webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 35

{ Unicode }

ကုံးရင့်ရှန် ရန်ရိကို အခြားရုံးဧရိယာဆီခေါ်သွားပြီး အဲ့ဒီ့မှာ အရမ်းကျယ်တဲ့အခန်းကြီးတစ်ခုရှိ‌သည်။ နံရံ အရှေ့မှာ LED ပြားတွေ ကပ်ထားပြီး စားပွဲတန်းတွေမှာတော့ ကွန်ပျူတာတွေနဲ့၊ ရန်ရိကို မသိသောသူအချို့ဖြင့် ပြည့်နှက်နေသည်။ လူအများစုက အဲ့အချိန် အချိန်ပိုဆင်းနေကြဆဲဖြစ်၏။

ကုံးရင့်ရှန် ထောင့်စွန်းက စားပွဲဆီ လျှောက်သွားပြီး နောက်ကျောသားထူထူ ကို လှမ်းခေါ်လိုက်သည်။

" ရှောင်ထန် "

‌ထိုနောက်ကျောပြင်လှုပ်ခါသွားပြီး Coke များသီးထွက်လာကာ ကီးဘုတ်တစ်ဝက်နီးပါးလောက်ကို ဖိတ်စင်သွားတော့ သူပျာပျာသလဲထရပ်ပြီး သုတ်ဖို့ တစ်ရှူးထုတ်လိုက်သည်။

‌ကုံးရင့်ရှန်က ခေါင်းယမ်းရင်း

" အလုပ်ဆင်းသွားပြီလေ၊ မင်းစားချင်တယ်ဆိုလည်း ဖုံးကွယ်နေစရာမလိုဘူး "

ထိုလူက နောက်လှည့်ပြီး ရယ်ကျဲကျဲလုပ်ပြလာသည်။

" ဒေါက်တာကုံး၊ ကျွန်တော့်ကို လန့်အောင် လုပ်နေတာပဲ "

သူ့ကြည့်ရတာ နှစ်ဆယ်စွန်းစွန်းလေးပဲရှိသေးပုံပေါ်ပြီး အသားဖြူကာ ဝသည်။ မျက်လုံးကြီးကြီးတွေက ဝိုင်းစက်ကာ ရှင်းလင်းပြီး အသားအရည်က ရေတောင်ညှစ်‌ထုတ်နိုင်သည့်အလား နုဖတ်နေလျက်၊ သူ့အပြုံးက နူးညံ့ညင်သာပြီး ဖော်ရွေသည်။ သူသာ ဝိတ်ချလိုက်လို့ကတော့ ကျိန်းသေပေါက် ကောင်ချောလေးတစ်ယောက် ဖြစ်မည်ပင်။

" ဒီက ဖီးနစ်မီးသတ်တပ်ဖွဲ့ ခေါင်းဆောင် ရန်ရိ၊ခေါင်းဆောင်ရန် ဒါက ကျွန်တော်တို့ ဆိုင်ဘာမှုခင်းတပ်ဖွဲ့က လုပ်ဖော်ကိုင်ဖက် ထန်ဟောက်ချွမ်၊ အရမ်းတော်တဲ့ hacker ပဲ "

" ဟုတ်ကဲ့၊ အရမ်းကြီးမတော်ပါဘူး "

ထန်ဟောက်ချွမ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ရန်ရိဆီ လက်ကမ်းပေးလာသည်။

" ခေါင်းဆောင်ရန် မင်္ဂလာပါ "

" မင်္ဂလာပါ "

ရန်ရိ လက်ကမ်းလိုက်သည်နှင့် ထန်ဟောက်ချွမ်းက သူ့လက်ကို ဓာတ်လိုက်သလို ပြန်ဆုတ်သွား၏။

" sorry ကျွန်တော် လက်အရင်ဆေးလိုက်ဦးမယ် "

ကုံးရင့်ရှန်က သူ့လက်တံရှည်ကြီးကို ဆန့်ထုတ်ပြီး ထန်ဟောက်ချွမ်မျက်နှာရှေ့ပိတ်ကာလိုက်ရင်း သူ့အိတ်ကပ်ထဲက ပိုးသတ်ဆေးဘူးကို ထုတ်လိုက်သည်။

" ထိုင်လိုက်၊ အချိန်ကို ချွေတာသုံး "

ထန်ဟောက်ချွမ်းက နာနာခံခံနဲ့ထိုင်လိုက်ပြီး ဆရာ့ဆီက အပြစ်ပေးခံဖို့စောင့်နေတဲ့ တပည့်အလား လက်ဆန့်ထုတ်ပေးလာသည်။

ကုံးရင့်ရှန် သူ့လက်ပေါ် ပိုးသတ်ဆေးဖြန်းလိုက်တော့ သူလက်ကိုပွတ်ပြီး တစ်ရှူးနဲ့ သန့်အောင်သုတ်လိုက်သည်။

ရန်ရိ ပြုံးရင်း ချောင်းအသာဟန့်လိုက်သည်။

သူတို့နောက်တစ်ခါ လက်ဆွဲနှုတ်ဆက်ပြီး၊ ထန်ဟောက်ချွမ်က မျက်တောင် ပုတ်ခလတ်" လုပ်ရင်းရန်ရိကို ကြည့်လာ၏။

" ကျွန်တော် ရဲမေတွေ ခေါင်းဆောင်ရန်အကြောင်းပြောတာကို မကြာမကြာကြားရတယ်၊ ထင်ထားတဲ့အတိုင်း တကယ်အရပ်ရှည်ပြီး ချောတာပဲ "

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" ဟုတ်လား? ငါမင်းတို့ ဌာနခွဲမှာ အရမ်းပေါ်ပြူလာဖြစ်နေတယ်ပေါ့၊ နောက်နေ့မှ ငါ ရဲအရာရှိနဲ့ မီးသတ်သမား ဘယ်သူလစာပိုများလဲ စုံစမ်းကြည့်ဦးမယ်၊အခြားအလုပ်တစ်ခု ပြောင်းလို့ရရင်ရမှာ "

ထန်ဟောက်ချွမ်က ရယ်မောရင်း ပြောလာသည်။

" ခေါင်းဆောင်က ဟာသဉာဏ်ရှိတာပဲ "

ကုံးရင့်ရှန် ထန်‌ဟောက်ချွမ်စားပွဲပေါ်က အားလူးကြော်တွေ၊ အမဲသားပြားတွေ၊ ဖရုံစေ့တွေနဲ့ Coke အစွန်းအထင်းတွေကို ကြည့်လိုက်သည်။

ထန်ဟောက်ချွမ်က အမြန်ပဲ ရှင်းလို့ရတဲ့ဟာတွေကိုရှင်း၊ သုတ်လို့ရတဲ့ဟာတွေကို သုတ်လိုက်ပြီး ကုံးရင့်ရှန်ကို ကြောက်ကြောက်လန့်လန့် ကြည့်လာသည်။

ကုံးရင့်ရှန့်က ဘေးကို ညွှန်ပြရင်း

" ဒီကို ခုံနှစ်လုံး ယူလိုက် "

နှစ်ယောက်လုံး ခုံတွေယူဖို့ တစ်ပြိုင်နက်တည်း လှည့်လိုက်ကြ၏။

ကုံးရင့်ရှန်က ခုံတစ်ခုံမှာထိုင်ပြီး

" ရှောင်ထန် မင်းပြောတော့ အခြေအနေတိုးတက်မှုရှိတယ်ဆို၊ ပြီးတော့ မနက်ဖြန် ငါ ကျိုးချွမ်းကို စစ်မေးရမှာ၊ အခုငါ အသုံးဝင်မယ့် အချက်အလက်တွေလို‌တယ် "

" ဟုတ်ကဲ့ "

ထန်ဟောက်ချွမ်း screen ဖွင့်လိုက်တော့ ကြက်သွေးရောင်နောက်ခံ၊ မီးပုံစံနှင့် Website တစ်ခုသူတို့ ရှေ့ပေါ်လာခဲ့သည်။ Webpage ကို English ဘာသာစကားချည်းသက်သက် သုံးထားပြီး ခေါင်းစည်းက အတောင်ခြောက်ဖက်နှင့် လူမျက်နှာရှိသောမြွေပုံစံဖြစ်ကာ မြွေခန္ဓာကိုယ်က မီးတောက်နေသော ဓားကို ရစ်ပတ်ထားသည်။

အောက်ဘက်ရှိ သေးငယ်သော စာလုံးများက အသေအချာပင် -- Seraph ဖြစ်ပါ၏။

ရန်ရိ စိတ်ကူးထားသလိုမဟုတ်ဘဲ ဒီ website ရဲ့ home page က အလွန်ကို ရိုးရှင်းသည်။ သူက dark web ကို pop-up window အများကြီးနဲ့ Yellow website တွေလိုပဲ၊ အချက်အလက်ဖြန့်ချီတဲ့နေရာမှာ လူတွေအာရုံဖမ်းစားလောက်မယ့် အရာတွေအများကြီးကို စာမျက်နှာတစ်ခုတည်းမှာ တင်ထားလိမ့်မယ် လို့ထင်ခဲ့သည်။ သို့သော်ငြား ဒီ home page မှာတော့ ပုံလေးတစ်ပုံတောင်မရှိပါဘဲ Website Logo, နာမည်နဲ့ အုပ်စုခွဲထားတဲ့ box အနည်းငယ်သာ ရှိသည်။

[ T/n : Yellow website ဆိုတာက တက်တက်ကြွကြွရှိတဲ့ website တွေကိုပြောတာပါ၊ တစ်ခါတစ်လေ porn တို့ ဘာတို့လည်းဖြစ်နေတတ်တယ်၊ လူအများအာရုံစိုက်အောင် ကဏ္ဍအစုံစုတင်ထားတာမျိုး၊ ခေါင်းစဉ်‌ရှုပ်တဲ့ဟာမျိုးကိုပြောတာပါ ]

