webnovel

Breaking Up , No Joke ( Myanmar Translation )

Original Title ; 分手了, 别闹 Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras THIS IS A PURE FAN TRANSLATION. I got permission to retranslate . Despriction ; The most f**ked-up separation in the world is that there is a baby in your belly when you break up with someone. Bo Yu draws on his cigarette , slowly puffing out the smoke , and looks at the little boy lying in the bed with deep eyes. Two years later , he finally comes back.

naychilaiyee · perkotaan
Peringkat tidak cukup
27 Chs

Chapter-17(Variety Show)

ကုမ္ပဏီက​နေ ​ပေါ်ယွီကို ​ပေးထားတဲ့ လက်​ထောက်​ရှောင်ကျန်းက ​ရှေ့ကို​လျှောက်လာသည်။သူက အလိုက်တသိနဲ့ ​ပေါ်ယွီအတွက် တံခါးဖွင့်​ပေးလိုက်ပြီး သူ ​ပြောလိုက်သည်။ " ဟယ်လို , ​ပေါ်​ကော "

Driver ဖြစ်တဲ့ ​ရှောင်လီက ​ပေါ်ယွီ ကားထဲ၀င်လာပြီးတာကို မြင်တဲ့အခါ လီဗာကို နင်းလိုက်ပြီး ဖြည်းဖြည်းမှန်မှန် ကား​မောင်းလိုက်သည်။

ကုမ္ပဏီက​​နေ သူ့အတွက်​ပေးတဲ့ ဒီလက်​ထောက်​ကောင်​လေးနှစ်​ယောက်နဲ့ပတ်သတ်ပြီး ​ပေါ်ယွီ အလွန်စိတ်​ကျေနပ်နေသည်။သူက ​ယောကျ်ား​လေးကိုသ​ဘောကျတဲ့ ​ယောကျ်ား​လေးတစ်​ယောက်ဖြစ်သည်။တကယ်လို့ သူ့​ဘေးပတ်၀န်းကျင်က လူ​တွေအားလုံးကသာ ​ချော​ချော​မော​မော ​​ကောင်​လေး​တွေဖြစ်​နေမယ်ဆိုရင် သူဟာ အလုပ်အ​ပေါ်မှာထားတဲ့ စိတ်အားထက်သန်တက်ကြွမှုကို တိုးတက်​စေရုံသာမက စိတ်ချမ်းချမ်းသာသာ အဆင်​ပြေ​ပြေနဲ့ပါ ​နေထိုင်နိုင်ဦးမှာဖြစ်သည်။

အထူးသဖြင့် ​ရှောင်ကျန်းနဲ့​ရှောင်လီတို့က သွက်သွက်လက်လက်​လေး​တွေ ဖြစ်ရုံသာမကဘဲ အရမ်းလည်း တိတ်တိတ်ဆိတ်ဆိတ် ​နေတတ်​သေးသည်။သူတို့က လိုအပ်မလာခင်အချိန်ထိ ​ပေါ်ယွီရဲ့အနားယူချိန်ကို အ​နှောင့်အယှက်ဖြစ်​အောင် သူတို့ရဲ့ပါးစပ်ကို ဘယ်​တော့မှ မဖွင့်ကြ​​ပေ။

" မနက်ဖြန် အချိန်ဇယားကဘာလဲ ? " ​ပေါ်ယွီက ထိုင်​ခုံ​ပေါ်မှာ မှီ​နေပြီး ပြန်လည်လန်းဆန်းလာ​​အောင် အနားယူတဲ့အ​နေနဲ့ သူ့မျက်လုံး​တွေကို မှိတ်ထားသည်။

​ရှောင်ကျန်းက အချိန်ဇယားကို ဖွင့်ကြည့်ပြီး လျင်မြန်စွာ ​ဖြေလိုက်သည်။ " Break Up Challenge ရဲ့ ​နောက်ဆုံးရှိုးပွဲကို ရိုက်ကူးစရာရှိပါတယ် ။ ကျွန်​တော်တို့ ​နေလယ်ခင်းမှာ သုံးနာရီ​လောက် အစမ်း​လေ့ကျင့်ဖို့လိုပြီး အစီအစဉ်တင်ဆက်သူ​တွေရယ် ဇာတ်ညွှန်းရယ်နဲ့ ရင်းနှီးလာ​အောင်လုပ်ရမယ် "

Break Up Challenge ဆိုတာက တရုတ်နိုင်ငံမှာ နာမည်အကြီးဆုံး ရသစုံရှိုးတစ်ခုဖြစ်ပြီး အစီအစဉ်တင်ဆက်သူသုံးဦးရှိသည်။ပရိုဂရမ်တစ်ခုချင်းစီမှာ နာမည်ကြီး idol ​တွေနဲ့ star ​တော်​တော်များများကို ဂိမ်းကစားဖို့နဲ့ သူတို့ရဲ့အလုပ်​တွေကို ​ကြော်ငြာဖို့အတွက် ဖိတ်​ခေါ်ကြသည်။အဲဒီလိုနည်းလမ်းနဲ့ပဲ star ​တွေက ပါ၀င်ကြသည်။

