webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · アクション
レビュー数が足りません
69 Chs

Chapter 18

[ Unicode ]

" နန်း​တော်ဆိုတဲ့ ကုံး "

"ငါကြားတာ​တော့ သူ့မိသားစုက ဓါတု​ဗေဒလုပ်ငန်း လုပ်တာတဲ့ "

" ၀မ်းကွဲမိသားစုက သူငယ်ငယ်​လေးထဲက ဆုံးသွားကြပြီ "

" ကျွန်​တော် မီးကို မုန်းတယ် "

ရန်ရိ အင်တာနက်မှာ ပေါင်ရှန်း chemical plant ​ပေါက်ကွဲမှုအ​ကြောင်းရှာကြည့်​တော့ သူကြားခဲ့ရ​သော စကားလုံးများ သူ့စိတ်ထဲ​လွင့်​မြော​လာလျက်။

ထိုအချိန်က အင်တာနက်သည်လည်း သိပ်မတိုးတက်​သေး​တော့ ​ရှာနိုင်တဲ့ အချက်အလက်များများစားစားမရှိ​ပေ။

သို့​သော်လည်း မ​တော်တဆမှုကြီး၏ လှုပ်ခတ်မှုနှင့် ​ကြောက်မက်ဖွယ်ရာမြင်ကွင်းကို ပြဖို့ရာလုံ​လောက်​ပေသည်။

တကယ်​တော့ ရန်ရိ အင်တာနက်မှာ​တောင် ရှာစရာမလို၊

ထိုနှစ်ကအဖြစ်အပျက်ကို သူကိုယ်တိုင် တွေ့ကြုံခဲ့ဖူးပြီး ​ကော်လိပ်မှာလည်း ထိုအမှုကို ခွဲခြမ်းစိတ်ဖြာခဲ့ရ​သေးသည်။

ဒါ​ပေမယ့် အခု​တော့ သူအရင်က အာရုံမထားခဲ့တဲ့ ရှု​ထောင့်က​နေ နားလည်ဖို့လိုလာပြီ။

အချို့အချက်အလက်​တွေ အတည်ပြုပြီး​နောက် ရန်ရိ ဖုခိုင်ကို ​ဖုန်းခေါ်လိုက်ပြီး ပိုင်ဆိုင်မှုအချက်အလက်ကိုစစ်​ပေးဖို့ ​အကူအညီ​တောင်းလိုက်သည်။

ဖုခိုင်ရဲ့ အ​ကြောင်းပြန်ချက်က ရန်ရိရဲ့ ထင်​ကြေးကို အတည်ပြုလိုက်​လေ​တော့၏။

ကုံးမင်ယွီ, လွန်ခဲ့တဲ့ ၁၈ နှစ်က​ပေါက်ကွဲသွားခဲ့​သော ​ပေါင်ရှန်း chemical plant group ရဲ့  chair man က ကုံးရှင့်ရှန်ရဲ့ အ​ဖေဖြစ်သည်။

ရုတ်တရက် ' ကျွန်​တော် မီးကို မုန်းတယ် ' ဆိုသည့် စကားကို​ပြော​နေ​သော ကုံးရင့်ရှန်ရဲ့အေးစက်စက် ​ယောက်ျားဆန်​သည့် အသံက ရန်ရိ စိတ်ထဲ ထပ်ခါ ထပ်ခါ ပဲ့တင်ထပ်လာ၏။

ထိုအချိန်က သူထင်ခဲ့သည်မှာ ကုံးရင့်ရှန်က သူ့ကိုတမင်တကာ စိတ်တို​အောင် လုပ်​နေသည်ဟူ၍။

အခု​တော့ ထိုရိုးရိုးရှင်းရှင်းစကားလုံး​လေး​တွေ ​နောက်ကွယ်က ရင့်နင့်ဖွယ်ရာအဖြစ်အပျက်အ​နေသို့​ ပြောင်းလဲသွားလျက်။

​ခြောက်နှစ်သားအရွယ်ပဲရှိ​သေးတဲ့ က​လေးတစ်​ယောက်က ညတွင်းချင်းပဲ သူ့​နေအိမ်နဲ့ မိသားစုကိုဆုံးရှုံးသွားရတာတင်မက အဲ့လို​ကြေကွဲစရာအဖြစ်ကြီးလို ​ပြောင်းလဲမှုမျိုး လူဘယ်​လောက်ကများ ​တောင့်ခံနိုင်လိမ့်မလဲ?

သူဒီလိုပုံမျိုးဖြစ်လာခဲ့ပြီ အရာအားလုံးက ကံစီမံရာသာ။

ရန်ရိ အရမ်းစိတ်မချမ်းမသာခံစားရသည်။

သူမီး​လောင်မှုအများကြီးကြုံ​တွေ့ခဲ့ဖူးပြီး မီး​လောင်​မှု​တွေက လူ​တွေကိုဘယ်လိုဆုံးရှုံးမှု​တွေ ချန်ရစ်ထားခဲ့လဲဆိုတာ သူသိသည်။

ရုပ်ပိုင်းဆိုင်ရာအတွက်ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာအတွက်ဖြစ်ဖြစ် မီး​လောင်ကျွမ်းပြီးသားအရာ​တွေ နဂိုအတိုင်းပြန်မဖြစ်နိုင်သလိုပဲ ဆုံးရှုံးမှု​တွေကလည်း ဘ၀နဲ့ချီကာကြီးမားလှ၏။

ဘယ်လို စိတ်နဲ့များ ကုံးရင့်ရှန်တစ်​ယောက် ရဲအရာရှိလုပ်ပြီး မီးရှို့မှု​တွေစုံစမ်း​နေနိုင်တာလဲ?

မီး​လောင်ပြီးလို့ ကျန်တဲ့အပျက်အစီးပုံ​တွေကြား ၀င်စစ်​ဆေးရတဲ့အခါ သူ့စိတ်ထဲ ဘာ​တွေများရှိ​နေမလဲ?

အဲ့တာက....အဲ့တာက အတိတ်ကို ထပ်ခါ ထပ်ခါ ပြန်သတိရ​ဖို့ ဖိအား​ပေး​နေတာပဲမလား?

ရန်ရိ ထိုအ​ကြောင်းကို ဆက်မ​တွေးရဲ​တော့​ပေ။

သူ့ရင်​တွေမွန်းကြပ်လာပြီး နှဖူးသား​တွေလည်း တွန့်ရှုံ့လာ​လေပြီ။

သူ့အ​ဖေ ကယ်ဆယ်​ရေးအတွက် chemical plant ကြီးထဲမှာ ၇ညနဲ့ ၈ရက်လုံးလုံး ပိတ်မိ​နေခဲ့စဥ်ကတည်းက၊ သူ့အ​ဖေ ကုံးရင့်ရှန်ကိုမီးထဲက​နေ ကယ်ဆယ်​ပေးခဲ့စဥ်ကတည်းက၊ လူ​ချင်းတွေ့ပြီး နှစ်​ယောက်အတူ စုံစမ်းစစ်​ဆေးကြကတည်းက သူတို့​တွေ အတူ​တွေ့ဆုံကြုံ​တွေ့ကြဖို့ ကံတရားပါလာတာမျိုးဖြစ်နိုင်သည်။

က​လေးဘ၀ကတည်း မီးသတ်သမားဖြစ်လာဖို့ ဆုံးဖြတ်ထားပြီးသား သူတစ်​ယောက်အ​နေဖြင့် ရန်ရိ ' ကယ်တင်ခြင်း ' ဆိုတဲ့တာ၀န်နဲ့အတူ​မွေးဖွားလာခဲ့ရတယ်။

ကုံးရင့်ရှန်အတွက်​တော့ သူမီးရှို့မှုစုံစမ်း​ရေး​တွေမှာပူး​ပေါင်းတာက သူ့အတွက်ကယ်ဆယ်ခြင်းလည်းဖြစ်သလို သူတို့နှစ်​ယောက်ကံဆုံစည်းဖို့အတွက်လည်း အဓိပ္ပါယ်ပြည့်စုံသည်။

ဥပမာအ​နေဖြင့် စစ်ရှစ်​ကျောင်မီး​လောင်မျိုးမှာ​ပေါ့။

ရန်ရိ သူ့ဖုန်းကိုထုတ်ကာ ကုံးရင့်ရှန်သူ့ကိုပို့ခဲ့​သော စာကို တိတ်တဆိတ်ကြည့်လိုက်၏။

{ ​ကျေးဇူး }

သူ ကုံးရင့်ရှန်ကို ဖုန်း​ခေါ်လိုက်သည်။

ဖုန်းလိုင်းချိတ်ဆက်မိသွားပြီးနောက် ရန်ရိ တိုးဖွစွာဖြင့် :

" မင်းဘယ်မှာလဲ? "

" ဌာနမှာ၊ ဘာဖြစ်လို့လဲ? "

" ငါမင်းနဲ့ လူချင်း​တွေ့ပြီး ​ပြောစရာရှိတယ် "

" ကျွန်​တော် ခဏ​နေအိမ်ပြန်​တော့မှာ "

" ငါ့ကို​စောင့်​နေ အခုပဲလာမယ် အရမ်းနီးတယ် "

ကုံးရင့်ရှန် တွန့်ဆုတ်​နေပြီးမှ

" ကားပါကင်မှာ​တွေ့မယ် "

ရန်ရိ သူ့အ​ဖေကို နှုတ်ဆက်ပြီး ​အောက်ဆင်းကာ ဟုန်းဝူဌာနခွဲသို့ ​မောင်းသွားလိုက်သည်။

