webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Action
Not enough ratings
69 Chs

Chapter 13.1

Translator - Lynx

[ UNICODE ]

______________

နာရီအနည်းငယ်ကြာ အမှုစစ်​မေးပြီးသည့်​နောက် သူတို့ ကျိုးချွမ်းထံက ယာယီအားဖြင့် ဘာမှထပ်တူးဆွလို့မရ​တော့​ပေ၊ နောက်ပြီး သူတို့လည်း ပင်ပန်း​နေ​လေပြီ။

စစ်​ဆေးခန်းကထွက်​တော့ ရန်ရိ ကုံးရင့်ရှန်​နောက်က ​ထော့နဲ့​ထော့နဲ့ဖြင့်​လျှောက်ထွက်လာကာ ​စောဒကတက်လိုက်သည်။

" ငါ​ရေအရမ်းဆာတယ် ၊ မင်းလက်ထဲမှာ ​ရေဘူးကိုင်ထားရင် ငါ့ကို တစ်ခွက်​လောက်ငှဲ့​ပေးဖို့​သတိမရဘူးလား? "

ကုံးရင့်ရှန် လမ်း​လျှောက်ရင်း ဆက်သွယ်​ရေးအခန်းကို ကြည့်ကာ ပုံမှန်အတိုင်း လက်ညှိုးညွှန်ပြသည်။

" ​ရေသန့်စက် "

ရန်ရိ ​ဒေါသထွက်ထွက်နှင့် ​ပြောသည်။

" ငါ့​ခြေ​ထောက် ကျိုး​တော့မလိုခံစား​နေရတာ ဘယ်သူ့အပြစ်လဲ? ဘယ်သူက ငါ့ကို ညလယ်ခေါင်ကြီးအမှုစုံစမ်းဖို့​ခေါ်တာလဲ? ဘယ်သူငါ့ကို ​ချော်လဲ​အောင်လုပ်တာလဲ? "

ကုံးရင့်ရှန် ​ခေါင်း​မော့လာပြီး သူ့ကိုလှမ်းကြည့်ကာ ​နောက်ဆုံး​တော့ အသိတရားရလာ၏။

" ဒီမှာ​စောင့်​နေ "

ရန်ရိ ဧည့်ကြို​နေရာက ဆိုဖာတွင်ထိုင်​နေရင်း သူ့​ရှေ့မှ ရုံးခန်း​နေရာကို လှမ်းကြည့်လိုက်သည်။

ထို​နေရာ၌ ကိုယ်ပိုင်အလုပ်စားပွဲ အ​တော်များများစီတန်းထားလျက် ရှိ​နေ​သော်လည်း ဘယ်စားပွဲက ကုံးရင့်ရှန်ဟာလဲဆိုတာ သူ​ဆုံးဖြတ်နိုင်သည်။

၎င်းက အသန့်ရှင်းဆုံးနဲ့ အ​သေသပ်ဆုံးသာ ဖြစ်ရမည်။

ကုံးရင့်ရှန် ​နံရံကို​ကျော်၍ရေသန့်စက်ဆီသို့သွားကာ စက္ကူခွက်ကိုယူ၊ ခါးညွှတ်လိုက်ပြီး သူ့ဘက်သို့ ​ကျော​ပေးထားလျက် ​ရေခံ​နေသည်။

​အောက်သို့ခါးကုန်းညွှတ်လိုက်ခြင်းက ကုံးရင့်ရှန်၏ ​ဘောင်းဘီကိုတင်းသွား​စေပြီး တင်သားများနှင့် ​ခြေတံရှည်များကို တမင်တကာ လှစ်ဟာပြ​နေသည်။

​ဘောင်းဘီအ​ပေါ်ဘက်သို့ တက်သွား​သောကြောင့်လည်း ​ခြေချင်း၀တ်ထက်က ပစ္စတိုအိတ်ကို ​တစ်စွန်းတစ်စ ပေါ်လာ​စေ၏။

ဖြား​ယောင်း​သွေး​ဆောင်၍ အန္တရာယ်လည်းရှိလျက်။

ရန်ရိ ​မတတ်သာဘဲ လေဖွဖွချွန်လိုက်ပြီး သူ့ဖုန်းကို ခိုးထုတ်လိုက်ကာ ဓါတ်ပုံခိုးရိုက်လိုက်​​တော့သည်။

ကုံးရင့်ရှန် ကိုယ်ပြန်မတ်လိုက်​တော့ ကျယ်ပြန့်​သောပခုံးများ၊ သွယ်လျ​သောခါး ၊ ​ခြေတံရှည်များနှင့် တင်သားများက သာလွန်​သောအရပ်အ​မောင်းထက်၀ယ် ရှိ​နေသေးသည်။ ဘုရားသခင်က အနုစိတ်ပုံ​ဖော်ထွင်းထု​ပေးထားသည့်အလား။

ရန်ရိ ​နောက်တစ်ပုံ ထပ်ရိုက်လိုက်ပြီး ကုံးရင့်ရှန် ပြန်လာချိန်တွင်​တော့ ​ဘာလိုလိုနဲ့ခေါင်းငုံ့ကာ ဖုန်းနှင့်ကစား​နေလိုက်သည်။

ကုံးရင့်ရှန်သူ့ဆီလာပြီး ​ရေခွက်ကမ်း​ပေး၏။

ရန်ရိ ​ရေတစ်ငုံ​သောက်လိုက်သည်။

" မင်း​နောက်ထပ်ဘာလုပ်မှာလဲ? "

" လိုက်ဖို့လမ်း​ကြောင်း​တွေရှိတယ်၊ ကျိုးချွမ်း၊ ဘားပိုင်ရှင်နဲ့သူ့ပြိုင်ဘက်​တွေ၊ ခိုင့်၀မ်နဲ့ စား​သောက်ခန်းထဲကအခြားသုံး​ယောက်​ရော"

ကုံးရင့်ရှန် သူ့မျက်ခုံးများကို ပွတ်နှိပ်လိုက်သည်။

" စခန်းကိုပြန်လိုက်ပါ ကျွန်​တော်အကူအညီလိုရင် ခင်များကို​အသိ​ပေးမယ် "

" ငါ့ကို ' အသိ​ပေး ' မယ်? "

ရန်ရိ မသက်မသာနဲ့​ပြောလိုက်သည်။

" ငါက မင်းလက်အောက်ခံလား? မင်းငါ့ကို လစား​ပေးလား? ' ​မေးပါ့မယ် ' ကမှစကားလုံးအမှန်ကွ "

[ T/n : ​မေးပါ့မယ်* ဆိုတာက တ​လေးတစား အကူအညီ​တောင်းတဲ့သ​ဘောမို့ပါ ]

ကုံးရင့်ရှန် ​ပြောသည်။

" ခင်များလိုချင်တဲ့ဘယ်စကားလုံးဖြစ်ဖြစ် ကြိုက်တာ​ရွေးလို့ရတယ် "

" မင်း...."

ရန်ရိ စိတ်ဆင်းရဲသည်။

သူအချိန်အကြာကြီး အလုပ်များ​နေရပြီး ဒဏ်ရာလည်းရခဲ့​သေး၏။

ကုံးရင့်ရှန်နှင့် အတူရှိ​နေသည့်အစအဆုံးတိုင် သူ '​ကျေးဇူးတင်ပါတယ် ' ဆိုတဲ့ စကားတစ်ခွန်း​တောင်လက်မခံခဲ့ရ​ပေ။

သာမန်ကာလျှံကာသာ သ​ဘောထားလိုက်ပြီး သူအရမ်းသည်းခံရမယ်ဆိုတာ သိတာနဲ့ ထိုလူအတွက် အကြိမ်အများစုကို မျက်နှာလွှဲ​ပေးထားခဲ့သည်။

" ငါတကယ်ပဲ အခုချိန်ထိ မင်းရဲ့ EQ ကဘာပြသနာရှိ​နေလဲမသိ​တော့ဘူး မင်းဒီမှာ အ​နေမကျပ်ဘူးလား? "

" ကျွန်​တော်ဒီမှာ အလုပ်လုပ်ဖို့လာတာ မိတ်​ဆွေဖွဲ့ဖို့မဟုတ်ဘူး "

" မင်းလိုလူက ဘယ်လိုလုပ်မိတ်​ဆွေဖွဲ့နိုင်မှာလဲ "

ကုံးရင့်ရှန် တစ်ခဏတာ တိတ်ဆိတ်သွားပြီး တည်ငြိမ်လျက်ပင် ​ပြောလာသည်။

" ခင်များမှန်ပါတယ် "

ရန်ရိ လှည့်ထွက်လာခဲ့သည်။

လမ်းတစ်​လျှောက်လုံး ရန်ရိ သူ့ကိုယ်သူနှစ်သိမ့်​ပေး​နေသည်။

​ယောက်ျားပီသတဲ့သူတစ်​ယောက်က စိတ်သ​ဘောထားကြီးသင့်တယ် ဟုတ်တယ်

သူက ငယ်ရွယ်၊ ​ခေါင်းမာ​တဲ့ ဒုတိယမျိုးဆက်ကလူချမ်းသာ​လေးထက်​တော့ ပိုပြီးသ​ဘောထားကြီး​သေးတာပဲ ၊

အနည်းဆုံး ကုံးရင့်ရှန် မှုခင်းရဲအရာရှိတစ်​ယောက်အ​နေနဲ့ အရည်အချင်းရှိ​နေ​သေးသ​ရွေ့​တော့ သူ့အလုပ်သူ ပြီး​အောင်လုပ်နိုင်မှာ​ပေါ့၊ အခြားအရာ​တွေက ဒုတိယပါ။

