webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 22

[ Unicode ]

သုံးရက်​မြောက်​နေ့တွင် ရန်ရိနဲ့အခြားသူများ ​ဆေးရုံဆင်းကြပြီး စွန်းတင့်ရိ တစ်​ယောက်သာ အဆိပ်သင့်ဓါတ်​ငွေ့အများအပြား ရှူရှိုက်မိသဖြင့် ကုသ​ရေးအတွက်​ ဆေးရုံ၌မှာနေခဲ့ရသည်။

​ဆေးရုံဆင်းပြီး​နောက် ရန်ရိ ပြန်လည်သုံးသပ်သည့် အစည်းအ​ဝေးကျင်းပကာ ဘာ​လို့သူတို့တပ်သား​တွေ မ​တော်တဆမှု​ကြောင့် ထိခိုက်ရသလဲ၊ ကယ်ဆယ်​ရေးလုပ်ငန်းစဥ်မှာ ဘာ​တွေထပ်တိုးမြှင့်ဖို့လိုမလဲ ​ဆွေး​နွေးသုံးသပ်ကြသည်။

အစည်းအ​ဝေးပြီးသွား​တော့ ရန်ရိ လီဆာကို ​တားကာ ​မေးလိုက်သည်။

" မင်း ကျန်းမာ​ရေး​ကောင်းလာပြီလား? "

" ​ခေါင်း​ဆောင်ရန် မစိုးရိမ်ပါနဲ့ အားလုံးအဆင်​ပြေတယ် "

" ဒါက မင်း ကယ်ဆယ်​ရေးမှာ တပ်သားတစ်​ယောက်အ​နေနဲ့ပါ၀င်တာ ပထမဆုံးအကြိမ်ကို အန္တရာယ်နဲ့ကြုံရတယ် မင်းလုပ်​ဆောင်ချက်​ကောင်းပါတယ် "

" ​ကျေးဇူးတင်ပါတယ် ​ခေါင်း​ဆောင် "

" ဒါ​ပေမယ့် ဒီတစ်ခါအ​ခြေအ​နေကအ​တော်ထူးခြားတယ် မင်းလူတိုင်းနဲ့​ကောင်း​ကောင်း​ပေါင်းနိုင် သင်းနိုင်တာ​တော့​တွေ့ပါတယ် ဒါမယ့် အလုပ်မှာ​တော့ လူအများစုက မင်း gender ကို​တွေးမိ​နေကြတုန်းပဲ အဲ့တာက တစ်ခဏ​လေးနဲ့​ဖြေရှင်းလို့ရတဲ့ ပြဿနာလည်းမဟုတ်တော့ အခု​လော​လောဆယ် မင်းစိတ်​ရှင်းနိုင်မယ်လို့ ​မျှော်လင့်ရတာပဲ "

လီဆာနှုတ်ခမ်းကို တင်းတင်း​စေ့လိုက်ရင်း

" နားလည်ပါပြီ "

" အခွင့်အ​ရေးကြည့်ပြီး မင်းကိုမီးသတ်တဲ့အထဲပါခွင့်ပြု​ပေးမယ် ဒီနှစ် မင်းအခြားသူ​တွေရဲ့ ယုံကြည်မှုကိုရမယ်ဆို မင်းကအရည်အချင်းပြည့်၀တဲ့ တပ်သားတစ်​ယောက်၊ ဂရုစိုက်ခံ​နေရမယ့် မိန်းမတစ်​ယောက်မဟုတ်​ကြောင်း သက်​သေပြပစ်လိုက် ​နောက်နှစ် ငါမင်းကို အထူးတပ်ဖွဲ့ထဲထည့်​ပေးမယ် ကြိုးစားထား "

လီဆာ ​ခေါင်းတဆတ်ဆတ်ငြိမ့်ကာ

" ဟုတ်ကဲ့ ! "

အစည်းအ​ဝေးပြီးတော့ ရန်ရိ အစီရင်ခံစာ​ရေးဖို့ ရုံးခန်းဆီပြန်ရသည်။

တပ်သားအ​တော်များများ ထိခိုက်သွားကြ​တော့ အစီရင်ခံစာကို အ​သေးစိတ်ရေးဖို့လိုလာပြီ။

ဒီလိုအချိန် အစီရင်ခံစာ​ရေးရတာလည်း သူ့အတွက် ​တော့​ နောက်ထပ်ခေါင်းခဲစရာတစ်ခုပင်။

နှစ်နာရီ​လောက်ထိုင်​ရေး​နေပြီးသည့်​နောက် သတိ​ပေးချက်မြည်လာပြီး ရန်ရိ ​အောက်ထပ်ကို​ပြေးဆင်းသွားလိုက်သည်။

တစ်​ယောက်​ယောက်က ​မြွေဖမ်း​ပေးဖို့အ​ကြောင်းကြားတာလို့ အ​ရေး​ပေါ်တပ်သားက အစီရင်ခံလာသည်။

လူတိုင်း ရန်ရိ မသွား​လောက်ဘူးလို့ ထင်ကြ​၏။

​ယေဘုယျအားဖြင့် တပ်ဖွဲ့​ခေါင်း​ဆောင်တစ်​ယောက်က အဆင့်နိမ့်မ​တော်တဆမှုများနှင့် အဆင့်နိမ့် အလုပ်​တွေကို မသွားရ​ပေ။

သို့ပေသိ ရန်ရိမှာ အစီရင်ခံစာ​ကြောင့် ရင်​အောင့်​နေရ​တော့ လိုက်သွား​ရင်း ​လေညှင်း​လေးဘာ​လေးခံရမယ်လို့ စိတ်ကူးပြီး ပါသွားသည်။

သူတို့အခင်း​နေရာကို​ရောက်​တော့ တပ်သားနှစ်​ယောက်က ကာကွယ်​ရေး၀တ်စုံ၀တ်ကာ ​မြွေဖမ်းညှပ်ဖြင့် ​မြွေကိုအမြန်ပဲဖမ်းမိသွားကြသည်။

မကြာခင်ကမှ မိုး​အချိန်မှန်ရွာ​နေသဖြင့် ​မြွေ​တွေကလည်း မကြာခဏ ထကြွ​နေကြလျက်။

အနီ​ပြောက်မြွေ​တွေက အဆိပ်မရှိ​သော်ငြား ​ကြောက်စရာ​ကောင်းသည်။

သူတို့​မြွေကို ခိုင်ခံ့​သောအိတ်ထဲ၌ထည့်ကာ သစ်​တောဌာနကို​ပို့ရန်ပြင်ရ၏။

အပြန်တွင် ကားက ဟုန်းဝူဌာနခွဲကိုဖြတ်ဖို့လမ်းကြုံပြီး ရန်ရိ တွန့်ဆုတ်ကာ ​ပြောလိုက်သည်။

" ငါ့ကို​ရှေ့နားမှာပဲချ​ပေး ဟုန်းဝူဌာနကိုခဏသွားပြီး ကိုယ့်ဘာသာပြန်လာခဲ့မယ် "

ကားထဲကထွက်ပြီး ရန်ရိ စိတ်ခပ်​လေး​လေးဖြစ်မိသည်။ သူ ကုံးရင့်ရှန်ဒီမှာ ရှိ မရှိကြိုဖုန်း​ဆက်​မေးပြီးမှ သွားသင့်တယ် မဟုတ်ရင် အလကားသက်သက်​ လာရုံပဲဖြစ်သွားမှာကို။

ဘာပဲဖြစ်ဖြစ် ရန်ရိ အရင်၀င်သွားဖို့ဆုံးဖြတ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် ကုံးရင့်ရှန် ရုံးမှာရှိ​နေ​သော်လည်း အစည်းအ​ဝေးလုပ်​နေဆဲဖြစ်ရာ ရန်ရိ ဧည့်ဌာနမှာထိုင်​စောင့်​နေလိုက်သည်။

​သိပ်ကြာကြာမ​စောင့်လိုက်ရဘဲ အစည်းအ​ဝေးခန်းတံခါး ပွင့်လာခဲ့ပြီး ရဲသားအချို့ ဖိုင်များကိုင်လျက် ထွက်လာကြသည်။

ကုံးရင့်ရှန်ထွက်လာချိန် သူလှမ်း​ခေါ်မလို့ လုပ်တုန်းရှိ​သေး ကုံးရင့်ရှန်က ​ဘေးလှည့်ကာ သူ့(ကုံးရင့်ရှန်) ​နောက်မှာရှိတဲ့သူကို ပြုံးပြလိုက်၏။

ရန်ရိ ​တောင့်တင်းသွားသည်။

ကုံးရင့်ရှန် ဒီလိုပြုံးတာကို သူတစ်ခါ​လေး​တောင် မ​တွေ့ခဲ့ဖူး​ပေ။

ထိုအပြုံးပွင့်လန်းလာချိန်မှာ သူ့(ကုံးရင့်ရှန်) ပတ်ပတ်လည်က ​အေးစက်မှုအလွှာအားလုံး ကွဲ​ကြေသွားလျက်။

ထိုအပြုံးသည်ကား နူးညံ့ငြင်သာ​သော အပြုံးပင်ဖြစ်​လေသည်။

ကုံးရင့်ရှန်ထွက်လာသည်နှင့်အညီ ဆံပင်အရှည်​ကောက်​ကောက်၊ အရပ်ရှည်ကာ ကျက်သ​ရေရှိလျက်​တောက်ပစွာ စွဲ​ဆောင်မှုရှိလှ​သော အမျိုးသမီးသည်လည်း ထွက်​လာ၏။

သူ(မ) က ​ချော​မောလှပရုံတင်မဟုတ် ထက်မြက်ရင့်ကျက်ကာ ​​ကြော့ရှင်းပြီး smart ကျ၍ စွမ်း​ဆောင်ရည်လည်း ရှိသေးသည်။

ကုံးရင့်ရှန် သူမနဲ့အတူ ယှဥ်ရပ်​နေ​တော့ Frozen ရုပ်ရှင်ပိုစတာအလား။

နှစ်​ယောက် ​ကော်ရစ်တာမှရပ်ရင်း တစ်ခုခု​ပြော​နေကြသည်။ ကုံးရင့်ရှန်က​တော့ ​ခေါင်းညိတ်ပြီး အချိန်တိုင်း ပြုံးကာ ပြုံးကာ၊ အလွန်ညင်သာ​သော အမူအရာဖြင့်။

ရန်ရိ မျက်​တောင်ခတ်ကာ ဆက်စိုက်ကြည့်​နေရင်း အချိန်အ​တော်ကြာ သတိပြန်မ၀င်နိုင်​ပေ။

ကုံးရင့်ရှန်မှာ ဒီလိုဘက်ခြမ်းမျိုးရှိ​နေပြီး ဒီလိုမျက်၀န်းတွေနဲ့ ဒီလိုအပြုံးမျိုးရှိ​နေသည်။

ဒါ​ပေမယ့် သူက​တော့ ဘယ်​သောအခါမှ မ​တွေ့ခဲ့ဖူးပါ​ပေ။

ရုတ်တရက် ကုံးရင့်ရှန် မျက်ဖျားစွန်းက​နေ ကို့ရိုးကားယားရပ်​နေရင်း ဘာမှမဖြစ်သလို ​ခေါင်းညိတ်ကာ ​လျှောက်လှမ်းလာသည့် ရန်ရိကို​တွေ့လိုက်ရသည်။

" ​ခေါင်း​ဆောင်ရန် ဘာလို့ဒီ​ရောက်​နေတာလဲ? "

ကုံးရင့်ရှန် သူ့ကိုမျက်နှာချင်းဆိုင်လိုက်ချိန်မှာ​တော့ ပုံမှန်အတိုင်းဖြစ်​နေသည်။

ရန်ရိ အနည်းငယ် စိတ်မသက်မသာခံစားရပြီး

" အို့ မင်းအမှုအ​ခြေအ​နေတိုးတက်လား​မေးမလို့။ ဒါက...."

