိုယ့္ကိုကိုယ္ယုံၾကည္မႈရေစတဲ့ လုံလုံျခဳံျခဳံေနရာမ်ိဳးကို ေ႐ြးလိုက္သည္။

ရန္ရိ တိုးတိုးေျပာလိုက္သည္။

" မင္းသူတို႔ကို ဘယ္အခ်ိန္ဖမ္းမွာလဲ? "

ကုံးရင့္႐ွန္ : " သက္ေသရတဲ့အထိေစာင့္မွာ "

သူတို႔ႏွစ္ေယာက္ ဖုန္းေတြနဲ႔ record လုပ္ေနတာ ၾကာၿပီ၊ ဒါေပမယ့္ ကားမွန္ခြဲတဲ့ ျပစ္မႈ‌နဲ႔ မလုံေလာက္ေသးေပ။ က်ိဳးခြၽမ္း ၄၈ နာရီေလာက္ထပ္အထိန္းခံရၿပီး စခန္းထဲကေန ေမာ္ေမာ္ႂကြားႂကြား ျပန္ထြက္သြားတာမ်ိဳး သူတို႔မလိုခ်င္ေတာ့ဘူး။

ေနာက္ေတာ့ အနက္ေရာင္ဝတ္စုံနဲ႔လူက ခ်ည္အိတ္ကိုဖြင့္ကာ အထဲက ပလက္စတစ္ပုံးအျဖဴကို ထုတ္ၿပီး ကားအျပင္ေရာ အတြင္းကိုပါ ေလာင္းခ်လိုက္သည္။ ေလထဲ၌လြင့္ပ်ံလာေသာ ဓာတ္ဆီနံ႔ကို အေဝးဆီကပင္ အနံ႔ရႏိုင္၏။

" ေသစမ္း သူတို႔ ကားကိုတကယ္မီး႐ိႈ႕ခ်င္ေနတာပဲ "

ရန္ရိ ဆဲေရးလိုက္သည္။

" အယူလြဲသမားေတြ "

ကုံးရင့္႐ွန္ သူ႕ေျခပြတ္တိုင္အေရးေပၚေသနတ္အိတ္ကေန အပိုေသနတ္ကိုထုတ္လိုက္ၿပီး :

" သက္ေသလုံေလက္ၿပီ ခင္မ်ား က်ိဳးခြၽမ္းကို ထိန္းႏိုင္လား? "

" မေနာက္စမ္းပါနဲ႔ သူ႕ကိုယ္ခံအားနည္းနည္း‌ေလးကို "

ရန္ရိ လက္သီးဆုပ္လိုက္သည္။ က်ိဳးခြၽမ္းခဏေတာ့ ျပင္းျပင္းထန္ထန္႐ုန္းမယ္ ေမွ်ာ္လင့္ရၿပီး သူဒီေျမးကိုမွ မ႐ိုက္ႏိုင္ရင္ သူ႕မ်ိဳး႐ိုးနာမည္ေျပာင္းဖို႔သာ ႐ွိေတာ့၏။

" သြားမယ္ "

သူတို႔ႏွစ္ေယာက္ ခါးကိုင္းရင္း ကားတစ္စီးကို အကာအကြယ္ျပဳၿပီး ဟိုေကာင္ေတြဆီ ခ်ဥ္းကပ္သြားသည္။

က်ိဳးခြၽမ္း ကြန္ပ်ဴတာကို ၾကည့္ရင္း ဝမ္းသာအားရေအာ္သံ ၾကားလိုက္ရ၏။

" ၁၀၀၀၀ ထပ္ေပးတယ္?! "

အနက္ေရာင္နဲ႔လူက '႐ွဴး' ဆိုတဲ့အမူအရာ လုပ္ျပၿပီး ေနာက္ထပ္ ခ်ည္အိတ္တစ္အိတ္ကိုဖြင့္၊ အထဲကတစ္ခုခုထုတ္၊ ကားထဲပစ္လိုက္ၿပီး ေနာက္ဆုံး အဲ့ဒီ့ခ်ည္အိတ္နဲ႔ ျပတင္းေပါက္ကို ပိတ္ထားလိုက္သည္။

