webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 56

Wed, Aug 18, 2021

{ Unicode }

ချိုးယန် စီးကရက်တစ်လိပ်သောက်ရင်း ငြိမ်ကျသွားသည်။

သူငြိမ်နေတာက ရန်ရိကို အလွန်မနေတတ်မထိုင်တတ်ဖြစ်စေသည်။ ကုံးရင့်ရှန် ချိုးယန်အပေါ်ဆက်ဆံတဲ့ အပြုအမူက ပုံမှန်မဟုတ်တာပဲ သူမြင်နိုင်ပေမယ့် ချိုးယန် ကုံးရင့်ရှန်ကို ဘယ်လိုမြင်လဲဆိုတာတော့ သူမသိ။ သူလည်း ဒီမေး‌ခွန်းကို အချိန်တိုင်း ရှောင်နေခဲ့သည်။ တကယ်လို့ သူလည်းကြိုက်နေရင်ရော.....

ချိုးယန် ရန်ရိကိုကြည့်ပြီး သက်ပြင်းဖွဖွချသည်။

" ကျွန်မမှာ လိင်ခွဲခြားတာမျိုးမရှိဘူး၊ ပြီးတော့ ရှင့်ကိုလည်း မပိုးပန်းချင်ဘူး၊ ဒါပေမယ့် ဒီစိတ်ကူးကိုလက်‌လျှော့ဖို့ အကြံပေးချင်တယ် "

ရန်ရိ ချိုးယန်ကို မျက်တောင်ခတ်ပြီး ကြည့်လိုက်သည်။

" ခေါင်းဆောင်ရန်၊ ရှင်က လေးစားထိုက်တဲ့ လူကောင်းတစ်ယောက်ပါ၊ ရင့်ရှန်ရော ကျွန်မရော ရှင့်ကိုသူငယ်ချင်းလို သဘောထားတယ်၊ အထူးသဖြင့် ရင့်ရှန်ပေါ့၊ သူရှင့်ကို အရမ်းယုံကြည်တယ်၊ ရှင်သူ့ကို ဘယ်လိုတွေးတယ်ဆိုတာသာ သူသိသွားရင် သူ..."

ချိုးယန်ကြည့်ရတာ ထုတ်ပြောဖို့ ခက်နေပုံရသည်။

ရန်ရိ အလေးအနက်မထားဘဲ ခေါင်းညိတ်လိုက်သည်။ သူကောင်းကောင်းမသိတဲ့လူတစ်ယောက်ရှေ့မှာ " ချစ်ဖို့ဆုံးဖြတ်လိုက်တာ " ကိုကျိန်ဆိုဖို့ သူ့မှာဆန္ဒမရှိ။ အဲ့တာက အရမ်းညံ့ဖျင်းလွန်းတယ်။ သူ ချိုးယန်ရည်ရွယ်ချက်ကိုရော ဘယ်လိုတွေးလဲဆိုတာကိုပါ ဂရုမစိုက်ဘူး။ သူ့ကြိုက်နှစ်သက်မှုက သူ့ကိစ္စပဲ။ ချိုးယန် မပြောလာရင်တောင် သူ့မှာ သူနဲ့ကုံးရင့်ရှန်ကြားက ရင်းနှီးမှုကို ပြောင်းလဲဖို့ ရည်ရွယ်ချက်မရှိ။

ချိုးယန် သူ့အမူအရာကိုကြည့်လိုက်တော့ ဝတ်ကျေတန်းကျေနိုင်တာ သိသည်။ သူရန်ရိမျက်‌လုံးတွေကို စိုက်ကြည့်ရင်း အလေးအနက်ထားပြောလိုက်သည်။

" ကျွန်မ ပူညံပူညံလုပ်တယ် ဒါမှမဟုတ် အခြားတစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်မျိုးရှိတယ်လို့ ရှင်ထင်နိုင်ပေမယ့် အဲ့လိုမဟုတ်ဘူး၊ ကျွန်မ ရှင်ကောင်းဖို့အတွက်ပဲပြောတာ၊ ရှင်မသိတဲ့ ကိစ္စတစ်ခုရှိတယ်၊ ရင့်ရှန် လူပျိုဖြစ်ကာစအချိန်အတွင်း စော်ကားခံရဖူးတယ် "

ရန်ရိ တောင့်ခဲသွားပြီး

" သူ သူက...."

" သူဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု မသိသာဘူး၊ အရှေ့တိုင်းသား ဖြစ်ခဲ့တာကြောင့် ကျောင်းမှာ မကြာခဏဆိုသလို ယောက်ျားလေးတွေ စော်ကားတာခံရတယ်၊ နှစ်တစ်ဝက်လောက်ထိ အသတ်လတ်ပိုင်းလူကြီးတစ်ယောက် နောက်ကလိုက်ပြီး ဓာတ်ပုံ‌ချောင်းရိုက်ခံခဲ့ရတယ်၊ ပြန်ပေးဆွဲဖို့တောင် ကြိုးစားခဲ့သေးတာ "

ရန်ရိ မျက်နှာအရောင်ပြောင်းသွားသည်။

" အဲ့ဒီ့လူကို ဖမ်းမိလိုက်လား? "

" မိတယ်၊ ကလေးသူငယ်စော်ကားမှုရာဇဝင်ရှိတဲ့သူပဲ၊ ပြီးတော့ အခုချိန်ထိမလွတ်သေးဘူး "

ချိုးယန်က ခေါင်းခါသည်။

" ကံကောင်းလို့ ရင့်ရှန်ကလေးဘဝကတည်းက ကိုယ်ခံပညာလေ့ကျင့်ထားတယ်၊ သူ့ကိုစော်ကားတဲ့ယောက်ျားလေးတွေအများကြီး သူ့လက်ချက်နဲ့ ဆေးရုံပို့ရတာ၊ သူအဲ့ဒီ့ကိစ္စတွေကြောင့် ကျောင်းလေးကြိမ်ပြောင်းခဲ့ရတယ်၊ တက္ကသိုလ်တက်မှပဲ ပိုအဆင်ပြေလာတာ၊ သူအဲ့တာကြောင့် 'တစ်ယောက်တည်းနေတာပဲ'၊ ကလေးဘဝကကိစ္စနဲ့အပြင် လူပျိုဖြစ်ကာစအရွယ်နဲ့လည်း သက်ဆိုင်နေတယ် "

ရန်ရိ အသက်ဝဝရှူပြီး ခြေတွေ၊ လက်တွေအေး‌လာသလို ခံစားရကာ တည့်တည့်ပြုတ်ကျသွားသလို အထင်မှားမိသည်။

" အဲ့တော့ ရှင်မြင်တဲ့အတိုင်း သူဒီလိုလူ့အဖွဲ့အစည်းကို အော့နှလုံးနာပြီး စက်ဆုပ်ရွံရှာတယ် "

ချိုးယန်က မျက်နှာပူပူနဲ့ပြောလာသည်။

" ခေါင်းဆောင်ရန်၊ ကျွန်မရှင့်ကို စိတ်ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး၊ အားလုံးကိုမှားတယ်လို့ ယူဆတာလည်း မှားတယ်၊ ဒါပေမယ့် ရင့်ရှန်မှာဒီလိုအရိပ်ဆိုးကြီး‌ရှိနေတာပဲ၊ သူ့ကို အပြစ်တင်လို့မရဘူး "

ရန်ရိ ဟန်ဆောင်ပြီးပြုံးလိုက်သော်လည်း သူ့အပြုံးကတော့ အခက်အခဲကို ဖုံးကွယ်မရပေ။

" ခေါင်းဆောင်ချိုး မစိုးရိမ်ပါနဲ့၊ ကျွန်တော် သူ့အတွက် ခံစားချက်ကောင်းတွေရှိရုံပါပဲ၊ ကျွန်တော် ဒီအသက်အရွယ်နဲ့ ကိုယ့်ခံစားချက်ကိုယ် ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်၊ သူ...."

