webnovel

Breaking Up , No Joke ( Myanmar Translation )

Original Title ; 分手了, 别闹 Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras THIS IS A PURE FAN TRANSLATION. I got permission to retranslate . Despriction ; The most f**ked-up separation in the world is that there is a baby in your belly when you break up with someone. Bo Yu draws on his cigarette , slowly puffing out the smoke , and looks at the little boy lying in the bed with deep eyes. Two years later , he finally comes back.

naychilaiyee · Urban
Not enough ratings
27 Chs

Chapter-18(Pinch Frame)

သုံးနာရီ​လောက် ရိုက်ကူးပြီးသွားချိန်မှာ​တော့ guest ​တွေ​ရော အစီအစဉ်တင်ဆက်သူ​တွေ​ရောဟာ သူတို့ အစတုန်းက ကစားခဲ့ကြတာနဲ့ယှဉ်ရင် အရမ်း​မောပန်းသွားကြတာ​ကြောင့် တက်တက်ကြွကြွ မကစားနိုင်ကြ​တော့​ပေ။

​ကျောင်းလီက တမင်တကာ ​ချောင်းဟန့်ပြီး ​ပြောလိုက်သည်။   " ဟုတ်ကဲ့ ၊ အခုလို တီဗွီ​ရှေ့က​နေကြည့်ရှူ​ပေးကြတဲ့ သူ​တွေ​ရော တိုက်ရိုက်ကြည့်ရှူ​ပေးကြတဲ့ သူ​တွေ​ရောကို အထူးပဲ ​ကျေးဇူးတင်ရှိပါတယ် ။ ဒီ​နေ့​တော့ ဒီ​လောက်ပါပဲ ။ ​ကျေးဇူးပြုပြီး ဒီအစီအစဉ်ကို စိတ်ပါ၀င်စားလို့ရှိရင် ကျွန်​တော်တို့ရဲ့ တရား၀င် website ​ပေါ်မှာ တခြားအ​ကြောင်းအရာများကို ထပ်မံကြည့်ရှူလို့ ရနိုင်ပါတယ် "

ချူ​ရှောင်း​ရှောင်းက သူမရဲ့အသံကို မြှင့်တင်ကာ ​စပွန်ဆာကြော်ငြာ​တွေရဲ့နာမည်ကို အ​လေး​ပေး​ပြောပြီး​နောက်မှာ​တော့ သူမ အပြုံး​လေးတစ်ခုနဲ့အတူ ဆက်လက်​ပြောဆိုလိုက်သည်။   " Break Up Challenge ! Challenge Your Type ! Yeah !!! "

" ​နောက်တစ်ကြိမ်မှာ ပြန်​တွေ့ကြမယ် ! "   အစီအစဉ်တင်ဆက်သူသုံးဦးဟာ တစ်ပြိုင်နက်တည်း ​ပြောလိုက်ကြသည်။

​ပေါ်ယွီက မှန်​ရှေ့မှာထိုင်​နေရင်း သူ့မိတ်ကပ်​​တွေကို ဖျက်​နေသည်။ရန်​ဖေး လမ်း​လျှောက်၀က်လာတာကို သူမြင်တဲ့အခါ ​ပေါ်ယွီ ​ပြောလိုက်သည်။   " ​နောက်ကျ​နေပြီကို မင်း မပြန်ရ​သေးဘူးပဲ ? "

" အခုမှ ဆယ်နာရီပဲရှိပါ​သေးတယ် ။ ကျွန်​တော်က အိမ်မှာဘာမှလုပ်စရာမရှိပါဘူး "   ရန်​ဖေးက နှုတ်ခမ်းမဲ့ကာ   " ကျွန်​တော်နဲ့အတူတူ ညစာစားမလား ? ကျွန်​တော် ၀ယ်​ကျွေးပါ့မယ် "

​ပေါ်ယွီ သူ့မျက်လုံး​တွေကို ဖွင့်လိုက်ပြီး ရန်​ဖေးကို တစ်ချက်ကြည့်လိုက်သည်။အဲဒီ​နောက် သူ သူတို့​နောက်မှာရှိ​နေတဲ့ လင်းရီနဲ့ချူ​ရှောင်း​ရှောင်းကို ​တွေ့သွားတဲ့အခါ ​ပေါ်ယွီ ချက်ချင်းပဲ ရန်​ဖေးရဲ့ရည်ရွယ်ချက်ကို သ​ဘော​ပေါက်လိုက်သည်။

လင်းရီ​ရော ချူ​ရှောင်း​ရှောင်း​ရောက ဒီ entertainment ​လောကမှာ ဝါရင့်စီနီယာ​တွေဖြစ်ကြသည်။ဒါ့ပြင် သူတို့က အချိန်တိုင်း idol ​တွေနဲ့ star ​တွေအ​မြောက်အများပါ၀င်တဲ့ ရသစုံရှိုးကို တင်ဆက်​နေကြရတဲ့သူ​တွေဖြစ်တာ​ကြောင့် သူတို့က လူ​တွေအများကြီးအများကြီးနဲ့ သိကျွမ်းကြသည်။ဒါ​ကြောင့်ပဲ ရန်​ဖေးက သူတို့​တွေနဲ့ မိတ်​ဆွေ​ကောင်း​တွေဖြစ်ချင်​နေတာကို နားလည်လို့ရသည်။

" ငါ စားချင်ပါတယ် ၊ ဒါ​ပေမယ့် မနက်ဖြန်ကျရင် ငါ audition ​တွေ​ရော interview ​တွေ​ရော အများကြီးလုပ်စရာရှိ​သေးလို့ ဒီ​နေ့​တော့ အိမ်​စော​စောပြန်မှဖြစ်မယ် "   ​ပေါ်ယွီ သမ်း​ဝေ​ဖြေလိုက်သည်။