သူကသ​ဘောထားကြီးသူတစ်​ယောက်မို့သာ ကံ​ကောင်းသည်။

မကြာခင်ပဲ စိတ်​ပြေ​လျော့သွား၏။

သူ တိတ်တိတ်ခိုးရိုက်ထား​သော ဓါတ်ပုံများကိုသတိရသွားတာ​ကြောင့် သူ့ဖုန်းကိုထုတ်ကာ ​တစိမ့်စိမ့်ကြည့်လိုက်သည်။

သူပိုကြည့်​လေ​လေ သနားစရာပဲလို့ ပိုခံစားရ​လေ​လေပင်၊

သူ(ကုံးရင့်ရှန်) အသားအရည်​ကောင်း​ကို အလကားရထား​သော်လည်း ပုဂ္ဂိုလ်​ရေးက​တော့ အ​တော့်ကိုစိတ်ပျက်စရာ​ကောင်း၏။

သူ photo alblum ကိုပိတ်လိုက်ပြီး ဖုန်းရဲ့​ရှေ့ camera ကိုဖွင့်လိုက်ရာ အပြုံးကြီးကြီး​ပေါ်လာသည်။

​ကောင်းပြီ အခုဖန်သား​ပေါ်က လူကမှ​ချော​မောခန့်ညားပြီး ကြိုက်ချင်စရာပဲ။

[ T/n : ဟာ ဘဒိုရဲ့ self confidence က​တော့....]

ကားဆရာက ရုတ်တရက် ဘရိတ်ဆွဲလိုက်ပြီး သူ့နှာ​ခေါင်းက screen ကိုတည့်တည့်​ဆောင့်မိ​တော့၏။

မျက်နှာများပင် ကျလုနီးပါး။

သူ​အော်လိုက်သည်။

" ဘာဖြစ်တာလဲမိတ်​ဆွေရဲ့ ကျွန်​တော့်နှာ​ခေါင်းက ယွမ်တစ်​သောင်း​တန်တယ်ဗျ "

ကားဆရာက​ပြောသည်။

" ​တောင်းပန်ပါတယ် ​​ရှေ့မှာရုတ်တရက်ဘရိတ်ဆွဲလိုက်ရလို့ ကြည့်ရတာ ကားအက်ဆီးဒန့် ဖြစ်တာထင်တယ် "

ရန်ရိ ​လေကာ(ကား​ရှေ့မှန်) ကို​ကျော်၍ကြည့်လိုက်သည်။

​ရှေ့ဘက်လမ်းဆုံတွင် လှုပ်လှုပ်ရှားရှားဖြစ်​နေကြပြီး လူ​တွေက ထို​နေရာဘက်သို့ကြည့်​​နေကြလျက် တစ်ချို့က တမင်တကာပင် ပြန်လှည့်ကာကြည့်ကြ​သေး၏။

ရန်ရိ " ဒီမှာပဲဆင်းမယ် "

လို့​ပြောလိုက်ပြီး ကားထဲကထွက်ကာ လမ်းဆုံသို့​လျှောက်သွားလိုက်သည်။

သူအခင်း​နေရာသို့​ရောက်လျင်​ရောက်ချင်း သူ့နှလုံးတုန်ယင်သွားကာ ဦး​​​ရေပြားကတင်းသွားရသည်။

ကားနှင့် ​မော်​တော်ဆိုင်ကယ်တို့ ​ခေါင်းချင်းဆိုင်တိုက်မိကြ​ရာ၌ ဆိုင်ကယ်သမားမှာ ကား​ရှေ့မှန်သို့တိုက်ရိုက်​ဖောက်၀င်သွားရကာ ကား​လေကာမှန်(ကား​ရှေ့မှန်) ​ရှေ့တွင် ​ထိုးထွက်နေ၏။

မှန်များက ခါးတစ်၀ိုက်နှင့် ၀မ်းဗိုက်ကို အားဖြင့်ထိုး၀င်​နေလျက်၊

သားသတ်ရုံတွင် ရက်ရက်စက်စက်အသတ်ခံ​နေရသည့်အလား။

အခင်းက အလွန်စိတ်မချမ်း​မြေ့ဖွယ်ရာအတိ။

[ T/n : ကိုယ်အ​ရှေ့ပိုင်းတစ်၀က်က ကားထဲထိုး​ဖောက်၀င်သွားပြီး ​အောက်ပိုင်းက ကား​ခေါင်း​ရှေ့မှာတစ်​နေတဲ့ပုံစံပါ ထမင်းစားရင်းဘာသာပြန်ရတာ အဆင်​ပြေမ​နေဘူးရယ် =_= ]

ကားဒရိုင်ဘာရဲ့ အ​ခြေအ​နေက ကားအပြင်ဘက်က​နေမမြင်နိုင်၊ သို့​သော် ခန့်မှန်း​ခြေအရ​တော့ ​ကောင်းမည့်ပုံမရ​ပေ။

ထိုမ​တော်တဆမှုက ​နောက်ကားနှစ်စီးကို ကား​နောက်ခြမ်းကိုတိုက်မိသွား​စေပြီး လွင့်စင်သွား​သော ​မော်​တော်ဆိုင်ကယ်ကိုယ်ထည်သည်လည်း လမ်းသွားလမ်းလာ​ကိုယ်ပေါ်သို့ပိ​နေဆဲဖြစ်သည်။

သု့​ဘေး၌မြေကြီး​ပေါ်တွင်ထိုင်ကာ ငို​နေ​သောက​လေးတစ်​ယောက်ရှိပြီး မိန်းက​လေးနှစ်​ယောက်အနက် တစ်​ယောက်က သူ့မြင်ကွင်းကိုကွယ်ထားပြီး တစ်​ယောက်က ထိုက​လေးကိုအရုပ်ဖြင့်​ချော့​မြှူနေသည်။

ထိုအချိန်၌ လူတစ်ချို့က ​အောက်မှာပိ​နေ​တဲ့သူကိုကယ်ဖို့ ​မော်​တော်ဆိုင်ကယ်ကိုယ်ထည်ကို မ,ရန်ကြိုးစားကြသည်။

ရန်ရိ သူ့​ခြေ​ထောက်က နာကျင်မှုကိုဂရုမစိုက်​တော့ဘဲ တစ်ချက်ကြည့်ရန်​ပြေးသွားပြီး ​အော်လိုက်သည်။

" မ​ရွှေ့နဲ့! "

ထိုလူအနည်းစု ​တောင့်သွားကြသည်။

" 120 (ambulance no. ) ကို​ခေါ်ပြီးပြီလား? "

" ​ခေါ်ပြီးပြီ ၊ ​ခေါ်ပြီးပြီ "

" အ​ခြေအ​နေကို ​တင်ပြပြီးပြီလား? "

" ​တင်ပြပြီးပြီ "

​ယေဘုယျအားဖြင့် ရဲက အခင်း​နေရာကအ​ခြေအ​နေကို​သေချာတင်ပြပြီးတာနဲ့ အခုလိုမ​တော်တဆမှုမျိုးဆို 120 က 119 (police) ကိုအ​ကြောင်းကြားမှာပင်။

သို့ရာတွင် ပိုအန္တရာယ်ကင်း​စေဖို့ ​ကောင်းကယ် ကို​ခေါ်ဆိုရင်း တစ်ချိန်တည်းမှာပဲ ​​သေချာစစ်​ဆေးဖို့ မြေကြီး​ပေါ်သို့လှဲချလိုက်သည်။

ထိခိုက်သွားသူမှာ ငယ်ရွယ်သည့်အ​မေတစ်​ယောက်ဖြစ်၏။

​မော်​တော်ဆိုင်ကယ်ရဲ့အပျက်အစီးများက သူ(မ)ကိုယ်​ပေါ်သို့ ဖိမိသွားရုံသာမက ကိုယ်ထည်အပိုင်းစတစ်ခုကလည်း သူ(မ)လက်​မောင်းကို ​ဖောက်၀င်သွားသည်။

သူ(မ) အခုထိအသိရှိ​နေ​သေး​သော်လည်း အသက်ရှူရာတွင် ခက်ခဲ​နေလျက်။

ရန်ရိ ​ရှေးဦးသူနာပြု​လေ့ကျင့်​ရေး တက်ဖူးသည်။

ထို​အပိုင်းအစ ဖောက်၀င်သွားသည့်အ​နေအထားက ​မေ့​ကြောနှင့် လက်​မောင်း​သွေးလွှတ်​ကြော ကြားတွင်ဖြစ်ပြီး ၎င်းလှုပ်ရှားသွားသည်နှင့် ပြင်းထန်​သော ​သွေးယိုစိမ့်မှုဖြစ်လာမည်။

ဖုန်းသည်လည်း ချိတ်ဆက်မိသွားရာ ရန်ရိ ​မေးလိုက်သည်။

" မင်း ​ပေါ်အိုက်လမ်းက သတင်းရလား? "

" ကားမ​တော်တဆမှု၊ ရတယ် "

" ​လှေကားထရပ်ယူပြီး ဒီကိုလာခဲ့ "

ရန်ရိ ဖုန်းချလိုက်ပြီး အားတက်သ​ရောဖြစ်​နေကြသည့် ဖြတ်သွားဖြတ်လာများကို​ပြောလိုက်သည်။

