[ Unicode ]
၂၃ လွှာကအခြေအနေက ၂၂လွှာထက် ပိုကောင်းသည်။
၀မ်းမုန်ခေါင်းဆောင်တဲ့ အဖွဲ့နှစ်ဖွဲ့က လူအချို့ကို အောင်အောင်မြင်မြင်ပဲ ကယ်ဆယ်နိုင်ခဲ့၏။ နံရံတွေ၊ မျက်နှာကျက်တွေက နေရာတကာ အက်ကွဲ ပြိုပျက်ကျနေပြီး နေရာတိုင်းလိုလို ဆူးငြှောင့်ခလုတ်များရှိနေရုံလောက်သာ။
ထိုအချိန် အခင်းနေရာ၌ တပ်သား ၆ယောက်လောက်ရှိနေသေးပြီး သူတို့ အသက်ရှူကိရိယာသတိပေးချက်သံများက ရှေ့ဆင့်နောက်ဆင့် ထမြည်လာကြရာ အချိန်မီအပြေးအလွှားနဲ့ နောက်ဆုံးတံခါး ၂ ခုကိုဖြိုချဖို့ အတူလုပ်ဆောင်ကြရပြီးနောက် တစ်လွှာလုံးရှာဖွေပြီးစီးသွားသည်။
ရန်ရိ အမိန့်ပေးလိုက်သည်။ " ပြန်ဆုတ် "
အားလုံး ပြန်ဆင်းကြပြီး တစ်လွှာပဲဆင်းပြီးရုံရှိသေး ရွှီကျင့်အသံက အင်တာကွန်းကနေထွက်လာသည်။
" ရန်ရိ ချန်ယွဲ့က ၂၄လွှာမှာ လူ၈ယောက်ရှိတဲ့ အခန်းတွေ့ထားပြီး အကူအညီလိုနေတယ် "
ရန်ရိ သူ့အသက်ရှုကိရိယာဘူးကိုတစ်ချက်ကြည့်လိုက်ပြီး မကြာခင်ပြောလိုက်၏။
" ခဏနေရောက်မယ် "
" ခေါင်းဆောင်....."
ရန်ရိ အမြန်ပြောလိုက်သည်။
" အလွှာ ၂၀ အောက်ဘက်ကို မီးမရှိတော့ဘူး မင်းတို့ ၆ယောက်က အသက်ရှူဘူး ၂ဘူးကို အပိုထားခဲ့လိုက် ကျန်တာကို ငါနဲ့ ခေါင်းဆောင်၀မ်းမုန်နဲ့တာဝန်ယူလိုက်မယ် "
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
" မြန်မြန် ! " ၀မ်းမုန်က လောလိုက်၏။
သူတို့လေးယောက် အသက်ရှူကိရိယာတွေကိုချွတ်လိုက်ပြီး ရန်ရိ နဲ့ ၀မ်းမုန်ကို ပေးကာ ရန်ရိပြောလိုက်သည်။
" အခုအောက်ဆင်းတော့ ! "
သူနဲ့ ၀မ်းမုန် အသက်ရှူကိရိယာ ၂ ဘူးစီကိုင်ရင်း ၂၄လွှာကို အသော့နှင်သွားရသည်။
ချန်နယ်လိုင်းတစ်ခုကိုပြောင်းလိုက်ရင်း
" ငါ ရန်ရိ မင်းတို့ဘယ်ဘက်မှာလဲ ? "
" အလယ်ဘက်ကိုမြန်မြန် အိမ်ထဲမှာ လူအများကြီးပဲ သက်ကြီးရွယ်အို ၄ယောက်လောက်ရှိမယ် "
မီးခိုးတောထဲမှာ အလယ်ဘက်ကိုစမ်းတဝါးဝါး ရှာပြီးနောက် ချန်ယွဲ့နဲ့အခြားသူတွေဆီသို့ အသံလာရာအတိုင်းလိုက်သွားရသည်။
ချန်ယွဲ့က တပ်သားများအား လူနာတွေကိုအောက်သယ်သွားဖို့ညွှန်ကြားပြီးနောက် တပ်သားအင်အားလည်းအတော်ကို လျော့ကျသွားချေ၏။
သူရန်ရိဘက်သို့လှမ်းအော်လိုက်လျက်
" ဒီမှာ ခြေလက်တွေမလှုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အို ၂ ယောက်ရှိသေးတယ် သူတို့ကို အောက်သယ်ချပေးမှရမယ် !"
