webnovel

Training with system to be a god

ကမ္ဘာစစ်ဖြစ်ပြီးတော့ ကမ္ဘာကပျက်စီးစပြုနေပြီ အဏုမြူလက်နက်တွေကြောင့် ပျက်စီးသွားတဲ့ကမ္ဘာကိုကယ်တင်ရန် လူသားလေးတစ်ယောက်က စွမ်းအားရှာခြင်းမှာ system က ကူညီပေးသောအခါ

Kaung_Zaw_0552 · ゲーム
レビュー数が足りません
3 Chs

Ch 1

Unicode

ခုနှစ် ၃၀၅၀ ကျော် လူသားတို့ရဲ့ အတ္တလောဘတွေ အတောမသတ်နိုင်မှုတွေ ၊ ဒေါသတွေကြောင့် ကမ္ဘာစစ်တွေ ခဏခဏ ဖြစ်ဖြစ်လေ့ရှိတယ်။ အကျိုးရလဒ်အနေနဲ့ကတော့ အဏုမြူဗုံးတွေ ဖောဖောသီသီသုံးလာကြပြီး လေဆာစွမ်းအင်သုံးလက်နက်တွေပါ ပါဝင်လာကြတာမို့ လူသားတွေပါမက ကမ္ဘာမြေကြီးသည်လည်း အထိနာလျက်ရှိသည်။ နေရာအနှံ့ လွင်တီးခေါင်တွေ၊ ချိုင့်ဝှမ်းတွေ ၊ သဲကန္တာရတွေ ဖြစ်လာပြီး သောက်ရေသုံးရေ ရှားပါးလာကာ အပင်များလည်းမရှိတော့ချေ။ လူသားများနေထိုင်၍ မရတော့လောက်အောင်ပင် ပျက်စီးယိုယွင်းလျက်ရှိပြီး အဆိပ်ငွေ့များလည်း ပျံ့လွင့်လျက်ရှိသည်။ အင်အားကြီးနိုင်ငံအချို့က သူတို့ပြည်သူများကို အင်္ဂါဂြိုလ်သို့ ရွေ့ပြောင်းပေးကာ ပြုပြင်နေထိုင်နိုင်သော်လည်း ကျန်ရှိသောနိုင်ငံများမှာ စစ်ပြီးဒုက္ခဒဏ်ကို အလူးအလဲခံနေရသည်။

ထိုအချိန် မြန်မာနိုင်ငံ တစ်နေရာတွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခုသည် ၁၂နာရီ​​ ကြာအောင် ပေါ်ပေါက်လာပြီး မြင်သောသူများက အထဲသို့ဝင်သွားမိကြသည်။ အထဲရောက်သွားသောသူများမြင်မိကြသည်မှာ အပြင်ဘက် ကမ္ဘာကြီးနှင့်မတူ စိမ်းလန်းစိုပြည်နေသော သစ်တောဒေသနှင့် သောက်သုံးရေများ လူသူနေထိုင်နိုင်သော အခြေအနေနှင့်ပြည့်စုံလျက်ရှိသည်။ ဝင်မိပြီး ပြန်မထွက်နိုင်ကြသော လူများသည် အစောပိုင်းတွင် အသီးအနှံများစား၍ ဖြစ်သလိုအိပ်ကာ နေထိုင်ကြသော်လည်း ရက်ကြာလာသောအခါ အိမ်ဆောက်ရန်အကြံဖြင့် သစ်ပင်များကို လှဲကြတော့သည်။ ထိုလူများမသိကြသည်မှာ ထိုသစ်တောသည် ဖျက်ဆီးရေးနတ်ဘုရား(Leo)ကို ဖမ်းဆီးထားသော သစ်တောဝင်္ကပါ တစ်ခုဖြစ်ကြောင်းကိုပင်။