" ကျွန်​တော်က မီးသတ်သမားပါ ပြီး​တော့အခု ကျွန်​တော့်ညွှန်ကြားချက်အတိုင်းလိုက်လုပ်​ပေးကြပါ အမျိုးသမီးနှစ်​ယောက် သူ့သားကို​ဘေး​ခေါ်သွား​ပေးပါ ခဏ​နေရင် ယာဥ်ထိန်းရဲ​တွေလာပြီး လမ်းရှင်းပေးပါလိမ့်မယ်၊ မင်းတို့သုံး​ယောက်, ဒီဆိုင်ကယ်ကိုမထား​ပေး သူ(မ) လက်​မောင်းကိုမထိနဲ့ ဒီတိုင်း​လေးပဲကိုင်ထား​ပေး မင်းတို့​ညောင်းရင် လူလဲကြပါ "

ရန်ရိ သူ(မ) အင်္ဂါအစိတ်မပိုင်းများဖိအား​လျှော့ကျ​စေရန် လူသုံး​ယောက်အား ​မော်​တော်ဆိုင်ကယ်အပျက်အစီးကိုမ,ထား​ပေးရန် အမိန့်​ပေးလိုက်သည်။

သူ(မ) ကို လက်​မောင်းက အပိုင်းအစအားမထိရန် အထပ်ထပ်သတိ​ပေးပြီး​နောက် သူလှည့်ကာ မ​တော်တဆဖြစ်ထား​သောကားထံသို့​ ပြေးသွားလိုက်သည်။

​နောက်က သုံးစီး​မြောက်ကား​မောင်းသမား ကားထဲကထွက်လာကာ ဘာမှမထိခိုက်သွားပုံ​ပေါ်ပြီး ဒုတိယ​မြောက်ကား​မောင်းသမားက​တော့ မလှုပ်​ပေ။

ရန်ရိ ကားဆီသို့​ပြေးသွားပြီး ကားပြတင်းမှငုံ့ကိုင်းလိုက်ကာ အထဲသို့ကြည့်လိုက်သည်။

ကား​မောင်းသူက​တော့ သတိ​မေ့​​မြောနေပြီဖြစ်ပြီး သူ ကား​ရှေ့မှန်တွင်တစ်​နေ​သော ​မော်​တော်ဆိုင်ကယ်သမားကိုထပ်ကြည့်လိုက်သည်။

ထိုသူ့မျက်နှာက ​သွေးများ​ဖြင့်ဖုံး​နေ​သော်လည်း ဆယ်​ကျော်သက်​ကောင်​လေးတစ်​ယောက်ဖြစ်မှန်းတော့ သူ​ရေး​တေး​တေးသိနိုင်​သည်။

ရန်ရိ ထိုသူ့လက်​ကောက်၀တ်ကို အပြင်သို့ ဖွဖွ​လေးဆွဲလိုက်ပြီး လက်တွင်​တော့ အလွန်အားနည်း​သော ​သွေးခုန်နှုန်းအရိပ်အ​ယောင်​လေး ကျန်ရှိ​နေ​သေး၏။

ထိုအချိန်တွင် ရန်ရိ ဥသြသံကြားလိုက်ရပြီး ကြည့်လိုက်တော့ သူတို့စခန်း၏ကယ်ဆယ်ကားက အ​ဝေးမှလှမ်းလာ​နေလျက်။

လူနာတင်ယာဥ်သည်လည်း တစ်ချိန်တည်းနီးပါး​ရောက်လာသည်။

​ကောင်းကယ် ကား​ပေါ်မှ ပထမဆုံးခုန်ဆင်းလာသည်။

ရန်ရိ လှမ်း​အော်လိုက်၏။

" ​ကောင်းကယ် ​လှေကားပါတဲ့ကားကို​ရှေ့မောင်းလာပြီး ကြိုး​တွေအသင့်ပြင်ထား၊ ငါ့တို့လူကယ်ထုတ်မယ်၊ စွန်းတင့်ရိ က ဟိုက်ဒ​ရောလစ်ညှပ်ယူ၊ ​စွေ့ရိ​ရှောင်းက ဒီကို လွှစက်ယူလာခဲ့ အခြားတစ်​ယောက်ကို ဒုတိယ​မြောက်ကားသမားကိုကြည့်ခိုင်းလိုက်! "

ဖီးနစ်တပ်ဖွဲ့သားများအားလုံး အလိုလိုနားလည်မှုနှင့် တပ်သားစိတ်ဓါတ်များဖြင့် ပူး​ပေါင်းလုပ်​ဆောင်ကြသည်။

အခြားတစ်ဖက်တွင်​တော့ ​စွန်းတင့်ရိက ဟိုက်ဒ​ရောလစ်ညှပ်ဖြင့် ပုံပျက်​နေ​သော ကားတံခါးကို က​လော်ဖွင့်ပြီး အ​ရေး​ပေါ်ကယ်ဆယ်​ရေးသမားများကို ကူညီကာ ​ခေါင်းခန်းမှ သတိလစ်​နေသည့်ကားသမားကို ကယ်ထုတ်၍ လူနာတင်ဘုတ်ပြားသို့ တင်​ပေးလိုက်သည်။

တစ်ဖက်မှာလည်း ​စွေ့ရိ​ရှောင်းက ​လွှစက်ဖြင့်​မော်​တော်ဆိုင်ကယ်အပျက်အစီးကို ဂရုတစိုက် ဖြတ်ကာ ​မော်​တော်ဆိုင်ကယ်အပိုင်းအစ​အောက်မှ အ​မေငယ်​လေးကို ကယ်ဆယ်လိုက်ပြီး

အ​ရေး​ပေါ်ကယ်ဆယ်​ရေးများက ချက်ချင်းပဲ​ဆေးယိုစိမ့်မှုကိုတားဆီးလိုက်၍ သူမကိုအသက်ကယ်​ပေးကြသည်။ သို့​သော် ​သွေး​ကြောမှ အပိုင်းအစက​တော့ ​ဆေးရုံမှ ခွဲစိတ်ဆရာ၀န်က ခွဲထုတ်​ပေးမှသာ ရမည်။

ဒုတိယကားထဲက ကားသမားသည်လည်း ကယ်ထုတ်​ပေးပြီး​​လေပြီ။

သူမက​တော့ ​​အသက်ကယ်လေအိတ်နဲ့​ဆောင့်မိပြီး အားနည်းကာသတိလစ်သွားရုံသာ။

အခြားဒဏ်ရာအ​သေးအဖွဲများက​တော့ အဆင်​ပြေသည်။

အခက်ခဲဆုံးတစ်​ယောက်က​တော့ ဆိုင်ကယ်သမားပင်ဖြစ်​ချေ၏။

အ​ရေး​ပေါ်၀န်ထမ်းက ထိုသူ့ကို​လေသွင်း​ပေးရင်းနှင့် ​အော်လာသည်။

" ​ခေါင်း​ဆောင်ရန် သူ​ရှော့ခ်ရ​နေတယ်! "

ရန်ရိ ​ပြောလိုက်သည်။

" ​ကောင်းကယ် မင်းအဆင်သင့်ပဲလား? "

" အသင့် "

​ကောင်းကယ် ​လှေကားကို ထိန်းချုပ်ကာ ကားအ​ပေါ်ဘက်၌ရပ်လိုက်သည်။

တပ်သားတစ်​ယောက်က ​လှေကား​ပေါ်သို့တက်သွားကာ အ​ပေါ်မှ အသက်ကယ်ကြိုးချ​ပေးလာ၏။

လူနည်းစုက ထို​ကောင်​လေးရဲ့တင်ပါးရိုးပေါ်၌ ကယ်ဆယ်​ရေးခါးပတ်တပ်​ပေးကြပြီး ခါးပတ်ချိတ်ကို ကယ်ဆယ်​ရေးကြိုးနှင့်ဆက်လိုက်ကာ အ​လေးချိန်ညှိရသည်။

လူနှစ်​ယောက်က ​ကောင်​လေးရဲ့ခြေ​ထောက်​တွေကို အပြင်ဘက်က​နေ ​မြှောက်တင်​ပေးကြပြီး ရန်ရိကကားထဲ၀င်ကာ သူ့ပခုံးများကိုထုတ်​ပေးလိုက်သည်။

ထိုလူငယ်​လေးက အရပ်ရှည်ကာ သန်မာသည်။

သူတို့ ထို​ကောင်​လေးခန္ဓါကိုယ်ကို ချည်ဖို့ ကြိုးသာမသုံးခဲ့ဘူးဆိုရင် သူတို့ ထိုကောင်​လေးကို ဒီလိုအ​နေအထား၊ ဒီလို​ထောင့်မျိုး နှင့်ပင် အမြဲတမ်းဟန်ချက်ညီ​နေ​အောင် ထိန်းထားနိုင်ပါ့မလား မ​သေချာ​ပေ။

​သေ​စေ​လောက်တဲ့ ဖန်စ​တွေကလည်းသူ့ကိုယ်ထဲတွင် ရှိ​နေ​သေးပြီး မည်သည့်မှားသွင်း​သောအပြုအမူမျိုးကမဆို သူ့ကိုချက်ချင်း​သေ​စေနိုင်သည်။

ရုတ်တရက် ​ကောင်​လေးလှုပ်လာကာ သူ့မျက်လုံးများကို တဖြည်းဖြည်းချင်းဖွင့်လာ၏။

သူ့ရဲ့က​လေးဆန်​သောမျက်နှာ​လေးက စာရွက်တစ်ရွက်ကဲ့သို့ဖြူစွတ်​နေပြီး အမာရွတ်များဖြင့်ဖုံး​နေကာ ​သွေးများကမျက်နှာတစ်ခုလုံးကိုစီးကျ​နေလျက်။

သူ့ဆံပင်စများနှင့် မျက်​တောင်အဖျားများပင် ​သွေး​တတောက်​တောက် စီးကျ​နေ၍ မျက်၀န်းများက ရီ​ဝေ​နေ၏။

နှုတ်ခမ်းများက တုန်ယင်လျက် တိုး​ဖျော့​သောအသံဖြင့်​ပြောလာသည်။

" ...ကျွန်​တော့်ကို...ကယ်​ပေးပါ...."

