webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · แอคชั่น
Not enough ratings
69 Chs

Chapter 43

{ Unicode }

ရန်ရိ ခွင့်နှစ်ရက်ယူပြီး စားစရာတွေနဲ့ နေ့စဉ်အိမ်အသုံး‌အဆောင်တွေဝယ်ဖို့ အိမ်အရင်ပြန်လိုက်သည်။

သူ့အဖေနဲ့ ရုပ်ရှင်အတူကြည့်ရင်း စကားမစပ် သူဒီနှစ်အတွက် ခွင့်ရက်ဘယ်လောက်ကျန်သေးလဲ တွက်ကြည့်လိုက်တော့ တစ်ဝက်လောက်တောင် သုံးပြီးသွားကြောင်း သိလိုက်ရသည်။ အရင်နှစ်တွေမှာ သူ့ခွင့်ရက်တွေအားလုံးနီးပါး မသုံးဘဲရှိနေခဲ့ပေမယ့် သူ ရုတ်တရက် ကုံးရင့်ရှန်ဆိုတဲ့ ဖြစ်တည်မှုကြောင့် သူ့ခွင့်ရက်တွေက မလုံလောက်တော့သလို ခံစားလိုက်ရသည်။

ကံကောင်းလို့ ဒီနှစ်အတွက် ခွင့်ရက်နှစ်လနီးပါးလောက် ကျန်သေး၏။

ရုပ်ရှင် ကောင်းခန်းရောက်နေချိန်၌ ရန်ရှန့်ရုန်က ရုတ်တရက်မေးလာသည်။

" သား မင်းဘာလို့ အမြဲတမ်းခွင့်ယူနေတာလဲ? "

" ကျွန်တော် အဖေ့ကို ပိုပြီးအဖော်ပြုပေးချင်လို့လေ "

" မင်းဘာလို့ငါနဲ့ ရက်တော်ကြာအတူရှိနေတယ်လို့ မခံစားရပါလိမ့်? "

ရန်ရှန့်ရုန် သူ့ကို လှမ်းကြည့်လာပြီး

" မင်းဘာလို့ ခွင့်ရက်အများကြီး ယူနေတာလဲ? စခန်းကို စိတ်ချရလို့လား? "

" အိုး လောင်ရန်၊ ကျွန်တော်အများကြီးမယူပါဘူး "

ရန်ရိ ရှင်းပြလိုက်သည်။

" ကျွန်တော် တစ်နှစ်မှာ ၄၅ ရက် ခွင့်ယူခွင့်ရှိတယ်၊ အခုမှ ခွင့်ရက်တစ်ဝက်လောက်ပဲယူရသေးတာ၊ ကျွန်တော်ခွင့်ယူလို့ရတယ် စိတ်ချရပါတယ် "

ရန်ရှန့်ရုန်က သူ့ကိုသဘောမတူသလို ခပ်ဖွဖွနှာခေါင်းရှုံ့သည်။

" ပြီးတော့လည်း ကျွန်တော်က အချိန်ဖြုန်းဖို့ ခွင့်ယူတာမှမဟုတ်ဘဲ၊ ကျွန်တော့်ကိုယ်ပိုင် အားလပ်ချိန်တွေကို ရဲတွေအမှုစစ်တဲ့နေရာမှာ ကူညီပေးတယ်လေ။ အဖေက အဖေ့ကိုယ်ပိုင် အချိန်တွေအားလုံးကိုပါ မီးသတ်ထဲနှစ်မြှုပ်ထားချင်‌တာ။ ကျွန်တော့်ကိုတော့ အဖေလို လုပ်ဖို့မပြောနဲ့နော်၊ အဲ့တာကြောင့် အမေ အဖေနဲ့ရန်ဖြစ်တာ "

ရန်ရှန့်ရုန်က စိုက်ကြည့်လာပြီး

" ငါချွေးမလိုချင်သေးတယ် မင်းကရော? မင်းချစ်သူအတွက် ခွင့်ယူတာဆိုရင်တော့ ငါမပြောလိုပါဘူး၊ အသက်သုံးဆယ်တောင် ရှိပြီလေ ဟမ် "

ရန်ရိ နှာခေါင်းပွတ်နေပေမယ့် ဘာမှ‌မပြောပေ။

ရန်ရှန့်ရုန် ရန်ရိကိုခဏလောက်ကြည့်နေပြီး မျှော်လင့်ချက်ရေးရေးဖြင့် မေးလာသည်။

" မင်းတကယ် ချစ်သူရနေတာတော့ မဟုတ်ဘူးမလား? "

ရန်ရိ ငြင်းလိုက်သည်။

" အမှုစစ်ဖို့အတွက်လို့ ကျွန်တော်ပြောတယ်လေ "

သူ့စိတ်ထဲ ကုံးရင့်ရှန်မျက်နှာပေါ်လာပြီး သူ့ရင်ဘတ်က အနည်းငယ်ပူနွေးနေ၏။

ရန်ရှန့်ရုန် စိတ်ပျက်ကာ ခေါင်းလှည့်သွားပြီး ရုပ်ရှင်ဆက်ကြည့်လျက် ပြောလာသည်။

" အဖေမင်းကို ခွင့်မယူစေချင်ဘူး၊ ဒါပေမယ့် အဖေမင်းအမေနဲ့ မရှိပေးနိုင်ခဲ့တာ တကယ်နောင်တရတယ် "

ရန်ရိ သက်ပြင်းဖွဖွချလိုက်သည်။

" အဖေမင်းနဲ့ နောက်နှစ်နည်းနည်းတောင် နေပေးနိုင်မှာမဟုတ်တော့ဘူး၊ မင်းနဲ့ရှိနေပေးဖို့ တစ်ယောက်ယောက်လိုတယ်လေ၊ တစ်ယောက်တည်းမနေပါနဲ့ သားသိတယ်မလား "

" အဲ့လိုတွေ မပြောပါနဲ့ "

ရန်ရိ စိတ်မသက်သာသလို ခံစားရသည်။

အမြတ်နိုးဆုံးသူတွေ ရောဂါရဲ့စားသုံးမှုကြောင့် အသက်ပါသွားတာကို ကြည့်နေရပေမယ့် အကူအညီလည်းမပေးနိုင်ဘူး။ ဤကား ‌ကမ္ဘာပေါ်၌ အားအပြတ်ဆုံးနှင့် ဝမ်းနည်းစရာအကောင်းဆုံး အရာပင်။

=========

နောက်တစ်နေ့မနက်မှာ ရန်ရိအိပ်ရာထကတည်းက အလုပ်ရှုပ်နေသည်။ သူအိမ်အတွင်းရော အပြင်ရော cctv တွေတပ်ပြီး တကယ့် အချိန်ကိုက်ရုပ်ပုံတွေကတော့ သူ့ဖုန်းထဲမှာမြင်နိုင်သည်။ တစ်ချိန်တည်းမှာပဲ၊ သူနာနီကို အနီးနားက သံသယဖြစ်စရာကောင်းတဲ့သူတွေကို  ပိုသတိထားဖို့ ပြောသည်။ သူ့အိမ်လိပ်စာ Seraph ပေါ်မှာပျံ့သွားတာက အမြဲတမ်း သူ့ကိုနည်းနည်းစိုးရိမ်အောင် လုပ်နေသည်။ ဘာပဲဖြစ်ဖြစ် သတိထားနေတာက အမြဲမှန်ကန်သည်။

ပြီးသွားတော့ သူနေ့လယ်စာစားပြီး ကုံးရင့်ရှန် ခေါင်းအုံးကိုယူကာ သူ့တစ်ဖက်အိမ်သို့သွားသည်။

ထိုအိမ်က သူအခုနေတဲ့နေရာနဲ့ မဝေးပေ။ ပြီးတော့ သူ့အဖေအိမ်ဝယ်တဲ့အခါ အဓိကလိုအပ်တဲ့အချက်ကလည်း သူ့ပိုင်နက်‌နယ်မြေထဲက မထွက်သွားဖို့ပင်ဖြစ်သည်။ သူ့အမေသက်ရှိထင်ရှားရှိစဉ်က သူတို့နှစ်အနည်းငယ်လောက် ပြောင်းနေခဲ့ကြပေမယ့် သူ့အဖေနေမကောင်းဖြစ်တော့ အိမ်ဟောင်းကို ပြန်ပြောင်းလာခဲ့သည်။

အိမ်ထဲကိုဝင်လိုက်တော့ ရန်ရိ အံအားသင့်သွားပြီး သူ့အိမ်သူမမှတ်မိနိုင်လောက်အောင် ဖြစ်သွား၏။