ကုံးရင့္႐ွန္နဲ႔ ရန္ရိက သူတို႔ကားထဲကို ဘာထိုးထည့္လိုက္လဲ မသိေပမယ့္ မီး႐ိႈ႕ပစ္မယ္ဆိုတာေတာ့သိသည္။

က်ိဳးခြၽမ္းက သူ႕ Laptop နဲ႔ camera ကိုယူၿပီး video ေသခ်ာ႐ိုက္ဖို႔ ကားဆီတိုးလိုက္သည္။ ၿပီးေတာ့ သူ ေထာက္တိုင္ဆီျပန္သြားၿပီး အနက္ေရာင္နဲ႔လူကိုေျပာလိုက္သည္။

" စလိုက္ရေအာင္ "

ကုံးရင့္႐ွန္ ႐ုတ္ျခည္းဆိုသလို ကားေနာက္က ခုန္ထြက္လိုက္ၿပီး သူ႕ေသနတ္ကိုေျမႇာက္ကာ ေအာ္လိုက္သည္။

" မလႈပ္နဲ႔! "

က်ိဳးခြၽမ္းနဲ႔ အနက္ေရာင္ဝတ္ထားတဲ့လူက ေၾကာက္လို႔တုန္ေနသည္။ က်ိဳးခြၽမ္း သူတို႔ႏွစ္ေယာက္ကို လွည့္ၾကည့္လာၿပီး သရဲေတြ႕လိုက္သလို သတိလက္လြတ္နဲ႔ ထြက္ေျပးခ်င္ေန၏။

" မင္း ေျပးရဲရင္ေျပးၾကည့္စမ္း! "

ရန္ရိ က်ိဳးခြၽမ္းကို လက္ညိႇဳးထိုးကာ ေအာ္လိုက္သည္။

" မင္း ေသနတ္မွန္ၿပီး အဖမ္းခံခ်င္လို႔လား? "

အနက္ေရာင္လူမွာ ေျခေထာက္ႏွစ္ဖက္လုံး တုန္ေနသည္။ ႐ုတ္တရက္ သူ႕လက္ေတြကို ေနာက္‌ပို႔လိုက္ရင္း ‌အေမွာင္ထုထဲမွာ မီးေရာင္ဖ်တ္ခနဲ လက္သြား၏။

" ရပ္လိုက္-----"

ကုံးရင့္႐ွန္ ေအာ္ၿပီး အေျပးသြားသည္။

အနက္ေရာင္လူက မီးျခစ္ကို လႊင့္ပစ္လိုက္ၿပီး၊ ေျမျပင္ဆီ မီးစက်သြားရာ ဓာတ္ဆီသည္ တစ္မဟုတ္ခ်င္း မီးေတာက္သြား၏။ မီးသည္ကား ခ်က္ခ်င္းထပြင့္လာသည့္ ပန္းပြင့္ႏွင့္အလားတူစြာ ကားတစ္စီးလုံးကို ဝါးၿမိဳလိုက္ေတာ့သည္။

ကုံးရင့္႐ွန္နဲ႔ ရန္ရိခမ်ာ အပူလိႈင္းေၾကာင့္ ရပ္တန္႔သြားေသာ္လည္း ကားနဲ႔နီးေသာ က်ိဳးခြၽမ္းကေတာ့ ကံမေကာင္း႐ွာေပ။ ကားတစ္ဝိုက္ကို႐ိုက္ကူးရင္း ေျခဖဝါးမွာ ဓာတ္ဆီေပသြားသျဖင့္ မီးလွ်ာဖ်ားသည္ သူ႕ကိုတိုက္႐ိုက္ ဖမ္းစား‌ေလ၏။ က်ိဳးခြၽမ္း ေအာ္ဟစ္ရင္း ေျမႀကီးေပၚလဲက်သြားသည္။