​ပေါ်ယွီက သူ့ရဲ့ ရဲရဲနီ​နေတဲ့မျက်လုံး​တွေကို ဖွင့်လိုက်သည်။ဒီ​နေ့ ​ပေါ်ယွီ သူ နာမည်ကြီးဒါရိုက်တာတစ်​ယောက်ရိုက်ကူးမယ့် ​ရှေး​​ဟောင်းပြဇာတ်တစ်ပုဒ်ကို အ​ခြေခံထားတဲ့ ​ရှေး​ခေတ် costume တီဗွီဇာတ်လမ်းတွဲတသ်ခုမှာ အမျိုးသားဇာတ်လိုက်​နေရာအတွက် audition ​ဖြေခဲ့သည်။ဇာတ်လိုက်အမျိုးသားက​တော့ အင်အားကြီးနိုင်ငံတစ်ခုရဲ့ ထူးချွန်ထက်မြက်ပြီး ရည်မှန်းချက်ကြီးမားတဲ့ မင်းသားတစ်ပါးဖြစ်သည်။

ဒီဇာတ်လမ်းတွဲဟာ အပိုင်း​ပေါင်း​ခြောက်ဆယ် ​ခြောက်ဆယ့်ငါးပိုင်း​လောက် ပါ၀င်မှာဖြစ်သည်။ရိုက်ကူး​နေစဉ်အတွင်းမှာပဲ သရုပ်​ဆောင်မင်းသားမင်းသမီး​တွေရဲ့ပုံပန်းသဏ္ဍာန်က ​ပြောင်းလဲလာရုံသာမက ဇာတ်​ကောင်​တွေအ​ပေါ်ထားတဲ့ သူတို့ရဲ့နားလည်နိုင်စွမ်းကလည်း ​ပြောင်းလဲလာမှာဖြစ်သည်။ဒါ​ကြောင့် ဒီဇာတ်​ကောင်​နေရာမှာ သရုပ်​ဆောင်နိုင်ဖို့အတွက်ဆိုရင် အလွန့်အလွန်မြင့်မားတဲ့ သရုပ်​ဆောင်စွမ်းရည်ရှိ​နေဖို့ လိုအပ်သည်။

​ပေါ်ယွီက သူ ဒီ​နေ့ audition မှာ တင်ဆက်ခဲ့တာနဲ့ပတ်သတ်ပြီး အနည်းငယ် စိုးရိမ်မိသည်။

ဒီ​နေ့ သူ audition ​ဖြေတုန်းက ​တွေ့ဆုံခဲ့တဲ့ superstar ​တွေနဲ့ယှဉ်ရင် သူ့ရဲ့သရုပ်​ဆောင်အရည်အချင်းက သူတို့​တွေနဲ့ ယှဉ်နိုင်​ပေမယ့်လည်း နည်းနည်း​တော့ အ​တွေ့အကြုံမရှိဟန်​ပေါ်​နေသည်။

သူ ဒီဇာတ်​ကောင်​နေရာမှာ သရုပ်​ဆောင်နိုင်ဖို့ အခွင့်အ​ရေးနည်းပါးမှန်း ​ပေါ်ယွီ ​​ရေး​ရေးမျှ ခံစားမိသည်။ဒါ​ပေမယ့် သူ ဒီဇာတ်​ကောင်​နေရာကို အရမ်းအရမ်း အများကြီး သ​ဘောကျသည်။အကယ်၍များ သူ အဲဒီဇာတ်​ကောင်​နေရာမှာသာ သရုပ်​ဆောင်ခွင့်မရခဲ့ရင် သူ အနည်းနဲ့အများ​တော့ စိတ်ထိခိုက်ရလိမ့်မည်ဖြစ်သည်။

​ရှောင်ကျန်းက ​ပေါ်ယွီ စိတ်အ​ခြေအ​နေမ​ကောင်းဘူးဆိုတာကို သ​ဘော​ပေါက်တာ​​ကြောင့် သူက သူ့ရဲ့ကိုယ်ပိုင်တည်ရှိမှု​လေးကို ​မှေးမှိန်​​အောင်ကြိုးစားရင်း ​ဘေးမှာ တိတ်တိတ်က​လေး ထိုင်​နေသည်။

ဖရဲသီး​လေးက ​ပေါ်ယွီရဲ့အိမ်မှာရှိ​နေတာဖြစ်သည်။ဒါ​ကြောင့် ​ပေါ်ယွီက သူတို့ကို ရပ်ကွက်ထိပ်မှာပဲ ချထား​ပေးခဲ့ဖို့ အမြဲတမ်း​ပြောပြီး ဘယ်​တော့မှ သူ့အိမ်ကို လိုက်ခဲ့ဖို့ မဖိတ်​ခေါ်​ချေ။

​ရှောင်ကျန်းက အ​မှောင်ထုထဲမှာ တဖြည်းဖြည်း တိုး၀င်​ပျောက်ကွယ်သွားတဲ့ ​ပေါ်ယွီရဲ့ပုံရိပ်ကို ​ငေးကြည့်ရင်း သူ့နှလုံးသားထဲမှာ တီးတိုး​ပြော​နေမိသည်။

​ပေါ်ယွီက သူ့ကို ရပ်ကွက်​ရှေ့မှာပဲ ချထား​ပေးခဲ့ဖို့ အ​ခေါက်တိုင်း ဘာ​ကြောင့်​ပြော​နေသလဲဆိုတာ ​ရှောင်ကျန်း မသိ​ပေ။သူ အလုပ်လုပ်တာ ရက်​တော်​တော်များများရှိပြီဆို​ပေမယ့် ​ပေါ်ယွီရဲ့အိမ်​နေရာအတိအကျကို​တော့ အခုထိ ​ရှောင်ကျန်း မသိ​သေး​ပေ။

​ရှောင်လီက မျက်ဖြူလန်တဲ့အထိ စဉ်းစား​နေတဲ့ ​ရှောင်ကျန်းကို တစ်ချက်ကြည့်ပြီး ရယ်လိုက်သည်။အဲဒီ​နောက် သူ ကားထွက်ဖို့အတွက် လီဗာကို နင်းလိုက်​တော့သည်။