ကြမ်းခင်းကြွေပြားတွေကို ပြောင်လက်နေအောင် သုတ်ထားပြီး နေရာတိုင်းလိုလို သန့်ရှင်းတောက်ပြောင်နေသည်။ လန်းလန်းဆန်းဆန်းပန်းတွေကို ထမင်းစားစားပွဲနဲ့ ကော်ဖီစားပွဲတွေပေါ်မှာ ပန်းထိုးထားပြီး ဆိုဖာအဖုံးကိုပင် လျှော်ဖွတ်ထားမှန်း သိသာသည်။

ရန်ရိ ခေါင်းအုံးကိုချပြီး မီးဖိုချောင်ထဲ လျှောက်ဝင်သွားလိုက်သည်။ ဘေစင်ကောင်တာပေါ်မှာ ဖလန်နယ်သေတ္တာဘူးကို တွေ့ပြီး သူဖွင့်ကြည့်လိုက်တော့ အထဲမှာ အလွန်အဆင့်မြင့်သော ပန်းကန်ခွက်ယောက်အစုံလိုက်ရှိနေပြီး သူရေခဲသေတ္တာကို ထပ်ဖွင့်ကြည့်လိုက်ပြန်တော့ 500 လီတာ တံခါးနှစ်ချပ် ရေခဲသေတ္တာကြီးထဲ၌ အမျိုးမျိုးသော ပါဝင်ပစ္စည်းများဖြင့် ပြည့်နေတော့သည်။

သူအိပ်ခန်းနဲ့ ရေချိုးခန်းကိုတော့ ထပ်မသွားချင်တော့။ အဲ့တာတွေကိုလည်း လုံးဝအသစ်ပြန်ပြင်ထားပြီး သူအရင်ကမမြင်ဖူးတဲ့ ပစ္စည်းအများကြီး ထည့်ထားသည်ပဲဖြစ်ရမည်။ သူပြုံးကာ ခေါင်းယမ်းရင်း စိတ်ထဲ နှစ်သက်ပျော်ရွှင်နေမိသည်။

သူ စားပွဲပေါ်မှာ ဦးလေးရှန့်ချန်ခဲ့တဲ့ မှတ်စုကိုတွေ့ပြီး ထိုမှတ်စုမှာ ကုံးရင့်ရှန် မစားတာတွေနဲ့ ပုံမှန်အကြိုက်ဆုံးအစားတွေတင််မဟုတ်ဘဲ ချက်ပြုတ်နည်းတွေကိုပါ အသေးစိတ် ရေးထားသေးသည်။ သူ (ကုံးရင့်ရှန်) မစားချင်တဲ့ဟာတွေချရေးပြီး မှတ်စုပေးခိုင်းလိုက်တယ်၊ ပြီးတော့ သူ့အိမ်ကို ဧည့်သည်လာလုပ်မယ်ပေါ့၊ ‌သေချာပေါက် သူအဲ့တာကို အခွင့်ကောင်းယူရမှာပဲ။

သူ ပြင်စရာရှိတာ စပြင်ပြီး ညနေ သုံးနာရီလောက်အထိ အလုပ်ရှုပ်နေချိန် ကုံးရင့်ရှန် ရုတ်တရက် ဖုန်းခေါ်လာ၏။

ရန်ရိ လက်နှစ်ဖက်က ဂျုံနယ်ရင်း ဖုန်းကို ပခုံးကြားညှပ်ပြီး ကိုင်လိုက်သည်။

" ဟယ်လို? မင်းဘယ်တော့လာမှာလဲ? "

" ကျွန်တော် ဒီနေ့မလာနိုင်လောက်ဘူး "

ရန်ရိ မျက်မှောင်ကြုတ်သွားပြီး လက်လှုပ်ရှားမှုလည်း ရပ်သွားသည်။

" ဘာကိစ္စရှိလို့လဲ? "

" ကျွန်တော်နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် တရားခံကို စောင့်ကြည့်နေတာ၊ ခေါင်းစွပ်နဲ့လူလေ "

" မင်းသူ့ကိုရှာတွေ့ပြီလား? "

" အင်း သူ့မှာ အခန်းဖော်တွေရှိသေးတယ်၊ ဒီနေရာက အတော်ကိုလူနေအိမ်ခြေများတဲ့နေရာပဲ၊ ကျွန်တော်တို့ ရုတ်ရုတ်သဲသဲ မဖြစ်စေချင်လို့ အခွင့်အရေးစောင့်နေတာ "

ကုံးရင့်ရှန် အသံက လေးလံနေသည်။

" ကျွန်တော်ဒီတိုင်း ဘယ်အချိန်ပြီးမယ်မှန်း မသိဘူး "

ရန်ရိ ဒီနေ့ ကုံးရင့်ရှန်လာလည်မှာကို မျှော်နေခြင်းဖြစ်ပြီး သတင်းကြောင့် စိတ်ပျက်သွားသည်။ သူခဏစဉ်းစားလိုက်ပြီး

" မင်းဘယ်မှာလဲ? ငါလာကြည့်မယ် ငါကူညီလို့ရရင် ရလောက်တယ် "

ဘယ်နည်းနဲ့ဖြစ်ဖြစ် သူကုံးရင့်ရှန်ကို တွေ့ချင်နေဆဲပင်။

ကုံးရင့်ရှန် တုံ့ဆိုင်းသွားပြီး

" ခင်များကို location ပို့လိုက်မယ် "

ရန်ရိ ပါဝင်ပစ္စည်းတစ်ဝက်လောက်ကို ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်ပြီး အဝတ်ထပ်ဝတ်ကာ ထွက်ခဲ့သည်။

ကုံးရင့်ရှန်တို့ စောင့်ကြည့်နေတဲ့နေရာက ကားမီးလောင်တဲ့နေရာနဲ့ ၂ ကီလိုမီတာ ၃ ကီလိုမီတာလောက်ပဲဝေးသည်။ မြို့ဟောင်းနေရာဖြစ်ပြီး နေရာတိုင်းမှာ အဆောက်အဦးနိမ့်တွေနဲ့ လမ်းပျက်တွေရှိနေလျက်၊ သိပ်မဝေးသော ခေတ်သစ်စီးပွားရေးနယ်မြေက ရှုထောင့်နေရာနှစ်ခုအလား။ ကြည့်ရတာ ဖြိုဖျက်ရေးက ဒီဘက် မရောက်သေးပုံပင်။

ရန်ရိ အဝေးကနေ ကုံးရင့်ရှန်ကားကိုတွေ့ပြီး သူ့နောက်မှာ ကားရပ်လိုက်သည်။

သူလမ်းလျှောက်သွားတော့ ပြတင်းပေါက်တံခါးကို ခေါက်လိုက်ပြီး လော့ဖွင့်သံကြားလိုက်သည်။ ယာဉ်မောင်းဘေးခုံမှာလူရှိနေသောကြောင့် သူနောက်ခန်းတံခါးကိုပဲဖွင့်ပြီး ဝင်ထိုင်လိုက်သည်။

ကုံးရင့်ရှန် ရန်ရိကိုလှည့်ကြည့်လာပြီး

" ခင်များဗိုက်ဆာလား? ကျွန်တော့်ကားထဲမှာ စားစရာပါတယ် "

" ရတယ် ငါနေ့လယ်စာစားပြီးပြီ "

" ဟယ်လို? ခင်များက မီးသတ်ခေါင်းဆောင်မလား? "

ယာဉ်မောင်းဘေးခုံက ကောင်လေးက နောက်လှည့်လာပြီး သူနဲ့လက်ဆွဲနှုတ်ဆက်သည်။

" ကျွန်တော်တို့ စခန်းမှာဆုံဖူးလောက်တယ် ကျွန်တော့်နာမည်က ဆိုင့်ချောင် "

" ဟယ်လို " ရန်ရိ လက်ဆန့်ကာ သူနဲ့လက်ဆွဲနှုတ်ဆက်လိုက်သည်။

" မင်းတို့နှစ်ယောက် ဒီမှာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ? "

" တစ်နာရီလောက်ရှိပြီ "

ကုံးရင့်ရှန် သူ့အင်္ကျီလက်ကိုဆွဲတင်ပြီး နာရီကြည့်လိုက်သည်။

" တရားခံ ရုပ်လုံးပေါ်မလာခင် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က ဒီနယ်မြေမှာ ရက်အတော်ကြာ လှည့်ပတ်ခဲ့သေးတယ် "