တစ္ခ်ိန္တည္းမွာပဲ၊

ခပ္တိုးတိုးေၾကာင္ညည္းသံ ၾကားလိုက္ရၿပီး -- အသံကတစ္ေကာင္မကေပ။

အနက္ေရာင္နဲ႔လူ ထြက္ေျပးသြားသည္။

ရန္ရိ အျမန္ေျပးသြားကာ က်ိဳးခြၽမ္းကို ေဘးဆြဲလိုက္ၿပီး သူ႕ shirt ကိုခြၽတ္၊ က်ိဳးခြၽမ္းကိုယ္ေပၚကို ႐ိုက္ေပးရင္း ေအာ္လိုက္သည္။

" ျမန္ျမန္ လွိမ့္! ျမန္ျမန္! "

က်ိဳးခြၽမ္း ေျမႀကီးေပၚမွာ လွိမ့္ရင္း ေအာ္သည္။

" အိတ္ထဲမွာ မီးသတ္ေဆးဘူး႐ွိတယ္ အိတ္ထဲမွာ! "

ကုံးရင့္႐ွန္ အနက္ေရာင္နဲ႔လူ ထြက္ေျပးသြားတာကိုၾကည့္ၿပီး ‌က်ိဳးခြၽမ္းနဲ႔ မီးေလာင္ေနတဲ့ကားကို တစ္ဖန္ၾကည့္သည္။ သူ႕မ်က္ႏွာက စကၠဴတစ္႐ြက္လိုပဲ ျဖဴစုတ္ေနၿပီး ႏွလုံးခုန္သံက ရင္ဘတ္ပါတုန္ခါသည္အထိ ျမန္ဆန္ေနသည္။ ဒီ ‌မ်က္စိက်ိန္းေလာက္တဲ့ အလင္းေရာင္၊ ဒီ ပူျပင္းလြန္းတဲ့ အပူခ်ိန္၊ ဒီမီးက တကယ့္မီးအစစ္ပဲ!

" ကုံးရင့္႐ွန္! "

ရန္ရိ အားကုန္သုံးေအာ္လိုက္သည္။

ကုံးရင့္႐ွန္ အိပ္မက္က လန္႔ႏိုးလာသလို၊ ထြက္ေျပးသြားတဲ့လူေနာက္ လိုက္မေနေတာ့ဘဲ ခ်ည္သားအိတ္ဆီသြားေတာ့ မီးသတ္ေပါင္ဒါတစ္ခုနဲ႔ အိတ္ေဆာင္ မီးသတ္စပေရးဘူး ႏွစ္ဘူးေတြ႕သည္။

ကုံးရင့္႐ွန္ မီးသတ္ေပါင္ဒါဘူးကိုယူကာ ေျပးလာရင္း က်ိဳးခြၽမ္းကို နည္းနည္းျဖန္းၿပီး မီးသတ္ေပးလိုက္သည္။ သူကားကို မီးသတ္ဖို႔လုပ္ေပမယ့္ ရန္ရိတားတာ ခံလိုက္ရ၏။

" ေပါင္ဒါေျခာက္ျဖန္းလိုက္ရင္ ေၾကာင္ေတြ အသက္႐ွဴၾကပ္သြားလိမ့္မယ္၊ မွတ္ထား မင္းအျပင္ဘက္ကိုပဲ ျဖန္းရမယ္ "

ရန္ရိ သူ႕ႏွာဖူးေပၚက ေခြၽးေတြသုတ္လိုက္ၿပီး ‌မီးသတ္စပေရးဘူးႏွစ္ခုကို လက္တစ္ဖက္တည္းနဲ႔ကိုင္ကာ အပိတ္ကိုျဖဳတ္လိုက္သည္။

" မင္း အျပင္ဘက္ကိုျဖန္း၊ ငါ အထဲကိုျဖန္းမယ္ "