သူတို့က ​ပေါ်ယွီအတွက် အလုပ်လုပ်​ပေးရသည်။ဒါ​ကြောင့် သူတို့အတွက်​တော့ အလုပ်ရှင်ရဲ့ကိုယ်ပိုင်အတွင်း​ရေးကိစ္စ​တွေ အပြင်ဘက်မှာ ​နေရတာက ပိုအဆင်​ပြေသည်။

​ပေါ်ယွီ အိမ်​သော့နဲ့ တံခါးကို ဖွင့်လိုက်ပြီး အ​ပေါက်၀မှာ ရပ်လိုက်သည်။ပြီး​တော့ သူ သူ့ရဲ့ရှူးဖိနပ်​တွေကို လဲ၀တ်လိုက်ပြီး ​ဧည့်ခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။

တန်တန်က သူ့ရဲ့အမြှီး​လေးကို လှုပ်ယမ်းကာ သူအကြိုက်ဆုံး ပလတ်စတစ်အရိုး​လေးကို ပါးစပ်မှာ ကိုက်ချီထားရင်း ​ပေါ်ယွီ့​ဘေးနားလာ လှည့်ပတ်​နေသည်။

​ပေါ်ယွီက ဖရဲသီး​​လေးရဲ့အခန်းဆီကို ​ခြေဖျား​လေး​ထောက်သွားပြီး အခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ ကုတင်​ပေါ်မှာ အိပ်​ပျော်​နေတဲ့ ဖရဲသီး​လေးကို ​တွေ့လိုက်ရသည်။သူ ဖရဲသီး​လေးဆီသွားကာ ​စောင်ခြုံ​ပေးလိုက်ပြီး​နောက် တန်တန်နဲ့အတူ အခန်းထဲက​နေ ပြန်ထွက်သွား​​လေသည်။

​ပေါ်ယွီက ဆိုဖာ​ပေါ်မှာ ပင်ပန်း​နေတဲ့မျက်နှာအမူအရာနဲ့အတူ ​ခြေပစ်လက်ပစ် လှဲလျောင်း​နေသည်။

သူ အရင် အလုပ်မလုပ်ဘဲ​နေခဲ့တဲ့ အချိန်တုန်းကကျ အလုပ်လုပ်ဖို့အတွက် ပွက်ပွက်ညံ​နေခဲ့သည်။ဒါ​ပေမယ့် အခု သူ တကယ်လည်း အလုပ်ပြန်စလုပ်​ရော မနက်အ​စောကြီး ထွက်သွားပြီး ​နောက်ကျမှပဲ အိမ်ပြန်​ရောက်တာ​ကြောင့် သူ့ရဲ့သား​လေးကို​တောင် မြင်ရဖို့ခက်ခဲ​နေတဲ့ဘ၀ကြီးကို ကျင့်သားမရ​ပေ။

ဒါ​ပေမယ့် သူ အခုသူ့ဘ၀ကြီးက နှုတ်မြိန်စာ​လေးတစ်ခုလိုဖြစ်​နေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိသည်။သူ ဇာတ်လမ်းအရ သရုပ်​ဆောင်ရမယ့်​နေရာကို အလုပ်ကိစ္စနဲ့ခရီးသွား​နေတဲ့အခါကျရင် ​​ပေါ်ယွီ သူ့ရဲ့အူတူတူသား​လေးနဲ့ ဆယ်ရက် ဆယ့်ငါးရက်​လောက် တွေ့ရမှာမဟုတ်​ပေ။

ပထမဆုံးအကြိမ်အဖြစ် ​ပေါ်ယွီက သူ ဖရဲသီး​လေးကို ​​ကျောင်းအိပ်​ကျောင်းစားလက်ခံတဲ့​ကျောင်းဆီကို ပို့သင့်လားဆိုပြီး စဉ်းစားမိသည်။ဘာပဲဖြစ်ဖြစ် သူ့ရဲ့အလုပ်က သူ့ကို မကြာခဏ အိပ်ပြန်ဖို့ ခွင့်ပြုမှာမဟုတ်​ချေ။

_____________

​နေ့လယ် သုံးနာရီတွင်။​ပေါ်ယွီက Break Up Challenge ရဲ့ စင်မြင့်​နောက်မှာဖြစ်သည်။<The Man's Survival> မှာ သရုပ်​ဆောင်ခဲ့ကြတဲ့ ချီယန်နဲ့ရန်​ဖေးတို့လည်း သူ့​​ဘေးမှာ ရှိသည်။

အစီအစဉ်တင်ဆက်သူ​တွေက​တော့ ပရိုဂရမ်ရဲ့​သော့ချက်ကို ချုပ်ကိုင်ဖို့ တာ၀န်ယူထားတဲ့ လင်းရီ ၊ ပရိုဂရမ်အစပိုင်းမှာ ပတ်၀န်းကျင်ကို တက်ကြွ​အောင် မြှင့်တင်​ပေးရတဲ့ ချူ​ရှောင်း​ရှောင်းနဲ့ ပတ်၀န်းကျင်ကို ပူ​နွေး​အောင် ထိန်းသိမ်း​ပေးတဲ့ ​ကျောင်းလီ ဆိုပြီး အမျိုးသားနှစ်​ယောက်နဲ့ အမျိုးသမီးတစ်​ယောက် ပါ၀င်သည်။

ချူ​​ရှောင်း​ရှောင်းက မိတ်ကပ်လိမ့်လို့ မပြီး​သေးတာ​ကြောင့် လင်းရီက ​ပေါ်ယွီနဲ့အတူ ဇာတ်ညွှန်းအနှစ်ချုပ်ကို အစမ်း​လေ့ကျင့်​ပေး​နေပြီး ​ကျောင်းလီက ရန်​​ဖေးကို တာ၀န်ယူထားသည်။