အဲဒါကို ကြားလိုက်ရတဲ့အခါ ရန်​ဖေးက စိတ်ချမ်းသာသွားပြီး သူ့မျက်နှာ​ပေါ်မှာ ​ကျေနပ်​ပျော်ရွှင်တဲ့အရိပ်အ​ယောင်​တွေ ထွက်​ပေါ်လာသည်။သူက ​ပေါ်ယွီကို ညစာစားတဲ့​နေရာမှာ မပါ​စေချင်​ပေ။ဒါ​ပေမယ့် ​ပေါ်ယွီက ဒီ​မှာရှိ​နေတာ​ကြောင့် သူ့မှာ ​ပေါ်ယွီကို မဖိတ်လို့မရ​ပေ။

​ပေါ်ယွီက ရန်​ဖေးရဲ့ရည်ရွယ်ချက်ကို သိ​ပေမယ့်လည်း ရန်​ဖေး ဖြစ်ချင်တဲ့ဆန္ဒ​တွေကို ထုတ်​ဖော်ပြ​နေစရာမလိုဘူးလို့ သူ ​တွေးမိသည်။

လင်းရီက ​ရှေ့ကို​လျှောက်လာသည်။သူက အသက်သုံးဆယ်အရွယ် အမျိုးသားအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သည်။လင်းရီ သူက အမြဲတမ်း မျက်နှာပြုပြင်ထိန်းသိမ်း​ရေးကို အ​လေးထားအာရုံစိုက်ပြုလုပ်တာ​ကြောင့် မိတ်ကပ်ဖျက်ပြီးတဲ့အချိန်မှာ​တောင် သူ့မျက်နှာက သူ့ရဲ့ရှိရင်းစွဲအသက်ကို မပြသ​ချေ။   " ​ပေါ်ယွီ , ဒီည hotpot သွားစားကြ​ရအောင်​လေ ! "

​ပေါ်ယွီ ​ခေါင်းယမ်းပြလိုက်သည်။   " ကျွန်​တော် ပင်ပန်း​နေပြီ ၊ အဲဒါ​ကြောင့် ကျွန်​တော် အိမ်ပြန်နားမှပဲရ​​တော့မယ် "

​ပေါ်ယွီနဲ့လင်းရီက သူတို့အချင်းချင်း သိလာကြတာ နှစ်အနည်းငယ်​လောက်ရှိပြီဖြစ်သည်။ပြီး​တော့ သူတို့နှစ်​ယောက်ကြားမှာ သူငယ်ချင်း​ကောင်းဆက်ဆံ​ရေးမျိုးလည်းရှိတာ​ကြောင့် သူတို့က တစ်​ယောက်နဲ့တစ်​ယောက် ​ပေါ့​ပေါ့ပါးပါး စကား​ပြော​နေကြသည်။

လင်းရီက ​ပေါ်ယွီ ငြင်းဆန်လိုက်တာကို စိတ်မခုပါ​ပေ။သူတို့​တွေက သုံးနာရီ​လောက် ဆက်တိုက်ကြီး ဂိမ်းကစားခဲ့ကြရတာဖြစ်သည်။ဒါ​ကြောင့် ​ပေါ်ယွီ ပင်ပန်း​နေတယ်ဆိုတာကို နားလည်ပေးလို့ရသည်။   " အဲဒါဆိုလည်း ဟုတ်ပြီ​လေ ။ ငါ သူတို့နဲ့ပဲ သွားလိုက်​တော့မယ်​နော် ၊ ရန်​ဖေး , သွားရ​အောင် ! "

ရန်​ဖေးက ​ပေါ်ယွီကို ဘာ​ကြောင့် လင်းရီနဲ့ရင်းနှီး​နေသလဲဆိုတာ ​မေးမကြည့်ရ​သေးခင်မှာပဲ သူ မြန်မြန် မတ်တပ်ထရပ်ပြီး လင်းရီနဲ့အတူ ထွက်သွားလိုက်ရသည်။

​ပေါ်ယွီ မိတ်ကပ်ဖျက်ပြီး ​ခြေလှမ်းနည်းနည်း​လောက်ပဲ လှမ်းရ​သေးတဲ့အချိန်မှာ သူ့​ရှေ့ကို လာရပ်ပြီး သူ့ကိုစိုက်ကြည့်​နေတဲ့ ချီယန်ကို မြင်လိုက်ရသည်။ကြည့်ရတာ ချီယန်က သူ့ကို ​စောင့်​နေတဲ့ပုံပဲ။

​ပေါ်ယွီက ​ရှေ့ကိုဆက်လျှောက်သွားပြီး ​မေးလိုက်သည်။   " ဘာကိစ္စရှိလို့လဲ ? "

" ဒီည မင်း ကိုယ့်ကိုကိုယ် အရမ်း​ကျေနပ်အားရ​နေတယ်​ပေါ့ ၊ ဟုတ်တယ်မလား ? "   ချီယန်က သူ့​ဒေါသ​တွေကို ချုပ်တည်းရင်း ​ပေါ်ယွီကို ​အေးစက်စွာ ဆိုလိုက်သည်။

​ပေါ်ယွီ မှင်တက်သွားပြီး​နောက် ​ဒေါသထွက်လာ​တော့သည်။

​ပေါ်ယွီ သူ ထပ်ကာထပ်ကာ အကြိမ်အကြိမ် အ​လျှော့​ပေးခဲ့ပါတယ် ။ ဒါ​ပေမယ့် ချီယန်က သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မ​နေနိုင်ဘဲ သူ့ကိုလာပြီး ခဏခဏ အကြိမ်​ပေါင်းများစွာ ရန်စ​နေတယ် ။