ကုံးရင့္႐ွန္ အားတက္သေရာ ေခါင္းညိတ္ျပလာၿပီး ကားေဘးကို စပေရးျဖန္းလိုက္သည္။ မီးသတ္ေပါင္ဒါတစ္ဘူးလုံးကုန္ေအာင္ ျဖန္းလိုက္ၿပီး ရန္ရိက စပေရးႏွစ္ဘူးကို ကားျပတင္းေပါက္ဆီခ်ိန္ရင္း တစ္႐ိႈက္တည္း အကုန္ျဖန္းခ်လိုက္သည္။

ဒီမီးသတ္ေဆးဘူးေလးေတြက ကားတစ္စီးလုံးစာ မီးသတ္ဖို႔မလုံေလာက္ေပ။

ရန္ရိ အမိန္႔ေပး‌လိုက္သည္။

" 119 ကို ေခၚ "

ရန္ရိ ၿပဲေနတဲ့ T - shirt ကို လက္မွာပတ္ရင္း၊ ကားျပတင္းေပါက္ဆီ လွ်ိဳသြင္းကာ ဟိုစမ္းဒီစမ္း လုပ္လိုက္ၿပီး ကားတံခါးကိုကိုင္ထားတဲ့လက္က တံခါးဖြင့္လိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိေနာက္မွာရပ္ေနရင္း ရန္ရိကိုယ္အေပၚပိုင္းက မီးေလာင္ေနဆဲကားအတြင္းသို႔ ‌ေစာင္းဝင္ေနသည္အား ၾကည့္ကာ သူ႕ေသြးမ်ား ခဲသြားသလိုပင္။ ေလာင္ၿမိဳက္ေနေသာ နီေဆြးေဆြး မီးေတာက္က လူသားစားမိစၧာအလား အရာအားလုံးကို ရက္စက္ၾကမ္းၾကဳတ္စြာ၊ အားျပင္းစြာ၊ ေမာက္မာစြာ ဝါးၿမိဳေနေလသည္။

သူ႕တစ္ဘဝလုံးကိုႏွိပ္စက္ေနၿပီး မွတ္ဉာဏ္ရဲ႕ အနက္႐ိႈင္းဆုံးေနရာမွာ ျမႇဳပ္ႏွံထားသည့္ ပုံရိပ္မ်ားက ႐ိုက္ခတ္လာေသာ အေၾကာက္တရားလိႈင္းႏွင့္အတူ ‌လိုက္ပါလာ၏။

သူ မြန္းၾကပ္ေနတယ္၊ အသက္႐ွဴမရဘူး၊ အဲ့တာက သူနစ္မြန္းေနတဲ့ အေၾကာက္တရားေၾကာင့္လား ဒါမွမဟုတ္ ေလထုထဲ႐ွိေနတဲ့အပူခ်ိန္က သူ႕လည္ေခ်ာင္းကို ေလာင္ၿမိဳက္ေစတာေၾကာင့္လားေတာင္ သူမသိေတာ့ဘူး။

မီးထြက္ေပါက္႐ွာေနတဲ့ ေၾကာင္ကေလးက ကားထဲကခုန္ထြက္လာၿပီး ငိုညည္းကာ ေျမႀကီးေပၚ လွ်ပ္တိုက္ေျပးေနသည္။ အျမန္ပ်ံ႕လာေသာ မီးေတာက္က ဘဝလက္က်န္ေလးကို ေမွ်ာ္လင့္ခ်က္မဲ့ေစသည္။ မၾကာမီ ထိုေၾကာင္ကေလး ေျမျပင္ေပၚ လဲက်သြား၏။ ညင္သာစြာပင္။

ရန္ရိ အလြန္ျပင္းေသာအပူ႐ွိန္ကို အံတုရင္း ေနာက္ဆုံးေတာ့ ကားဆိုဖာေအာက္က ေၾကာင္ေလးကို ထုတ္ေပးလိုက္ႏိုင္သည္။ သူ ေၾကာင္ေလးကိုယူရင္း ေျပးထြက္လိုက္သည္။ ေၾကာင္ေလးကကိုယ္တစ္ျခမ္း မီးစြဲေနၿပီး ႐ုန္းကန္ကာ ေအာ္ညည္းေနသည္။