" Live " ဆိုတဲ့ ရွေးချယ်မှုက ပထမနေရာတွင်ရှိနေ၏။

" ဒါက Seraph ပဲ "

ဒီ dark web ကိုကြည့်ရုံနဲ့တင် ရန်ရိ အနည်းငယ် စိတ်ပျက်လာသည်။

" ဒီ website က မီးရှို့သမားတွေအတွက်သီးသန့် တည်ထောင်ထားတာလား? "

" မလွဲစတမ်းပြောရရင် မီးရှို့တာကိုရူးသွပ်နေတဲ့အဖွဲ့အစည်း "

ထန်ဟောက်ချွမ်က ပြောလာသည်။

" မီးရှို့တာကိုရူးသွပ်တဲ့သူတွေတိုင်း ပြစ်မှုကျူးလွန်ဖို့ သတ္တိရှိတာမဟုတ်ဘူး၊ ဒီ website ပေါ်က အရာအားလုံး မီးနဲ့သက်ဆိုင်တယ်၊ ‌စိတ်ကူးနိုင်တာရော၊ စိတ်မကူးမိနိုင်တဲ့ဟာတွေရောရှိတယ်၊ သူတို့က မီးနဲ့ကစားတာပဲ၊ မီးရှို့သမားရဲ့ live တွေရှိတယ်၊ ဓာတ်ပုံတွေ ဗီဒီယိုတွေရှိတယ်၊ မီးရှို့ဖောက်ခွဲဖို့ သင်ပေးထားတာတွေလည်းရှိတယ်၊ အချင်းချင်း ဆွေးနွေးတာတွေရှိတယ်၊ ပြီးတော့ မီးနဲ့သက်ဆိုင်တဲ့အရာအားလုံးလိုလို ဒီမှာရှာလို့ရတယ် "

" အဲ့မှာ ကျိုးချွမ်းလို လူအများကြီးရှိလား? "

ထန်‌ဟောက်ချွမ်က ခေါင်းညိတ်ပြီး

" ကျိုးချွမ်းလိုလူမျိုးတွေကို ဒီ website မှာ ကြေးစားမုဆိုးလို့ခေါ်တယ်၊ သူတို့က မီးကိုရူးသွပ်နေတဲ့သူတွေကို စိတ်ကျေနပ်အောင်လုပ်ပေးပြီး ဝင်ငွေရှာကြတာ၊ ဥပမာပြောရရင် စစ်ရှစ်ကျောင်လို မီးလောင်ပြီးအခင်းနေရာမျိုးဆိုရင် ဓာတ်ပုံ‌နဲ့ ဗီဒီယိုအစုံလိုက်ကို အနည်းဆုံး 10 'Quark' ဒါမှမဟုတ်အဲ့ထက်ပိုတဲ့ဈေးနဲ့‌ ရောင်းလို့ရတယ် "

" ' Quark' ? "

" Quark က ရူပဗေဒ အသုံးအနှုန်းပဲ၊ မကြာခင်က ရှာတွေ့ထားတဲ့ အသေးဆုံးအမှုန် "

ကုံးရင့်ရှန် ပြောလာသည်။

ထန်ဟောက်ချွမ်က ခေါင်းညိတ်ပြီး

" ဟုတ်တယ် ဒါပေမယ့် ဒီမှာပြောတဲ့ quark က Bitcoin နဲ့ Ethereum (ETH) လိုမျိုး ငွေလဲလှယ်နှုန်းတစ်ခုနာမည်ပဲ၊ အဲ့လောက်တန်းဖို့မရှိတာ သေချာပေမယ့် quark တစ်ခုကို အကြမ်းဖျင်း....ယူအက်စ်ဒေါ်လာ 20 ကနေ 25 လောက်ထိတန်ဖိုးရှိတယ် "

[ T/N : Bitcoin တို့ Ethereum တို့ဆိုတာ တကယ့်ကြီးတဲ့ စီးပွားရေး၊ ဖျော်ဖြေရေးနဲ့ အခြား social platform တွေမှာသုံးတဲ့ငွေကြေးစနစ်ပါ

1 Bitcoin ဆိုရင် မြန်မာငွေ 52 သန်း၊ တရုတ်ယွမ် 2 သိန်းလောက်နဲ့ညီမျှပြီး

1 Ethereum ဆိုရင် မြန်မာငွေ 3 သန်း၊ တရုတ်ယွမ် 12000 လောက်နဲ့ညီပါတယ် ]

" အဲ့တော့ ကျိုးချွမ်း အဲ့ဒီ့ဓာတ်ပုံအစုံလိုက်ရိုက်သွားရင် သူ ယွမ် တစ်ထောင် နှစ်ထောင်လောက်ရမယ်ပေါ့? "

ရန်ရိ ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး

" သူ့ကို ၄၈ နာရီလောက် ဖမ်းထားလိုက်တာ အကျိုးရှိသားပဲ "

" အင်း ဒါပေမယ့် live လွှင့်တာက ပိုပြီး ဈေးကြီးတယ် "

ထန်ဟောက်ချွမ်က ဆိုလာသည်။

" Live လွှင့်ရင် မီးစလောင်ပြီး ၅ မိနစ်အထိကို 200$ ထက်ပိုရတယ်၊  သေချာတာပေါ့ အများအားဖြင့် ပိုက်ဆံပေးတာ လူတစ်ယောက်တည်းမဟုတ်ဘူး၊ Live လွှင့်တာကို ကြည့်နေတဲ့သူအကုန်လုံး စုပုံပေးကြတာ၊ အထူးတောင်းဆိုတာမျိုး လုပ်မယ်ဆိုရင် ပိုက်ဆံထပ်ပေးရတယ် "

ကုံးရင့်ရှန်က တည်တည်တံ့တံ့ပြောလာ၏။

" မီးလောင်ပြီး အကြွင်းအကျန်တွေကို  live လွှင့်တာက Seraph မှာ အဆင့်နိမ့်တယ်မလား? "

" အဆင့်မြင့်တာတွေကရော? "

ရန်ရိ သတိမထားမိဘဲ လက်သီးဆုပ်လိုက်သည်။

" မီးရှို့တဲ့ live လား? "

ထန်ဟောက်ချွမ်အမူအရာက အနည်းငယ်ကြည့်ရဆိုးနေပြီး

" အဲ့ဒီ့မှာက.....live လွှင့်တာမျိုးစုံရှိတယ်၊ တချို့...တချို့ဆို တကယ်ပဲလူတွေ လုပ်နိုင်တာမျိုး မဟုတ်တော့ဘူး "

ကုံးရင့်ရှန်က ဗြောင်ကျကျပြောလာသည်။

" တချို့လူတွေက သတ္တဝါအကုန်လုံးကို မီးရှို့တယ် ပြီးတော့....လူတွေကိုရောပဲ "

ရန်ရိ အသက်ပြင်းပြင်းရှူလိုက်ရင်း စိုးထိတ်သွားရသည်။

" ဘာလို့ ဒီလို website မျိုးရှိနေသေးတာလဲ?! "

ထန်ဟောက်‌ချွမ်က ခါးသက်သက်ပြုံးလိုက်ပြီး

" ဖမ်းမိဖို့ အရမ်းခက်တာကြောင့်ပဲ၊ သူတို့ ဆာဗာတွေက တစ်ကမ္ဘာလုံးမှာ ပြန့်နေတယ်၊ အဲ့လို dark web မျိုးကို ဖျက်စီးဖို့ဆိုရင် နည်းပညာရှင်တွေမဖမ်းမိသရွေ့ အခြားနိုင်ငံတွေက ရဲတွေပါပူးပေါင်းပြီး ဖြေရှင်းမယ်ဆိုရင်တောင် မဖြစ်နိုင်လုနီးပါးပဲ။ ဒါပေမယ့် ဒီ website က programmer တွေက အရမ်းမိုက်တာ၊ ကမ္ဘာ့ထိပ်သီး hacker အဆင့်လောက်ကို ရှိတယ်။ Firewall က အားနည်းချက်ကို ရှာဖို့ ကျွန်တော် သုံးရက်လောက် အချိန်ယူလိုက်ရတာကို၊ ဝင်ပြီး သုံးမိနစ်လောက်နေတော့ ရှာတွေ့သွားကြရော "

" မင်း အသုံးဝင်တာတွေ့လား? "

ထန်ယောက်ချွမ်က ခေါင်းကုတ်ပြီး

" ကျွန်တော် မင်းတို့ကို ဗီဒီယိုတစ်ခု အရင်ပြမယ်၊ မင်းတို့ နည်းနည်း စိတ်ပြင်ဆင်ထား‌ဖို့လိုတယ် "

" .....ဘယ်လိုမျိုးလဲ? "

" ဒီဗီဒီယိုက လောလောဆယ် Seraph မှာ ထပ်ဆုံးသုံးနေရာအထိ ရထားပြီး အရင်က ပထမနေရာမှာရှိတယ် "

ထန်ဟောက်ချွမ်က သူတို့ကိုတစ်ချက်ကြည့်ပြီး တုံ့ဆိုင်းနေ၏။

ကုံးရင့်ရှန် ပြောလိုက်သည်။

" အဲ့တာဖွင့်လိုက် "

ထန်ဟောက်ချွမ်က web page ကိုဖွင့်လိုက်ပြီး သူတို့နှစ်ယောက် ဗီဒီယိုပုံကိုမြင်တော့ အနည်းငယ်ရင်းနှီးနေသလို ခံစားသွားရပြီး စိတ်ထဲကနေ တစ်ခုခုမကောင်းတာဖြစ်တော့မယ်မှန်း သိလိုက်သည်။

Play ခလုတ်ကိုနှိပ်လိုက်တော့ မည်းနေသောနောက်ခံမှာ မှုန်ဝါးရာကနေ ကြည်လင်သွားပြီး ပုံပေါ်၌ အဝါရောင်ကားတစ်စီးပေါ်လာလျက် ထိုကားက သူတို့ ဘယ်တော့မှမေ့မရနိုင်သော ကားဖြစ်နေသည်!