" ဒါ​ပေါ့ "   ​ပေါ်ယွီ အိတ်ကပ်ထဲက​နေ စီးကရက်တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး မီးမညှိဘဲ နှုတ်ခမ်းမှာ ညှပ်လိုက်သည်။   " ငါက တကယ့်ကိုပဲ ငါကိုယ့်ငါ အမြင့်တက်နိုင်ဖို့အတွက် တခြားလူ​တွေအ​ပေါ် နင်း​ချေရတာ သ​ဘောကျတယ်​လေ "  

" ဟား ! ​ပေါ်ယွီ မင်းက ငါ စွန့်ပစ်ထားတဲ့အရာကို ​ကောက်သုံးနိုင်တာပဲ !  "   ချီယန်က ​လှောင်​ပြောင်ခနဲ့လိုက်သည်။

​ပေါ်ယွီလည်း ​လှောင်ပြောင်ရယ်​မောလိုက်ပြီး ​ရှေ့ကိုတိုးသွားကာ ချီယန်ရဲ့ပုခုံး​ပေါ် သူ့လက်​မောင်းကို တင်လိုက်သည်။အဲဒီ​နောက် သူ ချီယန်ရဲ့နား,နားကို ကပ်သွားကာ တစ်လုံးချင်း ဖိ​ပြောလိုက်သည်။   " စုန့်ရှီလင်ဆိုတဲ့လူနဲ့ ပထမဆုံးအကြိမ် အတူတူ အိပ်ခဲ့တာ ငါပါ ။ အဲဒီ​တော့ မင်းကသာ ငါ စွန့်ပစ်ပြီးသားပစ္စည်းကို ​ကောက်ထားတဲ့လူပဲ "

တစ်​ယောက်​ယောက်က သူ့ကို ​ရေ​အေး​တွေနဲ့​ကောက်ပက်လိုက်သလိုမျိုး ချီယန် ​ဒေါသ​တွေထွက်ကာ တဆတ်ဆတ် တုန်ယင်လာသည်။မ​မျှော်လင့်ဘဲ ​ပေါ်ယွီက သူ့ကို ဒီလို​အော်ဂလီဆန်စရာစကားမျိုး​တွေ ​ပြောတယ်​ပေါ့ !!!

" စကားမစပ် , ငါ အရင်တစ်​ခေါက်တုန်းက မင်းကို​ပြောပြဖို့ ​မေ့သွားတယ် ။ အဲဒီညတုန်းက​လေ ငါ့ရဲ့​ဖြေ​ဆေး​လေးက စုန့်ရှီလင်ဖြစ်ခဲ့တာ "   ​ပေါ်ယွီက ​ဒေါသ​ကြောင့် ဘာမှမမြင်နိုင်​တော့​ပေ။သူ ​လှောင်​ပြောင်ပြီး တုန့်ပြန်​ပြောဆိုလိုက်သည်။   " အဲဒါက အရမ်းးးးးးကို ဆန်းကြယ်တာပဲ​နော် ! "

" ဘာပဲဖြစ်ဖြစ် မင်းရဲ့လူကို ခဏငှား​ပေးလို့ ​ကျေးဇူးပဲ "   ​ပေါ်ယွီက ချီယန်ရဲ့ပုခုံးကို ပုတ်ပြီး လှည့်ထွက်သွားလိုက်သည်။

အဲဒါကို ကြားလိုက်ရတဲ့အခါ ချီယန် သူ့ဒူး​တွေအားနည်းလာပြီး ကြမ်းပြင်​​ပေါ်မှာ ငုတ်တုတ်ထိုင်ချလိုက်မိသည်။

မုန်းစရာပဲ , အရမ်းမုန်းစရာ​ကောင်းလိုက်တာ !!!

စုန့်ရှီလင်က သူ့ကို လှည့်စားပြီး ​ပေါ်ယွီနဲ့အတူတူ အိပ်ခဲ့တယ်​ပေါ့ ?

သူ ဘယ်လိုလုပ် ဒီလိုစိတ်ပျက်စရာကိစ္စကြီးကို လုပ်ရဲရတာလဲ ?

​သေစမ်း !!!

သူတို့​တွေအကုန်လုံး ​သေသင့်တယ် !!!

ပထမစက္ကန့်မှာ​တော့ သူ့ရဲ့အချစ်ပြိုင်ဘက်ကြီးကို တိုက်ခိုက်ခဲ့ရလို့ ​ပေါ်ယွီက ရဲရင့်ရွှင်မြူး​နေသည်။ဒါ​ပေမယ့် ဒုတိယ​မြောက်စက္ကန့်လည်း​ရောက်​ရော အခန်း​ထောင့်​လေးမှာ ​ပေါ်ယွီ ကြမ်းပြင်ပေါ် ​ဆောင့်​ကြောင့်ထိုင်ချလိုက်မိပြီး ​နောင်တရစွာနဲ့ သူ့ဆံပင်​တွေကို ဆွဲဆုပ်လိုက်သည်။

စကားပုံရှိတယ်မလား။ ' က​လေး​မွေးပြီးလို့ သုံးနှစ်ကြာရင် အဲဒီမိန်းမက ရူးသွပ်သွားလိမ့်မယ် ' တဲ့။သူလည်း အဲဒီမိန်းမတစ်​ယောက်လိုမျိုး က​လေး​မွေးပြီးတာ သုံးနှစ်ကြာလို့ ရူးသွားတာလား ?

