webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 6

Translator - Lynx | Editor - Kellow

[Unicode Version]

ရန်ရိ သုံးရက် ခွင့်ရက်တိုယူကာ အနားယူရန်စီစဉ်လိုက်သည်။

သူအိမ်ပြန်ရောက်ပြီးတော့ မီးသတ်ယူနီဖောင်းကိုချွတ်၍ တီရှပ်ဝတ်၊ ကောင်းဘွိုင် [1] ဦးထုပ်ဆောင်း၊ super market သို့သွားကာ သူ့အဖေ၏အကြိုက်ဆုံးအစားအစာများနှင့် နေ့စဉ်အသုံးအဆောင်များကို‌ဝယ်သည်။

သူအိမ်ပြန်လမ်းတွင် အနည်းငယ်ကားကျပ်၍ ကားတစ်လှိမ့်ချင်းမောင်းနေရင်းနှင့် ဖုန်းခေါ်လိုက်သည်။

ချိတ်ဆက်မမိခင် ဖုန်းအကြာကြီးမြည်နေပြီး ပျင်းတိပျင်းတွဲအသံတစ်ခုက တစ်ဖက်မှထွက်လာသည်။

" Hey "

ရန်ရိ ပြုံးကာပြောလိုက်သည်။

" အများကြီးသောက်ပြန်ပြီလား?"

" အာ...ဘယ်အချိန်ရှိပြီလဲ..." ခဏရပ်သွားပြီး၊

" ဒီမနက်ဘယ်လိုများ တစ်ယောက်ယောက်ကိုခေါ်ရပါ့မလဲ? " အသံက အနည်းငယ်လေးဆွဲဆောင်မှုပြည့်နေသည်။

" မနက်ခင်း ၁၀ နာရီတောင်ရှိတော့မယ် "

" ကျွန်တော့်ကို အစ်ကို့လို မနက်တိုင်း ၆ နာရီဆိုလေ့ကျင့်ရေးလုပ်တဲ့သူများထင်လို့လား?"

ဖုန်းထဲမှ မွေ့ရာပေါ်လှုပ်ရှားသံများကြားရသည်။

" ဘာလို့ရုတ်တရက်ကြီးခေါ်တာလဲ? လွမ်းလို့လား?"

" အင်း လွမ်းလို့၊ အလုပ်ရှုပ်နေလား?"

" တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်းပြန်ရောက်ရုံပဲရှိသေး "

ရန်ရိ ပြုံးကပြောသည်။

" မနက်ဖြန်မင်းကို (alcohol) ဝယ်တိုက်မယ်ဆိုရင်ရော?"

တစ်ဖက်မှ ရယ်ကာမသဲမကွဲပြောလာသည်။

" ကျွန်တော့်အိမ်ကို ဝိုင်ယူလာခဲ့ "

---------

သူအိမ်ပြန်ရောက်တော့ ကားပါကင်ထိုးပြီး ပလပ်စတစ်အိတ်ကြီးနှစ်လုံးဖြင့်အိမ်သို့ လျှောက်သွားလိုက်သည်။

အကွာအဝေးတစ်ခုမှ သူ့အဖေသူ့ဆီသို့ ချိုင်းထောက်ဖြင့်လာနေသည်ကိုတွေ့လိုက်ရပြီး၊ လမ်းလျှောက်လိုက်တိုင်းမှာ သူ့(အဖေ) ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါနေသည်။ သို့သော်လည်း ခြေလှမ်းအကျယ်ကြီးလှမ်းရအောင် ရုန်းကန်နေဆဲဖြစ်သည်က ရန်ရိကိုထိတ်လန့်သွားစေသည်။

နာနီက သူ့(အဖေ) ကိုထိတ်ထိတ်ပြာပြာနဲ့‌တားချင်နေသော်ငြား မတားနိုင်ပေ။

ရန်ရိ အမြန်ပြေးသွားလိုက်သည်။

" ဘာကိစ္စဖြစ်လို့လဲ?"

" မင်းအဖေက သတိပေးချက်အသံကြားလိုက်တယ်လို့ပြောတယ် အဲ့တာမြန်မြန်တားပါဦး "

ရန်ရိ အိတ်တွေကို အန်တီဝမ်အားပေးလိုက်သည်။

" အဖေ ဘာလုပ်နေတာလဲဗျာ! "

ရန်ရှန့်ရုန် သူ့မျက်လုံးတန်းတန်းသို့ တည့်တည့်ကြည့်သည်။ သူ့ဘေးနားကလူတွေက မရှိသလို။

သူအော်သည်။

" ရဲသား‌တွေထွက်ကြ ၊ ရဲ‌သားတွေထွက်ကြ "

သူ့အသံက တုန်ကာ စိတ်လှုပ်ရှားနေသည်။

မီးသတ်စခန်းက သူတို့အိမ်ရာရဲ့တစ်ဖက်ခြမ်း၌ပင်ရှိသော်ငြား ဒီအကွာဝေးကနေ ညနက်သန်းခေါင်မှာပင် သတိပေးချက်သံမကြားနိုင်‌။

ရန်ရိ ရန်ရှန့်ရုန်ရဲ့ ပုခုံးများကိုတင်းကြပ်စွာ ကိုင်လိုက်သည်။

" အဖေ ၊ အဖေကဒီနေ့ တပ်ဖွဲ့ကိုဦးဆောင်‌နေတာမဟုတ်ဘူး အဖေဒီနေ့တပ်ဖွဲ့ကိုဦးဆောင်တာမဟုတ်ဘူးလို့ ! "

" တပ်သားတွေထွက်မယ်၊ ငါတပ်သားတွေထွက်စေချင်တယ်! "

ရန်ရှန့်ရုန် သူ့ကိုဒေါသအလျောက် ပြင်းထန်စွာတွန်းလိုက်ပြီး ချိုင်းထောက်ကိုလက်မလွှတ်ဘဲ စိတ်ဆိုးစွာလွှဲရမ်းသည်။

ချိုင်းထောက်ရဲ့ထိပ်က ရန်ရိခြေဆစ်ကိုမသက်မသာ ရိုက်ခတ်လာ၏။

ရန်ရိ နာကျင်စွာအော်၍ လွှတ်မပေးရန် တောင့်ခံထားပြီး သူ့အဖေကိုပြန်ဆွဲသည်။

" အဖေ တကယ်ပါ ဒီနေ့အဖေတပ်ဖွဲ့ကိုဦးဆောင်တာမဟုတ်ဘူး၊ ဒုခေါင်းဆောင်က ဒီနေ့တာဝန်ယူတာ အိမ်ပြန်ကြရအောင် ပြန်ရအောင်နော် ဟုတ်ပြီလား? "

အိမ်ရာထဲမှ အိမ်နီးချင်းများက ရပ်ကာကြည့်ကြသည်။

အန်တီဝမ်က ဘေးမှသက်ပြင်းချ၏။

နောက်ဆုံးတော့ ရန်ရိ ခြေထောက်မှနာကျင်မှုကို‌ သည်းခံကာ သူ့အဖေအားအိမ်သို့ ပြန်သယ်သွားသည်။

သူ့အိမ်က ဓာတ်လှေကားမရှိသော ‌ခေတ်ဟောင်းပုံစံ အဆောက်အအုံဖြစ်သည်။ သုံးထပ်မှာတင်မို့ကံကောင်းပေမယ့် ရန်ရိကတော့ ချွေးအပြိုင်းပြိုင်းကျနေဆဲဖြစ်သည်။

တကယ်တော့ သူတို့မိသားစုက မဝေးတဲ့နေရာမှာအိမ်တစ်လုံးရှိပြီး ပတ်ဝန်းကျင်ကလည်းပိုကောင်းသည်။ သူ့‌အမေရှိစဉ်က သူတို့မိသားစုသုံးယောက် ထိုနေရာသို့ပြောင်းခဲ့သော်လည်း သူ့အဖေကိုအနီးကပ်ပြုစုဖို့ သူ ဒီကိုပြန်ပြောင်းလာခဲ့သည်။

ရန်ရှန့်ရုန် ကုလားထိုင်ပေါ်ထိုင်သည်၊ ဆက်ပြီးခေါင်းမမာတော့ဘဲ ပြတင်းပေါက်အပြင်ဘက်သို့သာ မမှိတ်မသုန် တိတ်ဆိတ်စွာကြည့်နေတော့သည်။ ဘာမှမဖြစ်ခဲ့သည့်အလား၊

မရေရာသောစကားများကိုတော့ ဆက်ကာရေရွတ်နေဆဲဖြစ်သည်။

ရန်ရိ ဆိုဖာဆီသို့ ခြေတစ်‌ဖက်ဖြင့် ခုန်ဆွခုန်ဆွသွားသည်။ သူ့ခြေဆစ်ကိုကြည့်ဖို့အချိန်မရ၊ ဆိုဖာပေါ်သာပစ်လှဲထိုင်လိုက်ပြီး အသက်ကိုသာအပြင်းရှူရသည်။

အန်တီဝမ်က အိုင်အိုဒင်းကိုယူကာလျှောက်လာပြီး၊ သူ့ရှူးဖိနပ်နှင့် ခြေအိတ်များကိုချွတ်ရန်ကူညီပေးကာ ယောင်နေသောခြေဆစ်ကိုကြည့်ရင်း သက်ပြင်းချသည်။

" အန်တီ ဆေးလိမ်းဖို့ကူပေးမယ် "

ရန်ရိ ဖွဖွညည်းကာ ပြောလိုက်သည်။

" ကျေးဇူးပါ "

ဆေးလိမ်းပြီးတော့ အန်တီဝမ်နှုတ်ဟလာပြီး ခါးသက်စွာပြောသည်။

" ခေါင်းဆောင် မင်းအဖေအခြေအနေက ပိုပိုဆိုးလာပြီ အရင်က စိတ်က ပုံမှန်အတိုင်းဖြစ်တဲ့အချိန်များပေမယ့် အခုတော့.....သတိကောင်းကောင်းရှိနေတဲ့အချိန်က နည်း,နည်းလာတယ် "

ရန်ရိ ခေါင်းငြိမ့်သည်။

" ကျွန်တော်သိပါတယ် "

သူ့အဖေသည် ဂုဏ်ယူဖွယ်အလုပ်ကိုလုပ်ပြီး ဒဏ်ရာကြောင့်သာ တပ်မှနုတ်ထွက်လိုက်ရ၏။

ပင်စင်လစာနှင့် ဆေးဝါးအာမခံကြေးများကအလွန်မြင့်သော်လည်း အချို့ရောဂါတွေအတွက်တော့ ငွေက တန်ဖိုးမဲ့ချေသည်။

" မနေ့ညက.....ရှောင်ဝမ်သူ့ကိုရေချိုးပေးတော့ ရှောင်ဝမ့်ကို နောက်လန်အောင် တွန်းထုတ်လိုက်‌သေးတယ် "

ရန်ရိ တောင့်သွားသည်။

" ရှောင်ဝမ် အဆင်ပြေရဲ့လား? အန်တီ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်အဖေ....."

