အပြစ်ရှိလိုဒဏ်ပေးချင်ရင် ကိုယ်ဒဏ်ရာဘဲပေးပါ
စိတ်ဒဏ်ရာတော့မပေးပါနဲ့၊ကိုယ်ဒဏ်ရာဟာ ကုသဖို့လွယ်သလို
စိတ်ဒဏ်ရာဟာကုသဖို့ထင်သလောက်မလွယ်ပါဘူး။
အမာရွတ်လေးပေါ်လာတဲ့အခါကိုယ်ဒဏ်ရာပျောက်သွားပြီလို့သိရေပမဲ့၊စိတ်ဒဏ်ရာကတော့ တွေးလိုက်တိုင်းအနာအသစ်လိုခံစားရပါ။(တွေ့လိုက်တိုင်း သွေးထွက်နေသောဒဏ်ရာေလးလို)
ကမ္ဘာပေါ်မှာ ကိုယ်ဒဏ်ရာကြောင့် သေဆုံးသွားသူများရှိသလို စိတ်ဒဏ်ကြောင့်သေဆုံးခဲ့ရသူများလည်းမနည်းပါဘူး။
ကိုယ်ဒဏ်ရာကုသနိုင်သကဲ့သို့ စိတ်ဒဏ်ရာကိုလည်းအချိန်ယူပြီးကုသနိုင်ပါတယ်။
(စိတ်ဒဏ်ရာကို ဘယ်လိုကုသရမှာလဲ?)
စိတ်ဒဏ်ရာကို အတွေးများဖြင့်ကုသနိုင်ပါတယ်။
ဘယ်လိုအတွေးများလဲဆိုတော့ အဲ့စိတ်ဒဏ်ရာမဟုတ်တဲ့အတွေးတွေ့ပါ။
အဓိက အတွေးပါဘဲ၊ ပျော်တာတွေတွေးရင် ပျော်ရမယ်။
စိတ်ညစ်စရာတွေ တွေးရင် စိတ်ညစ်ရမယ်။အဲ့စိတ်ဒဏ်ရာအကြောင်းကို မတွေးခြင်းအားဖြင့်တဖြေးဖြေးသက်သာစေနိုင်ပါတယ်။
ဒါပေမဲ့....စိတ်ဒဏ်ရာကိုလုံးလုံးကြီးပျောက်အောင်နဲ့နောက်တစ်ခါဖြစ်လာရင် ခံနိုင်ရည်ရှိအောင် အားဆေးတော့သောက်ရမယ်။အဲ့ အားဆေးနာမည်ကတော့ "book"လို့ခေါ်တဲ့စာအုပ်ဖြစ်ပါတယ်။စာအုပ်များသည် အတွေးများဖြင့်ေရးသားပြုလုပ်ထားတာကြောင့် စိတ်အတွက် အားဆေးတစ်ခုပါဘဲ။ကျွန်တော်လည်းကိုယ့်စိတ်ဒဏ်ရာကို စာအုပ်နဲ့ဘဲ ကုသလိုက်ပါတယ်။စာအုပ်များများဖတ်လေလေ စိတ်ဓာတ်ခွန်းအားကောင်းလေလေ။စာအုပ်ကို တစ်နေ့ အနည်းဆုံး၁၅မိနစ်လောက်တော့ဖတ်သင့်ပါတယ်။များများဖတ် များများတွေးပါ။ပြီးရင် ကိုယ့်အတွေးတွေကို စာအုပ်တစ်ခုထဲမှာချရေးပါ။တွေးတာတော့ကောင်းပါတယ် ကောင်းတဲ့အတွေးတွေကိုရွေးတွေးပေါ့။မကောင်းတဲ့ဟာတွေ တွေးနေရင်တော့....ommဘာမှဖြစ်လာမှာမဟုတ်ဘူး။ကောင်းတဲ့အရာလေးတွေး ပြီးရင်စာအုပ်တစ်အုပ်ထဲမှာရေးထား။
ဘာမှတွေးစရာမရှိရင် ကိုယ်ဖြစ်ချင်တာလေးကိုတွေးပြီးချရေးပေါ့။
၃ချက်လောက်ဘဲရှိပါတယ်လွယ်လွယ်လေးတွေပါ မိတ်ဆွေကိုယ်တိုင်ကျင့်သုံးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
Step 1: ကောင်းတဲ့ဟာလေးနှင့်ကိုယ်ဖြစ်ချင်တာလေးေတွတွေးပါ
Step 2: စာအုပ်တစ်အုပ်ထဲသေသချာချာချရေးပါ
Step 3: အဲ့ဒီချရေးထားအတိုင်းဖြစ်လာအောင်လုပ်ပါ
ဒီနေ့တော့ ဒီလောက်ပါပဲ ကျွန်တော့်စာကို အချိန်ပေးပြီးဖတ်လိုအရမ်းကျေးဇူးတင်ပါတယ်။
Have A Very Nice Day
Written by OinoTna
စာရေးသူ အိုဝိုင်နို ထီအန်အေ