webnovel

ဆွေဆိုသည့်အမျိုးသမီး

15.6.2023

"ဒုန်း ဒုန်း ဒုန်း"

"မိလဲ့ ရေ ညဉ်းမထသေးဘူးလား ၈နာရီထိုးနေပြီ ဟဲ့!"

လာပါပြီမွေးသမိခင်ကျေးဇူးရှင်ကြီး ညကဂိမ်းဆော့တာမနက် ၄ နာရီထိုးသွားလို့မိုးလင်းခါနီးမှအိပ်ရတယ် အိပ်ချိန် ၄ နာရီဘဲရှိသေးတယ် အခုနှိုးနေပြီလေ။

အိပ်ချင်မူးတူး ယိုင်တိယိုင်တိုင် ထလာခဲ့ရပါပြီ

"အမေရယ် ၈ နာရီဘဲရှိသေးတယ်"

"ဟဲ့ နေဖင်ထိုးနေပြီဟဲ့ မျက်နှာသစ်အခုစျေးသွား နေ့လည် ညဉ်းအဒေါ်တွေရောက်လာကြမှာ ရခိုင်မုန့်တီလုပ်ဖို့ ညဉ်းအစ်မ နဲ့စျေးလိုက်သွား"

"အမေတို့က အဲ့ဒါဘဲ တစ်ယောက်ထဲသွားလို့ရရဲ့သားနဲ့"

"မရှည်စမ်းနဲ့ ငါကလိုက်သွားဆိုလိုက်သွား ခေါက်ထည့်လိုက်ရ"

ကျွန်မမျက်နှာသစ်ရေးချိုးအဝတ်အစားလဲပြီးစျေးသို့ အစ်မဖြစ်သူနှင့်အတူတူထွက်လာခဲ့ပါသည်။

လိုအပ်တာတွေဝယ်ပြီးနောက်

တစ်နေရာအရောက်

သူမ.....

သူမပါ....

ကျွန်မကျောင်းသူဘဝတုန်းက သိပ်သဘောကျခဲ့တဲ့

တီချယ်ဆွေ ဒေါ်ဆွေလဲ့ရည် (အမည်လွှဲ)

ကျွန်မရုတ်တရတ်မှင်သက်မိသွားခဲ့ပါတယ်။ သူမဟာမပြောင်းလဲသေးသောအလှများစွာကိုအခုချိန်ထိပိုင်ဆိုင်နေဆဲပါ

ဆံပင်လေးတိုသွားတာ တစ်ခုပေါ့လေ။

သူမကိုငေးကြည့်နေရင်း ကျွန်မမျက်ဝန်းထဲကအလိုလိုမျက်ရည်ကျမိလာခဲ့ပါတယ်။ ဘေးကဖြတ်သွားတဲ့စျေးဝယ်သူတွေရဲ့ အကြည့်တောင် ကျွန်မသတိမထားမိလောက်အောင် မျက်ရည်တွေ ရေတံခွန်စီးသလိုကျလာခဲ့မိပါတယ်။

သူမ ရက်စက်တယ်လို့လဲ မပြောချင်

သူမ လွှတ်ချခဲ့တယ်လို့လဲ မပြောချင်

သူမ အေးစက်ခဲ့တယ်လို့လဲ မပြောချင်

သူမဟာ ကျွန်မတစ်ချိန်က သိပ်သဘောကျခဲ့ရတယ် ဆွေ ပါ

လွန်ခဲ့သော ၁၃ နှစ်ခန့်က .....