​သွေးများ ရန်ရိမျက်နှာနှင့်ကိုယ်​ပေါ်သို့ တစက်စက်ကျလာသည်။

" ​တောင့်ထား​ဦး "

ရန်ရိ စိတ်အေးစွာ​ပြောလိုက်သည်။

" အစ်ကိုတို့မင်းကို အခုချက်ချင်းကယ်မယ်.. မင်း​တောင့်ထားရမယ်​နော် "

​စွေ့ရိ​ရှောင်း လွှစက်ကိုလက်ထဲကိုင်ကာ ​ဘေးတွင်ရပ်လိုက်ပြီး အသက်ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။

" အဆင်​ပြေရဲ့လား? "

သူ ရန်ရိကို စိုးရိမ်လျက်ကြည့်လိုက်သည်။

ရန်ရိ ​ခေါင်းညိတ်ပြလိုက်၏။

​စွေ့ရိ​ရှောင်း မျက်လုံး​ထောင့်စွန်းများက ​ချွေးဖြင့်စိုစွတ်​နေသည်။

သူ မျက်​တောင်တဖျတ်ဖျတ်ခပ်လိုက်ပြီး လွှစက်ကိုဖွင့်ကာ ​လေကာမှန်ကို စ,ဖြတ်လိုက်၍ ​ကောင်​လေးရဲ့​ကိုယ်အောက်ဖျားပိုင်းတစ်​လျှောက် ​ဖောက်၀င်​နေ​သော မှန်များကိုဖြတ်သည်။

မှန်များ ပိုင်းခြားသွားသည်နှင့် ရန်ရိ ​ကောင်းကယ်ကို ​လှေကားအား ဖြည်းဖြည်းချင်းဆွဲတင်ရန် အမိန့်​ပေးလိုက်သည်။

ကြိုးက ​ကောင်​လေးကိုယ်ကို ဟန်ချက်ထိန်း​ပေးထားလျက်၊

ထပ်​ပေါင်းကာ သူ့​ခြေ​ထောက်များနှင့် ​ခေါင်းကို ​ထောက်​ပေးထားသူများလည်းရှိ၏။

သူတို့ ​​ရှော​ရှောရှူရှူပဲ ​ကောင်​လေးကိုအပြင်ထုတ်လိုက်ကြကာ ဂရုတစိုက် ကိုယ်ကိုလှည့်လိုက်ပြီး အသက်ကယ်ဘုတ်ပြား​ပေါ် တင်လိုက်ကြသည်။

ဖန်စအ​ကြောင်းလိုက်က ​ကောင်​လေးရဲ့​ရှေ့ဘက် ၀မ်းဗိုက်သို့ထိုး၀င်​နေကာ ကန့်လန့်ဖြတ်အမာရွတ်ဖြစ်လုနီးပါး၊

အတွင်းအင်္ဂါများကိုပင်ရှင်းရှင်းလင်းလင်း မြင်နိုင်​နေသည်။

" အသက်မရှူ​တော့ဘူး! "

အ​ရေး​ပေါ်၀န်ထမ်းနှစ်ဦးက ချက်ချင်း ​သွေးထိန်းစည်းကို ချည်​နှောင်လိုက်ကြကာ adrenaline ထိုးသွင်း​ပေးလိုက်၍ နှလုံးအသက်ကယ်နည်းကိုလုပ်​ဆောင်ကြသည်။

[ T/n : ​သွေးထိန်းစည်း : ​သွေးယိုစီးမှုကိုထိန်းရန် ​ခြေ/လက် တို့ကို စည်း​နှောင်ရ​သော ကြိုးစ/အ၀တ်စ ။

adrenaline : စိတ်လှုပ်ရှား​သောအခါ အဒရီနယ်ဂလင်းများကထုတ်​ပေး၍ နှလုံးခုန်နှုန်း ၊ စွမ်းအင် နှင့် တုံ့ပြန်မှုအား ပိုမိုမြန်ဆန်​စေ​သောအရည် (ပစ္စည်း) ]

တပ်သားများက ​ဘေးတွင်ရပ်ကာ အ​ရေး​ပေါ်၀န်ထမ်းများက ​ကောင်လေးအတွက် defibrillator (နှလုံးနှိုးစက်) ကို ပလပ်တပ်၍ လျှပ်​ရှော့စ,ရိုက်သည်။

တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ်...

သူ့ရဲ့ နှလုံးလျှပ်စစ်မှတ်တမ်းက ငြိမ်သက်​သောကန်​ရေပြင်လို။ လှိုင်းများမရှိ​နိုင်တော့ပြီ။

အ​ရေး​ပေါ်၀န်ထမ်း​ကသက်ပြင်းချသည်။

" ​သေဆုံးချိန် 14 နာရီ 26 မိနစ်...."

ရန်ရိ မျက်လုံးများမှိတ်လိုက်ပြီး သူ့မျက်လုံးများထဲ​ပေါ်လာသည်က ​စိတ်၀ိညာဥ်အနက်ပိုင်းထဲက​နေ အသက်ရှင်ဖို့အတွက် ရုန်းကန်​နေသည့် ထိုကောင်ငယ်​လေးရဲ့ ​သေလု​မျောပါး မျက်၀န်းများသာ။

ကယ်ဆယ်​ရေးတွင်ပါ၀င်ကြ​သော တပ်သားများ ဦးညွှတ်လိုက်ကြသည်။

​မွေးဖွားခြင်းနှင့် ​သေဆုံးခြင်းကြားမှာ လူတစ်​ယောက်က ပန်းက​လေးညွှိုးနွမ်းသွားသည်ထက်ပင် အချိန်ပိုတိုပြီး ပိုလွယ်နိုင်​သေးသည်။

စခန်းသို့ပြန်​ရောက်ပြီး​နောက် ရန်ရိ အ၀တ်လဲရင်း ထိုအ​ပေါ်မှ ​သွေးစက်များကိုကြည့်လိုက်ပြီး ရုတ်တရက်အ၀တ်များကြမ်း​ပေါ်သို့ ​လွှတ်မချမိခင် နှစ်စက္ကန့်မျှငြိမ်သက်သွားရ၏။

========

oi oi oi မခံနိုင်ဘူး ရင်ထဲနာတယ် TuT

အလုပ်မအားလို့ update ကြာတာ sorry ပါဗျ

သိုး​မွေးထိုးကျင့်​နေလို့ :3

ကဲ ​သေဆုံးသွားသူ ​ကောင်​လေးအတွက် ဦးညွှတ်​ပေးကြပါဦး

R.I.P

-14 11 2020

- lynx

________

[ ZAWGYI ]

နာရီအနည္းငယ္ၾကာ အမႈစစ္​ေမးၿပီးသည့္​ေနာက္ သူတို႔ က်ိဳးခြၽမ္းထံက ယာယီအားျဖင့္ ဘာမွထပ္တူးဆြလို႔မရ​ေတာ့​ေပ၊ ေနာက္ၿပီး သူတို႔လည္း ပင္ပန္း​ေန​ေလၿပီ။

စစ္​ေဆးခန္းကထြက္​ေတာ့ ရန္ရိ ကုံးရင့္ရွန္​ေနာက္က ​ေထာ့နဲ႔​ေထာ့နဲ႔ျဖင့္​ေလွ်ာက္ထြက္လာကာ ​ေစာဒကတက္လိုက္သည္။

" ငါ​ေရအရမ္းဆာတယ္ ၊ မင္းလက္ထဲမွာ ​ေရဘူးကိုင္ထားရင္ ငါ့ကို တစ္ခြက္​ေလာက္ငွဲ႔​ေပးဖို႔​သတိမရဘူးလား? "

ကုံးရင့္ရွန္ လမ္း​ေလွ်ာက္ရင္း ဆက္သြယ္​ေရးအခန္းကို ၾကည့္ကာ ပုံမွန္အတိုင္း လက္ညႇိဳးၫႊန္ျပသည္။

" ​ေရသန္႔စက္ "

ရန္ရိ ​ေဒါသထြက္ထြက္ႏွင့္ ​ေျပာသည္။

" ငါ့​ေျခ​ေထာက္ က်ိဳး​ေတာ့မလိုခံစား​ေနရတာ ဘယ္သူ႔အျပစ္လဲ? ဘယ္သူက ငါ့ကို ညလယ္ေခါင္ႀကီးအမႈစုံစမ္းဖို႔​ေခၚတာလဲ? ဘယ္သူငါ့ကို ​ေခ်ာ္လဲ​ေအာင္လုပ္တာလဲ? "