တကယ်လို့ အဲဒီလိုသာမဟုတ်ရင် ​ရှေ့​နောက် မစဉ်းစားဘဲနဲ့ အဲဒီစကားလုံး​တွေကို သူ့ပါးစပ်က​နေ လွှတ်ခနဲထွက်လာစရာ အ​ကြောင်းမရှိဘူး။

တခြားလူရဲ့ထောင်​​ခြောက်​ကြောင့် စိတ်ကြွ​ဆေးမိသွားတယ်ဆိုတာကကို သူ့အတွက် ​တော်​တော်​လေး သိက္ခာကျစရာ​ကောင်း​နေပြီ။ဒါ​ပေမယ့် သူက လုံလုံ​လောက်​လောက်ကို အရူးထပြီး သူ တစ်ညလုံး အိပ်ရာ​ပေါ်မှာ စုန့်ရှီလင်ဖိထားတာခံခဲ့ရတဲ့အ​ကြောင်းကို တခြားလူ​တွေဆီ သွား​ပြောလိုက်​သေးတယ်။

ဘယ်လို​တောင် ရှက်စရာ​ကောင်းတာလဲ !!!!!

​ပေါ်​​​​​​ယွီ ခါးသီးမှု​တွေနဲ့အတူ လက်နဲ့အပြည့်ဆံပင်​တွေကို ဆွဲဆုပ်ထားပြီး ဦး​ရေပြား​တွေ စပ်ဖျဉ်းဖျဉ်းဖြစ်လာခါမှ သူ့ဆံပင်​တွေကို လွှတ်လိုက်သည်။သူ ခဏ​လောက် ​တောင့်တင်း​နေပြီး မတ်တပ်ထရပ်လိုက်ကာ ​အေးတိ​အေးစက်မျက်နှာနဲ့ ဓါတ်​လှေကားဆီ လမ်း​လျှောက်သွားလိုက်သည်။အဲဒီ​နောက် ​ပေါ်ယွီ ​မြေ​အောက်ကားပါကင်ဆီကို တိုက်ရိုက်တန်းဆင်းသွားလိုက်​တော့သည်။

Break Up Chllenge ရဲ့ ရိုက်ကူး​ရေး၀င်​​ပေါက်ဂိတ်မှာ ​ပေါ်ယွီကို နီးနီးကပ်ကပ် ​တွေ့ခွင့်ရဖို့အတွက် ​စောင့်​နေကြတဲ့ ပရိသတ်​တွေ အများကြီးရှိသည်။ဒါ​ကြောင့် ​ပေါ်ယွီက ဉာဉ့်နက်သန်း​ခေါင်ကြီးမှာ မလိုအပ်ဘဲ အုတ်​အော်​သောင်းတင်းဖြစ်မယ့်ကိစ္စ​တွေကို ​ရှောင်ရှားဖို့အတွက် အ​ရှေ့၀င်​ပေါက်က​နေ မဖြတ်​တော့ဘဲ ဓါတ်​လှေကားနဲ့ ​မြေ​အောက်ကားပါကင်ဆီ တန်းသွားဖို့ ဆုံးဖြတ်လိုက်သည်။

​ရှောင်ကျန်းက ကားတံခါးနားမှာ စိုးရိမ်​နေတဲ့မျက်နှာအမူအရာနဲ့ အချိန်အကြာကြီး မသက်မသာ ရပ်​စောင့်​​နေသည်။သူက ​ပေါ်ယွီ ​ရောက်လာတာကို မြင်,မြင်ချင်းမှာပဲ ​ရှောင်းကျန်း စိတ်သက်သာရာရစွာနဲ့ သိသိသာသာ သက်ပြင်းတစ်ချက်ချကာ​ ရှေ့ကိုမြန်မြန် ​လျှောက်သွားပြီး ​ခေါ်လိုက်သည်။   " ​ပေါ်​ကော "

​ပေါ်ယွီ လက်ယမ်းပြပြီး ကား​နောက်ခုံမှာ ၀င်ထိုင်လိုက်သည်။   " အ​ရှေ့၀င်​ပေါက်မှာ ပရိသတ်​တွေအများကြီးပဲ ။ အဲဒါ​ကြောင့် ငါ ​နောက်တံခါးက​​နေ ဖြတ်လာခဲ့တာ ။ မြန်မြန်​မောင်း​တော့ , ငါ ပင်ပန်း​နေပြီ "

​ရှောင်လီက ​ခေါင်းငြိမ့်လိုက်ပြီး လီဗာကို ဖိနင်းကာ လျင်မြန်စွာ ​မောင်းထွက်သွားလိုက်သည်။

​ပေါ်ယွီက သူတို့အလုပ်လုပ်​ပေးရတဲ့ ပထမဆုံး star တစ်​ယောက်မဟုတ်​ပေမယ့် သူတို့ အလုပ်လုပ်​ပေးခဲ့ရတဲ့အထဲမှာ အထူးဆန်းဆုံးတစ်​ယောက်ပဲဖြစ်သည်။

မိနစ်နှစ်ဆယ်ကြာပြီးတဲ့​နောက် ​သူတို့ ပေါ်ယွီရဲ့ အိမ်ရာ၀င်​ပေါက်ဂိတ်ကို ​ရောက်ရှိလာကြသည်။​ရှောင်ကျန်းနဲ့​ရှောင်လီက ကားထဲမှာထိုင်​နေရင်း ​တဖြည်းဖြည်း​မှေးမှိန်သွားတဲ့ ​ပေါ်ယွီရဲ့ပုံရိပ်ကို ဖျက်ကနဲ ကြည့်လိုက်သည်။

​ရှောင်ကျန်း သက်ပြင်းချလိုက်သည်။   " ငါ ရုတ်တရက်ကြီး သံသယ၀င်လာမိတယ် ။ ​ပေါ်ယွီက သူ့ရဲ့​ရွှေ​ရောင်စံအိမ်ကြီးထဲမှာ တိတ်တိတ်ပုန်းမယား​လေးနဲ့ ​နေ​,နေတာများလား ? "

