webnovel

အွန်လိုင်းကျင့်ကြံခြင်း

အွန်လိုင်းကျင့်ကြံခြင်း ဇာတ်လမ်းအကျဉ်း _____________________________________ ယွမ်က မွေးလာကတည်းက ကုသလို့မရနိုင်အောင် ဖျားနာခဲ့ပါတယ်။ အဲ့ဒါက သူကို ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မမြင် ဖြစ်စေပြီး နှစ်အနည်းငယ်အကြာမှာတော့ သူ့ဦးခေါင်း အောက်က ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး သုံးစားမရတော့ဘဲ ​မသန်မစွမ်းဖြစ်ခဲ့စေပါတယ်။ မျှော်လင့်မရှိတော့ဘူးလို့ယူဆပြီး သူ့မိဘတွေက သူ့အပေါ်အရှုံးပေးခဲ့ပြီး ကမ္ဘာကြီးကလည်း သူ့ကိုလျစ်လျူရှုထားပါတယ်။ မှောင်မိုက်ပြီးငြိမ်သက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ သူ့ညီမလေးကသာ သူအသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်လာပါတယ်။ ဒီလူငယ်လေးဟာ အွန်လိုင်းကျင့်ကြံခြင်းလို့ခေါ်တဲ့ အဆန်းသစ် ဆုံး VRMMORPG ဂိမ်းတစ်ခုမှာ ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး ဂျီးနီးယပ်စ်တစ်ယောက်အဖြစ် ကမ္ဘာနှစ်ခုလုံးမှာ ဒဏ္ဍရီတစ်ခုဖြစ်လာတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဝတ္ထုအမည် - Cultivation Online မူရင်းစာရေးဆရာ- MyLittleBrother Translator - LazYouth

VIntage20 · Jogos
Classificações insuficientes
19 Chs

9

[ကစားသမား မိုးကြိုးဧကရာဇ်၊ကြာဖြူလေးနှင့် မီးတောက်ဘုရင်မတို့အား အရိုးသင်္ချိုင်းကို ပထမဆုံး ရှင်းလင်းနိုင်ခြင်းအတွက်ဂုဏ်ပြုပါသည်]

ကြေငြာချက်ထွက်ပေါ်လာနှင့် ကစားသမားများ အံ့အားသင့်သွားကြသည်။ထို့သို့ဖြစ်ရခြင်းသည် ပထဆုံးရှင်းလင်းနိုင်မှုကြောင့် မဟုတ်ဘဲ အမွေခံအဆင့်၀င် မိသားစု၃စု ၏တွေ့ရခဲသော ရှားရှားပ့ါးပါး ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်သည်။

မကြာမီပင် ကစားသမားယွမ်ကို ယှဥ်ပြိုင်ရန် မိသားစု၃စုသည် ပူးပေါင်းနေကြောင်း အတင်းအဖျင်းများ အွန်လိုင်းပေါ်တွင် စတင်ပြန့်နှံလာသည်။

ထိုခဏအတွင်း နောက်ထပ်ကြေငြာချက်အသစ်တစ်ခု ထပ်မံပေါ်ထွက်လာခဲ့သည်။

[ဂုဏ်ယူပါတယ် ကောင်းကင်ဘုံရဲ့နတ်ဘုရား ရှောင်လုဟာ ကမ္ဘာ့ပထမဆုံး ၀ိညာဥ်အဆင့် လက်နက်ကို ရရှိခဲ့ပါသည်]

"ဟမ့် နောက်ဆုံးတော့ သူပေါ်လာပြီ" မိုးကြိုးဧကရာဇ်သည် ကောင်းကင်ကိုကြည့်ရင်းပြောလိုက်သည်။ ထိုပုဂ္ဂိုလ်သည် လက်တွေ့ကမ္ဘာတွင် နာမည်ကြီး ဂိမ်းကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီး အရေးပါသောပုံရိပ်ရှိသည့် အမွေခံအဆင့်၀င် ကမ္ဘာ့နံပါတ်တစ်ကစားသမား တစ်ဦးဖြစ်သည်။