ရန်ရိ နှလုံးသားကနာကျင်မှုကို ခံစားလိုက်ရသည်။

" သူ ဘယ်တော့မှ သိမှာမဟုတ်ဘူး "

ချိုးယန် ခေါင်းညိတ်ပြီး ရန်ရိကို အားတုံ့အားနာနဲ့ကြည့်လိုက်သည်။

" အဲ့တာဆို ကျွန်မဌာနခွဲအရင် ပြန်လိုက်ဦးမယ်၊ ကျွန်မတို့ ကျိုးချွမ်းနဲ့ ဖုန်ဖေးကို စစ်ဆေးနေတာ၊ ရှင်ပြီးသွားရင် လာနားထောင်လို့ရတယ်နော် "

" အိုကေ ကျွန်တော်ခဏနေ လာခဲ့မယ် "

ချိုးယန်ထွက်သွားပြီးတော့ ရန်ရိ လက်ရန်းမှာ နွမ်းနယ်စွာမှီရင်း ကောင်းကင်ကိုမော့ကြည့်ကာ အသံတိတ်သက်ပြင်းချမိသည်။

ကုံးရင့်ရှန်လူငယ်ဘဝတုန်းက ဒါတွေကြုံတွေ့ခဲ့ရမှန်း သူမထင်ထားမိခဲ့။ အဲ့ဒီ့အကြောင်း နားထောင်ရုံနဲ့တင် ဦး‌ရေပြားကို ထုံကျဉ်သွားစေသည်။ ချိုးယန်မှန်တယ်၊ ဒီလိုအတွေ့အကြုံမျိုး ရင်ဆိုင်ခဲ့ရတော့ တစ်ဖွဲ့လုံးကို မမုန်းဖို့ဆိုတာ မဖြစ်နိုင်။

ကုံးရင့်ရှန်သာ သူ့အတွေးတွေကိုသိရင် သူ့ကို ကွယ်ဝှက်ထားတဲ့ရည်ရွယ်ချက်နဲ့ ချဉ်းကပ်နေတယ်လို့များ ထင်သွားမလား?

ရန်ရိ ဖုံးကွယ်ထားရတဲ့အကြောင်းရင်းက ကုံးရင့်ရှန်ယုံကြည်မှုကို စိတ်မပျက်စေချင်လို့ဆိုတာ လုံးဝသေချာသည်။ ပြီးတော့ သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးကို မပျက်စီးသွားစေချင်။ ဘာလို့ဆို သူ့မှာ ကုံးရင့်ရှန်သူ့ကို ရိုးရိုးသားသားနဲ့ သူငယ်ချင်းတစ်ယောက်လို သဘောထားတယ်ဆိုတဲ့ ထင်မြင်ချက်ရှိနေသောကြောင့်ပင်။ အခု ချိုးယန်စကားတွေက ဒီအချက်ကို ပိုပြီးတောင်သက်သေတည်သွားစေ၏။

သူကလေးဘဝကတည်းက ထင်ပေါ်ကျော်ကြားခဲ့ပြီး ချစ်သူရဖို့လည်းလွယ်တော့ တစ်ခါမှ တိတ်တခိုးမချစ်ခဲ့ဖူးချေ။ သူတစ်ယောက်ယောက်ကို တကယ်ကြိုက်ရင် ဖော်ပြဖို့၊ လိုက်ဖို့လည်း သတ္တိမနည်း။ သို့သော်ငြား သူတစ်ယောက်တည်း ကုံးရင့်ရှန်ကို ပေးမသိရဲတာက မျက်နှာ၊ ဂုဏ်ထူးတွေနဲ့ဘာမှမသက်ဆိုင်ကြောင်း၊ သူ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးလေးကိုသာ မြတ်နိုးတန်ဖိုးထားကြောင်း၊ ကုံးရင့်ရှန်မျက်နှာပေါ်မှာ သူ့အတွက်ဖြစ်တည်လာမယ့် ရွံရှာစိတ်ပျက်မှုကို မမြင်ချင်တာသာဖြစ်ကြောင်း။ သူကုံး‌ရင့်ရှန်ကိုသိစေချင်တာက သူ ကုံးရင့်ရှန်လိုအပ်တဲ့ မှီခိုအားထားနိုင်တဲ့ သူငယ်ချင်းသာဖြစ်လိုကြောင်း။

အဲ့တာကြောင့် သူ့ဆန္ဒတွေအားလုံးကို နှလုံးသားထဲမှာပဲ သိမ်းထားမယ်၊ အမြဲတမ်း ကုံးရင့်ရှန်ရဲ့ သူငယ်ချင်းပဲဖြစ်ပေးမယ်၊ ပြီးတော့ သူကုံးရင့်ရှန်အတွက် လုပ်ပေးနိုင်တာမှန်သမျှ ‌လုပ်ပေးမယ်။

ကုံးရင့်ရှန်နဲ့ သူငယ်ချင်းဖြစ်ရုံတင်ပဲ လုံလောက်ပါပြီ။

=======

ရန်ရိ အောက်ဆင်းပြီး စွန်းတင့်ရိကို စခန်းမပြန်ခင် နောက်ဆက်တွဲကိစ္စကောင်းကောင်းလုပ်ဖို့ပြောပြီး သူကတော့ ဟုန်းဝူဌာနခွဲသို့ တန်းတန်းသွားလိုက်သည်။

အဆောက်အဦးပေါ်က ခုန်ချမယ့်အဖိုးကြီးကို ဆေးရုံတင်ဖို့လုပ်ထားပေမယ့် လူနာတင်ကားလာတော့ ပိုက်ဆံကုန်မှာကြောက်ပြီး ဆေးရုံသွားဖို့ငြင်းသည်။ အခုတော့ သူရဲစခန်းဧည့်ဌာနမှာ အော်နေဆဲ‌ဖြစ်ပြီး ရန်ရိဝင်သွားလိုက်တော့ သူ့သားကို လက်ထိပ်ခတ်ထားပြီးဖြစ်သည်။

ချိုးယန်က အေးစက်စက်ပြောလိုက်သည်။

" လူကြီးမင်းကောင်း ဒီမှာရှိတဲ့ ရဲအရာရှိတွေကို ဆက်ပြီးနှောင့်ယှက်နေဦးမယ်ဆိုရင် ဦးလေးကိုပါ ဖမ်းရလိမ့်မယ်၊ ကျွန်မပြောရင်ပြောသလိုလုပ်တယ် "

အဖိုးကြီးက ‌အော်ဟစ်သည်။

" လုပ်ရဲတယ်ပေါ့၊ ငါ့သားကိုလွှတ်ပေးစမ်း! "

" အဖေ၊ အဖေကအသက်ကြီးပြီး သူတို့အဖေ့ကို မဖမ်းရဲဘူး၊ သူတို့အဖေ့ကိုဖမ်းချင်ရင် အဆောက်အဦးပေါ်က ခုန်ချပစ်! "

သူ့သားက အော်သည်။

ရန်ရိသူ့ကို အထင်သေးသလိုကြည့်လိုက်ပြီး မတတ်နိုင်ဘဲ ‌ဆဲလိုက်သည်။

" ခင်များကတကယ်ကို ညံ့ဖျင်းပြီး ဝတ္တရားမကျေတဲ့ အမှိုက်ပဲ၊ ကိုယ့်ဝမ်းကွဲက အိမ်ကိုလောဘတတ်ပြီး လိုချင်တာထည့်မတွက်ရင်တောင် ကိုယ့်အဖေကိုမျက်နှာခံပြီး ခင်များကလိမ်ကကျစ်ကျဖို့ အသက်စွန့်ခိုင်းတယ်၊ ဒီနေ့ခင်များ လက်ထိပ်ကလွဲပြီး ဘာရနိုင်ဦးမှာလဲ? "

" မင်း မင်းဘယ်သူလဲ! မင်းနဲ့ဘာဆိုင်လဲ! "

ရန်ရိ ပြောလိုက်သည်။

" ခေါင်းဆောင်ချိုး၊ ဒီဦးလေးက အသက် ၇၀ အောက်ရှိတယ်၊ အဲ့တော့ ဖမ်းလို့ရသေးတယ် "

ချိုးယန်လက်ပိုက်လိုက်ရင်း အေးစက်စက်ပြုံးသည်။

" ဟုတ်တယ် "

" အဲ့တာဆို သူတို့နဲ့ အရေးမပါတာတွေပြောမနေတော့နဲ့၊ ဖမ်းသာဖမ်းလိုက် "

ချိုးယန် သူ့လက်အောက်ငယ်သားတွေကို မျက်စပစ်ပြလိုက်သည်။

ရဲသားနှစ်ယောက်လာပြီး အဖိုးကြီးကို ဖမ်းသွားသည်။

နောက်ဆုံး သားအဖနှစ်ယောက်လုံး ကြောက်လန့်ကာ အော်ဟစ်ကြသည်။ အဆုံးမှာတော့ ဆွဲခေါ်သွားခံရ၏။