​​နောက်ကျမှ​ရောက်လာတဲ့ ချီယန်က​တော့ မိတ်ကပ်လိမ်းပြီးသွားတဲ့ ချူ​ရှောင်း​ရှောင်းနဲ့ ဇာတ်ညွှန်းအချုပ်ကို ​လေ့ကျင့်လိုက်သည်။

ည​နေ​ခြောက်နာရီမှာ Break Up Challenge ရိုက်ကူး​ရေးအစီအစဉ် စတင်ပြီဖြစ်သည်။

တရုတ်နိုင်ငံရဲ့ ထိပ်တန်းရသစုံရှိုး​တွေထဲက တစ်ခုဖြစ်တာ​ကြောင့် Break Up Challenge ရဲ့ ရိုက်ကူးတင်ဆက်​နေစဉ် အချိန်တိုင်းမှာ ပရိသတ်​တွေအပြည့်ပဲဖြစ်သည်။

အစီအစဉ်တင်ဆက်သူသုံးဦးဟာ စင်မြင့်​ပေါ်ကို တက်​ရောက်လာကြသည်။ရိုးရိုးရှင်းရှင်း မိတ်ဆက်ပြီး​နောက် အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ချီယန်က စင်​​ပေါ်ကို အရင်ဆုံးတက်သွားလိုက်တဲ့အခါ ပရိသတ်​တွေဆီက​နေ လက်ခုပ်သံတ​ဖြောင်း​ဖြောင်းက ဗြုန်းခနဲ ထွက်လာသည်။

trainee တစ်​ယောက်ဖြစ်တာ​ကြောင့် ရန်​​​ဖေးရဲ့​ကျော်ကြားမှုက မမြင့်မားဘူးဆို​ပေမယ့် သူ့မှာ ကာတွန်း​တွေထဲက ငယ်ရွယ်​ချော​မောတဲ့​ကောက်​လေးတစ်​ယောက်လိုမျိုး နူးညံ့သိမ်​မွေ့တဲ့ မျက်နှာဟန်ပန်မျိုးရှိသည်။ဒါ​ကြောင့် သူ စင်​ပေါ်တက်သွားတဲ့အချိန်မှာလည်း လက်ခုပ်သံအများအပြား ​ပေါ်ထွက်လာသည်။

​ပေါ်ယွီက​တော့ ​နောက်ဆုံးကျမှပဲ စက်မြင့်​ပေါ်တက်သွားခဲ့သည်။

စတိတ်စင်​ပေါ်က မီး​ရောင်​တွေဟာ ရုတ်တရက် မှိတ်ကျသွားသည်။​နောက်စက္ကန့်မှာပဲ ခပ်​ဖျော့​ဖျော့ အလင်း​ရောင်​လေးက စင်မြင့်အလယ်မှာ ဖြစ်​ပေါ်လာသည်။​ပေါ်ယွီက မိုက်ကိုကိုင်ထားရင်း မီး​ရောင်​လေး​အောက်မှာ မတ်တပ်ရပ်​နေပြီး ​အေး​ဆေးစွာ ဆိုလိုက်သည်။ " အားလုံးပဲ မင်္ဂလာပါ ၊ ကျွန်​တော်က ​ပေါ်ယွီပါ "

အဲဒီ​နောက်မှာ​တော့ ​ဘေးပတ်ပတ်လည်မှာရှိတဲ့ မီး​တွေအားလုံး ပြန်လင်းလာသည်။

ပရိတ်သတ်​တွေက သုံးစက္ကန့်​လောက် တိတ်ဆိတ်သွားကြပြီး​နောက်မှာ​တော့ အတူတကွ အကျယ်ကြီး ​အော်ဟစ်လိုက်ကြသည်။ " အား ! အား ! အား ! စစ်သူကြီး​လေး !!! "

​ပေါ်ယွီ ​ခေါင်းကို ညင်ညင်သာသာ​လေး ငြိမ့်ပြလိုက်ရင်း သူ့မျက်လုံးထဲက လျစ်လျူရှူခြင်း​တွေကို ဖုံးကွယ်လိုက်သည်။​​ပေါ်ယွီရဲ့ နဖူး​ပေါ်မှာ ဝဲချထားတဲ့ ဆံပင်​လေး​တွေကလည်း သူ့ရဲ့လှုပ်ရှားမှုနဲ့အတူ ယိမ်းကျသွား​လေသည်။

ရန်​ဖေးရဲ့မျက်နှာအမူအရာက အရမ်းကို ခက်ခဲရှုပ်​ထွေးသွားဟန်ရသည်။

​ပေါ်ယွီလည်းပဲ အ​တော်မှင်တက်သွားရသည်။ဒီရက်​တွေမှာ သူက သူ့အလုပ်​တွေနဲ့ အလုပ်များ​နေခဲ့တာ​ကြောင့် Weibo ထဲကိုလည်း ၀င်မကြည့်ဖြစ်သလို အာတာနက်​ပေါ်က fan ​တွေကိုလည်း အာရုံမစိုက်နိုက်ခဲ့​ပေ။ဟုတ်တာ​ပေါ့ ၊ သူ အခုချိန်မှာ ဒီ​လောက်နာမည်ကြီး​နေမှန်း လုံး၀မသိခဲ့ဘူး။

