webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 13.2 & 14

[ UNICODE ]

 Chapter13.2

ည​နေခင်း၌ အပတ်စဥ်အစည်းအ​ဝေးပွဲကျင်းချိန်ရာ ရန်ရိ တပ်သားများအားလုံး စိတ်ဖိစီး​နေကြ​သည်ကို ​တွေ့ရ၏။

ထို့​ကြောင့် သူတို့ကိုစိတ်​ပြေ​လျော့စေရန် တစ်​ယောက်ချင်းအလှည့်ကျ အစီရင်ခံ​စေလိုက်သည်။

အစီရင်ခံပြီး​​နောက် ရန်ရိ အဖွဲ့၀င်သစ် ၃​ယောက်ကို အဖွဲ့၀င်သည့်ပထမဆုံးအပတ်ရှိ အလုပ်​များအားအကျဥ်းချုပ်​ပြောခိုင်းသည်။

အရင်ကဆိုရင် တပ်သားအသစ်များက တစ်နှစ်တာအတွင်း မီးအ​ရေးအခင်းနှင့် အခြား​သော အန္တရာယ်များသည့်​နေရာများ၌ ၀င်ပါခွင့်မရှိ​ပေ။

ပထမနှစ်သည်ကား အ​ခြေခံ​​လေ့လာရေးနှင့် ​လေ့ကျင့်ရေးဖြစ်ပြီး ပိုင်နက်အတွင်းရှိနယ်​မြေအစိတ်အပိုင်းတိုင်းကို သူတို့နှင့်အကျွမ်းတ၀င်ဖြစ်​နေ​စေဖို့ စက်ဘီးနင်းရန်လည်းလိုသည်။

ဘယ်​နေရာက အဓိကယူနစ်​တွေလဲ၊ ဘယ်​နေရာမှာ မီးသတ်​ထောက်ပံ့​ရေးပစ္စည်း​တွေရှိလဲ၊ ဘယ်​နေရာမှာ မိုး​မျှော်အ​ဆောက်အဦး​တွေရှိလဲ၊ ဘယ်လမ်း​တွေက ကျဥ်းလဲ၊ ဘယ်​မြေပြင်အ​နေအထားက ရှုပ်​ထွေးလဲ၊ အားလုံး​သေချာသိ​နေပြီး ​မြေပုံဆွဲထားရမည်။

အခုခန့်ထား​သော မီးသတ်သမားများက အ​တွေ့အကြုံရှိထားပြီးသူများဖြစ်သဖြင့် လိုအပ်ပါက ​ရှေ့တန်းသို့တိုက်ရိုက်သွားနိုင်​သော်လည်း ပိုင်နက်နယ်​မြေနှင့် ရင်းနှီးကျွမ်း၀င်​နေဖို့​တော့လိုသည်။

ရန်ရိ စိတ်ချမ်းသာရသည်။

သူအခုတစ်​လော စခန်းက​နေမကြာခဏအပြင်သွားရ​သော်လည်း စခန်းက​တော့ ထုံးစံအတိုင်း တည်ငြိမ်လျက်ပင်။

အစည်းအ​ဝေးပြီး​တော့ အခန်းထဲ၌ ရန်ရိ နှင့် ချွီယမ်​ပေါင် နှစ်​ယောက်သာကျန်​တော့ပြီး ချွီယမ်​ပေါင်ကသူ့ကို ဘားမီး​လောင်မှု စုံစမ်း​ရေးကိစ္စ​မေးသည်။

ရန်ရိ သူ့ကို အ​ခြေအ​နေ​ပြောပြလိုက်ပြီး စကားမစပ်လဲ ကုံးရင့်ရှန်အ​ကြောင်း ​စောဒကတက်လိုက်​သေး၏။

" အမှုက အရမ်းနီးစပ်​နေပြီ ရဲဘက်က​တော့ အ​တော်ဖိအားများ​နေမယ်ထင်တယ် "

" အခု​တော့ မီးရှို့မှုလားဆိုတာ သက်​သေပြဖို့ သဲလွန်စမလုံ​လောက်ဘူး တကယ်လို့ ​ဟော်​သျောင့်က မီးရှို့မှုလားမသဲကွဲရင် ရဲဘက်ကိုလက်မလွှဲလိုက်သင့်ဘူး အခု​တော့အကုန်​ပြောင်းပြန်လန်​ကုန်ပြီ လူထုကအထင်အမြင်ဖိအား​တွေနဲ့ ဘယ်လိုလုပ်ပြသနာလုပ်ရဲပါ့မလဲ "

" ဒီမ​တော်တဆမှုက ဆုံးရှုံးမှုအကြီးကြီးဖြစ်သွားပြီး လူ​တွေကလည်း ​ဖြေရှင်းချက်အသည်းအသန်​တောင်း​နေတာ လုံး၀မဖြစ်နိင်ဘူး ​နောက်ပြီး​တော့ အခုက မီးရှို့မှုမဟုတ်ဘူးဆိုတဲ့ သံသယအ​နေအထား​တွေအများကြီးရှိ​နေတယ် သူတို့မယုံမှာပဲစိုးတယ် "

ရန်ရိ သက်ပြင်းချသည်။

" ငါ​မတွေးကြည့်ရဲဘူး ဒါ​ပေမယ့် (မီးရှို့မှု) မဟုတ်ဘူးဆိုတာပဲ​မျှော်လင့်တယ် လူမဆန်တဲ့လုပ်ရပ်တစ်ခု​လျော့သွားတာ​ပေါ့

ပြီး​တော့ ငါအဲ့ ကုံးမျိုးရိုးနဲ့အလုပ်တွဲလုပ်ရတာ ငါသူ့ကို တစ်​နေ့ ရှစ်ခါ​လောက် ထုရိုက်ချင်စိတ်​ပေါက်ရတယ် တကယ်ပဲ "

" မင်းကအလုပ်လုပ်​နေတာပဲ မိတ်​ဆွေဖွဲ့​နေတာမှမဟုတ်တာ သည်းခံထားစမ်းပါ ​ပြောရရင် မင်းအခြားသူ​တွေရဲ့ အားသာချက်ကိုလည်းကြည့်ရမယ် ​ဒေါက်တာကုံးပဲထား၊ သူ့မှာဘာ အားသာချက်​တွေရှိလဲ? "

ရန်ရိ သူ့​မေးကိုအချိန်အကြာကြီးပွတ်​နေပြီး အတည်အတံ့​ပြောလိုက်သည်။

" သူဖင်က အ​တော်ဖွံ့ထွားတယ်ကွ "

ချွီယမ်​ပေါင်က အပြုံးဖြင့်ဆူသည်။

" ထွက်သွားစမ်း "

" ​ဟေး ​နေပါဦး မင်းစကားကဘာလို့သူ​ပြောတာနဲ့တူ​နေတာလဲ? "

" ဘာတူလို့လဲ? "

" ဘယ်အလုပ်ကများ မိတ်ဆွေဖွဲ့လို့မရမှာလဲ? ငါတို့အလုပ်မှာသူငယ်ချင်းလုပ်ဖို့ပဲ ဆုံကြတာမဟုတ်လား? ငါတို့အလုပ်မှာပဲ ညီအစ်ကိုအများကြီးနဲ့သိခဲ့ကြတာမဟုတ်ဘူးလား? "

" ကျစ် မင်းဘာကိုအထွန့်တက်​နေတာတုန်း "

ချွီယမ်​ပေါင်​ပြောသည်။

" ငါမင်းကို အလင်းပြ​နေတာပါကွာ "

ရန်ရိ နှာမှုတ်လိုက်သည်။

" အကြီးအကဲက မင်းကိုလွှတ်လိုက်တာ သိပါတယ် "

ချွီယမ်​ပေါင်ပြုံးကာ သူ့ပခုံးကိုပုတ်သည်။

=========

[T/n : sorry နည်းနည်း​လေးကို​မေ့ကျန်ခဲ့တာ ]

=========

Chapter 14

​နောက်ရက်အနည်းငယ်အတွင်း ကုံးရင့်ရှန် ရန်ရိကိုထပ်ပြီး မဆက်သွယ်​ပေ။

ရန်ရိ အစက မီးစုံစမ်းတွင်ကူညီရန်သာ တာ၀န်ယူခဲ့​​ပြီး ဒီတစ်​ခေါက်မီးသုံးသပ်​ရေးကိစ္စက အခက်အခဲနည်းသည်။

မီး​လောင်တဲ့အချိန်၊ မီး​လောင်ရတဲ့အ​ကြောင်းရင်း၊ အခင်း​နေရာကိုသွားတဲ့အချိန်၊ အားလုံးရှင်းလင်း​နေပြီး တကယ့်ရှုပ်​ထွေးတဲ့အပိုင်းကား တာ၀န်ယူရမည့်သူကိုစုံစမ်းခြင်းပင်။

အဲ့တာက ရဲတာ၀န်ပဲဆို​တော့ သူ(ကုံးရင့်ရှန်)လည်း ​သေချာ​ပေါက် တာ၀န်ထမ်း​​ဆောင်​နေရမည်​ပေါ့။

ဒါ​ပေမယ့် သူ(ရန်ရိ) ဒီအထိ​တောင်၀င်ပါခဲ့ပြီးမှ ထုံးစံအတိုင်း တိုးတက်မှုနဲ့ ရလဒ်​တွေကိုလည်းသိချင်မိသည်။

ကုံးရင့်ရှန်က အစီအ​ငေါ်မတည့်ဘူးလို့သူထင်ပြီး သူ့ဘက်ကစပြီး​တော့လည်း မဆက်သွယ်ချင်ပေ။

ခဏ​လောက် လွန်ဆွဲ​နေပြီး ရန်ရိမ​နေနိုင်​တော့ဘဲ ကုံးရင့်ရှန်ကို စာပို့လိုက်သည် :

" အခြားတိုးတက်မှု​တွေရှိလား? "

အချိန်အကြာကြီး​စောင့်နေ​ပြီး​၊ ကုံးရင့်ရှန်က​တော့ စာမပြန်ခဲ့​ပေ။

ရန်ရိ အလွယ်ပင် ဖုန်း​ခေါ်လိုက်ပြီး ဖုန်းမြည်တာနဲ့တန်းချလိုက်သည်။

ကုံးရင့်ရှန်စာပြန်လာ၏။ : " ​နောက်မှ "

ရန်ရိ သက်ပြင်းချလိုက်သည်။

ထိုအချိန်၌ တင်းချင်က ရန်ရိရုံးခန်းတံခါးကို​ခေါက်လာ၏။

" ​ခေါင်းဆောင် ​ပေါင်အိုက်လမ်းမှာကယ်ခဲ့တဲ့ အမျိုးသမီးမိသားစုလာ​တွေ့ပါတယ် "

" အို့ ​ကောင်းပြီ "

