webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 24.1

「Unicode 」

သူတို့ ၇ လွှာ ၈လွှာ လောက်ကို တက်ပြီး​တော့ အားလုံး​မောဟိုက်လာပြီး ရန်ရိ လည်း ​သူ့ချွေးစက်တို့ ရင်ဘတ်ထံစီးကျ၍ အနည်းငယ် ယားကျိကျိဖြစ်လာသည်။

ထိုအချိန် ​ရေဒီယိုမှရွှီကျင့်အသံထွက်​ပေါ်လာပြီး

" ရန်ရိ မင်းဘယ်အထပ်​မှာလဲ? "

" ၁၀ လွှာပါ "

" ငါအခုပဲ ၁၃လွှာ ဓါတ်​လှေကားမှာ တစ်​ယောက်​ယောက် ပိတ်မိ​နေတယ်လို့သတင်းရတယ် "

" အို​ကေ ကျွန်​တော် နှစ်​ယောက်လွှတ်လိုက်မယ် "

ရန်ရိ ၀မ်းမုန်အဖွဲ့က​ ခေါင်း​ဆောင်တစ်​ယောက်ကို တပ်သားနှစ်​ယောက်​ခေါ်ကာ ဓါတ်​လှေကားကိုစစ်ဖို့​ပြောလိုက်ပြီး ကျန်တဲ့သူ​တွေက​တော့ ဆက်သွားကြသည်။

ဒီအ​ဆောက်အအုံရဲ့ အ​ရှေ့နဲ့ အ​နောက်ဘက်မှာ ​လှေကား​၂ ခုရှိပြီး မီးလောင်တဲ့​နေရာက အ​နောက်ဘက်နဲ့နီးတာ​ကြောင့် သူတို့အ​ရှေ့ဘက်​လှေကားက​နေ အ​ပေါ်တက်ကြသည်။

၂၁ လွှာကိုခက်ခက်ခဲခဲ တက်ပြီးသည့်​နောက် အားလုံး​ဟောဟဲလိုက်နေကြပြီး ​ခြေ​ထောက်​တွေလည်း အား​ပျော့​နေသည်။

၂၁ လွှာက မီးခိုးများဖြင့်ပြည့်နေ​သော်လည်း မီး​တောက်​တွေ​တော့ များများစားစားမရှိ။ အများစုက မျက်နှာကျက်၌သာ ရှိ​နေသည်။

ရန်ရိ ​မောဟိုက်စွာ ​ဆောင့်​ကြောင့်ထိုင်ရင်း နံရံကို စူးစမ်း​နေပြီး

" ၂၀ စက္ကန့်နားမယ် "

ရန်ရိ သူ့စိတ်ထဲက​နေ ၂၀ထိ​ရေတွက်ပြီး​နောက် အမိန့်​ပေးလိုက်သည်။

" ၀မ်းမုန် သူတို့ကို ​ရေဖြန်းမီးသတ်ဖို့အတွက် ​ခေါ်သွားပြီး လျို​ဟွေးက ငါနဲ့သွားစစ်ဖို့လိုက်ခဲ့ "

" ဟုတ်ကဲ့ "

Mask များတပ်ဆင်ရင်း ရန်ရိနဲ့ လျို​ဟွေး ၂၂လွှာ​လှေကားဆီတက်သွားကြသည်။

၂၂လွှာ​ကော်ရစ်တာ၌ မီးခိုးများ လှိုင်းခတ်​နေကာ မီးများက ရုန်းရင်းဆန်ခတ်ဖြစ်​နေ၏။

ရန်ရိ ​လှေကားထွက်​ပေါက် တံခါးကို သတိကြီးကြီးနဲ့ဖွင့်လိုက်​တော့ ဆန်တက်လာတဲ့ အပူလှိုင်းတို့က သူ့ကိုရိုက်ခတ်​လေရာ ​ချွေး​ပေါက်များပင် ပွင့်ထွက်သွား​စေသည်။

​လှေကားတစ်ခုတည်းကိုပဲကြည့်၊ သူတို့ အ​ရှေ့ဘက်က​နေ​တောင် ၀င်ဖို့အနည်းငယ်သာတတ်နိုင်သည်။

အ​နောက်ဘက်ခြမ်း, မီးဗဟိုချက်က​တော့ အနီအနက်အ​ရောင်များဖြင့် ​ရော​ထွေး​နေကာ အထဲမှာဘာ​တွေဖြစ်​နေမှန်း ဘယ်သူမှမသိနိုင်ပါ​ချေ။

ရန်ရိ လျို​ဟွေးကို ၂၂လွှာ​မှာနေဖို့​ပြောလိုက်ပြီး သူကိုယ်တိုင်က​တော့ ၂၃လွှာကိုတက်သွားသည်။ ၂၃လွှာက မီးဗဟိုချက်မဟုတ်​ပေမယ့်လည်း ၂၂လွှာထက်​တော့ အ​ခြေ​နေပို​ကောင်းပုံမ​ပေါ်ပေ။

သူ​လျှောက်၀င်သွားလိုက်သည်နှင့်အညီ ​မေးလိုက်၏။

" ၀မ်းမုန် မင်းချိတ်ဆက်မိလား? "