​မြေ​အောက် ကားပါကင်ကို​ရောက်​တော့ ၀င်၀င်ချင်း ရန်ရိ Wrangler ကားတံခါးပွင့်​နေတာကို​တွေ့လိုက်ရပြီး ကုံးရင့်ရှန့်က​တော့ ကားထဲမှာထိုင်ကာ ဖိုင်တွဲ​တွေကြည့်​နေသည်။

ရန်ရိ ကားထဲကထွက်လိုက်၏။

ကုံးရင့်ရှန် သူ့ကို​ခေါင်း​မော့ကြည့်လာပြီး ဖိုင်ကိုချကာ ကားထဲကထွက်လာသည်။

" တစ်ခုခုဖြစ်လို့လား? "

ရန်ရိ အသက်၀၀ရှူလိုက်ကာ

" ​ဒေါက်တာကုံး ငါတို့လက်​လျှော့လို့မရ​သေးဘူး "

ကုံးရင့်ရှန် မျက်​မှောင်ကြုတ်သွားပြီး မျက်လုံးထဲမှာ​တော့ နားမလည်နိုင်တဲ့ အ​တွေးရိပ်များ ဖြတ်​ပြေးသွားသည်။

" စစ်ရှစ်​ကျောင် မီး​လောင်မှု​မှာ ခိုင့်၀မ်က ကြံရာပါဆိုတာ မ​ဖော်ထုတ်နိုင်ရင်​တောင် ငါတို့ဒီလို​တော့ လက်လျှော့ပစ်လို့မရဘူး လူ​တွေအများကြီး​သေ​အောင် မီးရှို့သတ်တဲ့ ဘယ်တရားခံကိုမဆို ငါတို့လွှတ်​ပေးလို့မဖြစ်ဘူး "

ရန်ရိ ရင်ဘတ်က တသိမ့်သိမ့်တုန်​နေလျက်။

" အဲ့တာမှ မင်းက ရဲအရာရှိတစ်​ယောက်လို့ ဆိုလိုတာမလား? "

ကုံးရင့်ရှန် မျက်လုံးများ ​မှေးစင်းသွားသည်။

" ခင်များဘာကို​ပြော​နေတာလဲ? "

" ငါမင်းကို ဘာလို့ ရဲအရာရှိလုပ်လဲလို့​မေး​ပေမယ့် မင်းမ​ဖြေဘူး ဒါ​ပေမယ့် ရဲတစ်​ယောက်ဆိုတာက တိုက်ခိုက်နှိမ်နင်းတာနဲ့ ​စောင့်ကြည့်စစ်​ဆေးတာပဲလုပ်တာမှမဟုတ်တာ? "

ရန်ရိ ကုံးရင့်ရှန်ကို နင့်နင့်နဲနဲ စိုက်ကြည့်လိုက်ပြီး

" အလိုလိုအသိစိတ်ရယ် မှန်းဆချက်တွေရယ်က ဥပ​ဒေနဲ့မညီ​ပေမယ့် ငါတို့ဆက်​စောင့်ကြည့်ဖို့ အ​ကြောင်းရင်း​တော့ဖြစ်နိုင်တာပဲ "

ကုံးရင့်ရှန် နှုတ်ခမ်းကို​တင်းတင်းစေ့ထားသည်။

" ခင်များအလုပ်ကပြီးသွားပြီ ကျန်တာ​တွေအတွက် စိတ်မပူပါနဲ့ "

" မင်းတကယ်ပဲဒီလို လက်​လျှော့လိုက်​တော့မလို့လား? တကယ်လို့အမှုပိတ်သွားရင်​တောင် ငါတို့သက်​သေအသစ်ရှာနိုင်သ​ရွေ့​တော့ သူ(မ)ကို စွပ်စွဲထားလို့ရ​သေးတာပဲ မင်းမီးရှို့သမားကိုလွှတ်​ပေးချင်လို့လား! "

" အဲ့တာ ခင်များနဲ့မဆိုင်ဘူး ပြန်​တော့ "

ကုံးရင့်ရှန် ​နောက်လှည့်ကာ ကားထဲ၀င်​တော့မည့်ဆဲဆဲ။

ရန်ရိ ​ခြေလှမ်းလိုက်ကာ ကုံးရင့်ရှန် ပခုံးကိုလှမ်းဆွဲလိုက်၏။

ကုံးရင့်ရှန် မျက်လုံးများ အ​ရောင်လက်သွားလျက် ရုတ်တရက် ကိုင်းညွှတ်လိုက်ပြီး ကိုယ်ကိုလှည့်လိုက်ကာ ရန်ရိလက်​ကောက်၀တ်ကို သူ့လက်တစ်ဖက်တည်းဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ရန်ရိ ​ကျော​နောက်ဘက်ကိုပင်​ရောက်​နေ​ချေပြီ။

ဆတ်ခနဲရန်ရိ ပခုံးကိုဆွဲလှည့်လိုက်ပြီး လူကိုကားမှာကပ်လိုက်သည်။

ရန်ရိ နာနာကျင်ကျင်​အော်ကာ ပြင်းပြင်းထန်ထန် ရုန်း​သော်လည်း ကုံးရင့်ရှန်အားက ကြောက်မက်ဖွယ်အတိ။

သူ့ကိုချုပ်ထားတဲ့လက်က လှုပ်​တောင်လှုပ်မသွား​ပေ။

ဒီလို တင့်တယ်ပြီး မြင့်မြတ်တဲ့ကုံးရင့်ရှန်ရဲ့ ပုံပန်းသွင်ပြင်​လေးနဲ့ ကြမ်းတမ်းတဲ့အားအင်မျိုး ရှိမယ်လို့ သူဘယ်လိုမှစိတ်ကူးမရ။

သူဆဲ​ရေးလိုက်လျက်။

" ​သေစမ်းကွာ မင်းငါ့ကိုလွှတ် "

ကုံးရင့်ရှန် ရန်ရိနား, နားကပ်ကာ ​အေးစက်စက်​ပြောသည်။

" ကျွန်​တော့်ကို သူလိုငါလို လာမထိနဲ့လို့ ​ပြောထားသားပဲ "

သူလက်လွှတ်​ပေးလိုက်ပြီး ​ခြေလှမ်းပြန်ဆုတ်ကာ ​ခေါင်းငုံ့လျက် အ၀တ်အစား​တွေပြန်ဖြန့်​နေသည်။

ရန်ရိ နာ​နေသည့်လက်​ကောက်၀တ်ကို ခါလိုက်ပြီး

စိတ်ဆိုးမလို့ပင်ရှိ​သေး ကုံးရင့်ရှန်ငယ်ဘ၀ကိုပြန်​တွေးမိသွားကာ ပြန်​နူးညံ့သွားပြီး နှာ​ဖွဖွမှုတ်လိုက်သည်။

" ငါကမင်းလို အသိပညာမရှိလို့ပါ သိပါပြီ .....ဘာပဲဖြစ်ဖြစ် စစ်ကြည့်လိုက်ဦး "

ကုံးရင့်ရှန် ယာဥ်​မောင်းထိုင်ခုံက အချက်အလက်ဖိုင်ကို ယူလိုက်ပြီး ရန်ရိကို​ပေးလာသည်။

ရန်ရိ လှန်​လှောကြည့်လိုက်​တော့ ခိုင့်၀မ်တို့သားအဖနှစ်​ယောက်နဲ့ အခြားအဆက်အသွယ်​တွေကို စုံစမ်းထားတာဖြစ်​နေပြီး လွန်ခဲ့သည့်နှစ်များက အချက်အလက်​တွေပင် သူ့မှာရှိ​သေး၏။

ရန်ရိ အရမ်း၀မ်းသာသွားကာ

" မင်း လက်မ​လျှော့​သေးမှန်း သိသားပဲ "

ကုံးရင့်ရှန် ​ပြောသည်။

" ခင်များက ရဲမဟုတ်ဘူး ခင်များတာ၀န်ကလည်းပြီးပြီ ​နောက်ထပ်၀င်ပါဖို့မလို​တော့ဘူး "

" ​နောက်တာပါကွာ ငါလည်းအများကြီး၀င်ပါပြီးနေပါပြီ မင်းပဲဆက်လုပ်လို့ရတယ် ငါကမီးငြိမ်းသတ်တယ် လူ​တွေအများကြီးကိုလည်းကယ်တယ် ငါက နစ်နာသူ​တွေနဲ့ သူတို့မိသားစု​တွေကို အ​ဖြေမှန်ရ​စေချင်ပြီး ယုတ်မာတဲ့သူ​တွေကို​တော့ သူတို့ခံထိုက်တဲ့အပြစ်ကို ခံရ​စေချင်ရုံသက်သက်ပါ

​နောက်ပြီး​တော့ ဌာနခွဲက ပိတ်ပြီးသားအမှုအတွက်​တော့ မင်းကိုလူအင်အား​ပေးမှာမဟုတ်ဘူး မင်းကူညီ​ပေးမယ့်သူမလိုဘူးလား? "

ကုံးရင့်ရှန် ရန်ရိကို တည့်တည့်စိုက်ကြည့်​နေလျက်

" ခင်များ တကယ် ကူညီချင်တာလား? "

" မဟုတ်ရင် ငါမင်းဆီကို ညတွင်းချင်း​ရောက်လာပါ့မလား? ငါ့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်​တွေကို မင်းကိုကူညီဖို့သုံးလိုက်မယ် မင်း​ကျေးဇူးမတင်ဘူးလား? "

ရန်ရိ သူ့လက်ကိုခါလိုက်ကာ

" အလုပ်ကရတဲ့ ဒဏ်ရာပဲကွာ "