" ခေါင်းဆောင်ရန်၊ ဒီနေ့အရမ်းချောတာပဲ "

ရင်းနှီးတဲ့ရဲမေတစ်ယောက်က ချီး‌မွမ်းလာသည်။

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" ဒါပေါ့ ကျွန်တော်ကအမြဲတမ်း အရမ်းချောနေတာပဲ "

" ခေါင်းဆောင်ရန် ကျွန်တော်တို့ဌာနကို သုံးရက်အတွင်း နှစ်ခေါက်လာတယ်၊ ဘယ်ရဲအပျိုလေးကိုများ လာရှာတာလဲ? "

အခြားရဲသားတစ်ယောက်က စနောက်သည်။

" တိတ်တိတ်လေးလာပြောကြည့်၊ ကျွန်တော် ခေါင်းဆောင်နဲ့ပြိုင်မလိုက်ဘူး "

" ဟုတ်တယ် သူကျွန်မတို့ ရဲပျိုလေးနဲ့ချစ်ကျွမ်းဝင်နေတာ၊ ရဲပျိုလေးက ဒေါက်တာကုံး မဟုတ်ဘူးလား? "

အားလုံး ‌ရယ်သံတွေဟိန်းထွက်လာသည်။

ပုံမှန်ဆို ရန်ရိစခန်းလာပြီး ရံဖန်ရံခါသူတို့နဲ့ ဒီလိုစနောက်တတ်ပေမယ့် အားလုံးရယ်ပြီး လူစုခွဲမသွားကြခင် ဒီနေ့ဒီစကားကြားတော့ ရန်ရိနဲ့ ချိုးယန်တို့နှစ်ယောက်စလုံး အမူအရာများက အနည်းငယ်နက်နဲနေသည်။

ရန်ရိ ဟားဟား လို့ရယ်လိုက်ပြီး

" မင်းတို့‌ပြောရဲရင် ဒါကိုဒေါက်တာကုံးရှေ့သွားပြောကြည့်ပါလား၊ မင်းတို့မျက်လုံးကို အရက်ပြန်နဲ့ဖြန်းမလား ကြည့်ရသေးတာပေါ့ "

သူတို့ စကားနည်းနည်းပြောပြီး ချိုးယန် ရန်ရိကို စစ်မေးခန်းသို့ခေါ်သွားသည်။

တိုက်တိုက်ဆိုင်ဆိုင် ရဲသားနှစ်ယောက်က ကျိုးချွမ်းဝှီးချဲကိုတွန်းကာ ကော်ရစ်တာကိုဖြတ်လျှောက်လာကြသည်။

ကျိုးချွမ်း ရန်ရိကိုမြင်တော့ မုန်းတီးခြင်းလား ကြောက်ရွံ့ခြင်းလား ဒါမှမဟုတ် နှစ်မျိုးလုံး ခံစားရလားဆိုတာ သူမပြောတတ်။

ဖြတ်သွားရင်းနဲ့ ရန်ရိ ချိုးယန်ကိုမေးလိုက်သည်။

" သူထော့ကျိုးဖြစ်သွားတာလား? "

" မဟုတ်ဘူး၊ ဒါပေမယ့် မီးလောင်ပြီးတော့ ကြွက်သားတွေသိမ်သွားပြီး လမ်းလျှောက်ဖို့ပိုခက်သွားတာ "

ရန်ရိ အေးစက်စက်နှာခေါင်းရှုံ့ရင်း အပြစ်ခံထိုက်တယ်လို့ တွေးလိုက်သည်။

စစ်မေးခန်းထဲဝင်တော့ ကုံးရင့်ရှန်နဲ့ ဆိုင့်ချောင်ကတစ်ခုခု ဆွေးနွေးနေကြ၏။

ရန်ရိ ကုံးရင့်ရှန်ကိုမြင်တော့ အကြောင်းပြချက်မရှိ ရင်ထိတ်သွားသည်။ သူအခုတင် သူ့ကိုယ်သူချိုးနှိမ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမယ့် တွေ့ဆုံချိန်မှာ ဒီလိုအချစ်မျိုး၊ ဒီလို ဆန္ဒမျိုး၊ ဒီလိုလှုံ့ဆော်မှုမျိုး၊ အားလုံးတစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး မမြင်နိုင်တဲ့အားက သူ့ကိုပိုနီးကပ်ရင်း နီးကပ်စေဖို့ တွန်းလိုက်ဆွဲလိုက်လုပ်နေသည်။

တစ်စုံတစ်ယောက်ကို "ကြိုက်"ကြောင်း ချိုးယန်မြင်နိုင်တာလည်း မဆန်းပါပေ၊ ဘယ်လိုလုပ် ဖုံးကွယ်နိုင်လိမ့်မလဲ။

ဆိုင့်ချောင်က ရွှတ်နောက်နောက်နဲ့ ပြောလာသည်။

" ခေါင်းဆောင်ရန် ကျွန်တော်လာမကြည့်တာတောင် ခင်များလုပ်ဆောင်ချက်တွေ စခန်းမှာပလူပျံနေတာပဲနော် "

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" မမြှောက်ပါနဲ့၊ ကျွန်တော် မြောက်တက်သွားတော့မယ် "

ချိုးယန်မေးလိုက်သည်။

" ဘယ်လိုဖြစ်သွားလဲ? "

ကုံးရင့်ရှန်က အမူအရာကခန့်မှန်းရခက်နေပြီး

" ဒီနေ့ကျိုးချွမ်း ထိန်းသိမ်းရေးစခန်းကနေ ဟုန်းဝူဆေးရုံကိုပြောင်းလိမ့်မယ် "

" ဒီလို ကောက်ကျစ်တဲ့သူကို အထူးကြပ်မတ်ဆောင်မှာနေခိုင်းပြီး၊ စောင့်ကြည့်ဖို့ ရဲအစောင့်ချထားရမယ် "

‌ဆိုင့်ချောင်လည်း ဆိုးရွားသောအသံဖြင့် ပြောလာသည်။

" မလုံလောက်သေးဘူး၊ သူထုတ်ပြောတဲ့အချက်အလက်က တကယ်တန်ဖိုးရှိတယ် "

" သူ‌ချန်ဖေ့ကို ဝန်ခံတာလား? "

ကုံးရင့်ရှန် ခေါင်းညိတ်ပြပြီး

" ကျိုးချွမ်း လွန်ခဲ့တဲ့လေးနှစ်၊ ကောလိပ်မှာကတည်းက Seraph နဲ့ချိတ်ဆက်မိခဲ့တယ်၊ သူပြောတာက သူ့မှာ မီးရှို့ချင်စိတ်မျိုးမရှိပေမယ့် စူးစမ်းရတာ သဘောကျတယ်တဲ့၊ အဲ့တော့ သူ dark web တွေအများကြီးဆီရောက်ဖူးတယ်၊ ဒါပေမယ့် သူကြည့်ရုံပဲကြည့်ပြီး ဝင်မပါဘူး၊ သူဘွဲ့ရပြီး‌ ပင်ကိုယ်စရိုက်ကြောင့် လူမှုပတ်ဝန်းကျင်နဲ့ ကျင့်သားမရဘူး၊ အလုပ်ပြီးတာနဲ့ အိမ်ပဲအမြန်ပြန်တယ်၊ အသက်‌မွေးဝမ်းကျောင်းအတွက် Dark web ငွေလဲလှယ်ရေးတွေကနေ ပိုက်ဆံရှာဖို့ အကြံရတယ်၊ ဒါပေမယ့် သူက ရှက်ကြောက်တတ်လို့ ပြစ်မှုမကျူးလွန်ရဲဘူး၊ အဲ့တာကြောင့် သူမီးနဲ့ပတ်သက်တဲ့ Video တွေပဲရိုက်တာ "

" ဆိုတော့ သူ Seraph မှာရှိတဲ့ တရုတ်ကဗဟို user တွေနဲ့အဆက်အသွယ်မရှိဘူးပေါ့? "

" ဆန့်ကျင်ဘက်ပဲ၊ သူကနည်းပညာသိတော့ အနည်းစုနဲ့ အဆက်အသွယ်လုပ်ဖူးတယ်၊ အဲ့ဒီ့လူတွေက တစ်ခါတစ်လေ သူ့ကို‌ပိုက်ဆံပေးပြီး အကူအညီတောင်းတယ်၊ ဒါပေမယ့် သူတို့အားလုံး လိုင်းပေါ်မှာပဲရှိပြီး၊ ဘယ်သူနဲ့မှမတွေ့ဖူးဘူး "