အန်တီဝမ်က သူ့ဒူးခေါင်းကို သက်သက်သာသာပုတ်သည်။

" ဘာမှမပြင်းထန်ပါဘူး "

ရှောင်ဝမ်က အန်တီဝမ်ရဲ့သားဖြစ်သည်။

အမေနှင့်သားနှစ်ယောက်စလုံးက သူ့အဖေလှုပ်ရှားသွားလာဖို့ ‌နေ့ရောညပါ ဂရုစိုက်ကြပေးကြသည်။

ရန်ရိ သူ့ဆံပင်သူဆွဲလိုက်ရင်း မွန်းကြပ်မှုနှင့် အဆင်မပြေမှုတို့ခံစားရသည်။

သူမနေနိုင်ဘဲ ရန်ရှန့်ရုန်ကိုလှမ်းကြည့်လိုက်သည်၊ ထို ယိုင်နဲ့နဲ့ခန္ဓာကိုယ်၊ မီးခိုးရောင်ဆံပင်များ၊ အခုထိဆက်ကာတုန်ရီနေဆဲဖြစ်သော ဒူးပေါ်မှလက်များ၊ သူဒီလူ‌ဖြောင့်တန်းစွာ ရပ်နေသည်ကိုမြင်ခဲ့ဖူးသည်၊ အခုတော့ ဒီမှာအဆုံးမသတ်တဲ့ဆုံးရှုံးမှုတွေနဲ့ ကြေကွဲဝမ်းနည်း‌မှုများသာကျန်ရှိတော့၏။

" ခေါင်းဆောင် မင်းကအရမ်းအလုပ်များတယ်။ နားရက်ကလည်းနည်းနည်းပဲရှိတယ် ပြီးတော့ အိမ်မှာမင်းတစ်ယောက်ပဲကျန်တော့တယ်။ မင်းတွေးကြည့်ဖြစ်သေးလား...ဆရာဝန်နဲ့ သူနာပြုတွေစနစ်တကျပြုစုစောင့်ရှောက်ပေးတဲ့ ‌‌ကုသရေးဂေဟာတို့လိုမျိုး... "

ရန်ရိ ငြင်းဆန်လျက်ခေါင်းခါသည်။

" ကျွန်တော်အဖေ့ကို ကုသရေးဂေဟာကိုပို့မှာမဟုတ်ဘူး ပြီးတော့ သူလည်းမသွားချင်ဘူး "

အန်တီဝမ်က မျက်နှာပူပူနဲ့ပြောလာသည်။

" အန်တီ မင်းကိုအရင်ကတည်းကပြောချင်နေတာ၊ ဒါပေမယ့်အခွင့်ရေးမကြုံတာနဲ့ အန်တီ့ယောက်ျားကပင်စင်ယူတော့မယ်။ သူပင်စင်ယူပြီးတာနဲ့ အန်တီတို့ ဇာတိမြို့လေးကိုပြန်ဖို့စီစဉ်ထားတယ်။ ဒီမှာ အန်တီတို့ တစ်ဘဝလုံးစာနေဖို့အတွက် ငွေမလောက်ဘူးကွယ်... "

ရန်ရိ တိတ်ဆိတ်‌သွားသည်။

လူနာစောင့်တွေအများကြီးမှာမှ အန်တီဝမ်နဲ့ သူ့သားလေးက အကြာကြီးယုံကြည်စိတ်ချရတဲ့သူတွေ။

သူတို့အတွက်လစာက ၁၀၀၀၀ ယွမ်ပေမယ့် သူ့အဖေကိုဂရုစိုက်နိုင်မယ်သာဆို သူငွေအများကြီးထပ်သုံးနိုင်သည်။

အန်တီဝမ်ကပြောသည်။

" တောင်းပန်ပါတယ်ကွယ် မင်းကအားလုံးကောင်းပြီး အန်တီတို့ကိုလည်းကောင်းကောင်းဆက်ဆံပေးတဲ့သူပဲ။ တကယ်ကို မင်းအဖေအတွက်စိုးရိမ်ပေမယ့် အခြားနည်းလမ်းမရှိတော့လို့ပါ။ အခြားလူရှာဖို့နဲ့အဲ့အတွက်စဉ်းစားဖို့ လအနည်းငယ်ရှိပါသေးတယ် "

ရန်ရိ အားကိုးမဲ့စွာပြောလိုက်သည်။

" ရပါတယ် ကျေးဇူးပါ "

နေ့လယ်မှာတော့ ရန်ရိ သူ့အဖေရဲ့အကြိုက်ဆုံးဟင်းပွဲအနည်းငယ်ကို ကိုယ်တိုင်ချက်သည်။ သို့သော် သူ့အဖေကတစ်လုပ်လောက်လေး စားဖို့ကိုပင်ငြင်း၏။

နေ့လယ်ကျော်သွားမှ သူရုတ်တရက်ဆာလာသည်နှင့် ဟင်းပွဲများကိုအပူပြန်ပေးကာ သူ့အဖေနှင့်အတူ ထမင်းတစ်နပ်စားကြသည်။

သူမကြာခဏသူ့ကိုယ်သူ ဝမ်းမနည်းဖို့၊ ပျော်ပျော်နေဖို့ အကြံပေးဖြစ်သည်။ အနည်းဆုံးတော့ သူ့မှာ တစ်‌ခါတစ်လေ သာမန်အဖေမျိုး ရှိနေနိုင်သေးသည်လေ။

[T/N : ရန်ရှန့်ရုန်က တစ်ခါတစ်လေ ပုံမှန်စိတ်ရှိပေမယ့် တစ်ခါတစ်လေကျတော့ စိတ်ကသူ့သားအရွယ်ရောက်လာတာကိုတောင်မမှတ်မိတဲ့အထိ ဖြစ်ပါတယ် အဲ့တာကြောင့် ပုံမှန်အဖေမျိုးကို တစ်ခါတစ်လေပဲရတယ်လို့ပြောချင်တာပါ ]

-----------

သူနောက်တစ်နေ့မနက် အိပ်ရာထတော့ ရန်ရှန့်ရုန် အသိစိတ်ပြန်ဝင်နေပြီဖြစ်သည်။

တုတ်‌ကောက်ဖြင့်ပင် ပန်းပင်များရေလောင်းကာ ပါးစပ်မှလည်း သီချင်းအနည်းငယ်ညည်းနေသေး၏။

ရန်ရိ အရမ်းပျော်သွားကာ သူ့အဖေကို တိုးတိုးလေးသွားပြောသည်။

" လောင်ရန် ကျွန်တော့်နားရက်ကရှားတော့ အန်တီဝမ်နဲ့အတူအိမ်သန့်ရှင်းရေးလုပ်မလားလို့ အဖေညွှန်ကြားပေးမှာလား? ကျွန်တော်တို့ဘယ်နေရာမှာရှင်းရမလဲ "

ရန်ရှန့်ရုန် ‌ညင်သာစွာနှာခေါင်းရှုံ့သည်။

" ငါကညွှန်ကြားရမှာလား? အရမ်းဆိုးတယ် မင်းတို့ကိုယ့်ဘာသာလုပ်ကြ၊ အိုး ငါ့ အောင်မြင်မှုအထိမ်းအမှတ်တွေနဲ့ ဆုတွေကိုဂရုစိုက်လုပ်။ "

" မပူပါနဲ့။ အဖေ့ အချစ်တော်လေးတွေကို ဘယ်သူရွှေ့ရဲပါ့မလဲ "

အန်တီဝမ်လာသည်နှင့် နှစ်ယောက်အလုပ်စလုပ်ကြသည်။

ရန်ရိ ခြေထောက်များက ယောင်နေဆဲ ၊သို့သော်ဘာမှမပြင်းထန်။ ထို့ကြောင့် သူထော့နဲ့ထော့နဲ့နှင့်ပဲ ကြမ်းပြင်တံမြက်စည်းလှည်းသည် ၊ ပြတင်းပေါက်တွေ သုတ်သည်၊ အမှိုက်များပစ်သည်။

တစ်မနက်လုံးသန့်ရှင်းပြီးနောက် အိမ်ကအများကြီးပိုသန့်ရှင်းသွား၏။

နောက်ဆုံး ရန်ရိ သန့်ရှင်းသောအဖြူ‌ရောင် အဝတ်စုတ်တစ်ခုယူကာ ရေညှစ်၍ ရန်ရှန့်ရုန်၏

" အောင်မြင်မှုနံရံ " ကိုသုတ်တော့သည်။

ထို‌အောင်မြင်မှုနံရံကတော့ TV စင်ပေါ်၌ ဆုတံဆိပ်တွေ၊ အောင်မြင်မှုအထိမ်းအမှတ်တွေ ၊ ဂုဏ်ထူးဆောင်ဆုတွေ၊ နှစ်သုံးဆယ်ကြာမီးသတ်သမားဟောင်းကြီးရဲ့ စစ်မြင်းစံချိန်ကိုမှတ်တမ်းတင်ထားသော ‌ငွေကျပ်ပြားများဖြင့်ထားရှိခြင်းဖြစ်သည်။

ဆုတံဆိပ်အားလုံး၏နောက်ကွယ်၌ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်းများစွာရှိပေဦးမည်။

ရန်ရိ အဝတ်ဖြင့်သုတ်ရင်းနှင့်ပင် ရန်ရှန့်ရုန်အား ပြန်ပြောင်းအောက်မေ့စေသည်။

" ဒါက အဖေ တတိယအဆင့် လှုပ်ရှားမှုလုပ်တုန်းက အစည်းအဝေးနှစ်ခုကိုကာကွယ်တာ ဟုတ်တယ်မလား?"