၀မ်းမုန်အသံက ဆူညံသံများနှင့်​ရော​နှောလျက် ထွက်​ပေါ်လာသည်။

" ချိတ်ဆက်မိတယ် "

" ငါတို့ နှစ်ဖွဲ့ခွဲပြီးလှုပ်ရှားမယ် မင်းက ၂၃လွှာကို ရှာ​ဖွေမယ့် အဖွဲ့ကိုဦး​ဆောင်၊ ငါက ၂၂လွှာကိုရှာလိုက်မယ် အားလုံးပဲ အသက်ရှူကိရိယာရဲ့ သတိ​ပေးချက်အတွက် အနိမ့်ဆုံးအမှတ်ကို ၁၅မိနစ်လို့ထားပြီး သတိ​ပေးသံမြည်တာနဲ့ ချက်ချင်း မီးထဲကထွက်ရမယ် နားလည်ကြလား? "

" ဟုတ်ကဲ့ "

ရန်ရိ ​မီးသတ်ဘုံပိုင်​ခေါင်းအဆို့ကို ဖွင့်ဖို့ပိတ်ဖို့အတွက် လူနှစ်​ယောက်ချန်ထားခဲ့ပြီး မီးသတ်ပိုက်ကိုကိုင်ကာ သူကအရင် မီးထဲသို့တိုး၀င်သွားလိုက်သည်။

မီးအပူချိန်က ​ကြောက်မက်ဖွယ်အတိ။

တိုက်ခိုက်​ရေး၀တ်စုံ၀တ်ထားလျက်ကပင် ရန်ရိ သူ့အသား​တွေ မီးမှိုက်​ခံနေရသကဲ့သို့ ခံစား​နေရပြီး ​ချွေး​ပေါက်(ကြက်သီး​ပေါက်) များကလည်း မခံမရပ်နိုင် တဖျဥ်းဖျဥ်းထ​နေသည်။ ​ရှေ့ဆက်ဖို့​တောင် သတိအ​တော်သုံးရပြီး သူအံကိုကြိတ်ကာ ​ပြောလိုက်သည်။

" ​ရေလွှတ် "

မီးသတ်​ရေပိုက်ထဲကို ​ရေစီး၀င်လာ​တော့ ​ရေဖိအားက ရန်ရိကို ကျွမ်းပြန်လန်သွား​စေ​တော့မလို့ ကံ​ကောင်းတာက ​စွေ့ရိရှန်းက ပိုက်​ခေါင်းကို ကိုင်ထား​သော​ကြောင့်သာ။

သူတို့ ​ကော်ရစ်တာက မီးကို​ရေဖြင့်ဖြန်းပက်လိုက်ပြီး မီးအနည်းငယ်ငြိမ်းသွား၍ အပူချိန်​လျော့သွားသည်။

ထို့​နောက် သူတို့အိမ်ခန်းတစ်ခန်းမှစကာ တစ်ခန်း၀င်တစ်ခန်းထွက် ရှာ​ဖွေကယ်ဆယ်ကြ​တော့၏။

အ​ရှေ့ဘက်ခြမ်း၌ ဖွင့်မရနိုင်​အောင် အပြင်ဘက်လုံခြုံ​ရေးတံခါးများ တပ်ဆင်ထားသည့် အိမ်ခန်း ၆ ခန်းရှိပြီး

သူတို့ အိမ်ခန်းတံခါး​တွေကို ခပ်ပြင်းပြင်းထုရိုက်ရင်း ​အော်ကြရသည်။

" တစ်​ယောက်​ယောက်ရှိလား? မီးသတ်တပ်ဖွဲ့ပါ! "

" ကြမ်း​ပေါ်လဲ​နေတဲ့သူ​တွေရှိတယ် ! "

တင်းချင်ရဲ့ ​အပူချိန်ရောင်ခြည်ဖမ်းကင်မရာက ကြမ်းပြင်​ပေါ်မှာလဲ​နေတဲ့ အရိပ်​တွေကိုပြလာသည်။

သူတို့ ​ပြေးသွားလိုက်​တော့ ​လျှောက်လမ်းကြမ်းပြင်မှာ လဲကျ​နေသူ ၂ဦးကို​တွေရပြီး သူတို့ ​ခြေ၊လက်များက မီး​လောင်ထားကာ ​သွေးခုန်နှုန်း​တော့ရှိ​နေ​သေးသည်။

ထိုအချိန် အခန်းအတွင်းမှ အကူအညီ​တောင်းသည့်ငိုညည်းသံ​ဖျော့​ဖျော့ ကြားလိုက်ရ​ပြီး သူတို့တံခါးကို ​ဖောက်ထွင်းကိရိယာများဖြင့် ဖွင့်လိုက်ကြသည်။

လျို​ဟွေး တပ်သား​တွေနဲ့​ပြေး၀င်သွားတော့ ​ရေချိုးခန်းထဲမှာ သားအဖနှစ်​ယောက်ကို​ရှာတွေ့ပြီး အ​ဖေဖြစ်သူက​တော့ သတိရှိ​နေ​သေးသည်။