ဆိုင့်ချောင်ကပြောလာသည်။

" တရားခံက ရန်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရစေမှုနဲ့ နှစ်အတော်ကြာထောင်ကျခဲ့တဲ့ မှတ်တမ်းရှိတယ်၊ သူ့အိမ်မှာ အခန်းဖော်ရှိတယ်ဆိုတာကိုလည်း တိုက်ပိုင်ရှင်ဆီ သွားအတည်ပြုထားတယ်၊ food delivery ကုမ္ပဏီက စီစဉ်ပေးတဲ့အချက်အလက်တွေအရဆို သူမကြာခဏ အစားအသောက်မှာတတ်ပြီး လူလေးယောက်စာတဲ့ "

" ဒီမှာ လူအများကြီးရှိနေတာကို မင်းတို့နှစ်ယောက်တည်း စောင့်နေတာလား? "

ကုံးရင့်ရှန် အဝေးက သိပ်မသိသာတဲ့အလုံပိတ်ကားကို လက်ညှိုးထိုးပြလိုက်ပြီး

" အဲ့ဒီ့ကားကလည်း ကျွန်တော်တို့လူတွေပဲ "

ရန်ရိ ဒွိဟဖြစ်သွားသည်။

" အဲ့တာဆို မင်းတို့ဘာလို့ လူတွေမဖမ်းတာလဲ? "

" ကျွန်တော်စိုးရိမ်တာ တရားခံက ငြင်းဆန်ပြီး ရုန်းရင်းဆန်ခတ်မှု ကြီးကြီးမားမားဖြစ်သွားမှာကိုပဲ၊ ဒီမှာက လူနေအရမ်းထူထပ်တယ်တော့ လူတွေထိခိုက်သွားမှာ ကြောက်တယ် "

ဆိုင့်ချောင်ပြောလာသည်။

" ကျွန်တော်တို့ သူတို့ထွက်လာတဲ့အထိစောင့်ချင်တယ်၊ အဲ့တော့မှပဲ တရားခံဆီသွားပြီး ပြစ်မိန့်ချဖို့ အကောင်းဆုံးဖြစ်မယ် "

ရန်ရိ စိတ်ထဲက သက်ပြင်းချလိုက်သည်။ ဒီနေ့ကတကယ့်ကို အလဟဿဖြစ်သွားပုံပဲ။

စိတ်ချင်းဆက်နေသလို ကုံးရင့်ရှန်က ခေါင်းစောင်းပြီး ပြောလာသည်။

" ဒီနေ့အချိန်ရတော့ရင် ကျွန်တော်မနက်ဖြန်လာခဲ့မယ် "

ရန်ရိ သူ့ကိုပြုံးပြလိုက်သည်။

" ကိစ္စမရှိပါဘူး "

" နောက်တစ်ခု "

ကုံးရင့်ရှန်ပြောလာ၏။

" ကျွန်တော် ဒီမနက် ကျိုးချွမ်းနဲ့ ဖုန်ဖေးကို တွေ့ခိုင်းလိုက်တယ် "

ရန်ရိ အံ့ဩပြီး ပြောလိုက်သည်။

" မြန်လှချည်လား? ရလဒ်ရောဘယ်လိုလဲ? "

ကုံးရင့်ရှန် အမူအရာက ဘာရလဒ်ကောင်းမှ မရှိပုံပေါ်သည်။

" ဖုန်ဖေးက ကျိုးချွမ်းကို လုံးဝ‌မတုံ့ပြန်ဘူး၊ သူကျိုးချွမ်းကို မသိဘူးလို့ပဲပြောတယ်၊ သူ့လှုပ်ရှားမှုပုံစံနဲ့ အ‌သံနေအသံထားကိုကြည့်ရင် လိမ်နေပုံမပေါ်ဘူး "

" သူဟန်ဆောင်တဲ့နေရာမှာ ထူးထူးခြားခြား တော်တာ ဖြစ်နိုင်တယ် "

ကုံးရင့်ရှန် ခေါင်းခါပြပြီး

" အရေးပေါ်အခြေအနေမှာ မျက်နှာအမူအရာရော၊ ခန္ဓာကိုယ်တုံ့ပြန်မှု‌ကိုရော သဲလွန်စမရှိ ဟန်ဆောင်ထားနိုင်တဲ့လူတွေက အထူးတပ်သားတွေ၊ စိတ်ပညာရှင်တွေလိုလူမျိုးတွေပဲဖြစ်ရမယ်၊ အဲ့လိုလူမျိုးကလည်း ရှားတယ်၊ ဖုန်ဖေးက အဲ့တာနဲ့ဆက်စပ်တဲ့ နောက်ခံဘာမှမရှိဘူး၊ သူကဒီတိုင်း သာမန်လူပဲ၊ ကျွန်တော်တော့ သူကျိုးချွမ်းကို တကယ်သိမယ်မထင်ဘူး "

" သူက သံသယဖြစ်စရာမကောင်းရင်၊ အနက်ရောင်ဝတ်ထားတဲ့သူက ဘယ်သူလဲ? "

" သူက လုံးဝသံသကင်းတယ်လဲ မဟုတ်ဘူး "

ရန်ရိ နည်းနည်းခေါင်းရှုပ်သွားသည်။

" မင်း ဘာကိုဆိုလိုတာလဲ? "

ဆိုင့်ချောင်က ပြောလာသည်။

" ကျွန်တော်တို့ သူ့ကို ကျိုးချွမ်းနဲ့ တွေ့ဖို့ခေါ်သွားပြီး ဘာမှမသိရတော့ အတော်စိတ်မချမ်းမသာဖြစ်နေတာ၊ ဒေါက်တာကုံးက အကြံတစ်ခုရပြီး ကျွန်တော့်ကို သက်သေခံအခန်းမှာရှိတဲ့ အခင်းနေရာကပြန်ယူလာတဲ့ အမှိုက်တွေကို ဖုန်ဖေးဆီပြခိုင်းတယ်၊ ရလဒ်အနေနဲ့ကတော့ ဖုန်ဖေးတုံ့ပြန်တယ်၊ အဲ့ဒီ့သက်သေခံပစ္စည်းတွေနဲ့ ဘာမှမဆိုင်ဘူးဆို‌တာတော့ ဝန်မခံသွားဘူး "

" မင်းပြောချင်တာက အဲ့ထဲမှာ ဖုန်ဖေးဆီကတစ်ခုခုလည်း ပါနိုင်တယ်ပေါ့ "

ကုံးရင့်ရှန် ခေါင်းညိတ်ပြသည်။

" သူ့ပစ္စည်းတစ်ခုခုပါတာ ဒါမှမဟုတ် သူတစ်ခုခုသိနေတာမျိုးပဲ၊ ကျွန်တော် သူ့မျက်နှာအမူအရာကြည့်ပြီး ဖတ်နိုင်တယ်၊ သက်သေခံပစ္စည်းတွေက လက်ဗွေကိုက်ညီချက်ရဖို့ ကျွန်တော် ကိုယ်ရေးအချက်အလက်ထုတ်ဖော်တဲ့ဌာနဆီ အပ်ထားတယ်၊ ဒါပေမယ့် မီးကအရမ်းပြင်းတော့ တစ်ခုခုရှာနိုင်ပါ့မလား မပြောတတ်ဘူး "

" မီးကျွမ်းသဲလွန်စတွေက ဖော်ထုတ်ဖို့ခက်တယ်၊ ခေါင်းစွပ်နဲ့လူဆီမှာလည်း ရှိမယ်လို့ ငါထင်တယ် ပိုကြီးပါစေလို့မျှော်လင့်ရတာပဲ "

" အင်း ကျွန်တော်တို့လည်း လုပ်ဖော်ကိုင်ဖက်တွေဆီက သတင်းရရချင်း လာစောင့်နေတာပဲ "

ဆိုင့်ချောင် အေးစက်စက်နှာမှုတ်လိုက်ပြီး

" ကျွန်တော်တို့မှာ တစ်ယောက်ရှိပြီဆိုတော့ နောက်တစ်ယောက်မိဖို့ မစိုးရိမ်ရတော့ပါဘူး "

သူတို့သုံးယောက် တစ်ယောက်တစ်လှည့်ဆီ ဆွေးနွေးကြပြီး ကောင်းကင်မှောင်ကျလာသည်နှင့်အမျှ ရန်ရိ စိုးရိမ်တကြီး ပြောလိုက်သည်။

" သူတို့ တစ်နေလုံး အပြင်မထွက်ရင် ဘယ်လိုလုပ်မလဲ? "

" အဲ့တာဆို ညသန်းခေါင်မှပဲဖမ်းဖို့ စောင့်ရတော့မှာပေါ့၊ ပြီးတော့ တိုက်ပိုင်ရှင်ကလည်း ကျွန်တော်တို့ကို သော့တွေပေးထားတယ် "

ဆိုင့်ချောင့်က ရန်ရိကို လှမ်းကြည့်လိုက်ပြီး

" ခေါင်းဆောင်၊ တကယ်တော့ ခင်များကျွန်တော်တို့နဲ့ နေပေးစရာမလိုပါဘူး၊ ခင်များအချိန်တွေ အရမ်းယူမိသလိုဖြစ်နေပါဦးမယ် "

" ရပါတယ် ငါခွင့်ယူထားတာ "

ရန်ရိ ကုံးရင့်ရှန်ခေါင်းနောက်ဘက်ကို ကြည့်ရင်း တွေးမိလိုက်သည်။ သာ့ကောရဲ့ဆီးအိမ်ကအရမ်းကောင်းတာလား၊ ဘာလို့သူ အကြာကြီး အိမ်သာမသွားဘဲနေ‌တာလဲ?