သစ်တော၏တစ်ဝက်လောက်နီးနီး ခုတ်လှဲခံလိုက်ရသောအခါ မြေပြင်မှ တုန်ခါလာပြီး အက်ကွဲကြောင်းများပေါ်လာကာ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ထို အခိုးအငွေ့များသည် နတ်ဆိုးနတ်ဘုရားတစ်ပါးအဖြစ်သို့ စုစည်းရုပ်လုံးပေါ်လာသောအခါ ဤ သစ်တော ဒေသအတွင်းသို့ ဝင်ရောက်လာသောလူများကို လိုက်လံသတ်ဖြတ်တော့သည်။ ထိုကန့်သတ်နယ်မြေသစ်တောအတွင်းတွင် စူးစူးဝါးဝါးအော်ဟစ်သံများညံလျက် သွေးချောင်းစီးသွားလေသည်။ ထိုအချိန်တွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်သည် ဂူတစ်ခုအတွင်းတွင် နတ်ဘုရား မမြင်အောင် ပုန်းခိုလျက်ရှိလေသည်။ ထို နတ်ဆိုး သည် သွေးဆာလျက်ရှိသော တိရစ္ဆာန် တစ်ကောင်သဖွယ် အပြင်ဘက်လောကသို့ထွက်ပြီး လူသတ်ရန် တာစူနေလေသည်။

ထိုခဏတွင် အစိမ်းရောင်အလင်းတန်းများသည် ကောင်းကင်ယံမှ လင်းလက်တောက်ပစွာ ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးဆီသို့ ဆင်းသက်လာလေသည်။ ထိုအခြင်းအရာကို မြင်သော နတ်ဆိုးနတ်ဘုရားသည်

"ဟာ မြန်လိုက်တာ သစ်တောနတ်ဘုရားပြန်လာပြီလား ၊ ငါအမြန်ပြေးမှဘဲ"

"ဖျက်စီး​​ရေးနတ်ဘုရား (Leo)ဘယ်သွားမလို့လဲ၊ ကိုယ်တော့်လက်ကနေလွတ်မယ် ထင်နေတာလား"

ဆိုပြီး လက်မှ အစိမ်းရောင်အလင်းတန်းနှင့် ပစ်လွှတ်လိုက်ရာ Leo သည် မိမိ၏ အစွမ်းနှင့် ခုခံရင်း မနိုင်မှန်းသိသဖြင့်

"သစ်တောနတ်ဘုရား (Kris) ဒီတစ်ခါတော့ မင်းငါ့ကို မဖမ်းနိုင်စေရဘူး... ဟားဟား.ဟားဟား"

ဆိုပြီး ကိုယ်ပိုင် ဝိညာဥ် များကို အစိတ်စိတ်ခွဲ၍ အခြားကမ္ဘာများသို့ ပြန့်နှံ့စေလိုက်သည်။

Kris သည်လည်း မတတ်နိုင်သလိုမျက်နှာထားဖြင့် မိမိ၏ ကိုယ်ပိုင်သစ်တော ဒေသ အတွင်းသို့ ဝင်ခဲ့သည်။ Leo သတ်ဖြတ်ထားခဲ့သော အကြွင်းအကျန်များကို လက်တစ်ချက်ဝှေ့ယမ်းဖယ်ရှားလိုက်ရာ မိုးများရွာလာပြီး သွေးကွက်တွေ ပျောက်သွားသကဲ့သို့ အလောင်းများကိုလည်း သစ်ပင်များမှ မြေကြိီးထဲသို့ ဆွဲယူလိုက်ကြသည်။တစ်ဖန် အသက်ရှင်သူကျန်သေးကြောင်းကို မျက်လုံးမှိတ်လိုက်ရာမှ မြင်ရသောအခါ နွယ်ပင်များကိုခေါ်ဆောင်လာခိုင်းခဲ့သည်။

"ကောင်လေး မင်း ဒါဘယ်နေရာလဲဆိုတာ သိလား"

"မသိပါဘူးဗျ"

"ဒီနေရာက ဖျက်စီးရေးနတ်ဘုရား Leo ကို ချုပ်နှောင်ထားတဲ့ သစ်တောဝင်္ကပါတစ်ခုဘဲ။ မင်းတို့လူသားတွေက သစ်ပင်တွေကို ခုတ်လှဲလိုက်ကြလို့ ဝင်္ကပါ ပျက်စီးသွားရတာဘဲ ၊ ငါက Leo ကိုနိုင်တယ်ဆိုပေမယ့် သူ့ကို လိုက်လံဖမ်းဆီးရလောက်အောင် မအားဘူး ငါက တခြားကမ္ဘာတွေမှာ ဖမ်းထားတဲ့ နတ်ဆိုးတွေကိုလည်း စောင့်ရှောက်ရဦးမယ်။ ဒီတော့ လူလေး မင်းကို ငါ့စွမ်းအင် အချို့ပေးမယ် အဲ့စွမ်းအင်ကို တိုးတက်အောင်လုပ်ပြီး Leo ရဲ့ ဝိညာဥ်တွေကို စုစည်းပေးရမယ်။ "