ရန်ရိ သူ့အတွက်အောက်ဆီဂျင်ဘူးတစ်ဘူး အစားထိုးလိုက်ရင်း " ကောင်းပြီ "
ထိုအချိန်မှာပင် အထဲကတစ်ယောက်ယောက် အော်ဟစ်နေသံကို ကြားလိုက်ရ၏။
" အန်တီ ဘာမှယူမနေပါနဲ့တော့! သွားပါ! ပြန်မယူနဲ့တော့! "
တပ်သားငယ်လေးတစ်ယောက်က အသက်လတ်ပိုင်း မိန်းမကြီးတစ်ယောက်ကို အခန်းပြင်သို့ ဆွဲထုတ်နေခြင်းဖြစ်သည်။
ဝမ်းမုန် သူ့ခေါင်းပေါ်၌ ပင်လယ်လှိုင်းလုံးများအလား ဝေ့လာသည့် မီးအရှိန်ကိုခံစားမိလိုက်ပြီး :
" မီးထတောက်တော့မယ်! အခုချက်ချင်း ပြန်ဆုတ်ကြတော့! "
ရန်ရိက လူအိုကြီးကို ကျောပေါ်ထမ်းလိုက်ကာ တုန်ရီနေသော ခြေလက်များဖြင့် အပူရှိန်ကြီးကို တွန်းကန်ရင်း အံကိုကြိတ်ကာ လှေကားများဆီသွားရသည်။
" ငါ့လက်ကောက်! ငါ့လက်ကောက်!"
မိန်းမကြီးက အသံပြာမတတ်အော်ငိုလေ၏။
" ခင်များ ကိုယ့်အသက်ကိုယ်မနှမြောဘူးလား? မယူပါနဲ့တော့! သွား!"
" သူ့ကို မြန်မြန်တား----"
ရုတ်တရက် ရန်ရိ သူ့ခြေဖဝါးအောက်က ကြမ်းပြင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်အား ခံစားမိလိုက်ပြီး တုန့်ပြန်နိုင်ချိန်ပင်မရသေးပဲ အသံကျယ်ကြီးတစ်ခုသာ ကြားလိုက်ရ၍ သူနဲ့ ဝမ်းမုန်တို့အားလုံး ယိမ်းယိုင်ကာ ကောရစ်တာအပေါက်ဝမှ လိမ့်ဆင်းသွားကြတော့သည်။
ရန်ရိ ပြန်ထလိုက်တော့ မျက်နှာမှာ ဖြူစုတ်သွားလျက်၊ သူနဲ့ဝမ်းမုန်နှစ်ယောက်လုံး ကြမ်းပြင်ပေါ်မှာ ဆင့်တိုက်လုနီးပါးဖြစ်သွားပြီး သူတို့ရှေ့က မြင်ကွင်းကိုတွေ့လိုက်ကြရသည့်အခါဝယ် နှစ်ယောက်စလုံး တောင့်ခဲသွားကြေတာ့သည်။
တစ်လွှာလုံးပြိုကျသွားခဲ့ပြီ။
၂၃ လွှာ၏ မျက်နှာကျက်ဖြစ်သော ၂၄ လွှာသည် ၂၂ လွှာ၏ မျက်နှာကျက်ပေါ်သို့ ပြိုပျက်ကျသွားခဲ့ပြီး ထို နှစ်လွှာရဲ့အပျက်အစီးများမှာ သူတို့မျက်စိရှေ့တွင်ဖြစ်သည်။
အပေါ်မှ ပြိုကျလာသော သူများကတော့ အုတ်ကျိုးအုတ်ပဲ့များနှင့် မီးခိုးငွေ့များကြားထဲဝယ် ကွယ်ပျောက်နေလေ၏။
ချန်ယွဲ့က စူးနစ်စွာ အော်ဟစ်ရင်း အခြားတပ်သားများသည်လည်း ရူးသွပ်မတတ် ဖြစ်သွားကြသည်။ သူတို့အဖော် တပ်ဖွဲ့သားတို့ရဲ့ နာမည်များကို အော်ရင်း ကိုယ်၌ချည်ထားသော ကြိုးများကို ဖြုတ်ကာ အပျက်အစီးများအောက် သွားရှာကယ်ဖို့ပြင်သည်။
ရန်ရိ ချန်ယွဲ့ကို သိုင်းဖက်လိုက်ကာ
" ချန်ယွဲ့ စိတ်လျှော့! မင်းအောက်ဆင်းလို့မရဘူးလေ အန္တရာယ်ရှိတယ်! "
" ငါ့ကိုလွှတ်! ရှောင်ကျိုးက အဲ့မှာကွ! "
ချန်ယွဲ့ ရန်ရိကို တွန်းလွှတ်သည်။
" ၂၃ ထပ်ကနေ ဆင်းမလို့လား အရမ်းမြင့်တယ်ကွ! "
ရန်ရိ အော်လိုက်သည်။ " ချန်ယွဲ့ !"
