webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 33

{ Unicode }

စခန်းကိုပြန်ဝင်ပြီးတော့ ရန်ရိ ရက်အနည်းငယ် ကောင်းကောင်း နားလိုက်ရသည်။ အဲ့ဒီ့နေ့တွေမှာ ရှုပ်ထွေးတဲ့ မီးလောင်မှုတွေလည်းမရှိပေ။ တစ်ခါတစ်ရံကိစ္စပေါ်လာရင် စိတ်မသက်မသာဖြစ်နေတဲ့ ကောင်းကယ်နဲ့ စွေ့ရိရှန့်တို့ ဦးဆောင်သွားခိုင်းသည်။

ဝမ်ရမ့်မီးလောင်မှုလည်း နည်းနည်းတိုးတက်လာသည်။ အိမ်နီးချင်းတွေဆီသွားရောက်တွေ့ဆုံပြီး စုံစမ်းမေးမြန်းခြင်း၊ စောင့်ကြည့်ရေးကင်မရာများမှတစ်ဆင့် စုံစမ်းစစ်ဆေးခြင်း အစရှိသည်တို့အရ ၂၂ လွှာမှ အိမ်ရှင်အားလုံးလိုလို လုပ်ကြံသည့်ပုံမပေါ်ဘဲ အလီဘိုင်ရှိနေတာရယ် လုပ်ကြုံဖို့အစွမ်းမစမရှိတာရယ်ချည်းသာ ဖြစ်နေသည်။ သူတို့ စုံစမ်းတာကို အကျယ်ချဲ့လိုက်ရပြီး ၂၂၀၉ နဲ့ရန်စရှိတဲ့ အဆောက်အအုံထဲက အခြားသူတွေကိုပါ ရှာရကာ သေဆုံးသူရဲ့အလုပ်မှာ ရန်သူ ရှိ၊မရှိ ဆိုတာကိုပါ စုံစမ်းရတော့သည်။

တစ်ချိန်တည်းမှာပဲ၊ သူတို့သံသယရှိသူတွေကို မီးမလှန့်ခင် စောင့်ကြည့်ရေးကင်မရာ၌ သူစိမ်းတစ်ဦးထွက်ပေါ်လာခဲ့သည်။ ထိုသူစိမ်းက ခေါင်းစွပ်,စွပ်ပြီး နေကာမျက်မှန်တပ်ကာ တစ်‌လမ်းလုံးခေါင်းငုံ့လာသဖြင့်  စောင့်ကြည့်ရေးကင်မရာတွေရဲ့ တည်နေရာကို သိနေတာ ထင်ရှားသော်လည်း အဆောက်အအုံထဲက ဘယ်သူမှ ထိုလူကို မမှတ်မိနိုင်ပေ။

ပြီးတော့ ၂၂၀၉ ရှေ့မှာ မီးလောင်တဲ့ အမှိုက်တချို့ကလည်း ၂၂၀၉ နှင့်မသက်ဆိုင်ချေ။ အမှိုက်ရဲ့ပိုင်ရှင်ကိုလည်းသူတို့ရှာတွေ့ခဲ့ပြီး အနီးပတ်ဝန်းကျင် ယူနစ်အဆောက်အအုံတွေက စွန့်ပစ်ထားတဲ့ အမှိုက်ဖြစ်နေသည်။ ဒီယူနစ်တွေက အမှိုက်အားလုံးကို အဆောက်အအုံနောက်ဘက် တစ်နေရာမှာပဲ စု‌ပေါင်းစွန့်ပစ်ကြပြီး ကြည့်ရသလောက်တော့ သံသရှိသူက ထိုအမှိုက်ပုံထဲက အမှိုက်ထုတ်နည်းနည်းလောက် ကြုံရာကောက်ယူခဲ့ခြင်းပင်။

အမှိုက်ပုံအနီးနားမှာ စောင့်ကြည့်ရေးကင်မရာ မရှိတာမို့ သူတို့မျက်မြင်သက်သေ ရှာနေရသည်။

ကုံးရင့်ရှန် ရှင်းပြတာကို နားထောင်ပြီး ရန်ရိ သိချင်သွားသည်။

" သံသယရှိသူက ၂၂၀၉ ရှေ့မှာပုံထားတဲ့ အမှိုက်က မလောက်ဘူးထင်တာလား? မီးသိပ်မကြီးမှာ စိုးလို့လား? "

" ဒီဖြစ်နိုင်ချေအရဆို သူတကယ်ကို ရည်မှန်းချက်အောင်မြင်သွားပြီ "

" အဲ့အချိန်က နေ့ခင်းဘက်ဆိုတော့ မျက်မြင်သက်သေရှာဖို့ မခက်ဘူးမလား? "

" အမှိုက်ပုံက အဆောက်အအုံနောက်က လဟာပြင်မှာဆိုတော့ လူသွားလူလာနည်းပေမယ့် ကျွန်တော်တို့ရှာနေတုန်းပဲ "

ရန်ရိ ခံစားချက်ဖြင့် ပြောလိုက်သည်။

" မူလအတိုင်းဆို အိမ်နီးနားချင်း အချင်းချင်း အငြင်းပွားတဲ့ကိစ္စပဲ၊ ဒါပေမယ့် သူတို့ဒေါသကြောင့် လူအများကြီးသေသွားရတယ်၊ စောက်ကျိုးနဲကို..."

ကုံးရင့်ရှန်လည်း သက်ပြင်းဖွဖွချသည်။

" စကားမစပ် ကျိုးချွမ်းကရော? "

" သူ့ခြေထောက် မီးလောင်တာက အရမ်းမဆိုးရွား‌ပေမယ့် ဒဏ်ရာထဲပိုးဝင်သွားတယ်၊ မနေ့ကမှ စိုးရိမ်အခြေအနေကလွတ်လာပြီး ဆရာဝန်က ကျွန်တော်တို့ကို တွေ့ခွင့်မပေးသေးဘူး "

ရန်ရိ အံကြိတ်ပြီး ပြောလိုက်သည်။

" သူသေမှာကိုသာ ကြောက်မနေရင် ငါတကယ်ပဲ သူ့ကို ခဏလောက် မီးအကင်ခံခိုင်းလိုက်သင့်တာ "

သူ ပါးစပ်ထဲရှိရာပြောနေခြင်းပင်။ သူ့တာဝန်က အသက်ကယ်ဆယ်ရန်နှင့် လူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ရန်သာဖြစ်ပြီး ယုတ်မာတဲ့ လူသတ်သမားဖြစ်နေရင်တောင် ကယ်ရဦးမည်ပင်။

" ဒါပေမယ့် သူ့ပစ္စည်းတွေကို ကျွန်တော်တို့ ဆိုင်ဘာမှုခင်းတပ်ဖွဲ့ ( Cybercrime ) က ထိန်းသိမ်းထားတယ်၊ ဒီကိစ္စကြောင့် နောက်ဆုံးတော့ အထက်က Seraph website ကိုစုံစမ်းစစ်ဆေးဖို့ သဘောတူလိုက်ပြီ "

" ကောင်းလိုက်တာ! ထွက်ပြေးသွားတဲ့ ငနာကရော? "

" ရှာနေတုန်းပဲ ကျွန်တော်တို့လက်ထဲမှာ ကျိုးချွမ်းရှိနေသေးသရွေ့တော့ အနှေးနဲ့အမြန်  သူ့ကိုဖမ်းမိတော့မှာပါ "

" မင်း ဒီရက်ပိုင်း အလုပ်များနေတာလား? အနားယူဖို့ရော အာရုံစိုက်ရဲ့လား? "

ရန်ရိ ဆေးရုံကုတင်ပေါ်မှာလှဲနေတဲ့ ကုံးရင့်ရှန်ပုံစံကို မေ့လို့မရပေ။ သူဒီလိုမီးရှို့သမားအမှုတွေမှာ ဇွဲကောင်းပြီး ထင်ရာစိုင်းနေတာ သူ့ငယ်ဘဝကမကောင်းတဲ့အဖြစ်အပျက်ကြောင့်လို့ တွေးမိပြီး သူ့(ကုံးရင့်ရှန်) နေရာကနေ စိတ်မသက်မသာဖြစ်မိသည်။

