webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 9

Translator - Lynx

lynxash33@gmail.com

----------

[ Unicode ]

ရန်ရိ co- pilot ( lover seat ) သို့သွားအံ့ဆဲဆဲ၌ ကုံးရင့်ရှန်က သော့ပစ်ပေးလာပြီး ရန်ရိလည်းအကျင့်အရ လှန်းဖမ်းလိုက်သည်။

" ဟမ်? "

" ခင်များကားမောင်း "

" ဘာလို့လဲ? "

" ကျွန်တော်နေမကောင်းဘူး "

ကုံးရင့်ရှန် ပုံမှန်အတိုင်းပြောလာ၏။

ရန်ရိ မမောင်းချင့်မောင်းချင်နဲ့ ကားတစ်ပတ်သွားကာ တံခါးဖွင့်၍ ကားထဲဝင်လိုက်သည်။

ကုံးရင့်ရှန် ကအနောက်ဘက်ခုံ၊ ဘယ်ဘက်ခြမ်း၌ အလွန်သတိရှိရှိထိုင်‌နေလျက်။

ရန်ရိ နောက်လှည့်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။

" မင်းငါ့ကို ဒရိုင်ဘာလိုဆက်ဆံနေတာမလား? "

ကုံးရင့်ရှန် မျက်တောင်ခတ်လိုက်ပြီး သူ့လက်ဆွဲအိတ်ကိုဖွင့်ကာ အထဲမှလက်အိတ်ဖြူတစ်စုံထုတ်လိုက်သည်။

" ခင်များကို ဒရိုင်ဘာလိုဆက်ဆံရင် ဒါတွေဝတ်ခိုင်းမှာ "

ရန်ရိ အံကြိတ်လိုက်ပြီး ကားစ‌ထွက်လိုက်သည်။

" နောက်ပြီးတော့ ခင်များအရည်အချင်းနဲ့ ကျွန်တော့်ဒရိုင်ဘာမဖြစ်နိုင်ပါဘူး ၊ ခင်များဒါတွေဝတ်ချင်ရင်တော့....."

" မဝတ်ချင်ပါဘူး "

ရန်ရိ ကားထဲမှာ မူးလဲချင်စရာဆေးနံ့များပျံ့‌နံ့နေပြီး ထိုနေရာက နေထိုင်ရအဆင်မပြေသည့် ခြောက်သွေ့ ၊ သန့်ရှင်းသော နေရာမှန်း သိလိုက်ရသည်။

အချိန်အကြာကြီးနေပြီးနောက် ထိုအရာကပဲ လူကို အသက်တစ်ခါရှူသွင်းလိုက်တိုင်း အဆုတ်ကိုသန့်ရှင်းပေးသကဲ့သို့ အနည်းငယ်သက်သောင့်သက်သာ ဖြစ်စေပြန်သည်။

ရန်ရိ ကားထဲဝေ့ဝဲကြည့်လိုက်သည်။

Wrangler [1], နေရာကျယ်ပြီး အသားမာတဲ့ အလွန် gentleman ဆန်သည့်ကားမျိုးကို သူအမြဲတမ်းကြိုက်နှစ်သက်ခဲ့သည်။

ဒါပေမယ့် ထိုကြမ်းတမ်းတဲ့ပုံပန်းသွင်ပြင်နှင့် ကုံးရင့်ရှန်၏ အလွန်လက်ရာမြောက်သော ခေါင်းအစခြေအဆုံးစတိုင် နှင့်လုံးဝမလိုက်ဖက်ပေ။

သူစိတ်ကူးမိသည်၊ သူ့နောက်ကလူ ဘယ်‌လိုကားမျိုးများမောင်းသင့်သလဲ။

မဟုတ်ဘူး၊ ကုံးရင့်ရှန်က ကားမောင်းပုံ‌မပေါ်။

သူ့ကို Rolls- Royce [2] ကားတစ်ဖက်မှနေကာ တံခါးဖွင့်ပေးသည့် suit နှင့် leather shoes များ ဝတ်ဆင်လျက် လက်အိတ်ဖြူများစွပ်ထားသော ဒရိုင်ဘာတစ်ယောက်တော့ရှိရလိမ့်မည်။

သေစမ်း ဒီမျိုးမစစ်က သူ့ကို ဒရိုင်ဘာအနေနဲ့ သုံးနေတာပဲဖြစ်မယ် !

ရန်ရိ ကုံးရင့်ရှန်ကို စိတ်ထဲကနေကျိန်ဆဲလိုက်‌သော်လည်း ရိုးသားစွာပဲ ကားမောင်းကာ ဟုန်းဝူဆေးရုံသို့ဦးတည်လိုက်သည်။

လမ်းတစ်လျှောက် ကုံးရင့်ရှန်အနောက်ခန်း၌ ခေါင်းငုံ့လျက် ဖိုင်များကိုဖွင့်ကြည့်နေသည်။

ရန်ရိ ပိုပြီးပိုပြီး ဒရိုင်ဘာလို ခံစားလာရကာ အလွန်စိတ်ဖိစီးလာတော့၏။

ထိုမျက်နှာပူနေခြင်းအား ဖြိုခွင်းရန် သူစကားစလိုက်သည်။

" ဖေးလန် ဘယ်လိုနေလဲ? "

" သူ့အမေ သူ့(မ)ကိုအိမ်ပြန်ခေါ်သွားပြီး စောင့်ကြည့်နေတယ် "

ကုံးရင့်ရှန် ခဏရပ်လိုက်ပြီး :

" ခင်များ သူ့ကို ဂရုစိုက်တာလား? "

" ဂရုစိုက်တာက တရားမဝင်လို့လား? "

" သူ(မ)က အဆင်ပြေတယ် ကားသာကောင်းကောင်းမောင်းပါ "

ရန်ရိ နောက်ကြည့်မှန်ကတစ်ဆင့် မကြာခဏချောင်းကြည့်တော့ ကုံးရင့်ရှန်တစ်ယောက် အစအဆုံးခေါင်းမော့မလာသည်ကို တွေ့ရ၏။

သူ အသက်ဝအောင်ရှူကာ စိတ်ထဲ၌ ရေရွတ်လိုက်သည်။

" ဒေါသမထွက်နဲ့ ဒေါသမထွက်နဲ့ မင်းဖျားသွားရင် မင်းဒေါသကိုဘယ်သူမှ‌ အလျော်ပေးနိုင်မှာမဟုတ်ဘူး "

-------

ဟုန်းဝူ ဆေးရုံကြီးလည်း မနေ့ညက စစ်ရှစ်ကျောင်မှ ပေးပို့သောလူနာအမြောက်အများ လက်ခံရကာ အလွန်အလုပ်များနေကြပြီး ပရမ်းပတာဖြစ်နေသည်။

သူတို့နှစ်ယောက် single - ward သို့ သွားလိုက်သည်။

တံခါးဝ၌ ယူနီဖောင်းဝတ်ထားသော ရဲသားတစ်ယောက်ရှိပြီး မတ်တပ်ရပ်ကာ ရန်ရိအား မေးမြန်းသည့်မျက်လုံးများဖြင့် ကြည့်လာသည်။

ကုံးရင့်ရှန် သူ့လုပ်ဖော်ကိုင်ဖက်အား ခေါင်းညိတ်ပြလိုက်ပြီး :

" သူက ဖီးနစ်တပ်ဖွဲ့ခေါင်းဆောင်၊ သံသယရှိသူကိုစစ်မေးဖို့ ငါ့ကိုလာကူညီပေးတာ "

ရဲသားက သူတို့ကိုတံခါးဖွင့်ပေး၏။

သူတို့နှစ်ယောက် ‌အခန်းထဲသို့ဝင်သွားလိုက်သည်။

လက်တစ်ဖက်က ဘူးကိုကိုင်လျက် တစ်ခြားလက်တစ်ဖက်က ဖုန်းကိုင်ထားသော ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက် အိပ်ရာပေါ်တွင်လဲလျောင်းနေကာ

အိပ်ရာဘေးက လူကတော့ သူ(မ) အဖေဖြစ်လောက်သည်။

လူတွေ့တော့ သူမအိပ်ရာထက်မှထလာပြီး အမူအရာကတော့ အနည်းငယ် စိုးထိတ်နေပုံပေါ်လျက်။

ကုံးရင့်ရှန်ပြောလိုက်သည်။

" မိန်းကလေးခိုင့် မင်းအဆုတ်ကိုကောင်းကောင်းဆေးပြီးပြီလား? "

ခိုင့်ဝမ် တိုးတိုးပြောသည်။

" အဲ့တာကစိတ်မသက်သာစရာပဲ ဒါပေမယ့် ပို‌ကောင်းလာပါပြီ "

" ငါတို့မှာ နောက်ဆုံးရအချက်အလက်တွေရှိပြီးတော့ မင်းနဲ့စကားပြောချင်တယ် "

ကုံးရင့်ရှန် သူ(မ) အဖေကိုပြောလိုက်သည်။

" ကျေးဇူးပြုပြီး ရှောင်ပေးပါ "

ထိုလူက တုံ့ဆိုင်းကာ အခန်းထဲကထွက်သွား၏။

ကုံးရင့်ရှန် မိတ်ဆက်လိုက်သည်။

" သူက ဖီးနစ်တပ်ဖွဲ့ခေါင်းဆောင်ပါ "

ပြောရင်းနှင့်ပင် recorder ကိုဖွင့်လိုက်သည်။

" ခေါင်းဆောင်ရန်က မီးသတ်ကျွမ်းကျင်တစ်ယောက်၊ ဒီတစ်ခေါက် ဘားမီး‌လောင်မှုကသူ့ကြောင့် ငြိမ်းသတ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ မီးစုံစမ်းစစ်ဆေးရေးကလည်း သူ့ပဲတာဝန်ယူထားတယ် မီးစုံစမ်းစစ်ဆေးရေးဆိုတာ ဘာလဲမင်းသိလား ? "

ခိုင့်ဝမ် ရန်ရိအားလှမ်းကြည့်လိုက်ပြီး သူမမျက်လုံးများက အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။

ကုံးရင့်ရှန် ရန်ရိကို စကားပြောဖို့အချက်ပြလိုက်သည်။

ရန်ရိ ပြောလိုက်သည်။

" မီးစုံစမ်းစစ်ဆေးရေးက မီးလောင်တဲ့အချိန်၊ မီးညွှန်(ပြ) ချက် ၊ မီးလောင်တဲ့အကြောင်းအရင်း၊ မီးပျံ့နှံ့သွားတဲ့‌လမ်းကြောင်း စသဖြင့်ပေါ့ မီးလောင်ပြီးအခင်းနေရာမှာ ကျန်ရှိတဲ့ လက္ခာအမျိုးမျိုးအပေါ်မူတည်ပြီး သုံးသပ်တွေးတောတာကိုဆိုလိုတယ်။ အပြင်လူတွေအနေနဲ့ ကိုယ်တို့ သိပ္ပံဆိုင်ရာနည်းလမ်းတွေသုံးနိုင်တယ်။ ပြီးတော့ အတွေ့အကြုံကလည်း မီး‌နဲ့ဆိုင်တဲ့ သက်သေအမြောက်အများရှာလို့ရတယ် "