ချန်ယွဲ့ mask ကိုချွတ်ကာ မျက်ရည်များပွတ်သုတ်လိုက်ပြီး တုန်တုန်ယင်ယင် ပြောလာ၏။
" အားလုံးအောက်ပြန်ဆင်းမယ် "
ရန်ရိ အင်တာကွန်း ကိုဆုပ်ကိုင်လိုက်ပြီး
" ၂၃ လွှာအကူအညီလိုတယ် တစ်လွှာလုံးပြိုကျသွားပြီး တပ်သားတွေလည်း ဒဏ်ရာရထားတယ် အကူအညီလိုတယ်! "
" ရထား ရထား "
[ T/n : ဒီနေရာမှာ ရထားဆိုတာက ကြားဖူးကြမှာပါ မြန်မာတွေက အမြန်ထွက်လိုက်လို့ ရထား ဖြစ်သွားတာပါပဲ အမှန်တော့ ရ,ထား ( လက်ခံရရှိထား ) တာရဲ့အတိုကောက်ပါ )]
ချန်ယွဲ့က မျက်ရည်များဝေ့သီလျက်
" ရန်ရိ မင်းတို့က ဒဏ်ရာရထားတဲ့သူတွေကိုအောက်သယ်သွားလိုက် ငါက ငါ့တပ်သားတွေကို ကယ်လိုက်မယ် "
ရန်ရိ အလေးအနက်ပြောလိုက်သည်။ :
" ချန်ယွဲ့ စိတ်လိုက်မာန်ပါမလုပ်နဲ့ တပ်ကူလာတာစောင့်ဦး "
ချန်ယွဲ့ ပြန်မဖြေဘဲ တပ်သားနှစ်ယောက်နဲ့အတူ အောက်သို့အမြန်ဆင်းသွားလေ၏။
ရန်ရိနဲ့ အခြားတပ်သားတွေကတော့ လူနာများကို သယ်ပိုးကာ ခက်ခက်ခဲခဲ အောက်သို့ဆင်းကြရသည်။
သူတို့မြေပြင်ပေါ်ပြန်ရောက်ပြီး လူနာတွေကို အရေးပေါ်သူနာပြုများ လက်ထဲအပ်ပြီးနောက် ရန်ရိ ခြေထောက်များလည်း ပျော့ခွေကျသွားကာ မြေကြီးပေါ်ထိုင်ချလိုက်ရင်း အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်ဘဲဖြစ်နေသည်။
လူအတော်များများ သူ့ကိုလာထူပေးချင်ကြသည်။
ရန်ရိ mask ကိုချွတ်ကာ လက်ယမ်းပြလိုက်ပြီး
" ခဏလောက် ထိုင်ပါရစေဦးကွာ ခေါင်းဆောင်ချန်ရော ဘယ်လိုဖြစ်သွားလဲ? "
စွေ့ရိရှန်း က ခေါင်းခါရင်း " မသိဘူး အပေါ် မှာဘာဖြစ်ခဲ့လို့လဲ? "
" အလွှာပြိုကျသွားတယ် ပြီးတော့ တပ်သားလေးက...."
ရန်ရိအသံမှာ ပို၍ပို၍တုန်ရီလာလျက် ရှေ့ဆက်ပြောဖို့ရာ ခက်ခဲနေသည်။
အားလုံး အသံပျောက်သွားကြ၏။
" ရန်ရိ "
ရန်ရိနားထဲသို့ ထိုတည်ငြိမ်ပြတ်သားသော ခေါ်သံ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် လောင်မြိုက်နေသော မီးအဟုန်အား ရေအေးများပက်ဖြန်းလိုက်သလို၊ တစ်ခဏပင်ဖြစ်သော်ငြား နာကြင်မှုကို သက်သာသွားစေသည်။
ရန်ရိ ခေါင်းမော့ကြည့်လိုက်သည်နှင့် ကုံးရင့်ရှန်က သူ့ရှေ့မှာရပ်နေသည်ကို တွေ့လိုက်ရ၏။ ကုံးရင့်ရှန် ခါးညွှတ်လိုက်ရာ နေဝင်ပြီးစ ဆည်းဆာရောင်ခြည်ကို နောက်ခံထား၍ ၎င်း၏ ခန့်ညားသောမျက်နှာမှာ အမှောင်ကျသွားပြီး ထိုသူ့မျက်နှာပေါ်တွင် ထင်ဟပ်နေသည်က စိုးရိမ်မှုတွေလား လေးလံမှုတွေလား ဒါမှမဟုတ် အလင်းအမှောင်ရောင်
ပြန်ဟပ်ခြင်းသက်သက်ပဲလား ဆိုတာမခွဲနိုင်တော့ပေ။
ရန်ရိ ကုံးရင့်ရှန်ကို မိန်းမောစွာကြည့်နေလျက်၊မျက်လုံးများက ပူနေပြီး ငိုချင်စိတ်တို့ဖြစ်ပေါ်လာသည်။ သူငိုချင်တယ် ဘာလို့လဲဆို တပ်သားငယ်လေးတစ်ယောက် အုတ်ပုံတွေကြားပိသွားတာကို သူမြင်လိုက်ရတာကိုး၊ သေလားရှင်လား လည်းမသေချာဘူး၊ ဒါပေမယ့် သူက တပ်သားတစ်ယောက်ဖြစ်နေတယ်။ သူငိုလို့မရဘူး။ သို့ပေမယ့် ကုံးရင့်ရှန်မျက်နှာကိုတွေ့လိုက်ရတော့ သူထိန်းမရတော့ဘဲ ငိုချပစ်ချင်လာသည်။