•••••••••••••••••••••••••••••••••••

1.6.2012

ရန်ကုန်မြို့အနှံ့တစ်ဖွဲဖွဲကျနေသောမိုးရေစက်များအကြား

ချစ်စဖွယ် အဖြူအစိမ်း ဝတ်စုံများဖြင့် လွယ်အိတ်ကလေးများ ထမင်းချိုင့်များကိုယ်စီဖြင့် တက်ရောက်သင်ကြားရမည့် စာသင်ကျောင်းများသို့ တစ်ရွေ့ရွေ့သွားလာလှုပ်ရှားနေကြသော ကျောင်းသား/ကျောင်းသူကလေးများ

ရန်ကုန်မြို့တစ်နေရာ၏ အထက်တန်းကျောင်း တစ်ခုသို့ တက်ရောက်ရန် ထီးကလေးဆောင်းကာ ကျောင်းဝန်းထဲသို့ ဝင်ရောက်လာသည့် မိန်းကလေးငယ် တစ်ဦး

ထိုစဉ်...။

"ဘုတ်"

"အ"

တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိရာပြုတ်ကျသွားလေတော့

သည် သူမ ရုတ်တရတ်မော့ကြည့်လိုက်ရာ

အဖြူအစိမ်းလေးဖြင့် ဆရာမလေးတစ်ယောက်

လှလိုက်တာ သိပ်ကိုလှရက်လွန်းတယ် အရပ် ၅'၄" လောက်ခန့်မှန်းရပြီး ခန္ဓာကိုယ်ပိန်ပိန်ပါးပါး ခါးသိမ်သိမ်လေးက

ဆွဲပွေ့ချင်စရာ မျက်နှာမှာလဲ မိတ်ကပ်ကို မထူမပါးလိမ်းထားပြီး နှုတ်ခမ်းလေးမှာ ပန်းဆီရောင်လေးဆိုးထားသေးပါရဲ့

နမ်းရှိုက်ချင်စရာကောင်းလှသည်။

လက်ချောင်းကလေးများမှာ ဖြူဖွေးသွယ်လျပြီး သွေးကြောလေးများထင်းနေသည် လက်သည်းကလေးများမှာမတိုမရှည်ရှိနေသည့်အပြင် ကြက်သွေးရောင်လက်သည်းနီလေးများ

ဆေးခြယ်ထားသေးသည်။

ခြေထောက်လေးများမှာ ဖွေးဖွေးဌဌကလေးနှင့် ခြေသည်းနီလေးလဲဆိုထားပါသေးရဲ့။ ဘယ်ဘက်ခြေထောက်မှာလဲ

ရွှေခြေချင်းလေး ဝတ်ထားသေးသည်။ ဒီခြေချင်းလေးကို

ဆင်မြန်းခွင့်ရလျှင် ဆင်မြန်းချင်ပါ၏။

ကြည့်မဝ ရှုမဝပါ တီချယ် ရယ်။

အချိန်အတော်ကြာ သူမ တီချယ်အားခေါင်းအစခြေအဆုံး

စိုက်ကြည့်ရာ ခဏတာမှင်သက်သွားခဲ့မိသည်။

"သမီး သမီးလေး"

တီချယ်ခေါ်သည်ကိုပင်ကျွန်မ မကြား

"သမီး ဆရာမ ခေါ်နေတယ်လေ"

"ရှင် ဟုတ် ဟုတ် တီချယ်"

"ဘယ်နား နာသွားသေးလဲလို့ ခေါ်နေတာလဲ မကြားဘူးကွယ်"

"တောင်း....တောင်းပန်ပါတယ် တီချယ် ရုတ်တရတ်ဆိုတော့ ကြောင်သွားလို့ပါ"

"ဘယ်နားထိသွားသေးလဲ သမီး လမ်းလျှောက်နိုင်ရဲ့လား"

"လျှောက်... လျှောက်နိုင်ပါတယ် တီချယ်"

"ဒါဆို ဆရာမ သွားပြီနော်"

"ဟုတ် တီချယ်"