"ကျွန်တော်က ဘာရမှာလဲ "

"ငါနဲ့ ပုံစံတူ စွမ်းအားရမဲ့အပြင်ကို အခြားကမ္ဘာတွေကို သွားရတဲ့အတွက် အခြားစွမ်းအင်တွေ ရလိမ့်မယ် ပြီးရင် မင်းက ဒီကမ္ဘာကို ကယ်တင်ပြီး အစောင့်အရှောက်ဖြစ်လာရမယ်။ မင်းမှာငြင်းပိုင်ခွင့်မရှိဘူး မင်းတို့လူတွေက ငါ့ပိုင်နက်ထဲကျူးကျော်လာတဲ့အတွက် အပြစ်ဒဏ်ဘဲ "

"ဟုတ်ကဲ့ နားလည်ပါပြီဗျ"

ထို့နောက် Kris သည် လူငယ်လေးတစ်ဖြစ်လည်း သတိုးသီဟ၏ ရင်ဘတ်ကို လက်ဖြင့်ထိ၍ ဂါထာများရွတ်ဆိုနေသည်။ ရင်ဘတ်မှ နာကျင်မှုနှင့်အတူ အဖူး ၁၀ ခုပါသော ပန်းပင်လေးတစ်ပင်သည် ရင်ဘတ်​​နေရာတွင် ဖြစ်ပေါ်လာ၏။

"အဲ့ အဖူးတစ်ပွင့်ချင်းစီက ပွင့်လာရင် သစ်ပင်စွမ်းအင် တစ်ဆင့်စီတက်လာလိမ့်မယ်။ မင်း Leo ရဲ့ ဝိညာဥ် အပိုင်းအစ တစ်ခုချင်းစီ စုမိရင် အပွင့်ကနေ အသီးဖြစ်လာလိမ့်မယ်"

"အရှင် Kris ခင်ဗျာ ကျွန်တော်က ဘယ်လိုကမ္ဘာတွေ ကူးပြောင်းပြီး စုဆောင်းရမှာလဲ ခင်ဗျ"

"ဒါကို မင်းစိတ်ပူစရာမလိုဘူး သွားတော့ "ဆိုပြီး ခေါင်းကို ပုတ်ပေးလိုက်ရာ သတိုးခင်မျာ တွင်းနက်ကြီးထဲကျသွားသလို ခံစားလိုက်ရပြီး အမှောင်ထု အများအခေါ် space ထဲရောက်သွားလေသည်။

.

......................................

မသိဝူး လာမပြောနဲ့ ငါ့ space က အမဲရောင်ဘဲ

9.1.2022

ဒီ fic မှာ သုံးတဲ့အစိမ်းရောင်ဆိုတာက သစ်ပင် သစ်တော တွေကိုချစ်မြတ်နိုးတဲ့ လူတစ်ယောက်အနေနဲ့ ယူထားတာပါ။ ကျွန်တော့်ကို စစ်တပ်အားပေးလို့တော့ မထင်လိုက်ကြပါနဲ့ဗျ။

  ကျနော့် fic ကို trans reading list ထဲမထည့်ပါနဲ့ဗျ ။

All love ya ❤❤🙆‍♂️💁‍♂️🙋‍♂️

....................................