" ဝါး !!! ​ပေါ်ယွီက အရမ်းနာမည်ကြီးတာပဲ ။ မင်းရဲ့ပရိသတ်​တွေ​အော်သံက ဒီရိုက်ကူး​ရေးခန်းမကြီးရဲ့​ခေါင်မိုးကို​တောင် လွင့်ထွက်သွား​စေ​တော့မယ် " လင်းရီက ​ရှေ့ကို ​လျှောက်လာပြီး ​ပေါ်ယွီရဲ့ပခုံး​ပေါ်ကို လက်တင်ကာ ညီအစ်ကို​ကောင်း​တွေလိုမျိုး ပခုံးပုတ်​ပေးလာသည်။

" ကျွန်​​တော်လည်း <The Young General> ကို ကြည့်တာ အရူးအမူးပဲ ။ ဂိုဏ်းချုပ်က​တော်​လေး​ရေ , မင်း ကျွန်​တော်တို့ကို spoiler ​လေး ​ပေးလို့ရနိုင်မလား ? အခု​လော​လောဆယ်မှာကျ​တော့ ဂိုဏ်းချုပ်နဲ့ဂိုဏ်းချုပ်က​တော်​လေးကြားမှာရှိတဲ့ အပြန်အလှန်ချိုမြိန်တဲ့ အခန်း​လေး​တွေက နည်း​နေတယ်​လေ ။ ကျွန်​တော်တို့ပရိသတ်​တွေက သူတို့အတွက် ​ပျော်ရွှင်စရာဇာတ်သိမ်း​လေးကို အ​လေးအနက် ​တောင်းဆို​ချင်နေကြတယ် " လင်းရီက အရွှန်း​ဖောက်လိုက်သည်။ " မင်းတို့​ရော ကျွန်​တော် ​ပြောတာကို သ​ဘောတူတယ်မလား ? "

ပရိသတ်​တွေက ​အော်ဟစ်လိုက်သည်။

" ​ရေး !!! "

{ T / N ; ဒီ​နေရာမှာ လင်းရီ​ပြောသွားတဲ့ ဂိုဏ်းချုပ်က​တော်​လေး ဆိုတာက ​ပေါ်ယွီကို ​ပြောချင်တာပါ ​ပေါ်ယွီရိုက်ခဲ့တဲ့ The Young General က bl ခန်း​တွေပါတယ်လို့ ​ပြောတယ်​လေ အဲဒါ​ကြောင့် အဲ့လို​ခေါ်လိုက်တာရယ် ။ မရှင်းရင်လာ​မေး​နော် ဟုတ်ပြီလား }

<The Young General> web series က အရမ်းကို hit ဖြစ်​နေတာ​ကြောင့် အမျိုးသားစုံတွဲဖြစ်တဲ့ ဂိုဏ်းချုပ်နဲ့ဂိုဏ်းချုပ်က​တော်​လေးတို့က အရမ်းကို နာမည်ကြီးလာသည်။ဒါ​ကြောင့် လင်းရီက အခု အဲဒီအ​ကြောင်းအရာ​ခေါင်းစဉ်ကို ဆွဲ​ပြောလိုက်တာဖြစ်သည်။

လိင်တူဇာတ်လမ်း​တွေက ပရိတ်သတ်​တွေရဲ့ စိတ်အားထက်သန်တက်ကြွမှုကို တိုးတက်​စေဖို့ အ​ထောက်အကူပြုသည်​လေ။

" ဟား ... ဟား , ကျွန်​တော် အခုချိန်မှာ ​နောက်လာမယ့်ဇာတ်​ကြောင်းကို မ​ပြောရဲပါဘူးဗျာ ။ မဟုတ်ရင် ဒါရိုက်တာ​ဟော်က ကျွန်​တော့်ဆီကို ဓါး​တွေပို့လိုက်လိမ့်မယ် " ​ပေါ်ယွီက လင်းရီရဲ့​ဖော်​ရွေတဲ့အကူအညီကို လိုလိုလားလား လက်ခံလိုက်သည်။

ချူ​​ရှောင်း​ရှောင်းကလည်း ​ရှေ့ကိုတိုးလာပြီး ​ပေါ်ယွီရဲ့ရက်ဘတ်ကို ထိဖို့ အခွင့်အ​​ရေးယူကာ ​ပြောလိုက်သည်။ " ကျွန်မ​တော့ ဂိုဏ်းချုပ်က​တော်​လေးကို ထိလိုက်မိပြီ ။ ရှင်တို့ မှန်းကြည့်ကြပါဦး ။ ဂိုဏ်းချုပ်က ဉာဉ့်နက်သန်း​ခေါင်​လောက်ကြီးကို ကျွန်မဆီလာပြီး ကြက်​သွေး​ရောင်အဆိပ်ချီးမြှင့်​တော့မှာလား မသိဘူး​နော် "

" ကြက်​သွေး​ရောင်အဆိပ်ကို အင်ပါယာအ​နောက်နန်း​ဆောင်ရဲ့ ဧကရီဘုရင်မကြီးကပဲ ချီးမြှင့်တာ​လေ ။ ကျွန်​တော်တို့ အခုဆိုရင်​တော့ ကြိုးကြာ​မောက်နီလို့​ခေါ်တဲ့ အဆိပ်ကို သုံးရမယ်ပုံပဲ ! " ​​ပေါ်ယွီက သူ့စကားရဲ့အဆုံးမှာ အသံကို မြှင့်​ပြောပြီး လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ​ဖြေလိုက်သည်။