သမင်လည်ပြန်ငေးကြည့်ရင်းကျောင်းဝန်းထဲသို့ရောက်လာခဲ့ပါပြီ။

ဘယ်အတန်းကလဲ ဘယ်အဆောင်ကလဲ ဘယ်အတန်းပိုင်လဲ

လဲ ပေါင်းများစွာဖြင့် ကျွန်မ ကျောင်းဝန်းထဲရောက်လာခဲ့ပါသည်။

ကျောင်းတက်ခေါင်းလောင်ထိုးလာခဲ့ပြီ

အတန်းထဲသို့ အတန်းပိုင်ဖြစ်သူ အင်္ဂလိပ်ဆရာမ

ဝင်လာပြီးနောက်

ကျောင်းအုပ်ဆရာမကြီးမှ စကားပြောရန်

၉ တန်း ၁၀ တန်း ကျောင်းသား/သူ များ

သစ္စာခန်းမထဲသို့ ထွက်လာခဲ့ကြသည်။

WTF!!!!

ကျွန်မမြင်လိုက်ရတဲ့မြင်ကွင်းက

သူမသည် စာသင်မည့်ကျောင်းဆရာမ တစ်ယောက်မဟုတ်

ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ဖြစ်နေလေသည်။

အမှာစကားပြောပြီး ကျွန်မနှင့်မျက်လုံးချင်းစုံတော့

သူမကျွန်မကိုပြုံးပြခဲ့ပါတယ် သိပ်လှတယ် သူမပြုံးလေးလိုက် ပါးချိုင့်ကလေးနဲ့ သိပ်ကိုယဉ်ပါတယ်

ကျောင်းတက်ပြီးတစ်ပတ်ကြာသည်အထိ

ကျွန်မကိုတွေ့တိုင်း သူမ အမြဲပြုံးပြခဲ့ပါတယ်

ယခုချိန်မှစကာ သူမအတွက် မနက်ခိုင်းတိုင်း

ပန်းဆက်သမည်ဟု ဆုံးဖြတ်ချက်တစ်ခုကို

ခိုင်ခိုင်မာမာ ချမှတ်လိုက်ပါတော့သည်။

"မင်္ဂလာပါ ဆရာမကြီး"

"မင်္ဂလာပါ သမီး"

"ဟိုလေ သမီး ဆရာမကြီးကို တောင်းပန်ချင်လို့ပါ"

"ဘာအတွက်လဲ သမီး"

"ကျောင်းစဖွင့်တဲ့နေ့က ဆရာမကြီးကို ဝင်တိုက်လိုက်မိတဲ့အတွက်ပါ သမီး နမော်နမဲ့ နိုင်ခဲ့တဲ့အတွက် ဆရာမကြီးကိုတောင်းပန်ပါတယ် ရှင့်"

"ရပါတယ် သမီးရယ် ဆရာမကြီးလဲ အဲ့တုန်းက လောသွားလို့ပါ ဘာမှမဖြစ်ဘူးနော်"

"ဟုတ် ဆရာမကြီး

သမီး ဆရာမကြီးကို သစ်ခွပန်းလေး ပေးချင်လို့ပါ"

"ဟယ်... ဆရာမကြီးက သစ်ခွပန်းဆိုသိပ်ကြိုက်တာ

ကျေးဇူးတင်ပါတယ်နော် သမီး"

"ဟုတ် ရပါတယ် ဆရာမကြီး သမီးကို ခွင့်ပြုပါဦး"

"ကောင်းပါပြီရှင် ..."

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာမကြီးကကျောင်းအခန်းတိုင်းကို round လှည့်သည်။ round လှည့်တိုင်းကျွန်မရှိရာ အခန်းသို့ရောက်လျှင် ကျွန်မကို တစ်ချက်ကြည့်ပြီးပြုံးလေ့ရှိသည့် အမျိုးသမီးတစ်ဦးပါ။