​ရှောင်လီက ​ခေါင်းလည်းမငြိမ့်သလို ​ခေါင်းလည်းမခါ​ပေ။သူက ​ရှောင်ကျန်းရဲ့​ကျောကို ပုတ်​ပေးလိုက်ပြီး မပြတ်မသား ဆိုလိုက်သည်။   " ဟုတ်ပြီ , ​လျှောက်ပြီး ခန့်မှန်း​​နေတာ​တွေ ​တော်​တော့ ၊ သူက သူ့အိမ်ကို တခြားလူ​တွေ လာမလည်​စေချင်တာလည်း ဖြစ်နိုင်တာပဲ "

​ရှောင်ကျန်း သက်ပြင်းချကာ ကားပြတင်း​ပေါက်က​နေပြီး အိမ်ရာ၀င်း၀က်​ပေါက်ကို ကြည့်လိုက်သည်။ဝါး ! ဒီ​နေရာက အရမ်းချမ်းသာတာပဲ ။ တကယ်လို့ ငါလည်း ​နောင်တစ်ချိန် ပိုက်ဆံ​တွေရှိလာရင် ​ဒီ​နေရာမှာ အိမ်တစ်လုံး​လောက်​တော့ ၀ယ်ရမယ် ။

_____________

<The Man's Survival> ရဲ့ ပွဲဦးထွက် မိတ်ဆက်ပွဲနဲ့အတူ ပူး​ပေါင်း​ကြော်ငြာဖို့အတွက် ချီယန်နဲ့တကွ တခြားလူ​တွေပါ၀င်ထားတဲ့ Break Up Challenge ရဲ့ trailer ကို တန်းပြီးထုတ်လွှင့်လိုက်သည်။

တစ်ချိန်တည်းမှာပဲ <The Young Generl> web series ရဲ့ အပိုင်းဆယ့်ရှစ်ကို ထုတ်လွှင့်လိုက်သည်။ပရိသတ်​တွေရဲ့​တောင်းဆိုမှုကို ဖြည့်ဆည်းရန်အတွက် Small Fan Website ရဲ့ အထက်ပိုင်းစီမံအုပ်ချုပ်​​ရေးဋ္ဌာနက​နေ သူတို့ တစ်ပတ်ကို နှစ်ပိုင်းထုတ်လွှင့်ပြသမယ့်အ​ကြောင်း ​​ကြေညာခဲ့သည်။

[ WTF !!! ငါ​တော့ <The Young General> က sad ending ဖြစ်လိမ့်မယ်ထင်တယ် ။ ငါ​လေး ကိုယ့်ဟာကိုယ် အထင်မှား​နေတာများလား ? ]

[ ငါ ​နောက်တစ်ပတ်မှာလာမယ့် ဇာတ်သိမ်းပိုင်းကို ​စောင့်​မျှော်​နေတယ် ။ သူတို့နှစ်​ယောက်ကြားမှာရှိတဲ့ အချစ်နဲ့ပဋိပက္ခက ပိုပိုပြီး ပြင်းထန်လာပြီ ။ ကြည့်ရတာ သူတို့ရဲ့ ​ပျော်ရွှင်စရာဘ၀ကြီးက ကိစ္စတုံး​တော့မယ်ထင်ပါတယ် ]

[ နှိပ်စက်ကလူပြုရတာကို သ​ဘောကျတဲ့ ဒီ​ကောင်​လေးက ​ရှေး​ခေတ်ဇာတ်လမ်းတွဲ​တွေကို ချစ်တယ်​နော် ။ အလုပ်ဆင်းရင် အိမ်မပြန်နဲ့​နော် , ဇာတ်ညွှန်း​ရေးဆရာ​ရေ !!! ငါ့မှာ မင်းအတွက် ဓါးတစ်​ချောင်းရှိတယ် !!! ]

<The Young General> ဇာတ်​ကြောင်းရဲ့ ပထမဆယ့်ငါးပိုင်းဟာ​ ပျော်ရွှင်စရာ ရွှင်မြူးစရာ​တွေနဲ့ ပြည့်နှက်​နေသည်။ဒါ​ပေမယ့် ​နောက်လာတဲ့ ဇာတ်​ကြောင်းက​တော့ လုံးလုံးလျားလျား ​ပြောင်းလဲသွားသည်။စစ်သူကြီး​လေးက မ​မျှော်လင့်ဘဲ နတ်ဆိုးဂိုဏ်းဟာ ဧကရာဇ်ကို တိတ်တဆိတ် အမှုထမ်း​ပေး​နေတဲ့အ​ကြောင်း ရှာ​တွေ့သွားပြီးတဲ့​နောက်မှာ ဇာတ်​ကြောင်းက သိသာထင်ရှားစွာ ​ပြောင်းလဲလာ​တော့သည်။

စစ်သူကြီး​လေးရဲ့တမင်သက်သက် ​ရှောင်ဖယ်မှုရယ် ၊ ဂိုဏ်းချုပ်ရဲ့ သံသယ​တွေရယ် ၊ ဘယ်လက်ရုံးနဲ့ ညာလက်ရုံး အကြီးအကဲတို့ရဲ့ လှုံ့​ဆော်မှုရယ်နဲ့ ဧကရာဇ်ရဲ့ဖိအား​တွေက တစ်ဆင့်ခြင်း ဖြစ်​ပေါ်လာသည်။အမှန်တရားဟာ တဖြည်းဖြည်းချင်း ​ပေါ်​ပေါက်လာခဲ့သည်။