ကုံးရင့်ရှန် တစ်ခဏ​လောက် တိတ်​နေပြီး

" အို​ကေ ကျွန်​တော်လိုအပ်ရင် ခင်များကိုရှာလိုက်မယ် "

ရန်ရိ နှုတ်ခမ်းသားများ တွန့်​ကွေးသွားသည်။

" မင်းအခုဘာ​ပြောသင့်တာလဲ? "

" ဘာ​ပြောရမှာလဲ? "

ရန်ရိ သူ့ဖုန်းကိုလှုပ်ရမ်း ပြလိုက်လျက်

" အဲ့စကားနှစ်လုံး မင်းစာကျပို့နိုင်ပြီး​တော့ လူ​တွေ့ကျ​တော့မ​ပြောနိုင်ဘူး​ပေါ့ "

ကုံးရင့်ရှန် မျက်​စောင်းထိုးလိုက်ပြီး

" လမ်းဖယ်​ပေး "

" မဖယ်ဘူး အဲ့စကားနှစ်ခွန်းပဲ "

ကုံးရင့်ရှန် ကားထဲ၀င်ကာ တံခါးပိတ်လိုက်သည်။

ရန်ရိ ​နောက်ကြည့်မှန်ကို ဆွဲထားလိုက်ရင်း ကားမှန်ကို​ခေါက်လိုက်၏။

ကုံးရင့်ရှန် ကားမှန်ချလိုက်ပြီး ​စောင်းငဲ့ကြည့်လာသည်။

ရန်ရိ က ပြုံးလျက်

" ရပါတယ်ဗျာ " [ ​ကျေးဇူးဆိုတဲ့ စကားနှစ်ခွန်းအတွက် ]

ကုံးရင့်ရှန် အံ့သြကာ​တောင့်သွားရပြီး ရန်ရိရဲ့ ​​ပျော်ရွှင်တောက်ပ​နေ​သောမျက်၀န်းများကို မျက်​တောင်မခတ်တမ်းစိုက်ကြည့်ကာ ခဏတဖြုတ် အိပ်​မွေ့ချခံလိုက်ရသလိုဖြစ်သွားသည်။

" ဒါ​ပေမယ့် မင်းအလုပ်က ရတဲ့ဒဏ်ရာအတွက်​တော့​ပေးရမယ် ငါ့ကိုညစာ၀ယ်​ကျွေးပါ "

" ခင်များ ဦး​နှောက်ညာဏ်မ​ကောင်းတာလား? ကျွန်​တော် အခြားလူ​တွေနဲ့အစာမစားဘူး "

" ဘာကို အသန့်ကြိုက်​နေ​သေးတာတုန်း? မင်းငါနဲ့နှစ်ခါ​တောင် အတူစားခဲ့ပြီပြီကို တစ်​ခေါက်က မင်းကားထဲမှာ တစ်​ခေါက်က မင်းအိမ်မှာ "

ရန်ရိ ​ပြောလိုက်သည်။

" မင်းက လူချင်း​တွေ့ပြီး ​ကျေးဇူးတင်ရမှာကို ရှက်​နေတာပဲ ငါနဲ့အတူစားတာကကျင့်၀တ်နဲ့အညီပါတယ်ကွာ မင်းမစားဘူးဆိုတာသိတယ် ငါစားတာကြည့်​နေ​လို့ရတာပဲကို "

ကုံးရင့်ရှန် သူ့နာရီကိုကြည့်ကာ တုန့်ဆိုင်း​နေသည်။

" မင်းဘာစုံစမ်းထားလဲပဲ​ပြောပြ "

ရန်ရိ ပြုံးလိုက်ရင်း

" ဒီနားမှာ ​ကျောက်ပုစွန်ဆိုင်ရှိတယ် အရမ်းအရသာရှိတာ ဒါ​ပေမယ့်​စျေးကြီးလို့ ပုံမှန်ဆိုမစားနိုင်ဘူး မင်း၀ယ်​ကြွေးရင်​တော့ ​ပျော်​ပျော်ကြီးစားရ​သေးတာ​ပေါ့ "

ကုံးရင့်ရှန် ကားမှန်ပြန်တင်လိုက်ရင်း စကားတစ်​ကြောင်း​ပြောလာသည်။

" ကျွန်​တော့်ဖုန်းကို ဆိုင်နာမည်ပို့လိုက် "

=========

ကုံးရင့်ရှန်က စား​သောက်ဆိုင်ကို ရန်ရိထက်​ခြေတစ်လှမ်း​စောပြီး​ရောက်​နေကာ ဆိုင်​ရှေ့အ​ပေါစား နီယွန်မီး​ရောင်​အောက်တွင်ရပ်​နေလျက်။

သူ့မျက်နှာက ဖြူဖပ်ဖြူ​လျော်ဖြစ်​နေ၍ ​ခြေ​ထောက်​တွေက အမြစ်တွယ်​နေသလို မလှုပ်မရှပ်ရှိနေ၏။

ရန်ရိ ကားထဲကထွက်ရာ ကုံးရင့်ရှန် တံခါး၀မှာတင် ကပ်​နေမှန်း​တွေ့လိုက်ရသည်။

" မင်းဘာလို့အထဲမ၀င်တာလဲ? အထဲမှာ ​လေ​အေး​ပေးစက်ရှိတယ် "

" ညစ်ပတ်လို့ "

ကုံးရင့်ရှန် ရန်ရိကိုစူးစိုက်ကြည့်​လိုက်ပြီး

" ခင်များ ဒီလို​နေရာမျိုးမှာ စားမှဖြစ်မှာလား? "

" ငါ​ပြောတယ် အရသာရှိတယ်လို့ သခင်​လေးရယ် မင်း လူ​တွေရဲ့ အမူအကျင့်နည်းနည်း​လောက်​တော့ လုပ်နိုင်ပါတယ်ကွာ မင်းတစ်ခါမှ စား​သောက်ဆိုင်မှာ မစားဖူးဘူးလား? "

" ဒီလိုမျိုး ညစ်ပတ်တဲ့စား​သောက်ဆိုင်မှာ တစ်ခါမှမစားဘူး "

" မင်းဘာမှမစားလည်းရတယ် အထဲ၀င်ပြီး ငါနဲ့အတူထိုင်​လေ "

ကုံးရင့်ရှန် အံကြိတ်ကာ ဆုံးဖြတ်ချက်အများကြီးချ​နေရသည့်ပုံ​ပေါ်လျက် သူ့ကားဆီသို့ပြန်လှည့်သွားသည်။

" မင်းတကယ်ကို ပြန်ချင်​နေတာပဲ "

ရန်ရိ ​လှောင်​ထေ့ပြုံးလိုက်ပြီး :

" ဘာမှမရိုးသားပြတာ ​ကျေးဇူးတင်ပါတယ်​နော် "

ကုံးရင့်ရှန် ကား​မောင်းမထွက်သွား၊

သို့​သော် ကားခန်းကိုဖွင့်ကာ စားပွဲတင်အ၀တ်နှင့် ပိုးသတ်​ဆေးဘူးကိုထုတ်ယူလိုက်သည်။

ရန်ရိ ပြုံးလိုက်ရင်း

" မင်းအမှုစုံစမ်းရင်​တော့ အရမ်းသိက္ခါ မ​စောင့်ထိန်း​တော့ဘူးပဲ "

" ဒါအတင်းလုပ်ယူထားတာ "

ကုံးရင့်ရှန် ရန်ရိကို ထပ်မံစိုက်ကြည့်လိုက်ကာ အသက်ကို ၀၀ ရှူပြီး​နောက် ​ဆိုင်ထဲလျှောက်၀င်သွား​တော့၏။

သူတို့အချိန်ကိုက်​ရောက်လာခြင်းဖြစ်သည်။

ညစာစားချိန်ကလည်း ​ကျော်သွားပြီဖြစ်ပြီး ညလယ်စာချိန်ကလည်း မ​ရောက်​သေး​ပေ။

လူလည်းသိပ်မများဘဲ ညစာအတွက်လည်း တန်းမစီရ​တော့​။

ရန်ရိ စား​သောက်ခန်း မှာလိုက်သည်။

စား​သောက်ခန်းထဲ၀င်​တော့ waiter ​ကပင်ဘာမှမ​ပြောရ​သေးခင် ကုံးရင့်ရှန်ကစားပွဲတစ်ပတ်သွားလိုက်ကာ ပြတင်း​ပေါက်နားက ​နေရာကိုယူလိုက်ပြီး ပိုးသတ်​ဆေးဗူးကိုထုတ်ကာ စဖြန်း​တော့၏။

တစ်ထိုင်တည်း ပိုးသတ်​ဆေးဗူးသေး​လေးရဲ့ တစ်၀က်​လောက်ကိုအကုန်သုံးလိုက်သည်။

waiter ​လေးက အံ့အားသင့်​နေလျက်။

ရန်ရိ ​ပြောလိုက်သည်။

" သူ့ကို အာရုံထားမ​နေနဲ့ ကိုယ်မှာမယ် "

ပိုးသတ်​ဆေးရည်များ ဖြန်းပြီး​ ကုံးရင့်ရှန် တစ်ခါသုံးစားပွဲခင်းများကို ထိုင်ခုံနှင့် စားပွဲ​ပေါ်တွင် အသီးသီးခင်းလိုက်ပြီး​နောက် ဂရုတစိုက် ထိုင်လိုက်သည်။

" ​ဟေး မင်းတကယ်မစားဘူးလား? အရမ်းအရသာရှိတာ "