ရန်ရိထပြီး ​အောက်ထပ်လိုက်ဆင်းသွားလိုက်သည်။

မိသားစုသုံး​ယောက် ဧည့်​တွေ့ခန်း၌ထိုင်​နေကြပြီး ၊ လက်​မောင်းတွင်ပတ်တီးစည်းထားသည့် အမျိုးသမီးက​​မော်​တော်ဆိုင်ကယ်အပိုင်းဖြင့် ထိမိ​သောအ​မေငယ်​လေးဖြစ်ကာ သူ့​ယောက်ျားက​တော့ သူတို့သား​လေးကိုချီထားသည်။

ရန်ရိနှင့်အခြားသူများ အခန်းထဲ၀င်သွားသည်နှင့် ​ကျေးဇူးတင်သည့်အမူအရာဖြင့်ပြာပြာသလဲလဲ မတ်တပ်ရပ်လိုက်ကြသည်။

အ​ဖေဖြစ်သူက အားရ၀မ်းသာ​ပြောလာသည်။

" မင်းက ​ခေါင်း​ဆောင်လား? မင်္ဂလာပါ မင်္ဂလာပါ "

ရန်ရိ လက်ဆန့်ထုတ်​ပေးလိုက်ကာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

" မင်္ဂလာပါဗျ "

သူ့အမျိုးသမီးဘက်ကြည့်လိုက်ပြီး :

" မင်း​ဆေးရုံဆင်းတာ​အ​တော်စောသားပဲ? "

သူစိတ်​အေးသွားသလိုခံစားရသည်။

အမျိုးသမီးက ​ကျေးဇူးတင်လျက်​ပြောလာ၏။

" ကျွန်မ​ဆေးရုံကမြန်မြန်ဆင်းနိုင်တာ ရှင့်​ကြောင့်ပါပဲ ကျွန်မအမျိုးသားကို မျက်နှာချင်းဆိုင်​တွေ့ရမယ်လို့ပဲ​ပြော​ပြော​နေတာ ကျွန်မအသက်ကို​ကယ်ပေးတာ​ကျေးဇူးတင်ပါတယ်ရှင် "

ရန်ရိ ပြုံးလျက်​ပြောလိုက်သည်။

" ယဥ်​ကျေး​နေပါပြီဗျာ ဒါကျွန်​တော်တို့တာ၀န်ပါပဲ ​နောက်ပြီး အဲ့တုန်းက ဖြတ်လတ်တဲ့လမ်းသွားလမ်းလာ​တွေဆီကလည်း အ​တော်အကူအညီ​ရတယ် "

" အင်း သူတို့က အ​တော်တက်ကြွတဲ့သူ​တွေပဲ ဒါ​ပေမယ့် အ​ရေးကြီးကိစ္စတွေမှာ​တော့ ကျွမ်းကျင်တဲ့အရည်အချင်းကပိုအ​ရေးပါတယ်ဗျ ဆရာ၀န်​ပြောတာက

အဲ့အချိန်သာ အပိုင်းစကို အမြန်ဆွဲထုတ်လိုက်ရင် ကျွန်​တော့်မိန်းမ ​သွေးထွက်လွန်ပြီး ​ဆေးရုံ​တောင်ပို့နိုင်မှာမဟုတ်ဘူးတဲ့

​ခေါင်း​ဆောင်ကို​ကျေးဇူးတင်ပါတယ်ဗျာ မီးသတ်တပ်ဖွဲ့၀င်​တွေကို​ရောပဲ ​ကျေးဇူးပါ ကျွန်​တော်တို့မိသားစုရဲ့ ကယ်တင်ရှင်​တွေပါပဲ "

အ​ဖေငယ်​လေးက မျက်လုံးများရဲကာ​ပြောလာသည်။

အ​မေ​လေးက သူ့သားလက်​လေးကိုဆွဲလိုက်၏။

" က​လေးငယ် သားမှာ ဦးဦး မီးသတ်သမားအတွက်လက်​ဆောင်ရှိတယ်မလား? "

က​လေး​လေးက တွန့်ဆုတ်ဆုတ်ဖြင့် အရှက်ပိုကာ အ​နောက်ဘက်မှ နှုတ်ဆက်ကတ်​လေးကိုဆွဲထုတ်၍ ရန်ရိထံ ကမ်း​ပေးလာသည်။

နှုတ်ဆက်ကတ်​လေး​ပေါ်တွင်​တော့ သူနှင့် သူ့အ​မေ​ဘေးတွင် ကယ်ဆယ်​ရေး၀တ်စုံ၀တ်ဆင်ထားသည့်သူများ ၀န်းရံ​နေပုံကို က​လေးဆန်ဆန်​ရောင်စုံဖြင့် ​ရေးဆွဲထား၏။

ရန်ရိ ပြုံးကာ သူရင်ဘတ်သည်ကား နွေး​ထွေးမှုဖြင့် ပြည့်နှက်​နေလျက်၊ သူ​ကောင်​လေးရဲ့ မျက်နှာ​​သေး​သေးလေးကို ညှစ်လိုက်ပြီး :

" အရမ်း​ကောင်းတဲ့ ပန်းချီ​လေးပဲ ​ကျေးဇူးပါ "

စုံတွဲက ထပ်ခါ​ကျေးဇူးတင်ပြန်သည်။

စွန်းတင့်ရိ အပြုံးဖြင့်​ပြောသည်။

" ကျွန်​တော်တို့ရဲ့ ​လေးနက်တဲ့တာ၀န်က လူ့အသက်ကယ်ဖို့ပါပဲ အရမ်းယဥ်​ကျေးဖို့မလိုပါဘူးဗျာ မင်းပြန်​ကောင်းလာတာမြင်ရတာနဲ့တင် ကျွန်​တော်တို့ပီတိဖြစ်​နေပါပြီ "

​စွေ့ရိ​ရှောင်း ခံစားချက်​ထင်ဟပ်လျက် ​ပြောလိုက်သည်။

" ဟုတ်တယ် ကျွန်​တော်တို့လူတိုင်းကို မကယ်နိုင်ခဲ့တာ​တော့ ၀မ်းနည်းစရာပဲ "

သူနှင့် ရန်ရိတို့က ​ထိုအချိန် ကောင်ငယ်​လေးဖြည်းဖြည်းချင်း အသက်ဆုံးသွားတာကို မြင်လိုက်ရသည့်သူများပင်။

သူ စီးကျ​နေ​သော ​သွေးများမှ ခြစ်ခြစ်​တောက်အပူနှုန်းကိုပင် မှတ်မိ​နေ​သေးသည်။

ထိုအနံ့, ဒီရက်တွေမှာသူပြန်​တွေးမိလိုက်တိုင်း စိတ်ဖိစီးရသည်သာ။

" ဘယ်သူလဲ? "

အ​ဖေငယ်​လေးက တစ်ခဏ​တောင့်သွားသည်။

" အဲ့ကောင်​လေး​တော့ မဟုတ်ဘူးမလား? သူ​သေသင့်တာပဲမလား? ဘာသနားစရာလိုလဲ "

ဒီတစ်ခါ​တော့ ရန်ရိနှင့်အခြားသူများ ​တောင့်သွားရသည့်အလှည့်ပင်။

က​လေးအ​ဖေက အံကြိတ်ကာ​ပြောသည်။

" မြို့ပတ်လမ်း 5 မှာဆိုင်ကယ်​မောင်းလို့မရဘူး သူကအမျိုးရဲ့ဆိုင်ကယ်ကိုခိုးလာပြီး မီးနီကိုဖြတ်​မောင်းတယ် သူလည်း​သေပြီး အခြားသူ​တွေကိုပါသေ​အောင်လို့လုပ်တာ အင်တာနက်မှာလည်း သူ့ကိုဆဲဆို​နေကြတဲ့သူ​တွေချည်းပဲ အဲ့လိုလူမျိုးက လူ​တွေဒုက္ခ​လျော့သွား​အောင် မြန်မြန်​သေသင့်တယ် "

ရန်ရိ နှုတ်ဆိတ်သွားသည်။

​စွေ့ရိ​ရှောင်း မျက်​မှောင်ကြုတ်ကာ အခက်အခဲတချို့ဖြင့်​ပြောလာ၏။

" သူကအခုမှ ၁၅ နှစ်ပဲရှိ​သေးတယ် သူအမှားလုပ်မိတာ​လောက်ပါပဲ သူဘယ်လို​သေမယ်မှန်း​တောင်သိခဲ့တာမဟုတ်ဘူး...."

" သူ​သေဖို့လား? "

က​လေးအ​ဖေက အသံကိုမြှင့်ကာ ​ဒေါသထွက်၍​ပြောသည်။

" အမှားမလုပ်တဲ့သူ​တွေက​ရော ​သေဖို့တန်လို့လား? ကျွန်​တော်မိန်းမကျ​တော့​ရော? ကားသမားအတွက်ကျ​တော့​ရော? ကျွန်​တော့်သားက အခုမှ ၄ နှစ်ပဲရှိ​သေးတယ် သူ့မှာအ​မေမရှိ​တော့ရင် ဘယ်လိုလုပ်မလဲ? အဲ့လိုမျိုးမိဘသွန်သင်မှုမရှိတဲ့သူ​တွေက ကြီးပြင်းလာလဲ အပိုပဲ! "

​စွေ့ရိ​ရှောင်း ​ပြောချင်သည့်စကားက ရန်ရိမျက်လုံးများဖြင့် ဟန့်တားခံလိုက်ရသည်။

က​လေးအ​မေ​က သူ့​ယောက်ျားကိုတွန်းကာ တိုးတိုး​ပြောသည်။

" မ​ပြောနဲ့​တော့ "

က​လေးအ​ဖေလည်း သူအ​ပြောမှားသွားသည်ကို သတိထားမိသွားပြီး ​လေထုက ရုတ်တရက် မျက်နှာပူစရာဖြစ်လာသည်။

ရန်ရိ ​အေး​အေး​ဆေး​ဆေး​ပြောလိုက်၏။

" မင်းမြန်မြန် သက်သာလာဖို့ဆု​တောင်း​ပေးပါတယ် "

မိသားစုသုံး​ယောက်လည်း အသိတရားရှိရှိနဲ့ ပြန်သွားကြ​တော့သည်။

​စွေ့ရိ​ရှောင်း ရန်ရိကိုကြည့်ကာ ​လေး​​လေးပင်ပင်​ပြောလိုက်၏။

" ​ခေါင်း​ဆောင်ရန် သူ​သေသင့်လား? သူက က​လေးပဲရှိ​သေးတယ် သူအမှားလုပ်မိခဲ့​ပေမယ့် ​နောင်ဆယ်စုနှစ်တစ်ခုမှာ ပိုမှန်တဲ့အရာ​တွေလုပ်လာနိုင်​လောက်တယ် ဒါ​ပေမယ့် သူ့မှာ​နောက်ထပ်အခွင့်အ​ရေးမရှိ​တော့ဘူး.."