သူဘာဖြစ်သွားတာလဲ။
ကုံးရင့်ရှန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရေတစ်ဘူးကမ်းပေးရင်း တီးတိုးပြောလာသည်။
" ခင်များ အဆင်ပြေရဲ့လား? "
ရန်ရိ ခေါင်းညိတ်ပြလိုက်ပြီး ရေဘူးယူကာ တစ်ဘူးလုံးကို တစ်ကျိုက်တည်းသောက်ချလိုက်၍ ဘူးခွံကို လွှင့်ပစ်ပြီး ခေါင်းယမ်းလျက် ပြောလိုက်သည်။
" မပြေဘူး "
ကုံးရင့်ရှန်က မိုးမြင့်အဆောက်အဦးကြီးကို မော့ကြည့်ရင်း
" အဲ့မှာဘာတွေဖြစ်လဲသိတယ် "
"......"
" ကျွန်တော်လည်း အထဲမှာရှိခဲ့ဖူးတယ် "
ရန်ရိ ကုံးရင့်ရှန် ဘာပြောနေလဲဆိုတာကို နားလည်သည်။ သူ ပါးစပ်ဟလိုက်ပေမယ့် ဘာပြောရမလဲမသိပေ။ သူကယ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို ပြန်တွေးမိသွားသည်။
ကုံးရင့်ရှန်ရော သူတို့လို အားကိုးရာမဲ့ ကြောက်လန့်တကြားနဲ့ ကုတင်အောက်မှာ ပုန်းခဲ့ရလေသလား?
ဘာလို့ ဒီဝမ်းနည်းစရာတွေ ထပ်ထပ်ပြီး ဖြစ်နေရတာလဲ?!
ကုံးရင့်ရှန်က ရန်ရိဆီ လက်ကမ်းပေးလာပြီး
" ထတော့ ဘယ်သူပဲလုပ်လုပ် ကျွန်တော်အမှန်တရားကို ဖော်ထုတ်မယ် "
ရန်ရိ ခဏတာ မှင်သက်သွားချိန် ကုံးရင့်ရှန်လက်ကိုဆွဲပြီးထရမယ့်အစား ကုံးရင့်ရန်ဆွဲထူတာကိုခံလိုက်ရသည်။ သူ ကုံးရင့်ရှန်လက်တစ်လျှောက်စီးဆင်းလာသော စွမ်းအားကိုခံစားလိုက်ရပြီး ထိုအားပြင်းလှသည့် စွမ်းအားက သူ့ကို စိတ်အနည်းငယ်အေးချမ်းသွားစေသလို။
ကုံးရင့်ရှန် ရန်ရိကို အလေးအနက်ကြည့်လိုက်ရင်း
" ကျွန်တော်တို့, အမှန်တရားကိုအတူဖော်ထုတ်ကြမယ် "
##########
Long time no see ✨
#######
[ Zawgyi ]
၂၃ လႊာကအေျခအေနက ၂၂လႊာထက္ ပိုေကာင္းသည္။
၀မ္းမုန္ေခါင္းေဆာင္တဲ့ အဖြဲ႕ႏွစ္ဖြဲ႕က လူအခ်ိဳ႕ကို ေအာင္ေအာင္ျမင္ျမင္ပဲ ကယ္ဆယ္ႏိုင္ခဲ့၏။ နံရံေတြ၊ မ်က္ႏွာက်က္ေတြက ေနရာတကာ အက္ကြဲ ၿပိဳပ်က္က်ေနၿပီး ေနရာတိုင္းလိုလို ဆူးေျငႇာင့္ခလုတ္မ်ား႐ွိေန႐ုံေလာက္သာ။
ထိုအခ်ိန္ အခင္းေနရာ၌ တပ္သား ၆ေယာက္ေလာက္႐ွိေနေသးၿပီး သူတို႔ အသက္႐ွဴကိရိယာသတိေပးခ်က္သံမ်ားက ေ႐ွ႕ဆင့္ေနာက္ဆင့္ ထျမည္လာၾကရာ အခ်ိန္မီအေျပးအလႊားနဲ႔ ေနာက္ဆုံးတံခါး ၂ ခုကိုၿဖိဳခ်ဖို႔ အတူလုပ္ေဆာင္ၾကရၿပီးေနာက္ တစ္လႊာလုံး႐ွာေဖြၿပီးစီးသြားသည္။
ရန္ရိ အမိန္႔ေပးလိုက္သည္။ " ျပန္ဆုတ္ "
အားလုံး ျပန္ဆင္းၾကၿပီး တစ္လႊာပဲဆင္းၿပီး႐ုံ႐ွိေသး ႐ႊီက်င့္အသံက အင္တာကြန္းကေနထြက္လာသည္။
" ရန္ရိ ခ်န္ယြဲ႕က ၂၄လႊာမွာ လူ၈ေယာက္႐ွိတဲ့ အခန္းေတြ႕ထားၿပီး အကူအညီလိုေနတယ္ "
ရန္ရိ သူ႕အသက္႐ႈကိရိယာဘူးကိုတစ္ခ်က္ၾကည့္လိုက္ၿပီး မၾကာခင္ေျပာလိုက္၏။
" ခဏေနေရာက္မယ္ "
" ေခါင္းေဆာင္....."
