webnovel

အွန်လိုင်းကျင့်ကြံခြင်း

အွန်လိုင်းကျင့်ကြံခြင်း ဇာတ်လမ်းအကျဉ်း _____________________________________ ယွမ်က မွေးလာကတည်းက ကုသလို့မရနိုင်အောင် ဖျားနာခဲ့ပါတယ်။ အဲ့ဒါက သူကို ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မမြင် ဖြစ်စေပြီး နှစ်အနည်းငယ်အကြာမှာတော့ သူ့ဦးခေါင်း အောက်က ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး သုံးစားမရတော့ဘဲ ​မသန်မစွမ်းဖြစ်ခဲ့စေပါတယ်။ မျှော်လင့်မရှိတော့ဘူးလို့ယူဆပြီး သူ့မိဘတွေက သူ့အပေါ်အရှုံးပေးခဲ့ပြီး ကမ္ဘာကြီးကလည်း သူ့ကိုလျစ်လျူရှုထားပါတယ်။ မှောင်မိုက်ပြီးငြိမ်သက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ သူ့ညီမလေးကသာ သူအသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်လာပါတယ်။ ဒီလူငယ်လေးဟာ အွန်လိုင်းကျင့်ကြံခြင်းလို့ခေါ်တဲ့ အဆန်းသစ် ဆုံး VRMMORPG ဂိမ်းတစ်ခုမှာ ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး ဂျီးနီးယပ်စ်တစ်ယောက်အဖြစ် ကမ္ဘာနှစ်ခုလုံးမှာ ဒဏ္ဍရီတစ်ခုဖြစ်လာတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဝတ္ထုအမည် - Cultivation Online မူရင်းစာရေးဆရာ- MyLittleBrother Translator - LazYouth

VIntage20 · ゲーム
レビュー数が足りません
19 Chs

15

"အဲဒီအဆောက်အ ဦး က ငါ့လိုအပြင်စည်းတပည့်တွေအတွက် စားသောက်ဆိုင်တွေထားထားတဲ့ ဆိုင်တွေပဲ။ အတွင်းစည်းကတပည့်တွေကသီးခြားအဆောက်အ ဦး တစ်ခု မှာစားရတယ်။ " မိုကျိုး ကယွမ်ကို ဓားပျံဂိုဏ်းတစ်လျှောက်လှည့်လည်သွားလာစဉ် ရှင်းပြခဲ့သည်။

"အင်း ။ အင်း။ " ယွမ်သည်သူ၏ စိတ်လှုပ်ရှားစွာဖြင့်ခေါင်းညိတ်ပြသည်။

" ဒီနေရာကိုတွေ့လား။ ပွင့်ပွင့်လင်းလင်းပြောရရင်ဒီနေရာမှာ တပည့်တွေဟာ ဂိုဏ်းအကြီးအကဲတွေဆီကနေ တစ်ပတ်တစ်ကြိမ်ပို့ချချက်တွေ နားထောင်နိုင်တယ်။"

" ဒီအဆောက်အအုံကြီးကျတော့ တပည့်တော်များရဲ့ ဓားစွမ်းရည်တွေကို ထက်မြက်အောင် လေ့ကျင့်ပေးတဲ့နေရာပဲ" ဟုသူက အနည်းငယ်ကွာဝေးတဲ့ စေတီတစ်ခုကိုညွှန်ပြရင်းပြောကြားခဲ့သည်။

"ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ့ အဆောက်အဦတစ်ခုပဲ ... " ယွမ် က ကြော့ရှင်းသောမျှော်စင်ကိုတိတ်တဆိတ်လေ့လာခဲ့သည်။

"ငါအနီးကပ်ကြည့်ချင်လို့ အတွင်းထဲကို ၀င်လို့ရမယ်ထင်လား" မိုကျိုးသည် သူ့အားတောင်းပန်လိုသည့်သဘောဖြင့်ချက်ချင်းခေါင်းခါပြသည်။