ထိုအပြုံးကိုကျွန်မ အလွန်နှစ်သက်မိပါသည်။ 

ထိုနေ့မှစကာကျွန်မသူမ၏ ပန်းဆက်သမလေးအဖြစ်

သူမနှစ်သက်သည့် သစ်ခွပန်းအား နေ့တိုင်းပေးလေ့ရှိပါသည်။

ကျွန်မပြန်သိလိုက်ရသောအရာတစ်ခုက

ကျွန်မပေးလိုက်သောပန်းလေးအား သူမဦးခေါင်းထက်မှာမပန်ဆင်ဘဲ သူမရုံးခန်း၏ ပန်းအိုးထဲ၌သာထိုးလေ့ရှိပါသည်။

"ဆရာမကြီး ဒီနေ့သမီး ဆရာမကြီးအတွက် သစ်ခွပန်းလေးနဲ့အတူ နှင်းဆီပန်းလေးပါ လာပေးတာပါ ဟီး"

"ဟယ် သမီးရယ် ပိုက်ဆံတွေကုန်တော့မှာဘဲ နေ့တိုင်းလာပေးနေတာ"

"ပန်းဖိုးကဘယ်လောက်မှမရှိပါဘူး ဆရာမကြီးရဲ့"

"ဟုတ်ပါပြီရှင်"

"ဒါနဲ့ သမီးနာမည်က"

"သမီးနာမည် ရွှန်းလဲ့နိုင်ပါ ဆရာမကြီး"

"ဒါဆို ဆရာမကြီးက သမီးကို သူများတွေနဲ့မတူအောင်

နိုင်   လို့ခေါ်မယ်လေကွယ်"

"နိုင်....."

"အင်း နိုင်"

သဘောကျသည် ကျွန်မ အရမ်းသဘောကျပါသည်

သူမ နှုတ်ကထွက်လာတဲ့နာမ်စားလေးက နိုင် တဲ့

ကျွန်မ ရုံးခန်းမ ပြန်လှည့်အထွက် သူမ က

"နိုင် ကျေးဇူးတင်ပါတယ်ကွယ် ပန်းလေးတွေအတွက်"

"ဟုတ် ရပါတယ် ဆရာမကြီး"

ကျွန်မပေးခဲ့တဲ့ နှင်းဆီပန်းလေးက သူမထုံးထားတဲ့ ဆံထုံးထပ်မှာ ပန်ဆင်ထားလေရဲ့

အဲ့နေ့က ကျွန်မအတွက် အပျော်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။

ကျွန်မသူမကိုနေ့တိုင်းပန်းပေးရင်း အတော်ကိုရင်းနှီးလာခဲ့သည်

ကျွန်မရဲ့တိုးတက်ချင်းရလာဒ်က သူမလက်ကလေးတွေကို ကိုင်ခွင့်ရခဲ့တာပါ။

ပန်းလေးပေးတိုင်း သူမလက်ကိုကိုင်ခွင့်ရခဲ့တာ

ကျွန်မအတွက်ဆုလာဒ်တစ်ခုပါဘဲ

တစ်နှစ်ကြာခဲ့ပြီး ၁၀ တန်းဆိုတဲ့ အတန်းတစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။