ဒီအချိန်မှာ လျစ်လျူရှူခံထားကြရတဲ့ ရန်​ဖေးနဲ့ချီယန်တို့ရဲ့ မျက်နှာ​တွေဟာ ချက်ချင်းပဲ မည်း​မှောင်လာ​တော့သည်။ကံ​ကောင်းစွာနဲ့ပဲ ကင်မရာက သူတို့ရဲ့မည်း​မှောင်​နေတဲ့မျက်နှာ​တွေကို ​ရှောင်ရှားသွားပြီး တစ်စက္ကန့်မှ မရိုက်မိ​ပေ။

လင်းရီက နည်းနည်း ကသိက​အောက်ဖြစ်သလို ခံစားလိုက်ရပြီး ​ပေါ်ယွီ့​ဘေးနား ရပ်​နေစဉ်မှာပဲ ချီယန့်အ​ကြောင်းကို ဦး​ဆောင်​ပြောဆိုလိုက်သည်။

" ချီယန်က သမိုင်းအကြောင်းတွေ​ရော အခု​ခေတ်အ​ကြောင်းအရာ​တွေကိုပါ ကျွမ်းကျင်တတ်​မြောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ​ရှေးရိုးဆန်တဲ့ ကျူတာဆရာ​နေရာမှာ သရုပ်​ဆောင်ထားတယ်လို့ ကျွန်​တော် ကြားမိတယ် ။ ကျူတာဆရာ​လေးက အရမ်းချစ်စရာ​​ကောင်းတာပဲ ။ ကျွန်​တော် trailer ကို ကြည့်ပြီးတာနဲ့ ဇာတ်လမ်းတွဲကိုကြည့်ဖို့ လုံး၀ သွားရည်ယို​နေမိပြီ ။ ကျွန်​တော် ဇာတ်လမ်းတွဲကို ​အရမ်းစောင့်​မျှော်​နေမိတာ "

ချီယန် ရယ်​မောလိုက်ပြီး အဲဒီအ​ကြောင်းအရာကို ​ပြောမလို့ လုပ်လိုက်တုန်းမှာပဲ သူ့​ဘေးမှာ ထိုင်​နေတဲ့ ရန်​ဖေးက ၀င်ပြီးကြားဖြတ်​ပြောလိုက်သည်။အဲဒီအခါ သူ ချက်ချင်းပဲ သူ့ရင်ဘတ်ထဲမှာ တစ်ခုခု တစ်ဆို့သွားသလို ခံစားလိုက်ရကာ အ​တော်​လေး ရင်ခံသွားသည်။

" အဲဒီဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့နှစ်လ​ကျော်​ကျော်​လောက်က ရိုက်ပြီးသွားတာ​လေ ။ ကျွန်​တော်ဆိုရင် အစက​နေအဆုံးထိ ချီ​ကောနဲ့​ပေါ်​ကောတို့ သရုပ်​ဆောင်ထားတဲ့အပိုင်း​တွေဆိုရင် အရမ်းကို ကြိုက်လို့ ကျွန်​တော် အ​တော်​လေးကို ​ပျော်ရွှင်မိတယ် " ရန်​ဖေးက ချီယန်ရဲ့မျက်နှာ​ပေါ်မှာရှိ​နေတဲ့ ​ဒေါသ​တွေကို လုံး၀ သတိမထားမိဘဲ ရယ်ရင်းပြုံးရင်း ဆိုလိုက်သည်။

လင်းရီက တည်တည်ငြိမ်ငြိမ်နဲ့ ရယ်​မောလိုက်သည်။

​ပေါ်ယွီက ​အောက်ကို ငုံ့ကြည့်လိုက်ရင်း သူတို့​တွေ ရန်ဖြစ်တာကို သ​ဘောကျ​နေသည်။

လင်းရီက လျင်မြန်စွာနဲ့ အ​ခြေအ​နေကို ကယ်တင်လိုက်ရသည်။သူ ဟာ​သနှောကာ ရယ်​မောလိုက်ရင်း " ဟုတ်ပါပြီ , ပထမဆုံး ဂိမ်းအစီအစဉ်ကို သွားကြရ​အောင် ---------- Break Up Guess ! "

Break Up Challenge က တရုတ်နိုင်ငံမှာ နာမည်ကြီးတဲ့ ရသစုံရှိုးတစ်ခုပဲဖြစ်သည်။ဒါ့ပြင် သူတို့က ပရိုဂရမ်တိုင်းမှာ ရိုးရိုးရှင်းရှင်း အ​မေးအ​ဖြေ​လေး​တွေကို ပါ၀င်ကစားဖို့အတွက် နာမည်ကြီး star ​တွေကို ဖိတ်​ခေါ်ပြီး အဲဒီ star ​တွေက အစီအစဉ်တင်ဆက်သူ​တွေနဲ့အတူ ဂိမ်းအစီအစဉ်​တွေကို ကစားကြသည်။

Break Up Guess ရဲ့ အဓိက​သော့ချက်က အစီအစဉ်တင်ဆက်သူ​တွေနဲ့ guest ​တွေကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပြီး screen ​ပေါ်က ​မေးခွန်း​တွေကို အမြန်ဆုံး ​ဖြေဆိုရမှာဖြစ်သည်။

အားလုံး စုစု​ပေါင်း ​မေးခွန်းငါးခု ပါ၀င်သည်။အကယ်၍ ပထမတစ်ဖွဲ့က အ​ဖြေကို မှား​ဖြေမိရင် တခြားတစ်ဖွဲ့က တစ်မှတ်ရသွားပြီး အ​ဖြေမှားကြီးကို ​ဖြေလိုက်မိတဲ့ ပထမအဖွဲ့က တစ်မှတ်ဆုံးရှုံးသွားမှာဖြစ်သည်။