" ဘယ်သူတွေလဲ? "

" သူအဲ့အကြောင်း မပြောချင်ဘူး၊ သူ ချန်ဖေ့အကြောင်းပဲပြောတယ်၊ ကြည့်ရတာ တကယ်ကြောက်လန့်နေတဲ့ပုံပဲ "

" အဲ့တာဆို သူဘာပြောတာလဲ? "

ရန်ရိ အရမ်းသိချင်သွားသည်။

ကုံးရင့်ရှန် စိတ်အေးသက်ပြင်းချလိုက်ပြီး၊ ဖိုင်ကိုလှမ်းကြည့်ကာ ပြောလာသည်။

" Seraph ပြည်တွင်းအသုံးပြုသူတွေမှာ အဖွဲ့အစည်းတစ်ခုရှိတယ်၊ အဲ့ဒီ့အဖွဲ့အစည်းက Seraph တည်ထောင်သူနဲ့ ဆက်နွယ်မှုရှိ၊မရှိ မသေချာပေမယ့် ဒီအဖွဲ့အစည်းက မီးရှို့မှုအတော်များများနဲ့ ပတ်သက်နေလောက်တယ် "

ရန်ရိ အံ့သြသွားသည်။

" ကျိုးချွမ်းပြောတာက ဒီအဖွဲ့အစည်းကို သူ့ဘာသာသူ ကောက်ချက်ချထားတာတဲ့၊ တကယ်တော့ ကိုက်ညီတဲ့အခြေအနေမရှိဘူး ဒါမှမဟုတ် သူအဲ့အကြောင်းမသိဘူး၊ သူအဖွဲ့ဝင်အချို့နဲ့ပဲ ဆက်သွယ်ခဲ့ပြီး အဲ့လူတွေက သိပ်အရေးမပါတဲ့အဖွဲ့ဝင်တွေ ဖြစ်လောက်တယ်၊ ဒါပေမယ့် အဖွဲ့အစည်းကတော့ အင်အားအရမ်းကြီးတယ် "

" သူဘယ်လိုသိတာလဲ? "

" သူပြောတယ် အဲ့ဒီ့လူတွေက Seraph မှာသုံးစွဲပမာဏအရမ်းများတယ်တဲ့၊ သူ တစ်ချိန်တည်းနဲ့ ‌သိန်းချီပြီးမြင်ဖူးတယ်၊ သူ live လွှင့်နေတဲ့အချိန် သူတို့ကြောင့်ဘယ်လိုမီးရှို့မှုတွေ ဖြစ်ခဲ့ကြောင်း တစ်ကြိမ်မကပြောဖူးတယ်တဲ့၊ သူတို့ ကြွားလား၊မကြွားလားဆိုတာ သူမသေချာဘူး၊ ဒါပေမယ့် အဲ့လူတွေရဲ့စကားတွေ၊ အသုံးစာရင်းတွေ၊ ဖိုရမ်က ဟိတ်ဟန်ကြီးတဲ့ post တွေကြောင့် အဖွဲ့အစည်းကလူတွေမှာ မြင့်မားတဲ့လူမှုရေးအဆင့်အတန်း ရှိတယ်လို့ ကောက်ချက်ချခဲ့တယ် "

ဆိုင့်ချောင်ပြောလာသည်။

" တကယ်တော့ ကျွန်တော်တို့သုံးသပ်ကြည့်ရသလောက် ကျိုးချွမ်း တိကျတဲ့သတင်းအချို့သိသေးတယ်၊ ဒါပေမယ့် သူ့ကိုအရမ်းကြောက်လန့်စေတဲ့ တစ်ခုခုသိထားတယ်ဆိုတဲ့အကြောင်း ပြောဖို့ငြင်းတယ် "

" ဟုတ်တယ် "

ချိုးယန် စဉ်းစားခြင့်ချိန်ပြီးပြောလိုက်သည်။

" သူကြည့်ရတာ အခြိမ်းခြောက်ခံထားရတာနဲ့တူတယ် "

" သူပထမဆုံး အဲ့ကိစ္စပြောဖို့ငြင်းပြီး ထင်ထင်ရှားရှားကြောက်လန့်တာကိုပဲ ဖော်ပြနေတယ် "

ကုံးရင့်ရှန် ရန်ရိကိုမေးလိုက်သည်။

" ခင်များ ဟိုတစ်ခါဆေးရုံကကိစ္စ မှတ်မိသေးလား? "

" မှတ်မိတယ် သူတကယ်ကိုကြောက်လန့်နေတာပဲ "

" အခုတော့ သူထုတ်ပြောချင်လာပြီ၊ တစ်ခုက ချန်ဖေ့အဖမ်းခံလိုက်ရပြီး ‌ဒီကိစ္စက မြေကြီးလတ်ခတ်မလွဲတဲ့ အဆုံးသတ်ပဲ၊ နောက်တစ်ခုက သူ့ဒဏ်ရာတွေအရမ်းပြင်းထန်တယ်၊ သူသာ ထိန်းသိမ်းရေးစင်တာဆီ အပို့ခံလိုက်ရရင် တကယ်နာကျင်ရတဲ့ဘဝမျိုးရမှာပဲ "

ကုံးရင့်ရှန် ပြောလာသည်။

" ဒါပေမယ့် အခုအဓိကဦးစားပေးက ဝမ်ရမ့်ရပ်ကွက်ကမီးလောင်မှုကို ဖြေရှင်းဖို့ပဲ၊  သူသက်သေအလုံအလောက် ပြော‌ပြီးပြီ "

ရန်ရိမေးလိုက်သည်။

" မင်းချန်ဖေ့ကို ပြစ်ဒဏ်ချလို့ရပြီလား? "

ကုံးရင့်ရှန် မျက်လုံးတွေထဲမှာ အေးစက်မှုတစ်စွန်းတစ်စ ဖော်ပြလျက် ဖြည်းဖြည်းချင်းခေါင်းညိတ်လိုက်သည်။

============

စာလုံးပေါင်းမှားနိုင်တယ် အရမ်းအိပ်ငိုက်နေလို့ 🍃

If u wanna support me -

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel -

[ 09795118580 - contact me with a simple message. ]

===========

Wed, Aug 18, 2021

{ Zawgyi }

ခ်ိဳးယန္ စီးကရက္တစ္လိပ္ေသာက္ရင္း ၿငိမ္က်သြားသည္။

သူၿငိမ္ေနတာက ရန္ရိကို အလြန္မေနတတ္မထိုင္တတ္ျဖစ္ေစသည္။ ကုံးရင့္႐ွန္ ခ်ိဳးယန္အေပၚဆက္ဆံတဲ့ အျပဳအမူက ပုံမွန္မဟုတ္တာပဲ သူျမင္ႏိုင္ေပမယ့္ ခ်ိဳးယန္ ကုံးရင့္႐ွန္ကို ဘယ္လိုျမင္လဲဆိုတာေတာ့ သူမသိ။ သူလည္း ဒီေမး‌ခြန္းကို အခ်ိန္တိုင္း ေ႐ွာင္ေနခဲ့သည္။ တကယ္လို႔ သူလည္းႀကိဳက္ေနရင္ေရာ.....

ခ်ိဳးယန္ ရန္ရိကိုၾကည့္ၿပီး သက္ျပင္းဖြဖြခ်သည္။

" ကြၽန္မမွာ လိင္ခြဲျခားတာမ်ိဳးမ႐ွိဘူး၊ ၿပီးေတာ့ ႐ွင့္ကိုလည္း မပိုးပန္းခ်င္ဘူး၊ ဒါေပမယ့္ ဒီစိတ္ကူးကိုလက္‌ေလွ်ာ့ဖို႔ အၾကံေပးခ်င္တယ္ "

ရန္ရိ ခ်ိဳးယန္ကို မ်က္ေတာင္ခတ္ၿပီး ၾကည့္လိုက္သည္။

" ေခါင္းေဆာင္ရန္၊ ႐ွင္က ေလးစားထိုက္တဲ့ လူေကာင္းတစ္ေယာက္ပါ၊ ရင့္႐ွန္ေရာ ကြၽန္မေရာ ႐ွင့္ကိုသူငယ္ခ်င္းလို သေဘာထားတယ္၊ အထူးသျဖင့္ ရင့္႐ွန္ေပါ့၊ သူ႐ွင့္ကို အရမ္းယုံၾကည္တယ္၊ ႐ွင္သူ႕ကို ဘယ္လိုေတြးတယ္ဆိုတာသာ သူသိသြားရင္ သူ..."