ရန်ရိ ထိုမေးခွန်းကိုမ​ဖြေ။

ကမ္ဘာ​ပေါ်က ​မေးခွန်းတိုင်းကို 'ဟုတ်တယ်' ' မဟုတ်ဘူး' လို့ပဲ​ဖြေမရ​ပေ။

သူ ​စွေ့ရိ​ရှောင်း ပခုံးကို ပုတ်​ပေးလိုက်သည်။

" သူ​သေသင့်လားဆိုတာ ငါတို့မဆုံးဖြတ်သင့်ဘူး ဒါ​ပေမယ့် နစ်နာသူမိသားစုကလည်း သူ့အ​ခြေအ​နေနဲ့သူရှိတာပဲ ငါတို့နားလည်​ပေးဖို့လိုတယ် "

​စွေ့ရိ​ရှောင်း ၀မ်းနည်းနည်းနှင့် ​ခေါင်းငုံ့သွားပြီး စွန်းတင့်ရိက​တော့ သက်ပြင်းချသည်။

==========

ည​နေဘက် ညစာစားပြီးချိန်​မှာ​တော့ ကုံးရင့်ရှန် ဖုန်းပြန်​ဖြေသည်။

ရန်ရိ သူ(ကုံးရင့်ရှန်) ဖုန်း​ဖြေလိမ့်မယ်လို့ လုံး၀မ​မျှော်မှန်းထား​ပေ။

သူ(ကုံးရင့်ရှန်) ဖုန်းကိုင်လိုက်​တော့ သူအ​တော်အံ့သြသွားရပြီး သံသယ၀င်ကာ​ပြောလိုက်သည်။

" မင်းဘာလို့ ဖုန်းကိုင်တာလဲ? မင်းငါ့ကိုထပ်ဆက်သွယ်ချင်​သေးတယ်​ပေါ့? "

ကုံးရင့်ရှန် ရပ်သွားပြီး

" ...အဲ့တာဆို ကျွန်​တော်ဖုန်းချလိုက်မယ် "

" ​ဟေး ခဏ​နေဦး​လေ "

ရန်ရိ နှုတ်ခမ်းများ​တွန့်ကွေးလိုက်သည်။

" မင်းရှာ​တွေ့တာ​တွေ ငါ့ကို မြန်မြန်​ပြောပြ "

" ဆိုက်ဘာမှုခင်းက အဖွဲ့သားက ကျိုးချွမ်းသက်​သေခံကို အတည်ပြုလိုက်တယ် သူကတကယ်ကို dark web ရဲ့လက်​အောက်ခံ နယ်ပယ်အမည်တုနဲ့ live broadcast ​တွေလုပ်​နေတာပဲ "

ရန်ရိ မျက်​မှောင်ကြုတ်ကာ ​ပြောလိုက်သည်။

" နယ်ပယ်အမည်တု? တကယ်လို့ website က log out လုပ်လိုက်ရင်​တောင် ​ခြေရာလက်ရာ​တော့ကျန်ခဲ့မှာပဲ မင်း dark web ကို​ခြေရာခံကြည့်လို့ရလား? "

" dark web ကိုရှာ​တွေ့တယ် ဒါ​ပေမယ့် server ​တွေအားလုံးက နိုင်ငံခြားက, ပြီး​တော့ ကမ္ဘာတစ်ဝှမ်းလုံးပဲ။

အန္တရာယ်ကင်းဖို့နဲ့ user ​တွေကိုကွယ်ဝှက်ထားဖို့ website က live broadcast ​တွေအားလုံးကို ကျပန်းအမည်တုနယ်ပယ်​တွေတင်တယ်

အမည်တုနယ်ပယ်​တွေက ကမ္ဘာတစ်ဝှမ်း ​အေးဂျင့်​တွေက​နေတစ်ဆင့် မိနစ်တိုင်း​ပြောင်းလဲညွှန်ပြ​နေတယ် တစ်ခါ​ပြောင်းသွားတာနဲ့ လုပ်ငန်း​တွေအကုန်လုံးက ​ခြေရာမခံနိုင်တဲ့​ငွေမည်း​တွေလိုပဲ..

log in ၀င်တဲ့လူ​တွေက ​ရှေ့ဆက်ဖို့အတွက် host setting , ကိုယ်စားလှယ် IP ( internet protocol ), ​ရွေ့လျား website ​တွေနဲ့ အခြား ရှုပ်ရှုပ်​ထွေး​ထွေးလုပ်ငန်းလုပ်ရတယ်

နိုင်ငံခြားအ​ခြေစိုက် server နဲ့ပတ်သက်တဲ့ website မှာ ကျွန်​တော်တို့ပိုင်နက်မရှိဘူး

ဒါ​ပေမယ့် နိုင်ငံထဲက log in ၀င်ထားတဲ့သူမှာ​တော့ ရှိတယ်

boradcast room ထဲကလူ​တွေ မလုံခြုံဘူးလို့ထင်တာနဲ့ သူတို့ click ​လေးတစ်ချက်နှိပ်ပြီး log out လိုက်လို့ရတယ်

live broadcast တစ်ခုပြီးတာနဲ့ သူတို့အလိုအ​လျောက် log out ပြီးသား၊

log out ပြီးတာနဲ့ ပါ၀င်တဲ့အချက်အလက်​တွေအားလုံး internet က​နေ ​ပျောက်ကွယ်သွားတယ်

ကျန်ခဲ့တဲ့တစ်ခုတည်း​သောအရာက လက်ခံသူရဲ့ ကိုယ်​ရေးကိုယ်တာ ​ဒေတာ​တွေပဲ "

" အဲ့တာဆို မင်း ကျိုးချွမ်း computer ကဘာရှာ​တွေ့လဲ? "

" website ရဲ့ လုံခြုံ​ရေးနည်းပညာက ကမ္ဘာ့ထိပ်တန်း hacker ​တွေအဆင့်​ရှိ​တော့ ဝှက်စာ​ဖော်ဖို့ အရမ်းခက်တယ်

ဒီ website က မီးရှို့မှု​တွေနဲ့ ဆက်စပ်​နေတယ်ဆိုတဲ့သက်​သေ​တွေမရှိ​သေးခင်​တော့ လူအင်အားသုံးဖို့ မဖြစ်နိုင်ဘူး

အဲ့တာ​ကြောင့် ကျွန်​တော်တို့ ကျိုးချွမ်း computer က​နေပဲ စရှာလို့ရပြီး စာအချို့​တွေ့တယ် "

" စာ​တွေ? "

" သူတို့အများစုက အင်္ဂလိပ်​တွေ ဒါ​ပေမယ့် တရုတ်​တွေ​ရောပဲ "

" သူတို့ IP ရှာလို့မရဘူးလား? "

" မရဘူး ခုနက​ပြောပါတယ် တကယ်လို့ live broadcast ထဲမှာဆိုရင်​တောင် IP က မိနစ်တိုင်းကို​ပြောင်းလဲ​နေတာ

live broadcast လုပ်​နေတုန်း ကိုယ်​ရေးကိုယ်တာ IP ကိုကြည့်ဖို့ဆိုတာ ခက်ခဲတယ်

အခု နယ်ပယ်အမည်တု ကလည်း cancel ခံလိုက်ရပြီ ကျိုးချွမ်း computer က​နေစစ်မယ်ဆိုရင်​ website က data ​​တွေကလွဲပြီး ဘာမှစစ်ဖို့မဖြစ်နိုင်ဘူး "

" ဒါ​ပေမယ့် website က ပို​ဖောက်ဖို့ခက်တာပဲ "

" ​ကောင်းပြီ, အဲ့တော့ ကျွန်​တော်တို့ လက်ရှိသဲလွန်စ​တွေက ဒီလောက်ထိပဲ "

" စာသား အချက်အလက်​တွေ​ရော? "

" အဓိကအားဖြင့်​တော့ ကျိုးချွမ်းကို အကျပ်အတည်းဖြစ်ချင်လား တစ်ခုခုလုပ်မလားလို့​မေးရမှာပဲ စာသား​တွေနဲ့ပတ်သက်ပြီး ကိုယ်​ရေးကိုယ်တာအချက်အလက်​တွေ ​ဖော်ထုတ်ဖို့ သက်​သေမရှိဘူး ဒါ​ပေမယ့် အချိန်လိုက်မှတ်တမ်းနဲ့ တရုတ်စာသားစနစ်​တွေအရ​ အနည်းဆုံး တရုတ် ၃ ​ယောက်​တော့ live broadcast ကြည့်​နေကြတယ် "

ရန်ရိ အသက်ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

" သူတို့က မီးရှို့သမား​တွေ ဖြစ်နိုင်​လောက်လား? "

" မသိဘူး အခု​ထိတော့ဆက်စပ်ဖို့ သက်​သေမရှိ​ဘူး "

ကုံးရင့်ရှန် အသံက အနည်းငယ်​လေးတွဲ ​နေသည်။

" ဒီအမှုကိုလိုက်ဖို့ လမ်းစ ၄ ခုပဲရှိတယ် နှစ်ခုက ယာယီလမ်းဆုံးကို ​ရောက်​နေပြီ တစ်​ယောက်က ခိုင့်၀မ် အခြားတစ်​ယောက်က ဘားပိုင်ရှင်၊

ပြိုင်ဘက်​တွေ ၊ ကျိုးချွမ်းနဲ့ ခိုင့်၀မ်ရဲ့အ​ပေါင်းအသင်း​တွေကို ကျွန်​တော်တို့ လိုက်​နေတုန်း၊ အမှန်တကယ်တိုးတက်တာ​တော့ မရှိ​သေးဘူး။ ပြီး​တော့...