" အင်း တတိယအဆင့် ကာကွယ်ရေးကရတဲ့ တံဆိပ် "

ရန်ရှန့်ရုန် ထော့နဲ့နဲ့ဖြင့်ပင်လျှောက်လာသည်။

" ဒီတံဆိပ်ပြားက အဖေကယ်ခဲ့တဲ့ အမွှာနှစ်ယောက်ကြောင့်ရတာပဲ "

" ဟုတ်တယ် ဒီတံဆပ်ပြားတွေက ပုံးထဲထည့်ထားဖို့ အဓိပ္ပါယ်ရှိလွန်းလို့ အနည်းငယ်လောက်အပြင်ထုတ်ထားထာ "

ရန်ရိ ပြုံးလိုက်သည်။

" ကျွန်တော်သိတယ် ဒီမှာရှိတဲ့ဆုတံဆိပ်အားလုံးနီးပါး နောက်ကွယ်က ဇာတ်ကြောင်းတွေကိုမှတ်မိနိုင်တယ် "

သူ့အဖေရဲ့ ဂုဏ်ကျက်သရေသင်္ကေတ များကိုလေးစားအားကျမှုအပြည့်ဖြင့် ထိလိုက်သည်။ ငယ်ငယ်က သူလေးစားအားကျခဲ့ရသည်နှင့်အလားတူ။

သူငယ်စဉ်ကတည်းကပင် သူ့အဖေကိုသူရဲကောင်းမီးသတ်သမား တစ်ယောက်အနေနဲ့ လေးစားအားကျခဲ့သည်။

ထို့ကြောင့် သူအမေရဲ့ကန့်ကွက်ချက်ကိုဆန့်ကျင်ကာ သူ့အဖေခြေရာကို တွန့်ဆုတ်ခြင်းမရှိဘဲလိုက်ခဲ့သည်။

ယနေ့ထိ ဒီအလုပ်ကဘယ်လောက်ပဲခက်ခဲပါစေ၊ ဒီအလုပ်ကဘယ်လောက်ပဲ ပင်ပန်းပြီးအန္တရာယ်များစမ်းပါစေ သူဘယ်တော့မှနောင်တမရ။

" ဒါကအဖေရဲ့ ဒုတိယတန်း ဂုဏ်ပြုတံဆိပ် " ရန်ရိ တံဆိပ်ပြားကိုယူလိုက်သည်။

" Chemical plant [2] ပေါက်ကွဲတဲ့မတော်တဆမှု "

ရန်ရှန့်ရုန် ခေါင်းညိတ်သည်။

" 18 နှစ်တောင်ရှိပြီ ၊ အဲ့တာကငါ့ဘဝမှာသေဖို့အနီးကပ်ဆုံးပဲ ဒါကနိုင်ငံတုန်လှုပ်မှုထိဖြစ်ခဲ့တဲ့ အဓိကမတော်တဆမှုကြီး "

ရန်ရိ ထိုအကြောင်းကို ရှင်းရှင်းလင်းလင်းမှတ်မိသည်။ သူမှတ်မိသည်၊ ရန်ရှန့်ရုန် ရှစ်ရက်ကြာ သူအပျက်အစီးတွေကြားပိတ်မိနေတုန်း အကျိုးအပဲ့တွေအောက်မှာ တပ်သားတစ်ယောက်နဲ့ အလုပ်သမား နှစ်ယောက်ကိုကယ်ဆယ်ခဲ့ကြောင်း။

ထိုနှစ်က သူ့အသက် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်လောက်သာရှိမည်။ ထိုအဖြစ်အပျက် ရှစ်ရက်အတွင်း သူ့အမေနဲ့နေနေချိန်မှာ

" နှစ်ပေါင်းများစွာကြာနေရသကဲ့သို့ " ဆိုသည်ကို တကယ်လက်တွေ့ခံစားခဲ့ရသည်။

" လူပေါင်းရာကျော်သေခဲ့တယ် " ရန်ရှန့်ရုန်ရဲ့ အမူအရာကအနည်းငယ်ဝမ်းနည်းနေသည်။ သူ၏ မီးလောင်သေဆုံးခဲ့ရသည့် တပ်ဖွဲ့သားကိုတွေးနေခြင်းဖြစ်ရမည်။

ရန်ရိ ဆုတံဆိပ်ကို ဂရုတစိုက်သန့်ရှင်းအောင်သုတ်လိုက်သည်။

" ကပ်ဘေးထဲမှာတောင်မသေခဲ့တာ အဖေကံကောင်းလို့ဖြစ်မယ် "

ရန်ရှန့်ရုန် ‌လှောင်ရယ်သည်။

" ငါသာ‌ကောင်းချီးပေးခံရရင် ဒီလိုတောင်ဖြစ်မနေဘူး "

ရန်ရိ အတည်အတံ့ပြောသည်။

" ဒီလိုမပြောနဲ့လေ လောင်ရန်၊ အန္တရာယ်ကင်းကင်းနဲ့ အငြိမ်းစားယူနိုင်တာနဲ့တင် ကောင်းချီးပေးခံနေရပါပြီ "

ရန်ရှန့်ရုန် သက်ပြင်းချသည်။

" တစ်ခါတစ်လေ ငါလည်းအရမ်းတွေးမိတယ်။ ငါယမမင်းဆီကများ အသက်တွေအများကြီးကယ်ပေးမိလို့ အပြစ်ပေးတာများလားလို့၊ ဒါပေမယ့်လည်း သူငါ့ကိုဘယ်အချိန်မှခေါ်မလဲ မသိသေးပါဘူးလေ "

ရန်ရိ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

" မျက်နှာမှာရွှေကပ်မထားစမ်းပါနဲ့ လူတွေကနေ့တိုင်းအလုပ်များနေတာ။ ကျွန်တော်ခင်များကိုဂရုစိုက်မှာပါ " ရန်ရိ သုတ်ပြီးတဲ့တံဆိပ်ကိုသူ့‌နေရာသူ ပြန်ထားလိုက်သည်။

[T/N : မျက်နှာမှာရွှေကပ်မထားပါနဲ့ ဆိုတာက အရေမထူပါနဲ့ ခေါင်းမမာပါနဲ့ လို့ပြောတာ ]

" ဟုတ်သား နည်းနည်းခံစားရတာက နောက်လအနည်းငယ်ကြာတော့ chemical plant ရဲ့သူဌေးကလည်း မတော်တဆမှုဖြစ်သွားသေးတယ်မလား?"

" ဟုတ်တယ် အဲ့တာလည်းငါတာဝန်ကျခဲ့တာပဲ အဲ့အချိန်တုန်းက...."

" ခေါင်းဆောင် " အန်တီဝမ်အသံကအခန်းထဲမှထွက်လာသည်။

" အန်တီ ဒီစင်လေး မချင်လို့ ကူပါဦး "

" လာပြီ "

----------

အထွေထွေသန့်ရှင်းရေးတွေပြီးပြီးနောက် ရန်ရိ ရေချိုး၊ မှန်ကြည့်ကာဆံပင်ကို သေသေသပ်သပ်ဖြီးပြီး အဝတ်လဲပြီးနောက် အိမ်မှ ဝိုင်နှစ်ပုလင်းယူကာ ညနေနေမဝင်ခင် အပြင်ထွက်၏။

China World Trade Center [3]  ဆောက်အဦးငယ်တစ်ခုဆီသို့မောင်းသွားလိုက်ပြီး ရင်းနှီး‌နေသည့်အတိုင်း အဆောက်အဦး၏ လျှို့ဝှက်နံပါတ်ဖြင့်ဝင်ကာ ဓာတ်လှေကားဖြင့် ‌အဆောက်အဦး၏အပေါ်ဆုံးသို့သွားသည်။

သူဓာတ်လှေကားမှထွက်သောအခါ အခန်းတံခါးခေါက်လိုက်သည်။

ချောမောသောလူငယ်လေးတစ်ယောက်က တံခါးစောင်းကိုမှီကာ သူ့ကိုအပြုံးဖြင့်ကြည့်လာသည်။

" Alcohol ရောယူခဲ့လား alcohol မပါဘဲနဲ့အခန်းထဲဝင်ခွင့်မရှိဘူးနော် "

ရန်ရိ သူ့လက်ထဲမှအိတ်ကိုမြှောက်ကာ ပါးစပ်နားသို့ဆွဲယူလိုက်သည်။

" ဝိုင်လည်းယူလာတယ် လူလည်းပါတယ် "

နှစ်ယောက် တစ်ဦးကိုတစ်ဦးပြုံးကြည့်နေကြပြီး၊ နောက်တစ်ခဏမှာပင် သူ(ရန်ရိ) အခန်းတွင်းသို့ဆွဲသွင်းခံလိုက်ရတော့၏။

------------

ရန်ရိ နိုးတော့ မိုးလင်းခါစပင်ရှိသေးသည်။

မနေ့ညက သူညနက်တဲ့အထိ ရူးသွပ်ခဲ့ကြပေမယ့် အသိစိတ်နှိုးစက်က ၆ နာရီဝန်းကျင်မှာပင်နှိုး၏။