ရန္ရိ ေၾကာင္ေလးကို T- shirt နဲ႔ပတ္ေပးၿပီး အုပ္‌ထားဖို႔ ေျမႀကီးကသဲကိုယူလိုက္သည္။ မီးအမ်ားႀကီးမ႐ွိေတာ့ ေလကာလိုက္တာနဲ႔ မီးၿငိမ္းသြားသည္။

ရန္ရိ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ ကုံးရင့္႐ွန္က ေဘးမွာ ေတာင့္ေတာင့္ႀကီးရပ္ေနၿပီး မီးေလာင္တာကို မ်က္လုံးျပဴးကာ ေၾကာက္လန္႔တၾကားစိုက္ၾကည့္ေနလ်က္၊ ေခြၽးစီးေၾကာင္းမ်ားက ‌သူ႕ေမးကေန တစ္ေတာက္ေတာက္စီးက်ေနေၾကာင္း ေတြ႕ရသည္။

ရန္ရိ ကုံးရင့္႐ွန္ကို ေဘးသို႔ဆြဲလိုက္ၿပီး သူ႕‌ဖုန္းကို ေျမႀကီးေပၚလွဲကာ ညည္းညဴေနတဲ့ က်ိဳးခြၽမ္းဆီ ပစ္ေပးလိုက္သည္။

" 119 ကိုေခၚ "

ေနာက္ၿပီးေတာ့ သူမီးေလာင္ေနဆဲကားဆီ ထပ္ခ်ဥ္းကပ္သြားျပန္သည္။ အထဲမွာ ေၾကာင္တခ်ိဳ႕ က်န္ေနေသးၿပီး ေၾကာင္အားလုံးက ႏွစ္လ/သုံးလ ေလာက္ပဲ႐ွိေသးတာမို႔ အသိုက္ထဲမွာပဲ႐ွိေသးမွန္းသိသာသည္။

ရန္ရိ မီးကိုေ႐ွာင္ၿပီး ကားေအာက္ကိုဝင္ဖို႔ ႀကိဳးစား႐ုန္းကန္လိုက္သည္။

ကုံးရင့္႐ွန္ အိမ္မက္ဆိုးက ႏိုးထလာၿပီး၊ တစ္ခ်က္ၾကည့္တာနဲ႔ ေလာင္စာပုံးက ဓာတ္ဆီေတြစိမ့္က်ေနမွန္း ေတြ႕လိုက္သည္။ သူ ဆြံအလ်က္ ေအာ္လိုက္၏။

" ရန္ရိ ဓာတ္ဆီေတြစိမ့္ေနတယ္ အျမန္ ျပန္လာေတာ့! "

" ငါေတြ႕တယ္ "

ရန္ရိ ျပန္ေျပာလိုက္သည္။

" ခ်က္ခ်င္းပဲ "

ကားမီးေလာင္မႈရဲ႕အဓိကအေၾကာင္းရင္း ဒါမွမဟုတ္ ကားမီးေလာင္ၿပီးေနာက္ပိုင္း ေပါက္ကြဲျခင္းအေၾကာင္းအရင္းမွာ

မီးအပူ႐ွိန္က ဆီပိုက္ကို အက္ကြဲေစ‌ေသာေၾကာင့္ျဖစ္သည္။ ဒါေၾကာင့္မို႔ သူေ႐ွာင္လႊဲမရေပ။

" ရန္ရိ! "

ကုံးရင့္႐ွန္ မ်က္လုံးမ်ားက စိုးရိမ္ေသာကမ်ားျဖင့္ ဝင္းလက္ေနသည္။

ေနာက္ဆုံးေတာ့ ရန္ရိ ေ႐ွ႕ကုန္းၿပီး ေၾကာင္ေလးတစ္ေကာင္ကို လွမ္းဆြဲလိုက္ေပမယ့္ သူ႕လက္က ျပင္းျပင္းထန္ထန္ကို အပူေလာင္ေနၿပီး လက္လႊတ္လိုက္မိတာေၾကာင့္ ေနာက္တစ္ခါ ထပ္ဖမ္းဖို႔လိုသည္။