ခိုင့်ဝမ် ဆက်ပြီးအသံတိတ်နေသည်။

ရန်ရိ တိုးတိုးပြောလိုက်သည်။

" မိန်းကလေးခိုင့် ၊ ဒီစစ်ရှစ်ကျောင်မီးလောင်မှုက မင်းစားသောက်ခဲ့တဲ့ စားသောက်ခန်း ဆိုဖာကစလောင်တယ်၊ မင်းပြောခဲ့တဲ့ လိုက်ကာစက စလောင်တာမဟုတ်ဘူးလို့  ကိုယ်သေချာတယ်။ မင်းကိုယ်တို့ကို ရှင်းပြချက်တစ်ခုတော့ ပေးနိုင်မယ်ထင်တယ် "

ခိုင့်ဝမ့် တစ်ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး သူမမျက်နှာကတော့ ဖြူဖျော့နေသည်။

" ဖြစ်နိုင်တာက....ကျွန်မထင်တာမှားပြီး ဆိုဖာဖြစ်မယ်

ဆိုဖာနဲ့ လိုက်ကာကအရမ်းနီး‌နေတော့ "

ကုံးရင့်ရှန်ပြောလိုက်သည်။

" ငါ့ကို အဲ့နေ့ညကဘာဖြစ်ခဲ့လဲဆိုတာ ပြောပေးပါ "

ခိုင့်ဝမ်တစ်ခဏ တိတ်ဆိတ်သွားသည်။

" ကျွန်မတို့တွေ သူငယ်ချင်းရဲ့ မွေ့နေ့ပွဲကျင်းပနေကြတာ လူတိုင်းအရမ်းသောက်ထားကြတော့ ဘယ်သူဆေးလိပ်သောက်ပြီး လိုက်ကာဘက်ကိုပစ်လိုက်လဲ မသိဘူး....အာ အဲ့တာဆိုဖာပေါ်ဖြစ်လောက်တယ် ကျွန်မမမှတ်မိဘူး ဘယ်နည်းနဲ့ဖြစ်ဖြစ် မီးလောင်သွားတာပဲ "

" အဲ့လိုနဲ့မီးလောင်တယ်? အဲ့တာဘယ်လိုမီးမျိုးမို့လဲ? မီးကအဲ့လောက်တောင်ကြီးသွားရလား? "

" အဲ့လိုမီးလောင်တာပဲ။ ကျွန်မတို့ မီးငြိမ်းဖို့ကြိုးစားကြသေးတယ် ဒါပေမယ့် ငြိမ်းလို့မရဘူး အဲ့တာက ပိုပိုပြီးများလာတော့ ကျွန်မထွက်ပြေးခဲ့တယ် "

ခိုင့်ဝမ် မျက်လုံးများကနီနေပြီး အသံကတုန်နေသည်။

" သူတို့လည်း ထွက်‌ပြေးတယ်လို့ ကျွန်မထင်ခဲ့တာ၊ ဒါပေမယ့်....သူတို့အရမ်းသောက်ထားကြတော့ ကျွန်မတစ်ယောက်ပဲ အပြင်ရောက်သွားတယ် "

" ဘယ်သူဆေးလိပ်သောက်တာလဲ ? "

" ကျွန်မမသေချာဘူး "

" ဘယ်သူမီးကိုအရင်သတိထားမိတာလဲ? "

" ကျွန်မမမှတ်မိဘူး "

" မင်း မီးခိုးငွေ့ကိုအရင်ခံစားမိတာလား ဒါမှမဟုတ် မီးတောက်ကိုလား? "

" အဲ့တာက....ကျွန်မဘယ်လိုဖြေရမလဲမသိဘူး။ ကျွန်မ မီးကိုတွေ့တော့ ပြည့်ကျပ်ကျပ်ကြီးခံစားရတယ်။ ကျွန်မတို့ပထမဆုံး မီးသတ်ချင်ခဲ့ပါတယ် တကယ်ပါ "

" မိန်းကလေးခိုင့် " ကုံးရင့်ရှန်မျက်လုံးများက အေးစက်ကာ သူ့အသံနေအထားသည်လည်း အေးစက်နေသည်။

" မင်းတို့ စားသောက်ခန်းမှာ လူလေးယောက်ပဲရှိတယ်။ မင်းက ဘယ်သူဆေးလိပ်သောက်လဲ

ပြီးတော့ ဘယ်သူမီးကိုအရင်စတွေ့တာလဲ နောက်တော့ရော လိုက်ကားကိုမီးစစွဲတာလား ဆိုဖာကိုမီးစစွဲတာလား ဘာမှကိုမမှတ်မိဘူး။

မီးခိုးအရင်ထွက်လား မီးထတောက်တာလားတောင်မှ မသေချာနိုင်ဘူး။

ဒီအဓိကမတော်တဆမှုကြီးမှာ လူ ၂၉ ယောက်သေဆုံးပြီး လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရကြတယ်။ မင်းကစားသောက်ခန်းထဲက လွတ်မြောက်သွားတဲ့ တစ်ဦးတည်းသောသူ၊ ပြီးတော့ အကြီးမားဆုံးသံသယရှိသူပဲ။ မင်းက ‌ဇောက်ထိုးမိုးမျှော်တွေပြောနေတယ် ။မင်းရဲ့အခြေအနေကိုရော မင်းနားလည်ရဲ့လား? "

ခိုင့်ဝမ့်ထိတ်လန့်သွားပြီး သူ(မ) မျက်လုံးများက အကြောက်တရားဖြင့်ပြည့်နေသည်။

" ကျွန်မမဟုတ်ဘူး၊ ဆေးလိပ်.....သောက်တဲ့သူ၊ ကျွန်မမဟုတ်ဘူး "

ရန်ရိ ကုံးရင့်ရှန်ကို မျက်စပစ်ပြလိုက်ပြီး သူအတတ်နိုင်‌ဆုံး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

" မိန်းကလေးခိုင့် ၊ ဒါတွေအားလုံးက မင်းကိုနာကျင်စေပြီး ကြောက်လန့်စေတယ်ဆိုတာ ကိုယ်နားလည်ပါတယ် ဒါပေမယ့် မင်းကြံ့ခိုင်ရမယ် မင်းအတွက်ပဲဖြစ်ဖြစ် သေသွားတဲ့ မင်းသူငယ်ချင်းတွေ အတွက်ပဲဖြစ်ဖြစ်ပေါ့။

ဒီမတော်တဆမှုမှာ မင်းဘယ်လောက်တာဝန်ရှိလဲဆိုတာ သက်သေမပြနိုင်ရင် မင်းအတွက်ဒုက္ခအကြီးကြီး ဖြစ်လိမ့်မယ်နော် "

ခိုင့်ဝမ် ငိုသည်။

" ကျွန်မမသိဘူး ဘာလုပ်ရမလဲကျွန်မမသိတော့ဘူး "

" မိန်းကလေးခိုင့် ကိုယ်တို့ အခင်းနေရာကိုစုံစမ်းစစ်ဆေးချက်အရ, မင်းအမှန်တရားနဲ့သွေဖွယ်ပြီး သုံးခါထွက်ဆိုခဲ့တယ် ။

ပထမအချက်- မီးက ဆိုဖာကစလောင်တာဖြစ်ပြီးတော့ လိုက်ကာ ကဆိုတာမဟုတ်ဘူး။

ဒုတိယအချက်- မီးအထောက်အကူပစ္စည်းမရှိဘဲနဲ့ ‌စီးကရက်ဖင်က ဆိုဖာကိုတစ်ထိုင်တည်း မီးမစွဲနိုင်ဘူး။ အဖြစ်နိုင်ဆုံးအခြေအနေက သူ့ဘာသာသူ မီးထတောက်တာပဲ ဒါမှမဟုတ် တ‌စ်ငွေ့ငွေ့‌လောင် တာပဲ။

ဒီလို ' တစ်ငွေ့ငွေ့လောင်တယ် ' ဆိုတာက မီးမတောက်ဘဲ မီးခိုးချည်း ထွက်တယ်လို့ပြောတာ။

တတိယအချက်- ဒီလို တစ်ငွေ့ငွေ့လောင်တာ ဖြစ်ပြီဆိုရင် မီးခိုးပဲပထမဆုံးထွက်တယ် ပြီးတော့မင်းအသက်ရှူကျပ်သလို ခံစားလာရမယ်။

မင်းကမီးကိုတွေ့တယ်ဆိုရင် အဲ့တာက တစ်ငွေ့ငွေ့လောင်တာ ကနေ မီးတောက်တာပဲ။

အဲ့အချိန်မှာ မင်းခံစားရတာက အသက်ရှူကျပ်တာ တစ်ခုတည်းမဟုတ်တော့ဘူး။

ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်တာလည်းပဲ လက္ခဏာအမျိုးမျိုးပြလာလိမ့်မယ်။

ဒီဖြစ်စဉ်မှာ လူတစ်ယောက် ရွေ့လျားဖို့ဆိုတာမဖြစ်နိုင်ဘူး။ နေရာမှာပဲနေရလိမ့်မယ် "

ခိုင့်ဝမ် ရန်ရိအား စိတ်လွတ်ကာကြည့်နေပြီး သူမခန္ဓာကိုယ်က တစ်သိမ့်သိမ့်တုန်နေ၏။

ကုံးရင့်ရှန် ခြေတစ်လှမ်းတိုးလိုက်သည်။

သူ့မှာစူးရှသောမျက်လုံးများနှင့် အေးစက်သောကိုယ်နေဟန်ထားရှိပြီး သူ့ရဲ့မြင့်မားသောအရပ်က မမြင်နိုင်သော ဖိအားကိုပေးနေလျက်။

" အဲ့နေ့ညကဘာဖြစ်ခဲ့တာလဲ? "

ခိုင့်ဝမ်ငိုသည်။

" ကျွန်မပြောတယ်လေ ကျွန်မ‌ဆေးလိပ်မသောက်ဘူး။ အဲ့တာကျွန်မမဟုတ်ဘူးလို့.....အဲ့တာကမီးလောင်သွားတာပဲ ကျွန်မမသိဘူး ကျွန်မမမှတ်မိဘူး တောင်းပန်ပါတယ် ကျွန်မ...ကျွန်မမသိဘူး....."