သူတို့ လူ​တွေကို ကယ်ဆယ်ပြီး ​အောက်သို့သယ်သွားကြသည်။

ကျန်ရှိ​သော အိမ်ခန်းများက​တော့ တိတ်ဆိတ်​နေဆဲဖြစ်ကာ သူတို့ တစ်ခန်း၀င်တစ်ခန်းထွက်ပဲ စစ်​ဆေးနိုင်သည်။ အခန်း ၂ ခန်းက​တော့ လူမရှိ​ပေမယ့် ​နောက် ၂ ခန်းက​လူ​တွေကတော့ ​သေဆုံးပြီးဖြစ်သည်။

အ​နောက်ဘက်အကျဆုံးအခန်းက မီးနှင့်နီးစပ်​သော​ကြောင့် မီးအပူဟပ်ခံရသည့်အပြင် အပူချိန်အလွန်မြင့်သဖြင့် လုံခြုံ​ရေးတံခါးက ပြင်းပြင်းထန်ထန်ကို ပုံပျက်​နေလျက် လူနှစ်​ယောက်မှာအချိန်အ​တော်ကြာသည်အထိ မဖွင့်နိုင်ဖြစ်​နေသည်။

ရန်ရိ ပြတ်ပြတ်သားသား​ပြောလိုက်သည်။

" ဖြတ်ချလိုက် "

သူတို့ လွှကို​ပြောင်းကိုင်လိုက်ပြီး တံခါးမှာ လူကြီး​တွေဖြတ်နိုင်ရုံ​လောက် အ​ပေါက်တစ်​ပေါက်​ဖောက်လိုက်သည်။

ဖြတ်ပြီးသွား​တော့ ရန်ရိ​ခြေ​ထောက်ဆန့်လိုက်ပြီး အထဲကသစ်သားတံခါးကို ကန်ထုတ်လိုက်သည်။အခန်းအတွင်း၌ မီးပင်လယ်ကဲ့သို့​လောင်မြိုက်​နေလျက် ဘာမှမမြင်မတွေ့နိုင်​လုနီးပါး။

သူတို့မီးသတ်ပိုက်ကိုအထဲသွင်းလိုက်ပြီး အခန်းထဲကို ပက်ဖြန်းလိုက်သည်။ မီးထိန်းပြီး​နောက် ရန်ရိ အ​ပေါက်က​နေလျှို၀င်သွားလိုက်ကာ ​အော်​မေးလိုက်၏။

" မီးသတ်တပ်ဖွဲ့ပါ! တစ်​ယောက်​ယောက်ရှိလား! တစ်​ယောက်​ယောက် ! "

" ​​ခေါင်း​ဆောင်ရန် မြန်မြန်လုပ်! ဒီကမီး​တွေကိုငြိမ်းသတ်လို့မရဘူး! "

ရန်ရိ အိပ်ခန်း ၃ခန်းလုံး​ရော ​လျှောက်လမ်း​တွေပါ စစ်​ဆေးသည်။ သူ​နောက်ဆုံး ​အိပ်ခန်းကို​တွေ့​တော့ ငုံ့ပြီး ကုတင်​အောက်ကိုကြည့်လိုက်​​ရာ ကလေးနှစ်​ယောက်ကို​တွေ့လိုက်သည်။

အိမ်မီး​လောင်ပြီဆို အချို့​နေရာ​တွေမှာ လွတ်​မြောက်မှုနဲ့ ပုန်းခိုမှုအတွက် ​ပြတင်း​ပေါက်​တွေ၊ တံခါးတွေ၊ ​ရေချိုးခန်း​တွေ၊ ကုတင်​အောက်​တွေ စသဖြင့် ​ခြေရာလက်ရာကြီးကြီးမားမားရှိသည်။ သူတို့ရှာ​ဖွေ​ရေးမှာ သတိထားရမည်က အထူးသဖြင့် က​လေးသူငယ်​တွေဟာ ကုတင်​အောက်မှာ ပုန်းခိုတတ်ကြသည်ဆိုတာပင်။

ရန်ရိ သတိလစ်​နေ​သော က​လေး ၂​ယောက်ကို အပြင်ထုတ်ပြီး သူ့လက်​မောင်းကြားကွယ်ကာ ဧည့်ခန်းဆီအ​ပြေးနှင်ရသည်။

" ကာထား! ကာထား! "

လျို​ဟွေး​အော်ပြီး သူနဲ့သူ့တပ်သားတစ်​ယောက်က မီးသတ်ပိုက်​ခေါင်းကိုကိုင်ရင်း ရန်ရိအနားတစ်၀ိုက်ကိုဖြန်း​ပေးသည်။

ရန်ရိ တံခါးဆီ​ပြေးသွားပြီး က​လေး ၂​ယောက်ကို တစ်​ယောက်ချင်းစီ အ​ပေါက်က​နေထုတ်​ပေးကာ ​နောက်ဆုံး​မှသူ လျှိုထွက်သည်။

တပ်သားများက ဒဏ်ရာရသူ​တွေကို တစ်​ယောက်ချင်းစီ အောက်ပို့​ပေး၏။

ရန်ရိ အပြင်းအထန်​မောဟိုက်​နေရင်း

" အနောက်ဘက်ကိုသွားရ​အောင် ငါတို့သွားနိုင်သ​လောက်​ပေါ့ "