" ရပါတယ် ကျွန်တော်က အသုံးဝင်တဲ့သဲလွန်စတွေ မြန်မြန်ရှာချင်ရုံပဲ၊ ကျွန်တော် ဘယ်မီးရှို့သမားကိုမှ လက်လွှတ်ခံမှာ မဟုတ်ဘူး "

ကုံးရင့်ရှန် ခဏရပ်လိုက်ပြီး၊ သူ့အသံက ပိုပြီး လေးနက်လာသည်။

" ဖမ်းဖို့ ဘယ်လောက်ပဲကြာကြာ ကိစ္စမရှိဘူး "

ရန်ရိ ပါးစပ်ဟလိုက်ရင်း လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က လျှို့ဝှက်ချက်က ဘာလဲဆိုတာ မေးချင်လုနီးပါးဖြစ်သွားပေမယ့် တွန့်ဆုတ်နေပြီးနောက် သူဆက်အောင့်ထားလိုက်သည်။ မေးချင်ရင်တောင် လူချင်းတွေ့ပြီးမှမေးသင့်ပြီး အဲ့လို ကိစ္စကြီးမျိုးကို ဖုန်းနဲ့မေးဖို့က အလေးမထားရာရောက်သည်ပင်။

လေထုအခြေ‌အနေ ပြန်ကောင်းသွားအောင် ရန်ရိ သတင်းကောင်းအချို့ မျှဝေလိုက်သည်။

" မင်း ငါကားထဲကကယ်ခဲ့တဲ့ ကြောင်နက်လေးကို မှတ်မိလား? "

" အင်း အသက်ရှင်သေးတာလား? "

" ဟားဟား ရှင်တယ် "

ရန်ရိ ရိုးရိုးသားသားပြောလိုက်သည်။

" ဆရာဝန်က နေ့တိုင်း ငါ့ကို ဗီဒီယို ရိုက်ပြတယ်လေ၊ အခုတော့ သူစားသောက်နိုင်လာပြီ၊ နှစ်‌ရက်လောက်နေရင် ငါသူ့ကို‌ဆေးရုံက သွားပြန်ခေါ်လာခဲ့မယ် "

ကုံးရင့်ရှန်လည်း ရယ်ပြီး :

" ကြောင်သေးသေးလေးပေမယ့် တကယ်ကို ဇွဲကြီးတာပဲ "

" ဟုတ်ပ၊ အန္တရာယ်ကြားထဲမှာ မသေခဲ့ဘူးဆိုတော့ ကောင်းချီးပေးခံရတာပဲ ဖြစ်မယ် "

ဖုန်းချပြီးတော့ ရန်ရိနည်းနည်း စိတ်ပျက်သွားသည်။ ဘယ်အချိန်မှ ကျိုးချွမ်းကို စစ်မေးမှာလဲ၊ အဲ့တော့မှ သူဌာနခွဲ သွားလို့ရမှာကို။

တွေးနေတုန်း မီးသတ်အချက်ပေးခေါင်းလောင်း မြည်လာပြီး သူအောက်သို့ အမြန်ပြေးဆင်းသွားလိုက်သည်။

" ခေါင်းဆောင်၊ Gossကုန်လှောင်ရုံက စင်တွေ ပြိုကျပြီး အလုပ်သမားလေးယောက် ပိသွားတယ် "

ရန်ရိ ချက်ချင်း ပြောလိုက်သည်။

" သွား၊ အဖွဲ့ကို ငါခေါင်းဆောင်မယ် "

Goss က တရုတ်မှာ လက်လီဖြန့်ဖြူးပြီး ကုန်သွယ်စရိတ်သက်သာသော နာမည်ကြီး အလှကုန်ပစ္စည်းကုမ္ပဏီ တစ်ခုဖြစ်သည်။ နိုင်ငံရဲ့အဓိကမြို့တွေမှာ ကုန်လှောင်ရုံတွေဖြန့်ထားပြီး အရှေ့နဲ့ အနောက်ဘက်က မြို့တစ်မြို့စီတိုင်းမှာ ကုန်လှောင်ရုံတစ်ခုစီရှိသည်။

လမ်းမှာတော့၊ ရန်ရိ တွဲဖက်ရဲအရာရှိကို အခြေအနေနားလည်အောင် မေးလိုက်သည်။ တကယ်တမ်းက ဝန်အသယ်အချယာဉ်မောင်းတဲ့သူ ဦးနှောက်သွေးကြောပြတ်သွားတာဖြစ်ပြီး၊ ဝန်သယ်ယာဉ်က အထိန်းအချုပ်မဲ့ကာ စင်တန်းကို ဝင်တိုက်မိခြင်းပင်။ တန်ချီသောပစ္စည်းများဖြင့် ပြည့်နေသည့် စင်ကြီးတွေ တစ်ခုကိုတစ်ခု ကပ်ဆွဲပြီး စင်ခြောက်တန်းလုံး တစ်ခါတည်းပြိုကျသွားခဲ့သည်။

ကု‌န်လှောင်ရုံ စောင့်ကြည့်စနစ်အရ၊ အလုပ်သမားလေးယောက်ပေါ်  ပိသွားခဲ့သည်တဲ့။

ကုန်လှောင်ရုံအမြင့်ကိုသိပြီးနောက် စခန်းကို အလတ်ဆိုဒ် တူးဖော်စက် လွှတ်ခိုင်းလိုက်သည်။ သူတို့မီးသတ်စခန်းမှာ မီးသတ်ကားနဲ့တွဲထားတဲ့ တူးဖော်စက်လည်းရှိပေမယ့် သယ်ထုတ်နိုင်တဲ့ ဝန်ဆံ့ပမာဏမှာ အကန့်အသတ်ရှိပြီး အထူးထုတ်ထားတဲ့ တူးဖော်စက်ထက်တော့ ပိုအဆင့်နိမ့်သည်။

သူတို့အခင်းနေရာကို အမြန်နိုင်ဆုံးမြန်မြန်ရောက်သွားသည်။ ကုန်လှောင်ရုံက ရှုပ်ပွနေကာ၊ စင်ကြီးတွေက အတန်းလိုက် လဲကျလျက်၊ ပစ္စည်းတွေက နေရာတကာပြန့်ကျဲနေပြီး ကြမ်းပြင်မှာ ရေနဲ့ခရင်ပေါင်းစပ်ထားတဲ့ အလှကုန်ပစ္စည်းကျိုးသွားခြင်းကြောင့် ဗွက်ထူနေ‌သည်။ အကုန်ပေါင်းစပ်သွားပြီး နောက်ဆုံး စူးရှရှအနံ့မျိုးထွက်လာတော့၏။

Goss ရဲ့လူတွေက ရှိနေတဲ့ အလုပ်သမားတွေနဲ့ ဝန်သယ်ယာဉ်တွေကို ခွဲခြမ်းလိုက်ပြီး လူကယ်ဆယ်ဖို့အတွက် ပစ္စည်းတွေ ရွှေ့ကြသည်။ လူနာတင်ယာဉ်ကလည်း အရန်သင့်ရှိနေလေပြီ။

ရန်ရိ အခြေအနေပိုပြီးသိရအောင် တာဝန်ရှိသူကို ခေါ်လိုက်သည်။

တာဝန်ရှိသူက ရန်ရိကို ကွန်ပျူတာ‌ပေါ်က စောင့်ကြည့်ရေးဖန်သားပြင်ကိုပြပြီး

" ကြည့်လိုက်ပါ ကျွန်တော်တို့အလုပ်သမားလေးယောက်က အဲ့ဒီ့နေရာသုံးခုမှာရှိတယ်၊ အခု သူတို့ထဲက တစ်ယောက်က လူတွေနဲ့တွေ့နိုင်တယ် "

" မင်းလူတွေကို မလှုပ်ဖို့ပြောလိုက်ပါ ကျွန်တော့်ကို ကြည့်ဖို့ခေါ်သွားပေး "