သူမစကားများက ဗလုံးဗထွေးဖြစ်လာပြီး စတင်၍ခါးသီးစွာငိုကြွေးတော့သည်။

ကုံးရင့်ရှန်ရပ်လိုက်ပြီး

ပို၍အနားတိုးလျက် သူ့ mask ကိုပင်ချွတ်လိုက်ကာ ကိုယ်ကိုကုန်းလိုက်၍ လက်မောင်းများက အိပ်ရာကိုထောက်ထားပြီး သူ(မ) အားတိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

[ T/N : ဘယ်လိုလဲ ခိုင့်ဝမ် နေရာမှာ ခင်များတို့* လို့ထည့်တွေးကြည့်လိုက် <( ̄︶ ̄)↗ သေပြီမလား ]

အခန်းတံခါးပွင့်လာပြီး ဦးလေးကြီးဒရောသောပါး ရောက်ချလာကာ နှစ်ယောက်ကို တွန်းဖယ်ခွာလိုက်သည်။

ပြီးတော့ မျက်နှာနီရဲကာ အော်ဟစ်လေ၏။

" မင်းဘာလုပ်မလို့လဲ ငါ့သမီးက အသက် ၂၀ ပဲရှိသေးတယ် သူ(မ)က အရမ်းကောင်းပြီး ဆေးလိပ်လည်းမသောက်ဘူး ။

အဲ့တာ သူ(မ) နဲ့ဘာမှမဆိုင်ဘူးကွ! "

ကုံးရင့်ရှန် နှင့် ရန်ရိ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။

ကုံးရင့်ရှန် mask ပြန်တပ်လိုက်ပြီး :

" မိန်းကလေးခိုင့် ငါတို့မင်းသက်သာမှပြန်လာခဲ့ပါမယ် "

အခန်းထဲကထွက်တော့ ကုံးရင့်ရှန် သူ့တပ်ဖွဲ့သားအား တစ်ခုခု တီးတိုးပြောလိုက်သည်။

သူတို့နှစ်ယောက် ဆေးရုံထဲကထွက်တော့ ကုံးရင့်ရှန် mask ချွတ်ကာ လေကောင်းလေသန့် တစ်ဝကြီးရှူလိုက်သည်။

ထို့နောက် ပိုးသတ်စပရေးဘူးထုတ်ကာ သူကိုယ်သူရော ရန်ရိကိုပါ အကြိမ်အနည်းငယ်ဖြန်းလေ၏။

ရန်ရိ ၎င်း(စပရေးဘူး) ကိုလက်ဖြင့်ပုတ်ထုတ်လိုက်သည်။

" okay ငါကမင်းလောက်မနုနယ်ပါဘူး "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်လိုက်သည်။

" ကိစ္စတွေက ပိုရှုပ်ထွေးလာပြီ "

" မင်းတစ်ခုခုသိလိုက်လို့လား? "

" ကျွန်တော် တွေ့တာက သူ(မ) လျှာက အရမ်းခြောက်ကပ်နေပြီး ပါးစပ်က သတ္တုနံ့ပါးပါးလေးရတယ် Amphetamine(စိတ်ကြွဆေး) နဲ့ ketamine (အရေပြားထဲထိုးသွင်းဆေး) လှုံ့ဆော်မှုတစ်ခုခု သုံးထားသလိုပဲ။

ကျွန်တော့် တပ်ဖွဲ့သားကို သူ့(မ) ဆရာဝန်နဲ့ဆက်သွယ်ပြီး သူ(မ) ကို ဆီးစစ်ခိုင်းထားတယ် "

ရန်ရိ အံ့အားသင့်စွာ ပြောလိုက်သည်။

" မင်း သံသယရှိတာက သူ(မ) သုံးထား....."

" သူ(မ) ပုံပန်းသွင်ပြင်ကနေမပြောနိုင်ဘူး သူမ မသုံးတာအတော်ကြာပြီဖြစ်မယ် ကျွန်တော်ပထမဆုံးသတိမထားမိဘူး ဒါပေမယ့် သူ(မ) တာဝန်ယူဖို့ တွန့်ဆုတ်နေတဲ့အချိန် " မီးခိုး " လို့သုံး ရမယ့်အစား " ဆေးလိပ် " လို့ပဲသုံးနေတယ်။

အမူအရာပိုင်းဆိုင်ရာစိတ်ပညာ ရှုထောင့်ကကြည့်ရင် *တကယ်လို့ မင်းသာ မင်းအပြစ်ကင်းတယ်လို့သိနေရင် မင်းရဲ့ သံသယကိုကင်းရှင်းသွားအောင်လုပ်ဖို့ ဆုံးဖြတ်ထားလိမ့်မယ်။

မင်း အဲ့တာ(သံသယ) ကို အရမ်းရှင်းလင်းပြီး ဟုတ်မှန်တဲ့စကားလုံးတွေနဲ့ အမူအရာပြဖို့ ယုံကြည်ချက်ရှိနေမယ်*။

' ကျွန်မဆေးလိပ်သောက်တာကြောင့် မီးလောင်ခဲ့တာမဟုတ်ပါဘူး ' အဲ့လိုစကားမျိုး။

ဒါပေမယ့် သူ(မ) က ရှောင်လွှဲနေပြီး အာရုံစိုက်မှုလည်း လွင့်ပါးနေတယ်။

သူ(မ)တကယ်ရှောင်လွှဲချင်တာက မီးလောင်မှုတာဝန်ယူရမှာကိုမဟုတ်ဘူး။

ကျွန်တော် ထင်တာက သူ(မ) ‌marijuana cigarettes (ဆေးခြောက်စီးကရက်) လိုမျိုးအနည်းဆုံး ဆေးတစ်မျိုးမျိုးသုံးထားလောက်တယ် "

ရန်ရိ မျက်ခုံးပင့်လိုက်သည်။

" ငါတော့မတွေ့ဘူး မင်းမှာပြဿနာနှစ်ခုထက် ပိုရှိနေတာပဲ "

ကုံးရင့်ရှန် သူ့ရဲ့ လှောင်ပြောင်မှုကို ဥပေက္ခာပြုထားသည်။

" မီးအခင်းနေရာကတွေ့တဲ့ နမူနာ၊ စမ်းသပ်မှုပြီးရင် ကျွန်တော့်ကို တတ်နိုင်သလောက် မြန်မြန်ပေးပါ "

" ခဏနေပါဦး မင်းဘယ်သွားမလို့လဲ? "

" ကျွန်တော်ဌာနပြန်ပြီး အခြားသံသယရှိသူတွေကို စစ်မေးချင်သေးတယ် "

" နေ့လယ်တောင်ရောက်ပြီ မင်းမဆာဘူးလား? "

" ကျွန်တော်စားချင်စိတ်မရှိဘူး "

ကုံးရင့်ရှန် မနက်ကဖြစ်ခဲ့တာတွေ အားလုံးတွေးပြီး ရွံရှာမှုကမပျောက်သေး။

" မင်းမဆာဘူး ငါဆာတယ်၊ အတူသွားစားရအောင် "

" ကျွန်တော် အခြားသူတွေနဲ့မစားဘူး "

ကုံးရင့်ရှန် ကရုဏာကင်းစွာ ခွန်းတုံ့ပြန်လိုက်၏။

" အိုး ဟုတ်တယ် "

ရန်ရိ တွန့်ဆုတ်လျက်ပြောလိုက်သည်။

" အခုချိန်လမ်းမှာ ယာဉ်‌ကြောပိတ်တယ်။ မင်းအခုဌာနကိုပြန်မယ်ဆို နာရီဝက်ကြာမှပြန်ရောက်လိမ့်မယ်။ ပြန်ရောက်တဲ့အချိန်ကအတူတူပဲ။

ငါစားမယ် မင်းထိုင်ကြည့်ရင်ရော ဘယ်လိုရော? "

ကုံးရင့်ရှန် မျက်စောင်းထိုးလိုက်သည်။

" ခင်များ ကိုယ့်ဘာသာ ဘယ်လိုစားရမလဲမသိဘူးလား?

ကျွန်တော် ခင်များနဲ့ ပျင်းစရာကောင်းတဲ့အစီအစဉ်မှာ ပါဖို့အချိန်မရှိဘူး "

ရန်ရိ လက်သီးကျစ်ကျစ်ဆုပ်ထားရင်း စိတ်ထဲကနေ ခွေးကောင် လို့ဆဲလိုက်သည်။

" ဆေးရုံဝင်ပေါက်ကနေ တက္ကစီငှားဖို့ ဘယ်လောက်ခက်လဲ မင်းသိရဲ့လား? ဒီဘက်ကယာဉ်ကြောတန်းက လေးဆယ်မိနစ်ကြာတယ်ကွ နေ့လယ်စာစားပြီးရင် ငါစခန်းပြန်ဖို့ စီးစရာလိုတယ် "

" အဲ့တာခင်များကိစ္စပါ "

ကုံးရင့်ရှန် လှည့်ကာထွက်သွားသည်။

" fuck "

ရန်ရိ ဆဲလိုက်သည်။

" ဒီမှာ ကုံးမျိုးရိုး ၊ ငါမင်းကို အချိန်အကြာကြီးသည်းခံခဲ့တယ်။ ငါတို့အခုသာ အလုပ်အတူလုပ်ဖို့ တွန်းအားပေးမခံရဘူးဆို ငါမင်းကိုဘာအဓိပ္ပါယ်မဲ့တဲ့ စကားမှပြောနေမှာမဟုတ်ဘူး။

မင်းမိဘတွေက မင်းကိုယဉ်ကျေးတတ်ဖို့ ဆုံးမမထားလို့ အခြားသူတွေကို လေးစားမှုထားရမယ်မှန်းမသိတာလား?! "

ကုံးရင့်ရှန် ခြေလှမ်းများရပ်သွားကာ ကျောပြင်ကသိသိသာသာကို တောင့်သွားသည်။

သူ နောက်သို့ခေါင်းမလှည့်ဘဲ ‌တည်ငြိမ်သော လေသံဖြင့်ပြောလာ၏။

" ဟင်အင်း "

ထိုစကားပြောပြီးနောက် ကားပါကင်သို့သာ တန်းတန်းမတ်မတ်လျှောက်သွားသည်။

ရန်ရိ အရမ်းကိုဒေါသထွက်ပြီး ကုံးရင့်ရှန်ကို ထုသတ်ဖို့ တူတစ်ချောင်းသာလိုချင်မိ၏။

သူ online- hailing (အွန်လိုင်း-အငှားယာဉ်) software ဖွင့်ရမည်၊ လမ်းကြောင်းရွေးရမည်၊ သူသိချင်သည်က ဒီမှာပဲဆက်စောင့်ရမလား အနီးနားက စားသောက်ဆိုင်မှာတစ်ခုခုစားရမလား ။