"တာအိုရောင်ရင်းယွမ်ကို အားနာပါတယ်၊ ဒါပေမယ့် ဧ ည့်သည်တွေကို ဘယ်အဆောက်အ ဦး ထဲကိုမှ ၀င်ခွင့်မပြုဘူး။ "

"ချီပဲ ဘယ်လောက်တောင်ကပ်စေနှဲတဲ့ နေရာလဲ။ အရာရာကို ပိတ်ပင်ထားမယ်ဆိုရင် တပည့်အသစ်တွေကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာ။" ယွမ်သည်သနားသောစိတ်ဖြင့်ခေါင်းခါလိုက်သည်။

" အင်း…" မိုကျိုး ကသူ၏ ပြောဆိုချက်ကို မည်သို့ချေပရမည်ကိုမသိသောကြောင့် ခေါင်းငြိမ့်ပြလိုက်သည်၊၊ ပုံမှန်အားဖြင့်ဆိုရင် သူတို့ဟာ ဂိုဏ်းတစ်ဂိုဏ်းကို မ၀င်ရောက်ခင်အထိ ဘယ်သူကမှ ယွမ့်လိုမျိုး အလည်အပတ် သွားမကြည့်ကြပါဘူး။

"ထားလိုက်ပါတော့။" ယွမ်က ရုတ်တရက်ပြောလိုက်သည်။ "ဒီခရီးစဉ်ကို အတူတူဆက်လျှောက်ကြည့်တာပေါ့။ "

ယွမ်က ဒီအကြောင်းကို ဆက်မပြောတော့မှ မိုကျိုး ကသက်ပြင်းချကာ ပြောလိုက်သည်။

" ကောင်းပြီလေ၊ ဓားပျံဂိုဏ်းရဲ့ တပည့်တွေအတွက် ဒီဂိုဏ်းရဲ့အရေးအကြီးဆုံးအရာကို ငါပြမယ်။ "အိုး?" ယွမ်သည်သူ၏စကားကိုကြားလျှင် ၎င်းနေရာအကြောင်းကို ချက်ချင်းသိလိုခဲ့သည်။ မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက်သူတို့သည် ကျောက်တိုင်ကြီး သုံးခုရှေ့တွင် မတ်ရပ်နေကြသည်။

ကျောက်ပြားသုံးချပ်သည် ထောင့်မှန်စတုဂံပုံသဏ္ဌာန်ရှိပြီး သေလွန်သူများအတွက် အောက်မေ့သတိရဖွယ် နာမယ်များစွာကို အက္ခရာတင် ထွင်းထုထားသည်။ သို့သော် အခြားကျောက်ပြားနှစ်ချပ်လုံးနှင့်မတူဘဲ အလယ်ကျောက်တိုင်ပေါ်တွင် နာမည်အနည်းငယ်သာရှိပြီး ၎င်းတို့သည်ကျန်အမည်များထက်များစွာပိုမိုကြီးမားပြီး ပြတ်သားထင်ရှားသည်။

"ဒါကဘာလဲ။ သေလွန်သူတွေအတွက်အမှတ်တရ ကျောက်တိုင်လား?" ယွမ်သည်သူ၏ ပါးစပခကိုဟ၍ မစဉ်းစားဘဲမနေနိုင်အောင်ဖြစ်နေသည်။

"ဘ.."