ရန်ရိ ကုန်ပစ္စည်းပုံပေါ်တက်ဖို့ တာဝန်ရှိသူနောက်လိုက်သွားရင်း သူတို့ရှင်းထားတဲ့ အပြိုအပျက်အောက်မှာ အဝါရောင်ယူနီဖောင်းကို မသဲမကွဲမြင်လိုက်ရသည်။

" ကောင်းကယ် ဒီကိုလာ "

ကောင်းကယ် တက်လာ၏။

" မင်းက ပထမအဖွဲ့ကိုခေါ်ပြီး ဒီတစ်ယောက်ကိုတာဝန်ယူလိုက်၊ စွန်းတင့်ရိ မင်းက ဒုတိယအဖွဲ့ကိုခေါ်ပြီး ဒီဘက်ကတစ်ယောက်ကို တာဝန်ယူပေး၊ ပြီးတော့ ကျန်တဲ့နှစ်ယောက်က အတူရှိနေတယ်၊ တတိယအဖွဲ့က ငါ့နောက်လိုက်ခဲ့ "

" ကောင်းပြီ "

ရန်ရိ တာဝန်ရှိတဲ့သူကိုထပ်ပြောလိုက်သည်။

" အခုကစပြီး မင်းတို့လူ‌အားလုံး ကျွန်တော်တို့ အမိန့်ကို လိုက်နာရမယ်၊ အသိမပေးဘဲ လှုပ်ရှားလို့မရဘူး၊ အဲ့တာမှ ဒုတိယအကြိမ်ပြိုကျတာရော၊ နောက်ထပ်မတော်တဆမှုတွေပါ မဖြစ်တော့မှာ "

" ကောင်းပါပြီ "

သူတို့ တူးဖော်စက်ပါတဲ့ မီးသတ်ကားက ကောင်းကယ်နဲ့ စွန်းတင့်ရိကို ‌အရှေ့ဘက်က စင်သုံးတန်းအပုံကို ရှင်းဖို့ ကူပေးပြီး နောက်ထပ်ရောက်လာတဲ့ တူးဖော်စက်က အနောက်ဘက်က စင်သုံးတန်းအပုံကို ရန်ရိအားကူရှင်းပေးသည်။

သူတို့ တူးဖော်စက်ကို လူတွေတူးမထုတ်မိအောင် သုံးရသည်။ တူးဖော်တဲ့စက်လက်က ဒဏ်ရာရထားတဲ့သူအနား ကပ်လို့မဖြစ်ပေ။ အဲ့တာကြောင့် ဒုတိယအကြိမ်ပြိုတာကို ရှောင်ရှားဖို့၊ ဒဏ်ရာရသူနဲ့ ကယ်ဆယ်ရေးသမားတွေကို နောက်ထပ်ဒဏ်မရစေဖို့ရာ၊ ဒဏ်ရာရတဲ့သူအနားက ကုန်စည်တွေကို ရှင်းထုတ်ဖို့သာသုံးရသည်။ တစ်ချိန်တည်းမှာပဲ စင်ကိုမ,ရန် စက်လက်တံကိုသုံးဖို့ လိုအပ်၏။

Goss ကလူတွေနဲ့ တပ်ဖွဲ့ကတပ်သားတွေ ပူးပေါင်းလုပ်ဆောင်ကြပြီး၊ နာရီဝက်ကြာတော့ သူတို့ ပထမလူနာကို ကယ်ထုတ်ပြီး လူနာတင်ယာဉ်ကထိုလူကို ဆေးရုံအပြေးပို့ပေးသည်။

ဆယ်မိနစ်ကြာပြီးနောက်၊ ရန်ရိလည်း လူတစ်ယောက် ကယ်ထုတ်နိုင်ခဲ့သည်။ ဒီဝန်ထမ်းငယ်လေးက ကံကောင်းပြီး၊ သူလည်း ဝန်သယ်ယာဉ်မောင်းပေမယ့် စင်တွေပြိုကျတော့ ဝန်သယ်ယာဉ်ဘောင်က သူ့ကိုကာပေးထားခဲ့ပြီး ဒဏ်ရာအသေးအမွှားပဲရခဲ့သည်။ သူ့ကို ကယ်ထုတ်ပေးတော့ သတိရှိနေသေးပြီး အထပ်ထပ်ပြောနေသည်က

" ရှောင်ဝမ့်အောက်မှာရှိတယ် ရှောင်ဝမ့်က ကျွန်တော့်နောက်မှာတင်...."

လီဆာ သူ့ကိုစိတ်အေးအောင် ပြောလိုက်သည်။

" မစိုးရိမ်ပါနဲ့ ငါတို့သူ့ကိုကယ်မှာပါ "

စောင့်ကြည့်ရေးပုံတွေနဲ့ ဝန်ထမ်းငယ်လေးတွေပြောစကားအရ သူတို့ ရှောင်ဝမ့်ရဲ့တည်နေရာကို အခြေခံအားဖြင့်တွက်ယူနိုင်ပြီး အားလုံး ဆက်လှုပ်ရှားကြရင်း ချွဲတရွှဲရွှဲနဲ့ ပစ္စည်းတွေတူးကြသည်။

မိနစ်နှစ်ဆယ်နီးပါးလောက်ကြာတော့၊ စွန့်တင့်ရိက တတိယလူနာကို ရှာတွေ့ခဲ့သော်လည်း ထိုလူက ကိုယ်တွင်းသွေးယိုစီးမှု ဖြစ်ပွားခဲ့ပြီး ကယ်ထုတ်ပေးခဲ့ချိန်မှာ သွေးခုန်နှုန်းမရှိတော့ချေ။

ပြီးတော့ ရန်ရိ နောက်ဆုံးလူနာကို ရှာတွေ့ပြီး ထိုသူက အလှကုန်ပစ္စည်းပုံအောက်မှာ ပိနေသည်။ အဆိုးဆုံးမှာ အလွန်လေးလံသော သတ္တုစင်က သူ့ခြေထောက်ပေါ် ဖိထားပြီး သူကတော့ ကြမ်းပြင်ပေါ်မှာ လဲနေရင်း နာကျင်စွာ ညည်းတွားနေသည်။

" ရှောင်ဝမ့်ကို ရှာတွေ့ပြီ! "

ဝန်းထမ်းတစ်ယောက်က ပျော်လွန်းလို့ ငိုတော့မတတ်။

" သူအသက်ရှင်သေးတယ်! "

" မြန်မြန် သူ့ကိုထုတ်လိုက်လေ! "

" အလျင်မလိုပါနဲ့ အလျင်မလိုပါနဲ့၊ အရင်ဆုံး သူ့ခန္ဓာကိုယ်နဲ့ ဘေးကပစ္စည်းတွေအရင်ရှင်းတာပေါ့ "

ရန်ရိ ကြမ်းပြင်တစ်လျှောက်စီးကျနေတဲ့ သွေးတွေကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

တာဝန်ရှိသူက သူ့မျက်နှာက ချွေးတွေကို သုတ်လိုက်ရင်း

" ရဲဘော် ဒီစင်ကအရမ်းလေးလို့၊ ကျွန်တော်တို့ ဆွဲတင်မှရမယ် "

ရန်ရိ ခေါင်းယမ်းလိုက်ပြီး

" အန္တရာယ်ကင်းဖို့လိုတယ်၊ ဒီစင်နဲ့ ကုန်စည်တွေပေါင်းရင် အနည်းဆုံး ငါးတန်၊ခြောက်တန်လောက် လေးတယ်၊ မဆွဲတင်နိုင်ရင် လူနာကို ပိုပြီးထိခိုက်မိသွားလိမ့်မယ်၊ စွေ့ရိရှန်း ကားဆီသွားပြီး သစ်သားတုံးတွေယူခဲ့ "

" ဟုတ်ကဲ့ "

အားလုံး ရှောင်ဝမ့်နားက ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ရှင်းလိုက်ကြပြီး သူနာပြု ရှစ်ရှောင်ချန့်က ရှောင်ဝမ်းကို အရင်ဆုံး အမြန်ဆေးသွင်းပေးလိုက်သည်။ ရန်ရိ တပ်သားတွေကို ရှောင်ဝမ်းဘက် ဦးဆောင်သွားပြီး တူးဖော်စက်မောင်းနေတဲ့ လျှိုဟွေးကို လှမ်းအော်လိုက်သည်။