စခန်းမှာဆို သူတို့‌နေ့တိုင်း မနက်ခင်းဒီလိုအချိန် ထပြေးကြရသည်။

သူနည်းနည်းကြာကြာထပ်အိပ်‌ချင်သေးသည်။ သို့သော်လည်း သူ့မျက်စိကိုပြန်မှိတ်မရတော့။

သူလွယ်လွယ်ပဲ မျက်နှာသစ်ရန်ထကာ ထို့နောက် မနက်စာလုပ်ရန် မီးဖိုထဲသို့သွား၏။

သူမနက်စာနှင့်ပြန်ထွက်လာချိန်မှာတော့ တစ်စုံတစ်ယောက်က နိုးနိုးကြားကြားနဲ့ စားပွဲတွင်ဝင်ထိုင်ကာစောင့်နေလေပြီ။

" မင်းကခွေးနှာခေါင်းလိုပဲ အနံ့ရတာနဲ့နိုးလာတယ် "

ချီရှောင် အကျယ်ကြီးသမ်းလိုက်သည်။

" အစ်ကို့ကြောင့်နိုးသွားတာ "

" အိုး တောင်းပန်ပါတယ် အလျော်အနေနဲ့မင်းဖို့မနက်စာပြင်ထားတယ် "

ချီရှောင်က ခရမ်းရောင်အာလူးစွပ်ပြုတ်ကို ဇွန်းအပြည့်ပါးစပ်ထဲထည့်လိုက်ပြီးနောက် အသက်ရှူရင်းနှင့်ပင်ပြောလာသည်။

" ခွင့်လွှတ်နိုင်တယ် "

ရန်ရိလည်းပဲ ထိုင်ကာစားရင်းနှင့်မေးလိုက်သည်။

" မင်းအခုမှ ဟန်သျန် ကပြန်ရောက်တာလား? အနားယူချိန်ဘယ်လောက်ရှိလဲ? "

ချီရှောင်က လူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက် သူပွဲဦးမထွက်ခင်အတော်ကြာတဲ့အချိန်ကပင် ဘားမှဆုံခဲ့ကြခြင်းဖြစ်၏။

နှစ်တွေအများကြီးထိအောင် သူတို့အဆက်အသွယ်က မပျက်သွားသေး။

" မသိဘူး ပြဇာတ်ကုမ္ပဏီတော့ပြောထားတာရှိတယ်။ ဝင်ရင်ကောင်းမလားတောင်မသိပါဘူး "

ချီရှောင် ဆံပင်ကိုဆွဲဆုပ်လိုက်သည်။

" ဟေး ကျွန်တော်တကယ်ပျင်းတယ်။ အဲ့မှာ မကောင်းတဲ့ဇာတ်အိမ်တွေနဲ့ မကောင်းတဲ့ဇာတ်ဆောင်တွေချည်းပဲ "

" ဖြေး‌ဖြေးလုပ်ပါ၊ မင်းအနှေးနဲ့အမြန် အောင်မြင်လာမှာပါ "

ချီရှောင် ပခုံးတွန့်သည်။

" ဒီလိုနှစ်သိမ့်စကားတွေကြားရတာ ငြီးငွေ့နေပြီ။ ကျွန်တော့်အကြိုက်ပုံစံတွေ အများကြီးရှိတယ်။ ပြီးတော့ ကျွန်တော့်အကျိုးအမြတ်က‌မကြီးဘူး "

သူရန်ရိဘက်သို့ မေးမော့ပြသည်။

" ဟေး အစ်ကိုကအဲ့လိုပုံစံပဲ ရှားပါးတယ်။ ဘယ်လိုလဲ အလုပ်ပြောင်းဖို့အစီအစဉ်မရှိဘူးလား?"

ရန်ရိ ရယ်ကာပြောလိုက်သည်။

" ကိုယ်ကအရမ်းလူကြိုက်များတယ်။ မင်းအလုပ်အားလုံးကိုလုမိမှာမျက်နှာပူလို့ "

" ကျေးဇူးတင်ရမှာလား?"

ချီရှောင်လည်းပဲရယ်သည်။

" အစ်ကို့ကိုမတွေ့တာအရမ်းကြာပြီ ကျွန်တော့်အကြောင်းချည်းပဲပြောနေတာ အစ်ကိုရောဘယ်လိုလဲ? ဘာတွေလုပ်နေလဲ? အခြားအပြောင်းအလဲတွေရှိသေးလား?"

" ကိုယ်က စခန်းမှာပဲအများဆုံးနေဖြစ်တာ ဘာပြောင်းလဲရမလဲ"

ချီရှောင် သူ့ကို‌မျက်မှောင်ကုတ်ကြည့်သည်။

"ဒါမှမဟုတ် ....တစ်ယောက်ယောက်များ တွေ့‌နေပြီလား? "

ရန်ရိ တောင့်သွားသည်။ ပြီးနောက် ပြုံးကာခေါင်းခါသည်။

" ကိုယ့်မှာအချိန်ပိုအနည်းလေးပဲရှိတာ၊ ပြီးတော့ကိုယ့်အဖေကိုလည်း ပြုစုဖို့ရှိသေးတယ်။ ကိုယ့်ပုံမှန်ဘဝမျိုးလည်းမရှိဘဲ ‌တစ်ယောက်ယောက်နဲ့တွေ့ဖို့လည်း အချိန်မရပါဘူး "

ချီရှောင် သက်ပြင်းချသည်။

" ကျွန်တော်ရောပဲ ရုပ်ရှင်ရိုက်တာနဲ့အလုပ်ရှုပ်နေပြီး ချစ်မိဖို့လည်းအချိန်မရှိပါဘူး။ ချစ်တာကလည်းစိတ်လေစရာပါပဲ၊ ငွေရှာဖို့ကပိုအရေးကြီးတယ် "

နှစ်ယောက် အခြားအကြောင်းအရာများပါပြောကြသည်။ ရန်ရိ သူ့နာရီကိုကြည့်ကာပြောလိုက်သည်။

" ကိုယ်ပြန်ရတော့မယ် အဖေနိုးနေလောက်ပြီ "

" အဲ့တာဆို မတားနေတော့ပါဘူး "

ချီရှောင် ရန်ရိအားအနမ်းတစ်ပွင့်ကျဲလိုက်သည်။

" ကျွန်တော်ပြန်မသွားခင် ထျန်ချီ မှာအနည်းဆုံးတစ်လလောက်နေရဦးမယ် "

" အိုကေ နောက်မှတွေ့မယ် "

ရန်ရိ ဖိနပ်စီးကပြန်တော့မည့်ဆဲဆဲ။

ချီရှောင်ရုတ်တရက်အော်ပြောသည်။ " ရန်ရိ "

"အင်း?"

" အစ်ကိုကတကယ်ထင်ပေါ်တယ် " ချီရှောင်သူ့ကိုမျက်စိမှတ်ပြသည်။

" အစ်ကိုက ကျွန်တော့်အကြိုက်ဆုံးပဲ "

ရန်ရိ စိတ်လှုပ်ခတ်သွားပြီးနောက် ထပ်နေချင်စိတ်များဖြစ်လာသည်။ သို့ပေမယ့် နောက်ဆုံး ပြုံးရုံပဲပြုံးကာလှည့်ထွက်ခဲ့၏။

------------------------------------------------

Translator's Notes

1. Cowboy -

2. Chemical plant - မီးလောင်မှုတွေသာဖြစ်ရင် နိုင်ငံအဆင့်ထိ တုန်လှုပ်စရာဖြစ်တတ်တယ်။

3. China World Trade Center - It's so beautiful...

မနှစ်ကထွက်တဲ့ The bravest Chinese firefighter movie ကြည့်ကြည့်ပါ။ အရမ်းကောင်းတယ်။

trailer ထည့်ပေးလိုက်တယ်။

ပြီးတော့ ဒီနေ့အပိုင်းဖတ်ပြီး ဘာလျို့ဝှက်ချက်တွေများသိသွားလဲ ပြောခဲ့ကြဦး။ ကျွ‌န်တော်တော့နှုတ်ပိတ်နေလိုက်တော့မယ်။ အများကြီး ဇာတ်အိမ်က အဓိကအချက်တွေပါတယ်နော်။ သေချာဖတ်။

- Lynx

- 21 10 2020

...............................

[Zawgyi version]

Translator - Lynx | Editor - Kellow

ရန္ရိ သုံးရက္ ခြင့္ရက္တိုယူကာ အနားယူရန္စီစဥ္လိုက္သည္။

သူအိမ္ျပန္ေရာက္ၿပီးေတာ့ မီးသတ္ယူနီေဖာင္းကိုခြၽတ္၍ တီရွပ္ဝတ္၊ ေကာင္းဘြိဳင္ [1] ဦးထုပ္ေဆာင္း၊ super market သို႔သြားကာ သူ႔အေဖ၏အႀကိဳက္ဆုံးအစားအစာမ်ားႏွင့္ ေန႔စဥ္အသုံးအေဆာင္မ်ားကို‌ဝယ္သည္။

သူအိမ္ျပန္လမ္းတြင္ အနည္းငယ္ကားက်ပ္၍ ကားတစ္လွိမ့္ခ်င္းေမာင္းေနရင္းႏွင့္ ဖုန္းေခၚလိုက္သည္။

ခ်ိတ္ဆက္မမိခင္ ဖုန္းအၾကာႀကီးျမည္ေနၿပီး ပ်င္းတိပ်င္းတြဲအသံတစ္ခုက တစ္ဖက္မွထြက္လာသည္။

" Hey "

ရန္ရိ ၿပဳံးကာေျပာလိုက္သည္။

" အမ်ားႀကီးေသာက္ျပန္ၿပီလား?"

" အာ...ဘယ္အခ်ိန္ရွိၿပီလဲ..." ခဏရပ္သြားၿပီး၊

" ဒီမနက္ဘယ္လိုမ်ား တစ္ေယာက္ေယာက္ကိုေခၚရပါ့မလဲ? " အသံက အနည္းငယ္ေလးဆြဲေဆာင္မႈျပည့္ေနသည္။

" မနက္ခင္း ၁၀ နာရီေတာင္ရွိေတာ့မယ္ "

" ကြၽန္ေတာ့္ကို အစ္ကို႔လို မနက္တိုင္း ၆ နာရီဆိုေလ့က်င့္ေရးလုပ္တဲ့သူမ်ားထင္လို႔လား?"