" ​ခေါင်း​ဆောင်စုန့်က ပင်စင်ယူသွားပြီ ဒါက တတိယစခန်းရဲ့​ စခန်းခေါင်း​ဆောင်, ချိုးယန်

ယန်ကျဲ ဒါကဖီးနစ်စခန်းရဲ​ခေါင်းဆောင်, ရန်ရိ "

" ​တွေ့ရတာ၀မ်းသာပါတယ် ​ခေါင်း​ဆောင် "

ချိုးယန် လက်ဆန့်ထုတ်​ပေးပြီး

" လက်တွဲကြတာ​ပေါ့ "

" ၀မ်းသာပါတယ် "

နှစ်​ယောက် လက်ဆွဲနှုတ်ဆက်ကြပြီး ရန်ရိ ပြုံးလိုက်သည်။

" ​ခေါင်း​ဆောင်အသစ်က ငယ်ရွယ်ပြီး ​ချော​မောလိမ့်မယ်လို့ တကယ်မထင်ထားဘူး "

" ​ကျေးဇူးပါ "

ချိုးယန်ပြုံးလိုက်ကာ

" ရှင်ကျွန်မတို့ကို အ​တော်ကူညီ​ပေးတယ်လို့ကြားတယ် ​ရှောင်ကုံးအမှုကို စုံစမ်းဖို့လည်း ကူညီခဲ့​သေးတယ် ​ခေါင်း​ဆောင်စုန့်က​တော့ ရှင့်ကိုချီးမွမ်း​နေတာပါပဲ "

" ဘာမှမဟုတ်ပါဘူး ကူညီသင့်လို့ပါ "

" ​တောင်းပန်ပါတယ် ​ခေါင်း​ဆောင် ကျွန်မ​နောက် အစည်းအ​ဝေးတစ်ခုတက်စရာရှိလို့ "

ချွီယန် သူ့နာရီကို ကြည့်လိုက်ရင်း

" ရှင် ​ရှောင်ကုံးကိုလာ​တွေ့တာမလား? အလုပ်များလိုက်ကြပါဦး ​နောက်မှစကား​ပြောတာ​ပေါ့ "

" အို​ကေ ​နောက်မှ​တွေ့မယ် "

ချိုးယန်ထွက်သွား​တော့ ရန်ရိ မျက်ခုံးပင့်ကာ ​နောက်လိုက်သည်။

" ဒီလိုအလှပ​ဂေး ​ခေါင်း​ဆောင်နဲ့​တော့ မင်းကံ​ကောင်းတာပဲ "

ကုံးရင့်ရှန် ပြောလာသည်။

" ဘာကံ​ကောင်းစရာရှိလဲ က​လေးဘ၀ကတည်းက သိလာကြတာကို "

" တကယ်? "

ရန်ရိ ပြုံးကာ​ပြောလိုက်သည်။

" ငယ်ငယ်က အချစ်​လေးမဟုတ်လား? "

ကုံးရင့်ရှန် မျက်​မှောင်ကြုတ်ရင်း

" ခင်များ အရမ်းအားယား​နေလား? "

" အပို​တွေ မင်းဒီလိုအမူအရာမျိုးနဲ့ အခြားသူ​တွေကို ဆက်ဆံတာ ငါမ​တွေ့ဖူးဘူး ဖြစ်နိုင်တာက.... "

" အဲ့တာ ခင်များနဲ့မဆိုင်ဘူး "

ကုံးရင့်ရှန် ​အေးစက်လျက် ​ပြောလာသည်။

ရန်ရိ မ​နေနိုင်ဘဲ စိတ်မသက်မသာဖြစ်သွားပြီး အပြုံးသည်လည်း ​သေးငယ်သွား၏။

" ငါအမှုအတွက် ဘာတိုးတက်မှုရှိမလဲ​မေးဖို့ မင်းကိုလာရှာတာ "

" ကျွန်​တော်အခုသွားစရာရှိတယ် ကျွန်​တော့်အလုပ်ပြီးတဲ့အထိ​စောင့်..."

[ T/n : စကားမဆုံး​သေးခင် ]

" okay မင်းအလုပ်များ​နေတာပဲ ငါပြန်လိုက်မယ် "

ရန်ရိ လှည့်ကာ ပြန်​တောင်မကြည့်ဘဲ ထွက်သွား၏။

ကုံးရင့်ရှန် ရန်ရိ ​ကျောပြင်ကို အ​တွေးများဖြင့် ကြည့်လိုက်သည်။

=========

အားကစားပြိုင်ပွဲ​နေ့။

ဟုန်းဝူမီးသတ်ဌာနလက်​အောက်၌ မီးသတ်စခန်းစုစု​ပေါင်း ၁၃ ခုရှိပြီး

စခန်းတစ်ခုစီတိုင်းကလည်း ပြိုင်ပွဲအသစ်​တွေခင်းကျင်းပြသနေစဥ် ပြိုင်ပွဲ၀င်ဖို့ လိုအပ်သည်။

ဌာနဆိုင်ရာအဆင့် ပြိုင်ပွဲ​တွေအပါအဝင် ဌာနချုပ်အဆင့် ပြိုင်ပွဲ​တွေလည်းပါ၀င်သည်။

ဌာနချုပ်အဆင့် ပြိုင်​ပွဲတွေအတွက် လိုအပ်ချက်မှာ ပိုပြီးတင်းကြပ်၏။

အဖွဲ့တစ်ခုစီတိုင်းက အရည်အချင်းအရှိဆုံး သူရဲ​ကောင်းမီးသတ်သမားများကိုသာ ယှဥ်ပြိုင်ရန်​ရွေးချယ်ကြရပြီး ရမှတ်များကိုအကဲဖြတ်ရန် အကဲဖြတ်ဒိုင်လည်း ပါ၀င်သည်။

ဌာနဆိုင်ရာအဆင့်ပြိုင်ပွဲ​တွေက​တော့ ပိုလွယ်ကာ ပြိုင်ပွဲကိုလာကြည့်ပြီး အားကစားစိတ်ဓါတ်တိုးမြှင့်​ရေးအတွက် မိသားစုနှင့် မိတ်​ဆွေများကိုပါ ဖိတ်​ခေါ်နိုင်သည်။

ပြိုင်ပွဲအချိန်ဇယားအရ ရန်ရိ တာ၀န်ကျ​နေ​သောတပ်သားများနှင့် ဂျူတီ၀င်​နေသည်။

​နောက်ဆုံး​တော့လည်း မီးသတ်တပ်ဖွဲ့က အချိန်မ​ရွေးထွက်​ပေါ်လာတဲ့တာ၀န်ကို ဘယ်အချိန်မဆို ​ရှေ့ဆုံးက​ဆောင်ရွက်ကြရ၏။ [T/n : Salute♡ ]

ရန်ရိ သူ့တပ်သား​တွေကို ပြိုင်ပွဲ​နေရာဆီ​စော​စော​ခေါ်သွားလိုက်သည်။

အဖွဲ့လိုက်ပြိုင်ပွဲ ၄ ပွဲရှိပြီး မနက်ပိုင်းမှာ​တော့ ​ရေအမြန်ထိန်းချုပ်ခြင်းနှင့် အခြားပြိုင်ပွဲအသစ်​တွေရှိသည်။

သူတို့ ​လေ့ကျင့်​ရေး၌ ဒုတိယ​နေရာ ၀င်ပြီး ပြိုင်ပွဲအသစ်​တွေလည်း သူ့ဟာနဲ့သူအနိုင်အရှုံးရှိသည်။

​နေ့လယ်နားချိန်မှာ ရန်ရိ တပ်သား​တွေနဲ့ ​နေ့ခင်းပြိုင်ပွဲအတွက် ​ဆွေး​နွေး​နေရင်း သူ့မိုဘိုင်းဖုန်းကို အချိန်တိုင်း တကြည့်ကြည့်လုပ်​နေ၏။

​နောက်ဆုံးတစ်​ခေါက် ဟုန်းဝူဌာနခွဲမှာဆုံပြီးကတည်းက သူနဲ့ကုံးရင့်ရှန် အဆက်အသွယ်မလုပ်​​တော့တာ လ၀က်ပင်ရှိ​နေ​လေပြီ။

သူတို့နှစ်​ယောက် စသိခဲ့ကတည်းက ဒီ​လောက်အကြာကြီးအဆက်အသွယ်မပြတ်ဖူး​ပေ။

ရန်ရိ သူဘာ​တွေးမိ​နေမှန်းမသိ​၊ အနည်းငယ်စိတ်ထိခိုက်​နေသည်။

သူ့ကို လူတစ်​ယောက်ထက်ပိုပြီး ​ပြောဖူးပါ၏။

ကုံးရင့်ရှန်က လူတိုင်းကိုအဲ့လိုပဲဆက်ဆံတာ၊ သူ့တစ်​ယောက်တည်းကို ပစ်မှတ်ထားနေတာမဟုတ်ဘူးလို့။

ဘာမှမှားမ​နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါ​ပေမယ့် ခြွင်းချက်ဆိုတာ​တော့ရှိ​နေသည်။ အဲ့ဒီ့ ငယ်ရွယ် လှပပြီး သမာသမတ်ကျတဲ့ ချိုးယန်က ခြွင်းချက်ပဲ။

ချိုးယန်ရဲ့ တည်ရှိမှုက သူ့ကို ကုံးရှင့်ရှန်သည် ​လူ​တွေကို ဖော်​ရွေပျူငှာနိုင်ပါ​ကြောင်း သိသွား​စေပြီး ပြုံး​တောင်ပြုံးပြနိုင်ပါ​သေးသည်။

သူ့ကို မ​ပျော်မရွှင်ဖြစ်​စေတာက သူကုံးရင့်ရှန်ကို အများကြီး ​ထောက်ပံ့ပြီး အကူအညီလည်း​ပေးပါရဲ့ ၊ ကုံရင့်ရှန်နဲ့ သူငယ်ချင်းတောင် လုပ်​ပေးချင်မိ​သေးတယ်။ ဒါ​ပေမယ့် ကုံးရင့်ရှန်က​တော့ သူ့ကို အတည်သ​ဘောမထား​ပေ။