မမျှော်လင့်ထားဘဲ ဆိုင့်ချောင်က ချက်ချင်းထပြောလာသည်။

"  အိုး ကျွန်တော် အိမ်သာသွားလိုက်ဦးမယ် "

သူတံခါးဖွင့်ကာ အပြင်ထွက်သွားသည်။

ကားထဲမှာ သူတို့နှစ်ယောက်တည်း ကျန်တော့ ကုံးရင့်ရှန် ရုတ်ခြည်းဆိုသလို ကိုယ်လှည့်လာပြီး မျက်တောင်ခတ်ကာ ရန်ရိကိုကြည့်လာသည်။

" ခင်များ တကယ်အိမ်မပြန်ဘူးလား? စောင့်ရတာ ပျင်းစရာကြီးကို "

" ရပါတယ် ငါအိမ်ပြန်လည်း ဖုန်းပဲဆော့နေတာကို၊ ဘာလို့ရဲတွေ တရားခံဖမ်းတာ မကြည့်ရမှာတုန်း? "

ရန်ရိ သူဒီမှာ နေချင်ရုံပဲဆိုတာကို ဘယ်ဝန်ခံပါ့မလဲ။

" ဟေး မင်းသိလား? ငါဒီနေ့မင်းကိုကျွေးဖို့ တစ်ခုခုပြင်ထားတယ် "

" ဘာလဲ? "

" မပြောပြဘူး "

ရန်ရိ ပြုံးလိုက်သည်။

" မင်းဘာသာကြည့်ဖို့ စောင့်နေတာ "

ကုံးရင့်ရှန် မျက်ခုံးပင့်ပြီး ပြောလာသည်။

" ခင်များ ဟင်းချက်စကေးကရော? အရမ်းယုံကြည်ချက်ရှိနေတာပဲ "

" ရတယ် ဟင်းချက်နည်းအတိုင်းဆို အမှားကြီးကြီးမားမားမလုပ်မိပါဘူး၊ စကားမစပ် မင်း ဂိမ်းဆော့လား? ဘာဇာတ်ကားကြည့်ချင်လဲ? "

" ဘယ်လို? "

" ညစာစားပြီးရင် ဖျော်ဖြေမှုတစ်ခုခုတော့ရှိတယ်လေ "

ကုံးရင့်ရှန် ပြုံးလိုက်ပြီး

" ကျွန်တော် သရဲကားတွေကြည့်ရတာ ကြိုက်တယ် "

ရန်ရိ သူ့ကို အဖြူထည်သက်သက်ကြည့်လိုက်ပြီး

" ငါ့ကိုရွဲ့တယ်ပေါ့၊ ဇာတ်ကားမကြည့်တော့ဘူး၊ မင်းကိုဂိမ်းဆော့ဖို့ သင်ပေးမယ် "

" ဘာဂိမ်း‌ဆော့မှာလဲ? "

"အဲ့ကျမှပြောမယ် "

ရန်ရိ မေးငေါ့လိုက်ပြီး

" မင်းသဘောပေါက်နိုင်တဲ့အပေါ် မူတည်တယ် "

ကုံးရင့်ရှန် "ဟမ်" ဟု ခပ်‌ပျော့ပျော့အသံပြုလိုက်ပြီး

[ T/n : အဲ့အသံက မင်းတို့ပါးစပ်ပိတ်ပြီး အသံထွက်တာမျိုး၊ လုပ်ကြည့် ]

" ကျွန်တော် သင်ယူချင်သရွေ့၊ မသင်ယူနိုင်တာဘာမှမရှိဘူး "

ရန်ရိ "ကျစ် ကျစ်" ဟုနှစ်ခါ စုပ်သတ်လိုက်ပြီး

" လေသံ‌ကမသေးဘူးပဲ "

ကုံးရင့်ရှန် မှားသလိုမခံစားရဘဲ ပြောလာသည်။

" ကျွန်တော်ပြောတာ အမှန်ပဲ "

" အိုကေ မင်းတော်တာသိနေတော့လည်း မင်း‌မြန်မြန်တတ်ဖို့ မျှော်လင့်ပါတယ်၊ အဲ့တာမှပဲ ငါ rank တက်နိုင်မှာ "

" ဘယ်ကိုလဲ? "

ရန်ရိ သာမန်ကာလျှံကာ ရှင်းပြလိုက်သည်။

" အရမ်းအင်အားကြီးတဲ့နေရာပေါ့ "

ကုံးရင့်ရှန်က အတည်ပေါက် ပြောလာ၏။

" ခင်များ ဘယ်‌သွားချင်လဲ၊ ကျွန်တော် အဲ့နေရာကို ခေါ်သွားပေးနိုင်တယ် "

ရန်ရိ မင်သက်သွားပြီး နောက်တစ်ခဏအတွင်း သူပျံတက်သွားတော့မလို ရင်ခုန်သံတွေ အရမ်းမြန်လာသည်။ သူစိတ်ထဲက ဆဲရေးလိုက်၏။ သေစမ်း၊ မင်း ဒီစကားကို သူများတွေဆီ ပုံမှန်အတိုင်းပြောနိုင်ရလား။ ကုံးရင့်ရှန် အမှတ်မထင် လုပ်လိုက်တဲ့အရာတွေက သူ့ကို အခြားကိစ္စတွေ အလွယ်တကူတွေးမိသွားစေသည်။ ဒါပေမယ့် သူတစ်ဖက်သတ် အဓိပ္ပါယ်ကောက်နေမိမှာစိုးလို့ အဖြောင့်တစ်ယောက်ရဲ့ စကားတွေနဲ့အပြုအမူတွေကို သူတကယ်မတွေးချင်ဘူး။

ကုံးရင့်ရှန် တစ်ခုခုပြောချင်ပေမယ့် သူ့အင်တာကွန်း ရုတ်တရက်ထမြည်လာသည်။

" ဒေါက်တာကုံး ခင်များမြင်လိုက်လား? တရားခံထွက်လာပြီ "

=========

Triple update နော် ကျေးဇူးတင်လို့ပါ မင်းတို့အားပေးကြတာကို 🤍✨

=========

{ Zawgyi }

ရန္ရိ ခြင့္ႏွစ္ရက္ယူၿပီး စားစရာေတြနဲ႔ ေန႔စဥ္အိမ္အသုံး‌အေဆာင္ေတြဝယ္ဖို႔ အိမ္အရင္ျပန္လိုက္သည္။

သူ႕အေဖနဲ႔ ႐ုပ္႐ွင္အတူၾကည့္ရင္း စကားမစပ္ သူဒီႏွစ္အတြက္ ခြင့္ရက္ဘယ္ေလာက္က်န္ေသးလဲ တြက္ၾကည့္လိုက္ေတာ့ တစ္ဝက္ေလာက္ေတာင္ သုံးၿပီးသြားေၾကာင္း သိလိုက္ရသည္။ အရင္ႏွစ္ေတြမွာ သူ႕ခြင့္ရက္ေတြအားလုံးနီးပါး မသုံးဘဲ႐ွိေနခဲ့ေပမယ့္ သူ ႐ုတ္တရက္ ကုံးရင့္႐ွန္ဆိုတဲ့ ျဖစ္တည္မႈေၾကာင့္ သူ႕ခြင့္ရက္ေတြက မလုံေလာက္ေတာ့သလို ခံစားလိုက္ရသည္။

ကံေကာင္းလို႔ ဒီႏွစ္အတြက္ ခြင့္ရက္ႏွစ္လနီးပါးေလာက္ က်န္ေသး၏။

႐ုပ္႐ွင္ ေကာင္းခန္းေရာက္ေနခ်ိန္၌ ရန္႐ွန္႔႐ုန္က ႐ုတ္တရက္ေမးလာသည္။

" သား မင္းဘာလို႔ အၿမဲတမ္းခြင့္ယူေနတာလဲ? "

" ကြၽန္ေတာ္ အေဖ့ကို ပိုၿပီးအေဖာ္ျပဳေပးခ်င္လို႔ေလ "