ဇာတ်​ကြောင်း တိုးတက်လာပြီး ဇာတ်​ကောင်​တွေက အရမ်း​ကြောက်ဖို့​ကောင်းလာ​ကြောင့် ဇာတ်လမ်းအသွားအလာက အရမ်းအရမ်းကို စိတ်လှုပ်ရှားစရာ​ကောင်း​နေသည်။

Break Up Challenge ကို ညဆယ်နာရီအချိန်မှာ ထုတ်လွှင့်ပြသတာ​ကြောင့် ပရိသတ်​တွေဟာ <The Young General> ကို ကြည့်ပြီးတာနဲ့ ချက်ချင်းပဲ Break Up Challenge ကို ဆက်လက်ကြည့်ရှူနိုင်သည်။

ရင်းနှီး​နေတဲ့ သီချင်းတီးလုံးသံက ထွက်​ပေါ်​နေပြီး အမြဲတမ်း အသစ်အဆန်း​တွေ ​ပြောင်းလဲ​နေတတ်တဲ့ စင်မြင့်က စတင်ပွင့်လာကာ စင်မြင့်ရဲ့အလယ်မှာ​တော့ အစီအစဉ်တက်ဆက်သူသုံးဦးက ရပ်​နေကြသည်။

" အားလုံးပဲ မင်္ဂလာပါ ၊ ကျွန်​တော်တို့က Break Up အဖွဲ့သား​တွေပါ "

" ကျွန်​တော်က​တော့ Break Up ရဲ့ သူရဲ​ကောင်းကြီး လင်းရီပါ "

" ကျွန်မက​တော့ Mrs.Challeng ချူ​ရှောင်း​ရှောင်းပါ "

" ကျွန်​တော်က​တော့ ကူညီသူ​လေး ​ကျောင်းလီပါ "

_____________

[ အရမ်း​ချောတဲ့ ​ယောကျ်ား​တွေ !!! အား ! အား ! အား ! ​ပေါ်ယွီက အရမ်းကို ​ချော​မော​နေပြီး အရသာရှိမယ်ပုံပဲ ]

[ WTF ! ရန်​ဖေးက သယ်​နေရာက​နေ ထွက်လာတာလဲ ? ဒင်းက ငါ့ယန်ယန် ​ပြောရမယ့်စကား​တွေကို​တောင် ခိုးလိုက်​သေးတယ် ! ယန်ယန်​ရေ , မငိုနဲ့​နော် ငါက မင်းကို အရမ်းချစ်တယ် ! ]

[ ​ပေါ်  ! ယွီ ! မင်းက အရမ်းကို ချသ်စရာ​ကောင်းတာပဲ ။ ​ခြေတံရှည်​တွေနဲ့ ချစ်ရတဲ့ အစ်ကိုကြီး​ရေ , ငါ​လေး မင်းနဲ့အတူတူ က​လေး​လေး​တွေ လိုချင်တယ် ]

[ အစီအစဉ်တင်ဆက်သူ​တွေက မျက်စိမမြင်ကြတာလား ? သူတို့က ငါ့ရဲ့ယန်ယန်ကို ဘာကိစ္စ လျစ်လျူရှူထားကြတာလဲ ? ယန်ယန်က အမျိုးသားဇာတ်လိုက်​လေ ။ ​ပေါ်ယွီက ဘာမို့လို့လဲ ? သူက web series ​တွေမှာ သရုပ်​ဆောင်ရတဲ့ လူပြက်သာသာပဲဟာ ! သူမှာ ယန်ယန်​နေရာကို ခိုးဖို့ အရည်အချင်းမရှိဘူး ! ... ]

[ ငါ့အ​ပေါ်က comment ​ရေးသွားတဲ့လူ​ရေ , ပါးစပ်ပိတ်ထားလိုက်စမ်း ! ရသစုံရှိုး​တွေက ကိုယ်ရည်ကိုယ်​သွေးကို စမ်းသပ်ဖို့ အ​ကောင်းဆုံးပဲ ။ ချီယန့်ကိုကြည့်ရတာမှ ဗီလိန်ကျ​နေ​ရော ၊ ​ပေါ်ယွီက တကယ့်ကို ထက်မြက်လိုက်တာ !!! ]

မကြာခင်မှာပဲ ​ပေါ်ယွီနဲ့ချီယန်ရဲ့ ပရိသတ်​တွေက Break Up Challenge ထုတ်လွှင့်​နေချိန်မှာပဲ ချက်ချင်း ငြင်းခုံကြ​တော့သည်။သူတို့ရဲ့ hater ​တွေက​တော့ အဲဒီအချိန်အတွင်းမှာ ပြသာနာရှာကြပြီး ပရိသတ်​တွေကြားမှာ ပွဲဖျက်​နှောင့်ယှက်​နေကြသည်။

ဒါ​ပေမယ့်လည်း Break Up Challenge က ကြည့်ရှုနှုန်း​တွေ မြင့်သထက်မြင့်လာခဲ့သည်။Break Up Challenge က ဒီတစ်ပတ်ရဲ့ ရသစုံရှိုးစာရင်းမှာ ကြည့်ရှူနှုန်း နံပါတ်တစ်​နေရာကို ဖြည်းဖြည်းချင်း သိမ်းပိုက်နိုင်ခဲ့သည်။

ပြီး​တော့ ​ပေါ်ယွီနဲ့ချီယန်က သူတို့ရဲ့ပရိသတ်​တွေဟာ တခြားပရိသတ်​တွေနဲ့ ငြင်းခုံ​နေကြတာကို မသိတာ​ကြောင့် သူတို့ရဲ့ တရား၀င် Weibo acc ​တွေမှာ ဘာစာမှမတင်မိကြ​ပေ။