ကျိုးချွမ်းကလည်း အုပ်ချုပ်​ရေးအရ​ ရက်အနည်းငယ် စောင့်ဆိုင်းပြီးလွတ်သွားပြီ

ထပ်ပြီး စုံစမ်းဖို့အရမ်းခက်ခဲလိမ့်မယ် "

ရန်ရိ ​ခေါင်းကုတ်သည်။

" အမှု​ဖြေရှင်းတဲ့​နေရာမှာ အဟန့်အတားခံရမှာ​တော့ ပုံမှန်ပဲ မင်းအရမ်းကြီး စိုးရိမ်ဖို့မလိုပါဘူး "

ကုံးရင့်ရှန်က စိတ်ပျက်လက်ပျက်သက်ပြင်းချသည်။

" အဲ့ဒီ့ dark web, ဘာလုပ်တာလဲ? "

ဒီတစ်ခါ​တော့ ရန်ရိ ဖုန်းလိုင်းကျသွားတယ်လို့ပင် ထင်မိသည်အထိ ကုံးရင့်ရှန်အကြာကြီး တိတ်သွားသည်။

သူမ​နေနိုင်ဘဲ ​မေးကြည့်လိုက်ရ၏။

" မင်း ရှိ​နေ​သေးလား? "

" ခင်များ မသိချင်ပါနဲ့ "

ကုံးရင့်ရှန် ​ပျော့​ပျော့​ပြောင်း​ပြောင်း ​ပြောလာသည်။

ရန်ရိ နှလုံး လှုပ်ခတ်သွားရလျက်၊

ဖုန်းထဲက​နေ​တောင် ကုံးရင့်ရှန်အသံ တုန်ရီ​နေသည်ကိုသူ ​သေချာ ကြားနိုင်​နေ၏။

အဲ့တာ အ​ကြောက်တရားများလား? မဟုတ်ဘူး ​ဒေါသနဲ့ပိုတူတယ်၊ ပြီး​တော့.....အမုန်းတရား​။

ရန်ရိ မျက်​မှောင်ကြုတ်ကာ မ​နေနိုင်မထိုင်နိုင် ​လေး​လေးပင်ပင်ခံစားလာရသည်။

သူ dark web ကိုတစ်ခါမှမ​ရောက်ဖူး​ချေ။

ဒါ​ပေမယ့် သူကြားဖူးသည်၊ မစွမ်းနိုင်​လောက်တဲ့ အမှောင်၊ နတ်ဆိုးဆန်တဲ့ကမ္ဘာ၊ လူ​တွေ​တွေးထင်မိလောက်တဲ့ နတ်ဆိုးတွေ မ​တွေးထင်မိနိုင်လောက်တဲ့ နတ်ဆိုး​တွေ နဲ့ပြည့်​နေ​လေသတဲ့။

သူ​ပြောလိုက်သည်။

" အဲ့ website....ဘယ်လို​ခေါ်လဲ? "

" Seraph , ဓမ္မကျမ်းစာ​ဟောင်းက မီးနတ်ဘုရား ၊ အမြင့်မြတ်ဆုံးအဆင့်ပဲ အလင်းနဲ့မီးလျှံတို့​ပေါင်းစည်းထားတဲ့ စိတ်၀ိညာဥ်ရှိတယ် "

ဖုန်းချပြီးနောက် ရန်ရိ တစ်ညလုံး ​ကောင်း​ကောင်းအိပ်မ​ပျော်​ပေ။

သူ မီးသတ်ခြင်းနဲ့ပဲ အချိန် ၈ နှစ်ကုန်ဆုံးခဲ့​ပေမယ့် သူအပြင်အ၀တ်​တွေနဲ့ကတည်းက အဆက်အသွယ်ရှိခဲ့သည်။

သူ့အ​ဖေအ​တွေ့အကြုံ​တွေ​ရော သူ့ကိုယ်ပိုင်အ​တွေ့အကြုံ​တွေ​ရော​ပေါင်းပြီး သူ သာမန်လူ​တွေနဲ့မတူတဲ့ ​လောကကိုမြင်​တွေ့ခဲ့ရ၏။

သို့​ပေမယ့် သူတစ်​လျှောက်လုံး မီးနဲ့အဆက်အဆက်ရှိခဲ့လည်း မီးရှို့သမား​တွေနဲ့ ဆုံကြုံဖို့​တော့ အလွန်ခဲယဥ်းသည်။

မီးရှို့သမား ဆိုသည်က ပြစ်မှုကိုမီးရှို့ကျူးလွန်သူများအားလုံးအတွက် အစုအဖွဲ့စကားလုံးမဟုတ်​ပေ။

အကယ်၍ လူတစ်​ယောက်က မ​တော်တဆမီး​လောင်​စေခဲ့လျှင် မီးရှို့သည်ဟုမ​ခေါ်။

လူတစ်​ယောက်က အခြားသူ​တွေကိုသတ်ရန် မီးရှို့ဖို့ကျပန်း​ရွေးချယ်ခဲ့လျှင် သို့မဟုတ် သက်​သေကို မီးဖြင့်ရှင်းပစ်လျှင် ၎င်းက ပစ်မှုကျူးလွန်သည့်လက်နက်မှာ မီး ဟူ၍သာ​ပြောနိူင်သည်။

အသက်​တွေ၊ ပစ္စည်းဥစ္စာ​တွေကို တမင်တကာရည်ရွယ်၍​သော်လည်း​ကောင်း ကြိုတင်ကြံစည်ထား၍​သော်လည်း​ကောင်း မီးရှို့ခဲ့ပါမှ မီးရှို့မှုဖြစ်သည်။

မီးရှို့သူများအနက်မှ မီး​လောင်​စေလိုသူ ဖြစ်နိုင်​ချေမှာအ​တော်နည်းပါး၏။

မီးရှို့သူအများစုက ရာဇ၀တ်မှုရည်ရွယ်ချက်ကို ပိုထိ​ရောက်​စေဖို့သာ မီးရှို့ကြပြီး မီး​လောင်​စေလိုသူရဲ့ တစ်ခုတည်း​သော ရည်ရွယ်ချက်က​တော့ မီးရှို့ရန်သာဖြစ်သည်။

အသက်နှင့် ဥစ္စာဆုံးရှုံးမှုများက ပူးတွဲ၍များပြားလှစွာ။

သို့​ပေမယ့် ကုံးရင့်ရှန် အစ​ဖော်​နေတဲ့ dark web က သူတို့ကို မီးရှို့သမားများအ​မှောင်ထဲတွင် ပုန်းကွယ်​နေ​ကြောင်း သိ​စေသည်။

=======

မရှင်းတာရှိရင် ​မေးခဲ့ပါ ​ဖြေ​ပေးမယ်​နော်

အဲ့ မီးနတ်ဘုရားပုံကို အ​ပေါ်ဆုံးက media မှာထည့်​ပေးထားတယ်

ကြည့်လိုက်ပါ

Dark web လုပ်ငန်းစဥ်​တွေက​တော့ သိတဲ့အတိုင်းရှုပ်​နေတာပဲ ကျွန်​တော်လည်းအဲ့​လောက်ထိမနှံ့စပ်​တော့ ဦး​နှောက်ကိုခြောက်​နေ​ရောပဲ အစက​တော့ စာကိုဘာသာပြန်ရုံပဲကို ဘာခက်မှာလဲ လို့ထင်ခဲ့သမျှ ​သေချင်စိတ်​တွေ​ပေါက်လာပြီ

အခုအပိုင်းကတို​ပေမယ့် ကျွန်​နော်မအားတာရယ် အပျင်းတစ်​နေတာရယ်နဲ့ ကြံ့ကြာ​နေတာ

​နေ့တိုင်း တစ်​နေကုန် ဆိုငိထိုင်​နေရ​တော့လည်း အိမ်ပြန်​ရောက် တန်းနားချင်တာပေါ့​လေ အဟင့်

ဒီည​တော့ ပျင်း​နေလို့မဖြစ်ဘူးဆိုပြီး

ch 13.2 အကျန်​လေး​ရော 14 တစ်ပိုင်းလုံး​ရောတင်​ပေးလိုက်တယ်

(အပို​တွေ crh ကို လည်စီး​ပေးမလို့ ထိုင်ထိုး​နေတာ ​ဆောင်း၀င်ပြီ​လေ >//////<)

စာ​တွေကဖတ်ရ​ပြေ​အောင် မူရင်းနဲ့အတိအကျမဟုတ်ဘဲ​ရေး​ပေးထားတယ် စာသားဆန်​နေလည်း ဖတ်ရတာနားမလည်မှာစိုးလို့ ကိုယ်နားမလည်တဲ့​နေရာ​တွေဆို ပို​ကြောက်တယ် ကျွန်​တော်နားမလည်ဘဲ စွတ်​ရေးလိုက်ရင် ခင်များတို့ပါ နားမလည်ဖြစ်​နေမှာ​ကြောက်တာ

နားလည်တယ်မလားဗျာ

​နောက်ပြီး ကျ​နော့် reader ​လေး​တွေကိုချစ်တာတစ်ခုရှိတယ် ferdback ​ပေးတိုင် up up ဆိုပြီးဖြစ်သလို​ရေးမသွားဘဲ ​သေချာ စိတ်​လေးနဲ့​ပြော​ပေးကြတယ် ​ဆွေး​နွေးကြတယ် အရမ်းချစ်ဖို့​ကောင်းကြပါတယ် zawgyi reader ​လေး​တွေက တိတ်​နေတာပဲ​နော် ရှိမှရှိရဲ့လား???

good night

- lynx

-19 11 2020

=============

[ZAWGYI]

Chapter13.2

ည​ေနခင္း၌ အပတ္စဥ္အစည္းအ​ေဝးပြဲက်င္းခ်ိန္ရာ ရန္ရိ တပ္သားမ်ားအားလုံး စိတ္ဖိစီး​ေနၾက​သည္ကို ​ေတြ႕ရ၏။

ထို႔​ေၾကာင့္ သူတို႔ကိုစိတ္​ေျပ​ေလ်ာ့ေစရန္ တစ္​ေယာက္ခ်င္းအလွည့္က် အစီရင္ခံ​ေစလိုက္သည္။

အစီရင္ခံၿပီး​​ေနာက္ ရန္ရိ အဖြဲ႕၀င္သစ္ ၃​ေယာက္ကို အဖြဲ႕၀င္သည့္ပထမဆုံးအပတ္ရွိ အလုပ္​မ်ားအားအက်ဥ္းခ်ဳပ္​ေျပာခိုင္းသည္။

အရင္ကဆိုရင္ တပ္သားအသစ္မ်ားက တစ္ႏွစ္တာအတြင္း မီးအ​ေရးအခင္းႏွင့္ အျခား​ေသာ အႏၲရာယ္မ်ားသည့္​ေနရာမ်ား၌ ၀င္ပါခြင့္မရွိ​ေပ။

ပထမႏွစ္သည္ကား အ​ေျခခံ​​ေလ့လာေရးႏွင့္ ​ေလ့က်င့္ေရးျဖစ္ၿပီး ပိုင္နက္အတြင္းရွိနယ္​ေျမအစိတ္အပိုင္းတိုင္းကို သူတို႔ႏွင့္အကြၽမ္းတ၀င္ျဖစ္​ေန​ေစဖို႔ စက္ဘီးနင္းရန္လည္းလိုသည္။

ဘယ္​ေနရာက အဓိကယူနစ္​ေတြလဲ၊ ဘယ္​ေနရာမွာ မီးသတ္​ေထာက္ပံ့​ေရးပစၥည္း​ေတြရွိလဲ၊ ဘယ္​ေနရာမွာ မိုး​ေမွ်ာ္အ​ေဆာက္အဦး​ေတြရွိလဲ၊ ဘယ္လမ္း​ေတြက က်ဥ္းလဲ၊ ဘယ္​ေျမျပင္အ​ေနအထားက ရႈပ္​ေထြးလဲ၊ အားလုံး​ေသခ်ာသိ​ေနၿပီး ​ေျမပုံဆြဲထားရမည္။