" ကြိုးခိုင်လား? "

" ခိုင်တယ် "

သစ်သားတုံးကိုင်ထားတဲ့ တပ်သားတွေကလည်း အသင့်ရှိနေလျက်၊ တူးစက်က စင်ကို တဖြည်းဖြည်းချင်းမ,ဖို့ စောင့်နေပြီး သူတို့ စင်အောက်မှာ သစ်သားတုံးတွေကို ခေါင်းအုံးလိုခံလိုက်တဲ့အခါ လူနာကို ကယ်ထုတ်နိုင်လိမ့်မည်။

ရန်ရိ ရှောင်ဝမ့်ကိုကြည့်နေပေမယ့် သူ အချိန်အတော်ကြာတဲ့အထိ အမိန့်မပေးချေ။

တာဝန်ရှိသူက ရှူးရှူးရှဲရှဲလုပ်လာသည်။

" မင်းဘာကိုစောင့်နေတာလဲ? လူက မကြာခင်သေတော့မှာကို "

ရှစ်ရှောင်ချန့်က ဆေးသွင်းနေတုန်း ရှောင်ဝမ့်ရဲ့ အဖိမခံထားရတဲ့ပေါင်ပေါ် ရေခဲတုံးတင်ပေးပြီး ဆိုလာသည်။

" ခေါင်းဆောင်ရန်၊ လူနာက တစ်နာရီနီးပါးလောက် အဖိခံထားရတာ၊ အတွင်းကြေရောဂါလက္ခဏာမျိုး ရှိနေလောက်တယ် "

ရန်ရိ ခေါင်းညိတ်ပြီး သူ့ကယ်ဆယ်ရေး ဝတ်စုံကို ချွတ်လိုက်သည်။

" ကျွန်တော်လည်း အဲ့တာပဲစိုးရိမ်နေတာ၊ တစ်ချက်ဝင်ကြည့်လိုက်မယ် "

" ခေါင်းဆောင်အတွက် အန္တရာယ်များပါတယ် "

Goss ဝန်ထမ်းတွေက အလျင်လိုနေပြီး သူတို့ကို လူကယ်ဖို့ လောနေသည်။

ရန်ရိ သူ့ဦးထုပ်ဆောင်းလိုက်ပြီး စင်တွေကွာဟနေတဲ့ကြားထဲ ဂရုတစိုက် တွားဝင်သွားကာ ရှောင်ဝမ့်ခြေထောက်တွေနား သွားလိုက်သည်။ သူ့အိတ်ကပ်ထဲက ဘက်စုံသုံးကိရိယာကိုထုတ်ပြီး ရှောင်ဝမ့်ဘောင်းဘီကို ဖြတ်လိုက်သည်။ သူ့အသားရောင်က အတွင်းကြေပြီး ပြာနေတာမြင်တော့ သူအသက်ပြင်းပြင်းရှူလိုက်ပြီး :

" ရှောင်ဝမ့် ငါတော့အလုပ်ဖြစ်မယ်မထင်ဘူး "

သူဖုန်းထုတ်ကာ ဓာတ်ပုံရိုက်လိုက်ပြီး အပြင်ပြန်ထွက်ကာ ရှစ်ရှောင်ချန့်ကို အဲ့ဒီ့ပုံပြလိုက်သည်။

ရှစ်ရှောင်ချန့်က ခေါင်းညိတ်ပြီး အလေးအ‌နက် ပြောလာသည်။

" ကျွန်မဆေးရုံကို ဖုန်းဆက်လိုက်မယ် "

" ဘာဖြစ်တာလဲ?! "

တာဝန်ရှိသူက ပြောရင်း အပြေးလာသည်။

ကောင်းကယ် တာဝန်ရှိသူကို စိတ်လှုပ်ရှားလျက် ထိန်းကိုင်လိုက်ပြီး

" ဒဏ်ရာက အတွင်းကြေရောဂါအဆင့်ထိ ဖြစ်သွားပြီ၊ ကျွန်တော်တို့အခု စင်ကိုမ,လိုက်ရင် သူချက်ချင်း သေသွားလိမ့်မယ် "

အားလုံး ကြက်သေသေသွားကြသည်။

တာဝန်ရှိသူက ကောင်းကယ်ကို မယုံကြည်နိုင်သလိုကြည့်ရင်း

" ဘာ...ဘာ? ငါ...ငါဘာလုပ်ရမလဲ? "

ကောင်းကယ် လေးနက်စွာ ပြောလိုက်သည်။

" နေရာမှာပဲ ခြေထောက်ဖြတ်ပစ်ရမယ် "

=========

Note -

1. ကုန်လှောင်ရုံစင်များ -

2. ဝန်အသယ်အချယာဉ် -

3. အလတ်ဆိုဒ် တူးဖော်စက် -

4. မီးသတ်တူးဖော်စက် -

5. အတွင်းကြေလက္ခဏာ - Crush Syndrome ( traumatic rhabdomyolysis or Bywaters' syndrome ) က အရိုးဆိုင်ရာကြွက်သားတွေကို ထိခိုက်မိပြီးနောက် အဓိက သွေးလန့်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်တဲ့ ရောဂါအခြေအနေဖြစ်ပါတယ်။

6. ဘက်စုံသုံးကိရိယာ - ခင်များလေးတို့လည်း ဆောင်ထားသင့်တယ်နော်

=========

ဒီအခန်းဖတ်ရတာ ရန်ရိကိုအရမ်းချစ်တယ်၊ လေးလည်းလေးစားတယ်၊ မိုက်လိုက်တာ တကယ့်ခေါင်းဆောင် ပီသတဲ့ခေါင်းဆောင်ပဲ၊ အမျှော်အမြင်ကြီးပြီး အလုပ်အကိုင်သေသပ်တယ်၊ အတွေ့အကြုံရင့်ပြီး စဉ်းစားချင့်ချိန်နိုင်တယ်၊ အား~~~~ သဘောကျလိုက်တာ။

သာသာ ဘာလို့ နေ့တိုင်း up နေတာလဲ?? 🤫

ဒီမှာလည်း စာရေးရင်း သေတော့မှာမို့ vote လေးတော့ပေးခဲ့ကြပါ :3

===========

{ Zawgyi }

စခန္းကိုျပန္ဝင္ၿပီးေတာ့ ရန္ရိ ရက္အနည္းငယ္ ေကာင္းေကာင္း နားလိုက္ရသည္။ အဲ့ဒီ့ေန႔ေတြမွာ ႐ႈပ္ေထြးတဲ့ မီးေလာင္မႈေတြလည္းမ႐ွိေပ။ တစ္ခါတစ္ရံကိစၥေပၚလာရင္ စိတ္မသက္မသာျဖစ္ေနတဲ့ ေကာင္းကယ္နဲ႔ ေစြ႕ရိ႐ွန္႔တို႔ ဦးေဆာင္သြားခိုင္းသည္။

ဝမ္ရမ့္မီးေလာင္မႈလည္း နည္းနည္းတိုးတက္လာသည္။ အိမ္နီးခ်င္းေတြဆီသြားေရာက္ေတြ႕ဆုံၿပီး စုံစမ္းေမးျမန္းျခင္း၊ ေစာင့္ၾကည့္ေရးကင္မရာမ်ားမွတစ္ဆင့္ စုံစမ္းစစ္ေဆးျခင္း အစ႐ွိသည္တို႔အရ ၂၂ လႊာမွ အိမ္႐ွင္အားလုံးလိုလို လုပ္ၾကံသည့္ပုံမေပၚဘဲ အလီဘိုင္႐ွိေနတာရယ္ လုပ္ၾကဳံဖို႔အစြမ္းမစမ႐ွိတာရယ္ခ်ည္းသာ ျဖစ္ေနသည္။ သူတို႔ စုံစမ္းတာကို အက်ယ္ခ်ဲ႕လိုက္ရၿပီး ၂၂၀၉ နဲ႔ရန္စ႐ွိတဲ့ အေဆာက္အအုံထဲက အျခားသူေတြကိုပါ ႐ွာရကာ ေသဆုံးသူရဲ႕အလုပ္မွာ ရန္သူ ႐ွိ၊မ႐ွိ ဆိုတာကိုပါ စုံစမ္းရေတာ့သည္။