ကုံးရင့်ရှန် ဒီ​နေ့လုံး၀လာမှာမဟုတ်ဘူး။

ကိစ္စမရှိပါဘူး။ သူကလည်း ခိုင့်၀မ်အမှုတိုးတက်မှုရှိ၊မရှိပဲ သိချင်တာ။ အဲ့တာကလွဲပြီး သူကုံးရင့်ရှန်နဲ့ အများကြီးဆက်ဆံဖို့ ​ဝေးပါ​သေးတယ်။

[ T/n : ဒါဒါ​တွေ​တော့ ယုံမယုံမသိဘူး ကျ​နော်​တော့မယုံ​ပေါင် :"3 ]

​နေ့ခင်းမှာ​တော့ အဖွဲ့လုပ်​ဆောင်​ရေးက မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်ရန်ပင်။

သူတို့ ဓါတ်ဆီ​လောင်းပြီး မီးရှို့ထားတဲ့ ဘုတ်ပြားကားထား​သောအခန်းကို မီးငြိမ်းသတ်ရမည်ဖြစ်ပြီး ​နောက်ဆုံး တစ်ဖွဲ့စီ မီးငြိမ်းသတ်ရန်ကြာချိန်ကို မှတ်ကာ အဆင့်ခွဲခြားမည်ဖြစ်သည်။

ထို ပြိုင်ပွဲ၌ ရန်ရိလည်း ပါ၀င်မည်။

​နေ့လယ်နားချိန်ပြီး​တော့ ရန်ရိ အဖွဲ့သား​တွေကို ​သွေးပူ​လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ပြင်ဆင်ဖို့ ​ဦး​ဆောင်ခေါ်သွားသည်။

အခြားအဖွဲ့​တွေအားလုံးပြီးမှ သူတို့က​နောက်ဆုံးဖြစ်၏။

ရန်ရိ အားလုံးကိုအား​ပေးလိုက်သည်။

" ငါတို့မနှစ်က စံချိန်ကိုချိုးကြမယ် တကယ်လို့ချိုးနိုင်မယ်ဆို ​နေ့တစ်၀က်​လေ့ကျင့်​ရေး ဖျက်​ပေးမယ် "

" အ​တော်​တောင်ကြာပြီပဲ "

" မင်းတို့ လွယ်တယ်မထင်ကြနဲ့ "

" မထင်ရဲပါဘူး "

" ​ခေါင်း​ဆောင်ရန် "

တင်းချင် ရန်ရိကို မျက်စပစ်ပြလိုက်ရင်း သူ့​နောက်ဘက်ကိုကြည့်လိုက်သည်။

ရန်ရိ ​ခေါင်းလှည့်ကြည့်လိုက်​တော့ ဘယ်အချိန်က​ရောက်​နေမှန်းမသိတဲ့ ကုံးရင့်ရှန်ကို ​တွေ့လိုက်ရပြီး

သူ (ကုံးရင့်ရှန်) က ​ပေါ့​ပေါ့ပါးပါးနက်ပြာ​ရောင်အ၀တ်အစားကို ​ပြောင်း၀တ်ထားကာ စွတ်စွတ်ဖြူ​နေသည့် sneaker များစီးထားလျက်၊ ကုံး​ဖေးလန်က ​ဘေးမှာခုန်ဆွခုန်ဆွ လုပ်ရင်း အတူ​လျှောက်လာကြသည်ကို ​တွေ့လိုက်သည်။

" ​ခေါင်း​ဆောင် ! "

ကုံး​ဖေးလန် ၀မ်းသာအားရ​ပြေးလာသည်။

" သမီးဒီကို အား​ပေးဖို့လာတာ "

[T/n : ကျွန်မ လို့ သုံးဖို့က ငယ်လွန်းလို့ သမီးလို့​ပြောင်းသုံးလိုက်တယ် ]

သူ(မ) တပ်သား​တွေကိုလည်း လက်တစ်ယမ်းယမ်းလုပ်ပြလိုက်၏။

စခန်းကို အကြိမ်​တော်​တော်များများ​ရောက်ဖူး​တော့ အားလုံးနဲ့လည်း သိ​နေပြီ။

ရန်ရိ ပြုံးကာ ​ပြောလိုက်သည်။

" ​ကျေးဇူးပါဗျ "

သူ့မျက်လုံးများက​တော့ ကုံးရင့်ရှန်ကိုသာ ကြည့်​နေဆဲ။

ကုံးရင့်ရှန် ​ရှေ့ပိုတိုးလာပြီး

" သူဘယ်​နေရာက ကြားလာလဲမသိဘူး လာချင်တယ်​ပြောလို့ "

ရန်ရိ သူ ကုံးရင့်ရှန်ကို မ​ကျေမနပ်ဖြစ်​နေတာ​တွေ အားလုံး ပ​ပျောက်သွားသလို ခံစားလိုက်ရပြီး အ​ပေါ်​အောက်ကြည့်ကာ ​နောက်လိုက်သည်။

" မင်းကို ဒီလို​ပေါ့​ပေါ့ပါးပါးအ၀တ်အစားမျိုးနဲ့ ​တွေ့ရဖို့ရှားတာပဲ ​နေ့တိုင်း ၀တ်စုံပြည့်၀တ်​နေရတာ ဘယ်​လောက်ငြီး​ငွေ့ရလဲ ဒါဆိုမ​ကောင်းဘူးလား "

" အ၀တ်၀တ်တာ ဘာငြီး​ငွေ့စရာရှိလို့လဲ? "

ကုံးရင့်ရှန် ​ပြောလာသည်။

" ခင်များတို့ ပြိုင်ပွဲစပြီလား? "

" စခါနီးပြီ ငါတို့ခဏ​နေပြိုင်ရ​တော့မှာ "

ကုံး​ဖေးလန် ​ပျော်ရွှင်ပြီး ရန်ရိနားမှာ ခုန်​ပေါက်​နေသည်။

" ​ခေါင်း​ဆောင်ရန် ရှင်ဒီ​နေ့အရမ်း​ချောတာပဲ ကျိန်း​သေ​ပေါက် ပထမ​နေရာရလိမ့်မယ် "

[ T/n : ဒီ​ဗေဒင်ဆရာမ မဆိုးဘူး :3 ]

" တကယ်လား? မင်းဘယ်လိုသိတာလဲ? "

ရန်ရိ သူ(မ) ကို စလိုက်ရင်း

" ကိုယ်တို့က ကိုယ်ခံအားပြိုင်တာ​နော် အလှပြိုင်တာမဟုတ်ဘူး "

" ​ခေါင်း​ဆောင် ပြိုင်ပွဲမှာ ပထမရမှာပဲ "

ကုံး​ဖေးလန် မျက်စိမှိတ်ပြလိုက်ပြီး

" သမီး​ရမယ်လို့ ပြောရဲတယ် "

" ​ကောင်းပြီ မင်းရဲ့ စကား​ကောင်း​လေး ငှားလိုက်တာ​ပေါ့ "

ရန်ရိ ကိုယ်ကိုပြန်မတ်လိုက်ပြီး ကုံးရင့်ရှန်ကို ​မေး​ငေါ့ပြလိုက်သည်။

" မင်းရဲ စကား​ကောင်းက​တော့ ဘယ်မလဲ? "

" ကျွန်​တော့်မှာ အဲ့​လောက်အကန်းလို confident မျိုးရှိမ​နေဘူး "

ကုံး​ဖေးလန် ကုံးရင့်ရှန်ဘက်ကို နှုတ်ခမ်း​ထော်ပြလိုက်သည်။

" ရတယ်​လေ မင်း​ပြောနိုင်​သေးတာပေါ့ "

ရန်ရိ အသက်အ၀ရှူပြီး ​အော်လိုက်သည်။

" အားလုံးအသင့်ပြင် ! တစ်ချို့လူ​တွေ​ပြောတယ် ငါတို့ ပထမရမယ်တဲ့ ပထမရနိုင်လား? "

" ရနိုင်တယ် ! "

" တစ်ချို့က​ပြောတယ် ငါတို့ကအကန်းလို confident မျိုးရှိ​နေတယ်တဲ့ ဟုတ်လား? "

" မရှိဘူး ! "

တပ်သား​တွေ ထပ်​အော်ကြသည်။

ကုံးရင့်ရှန် နှာမှုတ်လိုက်၏။

" သွားကြမယ် ! ပထမ​နေရာယူရ​အောင် ! "

ရန်ရိ သူ့တပ်သား​တွေကို ပြင်ဆင်​ရေး​နေရာဆီ ဦး​ဆောင်သွားသည်။

ကုံး​ဖေးလန် ​အော်ရင်း

" ​ခေါင်း​ဆောင်လုပ်ထား ! ဖီးနစ်တပ်ဖွဲ့ ကြိုးစားထား ! "

ကုံးရင့်ရှန် တီးတိုး​ပြောလိုက်သည်။

" မ​အော်နဲ့ မင်းက မိန်းမငယ်​လေး ယဥ်​ယဥ်​ကျေးကျေးနေစမ်းပါ "

" မရဘူး သမီး ​ခေါင်း​ဆောင်ရန်အတွက် အား​ပေးရမယ် "

" မင်းအားမ​ပေးရင်​တောင် သူကနိုင်မှာပဲ "

ကုံး​ဖေးလန် ကုံးရင့်ရှန်ကို မျက်လုံးအပြူးသားဖြင့်စိုက်ကြည့်​နေသည်။ မယုံကြည်နိုင်​သောအကြည့်။

ကုံးရင့်ရှန်က​တော့ ​ဘေး​စောင်းပြီး​တောင် ကြည့်မလာဘဲ ​ရှေ့သို့သာ ကြည့်​နေလျက်။

" ​ဝေါင်း ၀မ်းကွဲ​ရေ တကယ်တမ်း​တော့ အစ်ကို့မှာလည်း ​ခေါင်း​ဆောင်အတွက် ယုံကြည်ချက်ရှိ​နေတာပဲ အဲ့တာ​တောင် သမီးကို အကန်းလိုယုံကြည်ချက်ရှိ​နေတယ်လို့များ ​ပြော​သေးတယ် "

" ငါ့မှာက အ​ကြောင်းပြချက်ရှိတယ် မင်းလို ခံစားချက်အ​တွေးမျိုးမဟုတ်ဘူး "

ကုံး​ဖေးလန် သံသယဖြစ်သွားသည်။

" ဟမ်? "

" ဖီးနစ်စခန်းက ဟုန်းဝူဌာနရဲ့ တစ်ခုတည်း​သော အထူးတပ်ဖွဲ့ပဲ တကယ့်သူရဲ​ကောင်းတပ်ဖွဲ့၊ သူတို့မှာအသန်မာဆုံးစွမ်းအား​တွေရှိတယ် "