အခုခန္႔ထား​ေသာ မီးသတ္သမားမ်ားက အ​ေတြ႕အႀကဳံရွိထားၿပီးသူမ်ားျဖစ္သျဖင့္ လိုအပ္ပါက ​ေရွ႕တန္းသို႔တိုက္႐ိုက္သြားႏိုင္​ေသာ္လည္း ပိုင္နက္နယ္​ေျမႏွင့္ ရင္းႏွီးကြၽမ္း၀င္​ေနဖို႔​ေတာ့လိုသည္။

ရန္ရိ စိတ္ခ်မ္းသာရသည္။

သူအခုတစ္​ေလာ စခန္းက​ေနမၾကာခဏအျပင္သြားရ​ေသာ္လည္း စခန္းက​ေတာ့ ထုံးစံအတိုင္း တည္ၿငိမ္လ်က္ပင္။

အစည္းအ​ေဝးၿပီး​ေတာ့ အခန္းထဲ၌ ရန္ရိ ႏွင့္ ခြၽီယမ္​ေပါင္ ႏွစ္​ေယာက္သာက်န္​ေတာ့ၿပီး ခြၽီယမ္​ေပါင္ကသူ႔ကို ဘားမီး​ေလာင္မႈ စုံစမ္း​ေရးကိစၥ​ေမးသည္။

ရန္ရိ သူ႔ကို အ​ေျခအ​ေန​ေျပာျပလိုက္ၿပီး စကားမစပ္လဲ ကုံးရင့္ရွန္အ​ေၾကာင္း ​ေစာဒကတက္လိုက္​ေသး၏။

" အမႈက အရမ္းနီးစပ္​ေနၿပီ ရဲဘက္က​ေတာ့ အ​ေတာ္ဖိအားမ်ား​ေနမယ္ထင္တယ္ "

" အခု​ေတာ့ မီးရႈိ႕မႈလားဆိုတာ သက္​ေသျပဖို႔ သဲလြန္စမလုံ​ေလာက္ဘူး တကယ္လို႔ ​ေဟာ္​ေသ်ာင့္က မီးရႈိ႕မႈလားမသဲကြဲရင္ ရဲဘက္ကိုလက္မလႊဲလိုက္သင့္ဘူး အခု​ေတာ့အကုန္​ေျပာင္းျပန္လန္​ကုန္ၿပီ လူထုကအထင္အျမင္ဖိအား​ေတြနဲ႔ ဘယ္လိုလုပ္ျပသနာလုပ္ရဲပါ့မလဲ "

" ဒီမ​ေတာ္တဆမႈက ဆုံးရႈံးမႈအႀကီးႀကီးျဖစ္သြားၿပီး လူ​ေတြကလည္း ​ေျဖရွင္းခ်က္အသည္းအသန္​ေတာင္း​ေနတာ လုံး၀မျဖစ္နိင္ဘူး ​ေနာက္ၿပီး​ေတာ့ အခုက မီးရႈိ႕မႈမဟုတ္ဘူးဆိုတဲ့ သံသယအ​ေနအထား​ေတြအမ်ားႀကီးရွိ​ေနတယ္ သူတို႔မယုံမွာပဲစိုးတယ္ "

ရန္ရိ သက္ျပင္းခ်သည္။

" ငါ​မေတြးၾကည့္ရဲဘူး ဒါ​ေပမယ့္ (မီးရႈိ႕မႈ) မဟုတ္ဘူးဆိုတာပဲ​ေမွ်ာ္လင့္တယ္ လူမဆန္တဲ့လုပ္ရပ္တစ္ခု​ေလ်ာ့သြားတာ​ေပါ့

ၿပီး​ေတာ့ ငါအဲ့ ကုံးမ်ိဳး႐ိုးနဲ႔အလုပ္တြဲလုပ္ရတာ ငါသူ႔ကို တစ္​ေန႔ ရွစ္ခါ​ေလာက္ ထု႐ိုက္ခ်င္စိတ္​ေပါက္ရတယ္ တကယ္ပဲ "

" မင္းကအလုပ္လုပ္​ေနတာပဲ မိတ္​ေဆြဖြဲ႕​ေနတာမွမဟုတ္တာ သည္းခံထားစမ္းပါ ​ေျပာရရင္ မင္းအျခားသူ​ေတြရဲ႕ အားသာခ်က္ကိုလည္းၾကည့္ရမယ္ ​ေဒါက္တာကုံးပဲထား၊ သူ႔မွာဘာ အားသာခ်က္​ေတြရွိလဲ? "

ရန္ရိ သူ႔​ေမးကိုအခ်ိန္အၾကာႀကီးပြတ္​ေနၿပီး အတည္အတံ့​ေျပာလိုက္သည္။

" သူဖင္က အ​ေတာ္ဖြံ႕ထြားတယ္ကြ "

ခြၽီယမ္​ေပါင္က အၿပဳံးျဖင့္ဆူသည္။

" ထြက္သြားစမ္း "

" ​ေဟး ​ေနပါဦး မင္းစကားကဘာလို႔သူ​ေျပာတာနဲ႔တူ​ေနတာလဲ? "

" ဘာတူလို႔လဲ? "

" ဘယ္အလုပ္ကမ်ား မိတ္ေဆြဖြဲ႕လို႔မရမွာလဲ? ငါတို႔အလုပ္မွာသူငယ္ခ်င္းလုပ္ဖို႔ပဲ ဆုံၾကတာမဟုတ္လား? ငါတို႔အလုပ္မွာပဲ ညီအစ္ကိုအမ်ားႀကီးနဲ႔သိခဲ့ၾကတာမဟုတ္ဘူးလား? "

" က်စ္ မင္းဘာကိုအထြန္႔တက္​ေနတာတုန္း "

ခြၽီယမ္​ေပါင္​ေျပာသည္။

" ငါမင္းကို အလင္းျပ​ေနတာပါကြာ "

ရန္ရိ ႏွာမႈတ္လိုက္သည္။

" အႀကီးအကဲက မင္းကိုလႊတ္လိုက္တာ သိပါတယ္ "

ခြၽီယမ္​ေပါင္ၿပဳံးကာ သူ႔ပခုံးကိုပုတ္သည္။

=========

[T/n : sorry နည္းနည္း​ေလးကို​ေမ့က်န္ခဲ့တာ ]

=========

Chapter 14

​ေနာက္ရက္အနည္းငယ္အတြင္း ကုံးရင့္ရွန္ ရန္ရိကိုထပ္ၿပီး မဆက္သြယ္​ေပ။

ရန္ရိ အစက မီးစုံစမ္းတြင္ကူညီရန္သာ တာ၀န္ယူခဲ့​​ၿပီး ဒီတစ္​ေခါက္မီးသုံးသပ္​ေရးကိစၥက အခက္အခဲနည္းသည္။

မီး​ေလာင္တဲ့အခ်ိန္၊ မီး​ေလာင္ရတဲ့အ​ေၾကာင္းရင္း၊ အခင္း​ေနရာကိုသြားတဲ့အခ်ိန္၊ အားလုံးရွင္းလင္း​ေနၿပီး တကယ့္ရႈပ္​ေထြးတဲ့အပိုင္းကား တာ၀န္ယူရမည့္သူကိုစုံစမ္းျခင္းပင္။

အဲ့တာက ရဲတာ၀န္ပဲဆို​ေတာ့ သူ(ကုံးရင့္ရွန္)လည္း ​ေသခ်ာ​ေပါက္ တာ၀န္ထမ္း​​ေဆာင္​ေနရမည္​ေပါ့။

ဒါ​ေပမယ့္ သူ(ရန္ရိ) ဒီအထိ​ေတာင္၀င္ပါခဲ့ၿပီးမွ ထုံးစံအတိုင္း တိုးတက္မႈနဲ႔ ရလဒ္​ေတြကိုလည္းသိခ်င္မိသည္။

ကုံးရင့္ရွန္က အစီအ​ေငၚမတည့္ဘူးလို႔သူထင္ၿပီး သူ႔ဘက္ကစၿပီး​ေတာ့လည္း မဆက္သြယ္ခ်င္ေပ။

ခဏ​ေလာက္ လြန္ဆြဲ​ေနၿပီး ရန္ရိမ​ေနႏိုင္​ေတာ့ဘဲ ကုံးရင့္ရွန္ကို စာပို႔လိုက္သည္ :

" အျခားတိုးတက္မႈ​ေတြရွိလား? "

အခ်ိန္အၾကာႀကီး​ေစာင့္ေန​ၿပီး​၊ ကုံးရင့္ရွန္က​ေတာ့ စာမျပန္ခဲ့​ေပ။

ရန္ရိ အလြယ္ပင္ ဖုန္း​ေခၚလိုက္ၿပီး ဖုန္းျမည္တာနဲ႔တန္းခ်လိုက္သည္။

ကုံးရင့္ရွန္စာျပန္လာ၏။ : " ​ေနာက္မွ "

ရန္ရိ သက္ျပင္းခ်လိုက္သည္။

ထိုအခ်ိန္၌ တင္းခ်င္က ရန္ရိ႐ုံးခန္းတံခါးကို​ေခါက္လာ၏။

" ​ေခါင္းေဆာင္ ​ေပါင္အိုက္လမ္းမွာကယ္ခဲ့တဲ့ အမ်ိဳးသမီးမိသားစုလာ​ေတြ႕ပါတယ္ "

" အို႔ ​ေကာင္းၿပီ "

ရန္ရိထၿပီး ​ေအာက္ထပ္လိုက္ဆင္းသြားလိုက္သည္။

မိသားစုသုံး​ေယာက္ ဧည့္​ေတြ႕ခန္း၌ထိုင္​ေနၾကၿပီး ၊ လက္​ေမာင္းတြင္ပတ္တီးစည္းထားသည့္ အမ်ိဳးသမီးက​​ေမာ္​ေတာ္ဆိုင္ကယ္အပိုင္းျဖင့္ ထိမိ​ေသာအ​ေမငယ္​ေလးျဖစ္ကာ သူ႔​ေယာက္်ားက​ေတာ့ သူတို႔သား​ေလးကိုခ်ီထားသည္။

ရန္ရိႏွင့္အျခားသူမ်ား အခန္းထဲ၀င္သြားသည္ႏွင့္ ​ေက်းဇူးတင္သည့္အမူအရာျဖင့္ျပာျပာသလဲလဲ မတ္တပ္ရပ္လိုက္ၾကသည္။

အ​ေဖျဖစ္သူက အားရ၀မ္းသာ​ေျပာလာသည္။

" မင္းက ​ေခါင္း​ေဆာင္လား? မဂၤလာပါ မဂၤလာပါ "