မိုကျိုးကို ကြည့်ရတာကြောက်လန့်တကြား ဖြစ်သွားပုံရသည်။ ထို့နောက်သူသည်ပတ် ၀ န်းကျင်ကိုလှည့်ကြည့်ကာ သူ့စကားများကိုတစ်စုံတစ်ယောက်ကြားသွားလားဆိုတာ စစ်ဆေးနေသည်။ ထိုနေရာသည် ဗလာဖြစ်နေသည်ကို မြင်ပြီးနောက် မိုကျိုး၏ နောက်ထပ်သက်ပြင်းချသံကို ကြားလိုက်ရပြန်သည်။

"တာအိုရောင်ရင်းယွမ်၊ မင်းက ဂိုဏ်းတွေအကြောင်း မသိတာကို ငါသတိထားမိပေမဲ့၊ မင်းပြောလိုက်တာက ငါ့ကိုသာမကဒီဂိုဏ်းမှာရှိတဲ့ တပည့်တိုင်းကိုအလွန်စိတ်ထိခိုက်စေခဲ့တယ်" "ဘာဖြစ်လို့လဲ?" ယွမ့်ကိုကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံရသည်။

"ဒါဟာ သေလွန်သူတွေအတွက်အောက်မေ့စရာမဟုတ်ဘူး။ ဂိုဏ်းတစ်ခုလုံးအတွက် အဆင့်သတ်မှတ်ချက်ပါ။ ဤကျောက်တိုင်သုံးပါးမှာ ပါတဲ့အမည်တွေက ဂိုဏ်းအတွင်းကပါရမီရှင်တွေပဲ။ သူတို့က ဒီဂိုဏ်းမှာရှိတဲ့ ထောင်ပေါင်းများစွာသော တပည့်တော်တွေရဲ့လေးစားမှုကို ခံရတယ်။ မင်းရဲ့စကားလုံးတွေကို ကြားလိုက်ရတဲ့တပည့်တွေက မင်းကို ခုန်အုပ်ပြီး ဓားနဲ့ထိုးသတ်တော့မှာပဲ။ ဒီအဆင့်အတန်းကိုရောက်ဖို့ ချွေးနဲ့သွေးတွေ သွန်းလောင်းခဲ့တဲ့လူတွေကို အရမ်းမလေးစားရာကျတယ်။ "

" ဒ..ဒါအမှန်ပဲလား? ငါမသိခဲ့ဘူး ဒါပေမယ့်ရိုင်းစိုင်းစွာမှတ်ချက်ပေးမိတဲ့အတွက်တောင်းပန်ပါတယ် " ယွမ်ကစိတ်မကောင်းဖြစ်သည့် အသံဖြင့် တောင်းပန်လိုက်သည်။

သူက စိတ်ရင်းမှန်ဖြင့်တောင်းပန်စကားပြောသည်ကိုမြင်သောအခါ မိုကျိုး ကပြုံးရွှင်စွာပြောလိုက်သည်။

"ရပါတယ်။ မင်းဒီလိုပြောဖို့ မဆိုလိုဘူးဆိုတာကို ငါနားလည်ပါတယ်" ထို့နောက် သူသည်ကျောက်ပြားသုံးခုကို ပြန်လှည့်ကြည့်၍ " အလယ်တစ်ခု မှလွဲပြီး ကျောက်ပြားတိုင်းတွင်နာမည် ၄၄၅ ခုရှိတယ်။ အလယ်မှာတော့ ၁၀ ခုပဲရှိသည်။ စုစုပေါင်း နာမည်တစ်ရာအထိ ရေးထိုးထားတယ်။ ဒီနာမည်၁၀၀က ပျံသန်းဓားဂိုဏ်း အတွင်းရှိ အင်အားအကြီးဆုံးတပည့်တွေရဲ့နာမည်တွေပဲ။ ဂိုဏ်းခေါင်းဆောင်နဲ့ ဂိုဏ်းရဲ့အကြီးအကဲတွေရဲ့ နာမယ်တွေမပါဘူး။ ၎င်းတပည့်တွေအားလုံးက ဂိုဏ်းရဲ့ထောက်ခံမှုကို အပြည့်အ ၀ ရရှိပြီး ၎င်းတို့အား အရင်းအမြစ်များကို အပြည့်အ၀ အကန့်အသတ်မဲ့ခံစားခွင့်ပြုထားတယ်။ အလယ်ကျောက်ပြားပေါ်ရှိ လူများအားလုံးကို 'အဓိကတပည့်' တွေဆိုတဲ့ ခေါင်းစဉ်ပေးထားတယ်။ "