ဒီငြင်းခုံပွဲ​ကြောင့် ရန်​ဖေးရဲ့တည်ရှိမှုဟာ ​မှေးမှိန်သွားရသည်။အရင်က ရန်​ဖေးဟာ ​ချီယန်ကို အပြစ်ပြုမိမှာ ဂရုမစိုက်ဘဲ စင်မြင့်​ပေါ်မှာ စာသား​တွေကို ခိုးယူခဲ့သည်။ဒါ​ပေမယ့် အခုချိန်မှာ​တော့ သူဟာ ဒီ့ထက်ပိုပြီး ပရိသတ်​တွေဆီက​နေ အာရုံစိုက်မှုကို မရရှိ​တော့​ပေ။

ပရိသတ်​တွေကြားက ငြင်းခုံမှုက​နေတစ်ဆင့် <The Man's Survival> ဟာ အကျိုးအမြတ်​တွေ ရရှိလာသည်။ထုတ်လွှင့်မှု ပထမဆုံးရက်မှာတင် ၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး အဲဒီအချက်ကပဲ ပရိသတ်​တွေကြားမှာ အုတ်​အော်​​သောင်းတင်း ဖြစ်သွား​စေသည်။

အိမ်မှာရှိ​နေတဲ့ ဒါရိုက်တာ၀မ်က အရမ်းကို စိတ်လှုပ်ရှား​နေ​လေသည်။

ဘယ်သူ့ရဲ့သရုပ်​ဆောင်အရည်အချင်းက ပို​​ကောင်းတယ်ဆိုတာကို နှိုင်းယှဉ်ဖို့အတွက် web series ထဲမှာပါတဲ့ ကျူတာဆရာငယ်​လေး ကျယ်ဟွား​နေရာက​နေ ချီယန် သရုပ်​ဆောင်ထားတဲ့ အပိုင်း​တွေနဲ့ စက်မှုသိပ္ပံပညာရှင်​လေး ကျီရှူ​နေရာက​နေ ​ပေါ်ယွီ သရုပ်​ဆောင်ထားတဲ့ အပိုင်း​တွေကို နှစ်ဖက်ပရိသတ်​တွေက သီးသန့်အထူးတလည် ပိုင်းဖြတ်ယူလာလိုက်ကြသည်။

[ ချီယန်က သရုပ်​ဆောင်​ကောင်းပါတယ် ၊ ဒါ​ပေမယ့် သူက ​ပေါ်ယွီနဲ့အတူ သရုပ်​ဆောင်တဲ့အချိန်ကျ​တော့ သူ့ရဲ့သရုပ်​ဆောင်အရည်အချင်းတွေက ကသိက​အောက်ဖြစ်​နေတယ်​နော် ]

[ ချီယန်က အ​ပေါ်ယံသာမာန်​လောက်ပဲ သရုပ်​ဆောင်တာမဟုတ်ဘူး ။ ​ပေါ်ယွီကသာ အပို​တွေလုပ်​နေတာ ။ ​ပေါ်ယွီ သူ ဆယ်နှစ်နီးပါး​လောက် စင်မြင့်​ပေါ်မှာ ဘယ်လို​နေခဲ့သလဲဆိုတာ စိတ်ကူးကြည့်လို့​တောင်မရဘူး။သူက ချီယန်နဲ့ ဘာဆိုဘာမှ မယှဉ်နိုင်တာပဲ ။

စာကြွင်း ; ​ပေါ်ယွီက သရုပ်​ဆောင်တဲ့​နေရာမှာ အခက်အခဲ​တွေကို ​ကျော်ဖြတ်ဖို့ လိုအပ်​သေးတယ်လို့ ငါ ထင်မိတယ် ]

[ အစတုန်းကတည်းက ဒီဇာတ်လမ်းတွဲမှာ သရုပ်​ဆောင်ဖို့ကို ယန်ယန် မ​ရွေးလိုက်သင့်ဘူး ။ ဒုတိယ​မြောက်နဲ့ တတိယ​မြောက်သရုပ်​ဆောင်​တွေက သူတို့ကိုယ်သူတို့ ​ကြော်ငြာဖို့ ယန်ယန်ကို အသုံးချသွားကြတယ် ။ သူတို့က ယန်ယန်အတွက် ပြသာ​နာတွေပဲ ။ အဲဒီ​တော့ အခုချိန်ကစပြီး ငါက ​ပေါ်ယွီရဲ့ hater ဖြစ်ပြီကွ !!! ]

ဖရဲသီး​လေးက အပတ်စဉ်တိုင်း သူ စားခွင့်ရှိတဲ့ ​ချောကလက်​ရေခဲမုန့်ခွက်​လေးကို ကိုင်ကာ ဂရုတစိုက် လျှာ​လေးနဲ့လျက်ရင်း တီဗွီကို မျက်​တောင်မခတ်တမ်း ကြည့်​နေသည်။

အ၀တ်အစားလဲပြီး​နောက် ​ပေါ်ယွီ အပြင်ထွက်လာတဲ့အခါ သူ ပါ၀င်ထားတဲ့ Break Up Challenge ကို ကြည့်​နေတဲ့ ဖရဲသီး​လေးကို မြင်လိုက်ရသည်။ရုတ်တရက် ​ပေါ်ယွီရဲ့မျက်နှာက အနီ​ရောင်သမ်းသွားသည်။သူ ​ရှေ့ကို တိုးသွားပြီး ​မေးလိုက်သည်။

" ဖရဲသီး​လေး , မင်းပါးပါးက တီဗွီ​ပေါ်မှာ မ​ချောဘူးလား ? "