အဲ့နောက်ပိုင်း ကုံးရင့်ရှန်နဲ့ ရန်ရိလည်း အခင်းနေရာမှာရှိနေတာမို့ သူတို့ ကောင်းကောင်းကြီး သိနေ၏။ သူတို့အသံတွေ ပုံထဲကကြားလိုက်ရတော့ သူတို့တစ်ကိုယ်လုံး ချမ်းစိမ့်တက်သွားသည်။ ပြီးတော့ အနက်ရောင်နဲ့လူက ကားကိုမီးရှို့လိုက်ပြီး ကျိုးချွမ်းကိုမီးစွဲကာ မြေကြီးပေါ်လဲကျသွားပြီး ကင်မရာလည်း စတင်၍လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

သုံးချောင်းထောက်ပေါ်က ကွန်ပျူတာကို ကားဆီမျက်နှာလှည့်ထားတာ ရန်ရိမှတ်မိနေသေးသည်။ သုံးချောင်းထောက် လဲမကျခင် မီးလောင်နေသေးတော့ ဆိုလိုတာက...ဆိုလိုတာက သုံးချောင်းထောက်လဲမကျခင်အထိ သူနဲ့ကုံးရင့်ရှန် အကုန်လုံး screen မှာပေါ်လာတယ်!

အဲ့အချိန်က သူတို့ လူကယ်ဖို့၊ ကြောင်ကယ်ဖို့နဲ့ မီးသတ်ဖို့ကို ဆန္ဒစောနေကြသည်။ အခင်းနေရာကလည်း ပရမ်းပတာအခြေအနေ ဖြစ်နေတော့ ကင်မရာကို လုံးဝလျစ်လျူရှုထားလိုက်ကြ၏။ ကင်မရာကတော့ တိတ်တိတ်လေးပဲ ရိုက်ကူးအသံသွင်းပြီး live လွှင့်နေခဲ့သည်။

လူနှစ်ယောက်ရဲ့ မျက်နှာတွေက တစ်ဖြည်းဖြည်း ပိုပြီးကြည့်ရဆိုးလာတော့၏။ သူတို့မျက်နှာတွေကို video မှာ မြင်ရဖို့ခက်တယ်ဆိုပေမယ့်လည်း သူတို့ တစ်ယောက်နာမည်တစ်ယောက်ခေါ်ခဲ့တယ် ဆိုတာကိုတော့ သူတို့ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ကုံးရင့်ရှန် ရန်ရိကို ကားထဲကဆွဲထုတ်ပြီးမှပဲ ကင်မရာမြေကြီးပေါ်သို့ လဲကျသွားလေ၏။

ရန်ရိ အာတွေလျှာတွေ ခြောက်ကပ်လာသလိုပဲခံစားရပြီး၊ အဲ့အချိန် သူဘယ်လို စိတ်အခြေအနေမျိုး ဖြစ်နေမှန်းတောင်မသိတော့ပေ။ ကုံးရင့်ရှန် မျက်လုံးများက မှုန်းမှိုင်းနေပြီး သူ့ကိုယ်၌ ခက်ထန်တင်းမာသော အငွေ့အသက်အပြည့် လွှမ်းခြုံထားသည်။

ထန်ဟောက်ချန်က သူတို့နှစ်ယောက်ကို ခိုးအကဲခတ်လိုက်ပြီး

" ကျွန်တော်အခု barrage ဖွင့်လိုက်တော့မယ်နော်၊ မင်းတို့လိုအပ်ရင်....."

[ T/n : Live လွှင့်ရင် အောက်မှာမန့်ကျတဲ့ စာအတန်းလိုက်ကြီးကို barrage လို့မှတ် :") ]

ကုံးရင့်ရှန်က အေးအေးစက်စက်ပြောလိုက်သည်။

" ဘာမှ စိတ်ပြင်ဆင်ဖို့ မလိုဘူး၊ အချိန်ဖြုန်းမနေနဲ့ "

ရန်ရိ တိုးတိုးကပ်ပြောလိုက်ရသည်။

" ဒီလိုမလုပ်နဲ့လေ ရှောင်ထန်က ငါတို့ကိုကူညီနေတာ "

ထန်ဟောက်ချွမ်က လက်ယမ်းပြ၏။

" ရပါတယ် "

သူ barrage ကိုနှိပ်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ အထက်အောက်ရွေ့နေသော စာများ ဗီဒီယိုတွင်ပေါ်လာပြီး English လိုကအများဆုံးဖြစ်သည်။

ရန်ရိ English စကေးက အရမ်းမကောင်းပေမယ့် သူ level 4 အထိတော့ အောင်ထားသည်။ တစ်ချို့က ဒီ video ကို ကောင်းတယ်လို့ပြောနေကြပြီး တစ်ချို့က vd ‌ထဲကလူနှစ်ယောက်က မီးသတ်သမားနဲ့ရဲဆိုတာ ပြောနေသည်။ တစ်ချို့က သူတို့ကားထဲမှာအော်ဟစ်ရုန်းကန်နေသံ‌တွေ ကြားချင်တယ်လို့ပြောပြီး တစ်ချို့လူတွေက သူတို့မျက်နှာချောချောလေးတွေ မီးလောင်သွားတာက ကမ္ဘာပေါ်မှာ အလှဆုံးပန်းချီကားတစ်ချပ်ဖြစ်မှာပဲ လို့ပြောနေသည်။

နောက်ပြီး ရန်ရိ သူ့နာမည်၊ အသက်၊ ဖုန်းနံပါတ်၊ တည်နေရာ၊ အိမ်လိပ်စာ၊  အလုပ်အကိုင်နဲ့ မီးသတ်တပ်ဖွဲ့ဝင်နံပါတ်တွေ တရုတ်လိုရော English လိုပါ ရေးထားတာ‌ပေါ်လာပြီး အောက်မှာ ကုံးရင့်ရှန်လည်းအလားတူ ဖော်ပြခံရကြောင်း ‌မြင်တွေ့လိုက်ရသည်။

ရန်ရိ ကြက်သီးမွေးညင်း ထသွား၏။

ကုံးရင့်ရှန်က ‌မျက်လုံးများ မှေးစင်းရင်း

" Video တစ်ခုတည်းကနေ သူတို့ဒီလောက် အများကြီးရှာနိုင်တယ်? "

" ဒီ video ကအများကြီး ထုတ်ဖော်လိုက်တာပဲ "

ထန်ဟောက်ချွမ်ပြောလာသည်။

" Hackers တွေအတွက်တော့ မခက်ပါဘူး၊ ဒါပေမယ့် မင်းတို့အများကြီး စိတ်ပူစရာမလိုဘူး၊ မင်းတို့ပြည်ပမှာဆိုရင်တောင် မင်းတို့ကို စော်ကားဖို့မလွယ်ဘူး၊ ပြည်တွင်းမှာဆိုတော့ တစ်ဝက်ကျော်ကျော်လောက်က သူ့တို့ကိုယ်သူတို့ ထုတ်ဖော်ရဲမှာမဟုတ်ဘူး၊ ဒီအတောအတွင်း မင်းတို့ကို စော်ကားတဲ့ဖုန်းတွေခေါ်သေးလား? "

" မခေါ်ဘူး "

ကုံးရင့်ရှန် က လှောင်ထေ့ပြုံးရင်း

" ငါစိတ်မပူပါဘူး၊ မီးရှို့သမားအများသူက သိမ်ငယ်ပြီး အားနည်းတယ်၊ လူမှုဆက်ဆံရေးမှာ တိတ်ဆိတ်နေတာ၊ အရှက်အကြောက်ကြီးတာ၊ မယှဉ်ပြိုင်နိုင်တာမျိုးဖော်ပြတတ်တယ်၊ သူတို့ကိုယ်သူတို့ ဖုံးကွယ်ပြီး အင်အားရှိလာအောင် မီးကိုသုံးနေတာ၊ သူတို့ မသိစိတ်ကနေပြီးတော့လည်း မီးက ပိုအင်အားကြီးတယ်လို့ ထင်တယ်၊ သူတို့အသက်ပိုကြီးလာလေလေ ပိုပြီးသူရဲဘောကြောင်လာလေလေပဲ၊ သူတို့အများစုက ရဲနဲ့ မီးသတ်သမားတွေကို ဆက်သွယ်ဖို့ သတ္တိမရှိဘူး "

" သူတို့က သတ္တိမရှိဘူး၊ ဒါပေမယ့် သူတို့ကို စိတ်ကျေနပ်အောင်လုပ်ပြီး ငွေရှာနေတဲ့ ကြေးစားမုဆိုးအများစုက မီးရှို့သမားတွေမဟုတ်ပေမယ့် သူတို့ထဲမှာ တကယ့်ရာဇဝတ်သားတွေရှိတယ်၊ မင်းတို့ သတိထားနေရဦးမှာပဲ "

ထန်ဟောက်ချွမ်က တိုးတိုးပြောလာသည်။

" အခုတင်.....မင်းတို့နဲ့ပတ်သက်ပြီး ဆုကြေးမြင့်မြင့် ကမ်းလှမ်းထားတဲ့ သူတစ်ယောက် ပေါ်လာပြီ "