" မင္းဘာလို႔ငါနဲ႔ ရက္ေတာ္ၾကာအတူ႐ွိေနတယ္လို႔ မခံစားရပါလိမ့္? "

ရန္႐ွန္႔႐ုန္ သူ႕ကို လွမ္းၾကည့္လာၿပီး

" မင္းဘာလို႔ ခြင့္ရက္အမ်ားႀကီး ယူေနတာလဲ? စခန္းကို စိတ္ခ်ရလို႔လား? "

" အိုး ေလာင္ရန္၊ ကြၽန္ေတာ္အမ်ားႀကီးမယူပါဘူး "

ရန္ရိ ႐ွင္းျပလိုက္သည္။

" ကြၽန္ေတာ္ တစ္ႏွစ္မွာ ၄၅ ရက္ ခြင့္ယူခြင့္႐ွိတယ္၊ အခုမွ ခြင့္ရက္တစ္ဝက္ေလာက္ပဲယူရေသးတာ၊ ကြၽန္ေတာ္ခြင့္ယူလို႔ရတယ္ စိတ္ခ်ရပါတယ္ "

ရန္႐ွန္႔႐ုန္က သူ႕ကိုသေဘာမတူသလို ခပ္ဖြဖြႏွာေခါင္း႐ႈံ႕သည္။

" ၿပီးေတာ့လည္း ကြၽန္ေတာ္က အခ်ိန္ျဖဳန္းဖို႔ ခြင့္ယူတာမွမဟုတ္ဘဲ၊ ကြၽန္ေတာ့္ကိုယ္ပိုင္ အားလပ္ခ်ိန္ေတြကို ရဲေတြအမႈစစ္တဲ့ေနရာမွာ ကူညီေပးတယ္ေလ။ အေဖက အေဖ့ကိုယ္ပိုင္ အခ်ိန္ေတြအားလုံးကိုပါ မီးသတ္ထဲႏွစ္ျမႇဳပ္ထားခ်င္‌တာ။ ကြၽန္ေတာ့္ကိုေတာ့ အေဖလို လုပ္ဖို႔မေျပာနဲ႔ေနာ္၊ အဲ့တာေၾကာင့္ အေမ အေဖနဲ႔ရန္ျဖစ္တာ "

ရန္႐ွန္႔႐ုန္က စိုက္ၾကည့္လာၿပီး

" ငါေခြၽးမလိုခ်င္ေသးတယ္ မင္းကေရာ? မင္းခ်စ္သူအတြက္ ခြင့္ယူတာဆိုရင္ေတာ့ ငါမေျပာလိုပါဘူး၊ အသက္သုံးဆယ္ေတာင္ ႐ွိၿပီေလ ဟမ္ "

ရန္ရိ ႏွာေခါင္းပြတ္ေနေပမယ့္ ဘာမွ‌မေျပာေပ။

ရန္႐ွန္႔႐ုန္ ရန္ရိကိုခဏေလာက္ၾကည့္ေနၿပီး ေမွ်ာ္လင့္ခ်က္ေရးေရးျဖင့္ ေမးလာသည္။

" မင္းတကယ္ ခ်စ္သူရေနတာေတာ့ မဟုတ္ဘူးမလား? "

ရန္ရိ ျငင္းလိုက္သည္။

" အမႈစစ္ဖို႔အတြက္လို႔ ကြၽန္ေတာ္ေျပာတယ္ေလ "

သူ႕စိတ္ထဲ ကုံးရင့္႐ွန္မ်က္ႏွာေပၚလာၿပီး သူ႕ရင္ဘတ္က အနည္းငယ္ပူေႏြးေန၏။

ရန္႐ွန္႔႐ုန္ စိတ္ပ်က္ကာ ေခါင္းလွည့္သြားၿပီး ႐ုပ္႐ွင္ဆက္ၾကည့္လ်က္ ေျပာလာသည္။

" အေဖမင္းကို ခြင့္မယူေစခ်င္ဘူး၊ ဒါေပမယ့္ အေဖမင္းအေမနဲ႔ မ႐ွိေပးႏိုင္ခဲ့တာ တကယ္ေနာင္တရတယ္ "

ရန္ရိ သက္ျပင္းဖြဖြခ်လိုက္သည္။

" အေဖမင္းနဲ႔ ေနာက္ႏွစ္နည္းနည္းေတာင္ ေနေပးႏိုင္မွာမဟုတ္ေတာ့ဘူး၊ မင္းနဲ႔႐ွိေနေပးဖို႔ တစ္ေယာက္ေယာက္လိုတယ္ေလ၊ တစ္ေယာက္တည္းမေနပါနဲ႔ သားသိတယ္မလား "

" အဲ့လိုေတြ မေျပာပါနဲ႔ "

ရန္ရိ စိတ္မသက္သာသလို ခံစားရသည္။

အျမတ္ႏိုးဆုံးသူေတြ ေရာဂါရဲ႕စားသုံးမႈေၾကာင့္ အသက္ပါသြားတာကို ၾကည့္ေနရေပမယ့္ အကူအညီလည္းမေပးႏိုင္ဘူး။ ဤကား ‌ကမ႓ာေပၚ၌ အားအျပတ္ဆုံးႏွင့္ ဝမ္းနည္းစရာအေကာင္းဆုံး အရာပင္။

=========

ေနာက္တစ္ေန႔မနက္မွာ ရန္ရိအိပ္ရာထကတည္းက အလုပ္႐ႈပ္ေနသည္။ သူအိမ္အတြင္းေရာ အျပင္ေရာ cctv ေတြတပ္ၿပီး တကယ့္ အခ်ိန္ကိုက္႐ုပ္ပုံေတြကေတာ့ သူ႕ဖုန္းထဲမွာျမင္ႏိုင္သည္။ တစ္ခ်ိန္တည္းမွာပဲ၊ သူနာနီကို အနီးနားက သံသယျဖစ္စရာေကာင္းတဲ့သူေတြကို  ပိုသတိထားဖို႔ ေျပာသည္။ သူ႕အိမ္လိပ္စာ Seraph ေပၚမွာပ်ံ႕သြားတာက အၿမဲတမ္း သူ႕ကိုနည္းနည္းစိုးရိမ္ေအာင္ လုပ္ေနသည္။ ဘာပဲျဖစ္ျဖစ္ သတိထားေနတာက အၿမဲမွန္ကန္သည္။

ၿပီးသြားေတာ့ သူေန႔လယ္စာစားၿပီး ကုံးရင့္႐ွန္ ေခါင္းအုံးကိုယူကာ သူ႕တစ္ဖက္အိမ္သို႔သြားသည္။

ထိုအိမ္က သူအခုေနတဲ့ေနရာနဲ႔ မေဝးေပ။ ၿပီးေတာ့ သူ႕အေဖအိမ္ဝယ္တဲ့အခါ အဓိကလိုအပ္တဲ့အခ်က္ကလည္း သူ႕ပိုင္နက္‌နယ္ေျမထဲက မထြက္သြားဖို႔ပင္ျဖစ္သည္။ သူ႕အေမသက္႐ွိထင္႐ွား႐ွိစဥ္က သူတို႔ႏွစ္အနည္းငယ္ေလာက္ ေျပာင္းေနခဲ့ၾကေပမယ့္ သူ႕အေဖေနမေကာင္းျဖစ္ေတာ့ အိမ္ေဟာင္းကို ျပန္ေျပာင္းလာခဲ့သည္။

အိမ္ထဲကိုဝင္လိုက္ေတာ့ ရန္ရိ အံအားသင့္သြားၿပီး သူ႕အိမ္သူမမွတ္မိႏိုင္ေလာက္ေအာင္ ျဖစ္သြား၏။

ၾကမ္းခင္းေႂကြျပားေတြကို ေျပာင္လက္ေနေအာင္ သုတ္ထားၿပီး ေနရာတိုင္းလိုလို သန္႔႐ွင္းေတာက္ေျပာင္ေနသည္။ လန္းလန္းဆန္းဆန္းပန္းေတြကို ထမင္းစားစားပြဲနဲ႔ ေကာ္ဖီစားပြဲေတြေပၚမွာ ပန္းထိုးထားၿပီး ဆိုဖာအဖုံးကိုပင္ ေလွ်ာ္ဖြတ္ထားမွန္း သိသာသည္။