ရန္ရိ လက္ဆန္႔ထုတ္​ေပးလိုက္ကာ လက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္။

" မဂၤလာပါဗ် "

သူ႔အမ်ိဳးသမီးဘက္ၾကည့္လိုက္ၿပီး :

" မင္း​ေဆး႐ုံဆင္းတာ​အ​ေတာ္ေစာသားပဲ? "

သူစိတ္​ေအးသြားသလိုခံစားရသည္။

အမ်ိဳးသမီးက ​ေက်းဇူးတင္လ်က္​ေျပာလာ၏။

" ကြၽန္မ​ေဆး႐ုံကျမန္ျမန္ဆင္းႏိုင္တာ ရွင့္​ေၾကာင့္ပါပဲ ကြၽန္မအမ်ိဳးသားကို မ်က္ႏွာခ်င္းဆိုင္​ေတြ႕ရမယ္လို႔ပဲ​ေျပာ​ေျပာ​ေနတာ ကြၽန္မအသက္ကို​ကယ္ေပးတာ​ေက်းဇူးတင္ပါတယ္ရွင္ "

ရန္ရိ ၿပဳံးလ်က္​ေျပာလိုက္သည္။

" ယဥ္​ေက်း​ေနပါၿပီဗ်ာ ဒါကြၽန္​ေတာ္တို႔တာ၀န္ပါပဲ ​ေနာက္ၿပီး အဲ့တုန္းက ျဖတ္လတ္တဲ့လမ္းသြားလမ္းလာ​ေတြဆီကလည္း အ​ေတာ္အကူအညီ​ရတယ္ "

" အင္း သူတို႔က အ​ေတာ္တက္ႂကြတဲ့သူ​ေတြပဲ ဒါ​ေပမယ့္ အ​ေရးႀကီးကိစၥေတြမွာ​ေတာ့ ကြၽမ္းက်င္တဲ့အရည္အခ်င္းကပိုအ​ေရးပါတယ္ဗ် ဆရာ၀န္​ေျပာတာက

အဲ့အခ်ိန္သာ အပိုင္းစကို အျမန္ဆြဲထုတ္လိုက္ရင္ ကြၽန္​ေတာ့္မိန္းမ ​ေသြးထြက္လြန္ၿပီး ​ေဆး႐ုံ​ေတာင္ပို႔ႏိုင္မွာမဟုတ္ဘူးတဲ့

​ေခါင္း​ေဆာင္ကို​ေက်းဇူးတင္ပါတယ္ဗ်ာ မီးသတ္တပ္ဖြဲ႕၀င္​ေတြကို​ေရာပဲ ​ေက်းဇူးပါ ကြၽန္​ေတာ္တို႔မိသားစုရဲ႕ ကယ္တင္ရွင္​ေတြပါပဲ "

အ​ေဖငယ္​ေလးက မ်က္လုံးမ်ားရဲကာ​ေျပာလာသည္။

အ​ေမ​ေလးက သူ႔သားလက္​ေလးကိုဆြဲလိုက္၏။

" က​ေလးငယ္ သားမွာ ဦးဦး မီးသတ္သမားအတြက္လက္​ေဆာင္ရွိတယ္မလား? "

က​ေလး​ေလးက တြန္႔ဆုတ္ဆုတ္ျဖင့္ အရွက္ပိုကာ အ​ေနာက္ဘက္မွ ႏႈတ္ဆက္ကတ္​ေလးကိုဆြဲထုတ္၍ ရန္ရိထံ ကမ္း​ေပးလာသည္။

ႏႈတ္ဆက္ကတ္​ေလး​ေပၚတြင္​ေတာ့ သူႏွင့္ သူ႔အ​ေမ​ေဘးတြင္ ကယ္ဆယ္​ေရး၀တ္စုံ၀တ္ဆင္ထားသည့္သူမ်ား ၀န္းရံ​ေနပုံကို က​ေလးဆန္ဆန္​ေရာင္စုံျဖင့္ ​ေရးဆြဲထား၏။

ရန္ရိ ၿပဳံးကာ သူရင္ဘတ္သည္ကား ေႏြး​ေထြးမႈျဖင့္ ျပည့္ႏွက္​ေနလ်က္၊ သူ​ေကာင္​ေလးရဲ႕ မ်က္ႏွာ​​ေသး​ေသးေလးကို ညႇစ္လိုက္ၿပီး :

" အရမ္း​ေကာင္းတဲ့ ပန္းခ်ီ​ေလးပဲ ​ေက်းဇူးပါ "

စုံတြဲက ထပ္ခါ​ေက်းဇူးတင္ျပန္သည္။

စြန္းတင့္ရိ အၿပဳံးျဖင့္​ေျပာသည္။

" ကြၽန္​ေတာ္တို႔ရဲ႕ ​ေလးနက္တဲ့တာ၀န္က လူ႔အသက္ကယ္ဖို႔ပါပဲ အရမ္းယဥ္​ေက်းဖို႔မလိုပါဘူးဗ်ာ မင္းျပန္​ေကာင္းလာတာျမင္ရတာနဲ႔တင္ ကြၽန္​ေတာ္တို႔ပီတိျဖစ္​ေနပါၿပီ "

​ေစြ႕ရိ​ေရွာင္း ခံစားခ်က္​ထင္ဟပ္လ်က္ ​ေျပာလိုက္သည္။

" ဟုတ္တယ္ ကြၽန္​ေတာ္တို႔လူတိုင္းကို မကယ္ႏိုင္ခဲ့တာ​ေတာ့ ၀မ္းနည္းစရာပဲ "

သူႏွင့္ ရန္ရိတို႔က ​ထိုအခ်ိန္ ေကာင္ငယ္​ေလးျဖည္းျဖည္းခ်င္း အသက္ဆုံးသြားတာကို ျမင္လိုက္ရသည့္သူမ်ားပင္။

သူ စီးက်​ေန​ေသာ ​ေသြးမ်ားမွ ျခစ္ျခစ္​ေတာက္အပူႏႈန္းကိုပင္ မွတ္မိ​ေန​ေသးသည္။

ထိုအနံ႔, ဒီရက္ေတြမွာသူျပန္​ေတြးမိလိုက္တိုင္း စိတ္ဖိစီးရသည္သာ။

" ဘယ္သူလဲ? "

အ​ေဖငယ္​ေလးက တစ္ခဏ​ေတာင့္သြားသည္။

" အဲ့ေကာင္​ေလး​ေတာ့ မဟုတ္ဘူးမလား? သူ​ေသသင့္တာပဲမလား? ဘာသနားစရာလိုလဲ "

ဒီတစ္ခါ​ေတာ့ ရန္ရိႏွင့္အျခားသူမ်ား ​ေတာင့္သြားရသည့္အလွည့္ပင္။

က​ေလးအ​ေဖက အံႀကိတ္ကာ​ေျပာသည္။

" ၿမိဳ႕ပတ္လမ္း 5 မွာဆိုင္ကယ္​ေမာင္းလို႔မရဘူး သူကအမ်ိဳးရဲ႕ဆိုင္ကယ္ကိုခိုးလာၿပီး မီးနီကိုျဖတ္​ေမာင္းတယ္ သူလည္း​ေသၿပီး အျခားသူ​ေတြကိုပါေသ​ေအာင္လို႔လုပ္တာ အင္တာနက္မွာလည္း သူ႔ကိုဆဲဆို​ေနၾကတဲ့သူ​ေတြခ်ည္းပဲ အဲ့လိုလူမ်ိဳးက လူ​ေတြဒုကၡ​ေလ်ာ့သြား​ေအာင္ ျမန္ျမန္​ေသသင့္တယ္ "

ရန္ရိ ႏႈတ္ဆိတ္သြားသည္။

​ေစြ႕ရိ​ေရွာင္း မ်က္​ေမွာင္ၾကဳတ္ကာ အခက္အခဲတခ်ိဳ႕ျဖင့္​ေျပာလာ၏။

" သူကအခုမွ ၁၅ ႏွစ္ပဲရွိ​ေသးတယ္ သူအမွားလုပ္မိတာ​ေလာက္ပါပဲ သူဘယ္လို​ေသမယ္မွန္း​ေတာင္သိခဲ့တာမဟုတ္ဘူး...."

" သူ​ေသဖို႔လား? "

က​ေလးအ​ေဖက အသံကိုျမႇင့္ကာ ​ေဒါသထြက္၍​ေျပာသည္။

" အမွားမလုပ္တဲ့သူ​ေတြက​ေရာ ​ေသဖို႔တန္လို႔လား? ကြၽန္​ေတာ္မိန္းမက်​ေတာ့​ေရာ? ကားသမားအတြက္က်​ေတာ့​ေရာ? ကြၽန္​ေတာ့္သားက အခုမွ ၄ ႏွစ္ပဲရွိ​ေသးတယ္ သူ႔မွာအ​ေမမရွိ​ေတာ့ရင္ ဘယ္လိုလုပ္မလဲ? အဲ့လိုမ်ိဳးမိဘသြန္သင္မႈမရွိတဲ့သူ​ေတြက ႀကီးျပင္းလာလဲ အပိုပဲ! "

​ေစြ႕ရိ​ေရွာင္း ​ေျပာခ်င္သည့္စကားက ရန္ရိမ်က္လုံးမ်ားျဖင့္ ဟန္႔တားခံလိုက္ရသည္။

က​ေလးအ​ေမ​က သူ႔​ေယာက္်ားကိုတြန္းကာ တိုးတိုး​ေျပာသည္။

" မ​ေျပာနဲ႔​ေတာ့ "

က​ေလးအ​ေဖလည္း သူအ​ေျပာမွားသြားသည္ကို သတိထားမိသြားၿပီး ​ေလထုက ႐ုတ္တရက္ မ်က္ႏွာပူစရာျဖစ္လာသည္။

ရန္ရိ ​ေအး​ေအး​ေဆး​ေဆး​ေျပာလိုက္၏။

" မင္းျမန္ျမန္ သက္သာလာဖို႔ဆု​ေတာင္း​ေပးပါတယ္ "

မိသားစုသုံး​ေယာက္လည္း အသိတရားရွိရွိနဲ႔ ျပန္သြားၾက​ေတာ့သည္။

​ေစြ႕ရိ​ေရွာင္း ရန္ရိကိုၾကည့္ကာ ​ေလး​​ေလးပင္ပင္​ေျပာလိုက္၏။

" ​ေခါင္း​ေဆာင္ရန္ သူ​ေသသင့္လား? သူက က​ေလးပဲရွိ​ေသးတယ္ သူအမွားလုပ္မိခဲ့​ေပမယ့္ ​ေနာင္ဆယ္စုႏွစ္တစ္ခုမွာ ပိုမွန္တဲ့အရာ​ေတြလုပ္လာႏိုင္​ေလာက္တယ္ ဒါ​ေပမယ့္ သူ႔မွာ​ေနာက္ထပ္အခြင့္အ​ေရးမရွိ​ေတာ့ဘူး.."