တစ္ခ်ိန္တည္းမွာပဲ၊ သူတို႔သံသယ႐ွိသူေတြကို မီးမလွန္႔ခင္ ေစာင့္ၾကည့္ေရးကင္မရာ၌ သူစိမ္းတစ္ဦးထြက္ေပၚလာခဲ့သည္။ ထိုသူစိမ္းက ေခါင္းစြပ္,စြပ္ၿပီး ေနကာမ်က္မွန္တပ္ကာ တစ္‌လမ္းလုံးေခါင္းငုံ႔လာသျဖင့္  ေစာင့္ၾကည့္ေရးကင္မရာေတြရဲ႕ တည္ေနရာကို သိေနတာ ထင္႐ွားေသာ္လည္း အေဆာက္အအုံထဲက ဘယ္သူမွ ထိုလူကို မမွတ္မိႏိုင္ေပ။

ၿပီးေတာ့ ၂၂၀၉ ေ႐ွ႕မွာ မီးေလာင္တဲ့ အမိႈက္တခ်ိဳ႕ကလည္း ၂၂၀၉ ႏွင့္မသက္ဆိုင္ေခ်။ အမိႈက္ရဲ႕ပိုင္႐ွင္ကိုလည္းသူတို႔႐ွာေတြ႕ခဲ့ၿပီး အနီးပတ္ဝန္းက်င္ ယူနစ္အေဆာက္အအုံေတြက စြန္႔ပစ္ထားတဲ့ အမိႈက္ျဖစ္ေနသည္။ ဒီယူနစ္ေတြက အမိႈက္အားလုံးကို အေဆာက္အအုံေနာက္ဘက္ တစ္ေနရာမွာပဲ စု‌ေပါင္းစြန္႔ပစ္ၾကၿပီး ၾကည့္ရသေလာက္ေတာ့ သံသ႐ွိသူက ထိုအမိႈက္ပုံထဲက အမိႈက္ထုတ္နည္းနည္းေလာက္ ၾကဳံရာေကာက္ယူခဲ့ျခင္းပင္။

အမိႈက္ပုံအနီးနားမွာ ေစာင့္ၾကည့္ေရးကင္မရာ မ႐ွိတာမို႔ သူတို႔မ်က္ျမင္သက္ေသ ႐ွာေနရသည္။

ကုံးရင့္႐ွန္ ႐ွင္းျပတာကို နားေထာင္ၿပီး ရန္ရိ သိခ်င္သြားသည္။

" သံသယ႐ွိသူက ၂၂၀၉ ေ႐ွ႕မွာပုံထားတဲ့ အမိႈက္က မေလာက္ဘူးထင္တာလား? မီးသိပ္မႀကီးမွာ စိုးလို႔လား? "

" ဒီျဖစ္ႏိုင္ေခ်အရဆို သူတကယ္ကို ရည္မွန္းခ်က္ေအာင္ျမင္သြားၿပီ "

" အဲ့အခ်ိန္က ေန႔ခင္းဘက္ဆိုေတာ့ မ်က္ျမင္သက္ေသ႐ွာဖို႔ မခက္ဘူးမလား? "

" အမိႈက္ပုံက အေဆာက္အအုံေနာက္က လဟာျပင္မွာဆိုေတာ့ လူသြားလူလာနည္းေပမယ့္ ကြၽန္ေတာ္တို႔႐ွာေနတုန္းပဲ "

ရန္ရိ ခံစားခ်က္ျဖင့္ ေျပာလိုက္သည္။

" မူလအတိုင္းဆို အိမ္နီးနားခ်င္း အခ်င္းခ်င္း အျငင္းပြားတဲ့ကိစၥပဲ၊ ဒါေပမယ့္ သူတို႔ေဒါသေၾကာင့္ လူအမ်ားႀကီးေသသြားရတယ္၊ ေစာက္က်ိဳးနဲကို..."

ကုံးရင့္႐ွန္လည္း သက္ျပင္းဖြဖြခ်သည္။

" စကားမစပ္ က်ိဳးခြၽမ္းကေရာ? "

" သူ႕ေျခေထာက္ မီးေလာင္တာက အရမ္းမဆိုး႐ြား‌ေပမယ့္ ဒဏ္ရာထဲပိုးဝင္သြားတယ္၊ မေန႔ကမွ စိုးရိမ္အေျခအေနကလြတ္လာၿပီး ဆရာဝန္က ကြၽန္ေတာ္တို႔ကို ေတြ႕ခြင့္မေပးေသးဘူး "

ရန္ရိ အံႀကိတ္ၿပီး ေျပာလိုက္သည္။

" သူေသမွာကိုသာ ေၾကာက္မေနရင္ ငါတကယ္ပဲ သူ႕ကို ခဏေလာက္ မီးအကင္ခံခိုင္းလိုက္သင့္တာ "

သူ ပါးစပ္ထဲ႐ွိရာေျပာေနျခင္းပင္။ သူ႕တာဝန္က အသက္ကယ္ဆယ္ရန္ႏွင့္ လူေတြရဲ႕ ပစၥည္းဥစၥာေတြကို ကာကြယ္ရန္သာျဖစ္ၿပီး ယုတ္မာတဲ့ လူသတ္သမားျဖစ္ေနရင္ေတာင္ ကယ္ရဦးမည္ပင္။

" ဒါေပမယ့္ သူ႕ပစၥည္းေတြကို ကြၽန္ေတာ္တို႔ ဆိုင္ဘာမႈခင္းတပ္ဖြဲ႕ ( Cybercrime ) က ထိန္းသိမ္းထားတယ္၊ ဒီကိစၥေၾကာင့္ ေနာက္ဆုံးေတာ့ အထက္က Seraph website ကိုစုံစမ္းစစ္ေဆးဖို႔ သေဘာတူလိုက္ၿပီ "

" ေကာင္းလိုက္တာ! ထြက္ေျပးသြားတဲ့ ငနာကေရာ? "

" ႐ွာေနတုန္းပဲ ကြၽန္ေတာ္တို႔လက္ထဲမွာ က်ိဳးခြၽမ္း႐ွိေနေသးသေ႐ြ႕ေတာ့ အေႏွးနဲ႔အျမန္  သူ႕ကိုဖမ္းမိေတာ့မွာပါ "

" မင္း ဒီရက္ပိုင္း အလုပ္မ်ားေနတာလား? အနားယူဖို႔ေရာ အာ႐ုံစိုက္ရဲ႕လား? "

ရန္ရိ ေဆး႐ုံကုတင္ေပၚမွာလွဲေနတဲ့ ကုံးရင့္႐ွန္ပုံစံကို ေမ့လို႔မရေပ။ သူဒီလိုမီး႐ိႈ႕သမားအမႈေတြမွာ ဇြဲေကာင္းၿပီး ထင္ရာစိုင္းေနတာ သူ႕ငယ္ဘဝကမေကာင္းတဲ့အျဖစ္အပ်က္ေၾကာင့္လို႔ ေတြးမိၿပီး သူ႕(ကုံးရင့္႐ွန္) ေနရာကေန စိတ္မသက္မသာျဖစ္မိသည္။

" ရပါတယ္ ကြၽန္ေတာ္က အသုံးဝင္တဲ့သဲလြန္စေတြ ျမန္ျမန္႐ွာခ်င္႐ုံပဲ၊ ကြၽန္ေတာ္ ဘယ္မီး႐ိႈ႕သမားကိုမွ လက္လႊတ္ခံမွာ မဟုတ္ဘူး "

ကုံးရင့္႐ွန္ ခဏရပ္လိုက္ၿပီး၊ သူ႕အသံက ပိုၿပီး ေလးနက္လာသည္။

" ဖမ္းဖို႔ ဘယ္ေလာက္ပဲၾကာၾကာ ကိစၥမ႐ွိဘူး "