ကုံးရင့်ရှန် စိတ်ဆိုးဆိုးနဲ့​ပြောလာသည်။

" မစားဘူး "

" အဲ့တာ​တွေ အရင်လုပ်​ပေးပါဗျ "

ရန်ရိ ကုံးရင့်ရှန် ​ဘေးမှာထိုင်လိုက်ပြီး ကုံးရင့်ရှန် တင်းတင်းကြပ်ကြပ်ထိုင်ကာ ပတ်၀န်းကျင်ကို ​စူးစိုက်ကြည့်နေသည်အား ​ငေးကြည့်​နေရသည်မှာ သနားရပြီး ​ပျော်စရာလည်း ကောင်းသည်။

" လုပ် အမှုအ​ကြောင်း ​ပြောပါဦး "

ကုံးရင့်ရှန် ရန်ရိကို သူစုံးစမ်းရသ​လောက် အချက်အလက်​တွေ မျှ​ဝေသည်။

အဓိကအားဖြင့်​တော့ ရှုပ်​ထွေးတဲ့ဆက်ဆံရေး​တွေဖြစ်သည့် ခိုင့်၀မ်တို့သားအဖကိစ္စ၊ လတ်တ​လောရထားသည့် သတင်းများပင်။

ထိုအရာများက သူတို့ကို ပိုက်ဆံ​တွေ ဒါမှမဟုတ် သက်​သေ​တွေ တကယ်ရှိ မရှိ ရှာ​ဖွေနိုင်ရန် အ​ထောက်အကူဖြစ်နိုင်သည်။

နှစ်​ယောက်သား တစ်ခဏ​လောက်စကား​ပြော​နေကြပြီး​နောက် waiter က အရသာ​လေးမျိုးဖြင့် ကျောက်ပုစွန်​လေးပွဲကို တစ်ထိုင်တည်း လာချ​ပေး​လေပြီ။

ကုံးရင့်ရှန် မျက်​မှောင်ကြုတ်သွားလျက်

" ခင်များ အကုန်စားမှာလား? "

" ဘာကိုတုန်း? "

ရန်ရိ နှုတ်ခမ်းသပ်လိုက်ပြီး သူ့လက်အိတ်ကိုစွပ်ကာ ​ကျောက်ပုစွန် စနွှာလိုက်၍ ​ပြောလည်း ​ပြော​သေးသည်။

" ဝိုး ပူ​နေတာပဲ  "

မစားရ​သေး​သော လှလှပပ တစ်​ကောင်ကို အခွံနွှာလိုက်ပြီး ရန်ရိ ထိုအသားကိုကိုင်ကာ ကုံးရင့်ရှန် မျက်နှာ​ရှေ့ လှုပ်ရမ်းပြလိုက်ရင်း။

" တကယ်မစားဘူး​ပေါ့? "

ကုံးရင့်ရှန် အကြည့်လွှဲလိုက်ကာ

" စားစမ်းပါ "

ရန်ရိ သူ့ပါးစပ်ထဲသူထည့်ကာ ချီးမွမ်းလိုက်သည်။

" အရသာရှိတာကွာ "

ကုံးရင့်ရှန် ရန်ရိကို တိတ်တဆိတ်ကြည့်ကာ သူဘယ်လိုလုပ်များ အရမ်းအရသာရှိ​ရှိစားနေနိုင်တာလဲ? လို့​​တွေးမိလိုက်သည်။

" ​ဒေါက်တာကုံး မင်းအပြင်မှာထွက်မစားဘူးလည်း​ပြောတယ် ပူတဲ့အစာ​တွေမစားဘူးလို့လဲ​ပြောတယ်

မင်းစားနိုင်တာ နည်းနည်း​လေးပဲရှိ​တော့တယ် မလား? "

ရန်ရိ ​ပြောလိုက်သည်။

" ငါဒါ​တွေစား​နေတာ ကျန်းမာ​ရေးနဲ့မညီဘူးလို့ မင်းထင်​​ကောင်းထင်နေလိမ့်မယ် ငါလည်း မင်းအဲ့ဒီ့​အေးစက်စက် အစားအစာ​တွေပဲ တစ်​နေကုန်စား​နေတာ ကျန်းမာ​ရေးနဲ့မညီဘူးလို့ထင်တယ် "

" ကျွန်​တော်က အရမ်းပူတာ​တွေမစားရုံပဲ ​နွေးတာ​တွေ​တော့စားတယ် ကျွန်​တော့် ဓါတ်စာက ညီမျှပြီးသား "

ကုံးရင့်ရှန် ​အေးစက်စက်နှာမှုတ်လိုက်ကာ

" ပြီး​တော့ သန့်ရှင်းတယ် "

ရန်ရိ ပြုံးမိသွားပြီး

" မင်း ​နေရတာ မငြီး​ငွေ့ဘူးလား? "

" ​အေးချမ်းတာက အသက်ရှင်ခြင်းရဲ့ အ​ကောင်းဆုံးအဓိပ္ပါယ်မဟုတ်ဘူး "

" ​ကောင်းပါပြီ ​ကောင်းပါပြီ "

ရန်ရိ သူ့​ခွက်ကို ​မြှောက်လိုက်ရင်း

" လုပ်ပါ တစ်ခု​လောက်တော့ထိ​လေ? မင်းအမြဲ ​ရေ​သောက်​တယ်မလား? "

သူ ကုံးရင့်ရှန်အ​ရှေ့က ​ရေသန့်ဗူးကို ညွှန်ပြလိုက်သည်။

ကုံးရင့်ရှန် တုံ့ဆိုင်း​နေပြီးမှ ​ရေဗူးကိုဖွင့်ကာ ရန်ရိနှင့် ခွက်ချင်းတိုက်လိုက်သည်။

" ဒီတစ်ခွက်က ငါတို့ရဲ့​ပျော်စရာပူး​ပေါင်းမှုအတွက် ဂုဏ်ပြုတာ​ပေါ့ အနာဂတ်မှာလည်း ​အောင်မြင်ပါ​စေ ငါဆု​တောင်းတယ် "

ပလက်စတစ်ခွက် နှစ်ခုထိခတ်သွားရာ တိုးညင်း​သောအသံပဲထွက်လာ​သော်လည်း သူတို့နှစ်​ယောက်လုံး အနည်းငယ် ရင်ထဲထိခတ်သွားသကဲ့သို့ခံစားကြရသည်။

သူတို့ရဲ့ 'ပူး​ပေါင်းမှု' က မ​ကောင်းမှုကိုနှိမ်နင်းကာ ကောင်းမှုကို​ထောက်ပံ့ကူညီရန်ဖြစ်သည်။

တရားမျှတဖို့ရာ သူတို့​အောင်နိုင်ရမည်။

တစ်​ယောက်က,စားရင်း တစ်​ယောက်ကကြည့်​ရင်း ၊

ထူးခြား​သော စားပွဲ​လေးတစ်ပွဲဖြင့်၊

မ​မျှော်လင့်ဘဲ လိုက်ဖက်ညီ​နေ​တော့သည်။

=========================

Ohhhhh

I'm so happy that I've done that vol.1

wow I can't believe it bec I am too lazy to update :3

I hope you can be here with me 'till the rest.

ကုံးရင့်ရှန်​လေးလည်း ဆိုင်​တောင်အတူထိုင်​ပေးနိုင်လာပြီ။

ကဲ ရင်းနှီးမှု​လေး ​နောက်တစ်ဆင့်ဆီသို့....

Volume 2 ( Anger ) Coming soon~

ဘယ်သူ့ရဲ့ anger များဖြစ်​နေမလဲ​နော် :3

​ကျောက်ပုစွန်ဟင်း

===============

[ Zawgyi ]

" နန္း​ေတာ္ဆိုတဲ့ ကုံး "

"ငါၾကားတာ​ေတာ့ သူ႔မိသားစုက ဓါတု​ေဗဒလုပ္ငန္း လုပ္တာတဲ့ "

" ၀မ္းကြဲမိသားစုက သူငယ္ငယ္​ေလးထဲက ဆုံးသြားၾကၿပီ "

" ကြၽန္​ေတာ္ မီးကို မုန္းတယ္ "

ရန္ရိ အင္တာနက္မွာ ေပါင္ရွန္း chemical plant ​ေပါက္ကြဲမႈအ​ေၾကာင္းရွာၾကည့္​ေတာ့ သူၾကားခဲ့ရ​ေသာ စကားလုံးမ်ား သူ႔စိတ္ထဲ​လြင့္​ေျမာ​လာလ်က္။

ထိုအခ်ိန္က အင္တာနက္သည္လည္း သိပ္မတိုးတက္​ေသး​ေတာ့ ​ရွာႏိုင္တဲ့ အခ်က္အလက္မ်ားမ်ားစားစားမရွိ​ေပ။

သို႔​ေသာ္လည္း မ​ေတာ္တဆမႈႀကီး၏ လႈပ္ခတ္မႈႏွင့္ ​ေၾကာက္မက္ဖြယ္ရာျမင္ကြင္းကို ျပဖို႔ရာလုံ​ေလာက္​ေပသည္။

တကယ္​ေတာ့ ရန္ရိ အင္တာနက္မွာ​ေတာင္ ရွာစရာမလို၊

ထိုႏွစ္ကအျဖစ္အပ်က္ကို သူကိုယ္တိုင္ ေတြ႕ႀကဳံခဲ့ဖူးၿပီး ​ေကာ္လိပ္မွာလည္း ထိုအမႈကို ခြဲျခမ္းစိတ္ျဖာခဲ့ရ​ေသးသည္။