ရန္ရိ ထိုေမးခြန္းကိုမ​ေျဖ။

ကမာၻ​ေပၚက ​ေမးခြန္းတိုင္းကို 'ဟုတ္တယ္' ' မဟုတ္ဘူး' လို႔ပဲ​ေျဖမရ​ေပ။

သူ ​ေစြ႕ရိ​ေရွာင္း ပခုံးကို ပုတ္​ေပးလိုက္သည္။

" သူ​ေသသင့္လားဆိုတာ ငါတို႔မဆုံးျဖတ္သင့္ဘူး ဒါ​ေပမယ့္ နစ္နာသူမိသားစုကလည္း သူ႔အ​ေျခအ​ေနနဲ႔သူရွိတာပဲ ငါတို႔နားလည္​ေပးဖို႔လိုတယ္ "

​ေစြ႕ရိ​ေရွာင္း ၀မ္းနည္းနည္းႏွင့္ ​ေခါင္းငုံ႔သြားၿပီး စြန္းတင့္ရိက​ေတာ့ သက္ျပင္းခ်သည္။

==========

ည​ေနဘက္ ညစာစားၿပီးခ်ိန္​မွာ​ေတာ့ ကုံးရင့္ရွန္ ဖုန္းျပန္​ေျဖသည္။

ရန္ရိ သူ(ကုံးရင့္ရွန္) ဖုန္း​ေျဖလိမ့္မယ္လို႔ လုံး၀မ​ေမွ်ာ္မွန္းထား​ေပ။

သူ(ကုံးရင့္ရွန္) ဖုန္းကိုင္လိုက္​ေတာ့ သူအ​ေတာ္အံ့ၾသသြားရၿပီး သံသယ၀င္ကာ​ေျပာလိုက္သည္။

" မင္းဘာလို႔ ဖုန္းကိုင္တာလဲ? မင္းငါ့ကိုထပ္ဆက္သြယ္ခ်င္​ေသးတယ္​ေပါ့? "

ကုံးရင့္ရွန္ ရပ္သြားၿပီး

" ...အဲ့တာဆို ကြၽန္​ေတာ္ဖုန္းခ်လိုက္မယ္ "

" ​ေဟး ခဏ​ေနဦး​ေလ "

ရန္ရိ ႏႈတ္ခမ္းမ်ား​တြန္႔ေကြးလိုက္သည္။

" မင္းရွာ​ေတြ႕တာ​ေတြ ငါ့ကို ျမန္ျမန္​ေျပာျပ "

" ဆိုက္ဘာမႈခင္းက အဖြဲ႕သားက က်ိဳးခြၽမ္းသက္​ေသခံကို အတည္ျပဳလိုက္တယ္ သူကတကယ္ကို dark web ရဲ႕လက္​ေအာက္ခံ နယ္ပယ္အမည္တုနဲ႔ live broadcast ​ေတြလုပ္​ေနတာပဲ "

ရန္ရိ မ်က္​ေမွာင္ၾကဳတ္ကာ ​ေျပာလိုက္သည္။

" နယ္ပယ္အမည္တု? တကယ္လို႔ website က log out လုပ္လိုက္ရင္​ေတာင္ ​ေျခရာလက္ရာ​ေတာ့က်န္ခဲ့မွာပဲ မင္း dark web ကို​ေျခရာခံၾကည့္လို႔ရလား? "

" dark web ကိုရွာ​ေတြ႕တယ္ ဒါ​ေပမယ့္ server ​ေတြအားလုံးက ႏိုင္ငံျခားက, ၿပီး​ေတာ့ ကမာၻတစ္ဝွမ္းလုံးပဲ။

အႏၲရာယ္ကင္းဖို႔နဲ႔ user ​ေတြကိုကြယ္ဝွက္ထားဖို႔ website က live broadcast ​ေတြအားလုံးကို က်ပန္းအမည္တုနယ္ပယ္​ေတြတင္တယ္

အမည္တုနယ္ပယ္​ေတြက ကမာၻတစ္ဝွမ္း ​ေအးဂ်င့္​ေတြက​ေနတစ္ဆင့္ မိနစ္တိုင္း​ေျပာင္းလဲၫႊန္ျပ​ေနတယ္ တစ္ခါ​ေျပာင္းသြားတာနဲ႔ လုပ္ငန္း​ေတြအကုန္လုံးက ​ေျခရာမခံႏိုင္တဲ့​ေငြမည္း​ေတြလိုပဲ..

log in ၀င္တဲ့လူ​ေတြက ​ေရွ႕ဆက္ဖို႔အတြက္ host setting , ကိုယ္စားလွယ္ IP ( internet protocol ), ​ေ႐ြ႕လ်ား website ​ေတြနဲ႔ အျခား ရႈပ္ရႈပ္​ေထြး​ေထြးလုပ္ငန္းလုပ္ရတယ္

ႏိုင္ငံျခားအ​ေျခစိုက္ server နဲ႔ပတ္သက္တဲ့ website မွာ ကြၽန္​ေတာ္တို႔ပိုင္နက္မရွိဘူး

ဒါ​ေပမယ့္ ႏိုင္ငံထဲက log in ၀င္ထားတဲ့သူမွာ​ေတာ့ ရွိတယ္

boradcast room ထဲကလူ​ေတြ မလုံၿခဳံဘူးလို႔ထင္တာနဲ႔ သူတို႔ click ​ေလးတစ္ခ်က္ႏွိပ္ၿပီး log out လိုက္လို႔ရတယ္

live broadcast တစ္ခုၿပီးတာနဲ႔ သူတို႔အလိုအ​ေလ်ာက္ log out ၿပီးသား၊

log out ၿပီးတာနဲ႔ ပါ၀င္တဲ့အခ်က္အလက္​ေတြအားလုံး internet က​ေန ​ေပ်ာက္ကြယ္သြားတယ္

က်န္ခဲ့တဲ့တစ္ခုတည္း​ေသာအရာက လက္ခံသူရဲ႕ ကိုယ္​ေရးကိုယ္တာ ​ေဒတာ​ေတြပဲ "

" အဲ့တာဆို မင္း က်ိဳးခြၽမ္း computer ကဘာရွာ​ေတြ႕လဲ? "

" website ရဲ႕ လုံၿခဳံ​ေရးနည္းပညာက ကမာၻ႔ထိပ္တန္း hacker ​ေတြအဆင့္​ရွိ​ေတာ့ ဝွက္စာ​ေဖာ္ဖို႔ အရမ္းခက္တယ္

ဒီ website က မီးရႈိ႕မႈ​ေတြနဲ႔ ဆက္စပ္​ေနတယ္ဆိုတဲ့သက္​ေသ​ေတြမရွိ​ေသးခင္​ေတာ့ လူအင္အားသုံးဖို႔ မျဖစ္ႏိုင္ဘူး

အဲ့တာ​ေၾကာင့္ ကြၽန္​ေတာ္တို႔ က်ိဳးခြၽမ္း computer က​ေနပဲ စရွာလို႔ရၿပီး စာအခ်ိဳ႕​ေတြ႕တယ္ "

" စာ​ေတြ? "

" သူတို႔အမ်ားစုက အဂၤလိပ္​ေတြ ဒါ​ေပမယ့္ တ႐ုတ္​ေတြ​ေရာပဲ "

" သူတို႔ IP ရွာလို႔မရဘူးလား? "

" မရဘူး ခုနက​ေျပာပါတယ္ တကယ္လို႔ live broadcast ထဲမွာဆိုရင္​ေတာင္ IP က မိနစ္တိုင္းကို​ေျပာင္းလဲ​ေနတာ

live broadcast လုပ္​ေနတုန္း ကိုယ္​ေရးကိုယ္တာ IP ကိုၾကည့္ဖို႔ဆိုတာ ခက္ခဲတယ္

အခု နယ္ပယ္အမည္တု ကလည္း cancel ခံလိုက္ရၿပီ က်ိဳးခြၽမ္း computer က​ေနစစ္မယ္ဆိုရင္​ website က data ​​ေတြကလြဲၿပီး ဘာမွစစ္ဖို႔မျဖစ္ႏိုင္ဘူး "

" ဒါ​ေပမယ့္ website က ပို​ေဖာက္ဖို႔ခက္တာပဲ "

" ​ေကာင္းၿပီ, အဲ့ေတာ့ ကြၽန္​ေတာ္တို႔ လက္ရွိသဲလြန္စ​ေတြက ဒီေလာက္ထိပဲ "

" စာသား အခ်က္အလက္​ေတြ​ေရာ? "

" အဓိကအားျဖင့္​ေတာ့ က်ိဳးခြၽမ္းကို အက်ပ္အတည္းျဖစ္ခ်င္လား တစ္ခုခုလုပ္မလားလို႔​ေမးရမွာပဲ စာသား​ေတြနဲ႔ပတ္သက္ၿပီး ကိုယ္​ေရးကိုယ္တာအခ်က္အလက္​ေတြ ​ေဖာ္ထုတ္ဖို႔ သက္​ေသမရွိဘူး ဒါ​ေပမယ့္ အခ်ိန္လိုက္မွတ္တမ္းနဲ႔ တ႐ုတ္စာသားစနစ္​ေတြအရ​ အနည္းဆုံး တ႐ုတ္ ၃ ​ေယာက္​ေတာ့ live broadcast ၾကည့္​ေနၾကတယ္ "

ရန္ရိ အသက္ခပ္ျပင္းျပင္းရႉရႈိက္လိုက္သည္။

" သူတို႔က မီးရႈိ႕သမား​ေတြ ျဖစ္ႏိုင္​ေလာက္လား? "

" မသိဘူး အခု​ထိေတာ့ဆက္စပ္ဖို႔ သက္​ေသမရွိ​ဘူး "

ကုံးရင့္ရွန္ အသံက အနည္းငယ္​ေလးတြဲ ​ေနသည္။

" ဒီအမႈကိုလိုက္ဖို႔ လမ္းစ ၄ ခုပဲရွိတယ္ ႏွစ္ခုက ယာယီလမ္းဆုံးကို ​ေရာက္​ေနၿပီ တစ္​ေယာက္က ခိုင့္၀မ္ အျခားတစ္​ေယာက္က ဘားပိုင္ရွင္၊

ၿပိဳင္ဘက္​ေတြ ၊ က်ိဳးခြၽမ္းနဲ႔ ခိုင့္၀မ္ရဲ႕အ​ေပါင္းအသင္း​ေတြကို ကြၽန္​ေတာ္တို႔ လိုက္​ေနတုန္း၊ အမွန္တကယ္တိုးတက္တာ​ေတာ့ မရွိ​ေသးဘူး။ ၿပီး​ေတာ့...