ဖုန္းထဲမွ ေမြ႕ရာေပၚလႈပ္ရွားသံမ်ားၾကားရသည္။

" ဘာလို႔႐ုတ္တရက္ႀကီးေခၚတာလဲ? လြမ္းလို႔လား?"

" အင္း လြမ္းလို႔၊ အလုပ္ရႈပ္ေနလား?"

" တိုက္ဆိုင္လိုက္တာ ကြၽန္ေတာ္လည္းျပန္ေရာက္႐ုံပဲရွိေသး "

ရန္ရိ ၿပဳံးကေျပာသည္။

" မနက္ျဖန္မင္းကို (alcohol) ဝယ္တိုက္မယ္ဆိုရင္ေရာ?"

တစ္ဖက္မွ ရယ္ကာမသဲမကြဲေျပာလာသည္။

" ကြၽန္ေတာ့္အိမ္ကို ဝိုင္ယူလာခဲ့ "

---------

သူအိမ္ျပန္ေရာက္ေတာ့ ကားပါကင္ထိုးၿပီး ပလပ္စတစ္အိတ္ႀကီးႏွစ္လုံးျဖင့္အိမ္သို႔ ေလွ်ာက္သြားလိုက္သည္။

အကြာအေဝးတစ္ခုမွ သူ႔အေဖသူ႔ဆီသို႔ ခ်ိဳင္းေထာက္ျဖင့္လာေနသည္ကိုေတြ႕လိုက္ရၿပီး၊ လမ္းေလွ်ာက္လိုက္တိုင္းမွာ သူ႔(အေဖ) ခႏၶာကိုယ္တစ္ခုလုံး လႈပ္ခါေနသည္။ သို႔ေသာ္လည္း ေျခလွမ္းအက်ယ္ႀကီးလွမ္းရေအာင္ ႐ုန္းကန္ေနဆဲျဖစ္သည္က ရန္ရိကိုထိတ္လန႔္သြားေစသည္။

နာနီက သူ႔(အေဖ) ကိုထိတ္ထိတ္ျပာျပာနဲ႔‌တားခ်င္ေနေသာ္ျငား မတားႏိုင္ေပ။

ရန္ရိ အျမန္ေျပးသြားလိုက္သည္။

" ဘာကိစၥျဖစ္လို႔လဲ?"

" မင္းအေဖက သတိေပးခ်က္အသံၾကားလိုက္တယ္လို႔ေျပာတယ္ အဲ့တာျမန္ျမန္တားပါဦး "

ရန္ရိ အိတ္ေတြကို အန္တီဝမ္အားေပးလိုက္သည္။

" အေဖ ဘာလုပ္ေနတာလဲဗ်ာ! "

ရန္ရွန႔္႐ုန္ သူ႔မ်က္လုံးတန္းတန္းသို႔ တည့္တည့္ၾကည့္သည္။ သူ႔ေဘးနားကလူေတြက မရွိသလို။

သူေအာ္သည္။

" ရဲသား‌ေတြထြက္ၾက ၊ ရဲ‌သားေတြထြက္ၾက "

သူ႔အသံက တုန္ကာ စိတ္လႈပ္ရွားေနသည္။

မီးသတ္စခန္းက သူတို႔အိမ္ရာရဲ႕တစ္ဖက္ျခမ္း၌ပင္ရွိေသာ္ျငား ဒီအကြာေဝးကေန ညနက္သန္းေခါင္မွာပင္ သတိေပးခ်က္သံမၾကားႏိုင္‌။

ရန္ရိ ရန္ရွန႔္႐ုန္ရဲ႕ ပုခုံးမ်ားကိုတင္းၾကပ္စြာ ကိုင္လိုက္သည္။

" အေဖ ၊ အေဖကဒီေန႔ တပ္ဖြဲ႕ကိုဦးေဆာင္‌ေနတာမဟုတ္ဘူး အေဖဒီေန႔တပ္ဖြဲ႕ကိုဦးေဆာင္တာမဟုတ္ဘူးလို႔ ! "

" တပ္သားေတြထြက္မယ္၊ ငါတပ္သားေတြထြက္ေစခ်င္တယ္! "

ရန္ရွန႔္႐ုန္ သူ႔ကိုေဒါသအေလ်ာက္ ျပင္းထန္စြာတြန္းလိုက္ၿပီး ခ်ိဳင္းေထာက္ကိုလက္မလႊတ္ဘဲ စိတ္ဆိုးစြာလႊဲရမ္းသည္။

ခ်ိဳင္းေထာက္ရဲ႕ထိပ္က ရန္ရိေျခဆစ္ကိုမသက္မသာ ႐ိုက္ခတ္လာ၏။

ရန္ရိ နာက်င္စြာေအာ္၍ လႊတ္မေပးရန္ ေတာင့္ခံထားၿပီး သူ႔အေဖကိုျပန္ဆြဲသည္။

" အေဖ တကယ္ပါ ဒီေန႔အေဖတပ္ဖြဲ႕ကိုဦးေဆာင္တာမဟုတ္ဘူး၊ ဒုေခါင္းေဆာင္က ဒီေန႔တာဝန္ယူတာ အိမ္ျပန္ၾကရေအာင္ ျပန္ရေအာင္ေနာ္ ဟုတ္ၿပီလား? "

အိမ္ရာထဲမွ အိမ္နီးခ်င္းမ်ားက ရပ္ကာၾကည့္ၾကသည္။

အန္တီဝမ္က ေဘးမွသက္ျပင္းခ်၏။

ေနာက္ဆုံးေတာ့ ရန္ရိ ေျခေထာက္မွနာက်င္မႈကို‌ သည္းခံကာ သူ႔အေဖအားအိမ္သို႔ ျပန္သယ္သြားသည္။

သူ႔အိမ္က ဓာတ္ေလွကားမရွိေသာ ‌ေခတ္ေဟာင္းပုံစံ အေဆာက္အအုံျဖစ္သည္။ သုံးထပ္မွာတင္မို႔ကံေကာင္းေပမယ့္ ရန္ရိကေတာ့ ေခြၽးအၿပိဳင္းၿပိဳင္းက်ေနဆဲျဖစ္သည္။

တကယ္ေတာ့ သူတို႔မိသားစုက မေဝးတဲ့ေနရာမွာအိမ္တစ္လုံးရွိၿပီး ပတ္ဝန္းက်င္ကလည္းပိုေကာင္းသည္။ သူ႔‌အေမရွိစဥ္က သူတို႔မိသားစုသုံးေယာက္ ထိုေနရာသို႔ေျပာင္းခဲ့ေသာ္လည္း သူ႔အေဖကိုအနီးကပ္ျပဳစုဖို႔ သူ ဒီကိုျပန္ေျပာင္းလာခဲ့သည္။

ရန္ရွန႔္႐ုန္ ကုလားထိုင္ေပၚထိုင္သည္၊ ဆက္ၿပီးေခါင္းမမာေတာ့ဘဲ ျပတင္းေပါက္အျပင္ဘက္သို႔သာ မမွိတ္မသုန္ တိတ္ဆိတ္စြာၾကည့္ေနေတာ့သည္။ ဘာမွမျဖစ္ခဲ့သည့္အလား၊

မေရရာေသာစကားမ်ားကိုေတာ့ ဆက္ကာေရ႐ြတ္ေနဆဲျဖစ္သည္။

ရန္ရိ ဆိုဖာဆီသို႔ ေျခတစ္‌ဖက္ျဖင့္ ခုန္ဆြခုန္ဆြသြားသည္။ သူ႔ေျခဆစ္ကိုၾကည့္ဖို႔အခ်ိန္မရ၊ ဆိုဖာေပၚသာပစ္လွဲထိုင္လိုက္ၿပီး အသက္ကိုသာအျပင္းရႉရသည္။

အန္တီဝမ္က အိုင္အိုဒင္းကိုယူကာေလွ်ာက္လာၿပီး၊ သူ႔ရႉးဖိနပ္ႏွင့္ ေျခအိတ္မ်ားကိုခြၽတ္ရန္ကူညီေပးကာ ေယာင္ေနေသာေျခဆစ္ကိုၾကည့္ရင္း သက္ျပင္းခ်သည္။

" အန္တီ ေဆးလိမ္းဖို႔ကူေပးမယ္ "

ရန္ရိ ဖြဖြညည္းကာ ေျပာလိုက္သည္။

" ေက်းဇူးပါ "

ေဆးလိမ္းၿပီးေတာ့ အန္တီဝမ္ႏႈတ္ဟလာၿပီး ခါးသက္စြာေျပာသည္။

" ေခါင္းေဆာင္ မင္းအေဖအေျခအေနက ပိုပိုဆိုးလာၿပီ အရင္က စိတ္က ပုံမွန္အတိုင္းျဖစ္တဲ့အခ်ိန္မ်ားေပမယ့္ အခုေတာ့.....သတိေကာင္းေကာင္းရွိေနတဲ့အခ်ိန္က နည္း,နည္းလာတယ္ "

ရန္ရိ ေခါင္းၿငိမ့္သည္။

" ကြၽန္ေတာ္သိပါတယ္ "

သူ႔အေဖသည္ ဂုဏ္ယူဖြယ္အလုပ္ကိုလုပ္ၿပီး ဒဏ္ရာေၾကာင့္သာ တပ္မွႏုတ္ထြက္လိုက္ရ၏။

ပင္စင္လစာႏွင့္ ေဆးဝါးအာမခံေၾကးမ်ားကအလြန္ျမင့္ေသာ္လည္း အခ်ိဳ႕ေရာဂါေတြအတြက္ေတာ့ ေငြက တန္ဖိုးမဲ့ေခ်သည္။

" မေန႔ညက.....ေရွာင္ဝမ္သူ႔ကိုေရခ်ိဳးေပးေတာ့ ေရွာင္ဝမ့္ကို ေနာက္လန္ေအာင္ တြန္းထုတ္လိုက္‌ေသးတယ္ "

ရန္ရိ ေတာင့္သြားသည္။

" ေရွာင္ဝမ္ အဆင္ေျပရဲ႕လား? အန္တီ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ့္အေဖ....."