ခ်ိဳးယန္ၾကည့္ရတာ ထုတ္ေျပာဖို႔ ခက္ေနပုံရသည္။

ရန္ရိ အေလးအနက္မထားဘဲ ေခါင္းညိတ္လိုက္သည္။ သူေကာင္းေကာင္းမသိတဲ့လူတစ္ေယာက္ေ႐ွ႕မွာ " ခ်စ္ဖို႔ဆုံးျဖတ္လိုက္တာ " ကိုက်ိန္ဆိုဖို႔ သူ႕မွာဆႏၵမ႐ွိ။ အဲ့တာက အရမ္းညံ့ဖ်င္းလြန္းတယ္။ သူ ခ်ိဳးယန္ရည္႐ြယ္ခ်က္ကိုေရာ ဘယ္လိုေတြးလဲဆိုတာကိုပါ ဂ႐ုမစိုက္ဘူး။ သူ႕ႀကိဳက္ႏွစ္သက္မႈက သူ႕ကိစၥပဲ။ ခ်ိဳးယန္ မေျပာလာရင္ေတာင္ သူ႕မွာ သူနဲ႔ကုံးရင့္႐ွန္ၾကားက ရင္းႏွီးမႈကို ေျပာင္းလဲဖို႔ ရည္႐ြယ္ခ်က္မ႐ွိ။

ခ်ိဳးယန္ သူ႕အမူအရာကိုၾကည့္လိုက္ေတာ့ ဝတ္ေက်တန္းေက်ႏိုင္တာ သိသည္။ သူရန္ရိမ်က္‌လုံးေတြကို စိုက္ၾကည့္ရင္း အေလးအနက္ထားေျပာလိုက္သည္။

" ကြၽန္မ ပူညံပူညံလုပ္တယ္ ဒါမွမဟုတ္ အျခားတစ္ကိုယ္ေကာင္းဆန္တဲ့ ရည္႐ြယ္ခ်က္မ်ိဳး႐ွိတယ္လို႔ ႐ွင္ထင္ႏိုင္ေပမယ့္ အဲ့လိုမဟုတ္ဘူး၊ ကြၽန္မ ႐ွင္ေကာင္းဖို႔အတြက္ပဲေျပာတာ၊ ႐ွင္မသိတဲ့ ကိစၥတစ္ခု႐ွိတယ္၊ ရင့္႐ွန္ လူပ်ိဳျဖစ္ကာစအခ်ိန္အတြင္း ေစာ္ကားခံရဖူးတယ္ "

ရန္ရိ ေတာင့္ခဲသြားၿပီး

" သူ သူက...."

" သူဆယ္ေက်ာ္သက္အ႐ြယ္မွာ လိင္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈ မသိသာဘူး၊ အေ႐ွ႕တိုင္းသား ျဖစ္ခဲ့တာေၾကာင့္ ေက်ာင္းမွာ မၾကာခဏဆိုသလို ေယာက်္ားေလးေတြ ေစာ္ကားတာခံရတယ္၊ ႏွစ္တစ္ဝက္ေလာက္ထိ အသတ္လတ္ပိုင္းလူႀကီးတစ္ေယာက္ ေနာက္ကလိုက္ၿပီး ဓာတ္ပုံ‌ေခ်ာင္း႐ိုက္ခံခဲ့ရတယ္၊ ျပန္ေပးဆြဲဖို႔ေတာင္ ႀကိဳးစားခဲ့ေသးတာ "

ရန္ရိ မ်က္ႏွာအေရာင္ေျပာင္းသြားသည္။

" အဲ့ဒီ့လူကို ဖမ္းမိလိုက္လား? "

" မိတယ္၊ ကေလးသူငယ္ေစာ္ကားမႈရာဇဝင္႐ွိတဲ့သူပဲ၊ ၿပီးေတာ့ အခုခ်ိန္ထိမလြတ္ေသးဘူး "

ခ်ိဳးယန္က ေခါင္းခါသည္။

" ကံေကာင္းလို႔ ရင့္႐ွန္ကေလးဘဝကတည္းက ကိုယ္ခံပညာေလ့က်င့္ထားတယ္၊ သူ႕ကိုေစာ္ကားတဲ့ေယာက်္ားေလးေတြအမ်ားႀကီး သူ႕လက္ခ်က္နဲ႔ ေဆး႐ုံပို႔ရတာ၊ သူအဲ့ဒီ့ကိစၥေတြေၾကာင့္ ေက်ာင္းေလးႀကိမ္ေျပာင္းခဲ့ရတယ္၊ တကၠသိုလ္တက္မွပဲ ပိုအဆင္ေျပလာတာ၊ သူအဲ့တာေၾကာင့္ 'တစ္ေယာက္တည္းေနတာပဲ'၊ ကေလးဘဝကကိစၥနဲ႔အျပင္ လူပ်ိဳျဖစ္ကာစအ႐ြယ္နဲ႔လည္း သက္ဆိုင္ေနတယ္ "

ရန္ရိ အသက္ဝဝ႐ွဴၿပီး ေျခေတြ၊ လက္ေတြေအး‌လာသလို ခံစားရကာ တည့္တည့္ျပဳတ္က်သြားသလို အထင္မွားမိသည္။

" အဲ့ေတာ့ ႐ွင္ျမင္တဲ့အတိုင္း သူဒီလိုလူ႕အဖြဲ႕အစည္းကို ေအာ့ႏွလုံးနာၿပီး စက္ဆုပ္႐ြံ႐ွာတယ္ "

ခ်ိဳးယန္က မ်က္ႏွာပူပူနဲ႔ေျပာလာသည္။

" ေခါင္းေဆာင္ရန္၊ ကြၽန္မ႐ွင့္ကို စိတ္ထိခိုက္ေစဖို႔ မရည္႐ြယ္ပါဘူး၊ အားလုံးကိုမွားတယ္လို႔ ယူဆတာလည္း မွားတယ္၊ ဒါေပမယ့္ ရင့္႐ွန္မွာဒီလိုအရိပ္ဆိုးႀကီး‌႐ွိေနတာပဲ၊ သူ႕ကို အျပစ္တင္လို႔မရဘူး "

ရန္ရိ ဟန္ေဆာင္ၿပီးျပဳံးလိုက္ေသာ္လည္း သူ႕အျပဳံးကေတာ့ အခက္အခဲကို ဖုံးကြယ္မရေပ။

" ေခါင္းေဆာင္ခ်ိဳး မစိုးရိမ္ပါနဲ႔၊ ကြၽန္ေတာ္ သူ႕အတြက္ ခံစားခ်က္ေကာင္းေတြ႐ွိ႐ုံပါပဲ၊ ကြၽန္ေတာ္ ဒီအသက္အ႐ြယ္နဲ႔ ကိုယ့္ခံစားခ်က္ကိုယ္ ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ပါတယ္၊ သူ...."

ရန္ရိ ႏွလုံးသားကနာက်င္မႈကို ခံစားလိုက္ရသည္။

" သူ ဘယ္ေတာ့မွ သိမွာမဟုတ္ဘူး "

ခ်ိဳးယန္ ေခါင္းညိတ္ၿပီး ရန္ရိကို အားတုံ႔အားနာနဲ႔ၾကည့္လိုက္သည္။

" အဲ့တာဆို ကြၽန္မဌာနခြဲအရင္ ျပန္လိုက္ဦးမယ္၊ ကြၽန္မတို႔ က်ိဳးခြၽမ္းနဲ႔ ဖုန္ေဖးကို စစ္ေဆးေနတာ၊ ႐ွင္ၿပီးသြားရင္ လာနားေထာင္လို႔ရတယ္ေနာ္ "

" အိုေက ကြၽန္ေတာ္ခဏေန လာခဲ့မယ္ "

ခ်ိဳးယန္ထြက္သြားၿပီးေတာ့ ရန္ရိ လက္ရန္းမွာ ႏြမ္းနယ္စြာမွီရင္း ေကာင္းကင္ကိုေမာ့ၾကည့္ကာ အသံတိတ္သက္ျပင္းခ်မိသည္။

ကုံးရင့္႐ွန္လူငယ္ဘဝတုန္းက ဒါေတြၾကဳံေတြ႕ခဲ့ရမွန္း သူမထင္ထားမိခဲ့။ အဲ့ဒီ့အေၾကာင္း နားေထာင္႐ုံနဲ႔တင္ ဦး‌ေရျပားကို ထုံက်ဥ္သြားေစသည္။ ခ်ိဳးယန္မွန္တယ္၊ ဒီလိုအေတြ႕အၾကဳံမ်ိဳး ရင္ဆိုင္ခဲ့ရေတာ့ တစ္ဖြဲ႕လုံးကို မမုန္းဖို႔ဆိုတာ မျဖစ္ႏိုင္။

ကုံးရင့္႐ွန္သာ သူ႕အေတြးေတြကိုသိရင္ သူ႕ကို ကြယ္ဝွက္ထားတဲ့ရည္႐ြယ္ခ်က္နဲ႔ ခ်ဥ္းကပ္ေနတယ္လို႔မ်ား ထင္သြားမလား?