ရန္ရိ ေခါင္းအုံးကိုခ်ၿပီး မီးဖိုေခ်ာင္ထဲ ေလွ်ာက္ဝင္သြားလိုက္သည္။ ေဘစင္ေကာင္တာေပၚမွာ ဖလန္နယ္ေသတၱာဘူးကို ေတြ႕ၿပီး သူဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ အလြန္အဆင့္ျမင့္ေသာ ပန္းကန္ခြက္ေယာက္အစုံလိုက္႐ွိေနၿပီး သူေရခဲေသတၱာကို ထပ္ဖြင့္ၾကည့္လိုက္ျပန္ေတာ့ 500 လီတာ တံခါးႏွစ္ခ်ပ္ ေရခဲေသတၱာႀကီးထဲ၌ အမ်ိဳးမ်ိဳးေသာ ပါဝင္ပစၥည္းမ်ားျဖင့္ ျပည့္ေနေတာ့သည္။

သူအိပ္ခန္းနဲ႔ ေရခ်ိဳးခန္းကိုေတာ့ ထပ္မသြားခ်င္ေတာ့။ အဲ့တာေတြကိုလည္း လုံးဝအသစ္ျပန္ျပင္ထားၿပီး သူအရင္ကမျမင္ဖူးတဲ့ ပစၥည္းအမ်ားႀကီး ထည့္ထားသည္ပဲျဖစ္ရမည္။ သူျပဳံးကာ ေခါင္းယမ္းရင္း စိတ္ထဲ ႏွစ္သက္ေပ်ာ္႐ႊင္ေနမိသည္။

သူ စားပြဲေပၚမွာ ဦးေလး႐ွန္႔ခ်န္ခဲ့တဲ့ မွတ္စုကိုေတြ႕ၿပီး ထိုမွတ္စုမွာ ကုံးရင့္႐ွန္ မစားတာေတြနဲ႔ ပုံမွန္အႀကိဳက္ဆုံးအစားေတြတင္္မဟုတ္ဘဲ ခ်က္ျပဳတ္နည္းေတြကိုပါ အေသးစိတ္ ေရးထားေသးသည္။ သူ (ကုံးရင့္႐ွန္) မစားခ်င္တဲ့ဟာေတြခ်ေရးၿပီး မွတ္စုေပးခိုင္းလိုက္တယ္၊ ၿပီးေတာ့ သူ႕အိမ္ကို ဧည့္သည္လာလုပ္မယ္ေပါ့၊ ‌ေသခ်ာေပါက္ သူအဲ့တာကို အခြင့္ေကာင္းယူရမွာပဲ။

သူ ျပင္စရာ႐ွိတာ စျပင္ၿပီး ညေန သုံးနာရီေလာက္အထိ အလုပ္႐ႈပ္ေနခ်ိန္ ကုံးရင့္႐ွန္ ႐ုတ္တရက္ ဖုန္းေခၚလာ၏။

ရန္ရိ လက္ႏွစ္ဖက္က ဂ်ံဳနယ္ရင္း ဖုန္းကို ပခုံးၾကားညႇပ္ၿပီး ကိုင္လိုက္သည္။

" ဟယ္လို? မင္းဘယ္ေတာ့လာမွာလဲ? "

" ကြၽန္ေတာ္ ဒီေန႔မလာႏိုင္ေလာက္ဘူး "

ရန္ရိ မ်က္ေမွာင္ၾကဳတ္သြားၿပီး လက္လႈပ္႐ွားမႈလည္း ရပ္သြားသည္။

" ဘာကိစၥ႐ွိလို႔လဲ? "

" ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ တရားခံကို ေစာင့္ၾကည့္ေနတာ၊ ေခါင္းစြပ္နဲ႔လူေလ "

" မင္းသူ႕ကို႐ွာေတြ႕ၿပီလား? "

" အင္း သူ႕မွာ အခန္းေဖာ္ေတြ႐ွိေသးတယ္၊ ဒီေနရာက အေတာ္ကိုလူေနအိမ္ေျခမ်ားတဲ့ေနရာပဲ၊ ကြၽန္ေတာ္တို႔ ႐ုတ္႐ုတ္သဲသဲ မျဖစ္ေစခ်င္လို႔ အခြင့္အေရးေစာင့္ေနတာ "

ကုံးရင့္႐ွန္ အသံက ေလးလံေနသည္။

" ကြၽန္ေတာ္ဒီတိုင္း ဘယ္အခ်ိန္ၿပီးမယ္မွန္း မသိဘူး "

ရန္ရိ ဒီေန႔ ကုံးရင့္႐ွန္လာလည္မွာကို ေမွ်ာ္ေနျခင္းျဖစ္ၿပီး သတင္းေၾကာင့္ စိတ္ပ်က္သြားသည္။ သူခဏစဥ္းစားလိုက္ၿပီး

" မင္းဘယ္မွာလဲ? ငါလာၾကည့္မယ္ ငါကူညီလို႔ရရင္ ရေလာက္တယ္ "

ဘယ္နည္းနဲ႔ျဖစ္ျဖစ္ သူကုံးရင့္႐ွန္ကို ေတြ႕ခ်င္ေနဆဲပင္။

ကုံးရင့္႐ွန္ တုံ႔ဆိုင္းသြားၿပီး

" ခင္မ်ားကို location ပို႔လိုက္မယ္ "

ရန္ရိ ပါဝင္ပစၥည္းတစ္ဝက္ေလာက္ကို ေရခဲေသတၱာထဲ ျပန္ထည့္လိုက္ၿပီး အဝတ္ထပ္ဝတ္ကာ ထြက္ခဲ့သည္။

ကုံးရင့္႐ွန္တို႔ ေစာင့္ၾကည့္ေနတဲ့ေနရာက ကားမီးေလာင္တဲ့ေနရာနဲ႔ ၂ ကီလိုမီတာ ၃ ကီလိုမီတာေလာက္ပဲေဝးသည္။ ၿမိဳ႕ေဟာင္းေနရာျဖစ္ၿပီး ေနရာတိုင္းမွာ အေဆာက္အဦးနိမ့္ေတြနဲ႔ လမ္းပ်က္ေတြ႐ွိေနလ်က္၊ သိပ္မေဝးေသာ ေခတ္သစ္စီးပြားေရးနယ္ေျမက ႐ႈေထာင့္ေနရာႏွစ္ခုအလား။ ၾကည့္ရတာ ၿဖိဳဖ်က္ေရးက ဒီဘက္ မေရာက္ေသးပုံပင္။

ရန္ရိ အေဝးကေန ကုံးရင့္႐ွန္ကားကိုေတြ႕ၿပီး သူ႕ေနာက္မွာ ကားရပ္လိုက္သည္။

သူလမ္းေလွ်ာက္သြားေတာ့ ျပတင္းေပါက္တံခါးကို ေခါက္လိုက္ၿပီး ေလာ့ဖြင့္သံၾကားလိုက္သည္။ ယာဥ္ေမာင္းေဘးခုံမွာလူ႐ွိေနေသာေၾကာင့္ သူေနာက္ခန္းတံခါးကိုပဲဖြင့္ၿပီး ဝင္ထိုင္လိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိကိုလွည့္ၾကည့္လာၿပီး

" ခင္မ်ားဗိုက္ဆာလား? ကြၽန္ေတာ့္ကားထဲမွာ စားစရာပါတယ္ "

" ရတယ္ ငါေန႔လယ္စာစားၿပီးၿပီ "

" ဟယ္လို? ခင္မ်ားက မီးသတ္ေခါင္းေဆာင္မလား? "

ယာဥ္ေမာင္းေဘးခုံက ေကာင္ေလးက ေနာက္လွည့္လာၿပီး သူနဲ႔လက္ဆြဲႏႈတ္ဆက္သည္။

" ကြၽန္ေတာ္တို႔ စခန္းမွာဆုံဖူးေလာက္တယ္ ကြၽန္ေတာ့္နာမည္က ဆိုင့္ေခ်ာင္ "

" ဟယ္လို " ရန္ရိ လက္ဆန္႔ကာ သူနဲ႔လက္ဆြဲႏႈတ္ဆက္လိုက္သည္။

" မင္းတို႔ႏွစ္ေယာက္ ဒီမွာေစာင့္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ? "

" တစ္နာရီေလာက္႐ွိၿပီ "

ကုံးရင့္႐ွန္ သူ႕အက်ႌလက္ကိုဆြဲတင္ၿပီး နာရီၾကည့္လိုက္သည္။

" တရားခံ ႐ုပ္လုံးေပၚမလာခင္ ကြၽန္ေတာ့္ လုပ္ေဖာ္ကိုင္ဖက္က ဒီနယ္ေျမမွာ ရက္အေတာ္ၾကာ လွည့္ပတ္ခဲ့ေသးတယ္ "