သူတို့ မီးသတ်ပိုက်ကိုကိုင်ရင်း မီးပင်လယ်ကို ထိုးထွက်နိုင်ဖို့ ရုန်းကန်ရသည်။ သို့ပေမယ့် ​ရေဖြန်းပြီး မီးကထွက်လာတဲ့ အပူချိန်မြင့်​ရေနွေး​ငွေ့ထုက သူတို့ကိုပိုကာဆိုးဝါး​စေ၏။ ရုန်းကန်ရင်း အခြားအိမ်ရှင်ကိုရှာ​ပေမယ့် အပြင်းအထန်၀င်ဖို့ကြိုးစားပြီး ​တွေ့လိုက်ရတာက ဗလာဟင်းလင်းသာ။

" ​ခေါင်း​ဆောင်ရန် မီးဗဟိုချက်က ​ရှေ့နားတင်ဖြစ်မယ်.....အရမ်းပူတာပဲ လူ​တွေဖြတ်ဖို့ဆိုတာ တကယ်ကိုခက်တယ် "

တင်းချင် သာမိုမီတာကိုထုတ်ပြီး သူ့လက်ကို ခပ်​ဝေး​ဝေးဆန့်ထုတ်လိုက်သည်။

" အပူချိန် ၁၀၀၀ ​ကျော်​လောက်တယ် တံခါး​တွေအားလုံး အရည်​ပျော်​ကျသွားပြီ "

နားထဲမှာ ဖန်ကွဲတဲ့အသံကြားလိုက်ရလျက် သူ့​ခေါင်း​ပေါ်ကမျက်နှာကျက် ​ပြိုပျက်ကျလာ​တော့ ရန်ရိ ​အော်လိုက်သည်။

" ဆုတ်! "

လူအားလုံး​အတူနောက်ပြန်​ပြေးကြပြီး​နောက် မီးစွဲ​လောင်​​နေသော မျက်နှာကျက်က တင်းချင်​ပေါ်ပြိုကျသွားသည်။

သူတို့ တင်းချင်​ပေါ်ကို ​ရေအမြန်ဖြန်းလိုက်ပြီး အခြားတစ်​ယောက်က သူ့ကို အပျက်အစီးပုံ​အောက်က​နေ ထုတ်​ပေးသည်။

တင်းချင်က လက်​ဝေ့ယမ်းရင်း

" ရပါတယ် ကျွန်​တော်အဆင်​ပြေတယ် "

၀မ်းမုန်အသံထွက်လာသည်။

" ရန်ရိ ငါဒီမှာအကူအညီလိုတယ် ၂၂လွှာကိုလက်​လျှော့လိုက်​တော့ "

ရန်ရိ ကမ္ဘာ​ပေါ်ကငရဲလို မီး​လောင်​နေတဲ့ကြမ်းပြင်ကို ကြည့်ရင်း တကယ်ကို​ရှေ့ဆက်တိုးဖို့ခက်သည်ကိုနားလည်ကာ​ပြောလိုက်သည်။

" တင်းချင် မင်းတိုက်ပွဲ၀တ်စုံက မီး​လောင်သွားပြီ ​အောက်ပြန်ဆင်း​တော့ "

တင်းချင်ထရပ်ပြီး ကြည့်ကာ

" အ​ပေါက်​သေး​သေး​လေးပါပဲ "

" ​အောက်ပြန်ဆင်း​ "

" ​ခေါင်း​ဆောင် ! "

တင်းချင်ရှင်းပြလာသည်။

" ၀တ်စုံကမီးမ​လောင်ပါဘူး အ​ပေါ်ယံ​လောက်ပါ ကျွန်​တော်တကယ်အဆင်​ပြေပါတယ်! "

ရန်ရိ တင်းချင်ရဲ့ စိတ်ပိုင်းဖြတ်ပြီးကာ ​တောက်ပပြီး ပို၍ရဲရင့်လာတဲ့မျက်၀န်း​တွေကိုကြည့်လိုက်ပြီး ​လေးနက်သည့်အသံဖြင့်​ပြောလိုက်သည်။

" သွားရ​အောင် ခေါင်း​ဆောင်၀မ်းကိုကူညီဖို့ ငါနဲ့လိုက်ခဲ့ "

××××××××××××

「 Zawgyi 」 

သူတို႔ ၇ လႊာ ၈လႊာ ေလာက္ကို တက္ၿပီး​ေတာ့ အားလုံး​ေမာဟိုက္လာၿပီး ရန္ရိ လည္း ​သူ႔ေခြၽးစက္တို႔ ရင္ဘတ္ထံစီးက်၍ အနည္းငယ္ ယားက်ိက်ိျဖစ္လာသည္။

ထိုအခ်ိန္ ​ေရဒီယိုမွ႐ႊီက်င့္အသံထြက္​ေပၚလာၿပီး

" ရန္ရိ မင္းဘယ္အထပ္​မွာလဲ? "

" ၁၀ လႊာပါ "

" ငါအခုပဲ ၁၃လႊာ ဓါတ္​ေလွကားမွာ တစ္​ေယာက္​ေယာက္ ပိတ္မိ​ေနတယ္လို႔သတင္းရတယ္ "

" အို​ေက ကြၽန္​ေတာ္ ႏွစ္​ေယာက္လႊတ္လိုက္မယ္ "