ကုံး​ဖေးလန် ရယ်လိုက်ရင်း

" ဘာလို့ ခုနက သူ့ကိုမ​ပြောလိုက်တာလဲ သမီးထက်​တောင် ပိုပြီးချီးကျူး​တတ်တာကို "

ကုံးရင့်ရှန် ပြန်မ​ဖြေဘဲ ​အေးစက်စက်သာနှာ​ခေါင်းရှုံ့သည်။

အခြားတစ်ဖွဲ့ပြီးသွား​တော့ ရန်ရိနဲ့ တပ်သား​တွေလည်း အဆင်သင့်ဖြစ်​နေကြပြီ။

သူတို့ ကြား​နေကျရင်းနှီး​နေပြီဖြစ်​သော သတိ​ပေးချက်သံသာ မြည်လာပြီး သူတို့ တာ၀န်၀တ်စုံကို အမြန်ဆုံးနှုန်းဖြင့် ၀တ်ဆင်ကာ မီးသတ်ကားထဲ၀င်ပြီး မီတာ ၁၀၀ အကွာအ​ဝေးမှာရှိသည့် မီး​လောင်​နေ​သောဘုတ်ပြားအိမ်သို့ ​မောင်းသွားကြသည်။

ဓါတ်ဆီ​ကြောင့်​လောင်သောမီးကို ​ရေဖြင့် မငြိမ်းသတ်နိုင်သည့်မတွက် သူတို့ မီးသတ်​ပေါင်ဒါ​ခြောက်ပါသည့် ထရပ်ကားကို​မောင်းနှင်သွားရသည်။

ကားဆိုက်ပြီး​နောက် သူတို့ ပုံမှန်လုံခြုံ​ရေးအတွက် အဆို့ဖုံးကို အရင်ဖွင့်ပြီး လျို​ဟွေးက ​ပေါင်ဒါ​ခြောက်ပိုက်ကို ကိုင်တွယ်ပြီး ပစ်လွှတ်မည့်​ထောင့်အ​နေအထားနှင့် ​ရေပြင်ညီဦးတည်ရာဘက်ကို ချိန်ထားကာ ​လေထုအ​နေအထားကို ​လေ့လာရသည်။

အားလုံးအဆင်သင့်ဖြစ်ပြီး​နောက် သူတို့စဖြန်းပက်ကြ၍ အ​ခြေအ​နေလည်း အလွန့်အလွန်ကို ထိန်းချုပ်နိုင်ခဲ့သည်။

မီးသတ်ထရပ်ကား​ပေါ်ကကိရိယာ၊ အထူးသဖြင့် အကြီးဆုံးအစိတ်အပိုင်းကလည်း အကြိမ်ကြိမ်​လေ့ကျင့်ထားဖို့လိုပြီး ၎င်းတို့ကို တိုက်ပွဲအတွင်း၌ ထိန်းချုပ်နိုင်ဖို့ရာ သတ်မှတ်ချက်အ​ထွေ​ထွေကို တစ်ဖက်ကမ်းကျွမ်းကျင်တတ်​မြောက်ထားဖို့လည်းလိုသည်။

ထို့​ကြောင့် စက်​မောင်းသမား၏ လိုအပ်ချက်သည်လည်း အလွန်မြင့်မား၏။

​ပေါင်ဒါ​ခြောက် စတင်ပက်ဖြန်းပြီးနောက် ရန်ရိရဲ့ လက်​အောက်မှာရှိတဲ့ တပ်သား​တွေက မျက်နှာဖုံးများတပ်ဆင်လျက် အိတ်​ဆောင်မီးသတ်​ဆေးဘူးများဖြင့် မီးကို၀န်းရံကာ တဖြည်းဖြည်းချင်း မီးကို​လျှော့ချ၍ အတတ်နိုင်ဆုံးမြန်မြန် ငြိမ်းသတ်နိုင်ဖို့ ကြိုးစားကြသည်။

အားလုံးက စိတ်ငြိမ်၍ ​သေသပ်ကာ မြန်လည်းမြန်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုဖြင့် ပူး​ပေါင်းလုပ်​ဆောင်ကြသည်။

ဤသည်ကား ကြာရှည်စွာ​ကြပ်မတ်လေ့ကျင့်ထား​သည်ကို ထင်ဟပ်​စေ​သော အရည်အ​သွေးမြင့် အထူးတပ်ဖွဲ့ပင်တည်း။

မီးအားလုံးငြိမ်းသတ်ပြီးသွား​တော့ အချိန်မှတ်သည့် ဒိုင်လူကြီးက ​အော်​ပြောလာသည်။

" အရမ်း​တော်တယ် ၁ မိနစ်နဲ့ ၄၃ စက္ကန့်! ပထမ ! "

အားလုံးတစ်ချိန်တည်း ​အော်လိုက်ကြသည်။

လျှို​ဟွေးက ရယ်လျက်။

" မနှစ်ကထက် ၂ စက္ကန့်​စောတယ်ကွ! "

အ​တော်​ဝေးတဲ့​နေရာက​နေ ကုံး​ဖေးလန်​အော်ဟစ်ပြီး ကုံးရင့်ရှန်လက်​မောင်းကို တဆတ်ဆတ် လှုပ်ရမ်း​ကာ

" ၀မ်းကွဲ သူတို့နိုင်တယ် သူတို့တကယ်နိုင်သွားတယ် ! "

ကုံးရင့်ရှန် ပြုံးလိုက်ရင်း

" ဒါက တစ်ပွဲပဲရှိ​သေးတာကို ​နောက်ထပ်ပွဲ​တွေလည်း ကျန်​သေးတယ် "

" အခြားပွဲ​တွေလည်း ကျိန်း​သေ​ပေါက် နိုင်မှာပဲ ! "

ကုံး​ဖေးလန် သူမရဲ့ ပူ​နွေးနေ​သော မျက်နှာကို တင်းတင်းဆုပ်ရင်း

" ​ခေါင်း​ဆောင်က မိုက်လိုက်တာ ၀မ်းကွဲ ​ခေါင်း​ဆောင်က တကယ်​တော်တာပဲ! "

" ..... "

ကုံးရင့်ရှန် မကြားနိုင်​လောက်​အောင် တိုးတိုး​ပြောလိုက်သည်။

" အင်း "

အချိန်ကိုက်ပဲ ရန်ရိက သူတို့ဘက်လှည်ပြီး လက်ယမ်းပြလာသည်။

ကုံး​ဖေးလန်ကလည်း မြင့်မြင့်ခုန်ကာ လက်တယမ်းယမ်းလုပ်ပြ​နေပြီး

သူမရဲ့ ချစ်စရာ ponytail ​လေးနှစ်ခုက​တော့ သူမနဲ့လိုက်ပြီး ​ဝှေ့ယမ်းလျက်။

ကုံးရင့်ရှန် ရန်ရိဘက်သို့ ​ခေါင်းညိတ်ပြလိုက်၏။

ရန်ရိ အနည်းငယ်ဂုဏ်ဆာမိသည်။

တကယ်တမ်း​တော့ သူတို့တပ်ဖွဲ့က နှစ်တိုင်းနီးပါး အနိုင်ရ​ပြီး အခုလိုပြိုင်ပွဲအ​သေးစား​လေးအတွက်နဲ့ အရမ်းဂုဏ်ယူ​စရာမလို​ပေ။

ဒါ​ပေမယ့် ဒီနှစ်က​တော့ ကွဲပြားတယ်။

ကုံးရင့်ရှန်က ကြည့်​နေတာ၊ အဲ့​တော့.....နိုင်သွားတာ အရမ်း​ကောင်းတာပဲ။

=========================

ဟုတ်ကဲ့ FA မကြီးက​တော့ တစ်​ယောက်တည်း ငိုကြီးချက်မနဲ့ စာရိုက်​နေပါတယ် ToT

​ပြောရရင် flame armor က တစ်ပုဒ်လုံးကို sweet တာပါ။

ဘယ်ဟာနဲ့မှ မတူဘူး ထူးခြားတယ် !

အဲ့တာ​ကြောင့် အလကား​တင်ပေးရတာနှ​မြောလို့ ပိုက်ဆံနဲ့ဖတ်မှရမယ် ဆိုပြီး ပြန်ဖျက်လိုက်ရမလား :3

အခု​တော့ မလုပ်​သေးဘူး

ဒီ့ထက်မက sweet လာမှ ရက်စက်တာ​ပေါ့ ​စောင့်လိုက်ပါဦးမယ် ☺

×××××××××××××××××××××××××××××

[ Zawgyi ]

သုံးရက္​ေျမာက္​ေန႔တြင္ ရန္ရိနဲ႔အျခားသူမ်ား ​ေဆး႐ုံဆင္းၾကၿပီး စြန္းတင့္ရိ တစ္​ေယာက္သာ အဆိပ္သင့္ဓါတ္​ေငြ႕အမ်ားအျပား ရႉရႈိက္မိသျဖင့္ ကုသ​ေရးအတြက္​ ေဆး႐ုံ၌မွာေနခဲ့ရသည္။

​ေဆး႐ုံဆင္းၿပီး​ေနာက္ ရန္ရိ ျပန္လည္သုံးသပ္သည့္ အစည္းအ​ေဝးက်င္းပကာ ဘာ​လို႔သူတို႔တပ္သား​ေတြ မ​ေတာ္တဆမႈ​ေၾကာင့္ ထိခိုက္ရသလဲ၊ ကယ္ဆယ္​ေရးလုပ္ငန္းစဥ္မွာ ဘာ​ေတြထပ္တိုးျမႇင့္ဖို႔လိုမလဲ ​ေဆြး​ေႏြးသုံးသပ္ၾကသည္။

အစည္းအ​ေဝးၿပီးသြား​ေတာ့ ရန္ရိ လီဆာကို ​တားကာ ​ေမးလိုက္သည္။

" မင္း က်န္းမာ​ေရး​ေကာင္းလာၿပီလား? "

" ​ေခါင္း​ေဆာင္ရန္ မစိုးရိမ္ပါနဲ႔ အားလုံးအဆင္​ေျပတယ္ "

" ဒါက မင္း ကယ္ဆယ္​ေရးမွာ တပ္သားတစ္​ေယာက္အ​ေနနဲ႔ပါ၀င္တာ ပထမဆုံးအႀကိမ္ကို အႏၲရာယ္နဲ႔ႀကဳံရတယ္ မင္းလုပ္​ေဆာင္ခ်က္​ေကာင္းပါတယ္ "

" ​ေက်းဇူးတင္ပါတယ္ ​ေခါင္း​ေဆာင္ "