ရန္ရိ ပါးစပ္ဟလိုက္ရင္း လြန္ခဲ့တဲ့ ဆယ့္႐ွစ္ႏွစ္က လွ်ိဳ႕ဝွက္ခ်က္က ဘာလဲဆိုတာ ေမးခ်င္လုနီးပါးျဖစ္သြားေပမယ့္ တြန္႔ဆုတ္ေနၿပီးေနာက္ သူဆက္ေအာင့္ထားလိုက္သည္။ ေမးခ်င္ရင္ေတာင္ လူခ်င္းေတြ႕ၿပီးမွေမးသင့္ၿပီး အဲ့လို ကိစၥႀကီးမ်ိဳးကို ဖုန္းနဲ႔ေမးဖို႔က အေလးမထားရာေရာက္သည္ပင္။

ေလထုအေျခ‌အေန ျပန္ေကာင္းသြားေအာင္ ရန္ရိ သတင္းေကာင္းအခ်ိဳ႕ မွ်ေဝလိုက္သည္။

" မင္း ငါကားထဲကကယ္ခဲ့တဲ့ ေၾကာင္နက္ေလးကို မွတ္မိလား? "

" အင္း အသက္႐ွင္ေသးတာလား? "

" ဟားဟား ႐ွင္တယ္ "

ရန္ရိ ႐ိုး႐ိုးသားသားေျပာလိုက္သည္။

" ဆရာဝန္က ေန႔တိုင္း ငါ့ကို ဗီဒီယို ႐ိုက္ျပတယ္ေလ၊ အခုေတာ့ သူစားေသာက္ႏိုင္လာၿပီ၊ ႏွစ္‌ရက္ေလာက္ေနရင္ ငါသူ႕ကို‌ေဆး႐ုံက သြားျပန္ေခၚလာခဲ့မယ္ "

ကုံးရင့္႐ွန္လည္း ရယ္ၿပီး :

" ေၾကာင္ေသးေသးေလးေပမယ့္ တကယ္ကို ဇြဲႀကီးတာပဲ "

" ဟုတ္ပ၊ အႏၲရာယ္ၾကားထဲမွာ မေသခဲ့ဘူးဆိုေတာ့ ေကာင္းခ်ီးေပးခံရတာပဲ ျဖစ္မယ္ "

ဖုန္းခ်ၿပီးေတာ့ ရန္ရိနည္းနည္း စိတ္ပ်က္သြားသည္။ ဘယ္အခ်ိန္မွ က်ိဳးခြၽမ္းကို စစ္ေမးမွာလဲ၊ အဲ့ေတာ့မွ သူဌာနခြဲ သြားလို႔ရမွာကို။

ေတြးေနတုန္း မီးသတ္အခ်က္ေပးေခါင္းေလာင္း ျမည္လာၿပီး သူေအာက္သို႔ အျမန္ေျပးဆင္းသြားလိုက္သည္။

" ေခါင္းေဆာင္၊ Gossကုန္ေလွာင္႐ုံက စင္ေတြ ၿပိဳက်ၿပီး အလုပ္သမားေလးေယာက္ ပိသြားတယ္ "

ရန္ရိ ခ်က္ခ်င္း ေျပာလိုက္သည္။

" သြား၊ အဖြဲ႕ကို ငါေခါင္းေဆာင္မယ္ "

Goss က တ႐ုတ္မွာ လက္လီျဖန္႔ျဖဴးၿပီး ကုန္သြယ္စရိတ္သက္သာေသာ နာမည္ႀကီး အလွကုန္ပစၥည္းကုမၸဏီ တစ္ခုျဖစ္သည္။ ႏိုင္ငံရဲ႕အဓိကၿမိဳ႕ေတြမွာ ကုန္ေလွာင္႐ုံေတြျဖန္႔ထားၿပီး အေ႐ွ႕နဲ႔ အေနာက္ဘက္က ၿမိဳ႕တစ္ၿမိဳ႕စီတိုင္းမွာ ကုန္ေလွာင္႐ုံတစ္ခုစီ႐ွိသည္။

လမ္းမွာေတာ့၊ ရန္ရိ တြဲဖက္ရဲအရာ႐ွိကို အေျခအေနနားလည္ေအာင္ ေမးလိုက္သည္။ တကယ္တမ္းက ဝန္အသယ္အခ်ယာဥ္ေမာင္းတဲ့သူ ဦးေႏွာက္ေသြးေၾကာျပတ္သြားတာျဖစ္ၿပီး၊ ဝန္သယ္ယာဥ္က အထိန္းအခ်ဳပ္မဲ့ကာ စင္တန္းကို ဝင္တိုက္မိျခင္းပင္။ တန္ခ်ီေသာပစၥည္းမ်ားျဖင့္ ျပည့္ေနသည့္ စင္ႀကီးေတြ တစ္ခုကိုတစ္ခု ကပ္ဆြဲၿပီး စင္ေျခာက္တန္းလုံး တစ္ခါတည္းၿပိဳက်သြားခဲ့သည္။

ကု‌န္ေလွာင္႐ုံ ေစာင့္ၾကည့္စနစ္အရ၊ အလုပ္သမားေလးေယာက္ေပၚ  ပိသြားခဲ့သည္တဲ့။

ကုန္ေလွာင္႐ုံအျမင့္ကိုသိၿပီးေနာက္ စခန္းကို အလတ္ဆိုဒ္ တူးေဖာ္စက္ လႊတ္ခိုင္းလိုက္သည္။ သူတို႔မီးသတ္စခန္းမွာ မီးသတ္ကားနဲ႔တြဲထားတဲ့ တူးေဖာ္စက္လည္း႐ွိေပမယ့္ သယ္ထုတ္ႏိုင္တဲ့ ဝန္ဆံ့ပမာဏမွာ အကန္႔အသတ္႐ွိၿပီး အထူးထုတ္ထားတဲ့ တူးေဖာ္စက္ထက္ေတာ့ ပိုအဆင့္နိမ့္သည္။

သူတို႔အခင္းေနရာကို အျမန္ႏိုင္ဆုံးျမန္ျမန္ေရာက္သြားသည္။ ကုန္ေလွာင္႐ုံက ႐ႈပ္ပြေနကာ၊ စင္ႀကီးေတြက အတန္းလိုက္ လဲက်လ်က္၊ ပစၥည္းေတြက ေနရာတကာျပန္႔က်ဲေနၿပီး ၾကမ္းျပင္မွာ ေရနဲ႔ခရင္ေပါင္းစပ္ထားတဲ့ အလွကုန္ပစၥည္းက်ိဳးသြားျခင္းေၾကာင့္ ဗြက္ထူေန‌သည္။ အကုန္ေပါင္းစပ္သြားၿပီး ေနာက္ဆုံး စူး႐ွ႐ွအနံ႔မ်ိဳးထြက္လာေတာ့၏။

Goss ရဲ႕လူေတြက ႐ွိေနတဲ့ အလုပ္သမားေတြနဲ႔ ဝန္သယ္ယာဥ္ေတြကို ခြဲျခမ္းလိုက္ၿပီး လူကယ္ဆယ္ဖို႔အတြက္ ပစၥည္းေတြ ေ႐ႊ႕ၾကသည္။ လူနာတင္ယာဥ္ကလည္း အရန္သင့္႐ွိေနေလၿပီ။

ရန္ရိ အေျခအေနပိုၿပီးသိရေအာင္ တာဝန္႐ွိသူကို ေခၚလိုက္သည္။

တာဝန္႐ွိသူက ရန္ရိကို ကြန္ပ်ဴတာ‌ေပၚက ေစာင့္ၾကည့္ေရးဖန္သားျပင္ကိုျပၿပီး

" ၾကည့္လိုက္ပါ ကြၽန္ေတာ္တို႔အလုပ္သမားေလးေယာက္က အဲ့ဒီ့ေနရာသုံးခုမွာ႐ွိတယ္၊ အခု သူတို႔ထဲက တစ္ေယာက္က လူေတြနဲ႔ေတြ႕ႏိုင္တယ္ "

" မင္းလူေတြကို မလႈပ္ဖို႔ေျပာလိုက္ပါ ကြၽန္ေတာ့္ကို ၾကည့္ဖို႔ေခၚသြားေပး "