ရန္ရိ ၀မ္းမုန္အဖြဲ႕က​ ေခါင္း​ေဆာင္တစ္​ေယာက္ကို တပ္သားႏွစ္​ေယာက္​ေခၚကာ ဓါတ္​ေလွကားကိုစစ္ဖို႔​ေျပာလိုက္ၿပီး က်န္တဲ့သူ​ေတြက​ေတာ့ ဆက္သြားၾကသည္။

ဒီအ​ေဆာက္အအုံရဲ႕ အ​ေရွ႕နဲ႔ အ​ေနာက္ဘက္မွာ ​ေလွကား​၂ ခုရွိၿပီး မီးေလာင္တဲ့​ေနရာက အ​ေနာက္ဘက္နဲ႔နီးတာ​ေၾကာင့္ သူတို႔အ​ေရွ႕ဘက္​ေလွကားက​ေန အ​ေပၚတက္ၾကသည္။

၂၁ လႊာကိုခက္ခက္ခဲခဲ တက္ၿပီးသည့္​ေနာက္ အားလုံး​ေဟာဟဲလိုက္ေနၾကၿပီး ​ေျခ​ေထာက္​ေတြလည္း အား​ေပ်ာ့​ေနသည္။

၂၁ လႊာက မီးခိုးမ်ားျဖင့္ျပည့္ေန​ေသာ္လည္း မီး​ေတာက္​ေတြ​ေတာ့ မ်ားမ်ားစားစားမရွိ။ အမ်ားစုက မ်က္ႏွာက်က္၌သာ ရွိ​ေနသည္။

ရန္ရိ ​ေမာဟိုက္စြာ ​ေဆာင့္​ေၾကာင့္ထိုင္ရင္း နံရံကို စူးစမ္း​ေနၿပီး

" ၂၀ စကၠန္႔နားမယ္ "

ရန္ရိ သူ႔စိတ္ထဲက​ေန ၂၀ထိ​ေရတြက္ၿပီး​ေနာက္ အမိန္႔​ေပးလိုက္သည္။

" ၀မ္းမုန္ သူတို႔ကို ​ေရျဖန္းမီးသတ္ဖို႔အတြက္ ​ေခၚသြားၿပီး လ်ိဳ​ေဟြးက ငါနဲ႔သြားစစ္ဖို႔လိုက္ခဲ့ "

" ဟုတ္ကဲ့ "

Mask မ်ားတပ္ဆင္ရင္း ရန္ရိနဲ႔ လ်ိဳ​ေဟြး ၂၂လႊာ​ေလွကားဆီတက္သြားၾကသည္။

၂၂လႊာ​ေကာ္ရစ္တာ၌ မီးခိုးမ်ား လႈိင္းခတ္​ေနကာ မီးမ်ားက ႐ုန္းရင္းဆန္ခတ္ျဖစ္​ေန၏။

ရန္ရိ ​ေလွကားထြက္​ေပါက္ တံခါးကို သတိႀကီးႀကီးနဲ႔ဖြင့္လိုက္​ေတာ့ ဆန္တက္လာတဲ့ အပူလႈိင္းတို႔က သူ႔ကို႐ိုက္ခတ္​ေလရာ ​ေခြၽး​ေပါက္မ်ားပင္ ပြင့္ထြက္သြား​ေစသည္။

​ေလွကားတစ္ခုတည္းကိုပဲၾကည့္၊ သူတို႔ အ​ေရွ႕ဘက္က​ေန​ေတာင္ ၀င္ဖို႔အနည္းငယ္သာတတ္ႏိုင္သည္။

အ​ေနာက္ဘက္ျခမ္း, မီးဗဟိုခ်က္က​ေတာ့ အနီအနက္အ​ေရာင္မ်ားျဖင့္ ​ေရာ​ေထြး​ေနကာ အထဲမွာဘာ​ေတြျဖစ္​ေနမွန္း ဘယ္သူမွမသိႏိုင္ပါ​ေခ်။

ရန္ရိ လ်ိဳ​ေဟြးကို ၂၂လႊာ​မွာေနဖို႔​ေျပာလိုက္ၿပီး သူကိုယ္တိုင္က​ေတာ့ ၂၃လႊာကိုတက္သြားသည္။ ၂၃လႊာက မီးဗဟိုခ်က္မဟုတ္​ေပမယ့္လည္း ၂၂လႊာထက္​ေတာ့ အ​ေျခ​ေနပို​ေကာင္းပုံမ​ေပၚေပ။

သူ​ေလွ်ာက္၀င္သြားလိုက္သည္ႏွင့္အညီ ​ေမးလိုက္၏။

" ၀မ္းမုန္ မင္းခ်ိတ္ဆက္မိလား? "

၀မ္းမုန္အသံက ဆူညံသံမ်ားႏွင့္​ေရာ​ေႏွာလ်က္ ထြက္​ေပၚလာသည္။

" ခ်ိတ္ဆက္မိတယ္ "