ဒါပေမယ့် အပြင်မှာအရမ်းပူပြီး

သူအပြင်လည်းမထွက်ချင်သလို ဆေးရုံထဲလည်းပြန်မဝင်ချင်ပေ။

ထို့ကြောင့် ဆေးရုံအပေါက်ဝမှာပဲရပ်ကာ လေအေးပေးစက်နား ပွတ်ကပ်နေလိုက်ရ၏။

ရုတ်တရက် ကားဟွန်းဆက်တိုက်တီးသံများ ကြားလိုက်ရပြီး သူလှည့်ကြည့်လိုက်တော့ black wrangler တစ်စီးက သူနှင့်အကွာအဝေးတစ်ခု၌ ရပ်နေသည်။

ကားရဲ့ပြတင်းတံခါးအောက်နိမ့်သွားပြီး ကုံးရင့်ရှန်၏ မျက်နှာဖြူဖြူအား ပေါ်ထွက်လာစေလျက်။

ရန်ရိ နှာမှုတ်ကာ တစ်ဖက်လှည့်ပြီး သူ(ကုံးရင့်ရှန်) ကိုလျစ်လျူရှုလိုက်သည်။

ကားမှဆက်၍မူလအတိုင်း ကာဟွန်းများဆက်တီးနေပြီး နားစည်အတွင်းဆူဆူညံညံ အသံများက စည်းဝါးကျနေပေ၏။

ရန်ရိ အလွန်စိတ်အနှောင့်အယှက်ဖြစ်ကာ ထိုနေရာသို့လျှောက်သွားလိုက်သည်။

" မင်းဘာလုပ်နေတာလဲ ? "

" ဟွန်းတီးနေတာ "

" မင်းပဲ ငါ့ပြဿနာတွေကို ဂရုမစိုက်ချင်ဘူး‌ဆို "

" ကျွန်တော်တွေးကြည့်လိုက်တော့ ခင်များမှန်တယ်။ ကျွန်တော်တို့ အတူအလုပ်လုပ်ရဦးမှာပဲ ဒီပျင်းစရာအစီအစဉ်တွေကလည်း လုံးဝမလိုအပ်တာတော့မဟုတ်ပါဘူး "

ကုံးရင့်ရှန် မေးဆတ်ပြကာ တည်ငြိမ်သောလေသံဖြင့်ပြောလာသည်။

" တက်ခဲ့ "

ရန်ရိ သူ့ခေါင်းပေါ်မှ နေလုံးအကြီးကြီးကိုကြည့်လိုက်ပြီး ခဏတွန့်ဆုတ်နေပြီးမှ ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။

ကုံးရင့်ရှန် သူ့ရဲ့‌ရှည်လျားသောလက်မောင်းကို နောက်ခုံသို့ဆန့်လိုက်ကာ အဖြူရောင် ပလက်စတစ်အမာသား ဘူးတစ်ဘူးကို လှမ်းယူလိုက်ပြီး ရန်ရိ ပေါင်ပေါ်တင်လိုက်သည်။

လေးတယ်။

ရန်ရိမေးလိုက်သည်။ " ဒါကဘာလဲ? "

" အပူခံဘူး ၊ ဖွင့်လိုက် "

ရန်ရိ အဖုံးဖွင့်လိုက်ရာ အောက်ခြေ၌ရေခဲတုံးခံထားသော နေ့လယ်စာဘူးကြီး နှစ်ခုတွေ့လိုက်ရ၏။

သူ တစ်ဘူးထုတ်လိုက်ကာ ကုံးရင့်ရှန့်အား ရက်စက်လိုက်တာ ဟူသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

" ဒါက ငါထင်‌နေတဲ့ဟာလား? "

ကုံးရင့်ရှန်က အာရုံတစိုက်မောင်းနှင်‌နေလျက်။

" အထဲမှာ စားပွဲခင်းစရှိတယ် ထုတ်ပြီး ခင်များပေါင်ပေါ်ခင်းလိုက်။ ကျွန်တော့်ကားကို ညစ်ပတ်အောင်မလုပ်နဲ့ "

" မင်းသောက်လခွမ်း လူတွေကိုဒီလိုပဲ နေ့လယ်စာဖိတ်ကျွေးတယ်ပေါ့ ? "

" ဟုတ်တယ် "

မင်းဦးလေးကို ဟုတ် ပါလား။

ရန်ရိ သည်းခံပြီး နေ့လယ်စာဘူးကိုဖွင့်လိုက်တော့ အရွက်သုပ်ရယ်၊ မြက်ပြောင်းတစ်ဝက်ရယ်၊ အသားတစ်ဝက်ရယ်နှင့် ကြက်ဥတစ်လုံးရယ် ပါဝင်ကြောင်းတွေ့လိုက်ရသည်။

အာဟာရဓာတ်ကတော့ မျှတမည့်ပုံပေါ်၏။

သူ စိတ်တိုပြီး ပြောလိုက်သည်။

" ဒါကအေးပြီး တစ်မနက်လုံးလည်းပင်ပန်းထားတာ ငါပူတာတစ်ခုခုစားချင်တယ် "

" မရဘူး "

" မင်းဒီလိုဟာမျိုးကို နေ့လယ်မှာတော့မစားလောက်ပါဘူး၊ စားတာလား? "

" ‌အိုကေ "

" မင်းအလေးချိန်မကျဘူးလား? "

ရန်ရိ ကုံးရင့်ရှန်ကိုကြည့်လိုက်တော့ ထိုကိုယ်နေကိုယ်ထားက ပြီးပြည့်စုံပြီးသားဖြစ်၏။

" ခင်များ စားမှာလား မစားဘူးလား? "

ရန်ရိ အသက်ဝဝရှူလိုက်၍ စားပွဲခင်းကိုထုတ်ကာ သူ့ပေါင်ပေါ်ခင်းလိုက်ပြီး စားရင်းနှင့်ပင် အထွန့်တက်လိုက်သေးသည်။

" ဟေး အရမ်းအေးတယ် မင်းအမြဲတမ်းဘယ်လိုများစားလဲ? ပြန်နွှေးစားလား? အရွက်သုပ်ကပူနေရင် အရသာအရမ်းမကောင်းဘူး "

" ဒီတိုင်းပဲစားတယ် "

" ဒီတိုင်းပဲစားတယ်? အရမ်းအေးတာကို "

" ကျွန်တော် အေးတဲ့အစာပဲစားတယ် "

ကုံးရင့်ရှန် ရှေ့သို့ပဲတည့်တည့်ကြည့်ကာ မျက်လုံးပင်စောင်းမလာပေ။

" ...ဘာလို့လဲ? "

" ဘာလို့ခင်များမှာ မေးခွန်းအများကြီးရှိနေရတာလဲ ? "

ကုံးရင့်ရှန် အနည်းငယ်စိတ်မရှည်ဖြစ်လာ၏။

" ...ကံကောင်းတာက မင်းလိုမဟုတ်ဘဲ ဒီသခင်မှာ ဉာဏ်ပညာအမြောက်အများရှိတယ် ဒေါသအလျောက်သာဆို အစောကတည်းက မင်းကိုရိုက်နှက်ပစ်လိုက်ပြီ "

ကုံးရင့်ရှန် လှောင်ပြုံး, ပြုံးလိုက်သည်။

ရန်ရိ သူ့ကိုလျစ်လျူရှုကာ အစားသာကုန်းစားနေလိုက်၏။

--------

Translator's Notes

1. Wrangler jeep - သေချာပေါက် ကုံးရင့်ရှန်ရဲ့ suit style နဲ့လုံးဝ(လုံးဝ) မလိုက်ဖက်ပါ။ Rolls-Royce နဲ့ပဲလိုက်ပါတယ် $_$

Wrangler က ခပ်ရိုင်းရိုင်းကောင်းဇိုးလေးတွေနဲ့ လိုက်တယ် ဦးတွေနဲ့ရောပဲ ~^~

2. Rolls-Royce - သောက်ရမ်းမိုက်တယ် (✧Д✧) gentleman type

--------

editor မမက စာမေးပွဲရှိလို့ ကျွန်တော်ပဲ စာစစ်ထားတယ် ။ မျက်စိရှန်းပြီး မှားနေတာရှိရင် ပြောထားခဲ့ပါဦး ပြန်ပြင်ရအောင် ။

-28 10 2020

-lynx

_______

[ Zawgyi ]

ရန္ရိ co- pilot ( lover seat ) သို႔သြားအံ့ဆဲဆဲ၌ ကုံးရင့္ရွန္က ေသာ့ပစ္ေပးလာၿပီး ရန္ရိလည္းအက်င့္အရ လွန္းဖမ္းလိုက္သည္။

" ဟမ္? "

" ခင္မ်ားကားေမာင္း "

" ဘာလို႔လဲ? "

" ကြၽန္ေတာ္ေနမေကာင္းဘူး "

ကုံးရင့္ရွန္ ပုံမွန္အတိုင္းေျပာလာ၏။

ရန္ရိ မေမာင္းခ်င့္ေမာင္းခ်င္နဲ႔ ကားတစ္ပတ္သြားကာ တံခါးဖြင့္၍ ကားထဲဝင္လိုက္သည္။

ကုံးရင့္ရွန္ ကအေနာက္ဘက္ခုံ၊ ဘယ္ဘက္ျခမ္း၌ အလြန္သတိရွိရွိထိုင္‌ေနလ်က္။

ရန္ရိ ေနာက္လွည့္ၿပီး သူ႔ကိုစိုက္ၾကည့္လိုက္သည္။

" မင္းငါ့ကို ဒ႐ိုင္ဘာလိုဆက္ဆံေနတာမလား? "

ကုံးရင့္ရွန္ မ်က္ေတာင္ခတ္လိုက္ၿပီး သူ႔လက္ဆြဲအိတ္ကိုဖြင့္ကာ အထဲမွလက္အိတ္ျဖဴတစ္စုံထုတ္လိုက္သည္။

" ခင္မ်ားကို ဒ႐ိုင္ဘာလိုဆက္ဆံရင္ ဒါေတြဝတ္ခိုင္းမွာ "

ရန္ရိ အံႀကိတ္လိုက္ၿပီး ကားစ‌ထြက္လိုက္သည္။

" ေနာက္ၿပီးေတာ့ ခင္မ်ားအရည္အခ်င္းနဲ႔ ကြၽန္ေတာ့္ဒ႐ိုင္ဘာမျဖစ္ႏိုင္ပါဘူး ၊ ခင္မ်ားဒါေတြဝတ္ခ်င္ရင္ေတာ့....."