ကုံးရင့္ရွန္ ​ေခါင္း​ေမာ့လာၿပီး သူ႔ကိုလွမ္းၾကည့္ကာ ​ေနာက္ဆုံး​ေတာ့ အသိတရားရလာ၏။

" ဒီမွာ​ေစာင့္​ေန "

ရန္ရိ ဧည့္ႀကိဳ​ေနရာက ဆိုဖာတြင္ထိုင္​ေနရင္း သူ႔​ေရွ႕မွ ႐ုံးခန္း​ေနရာကို လွမ္းၾကည့္လိုက္သည္။

ထို​ေနရာ၌ ကိုယ္ပိုင္အလုပ္စားပြဲ အ​ေတာ္မ်ားမ်ားစီတန္းထားလ်က္ ရွိ​ေန​ေသာ္လည္း ဘယ္စားပြဲက ကုံးရင့္ရွန္ဟာလဲဆိုတာ သူ​ဆုံးျဖတ္ႏိုင္သည္။

၎က အသန္႔ရွင္းဆုံးနဲ႔ အ​ေသသပ္ဆုံးသာ ျဖစ္ရမည္။

ကုံးရင့္ရွန္ ​နံရံကို​ေက်ာ္၍ေရသန္႔စက္ဆီသို႔သြားကာ စကၠဴခြက္ကိုယူ၊ ခါးၫႊတ္လိုက္ၿပီး သူ႔ဘက္သို႔ ​ေက်ာ​ေပးထားလ်က္ ​ေရခံ​ေနသည္။

​ေအာက္သို႔ခါးကုန္းၫႊတ္လိုက္ျခင္းက ကုံးရင့္ရွန္၏ ​ေဘာင္းဘီကိုတင္းသြား​ေစၿပီး တင္သားမ်ားႏွင့္ ​ေျခတံရွည္မ်ားကို တမင္တကာ လွစ္ဟာျပ​ေနသည္။

​ေဘာင္းဘီအ​ေပၚဘက္သို႔ တက္သြား​ေသာေၾကာင့္လည္း ​ေျခခ်င္း၀တ္ထက္က ပစၥတိုအိတ္ကို ​တစ္စြန္းတစ္စ ေပၚလာ​ေစ၏။

ျဖား​ေယာင္း​ေသြး​ေဆာင္၍ အႏၲရာယ္လည္းရွိလ်က္။

ရန္ရိ ​မတတ္သာဘဲ ေလဖြဖြခြၽန္လိုက္ၿပီး သူ႔ဖုန္းကို ခိုးထုတ္လိုက္ကာ ဓါတ္ပုံခိုး႐ိုက္လိုက္​​ေတာ့သည္။

ကုံးရင့္ရွန္ ကိုယ္ျပန္မတ္လိုက္​ေတာ့ က်ယ္ျပန္႔​ေသာပခုံးမ်ား၊ သြယ္လ်​ေသာခါး ၊ ​ေျခတံရွည္မ်ားႏွင့္ တင္သားမ်ားက သာလြန္​ေသာအရပ္အ​ေမာင္းထက္၀ယ္ ရွိ​ေနေသးသည္။ ဘုရားသခင္က အႏုစိတ္ပုံ​ေဖာ္ထြင္းထု​ေပးထားသည့္အလား။

ရန္ရိ ​ေနာက္တစ္ပုံ ထပ္႐ိုက္လိုက္ၿပီး ကုံးရင့္ရွန္ ျပန္လာခ်ိန္တြင္​ေတာ့ ​ဘာလိုလိုနဲ႔ေခါင္းငုံ႔ကာ ဖုန္းႏွင့္ကစား​ေနလိုက္သည္။

ကုံးရင့္ရွန္သူ႔ဆီလာၿပီး ​ေရခြက္ကမ္း​ေပး၏။

ရန္ရိ ​ေရတစ္ငုံ​ေသာက္လိုက္သည္။

" မင္း​ေနာက္ထပ္ဘာလုပ္မွာလဲ? "

" လိုက္ဖို႔လမ္း​ေၾကာင္း​ေတြရွိတယ္၊ က်ိဳးခြၽမ္း၊ ဘားပိုင္ရွင္နဲ႔သူ႔ၿပိဳင္ဘက္​ေတြ၊ ခိုင့္၀မ္နဲ႔ စား​ေသာက္ခန္းထဲကအျခားသုံး​ေယာက္​ေရာ"

ကုံးရင့္ရွန္ သူ႔မ်က္ခုံးမ်ားကို ပြတ္ႏွိပ္လိုက္သည္။

" စခန္းကိုျပန္လိုက္ပါ ကြၽန္​ေတာ္အကူအညီလိုရင္ ခင္မ်ားကို​အသိ​ေပးမယ္ "

" ငါ့ကို ' အသိ​ေပး ' မယ္? "

ရန္ရိ မသက္မသာနဲ႔​ေျပာလိုက္သည္။

" ငါက မင္းလက္ေအာက္ခံလား? မင္းငါ့ကို လစား​ေပးလား?  ' ​ေမးပါ့မယ္ ' ကမွစကားလုံးအမွန္ကြ "

[ T/n : ​ေမးပါ့မယ္* ဆိုတာက တ​ေလးတစား အကူအညီ​ေတာင္းတဲ့သ​ေဘာမို႔ပါ ]

ကုံးရင့္ရွန္ ​ေျပာသည္။

" ခင္မ်ားလိုခ်င္တဲ့ဘယ္စကားလုံးျဖစ္ျဖစ္ ႀကိဳက္တာ​ေ႐ြးလို႔ရတယ္ "

" မင္း...."

ရန္ရိ စိတ္ဆင္းရဲသည္။

သူအခ်ိန္အၾကာႀကီး အလုပ္မ်ား​ေနရၿပီး ဒဏ္ရာလည္းရခဲ့​ေသး၏။

ကုံးရင့္ရွန္ႏွင့္ အတူရွိ​ေနသည့္အစအဆုံးတိုင္ သူ '​ေက်းဇူးတင္ပါတယ္ ' ဆိုတဲ့ စကားတစ္ခြန္း​ေတာင္လက္မခံခဲ့ရ​ေပ။

သာမန္ကာလွ်ံကာသာ သ​ေဘာထားလိုက္ၿပီး သူအရမ္းသည္းခံရမယ္ဆိုတာ သိတာနဲ႔ ထိုလူအတြက္ အႀကိမ္အမ်ားစုကို မ်က္ႏွာလႊဲ​ေပးထားခဲ့သည္။

" ငါတကယ္ပဲ အခုခ်ိန္ထိ မင္းရဲ႕ EQ ကဘာျပသနာရွိ​ေနလဲမသိ​ေတာ့ဘူး မင္းဒီမွာ အ​ေနမက်ပ္ဘူးလား? "

" ကြၽန္​ေတာ္ဒီမွာ အလုပ္လုပ္ဖို႔လာတာ မိတ္​ေဆြဖြဲ႕ဖို႔မဟုတ္ဘူး "

" မင္းလိုလူက ဘယ္လိုလုပ္မိတ္​ေဆြဖြဲ႕ႏိုင္မွာလဲ "

ကုံးရင့္ရွန္ တစ္ခဏတာ တိတ္ဆိတ္သြားၿပီး တည္ၿငိမ္လ်က္ပင္ ​ေျပာလာသည္။

" ခင္မ်ားမွန္ပါတယ္ "

ရန္ရိ လွည့္ထြက္လာခဲ့သည္။

လမ္းတစ္​ေလွ်ာက္လုံး ရန္ရိ သူ႔ကိုယ္သူႏွစ္သိမ့္​ေပး​ေနသည္။

​ေယာက္်ားပီသတဲ့သူတစ္​ေယာက္က စိတ္သ​ေဘာထားႀကီးသင့္တယ္ ဟုတ္တယ္

သူက ငယ္႐ြယ္၊ ​ေခါင္းမာ​တဲ့ ဒုတိယမ်ိဳးဆက္ကလူခ်မ္းသာ​ေလးထက္​ေတာ့ ပိုၿပီးသ​ေဘာထားႀကီး​ေသးတာပဲ ၊

အနည္းဆုံး ကုံးရင့္ရွန္ မႈခင္းရဲအရာရွိတစ္​ေယာက္အ​ေနနဲ႔ အရည္အခ်င္းရွိ​ေန​ေသးသ​ေ႐ြ႕​ေတာ့ သူ႔အလုပ္သူ ၿပီး​ေအာင္လုပ္ႏိုင္မွာ​ေပါ့၊ အျခားအရာ​ေတြက ဒုတိယပါ။

သူကသ​ေဘာထားႀကီးသူတစ္​ေယာက္မို႔သာ ကံ​ေကာင္းသည္။

မၾကာခင္ပဲ စိတ္​ေျပ​ေလ်ာ့သြား၏။

သူ တိတ္တိတ္ခိုး႐ိုက္ထား​ေသာ ဓါတ္ပုံမ်ားကိုသတိရသြားတာ​ေၾကာင့္ သူ႔ဖုန္းကိုထုတ္ကာ ​တစိမ့္စိမ့္ၾကည့္လိုက္သည္။

သူပိုၾကည့္​ေလ​ေလ သနားစရာပဲလို႔ ပိုခံစားရ​ေလ​ေလပင္၊ 

သူ(ကုံးရင့္ရွန္) အသားအရည္​ေကာင္း​ကို အလကားရထား​ေသာ္လည္း ပုဂၢိဳလ္​ေရးက​ေတာ့ အ​ေတာ့္ကိုစိတ္ပ်က္စရာ​ေကာင္း၏။

သူ photo alblum ကိုပိတ္လိုက္ၿပီး ဖုန္းရဲ႕​ေရွ႕ camera ကိုဖြင့္လိုက္ရာ အၿပဳံးႀကီးႀကီး​ေပၚလာသည္။

​ေကာင္းၿပီ အခုဖန္သား​ေပၚက လူကမွ​ေခ်ာ​ေမာခန္႔ညားၿပီး ႀကိဳက္ခ်င္စရာပဲ။

[ T/n : ဟာ ဘဒိုရဲ႕ self confidence က​ေတာ့....]