Zawgyi

ခုႏွစ္ ၃၀၅၀ ေက်ာ္ လူသားတို႔ရဲ႕ အတၱေလာဘေတြ အေတာမသတ္နိုင္မႈေတြ ၊ ေဒါသေတြေၾကာင့္ ကမၻာစစ္ေတြ ခဏခဏ ျဖစ္ျဖစ္ေလ့ရွိတယ္။ အက်ိဳးရလဒ္အေနနဲ႕ကေတာ့ အဏုျမဴဗုံးေတြ ေဖာေဖာသီသီသုံးလာၾကၿပီး ေလဆာစြမ္းအင္သုံးလက္နက္ေတြပါ ပါဝင္လာၾကတာမို႔ လူသားေတြပါမက ကမၻာေျမႀကီးသည္လည္း အထိနာလ်က္ရွိသည္။ ေနရာအႏွံ႕ လြင္တီးေခါင္ေတြ၊ ခ်ိဳင့္ဝွမ္းေတြ ၊ သဲကႏၱာရေတြ ျဖစ္လာၿပီး ေသာက္ေရသုံးေရ ရွားပါးလာကာ အပင္မ်ားလည္းမရွိေတာ့ေခ်။ လူသားမ်ားေနထိုင္၍ မရေတာ့ေလာက္ေအာင္ပင္ ပ်က္စီးယိုယြင္းလ်က္ရွိၿပီး အဆိပ္ေငြ႕မ်ားလည္း ပ်ံ့လြင့္လ်က္ရွိသည္။ အင္အားႀကီးနိုင္ငံအခ်ိဳ႕က သူတို႔ျပည္သူမ်ားကို အဂၤါၿဂိဳလ္သို႔ ေ႐ြ႕ေျပာင္းေပးကာ ျပဳျပင္ေနထိုင္နိုင္ေသာ္လည္း က်န္ရွိေသာနိုင္ငံမ်ားမွာ စစ္ၿပီးဒုကၡဒဏ္ကို အလူးအလဲခံေနရသည္။

ထိုအခ်ိန္ ျမန္မာနိုင္ငံ တစ္ေနရာတြင္ ေလဟာနယ္အက္ကြဲေၾကာင္းတစ္ခုသည္ ၁၂နာရီ ၾကာေအာင္ ေပၚေပါက္လာၿပီး ျမင္ေသာသူမ်ားက အထဲသို႔ဝင္သြားမိၾကသည္။ အထဲေရာက္သြားေသာသူမ်ားျမင္မိၾကသည္မွာ အျပင္ဘက္ ကမၻာႀကီးႏွင့္မတူ စိမ္းလန္းစိုျပည္ေနေသာ သစ္ေတာေဒသႏွင့္ ေသာက္သုံးေရမ်ား လူသူေနထိုင္နိုင္ေသာ အေျခအေနႏွင့္ျပည့္စုံလ်က္ရွိသည္။ ဝင္မိၿပီး ျပန္မထြက္နိုင္ၾကေသာ လူမ်ားသည္ အေစာပိုင္းတြင္ အသီးအႏွံမ်ားစား၍ ျဖစ္သလိုအိပ္ကာ ေနထိုင္ၾကေသာ္လည္း ရက္ၾကာလာေသာအခါ အိမ္ေဆာက္ရန္အႀကံျဖင့္ သစ္ပင္မ်ားကို လွဲၾကေတာ့သည္။ ထိုလူမ်ားမသိၾကသည္မွာ ထိုသစ္ေတာသည္ ဖ်က္ဆီးေရးနတ္ဘုရား(Leo)ကို ဖမ္းဆီးထားေသာ သစ္ေတာဝကၤပါ တစ္ခုျဖစ္ေၾကာင္းကိုပင္။

သစ္ေတာ၏တစ္ဝက္ေလာက္နီးနီး ခုတ္လွဲခံလိုက္ရေသာအခါ ေျမျပင္မွ တုန္ခါလာၿပီး အက္ကြဲေၾကာင္းမ်ားေပၚလာကာ အနက္ေရာင္ အခိုးအေငြ႕မ်ား ထြက္ေပၚလာသည္။ ထို အခိုးအေငြ႕မ်ားသည္ နတ္ဆိုးနတ္ဘုရားတစ္ပါးအျဖစ္သို႔ စုစည္း႐ုပ္လုံးေပၚလာေသာအခါ ဤ သစ္ေတာ ေဒသအတြင္းသို႔ ဝင္ေရာက္လာေသာလူမ်ားကို လိုက္လံသတ္ျဖတ္ေတာ့သည္။ ထိုကန့္သတ္နယ္ေျမသစ္ေတာအတြင္းတြင္ စူးစူးဝါးဝါးေအာ္ဟစ္သံမ်ားညံလ်က္ ေသြးေခ်ာင္းစီးသြားေလသည္။ ထိုအခ်ိန္တြင္ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္သည္ ဂူတစ္ခုအတြင္းတြင္ နတ္ဘုရား မျမင္ေအာင္ ပုန္းခိုလ်က္ရွိေလသည္။ ထို နတ္ဆိုး သည္ ေသြးဆာလ်က္ရွိေသာ တိရစ္ဆာန္ တစ္ေကာင္သဖြယ္ အျပင္ဘက္ေလာကသို႔ထြက္ၿပီး လူသတ္ရန္ တာစူေနေလသည္။