" မဝတ္ခ်င္ပါဘူး "

ရန္ရိ ကားထဲမွာ မူးလဲခ်င္စရာေဆးနံ႔မ်ားပ်ံ႕‌နံ႔ေနၿပီး ထိုေနရာက ေနထိုင္ရအဆင္မေျပသည့္ ေျခာက္ေသြ႕ ၊ သန႔္ရွင္းေသာ ေနရာမွန္း သိလိုက္ရသည္။

အခ်ိန္အၾကာႀကီးေနၿပီးေနာက္ ထိုအရာကပဲ လူကို အသက္တစ္ခါရႉသြင္းလိုက္တိုင္း အဆုတ္ကိုသန႔္ရွင္းေပးသကဲ့သို႔ အနည္းငယ္သက္ေသာင့္သက္သာ ျဖစ္ေစျပန္သည္။

ရန္ရိ ကားထဲေဝ့ဝဲၾကည့္လိုက္သည္။

Wrangler [1], ေနရာက်ယ္ၿပီး အသားမာတဲ့ အလြန္ gentleman ဆန္သည့္ကားမ်ိဳးကို သူအၿမဲတမ္းႀကိဳက္ႏွစ္သက္ခဲ့သည္။

ဒါေပမယ့္ ထိုၾကမ္းတမ္းတဲ့ပုံပန္းသြင္ျပင္ႏွင့္ ကုံးရင့္ရွန္၏ အလြန္လက္ရာေျမာက္ေသာ ေခါင္းအစေျခအဆုံးစတိုင္ ႏွင့္လုံးဝမလိုက္ဖက္ေပ။

သူစိတ္ကူးမိသည္၊ သူ႔ေနာက္ကလူ ဘယ္‌လိုကားမ်ိဳးမ်ားေမာင္းသင့္သလဲ။

မဟုတ္ဘူး၊ ကုံးရင့္ရွန္က ကားေမာင္းပုံ‌မေပၚ။

သူ႔ကို Rolls- Royce [2] ကားတစ္ဖက္မွေနကာ တံခါးဖြင့္ေပးသည့္ suit ႏွင့္ leather shoes မ်ား ဝတ္ဆင္လ်က္ လက္အိတ္ျဖဴမ်ားစြပ္ထားေသာ ဒ႐ိုင္ဘာတစ္ေယာက္ေတာ့ရွိရလိမ့္မည္။

ေသစမ္း ဒီမ်ိဳးမစစ္က သူ႔ကို ဒ႐ိုင္ဘာအေနနဲ႔ သုံးေနတာပဲျဖစ္မယ္ !

ရန္ရိ ကုံးရင့္ရွန္ကို စိတ္ထဲကေနက်ိန္ဆဲလိုက္‌ေသာ္လည္း ႐ိုးသားစြာပဲ ကားေမာင္းကာ ဟုန္းဝူေဆး႐ုံသို႔ဦးတည္လိုက္သည္။

လမ္းတစ္ေလွ်ာက္ ကုံးရင့္ရွန္အေနာက္ခန္း၌ ေခါင္းငုံ႔လ်က္ ဖိုင္မ်ားကိုဖြင့္ၾကည့္ေနသည္။

ရန္ရိ ပိုၿပီးပိုၿပီး ဒ႐ိုင္ဘာလို ခံစားလာရကာ အလြန္စိတ္ဖိစီးလာေတာ့၏။

ထိုမ်က္ႏွာပူေနျခင္းအား ၿဖိဳခြင္းရန္ သူစကားစလိုက္သည္။

" ေဖးလန္ ဘယ္လိုေနလဲ? "

" သူ႔အေမ သူ႔(မ)ကိုအိမ္ျပန္ေခၚသြားၿပီး ေစာင့္ၾကည့္ေနတယ္ "

ကုံးရင့္ရွန္ ခဏရပ္လိုက္ၿပီး :

" ခင္မ်ား သူ႔ကို ဂ႐ုစိုက္တာလား? "

" ဂ႐ုစိုက္တာက တရားမဝင္လို႔လား? "

" သူ(မ)က အဆင္ေျပတယ္ ကားသာေကာင္းေကာင္းေမာင္းပါ "

ရန္ရိ ေနာက္ၾကည့္မွန္ကတစ္ဆင့္ မၾကာခဏေခ်ာင္းၾကည့္ေတာ့ ကုံးရင့္ရွန္တစ္ေယာက္ အစအဆုံးေခါင္းေမာ့မလာသည္ကို ေတြ႕ရ၏။

သူ အသက္ဝေအာင္ရႉကာ စိတ္ထဲ၌ ေရ႐ြတ္လိုက္သည္။

" ေဒါသမထြက္နဲ႔ ေဒါသမထြက္နဲ႔ မင္းဖ်ားသြားရင္ မင္းေဒါသကိုဘယ္သူမွ‌ အေလ်ာ္ေပးႏိုင္မွာမဟုတ္ဘူး "

-------

ဟုန္းဝူ ေဆး႐ုံႀကီးလည္း မေန႔ညက စစ္ရွစ္ေက်ာင္မွ ေပးပို႔ေသာလူနာအေျမာက္အမ်ား လက္ခံရကာ အလြန္အလုပ္မ်ားေနၾကၿပီး ပရမ္းပတာျဖစ္ေနသည္။

သူတို႔ႏွစ္ေယာက္ single - ward သို႔ သြားလိုက္သည္။

တံခါးဝ၌ ယူနီေဖာင္းဝတ္ထားေသာ ရဲသားတစ္ေယာက္ရွိၿပီး မတ္တပ္ရပ္ကာ ရန္ရိအား ေမးျမန္းသည့္မ်က္လုံးမ်ားျဖင့္ ၾကည့္လာသည္။

ကုံးရင့္ရွန္ သူ႔လုပ္ေဖာ္ကိုင္ဖက္အား ေခါင္းညိတ္ျပလိုက္ၿပီး :

" သူက ဖီးနစ္တပ္ဖြဲ႕ေခါင္းေဆာင္၊ သံသယရွိသူကိုစစ္ေမးဖို႔ ငါ့ကိုလာကူညီေပးတာ "

ရဲသားက သူတို႔ကိုတံခါးဖြင့္ေပး၏။

သူတို႔ႏွစ္ေယာက္ ‌အခန္းထဲသို႔ဝင္သြားလိုက္သည္။

လက္တစ္ဖက္က ဘူးကိုကိုင္လ်က္ တစ္ျခားလက္တစ္ဖက္က ဖုန္းကိုင္ထားေသာ ငယ္႐ြယ္တဲ့မိန္းကေလးတစ္ေယာက္ အိပ္ရာေပၚတြင္လဲေလ်ာင္းေနကာ

အိပ္ရာေဘးက လူကေတာ့ သူ(မ) အေဖျဖစ္ေလာက္သည္။

လူေတြ႕ေတာ့ သူမအိပ္ရာထက္မွထလာၿပီး အမူအရာကေတာ့ အနည္းငယ္ စိုးထိတ္ေနပုံေပၚလ်က္။

ကုံးရင့္ရွန္ေျပာလိုက္သည္။

" မိန္းကေလးခိုင့္ မင္းအဆုတ္ကိုေကာင္းေကာင္းေဆးၿပီးၿပီလား? "

ခိုင့္ဝမ္ တိုးတိုးေျပာသည္။

" အဲ့တာကစိတ္မသက္သာစရာပဲ ဒါေပမယ့္ ပို‌ေကာင္းလာပါၿပီ "

" ငါတို႔မွာ ေနာက္ဆုံးရအခ်က္အလက္ေတြရွိၿပီးေတာ့ မင္းနဲ႔စကားေျပာခ်င္တယ္ "

ကုံးရင့္ရွန္ သူ(မ) အေဖကိုေျပာလိုက္သည္။

" ေက်းဇူးျပဳၿပီး ေရွာင္ေပးပါ "

ထိုလူက တုံ႔ဆိုင္းကာ အခန္းထဲကထြက္သြား၏။

ကုံးရင့္ရွန္ မိတ္ဆက္လိုက္သည္။

" သူက ဖီးနစ္တပ္ဖြဲ႕ေခါင္းေဆာင္ပါ "

ေျပာရင္းႏွင့္ပင္ recorder ကိုဖြင့္လိုက္သည္။

" ေခါင္းေဆာင္ရန္က မီးသတ္ကြၽမ္းက်င္တစ္ေယာက္၊ ဒီတစ္ေခါက္ ဘားမီး‌ေလာင္မႈကသူ႔ေၾကာင့္ ၿငိမ္းသတ္ႏိုင္ခဲ့ၿပီး ေနာက္ဆက္တြဲ မီးစုံစမ္းစစ္ေဆးေရးကလည္း သူ႔ပဲတာဝန္ယူထားတယ္ မီးစုံစမ္းစစ္ေဆးေရးဆိုတာ ဘာလဲမင္းသိလား ? "

ခိုင့္ဝမ္ ရန္ရိအားလွမ္းၾကည့္လိုက္ၿပီး သူမမ်က္လုံးမ်ားက အနည္းငယ္ မတည္မၿငိမ္ျဖစ္ေနသည္။

ကုံးရင့္ရွန္ ရန္ရိကို စကားေျပာဖို႔အခ်က္ျပလိုက္သည္။

ရန္ရိ ေျပာလိုက္သည္။

" မီးစုံစမ္းစစ္ေဆးေရးက မီးေလာင္တဲ့အခ်ိန္၊ မီးၫႊန္(ျပ) ခ်က္ ၊ မီးေလာင္တဲ့အေၾကာင္းအရင္း၊ မီးပ်ံ႕ႏွံ႔သြားတဲ့‌လမ္းေၾကာင္း စသျဖင့္ေပါ့ မီးေလာင္ၿပီးအခင္းေနရာမွာ က်န္ရွိတဲ့ လကၡာအမ်ိဳးမ်ိဳးအေပၚမူတည္ၿပီး သုံးသပ္ေတြးေတာတာကိုဆိုလိုတယ္။ အျပင္လူေတြအေနနဲ႔ ကိုယ္တို႔ သိပၸံဆိုင္ရာနည္းလမ္းေတြသုံးႏိုင္တယ္။ ၿပီးေတာ့ အေတြ႕အႀကဳံကလည္း မီး‌နဲ႔ဆိုင္တဲ့ သက္ေသအေျမာက္အမ်ားရွာလို႔ရတယ္ "