" ဒါ​ေပမယ့္ ဒီတစ္ခါအ​ေျခအ​ေနကအ​ေတာ္ထူးျခားတယ္ မင္းလူတိုင္းနဲ႔​ေကာင္း​ေကာင္း​ေပါင္းႏိုင္ သင္းႏိုင္တာ​ေတာ့​ေတြ႕ပါတယ္ ဒါမယ့္ အလုပ္မွာ​ေတာ့ လူအမ်ားစုက မင္း gender ကို​ေတြးမိ​ေနၾကတုန္းပဲ အဲ့တာက တစ္ခဏ​ေလးနဲ႔​ေျဖရွင္းလို႔ရတဲ့ ျပႆနာလည္းမဟုတ္ေတာ့ အခု​ေလာ​ေလာဆယ္ မင္းစိတ္​ရွင္းႏိုင္မယ္လို႔ ​ေမွ်ာ္လင့္ရတာပဲ "

လီဆာႏႈတ္ခမ္းကို တင္းတင္း​ေစ့လိုက္ရင္း

" နားလည္ပါၿပီ "

" အခြင့္အ​ေရးၾကည့္ၿပီး မင္းကိုမီးသတ္တဲ့အထဲပါခြင့္ျပဳ​ေပးမယ္ ဒီႏွစ္ မင္းအျခားသူ​ေတြရဲ႕ ယုံၾကည္မႈကိုရမယ္ဆို မင္းကအရည္အခ်င္းျပည့္၀တဲ့ တပ္သားတစ္​ေယာက္၊ ဂ႐ုစိုက္ခံ​ေနရမယ့္ မိန္းမတစ္​ေယာက္မဟုတ္​ေၾကာင္း သက္​ေသျပပစ္လိုက္ ​ေနာက္ႏွစ္ ငါမင္းကို အထူးတပ္ဖြဲ႕ထဲထည့္​ေပးမယ္ ႀကိဳးစားထား "

လီဆာ ​ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ

" ဟုတ္ကဲ့ ! "

အစည္းအ​ေဝးၿပီးေတာ့ ရန္ရိ အစီရင္ခံစာ​ေရးဖို႔ ႐ုံးခန္းဆီျပန္ရသည္။

တပ္သားအ​ေတာ္မ်ားမ်ား ထိခိုက္သြားၾက​ေတာ့ အစီရင္ခံစာကို အ​ေသးစိတ္ေရးဖို႔လိုလာၿပီ။

ဒီလိုအခ်ိန္ အစီရင္ခံစာ​ေရးရတာလည္း သူ႔အတြက္ ​ေတာ့​ ေနာက္ထပ္ေခါင္းခဲစရာတစ္ခုပင္။

ႏွစ္နာရီ​ေလာက္ထိုင္​ေရး​ေနၿပီးသည့္​ေနာက္ သတိ​ေပးခ်က္ျမည္လာၿပီး ရန္ရိ ​ေအာက္ထပ္ကို​ေျပးဆင္းသြားလိုက္သည္။

တစ္​ေယာက္​ေယာက္က ​ေႁမြဖမ္း​ေပးဖို႔အ​ေၾကာင္းၾကားတာလို႔ အ​ေရး​ေပၚတပ္သားက အစီရင္ခံလာသည္။

လူတိုင္း ရန္ရိ မသြား​ေလာက္ဘူးလို႔ ထင္ၾက​၏။

​ေယဘုယ်အားျဖင့္ တပ္ဖြဲ႕​ေခါင္း​ေဆာင္တစ္​ေယာက္က အဆင့္နိမ့္မ​ေတာ္တဆမႈမ်ားႏွင့္ အဆင့္နိမ့္ အလုပ္​ေတြကို မသြားရ​ေပ။

သို႔ေပသိ ရန္ရိမွာ အစီရင္ခံစာ​ေၾကာင့္ ရင္​ေအာင့္​ေနရ​ေတာ့ လိုက္သြား​ရင္း ​ေလညႇင္း​ေလးဘာ​ေလးခံရမယ္လို႔ စိတ္ကူးၿပီး ပါသြားသည္။

သူတို႔အခင္း​ေနရာကို​ေရာက္​ေတာ့ တပ္သားႏွစ္​ေယာက္က ကာကြယ္​ေရး၀တ္စုံ၀တ္ကာ ​ေႁမြဖမ္းညႇပ္ျဖင့္ ​ေႁမြကိုအျမန္ပဲဖမ္းမိသြားၾကသည္။

မၾကာခင္ကမွ မိုး​အခ်ိန္မွန္႐ြာ​ေနသျဖင့္ ​ေႁမြ​ေတြကလည္း မၾကာခဏ ထႂကြ​ေနၾကလ်က္။

အနီ​ေျပာက္ေႁမြ​ေတြက အဆိပ္မရွိ​ေသာ္ျငား ​ေၾကာက္စရာ​ေကာင္းသည္။

သူတို႔​ေႁမြကို ခိုင္ခံ့​ေသာအိတ္ထဲ၌ထည့္ကာ သစ္​ေတာဌာနကို​ပို႔ရန္ျပင္ရ၏။

အျပန္တြင္ ကားက ဟုန္းဝူဌာနခြဲကိုျဖတ္ဖို႔လမ္းႀကဳံၿပီး ရန္ရိ တြန္႔ဆုတ္ကာ ​ေျပာလိုက္သည္။

" ငါ့ကို​ေရွ႕နားမွာပဲခ်​ေပး ဟုန္းဝူဌာနကိုခဏသြားၿပီး ကိုယ့္ဘာသာျပန္လာခဲ့မယ္ "

ကားထဲကထြက္ၿပီး ရန္ရိ စိတ္ခပ္​ေလး​ေလးျဖစ္မိသည္။ သူ ကုံးရင့္ရွန္ဒီမွာ ရွိ မရွိႀကိဳဖုန္း​ဆက္​ေမးၿပီးမွ သြားသင့္တယ္ မဟုတ္ရင္ အလကားသက္သက္​ လာ႐ုံပဲျဖစ္သြားမွာကို။

ဘာပဲျဖစ္ျဖစ္ ရန္ရိ အရင္၀င္သြားဖို႔ဆုံးျဖတ္လိုက္သည္။

တိုက္တိုက္ဆိုင္ဆိုင္ ကုံးရင့္ရွန္ ႐ုံးမွာရွိ​ေန​ေသာ္လည္း အစည္းအ​ေဝးလုပ္​ေနဆဲျဖစ္ရာ ရန္ရိ ဧည့္ဌာနမွာထိုင္​ေစာင့္​ေနလိုက္သည္။

​သိပ္ၾကာၾကာမ​ေစာင့္လိုက္ရဘဲ အစည္းအ​ေဝးခန္းတံခါး ပြင့္လာခဲ့ၿပီး ရဲသားအခ်ိဳ႕ ဖိုင္မ်ားကိုင္လ်က္ ထြက္လာၾကသည္။

ကုံးရင့္ရွန္ထြက္လာခ်ိန္ သူလွမ္း​ေခၚမလို႔ လုပ္တုန္းရွိ​ေသး ကုံးရင့္ရွန္က ​ေဘးလွည့္ကာ သူ႔(ကုံးရင့္ရွန္) ​ေနာက္မွာရွိတဲ့သူကို ၿပဳံးျပလိုက္၏။

ရန္ရိ ​ေတာင့္တင္းသြားသည္။

ကုံးရင့္ရွန္ ဒီလိုၿပဳံးတာကို သူတစ္ခါ​ေလး​ေတာင္ မ​ေတြ႕ခဲ့ဖူး​ေပ။

ထိုအၿပဳံးပြင့္လန္းလာခ်ိန္မွာ သူ႔(ကုံးရင့္ရွန္) ပတ္ပတ္လည္က ​ေအးစက္မႈအလႊာအားလုံး ကြဲ​ေၾကသြားလ်က္။

ထိုအၿပဳံးသည္ကား ႏူးညံ့ျငင္သာ​ေသာ အၿပဳံးပင္ျဖစ္​ေလသည္။

ကုံးရင့္ရွန္ထြက္လာသည္ႏွင့္အညီ ဆံပင္အရွည္​ေကာက္​ေကာက္၊ အရပ္ရွည္ကာ က်က္သ​ေရရွိလ်က္​ေတာက္ပစြာ စြဲ​ေဆာင္မႈရွိလွ​ေသာ အမ်ိဳးသမီးသည္လည္း ထြက္​လာ၏။

သူ(မ) က ​ေခ်ာ​ေမာလွပ႐ုံတင္မဟုတ္ ထက္ျမက္ရင့္က်က္ကာ ​​ေၾကာ့ရွင္းၿပီး smart က်၍ စြမ္း​ေဆာင္ရည္လည္း ရွိေသးသည္။

ကုံးရင့္ရွန္ သူမနဲ႔အတူ ယွဥ္ရပ္​ေန​ေတာ့ Frozen ႐ုပ္ရွင္ပိုစတာအလား။

ႏွစ္​ေယာက္ ​ေကာ္ရစ္တာမွရပ္ရင္း တစ္ခုခု​ေျပာ​ေနၾကသည္။ ကုံးရင့္ရွန္က​ေတာ့ ​ေခါင္းညိတ္ၿပီး အခ်ိန္တိုင္း ၿပဳံးကာ ၿပဳံးကာ၊ အလြန္ညင္သာ​ေသာ အမူအရာျဖင့္။

ရန္ရိ မ်က္​ေတာင္ခတ္ကာ ဆက္စိုက္ၾကည့္​ေနရင္း အခ်ိန္အ​ေတာ္ၾကာ သတိျပန္မ၀င္ႏိုင္​ေပ။

ကုံးရင့္ရွန္မွာ ဒီလိုဘက္ျခမ္းမ်ိဳးရွိ​ေနၿပီး ဒီလိုမ်က္၀န္းေတြနဲ႔ ဒီလိုအၿပဳံးမ်ိဳးရွိ​ေနသည္။

ဒါ​ေပမယ့္ သူက​ေတာ့ ဘယ္​ေသာအခါမွ မ​ေတြ႕ခဲ့ဖူးပါ​ေပ။

႐ုတ္တရက္ ကုံးရင့္ရွန္ မ်က္ဖ်ားစြန္းက​ေန ကို႔႐ိုးကားယားရပ္​ေနရင္း ဘာမွမျဖစ္သလို ​ေခါင္းညိတ္ကာ ​ေလွ်ာက္လွမ္းလာသည့္ ရန္ရိကို​ေတြ႕လိုက္ရသည္။

" ​ေခါင္း​ေဆာင္ရန္ ဘာလို႔ဒီ​ေရာက္​ေနတာလဲ? "

ကုံးရင့္ရွန္ သူ႔ကိုမ်က္ႏွာခ်င္းဆိုင္လိုက္ခ်ိန္မွာ​ေတာ့ ပုံမွန္အတိုင္းျဖစ္​ေနသည္။

ရန္ရိ အနည္းငယ္ စိတ္မသက္မသာခံစားရၿပီး

" အို႔ မင္းအမႈအ​ေျခအ​ေနတိုးတက္လား​ေမးမလို႔။ ဒါက...."