ထိုခဏတြင္ အစိမ္းေရာင္အလင္းတန္းမ်ားသည္ ေကာင္းကင္ယံမွ လင္းလက္ေတာက္ပစြာ ထြက္ေပၚလာၿပီး ကမၻာေျမႀကီးဆီသို႔ ဆင္းသက္လာေလသည္။ ထိုအျခင္းအရာကို ျမင္ေသာ နတ္ဆိုးနတ္ဘုရားသည္

"ဟာ ျမန္လိုက္တာ သစ္ေတာနတ္ဘုရားျပန္လာၿပီလား ၊ ငါအျမန္ေျပးမွဘဲ"

"ဖ်က္စီးေရးနတ္ဘုရား (Leo)ဘယ္သြားမလို႔လဲ၊ ကိုယ္ေတာ့္လက္ကေနလြတ္မယ္ ထင္ေနတာလား"

ဆိုၿပီး လက္မွ အစိမ္းေရာင္အလင္းတန္းႏွင့္ ပစ္လႊတ္လိုက္ရာ Leo သည္ မိမိ၏ အစြမ္းႏွင့္ ခုခံရင္း မနိုင္မွန္းသိသျဖင့္

"သစ္ေတာနတ္ဘုရား (Kris) ဒီတစ္ခါေတာ့ မင္းငါ့ကို မဖမ္းနိုင္ေစရဘူး... ဟားဟား.ဟားဟား"

ဆိုၿပီး ကိုယ္ပိုင္ ဝိညာဥ္ မ်ားကို အစိတ္စိတ္ခြဲ၍ အျခားကမၻာမ်ားသို႔ ျပန့္ႏွံ႕ေစလိုက္သည္။

Kris သည္လည္း မတတ္နိုင္သလိုမ်က္ႏွာထားျဖင့္ မိမိ၏ ကိုယ္ပိုင္သစ္ေတာ ေဒသ အတြင္းသို႔ ဝင္ခဲ့သည္။ Leo သတ္ျဖတ္ထားခဲ့ေသာ အႂကြင္းအက်န္မ်ားကို လက္တစ္ခ်က္ေဝွ႕ယမ္းဖယ္ရွားလိုက္ရာ မိုးမ်ား႐ြာလာၿပီး ေသြးကြက္ေတြ ေပ်ာက္သြားသကဲ့သို႔ အေလာင္းမ်ားကိုလည္း သစ္ပင္မ်ားမွ မြေကြိီးထဲသို့ ဆြဲယူလိုက္ၾကသည္။တစ္ဖန္ အသက္ရွင္သူက်န္ေသးေၾကာင္းကို မ်က္လုံးမွိတ္လိုက္ရာမွ ျမင္ရေသာအခါ ႏြယ္ပင္မ်ားကိုေခၚေဆာင္လာခိုင္းခဲ့သည္။

"ေကာင္ေလး မင္း ဒါဘယ္ေနရာလဲဆိုတာ သိလား"

"မသိပါဘူးဗ်"