ဒါ​ေပမယ့္ အခု​ေတာ့ သူအရင္က အာ႐ုံမထားခဲ့တဲ့ ရႈ​ေထာင့္က​ေန နားလည္ဖို႔လိုလာၿပီ။

အခ်ိဳ႕အခ်က္အလက္​ေတြ အတည္ျပဳၿပီး​ေနာက္ ရန္ရိ ဖုခိုင္ကို ​ဖုန္းေခၚလိုက္ၿပီး ပိုင္ဆိုင္မႈအခ်က္အလက္ကိုစစ္​ေပးဖို႔ ​အကူအညီ​ေတာင္းလိုက္သည္။

ဖုခိုင္ရဲ႕ အ​ေၾကာင္းျပန္ခ်က္က ရန္ရိရဲ႕ ထင္​ေၾကးကို အတည္ျပဳလိုက္​ေလ​ေတာ့၏။

ကုံးမင္ယြီ, လြန္ခဲ့တဲ့ ၁၈ ႏွစ္က​ေပါက္ကြဲသြားခဲ့​ေသာ ​ေပါင္ရွန္း chemical plant group ရဲ႕  chair man က ကုံးရွင့္ရွန္ရဲ႕ အ​ေဖျဖစ္သည္။

႐ုတ္တရက္ ' ကြၽန္​ေတာ္ မီးကို မုန္းတယ္ ' ဆိုသည့္ စကားကို​ေျပာ​ေန​ေသာ ကုံးရင့္ရွန္ရဲ႕ေအးစက္စက္ ​ေယာက္်ားဆန္​သည့္ အသံက ရန္ရိ စိတ္ထဲ ထပ္ခါ ထပ္ခါ ပဲ့တင္ထပ္လာ၏။

ထိုအခ်ိန္က သူထင္ခဲ့သည္မွာ ကုံးရင့္ရွန္က သူ႔ကိုတမင္တကာ စိတ္တို​ေအာင္ လုပ္​ေနသည္ဟူ၍။

အခု​ေတာ့ ထို႐ိုး႐ိုးရွင္းရွင္းစကားလုံး​ေလး​ေတြ ​ေနာက္ကြယ္က ရင့္နင့္ဖြယ္ရာအျဖစ္အပ်က္အ​ေနသို႔​ ေျပာင္းလဲသြားလ်က္။

​ေျခာက္ႏွစ္သားအ႐ြယ္ပဲရွိ​ေသးတဲ့ က​ေလးတစ္​ေယာက္က ညတြင္းခ်င္းပဲ သူ႔​ေနအိမ္နဲ႔ မိသားစုကိုဆုံးရႈံးသြားရတာတင္မက အဲ့လို​ေၾကကြဲစရာအျဖစ္ႀကီးလို ​ေျပာင္းလဲမႈမ်ိဳး လူဘယ္​ေလာက္ကမ်ား ​ေတာင့္ခံႏိုင္လိမ့္မလဲ?

သူဒီလိုပုံမ်ိဳးျဖစ္လာခဲ့ၿပီ အရာအားလုံးက ကံစီမံရာသာ။

ရန္ရိ အရမ္းစိတ္မခ်မ္းမသာခံစားရသည္။

သူမီး​ေလာင္မႈအမ်ားႀကီးႀကဳံ​ေတြ႕ခဲ့ဖူးၿပီး မီး​ေလာင္​မႈ​ေတြက လူ​ေတြကိုဘယ္လိုဆုံးရႈံးမႈ​ေတြ ခ်န္ရစ္ထားခဲ့လဲဆိုတာ သူသိသည္။

႐ုပ္ပိုင္းဆိုင္ရာအတြက္ျဖစ္ျဖစ္ စိတ္ပိုင္းဆိုင္ရာအတြက္ျဖစ္ျဖစ္ မီး​ေလာင္ကြၽမ္းၿပီးသားအရာ​ေတြ နဂိုအတိုင္းျပန္မျဖစ္ႏိုင္သလိုပဲ ဆုံးရႈံးမႈ​ေတြကလည္း ဘ၀နဲ႔ခ်ီကာႀကီးမားလွ၏။

ဘယ္လို စိတ္နဲ႔မ်ား ကုံးရင့္ရွန္တစ္​ေယာက္ ရဲအရာရွိလုပ္ၿပီး မီးရႈိ႕မႈ​ေတြစုံစမ္း​ေနႏိုင္တာလဲ?

မီး​ေလာင္ၿပီးလို႔ က်န္တဲ့အပ်က္အစီးပုံ​ေတြၾကား ၀င္စစ္​ေဆးရတဲ့အခါ သူ႔စိတ္ထဲ ဘာ​ေတြမ်ားရွိ​ေနမလဲ?

အဲ့တာက....အဲ့တာက အတိတ္ကို ထပ္ခါ ထပ္ခါ ျပန္သတိရ​ဖို႔ ဖိအား​ေပး​ေနတာပဲမလား?

ရန္ရိ ထိုအ​ေၾကာင္းကို ဆက္မ​ေတြးရဲ​ေတာ့​ေပ။

သူ႔ရင္​ေတြမြန္းၾကပ္လာၿပီး ႏွဖူးသား​ေတြလည္း တြန္႔ရႈံ႕လာ​ေလၿပီ။

သူ႔အ​ေဖ ကယ္ဆယ္​ေရးအတြက္ chemical plant ႀကီးထဲမွာ ၇ညနဲ႔ ၈ရက္လုံးလုံး ပိတ္မိ​ေနခဲ့စဥ္ကတည္းက၊ သူ႔အ​ေဖ ကုံးရင့္ရွန္ကိုမီးထဲက​ေန ကယ္ဆယ္​ေပးခဲ့စဥ္ကတည္းက၊ လူ​ခ်င္းေတြ႕ၿပီး ႏွစ္​ေယာက္အတူ စုံစမ္းစစ္​ေဆးၾကကတည္းက သူတို႔​ေတြ အတူ​ေတြ႕ဆုံႀကဳံ​ေတြ႕ၾကဖို႔ ကံတရားပါလာတာမ်ိဳးျဖစ္ႏိုင္သည္။

က​ေလးဘ၀ကတည္း မီးသတ္သမားျဖစ္လာဖို႔ ဆုံးျဖတ္ထားၿပီးသား သူတစ္​ေယာက္အ​ေနျဖင့္ ရန္ရိ ' ကယ္တင္ျခင္း ' ဆိုတဲ့တာ၀န္နဲ႔အတူ​ေမြးဖြားလာခဲ့ရတယ္။

ကုံးရင့္ရွန္အတြက္​ေတာ့ သူမီးရႈိ႕မႈစုံစမ္း​ေရး​ေတြမွာပူး​ေပါင္းတာက သူ႔အတြက္ကယ္ဆယ္ျခင္းလည္းျဖစ္သလို သူတို႔ႏွစ္​ေယာက္ကံဆုံစည္းဖို႔အတြက္လည္း အဓိပၸါယ္ျပည့္စုံသည္။

ဥပမာအ​ေနျဖင့္ စစ္ရွစ္​ေက်ာင္မီး​ေလာင္မ်ိဳးမွာ​ေပါ့။

ရန္ရိ သူ႔ဖုန္းကိုထုတ္ကာ ကုံးရင့္ရွန္သူ႔ကိုပို႔ခဲ့​ေသာ စာကို တိတ္တဆိတ္ၾကည့္လိုက္၏။

{ ​ေက်းဇူး }

သူ ကုံးရင့္ရွန္ကို ဖုန္း​ေခၚလိုက္သည္။

ဖုန္းလိုင္းခ်ိတ္ဆက္မိသြားၿပီးေနာက္ ရန္ရိ တိုးဖြစြာျဖင့္ :

" မင္းဘယ္မွာလဲ? "

" ဌာနမွာ၊ ဘာျဖစ္လို႔လဲ? "

" ငါမင္းနဲ႔ လူခ်င္း​ေတြ႕ၿပီး ​ေျပာစရာရွိတယ္ "

" ကြၽန္​ေတာ္ ခဏ​ေနအိမ္ျပန္​ေတာ့မွာ "

" ငါ့ကို​ေစာင့္​ေန အခုပဲလာမယ္ အရမ္းနီးတယ္ "

ကုံးရင့္ရွန္ တြန္႔ဆုတ္​ေနၿပီးမွ

" ကားပါကင္မွာ​ေတြ႕မယ္ "

ရန္ရိ သူ႔အ​ေဖကို ႏႈတ္ဆက္ၿပီး ​ေအာက္ဆင္းကာ ဟုန္းဝူဌာနခြဲသို႔ ​ေမာင္းသြားလိုက္သည္။

​ေျမ​ေအာက္ ကားပါကင္ကို​ေရာက္​ေတာ့ ၀င္၀င္ခ်င္း ရန္ရိ Wrangler ကားတံခါးပြင့္​ေနတာကို​ေတြ႕လိုက္ရၿပီး ကုံးရင့္ရွန္႔က​ေတာ့ ကားထဲမွာထိုင္ကာ ဖိုင္တြဲ​ေတြၾကည့္​ေနသည္။

ရန္ရိ ကားထဲကထြက္လိုက္၏။

ကုံးရင့္ရွန္ သူ႔ကို​ေခါင္း​ေမာ့ၾကည့္လာၿပီး ဖိုင္ကိုခ်ကာ ကားထဲကထြက္လာသည္။

" တစ္ခုခုျဖစ္လို႔လား? "

ရန္ရိ အသက္၀၀ရႉလိုက္ကာ

" ​ေဒါက္တာကုံး ငါတို႔လက္​ေလွ်ာ့လို႔မရ​ေသးဘူး "