ကားဆရာက ႐ုတ္တရက္  ဘရိတ္ဆြဲလိုက္ၿပီး သူ႔ႏွာ​ေခါင္းက screen ကိုတည့္တည့္​ေဆာင့္မိ​ေတာ့၏။

မ်က္ႏွာမ်ားပင္ က်လုနီးပါး။

သူ​ေအာ္လိုက္သည္။

" ဘာျဖစ္တာလဲမိတ္​ေဆြရဲ႕ ကြၽန္​ေတာ့္ႏွာ​ေခါင္းက ယြမ္တစ္​ေသာင္း​တန္တယ္ဗ် "

ကားဆရာက​ေျပာသည္။

" ​ေတာင္းပန္ပါတယ္ ​​ေရွ႕မွာ႐ုတ္တရက္ဘရိတ္ဆြဲလိုက္ရလို႔ ၾကည့္ရတာ ကားအက္ဆီးဒန္႔ ျဖစ္တာထင္တယ္ "

ရန္ရိ ​ေလကာ(ကား​ေရွ႕မွန္) ကို​ေက်ာ္၍ၾကည့္လိုက္သည္။

​ေရွ႕ဘက္လမ္းဆုံတြင္ လႈပ္လႈပ္ရွားရွားျဖစ္​ေနၾကၿပီး လူ​ေတြက ထို​ေနရာဘက္သို႔ၾကည့္​​ေနၾကလ်က္ တစ္ခ်ိဳ႕က တမင္တကာပင္ ျပန္လွည့္ကာၾကည့္ၾက​ေသး၏။

ရန္ရိ " ဒီမွာပဲဆင္းမယ္ "

လို႔​ေျပာလိုက္ၿပီး ကားထဲကထြက္ကာ လမ္းဆုံသို႔​ေလွ်ာက္သြားလိုက္သည္။

သူအခင္း​ေနရာသို႔​ေရာက္လ်င္​ေရာက္ခ်င္း သူ႔ႏွလုံးတုန္ယင္သြားကာ ဦး​​​ေရျပားကတင္းသြားရသည္။

ကားႏွင့္ ​ေမာ္​ေတာ္ဆိုင္ကယ္တို႔ ​ေခါင္းခ်င္းဆိုင္တိုက္မိၾက​ရာ၌ ဆိုင္ကယ္သမားမွာ ကား​ေရွ႕မွန္သို႔တိုက္႐ိုက္​ေဖာက္၀င္သြားရကာ ကား​ေလကာမွန္(ကား​ေရွ႕မွန္) ​ေရွ႕တြင္ ​ထိုးထြက္ေန၏။

မွန္မ်ားက ခါးတစ္၀ိုက္ႏွင့္ ၀မ္းဗိုက္ကို အားျဖင့္ထိုး၀င္​ေနလ်က္၊ 

သားသတ္႐ုံတြင္ ရက္ရက္စက္စက္အသတ္ခံ​ေနရသည့္အလား။

အခင္းက အလြန္စိတ္မခ်မ္း​ေျမ့ဖြယ္ရာအတိ။

[ T/n : ကိုယ္အ​ေရွ႕ပိုင္းတစ္၀က္က ကားထဲထိုး​ေဖာက္၀င္သြားၿပီး ​ေအာက္ပိုင္းက ကား​ေခါင္း​ေရွ႕မွာတစ္​ေနတဲ့ပုံစံပါ ထမင္းစားရင္းဘာသာျပန္ရတာ အဆင္​ေျပမ​ေနဘူးရယ္ =_= ]

ကားဒ႐ိုင္ဘာရဲ႕ အ​ေျခအ​ေနက ကားအျပင္ဘက္က​ေနမျမင္ႏိုင္၊ သို႔​ေသာ္ ခန္႔မွန္း​ေျခအရ​ေတာ့ ​ေကာင္းမည့္ပုံမရ​ေပ။

ထိုမ​ေတာ္တဆမႈက ​ေနာက္ကားႏွစ္စီးကို ကား​ေနာက္ျခမ္းကိုတိုက္မိသြား​ေစၿပီး လြင့္စင္သြား​ေသာ ​ေမာ္​ေတာ္ဆိုင္ကယ္ကိုယ္ထည္သည္လည္း လမ္းသြားလမ္းလာ​ကိုယ္ေပၚသို႔ပိ​ေနဆဲျဖစ္သည္။

သု႔​ေဘး၌ေျမႀကီး​ေပၚတြင္ထိုင္ကာ ငို​ေန​ေသာက​ေလးတစ္​ေယာက္ရွိၿပီး မိန္းက​ေလးႏွစ္​ေယာက္အနက္ တစ္​ေယာက္က သူ႔ျမင္ကြင္းကိုကြယ္ထားၿပီး တစ္​ေယာက္က ထိုက​ေလးကိုအ႐ုပ္ျဖင့္​ေခ်ာ့​ျမႇဴေနသည္။

ထိုအခ်ိန္၌ လူတစ္ခ်ိဳ႕က ​ေအာက္မွာပိ​ေန​တဲ့သူကိုကယ္ဖို႔ ​ေမာ္​ေတာ္ဆိုင္ကယ္ကိုယ္ထည္ကို မ,ရန္ႀကိဳးစားၾကသည္။

ရန္ရိ သူ႔​ေျခ​ေထာက္က နာက်င္မႈကိုဂ႐ုမစိုက္​ေတာ့ဘဲ တစ္ခ်က္ၾကည့္ရန္​ေျပးသြားၿပီး ​ေအာ္လိုက္သည္။

" မ​ေ႐ႊ႕နဲ႔! "

ထိုလူအနည္းစု ​ေတာင့္သြားၾကသည္။

" 120 (ambulance no. ) ကို​ေခၚၿပီးၿပီလား? "

" ​ေခၚၿပီးၿပီ ၊ ​ေခၚၿပီးၿပီ "

" အ​ေျခအ​ေနကို ​တင္ျပၿပီးၿပီလား? "

" ​တင္ျပၿပီးၿပီ "

​ေယဘုယ်အားျဖင့္ ရဲက အခင္း​ေနရာကအ​ေျခအ​ေနကို​ေသခ်ာတင္ျပၿပီးတာနဲ႔ အခုလိုမ​ေတာ္တဆမႈမ်ိဳးဆို 120 က 119 (police) ကိုအ​ေၾကာင္းၾကားမွာပင္။

သို႔ရာတြင္ ပိုအႏၲရာယ္ကင္း​ေစဖို႔ ​ေကာင္းကယ္ ကို​ေခၚဆိုရင္း တစ္ခ်ိန္တည္းမွာပဲ ​​ေသခ်ာစစ္​ေဆးဖို႔ ေျမႀကီး​ေပၚသို႔လွဲခ်လိုက္သည္။

ထိခိုက္သြားသူမွာ ငယ္႐ြယ္သည့္အ​ေမတစ္​ေယာက္ျဖစ္၏။

​ေမာ္​ေတာ္ဆိုင္ကယ္ရဲ႕အပ်က္အစီးမ်ားက သူ(မ)ကိုယ္​ေပၚသို႔ ဖိမိသြား႐ုံသာမက ကိုယ္ထည္အပိုင္းစတစ္ခုကလည္း သူ(မ)လက္​ေမာင္းကို ​ေဖာက္၀င္သြားသည္။

သူ(မ) အခုထိအသိရွိ​ေန​ေသး​ေသာ္လည္း အသက္ရႉရာတြင္ ခက္ခဲ​ေနလ်က္။ 

ရန္ရိ ​ေရွးဦးသူနာျပဳ​ေလ့က်င့္​ေရး တက္ဖူးသည္။

ထို​အပိုင္းအစ ေဖာက္၀င္သြားသည့္အ​ေနအထားက ​ေမ့​ေၾကာႏွင့္ လက္​ေမာင္း​ေသြးလႊတ္​ေၾကာ ၾကားတြင္ျဖစ္ၿပီး ၎လႈပ္ရွားသြားသည္ႏွင့္ ျပင္းထန္​ေသာ ​ေသြးယိုစိမ့္မႈျဖစ္လာမည္။

ဖုန္းသည္လည္း ခ်ိတ္ဆက္မိသြားရာ ရန္ရိ ​ေမးလိုက္သည္။

" မင္း ​ေပၚအိုက္လမ္းက သတင္းရလား? "

" ကားမ​ေတာ္တဆမႈ၊ ရတယ္ "

" ​ေလွကားထရပ္ယူၿပီး ဒီကိုလာခဲ့ "

ရန္ရိ ဖုန္းခ်လိုက္ၿပီး အားတက္သ​ေရာျဖစ္​ေနၾကသည့္ ျဖတ္သြားျဖတ္လာမ်ားကို​ေျပာလိုက္သည္။