ကျောင်းတက်တာနဲ့ထုံးစံအတိုင်း

သူမကြိုက်တဲ့ သစ်ခွပန်းလေးတွေကို ပေးတိုင်း

လက်ကလေး ကိုင်ခွင့်ရခဲ့တာ ကျွန်မအတွက် ပျော်ရွှင်ခဲ့သောနေ့လေးတွေပေါ့။

29.11.2013

တစ်ရက်သူမနဲ့ဝေးရမယ့်အကြောင်းဖန်လာခဲ့တော့တယ်

ဒါကတော့ ရာထူးတိုး သွားခဲ့ပြီတဲ့ တစ်နေရာကိုပြောင်းရတော့မယ်တဲ့

ကျွန်မရင်ထဲမုန်းတိုင်းကြီးတစ်ခုရိုက်ခတ်သွားသလိုပါဘဲ

အဲ့ဒီနေ့က ကျွန်မသူ့ကို ပန်းကလေးသွားပေးခဲ့ပေမယ့်

သူမရှိမနေခဲ့ပါဘူး သူမရုံးခန်းရဲ့ စားပွဲပေါ်မှာသာ ထိုပန်းကလေးကို တင်ခဲ့ပါတယ်။

ကျွန်မကိုတွေ့တာတောင် အရယ်အပြုံးမရှိတော့ဘဲ မမြင်ချင်ယောင်ဆောင်သွားခဲ့ပါပြီ။

ကျွန်မနေ့တိုင်းဆက်သခဲ့တဲ့ သစ်ခွပန်းလေးတွေကတော့ ပိုင်ရှင်မဲ့စွာယူမယ့်သူမရှိပေတော့ပေမယ့်

ကျွန်မကတော့ နေ့စဉ်ရက်ဆက်မပြတ် ဆက်သနေဆဲပါ။

သူမပြောင်းခါနီး ၃ ရက်အလိုမှာ ကျောင်းသား/သူတွေကို

နှုတ်ဆက်စကားပြောတယ် သူမမျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်တွေသန်းနေတာ ကျွန်မမြင်ခဲ့ရပါတယ်။

ကျွန်မငိုခဲ့ပါဘူး မငိုမိအောင်ကြိုးစားခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

သူမ နှုတ်ဆက်စကားပြောတာနားထောင်ပြီး ကျွန်မကျောင်းကစားကွင်းရဲ့ ခုံတန်းအရှည် တစ်ခုမှာ တစ်ယောက်ထဲထိုင်ပြီး ဝမ်းနည်းနေစဉ် သူမရောက်လာခဲ့ပါတယ်

"သမီး"

သမီး တဲ့လား အရင်က နိုင် လို့ခေါ်တဲ့နာမ်စားလေးကနေ

သမီး လို့ပြောင်းလဲသွားခဲ့ပါတယ်။

ရင်ထဲမှာ တစ်ဆစ်ဆစ် နဲ့ နာကျင်ရပါတယ်။

"သမီး ဒီနှစ် ၁၀ တန်းကိုနှစ်ချင်းပေါက် အောင်မြင်အောင်ကြိုးစားနော် ဂုဏ်ထူးတွေအများကြီး ပါလာအောင်လဲ ကြိုးစား"

"ဟုတ်ကဲ့ ဆရာမကြီး သမီး ကြိုးစားပါမယ်"

"နေကောင်းအောင်လဲနေနော် သမီး

ကျန်းမာရေး ဂရုစိုက်"

"ဟုတ်ကဲ့ ဆရာမကြီး သမီး ဂရုစိုက်ပါ့မယ်"

"သမီး ဆရာမကြီးကို တစ်ခုခု မပြောချင်ဘူးလား"

"သမီး ဆရာမကြီးအတွက် ပန်းဝယ်လာခဲ့

ဒါပေမယ့် နှင်းဆီပန်းတစ်ပွင့်လေးပါဘဲ"

"သမီး ပန်ပေးမလားဟင်"

"ဟုတ် သမီး ပန်ပေးပါ့မယ်"

ကျွန်မသူမဦးခေါင်းထက်မှာ ပန်ဆင်ပေးပြီး

သူမ ကျွန်မထွက်ခွါသွားခဲ့လေတော့သည်။

ထို့နောက် သူမ ပြန်လှည့်လာပြီး .....

"ကျေးဇူးတင်ပါတယ် နိုင် ပန်းလေးတွေနေ့တိုင်းပေးခဲ့တဲ့အတွက်ရော အရာရာဂရုစိုက်ပေးခဲ့တဲ့အတွက်ရော

ကျေးဇူးတင်ပါတယ် နိုင်"