ရန္ရိ အျမန္ေျပာလိုက္သည္။
" အလႊာ ၂၀ ေအာက္ဘက္ကို မီးမ႐ွိေတာ့ဘူး မင္းတို႔ ၆ေယာက္က အသက္႐ွဴဘူး ၂ဘူးကို အပိုထားခဲ့လိုက္ က်န္တာကို ငါနဲ႔ ေခါင္းေဆာင္၀မ္းမုန္နဲ႔တာဝန္ယူလိုက္မယ္ "
လူတိုင္း တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္။
" ျမန္ျမန္ ! " ၀မ္းမုန္က ေလာလိုက္၏။
သူတို႔ေလးေယာက္ အသက္႐ွဴကိရိယာေတြကိုခြၽတ္လိုက္ၿပီး ရန္ရိ နဲ႔ ၀မ္းမုန္ကို ေပးကာ ရန္ရိေျပာလိုက္သည္။
" အခုေအာက္ဆင္းေတာ့ ! "
သူနဲ႔ ၀မ္းမုန္ အသက္႐ွဴကိရိယာ ၂ ဘူးစီကိုင္ရင္း ၂၄လႊာကို အေသာ့ႏွင္သြားရသည္။
ခ်န္နယ္လိုင္းတစ္ခုကိုေျပာင္းလိုက္ရင္း
" ငါ ရန္ရိ မင္းတို႔ဘယ္ဘက္မွာလဲ ? "
" အလယ္ဘက္ကိုျမန္ျမန္ အိမ္ထဲမွာ လူအမ်ားႀကီးပဲ သက္ႀကီး႐ြယ္အို ၄ေယာက္ေလာက္႐ွိမယ္ "
မီးခိုးေတာထဲမွာ အလယ္ဘက္ကိုစမ္းတဝါးဝါး ႐ွာၿပီးေနာက္ ခ်န္ယြဲ႕နဲ႔အျခားသူေတြဆီသို႔ အသံလာရာအတိုင္းလိုက္သြားရသည္။
ခ်န္ယြဲ႕က တပ္သားမ်ားအား လူနာေတြကိုေအာက္သယ္သြားဖို႔ၫႊန္ၾကားၿပီးေနာက္ တပ္သားအင္အားလည္းအေတာ္ကို ေလ်ာ့က်သြားေခ်၏။
သူရန္ရိဘက္သို႔လွမ္းေအာ္လိုက္လ်က္
" ဒီမွာ ေျခလက္ေတြမလႈပ္ႏိုင္ေတာ့တဲ့ သက္ႀကီး႐ြယ္အို ၂ ေယာက္႐ွိေသးတယ္ သူတို႔ကို ေအာက္သယ္ခ်ေပးမွရမယ္ !"
ရန္ရိ သူ႕အတြက္ေအာက္ဆီဂ်င္ဘူးတစ္ဘူး အစားထိုးလိုက္ရင္း " ေကာင္းၿပီ "
ထိုအခ်ိန္မွာပင္ အထဲကတစ္ေယာက္ေယာက္ ေအာ္ဟစ္ေနသံကို ၾကားလိုက္ရ၏။
" အန္တီ ဘာမွယူမေနပါနဲ႔ေတာ့! သြားပါ! ျပန္မယူနဲ႔ေတာ့! "
တပ္သားငယ္ေလးတစ္ေယာက္က အသက္လတ္ပိုင္း မိန္းမႀကီးတစ္ေယာက္ကို အခန္းျပင္သို႔ ဆြဲထုတ္ေနျခင္းျဖစ္သည္။
ဝမ္းမုန္ သူ႕ေခါင္းေပၚ၌ ပင္လယ္လိႈင္းလုံးမ်ားအလား ေဝ့လာသည့္ မီးအ႐ွိန္ကိုခံစားမိလိုက္ၿပီး :
" မီးထေတာက္ေတာ့မယ္! အခုခ်က္ခ်င္း ျပန္ဆုတ္ၾကေတာ့! "
ရန္ရိက လူအိုႀကီးကို ေက်ာေပၚထမ္းလိုက္ကာ တုန္ရီေနေသာ ေျခလက္မ်ားျဖင့္ အပူ႐ွိန္ႀကီးကို တြန္းကန္ရင္း အံကိုႀကိတ္ကာ ေလွကားမ်ားဆီသြားရသည္။
" ငါ့လက္ေကာက္! ငါ့လက္ေကာက္!"