" ကြၽန္​ေတာ္က မီးသတ္သမားပါ ၿပီး​ေတာ့အခု ကြၽန္​ေတာ့္ၫႊန္ၾကားခ်က္အတိုင္းလိုက္လုပ္​ေပးၾကပါ အမ်ိဳးသမီးႏွစ္​ေယာက္ သူ႔သားကို​ေဘး​ေခၚသြား​ေပးပါ ခဏ​ေနရင္ ယာဥ္ထိန္းရဲ​ေတြလာၿပီး လမ္းရွင္းေပးပါလိမ့္မယ္၊  မင္းတို႔သုံး​ေယာက္, ဒီဆိုင္ကယ္ကိုမထား​ေပး သူ(မ) လက္​ေမာင္းကိုမထိနဲ႔ ဒီတိုင္း​ေလးပဲကိုင္ထား​ေပး မင္းတို႔​ေညာင္းရင္ လူလဲၾကပါ "

ရန္ရိ သူ(မ) အဂၤါအစိတ္မပိုင္းမ်ားဖိအား​ေလွ်ာ့က်​ေစရန္ လူသုံး​ေယာက္အား ​ေမာ္​ေတာ္ဆိုင္ကယ္အပ်က္အစီးကိုမ,ထား​ေပးရန္ အမိန္႔​ေပးလိုက္သည္။

သူ(မ) ကို လက္​ေမာင္းက အပိုင္းအစအားမထိရန္ အထပ္ထပ္သတိ​ေပးၿပီး​ေနာက္ သူလွည့္ကာ မ​ေတာ္တဆျဖစ္ထား​ေသာကားထံသို႔​ ေျပးသြားလိုက္သည္။

​ေနာက္က သုံးစီး​ေျမာက္ကား​ေမာင္းသမား ကားထဲကထြက္လာကာ ဘာမွမထိခိုက္သြားပုံ​ေပၚၿပီး ဒုတိယ​ေျမာက္ကား​ေမာင္းသမားက​ေတာ့ မလႈပ္​ေပ။

ရန္ရိ ကားဆီသို႔​ေျပးသြားၿပီး ကားျပတင္းမွငုံ႔ကိုင္းလိုက္ကာ အထဲသို႔ၾကည့္လိုက္သည္။

ကား​ေမာင္းသူက​ေတာ့ သတိ​ေမ့​​ေျမာေနၿပီျဖစ္ၿပီး သူ ကား​ေရွ႕မွန္တြင္တစ္​ေန​ေသာ ​ေမာ္​ေတာ္ဆိုင္ကယ္သမားကိုထပ္ၾကည့္လိုက္သည္။

ထိုသူ႔မ်က္ႏွာက ​ေသြးမ်ား​ျဖင့္ဖုံး​ေန​ေသာ္လည္း ဆယ္​ေက်ာ္သက္​ေကာင္​ေလးတစ္​ေယာက္ျဖစ္မွန္းေတာ့ သူ​ေရး​ေတး​ေတးသိႏိုင္​သည္။

ရန္ရိ ထိုသူ႔လက္​ေကာက္၀တ္ကို အျပင္သို႔ ဖြဖြ​ေလးဆြဲလိုက္ၿပီး လက္တြင္​ေတာ့ အလြန္အားနည္း​ေသာ ​ေသြးခုန္ႏႈန္းအရိပ္အ​ေယာင္​ေလး က်န္ရွိ​ေန​ေသး၏။

ထိုအခ်ိန္တြင္ ရန္ရိ ဥၾသသံၾကားလိုက္ရၿပီး ၾကည့္လိုက္ေတာ့ သူတို႔စခန္း၏ကယ္ဆယ္ကားက အ​ေဝးမွလွမ္းလာ​ေနလ်က္။

လူနာတင္ယာဥ္သည္လည္း တစ္ခ်ိန္တည္းနီးပါး​ေရာက္လာသည္။

​ေကာင္းကယ္ ကား​ေပၚမွ ပထမဆုံးခုန္ဆင္းလာသည္။

ရန္ရိ လွမ္း​ေအာ္လိုက္၏။

" ​ေကာင္းကယ္ ​ေလွကားပါတဲ့ကားကို​ေရွ႕ေမာင္းလာၿပီး ႀကိဳး​ေတြအသင့္ျပင္ထား၊ ငါ့တို႔လူကယ္ထုတ္မယ္၊ စြန္းတင့္ရိ က ဟိုက္ဒ​ေရာလစ္ညႇပ္ယူ၊ ​ေစြ႕ရိ​ေရွာင္းက ဒီကို လႊစက္ယူလာခဲ့ အျခားတစ္​ေယာက္ကို ဒုတိယ​ေျမာက္ကားသမားကိုၾကည့္ခိုင္းလိုက္! "

ဖီးနစ္တပ္ဖြဲ႕သားမ်ားအားလုံး အလိုလိုနားလည္မႈႏွင့္ တပ္သားစိတ္ဓါတ္မ်ားျဖင့္ ပူး​ေပါင္းလုပ္​ေဆာင္ၾကသည္။

အျခားတစ္ဖက္တြင္​ေတာ့ ​စြန္းတင့္ရိက ဟိုက္ဒ​ေရာလစ္ညႇပ္ျဖင့္ ပုံပ်က္​ေန​ေသာ ကားတံခါးကို က​ေလာ္ဖြင့္ၿပီး အ​ေရး​ေပၚကယ္ဆယ္​ေရးသမားမ်ားကို ကူညီကာ ​ေခါင္းခန္းမွ သတိလစ္​ေနသည့္ကားသမားကို ကယ္ထုတ္၍ လူနာတင္ဘုတ္ျပားသို႔ တင္​ေပးလိုက္သည္။

တစ္ဖက္မွာလည္း ​ေစြ႕ရိ​ေရွာင္းက ​လႊစက္ျဖင့္​ေမာ္​ေတာ္ဆိုင္ကယ္အပ်က္အစီးကို ဂ႐ုတစိုက္ ျဖတ္ကာ ​ေမာ္​ေတာ္ဆိုင္ကယ္အပိုင္းအစ​ေအာက္မွ အ​ေမငယ္​ေလးကို ကယ္ဆယ္လိုက္ၿပီး

အ​ေရး​ေပၚကယ္ဆယ္​ေရးမ်ားက ခ်က္ခ်င္းပဲ​ေဆးယိုစိမ့္မႈကိုတားဆီးလိုက္၍ သူမကိုအသက္ကယ္​ေပးၾကသည္။ သို႔​ေသာ္ ​ေသြး​ေၾကာမွ အပိုင္းအစက​ေတာ့ ​ေဆး႐ုံမွ ခြဲစိတ္ဆရာ၀န္က ခြဲထုတ္​ေပးမွသာ ရမည္။

ဒုတိယကားထဲက ကားသမားသည္လည္း ကယ္ထုတ္​ေပးၿပီး​​ေလၿပီ။ 

သူမက​ေတာ့ ​​အသက္ကယ္ေလအိတ္နဲ႔​ေဆာင့္မိၿပီး အားနည္းကာသတိလစ္သြား႐ုံသာ။

အျခားဒဏ္ရာအ​ေသးအဖြဲမ်ားက​ေတာ့ အဆင္​ေျပသည္။

အခက္ခဲဆုံးတစ္​ေယာက္က​ေတာ့ ဆိုင္ကယ္သမားပင္ျဖစ္​ေခ်၏။

အ​ေရး​ေပၚ၀န္ထမ္းက ထိုသူ႔ကို​ေလသြင္း​ေပးရင္းႏွင့္ ​ေအာ္လာသည္။

" ​ေခါင္း​ေဆာင္ရန္ သူ​ေရွာ့ခ္ရ​ေနတယ္! "

ရန္ရိ ​ေျပာလိုက္သည္။

" ​ေကာင္းကယ္ မင္းအဆင္သင့္ပဲလား? "

" အသင့္ "

​ေကာင္းကယ္ ​ေလွကားကို ထိန္းခ်ဳပ္ကာ ကားအ​ေပၚဘက္၌ရပ္လိုက္သည္။

တပ္သားတစ္​ေယာက္က ​ေလွကား​ေပၚသို႔တက္သြားကာ အ​ေပၚမွ အသက္ကယ္ႀကိဳးခ်​ေပးလာ၏။

လူနည္းစုက ထို​ေကာင္​ေလးရဲ႕တင္ပါး႐ိုးေပၚ၌ ကယ္ဆယ္​ေရးခါးပတ္တပ္​ေပးၾကၿပီး ခါးပတ္ခ်ိတ္ကို ကယ္ဆယ္​ေရးႀကိဳးႏွင့္ဆက္လိုက္ကာ အ​ေလးခ်ိန္ညႇိရသည္။

လူႏွစ္​ေယာက္က ​ေကာင္​ေလးရဲ႕ေျခ​ေထာက္​ေတြကို အျပင္ဘက္က​ေန ​ေျမႇာက္တင္​ေပးၾကၿပီး ရန္ရိကကားထဲ၀င္ကာ သူ႔ပခုံးမ်ားကိုထုတ္​ေပးလိုက္သည္။

ထိုလူငယ္​ေလးက အရပ္ရွည္ကာ သန္မာသည္။

သူတို႔ ထို​ေကာင္​ေလးခႏၶါကိုယ္ကို ခ်ည္ဖို႔ ႀကိဳးသာမသုံးခဲ့ဘူးဆိုရင္ သူတို႔ ထိုေကာင္​ေလးကို  ဒီလိုအ​ေနအထား၊ ဒီလို​ေထာင့္မ်ိဳး ႏွင့္ပင္ အၿမဲတမ္းဟန္ခ်က္ညီ​ေန​ေအာင္ ထိန္းထားႏိုင္ပါ့မလား မ​ေသခ်ာ​ေပ။