အမွေခံအဆင့်သည် အစစ်အမှန်ကမ္ဘာ၏ အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်ပြိီး အစစ်အမှန် ကမ္ဘာတွင်အလွန်အရေးပါသည်။ အမွေခံအဆင့်၀င် ကစားသမားများသည် ငွေကြေး၊အာဏာ၊ ဂုဏ်သတင်း​ကျော်ဇောမှုနှင့် အခွင့်ထူးခံလူတန်းစားများဖြစ်ကြသည်။ ကစားတစ်ဦးသာ အမွေခံအဆင့်သို့ ၀င်ရောက်နိုင်ပါက သူ့မိသားစုပင် အလိုအလျှောက် အမွေခံမိသားစုဖြစ်လာပြီး ဂိုဏ်းများ ကလန်များကဲ့ သို ထူးချွန်သော ကစားသမားများအား စုဆောင်းပြီး အမွေခံအဆင့်တိုးမြှင့်ရန် သို့မဟုတ် ထိန်းသိမ်းရန် ကြိုးပမ်းနိုင်ကြသည်။ အမွေခံအဆင့်ကို ၁ မှ ၁၀၀ အထိသတ်မှတ်ထားပြီးလူတိုင်း၀င်ရောက်ယှဥ်ပြိုင်နိုင်သည်။ ထို့ကြောင့် ကစားသမားတိုင်းသည် ကမ္ဘ့အဆင့် ပြိုင်ပွဲများတွင် အမွေခံကစာသမားများ၏နေရာကို ရယူနိုင်ရန် အပြင်းအထန်ကြိုးပမ်းကြသည်။ အမွေခံအဆင့်ကို ရာစုနှစ်တစ်ခုကြာတိုင်း ပြန်လည်သတ်မှတ်ကြသော်လည်း ထိပ်ဆုံးပိုင်းကစားသမား အဆင့်မှာမူ ပြောင်းလဲသွားခြင်းမရှိဘဲ ကျန်အဆင့်များသာ ပြောင်းလဲသွားသည်။ ရေပန်းအစားဆုံးဂိမ်းတစ်ခု ဖြစ်သည် Cultivation Online ဂိမ်းသည် ယခု ရာစုနှစ်၏ အမွေခံအဆင့်ကို ဆုံးဖြတ်ပေးမည့် ဂိမ်းအဖြစ်ရွေးချယ်ထားရာ လူတိုင်းက ထိပ်ဆုံးသို့ရောက်ရန် အားထုတ်နေသည်။

"ရှောင်လုလို ကစားသမားကတောင် ရက်အနည်းငယ်ကြာမှ အနိမ့်ဆုံးအဆင့် လက်နက်တစ်ခုကို ရရယူနိုင်ခဲ့တယ်။ဟိုး ကစားသမားယွမ်ကတော့.." မီးတောက် ဘုရင်မသည် ပြောရင်းသက်ပြင်းချလိုက်သည်။

"ရှောင်ဟွာရေ လက်နက်တွေကို ဘယ်လို အဆင့်ခွဲထားလဲ"ယွမ်က ကောင်းကင်ကို ကြည့်ရင်းမေးလိုက်သည်။

"၀ိဥာဏ်၊မြေကြီး၊ကောင်းကင်၊နတ်ဘုရားအဆင့်ဆိုပြီး အဆင့်၄ဆင့်ရှိပြီး တစ်ဆင့်စီကို အဆင့်နိမ့်၊အလယ်အလတ်၊အဆင့်မြင့်နဲ့ အထွပ်အထိပ်ဆိုပြီး ၄ဆင့်ထပ်ခွဲထားတယ်။နတ်ဘုရားအဆင့်ထက်မြင့်တဲ့ လက်နက်တွေကတော့ အဆင့်မြင့်ဘုံတွေမှာပဲရှိတယ်"

"ဘုံလား..အရင်ကလည်းငါ့ကိုပြောဖူးတယ်"

"အကိုယွမ်က အနိမ့်ဆုံးအောက်ဘုံမှာရှိနေတယ် ရှောင်ဟွာရဲ့ တာ၀န်က ယွမ့်ကို ဘုံအမြင့်ကိုခေါ်သွားဖို့ပဲ"

"တာ၀န်လား" ယွမ်က စဥ်းစားနေသည်၊ မိန်မငယ်လေးကို ဘယ်သူကများ ဘာအကြောင်းကြောင့် ဒီလိုတာ၀န်မျိုးပေးလိုက်တာလဲလို့။

"ဟုတ်တယ် ရှောင်ဟွာက ရှေးဦးကောင်းကင်ဘုံရဲ့ အမွေကိုဆက်ခံခဲ့တယ် ဒါ့ကြောင့် သူမတာ၀န်က နောက်ထပ်အမွေဆက်ခံမယ့်သူကို ရှာဖွေဖို့ပဲ "