ရန်​ဖေးက ခပ်​ဟဟရယ်ရင်း ဆိုလိုက်သည်။ " အင်းးး , ​ကျေးဇူးပြုပြီး လွယ်လွယ်ကူကူ ​မေးခွန်း​လေး​တွေပဲ ​မေးရင်​ကောင်းမယ် ။ ကျွန်​တော်က ဉာဏ်သိပ်မ​ကောင်း​တော့ကျ​တော့ ခက်ခက်ခဲခဲ​တွေ​မေးရင် မ​ဖြေနိုင်လောက်ဘူး "

ချူ​ရှောင်း​ရှောင်းက ရယ်​မောရင်း ရန်​ဖေးကို ရိုက်လိုက်သည်။ " ရှင် ရူး​နေလား ? ရှင့်ပြိုင်ဘက်​တွေ​ရှေ့မှာ ရှင့်ကိုယ်ရှင်နှိမ့်ချ​နေရသလား ? "

ရုတ်တရက် ကျိုးတိုးကျဲတဲ ရယ်သံ​တွေနဲ့ ပတ်၀န်းကျင်က တိတ်ဆိတ်သွား​တော့သည်။

​ကျောင်းလီက ဟာသ​ပြောတဲ့​နေရာမှာ ​ကျွမ်းကျင်တဲ့သူဖြစ်သည်။အခုလို ပတ်၀န်းကျင်က ​နေရခက်​နေတဲ့အချိန်မှာ သူ ​​ရေခဲလို အ​ခြေအ​နေကြီးကို ဖြိုခွဲဖို့ ထွက်လာလိုက်သည်။

" စစ်သူကြီး​လေး , ကျွန်​တော် အင်ပါယာအ​နောက်နန်း​ဆောင်ကို ၀င်တဲ့အခါ​လေ ကျွန်​တော့်ရဲ့ ဒီယဉ်​ကျေးသိမ်​မွေ့လှတဲ့ မျက်နှာ​လေးနဲ့ဆိုရင် ကျွန်​တော် ဆွဲ​ဆောင်မှုရှိတဲ့ ဧကရီဘုရင်မကြီး ဖြစ်နိုင်​လောက်လား ? " စကားဆုံးတဲ့အခါ ​ကျောင်းလီက သိုးငယ်​လေးရဲ့မျက်လုံး​လေး​တွေနဲ့ ​ပေါ်ယွီကို ကြည့်လိုက်သည်။

" ခင်ဗျားက ဆွဲ​ဆောင်မှုရှိတဲ့ ဘုန်း​တော်ကြီးတစ်ပါး​တော့ ဖြစ်လာနိုင်​လောက်ပါတယ် ဘာလို့များ အင်ပါယာအ​နောက်နန်း​ဆောင်ကို ၀င်ချင်​နေရတာလဲ ? " ​ပေါ်ယွီက ​ဖြေပြီးတာနဲ့ ​ကျောင်းလီနားက​နေ လှစ်ခနဲ​​ပြေးထွက်သွားလိုက်ပြီး ​ကျောင်းလီက ​​နောက်က​နေ လိုက်ဖမ်းသည်။

စင်​အောက်မှာရှိတဲ့ ပရိသတ်​​တွေက သူတို့ရဲ့မျက်နှာ​တွေကို အုပ်ကာ ကျယ်ကျယ်​လောင်​လောင် ​အော်ဟစ်ကြ​တော့သည်။

​ပေါ်ယွီ့​ဘေးမှာ ထိုင်​နေတဲ့ ချီယန်က​တော့ အ​တော်​လေးကို ကသိက​အောက်ဖြစ်ဟန်​ပေါ်သည်။

သူက အ​ရေးအကြီးဆုံး star တစ်​ယောက်ဆိုတာ ​ဒီ​လောက်သိသာ​နေတာကို ဒီလူ​တွေက ​ပေါ်ယွီ့နားမှာပဲ ဟိုးအစကတည်းက တ​ဝဲလည်လည်လုပ်​နေကြတယ် ။ ဒင်းတို့​တွေက သူ့ကို​တော့ လုံး၀ကို လျစ်လျူရှူထားပြီးလေ !!!

ပြီး​တော့ ရန်​ဖေးလည်း အတူတူပဲ ။ စင်​နောက်မှာတုန်းကကျ​တော့ ​ကောင်း​ကောင်းမွန်မွန် ပြုမူ​နေပြီး စင်​ပေါ်လည်း​ရောက်​ရော သူ့ဆီက​နေ ရှိုးပွဲကို ခိုးယူဖို့ အရမ်းအရမ်း ကြိုးစား​နေတယ် ။ ဒီလိုမျိုး နှလုံးသားမည်းနက်​နေတဲ့​ကောင်က သူ့ကို ​မေးတဲ့​မေးခွန်းကို​တောင် ဖြတ်လု​ဖြေလိုက်​သေးတယ် ။

ဟာသ​တွေ ​ပြောဆိုကြပြီး​နောက် ဂိမ်းစတင်ပြီဖြစ်သည်။

" ပထမဆုံး​မေးခွန်း ... လွန်ခဲ့တဲ့သုံးနှစ်က Break Up Challenge နဲ့ အခု Break Up Challenge ကြားမှာရှိတဲ့ ကွာခြားချက်ကဘာလဲ ? "

​ပေါ်ယွီက တစ်စက္ကန့်အတွင်း ​ဖြေလိုက်သည်။

" အချိန် "

" မှားတယ် "

ရန်​ဖေးက ချက်ချင်း ​ဖြေလိုက်သည်။ " တစ်ခုက ပြီးခဲ့တဲ့ သုံးနှစ်တုန်းက တခြားတစ်ခုကကျ ​နောက်သုံးနှစ်ကြာမှ "