မိန္းမႀကီးက အသံျပာမတတ္ေအာ္ငိုေလ၏။
" ခင္မ်ား ကိုယ့္အသက္ကိုယ္မႏွေျမာဘူးလား? မယူပါနဲ႔ေတာ့! သြား!"
" သူ႕ကို ျမန္ျမန္တား----"
႐ုတ္တရက္ ရန္ရိ သူ႕ေျခဖဝါးေအာက္က ၾကမ္းျပင္ ျပင္းျပင္းထန္ထန္ လႈပ္ခတ္သြားသည္အား ခံစားမိလိုက္ၿပီး တုန္႔ျပန္ႏိုင္ခ်ိန္ပင္မရေသးပဲ အသံက်ယ္ႀကီးတစ္ခုသာ ၾကားလိုက္ရ၍ သူနဲ႔ ဝမ္းမုန္တို႔အားလုံး ယိမ္းယိုင္ကာ ေကာရစ္တာအေပါက္ဝမွ လိမ့္ဆင္းသြားၾကေတာ့သည္။
ရန္ရိ ျပန္ထလိုက္ေတာ့ မ်က္ႏွာမွာ ျဖဴစုတ္သြားလ်က္၊ သူနဲ႔ဝမ္းမုန္ႏွစ္ေယာက္လုံး ၾကမ္းျပင္ေပၚမွာ ဆင့္တိုက္လုနီးပါးျဖစ္သြားၿပီး သူတို႔ေ႐ွ႕က ျမင္ကြင္းကိုေတြ႕လိုက္ၾကရသည့္အခါဝယ္ ႏွစ္ေယာက္စလုံး ေတာင့္ခဲသြားၾကေတာ့သည္။
တစ္လႊာလုံးၿပိဳက်သြားခဲ့ၿပီ။
၂၃ လႊာ၏ မ်က္ႏွာက်က္ျဖစ္ေသာ ၂၄ လႊာသည္ ၂၂ လႊာ၏ မ်က္ႏွာက်က္ေပၚသို႔ ၿပိဳပ်က္က်သြားခဲ့ၿပီး ထို ႏွစ္လႊာရဲ႕အပ်က္အစီးမ်ားမွာ သူတို႔မ်က္စိေ႐ွ႕တြင္ျဖစ္သည္။
အေပၚမွ ၿပိဳက်လာေသာ သူမ်ားကေတာ့ အုတ္က်ိဳးအုတ္ပဲ့မ်ားႏွင့္ မီးခိုးေငြ႕မ်ားၾကားထဲဝယ္ ကြယ္ေပ်ာက္ေနေလ၏။
ခ်န္ယြဲ႕က စူးနစ္စြာ ေအာ္ဟစ္ရင္း အျခားတပ္သားမ်ားသည္လည္း ႐ူးသြပ္မတတ္ ျဖစ္သြားၾကသည္။ သူတို႔အေဖာ္ တပ္ဖြဲ႕သားတို႔ရဲ႕ နာမည္မ်ားကို ေအာ္ရင္း ကိုယ္၌ခ်ည္ထားေသာ ႀကိဳးမ်ားကို ျဖဳတ္ကာ အပ်က္အစီးမ်ားေအာက္ သြား႐ွာကယ္ဖို႔ျပင္သည္။
ရန္ရိ ခ်န္ယြဲ႕ကို သိုင္းဖက္လိုက္ကာ
" ခ်န္ယြဲ႕ စိတ္ေလွ်ာ့! မင္းေအာက္ဆင္းလို႔မရဘူးေလ အႏၲရာယ္႐ွိတယ္! "
" ငါ့ကိုလႊတ္! ေ႐ွာင္က်ိဳးက အဲ့မွာကြ! "
ခ်န္ယြဲ႕ ရန္ရိကို တြန္းလႊတ္သည္။
" ၂၃ ထပ္ကေန ဆင္းမလို႔လား အရမ္းျမင့္တယ္ကြ! "
ရန္ရိ ေအာ္လိုက္သည္။ " ခ်န္ယြဲ႕ !"