ခိုင့္ဝမ္ ဆက္ၿပီးအသံတိတ္ေနသည္။

ရန္ရိ တိုးတိုးေျပာလိုက္သည္။

" မိန္းကေလးခိုင့္ ၊ ဒီစစ္ရွစ္ေက်ာင္မီးေလာင္မႈက မင္းစားေသာက္ခဲ့တဲ့ စားေသာက္ခန္း ဆိုဖာကစေလာင္တယ္၊ မင္းေျပာခဲ့တဲ့ လိုက္ကာစက စေလာင္တာမဟုတ္ဘူးလို႔  ကိုယ္ေသခ်ာတယ္။ မင္းကိုယ္တို႔ကို ရွင္းျပခ်က္တစ္ခုေတာ့ ေပးႏိုင္မယ္ထင္တယ္ "

ခိုင့္ဝမ့္ တစ္ျဖည္းျဖည္းခ်င္း ေခါင္းေမာ့လာၿပီး သူမမ်က္ႏွာကေတာ့ ျဖဴေဖ်ာ့ေနသည္။

" ျဖစ္ႏိုင္တာက....ကြၽန္မထင္တာမွားၿပီး ဆိုဖာျဖစ္မယ္

ဆိုဖာနဲ႔ လိုက္ကာကအရမ္းနီး‌ေနေတာ့ "

ကုံးရင့္ရွန္ေျပာလိုက္သည္။

" ငါ့ကို အဲ့ေန႔ညကဘာျဖစ္ခဲ့လဲဆိုတာ ေျပာေပးပါ "

ခိုင့္ဝမ္တစ္ခဏ တိတ္ဆိတ္သြားသည္။

" ကြၽန္မတို႔ေတြ သူငယ္ခ်င္းရဲ႕ ေမြ႕ေန႔ပြဲက်င္းပေနၾကတာ လူတိုင္းအရမ္းေသာက္ထားၾကေတာ့ ဘယ္သူေဆးလိပ္ေသာက္ၿပီး လိုက္ကာဘက္ကိုပစ္လိုက္လဲ မသိဘူး....အာ အဲ့တာဆိုဖာေပၚျဖစ္ေလာက္တယ္ ကြၽန္မမမွတ္မိဘူး ဘယ္နည္းနဲ႔ျဖစ္ျဖစ္ မီးေလာင္သြားတာပဲ "

" အဲ့လိုနဲ႔မီးေလာင္တယ္? အဲ့တာဘယ္လိုမီးမ်ိဳးမို႔လဲ? မီးကအဲ့ေလာက္ေတာင္ႀကီးသြားရလား? "

" အဲ့လိုမီးေလာင္တာပဲ။ ကြၽန္မတို႔ မီးၿငိမ္းဖို႔ႀကိဳးစားၾကေသးတယ္ ဒါေပမယ့္ ၿငိမ္းလို႔မရဘူး အဲ့တာက ပိုပိုၿပီးမ်ားလာေတာ့ ကြၽန္မထြက္ေျပးခဲ့တယ္ "

ခိုင့္ဝမ္ မ်က္လုံးမ်ားကနီေနၿပီး အသံကတုန္ေနသည္။

" သူတို႔လည္း ထြက္‌ေျပးတယ္လို႔ ကြၽန္မထင္ခဲ့တာ၊ ဒါေပမယ့္....သူတို႔အရမ္းေသာက္ထားၾကေတာ့ ကြၽန္မတစ္ေယာက္ပဲ အျပင္ေရာက္သြားတယ္ "

" ဘယ္သူေဆးလိပ္ေသာက္တာလဲ ? "

" ကြၽန္မမေသခ်ာဘူး "

" ဘယ္သူမီးကိုအရင္သတိထားမိတာလဲ? "

" ကြၽန္မမမွတ္မိဘူး "

" မင္း မီးခိုးေငြ႕ကိုအရင္ခံစားမိတာလား ဒါမွမဟုတ္ မီးေတာက္ကိုလား? "

" အဲ့တာက....ကြၽန္မဘယ္လိုေျဖရမလဲမသိဘူး။ ကြၽန္မ မီးကိုေတြ႕ေတာ့ ျပည့္က်ပ္က်ပ္ႀကီးခံစားရတယ္။ ကြၽန္မတို႔ပထမဆုံး မီးသတ္ခ်င္ခဲ့ပါတယ္ တကယ္ပါ "

" မိန္းကေလးခိုင့္ " ကုံးရင့္ရွန္မ်က္လုံးမ်ားက ေအးစက္ကာ သူ႔အသံေနအထားသည္လည္း ေအးစက္ေနသည္။

" မင္းတို႔ စားေသာက္ခန္းမွာ လူေလးေယာက္ပဲရွိတယ္။ မင္းက ဘယ္သူေဆးလိပ္ေသာက္လဲ

ၿပီးေတာ့ ဘယ္သူမီးကိုအရင္စေတြ႕တာလဲ ေနာက္ေတာ့ေရာ လိုက္ကားကိုမီးစစြဲတာလား ဆိုဖာကိုမီးစစြဲတာလား ဘာမွကိုမမွတ္မိဘူး။

မီးခိုးအရင္ထြက္လား မီးထေတာက္တာလားေတာင္မွ မေသခ်ာႏိုင္ဘူး။

ဒီအဓိကမေတာ္တဆမႈႀကီးမွာ လူ ၂၉ ေယာက္ေသဆုံးၿပီး လူေပါင္း ၁၀၀ ေက်ာ္ဒဏ္ရာရၾကတယ္။ မင္းကစားေသာက္ခန္းထဲက လြတ္ေျမာက္သြားတဲ့ တစ္ဦးတည္းေသာသူ၊ ၿပီးေတာ့ အႀကီးမားဆုံးသံသယရွိသူပဲ။ မင္းက ‌ေဇာက္ထိုးမိုးေမွ်ာ္ေတြေျပာေနတယ္ ။မင္းရဲ႕အေျခအေနကိုေရာ မင္းနားလည္ရဲ႕လား? "

ခိုင့္ဝမ့္ထိတ္လန႔္သြားၿပီး သူ(မ) မ်က္လုံးမ်ားက အေၾကာက္တရားျဖင့္ျပည့္ေနသည္။

" ကြၽန္မမဟုတ္ဘူး၊ ေဆးလိပ္.....ေသာက္တဲ့သူ၊ ကြၽန္မမဟုတ္ဘူး "

ရန္ရိ ကုံးရင့္ရွန္ကို မ်က္စပစ္ျပလိုက္ၿပီး သူအတတ္ႏိုင္‌ဆုံး ႏူးညံ့ေသာအသံျဖင့္ ေျပာလိုက္သည္။

" မိန္းကေလးခိုင့္ ၊ ဒါေတြအားလုံးက မင္းကိုနာက်င္ေစၿပီး ေၾကာက္လန႔္ေစတယ္ဆိုတာ ကိုယ္နားလည္ပါတယ္ ဒါေပမယ့္ မင္းႀကံ့ခိုင္ရမယ္ မင္းအတြက္ပဲျဖစ္ျဖစ္ ေသသြားတဲ့ မင္းသူငယ္ခ်င္းေတြ အတြက္ပဲျဖစ္ျဖစ္ေပါ့။

ဒီမေတာ္တဆမႈမွာ မင္းဘယ္ေလာက္တာဝန္ရွိလဲဆိုတာ သက္ေသမျပႏိုင္ရင္ မင္းအတြက္ဒုကၡအႀကီးႀကီး ျဖစ္လိမ့္မယ္ေနာ္ "

ခိုင့္ဝမ္ ငိုသည္။

" ကြၽန္မမသိဘူး ဘာလုပ္ရမလဲကြၽန္မမသိေတာ့ဘူး "

" မိန္းကေလးခိုင့္ ကိုယ္တို႔ အခင္းေနရာကိုစုံစမ္းစစ္ေဆးခ်က္အရ, မင္းအမွန္တရားနဲ႔ေသြဖြယ္ၿပီး သုံးခါထြက္ဆိုခဲ့တယ္ ။

ပထမအခ်က္- မီးက ဆိုဖာကစေလာင္တာျဖစ္ၿပီးေတာ့ လိုက္ကာ ကဆိုတာမဟုတ္ဘူး။

ဒုတိယအခ်က္- မီးအေထာက္အကူပစၥည္းမရွိဘဲနဲ႔ ‌စီးကရက္ဖင္က ဆိုဖာကိုတစ္ထိုင္တည္း မီးမစြဲႏိုင္ဘူး။ အျဖစ္ႏိုင္ဆုံးအေျခအေနက သူ႔ဘာသာသူ မီးထေတာက္တာပဲ ဒါမွမဟုတ္ တ‌စ္ေငြ႕ေငြ႕‌ေလာင္ တာပဲ။

ဒီလို ' တစ္ေငြ႕ေငြ႕ေလာင္တယ္ ' ဆိုတာက မီးမေတာက္ဘဲ မီးခိုးခ်ည္း ထြက္တယ္လို႔ေျပာတာ။

တတိယအခ်က္- ဒီလို တစ္ေငြ႕ေငြ႕ေလာင္တာ ျဖစ္ၿပီဆိုရင္ မီးခိုးပဲပထမဆုံးထြက္တယ္ ၿပီးေတာ့မင္းအသက္ရႉက်ပ္သလို ခံစားလာရမယ္။

မင္းကမီးကိုေတြ႕တယ္ဆိုရင္ အဲ့တာက တစ္ေငြ႕ေငြ႕ေလာင္တာ ကေန မီးေတာက္တာပဲ။

အဲ့အခ်ိန္မွာ မင္းခံစားရတာက အသက္ရႉက်ပ္တာ တစ္ခုတည္းမဟုတ္ေတာ့ဘူး။

ကာဗြန္မိုေနာက္ဆိုဒ္အဆိပ္သင့္တာလည္းပဲ လကၡဏာအမ်ိဳးမ်ိဳးျပလာလိမ့္မယ္။

ဒီျဖစ္စဥ္မွာ လူတစ္ေယာက္ ေ႐ြ႕လ်ားဖို႔ဆိုတာမျဖစ္ႏိုင္ဘူး။ ေနရာမွာပဲေနရလိမ့္မယ္ "

ခိုင့္ဝမ္ ရန္ရိအား စိတ္လြတ္ကာၾကည့္ေနၿပီး သူမခႏၶာကိုယ္က တစ္သိမ့္သိမ့္တုန္ေန၏။

ကုံးရင့္ရွန္ ေျခတစ္လွမ္းတိုးလိုက္သည္။

သူ႔မွာစူးရွေသာမ်က္လုံးမ်ားႏွင့္ ေအးစက္ေသာကိုယ္ေနဟန္ထားရွိၿပီး သူ႔ရဲ႕ျမင့္မားေသာအရပ္က မျမင္ႏိုင္ေသာ ဖိအားကိုေပးေနလ်က္။

" အဲ့ေန႔ညကဘာျဖစ္ခဲ့တာလဲ? "

ခိုင့္ဝမ္ငိုသည္။

" ကြၽန္မေျပာတယ္ေလ ကြၽန္မ‌ေဆးလိပ္မေသာက္ဘူး။ အဲ့တာကြၽန္မမဟုတ္ဘူးလို႔.....အဲ့တာကမီးေလာင္သြားတာပဲ ကြၽန္မမသိဘူး ကြၽန္မမမွတ္မိဘူး ေတာင္းပန္ပါတယ္ ကြၽန္မ...ကြၽန္မမသိဘူး....."