ကျောက်ပြားသုံးခုကိုကြည့်နေစဉ် မိုကျိုး ၏မျက်လုံးများက တောက်ပနေသည်။

"ကျုပ်အပါအ ၀ င် ဤဂိုဏ်းကတပည့်တိုင်းက ကျောက်ပြားပေါ်မှာ ကိုယ့်ရဲ့ကိုယ်ပိုင်အမည်ကို ချန်ထားလိုကြတယ်။"

မိုကျိုး​ရဲ့ စကားဆုံးတာနဲ့ရုတ်တရက် တတိယကျောက်ပြားပေါ်က နောက်ဆုံးနာမည်သည် ပျောက်ကွယ်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် အခြားနာမည်တစ်ခု ပေါ်လာသည်။ မိုကျိုးက ဒါကိုမြင်တော့သူ့မျက်လုံးတွေ တုန်ခါနေသည်။

"ကြည့်ကြည့်။ တစ်ယောက်ယောက်က ၁၀၀ မြောက်နာမည်ကို အစားထိုး၀င်ပြီ!"

"Eh? ကျောက်ပြားပေါ်ကနာမည်တွေက ဘယ်လိုပြောင်းလဲသွားတာလဲ။ သူတို့ကို ကေိာက်သားပေါ်မှာထွင်းထားတာ မဟုတ်ဘူးလား" ယွမ်သည် ဤအဖြစ်အပျက်နှင့် ပတ်သက်၍ ပိုမိုသိရှိလိုခဲ့သည်။ -

ကျောက်တိုင်ကိုခဏကြည့်ပြီးတဲ့နောက် ယွမ်က ရန်ဖူချန်းဆိုတဲ့နာမည်ကို ရုတ်တရက်သတိပြုမိ သွားတယ်။ သူကပထမဆုံးကျောက်ပြားကို ညွှန်ပြပြီး မိုကျိုး ကို" ဟေ့၊ ရန်ဖူချန်း…က မင်းစိတ်ဆိုးအောင်လုပ်ခဲ့တဲ့ စီနီယာရန် နဲ့တူလား" ယွမ်သည် ရန်ဖူချန်းအကြောင်းပြောသောအခါ မိုကျိုး ၏ အမူအရာသည် သိသာထင်ရှားလာခဲ့သည်။ ထို့နောက်သူသည် ယွမ် ၏သိလိုစိတ်ကိုအတည်ပြုပြီး စိတ်ပျက်အားလျော့စွာဖြင့်ခေါင်းညိတ်လိုက်သည်။

"သူ့နာမည်ကအဆင့် ၁၄မှာ ရှိတယ်။ သူကဒီနေရာမှာ ၁၄ ယောက်မြောက်အကြီးဆုံးတပည့်လား?" မိုကျိုး သည်နောက်တစ်ကြိမ် ခေါင်းညိတ်ပြသော်လည်း ဤတစ်ကြိမ်တွင်အတော်လေးနှေးကွေးသည်။ "မင်းချိန်းတွေ့နေတဲ့မိန်းကလေးကော။ သူမလည်းအဆင့်မြင့်သလား" ယွမ် ၏မေးခွန်းကိုကြားလျှင် မိုကျိုးကကျောက်ပြားပေါ်တွင်အက္ခရာတင်ထားသောနောက်ဆုံးအမည်ကိုတိတ်တဆိတ်ထောက်ပြခဲ့သည်။ " ရှင်းအာယွင် … အဆင့်၁၀…" ထို့နောက်ယွမ်သည် မိုကျိုးကိုအံ့အားသင့်စွာကြည့်မိသည်။

"တကယ်တော့ မင်းက အတော်လေးအဆင့်မြင့်တဲ့သူတစ်ယောက်ကို ပိုးပန်းခဲ့တာပဲ။အရမ်းရဲရင့်ပြီး ရည်မှန်းချက်ကြီးမားတယ်!"