ကုံးရင့္ရွန္ မ်က္​ေမွာင္ၾကဳတ္သြားၿပီး မ်က္လုံးထဲမွာ​ေတာ့ နားမလည္ႏိုင္တဲ့ အ​ေတြးရိပ္မ်ား ျဖတ္​ေျပးသြားသည္။

" စစ္ရွစ္​ေက်ာင္ မီး​ေလာင္မႈ​မွာ ခိုင့္၀မ္က ႀကံရာပါဆိုတာ မ​ေဖာ္ထုတ္ႏိုင္ရင္​ေတာင္ ငါတို႔ဒီလို​ေတာ့ လက္ေလွ်ာ့ပစ္လို႔မရဘူး လူ​ေတြအမ်ားႀကီး​ေသ​ေအာင္ မီးရႈိ႕သတ္တဲ့ ဘယ္တရားခံကိုမဆို ငါတို႔လႊတ္​ေပးလို႔မျဖစ္ဘူး "

ရန္ရိ ရင္ဘတ္က တသိမ့္သိမ့္တုန္​ေနလ်က္။

" အဲ့တာမွ မင္းက ရဲအရာရွိတစ္​ေယာက္လို႔ ဆိုလိုတာမလား? "

ကုံးရင့္ရွန္ မ်က္လုံးမ်ား ​ေမွးစင္းသြားသည္။

" ခင္မ်ားဘာကို​ေျပာ​ေနတာလဲ? "

" ငါမင္းကို ဘာလို႔ ရဲအရာရွိလုပ္လဲလို႔​ေမး​ေပမယ့္ မင္းမ​ေျဖဘူး ဒါ​ေပမယ့္ ရဲတစ္​ေယာက္ဆိုတာက တိုက္ခိုက္ႏွိမ္နင္းတာနဲ႔ ​ေစာင့္ၾကည့္စစ္​ေဆးတာပဲလုပ္တာမွမဟုတ္တာ? "

ရန္ရိ ကုံးရင့္ရွန္ကို နင့္နင့္နဲနဲ စိုက္ၾကည့္လိုက္ၿပီး

" အလိုလိုအသိစိတ္ရယ္ မွန္းဆခ်က္ေတြရယ္က ဥပ​ေဒနဲ႔မညီ​ေပမယ့္ ငါတို႔ဆက္​ေစာင့္ၾကည့္ဖို႔ အ​ေၾကာင္းရင္း​ေတာ့ျဖစ္ႏိုင္တာပဲ "

ကုံးရင့္ရွန္ ႏႈတ္ခမ္းကို​တင္းတင္းေစ့ထားသည္။

" ခင္မ်ားအလုပ္ကၿပီးသြားၿပီ က်န္တာ​ေတြအတြက္ စိတ္မပူပါနဲ႔ "

" မင္းတကယ္ပဲဒီလို လက္​ေလွ်ာ့လိုက္​ေတာ့မလို႔လား? တကယ္လို႔အမႈပိတ္သြားရင္​ေတာင္ ငါတို႔သက္​ေသအသစ္ရွာႏိုင္သ​ေ႐ြ႕​ေတာ့ သူ(မ)ကို စြပ္စြဲထားလို႔ရ​ေသးတာပဲ မင္းမီးရႈိ႕သမားကိုလႊတ္​ေပးခ်င္လို႔လား! "

" အဲ့တာ ခင္မ်ားနဲ႔မဆိုင္ဘူး ျပန္​ေတာ့ "

ကုံးရင့္ရွန္ ​ေနာက္လွည့္ကာ ကားထဲ၀င္​ေတာ့မည့္ဆဲဆဲ။

ရန္ရိ ​ေျခလွမ္းလိုက္ကာ ကုံးရင့္ရွန္ ပခုံးကိုလွမ္းဆြဲလိုက္၏။

ကုံးရင့္ရွန္ မ်က္လုံးမ်ား အ​ေရာင္လက္သြားလ်က္ ႐ုတ္တရက္ ကိုင္းၫႊတ္လိုက္ၿပီး ကိုယ္ကိုလွည့္လိုက္ကာ ရန္ရိလက္​ေကာက္၀တ္ကို သူ႔လက္တစ္ဖက္တည္းျဖင့္ တင္းတင္းဆုပ္ကိုင္လိုက္သည္။

မ်က္စိတစ္မွိတ္အတြင္းမွာပဲ သူက ရန္ရိ ​ေက်ာ​ေနာက္ဘက္ကိုပင္​ေရာက္​ေန​ေခ်ၿပီ။

ဆတ္ခနဲရန္ရိ ပခုံးကိုဆြဲလွည့္လိုက္ၿပီး လူကိုကားမွာကပ္လိုက္သည္။

ရန္ရိ နာနာက်င္က်င္​ေအာ္ကာ ျပင္းျပင္းထန္ထန္ ႐ုန္း​ေသာ္လည္း ကုံးရင့္ရွန္အားက ေၾကာက္မက္ဖြယ္အတိ။

သူ႔ကိုခ်ဳပ္ထားတဲ့လက္က လႈပ္​ေတာင္လႈပ္မသြား​ေပ။

ဒီလို တင့္တယ္ၿပီး ျမင့္ျမတ္တဲ့ကုံးရင့္ရွန္ရဲ႕ ပုံပန္းသြင္ျပင္​ေလးနဲ႔ ၾကမ္းတမ္းတဲ့အားအင္မ်ိဳး ရွိမယ္လို႔ သူဘယ္လိုမွစိတ္ကူးမရ။

သူဆဲ​ေရးလိုက္လ်က္။

" ​ေသစမ္းကြာ မင္းငါ့ကိုလႊတ္ "

ကုံးရင့္ရွန္ ရန္ရိနား, နားကပ္ကာ ​ေအးစက္စက္​ေျပာသည္။

" ကြၽန္​ေတာ့္ကို သူလိုငါလို လာမထိနဲ႔လို႔ ​ေျပာထားသားပဲ "

သူလက္လႊတ္​ေပးလိုက္ၿပီး ​ေျခလွမ္းျပန္ဆုတ္ကာ ​ေခါင္းငုံ႔လ်က္ အ၀တ္အစား​ေတြျပန္ျဖန္႔​ေနသည္။

ရန္ရိ နာ​ေနသည့္လက္​ေကာက္၀တ္ကို ခါလိုက္ၿပီး

စိတ္ဆိုးမလို႔ပင္ရွိ​ေသး ကုံးရင့္ရွန္ငယ္ဘ၀ကိုျပန္​ေတြးမိသြားကာ ျပန္​ႏူးညံ့သြားၿပီး ႏွာ​ဖြဖြမႈတ္လိုက္သည္။

" ငါကမင္းလို အသိပညာမရွိလို႔ပါ သိပါၿပီ .....ဘာပဲျဖစ္ျဖစ္ စစ္ၾကည့္လိုက္ဦး "

ကုံးရင့္ရွန္ ယာဥ္​ေမာင္းထိုင္ခုံက အခ်က္အလက္ဖိုင္ကို ယူလိုက္ၿပီး ရန္ရိကို​ေပးလာသည္။

ရန္ရိ လွန္​ေလွာၾကည့္လိုက္​ေတာ့ ခိုင့္၀မ္တို႔သားအဖႏွစ္​ေယာက္နဲ႔ အျခားအဆက္အသြယ္​ေတြကို စုံစမ္းထားတာျဖစ္​ေနၿပီး လြန္ခဲ့သည့္ႏွစ္မ်ားက အခ်က္အလက္​ေတြပင္ သူ႔မွာရွိ​ေသး၏။

ရန္ရိ အရမ္း၀မ္းသာသြားကာ

" မင္း လက္မ​ေလွ်ာ့​ေသးမွန္း သိသားပဲ "

ကုံးရင့္ရွန္ ​ေျပာသည္။

" ခင္မ်ားက ရဲမဟုတ္ဘူး ခင္မ်ားတာ၀န္ကလည္းၿပီးၿပီ ​ေနာက္ထပ္၀င္ပါဖို႔မလို​ေတာ့ဘူး "

" ​ေနာက္တာပါကြာ ငါလည္းအမ်ားႀကီး၀င္ပါၿပီးေနပါၿပီ မင္းပဲဆက္လုပ္လို႔ရတယ္ ငါကမီးၿငိမ္းသတ္တယ္ လူ​ေတြအမ်ားႀကီးကိုလည္းကယ္တယ္ ငါက နစ္နာသူ​ေတြနဲ႔ သူတို႔မိသားစု​ေတြကို အ​ေျဖမွန္ရ​ေစခ်င္ၿပီး ယုတ္မာတဲ့သူ​ေတြကို​ေတာ့ သူတို႔ခံထိုက္တဲ့အျပစ္ကို ခံရ​ေစခ်င္႐ုံသက္သက္ပါ

​ေနာက္ၿပီး​ေတာ့ ဌာနခြဲက ပိတ္ၿပီးသားအမႈအတြက္​ေတာ့ မင္းကိုလူအင္အား​ေပးမွာမဟုတ္ဘူး မင္းကူညီ​ေပးမယ့္သူမလိုဘူးလား? "

ကုံးရင့္ရွန္ ရန္ရိကို တည့္တည့္စိုက္ၾကည့္​ေနလ်က္

" ခင္မ်ား တကယ္ ကူညီခ်င္တာလား? "

" မဟုတ္ရင္ ငါမင္းဆီကို ညတြင္းခ်င္း​ေရာက္လာပါ့မလား? ငါ့ရဲ႕ ကိုယ္ပိုင္အားလပ္ခ်ိန္​ေတြကို မင္းကိုကူညီဖို႔သုံးလိုက္မယ္ မင္း​ေက်းဇူးမတင္ဘူးလား? "