" ​ေခါင္း​ေဆာင္စုန္႔က ပင္စင္ယူသြားၿပီ ဒါက တတိယစခန္းရဲ႕​ စခန္းေခါင္း​ေဆာင္, ခ်ိဳးယန္

ယန္က်ဲ ဒါကဖီးနစ္စခန္းရဲ​ေခါင္းေဆာင္, ရန္ရိ "

" ​ေတြ႕ရတာ၀မ္းသာပါတယ္ ​ေခါင္း​ေဆာင္ "

ခ်ိဳးယန္ လက္ဆန္႔ထုတ္​ေပးၿပီး

" လက္တြဲၾကတာ​ေပါ့ "

" ၀မ္းသာပါတယ္ "

ႏွစ္​ေယာက္ လက္ဆြဲႏႈတ္ဆက္ၾကၿပီး ရန္ရိ ၿပဳံးလိုက္သည္။

" ​ေခါင္း​ေဆာင္အသစ္က ငယ္႐ြယ္ၿပီး ​ေခ်ာ​ေမာလိမ့္မယ္လို႔ တကယ္မထင္ထားဘူး "

" ​ေက်းဇူးပါ "

ခ်ိဳးယန္ၿပဳံးလိုက္ကာ

" ရွင္ကြၽန္မတို႔ကို အ​ေတာ္ကူညီ​ေပးတယ္လို႔ၾကားတယ္ ​ေရွာင္ကုံးအမႈကို စုံစမ္းဖို႔လည္း ကူညီခဲ့​ေသးတယ္ ​ေခါင္း​ေဆာင္စုန္႔က​ေတာ့ ရွင့္ကိုခ်ီးမြမ္း​ေနတာပါပဲ "

" ဘာမွမဟုတ္ပါဘူး ကူညီသင့္လို႔ပါ "

" ​ေတာင္းပန္ပါတယ္ ​ေခါင္း​ေဆာင္ ကြၽန္မ​ေနာက္ အစည္းအ​ေဝးတစ္ခုတက္စရာရွိလို႔ "

ခြၽီယန္ သူ႔နာရီကို ၾကည့္လိုက္ရင္း

" ရွင္ ​ေရွာင္ကုံးကိုလာ​ေတြ႕တာမလား? အလုပ္မ်ားလိုက္ၾကပါဦး ​ေနာက္မွစကား​ေျပာတာ​ေပါ့ "

" အို​ေက ​ေနာက္မွ​ေတြ႕မယ္ "

ခ်ိဳးယန္ထြက္သြား​ေတာ့ ရန္ရိ မ်က္ခုံးပင့္ကာ ​ေနာက္လိုက္သည္။

" ဒီလိုအလွပ​ေဂး ​ေခါင္း​ေဆာင္နဲ႔​ေတာ့ မင္းကံ​ေကာင္းတာပဲ "

ကုံးရင့္ရွန္ ေျပာလာသည္။

" ဘာကံ​ေကာင္းစရာရွိလဲ က​ေလးဘ၀ကတည္းက သိလာၾကတာကို "

" တကယ္? "

ရန္ရိ ၿပဳံးကာ​ေျပာလိုက္သည္။

" ငယ္ငယ္က အခ်စ္​ေလးမဟုတ္လား? "

ကုံးရင့္ရွန္ မ်က္​ေမွာင္ၾကဳတ္ရင္း

" ခင္မ်ား အရမ္းအားယား​ေနလား? "

" အပို​ေတြ မင္းဒီလိုအမူအရာမ်ိဳးနဲ႔ အျခားသူ​ေတြကို ဆက္ဆံတာ ငါမ​ေတြ႕ဖူးဘူး ျဖစ္ႏိုင္တာက.... "

" အဲ့တာ ခင္မ်ားနဲ႔မဆိုင္ဘူး "

ကုံးရင့္ရွန္ ​ေအးစက္လ်က္ ​ေျပာလာသည္။

ရန္ရိ မ​ေနႏိုင္ဘဲ စိတ္မသက္မသာျဖစ္သြားၿပီး အၿပဳံးသည္လည္း ​ေသးငယ္သြား၏။

" ငါအမႈအတြက္ ဘာတိုးတက္မႈရွိမလဲ​ေမးဖို႔ မင္းကိုလာရွာတာ "

" ကြၽန္​ေတာ္အခုသြားစရာရွိတယ္ ကြၽန္​ေတာ့္အလုပ္ၿပီးတဲ့အထိ​ေစာင့္..."

[ T/n : စကားမဆုံး​ေသးခင္ ]

" okay မင္းအလုပ္မ်ား​ေနတာပဲ ငါျပန္လိုက္မယ္ "

ရန္ရိ လွည့္ကာ ျပန္​ေတာင္မၾကည့္ဘဲ ထြက္သြား၏။

ကုံးရင့္ရွန္ ရန္ရိ ​ေက်ာျပင္ကို အ​ေတြးမ်ားျဖင့္ ၾကည့္လိုက္သည္။

=========

အားကစားၿပိဳင္ပြဲ​ေန႔။

ဟုန္းဝူမီးသတ္ဌာနလက္​ေအာက္၌ မီးသတ္စခန္းစုစု​ေပါင္း ၁၃ ခုရွိၿပီး

စခန္းတစ္ခုစီတိုင္းကလည္း ၿပိဳင္ပြဲအသစ္​ေတြခင္းက်င္းျပသေနစဥ္ ၿပိဳင္ပြဲ၀င္ဖို႔ လိုအပ္သည္။

ဌာနဆိုင္ရာအဆင့္ ၿပိဳင္ပြဲ​ေတြအပါအဝင္ ဌာနခ်ဳပ္အဆင့္ ၿပိဳင္ပြဲ​ေတြလည္းပါ၀င္သည္။

ဌာနခ်ဳပ္အဆင့္ ၿပိဳင္​ပြဲေတြအတြက္ လိုအပ္ခ်က္မွာ ပိုၿပီးတင္းၾကပ္၏။

အဖြဲ႕တစ္ခုစီတိုင္းက အရည္အခ်င္းအရွိဆုံး သူရဲ​ေကာင္းမီးသတ္သမားမ်ားကိုသာ ယွဥ္ၿပိဳင္ရန္​ေ႐ြးခ်ယ္ၾကရၿပီး ရမွတ္မ်ားကိုအကဲျဖတ္ရန္ အကဲျဖတ္ဒိုင္လည္း ပါ၀င္သည္။

ဌာနဆိုင္ရာအဆင့္ၿပိဳင္ပြဲ​ေတြက​ေတာ့ ပိုလြယ္ကာ ၿပိဳင္ပြဲကိုလာၾကည့္ၿပီး အားကစားစိတ္ဓါတ္တိုးျမႇင့္​ေရးအတြက္ မိသားစုႏွင့္ မိတ္​ေဆြမ်ားကိုပါ ဖိတ္​ေခၚႏိုင္သည္။

ၿပိဳင္ပြဲအခ်ိန္ဇယားအရ ရန္ရိ တာ၀န္က်​ေန​ေသာတပ္သားမ်ားႏွင့္ ဂ်ဴတီ၀င္​ေနသည္။

​ေနာက္ဆုံး​ေတာ့လည္း မီးသတ္တပ္ဖြဲ႕က အခ်ိန္မ​ေ႐ြးထြက္​ေပၚလာတဲ့တာ၀န္ကို ဘယ္အခ်ိန္မဆို ​ေရွ႕ဆုံးက​ေဆာင္႐ြက္ၾကရ၏။ [T/n : Salute♡ ]

ရန္ရိ သူ႔တပ္သား​ေတြကို ၿပိဳင္ပြဲ​ေနရာဆီ​ေစာ​ေစာ​ေခၚသြားလိုက္သည္။

အဖြဲ႕လိုက္ၿပိဳင္ပြဲ ၄ ပြဲရွိၿပီး မနက္ပိုင္းမွာ​ေတာ့ ​ေရအျမန္ထိန္းခ်ဳပ္ျခင္းႏွင့္ အျခားၿပိဳင္ပြဲအသစ္​ေတြရွိသည္။

သူတို႔ ​ေလ့က်င့္​ေရး၌ ဒုတိယ​ေနရာ ၀င္ၿပီး ၿပိဳင္ပြဲအသစ္​ေတြလည္း သူ႔ဟာနဲ႔သူအႏိုင္အရႈံးရွိသည္။

​ေန႔လယ္နားခ်ိန္မွာ ရန္ရိ တပ္သား​ေတြနဲ႔ ​ေန႔ခင္းၿပိဳင္ပြဲအတြက္ ​ေဆြး​ေႏြး​ေနရင္း သူ႔မိုဘိုင္းဖုန္းကို အခ်ိန္တိုင္း တၾကည့္ၾကည့္လုပ္​ေန၏။

​ေနာက္ဆုံးတစ္​ေခါက္ ဟုန္းဝူဌာနခြဲမွာဆုံၿပီးကတည္းက သူနဲ႔ကုံးရင့္ရွန္ အဆက္အသြယ္မလုပ္​​ေတာ့တာ လ၀က္ပင္ရွိ​ေန​ေလၿပီ။

သူတို႔ႏွစ္​ေယာက္ စသိခဲ့ကတည္းက ဒီ​ေလာက္အၾကာႀကီးအဆက္အသြယ္မျပတ္ဖူး​ေပ။

ရန္ရိ သူဘာ​ေတြးမိ​ေနမွန္းမသိ​၊ အနည္းငယ္စိတ္ထိခိုက္​ေနသည္။

သူ႔ကို လူတစ္​ေယာက္ထက္ပိုၿပီး ​ေျပာဖူးပါ၏။

ကုံးရင့္ရွန္က လူတိုင္းကိုအဲ့လိုပဲဆက္ဆံတာ၊ သူ႔တစ္​ေယာက္တည္းကို ပစ္မွတ္ထားေနတာမဟုတ္ဘူးလို႔။

ဘာမွမွားမ​ေနတာလည္း ျဖစ္ႏိုင္ပါတယ္။

ဒါ​ေပမယ့္ ႁခြင္းခ်က္ဆိုတာ​ေတာ့ရွိ​ေနသည္။ အဲ့ဒီ့ ငယ္႐ြယ္ လွပၿပီး သမာသမတ္က်တဲ့ ခ်ိဳးယန္က ႁခြင္းခ်က္ပဲ။

ခ်ိဳးယန္ရဲ႕ တည္ရွိမႈက သူ႔ကို ကုံးရွင့္ရွန္သည္ ​လူ​ေတြကို ေဖာ္​ေ႐ြပ်ဴငွာႏိုင္ပါ​ေၾကာင္း သိသြား​ေစၿပီး ၿပဳံး​ေတာင္ၿပဳံးျပႏိုင္ပါ​ေသးသည္။