က်ိဳးခြၽမ္းကလည္း အုပ္ခ်ဳပ္​ေရးအရ​ ရက္အနည္းငယ္ ေစာင့္ဆိုင္းၿပီးလြတ္သြားၿပီ

ထပ္ၿပီး စုံစမ္းဖို႔အရမ္းခက္ခဲလိမ့္မယ္ "

ရန္ရိ ​ေခါင္းကုတ္သည္။

" အမႈ​ေျဖရွင္းတဲ့​ေနရာမွာ အဟန္႔အတားခံရမွာ​ေတာ့ ပုံမွန္ပဲ မင္းအရမ္းႀကီး စိုးရိမ္ဖို႔မလိုပါဘူး "

ကုံးရင့္ရွန္က စိတ္ပ်က္လက္ပ်က္သက္ျပင္းခ်သည္။

" အဲ့ဒီ့ dark web, ဘာလုပ္တာလဲ? "

ဒီတစ္ခါ​ေတာ့ ရန္ရိ ဖုန္းလိုင္းက်သြားတယ္လို႔ပင္ ထင္မိသည္အထိ ကုံးရင့္ရွန္အၾကာႀကီး တိတ္သြားသည္။

သူမ​ေနႏိုင္ဘဲ ​ေမးၾကည့္လိုက္ရ၏။

" မင္း ရွိ​ေန​ေသးလား? "

" ခင္မ်ား မသိခ်င္ပါနဲ႔ "

ကုံးရင့္ရွန္ ​ေပ်ာ့​ေပ်ာ့​ေျပာင္း​ေျပာင္း ​ေျပာလာသည္။

ရန္ရိ ႏွလုံး လႈပ္ခတ္သြားရလ်က္၊

ဖုန္းထဲက​ေန​ေတာင္ ကုံးရင့္ရွန္အသံ တုန္ရီ​ေနသည္ကိုသူ ​ေသခ်ာ ၾကားႏိုင္​ေန၏။

အဲ့တာ အ​ေၾကာက္တရားမ်ားလား? မဟုတ္ဘူး ​ေဒါသနဲ႔ပိုတူတယ္၊ ၿပီး​ေတာ့.....အမုန္းတရား​။

ရန္ရိ မ်က္​ေမွာင္ၾကဳတ္ကာ မ​ေနႏိုင္မထိုင္ႏိုင္ ​ေလး​ေလးပင္ပင္ခံစားလာရသည္။

သူ dark web ကိုတစ္ခါမွမ​ေရာက္ဖူး​ေခ်။

ဒါ​ေပမယ့္ သူၾကားဖူးသည္၊ မစြမ္းႏိုင္​ေလာက္တဲ့ အေမွာင္၊ နတ္ဆိုးဆန္တဲ့ကမာၻ၊ လူ​ေတြ​ေတြးထင္မိေလာက္တဲ့ နတ္ဆိုးေတြ မ​ေတြးထင္မိႏိုင္ေလာက္တဲ့ နတ္ဆိုး​ေတြ နဲ႔ျပည့္​ေန​ေလသတဲ့။

သူ​ေျပာလိုက္သည္။

" အဲ့ website....ဘယ္လို​ေခၚလဲ? "

" Seraph , ဓမၼက်မ္းစာ​ေဟာင္းက မီးနတ္ဘုရား ၊ အျမင့္ျမတ္ဆုံးအဆင့္ပဲ အလင္းနဲ႔မီးလွ်ံတို႔​ေပါင္းစည္းထားတဲ့ စိတ္၀ိညာဥ္ရွိတယ္ "

ဖုန္းခ်ၿပီးေနာက္ ရန္ရိ တစ္ညလုံး ​ေကာင္း​ေကာင္းအိပ္မ​ေပ်ာ္​ေပ။

သူ မီးသတ္ျခင္းနဲ႔ပဲ အခ်ိန္ ၈ ႏွစ္ကုန္ဆုံးခဲ့​ေပမယ့္ သူအျပင္အ၀တ္​ေတြနဲ႔ကတည္းက အဆက္အသြယ္ရွိခဲ့သည္။

သူ႔အ​ေဖအ​ေတြ႕အႀကဳံ​ေတြ​ေရာ သူ႔ကိုယ္ပိုင္အ​ေတြ႕အႀကဳံ​ေတြ​ေရာ​ေပါင္းၿပီး သူ သာမန္လူ​ေတြနဲ႔မတူတဲ့ ​ေလာကကိုျမင္​ေတြ႕ခဲ့ရ၏။

သို႔​ေပမယ့္ သူတစ္​ေလွ်ာက္လုံး မီးနဲ႔အဆက္အဆက္ရွိခဲ့လည္း မီးရႈိ႕သမား​ေတြနဲ႔ ဆုံႀကဳံဖို႔​ေတာ့ အလြန္ခဲယဥ္းသည္။

မီးရႈိ႕သမား ဆိုသည္က ျပစ္မႈကိုမီးရႈိ႕က်ဴးလြန္သူမ်ားအားလုံးအတြက္ အစုအဖြဲ႕စကားလုံးမဟုတ္​ေပ။

အကယ္၍ လူတစ္​ေယာက္က မ​ေတာ္တဆမီး​ေလာင္​ေစခဲ့လွ်င္ မီးရႈိ႕သည္ဟုမ​ေခၚ။

လူတစ္​ေယာက္က အျခားသူ​ေတြကိုသတ္ရန္ မီးရႈိ႕ဖို႔က်ပန္း​ေ႐ြးခ်ယ္ခဲ့လွ်င္ သို႔မဟုတ္ သက္​ေသကို မီးျဖင့္ရွင္းပစ္လွ်င္ ၎က ပစ္မႈက်ဴးလြန္သည့္လက္နက္မွာ မီး ဟူ၍သာ​ေျပာႏိူင္သည္။

အသက္​ေတြ၊ ပစၥည္းဥစၥာ​ေတြကို တမင္တကာရည္႐ြယ္၍​ေသာ္လည္း​ေကာင္း ႀကိဳတင္ႀကံစည္ထား၍​ေသာ္လည္း​ေကာင္း မီးရႈိ႕ခဲ့ပါမွ မီးရႈိ႕မႈျဖစ္သည္။

မီးရႈိ႕သူမ်ားအနက္မွ မီး​ေလာင္​ေစလိုသူ ျဖစ္ႏိုင္​ေခ်မွာအ​ေတာ္နည္းပါး၏။

မီးရႈိ႕သူအမ်ားစုက ရာဇ၀တ္မႈရည္႐ြယ္ခ်က္ကို ပိုထိ​ေရာက္​ေစဖို႔သာ မီးရႈိ႕ၾကၿပီး မီး​ေလာင္​ေစလိုသူရဲ႕ တစ္ခုတည္း​ေသာ ရည္႐ြယ္ခ်က္က​ေတာ့ မီးရႈိ႕ရန္သာျဖစ္သည္။

အသက္ႏွင့္ ဥစၥာဆုံးရႈံးမႈမ်ားက ပူးတြဲ၍မ်ားျပားလွစြာ။

သို႔​ေပမယ့္ ကုံးရင့္ရွန္ အစ​ေဖာ္​ေနတဲ့ dark web က သူတို႔ကို မီးရႈိ႕သမားမ်ားအ​ေမွာင္ထဲတြင္ ပုန္းကြယ္​ေန​ေၾကာင္း သိ​ေစသည္။

=======

မရွင္းတာရွိရင္ ​ေမးခဲ့ပါ ​ေျဖ​ေပးမယ္​ေနာ္

အဲ့ မီးနတ္ဘုရားပုံကို အ​ေပၚဆုံးက media မွာထည့္​ေပးထားတယ္

ၾကည့္လိုက္ပါ

Dark web လုပ္ငန္းစဥ္​ေတြက​ေတာ့ သိတဲ့အတိုင္းရႈပ္​ေနတာပဲ ကြၽန္​ေတာ္လည္းအဲ့​ေလာက္ထိမႏွံ႔စပ္​ေတာ့ ဦး​ေႏွာက္ကိုေျခာက္​ေန​ေရာပဲ အစက​ေတာ့ စာကိုဘာသာျပန္႐ုံပဲကို ဘာခက္မွာလဲ လို႔ထင္ခဲ့သမွ် ​ေသခ်င္စိတ္​ေတြ​ေပါက္လာၿပီ

အခုအပိုင္းကတို​ေပမယ့္ ကြၽန္​ေနာ္မအားတာရယ္ အပ်င္းတစ္​ေနတာရယ္နဲ႔ ႀကံ့ၾကာ​ေနတာ

​ေန႔တိုင္း တစ္​ေနကုန္ ဆိုငိထိုင္​ေနရ​ေတာ့လည္း အိမ္ျပန္​ေရာက္ တန္းနားခ်င္တာေပါ့​ေလ အဟင့္

ဒီည​ေတာ့ ပ်င္း​ေနလို႔မျဖစ္ဘူးဆိုၿပီး

ch 13.2 အက်န္​ေလး​ေရာ 14 တစ္ပိုင္းလုံး​ေရာတင္​ေပးလိုက္တယ္

(အပို​ေတြ crh ကို လည္စီး​ေပးမလို႔ ထိုင္ထိုး​ေနတာ ​ေဆာင္း၀င္ၿပီ​ေလ >//////<)

စာ​ေတြကဖတ္ရ​ေျပ​ေအာင္ မူရင္းနဲ႔အတိအက်မဟုတ္ဘဲ​ေရး​ေပးထားတယ္ စာသားဆန္​ေနလည္း ဖတ္ရတာနားမလည္မွာစိုးလို႔ ကိုယ္နားမလည္တဲ့​ေနရာ​ေတြဆို ပို​ေၾကာက္တယ္ ကြၽန္​ေတာ္နားမလည္ဘဲ စြတ္​ေရးလိုက္ရင္ ခင္မ်ားတို႔ပါ နားမလည္ျဖစ္​ေနမွာ​ေၾကာက္တာ

နားလည္တယ္မလားဗ်ာ

​ေနာက္ၿပီး က်​ေနာ့္ reader ​ေလး​ေတြကိုခ်စ္တာတစ္ခုရွိတယ္ ferdback ​ေပးတိုင္ up up ဆိုၿပီးျဖစ္သလို​ေရးမသြားဘဲ ​ေသခ်ာ စိတ္​ေလးနဲ႔​ေျပာ​ေပးၾကတယ္ ​ေဆြး​ေႏြးၾကတယ္ အရမ္းခ်စ္ဖို႔​ေကာင္းၾကပါတယ္ zawgyi reader ​ေလး​ေတြက တိတ္​ေနတာပဲ​ေနာ္ ရွိမွရွိရဲ႕လား???

good night

- lynx

-19 11 2020

=============