ရန္ရိ ဖုံးကြယ္ထားရတဲ့အေၾကာင္းရင္းက ကုံးရင့္႐ွန္ယုံၾကည္မႈကို စိတ္မပ်က္ေစခ်င္လို႔ဆိုတာ လုံးဝေသခ်ာသည္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ၾကားက သူငယ္ခ်င္းဆိုတဲ့ဆက္ဆံေရးကို မပ်က္စီးသြားေစခ်င္။ ဘာလို႔ဆို သူ႕မွာ ကုံးရင့္႐ွန္သူ႕ကို ႐ိုး႐ိုးသားသားနဲ႔ သူငယ္ခ်င္းတစ္ေယာက္လို သေဘာထားတယ္ဆိုတဲ့ ထင္ျမင္ခ်က္႐ွိေနေသာေၾကာင့္ပင္။ အခု ခ်ိဳးယန္စကားေတြက ဒီအခ်က္ကို ပိုၿပီးေတာင္သက္ေသတည္သြားေစ၏။

သူကေလးဘဝကတည္းက ထင္ေပၚေက်ာ္ၾကားခဲ့ၿပီး ခ်စ္သူရဖို႔လည္းလြယ္ေတာ့ တစ္ခါမွ တိတ္တခိုးမခ်စ္ခဲ့ဖူးေခ်။ သူတစ္ေယာက္ေယာက္ကို တကယ္ႀကိဳက္ရင္ ေဖာ္ျပဖို႔၊ လိုက္ဖို႔လည္း သတၱိမနည္း။ သို႔ေသာ္ျငား သူတစ္ေယာက္တည္း ကုံးရင့္႐ွန္ကို ေပးမသိရဲတာက မ်က္ႏွာ၊ ဂုဏ္ထူးေတြနဲ႔ဘာမွမသက္ဆိုင္ေၾကာင္း၊ သူ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးေလးကိုသာ ျမတ္ႏိုးတန္ဖိုးထားေၾကာင္း၊ ကုံးရင့္႐ွန္မ်က္ႏွာေပၚမွာ သူ႕အတြက္ျဖစ္တည္လာမယ့္ ႐ြံ႐ွာစိတ္ပ်က္မႈကို မျမင္ခ်င္တာသာျဖစ္ေၾကာင္း။ သူကုံး‌ရင့္႐ွန္ကိုသိေစခ်င္တာက သူ ကုံးရင့္႐ွန္လိုအပ္တဲ့ မွီခိုအားထားႏိုင္တဲ့ သူငယ္ခ်င္းသာျဖစ္လိုေၾကာင္း။

အဲ့တာေၾကာင့္ သူ႕ဆႏၵေတြအားလုံးကို ႏွလုံးသားထဲမွာပဲ သိမ္းထားမယ္၊ အၿမဲတမ္း ကုံးရင့္႐ွန္ရဲ႕ သူငယ္ခ်င္းပဲျဖစ္ေပးမယ္၊ ၿပီးေတာ့ သူကုံးရင့္႐ွန္အတြက္ လုပ္ေပးႏိုင္တာမွန္သမွ် ‌လုပ္ေပးမယ္။

ကုံးရင့္႐ွန္နဲ႔ သူငယ္ခ်င္းျဖစ္႐ုံတင္ပဲ လုံေလာက္ပါၿပီ။

=======

ရန္ရိ ေအာက္ဆင္းၿပီး စြန္းတင့္ရိကို စခန္းမျပန္ခင္ ေနာက္ဆက္တြဲကိစၥေကာင္းေကာင္းလုပ္ဖို႔ေျပာၿပီး သူကေတာ့ ဟုန္းဝူဌာနခြဲသို႔ တန္းတန္းသြားလိုက္သည္။

အေဆာက္အဦးေပၚက ခုန္ခ်မယ့္အဖိုးႀကီးကို ေဆး႐ုံတင္ဖို႔လုပ္ထားေပမယ့္ လူနာတင္ကားလာေတာ့ ပိုက္ဆံကုန္မွာေၾကာက္ၿပီး ေဆး႐ုံသြားဖို႔ျငင္းသည္။ အခုေတာ့ သူရဲစခန္းဧည့္ဌာနမွာ ေအာ္ေနဆဲ‌ျဖစ္ၿပီး ရန္ရိဝင္သြားလိုက္ေတာ့ သူ႕သားကို လက္ထိပ္ခတ္ထားၿပီးျဖစ္သည္။

ခ်ိဳးယန္က ေအးစက္စက္ေျပာလိုက္သည္။

" လူႀကီးမင္းေကာင္း ဒီမွာ႐ွိတဲ့ ရဲအရာ႐ွိေတြကို ဆက္ၿပီးေႏွာင့္ယွက္ေနဦးမယ္ဆိုရင္ ဦးေလးကိုပါ ဖမ္းရလိမ့္မယ္၊ ကြၽန္မေျပာရင္ေျပာသလိုလုပ္တယ္ "

အဖိုးႀကီးက ‌ေအာ္ဟစ္သည္။

" လုပ္ရဲတယ္ေပါ့၊ ငါ့သားကိုလႊတ္ေပးစမ္း! "

" အေဖ၊ အေဖကအသက္ႀကီးၿပီး သူတို႔အေဖ့ကို မဖမ္းရဲဘူး၊ သူတို႔အေဖ့ကိုဖမ္းခ်င္ရင္ အေဆာက္အဦးေပၚက ခုန္ခ်ပစ္! "

သူ႕သားက ေအာ္သည္။

ရန္ရိသူ႕ကို အထင္ေသးသလိုၾကည့္လိုက္ၿပီး မတတ္ႏိုင္ဘဲ ‌ဆဲလိုက္သည္။

" ခင္မ်ားကတကယ္ကို ညံ့ဖ်င္းၿပီး ဝတၱရားမေက်တဲ့ အမိႈက္ပဲ၊ ကိုယ့္ဝမ္းကြဲက အိမ္ကိုေလာဘတတ္ၿပီး လိုခ်င္တာထည့္မတြက္ရင္ေတာင္ ကိုယ့္အေဖကိုမ်က္ႏွာခံၿပီး ခင္မ်ားကလိမ္ကက်စ္က်ဖို႔ အသက္စြန္႔ခိုင္းတယ္၊ ဒီေန႔ခင္မ်ား လက္ထိပ္ကလြဲၿပီး ဘာရႏိုင္ဦးမွာလဲ? "

" မင္း မင္းဘယ္သူလဲ! မင္းနဲ႔ဘာဆိုင္လဲ! "

ရန္ရိ ေျပာလိုက္သည္။

" ေခါင္းေဆာင္ခ်ိဳး၊ ဒီဦးေလးက အသက္ ၇၀ ေအာက္႐ွိတယ္၊ အဲ့ေတာ့ ဖမ္းလို႔ရေသးတယ္ "

ခ်ိဳးယန္လက္ပိုက္လိုက္ရင္း ေအးစက္စက္ျပဳံးသည္။

" ဟုတ္တယ္ "

" အဲ့တာဆို သူတို႔နဲ႔ အေရးမပါတာေတြေျပာမေနေတာ့နဲ႔၊ ဖမ္းသာဖမ္းလိုက္ "