ရန္ရိ သူ႔လက္ကိုခါလိုက္ကာ

" အလုပ္ကရတဲ့ ဒဏ္ရာပဲကြာ "

ကုံးရင့္ရွန္ တစ္ခဏ​ေလာက္ တိတ္​ေနၿပီး

" အို​ေက ကြၽန္​ေတာ္လိုအပ္ရင္ ခင္မ်ားကိုရွာလိုက္မယ္ "

ရန္ရိ ႏႈတ္ခမ္းသားမ်ား တြန္႔​ေကြးသြားသည္။

" မင္းအခုဘာ​ေျပာသင့္တာလဲ? "

" ဘာ​ေျပာရမွာလဲ? "

ရန္ရိ သူ႔ဖုန္းကိုလႈပ္ရမ္း ျပလိုက္လ်က္

" အဲ့စကားႏွစ္လုံး မင္းစာက်ပို႔ႏိုင္ၿပီး​ေတာ့ လူ​ေတြ႕က်​ေတာ့မ​ေျပာႏိုင္ဘူး​ေပါ့ "

ကုံးရင့္ရွန္ မ်က္​ေစာင္းထိုးလိုက္ၿပီး

" လမ္းဖယ္​ေပး "

" မဖယ္ဘူး အဲ့စကားႏွစ္ခြန္းပဲ "

ကုံးရင့္ရွန္ ကားထဲ၀င္ကာ တံခါးပိတ္လိုက္သည္။

ရန္ရိ ​ေနာက္ၾကည့္မွန္ကို ဆြဲထားလိုက္ရင္း ကားမွန္ကို​ေခါက္လိုက္၏။

ကုံးရင့္ရွန္ ကားမွန္ခ်လိုက္ၿပီး ​ေစာင္းငဲ့ၾကည့္လာသည္။

ရန္ရိ က ၿပဳံးလ်က္

" ရပါတယ္ဗ်ာ " [ ​ေက်းဇူးဆိုတဲ့ စကားႏွစ္ခြန္းအတြက္ ]

ကုံးရင့္ရွန္ အံ့ၾသကာ​ေတာင့္သြားရၿပီး ရန္ရိရဲ႕ ​​ေပ်ာ္႐ႊင္ေတာက္ပ​ေန​ေသာမ်က္၀န္းမ်ားကို မ်က္​ေတာင္မခတ္တမ္းစိုက္ၾကည့္ကာ ခဏတျဖဳတ္ အိပ္​ေမြ႕ခ်ခံလိုက္ရသလိုျဖစ္သြားသည္။

" ဒါ​ေပမယ့္ မင္းအလုပ္က ရတဲ့ဒဏ္ရာအတြက္​ေတာ့​ေပးရမယ္ ငါ့ကိုညစာ၀ယ္​ေကြၽးပါ "

" ခင္မ်ား ဦး​ေႏွာက္ညာဏ္မ​ေကာင္းတာလား? ကြၽန္​ေတာ္ အျခားလူ​ေတြနဲ႔အစာမစားဘူး "

" ဘာကို အသန္႔ႀကိဳက္​ေန​ေသးတာတုန္း? မင္းငါနဲ႔ႏွစ္ခါ​ေတာင္ အတူစားခဲ့ၿပီၿပီကို တစ္​ေခါက္က မင္းကားထဲမွာ တစ္​ေခါက္က မင္းအိမ္မွာ "

ရန္ရိ ​ေျပာလိုက္သည္။

" မင္းက လူခ်င္း​ေတြ႕ၿပီး ​ေက်းဇူးတင္ရမွာကို ရွက္​ေနတာပဲ ငါနဲ႔အတူစားတာကက်င့္၀တ္နဲ႔အညီပါတယ္ကြာ မင္းမစားဘူးဆိုတာသိတယ္ ငါစားတာၾကည့္​ေန​လို႔ရတာပဲကို "

ကုံးရင့္ရွန္ သူ႔နာရီကိုၾကည့္ကာ တုန္႔ဆိုင္း​ေနသည္။

" မင္းဘာစုံစမ္းထားလဲပဲ​ေျပာျပ "

ရန္ရိ ၿပဳံးလိုက္ရင္း

" ဒီနားမွာ ​ေက်ာက္ပုစြန္ဆိုင္ရွိတယ္ အရမ္းအရသာရွိတာ ဒါ​ေပမယ့္​ေစ်းႀကီးလို႔ ပုံမွန္ဆိုမစားႏိုင္ဘူး မင္း၀ယ္​ေႂကြးရင္​ေတာ့ ​ေပ်ာ္​ေပ်ာ္ႀကီးစားရ​ေသးတာ​ေပါ့ "

ကုံးရင့္ရွန္ ကားမွန္ျပန္တင္လိုက္ရင္း စကားတစ္​ေၾကာင္း​ေျပာလာသည္။

" ကြၽန္​ေတာ့္ဖုန္းကို ဆိုင္နာမည္ပို႔လိုက္ "

=========

ကုံးရင့္ရွန္က စား​ေသာက္ဆိုင္ကို ရန္ရိထက္​ေျခတစ္လွမ္း​ေစာၿပီး​ေရာက္​ေနကာ ဆိုင္​ေရွ႕အ​ေပါစား နီယြန္မီး​ေရာင္​ေအာက္တြင္ရပ္​ေနလ်က္။

သူ႔မ်က္ႏွာက ျဖဴဖပ္ျဖဴ​ေလ်ာ္ျဖစ္​ေန၍ ​ေျခ​ေထာက္​ေတြက အျမစ္တြယ္​ေနသလို မလႈပ္မရွပ္ရွိေန၏။

ရန္ရိ ကားထဲကထြက္ရာ ကုံးရင့္ရွန္ တံခါး၀မွာတင္ ကပ္​ေနမွန္း​ေတြ႕လိုက္ရသည္။

" မင္းဘာလို႔အထဲမ၀င္တာလဲ? အထဲမွာ ​ေလ​ေအး​ေပးစက္ရွိတယ္ "

" ညစ္ပတ္လို႔ "

ကုံးရင့္ရွန္ ရန္ရိကိုစူးစိုက္ၾကည့္​လိုက္ၿပီး

" ခင္မ်ား ဒီလို​ေနရာမ်ိဳးမွာ စားမွျဖစ္မွာလား? "

" ငါ​ေျပာတယ္ အရသာရွိတယ္လို႔ သခင္​ေလးရယ္ မင္း လူ​ေတြရဲ႕ အမူအက်င့္နည္းနည္း​ေလာက္​ေတာ့ လုပ္ႏိုင္ပါတယ္ကြာ မင္းတစ္ခါမွ စား​ေသာက္ဆိုင္မွာ မစားဖူးဘူးလား? "

" ဒီလိုမ်ိဳး ညစ္ပတ္တဲ့စား​ေသာက္ဆိုင္မွာ တစ္ခါမွမစားဘူး "

" မင္းဘာမွမစားလည္းရတယ္ အထဲ၀င္ၿပီး ငါနဲ႔အတူထိုင္​ေလ "

ကုံးရင့္ရွန္ အံႀကိတ္ကာ ဆုံးျဖတ္ခ်က္အမ်ားႀကီးခ်​ေနရသည့္ပုံ​ေပၚလ်က္ သူ႔ကားဆီသို႔ျပန္လွည့္သြားသည္။

" မင္းတကယ္ကို ျပန္ခ်င္​ေနတာပဲ "

ရန္ရိ ​ေလွာင္​ေထ့ၿပဳံးလိုက္ၿပီး :

" ဘာမွမ႐ိုးသားျပတာ ​ေက်းဇူးတင္ပါတယ္​ေနာ္ "

ကုံးရင့္ရွန္ ကား​ေမာင္းမထြက္သြား၊

သို႔​ေသာ္ ကားခန္းကိုဖြင့္ကာ စားပြဲတင္အ၀တ္ႏွင့္ ပိုးသတ္​ေဆးဘူးကိုထုတ္ယူလိုက္သည္။

ရန္ရိ ၿပဳံးလိုက္ရင္း

" မင္းအမႈစုံစမ္းရင္​ေတာ့ အရမ္းသိကၡါ မ​ေစာင့္ထိန္း​ေတာ့ဘူးပဲ "

" ဒါအတင္းလုပ္ယူထားတာ "

ကုံးရင့္ရွန္ ရန္ရိကို ထပ္မံစိုက္ၾကည့္လိုက္ကာ အသက္ကို ၀၀ ရႉၿပီး​ေနာက္ ​ဆိုင္ထဲေလွ်ာက္၀င္သြား​ေတာ့၏။

သူတို႔အခ်ိန္ကိုက္​ေရာက္လာျခင္းျဖစ္သည္။

ညစာစားခ်ိန္ကလည္း ​ေက်ာ္သြားၿပီျဖစ္ၿပီး ညလယ္စာခ်ိန္ကလည္း မ​ေရာက္​ေသး​ေပ။

လူလည္းသိပ္မမ်ားဘဲ ညစာအတြက္လည္း တန္းမစီရ​ေတာ့​။

ရန္ရိ စား​ေသာက္ခန္း မွာလိုက္သည္။

စား​ေသာက္ခန္းထဲ၀င္​ေတာ့ waiter ​ကပင္ဘာမွမ​ေျပာရ​ေသးခင္ ကုံးရင့္ရွန္ကစားပြဲတစ္ပတ္သြားလိုက္ကာ ျပတင္း​ေပါက္နားက ​ေနရာကိုယူလိုက္ၿပီး ပိုးသတ္​ေဆးဗူးကိုထုတ္ကာ စျဖန္း​ေတာ့၏။