"ဒီေနရာက ဖ်က္စီးေရးနတ္ဘုရား Leo ကို ခ်ဳပ္ႏွောင္ထားတဲ့ သစ္ေတာဝကၤပါတစ္ခုဘဲ။ မင္းတို႔လူသားေတြက သစ္ပင္ေတြကို ခုတ္လွဲလိုက္ၾကလို႔ ဝကၤပါ ပ်က္စီးသြားရတာဘဲ ၊ ငါက Leo ကိုနိုင္တယ္ဆိုေပမယ့္ သူ႕ကို လိုက္လံဖမ္းဆီးရေလာက္ေအာင္ မအားဘူး ငါက တျခားကမၻာေတြမွာ ဖမ္းထားတဲ့ နတ္ဆိုးေတြကိုလည္း ေစာင့္ေရွာက္ရဦးမယ္။ ဒီေတာ့ လူေလး မင္းကို ငါ့စြမ္းအင္ အခ်ိဳ႕ေပးမယ္ အဲ့စြမ္းအင္ကို တိုးတက္ေအာင္လုပ္ၿပီး Leo ရဲ႕ ဝိညာဥ္ေတြကို စုစည္းေပးရမယ္။ "

"ကြၽန္ေတာ္က ဘာရမွာလဲ "

"ငါနဲ႕ ပုံစံတူ စြမ္းအားရမဲ့အျပင္ကို အျခားကမၻာေတြကို သြားရတဲ့အတြက္ အျခားစြမ္းအင္ေတြ ရလိမ့္မယ္ ၿပီးရင္ မင္းက ဒီကမၻာကို ကယ္တင္ၿပီး အေစာင့္အေရွာက္ျဖစ္လာရမယ္။ မင္းမွာျငင္းပိုင္ခြင့္မရွိဘူး မင္းတို႔လူေတြက ငါ့ပိုင္နက္ထဲက်ဴးေက်ာ္လာတဲ့အတြက္ အျပစ္ဒဏ္ဘဲ "

"ဟုတ္ကဲ့ နားလည္ပါၿပီဗ်"

ထို႔ေနာက္ Kris သည္ လူငယ္ေလးတစ္ျဖစ္လည္း သတိုးသီဟ၏ ရင္ဘတ္ကို လက္ျဖင့္ထိ၍ ဂါထာမ်ား႐ြတ္ဆိုေနသည္။ ရင္ဘတ္မွ နာက်င္မႈႏွင့္အတူ အဖူး ၁၀ ခုပါေသာ ပန္းပင္ေလးတစ္ပင္သည္ ရင္ဘတ္ေနရာတြင္ ျဖစ္ေပၚလာ၏။

"အဲ့ အဖူးတစ္ပြင့္ခ်င္းစီက ပြင့္လာရင္ သစ္ပင္စြမ္းအင္ တစ္ဆင့္စီတက္လာလိမ့္မယ္။ မင္း Leo ရဲ႕ ဝိညာဥ္ အပိုင္းအစ တစ္ခုခ်င္းစီ စုမိရင္ အပြင့္ကေန အသီးျဖစ္လာလိမ့္မယ္"

"အရွင္ Kris ခင္ဗ်ာ ကြၽန္ေတာ္က ဘယ္လိုကမၻာေတြ ကူးေျပာင္းၿပီး စုေဆာင္းရမွာလဲ ခင္ဗ်"

"ဒါကို မင္းစိတ္ပူစရာမလိုဘူး သြားေတာ့ "ဆိုၿပီး ေခါင္းကို ပုတ္ေပးလိုက္ရာ သတိုးခင္မ်ာ တြင္းနက္ႀကီးထဲက်သြားသလို ခံစားလိုက္ရၿပီး အေမွာင္ထု အမ်ားအေခၚ space ထဲေရာက္သြားေလသည္။

.

......................................

မသိဝူး လာမေျပာနဲ႕ ငါ့ space က အမဲေရာင္ဘဲ😒😒

9.1.2022

ဒီ fic မွာ သုံးတဲ့အစိမ္းေရာင္ဆိုတာက သစ္ပင္ သစ္ေတာ ေတြကိုခ်စ္ျမတ္နိုးတဲ့ လူတစ္ေယာက္အေနနဲ႕ ယူထားတာပါ။ ကြၽန္ေတာ့္ကို စစ္တပ္အားေပးလို႔ေတာ့ မထင္လိုက္ၾကပါနဲ႕ဗ်။ က်ေနာ့္ fic ကို trans reading list ထဲမထည့္ပါနဲ႕ဗ် ။

All love ya 🙆🙋