" ရန္ရိ! "

မီးက ဆီေတြယိုက်တဲ့ေနရာထိ ပ်ံ႕လာေၾကာင္း ကုံးရင့္႐ွန္ ေတြ႕လိုက္ရသည္။ သူ‌ေ႐ွ႕ကို ေျခတစ္လွမ္း,လွမ္းလိုက္ေပမယ့္ ေျခေထာက္ေတြက အျမစ္တြယ္ေနသလို၊ ဒုတိယေျခလွမ္း မလွမ္းႏိုင္ျဖစ္ေနသည္။

သူ မီးကိုေၾကာက္တယ္။ ဒါက သူ႕ကိုအေျခာက္လွန္႔ဆုံး အရာပဲ။ ဒီအကြာအေဝးကေတာင္ သူ႕အသားအရည္အစိတ္အပိုင္းေတြ အပ္နဲ႔ထိုးစိုက္ထားသလို နာက်င္ရတယ္။ သူအနားကပ္သြားတာနဲ႔ သူ႕ကိုအပိုင္းပိုင္းဆုတ္ၿဖဲပစ္မယ့္ ပါးစပ္ေပါက္အက်ယ္ႀကီး႐ွိေနသလိုပဲ။

သူ႕လွ်ာသူ ဖိကိုက္လိုက္ေတာ့မွ ခႏၶာကိုယ္က အင္အားေတြ‌ျပန္ရလာသည္။ ‌သူေခါင္းငုံ႔ရင္း ေျပးသြားၿပီး ရန္ရိခါးကို ဖက္ကာ ေနာက္ကိုျပန္ဆြဲလိုက္သည္။

ရန္ရိက တုံ႔ျပန္မႈမ႐ွိေတာ့တဲ့ ပူေႏြးေႏြးေၾကာင္ေလးကို ကိုင္ထားသည္။

ကုံးရင့္႐ွန္ ရန္ရိကို အေဝးႀကီးဆြဲသြားၿပီး ေနာက္ဆုံးလႊတ္လိုက္ေတာ့ ႏွစ္ေယာက္လုံး ေျမႀကီးေပၚအတူလဲက်သြားေတာ့သည္။

ရန္ရိ သူ႕လက္ထဲက အသက္မ႐ွဴေတာ့တဲ့ ေၾကာင္‌ေပါက္ေလးကို ၾကည့္ကာ ႏွာေခါင္းက်ဥ္လာၿပီး အသက္႐ွဴသံကလည္း တုန္ယင္ေနသည္။

ေနာက္ေတာ့ သူသိလိုက္ရတာက သူတုန္ေနတာမဟုတ္ဘဲ သူ႕ကိုဖက္ထားတဲ့သူ တုန္ေနတယ္ဆိုတာပင္။

######

Note---

Ring Road ကိုအရင္က ဒီတိုင္းလမ္းလို႔ပဲေရးခဲ့တယ္ ဒါေပမယ့္ ေနျပည္ေတာ္ကလို သေျပကုန္အဝိုင္း ဘာအဝိုင္း ညာအဝိုင္း အဲ့လိုအဝိုင္းေတြကိုေျပာတာပါ။ Novel ထဲမွာေတာ့ နံပါတ္စဥ္နဲ႔ပဲေရးေပးထားတယ္ အခုေတာ့ 'အဝိုင္း' လို႔ေျပာင္းေရးလိုက္ပါၿပီ

ဒီအပိုင္းေတာ့ အသက္ေအာင့္ၿပီး ဘာသာျပန္ေနရတယ္၊ လက္နာတာလည္းေပ်ာက္သြားပါၿပီ Vitamin ေတြေသာက္ ၾကက္ဥေတြစားနဲ႔ဆိုေတာ့ ဟဲဟဲ။ စိတ္ပူေပးတဲ့သူေတြေၾကာင့္လည္းပါတယ္ love u 🤍

See you soon!