ခ်ိဳးယန္ သူ႕လက္ေအာက္ငယ္သားေတြကို မ်က္စပစ္ျပလိုက္သည္။

ရဲသားႏွစ္ေယာက္လာၿပီး အဖိုးႀကီးကို ဖမ္းသြားသည္။

ေနာက္ဆုံး သားအဖႏွစ္ေယာက္လုံး ေၾကာက္လန္႔ကာ ေအာ္ဟစ္ၾကသည္။ အဆုံးမွာေတာ့ ဆြဲေခၚသြားခံရ၏။

" ေခါင္းေဆာင္ရန္၊ ဒီေန႔အရမ္းေခ်ာတာပဲ "

ရင္းႏွီးတဲ့ရဲေမတစ္ေယာက္က ခ်ီး‌မြမ္းလာသည္။

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" ဒါေပါ့ ကြၽန္ေတာ္ကအၿမဲတမ္း အရမ္းေခ်ာေနတာပဲ "

" ေခါင္းေဆာင္ရန္ ကြၽန္ေတာ္တို႔ဌာနကို သုံးရက္အတြင္း ႏွစ္ေခါက္လာတယ္၊ ဘယ္ရဲအပ်ိဳေလးကိုမ်ား လာ႐ွာတာလဲ? "

အျခားရဲသားတစ္ေယာက္က စေနာက္သည္။

" တိတ္တိတ္ေလးလာေျပာၾကည့္၊ ကြၽန္ေတာ္ ေခါင္းေဆာင္နဲ႔ၿပိဳင္မလိုက္ဘူး "

" ဟုတ္တယ္ သူကြၽန္မတို႔ ရဲပ်ိဳေလးနဲ႔ခ်စ္ကြၽမ္းဝင္ေနတာ၊ ရဲပ်ိဳေလးက ေဒါက္တာကုံး မဟုတ္ဘူးလား? "

အားလုံး ‌ရယ္သံေတြဟိန္းထြက္လာသည္။

ပုံမွန္ဆို ရန္ရိစခန္းလာၿပီး ရံဖန္ရံခါသူတို႔နဲ႔ ဒီလိုစေနာက္တတ္ေပမယ့္ အားလုံးရယ္ၿပီး လူစုခြဲမသြားၾကခင္ ဒီေန႔ဒီစကားၾကားေတာ့ ရန္ရိနဲ႔ ခ်ိဳးယန္တို႔ႏွစ္ေယာက္စလုံး အမူအရာမ်ားက အနည္းငယ္နက္နဲေနသည္။

ရန္ရိ ဟားဟား လို႔ရယ္လိုက္ၿပီး

" မင္းတို႔‌ေျပာရဲရင္ ဒါကိုေဒါက္တာကုံးေ႐ွ႕သြားေျပာၾကည့္ပါလား၊ မင္းတို႔မ်က္လုံးကို အရက္ျပန္နဲ႔ျဖန္းမလား ၾကည့္ရေသးတာေပါ့ "

သူတို႔ စကားနည္းနည္းေျပာၿပီး ခ်ိဳးယန္ ရန္ရိကို စစ္ေမးခန္းသို႔ေခၚသြားသည္။

တိုက္တိုက္ဆိုင္ဆိုင္ ရဲသားႏွစ္ေယာက္က က်ိဳးခြၽမ္းဝွီးခ်ဲကိုတြန္းကာ ေကာ္ရစ္တာကိုျဖတ္ေလွ်ာက္လာၾကသည္။

က်ိဳးခြၽမ္း ရန္ရိကိုျမင္ေတာ့ မုန္းတီးျခင္းလား ေၾကာက္႐ြံ႕ျခင္းလား ဒါမွမဟုတ္ ႏွစ္မ်ိဳးလုံး ခံစားရလားဆိုတာ သူမေျပာတတ္။

ျဖတ္သြားရင္းနဲ႔ ရန္ရိ ခ်ိဳးယန္ကိုေမးလိုက္သည္။

" သူေထာ့က်ိဳးျဖစ္သြားတာလား? "

" မဟုတ္ဘူး၊ ဒါေပမယ့္ မီးေလာင္ၿပီးေတာ့ ႂကြက္သားေတြသိမ္သြားၿပီး လမ္းေလွ်ာက္ဖို႔ပိုခက္သြားတာ "

ရန္ရိ ေအးစက္စက္ႏွာေခါင္း႐ႈံ႕ရင္း အျပစ္ခံထိုက္တယ္လို႔ ေတြးလိုက္သည္။

စစ္ေမးခန္းထဲဝင္ေတာ့ ကုံးရင့္႐ွန္နဲ႔ ဆိုင့္ေခ်ာင္ကတစ္ခုခု ေဆြးေႏြးေနၾက၏။

ရန္ရိ ကုံးရင့္႐ွန္ကိုျမင္ေတာ့ အေၾကာင္းျပခ်က္မ႐ွိ ရင္ထိတ္သြားသည္။ သူအခုတင္ သူ႕ကိုယ္သူခ်ိဳးႏွိမ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ေပမယ့္ ေတြ႕ဆုံခ်ိန္မွာ ဒီလိုအခ်စ္မ်ိဳး၊ ဒီလို ဆႏၵမ်ိဳး၊ ဒီလိုလႈံ႕ေဆာ္မႈမ်ိဳး၊ အားလုံးတစ္ခုတည္းအျဖစ္ ေျပာင္းလဲသြားၿပီး မျမင္ႏိုင္တဲ့အားက သူ႕ကိုပိုနီးကပ္ရင္း နီးကပ္ေစဖို႔ တြန္းလိုက္ဆြဲလိုက္လုပ္ေနသည္။

တစ္စုံတစ္ေယာက္ကို "ႀကိဳက္"ေၾကာင္း ခ်ိဳးယန္ျမင္ႏိုင္တာလည္း မဆန္းပါေပ၊ ဘယ္လိုလုပ္ ဖုံးကြယ္ႏိုင္လိမ့္မလဲ။

ဆိုင့္ေခ်ာင္က ႐ႊတ္ေနာက္ေနာက္နဲ႔ ေျပာလာသည္။

" ေခါင္းေဆာင္ရန္ ကြၽန္ေတာ္လာမၾကည့္တာေတာင္ ခင္မ်ားလုပ္ေဆာင္ခ်က္ေတြ စခန္းမွာပလူပ်ံေနတာပဲေနာ္ "

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" မေျမႇာက္ပါနဲ႔၊ ကြၽန္ေတာ္ ေျမာက္တက္သြားေတာ့မယ္ "

ခ်ိဳးယန္ေမးလိုက္သည္။

" ဘယ္လိုျဖစ္သြားလဲ? "

ကုံးရင့္႐ွန္က အမူအရာကခန္႔မွန္းရခက္ေနၿပီး

" ဒီေန႔က်ိဳးခြၽမ္း ထိန္းသိမ္းေရးစခန္းကေန ဟုန္းဝူေဆး႐ုံကိုေျပာင္းလိမ့္မယ္ "

" ဒီလို ေကာက္က်စ္တဲ့သူကို အထူးၾကပ္မတ္ေဆာင္မွာေနခိုင္းၿပီး၊ ေစာင့္ၾကည့္ဖို႔ ရဲအေစာင့္ခ်ထားရမယ္ "

‌ဆိုင့္ေခ်ာင္လည္း ဆိုး႐ြားေသာအသံျဖင့္ ေျပာလာသည္။

" မလုံေလာက္ေသးဘူး၊ သူထုတ္ေျပာတဲ့အခ်က္အလက္က တကယ္တန္ဖိုး႐ွိတယ္ "

" သူ‌ခ်န္ေဖ့ကို ဝန္ခံတာလား? "

ကုံးရင့္႐ွန္ ေခါင္းညိတ္ျပၿပီး

" က်ိဳးခြၽမ္း လြန္ခဲ့တဲ့ေလးႏွစ္၊ ေကာလိပ္မွာကတည္းက Seraph နဲ႔ခ်ိတ္ဆက္မိခဲ့တယ္၊ သူေျပာတာက သူ႕မွာ မီး႐ိႈ႕ခ်င္စိတ္မ်ိဳးမ႐ွိေပမယ့္ စူးစမ္းရတာ သေဘာက်တယ္တဲ့၊ အဲ့ေတာ့ သူ dark web ေတြအမ်ားႀကီးဆီေရာက္ဖူးတယ္၊ ဒါေပမယ့္ သူၾကည့္႐ုံပဲၾကည့္ၿပီး ဝင္မပါဘူး၊ သူဘြဲ႕ရၿပီး‌ ပင္ကိုယ္စ႐ိုက္ေၾကာင့္ လူမႈပတ္ဝန္းက်င္နဲ႔ က်င့္သားမရဘူး၊ အလုပ္ၿပီးတာနဲ႔ အိမ္ပဲအျမန္ျပန္တယ္၊ အသက္‌ေမြးဝမ္းေက်ာင္းအတြက္ Dark web ေငြလဲလွယ္ေရးေတြကေန ပိုက္ဆံ႐ွာဖို႔ အၾကံရတယ္၊ ဒါေပမယ့္ သူက ႐ွက္ေၾကာက္တတ္လို႔ ျပစ္မႈမက်ဴးလြန္ရဲဘူး၊ အဲ့တာေၾကာင့္ သူမီးနဲ႔ပတ္သက္တဲ့ Video ေတြပဲ႐ိုက္တာ "