"... "

မိုကျိုးသည် ယွမ်၏ကြည်ညိုလေးစားမှု၊ချီးမွမ်းမှုတို့ဖြင့် ပြည့်နှက်နေသော ထင်မြင်ချက်ကိုကြားသောအခါ ခါးသီးစွာပဲပြုံးပြနိုင်သည်။

" ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ မင်းလို ဧ ည့်သည်တွေအတွက်ကြည့်စရာ အများကြီးကျန်သေးတယ်။ " မိုကျိုးကစိတ်ပျက်လက်ပျက်နဲ့

" ညနေစောင်းရင်တော့ ဒီမီးတောက်ပုတ်သင်ရဲ့ အမြုတေကို စီနီယာ အစ်ကိုရန်ကိုပေးရဦးမယ်" ​​ဟုပြောလိုက်သည်။

" မင်းသူ့ကိုတကယ်ပေးရမှာလား။ မင်းဘာမှမမှားခဲ့ဘူးလေ၊ ဒါကြောင့်သူ့ရဲ့ အဓိပါယ်မရှိတဲ့စကားတွေကို နားထောင်စရာမလိုဘူး" ဟုယွမ်က ပြန်ပြောလိုက်သည်။ မိုကျိုးက ခေါင်းခါလိုက်ပြီး "တာအိုရောင်ရင်းယွမ် ..မင်းနားမလည်ပါဘူး။ ဒီကမ္ဘာမှာ အားကြီးသူတွေကစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး အားနည်းသူတွေကသူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရတယ်၊တကယ်လို့ ဒီစည်းကမ်းတွေက အဓိပ္ပာယ်မရှိဘူးဆိုရင်တောင်မှပေါ့ "

"ပြီးတော့ ငါဆက်ပြောချင်တာက လူမိုက်တစ်ယောက်ကသာ ဒီလိုစည်းမျဉ်းတွေကို လိုက်နာလိမ့်မယ်"ယွမ်က ဆက်ပြောလိုက်သည် "မင်းကမှ တကယ်နားမလည်တဲ့ အရူးပဲ"

"အ.. အရူးဟုတ်လား?" မိုကျိုးက ဤကမ္ဘာပေါ်ရှိ လူအားလုံးကိုအရူးလို့ပြောသည့် ထူးဆန်းသောမျက်နှာပေးနှင့် လူကိုကြည့်လိုက်မိသည်။

"ဒီ ရန်ဆိုတဲ့ကောင်နဲ့သွားတွေ့ရင် ငါရော လိုက်ခဲ့လို့ရလား" ယွမ်က စွံ့အနေသည့်မိုကျိုးကို ရုတ်တရက် ပြောချလိုက်သည်။

ခဏအကြာတွင် မိုကျိုးက လေးလေးနက်နက်ပြုံးလိုက်ပြီး" ဒါဟာငါ့ရဲ့ပြဿနာပဲ။ မင်းကိုငါ ဆွဲမထည့်နိုင်ဘူး၊ အထူးသဖြင့် ငါ့အတွက် လုပ်ပေးခဲ့တာတွေအားလုံးအတွက်ပေါ့။ " ယွမ်သည် တိတ်ဆိတ်သွားပြီး အေးဆေးတည်ငြိမ်စွာဖြင့် သူ့ကိုကြည့်လိုက်သည်။

"ဒါပဲလား?နောက်ပြီးတော့ရော ... " ရုတ်တရက်ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာသည်။

"ဟေး၊ သူက စီနီယာအစ်မရှင်း ကို ပိုးပန်းဖို့ကြိုးစားခဲ့ပြီး မင်းကိုမင်းကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ခဲ့တဲ့ကောင်လား"