" ငါတို႔ ႏွစ္ဖြဲ႕ခြဲၿပီးလႈပ္ရွားမယ္ မင္းက ၂၃လႊာကို ရွာ​ေဖြမယ့္ အဖြဲ႕ကိုဦး​ေဆာင္၊ ငါက ၂၂လႊာကိုရွာလိုက္မယ္ အားလုံးပဲ အသက္ရႉကိရိယာရဲ႕ သတိ​ေပးခ်က္အတြက္ အနိမ့္ဆုံးအမွတ္ကို ၁၅မိနစ္လို႔ထားၿပီး သတိ​ေပးသံျမည္တာနဲ႔ ခ်က္ခ်င္း မီးထဲကထြက္ရမယ္ နားလည္ၾကလား? "

" ဟုတ္ကဲ့ "

ရန္ရိ ​မီးသတ္ဘုံပိုင္​ေခါင္းအဆို႔ကို ဖြင့္ဖို႔ပိတ္ဖို႔အတြက္ လူႏွစ္​ေယာက္ခ်န္ထားခဲ့ၿပီး မီးသတ္ပိုက္ကိုကိုင္ကာ သူကအရင္ မီးထဲသို႔တိုး၀င္သြားလိုက္သည္။

မီးအပူခ်ိန္က ​ေၾကာက္မက္ဖြယ္အတိ။

တိုက္ခိုက္​ေရး၀တ္စုံ၀တ္ထားလ်က္ကပင္ ရန္ရိ သူ႔အသား​ေတြ မီးမႈိက္​ခံေနရသကဲ့သို႔ ခံစား​ေနရၿပီး ​ေခြၽး​ေပါက္(ၾကက္သီး​ေပါက္) မ်ားကလည္း မခံမရပ္ႏိုင္ တဖ်ဥ္းဖ်ဥ္းထ​ေနသည္။ ​ေရွ႕ဆက္ဖို႔​ေတာင္ သတိအ​ေတာ္သုံးရၿပီး သူအံကိုႀကိတ္ကာ ​ေျပာလိုက္သည္။

" ​ေရလႊတ္ "

မီးသတ္​ေရပိုက္ထဲကို ​ေရစီး၀င္လာ​ေတာ့ ​ေရဖိအားက ရန္ရိကို ကြၽမ္းျပန္လန္သြား​ေစ​ေတာ့မလို႔ ကံ​ေကာင္းတာက ​ေစြ႕ရိရွန္းက ပိုက္​ေခါင္းကို ကိုင္ထား​ေသာ​ေၾကာင့္သာ။

သူတို႔ ​ေကာ္ရစ္တာက မီးကို​ေရျဖင့္ျဖန္းပက္လိုက္ၿပီး မီးအနည္းငယ္ၿငိမ္းသြား၍ အပူခ်ိန္​ေလ်ာ့သြားသည္။

ထို႔​ေနာက္ သူတို႔အိမ္ခန္းတစ္ခန္းမွစကာ တစ္ခန္း၀င္တစ္ခန္းထြက္ ရွာ​ေဖြကယ္ဆယ္ၾက​ေတာ့၏။

အ​ေရွ႕ဘက္ျခမ္း၌ ဖြင့္မရႏိုင္​ေအာင္ အျပင္ဘက္လုံၿခဳံ​ေရးတံခါးမ်ား တပ္ဆင္ထားသည့္ အိမ္ခန္း ၆ ခန္းရွိၿပီး

သူတို႔ အိမ္ခန္းတံခါး​ေတြကို ခပ္ျပင္းျပင္းထု႐ိုက္ရင္း ​ေအာ္ၾကရသည္။

" တစ္​ေယာက္​ေယာက္ရွိလား? မီးသတ္တပ္ဖြဲ႕ပါ! "

" ၾကမ္း​ေပၚလဲ​ေနတဲ့သူ​ေတြရွိတယ္ ! "

တင္းခ်င္ရဲ႕ ​အပူခ်ိန္ေရာင္ျခည္ဖမ္းကင္မရာက ၾကမ္းျပင္​ေပၚမွာလဲ​ေနတဲ့ အရိပ္​ေတြကိုျပလာသည္။

သူတို႔ ​ေျပးသြားလိုက္​ေတာ့ ​ေလွ်ာက္လမ္းၾကမ္းျပင္မွာ လဲက်​ေနသူ ၂ဦးကို​ေတြရၿပီး သူတို႔ ​ေျခ၊လက္မ်ားက မီး​ေလာင္ထားကာ ​ေသြးခုန္ႏႈန္း​ေတာ့ရွိ​ေန​ေသးသည္။

ထိုအခ်ိန္ အခန္းအတြင္းမွ အကူအညီ​ေတာင္းသည့္ငိုညည္းသံ​ေဖ်ာ့​ေဖ်ာ့ ၾကားလိုက္ရ​ၿပီး သူတို႔တံခါးကို ​ေဖာက္ထြင္းကိရိယာမ်ားျဖင့္ ဖြင့္လိုက္ၾကသည္။

လ်ိဳ​ေဟြး တပ္သား​ေတြနဲ႔​ေျပး၀င္သြားေတာ့ ​ေရခ်ိဳးခန္းထဲမွာ သားအဖႏွစ္​ေယာက္ကို​ရွာေတြ႕ၿပီး အ​ေဖျဖစ္သူက​ေတာ့ သတိရွိ​ေန​ေသးသည္။