ရန်ရိ အံကြိတ်ကာပြောလိုက်သည်။

" ငါကတော့ အဲ့ဒီ့လူယုတ်မာတွေကို မဖမ်းနိုင်မှာပဲ စိုးရိမ်တယ်၊ တိရစ္ဆာန်တွေ လာသာလာကြည့်စမ်းပါ! "

" ကြည့်,ကြည့်တာပေါ့ "

ကုံးရင့်ရှန်ပြောလာသည်။

" ငါတို့ ဒါကိုသုံးပြီး လူ‌တွေဖမ်းလို့ ရနိုင်လောက်တယ် "

" ဟုတ်တယ် အနက်နဲ့လူ "

ထန်ဟောက်ချွမ်း web page ကိုပြန်‌ပြောင်းလိုက်ပြီး

" ဆုကြေးကဒီမှာ ပထမလူက အမေရိကန်ဒေါ်လာ ‌လေးသောင်းနီးပါး ဈေးတင်ထားတယ်၊ မင်းတို့ထဲက....ဘယ်သူပဲဖြစ်ဖြစ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ ရက်အတော်ကြာပြီ ဘယ်သူမှလက်မခံရဲသေးဘူး "

ကုံးရင့်ရှန် ဆုကြေးစာရင်းကို သေသေချာချာကြည့်နေရင်း တစ်ချိန်တည်းပြောလာသည်။

" အနက်နဲ့လူက အဲ့တာကိုပထမဆုံးလုပ်ဖူးတာပဲ၊ ပြီးတော့ ကျိုးချွမ်းနဲ့တစ်ဖွဲ့တည်း မဖြစ်နိုင်ဘူး "

" မင်းဘယ်လိုသိတာလဲ? "

ရန်ရိမေးလိုက်သည်။

" ကျွန်တော်တို့ ဖုန်းနဲ့ရိုက်ထားတဲ့ video ကို အခါခါပြန်ကြည့်ပြီးသွားပြီ၊ အနက်နဲ့လူက ရှို့တိုးရှန့်တန့်နဲ့ တွန့်ဆုတ်နေပြီး စိတ်လှုပ်ရှားရင်း ကြောက်လည်းကြောက်နေတယ်။ Body language အရကြည့်မယ်ဆိုရင် သူကငြင်းဆန်ပြီး အဲ့တာကို မြန်မြန်ပြီးစေချင်နေတာပဲ၊ နောက်ပြီးတော့ သူ live လွှင့်တာကို အစအဆုံးတောင် ကြည့်မနေဘူး၊ ဆုကြေးတွေကို မမက်တာသိသာတယ်၊ သူ့မျက်နှာနဲ့ ပုံပန်းသဏ္ဌာန်ကို ဖုံးထားရုံပဲ၊ ပိုက်ဆံအတွက် လာတဲ့ပုံမပေါ်ဘူး၊ အကျပ်ကိုင်ခံထားရသလိုမျိုး "

ရန်ရိ ပြန်တွေးကြည့်လိုက်ပြီး

" ဒါပေမယ့် သူကားကိုမီးရှို့လိုက်တုန်းက တွန့်ဆုတ်မနေပါဘူး "

" သူကားကိုမီးရှို့လိုက်တာက အခြေအနေ မတည်ငြိမ်အောင်လုပ်ပြီး ထွက်ပြေးဖို့ပဲ "

ကုံးရင့်ရှန် ဆိုလာသည်။

" ကျွန်တော်တို့ ဆုကြေးတာဝန် ကတော့ ဘယ်သူမှလက်ခံမှာမဟုတ်ဘူး "

" အင်း website ကိုသွားတဲ့ တရုတ်အနည်းစုရှိပေမယ့်လည်း ထျန်ချီမှာ ဒီလိုအရမ်းကောင်းတဲ့ လုံ‌ခြုံရေးတွေရှိနေမှတော့ ရဲဘက်ပြည်သူ့ဝန်ထမ်းတစ်ယောက်ကို တိုက်ခိုက်ဖို့က အရမ်းစွန့်စားရာရောက်တယ်၊ ယူအက်စ်ဒေါ်လာ လေးသောင်းက အတော်များတဲ့ ဆုကြေးပမာဏဖြစ်နေပေမယ့်လည်းလေ "

ထန်ဟောက်ချွမ် ပြောလာသည်။

" အတိုချုပ်ရရင် မင်းတို့သတိထားရဦးမှာပဲ၊ လိုရမယ်ရပေါ့ "

ရန်ရိမေးလိုက်သည်။

" ဒီအဆင့် ဆုကြေးငွေလောက်ဆို၊ အများအားဖြင့် ဘာတွေလုပ်ရလဲ? "

" လူကိုမီးရှို့သတ်တာ ဒါမှမဟုတ် ကြီးကျယ် အရေးပါပြီး လူသိများတဲ့ဟာတွေကို မီးရှို့ရတယ်၊ လူကိုရှို့တာ ပိုများတယ်၊ ဆုကြေးမြင့်ရင်တောင်မှ အဆောက်အဦးလိုမျိုးဟာတွေ ရွေးဖို့က မလွယ်ဘူးလေ၊ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပေါ့၊ ပစ်မှတ်ကအရမ်းကြီးရင် ဖမ်းမိဖို့လွယ်တယ် "

" တကယ်ကို လူယုတ်မာ အုပ်စုပဲ "

ရန်ရိ ကျိန်ဆဲလိုက်သည်။

" မင်း အခြားအသုံးဝင်တဲ့ သဲလွန်စတွေ တွေ့သေးလား? "

ကုံးရင့်ရှန်ပြောလိုက်သည်။

" ငါတို့ video ပဲလား? "

" မဟုတ်ဘူး Live လွှင့်တဲ့အချက်အလက်တွေနဲ့ ကျွန်တော် website ထဲက တူးဆွထားတာရှိသေးတယ် "

ထန်ဟောက်ချွမ် ပြောလာသည်။

" ကျွန်တော့်ကို အတော်စိတ်ဝင်စားအောင် လုပ်တဲ့ဟာတစ်ခုရှိတယ်၊ သူတို့ဖိုရမ်ထဲက တွေ့လာတာ "

" ဘာပို့စ်လဲ? "

"ဒေါက်တာကုံး၊  လွန်ခဲ့တဲ့နှစ်အနည်းငယ်က Utah က နာမည်ကြီး စားသောက်ဆိုင်အိမ်သာထဲမှာ လူသတ်မှုဖြစ်ခဲ့တာ မှတ်မိလား? "

" မှတ်မိတယ် ကျောင်းသူလေးနှစ်ယောက် လူလဲသတ်တာ "

ကုံးရင့်ရှန် အံ့ဩတကြီး ပြောလိုက်သည်။

" မင်းဆိုလိုတာက၊ သူတို့ ဖိုရမ်ထဲမှာ လူချင်းလဲပြီး မီးရှို့တဲ့အကြောင်း ဆွေးနွေးကြတာလား?! "

===========

မထင်မှတ်ဘဲ ဒီအပိုင်းက နည်းနည်းရှုပ်ပြီး စာရှည်သွားတယ်၊ လက်ပြန်ကိုက်နေလို့ နောက်ကျသွားတာပါ 😷

===========

{ Zawgyi }

ကုံးရင့္႐ွန္ ရန္ရိကို အျခား႐ုံးဧရိယာဆီေခၚသြားၿပီး အဲ့ဒီ့မွာ အရမ္းက်ယ္တဲ့အခန္းႀကီးတစ္ခု႐ွိ‌သည္။ နံရံ အေ႐ွ႕မွာ LED ျပားေတြ ကပ္ထားၿပီး စားပြဲတန္းေတြမွာေတာ့ ကြန္ပ်ဴတာေတြနဲ႔၊ ရန္ရိကို မသိေသာသူအခ်ိဳ႕ျဖင့္ ျပည့္ႏွက္ေနသည္။ လူအမ်ားစုက အဲ့အခ်ိန္ အခ်ိန္ပိုဆင္းေနၾကဆဲျဖစ္၏။

ကုံးရင့္႐ွန္ ေထာင့္စြန္းက စားပြဲဆီ ေလွ်ာက္သြားၿပီး ေနာက္ေက်ာသားထူထူ ကို လွမ္းေခၚလိုက္သည္။

" ေ႐ွာင္ထန္ "

‌ထိုေနာက္ေက်ာျပင္လႈပ္ခါသြားၿပီး Coke မ်ားသီးထြက္လာကာ ကီးဘုတ္တစ္ဝက္နီးပါးေလာက္ကို ဖိတ္စင္သြားေတာ့ သူပ်ာပ်ာသလဲထရပ္ၿပီး သုတ္ဖို႔ တစ္႐ွဴးထုတ္လိုက္သည္။

‌ကုံးရင့္႐ွန္က ေခါင္းယမ္းရင္း

" အလုပ္ဆင္းသြားၿပီေလ၊ မင္းစားခ်င္တယ္ဆိုလည္း ဖုံးကြယ္ေနစရာမလိုဘူး "

ထိုလူက ေနာက္လွည့္ၿပီး ရယ္က်ဲက်ဲလုပ္ျပလာသည္။

" ေဒါက္တာကုံး၊ ကြၽန္ေတာ့္ကို လန္႔ေအာင္ လုပ္ေနတာပဲ "