အန္တီဝမ္က သူ႔ဒူးေခါင္းကို သက္သက္သာသာပုတ္သည္။

" ဘာမွမျပင္းထန္ပါဘူး "

ေရွာင္ဝမ္က အန္တီဝမ္ရဲ႕သားျဖစ္သည္။

အေမႏွင့္သားႏွစ္ေယာက္စလုံးက သူ႔အေဖလႈပ္ရွားသြားလာဖို႔ ‌ေန႔ေရာညပါ ဂ႐ုစိုက္ၾကေပးၾကသည္။

ရန္ရိ သူ႔ဆံပင္သူဆြဲလိုက္ရင္း မြန္းၾကပ္မႈႏွင့္ အဆင္မေျပမႈတို႔ခံစားရသည္။

သူမေနႏိုင္ဘဲ ရန္ရွန႔္႐ုန္ကိုလွမ္းၾကည့္လိုက္သည္၊ ထို ယိုင္နဲ႔နဲ႔ခႏၶာကိုယ္၊ မီးခိုးေရာင္ဆံပင္မ်ား၊ အခုထိဆက္ကာတုန္ရီေနဆဲျဖစ္ေသာ ဒူးေပၚမွလက္မ်ား၊ သူဒီလူ‌ေျဖာင့္တန္းစြာ ရပ္ေနသည္ကိုျမင္ခဲ့ဖူးသည္၊ အခုေတာ့ ဒီမွာအဆုံးမသတ္တဲ့ဆုံးရႈံးမႈေတြနဲ႔ ေၾကကြဲဝမ္းနည္း‌မႈမ်ားသာက်န္ရွိေတာ့၏။

" ေခါင္းေဆာင္ မင္းကအရမ္းအလုပ္မ်ားတယ္။ နားရက္ကလည္းနည္းနည္းပဲရွိတယ္ ၿပီးေတာ့ အိမ္မွာမင္းတစ္ေယာက္ပဲက်န္ေတာ့တယ္။ မင္းေတြးၾကည့္ျဖစ္ေသးလား...ဆရာဝန္နဲ႔ သူနာျပဳေတြစနစ္တက်ျပဳစုေစာင့္ေရွာက္ေပးတဲ့ ‌‌ကုသေရးေဂဟာတို႔လိုမ်ိဳး... "

ရန္ရိ ျငင္းဆန္လ်က္ေခါင္းခါသည္။

" ကြၽန္ေတာ္အေဖ့ကို ကုသေရးေဂဟာကိုပို႔မွာမဟုတ္ဘူး ၿပီးေတာ့ သူလည္းမသြားခ်င္ဘူး "

အန္တီဝမ္က မ်က္ႏွာပူပူနဲ႔ေျပာလာသည္။

" အန္တီ မင္းကိုအရင္ကတည္းကေျပာခ်င္ေနတာ၊ ဒါေပမယ့္အခြင့္ေရးမႀကဳံတာနဲ႔ အန္တီ့ေယာက္်ားကပင္စင္ယူေတာ့မယ္။ သူပင္စင္ယူၿပီးတာနဲ႔ အန္တီတို႔ ဇာတိၿမိဳ႕ေလးကိုျပန္ဖို႔စီစဥ္ထားတယ္။ ဒီမွာ အန္တီတို႔ တစ္ဘဝလုံးစာေနဖို႔အတြက္ ေငြမေလာက္ဘူးကြယ္... "

ရန္ရိ တိတ္ဆိတ္‌သြားသည္။

လူနာေစာင့္ေတြအမ်ားႀကီးမွာမွ အန္တီဝမ္နဲ႔ သူ႔သားေလးက အၾကာႀကီးယုံၾကည္စိတ္ခ်ရတဲ့သူေတြ။

သူတို႔အတြက္လစာက ၁၀၀၀၀ ယြမ္ေပမယ့္ သူ႔အေဖကိုဂ႐ုစိုက္ႏိုင္မယ္သာဆို သူေငြအမ်ားႀကီးထပ္သုံးႏိုင္သည္။

အန္တီဝမ္ကေျပာသည္။

" ေတာင္းပန္ပါတယ္ကြယ္ မင္းကအားလုံးေကာင္းၿပီး အန္တီတို႔ကိုလည္းေကာင္းေကာင္းဆက္ဆံေပးတဲ့သူပဲ။ တကယ္ကို မင္းအေဖအတြက္စိုးရိမ္ေပမယ့္ အျခားနည္းလမ္းမရွိေတာ့လို႔ပါ။ အျခားလူရွာဖို႔နဲ႔အဲ့အတြက္စဥ္းစားဖို႔ လအနည္းငယ္ရွိပါေသးတယ္ "

ရန္ရိ အားကိုးမဲ့စြာေျပာလိုက္သည္။

" ရပါတယ္ ေက်းဇူးပါ "

ေန႔လယ္မွာေတာ့ ရန္ရိ သူ႔အေဖရဲ႕အႀကိဳက္ဆုံးဟင္းပြဲအနည္းငယ္ကို ကိုယ္တိုင္ခ်က္သည္။ သို႔ေသာ္ သူ႔အေဖကတစ္လုပ္ေလာက္ေလး စားဖို႔ကိုပင္ျငင္း၏။

ေန႔လယ္ေက်ာ္သြားမွ သူ႐ုတ္တရက္ဆာလာသည္ႏွင့္ ဟင္းပြဲမ်ားကိုအပူျပန္ေပးကာ သူ႔အေဖႏွင့္အတူ ထမင္းတစ္နပ္စားၾကသည္။

သူမၾကာခဏသူ႔ကိုယ္သူ ဝမ္းမနည္းဖို႔၊ ေပ်ာ္ေပ်ာ္ေနဖို႔ အႀကံေပးျဖစ္သည္။ အနည္းဆုံးေတာ့ သူ႔မွာ တစ္‌ခါတစ္ေလ သာမန္အေဖမ်ိဳး ရွိေနႏိုင္ေသးသည္ေလ။

[T/N : ရန္ရွန႔္႐ုန္က တစ္ခါတစ္ေလ ပုံမွန္စိတ္ရွိေပမယ့္ တစ္ခါတစ္ေလက်ေတာ့ စိတ္ကသူ႔သားအ႐ြယ္ေရာက္လာတာကိုေတာင္မမွတ္မိတဲ့အထိ ျဖစ္ပါတယ္ အဲ့တာေၾကာင့္ ပုံမွန္အေဖမ်ိဳးကို တစ္ခါတစ္ေလပဲရတယ္လို႔ေျပာခ်င္တာပါ ]

-----------

သူေနာက္တစ္ေန႔မနက္ အိပ္ရာထေတာ့ ရန္ရွန႔္႐ုန္ အသိစိတ္ျပန္ဝင္ေနၿပီျဖစ္သည္။

တုတ္‌ေကာက္ျဖင့္ပင္ ပန္းပင္မ်ားေရေလာင္းကာ ပါးစပ္မွလည္း သီခ်င္းအနည္းငယ္ညည္းေနေသး၏။

ရန္ရိ အရမ္းေပ်ာ္သြားကာ သူ႔အေဖကို တိုးတိုးေလးသြားေျပာသည္။

" ေလာင္ရန္ ကြၽန္ေတာ့္နားရက္ကရွားေတာ့ အန္တီဝမ္နဲ႔အတူအိမ္သန႔္ရွင္းေရးလုပ္မလားလို႔ အေဖၫႊန္ၾကားေပးမွာလား? ကြၽန္ေတာ္တို႔ဘယ္ေနရာမွာရွင္းရမလဲ "

ရန္ရွန႔္႐ုန္ ‌ညင္သာစြာႏွာေခါင္းရႈံ႕သည္။

" ငါကၫႊန္ၾကားရမွာလား? အရမ္းဆိုးတယ္ မင္းတို႔ကိုယ့္ဘာသာလုပ္ၾက၊ အိုး ငါ့ ေအာင္ျမင္မႈအထိမ္းအမွတ္ေတြနဲ႔ ဆုေတြကိုဂ႐ုစိုက္လုပ္။ "

" မပူပါနဲ႔။ အေဖ့ အခ်စ္ေတာ္ေလးေတြကို ဘယ္သူေ႐ႊ႕ရဲပါ့မလဲ "

အန္တီဝမ္လာသည္ႏွင့္ ႏွစ္ေယာက္အလုပ္စလုပ္ၾကသည္။

ရန္ရိ ေျခေထာက္မ်ားက ေယာင္ေနဆဲ ၊သို႔ေသာ္ဘာမွမျပင္းထန္။ ထို႔ေၾကာင့္ သူေထာ့နဲ႔ေထာ့နဲ႔ႏွင့္ပဲ ၾကမ္းျပင္တံျမက္စည္းလွည္းသည္ ၊ ျပတင္းေပါက္ေတြ သုတ္သည္၊ အမႈိက္မ်ားပစ္သည္။

တစ္မနက္လုံးသန႔္ရွင္းၿပီးေနာက္ အိမ္ကအမ်ားႀကီးပိုသန႔္ရွင္းသြား၏။

ေနာက္ဆုံး ရန္ရိ သန႔္ရွင္းေသာအျဖဴ‌ေရာင္ အဝတ္စုတ္တစ္ခုယူကာ ေရညႇစ္၍ ရန္ရွန႔္႐ုန္၏

" ေအာင္ျမင္မႈနံရံ " ကိုသုတ္ေတာ့သည္။

ထို‌ေအာင္ျမင္မႈနံရံကေတာ့ TV စင္ေပၚ၌ ဆုတံဆိပ္ေတြ၊ ေအာင္ျမင္မႈအထိမ္းအမွတ္ေတြ ၊ ဂုဏ္ထူးေဆာင္ဆုေတြ၊ ႏွစ္သုံးဆယ္ၾကာမီးသတ္သမားေဟာင္းႀကီးရဲ႕ စစ္ျမင္းစံခ်ိန္ကိုမွတ္တမ္းတင္ထားေသာ ‌ေငြက်ပ္ျပားမ်ားျဖင့္ထားရွိျခင္းျဖစ္သည္။

ဆုတံဆိပ္အားလုံး၏ေနာက္ကြယ္၌ စိတ္လႈပ္ရွားဖြယ္ရာ ဇာတ္ေၾကာင္းမ်ားစြာရွိေပဦးမည္။

ရန္ရိ အဝတ္ျဖင့္သုတ္ရင္းႏွင့္ပင္ ရန္ရွန႔္႐ုန္အား ျပန္ေျပာင္းေအာက္ေမ့ေစသည္။

" ဒါက အေဖ တတိယအဆင့္ လႈပ္ရွားမႈလုပ္တုန္းက အစည္းအေဝးႏွစ္ခုကိုကာကြယ္တာ ဟုတ္တယ္မလား?"