"ယွမ်က ဘယ်လိုတောင် လေးနက်တဲ့ဂိမ်းလဲ"လို့ တွေးမိသည်။

"အကိုယွမ်က အခု အရမ်းအားနည်းနေတယ် ဒါ့ကြောင့် အစွမ်းထက်လာဖို့ပဲ အာရုံစိုက်သင့်တယ်။ အကိုယွမ် အစွမ်းထက်လာရင် ဘုံအစောင့်အရှောက်ကို စိန်ခေါ်ပြီး နောက်ဘုံတစ်ခုကို သွားလို့ရပြီ"

"နောက်ဘုံတစ်ခုကို သွားနိုင်ရင် ဆုရမှာလား" ယွမ်က အစွမ်းထက်လာဖို့ စိတ်မ၀င်စားပေမယ့် ငြင်းဆန်မှာတော့မဟုတ်ပါဘူး။

"အရာအားလုံး" သူမက ပြန်ဖြေလိုက်သည် "ဒီကမ္ဘာမှာ ရှိသမျှအရာ အားလုံးကို ပိုင်ဆိုင်နိုင်ပြီး ဒီကမ္ဘာရဲ့ဘုရားသခင်ဖြစ်လာမယ်"

ဂိမ်းဖန်တီးသူတွေက ဘယ်လိုတောင် တွေးထားတာလဲ ကစားသူတစ်ယောက်ကို ဂိမ်းရဲ့ ဘုရားသခင်ဖြစ်ခွင့်ပေးမယ်ဆိုတော့ ဂိမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ခွင့်ပေးလိုက်တာပဲ မဟုတ်ဘူးလား

ယွမ်ကတော့ ဒီဆုကို စိတ်မ၀င်စားပါဘူး သူက ဂိမ်းထဲမှာ အပြည့်အ၀ပျော်ရွှင်ဖို့ပဲစိတ်၀င်စားပါတယ် ဒါ့ကြောင့် ဆုကို တခြားသူတွေ ရရှိဖို့ ချန်ထားခဲ့ရန် ဆုံးဖြတ်ထားပါတယ်

ယွမ်က သူတို့နှစ်ယောက် ဦးတည်ချက်မဲ့ လျှောက်သွားနေတယ်လို့ ခံစားရတာကြောင့် သူမကို မေးဖို့ ဆုံးဖြတ်လိုက်ပါတယ် "ငါတို့ ဘယ်သွားနေတာလဲ"

"ယွမ့်ကို အစွမ်းထက်လာအောင် လေ့ကျင့်ပေးဖို့လေ" သူမက ကွင်းပြင်ထဲက ကျောက်တုံးတွေကြားက အရာတစ်ခုကို ညွှန်ပြလိုက်ပါတယ်။

"အဲ့ဒါက ဖားလား" ယွမ်က ကျောက်စိမ်းရောင် အရေခွံနဲ့ အိပ်ပျော်နေသလိုမျိုး မလှုပ်မယှက် မျက်လုံးမှိတ်ထားတဲ့ ဖားကြိီးကို မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ကြည့်လိုက်ပါတယ်။

"အဲ့ဒါ အဆင့်၉ ၀ိညာဥ်စဦးကျင့်ကြံသူ တစ်ယောက်နဲ့ညီမျှတဲ့ ကျောက်စိမ်းဖားပြုတ်ပဲ"

"အဆင့် ၉ ဟုတ်လား ငါက အခုမှ အဆင့်၇ပဲရှိသေးတာလေ မင်းငါ့သတ်ဖို့ကြိုးစားနေတာလား" ယွမ်က သူမစကား အဆုံးမှာ အော်ငိုချင်သွားပါတယ်

"ကျောက်စိမ်းဖားပြုတ်က ၂ဆင့်ပိုမြင့်တယ် ဆိုပေမယ့် အကိုယွမ်က ကောင်းကင်စားသုံးခြင်း အနုပညာကို လေ့ကျင့်ထားတာကြောင့် တခြားလူတွေထက် ပိုအစွမ်းထက်တယ်လေ ဒါ့ကြောင့် ဘာမှစိုးရိမ်စရာ မလိုဘူး"

"အဲလိုလား"

"အင်း"