ယွမ် နှင့် မိုကျိုး နှစ် ဦး စလုံးသည်အသံလမ်း​လာရာဆီသို့လှည့်ကြည့်လိုက်သည်။ မိုကျိုး သည် အဝေးရှိ ချောမောသောလူငယ် ၂ ယောက်က သူ့အားကြည့်နေသည်ကိုသတိပြုမိလိုက်သည်။

" စီ..စီနီယာအစ်ကို ရန်! စီနီယာအစ်ကို ကျန်း!" မိုကျိုး ၏ခြေထောက်များ သည် ဂျယ်လီ ကဲ့သို့ တုန်ခါနေသည်ကို မြင်ရသောအခါ ယွမ်သည် ဤလူနှစ် ဦး အပေါ်အလွန်ကြောက်ရွံနေသည်ကို သတိထားမိလိုက်သည်။

" မိုကျိုးခွေးမသားလေး၊ မင်းကိုရှာဖို့၊ မင်းရဲ့နေရာနေရာထိ လမ်းလျှောက်လာရအောင် လုပ်ဝံ့တယ်ပေါ့လေ" ညာဘက်ရှိ ချောမောသောလူငယ်တစ် ဦး သည် မိုဂျူးအားဒေါသတကြီးဖြင့် လက်သီဆုပ်ကာချဉ်းကပ်လာသည်။

"မင်းဘယ်မှာပုန်းနေတာလဲ။ ငါ့ကိုငါမီးတော်ပုတ်သင် ဒါမှမဟုတ် တခြားမွန်းစတားအမြုတေတစ်ခုခု ယူလာဖို့နောက်ဆုံးနေ့ပဲလို့ ငါမပြောခဲ့ဘူးလား?"

"ငါရခဲ့တယ်။ ငါမီးတောက်ပုတ်သင်ရဲ့အမြုတေကိုရခဲ့ပြီ။ ဒီမှာ!" မိုကျိုးသည် သူ၏အင်္ကျီအိတ်ကပ်များထဲမှ အနီရောင်အခဲလေးကိုဆွဲထုတ်ပြီး ရန်ဖူချန်းကို ပြခဲ့သည်။

'ဒီ ကောင်စုတ်က မီးတောက်ပုတ်သင်ရဲ့အမြုတေကိုတကယ်ရခဲ့တာပဲ။ ' ရန်ဖူချန်းသည် ရှင်းလင်းသောမြင်ကွင်းကိုကြည့်ပြီး မျက်လုံးများကျယ်လာသည်။ သူသည် မိုကျိုးကဲ့သို့အားနည်းသူတစ် ဦးကမီးတောက်ပုတ်သင်ကဲ့သို့အားကြီးသောသားရဲကို သတ်နိုင်စွမ်းရှိမည်ဟု မထင်မှတ်ခဲ့သော်လည်း ၎င်းမွန်းစတားကြီး၏အမြုတေသည်သူ၏ဆုပ်ကိုင်ထားခြင်းခံခဲ့ရသည်။

"မင်းဘယ်လိုရခဲ့တာလဲ။ မင်းဝယ်ခဲ့တာလို့တော့ မပြောဘူးမလား"

" ငါဘယ်လိုရခဲ့တာလဲ အရေးမကြီးဘူး။ မင်းတောင်းတာကိုရပြီ။ ဒါကြောင့်ငါ့ကိုအခုကစပြီး လာမနှောင့်ယှက်နဲ့"

"ဟားဟားဟား!" သူ၏စကားကိုကြားသောအခါ ရန်ဖူချန်း သည် ရယ်မောလိုက်သည်။

" မင်းက အရူးပဲ။ငါတောင်းဆိုတာကို ရအောင်လုပ်နိုင်တယ်ဆိုတာနဲ့ မင်းကို ဒီအတိုင်းထားမယ်လို့ တကယ်ကြီးထင်နေတာလား။ဒါက မင်းကိုရိုက်နှက်ဖို့ သက်သက်အကြောင်းပြနေတာပဲ"