" အင္း တတိယအဆင့္ ကာကြယ္ေရးကရတဲ့ တံဆိပ္ "

ရန္ရွန႔္႐ုန္ ေထာ့နဲ႔နဲ႔ျဖင့္ပင္ေလွ်ာက္လာသည္။

" ဒီတံဆိပ္ျပားက အေဖကယ္ခဲ့တဲ့ အမႊာႏွစ္ေယာက္ေၾကာင့္ရတာပဲ "

" ဟုတ္တယ္ ဒီတံဆပ္ျပားေတြက ပုံးထဲထည့္ထားဖို႔ အဓိပၸါယ္ရွိလြန္းလို႔ အနည္းငယ္ေလာက္အျပင္ထုတ္ထားထာ "

ရန္ရိ ၿပဳံးလိုက္သည္။

" ကြၽန္ေတာ္သိတယ္ ဒီမွာရွိတဲ့ဆုတံဆိပ္အားလုံးနီးပါး ေနာက္ကြယ္က ဇာတ္ေၾကာင္းေတြကိုမွတ္မိႏိုင္တယ္ "

သူ႔အေဖရဲ႕ ဂုဏ္က်က္သေရသေကၤတ မ်ားကိုေလးစားအားက်မႈအျပည့္ျဖင့္ ထိလိုက္သည္။ ငယ္ငယ္က သူေလးစားအားက်ခဲ့ရသည္ႏွင့္အလားတူ။

သူငယ္စဥ္ကတည္းကပင္ သူ႔အေဖကိုသူရဲေကာင္းမီးသတ္သမား တစ္ေယာက္အေနနဲ႔ ေလးစားအားက်ခဲ့သည္။

ထို႔ေၾကာင့္ သူအေမရဲ႕ကန႔္ကြက္ခ်က္ကိုဆန႔္က်င္ကာ သူ႔အေဖေျခရာကို တြန႔္ဆုတ္ျခင္းမရွိဘဲလိုက္ခဲ့သည္။

ယေန႔ထိ ဒီအလုပ္ကဘယ္ေလာက္ပဲခက္ခဲပါေစ၊ ဒီအလုပ္ကဘယ္ေလာက္ပဲ ပင္ပန္းၿပီးအႏၲရာယ္မ်ားစမ္းပါေစ သူဘယ္ေတာ့မွေနာင္တမရ။

" ဒါကအေဖရဲ႕ ဒုတိယတန္း ဂုဏ္ျပဳတံဆိပ္ " ရန္ရိ တံဆိပ္ျပားကိုယူလိုက္သည္။

" Chemical plant [2] ေပါက္ကြဲတဲ့မေတာ္တဆမႈ "

ရန္ရွန႔္႐ုန္ ေခါင္းညိတ္သည္။

" 18 ႏွစ္ေတာင္ရွိၿပီ ၊ အဲ့တာကငါ့ဘဝမွာေသဖို႔အနီးကပ္ဆုံးပဲ ဒါကႏိုင္ငံတုန္လႈပ္မႈထိျဖစ္ခဲ့တဲ့ အဓိကမေတာ္တဆမႈႀကီး "

ရန္ရိ ထိုအေၾကာင္းကို ရွင္းရွင္းလင္းလင္းမွတ္မိသည္။ သူမွတ္မိသည္၊ ရန္ရွန႔္႐ုန္ ရွစ္ရက္ၾကာ သူအပ်က္အစီးေတြၾကားပိတ္မိေနတုန္း အက်ိဳးအပဲ့ေတြေအာက္မွာ တပ္သားတစ္ေယာက္နဲ႔ အလုပ္သမား ႏွစ္ေယာက္ကိုကယ္ဆယ္ခဲ့ေၾကာင္း။

ထိုႏွစ္က သူ႔အသက္ ဆယ့္တစ္ႏွစ္ ဆယ့္ႏွစ္ႏွစ္ေလာက္သာရွိမည္။ ထိုအျဖစ္အပ်က္ ရွစ္ရက္အတြင္း သူ႔အေမနဲ႔ေနေနခ်ိန္မွာ

" ႏွစ္ေပါင္းမ်ားစြာၾကာေနရသကဲ့သို႔ " ဆိုသည္ကို တကယ္လက္ေတြ႕ခံစားခဲ့ရသည္။

" လူေပါင္းရာေက်ာ္ေသခဲ့တယ္ " ရန္ရွန႔္႐ုန္ရဲ႕ အမူအရာကအနည္းငယ္ဝမ္းနည္းေနသည္။ သူ၏ မီးေလာင္ေသဆုံးခဲ့ရသည့္ တပ္ဖြဲ႕သားကိုေတြးေနျခင္းျဖစ္ရမည္။

ရန္ရိ ဆုတံဆိပ္ကို ဂ႐ုတစိုက္သန႔္ရွင္းေအာင္သုတ္လိုက္သည္။

" ကပ္ေဘးထဲမွာေတာင္မေသခဲ့တာ အေဖကံေကာင္းလို႔ျဖစ္မယ္ "

ရန္ရွန႔္႐ုန္ ‌ေလွာင္ရယ္သည္။

" ငါသာ‌ေကာင္းခ်ီးေပးခံရရင္ ဒီလိုေတာင္ျဖစ္မေနဘူး "

ရန္ရိ အတည္အတံ့ေျပာသည္။

" ဒီလိုမေျပာနဲ႔ေလ ေလာင္ရန္၊ အႏၲရာယ္ကင္းကင္းနဲ႔ အၿငိမ္းစားယူႏိုင္တာနဲ႔တင္ ေကာင္းခ်ီးေပးခံေနရပါၿပီ "

ရန္ရွန႔္႐ုန္ သက္ျပင္းခ်သည္။

" တစ္ခါတစ္ေလ ငါလည္းအရမ္းေတြးမိတယ္။ ငါယမမင္းဆီကမ်ား အသက္ေတြအမ်ားႀကီးကယ္ေပးမိလို႔ အျပစ္ေပးတာမ်ားလားလို႔၊ ဒါေပမယ့္လည္း သူငါ့ကိုဘယ္အခ်ိန္မွေခၚမလဲ မသိေသးပါဘူးေလ "

ရန္ရိ ညစ္က်ယ္က်ယ္ၿပဳံးလိုက္သည္။

" မ်က္ႏွာမွာေ႐ႊကပ္မထားစမ္းပါနဲ႔ လူေတြကေန႔တိုင္းအလုပ္မ်ားေနတာ။ ကြၽန္ေတာ္ခင္မ်ားကိုဂ႐ုစိုက္မွာပါ " ရန္ရိ သုတ္ၿပီးတဲ့တံဆိပ္ကိုသူ႔‌ေနရာသူ ျပန္ထားလိုက္သည္။

[T/N : မ်က္ႏွာမွာေ႐ႊကပ္မထားပါနဲ႔ ဆိုတာက အေရမထူပါနဲ႔ ေခါင္းမမာပါနဲ႔ လို႔ေျပာတာ ]

" ဟုတ္သား နည္းနည္းခံစားရတာက ေနာက္လအနည္းငယ္ၾကာေတာ့ chemical plant ရဲ႕သူေဌးကလည္း မေတာ္တဆမႈျဖစ္သြားေသးတယ္မလား?"

" ဟုတ္တယ္ အဲ့တာလည္းငါတာဝန္က်ခဲ့တာပဲ အဲ့အခ်ိန္တုန္းက...."

" ေခါင္းေဆာင္ " အန္တီဝမ္အသံကအခန္းထဲမွထြက္လာသည္။

" အန္တီ ဒီစင္ေလး မခ်င္လို႔ ကူပါဦး "

" လာၿပီ "

----------

အေထြေထြသန႔္ရွင္းေရးေတြၿပီးၿပီးေနာက္ ရန္ရိ ေရခ်ိဳး၊ မွန္ၾကည့္ကာဆံပင္ကို ေသေသသပ္သပ္ၿဖီးၿပီး အဝတ္လဲၿပီးေနာက္ အိမ္မွ ဝိုင္ႏွစ္ပုလင္းယူကာ ညေနေနမဝင္ခင္ အျပင္ထြက္၏။

China World Trade Center [3]  ေဆာက္အဦးငယ္တစ္ခုဆီသို႔ေမာင္းသြားလိုက္ၿပီး ရင္းႏွီး‌ေနသည့္အတိုင္း အေဆာက္အဦး၏ လွ်ိဳ႕ဝွက္နံပါတ္ျဖင့္ဝင္ကာ ဓာတ္ေလွကားျဖင့္ ‌အေဆာက္အဦး၏အေပၚဆုံးသို႔သြားသည္။

သူဓာတ္ေလွကားမွထြက္ေသာအခါ အခန္းတံခါးေခါက္လိုက္သည္။

ေခ်ာေမာေသာလူငယ္ေလးတစ္ေယာက္က တံခါးေစာင္းကိုမွီကာ သူ႔ကိုအၿပဳံးျဖင့္ၾကည့္လာသည္။

" Alcohol ေရာယူခဲ့လား alcohol မပါဘဲနဲ႔အခန္းထဲဝင္ခြင့္မရွိဘူးေနာ္ "

ရန္ရိ သူ႔လက္ထဲမွအိတ္ကိုေျမႇာက္ကာ ပါးစပ္နားသို႔ဆြဲယူလိုက္သည္။

" ဝိုင္လည္းယူလာတယ္ လူလည္းပါတယ္ "