သူ႕ၾကည့္ရတာ ႏွစ္ဆယ္စြန္းစြန္းေလးပဲ႐ွိေသးပုံေပၚၿပီး အသားျဖဴကာ ဝသည္။ မ်က္လုံးႀကီးႀကီးေတြက ဝိုင္းစက္ကာ ႐ွင္းလင္းၿပီး အသားအရည္က ေရေတာင္ညႇစ္‌ထုတ္ႏိုင္သည့္အလား ႏုဖတ္ေနလ်က္၊ သူ႕အျပဳံးက ႏူးညံ့ညင္သာၿပီး ေဖာ္ေ႐ြသည္။ သူသာ ဝိတ္ခ်လိုက္လို႔ကေတာ့ က်ိန္းေသေပါက္ ေကာင္ေခ်ာေလးတစ္ေယာက္ ျဖစ္မည္ပင္။

" ဒီက ဖီးနစ္မီးသတ္တပ္ဖြဲ႕ ေခါင္းေဆာင္ ရန္ရိ၊ေခါင္းေဆာင္ရန္ ဒါက ကြၽန္ေတာ္တို႔ ဆိုင္ဘာမႈခင္းတပ္ဖြဲ႕က လုပ္ေဖာ္ကိုင္ဖက္ ထန္ေဟာက္ခြၽမ္၊ အရမ္းေတာ္တဲ့ hacker ပဲ "

" ဟုတ္ကဲ့၊ အရမ္းႀကီးမေတာ္ပါဘူး "

ထန္ေဟာက္ခြၽမ္က ႐ွက္ကိုး႐ွက္ကန္း ျပဳံးလိုက္ၿပီး ရန္ရိဆီ လက္ကမ္းေပးလာသည္။

" ေခါင္းေဆာင္ရန္ မဂၤလာပါ "

" မဂၤလာပါ "

ရန္ရိ လက္ကမ္းလိုက္သည္ႏွင့္ ထန္ေဟာက္ခြၽမ္းက သူ႕လက္ကို ဓာတ္လိုက္သလို ျပန္ဆုတ္သြား၏။

" sorry ကြၽန္ေတာ္ လက္အရင္ေဆးလိုက္ဦးမယ္ "

ကုံးရင့္႐ွန္က သူ႕လက္တံ႐ွည္ႀကီးကို ဆန္႔ထုတ္ၿပီး ထန္ေဟာက္ခြၽမ္မ်က္ႏွာေ႐ွ႕ပိတ္ကာလိုက္ရင္း သူ႕အိတ္ကပ္ထဲက ပိုးသတ္ေဆးဘူးကို ထုတ္လိုက္သည္။

" ထိုင္လိုက္၊ အခ်ိန္ကို ေခြၽတာသုံး "

ထန္ေဟာက္ခြၽမ္းက နာနာခံခံနဲ႔ထိုင္လိုက္ၿပီး ဆရာ့ဆီက အျပစ္ေပးခံဖို႔ေစာင့္ေနတဲ့ တပည့္အလား လက္ဆန္႔ထုတ္ေပးလာသည္။

ကုံးရင့္႐ွန္ သူ႕လက္ေပၚ ပိုးသတ္ေဆးျဖန္းလိုက္ေတာ့ သူလက္ကိုပြတ္ၿပီး တစ္႐ွဴးနဲ႔ သန္႔ေအာင္သုတ္လိုက္သည္။

ရန္ရိ ျပဳံးရင္း ေခ်ာင္းအသာဟန္႔လိုက္သည္။

သူတို႔ေနာက္တစ္ခါ လက္ဆြဲႏႈတ္ဆက္ၿပီး၊ ထန္ေဟာက္ခြၽမ္က မ်က္ေတာင္ ပုတ္ခလတ္" လုပ္ရင္းရန္ရိကို ၾကည့္လာ၏။

" ကြၽန္ေတာ္ ရဲေမေတြ ေခါင္းေဆာင္ရန္အေၾကာင္းေျပာတာကို မၾကာမၾကာၾကားရတယ္၊ ထင္ထားတဲ့အတိုင္း တကယ္အရပ္႐ွည္ၿပီး ေခ်ာတာပဲ "

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" ဟုတ္လား? ငါမင္းတို႔ ဌာနခြဲမွာ အရမ္းေပၚျပဴလာျဖစ္ေနတယ္ေပါ့၊ ေနာက္ေန႔မွ ငါ ရဲအရာ႐ွိနဲ႔ မီးသတ္သမား ဘယ္သူလစာပိုမ်ားလဲ စုံစမ္းၾကည့္ဦးမယ္၊အျခားအလုပ္တစ္ခု ေျပာင္းလို႔ရရင္ရမွာ "

ထန္ေဟာက္ခြၽမ္က ရယ္ေမာရင္း ေျပာလာသည္။

" ေခါင္းေဆာင္က ဟာသဉာဏ္႐ွိတာပဲ "

ကုံးရင့္႐ွန္ ထန္‌ေဟာက္ခြၽမ္စားပြဲေပၚက အားလူးေၾကာ္ေတြ၊ အမဲသားျပားေတြ၊ ဖ႐ုံေစ့ေတြနဲ႔ Coke အစြန္းအထင္းေတြကို ၾကည့္လိုက္သည္။

ထန္ေဟာက္ခြၽမ္က အျမန္ပဲ ႐ွင္းလို႔ရတဲ့ဟာေတြကို႐ွင္း၊ သုတ္လို႔ရတဲ့ဟာေတြကို သုတ္လိုက္ၿပီး ကုံးရင့္႐ွန္ကို ေၾကာက္ေၾကာက္လန္႔လန္႔ ၾကည့္လာသည္။

ကုံးရင့္႐ွန္႔က ေဘးကို ၫႊန္ျပရင္း

" ဒီကို ခုံႏွစ္လုံး ယူလိုက္ "

ႏွစ္ေယာက္လုံး ခုံေတြယူဖို႔ တစ္ၿပိဳင္နက္တည္း လွည့္လိုက္ၾက၏။

ကုံးရင့္႐ွန္က ခုံတစ္ခုံမွာထိုင္ၿပီး

" ေ႐ွာင္ထန္ မင္းေျပာေတာ့ အေျခအေနတိုးတက္မႈ႐ွိတယ္ဆို၊ ၿပီးေတာ့ မနက္ျဖန္ ငါ က်ိဳးခြၽမ္းကို စစ္ေမးရမွာ၊ အခုငါ အသုံးဝင္မယ့္ အခ်က္အလက္ေတြလို‌တယ္ "

" ဟုတ္ကဲ့ "

ထန္ေဟာက္ခြၽမ္း screen ဖြင့္လိုက္ေတာ့ ၾကက္ေသြးေရာင္ေနာက္ခံ၊ မီးပုံစံႏွင့္ Website တစ္ခုသူတို႔ ေ႐ွ႕ေပၚလာခဲ့သည္။ Webpage ကို English ဘာသာစကားခ်ည္းသက္သက္ သုံးထားၿပီး ေခါင္းစည္းက အေတာင္ေျခာက္ဖက္ႏွင့္ လူမ်က္ႏွာ႐ွိေသာေႁမြပုံစံျဖစ္ကာ ေႁမြခႏၶာကိုယ္က မီးေတာက္ေနေသာ ဓားကို ရစ္ပတ္ထားသည္။

ေအာက္ဘက္႐ွိ ေသးငယ္ေသာ စာလုံးမ်ားက အေသအခ်ာပင္ -- Seraph ျဖစ္ပါ၏။

ရန္ရိ စိတ္ကူးထားသလိုမဟုတ္ဘဲ ဒီ website ရဲ႕ home page က အလြန္ကို ႐ိုး႐ွင္းသည္။ သူက dark web ကို pop-up window အမ်ားႀကီးနဲ႔ Yellow website ေတြလိုပဲ၊ အခ်က္အလက္ျဖန္႔ခ်ီတဲ့ေနရာမွာ လူေတြအာ႐ုံဖမ္းစားေလာက္မယ့္ အရာေတြအမ်ားႀကီးကို စာမ်က္ႏွာတစ္ခုတည္းမွာ တင္ထားလိမ့္မယ္ လို႔ထင္ခဲ့သည္။ သို႔ေသာ္ျငား ဒီ home page မွာေတာ့ ပုံေလးတစ္ပုံေတာင္မ႐ွိပါဘဲ Website Logo, နာမည္နဲ႔ အုပ္စုခြဲထားတဲ့ box အနည္းငယ္သာ ႐ွိသည္။

[ T/n : Yellow website ဆိုတာက တက္တက္ႂကြႂကြ႐ွိတဲ့ website ေတြကိုေျပာတာပါ၊ တစ္ခါတစ္ေလ porn တို႔ ဘာတို႔လည္းျဖစ္ေနတတ္တယ္၊ လူအမ်ားအာ႐ုံစိုက္ေအာင္ က႑အစုံစုတင္ထားတာမ်ိဳး၊ ေခါင္းစဥ္‌႐ႈပ္တဲ့ဟာမ်ိဳးကိုေျပာတာပါ ]

" Live " ဆိုတဲ့ ေ႐ြးခ်ယ္မႈက ပထမေနရာတြင္႐ွိေန၏။

" ဒါက Seraph ပဲ "

ဒီ dark web ကိုၾကည့္႐ုံနဲ႔တင္ ရန္ရိ အနည္းငယ္ စိတ္ပ်က္လာသည္။

" ဒီ website က မီး႐ိႈ႕သမားေတြအတြက္သီးသန္႔ တည္ေထာင္ထားတာလား? "

" မလြဲစတမ္းေျပာရရင္ မီး႐ိႈ႕တာကို႐ူးသြပ္ေနတဲ့အဖြဲ႕အစည္း "