​ေသ​ေစ​ေလာက္တဲ့ ဖန္စ​ေတြကလည္းသူ႔ကိုယ္ထဲတြင္ ရွိ​ေန​ေသးၿပီး မည္သည့္မွားသြင္း​ေသာအျပဳအမူမ်ိဳးကမဆို သူ႔ကိုခ်က္ခ်င္း​ေသ​ေစႏိုင္သည္။

႐ုတ္တရက္ ​ေကာင္​ေလးလႈပ္လာကာ သူ႔မ်က္လုံးမ်ားကို တျဖည္းျဖည္းခ်င္းဖြင့္လာ၏။

သူ႔ရဲ႕က​ေလးဆန္​ေသာမ်က္ႏွာ​ေလးက စာ႐ြက္တစ္႐ြက္ကဲ့သို႔ျဖဴစြတ္​ေနၿပီး အမာ႐ြတ္မ်ားျဖင့္ဖုံး​ေနကာ ​ေသြးမ်ားကမ်က္ႏွာတစ္ခုလုံးကိုစီးက်​ေနလ်က္။ 

သူ႔ဆံပင္စမ်ားႏွင့္ မ်က္​ေတာင္အဖ်ားမ်ားပင္ ​ေသြး​တေတာက္​ေတာက္ စီးက်​ေန၍ မ်က္၀န္းမ်ားက ရီ​ေဝ​ေန၏။

ႏႈတ္ခမ္းမ်ားက တုန္ယင္လ်က္ တိုး​ေဖ်ာ့​ေသာအသံျဖင့္​ေျပာလာသည္။

" ...ကြၽန္​ေတာ့္ကို...ကယ္​ေပးပါ...."

​ေသြးမ်ား ရန္ရိမ်က္ႏွာႏွင့္ကိုယ္​ေပၚသို႔ တစက္စက္က်လာသည္။

" ​ေတာင့္ထား​ဦး "

ရန္ရိ စိတ္ေအးစြာ​ေျပာလိုက္သည္။

" အစ္ကိုတို႔မင္းကို အခုခ်က္ခ်င္းကယ္မယ္.. မင္း​ေတာင့္ထားရမယ္​ေနာ္ "

​ေစြ႕ရိ​ေရွာင္း လႊစက္ကိုလက္ထဲကိုင္ကာ ​ေဘးတြင္ရပ္လိုက္ၿပီး အသက္ခပ္ျပင္းျပင္းရႉသြင္းလိုက္သည္။

" အဆင္​ေျပရဲ႕လား? "

သူ ရန္ရိကို စိုးရိမ္လ်က္ၾကည့္လိုက္သည္။

ရန္ရိ ​ေခါင္းညိတ္ျပလိုက္၏။

​ေစြ႕ရိ​ေရွာင္း မ်က္လုံး​ေထာင့္စြန္းမ်ားက ​ေခြၽးျဖင့္စိုစြတ္​ေနသည္။

သူ မ်က္​ေတာင္တဖ်တ္ဖ်တ္ခပ္လိုက္ၿပီး လႊစက္ကိုဖြင့္ကာ ​ေလကာမွန္ကို စ,ျဖတ္လိုက္၍ ​ေကာင္​ေလးရဲ႕​ကိုယ္ေအာက္ဖ်ားပိုင္းတစ္​ေလွ်ာက္ ​ေဖာက္၀င္​ေန​ေသာ မွန္မ်ားကိုျဖတ္သည္။

မွန္မ်ား ပိုင္းျခားသြားသည္ႏွင့္ ရန္ရိ ​ေကာင္းကယ္ကို ​ေလွကားအား ျဖည္းျဖည္းခ်င္းဆြဲတင္ရန္ အမိန္႔​ေပးလိုက္သည္။

ႀကိဳးက ​ေကာင္​ေလးကိုယ္ကို ဟန္ခ်က္ထိန္း​ေပးထားလ်က္၊ 

ထပ္​ေပါင္းကာ သူ႔​ေျခ​ေထာက္မ်ားႏွင့္ ​ေခါင္းကို ​ေထာက္​ေပးထားသူမ်ားလည္းရွိ၏။

သူတို႔ ​​ေရွာ​ေရွာရႉရႉပဲ ​ေကာင္​ေလးကိုအျပင္ထုတ္လိုက္ၾကကာ ဂ႐ုတစိုက္ ကိုယ္ကိုလွည့္လိုက္ၿပီး အသက္ကယ္ဘုတ္ျပား​ေပၚ တင္လိုက္ၾကသည္။

ဖန္စအ​ေၾကာင္းလိုက္က ​ေကာင္​ေလးရဲ႕​ေရွ႕ဘက္ ၀မ္းဗိုက္သို႔ထိုး၀င္​ေနကာ ကန္႔လန္႔ျဖတ္အမာ႐ြတ္ျဖစ္လုနီးပါး၊ 

အတြင္းအဂၤါမ်ားကိုပင္ရွင္းရွင္းလင္းလင္း ျမင္ႏိုင္​ေနသည္။

" အသက္မရႉ​ေတာ့ဘူး! "

အ​ေရး​ေပၚ၀န္ထမ္းႏွစ္ဦးက ခ်က္ခ်င္း ​ေသြးထိန္းစည္းကို ခ်ည္​ေႏွာင္လိုက္ၾကကာ adrenaline ထိုးသြင္း​ေပးလိုက္၍ ႏွလုံးအသက္ကယ္နည္းကိုလုပ္​ေဆာင္ၾကသည္။

[ T/n : ​ေသြးထိန္းစည္း : ​ေသြးယိုစီးမႈကိုထိန္းရန္ ​ေျခ/လက္ တို႔ကို စည္း​ေႏွာင္ရ​ေသာ ႀကိဳးစ/အ၀တ္စ ။

adrenaline : စိတ္လႈပ္ရွား​ေသာအခါ အဒရီနယ္ဂလင္းမ်ားကထုတ္​ေပး၍ ႏွလုံးခုန္ႏႈန္း ၊ စြမ္းအင္ ႏွင့္ တုံ႔ျပန္မႈအား ပိုမိုျမန္ဆန္​ေစ​ေသာအရည္ (ပစၥည္း) ]

တပ္သားမ်ားက ​ေဘးတြင္ရပ္ကာ အ​ေရး​ေပၚ၀န္ထမ္းမ်ားက ​ေကာင္ေလးအတြက္ defibrillator (ႏွလုံးႏႈိးစက္) ကို ပလပ္တပ္၍ လွ်ပ္​ေရွာ့စ,႐ိုက္သည္။

တစ္ႀကိမ္ ၊ ႏွစ္ႀကိမ္ ၊ သုံးႀကိမ္...

သူ႔ရဲ႕ ႏွလုံးလွ်ပ္စစ္မွတ္တမ္းက ၿငိမ္သက္​ေသာကန္​ေရျပင္လို။ လႈိင္းမ်ားမရွိ​ႏိုင္ေတာ့ၿပီ။

အ​ေရး​ေပၚ၀န္ထမ္း​ကသက္ျပင္းခ်သည္။

" ​ေသဆုံးခ်ိန္ 14 နာရီ 26 မိနစ္...."

ရန္ရိ မ်က္လုံးမ်ားမွိတ္လိုက္ၿပီး သူ႔မ်က္လုံးမ်ားထဲ​ေပၚလာသည္က ​စိတ္၀ိညာဥ္အနက္ပိုင္းထဲက​ေန အသက္ရွင္ဖို႔အတြက္ ႐ုန္းကန္​ေနသည့္ ထိုေကာင္ငယ္​ေလးရဲ႕ ​ေသလု​ေမ်ာပါး မ်က္၀န္းမ်ားသာ။

ကယ္ဆယ္​ေရးတြင္ပါ၀င္ၾက​ေသာ တပ္သားမ်ား ဦးၫႊတ္လိုက္ၾကသည္။

​ေမြးဖြားျခင္းႏွင့္ ​ေသဆုံးျခင္းၾကားမွာ လူတစ္​ေယာက္က ပန္းက​ေလးၫႊိုးႏြမ္းသြားသည္ထက္ပင္ အခ်ိန္ပိုတိုၿပီး ပိုလြယ္ႏိုင္​ေသးသည္။

စခန္းသို႔ျပန္​ေရာက္ၿပီး​ေနာက္ ရန္ရိ အ၀တ္လဲရင္း ထိုအ​ေပၚမွ ​ေသြးစက္မ်ားကိုၾကည့္လိုက္ၿပီး ႐ုတ္တရက္အ၀တ္မ်ားၾကမ္း​ေပၚသို႔ ​လႊတ္မခ်မိခင္ ႏွစ္စကၠန္႔မွ်ၿငိမ္သက္သြားရ၏။

========

oi oi oi မခံႏိုင္ဘူး ရင္ထဲနာတယ္ TuT

အလုပ္မအားလို႔ update ၾကာတာ sorry ပါဗ် 

သိုး​ေမြးထိုးက်င့္​ေနလို႔ :3

ကဲ ​ေသဆုံးသြားသူ ​ေကာင္​ေလးအတြက္ ဦးၫႊတ္​ေပးၾကပါဦး

R.I.P

-14 11 2020

- lynx