" ဆိုေတာ့ သူ Seraph မွာ႐ွိတဲ့ တ႐ုတ္ကဗဟို user ေတြနဲ႔အဆက္အသြယ္မ႐ွိဘူးေပါ့? "

" ဆန္႔က်င္ဘက္ပဲ၊ သူကနည္းပညာသိေတာ့ အနည္းစုနဲ႔ အဆက္အသြယ္လုပ္ဖူးတယ္၊ အဲ့ဒီ့လူေတြက တစ္ခါတစ္ေလ သူ႕ကို‌ပိုက္ဆံေပးၿပီး အကူအညီေတာင္းတယ္၊ ဒါေပမယ့္ သူတို႔အားလုံး လိုင္းေပၚမွာပဲ႐ွိၿပီး၊ ဘယ္သူနဲ႔မွမေတြ႕ဖူးဘူး "

" ဘယ္သူေတြလဲ? "

" သူအဲ့အေၾကာင္း မေျပာခ်င္ဘူး၊ သူ ခ်န္ေဖ့အေၾကာင္းပဲေျပာတယ္၊ ၾကည့္ရတာ တကယ္ေၾကာက္လန္႔ေနတဲ့ပုံပဲ "

" အဲ့တာဆို သူဘာေျပာတာလဲ? "

ရန္ရိ အရမ္းသိခ်င္သြားသည္။

ကုံးရင့္႐ွန္ စိတ္ေအးသက္ျပင္းခ်လိုက္ၿပီး၊ ဖိုင္ကိုလွမ္းၾကည့္ကာ ေျပာလာသည္။

" Seraph ျပည္တြင္းအသုံးျပဳသူေတြမွာ အဖြဲ႕အစည္းတစ္ခု႐ွိတယ္၊ အဲ့ဒီ့အဖြဲ႕အစည္းက Seraph တည္ေထာင္သူနဲ႔ ဆက္ႏြယ္မႈ႐ွိ၊မ႐ွိ မေသခ်ာေပမယ့္ ဒီအဖြဲ႕အစည္းက မီး႐ိႈ႕မႈအေတာ္မ်ားမ်ားနဲ႔ ပတ္သက္ေနေလာက္တယ္ "

ရန္ရိ အံ့ၾသသြားသည္။

" က်ိဳးခြၽမ္းေျပာတာက ဒီအဖြဲ႕အစည္းကို သူ႕ဘာသာသူ ေကာက္ခ်က္ခ်ထားတာတဲ့၊ တကယ္ေတာ့ ကိုက္ညီတဲ့အေျခအေနမ႐ွိဘူး ဒါမွမဟုတ္ သူအဲ့အေၾကာင္းမသိဘူး၊ သူအဖြဲ႕ဝင္အခ်ိဳ႕နဲ႔ပဲ ဆက္သြယ္ခဲ့ၿပီး အဲ့လူေတြက သိပ္အေရးမပါတဲ့အဖြဲ႕ဝင္ေတြ ျဖစ္ေလာက္တယ္၊ ဒါေပမယ့္ အဖြဲ႕အစည္းကေတာ့ အင္အားအရမ္းႀကီးတယ္ "

" သူဘယ္လိုသိတာလဲ? "

" သူေျပာတယ္ အဲ့ဒီ့လူေတြက Seraph မွာသုံးစြဲပမာဏအရမ္းမ်ားတယ္တဲ့၊ သူ တစ္ခ်ိန္တည္းနဲ႔ ‌သိန္းခ်ီၿပီးျမင္ဖူးတယ္၊ သူ live လႊင့္ေနတဲ့အခ်ိန္ သူတို႔ေၾကာင့္ဘယ္လိုမီး႐ိႈ႕မႈေတြ ျဖစ္ခဲ့ေၾကာင္း တစ္ႀကိမ္မကေျပာဖူးတယ္တဲ့၊ သူတို႔ ႂကြားလား၊မႂကြားလားဆိုတာ သူမေသခ်ာဘူး၊ ဒါေပမယ့္ အဲ့လူေတြရဲ႕စကားေတြ၊ အသုံးစာရင္းေတြ၊ ဖိုရမ္က ဟိတ္ဟန္ႀကီးတဲ့ post ေတြေၾကာင့္ အဖြဲ႕အစည္းကလူေတြမွာ ျမင့္မားတဲ့လူမႈေရးအဆင့္အတန္း ႐ွိတယ္လို႔ ေကာက္ခ်က္ခ်ခဲ့တယ္ "

ဆိုင့္ေခ်ာင္ေျပာလာသည္။

" တကယ္ေတာ့ ကြၽန္ေတာ္တို႔သုံးသပ္ၾကည့္ရသေလာက္ က်ိဳးခြၽမ္း တိက်တဲ့သတင္းအခ်ိဳ႕သိေသးတယ္၊ ဒါေပမယ့္ သူ႕ကိုအရမ္းေၾကာက္လန္႔ေစတဲ့ တစ္ခုခုသိထားတယ္ဆိုတဲ့အေၾကာင္း ေျပာဖို႔ျငင္းတယ္ "

" ဟုတ္တယ္ "

ခ်ိဳးယန္ စဥ္းစားျခင့္ခ်ိန္ၿပီးေျပာလိုက္သည္။

" သူၾကည့္ရတာ အၿခိမ္းေျခာက္ခံထားရတာနဲ႔တူတယ္ "

" သူပထမဆုံး အဲ့ကိစၥေျပာဖို႔ျငင္းၿပီး ထင္ထင္႐ွား႐ွားေၾကာက္လန္႔တာကိုပဲ ေဖာ္ျပေနတယ္ "

ကုံးရင့္႐ွန္ ရန္ရိကိုေမးလိုက္သည္။

" ခင္မ်ား ဟိုတစ္ခါေဆး႐ုံကကိစၥ မွတ္မိေသးလား? "

" မွတ္မိတယ္ သူတကယ္ကိုေၾကာက္လန္႔ေနတာပဲ "

" အခုေတာ့ သူထုတ္ေျပာခ်င္လာၿပီ၊ တစ္ခုက ခ်န္ေဖ့အဖမ္းခံလိုက္ရၿပီး ‌ဒီကိစၥက ေျမႀကီးလတ္ခတ္မလြဲတဲ့ အဆုံးသတ္ပဲ၊ ေနာက္တစ္ခုက သူ႕ဒဏ္ရာေတြအရမ္းျပင္းထန္တယ္၊ သူသာ ထိန္းသိမ္းေရးစင္တာဆီ အပို႔ခံလိုက္ရရင္ တကယ္နာက်င္ရတဲ့ဘဝမ်ိဳးရမွာပဲ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ဒါေပမယ့္ အခုအဓိကဦးစားေပးက ဝမ္ရမ့္ရပ္ကြက္ကမီးေလာင္မႈကို ေျဖ႐ွင္းဖို႔ပဲ၊  သူသက္ေသအလုံအေလာက္ ေျပာ‌ၿပီးၿပီ "

ရန္ရိေမးလိုက္သည္။

" မင္းခ်န္ေဖ့ကို ျပစ္ဒဏ္ခ်လို႔ရၿပီလား? "

ကုံးရင့္႐ွန္ မ်က္လုံးေတြထဲမွာ ေအးစက္မႈတစ္စြန္းတစ္စ ေဖာ္ျပလ်က္ ျဖည္းျဖည္းခ်င္းေခါင္းညိတ္လိုက္သည္။

============

စာလုံးေပါင္းမွားႏိုင္တယ္ အရမ္းအိပ္ငိုက္ေနလို႔ 🍃

If u wanna support me -

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel -

[ 09795118580 - contact me with a simple message. ]