ထန္ေဟာက္ခြၽမ္က ေျပာလာသည္။

" မီး႐ိႈ႕တာကို႐ူးသြပ္တဲ့သူေတြတိုင္း ျပစ္မႈက်ဴးလြန္ဖို႔ သတၱိ႐ွိတာမဟုတ္ဘူး၊ ဒီ website ေပၚက အရာအားလုံး မီးနဲ႔သက္ဆိုင္တယ္၊ ‌စိတ္ကူးႏိုင္တာေရာ၊ စိတ္မကူးမိႏိုင္တဲ့ဟာေတြေရာ႐ွိတယ္၊ သူတို႔က မီးနဲ႔ကစားတာပဲ၊ မီး႐ိႈ႕သမားရဲ႕ live ေတြ႐ွိတယ္၊ ဓာတ္ပုံေတြ ဗီဒီယိုေတြ႐ွိတယ္၊ မီး႐ိႈ႕ေဖာက္ခြဲဖို႔ သင္ေပးထားတာေတြလည္း႐ွိတယ္၊ အခ်င္းခ်င္း ေဆြးေႏြးတာေတြ႐ွိတယ္၊ ၿပီးေတာ့ မီးနဲ႔သက္ဆိုင္တဲ့အရာအားလုံးလိုလို ဒီမွာ႐ွာလို႔ရတယ္ "

" အဲ့မွာ က်ိဳးခြၽမ္းလို လူအမ်ားႀကီး႐ွိလား? "

ထန္‌ေဟာက္ခြၽမ္က ေခါင္းညိတ္ၿပီး

" က်ိဳးခြၽမ္းလိုလူမ်ိဳးေတြကို ဒီ website မွာ ေၾကးစားမုဆိုးလို႔ေခၚတယ္၊ သူတို႔က မီးကို႐ူးသြပ္ေနတဲ့သူေတြကို စိတ္ေက်နပ္ေအာင္လုပ္ေပးၿပီး ဝင္ေငြ႐ွာၾကတာ၊ ဥပမာေျပာရရင္ စစ္႐ွစ္ေက်ာင္လို မီးေလာင္ၿပီးအခင္းေနရာမ်ိဳးဆိုရင္ ဓာတ္ပုံ‌နဲ႔ ဗီဒီယိုအစုံလိုက္ကို အနည္းဆုံး 10 'Quark' ဒါမွမဟုတ္အဲ့ထက္ပိုတဲ့ေဈးနဲ႔‌ ေရာင္းလို႔ရတယ္ "

" ' Quark' ? "

" Quark က ႐ူပေဗဒ အသုံးအႏႈန္းပဲ၊ မၾကာခင္က ႐ွာေတြ႕ထားတဲ့ အေသးဆုံးအမႈန္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

ထန္ေဟာက္ခြၽမ္က ေခါင္းညိတ္ၿပီး

" ဟုတ္တယ္ ဒါေပမယ့္ ဒီမွာေျပာတဲ့ quark က Bitcoin နဲ႔ Ethereum (ETH) လိုမ်ိဳး ေငြလဲလွယ္ႏႈန္းတစ္ခုနာမည္ပဲ၊ အဲ့ေလာက္တန္းဖို႔မ႐ွိတာ ေသခ်ာေပမယ့္ quark တစ္ခုကို အၾကမ္းဖ်င္း....ယူအက္စ္ေဒၚလာ 20 ကေန 25 ေလာက္ထိတန္ဖိုး႐ွိတယ္ "

[ T/N : Bitcoin တို႔ Ethereum တို႔ဆိုတာ တကယ့္ႀကီးတဲ့ စီးပြားေရး၊ ေဖ်ာ္ေျဖေရးနဲ႔ အျခား social platform ေတြမွာသုံးတဲ့ေငြေၾကးစနစ္ပါ

1 Bitcoin ဆိုရင္ ျမန္မာေငြ 52 သန္း၊ တ႐ုတ္ယြမ္ 2 သိန္းေလာက္နဲ႔ညီမွ်ၿပီး

1 Ethereum ဆိုရင္ ျမန္မာေငြ 3 သန္း၊ တ႐ုတ္ယြမ္ 12000 ေလာက္နဲ႔ညီပါတယ္ ]

" အဲ့ေတာ့ က်ိဳးခြၽမ္း အဲ့ဒီ့ဓာတ္ပုံအစုံလိုက္႐ိုက္သြားရင္ သူ ယြမ္ တစ္ေထာင္ ႏွစ္ေထာင္ေလာက္ရမယ္ေပါ့? "

ရန္ရိ ခနဲ႔တဲ့တဲ့ ျပဳံးလိုက္ၿပီး

" သူ႕ကို ၄၈ နာရီေလာက္ ဖမ္းထားလိုက္တာ အက်ိဳး႐ွိသားပဲ "

" အင္း ဒါေပမယ့္ live လႊင့္တာက ပိုၿပီး ေဈးႀကီးတယ္ "

ထန္ေဟာက္ခြၽမ္က ဆိုလာသည္။

" Live လႊင့္ရင္ မီးစေလာင္ၿပီး ၅ မိနစ္အထိကို 200$ ထက္ပိုရတယ္၊  ေသခ်ာတာေပါ့ အမ်ားအားျဖင့္ ပိုက္ဆံေပးတာ လူတစ္ေယာက္တည္းမဟုတ္ဘူး၊ Live လႊင့္တာကို ၾကည့္ေနတဲ့သူအကုန္လုံး စုပုံေပးၾကတာ၊ အထူးေတာင္းဆိုတာမ်ိဳး လုပ္မယ္ဆိုရင္ ပိုက္ဆံထပ္ေပးရတယ္ "

ကုံးရင့္႐ွန္က တည္တည္တံ့တံ့ေျပာလာ၏။

" မီးေလာင္ၿပီး အႂကြင္းအက်န္ေတြကို  live လႊင့္တာက Seraph မွာ အဆင့္နိမ့္တယ္မလား? "

" အဆင့္ျမင့္တာေတြကေရာ? "

ရန္ရိ သတိမထားမိဘဲ လက္သီးဆုပ္လိုက္သည္။

" မီး႐ိႈ႕တဲ့ live လား? "

ထန္ေဟာက္ခြၽမ္အမူအရာက အနည္းငယ္ၾကည့္ရဆိုးေနၿပီး

" အဲ့ဒီ့မွာက.....live လႊင့္တာမ်ိဳးစုံ႐ွိတယ္၊ တခ်ိဳ႕...တခ်ိဳ႕ဆို တကယ္ပဲလူေတြ လုပ္ႏိုင္တာမ်ိဳး မဟုတ္ေတာ့ဘူး "

ကုံးရင့္႐ွန္က ေျဗာင္က်က်ေျပာလာသည္။

" တခ်ိဳ႕လူေတြက သတၱဝါအကုန္လုံးကို မီး႐ိႈ႕တယ္ ၿပီးေတာ့....လူေတြကိုေရာပဲ "

ရန္ရိ အသက္ျပင္းျပင္း႐ွဴလိုက္ရင္း စိုးထိတ္သြားရသည္။

" ဘာလို႔ ဒီလို website မ်ိဳး႐ွိေနေသးတာလဲ?! "

ထန္ေဟာက္‌ခြၽမ္က ခါးသက္သက္ျပဳံးလိုက္ၿပီး

" ဖမ္းမိဖို႔ အရမ္းခက္တာေၾကာင့္ပဲ၊ သူတို႔ ဆာဗာေတြက တစ္ကမ႓ာလုံးမွာ ျပန္႔ေနတယ္၊ အဲ့လို dark web မ်ိဳးကို ဖ်က္စီးဖို႔ဆိုရင္ နည္းပညာ႐ွင္ေတြမဖမ္းမိသေ႐ြ႕ အျခားႏိုင္ငံေတြက ရဲေတြပါပူးေပါင္းၿပီး ေျဖ႐ွင္းမယ္ဆိုရင္ေတာင္ မျဖစ္ႏိုင္လုနီးပါးပဲ။ ဒါေပမယ့္ ဒီ website က programmer ေတြက အရမ္းမိုက္တာ၊ ကမ႓ာ့ထိပ္သီး hacker အဆင့္ေလာက္ကို ႐ွိတယ္။ Firewall က အားနည္းခ်က္ကို ႐ွာဖို႔ ကြၽန္ေတာ္ သုံးရက္ေလာက္ အခ်ိန္ယူလိုက္ရတာကို၊ ဝင္ၿပီး သုံးမိနစ္ေလာက္ေနေတာ့ ႐ွာေတြ႕သြားၾကေရာ "

" မင္း အသုံးဝင္တာေတြ႕လား? "

ထန္ေယာက္ခြၽမ္က ေခါင္းကုတ္ၿပီး

" ကြၽန္ေတာ္ မင္းတို႔ကို ဗီဒီယိုတစ္ခု အရင္ျပမယ္၊ မင္းတို႔ နည္းနည္း စိတ္ျပင္ဆင္ထား‌ဖို႔လိုတယ္ "

" .....ဘယ္လိုမ်ိဳးလဲ? "

" ဒီဗီဒီယိုက ေလာေလာဆယ္ Seraph မွာ ထပ္ဆုံးသုံးေနရာအထိ ရထားၿပီး အရင္က ပထမေနရာမွာ႐ွိတယ္ "

ထန္ေဟာက္ခြၽမ္က သူတို႔ကိုတစ္ခ်က္ၾကည့္ၿပီး တုံ႔ဆိုင္းေန၏။

ကုံးရင့္႐ွန္ ေျပာလိုက္သည္။

" အဲ့တာဖြင့္လိုက္ "

ထန္ေဟာက္ခြၽမ္က web page ကိုဖြင့္လိုက္ၿပီး သူတို႔ႏွစ္ေယာက္ ဗီဒီယိုပုံကိုျမင္ေတာ့ အနည္းငယ္ရင္းႏွီးေနသလို ခံစားသြားရၿပီး စိတ္ထဲကေန တစ္ခုခုမေကာင္းတာျဖစ္ေတာ့မယ္မွန္း သိလိုက္သည္။

Play ခလုတ္ကိုႏွိပ္လိုက္ေတာ့ မည္းေနေသာေနာက္ခံမွာ မႈန္ဝါးရာကေန ၾကည္လင္သြားၿပီး ပုံေပၚ၌ အဝါေရာင္ကားတစ္စီးေပၚလာလ်က္ ထိုကားက သူတို႔ ဘယ္ေတာ့မွေမ့မရႏိုင္ေသာ ကားျဖစ္ေနသည္!