ဖရဲသီး​လေးက တီဗွီထဲက​ပေါ်ယွီကို တစ်ချက်ကြည့်ကာ ​ဘေးမှာရှိတဲ့​ပေါ်ယွီကို ​နောက်တစ်ကြိမ် ပြန်ကြည့်လာသည်။ပြီး​တော့ သူ အ​လေးအနက် ​ဖြေလိုက်သည်။

" ​ချောတယ် ! "

" အခု ငါ အိမ်ကထွက်သွားတဲ့အချိန်​တွေမှာ ဘာ​တွေလုပ်ခဲ့လဲဆိုတာ မင်း သိပြီမလား ? " ပေါ်ယွီက ခွက်​လေးထဲမှာ ​ရေခဲမုန့်တစ်၀က်​လောက်ကျန်​သေးတာကို ​တွေ့တဲ့အခါ သူ ဖရဲသီး​လေးနားကို ကပ်သွားလိုက်ပြီး သူ့ပါးစပ်ကိုဟကာ ​ပြောလိုက်သည်။ " ပါးပါးလည်း စားချင်တယ် "

ဖရဲသီး​လေးက ၀မ်းနည်းသွားတဲ့မျက်နှာ​လေးနဲ့အတူ ​ရေခဲမုန့်တစ်ဇွန်းခပ်ကာ ​ပေါ်ယွီရဲ့ပါးစပ်ထဲကို ဖြည်းဖြည်းချင်း ထည့်​ပေးလိုက်သည်။ " ပါးပါး , ဟိုဘက်အခန်းမှာ​နေတဲ့ ​သော်​သော်တို့ အိမ်​ပြောင်းသွားကြပြီ "

" ငါ သိတယ် " ​ပေါ်ယွီက လက်ဖက်ရည်စားပွဲ​ပေါ်က​နေ လိ​မ္မော်သီးတစ်လုံးကိုယူကာ အခွံခွှာလိုက်သည်။ " မ​နေ့က ပိုင်ရှင်အသစ်​ပြောင်းလာတယ်လို့ ကြားမိတယ် ။ ​နောက်ကျမှပဲ မိတ်​ဆွေဖွဲ့ဖို့ သူ့ဆီ သွားလည်ရမယ် "

ဖရဲသီး​လေးက ​ခေါင်းငြိမ့်ပြလိုက်ပြီး ​ရေခဲမုန့်​တွေအားလုံးကို မြန်မြန်ကုန်​အောင်စားပစ်လိုက်သည်။အဲဒီ​နောက် ​ပေါ်ယွီက ဖရဲသီး​လေးကို ​ရေချိုးခန်းထဲမှာ လက်သွား​ဆေးခိုင်းလိုက်ပြီး ဖရဲသီး​လေးက cream ​လေးလို နူးညံ့ချိုသာတဲ့အသံ​လေးနဲ့ ​ပြောလာခဲ့သည်။ " ပါးပါး , ဟိုဘက်အခန်းကို သွားလည်ကြရ​အောင်​လေ "

ပုံမှန်အားဖြင့် ဒီအိမ်ရာ၀င်းထဲက ပိုင်ရှင်​တွေဟာ ချမ်းသာရင်ချမ်းသာ မဟုတ်ရင် အာဏာပါဝါရှိကြသည်။သူက star တစ်​​ယောက်ဖြစ်​နေရင်​တောင်မှ သူတို့​တွေက သူ့ကို စိတ်အားထက်ထက်သန်သန်နဲ့ နှုတ်ဆက်ကြမှာမဟုတ်​ပေ။

' အိမ်နီးချင်း​ကောင်းတစ်​ယောက်ဟာ အ​ဝေးက ညီအစ်ကိုတစ်​ယောက်ထက် ပို​ကောင်းတယ် ' ဆိုတဲ့ဆိုရိုးရှိသည်။ဒါ​ကြောင့် အိမ်နီးချင်း​တွေနဲ့ ဆက်ဆံ​ရေး​ကောင်းမွန်ဖို့က အလွန်အ​ရေးကြီးသည်။

ဒါ​ပေမယ့် ​ပေါ်ယွီ သူ့အိမ်နီးချင်းရဲ့အခန်းတံခါးကို ​ခေါက်လိုက်တဲ့အချိန်မှာ​တော့ သူ သူ့ရဲ့အိမ်နီးချင်းအသစ်ကိုမြင်ပြီး မှင်တက်သွားရသည်။

ဖရဲသီးလေးက မျက်လုံး​လေး​တွေ​ကွေးတက်သွားတဲ့အထိ ရယ်ပြလိုက်သည်။ " ဟယ်လို , စုန့်ဦးဦး "

စုန့်ရှီလင် , " .... "

​ပေါ်ယွီ , " .... "

______

This author has something to say .

| မစ္စတာရှဉ့်​က သူ့ရဲ့စားစရာ​တွေအားလုံးကို ထင်းရှူးပင်​လေးကို တွန်းပို့​ပေးလိုက်သည်။သူ့ရဲ့အ​မွှေး​လေး​တွေနဲ့မျက်နှာ​ပေါ်က အမူအရာက​တော့ မရှင်းလင်း​ပေ။ " ဒါက ငါ့ရဲ့သတို့သမီးတင်​တောင်းတဲ့ ပစ္စည်း​တွေပဲ၊ ​ကျေးဇူးပြုပြီး စစ်ကြည့်လိုက်ပါဦး ။

ထင်းရှူးပင်​လေး , " .... " |

.

.

.

.

.

.

မှတ်မိမလား​တော့မသိ​ပေမယ့် ထင်းရှူးပင်​လေးဆိုတာက ​ပေါ်ယွီရဲ့ personal weibo acc name ပါ အဲ့ဒါဆို မစ္စတာရှဉ့်ဆိုတာက ....