" မှားတယ် "

ချူ​ရှောင်း​ရှောင်းက ​ပြောလိုက်သည်။

" guest ​တွေမတူဘူး "

" မှားတယ် "

​ပေါ်ယွီ ချီတုံချတုံနဲ့ ဆိုလိုက်သည်။

" အစီအစဉ်တင်ဆက်သူ​တွေက အရင်ကထက် အသက်သုံးနှစ်ပိုကြီးလာတယ် ? "

ချူ​ရှောင်း​ရှောင်းက ​ပေါ်ယွီကို ​ဒေါကန်သွားတဲ့မျက်လုံး​တွေနဲ့ ကြည့်လာသည်။ဒါ​ပေမယ့် အချက်ပြမီးက အစိမ်း​ရောင်ကို ​ပြောင်းသွား​လေသည်။

{ T / N ; မိန်းက​လေး​တွေက သူတို့ကို အသက်ကြီးလာတယ်လို့​ပြောရင် သ​ဘောမကျကြဘူး​လေ အဲဒါ​ကြောင့်ပါ }

" ဂုဏ်ပြုပါတယ် ၊ အ​ဖြေမှန်သွားပါပြီ ! "

ပရိတ်သတ်​တွေက တ​သော​သောရယ်​မောလိုက်ကြပြီး ဘယ်သူကမှ ဒီ​မေးခွန်းရဲ့ တမူထူးခြား​နေတဲ့အ​ဖြေကြီးကို မစဉ်းစားမိကြ​ချေ။

" ... ​နောက်ဆုံး​မေးခွန်း ၊ <The Man's Survival> က ဘယ်အချိန်မှာ တရား၀င် ထုတ်လွှင့်မှာလဲ ? "

ချီယန် ​ဖြေလိုက်သည်။ " သန်ဘက်ခါ ည ရှစ်နာရီ "

" ဂုဏ်ပြုပါတယ် ၊ အ​ဖြေမှန်သွားပါပြီ "

အ​ဖြေကို မြန်မြန်ပြန်​ဖြေရတဲ့ဂိမ်းပြီးသွားတဲ့​နောက် ချူ​ရှောင်း​​ရှောင်းက ဒါရိုက်တာအဖွဲ့ကို သွားခွင့်မ​ပေးဘဲ သူမလည်ပင်းကို ဆွဲဆန့်ကာ ​အော်ဟစ်​နေသည်။Break Up Challenge ရဲ့ လွန်ခဲ့တဲ့သုံးနှစ်နဲ့အခုသုံးနှစ်ကြားမှာရှိတဲ့ အဓိကကွာခြားချက်က အစီအစဉ်တင်ဆက်သူ​တွေ အသက်ပိုကြီးလာတာတဲ့လား !

Winner အသင်းရဲ့ ​ခေါင်း​ဆောင်ဖြစ်တာ​ကြောင့် ချီယန်က ဒုတိယ​မြောက်ဂိမ်းကို ဆယ်စက္ကန့်​စောပြီး စတင်ကစားနိုင်သည်။ရှုံးတဲ့သူ​တွေက​တော့ ဘာမှမလုပ်နိုင်ဘဲ အဲဒီဆယ်စက္ကန့်ကိုပြီး​အောင် ​စောင့်​နေရမှာဖြစ်သည်။

ဒုတိယ​မြောက်ဂိမ်း -------- လူသုံး​ယောက်ပါ၀င်ပြီး အတားအဆီး​တွေကို ​ကျော်ဖြတ်​ပြေးရမယ့် လက်ဆင့်ကမ်းအ​ပြေးပြိုင်ပွဲဖြစ်သည်။

​ပေါ်ယွီရဲ့ သန်မာတဲ့ခါးနဲ့​ခြေတံရှည်​တွေရဲ့ အကျိုး​ကျေးဇူး​ကြောင့် သူ ​ခြေလှမ်းအကျယ်ကြီးလှမ်းလိုက်ပြီး ငါးမီတာအကွာက ပူ​ဖောင်း​တွေကို ချက်ချင်း ယူလိုက်သည်။အဲဒီ​နောက် သူ ပူ​ဖောင်း​တွေကို အတူတူ စုချည်ပြီး ချိုင်းကြားမှာညှပ်ထားရင်း ကြမ်းပြင်​ပေါ်မှာ ချထားတဲ့ အတားအဆီး​တွေကို ​ရှောင်ရှားကာ ချီယန်ဆီ ​ပြေးသွားသည်။ပြီး​တော့ သူ ပူ​ဖောင်း​တွေကို ချီယန်ဆီ လက်ဆင့်ကမ်း​ပေးလိုက်သည်။

ချီယန်က ​ပေါ်ယွီ​ပေးတဲ့ ပူ​ဖောင်း​တွေကိုယူပြီး ​နောက်ကိုလှည့်ကာ bouncing bed ​ပေါ်ကို ခုန်တက်လိုက်သည်။ဂိမ်းစည်းကမ်းအရ သူဟာ ပူ​ဖောင်း​တွေကို ချိုင်းကြားမှာ ထိန်းထားရမှာဖြစ်ပြီး သူ ခုန်​နေတဲ့အချိန်မှာ အဲဒီပူ​ဖောင်း​တွေက ​ပေါက်သွားတာပဲဖြစ်ဖြစ် ပြုတ်ကျသွားတာပဲဖြစ်ဖြစ် လုံး၀ဖြစ်လို့မရ​ပေ။

ခဏ​လောက်ကြာတဲ့အခါ ချီယန် ​မောပန်းလာပြီး ​ဟောဟဲဆိုက်​နေသည်။

.

.

.

.

.

.