ခ်န္ယြဲ႕ mask ကိုခြၽတ္ကာ မ်က္ရည္မ်ားပြတ္သုတ္လိုက္ၿပီး တုန္တုန္ယင္ယင္ ေျပာလာ၏။
" အားလုံးေအာက္ျပန္ဆင္းမယ္ "
ရန္ရိ အင္တာကြန္း ကိုဆုပ္ကိုင္လိုက္ၿပီး
" ၂၃ လႊာအကူအညီလိုတယ္ တစ္လႊာလုံးၿပိဳက်သြားၿပီး တပ္သားေတြလည္း ဒဏ္ရာရထားတယ္ အကူအညီလိုတယ္! "
" ရထား ရထား "
[ T/n : ဒီေနရာမွာ ရထားဆိုတာက ၾကားဖူးၾကမွာပါ ျမန္မာေတြက အျမန္ထြက္လိုက္လို႔ ရထား ျဖစ္သြားတာပါပဲ အမွန္ေတာ့ ရ,ထား ( လက္ခံရ႐ွိထား ) တာရဲ႕အတိုေကာက္ပါ )]
ခ်န္ယြဲ႕က မ်က္ရည္မ်ားေဝ့သီလ်က္
" ရန္ရိ မင္းတို႔က ဒဏ္ရာရထားတဲ့သူေတြကိုေအာက္သယ္သြားလိုက္ ငါက ငါ့တပ္သားေတြကို ကယ္လိုက္မယ္ "
ရန္ရိ အေလးအနက္ေျပာလိုက္သည္။ :
" ခ်န္ယြဲ႕ စိတ္လိုက္မာန္ပါမလုပ္နဲ႔ တပ္ကူလာတာေစာင့္ဦး "
ခ်န္ယြဲ႕ ျပန္မေျဖဘဲ တပ္သားႏွစ္ေယာက္နဲ႔အတူ ေအာက္သို႔အျမန္ဆင္းသြားေလ၏။
ရန္ရိနဲ႔ အျခားတပ္သားေတြကေတာ့ လူနာမ်ားကို သယ္ပိုးကာ ခက္ခက္ခဲခဲ ေအာက္သို႔ဆင္းၾကရသည္။
သူတို႔ေျမျပင္ေပၚျပန္ေရာက္ၿပီး လူနာေတြကို အေရးေပၚသူနာျပဳမ်ား လက္ထဲအပ္ၿပီးေနာက္ ရန္ရိ ေျခေထာက္မ်ားလည္း ေပ်ာ့ေခြက်သြားကာ ေျမႀကီးေပၚထိုင္ခ်လိုက္ရင္း အခ်ိန္အေတာ္ၾကာသည္အထိ ျပန္မထႏိုင္ဘဲျဖစ္ေနသည္။
လူအေတာ္မ်ားမ်ား သူ႕ကိုလာထူေပးခ်င္ၾကသည္။
ရန္ရိ mask ကိုခြၽတ္ကာ လက္ယမ္းျပလိုက္ၿပီး
" ခဏေလာက္ ထိုင္ပါရေစဦးကြာ ေခါင္းေဆာင္ခ်န္ေရာ ဘယ္လိုျဖစ္သြားလဲ? "
ေစြ႕ရိ႐ွန္း က ေခါင္းခါရင္း " မသိဘူး အေပၚ မွာဘာျဖစ္ခဲ့လို႔လဲ? "
" အလႊာၿပိဳက်သြားတယ္ ၿပီးေတာ့ တပ္သားေလးက...."