အဲ့ေနာက္ပိုင္း ကုံးရင့္႐ွန္နဲ႔ ရန္ရိလည္း အခင္းေနရာမွာ႐ွိေနတာမို႔ သူတို႔ ေကာင္းေကာင္းႀကီး သိေန၏။ သူတို႔အသံေတြ ပုံထဲကၾကားလိုက္ရေတာ့ သူတို႔တစ္ကိုယ္လုံး ခ်မ္းစိမ့္တက္သြားသည္။ ၿပီးေတာ့ အနက္ေရာင္နဲ႔လူက ကားကိုမီး႐ိႈ႕လိုက္ၿပီး က်ိဳးခြၽမ္းကိုမီးစြဲကာ ေျမႀကီးေပၚလဲက်သြားၿပီး ကင္မရာလည္း စတင္၍လႈပ္လႈပ္႐ွား႐ွားျဖစ္လာသည္။

သုံးေခ်ာင္းေထာက္ေပၚက ကြန္ပ်ဴတာကို ကားဆီမ်က္ႏွာလွည့္ထားတာ ရန္ရိမွတ္မိေနေသးသည္။ သုံးေခ်ာင္းေထာက္ လဲမက်ခင္ မီးေလာင္ေနေသးေတာ့ ဆိုလိုတာက...ဆိုလိုတာက သုံးေခ်ာင္းေထာက္လဲမက်ခင္အထိ သူနဲ႔ကုံးရင့္႐ွန္ အကုန္လုံး screen မွာေပၚလာတယ္!

အဲ့အခ်ိန္က သူတို႔ လူကယ္ဖို႔၊ ေၾကာင္ကယ္ဖို႔နဲ႔ မီးသတ္ဖို႔ကို ဆႏၵေစာေနၾကသည္။ အခင္းေနရာကလည္း ပရမ္းပတာအေျခအေန ျဖစ္ေနေတာ့ ကင္မရာကို လုံးဝလ်စ္လ်ဴ႐ႈထားလိုက္ၾက၏။ ကင္မရာကေတာ့ တိတ္တိတ္ေလးပဲ ႐ိုက္ကူးအသံသြင္းၿပီး live လႊင့္ေနခဲ့သည္။

လူႏွစ္ေယာက္ရဲ႕ မ်က္ႏွာေတြက တစ္ျဖည္းျဖည္း ပိုၿပီးၾကည့္ရဆိုးလာေတာ့၏။ သူတို႔မ်က္ႏွာေတြကို video မွာ ျမင္ရဖို႔ခက္တယ္ဆိုေပမယ့္လည္း သူတို႔ တစ္ေယာက္နာမည္တစ္ေယာက္ေခၚခဲ့တယ္ ဆိုတာကိုေတာ့ သူတို႔႐ွင္း႐ွင္းလင္းလင္း မွတ္မိေနေသးသည္။

ကုံးရင့္႐ွန္ ရန္ရိကို ကားထဲကဆြဲထုတ္ၿပီးမွပဲ ကင္မရာေျမႀကီးေပၚသို႔ လဲက်သြားေလ၏။

ရန္ရိ အာေတြလွ်ာေတြ ေျခာက္ကပ္လာသလိုပဲခံစားရၿပီး၊ အဲ့အခ်ိန္ သူဘယ္လို စိတ္အေျခအေနမ်ိဳး ျဖစ္ေနမွန္းေတာင္မသိေတာ့ေပ။ ကုံးရင့္႐ွန္ မ်က္လုံးမ်ားက မႈန္းမိႈင္းေနၿပီး သူ႕ကိုယ္၌ ခက္ထန္တင္းမာေသာ အေငြ႕အသက္အျပည့္ လႊမ္းျခဳံထားသည္။

ထန္ေဟာက္ခ်န္က သူတို႔ႏွစ္ေယာက္ကို ခိုးအကဲခတ္လိုက္ၿပီး

" ကြၽန္ေတာ္အခု barrage ဖြင့္လိုက္ေတာ့မယ္ေနာ္၊ မင္းတို႔လိုအပ္ရင္....."

[ T/n : Live လႊင့္ရင္ ေအာက္မွာမန္႔က်တဲ့ စာအတန္းလိုက္ႀကီးကို barrage လို႔မွတ္ :") ]

ကုံးရင့္႐ွန္က ေအးေအးစက္စက္ေျပာလိုက္သည္။

" ဘာမွ စိတ္ျပင္ဆင္ဖို႔ မလိုဘူး၊ အခ်ိန္ျဖဳန္းမေနနဲ႔ "

ရန္ရိ တိုးတိုးကပ္ေျပာလိုက္ရသည္။

" ဒီလိုမလုပ္နဲ႔ေလ ေ႐ွာင္ထန္က ငါတို႔ကိုကူညီေနတာ "

ထန္ေဟာက္ခြၽမ္က လက္ယမ္းျပ၏။

" ရပါတယ္ "

သူ barrage ကိုႏွိပ္လိုက္သည္။

ခ်က္ခ်င္းဆိုသလိုပဲ အထက္ေအာက္ေ႐ြ႕ေနေသာ စာမ်ား ဗီဒီယိုတြင္ေပၚလာၿပီး English လိုကအမ်ားဆုံးျဖစ္သည္။

ရန္ရိ English စေကးက အရမ္းမေကာင္းေပမယ့္ သူ level 4 အထိေတာ့ ေအာင္ထားသည္။ တစ္ခ်ိဳ႕က ဒီ video ကို ေကာင္းတယ္လို႔ေျပာေနၾကၿပီး တစ္ခ်ိဳ႕က vd ‌ထဲကလူႏွစ္ေယာက္က မီးသတ္သမားနဲ႔ရဲဆိုတာ ေျပာေနသည္။ တစ္ခ်ိဳ႕က သူတို႔ကားထဲမွာေအာ္ဟစ္႐ုန္းကန္ေနသံ‌ေတြ ၾကားခ်င္တယ္လို႔ေျပာၿပီး တစ္ခ်ိဳ႕လူေတြက သူတို႔မ်က္ႏွာေခ်ာေခ်ာေလးေတြ မီးေလာင္သြားတာက ကမ႓ာေပၚမွာ အလွဆုံးပန္းခ်ီကားတစ္ခ်ပ္ျဖစ္မွာပဲ လို႔ေျပာေနသည္။

ေနာက္ၿပီး ရန္ရိ သူ႕နာမည္၊ အသက္၊ ဖုန္းနံပါတ္၊ တည္ေနရာ၊ အိမ္လိပ္စာ၊  အလုပ္အကိုင္နဲ႔ မီးသတ္တပ္ဖြဲ႕ဝင္နံပါတ္ေတြ တ႐ုတ္လိုေရာ English လိုပါ ေရးထားတာ‌ေပၚလာၿပီး ေအာက္မွာ ကုံးရင့္႐ွန္လည္းအလားတူ ေဖာ္ျပခံရေၾကာင္း ‌ျမင္ေတြ႕လိုက္ရသည္။

ရန္ရိ ၾကက္သီးေမြးညင္း ထသြား၏။

ကုံးရင့္႐ွန္က ‌မ်က္လုံးမ်ား ေမွးစင္းရင္း

" Video တစ္ခုတည္းကေန သူတို႔ဒီေလာက္ အမ်ားႀကီး႐ွာႏိုင္တယ္? "

" ဒီ video ကအမ်ားႀကီး ထုတ္ေဖာ္လိုက္တာပဲ "

ထန္ေဟာက္ခြၽမ္ေျပာလာသည္။

" Hackers ေတြအတြက္ေတာ့ မခက္ပါဘူး၊ ဒါေပမယ့္ မင္းတို႔အမ်ားႀကီး စိတ္ပူစရာမလိုဘူး၊ မင္းတို႔ျပည္ပမွာဆိုရင္ေတာင္ မင္းတို႔ကို ေစာ္ကားဖို႔မလြယ္ဘူး၊ ျပည္တြင္းမွာဆိုေတာ့ တစ္ဝက္ေက်ာ္ေက်ာ္ေလာက္က သူ႕တို႔ကိုယ္သူတို႔ ထုတ္ေဖာ္ရဲမွာမဟုတ္ဘူး၊ ဒီအေတာအတြင္း မင္းတို႔ကို ေစာ္ကားတဲ့ဖုန္းေတြေခၚေသးလား? "

" မေခၚဘူး "