သူမစကားမ်ားက ဗလုံးဗေထြးျဖစ္လာၿပီး စတင္၍ခါးသီးစြာငိုေႂကြးေတာ့သည္။

ကုံးရင့္ရွန္ရပ္လိုက္ၿပီး

ပို၍အနားတိုးလ်က္ သူ႔ mask ကိုပင္ခြၽတ္လိုက္ကာ ကိုယ္ကိုကုန္းလိုက္၍ လက္ေမာင္းမ်ားက အိပ္ရာကိုေထာက္ထားၿပီး သူ(မ) အားတိတ္ဆိတ္စြာ စိုက္ၾကည့္ေနသည္။

[ T/N : ဘယ္လိုလဲ ခိုင့္ဝမ္ ေနရာမွာ ခင္မ်ားတို႔* လို႔ထည့္ေတြးၾကည့္လိုက္ <( ̄︶ ̄)↗ ေသၿပီမလား ]

အခန္းတံခါးပြင့္လာၿပီး ဦးေလးႀကီးဒေရာေသာပါး ေရာက္ခ်လာကာ ႏွစ္ေယာက္ကို တြန္းဖယ္ခြာလိုက္သည္။

ၿပီးေတာ့ မ်က္ႏွာနီရဲကာ ေအာ္ဟစ္ေလ၏။

" မင္းဘာလုပ္မလို႔လဲ ငါ့သမီးက အသက္ ၂၀ ပဲရွိေသးတယ္ သူ(မ)က အရမ္းေကာင္းၿပီး ေဆးလိပ္လည္းမေသာက္ဘူး ။

အဲ့တာ သူ(မ) နဲ႔ဘာမွမဆိုင္ဘူးကြ! "

ကုံးရင့္ရွန္ ႏွင့္ ရန္ရိ တစ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္ၾကသည္။

ကုံးရင့္ရွန္ mask ျပန္တပ္လိုက္ၿပီး :

" မိန္းကေလးခိုင့္ ငါတို႔မင္းသက္သာမွျပန္လာခဲ့ပါမယ္ "

အခန္းထဲကထြက္ေတာ့ ကုံးရင့္ရွန္ သူ႔တပ္ဖြဲ႕သားအား တစ္ခုခု တီးတိုးေျပာလိုက္သည္။

သူတို႔ႏွစ္ေယာက္ ေဆး႐ုံထဲကထြက္ေတာ့ ကုံးရင့္ရွန္ mask ခြၽတ္ကာ ေလေကာင္းေလသန႔္ တစ္ဝႀကီးရႉလိုက္သည္။

ထို႔ေနာက္ ပိုးသတ္စပေရးဘူးထုတ္ကာ သူကိုယ္သူေရာ ရန္ရိကိုပါ အႀကိမ္အနည္းငယ္ျဖန္းေလ၏။

ရန္ရိ ၎(စပေရးဘူး) ကိုလက္ျဖင့္ပုတ္ထုတ္လိုက္သည္။

" okay ငါကမင္းေလာက္မႏုနယ္ပါဘူး "

ကုံးရင့္ရွန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

" ကိစၥေတြက ပိုရႈပ္ေထြးလာၿပီ "

" မင္းတစ္ခုခုသိလိုက္လို႔လား? "

" ကြၽန္ေတာ္ ေတြ႕တာက သူ(မ) လွ်ာက အရမ္းေျခာက္ကပ္ေနၿပီး ပါးစပ္က သတၱဳနံ႔ပါးပါးေလးရတယ္ Amphetamine(စိတ္ႂကြေဆး) နဲ႔ ketamine (အေရျပားထဲထိုးသြင္းေဆး) လႈံ႕ေဆာ္မႈတစ္ခုခု သုံးထားသလိုပဲ။

ကြၽန္ေတာ့္ တပ္ဖြဲ႕သားကို သူ႔(မ) ဆရာဝန္နဲ႔ဆက္သြယ္ၿပီး သူ(မ) ကို ဆီးစစ္ခိုင္းထားတယ္ "

ရန္ရိ အံ့အားသင့္စြာ ေျပာလိုက္သည္။

" မင္း သံသယရွိတာက သူ(မ) သုံးထား....."

" သူ(မ) ပုံပန္းသြင္ျပင္ကေနမေျပာႏိုင္ဘူး သူမ မသုံးတာအေတာ္ၾကာၿပီျဖစ္မယ္ ကြၽန္ေတာ္ပထမဆုံးသတိမထားမိဘူး ဒါေပမယ့္ သူ(မ) တာဝန္ယူဖို႔ တြန႔္ဆုတ္ေနတဲ့အခ်ိန္ " မီးခိုး " လို႔သုံး ရမယ့္အစား " ေဆးလိပ္ " လို႔ပဲသုံးေနတယ္။

အမူအရာပိုင္းဆိုင္ရာစိတ္ပညာ ရႈေထာင့္ကၾကည့္ရင္ *တကယ္လို႔ မင္းသာ မင္းအျပစ္ကင္းတယ္လို႔သိေနရင္ မင္းရဲ႕ သံသယကိုကင္းရွင္းသြားေအာင္လုပ္ဖို႔ ဆုံးျဖတ္ထားလိမ့္မယ္။

မင္း အဲ့တာ(သံသယ) ကို အရမ္းရွင္းလင္းၿပီး ဟုတ္မွန္တဲ့စကားလုံးေတြနဲ႔ အမူအရာျပဖို႔ ယုံၾကည္ခ်က္ရွိေနမယ္*။

' ကြၽန္မေဆးလိပ္ေသာက္တာေၾကာင့္ မီးေလာင္ခဲ့တာမဟုတ္ပါဘူး ' အဲ့လိုစကားမ်ိဳး။

ဒါေပမယ့္ သူ(မ) က ေရွာင္လႊဲေနၿပီး အာ႐ုံစိုက္မႈလည္း လြင့္ပါးေနတယ္။

သူ(မ)တကယ္ေရွာင္လႊဲခ်င္တာက မီးေလာင္မႈတာဝန္ယူရမွာကိုမဟုတ္ဘူး။

ကြၽန္ေတာ္ ထင္တာက သူ(မ) ‌marijuana cigarettes (ေဆးေျခာက္စီးကရက္) လိုမ်ိဳးအနည္းဆုံး ေဆးတစ္မ်ိဳးမ်ိဳးသုံးထားေလာက္တယ္ "

ရန္ရိ မ်က္ခုံးပင့္လိုက္သည္။

" ငါေတာ့မေတြ႕ဘူး မင္းမွာျပႆနာႏွစ္ခုထက္ ပိုရွိေနတာပဲ "

ကုံးရင့္ရွန္ သူ႔ရဲ႕ ေလွာင္ေျပာင္မႈကို ဥေပကၡာျပဳထားသည္။

" မီးအခင္းေနရာကေတြ႕တဲ့ နမူနာ၊ စမ္းသပ္မႈၿပီးရင္ ကြၽန္ေတာ့္ကို တတ္ႏိုင္သေလာက္ ျမန္ျမန္ေပးပါ "

" ခဏေနပါဦး မင္းဘယ္သြားမလို႔လဲ? "

" ကြၽန္ေတာ္ဌာနျပန္ၿပီး အျခားသံသယရွိသူေတြကို စစ္ေမးခ်င္ေသးတယ္ "

" ေန႔လယ္ေတာင္ေရာက္ၿပီ မင္းမဆာဘူးလား? "

" ကြၽန္ေတာ္စားခ်င္စိတ္မရွိဘူး "

ကုံးရင့္ရွန္ မနက္ကျဖစ္ခဲ့တာေတြ အားလုံးေတြးၿပီး ႐ြံရွာမႈကမေပ်ာက္ေသး။

" မင္းမဆာဘူး ငါဆာတယ္၊ အတူသြားစားရေအာင္ "

" ကြၽန္ေတာ္ အျခားသူေတြနဲ႔မစားဘူး "

ကုံးရင့္ရွန္ က႐ုဏာကင္းစြာ ခြန္းတုံ႔ျပန္လိုက္၏။

" အိုး ဟုတ္တယ္ "

ရန္ရိ တြန႔္ဆုတ္လ်က္ေျပာလိုက္သည္။

" အခုခ်ိန္လမ္းမွာ ယာဥ္‌ေၾကာပိတ္တယ္။ မင္းအခုဌာနကိုျပန္မယ္ဆို နာရီဝက္ၾကာမွျပန္ေရာက္လိမ့္မယ္။ ျပန္ေရာက္တဲ့အခ်ိန္ကအတူတူပဲ။

ငါစားမယ္ မင္းထိုင္ၾကည့္ရင္ေရာ ဘယ္လိုေရာ? "

ကုံးရင့္ရွန္ မ်က္ေစာင္းထိုးလိုက္သည္။

" ခင္မ်ား ကိုယ့္ဘာသာ ဘယ္လိုစားရမလဲမသိဘူးလား?