ရန္ရိအသံမွာ ပို၍ပို၍တုန္ရီလာလ်က္ ေ႐ွ႕ဆက္ေျပာဖို႔ရာ ခက္ခဲေနသည္။
အားလုံး အသံေပ်ာက္သြားၾက၏။
" ရန္ရိ "
ရန္ရိနားထဲသို႔ ထိုတည္ၿငိမ္ျပတ္သားေသာ ေခၚသံ ဝင္ေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ေလာင္ၿမိဳက္ေနေသာ မီးအဟုန္အား ေရေအးမ်ားပက္ျဖန္းလိုက္သလို၊ တစ္ခဏပင္ျဖစ္ေသာ္ျငား နာၾကင္မႈကို သက္သာသြားေစသည္။
ရန္ရိ ေခါင္းေမာ့ၾကည့္လိုက္သည္ႏွင့္ ကုံးရင့္႐ွန္က သူ႕ေ႐ွ႕မွာရပ္ေနသည္ကို ေတြ႕လိုက္ရ၏။ ကုံးရင့္႐ွန္ ခါးၫႊတ္လိုက္ရာ ေနဝင္ၿပီးစ ဆည္းဆာေရာင္ျခည္ကို ေနာက္ခံထား၍ ၎၏ ခန္႔ညားေသာမ်က္ႏွာမွာ အေမွာင္က်သြားၿပီး ထိုသူ႕မ်က္ႏွာေပၚတြင္ ထင္ဟပ္ေနသည္က စိုးရိမ္မႈေတြလား ေလးလံမႈေတြလား ဒါမွမဟုတ္ အလင္းအေမွာင္ေရာင္
ျပန္ဟပ္ျခင္းသက္သက္ပဲလား ဆိုတာမခြဲႏိုင္ေတာ့ေပ။
ရန္ရိ ကုံးရင့္႐ွန္ကို မိန္းေမာစြာၾကည့္ေနလ်က္၊မ်က္လုံးမ်ားက ပူေနၿပီး ငိုခ်င္စိတ္တို႔ျဖစ္ေပၚလာသည္။ သူငိုခ်င္တယ္ ဘာလို႔လဲဆို တပ္သားငယ္ေလးတစ္ေယာက္ အုတ္ပုံေတြၾကားပိသြားတာကို သူျမင္လိုက္ရတာကိုး၊ ေသလား႐ွင္လား လည္းမေသခ်ာဘူး၊ ဒါေပမယ့္ သူက တပ္သားတစ္ေယာက္ျဖစ္ေနတယ္။ သူငိုလို႔မရဘူး။ သို႔ေပမယ့္ ကုံးရင့္႐ွန္မ်က္ႏွာကိုေတြ႕လိုက္ရေတာ့ သူထိန္းမရေတာ့ဘဲ ငိုခ်ပစ္ခ်င္လာသည္။
သူဘာျဖစ္သြားတာလဲ။
ကုံးရင့္႐ွန္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး ေရတစ္ဘူးကမ္းေပးရင္း တီးတိုးေျပာလာသည္။
" ခင္မ်ား အဆင္ေျပရဲ႕လား? "
ရန္ရိ ေခါင္းညိတ္ျပလိုက္ၿပီး ေရဘူးယူကာ တစ္ဘူးလုံးကို တစ္က်ိဳက္တည္းေသာက္ခ်လိုက္၍ ဘူးခြံကို လႊင့္ပစ္ၿပီး ေခါင္းယမ္းလ်က္ ေျပာလိုက္သည္။
" မေျပဘူး "
ကုံးရင့္႐ွန္က မိုးျမင့္အေဆာက္အဦးႀကီးကို ေမာ့ၾကည့္ရင္း
" အဲ့မွာဘာေတြျဖစ္လဲသိတယ္ "
"......"
" ကြၽန္ေတာ္လည္း အထဲမွာ႐ွိခဲ့ဖူးတယ္ "
ရန္ရိ ကုံးရင့္႐ွန္ ဘာေျပာေနလဲဆိုတာကို နားလည္သည္။ သူ ပါးစပ္ဟလိုက္ေပမယ့္ ဘာေျပာရမလဲမသိေပ။ သူကယ္ခဲ့တဲ့ ကေလးႏွစ္ေယာက္ကို ျပန္ေတြးမိသြားသည္။
ကုံးရင့္႐ွန္ေရာ သူတို႔လို အားကိုးရာမဲ့ ေၾကာက္လန္႔တၾကားနဲ႔ ကုတင္ေအာက္မွာ ပုန္းခဲ့ရေလသလား?
ဘာလို႔ ဒီဝမ္းနည္းစရာေတြ ထပ္ထပ္ၿပီး ျဖစ္ေနရတာလဲ?!
ကုံးရင့္႐ွန္က ရန္ရိဆီ လက္ကမ္းေပးလာၿပီး
" ထေတာ့ ဘယ္သူပဲလုပ္လုပ္ ကြၽန္ေတာ္အမွန္တရားကို ေဖာ္ထုတ္မယ္ "
ရန္ရိ ခဏတာ မွင္သက္သြားခ်ိန္ ကုံးရင့္႐ွန္လက္ကိုဆြဲၿပီးထရမယ့္အစား ကုံးရင့္ရန္ဆြဲထူတာကိုခံလိုက္ရသည္။ သူ ကုံးရင့္႐ွန္လက္တစ္ေလွ်ာက္စီးဆင္းလာေသာ စြမ္းအားကိုခံစားလိုက္ရၿပီး ထိုအားျပင္းလွသည့္ စြမ္းအားက သူ႕ကို စိတ္အနည္းငယ္ေအးခ်မ္းသြားေစသလို။
ကုံးရင့္႐ွန္ ရန္ရိကို အေလးအနက္ၾကည့္လိုက္ရင္း
" ကြၽန္ေတာ္တို႔, အမွန္တရားကိုအတူေဖာ္ထုတ္ၾကမယ္ "
##########
Long time no see ✨