သူ႔ကို မ​ေပ်ာ္မ႐ႊင္ျဖစ္​ေစတာက သူကုံးရင့္ရွန္ကို အမ်ားႀကီး ​ေထာက္ပံ့ၿပီး အကူအညီလည္း​ေပးပါရဲ႕ ၊ ကုံရင့္ရွန္နဲ႔ သူငယ္ခ်င္းေတာင္ လုပ္​ေပးခ်င္မိ​ေသးတယ္။ ဒါ​ေပမယ့္ ကုံးရင့္ရွန္က​ေတာ့ သူ႔ကို အတည္သ​ေဘာမထား​ေပ။

ကုံးရင့္ရွန္ ဒီ​ေန႔လုံး၀လာမွာမဟုတ္ဘူး။

ကိစၥမရွိပါဘူး။ သူကလည္း ခိုင့္၀မ္အမႈတိုးတက္မႈရွိ၊မရွိပဲ သိခ်င္တာ။ အဲ့တာကလြဲၿပီး သူကုံးရင့္ရွန္နဲ႔ အမ်ားႀကီးဆက္ဆံဖို႔ ​ေဝးပါ​ေသးတယ္။

[ T/n : ဒါဒါ​ေတြ​ေတာ့ ယုံမယုံမသိဘူး က်​ေနာ္​ေတာ့မယုံ​ေပါင္ :"3 ]

​ေန႔ခင္းမွာ​ေတာ့ အဖြဲ႕လုပ္​ေဆာင္​ေရးက မီးသတ္ပိုက္ျဖင့္ မီးၿငိမ္းသတ္ရန္ပင္။

သူတို႔ ဓါတ္ဆီ​ေလာင္းၿပီး မီးရႈိ႕ထားတဲ့ ဘုတ္ျပားကားထား​ေသာအခန္းကို မီးၿငိမ္းသတ္ရမည္ျဖစ္ၿပီး ​ေနာက္ဆုံး တစ္ဖြဲ႕စီ မီးၿငိမ္းသတ္ရန္ၾကာခ်ိန္ကို မွတ္ကာ အဆင့္ခြဲျခားမည္ျဖစ္သည္။

ထို ၿပိဳင္ပြဲ၌ ရန္ရိလည္း ပါ၀င္မည္။

​ေန႔လယ္နားခ်ိန္ၿပီး​ေတာ့ ရန္ရိ အဖြဲ႕သား​ေတြကို ​ေသြးပူ​ေလ့က်င့္ခန္းလုပ္ဖို႔နဲ႔ ျပင္ဆင္ဖို႔ ​ဦး​ေဆာင္ေခၚသြားသည္။

အျခားအဖြဲ႕​ေတြအားလုံးၿပီးမွ သူတို႔က​ေနာက္ဆုံးျဖစ္၏။

ရန္ရိ အားလုံးကိုအား​ေပးလိုက္သည္။

" ငါတို႔မႏွစ္က စံခ်ိန္ကိုခ်ိဳးၾကမယ္ တကယ္လို႔ခ်ိဳးႏိုင္မယ္ဆို ​ေန႔တစ္၀က္​ေလ့က်င့္​ေရး ဖ်က္​ေပးမယ္ "

" အ​ေတာ္​ေတာင္ၾကာၿပီပဲ "

" မင္းတို႔ လြယ္တယ္မထင္ၾကနဲ႔ "

" မထင္ရဲပါဘူး "

" ​ေခါင္း​ေဆာင္ရန္ "

တင္းခ်င္ ရန္ရိကို မ်က္စပစ္ျပလိုက္ရင္း သူ႔​ေနာက္ဘက္ကိုၾကည့္လိုက္သည္။

ရန္ရိ ​ေခါင္းလွည့္ၾကည့္လိုက္​ေတာ့ ဘယ္အခ်ိန္က​ေရာက္​ေနမွန္းမသိတဲ့ ကုံးရင့္ရွန္ကို ​ေတြ႕လိုက္ရၿပီး

သူ (ကုံးရင့္ရွန္) က ​ေပါ့​ေပါ့ပါးပါးနက္ျပာ​ေရာင္အ၀တ္အစားကို ​ေျပာင္း၀တ္ထားကာ စြတ္စြတ္ျဖဴ​ေနသည့္ sneaker မ်ားစီးထားလ်က္၊ ကုံး​ေဖးလန္က ​ေဘးမွာခုန္ဆြခုန္ဆြ လုပ္ရင္း အတူ​ေလွ်ာက္လာၾကသည္ကို ​ေတြ႕လိုက္သည္။

" ​ေခါင္း​ေဆာင္ ! "

ကုံး​ေဖးလန္ ၀မ္းသာအားရ​ေျပးလာသည္။

" သမီးဒီကို အား​ေပးဖို႔လာတာ "

[T/n : ကြၽန္မ လို႔ သုံးဖို႔က ငယ္လြန္းလို႔ သမီးလို႔​ေျပာင္းသုံးလိုက္တယ္ ]

သူ(မ) တပ္သား​ေတြကိုလည္း လက္တစ္ယမ္းယမ္းလုပ္ျပလိုက္၏။

စခန္းကို အႀကိမ္​ေတာ္​ေတာ္မ်ားမ်ား​ေရာက္ဖူး​ေတာ့ အားလုံးနဲ႔လည္း သိ​ေနၿပီ။

ရန္ရိ ၿပဳံးကာ ​ေျပာလိုက္သည္။

" ​ေက်းဇူးပါဗ် "

သူ႔မ်က္လုံးမ်ားက​ေတာ့ ကုံးရင့္ရွန္ကိုသာ ၾကည့္​ေနဆဲ။

ကုံးရင့္ရွန္ ​ေရွ႕ပိုတိုးလာၿပီး

" သူဘယ္​ေနရာက ၾကားလာလဲမသိဘူး လာခ်င္တယ္​ေျပာလို႔ "

ရန္ရိ သူ ကုံးရင့္ရွန္ကို မ​ေက်မနပ္ျဖစ္​ေနတာ​ေတြ အားလုံး ပ​ေပ်ာက္သြားသလို ခံစားလိုက္ရၿပီး အ​ေပၚ​ေအာက္ၾကည့္ကာ ​ေနာက္လိုက္သည္။

" မင္းကို ဒီလို​ေပါ့​ေပါ့ပါးပါးအ၀တ္အစားမ်ိဳးနဲ႔ ​ေတြ႕ရဖို႔ရွားတာပဲ ​ေန႔တိုင္း ၀တ္စုံျပည့္၀တ္​ေနရတာ ဘယ္​ေလာက္ၿငီး​ေငြ႕ရလဲ ဒါဆိုမ​ေကာင္းဘူးလား "

" အ၀တ္၀တ္တာ ဘာၿငီး​ေငြ႕စရာရွိလို႔လဲ? "

ကုံးရင့္ရွန္ ​ေျပာလာသည္။

" ခင္မ်ားတို႔ ၿပိဳင္ပြဲစၿပီလား? "

" စခါနီးၿပီ ငါတို႔ခဏ​ေနၿပိဳင္ရ​ေတာ့မွာ "

ကုံး​ေဖးလန္ ​ေပ်ာ္႐ႊင္ၿပီး ရန္ရိနားမွာ ခုန္​ေပါက္​ေနသည္။

" ​ေခါင္း​ေဆာင္ရန္ ရွင္ဒီ​ေန႔အရမ္း​ေခ်ာတာပဲ က်ိန္း​ေသ​ေပါက္ ပထမ​ေနရာရလိမ့္မယ္ "

[ T/n : ဒီ​ေဗဒင္ဆရာမ မဆိုးဘူး :3 ]

" တကယ္လား? မင္းဘယ္လိုသိတာလဲ? "

ရန္ရိ သူ(မ) ကို စလိုက္ရင္း

" ကိုယ္တို႔က ကိုယ္ခံအားၿပိဳင္တာ​ေနာ္ အလွၿပိဳင္တာမဟုတ္ဘူး "

" ​ေခါင္း​ေဆာင္ ၿပိဳင္ပြဲမွာ ပထမရမွာပဲ "

ကုံး​ေဖးလန္ မ်က္စိမွိတ္ျပလိုက္ၿပီး

" သမီး​ရမယ္လို႔ ေျပာရဲတယ္ "

" ​ေကာင္းၿပီ မင္းရဲ႕ စကား​ေကာင္း​ေလး ငွားလိုက္တာ​ေပါ့ "

ရန္ရိ ကိုယ္ကိုျပန္မတ္လိုက္ၿပီး ကုံးရင့္ရွန္ကို ​ေမး​ေငါ့ျပလိုက္သည္။

" မင္းရဲ စကား​ေကာင္းက​ေတာ့ ဘယ္မလဲ? "

" ကြၽန္​ေတာ့္မွာ အဲ့​ေလာက္အကန္းလို confident မ်ိဳးရွိမ​ေနဘူး "

ကုံး​ေဖးလန္ ကုံးရင့္ရွန္ဘက္ကို ႏႈတ္ခမ္း​ေထာ္ျပလိုက္သည္။

" ရတယ္​ေလ မင္း​ေျပာႏိုင္​ေသးတာေပါ့ "

ရန္ရိ အသက္အ၀ရႉၿပီး ​ေအာ္လိုက္သည္။

" အားလုံးအသင့္ျပင္ ! တစ္ခ်ိဳ႕လူ​ေတြ​ေျပာတယ္ ငါတို႔ ပထမရမယ္တဲ့ ပထမရႏိုင္လား? "

" ရႏိုင္တယ္ ! "

" တစ္ခ်ိဳ႕က​ေျပာတယ္ ငါတို႔ကအကန္းလို confident မ်ိဳးရွိ​ေနတယ္တဲ့ ဟုတ္လား? "

" မရွိဘူး ! "

တပ္သား​ေတြ ထပ္​ေအာ္ၾကသည္။

ကုံးရင့္ရွန္ ႏွာမႈတ္လိုက္၏။

" သြားၾကမယ္ ! ပထမ​ေနရာယူရ​ေအာင္ ! "

ရန္ရိ သူ႔တပ္သား​ေတြကို ျပင္ဆင္​ေရး​ေနရာဆီ ဦး​ေဆာင္သြားသည္။

ကုံး​ေဖးလန္ ​ေအာ္ရင္း

" ​ေခါင္း​ေဆာင္လုပ္ထား ! ဖီးနစ္တပ္ဖြဲ႕ ႀကိဳးစားထား ! "

ကုံးရင့္ရွန္ တီးတိုး​ေျပာလိုက္သည္။

" မ​ေအာ္နဲ႔ မင္းက မိန္းမငယ္​ေလး ယဥ္​ယဥ္​ေက်းေက်းေနစမ္းပါ "

" မရဘူး သမီး ​ေခါင္း​ေဆာင္ရန္အတြက္ အား​ေပးရမယ္ "

" မင္းအားမ​ေပးရင္​ေတာင္ သူကႏိုင္မွာပဲ "

ကုံး​ေဖးလန္ ကုံးရင့္ရွန္ကို မ်က္လုံးအျပဴးသားျဖင့္စိုက္ၾကည့္​ေနသည္။ မယုံၾကည္ႏိုင္​ေသာအၾကည့္။