ဆိုင့္ေခ်ာင္ကေျပာလာသည္။

" တရားခံက ရန္ပြဲမွာ ဒဏ္ရာအျပင္းအထန္ရေစမႈနဲ႔ ႏွစ္အေတာ္ၾကာေထာင္က်ခဲ့တဲ့ မွတ္တမ္း႐ွိတယ္၊ သူ႕အိမ္မွာ အခန္းေဖာ္႐ွိတယ္ဆိုတာကိုလည္း တိုက္ပိုင္႐ွင္ဆီ သြားအတည္ျပဳထားတယ္၊ food delivery ကုမၸဏီက စီစဥ္ေပးတဲ့အခ်က္အလက္ေတြအရဆို သူမၾကာခဏ အစားအေသာက္မွာတတ္ၿပီး လူေလးေယာက္စာတဲ့ "

" ဒီမွာ လူအမ်ားႀကီး႐ွိေနတာကို မင္းတို႔ႏွစ္ေယာက္တည္း ေစာင့္ေနတာလား? "

ကုံးရင့္႐ွန္ အေဝးက သိပ္မသိသာတဲ့အလုံပိတ္ကားကို လက္ညိႇဳးထိုးျပလိုက္ၿပီး

" အဲ့ဒီ့ကားကလည္း ကြၽန္ေတာ္တို႔လူေတြပဲ "

ရန္ရိ ဒြိဟျဖစ္သြားသည္။

" အဲ့တာဆို မင္းတို႔ဘာလို႔ လူေတြမဖမ္းတာလဲ? "

" ကြၽန္ေတာ္စိုးရိမ္တာ တရားခံက ျငင္းဆန္ၿပီး ႐ုန္းရင္းဆန္ခတ္မႈ ႀကီးႀကီးမားမားျဖစ္သြားမွာကိုပဲ၊ ဒီမွာက လူေနအရမ္းထူထပ္တယ္ေတာ့ လူေတြထိခိုက္သြားမွာ ေၾကာက္တယ္ "

ဆိုင့္ေခ်ာင္ေျပာလာသည္။

" ကြၽန္ေတာ္တို႔ သူတို႔ထြက္လာတဲ့အထိေစာင့္ခ်င္တယ္၊ အဲ့ေတာ့မွပဲ တရားခံဆီသြားၿပီး ျပစ္မိန္႔ခ်ဖို႔ အေကာင္းဆုံးျဖစ္မယ္ "

ရန္ရိ စိတ္ထဲက သက္ျပင္းခ်လိုက္သည္။ ဒီေန႔ကတကယ့္ကို အလဟႆျဖစ္သြားပုံပဲ။

စိတ္ခ်င္းဆက္ေနသလို ကုံးရင့္႐ွန္က ေခါင္းေစာင္းၿပီး ေျပာလာသည္။

" ဒီေန႔အခ်ိန္ရေတာ့ရင္ ကြၽန္ေတာ္မနက္ျဖန္လာခဲ့မယ္ "

ရန္ရိ သူ႕ကိုျပဳံးျပလိုက္သည္။

" ကိစၥမ႐ွိပါဘူး "

" ေနာက္တစ္ခု "

ကုံးရင့္႐ွန္ေျပာလာ၏။

" ကြၽန္ေတာ္ ဒီမနက္ က်ိဳးခြၽမ္းနဲ႔ ဖုန္ေဖးကို ေတြ႕ခိုင္းလိုက္တယ္ "

ရန္ရိ အံ့ဩၿပီး ေျပာလိုက္သည္။

" ျမန္လွခ်ည္လား? ရလဒ္ေရာဘယ္လိုလဲ? "

ကုံးရင့္႐ွန္ အမူအရာက ဘာရလဒ္ေကာင္းမွ မ႐ွိပုံေပၚသည္။

" ဖုန္ေဖးက က်ိဳးခြၽမ္းကို လုံးဝ‌မတုံ႔ျပန္ဘူး၊ သူက်ိဳးခြၽမ္းကို မသိဘူးလို႔ပဲေျပာတယ္၊ သူ႕လႈပ္႐ွားမႈပုံစံနဲ႔ အ‌သံေနအသံထားကိုၾကည့္ရင္ လိမ္ေနပုံမေပၚဘူး "

" သူဟန္ေဆာင္တဲ့ေနရာမွာ ထူးထူးျခားျခား ေတာ္တာ ျဖစ္ႏိုင္တယ္ "

ကုံးရင့္႐ွန္ ေခါင္းခါျပၿပီး

" အေရးေပၚအေျခအေနမွာ မ်က္ႏွာအမူအရာေရာ၊ ခႏၶာကိုယ္တုံ႔ျပန္မႈ‌ကိုေရာ သဲလြန္စမ႐ွိ ဟန္ေဆာင္ထားႏိုင္တဲ့လူေတြက အထူးတပ္သားေတြ၊ စိတ္ပညာ႐ွင္ေတြလိုလူမ်ိဳးေတြပဲျဖစ္ရမယ္၊ အဲ့လိုလူမ်ိဳးကလည္း ႐ွားတယ္၊ ဖုန္ေဖးက အဲ့တာနဲ႔ဆက္စပ္တဲ့ ေနာက္ခံဘာမွမ႐ွိဘူး၊ သူကဒီတိုင္း သာမန္လူပဲ၊ ကြၽန္ေတာ္ေတာ့ သူက်ိဳးခြၽမ္းကို တကယ္သိမယ္မထင္ဘူး "

" သူက သံသယျဖစ္စရာမေကာင္းရင္၊ အနက္ေရာင္ဝတ္ထားတဲ့သူက ဘယ္သူလဲ? "

" သူက လုံးဝသံသကင္းတယ္လဲ မဟုတ္ဘူး "

ရန္ရိ နည္းနည္းေခါင္း႐ႈပ္သြားသည္။

" မင္း ဘာကိုဆိုလိုတာလဲ? "

ဆိုင့္ေခ်ာင္က ေျပာလာသည္။

" ကြၽန္ေတာ္တို႔ သူ႕ကို က်ိဳးခြၽမ္းနဲ႔ ေတြ႕ဖို႔ေခၚသြားၿပီး ဘာမွမသိရေတာ့ အေတာ္စိတ္မခ်မ္းမသာျဖစ္ေနတာ၊ ေဒါက္တာကုံးက အၾကံတစ္ခုရၿပီး ကြၽန္ေတာ့္ကို သက္ေသခံအခန္းမွာ႐ွိတဲ့ အခင္းေနရာကျပန္ယူလာတဲ့ အမိႈက္ေတြကို ဖုန္ေဖးဆီျပခိုင္းတယ္၊ ရလဒ္အေနနဲ႔ကေတာ့ ဖုန္ေဖးတုံ႔ျပန္တယ္၊ အဲ့ဒီ့သက္ေသခံပစၥည္းေတြနဲ႔ ဘာမွမဆိုင္ဘူးဆို‌တာေတာ့ ဝန္မခံသြားဘူး "

" မင္းေျပာခ်င္တာက အဲ့ထဲမွာ ဖုန္ေဖးဆီကတစ္ခုခုလည္း ပါႏိုင္တယ္ေပါ့ "

ကုံးရင့္႐ွန္ ေခါင္းညိတ္ျပသည္။

" သူ႕ပစၥည္းတစ္ခုခုပါတာ ဒါမွမဟုတ္ သူတစ္ခုခုသိေနတာမ်ိဳးပဲ၊ ကြၽန္ေတာ္ သူ႕မ်က္ႏွာအမူအရာၾကည့္ၿပီး ဖတ္ႏိုင္တယ္၊ သက္ေသခံပစၥည္းေတြက လက္ေဗြကိုက္ညီခ်က္ရဖို႔ ကြၽန္ေတာ္ ကိုယ္ေရးအခ်က္အလက္ထုတ္ေဖာ္တဲ့ဌာနဆီ အပ္ထားတယ္၊ ဒါေပမယ့္ မီးကအရမ္းျပင္းေတာ့ တစ္ခုခု႐ွာႏိုင္ပါ့မလား မေျပာတတ္ဘူး "

" မီးကြၽမ္းသဲလြန္စေတြက ေဖာ္ထုတ္ဖို႔ခက္တယ္၊ ေခါင္းစြပ္နဲ႔လူဆီမွာလည္း ႐ွိမယ္လို႔ ငါထင္တယ္ ပိုႀကီးပါေစလို႔ေမွ်ာ္လင့္ရတာပဲ "

" အင္း ကြၽန္ေတာ္တို႔လည္း လုပ္ေဖာ္ကိုင္ဖက္ေတြဆီက သတင္းရရခ်င္း လာေစာင့္ေနတာပဲ "