"ဒါပေမယ့် ငါမှမချတက်တာ၊ နေအုံး အဲ့ဒါက ငါတို့ကို တွေ့သွားပြီ " သူက သတ်ဖြတ်လိုစိတ်အပြည့်နဲ့ ကြည့်နေတဲ့ကျောက်စိမ်းဖားပြုတ်ကို ညွှန်ပြရင်းပြောလိုက်သည်။

၀ူး ဖားပြုတ်သည် တိမ်တွေနှင့် ထိလုနီးပါး ကောင်းကင်ပေါ်သို့ ရုတ်တရက်ခုန်တက်လိုက်သည်။

"သတိထား" ယွမ်က အော်ဟစ်ရင်း သူမ၏ ခါးကိုဖတ်ကာ အလိုလို ရှောင်တိမ်းလိုက်မိသည်။ စက္ကန့်အနည်းငယ် အကြာတွင် ကျောက်စိမ်းဖားပြုတ်သည် သူတို့ရပ်ခဲ့သည့်နေရာတွင် ပေါ်လာပြီး မြေကြီးကို ကျွံကျသွားစေခဲ့သည်။

"ထိလုနီးပါးပဲ.."ကျဆင်းသွားသော မြေပြင်ကို ကြည့်၍ ယွမ်သည် နှဖူးမှချွေးများကို သုတ်ပစ်လိုက်သည်။

"အကိုယွမ် ကံကောင်းပါစေ" သူမက စွံ့အနေသောယွမ့်ကို ကြည့်ရင်း သူမနှင်မဆိုက်သလို ဘေးထွက်နေလိုက်သည်။

သေးငယ်သော သူမကို လျစ်လျူရှူထားလိုက်ပြီး ကျောက်စိမ်းဖားပြုတ်သည် ယွမ့်ကို လှည့်ကြည့်လာသည်။

"လက်နက်မရှိဘဲ ငါဘယ်လိုချရမှာလဲ" ယွမ်က အော်ပြောလိုက်သည်။

"ဒါဆို ဒါကိုသုံး.."သူမက သူမ၏ အိတ်သေးသေးလေးထဲမှ ဓါးတစ်ချောင်း ထုတ်ယူပေးလိုက်သည်။

သို့သော် လည်းသူမ ဓားထုတ်လိုက်သည့် အခိုက်အတန့်တွင် ကျောက်စိမ်းဖားပြုတ်သည် တဖက်သို့ ခုန်ရှောင်သွားပြိီး လက်နက်နှင့် သူမက လက်ဗလာနှင့် ယွမ်ထက်အန္တရာယ်ပိုများသည်ဟု သတ်မှတ်လိုက်ပြီး ယွမ့်ကို လျစ်လျူရှုလိုက်သည်။

"ရှောင်ဟွာ သတိထား" သူက သူမကို သတိပေူရန် ကြိုးစားလိုက်သော်လည်း သူမက ဘာမှမဖြစ်သလို ခုန်အုပ်လာသော ဖားကို ကြည့်နေပြီး သူမ၏ ပုံရိပ်လေး​ေပါ်သို့ ကျောက်စိမ်းဖားပြုတ်ကို ခုန်အုပ်ခွင့်ပြုလိုက်သည်။

အံ့အားသင့်လွန်း၍ မေးရိုးများပြုတ်ကျသွားပြီး ယွမ်၏ မျက်လုံးထဲတွင် ဖားပြုတ်ကြိီး၏ ခွန်အားကြောင့် သူမသည် ပြားချပ်နေသောပန်ကိတ်ဖြစ်ပြီဟု ယူဆမိလိုက်သည်။

ယွမ်သတိ၀င်လာသောအခါ ဖားအောက်ခြေမှ ရုတ်တရက် ခရမ်းရောင်မြုခိုးများ ထွက်ပေါ်လာပြီး ၎င်းတို့သည် ယွမ်၏ဘေးသို့ ရောက်လာကာ ရှောင်ဟွာ၏ သေးသွယ်သော ပုံရိပ်ကလေး ဖြစ်ပေါ်လာသည်

"ရှောင်ဟွာ" ယွမ်သည် မြင်တွေ့လိုက် ရသောအရာကြောင့် တုန်လှုပ်နေသည်။

"ဘာဖြစ်လို့လဲ အကိုကြီး" သူမက ဖားကြိီး၏ နင်းချေခြင်းကို မခံရသကဲ့သို့ ပြန်ဖြေလိုက်သည်။

"ခုဏက ဘာဖြစ်သွားတာလဲ"