"ဘာ?!" ဤအချိန်တွင် မိုကျိုး၏ နှလုံးသားသည် ခါးသီးမှုမျာူနှင့်ပြည့်နှက်နေသည်။ "အကယ်၍ မီးတောက်ပုတ်သင်ရဲ့ အမြုတေကို ပေးရင် စီနီယာအစ်မရှင်းကို ပိုးပန်းဖို့ကြိုးပမ်းခဲ့တာကို မေ့ပျောက်ပေးမယ်လို့ကတိပေးခဲ့တယ်မလား!" "ဒါပေါ့ ငါက ကိုယ့်စကားကိုယ်တန်ဖိုးထားတဲ့လူပဲ မင်းရဲ့ အရှက်မရှိဘဲ စီနီယာအမရှင်းကို ပိုးပမ်းတဲ့လုပ်ရပ်ကိုမေ့ပေးမှာပါ။ ဒါပေမယ့်လည်း မင်းက ငါ့ကိုမီးတာက်ပုတ်သင်ရဲ့ အမြုတေပေးပြီးပြီဆိုမှတော့ ဒီအကြောင်းက်ု ထပ်မပြောတော့ဘူး။ မင်းလို အမှိုက်ကောင်ကများ - စီနီယာအစ်မ ရှင်းအတွက်ခံစားချက်တွေထားရဲသေးတယ်။ မင်းရဲ့ခံစားချက်တွေက အရိုက်ခံရဖို့ပဲ ထိုက်တန်တယ်။ "

ထိုစကားများကိုကြားရသောအခါ မိုကျိုးသည် မထိန်းချုပ်နိုင်လောက်အောင်တုန်ရင်နေသည်။ သူ၏ စီနီယာအစ်မ ရှင်းအပေါ်ထားသော ခံစားချက်တွေက ရိုက်နှက်ခံရဖို့ပဲထိုက်တန်တာလား။ တရားမျှတမှုဆိုတာ ဘယ်မှာလဲ။ သူကအားနည်းသူဖြစ်ပြီး ရန်ဖူချန်း ကတော့ ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့သည်။ ဒီကမ္ဘာကြီးမှာ သူတို့ရဲ့ အဆင့်အတန်းက အရမ်းဝေးကွာလွန်းသည်။ "၀ိုး ဘယ်လိုတောင်လား!" ယွမ်က ရုတ်တရက်ကျယ်လောင်စွာပြောလိုက်ရာ မိုကျိုး ၏ တုန်ယင်နေသောခန္ဓာကိုယ်ကိုလျှို့ဝှက်ဆန်းကြယ်စွာ တည်ငြိမ်သွားစေသည်

"သူက မင်းနဲ့အတူတူ လူတစ်ယောက်ထဲကိုချစ်မိတဲ့အတွက်အရိုက်ခံရမှာတဲ့လား။ မင်းရဲ့အဲကိုယ်ရည်ကိုယ်သွေးက ဘယ်လိုတောင် နိမ့်ကျလိုက်သလဲ။ " ယွမ်ကရယ်စရာကောင်းတဲ့ရုပ်ရှင်တစ်ခုကို ကြည့်လိုက်ရသလို ရယ်မောလိုက်ပါတယ်၊၊

"မင်းဘယ်သူလဲ။ဒီကို ဘယ်လို၀င်လာတာလဲ။ မင်းကဒီဂိုဏ်းရဲ့တပည့်မဟုတ်ဘူးဆိုတာ သေချာတယ်။ " နောက်ဆုံးတွင် ရန်ဖူချန်း ကယွမ်နှင့် ရှောင်ဟွာ တို့ဘေးတွင်ရပ်နေသည်ကို သတိပြုမိသွားသည်။