ကျွန်မငိုမိပါသည်

ကျွန်မရဲ့မျက်ဝန်းအိမ်မှ မျက်ရည်တို့ဟာ အတားအဆီးမရှိ

ရေတံခွန်ကဲ့သို့ စီးဆင်းလာခဲ့တော့သည်။

ထိုနေ့မှစကာ သူမနှင့်ကျွန်မ ဝေးကွာခဲ့ပါတော့သည်။

သူမနှင့်ပက်သက်သည့် အမှတ်တရ များစွာရှိခဲ့သည်။

ကျွန်မမေ့ဖျောက်ခဲ့လို့မရပါ။

ကျွန်မတို့ပက်သက်ခဲ့မှုဟာ အဆုံးသတ်ခဲ့ရပါသည်။

18.6.2023

ကျွန်မသူမကို ပထမ ဦးဆုံးအကြိမ်ပြန်တွေ့ခဲ့ပါသည်။

သူမ အရင်တုန်းကအတိုင်းနုပျိုနေဆဲပါ။

ကျွန်မ အတွေးပေါင်းများစွာဖြင့်ထိုည အိပ်မပျော်ခဲ့ပါ။

ကျွန်မဘာကြောင့် သူမနဲ့ တွေ့ရင်ပျော်ရွှင်ခဲ့ရသလဲ

ကျွန်မဘာကြောင့် ဝမ်းနည်းခဲ့ရသလဲ

ကျွန်မဘာကြောင့် ငိုမိခဲ့သလဲ

လဲပေါင်းများစွားဖြင့် အတွေးတွေကိုပြန်လည်စမ်းစစ်မိခဲ့ပါတယ်။

ကျွန်မနောက်ဆုံးသိလိုက်ရတဲ့ အဖြေတစ်ခုကတော့

ကျွန်မသူ့ကို ဆရာ တပည့်ဆိုတဲ့ စည်းထက်ကျော်လွန်ခဲ့လေသည်။

528 ထက် 1500 အချစ်ဖြင့် ချစ်ခဲ့မိလေသည်။

သို့ပေတည်း နောက်ကျခဲ့လေသည်။

အချိန်သည်ကား ၁၀ နှစ်ကြာခဲ့လေသည်။

သူမနောက်ဆုံး ဘာမှပြောစရာမရှိဘူးလား ဟု

မေးခဲ့သည့် အမေးကို ကျွန်မ ၁၀ နှစ်ကြာမှ သိခဲ့လေသည်။

ကျွန်မ နောင်တရမိပါသည်။

ကျွန်မ သိပ်အခဲ့ပါတယ်။

ကျွန်မ သိပ်တုံးခဲ့ပါတယ်။

ကျွန်မ မသိခဲ့ပါဘူး။ အချိန်သည်ကား နောက်ပြန်လှည့်လို့မရ။

နောင်တ တဲ့...

နှစ်လုံးထဲပါ အရမ်းလဲ လေးနက်သလို

အရမ်းလဲ ရက်စက်လွန်းလှပါသည်။

ကျွန်မ နောင်တ တွေရခဲ့ပါပြီ။

ကျွန်မ ထပ်ငိုမိပြန်ပါပြီ။

အချိန်လွန်မှ ရခဲ့တဲ့ နောင်တ တစ်ခုကို

ပွေ့ဖက်ရင်း ပစ္စုပ္ပန် ကို ရှေ့ဆက်လျှောက်ရတော့မည်။

ပိုင်ခွင့်ရော ဆိုင်ခွင့်ရော မရှိခဲ့ပေမယ့်

ငေးကြည့်ခွင့် ပေးခဲ့တဲ့အတွက်

ကျေးဇူးတင်ပါတယ်။

ဆွေ .....

နှလုံးသားထဲက ဆွေ.....

ရင်ထဲက ဆွေ...

ဆွေ ဆိုတဲ့ နာမ်စားလေးက

ကျွန်မ သေသည်အထိ ရင်ထဲမှာ

ထာဝရ တွယ်ငြိနေမှာပါ

ဆွေ...

နောင်တတွေ တစ်ပွေ့တစ်ပိုက် ဖက်တွယ်ရင်း ....။