တစ္ထိုင္တည္း ပိုးသတ္​ေဆးဗူးေသး​ေလးရဲ႕ တစ္၀က္​ေလာက္ကိုအကုန္သုံးလိုက္သည္။

waiter ​ေလးက အံ့အားသင့္​ေနလ်က္။

ရန္ရိ ​ေျပာလိုက္သည္။

" သူ႔ကို အာ႐ုံထားမ​ေနနဲ႔ ကိုယ္မွာမယ္ "

ပိုးသတ္​ေဆးရည္မ်ား ျဖန္းၿပီး​ ကုံးရင့္ရွန္ တစ္ခါသုံးစားပြဲခင္းမ်ားကို ထိုင္ခုံႏွင့္ စားပြဲ​ေပၚတြင္ အသီးသီးခင္းလိုက္ၿပီး​ေနာက္ ဂ႐ုတစိုက္ ထိုင္လိုက္သည္။

" ​ေဟး မင္းတကယ္မစားဘူးလား? အရမ္းအရသာရွိတာ "

ကုံးရင့္ရွန္ စိတ္ဆိုးဆိုးနဲ႔​ေျပာလာသည္။

" မစားဘူး "

" အဲ့တာ​ေတြ အရင္လုပ္​ေပးပါဗ် "

ရန္ရိ ကုံးရင့္ရွန္ ​ေဘးမွာထိုင္လိုက္ၿပီး ကုံးရင့္ရွန္ တင္းတင္းၾကပ္ၾကပ္ထိုင္ကာ ပတ္၀န္းက်င္ကို ​စူးစိုက္ၾကည့္ေနသည္အား ​ေငးၾကည့္​ေနရသည္မွာ သနားရၿပီး ​ေပ်ာ္စရာလည္း ေကာင္းသည္။

" လုပ္ အမႈအ​ေၾကာင္း ​ေျပာပါဦး "

ကုံးရင့္ရွန္ ရန္ရိကို သူစုံးစမ္းရသ​ေလာက္ အခ်က္အလက္​ေတြ မွ်​ေဝသည္။

အဓိကအားျဖင့္​ေတာ့ ရႈပ္​ေထြးတဲ့ဆက္ဆံေရး​ေတြျဖစ္သည့္ ခိုင့္၀မ္တို႔သားအဖကိစၥ၊ လတ္တ​ေလာရထားသည့္ သတင္းမ်ားပင္။

ထိုအရာမ်ားက သူတို႔ကို ပိုက္ဆံ​ေတြ ဒါမွမဟုတ္ သက္​ေသ​ေတြ တကယ္ရွိ မရွိ ရွာ​ေဖြႏိုင္ရန္ အ​ေထာက္အကူျဖစ္ႏိုင္သည္။

ႏွစ္​ေယာက္သား တစ္ခဏ​ေလာက္စကား​ေျပာ​ေနၾကၿပီး​ေနာက္ waiter က အရသာ​ေလးမ်ိဳးျဖင့္ ေက်ာက္ပုစြန္​ေလးပြဲကို တစ္ထိုင္တည္း လာခ်​ေပး​ေလၿပီ။

ကုံးရင့္ရွန္ မ်က္​ေမွာင္ၾကဳတ္သြားလ်က္

" ခင္မ်ား အကုန္စားမွာလား? "

" ဘာကိုတုန္း? "

ရန္ရိ ႏႈတ္ခမ္းသပ္လိုက္ၿပီး သူ႔လက္အိတ္ကိုစြပ္ကာ ​ေက်ာက္ပုစြန္ စႏႊာလိုက္၍ ​ေျပာလည္း ​ေျပာ​ေသးသည္။

" ဝိုး ပူ​ေနတာပဲ  "

မစားရ​ေသး​ေသာ လွလွပပ တစ္​ေကာင္ကို အခြံႏႊာလိုက္ၿပီး ရန္ရိ ထိုအသားကိုကိုင္ကာ ကုံးရင့္ရွန္ မ်က္ႏွာ​ေရွ႕ လႈပ္ရမ္းျပလိုက္ရင္း။

" တကယ္မစားဘူး​ေပါ့? "

ကုံးရင့္ရွန္ အၾကည့္လႊဲလိုက္ကာ

" စားစမ္းပါ "

ရန္ရိ သူ႔ပါးစပ္ထဲသူထည့္ကာ ခ်ီးမြမ္းလိုက္သည္။

" အရသာရွိတာကြာ "

ကုံးရင့္ရွန္ ရန္ရိကို တိတ္တဆိတ္ၾကည့္ကာ သူဘယ္လိုလုပ္မ်ား အရမ္းအရသာရွိ​ရွိစားေနႏိုင္တာလဲ? လို႔​​ေတြးမိလိုက္သည္။

" ​ေဒါက္တာကုံး မင္းအျပင္မွာထြက္မစားဘူးလည္း​ေျပာတယ္ ပူတဲ့အစာ​ေတြမစားဘူးလို႔လဲ​ေျပာတယ္

မင္းစားႏိုင္တာ နည္းနည္း​ေလးပဲရွိ​ေတာ့တယ္ မလား? "

ရန္ရိ ​ေျပာလိုက္သည္။

" ငါဒါ​ေတြစား​ေနတာ က်န္းမာ​ေရးနဲ႔မညီဘူးလို႔ မင္းထင္​​ေကာင္းထင္ေနလိမ့္မယ္ ငါလည္း မင္းအဲ့ဒီ့​ေအးစက္စက္ အစားအစာ​ေတြပဲ တစ္​ေနကုန္စား​ေနတာ က်န္းမာ​ေရးနဲ႔မညီဘူးလို႔ထင္တယ္ "

" ကြၽန္​ေတာ္က အရမ္းပူတာ​ေတြမစား႐ုံပဲ ​ေႏြးတာ​ေတြ​ေတာ့စားတယ္ ကြၽန္​ေတာ့္ ဓါတ္စာက ညီမွ်ၿပီးသား "

ကုံးရင့္ရွန္ ​ေအးစက္စက္ႏွာမႈတ္လိုက္ကာ

" ၿပီး​ေတာ့ သန္႔ရွင္းတယ္ "

ရန္ရိ ၿပဳံးမိသြားၿပီး

" မင္း ​ေနရတာ မၿငီး​ေငြ႕ဘူးလား? "

" ​ေအးခ်မ္းတာက အသက္ရွင္ျခင္းရဲ႕ အ​ေကာင္းဆုံးအဓိပၸါယ္မဟုတ္ဘူး "

" ​ေကာင္းပါၿပီ ​ေကာင္းပါၿပီ "

ရန္ရိ သူ႔​ခြက္ကို ​ေျမႇာက္လိုက္ရင္း

" လုပ္ပါ တစ္ခု​ေလာက္ေတာ့ထိ​ေလ? မင္းအၿမဲ ​ေရ​ေသာက္​တယ္မလား? "

သူ ကုံးရင့္ရွန္အ​ေရွ႕က ​ေရသန္႔ဗူးကို ၫႊန္ျပလိုက္သည္။

ကုံးရင့္ရွန္ တုံ႔ဆိုင္း​ေနၿပီးမွ ​ေရဗူးကိုဖြင့္ကာ ရန္ရိႏွင့္ ခြက္ခ်င္းတိုက္လိုက္သည္။

" ဒီတစ္ခြက္က ငါတို႔ရဲ႕​ေပ်ာ္စရာပူး​ေပါင္းမႈအတြက္ ဂုဏ္ျပဳတာ​ေပါ့ အနာဂတ္မွာလည္း ​ေအာင္ျမင္ပါ​ေစ ငါဆု​ေတာင္းတယ္ "

ပလက္စတစ္ခြက္ ႏွစ္ခုထိခတ္သြားရာ တိုးညင္း​ေသာအသံပဲထြက္လာ​ေသာ္လည္း သူတို႔ႏွစ္​ေယာက္လုံး အနည္းငယ္ ရင္ထဲထိခတ္သြားသကဲ့သို႔ခံစားၾကရသည္။

သူတို႔ရဲ႕ 'ပူး​ေပါင္းမႈ' က မ​ေကာင္းမႈကိုႏွိမ္နင္းကာ ေကာင္းမႈကို​ေထာက္ပံ့ကူညီရန္ျဖစ္သည္။

တရားမွ်တဖို႔ရာ သူတို႔​ေအာင္ႏိုင္ရမည္။

တစ္​ေယာက္က,စားရင္း တစ္​ေယာက္ကၾကည့္​ရင္း ၊

ထူးျခား​ေသာ စားပြဲ​ေလးတစ္ပြဲျဖင့္၊

မ​ေမွ်ာ္လင့္ဘဲ လိုက္ဖက္ညီ​ေန​ေတာ့သည္။

=========================

Ohhhhh

I'm so happy that I've done that vol.1

wow I can't believe it bec I am too lazy to update :3

I hope you can be here with me 'till the rest.

ကုံးရင့္ရွန္​ေလးလည္း ဆိုင္​ေတာင္အတူထိုင္​ေပးႏိုင္လာၿပီ။

ကဲ ရင္းႏွီးမႈ​ေလး ​ေနာက္တစ္ဆင့္ဆီသို႔....

Volume 2 ( Anger ) Coming soon~

ဘယ္သူ႔ရဲ႕ anger မ်ားျဖစ္​ေနမလဲ​ေနာ္ :3

​ေက်ာက္ပုစြန္ဟင္း