"ငါက ဘယ်သူလဲဟုတ်လား။ ငါသူ့ကိုမီးတောက်ပုတ်သင်ရဲ့ အမြုတေကို ပေးခဲ့တဲ့သူပဲ။ " ယွမ် ကပြောကြားလိုက်သည်။ "တာအိုရောင်ရင်းယွမ်!" မိုကျိုး က သူ့ကို မျက်လုံးပြူး၍ ကြည့်လိုက်သည်။

" ဟမ်? ဒါဆိုမင်းပဲပေါ့…" ရန်ဖူချန်းက ယွမ်ကိုမျက်လုံး မှေး၍ကြည့်လိုက်သည်။

"ဘာလို့သူ့ကို မီးတောက်ပုတ်သင်ရဲ့အဖိုးတန်အမြုတေကို ပေးခဲ့တာလဲ။ သူက မင်းကိုဘာပြန်ပေးခဲ့လဲ" သူက မေးလိုက်သည်

"သူကငါ့ကိုဘာမှမပေးခဲ့ဘူး။ ငါလည်း သူ့ဆီကဘာမှမလိုချင်ဘူး။ ငါပေးချင်လို့ကို ပေးတာ" "... "

ယွမ်က မည်သူမည်၀ါဖြစ်ကြောင်း သူမသိသော်လည်း ရန်ဖူချန်း ကသူ့ကိုသတိထားခဲ့သည်။ နောက်ဆုံးတွင် မည်ကဲ့သို့သော သာမန်လူတစ် ဦးက မီးတောက်ပုတ်သင်၏အမြုတေကဲ့သို့တန်ဖိုးရှိသော အရာကိုအလကား ပေးမည်နည်း။

"ဆိုတော့? မင်းဘာဖြစ်ချင်တာလဲ"

"မင်းသူ့ကို အနိုင်ကျင့်နေတာကို ရပ်လိုက်စေချင်တယ်" ယွမ်ကပြုံးပြီးပြောလိုက်သည်။

"ငါလက်မခံရင် ဘယ်လိုလုပ်မလဲ။ " ရန်ဖူချန်း က ယွမ့်လိုလျှို့ဝှက်ဆန်းကြယ်တဲ့သူကို မပစ်မှားချင်ပေမယ့်လည်း သူ့ကတစ်ဖက်လူကို ကြောက်မနေခဲ့ပါဘူး သူသည် အရွေးချယ်ခံတစ် ဦး ဖြစ်ရုံမက သူတို့သည်ပျံသန်းဓားဂိုဏ်း၏အတွင်း၌ရှိနေဆဲဖြစ်ပြီး အဖက်ဖက်တွင် သူကို ကာကွယ်ပေးထားသည် မဟုတ်ပါလား။

"ဒါ့ပေါ့ မင်းငြင်းဆန်လိမ့်မယ်ဆိုတာ။ " ယွမ်က မိုကျိုးကိုလှည့်ကြည့်ပြီး " ငါသူ့အသက်ကိုတစ်ခါ ကယ်ပြီးပြီ။ နောက်တစ်ခါထပ်ကယ်ရင်လည်း မထူးတော့ဘူးမလား"

"မင်း... " ရန်ဖူချန်းသည် ချက်ချင်းပင် သူ၏စကားဆုံးသောအခါ မျက်မှောင်ကြုတ်လိုက်သည်။

"တာအိုရောင်ရင်းယွမ်!" မိုကျိုး သည် ယွမ်ကို မျက်ရည်များပြည့်လျှံနေသည့်မျက်လုံးများနှင့်ကြည့်လိုက်သည်။သူ၏အကြည့်တွင် လေးစားမှုများနှင့်ပြည့်နှက်နေပြီး သူ၏နှလုံးသားက ကျေးဇူးတရားများနှင့် ပြည့်လျှံနေသည်။

have fan