ကြၽန္ေတာ္ ခင္မ်ားနဲ႔ ပ်င္းစရာေကာင္းတဲ့အစီအစဥ္မွာ ပါဖို႔အခ်ိန္မရွိဘူး "

ရန္ရိ လက္သီးက်စ္က်စ္ဆုပ္ထားရင္း စိတ္ထဲကေန ေခြးေကာင္ လို႔ဆဲလိုက္သည္။

" ေဆး႐ုံဝင္ေပါက္ကေန တကၠစီငွားဖို႔ ဘယ္ေလာက္ခက္လဲ မင္းသိရဲ႕လား? ဒီဘက္ကယာဥ္ေၾကာတန္းက ေလးဆယ္မိနစ္ၾကာတယ္ကြ ေန႔လယ္စာစားၿပီးရင္ ငါစခန္းျပန္ဖို႔ စီးစရာလိုတယ္ "

" အဲ့တာခင္မ်ားကိစၥပါ "

ကုံးရင့္ရွန္ လွည့္ကာထြက္သြားသည္။

" fuck "

ရန္ရိ ဆဲလိုက္သည္။

" ဒီမွာ ကုံးမ်ိဳး႐ိုး ၊ ငါမင္းကို အခ်ိန္အၾကာႀကီးသည္းခံခဲ့တယ္။ ငါတို႔အခုသာ အလုပ္အတူလုပ္ဖို႔ တြန္းအားေပးမခံရဘူးဆို ငါမင္းကိုဘာအဓိပၸါယ္မဲ့တဲ့ စကားမွေျပာေနမွာမဟုတ္ဘူး။

မင္းမိဘေတြက မင္းကိုယဥ္ေက်းတတ္ဖို႔ ဆုံးမမထားလို႔ အျခားသူေတြကို ေလးစားမႈထားရမယ္မွန္းမသိတာလား?! "

ကုံးရင့္ရွန္ ေျခလွမ္းမ်ားရပ္သြားကာ ေက်ာျပင္ကသိသိသာသာကို ေတာင့္သြားသည္။

သူ ေနာက္သို႔ေခါင္းမလွည့္ဘဲ ‌တည္ၿငိမ္ေသာ ေလသံျဖင့္ေျပာလာ၏။

" ဟင္အင္း "

ထိုစကားေျပာၿပီးေနာက္ ကားပါကင္သို႔သာ တန္းတန္းမတ္မတ္ေလွ်ာက္သြားသည္။

ရန္ရိ အရမ္းကိုေဒါသထြက္ၿပီး ကုံးရင့္ရွန္ကို ထုသတ္ဖို႔ တူတစ္ေခ်ာင္းသာလိုခ်င္မိ၏။

သူ online- hailing (အြန္လိုင္း-အငွားယာဥ္) software ဖြင့္ရမည္၊ လမ္းေၾကာင္းေ႐ြးရမည္၊ သူသိခ်င္သည္က ဒီမွာပဲဆက္ေစာင့္ရမလား အနီးနားက စားေသာက္ဆိုင္မွာတစ္ခုခုစားရမလား ။

ဒါေပမယ့္ အျပင္မွာအရမ္းပူၿပီး

သူအျပင္လည္းမထြက္ခ်င္သလို ေဆး႐ုံထဲလည္းျပန္မဝင္ခ်င္ေပ။

ထို႔ေၾကာင့္ ေဆး႐ုံအေပါက္ဝမွာပဲရပ္ကာ ေလေအးေပးစက္နား ပြတ္ကပ္ေနလိုက္ရ၏။

႐ုတ္တရက္ ကားဟြန္းဆက္တိုက္တီးသံမ်ား ၾကားလိုက္ရၿပီး သူလွည့္ၾကည့္လိုက္ေတာ့ black wrangler တစ္စီးက သူႏွင့္အကြာအေဝးတစ္ခု၌ ရပ္ေနသည္။

ကားရဲ႕ျပတင္းတံခါးေအာက္နိမ့္သြားၿပီး ကုံးရင့္ရွန္၏ မ်က္ႏွာျဖဴျဖဴအား ေပၚထြက္လာေစလ်က္။

ရန္ရိ ႏွာမႈတ္ကာ တစ္ဖက္လွည့္ၿပီး သူ(ကုံးရင့္ရွန္) ကိုလ်စ္လ်ဴရႈလိုက္သည္။

ကားမွဆက္၍မူလအတိုင္း ကာဟြန္းမ်ားဆက္တီးေနၿပီး နားစည္အတြင္းဆူဆူညံညံ အသံမ်ားက စည္းဝါးက်ေနေပ၏။

ရန္ရိ အလြန္စိတ္အေႏွာင့္အယွက္ျဖစ္ကာ ထိုေနရာသို႔ေလွ်ာက္သြားလိုက္သည္။

" မင္းဘာလုပ္ေနတာလဲ ? "

" ဟြန္းတီးေနတာ "

" မင္းပဲ ငါ့ျပႆနာေတြကို ဂ႐ုမစိုက္ခ်င္ဘူး‌ဆို "

" ကြၽန္ေတာ္ေတြးၾကည့္လိုက္ေတာ့ ခင္မ်ားမွန္တယ္။ ကြၽန္ေတာ္တို႔ အတူအလုပ္လုပ္ရဦးမွာပဲ ဒီပ်င္းစရာအစီအစဥ္ေတြကလည္း လုံးဝမလိုအပ္တာေတာ့မဟုတ္ပါဘူး "

ကုံးရင့္ရွန္ ေမးဆတ္ျပကာ တည္ၿငိမ္ေသာေလသံျဖင့္ေျပာလာသည္။

" တက္ခဲ့ "

ရန္ရိ သူ႔ေခါင္းေပၚမွ ေနလုံးအႀကီးႀကီးကိုၾကည့္လိုက္ၿပီး ခဏတြန႔္ဆုတ္ေနၿပီးမွ ကားတံခါးဖြင့္ကာ ဝင္ထိုင္လိုက္သည္။

ကုံးရင့္ရွန္ သူ႔ရဲ႕‌ရွည္လ်ားေသာလက္ေမာင္းကို ေနာက္ခုံသို႔ဆန႔္လိုက္ကာ အျဖဴေရာင္ ပလက္စတစ္အမာသား ဘူးတစ္ဘူးကို လွမ္းယူလိုက္ၿပီး ရန္ရိ ေပါင္ေပၚတင္လိုက္သည္။

ေလးတယ္။

ရန္ရိေမးလိုက္သည္။ " ဒါကဘာလဲ? "

" အပူခံဘူး ၊ ဖြင့္လိုက္ "

ရန္ရိ အဖုံးဖြင့္လိုက္ရာ ေအာက္ေျခ၌ေရခဲတုံးခံထားေသာ ေန႔လယ္စာဘူးႀကီး ႏွစ္ခုေတြ႕လိုက္ရ၏။

သူ တစ္ဘူးထုတ္လိုက္ကာ ကုံးရင့္ရွန႔္အား ရက္စက္လိုက္တာ ဟူေသာအၾကည့္ျဖင့္ စိုက္ၾကည့္လိုက္သည္။

" ဒါက ငါထင္‌ေနတဲ့ဟာလား? "

ကုံးရင့္ရွန္က အာ႐ုံတစိုက္ေမာင္းႏွင္‌ေနလ်က္။

" အထဲမွာ စားပြဲခင္းစရွိတယ္ ထုတ္ၿပီး ခင္မ်ားေပါင္ေပၚခင္းလိုက္။ ကြၽန္ေတာ့္ကားကို ညစ္ပတ္ေအာင္မလုပ္နဲ႔ "

" မင္းေသာက္လခြမ္း လူေတြကိုဒီလိုပဲ ေန႔လယ္စာဖိတ္ေကြၽးတယ္ေပါ့ ? "

" ဟုတ္တယ္ "

မင္းဦးေလးကို ဟုတ္ ပါလား။

ရန္ရိ သည္းခံၿပီး ေန႔လယ္စာဘူးကိုဖြင့္လိုက္ေတာ့ အ႐ြက္သုပ္ရယ္၊ ျမက္ေျပာင္းတစ္ဝက္ရယ္၊ အသားတစ္ဝက္ရယ္ႏွင့္ ၾကက္ဥတစ္လုံးရယ္ ပါဝင္ေၾကာင္းေတြ႕လိုက္ရသည္။

အာဟာရဓာတ္ကေတာ့ မွ်တမည့္ပုံေပၚ၏။

သူ စိတ္တိုၿပီး ေျပာလိုက္သည္။

" ဒါကေအးၿပီး တစ္မနက္လုံးလည္းပင္ပန္းထားတာ ငါပူတာတစ္ခုခုစားခ်င္တယ္ "

" မရဘူး "

" မင္းဒီလိုဟာမ်ိဳးကို ေန႔လယ္မွာေတာ့မစားေလာက္ပါဘူး၊ စားတာလား? "

" ‌အိုေက "

" မင္းအေလးခ်ိန္မက်ဘူးလား? "

ရန္ရိ ကုံးရင့္ရွန္ကိုၾကည့္လိုက္ေတာ့ ထိုကိုယ္ေနကိုယ္ထားက ၿပီးျပည့္စုံၿပီးသားျဖစ္၏။

" ခင္မ်ား စားမွာလား မစားဘူးလား? "

ရန္ရိ အသက္ဝဝရႉလိုက္၍ စားပြဲခင္းကိုထုတ္ကာ သူ႔ေပါင္ေပၚခင္းလိုက္ၿပီး စားရင္းႏွင့္ပင္ အထြန႔္တက္လိုက္ေသးသည္။

" ေဟး အရမ္းေအးတယ္ မင္းအၿမဲတမ္းဘယ္လိုမ်ားစားလဲ? ျပန္ေႏႊးစားလား? အ႐ြက္သုပ္ကပူေနရင္ အရသာအရမ္းမေကာင္းဘူး "

" ဒီတိုင္းပဲစားတယ္ "

" ဒီတိုင္းပဲစားတယ္? အရမ္းေအးတာကို "

" ကြၽန္ေတာ္ ေအးတဲ့အစာပဲစားတယ္ "

ကုံးရင့္ရွန္ ေရွ႕သို႔ပဲတည့္တည့္ၾကည့္ကာ မ်က္လုံးပင္ေစာင္းမလာေပ။

" ...ဘာလို႔လဲ? "

" ဘာလို႔ခင္မ်ားမွာ ေမးခြန္းအမ်ားႀကီးရွိေနရတာလဲ ? "

ကုံးရင့္ရွန္ အနည္းငယ္စိတ္မရွည္ျဖစ္လာ၏။

" ...ကံေကာင္းတာက မင္းလိုမဟုတ္ဘဲ ဒီသခင္မွာ ဉာဏ္ပညာအေျမာက္အမ်ားရွိတယ္ ေဒါသအေလ်ာက္သာဆို အေစာကတည္းက မင္းကို႐ိုက္ႏွက္ပစ္လိုက္ၿပီ "

ကုံးရင့္ရွန္ ေလွာင္ၿပဳံး, ၿပဳံးလိုက္သည္။

ရန္ရိ သူ႔ကိုလ်စ္လ်ဴရႈကာ အစားသာကုန္းစားေနလိုက္၏။

--------

Translator's Notes

1. Wrangler jeep - ေသခ်ာေပါက္ ကုံးရင့္ရွန္ရဲ႕ suit style နဲ႔လုံးဝ(လုံးဝ) မလိုက္ဖက္ပါ။ Rolls-Royce နဲ႔ပဲလိုက္ပါတယ္ $_$

2. Rolls-Royce - ေသာက္ရမ္းမိုက္တယ္ (✧Д✧) gentleman type

--------

editor မမက စာေမးပြဲရွိလို႔ ကြၽန္ေတာ္ပဲ စာစစ္ထားတယ္ ။ မ်က္စိရွန္းၿပီး မွားေနတာရွိရင္ ေျပာထားခဲ့ပါဦး ျပန္ျပင္ရေအာင္ ။

-28 10 2020

-lynx