ႏွစ္ေယာက္ တစ္ဦးကိုတစ္ဦးၿပဳံးၾကည့္ေနၾကၿပီး၊ ေနာက္တစ္ခဏမွာပင္ သူ(ရန္ရိ) အခန္းတြင္းသို႔ဆြဲသြင္းခံလိုက္ရေတာ့၏။

------------

ရန္ရိ ႏိုးေတာ့ မိုးလင္းခါစပင္ရွိေသးသည္။

မေန႔ညက သူညနက္တဲ့အထိ ႐ူးသြပ္ခဲ့ၾကေပမယ့္ အသိစိတ္ႏႈိးစက္က ၆ နာရီဝန္းက်င္မွာပင္ႏႈိး၏။

စခန္းမွာဆို သူတို႔‌ေန႔တိုင္း မနက္ခင္းဒီလိုအခ်ိန္ ထေျပးၾကရသည္။

သူနည္းနည္းၾကာၾကာထပ္အိပ္‌ခ်င္ေသးသည္။ သို႔ေသာ္လည္း သူ႔မ်က္စိကိုျပန္မွိတ္မရေတာ့။

သူလြယ္လြယ္ပဲ မ်က္ႏွာသစ္ရန္ထကာ ထို႔ေနာက္ မနက္စာလုပ္ရန္ မီးဖိုထဲသို႔သြား၏။

သူမနက္စာႏွင့္ျပန္ထြက္လာခ်ိန္မွာေတာ့ တစ္စုံတစ္ေယာက္က ႏိုးႏိုးၾကားၾကားနဲ႔ စားပြဲတြင္ဝင္ထိုင္ကာေစာင့္ေနေလၿပီ။

" မင္းကေခြးႏွာေခါင္းလိုပဲ အနံ႔ရတာနဲ႔ႏိုးလာတယ္ "

ခ်ီေရွာင္ အက်ယ္ႀကီးသမ္းလိုက္သည္။

" အစ္ကို႔ေၾကာင့္ႏိုးသြားတာ "

" အိုး ေတာင္းပန္ပါတယ္ အေလ်ာ္အေနနဲ႔မင္းဖို႔မနက္စာျပင္ထားတယ္ "

ခ်ီေရွာင္က ခရမ္းေရာင္အာလူးစြပ္ျပဳတ္ကို ဇြန္းအျပည့္ပါးစပ္ထဲထည့္လိုက္ၿပီးေနာက္ အသက္ရႉရင္းႏွင့္ပင္ေျပာလာသည္။

" ခြင့္လႊတ္ႏိုင္တယ္ "

ရန္ရိလည္းပဲ ထိုင္ကာစားရင္းႏွင့္ေမးလိုက္သည္။

" မင္းအခုမွ ဟန္သ်န္ ကျပန္ေရာက္တာလား? အနားယူခ်ိန္ဘယ္ေလာက္ရွိလဲ? "

ခ်ီေရွာင္က လူငယ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္ သူပြဲဦးမထြက္ခင္အေတာ္ၾကာတဲ့အခ်ိန္ကပင္ ဘားမွဆုံခဲ့ၾကျခင္းျဖစ္၏။

ႏွစ္ေတြအမ်ားႀကီးထိေအာင္ သူတို႔အဆက္အသြယ္က မပ်က္သြားေသး။

" မသိဘူး ျပဇာတ္ကုမၸဏီေတာ့ေျပာထားတာရွိတယ္။ ဝင္ရင္ေကာင္းမလားေတာင္မသိပါဘူး "

ခ်ီေရွာင္ ဆံပင္ကိုဆြဲဆုပ္လိုက္သည္။

" ေဟး ကြၽန္ေတာ္တကယ္ပ်င္းတယ္။ အဲ့မွာ မေကာင္းတဲ့ဇာတ္အိမ္ေတြနဲ႔ မေကာင္းတဲ့ဇာတ္ေဆာင္ေတြခ်ည္းပဲ "

" ေျဖး‌ေျဖးလုပ္ပါ၊ မင္းအေႏွးနဲ႔အျမန္ ေအာင္ျမင္လာမွာပါ "

ခ်ီေရွာင္ ပခုံးတြန႔္သည္။

" ဒီလိုႏွစ္သိမ့္စကားေတြၾကားရတာ ၿငီးေငြ႕ေနၿပီ။ ကြၽန္ေတာ့္အႀကိဳက္ပုံစံေတြ အမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္အက်ိဳးအျမတ္က‌မႀကီးဘူး "

သူရန္ရိဘက္သို႔ ေမးေမာ့ျပသည္။

" ေဟး အစ္ကိုကအဲ့လိုပုံစံပဲ ရွားပါးတယ္။ ဘယ္လိုလဲ အလုပ္ေျပာင္းဖို႔အစီအစဥ္မရွိဘူးလား?"

ရန္ရိ ရယ္ကာေျပာလိုက္သည္။

" ကိုယ္ကအရမ္းလူႀကိဳက္မ်ားတယ္။ မင္းအလုပ္အားလုံးကိုလုမိမွာမ်က္ႏွာပူလို႔ "

" ေက်းဇူးတင္ရမွာလား?"

ခ်ီေရွာင္လည္းပဲရယ္သည္။

" အစ္ကို႔ကိုမေတြ႕တာအရမ္းၾကာၿပီ ကြၽန္ေတာ့္အေၾကာင္းခ်ည္းပဲေျပာေနတာ အစ္ကိုေရာဘယ္လိုလဲ? ဘာေတြလုပ္ေနလဲ? အျခားအေျပာင္းအလဲေတြရွိေသးလား?"

" ကိုယ္က စခန္းမွာပဲအမ်ားဆုံးေနျဖစ္တာ ဘာေျပာင္းလဲရမလဲ"

ခ်ီေရွာင္ သူ႔ကို‌မ်က္ေမွာင္ကုတ္ၾကည့္သည္။

"ဒါမွမဟုတ္ ....တစ္ေယာက္ေယာက္မ်ား ေတြ႕‌ေနၿပီလား? "

ရန္ရိ ေတာင့္သြားသည္။ ၿပီးေနာက္ ၿပဳံးကာေခါင္းခါသည္။

" ကိုယ့္မွာအခ်ိန္ပိုအနည္းေလးပဲရွိတာ၊ ၿပီးေတာ့ကိုယ့္အေဖကိုလည္း ျပဳစုဖို႔ရွိေသးတယ္။ ကိုယ့္ပုံမွန္ဘဝမ်ိဳးလည္းမရွိဘဲ ‌တစ္ေယာက္ေယာက္နဲ႔ေတြ႕ဖို႔လည္း အခ်ိန္မရပါဘူး "

ခ်ီေရွာင္ သက္ျပင္းခ်သည္။

" ကြၽန္ေတာ္ေရာပဲ ႐ုပ္ရွင္႐ိုက္တာနဲ႔အလုပ္ရႈပ္ေနၿပီး ခ်စ္မိဖို႔လည္းအခ်ိန္မရွိပါဘူး။ ခ်စ္တာကလည္းစိတ္ေလစရာပါပဲ၊ ေငြရွာဖို႔ကပိုအေရးႀကီးတယ္ "

ႏွစ္ေယာက္ အျခားအေၾကာင္းအရာမ်ားပါေျပာၾကသည္။ ရန္ရိ သူ႔နာရီကိုၾကည့္ကာေျပာလိုက္သည္။

" ကိုယ္ျပန္ရေတာ့မယ္ အေဖႏိုးေနေလာက္ၿပီ "

" အဲ့တာဆို မတားေနေတာ့ပါဘူး "

ခ်ီေရွာင္ ရန္ရိအားအနမ္းတစ္ပြင့္က်ဲလိုက္သည္။

" ကြၽန္ေတာ္ျပန္မသြားခင္ ထ်န္ခ်ီ မွာအနည္းဆုံးတစ္လေလာက္ေနရဦးမယ္ "

" အိုေက ေနာက္မွေတြ႕မယ္ "

ရန္ရိ ဖိနပ္စီးကျပန္ေတာ့မည့္ဆဲဆဲ။

ခ်ီေရွာင္႐ုတ္တရက္ေအာ္ေျပာသည္။ " ရန္ရိ "

"အင္း?"

" အစ္ကိုကတကယ္ထင္ေပၚတယ္ " ခ်ီေရွာင္သူ႔ကိုမ်က္စိမွတ္ျပသည္။

" အစ္ကိုက ကြၽန္ေတာ့္အႀကိဳက္ဆုံးပဲ "

ရန္ရိ စိတ္လႈပ္ခတ္သြားၿပီးေနာက္ ထပ္ေနခ်င္စိတ္မ်ားျဖစ္လာသည္။ သို႔ေပမယ့္ ေနာက္ဆုံး ၿပဳံး႐ုံပဲၿပဳံးကာလွည့္ထြက္ခဲ့၏။

------------------------------------------------

Translator's Notes

1. Cowboy -

2. Chemical plant - မီးေလာင္မႈေတြသာျဖစ္ရင္ ႏိုင္ငံအဆင့္ထိ တုန္လႈပ္စရာျဖစ္တတ္တယ္။

3. China World Trade Center - It's so beautiful...

မႏွစ္ကထြက္တဲ့ The bravest Chinese firefighter movie ၾကည့္ၾကည့္ပါ။ အရမ္းေကာင္းတယ္။

trailer ထည့္ေပးလိုက္တယ္။

ၿပီးေတာ့ ဒီေန႔အပိုင္းဖတ္ၿပီး ဘာလ်ိဳ႕ဝွက္ခ်က္ေတြမ်ားသိသြားလဲ ေျပာခဲ့ၾကဦး။ ကြၽ‌န္ေတာ္ေတာ့ႏႈတ္ပိတ္ေနလိုက္ေတာ့မယ္။ အမ်ားႀကီး ဇာတ္အိမ္က အဓိကအခ်က္ေတြပါတယ္ေနာ္။ ေသခ်ာဖတ္။

- Lynx

- 21 10 2020