ရန္ရိ ကုန္ပစၥည္းပုံေပၚတက္ဖို႔ တာဝန္႐ွိသူေနာက္လိုက္သြားရင္း သူတို႔႐ွင္းထားတဲ့ အၿပိဳအပ်က္ေအာက္မွာ အဝါေရာင္ယူနီေဖာင္းကို မသဲမကြဲျမင္လိုက္ရသည္။

" ေကာင္းကယ္ ဒီကိုလာ "

ေကာင္းကယ္ တက္လာ၏။

" မင္းက ပထမအဖြဲ႕ကိုေခၚၿပီး ဒီတစ္ေယာက္ကိုတာဝန္ယူလိုက္၊ စြန္းတင့္ရိ မင္းက ဒုတိယအဖြဲ႕ကိုေခၚၿပီး ဒီဘက္ကတစ္ေယာက္ကို တာဝန္ယူေပး၊ ၿပီးေတာ့ က်န္တဲ့ႏွစ္ေယာက္က အတူ႐ွိေနတယ္၊ တတိယအဖြဲ႕က ငါ့ေနာက္လိုက္ခဲ့ "

" ေကာင္းၿပီ "

ရန္ရိ တာဝန္႐ွိတဲ့သူကိုထပ္ေျပာလိုက္သည္။

" အခုကစၿပီး မင္းတို႔လူ‌အားလုံး ကြၽန္ေတာ္တို႔ အမိန္႔ကို လိုက္နာရမယ္၊ အသိမေပးဘဲ လႈပ္႐ွားလို႔မရဘူး၊ အဲ့တာမွ ဒုတိယအႀကိမ္ၿပိဳက်တာေရာ၊ ေနာက္ထပ္မေတာ္တဆမႈေတြပါ မျဖစ္ေတာ့မွာ "

" ေကာင္းပါၿပီ "

သူတို႔ တူးေဖာ္စက္ပါတဲ့ မီးသတ္ကားက ေကာင္းကယ္နဲ႔ စြန္းတင့္ရိကို ‌အေ႐ွ႕ဘက္က စင္သုံးတန္းအပုံကို ႐ွင္းဖို႔ ကူေပးၿပီး ေနာက္ထပ္ေရာက္လာတဲ့ တူးေဖာ္စက္က အေနာက္ဘက္က စင္သုံးတန္းအပုံကို ရန္ရိအားကူ႐ွင္းေပးသည္။

သူတို႔ တူးေဖာ္စက္ကို လူေတြတူးမထုတ္မိေအာင္ သုံးရသည္။ တူးေဖာ္တဲ့စက္လက္က ဒဏ္ရာရထားတဲ့သူအနား ကပ္လို႔မျဖစ္ေပ။ အဲ့တာေၾကာင့္ ဒုတိယအႀကိမ္ၿပိဳတာကို ေ႐ွာင္႐ွားဖို႔၊ ဒဏ္ရာရသူနဲ႔ ကယ္ဆယ္ေရးသမားေတြကို ေနာက္ထပ္ဒဏ္မရေစဖို႔ရာ၊ ဒဏ္ရာရတဲ့သူအနားက ကုန္စည္ေတြကို ႐ွင္းထုတ္ဖို႔သာသုံးရသည္။ တစ္ခ်ိန္တည္းမွာပဲ စင္ကိုမ,ရန္ စက္လက္တံကိုသုံးဖို႔ လိုအပ္၏။

Goss ကလူေတြနဲ႔ တပ္ဖြဲ႕ကတပ္သားေတြ ပူးေပါင္းလုပ္ေဆာင္ၾကၿပီး၊ နာရီဝက္ၾကာေတာ့ သူတို႔ ပထမလူနာကို ကယ္ထုတ္ၿပီး လူနာတင္ယာဥ္ကထိုလူကို ေဆး႐ုံအေျပးပို႔ေပးသည္။

ဆယ္မိနစ္ၾကာၿပီးေနာက္၊ ရန္ရိလည္း လူတစ္ေယာက္ ကယ္ထုတ္ႏိုင္ခဲ့သည္။ ဒီဝန္ထမ္းငယ္ေလးက ကံေကာင္းၿပီး၊ သူလည္း ဝန္သယ္ယာဥ္ေမာင္းေပမယ့္ စင္ေတြၿပိဳက်ေတာ့ ဝန္သယ္ယာဥ္ေဘာင္က သူ႕ကိုကာေပးထားခဲ့ၿပီး ဒဏ္ရာအေသးအမႊားပဲရခဲ့သည္။ သူ႕ကို ကယ္ထုတ္ေပးေတာ့ သတိ႐ွိေနေသးၿပီး အထပ္ထပ္ေျပာေနသည္က

" ေ႐ွာင္ဝမ့္ေအာက္မွာ႐ွိတယ္ ေ႐ွာင္ဝမ့္က ကြၽန္ေတာ့္ေနာက္မွာတင္...."

လီဆာ သူ႕ကိုစိတ္ေအးေအာင္ ေျပာလိုက္သည္။

" မစိုးရိမ္ပါနဲ႔ ငါတို႔သူ႕ကိုကယ္မွာပါ "

ေစာင့္ၾကည့္ေရးပုံေတြနဲ႔ ဝန္ထမ္းငယ္ေလးေတြေျပာစကားအရ သူတို႔ ေ႐ွာင္ဝမ့္ရဲ႕တည္ေနရာကို အေျခခံအားျဖင့္တြက္ယူႏိုင္ၿပီး အားလုံး ဆက္လႈပ္႐ွားၾကရင္း ခြၽဲတ႐ႊဲ႐ႊဲနဲ႔ ပစၥည္းေတြတူးၾကသည္။

မိနစ္ႏွစ္ဆယ္နီးပါးေလာက္ၾကာေတာ့၊ စြန္႔တင့္ရိက တတိယလူနာကို ႐ွာေတြ႕ခဲ့ေသာ္လည္း ထိုလူက ကိုယ္တြင္းေသြးယိုစီးမႈ ျဖစ္ပြားခဲ့ၿပီး ကယ္ထုတ္ေပးခဲ့ခ်ိန္မွာ ေသြးခုန္ႏႈန္းမ႐ွိေတာ့ေခ်။

ၿပီးေတာ့ ရန္ရိ ေနာက္ဆုံးလူနာကို ႐ွာေတြ႕ၿပီး ထိုသူက အလွကုန္ပစၥည္းပုံေအာက္မွာ ပိေနသည္။ အဆိုးဆုံးမွာ အလြန္ေလးလံေသာ သတၱဳစင္က သူ႕ေျခေထာက္ေပၚ ဖိထားၿပီး သူကေတာ့ ၾကမ္းျပင္ေပၚမွာ လဲေနရင္း နာက်င္စြာ ညည္းတြားေနသည္။

" ေ႐ွာင္ဝမ့္ကို ႐ွာေတြ႕ၿပီ! "

ဝန္းထမ္းတစ္ေယာက္က ေပ်ာ္လြန္းလို႔ ငိုေတာ့မတတ္။

" သူအသက္႐ွင္ေသးတယ္! "

" ျမန္ျမန္ သူ႕ကိုထုတ္လိုက္ေလ! "

" အလ်င္မလိုပါနဲ႔ အလ်င္မလိုပါနဲ႔၊ အရင္ဆုံး သူ႕ခႏၶာကိုယ္နဲ႔ ေဘးကပစၥည္းေတြအရင္႐ွင္းတာေပါ့ "

ရန္ရိ ၾကမ္းျပင္တစ္ေလွ်ာက္စီးက်ေနတဲ့ ေသြးေတြကိုၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။

တာဝန္႐ွိသူက သူ႕မ်က္ႏွာက ေခြၽးေတြကို သုတ္လိုက္ရင္း

" ရဲေဘာ္ ဒီစင္ကအရမ္းေလးလို႔၊ ကြၽန္ေတာ္တို႔ ဆြဲတင္မွရမယ္ "