ကုံးရင့္႐ွန္ က ေလွာင္ေထ့ျပဳံးရင္း

" ငါစိတ္မပူပါဘူး၊ မီး႐ိႈ႕သမားအမ်ားသူက သိမ္ငယ္ၿပီး အားနည္းတယ္၊ လူမႈဆက္ဆံေရးမွာ တိတ္ဆိတ္ေနတာ၊ အ႐ွက္အေၾကာက္ႀကီးတာ၊ မယွဥ္ၿပိဳင္ႏိုင္တာမ်ိဳးေဖာ္ျပတတ္တယ္၊ သူတို႔ကိုယ္သူတို႔ ဖုံးကြယ္ၿပီး အင္အား႐ွိလာေအာင္ မီးကိုသုံးေနတာ၊ သူတို႔ မသိစိတ္ကေနၿပီးေတာ့လည္း မီးက ပိုအင္အားႀကီးတယ္လို႔ ထင္တယ္၊ သူတို႔အသက္ပိုႀကီးလာေလေလ ပိုၿပီးသူရဲေဘာေၾကာင္လာေလေလပဲ၊ သူတို႔အမ်ားစုက ရဲနဲ႔ မီးသတ္သမားေတြကို ဆက္သြယ္ဖို႔ သတၱိမ႐ွိဘူး "

" သူတို႔က သတၱိမ႐ွိဘူး၊ ဒါေပမယ့္ သူတို႔ကို စိတ္ေက်နပ္ေအာင္လုပ္ၿပီး ေငြ႐ွာေနတဲ့ ေၾကးစားမုဆိုးအမ်ားစုက မီး႐ိႈ႕သမားေတြမဟုတ္ေပမယ့္ သူတို႔ထဲမွာ တကယ့္ရာဇဝတ္သားေတြ႐ွိတယ္၊ မင္းတို႔ သတိထားေနရဦးမွာပဲ "

ထန္ေဟာက္ခြၽမ္က တိုးတိုးေျပာလာသည္။

" အခုတင္.....မင္းတို႔နဲ႔ပတ္သက္ၿပီး ဆုေၾကးျမင့္ျမင့္ ကမ္းလွမ္းထားတဲ့ သူတစ္ေယာက္ ေပၚလာၿပီ "

ရန္ရိ အံႀကိတ္ကာေျပာလိုက္သည္။

" ငါကေတာ့ အဲ့ဒီ့လူယုတ္မာေတြကို မဖမ္းႏိုင္မွာပဲ စိုးရိမ္တယ္၊ တိရစၧာန္ေတြ လာသာလာၾကည့္စမ္းပါ! "

" ၾကည့္,ၾကည့္တာေပါ့ "

ကုံးရင့္႐ွန္ေျပာလာသည္။

" ငါတို႔ ဒါကိုသုံးၿပီး လူ‌ေတြဖမ္းလို႔ ရႏိုင္ေလာက္တယ္ "

" ဟုတ္တယ္ အနက္နဲ႔လူ "

ထန္ေဟာက္ခြၽမ္း web page ကိုျပန္‌ေျပာင္းလိုက္ၿပီး

" ဆုေၾကးကဒီမွာ ပထမလူက အေမရိကန္ေဒၚလာ ‌ေလးေသာင္းနီးပါး ေဈးတင္ထားတယ္၊ မင္းတို႔ထဲက....ဘယ္သူပဲျဖစ္ျဖစ္။ ဒါေပမယ့္ မစိုးရိမ္ပါနဲ႔၊ ရက္အေတာ္ၾကာၿပီ ဘယ္သူမွလက္မခံရဲေသးဘူး "

ကုံးရင့္႐ွန္ ဆုေၾကးစာရင္းကို ေသေသခ်ာခ်ာၾကည့္ေနရင္း တစ္ခ်ိန္တည္းေျပာလာသည္။

" အနက္နဲ႔လူက အဲ့တာကိုပထမဆုံးလုပ္ဖူးတာပဲ၊ ၿပီးေတာ့ က်ိဳးခြၽမ္းနဲ႔တစ္ဖြဲ႕တည္း မျဖစ္ႏိုင္ဘူး "

" မင္းဘယ္လိုသိတာလဲ? "

ရန္ရိေမးလိုက္သည္။

" ကြၽန္ေတာ္တို႔ ဖုန္းနဲ႔႐ိုက္ထားတဲ့ video ကို အခါခါျပန္ၾကည့္ၿပီးသြားၿပီ၊ အနက္နဲ႔လူက ႐ိႈ႕တိုး႐ွန္႔တန္႔နဲ႔ တြန္႔ဆုတ္ေနၿပီး စိတ္လႈပ္႐ွားရင္း ေၾကာက္လည္းေၾကာက္ေနတယ္။ Body language အရၾကည့္မယ္ဆိုရင္ သူကျငင္းဆန္ၿပီး အဲ့တာကို ျမန္ျမန္ၿပီးေစခ်င္ေနတာပဲ၊ ေနာက္ၿပီးေတာ့ သူ live လႊင့္တာကို အစအဆုံးေတာင္ ၾကည့္မေနဘူး၊ ဆုေၾကးေတြကို မမက္တာသိသာတယ္၊ သူ႕မ်က္ႏွာနဲ႔ ပုံပန္းသဏၭာန္ကို ဖုံးထား႐ုံပဲ၊ ပိုက္ဆံအတြက္ လာတဲ့ပုံမေပၚဘူး၊ အက်ပ္ကိုင္ခံထားရသလိုမ်ိဳး "

ရန္ရိ ျပန္ေတြးၾကည့္လိုက္ၿပီး

" ဒါေပမယ့္ သူကားကိုမီး႐ိႈ႕လိုက္တုန္းက တြန္႔ဆုတ္မေနပါဘူး "

" သူကားကိုမီး႐ိႈ႕လိုက္တာက အေျခအေန မတည္ၿငိမ္ေအာင္လုပ္ၿပီး ထြက္ေျပးဖို႔ပဲ "

ကုံးရင့္႐ွန္ ဆိုလာသည္။

" ကြၽန္ေတာ္တို႔ ဆုေၾကးတာဝန္ ကေတာ့ ဘယ္သူမွလက္ခံမွာမဟုတ္ဘူး "

" အင္း website ကိုသြားတဲ့ တ႐ုတ္အနည္းစု႐ွိေပမယ့္လည္း ထ်န္ခ်ီမွာ ဒီလိုအရမ္းေကာင္းတဲ့ လုံ‌ျခဳံေရးေတြ႐ွိေနမွေတာ့ ရဲဘက္ျပည္သူ႕ဝန္ထမ္းတစ္ေယာက္ကို တိုက္ခိုက္ဖို႔က အရမ္းစြန္႔စားရာေရာက္တယ္၊ ယူအက္စ္ေဒၚလာ ေလးေသာင္းက အေတာ္မ်ားတဲ့ ဆုေၾကးပမာဏျဖစ္ေနေပမယ့္လည္းေလ "

ထန္ေဟာက္ခြၽမ္ ေျပာလာသည္။

" အတိုခ်ဳပ္ရရင္ မင္းတို႔သတိထားရဦးမွာပဲ၊ လိုရမယ္ရေပါ့ "

ရန္ရိေမးလိုက္သည္။

" ဒီအဆင့္ ဆုေၾကးေငြေလာက္ဆို၊ အမ်ားအားျဖင့္ ဘာေတြလုပ္ရလဲ? "

" လူကိုမီး႐ိႈ႕သတ္တာ ဒါမွမဟုတ္ ႀကီးက်ယ္ အေရးပါၿပီး လူသိမ်ားတဲ့ဟာေတြကို မီး႐ိႈ႕ရတယ္၊ လူကို႐ိႈ႕တာ ပိုမ်ားတယ္၊ ဆုေၾကးျမင့္ရင္ေတာင္မွ အေဆာက္အဦးလိုမ်ိဳးဟာေတြ ေ႐ြးဖို႔က မလြယ္ဘူးေလ၊ အထူးသျဖင့္ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြမွာေပါ့၊ ပစ္မွတ္ကအရမ္းႀကီးရင္ ဖမ္းမိဖို႔လြယ္တယ္ "

" တကယ္ကို လူယုတ္မာ အုပ္စုပဲ "

ရန္ရိ က်ိန္ဆဲလိုက္သည္။

" မင္း အျခားအသုံးဝင္တဲ့ သဲလြန္စေတြ ေတြ႕ေသးလား? "

ကုံးရင့္႐ွန္ေျပာလိုက္သည္။

" ငါတို႔ video ပဲလား? "

" မဟုတ္ဘူး Live လႊင့္တဲ့အခ်က္အလက္ေတြနဲ႔ ကြၽန္ေတာ္ website ထဲက တူးဆြထားတာ႐ွိေသးတယ္ "

ထန္ေဟာက္ခြၽမ္ ေျပာလာသည္။

" ကြၽန္ေတာ့္ကို အေတာ္စိတ္ဝင္စားေအာင္ လုပ္တဲ့ဟာတစ္ခု႐ွိတယ္၊ သူတို႔ဖိုရမ္ထဲက ေတြ႕လာတာ "

" ဘာပို႔စ္လဲ? "

"ေဒါက္တာကုံး၊  လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က Utah က နာမည္ႀကီး စားေသာက္ဆိုင္အိမ္သာထဲမွာ လူသတ္မႈျဖစ္ခဲ့တာ မွတ္မိလား? "

" မွတ္မိတယ္ ေက်ာင္းသူေလးႏွစ္ေယာက္ လူလဲသတ္တာ "

ကုံးရင့္႐ွန္ အံ့ဩတႀကီး ေျပာလိုက္သည္။

" မင္းဆိုလိုတာက၊ သူတို႔ ဖိုရမ္ထဲမွာ လူခ်င္းလဲၿပီး မီး႐ိႈ႕တဲ့အေၾကာင္း ေဆြးေႏြးၾကတာလား?! "

===========

မထင္မွတ္ဘဲ ဒီအပိုင္းက နည္းနည္း႐ႈပ္ၿပီး စာ႐ွည္သြားတယ္၊ လက္ျပန္ကိုက္ေနလို႔ ေနာက္က်သြားတာပါ 😷

===========