သူတို႔ လူ​ေတြကို ကယ္ဆယ္ၿပီး ​ေအာက္သို႔သယ္သြားၾကသည္။

က်န္ရွိ​ေသာ အိမ္ခန္းမ်ားက​ေတာ့ တိတ္ဆိတ္​ေနဆဲျဖစ္ကာ သူတို႔ တစ္ခန္း၀င္တစ္ခန္းထြက္ပဲ စစ္​ေဆးႏိုင္သည္။ အခန္း ၂ ခန္းက​ေတာ့ လူမရွိ​ေပမယ့္ ​ေနာက္ ၂ ခန္းက​လူ​ေတြကေတာ့ ​ေသဆုံးၿပီးျဖစ္သည္။

အ​ေနာက္ဘက္အက်ဆုံးအခန္းက မီးႏွင့္နီးစပ္​ေသာ​ေၾကာင့္ မီးအပူဟပ္ခံရသည့္အျပင္ အပူခ်ိန္အလြန္ျမင့္သျဖင့္ လုံၿခဳံ​ေရးတံခါးက ျပင္းျပင္းထန္ထန္ကို ပုံပ်က္​ေနလ်က္ လူႏွစ္​ေယာက္မွာအခ်ိန္အ​ေတာ္ၾကာသည္အထိ မဖြင့္ႏိုင္ျဖစ္​ေနသည္။

ရန္ရိ ျပတ္ျပတ္သားသား​ေျပာလိုက္သည္။

" ျဖတ္ခ်လိုက္ "

သူတို႔ လႊကို​ေျပာင္းကိုင္လိုက္ၿပီး တံခါးမွာ လူႀကီး​ေတြျဖတ္ႏိုင္႐ုံ​ေလာက္ အ​ေပါက္တစ္​ေပါက္​ေဖာက္လိုက္သည္။

ျဖတ္ၿပီးသြား​ေတာ့ ရန္ရိ​ေျခ​ေထာက္ဆန္႔လိုက္ၿပီး အထဲကသစ္သားတံခါးကို ကန္ထုတ္လိုက္သည္။အခန္းအတြင္း၌ မီးပင္လယ္ကဲ့သို႔​ေလာင္ၿမိဳက္​ေနလ်က္ ဘာမွမျမင္မေတြ႕ႏိုင္​လုနီးပါး။

သူတို႔မီးသတ္ပိုက္ကိုအထဲသြင္းလိုက္ၿပီး အခန္းထဲကို ပက္ျဖန္းလိုက္သည္။ မီးထိန္းၿပီး​ေနာက္ ရန္ရိ အ​ေပါက္က​ေနလွ်ိဳ၀င္သြားလိုက္ကာ ​ေအာ္​ေမးလိုက္၏။

" မီးသတ္တပ္ဖြဲ႕ပါ! တစ္​ေယာက္​ေယာက္ရွိလား! တစ္​ေယာက္​ေယာက္ ! "

" ​​ေခါင္း​ေဆာင္ရန္ ျမန္ျမန္လုပ္! ဒီကမီး​ေတြကိုၿငိမ္းသတ္လို႔မရဘူး! "

ရန္ရိ အိပ္ခန္း ၃ခန္းလုံး​ေရာ ​ေလွ်ာက္လမ္း​ေတြပါ စစ္​ေဆးသည္။ သူ​ေနာက္ဆုံး ​အိပ္ခန္းကို​ေတြ႕​ေတာ့ ငုံ႔ၿပီး ကုတင္​ေအာက္ကိုၾကည့္လိုက္​​ရာ ကေလးႏွစ္​ေယာက္ကို​ေတြ႕လိုက္သည္။

အိမ္မီး​ေလာင္ၿပီဆို အခ်ိဳ႕​ေနရာ​ေတြမွာ လြတ္​ေျမာက္မႈနဲ႔ ပုန္းခိုမႈအတြက္ ​ျပတင္း​ေပါက္​ေတြ၊ တံခါးေတြ၊ ​ေရခ်ိဳးခန္း​ေတြ၊ ကုတင္​ေအာက္​ေတြ စသျဖင့္ ​ေျခရာလက္ရာႀကီးႀကီးမားမားရွိသည္။ သူတို႔ရွာ​ေဖြ​ေရးမွာ သတိထားရမည္က အထူးသျဖင့္ က​ေလးသူငယ္​ေတြဟာ ကုတင္​ေအာက္မွာ ပုန္းခိုတတ္ၾကသည္ဆိုတာပင္။

ရန္ရိ သတိလစ္​ေန​ေသာ က​ေလး ၂​ေယာက္ကို အျပင္ထုတ္ၿပီး သူ႔လက္​ေမာင္းၾကားကြယ္ကာ ဧည့္ခန္းဆီအ​ေျပးႏွင္ရသည္။

" ကာထား! ကာထား! "

လ်ိဳ​ေဟြး​ေအာ္ၿပီး သူနဲ႔သူ႔တပ္သားတစ္​ေယာက္က မီးသတ္ပိုက္​ေခါင္းကိုကိုင္ရင္း ရန္ရိအနားတစ္၀ိုက္ကိုျဖန္း​ေပးသည္။

ရန္ရိ တံခါးဆီ​ေျပးသြားၿပီး က​ေလး ၂​ေယာက္ကို တစ္​ေယာက္ခ်င္းစီ အ​ေပါက္က​ေနထုတ္​ေပးကာ ​ေနာက္ဆုံး​မွသူ လွ်ိဳထြက္သည္။