ဆိုင့္ေခ်ာင္ ေအးစက္စက္ႏွာမႈတ္လိုက္ၿပီး

" ကြၽန္ေတာ္တို႔မွာ တစ္ေယာက္႐ွိၿပီဆိုေတာ့ ေနာက္တစ္ေယာက္မိဖို႔ မစိုးရိမ္ရေတာ့ပါဘူး "

သူတို႔သုံးေယာက္ တစ္ေယာက္တစ္လွည့္ဆီ ေဆြးေႏြးၾကၿပီး ေကာင္းကင္ေမွာင္က်လာသည္ႏွင့္အမွ် ရန္ရိ စိုးရိမ္တႀကီး ေျပာလိုက္သည္။

" သူတို႔ တစ္ေနလုံး အျပင္မထြက္ရင္ ဘယ္လိုလုပ္မလဲ? "

" အဲ့တာဆို ညသန္းေခါင္မွပဲဖမ္းဖို႔ ေစာင့္ရေတာ့မွာေပါ့၊ ၿပီးေတာ့ တိုက္ပိုင္႐ွင္ကလည္း ကြၽန္ေတာ္တို႔ကို ေသာ့ေတြေပးထားတယ္ "

ဆိုင့္ေခ်ာင့္က ရန္ရိကို လွမ္းၾကည့္လိုက္ၿပီး

" ေခါင္းေဆာင္၊ တကယ္ေတာ့ ခင္မ်ားကြၽန္ေတာ္တို႔နဲ႔ ေနေပးစရာမလိုပါဘူး၊ ခင္မ်ားအခ်ိန္ေတြ အရမ္းယူမိသလိုျဖစ္ေနပါဦးမယ္ "

" ရပါတယ္ ငါခြင့္ယူထားတာ "

ရန္ရိ ကုံးရင့္႐ွန္ေခါင္းေနာက္ဘက္ကို ၾကည့္ရင္း ေတြးမိလိုက္သည္။ သာ့ေကာရဲ႕ဆီးအိမ္ကအရမ္းေကာင္းတာလား၊ ဘာလို႔သူ အၾကာႀကီး အိမ္သာမသြားဘဲေန‌တာလဲ?

မေမွ်ာ္လင့္ထားဘဲ ဆိုင့္ေခ်ာင္က ခ်က္ခ်င္းထေျပာလာသည္။

"  အိုး ကြၽန္ေတာ္ အိမ္သာသြားလိုက္ဦးမယ္ "

သူတံခါးဖြင့္ကာ အျပင္ထြက္သြားသည္။

ကားထဲမွာ သူတို႔ႏွစ္ေယာက္တည္း က်န္ေတာ့ ကုံးရင့္႐ွန္ ႐ုတ္ျခည္းဆိုသလို ကိုယ္လွည့္လာၿပီး မ်က္ေတာင္ခတ္ကာ ရန္ရိကိုၾကည့္လာသည္။

" ခင္မ်ား တကယ္အိမ္မျပန္ဘူးလား? ေစာင့္ရတာ ပ်င္းစရာႀကီးကို "

" ရပါတယ္ ငါအိမ္ျပန္လည္း ဖုန္းပဲေဆာ့ေနတာကို၊ ဘာလို႔ရဲေတြ တရားခံဖမ္းတာ မၾကည့္ရမွာတုန္း? "

ရန္ရိ သူဒီမွာ ေနခ်င္႐ုံပဲဆိုတာကို ဘယ္ဝန္ခံပါ့မလဲ။

" ေဟး မင္းသိလား? ငါဒီေန႔မင္းကိုေကြၽးဖို႔ တစ္ခုခုျပင္ထားတယ္ "

" ဘာလဲ? "

" မေျပာျပဘူး "

ရန္ရိ ျပဳံးလိုက္သည္။

" မင္းဘာသာၾကည့္ဖို႔ ေစာင့္ေနတာ "

ကုံးရင့္႐ွန္ မ်က္ခုံးပင့္ၿပီး ေျပာလာသည္။

" ခင္မ်ား ဟင္းခ်က္စေကးကေရာ? အရမ္းယုံၾကည္ခ်က္႐ွိေနတာပဲ "

" ရတယ္ ဟင္းခ်က္နည္းအတိုင္းဆို အမွားႀကီးႀကီးမားမားမလုပ္မိပါဘူး၊ စကားမစပ္ မင္း ဂိမ္းေဆာ့လား? ဘာဇာတ္ကားၾကည့္ခ်င္လဲ? "

" ဘယ္လို? "

" ညစာစားၿပီးရင္ ေဖ်ာ္ေျဖမႈတစ္ခုခုေတာ့႐ွိတယ္ေလ "

ကုံးရင့္႐ွန္ ျပဳံးလိုက္ၿပီး

" ကြၽန္ေတာ္ သရဲကားေတြၾကည့္ရတာ ႀကိဳက္တယ္ "

ရန္ရိ သူ႕ကို အျဖဴထည္သက္သက္ၾကည့္လိုက္ၿပီး

" ငါ့ကို႐ြဲ႕တယ္ေပါ့၊ ဇာတ္ကားမၾကည့္ေတာ့ဘူး၊ မင္းကိုဂိမ္းေဆာ့ဖို႔ သင္ေပးမယ္ "

" ဘာဂိမ္း‌ေဆာ့မွာလဲ? "

"အဲ့က်မွေျပာမယ္ "

ရန္ရိ ေမးေငါ့လိုက္ၿပီး

" မင္းသေဘာေပါက္ႏိုင္တဲ့အေပၚ မူတည္တယ္ "

ကုံးရင့္႐ွန္ "ဟမ္" ဟု ခပ္‌ေပ်ာ့ေပ်ာ့အသံျပဳလိုက္ၿပီး

[ T/n : အဲ့အသံက မင္းတို႔ပါးစပ္ပိတ္ၿပီး အသံထြက္တာမ်ိဳး၊ လုပ္ၾကည့္ ]

" ကြၽန္ေတာ္ သင္ယူခ်င္သေ႐ြ႕၊ မသင္ယူႏိုင္တာဘာမွမ႐ွိဘူး "

ရန္ရိ "က်စ္ က်စ္" ဟုႏွစ္ခါ စုပ္သတ္လိုက္ၿပီး

" ေလသံ‌ကမေသးဘူးပဲ "

ကုံးရင့္႐ွန္ မွားသလိုမခံစားရဘဲ ေျပာလာသည္။

" ကြၽန္ေတာ္ေျပာတာ အမွန္ပဲ "

" အိုေက မင္းေတာ္တာသိေနေတာ့လည္း မင္း‌ျမန္ျမန္တတ္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ အဲ့တာမွပဲ ငါ rank တက္ႏိုင္မွာ "

" ဘယ္ကိုလဲ? "

ရန္ရိ သာမန္ကာလွ်ံကာ ႐ွင္းျပလိုက္သည္။

" အရမ္းအင္အားႀကီးတဲ့ေနရာေပါ့ "

ကုံးရင့္႐ွန္က အတည္ေပါက္ ေျပာလာ၏။

" ခင္မ်ား ဘယ္‌သြားခ်င္လဲ၊ ကြၽန္ေတာ္ အဲ့ေနရာကို ေခၚသြားေပးႏိုင္တယ္ "

ရန္ရိ မင္သက္သြားၿပီး ေနာက္တစ္ခဏအတြင္း သူပ်ံတက္သြားေတာ့မလို ရင္ခုန္သံေတြ အရမ္းျမန္လာသည္။ သူစိတ္ထဲက ဆဲေရးလိုက္၏။ ေသစမ္း၊ မင္း ဒီစကားကို သူမ်ားေတြဆီ ပုံမွန္အတိုင္းေျပာႏိုင္ရလား။ ကုံးရင့္႐ွန္ အမွတ္မထင္ လုပ္လိုက္တဲ့အရာေတြက သူ႕ကို အျခားကိစၥေတြ အလြယ္တကူေတြးမိသြားေစသည္။ ဒါေပမယ့္ သူတစ္ဖက္သတ္ အဓိပၸါယ္ေကာက္ေနမိမွာစိုးလို႔ အေျဖာင့္တစ္ေယာက္ရဲ႕ စကားေတြနဲ႔အျပဳအမူေတြကို သူတကယ္မေတြးခ်င္ဘူး။

ကုံးရင့္႐ွန္ တစ္ခုခုေျပာခ်င္ေပမယ့္ သူ႕အင္တာကြန္း ႐ုတ္တရက္ထျမည္လာသည္။

" ေဒါက္တာကုံး ခင္မ်ားျမင္လိုက္လား? တရားခံထြက္လာၿပီ "

=========

Triple update ေနာ္ ေက်းဇူးတင္လို႔ပါ မင္းတို႔အားေပးၾကတာကို 🤍✨

=========