ရန္ရိ ေခါင္းယမ္းလိုက္ၿပီး

" အႏၲရာယ္ကင္းဖို႔လိုတယ္၊ ဒီစင္နဲ႔ ကုန္စည္ေတြေပါင္းရင္ အနည္းဆုံး ငါးတန္၊ေျခာက္တန္ေလာက္ ေလးတယ္၊ မဆြဲတင္ႏိုင္ရင္ လူနာကို ပိုၿပီးထိခိုက္မိသြားလိမ့္မယ္၊ ေစြ႕ရိ႐ွန္း ကားဆီသြားၿပီး သစ္သားတုံးေတြယူခဲ့ "

" ဟုတ္ကဲ့ "

အားလုံး ေ႐ွာင္ဝမ့္နားက ပစၥည္းေတြကို ျဖည္းျဖည္းခ်င္း ႐ွင္းလိုက္ၾကၿပီး သူနာျပဳ ႐ွစ္ေ႐ွာင္ခ်န္႔က ေ႐ွာင္ဝမ္းကို အရင္ဆုံး အျမန္ေဆးသြင္းေပးလိုက္သည္။ ရန္ရိ တပ္သားေတြကို ေ႐ွာင္ဝမ္းဘက္ ဦးေဆာင္သြားၿပီး တူးေဖာ္စက္ေမာင္းေနတဲ့ လွ်ိဳေဟြးကို လွမ္းေအာ္လိုက္သည္။

" ႀကိဳးခိုင္လား? "

" ခိုင္တယ္ "

သစ္သားတုံးကိုင္ထားတဲ့ တပ္သားေတြကလည္း အသင့္႐ွိေနလ်က္၊ တူးစက္က စင္ကို တျဖည္းျဖည္းခ်င္းမ,ဖို႔ ေစာင့္ေနၿပီး သူတို႔ စင္ေအာက္မွာ သစ္သားတုံးေတြကို ေခါင္းအုံးလိုခံလိုက္တဲ့အခါ လူနာကို ကယ္ထုတ္ႏိုင္လိမ့္မည္။

ရန္ရိ ေ႐ွာင္ဝမ့္ကိုၾကည့္ေနေပမယ့္ သူ အခ်ိန္အေတာ္ၾကာတဲ့အထိ အမိန္႔မေပးေခ်။

တာဝန္႐ွိသူက ႐ွဴး႐ွဴး႐ွဲ႐ွဲလုပ္လာသည္။

" မင္းဘာကိုေစာင့္ေနတာလဲ? လူက မၾကာခင္ေသေတာ့မွာကို "

႐ွစ္ေ႐ွာင္ခ်န္႔က ေဆးသြင္းေနတုန္း ေ႐ွာင္ဝမ့္ရဲ႕ အဖိမခံထားရတဲ့ေပါင္ေပၚ ေရခဲတုံးတင္ေပးၿပီး ဆိုလာသည္။

" ေခါင္းေဆာင္ရန္၊ လူနာက တစ္နာရီနီးပါးေလာက္ အဖိခံထားရတာ၊ အတြင္းေၾကေရာဂါလကၡဏာမ်ိဳး ႐ွိေနေလာက္တယ္ "

ရန္ရိ ေခါင္းညိတ္ၿပီး သူ႕ကယ္ဆယ္ေရး ဝတ္စုံကို ခြၽတ္လိုက္သည္။

" ကြၽန္ေတာ္လည္း အဲ့တာပဲစိုးရိမ္ေနတာ၊ တစ္ခ်က္ဝင္ၾကည့္လိုက္မယ္ "

" ေခါင္းေဆာင္အတြက္ အႏၲရာယ္မ်ားပါတယ္ "

Goss ဝန္ထမ္းေတြက အလ်င္လိုေနၿပီး သူတို႔ကို လူကယ္ဖို႔ ေလာေနသည္။

ရန္ရိ သူ႕ဦးထုပ္ေဆာင္းလိုက္ၿပီး စင္ေတြကြာဟေနတဲ့ၾကားထဲ ဂ႐ုတစိုက္ တြားဝင္သြားကာ ေ႐ွာင္ဝမ့္ေျခေထာက္ေတြနား သြားလိုက္သည္။ သူ႕အိတ္ကပ္ထဲက ဘက္စုံသုံးကိရိယာကိုထုတ္ၿပီး ေ႐ွာင္ဝမ့္ေဘာင္းဘီကို ျဖတ္လိုက္သည္။ သူ႕အသားေရာင္က အတြင္းေၾကၿပီး ျပာေနတာျမင္ေတာ့ သူအသက္ျပင္းျပင္း႐ွဴလိုက္ၿပီး :

" ေ႐ွာင္ဝမ့္ ငါေတာ့အလုပ္ျဖစ္မယ္မထင္ဘူး "

သူဖုန္းထုတ္ကာ ဓာတ္ပုံ႐ိုက္လိုက္ၿပီး အျပင္ျပန္ထြက္ကာ ႐ွစ္ေ႐ွာင္ခ်န္႔ကို အဲ့ဒီ့ပုံျပလိုက္သည္။

႐ွစ္ေ႐ွာင္ခ်န္႔က ေခါင္းညိတ္ၿပီး အေလးအ‌နက္ ေျပာလာသည္။

" ကြၽန္မေဆး႐ုံကို ဖုန္းဆက္လိုက္မယ္ "

" ဘာျဖစ္တာလဲ?! "

တာဝန္႐ွိသူက ေျပာရင္း အေျပးလာသည္။

ေကာင္းကယ္ တာဝန္႐ွိသူကို စိတ္လႈပ္႐ွားလ်က္ ထိန္းကိုင္လိုက္ၿပီး

" ဒဏ္ရာက အတြင္းေၾကေရာဂါအဆင့္ထိ ျဖစ္သြားၿပီ၊ ကြၽန္ေတာ္တို႔အခု စင္ကိုမ,လိုက္ရင္ သူခ်က္ခ်င္း ေသသြားလိမ့္မယ္ "

အားလုံး ၾကက္ေသေသသြားၾကသည္။

တာဝန္႐ွိသူက ေကာင္းကယ္ကို မယုံၾကည္ႏိုင္သလိုၾကည့္ရင္း

" ဘာ...ဘာ? ငါ...ငါဘာလုပ္ရမလဲ? "

ေကာင္းကယ္ ေလးနက္စြာ ေျပာလိုက္သည္။

" ေနရာမွာပဲ ေျခေထာက္ျဖတ္ပစ္ရမယ္ "

=========

Note -

1. ကုန္ေလွာင္႐ုံ -

2. ဝန္အသယ္အခ်ယာဥ္ -

3. အလတ္ဆိုဒ္ တူးေဖာ္စက္ -

4. မီးသတ္တူးေဖာ္စက္ -

5. အတြင္းေၾကလကၡဏာ - Crush Syndrome ( traumatic rhabdomyolysis or Bywaters' syndrome ) က အ႐ိုးဆိုင္ရာႂကြက္သားေတြကို ထိခိုက္မိၿပီးေနာက္ အဓိက ေသြးလန္႔ျခင္းနဲ႔ ေက်ာက္ကပ္ပ်က္စီးျခင္းျဖစ္ေပၚတဲ့ ေရာဂါအေျခအေနျဖစ္ပါတယ္။

6. ဘက္စုံသုံးကိရိယာ -

=========

ဒီအခန္းဖတ္ရတာ ရန္ရိကိုအရမ္းခ်စ္တယ္၊ ေလးလည္းေလးစားတယ္၊ မိုက္လိုက္တာ တကယ့္ေခါင္းေဆာင္ ပီသတဲ့ေခါင္းေဆာင္ပဲ၊ အေမွ်ာ္အျမင္ႀကီးၿပီး အလုပ္အကိုင္ေသသပ္တယ္၊ အေတြ႕အၾကဳံရင့္ၿပီး စဥ္းစားခ်င့္ခ်ိန္ႏိုင္တယ္၊ အား~~~~ သေဘာက်လိုက္တာ။

သာသာ ဘာလို႔ ေန႔တိုင္း up ေနတာလဲ?? 🤫

ဒီမွာလည္း စာေရးရင္း ေသေတာ့မွာမို႔ vote ေလးေတာ့ေပးခဲ့ၾကပါ :3

===========