တပ္သားမ်ားက ဒဏ္ရာရသူ​ေတြကို တစ္​ေယာက္ခ်င္းစီ ေအာက္ပို႔​ေပး၏။

ရန္ရိ အျပင္းအထန္​ေမာဟိုက္​ေနရင္း

" အေနာက္ဘက္ကိုသြားရ​ေအာင္ ငါတို႔သြားႏိုင္သ​ေလာက္​ေပါ့ "

သူတို႔ မီးသတ္ပိုက္ကိုကိုင္ရင္း မီးပင္လယ္ကို ထိုးထြက္ႏိုင္ဖို႔ ႐ုန္းကန္ရသည္။ သို႔ေပမယ့္ ​ေရျဖန္းၿပီး မီးကထြက္လာတဲ့ အပူခ်ိန္ျမင့္​ေရေႏြး​ေငြ႕ထုက သူတို႔ကိုပိုကာဆိုးဝါး​ေစ၏။ ႐ုန္းကန္ရင္း အျခားအိမ္ရွင္ကိုရွာ​ေပမယ့္ အျပင္းအထန္၀င္ဖို႔ႀကိဳးစားၿပီး ​ေတြ႕လိုက္ရတာက ဗလာဟင္းလင္းသာ။

" ​ေခါင္း​ေဆာင္ရန္ မီးဗဟိုခ်က္က ​ေရွ႕နားတင္ျဖစ္မယ္.....အရမ္းပူတာပဲ လူ​ေတြျဖတ္ဖို႔ဆိုတာ တကယ္ကိုခက္တယ္ "

တင္းခ်င္ သာမိုမီတာကိုထုတ္ၿပီး သူ႔လက္ကို ခပ္​ေဝး​ေဝးဆန္႔ထုတ္လိုက္သည္။

" အပူခ်ိန္ ၁၀၀၀ ​ေက်ာ္​ေလာက္တယ္ တံခါး​ေတြအားလုံး အရည္​ေပ်ာ္​က်သြားၿပီ "

နားထဲမွာ ဖန္ကြဲတဲ့အသံၾကားလိုက္ရလ်က္ သူ႔​ေခါင္း​ေပၚကမ်က္ႏွာက်က္ ​ၿပိဳပ်က္က်လာ​ေတာ့ ရန္ရိ ​ေအာ္လိုက္သည္။

" ဆုတ္! "

လူအားလုံး​အတူေနာက္ျပန္​ေျပးၾကၿပီး​ေနာက္ မီးစြဲ​ေလာင္​​ေနေသာ မ်က္ႏွာက်က္က တင္းခ်င္​ေပၚၿပိဳက်သြားသည္။

သူတို႔ တင္းခ်င္​ေပၚကို ​ေရအျမန္ျဖန္းလိုက္ၿပီး အျခားတစ္​ေယာက္က သူ႔ကို အပ်က္အစီးပုံ​ေအာက္က​ေန ထုတ္​ေပးသည္။

တင္းခ်င္က လက္​ေဝ့ယမ္းရင္း

" ရပါတယ္ ကြၽန္​ေတာ္အဆင္​ေျပတယ္ "

၀မ္းမုန္အသံထြက္လာသည္။

" ရန္ရိ ငါဒီမွာအကူအညီလိုတယ္ ၂၂လႊာကိုလက္​ေလွ်ာ့လိုက္​ေတာ့ "

ရန္ရိ ကမာၻ​ေပၚကငရဲလို မီး​ေလာင္​ေနတဲ့ၾကမ္းျပင္ကို ၾကည့္ရင္း တကယ္ကို​ေရွ႕ဆက္တိုးဖို႔ခက္သည္ကိုနားလည္ကာ​ေျပာလိုက္သည္။

" တင္းခ်င္ မင္းတိုက္ပြဲ၀တ္စုံက မီး​ေလာင္သြားၿပီ ​ေအာက္ျပန္ဆင္း​ေတာ့ "

တင္းခ်င္ထရပ္ၿပီး ၾကည့္ကာ

" အ​ေပါက္​ေသး​ေသး​ေလးပါပဲ "

" ​ေအာက္ျပန္ဆင္း​ "

" ​ေခါင္း​ေဆာင္ ! "

တင္းခ်င္ရွင္းျပလာသည္။

" ၀တ္စုံကမီးမ​ေလာင္ပါဘူး အ​ေပၚယံ​ေလာက္ပါ ကြၽန္​ေတာ္တကယ္အဆင္​ေျပပါတယ္! "

ရန္ရိ တင္းခ်င္ရဲ႕ စိတ္ပိုင္းျဖတ္ၿပီးကာ ​ေတာက္ပၿပီး ပို၍ရဲရင့္လာတဲ့မ်က္၀န္း​ေတြကိုၾကည့္လိုက္ၿပီး ​ေလးနက္သည့္အသံျဖင့္​ေျပာလိုက္သည္။

" သြားရ​ေအာင္ ေခါင္း​ေဆာင္၀မ္းကိုကူညီဖို႔ ငါနဲ႔လိုက္ခဲ့ "