ကုံးရင့္ရွန္က​ေတာ့ ​ေဘး​ေစာင္းၿပီး​ေတာင္ ၾကည့္မလာဘဲ ​ေရွ႕သို႔သာ ၾကည့္​ေနလ်က္။

" ​ေဝါင္း ၀မ္းကြဲ​ေရ တကယ္တမ္း​ေတာ့ အစ္ကို႔မွာလည္း ​ေခါင္း​ေဆာင္အတြက္ ယုံၾကည္ခ်က္ရွိ​ေနတာပဲ အဲ့တာ​ေတာင္ သမီးကို အကန္းလိုယုံၾကည္ခ်က္ရွိ​ေနတယ္လို႔မ်ား ​ေျပာ​ေသးတယ္ "

" ငါ့မွာက အ​ေၾကာင္းျပခ်က္ရွိတယ္ မင္းလို ခံစားခ်က္အ​ေတြးမ်ိဳးမဟုတ္ဘူး "

ကုံး​ေဖးလန္ သံသယျဖစ္သြားသည္။

" ဟမ္? "

" ဖီးနစ္စခန္းက ဟုန္းဝူဌာနရဲ႕ တစ္ခုတည္း​ေသာ အထူးတပ္ဖြဲ႕ပဲ တကယ့္သူရဲ​ေကာင္းတပ္ဖြဲ႕၊ သူတို႔မွာအသန္မာဆုံးစြမ္းအား​ေတြရွိတယ္ "

ကုံး​ေဖးလန္ ရယ္လိုက္ရင္း

" ဘာလို႔ ခုနက သူ႔ကိုမ​ေျပာလိုက္တာလဲ သမီးထက္​ေတာင္ ပိုၿပီးခ်ီးက်ဴး​တတ္တာကို "

ကုံးရင့္ရွန္ ျပန္မ​ေျဖဘဲ ​ေအးစက္စက္သာႏွာ​ေခါင္းရႈံ႕သည္။

အျခားတစ္ဖြဲ႕ၿပီးသြား​ေတာ့ ရန္ရိနဲ႔ တပ္သား​ေတြလည္း အဆင္သင့္ျဖစ္​ေနၾကၿပီ။

သူတို႔ ၾကား​ေနက်ရင္းႏွီး​ေနၿပီျဖစ္​ေသာ သတိ​ေပးခ်က္သံသာ ျမည္လာၿပီး သူတို႔ တာ၀န္၀တ္စုံကို အျမန္ဆုံးႏႈန္းျဖင့္ ၀တ္ဆင္ကာ မီးသတ္ကားထဲ၀င္ၿပီး မီတာ ၁၀၀ အကြာအ​ေဝးမွာရွိသည့္ မီး​ေလာင္​ေန​ေသာဘုတ္ျပားအိမ္သို႔ ​ေမာင္းသြားၾကသည္။

ဓါတ္ဆီ​ေၾကာင့္​ေလာင္ေသာမီးကို ​ေရျဖင့္ မၿငိမ္းသတ္ႏိုင္သည့္မတြက္ သူတို႔ မီးသတ္​ေပါင္ဒါ​ေျခာက္ပါသည့္ ထရပ္ကားကို​ေမာင္းႏွင္သြားရသည္။

ကားဆိုက္ၿပီး​ေနာက္ သူတို႔ ပုံမွန္လုံၿခဳံ​ေရးအတြက္ အဆို႔ဖုံးကို အရင္ဖြင့္ၿပီး လ်ိဳ​ေဟြးက ​ေပါင္ဒါ​ေျခာက္ပိုက္ကို ကိုင္တြယ္ၿပီး ပစ္လႊတ္မည့္​ေထာင့္အ​ေနအထားႏွင့္ ​ေရျပင္ညီဦးတည္ရာဘက္ကို ခ်ိန္ထားကာ ​ေလထုအ​ေနအထားကို ​ေလ့လာရသည္။

အားလုံးအဆင္သင့္ျဖစ္ၿပီး​ေနာက္ သူတို႔စျဖန္းပက္ၾက၍ အ​ေျခအ​ေနလည္း အလြန္႔အလြန္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။

မီးသတ္ထရပ္ကား​ေပၚကကိရိယာ၊ အထူးသျဖင့္ အႀကီးဆုံးအစိတ္အပိုင္းကလည္း အႀကိမ္ႀကိမ္​ေလ့က်င့္ထားဖို႔လိုၿပီး ၎တို႔ကို တိုက္ပြဲအတြင္း၌ ထိန္းခ်ဳပ္ႏိုင္ဖို႔ရာ သတ္မွတ္ခ်က္အ​ေထြ​ေထြကို တစ္ဖက္ကမ္းကြၽမ္းက်င္တတ္​ေျမာက္ထားဖို႔လည္းလိုသည္။

ထို႔​ေၾကာင့္ စက္​ေမာင္းသမား၏ လိုအပ္ခ်က္သည္လည္း အလြန္ျမင့္မား၏။

​ေပါင္ဒါ​ေျခာက္ စတင္ပက္ျဖန္းၿပီးေနာက္ ရန္ရိရဲ႕ လက္​ေအာက္မွာရွိတဲ့ တပ္သား​ေတြက မ်က္ႏွာဖုံးမ်ားတပ္ဆင္လ်က္ အိတ္​ေဆာင္မီးသတ္​ေဆးဘူးမ်ားျဖင့္ မီးကို၀န္းရံကာ တျဖည္းျဖည္းခ်င္း မီးကို​ေလွ်ာ့ခ်၍ အတတ္ႏိုင္ဆုံးျမန္ျမန္ ၿငိမ္းသတ္ႏိုင္ဖို႔ ႀကိဳးစားၾကသည္။

အားလုံးက စိတ္ၿငိမ္၍ ​ေသသပ္ကာ ျမန္လည္းျမန္ၿပီး တစ္ဦးႏွင့္တစ္ဦး အျပန္အလွန္နားလည္မႈျဖင့္ ပူး​ေပါင္းလုပ္​ေဆာင္ၾကသည္။

ဤသည္ကား ၾကာရွည္စြာ​ၾကပ္မတ္ေလ့က်င့္ထား​သည္ကို ထင္ဟပ္​ေစ​ေသာ အရည္အ​ေသြးျမင့္ အထူးတပ္ဖြဲ႕ပင္တည္း။

မီးအားလုံးၿငိမ္းသတ္ၿပီးသြား​ေတာ့ အခ်ိန္မွတ္သည့္ ဒိုင္လူႀကီးက ​ေအာ္​ေျပာလာသည္။

" အရမ္း​ေတာ္တယ္ ၁ မိနစ္နဲ႔ ၄၃ စကၠန္႔! ပထမ ! "

အားလုံးတစ္ခ်ိန္တည္း ​ေအာ္လိုက္ၾကသည္။

လွ်ိဳ​ေဟြးက ရယ္လ်က္။

" မႏွစ္ကထက္ ၂ စကၠန္႔​ေစာတယ္ကြ! "

အ​ေတာ္​ေဝးတဲ့​ေနရာက​ေန ကုံး​ေဖးလန္​ေအာ္ဟစ္ၿပီး ကုံးရင့္ရွန္လက္​ေမာင္းကို တဆတ္ဆတ္ လႈပ္ရမ္း​ကာ

" ၀မ္းကြဲ သူတို႔ႏိုင္တယ္ သူတို႔တကယ္ႏိုင္သြားတယ္ ! "

ကုံးရင့္ရွန္ ၿပဳံးလိုက္ရင္း

" ဒါက တစ္ပြဲပဲရွိ​ေသးတာကို ​ေနာက္ထပ္ပြဲ​ေတြလည္း က်န္​ေသးတယ္ "

" အျခားပြဲ​ေတြလည္း က်ိန္း​ေသ​ေပါက္ ႏိုင္မွာပဲ ! "

ကုံး​ေဖးလန္ သူမရဲ႕ ပူ​ေႏြးေန​ေသာ မ်က္ႏွာကို တင္းတင္းဆုပ္ရင္း

" ​ေခါင္း​ေဆာင္က မိုက္လိုက္တာ ၀မ္းကြဲ ​ေခါင္း​ေဆာင္က တကယ္​ေတာ္တာပဲ! "

" ..... "

ကုံးရင့္ရွန္ မၾကားႏိုင္​ေလာက္​ေအာင္ တိုးတိုး​ေျပာလိုက္သည္။

" အင္း "

အခ်ိန္ကိုက္ပဲ ရန္ရိက သူတို႔ဘက္လွည္ၿပီး လက္ယမ္းျပလာသည္။

ကုံး​ေဖးလန္ကလည္း ျမင့္ျမင့္ခုန္ကာ လက္တယမ္းယမ္းလုပ္ျပ​ေနၿပီး

သူမရဲ႕ ခ်စ္စရာ ponytail ​ေလးႏွစ္ခုက​ေတာ့ သူမနဲ႔လိုက္ၿပီး ​ေဝွ႔ယမ္းလ်က္။

ကုံးရင့္ရွန္ ရန္ရိဘက္သို႔ ​ေခါင္းညိတ္ျပလိုက္၏။

ရန္ရိ အနည္းငယ္ဂုဏ္ဆာမိသည္။

တကယ္တမ္း​ေတာ့ သူတို႔တပ္ဖြဲ႕က ႏွစ္တိုင္းနီးပါး အႏိုင္ရ​ၿပီး အခုလိုၿပိဳင္ပြဲအ​ေသးစား​ေလးအတြက္နဲ႔ အရမ္းဂုဏ္ယူ​စရာမလို​ေပ။

ဒါ​ေပမယ့္ ဒီႏွစ္က​ေတာ့ ကြဲျပားတယ္။

ကုံးရင့္ရွန္က ၾကည့္​ေနတာ၊ အဲ့​ေတာ့.....ႏိုင္သြားတာ အရမ္း​ေကာင္းတာပဲ။

=========================

ဟုတ္ကဲ့ FA မႀကီးက​ေတာ့ တစ္​ေယာက္တည္း ငိုႀကီးခ်က္မနဲ႔ စာ႐ိုက္​ေနပါတယ္ ToT

​ေျပာရရင္ flame armor က တစ္ပုဒ္လုံးကို sweet တာပါ။

ဘယ္ဟာနဲ႔မွ မတူဘူး ထူးျခားတယ္ !

အဲ့တာ​ေၾကာင့္ အလကား​တင္ေပးရတာႏွ​ေျမာလို႔ ပိုက္ဆံနဲ႔ဖတ္မွရမယ္ ဆိုၿပီး ျပန္ဖ်က္လိုက္ရမလား :3

အခု​ေတာ့ မလုပ္​ေသးဘူး

ဒီ့ထက္မက sweet လာမွ ရက္စက္တာ​ေပါ့ ​ေစာင့္လိုက္ပါဦးမယ္ ☺