"ရှောင်ဟွာရဲ့ ခရမ်းမြူနှင်းခန္ဓာကိုယ်ကို ပြောတာလား"

"ဟုတ်တယ်..ဒါပေမယ့် ဘာလို့ မရှောင်ရတာလဲ"

"ရှောင်ဟွာက သူမအစွမ်းတွေကို ခွင့်ပြုချက်ရမှ သုံးနိုင်တယ် အခုက ခွင့်မပြုထားဘူးလေ"

ယွမ်က သူမကို စိတ်ရှုပ်ထွေးနေသည့် အမုအရာနှင့် မျက်လုံးကြိီးပြူး၍ ကြည့်နေသည်။

"မင်း ကအရူးလား" သူက ရုတ်တရက် သူကို ထအော်လိုက်သည်။

သူမက ကြောက်လန့်နေသည့် လိပ်ကလေးလို ခေါင်းခါပြလိုက်သည်။

"မင်းအစွမ်းတွေ ထုတ်မသုံးချက်ဘူး ဆိုရင်တောင် ရှောင်လို့ရသေးတာပါ အဲ့ဒီမှာ ရပ်နေပြီး တိုက်ခိုက်တာကို ခံမနေနဲ့လေ"

ယွမ်သည် အများကြီး မစဥ်းစား

မိဘဲ သူမကို ထိုသို့ပြောမိသည့်အတွက် ဒေါသထွက်မိသည်။

နောက်ဆုံးတွင် သူမက ပရိုဂရမ်ရေးဆွဲထားသော NPC တစ်ဦးမျှသာဖြစ်သောကြောင့် သူမ၏ သခင်ဖြစ်သူက အမိန့်ပေးသောအခါ စဥ်းစားခြင်းမပြုဘဲ ချက်ချင်းပင်နာခံလိမ့်မည်။ သို့သော် ယွမ်သည် သူမကို NPCအဖြစ် မဆက်ဆံဘဲ ဆင်ခြင်ဥာဏ်ရှိသည့် တကယ့်လူသားတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ပြီး သတိလက်လွတ်ဖြင့် သူမအစွမ်းကို ခွင့်ပြုချက်ဖြင့်သာအသုံးပြုရန် ပြောကြားခဲ့ခြင်းဖြစ်သည်

"တောင်းပန်ပါတယ်" ရှောင်ဟွာက တောင်းပန်လိုက်သည်ကို မြင်ရသော အခါ ယွမ်က မျက်နှာပူလာသည်

"ငါက ပြန်တောင်းပန်သင့်တာပါ မစဥ်းစားဘဲ မင်းကို ဒီလိုအမိန့်မျိုးပေးမိတယ် တကယ်လို့ မင်းအစွမ်းတွေကို သုံးဖို့လိုရင်သုံးပါ သူများလုပ်တာ ငြိမ်ခံမနေနဲ့"

"အကိုကြီးရဲ့ အမိန့်ကရော"

"မေ့လိုက်တော့ ငါဆိုလိုချင်တာက မလိုအပ်ပဲ မင်းအစွမ်းတွေကို လျှောက်မသုံးဖို့ပဲ။ အခုက စပြိီး လိုအပ်လာရင် မင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သုံးနိုင်ပြီ"

"ရှောင်ဟွာ နားလည်ပါပြီ"

"ဒါဆို ငါ့ကို အဲ့ဒီဓား ပေးလိုက်တော့ ဒီဖားကို ကျိန်းသေပေါက် အကျွေးဆပ်ခိုင်းရမယ်"

သူက ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ဓား၏ အချက်အလက်များ ခေါင်းထဲတွင် ပေါ်ပေါက်လာသည်

< အမည် : ၀ိညာဥ်ဓားသွား >

< အဆင့် : ၀ိညာဥ် အဆင့် >

< အရည်အသွေး : အထွပ်အထိပ်အဆင့်>

<လိုအပ်သော ရုပ်ခန္ဓာခွန်အား : 900>

<လိုအပ်သော စိတ်စွမ်းအား : ၁၅၀၀ >

< ချွန်ထက်မှု : သံကို ထောပတ်ကဲ့သို့ လှီးဖြတ်နိုင်သည် >

"ဓားကောင်းပဲ" ယွမ်းသည် အနည်းငယ်လွှဲရမ်းကြည့်ပြီးနောက် လုံး၀သဘောကျသွားသည်

chapter 9