webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 7

[ Unicode ]

Translator - Lynx | Editor - Kellow

.......

အစက ခွင့်ရက်ရဲ့နောက်ဆုံးနေ့မှာ သူ ဖုခိုင်ရယ်အခြားအပေါင်းအသင်းတွေရယ်နဲ့ ထွက်သောက်ဖို့တွေ့ချင်ခဲ့တယ်။

မမျှော်လင့်ဘဲ ပိတ်ရက်ကြီးမှာ အားလုံးက အခြားအစီစဉ်များရှိနေကြချေ၏။ ပြီးတော့သူကလည်း ကြိုချိန်းမထားမိပေ။

သူမတတ်သာဘဲ ဖုခိုင်ကိုသာကြိမ်းမောင်းရတော့သည်။

ရန်ရိ: "အချိန်တိုင်း မင်းမိန်းမနဲ့ကလေးနားပဲ နေနေလည်း ဘာအောင်မြင်မှုမှ ရတာလည်းမဟုတ်ဘဲနဲ့ကွာ "

ဖုခိုင်: " ဟုတ်ပါပြီ မင်းဘဝပဲကောင်းတယ်၊ မင်းသာတစ်ကိုယ်တည်းသမား မင်းသာပုံမှန်လူပါ"

ဖုခိုင်ရယ်ကာပြောသည်။

ဖုခိုင်: " မနေ့ညကသူငယ်ချင်းတွေပြောတယ် မင်းဘယ်သူနဲ့သောက်ခဲ့လဲ?"

ရန်ရိ: " ဘယ်သူနဲ့မှမသောက်ဘူး"

ဖုခိုင်: " မင်းလား လပေါ်မှာတစ်ယောက်တည်း ထိုင်သောက်မှာ၊ သရဲပဲယုံမယ် "

ဖုခိုင်က တိုးတိုးပြောသည်။

ဖုခိုင်: " ဘယ်အကောင်းစားလေးဆီများ ငါတို့ကောင်ရန်ရိ သွားအိပ်ခဲ့သလဲဟမ်? ဟိုသရုပ်ဆောင်တော့ မဟုတ်ဘူးမလား?"

ရန်ရိ မရေမရာဖြေလိုက်သည်။

ဖုခိုင်: " တကယ်ကိုသူပဲ "

ဖုခိုင် "ကျစ်" လို့စုတ်သတ်သည်။

ရန်ရိ: " မင်းလေသံက ဘာကိုဆိုလိုတာလဲ?"

ဖုခိုင်: " နှစ်တွေအများကြီး ညီအစ်ကိုတွေလိုဖြစ်လာကြတာ ၊ ငါမင်းရဲ့ အရှုပ်အရှင်းတွေကိုဝေဖန်မနေပါဘူး အခုတော့အဲ့လိုမိန်းမဆန်တဲ့ မိန်းမလျာလိုကောင်နဲ့တဲ့လား?"

ဖုခိုင်မနှစ်မြို့ပေ။

ရန်ရိ: " ငါကမင်းမျက်နှာထက်ပိုလှတယ်လို့တော့မတွေးပါဘူး။ ပြီးတော့သူကပြောသေးတယ် ငါကချောမောပြီး ဗလလည်းတောင့်တယ်တဲ့။ "

ရန်ရိ သူ့မေးစေ့ကိုထိကိုင်လိုက်သည်။

ရန်ရိ: " ငါဘာလို့ လူ(အလုပ်ရှင်) မပြောင်းရမှာလဲ?  ငါလည်းချမ်းသာချင်တယ်လေ "

ဖုခိုင်: " မင်းမျက်နှာမင်းကြည့်သင့်တယ်၊ မင်းဒီလိုပဲသေမှာပဲ မင်းကတစ်သက်တာလုံးမီးနဲ့ ပတ်သက်ဖို့ကံပါပြီးသား "

ရန်ရိ : " ဟေး ငါ့ကိုဒီလိုနာမည်ပေးလို့ အဖိုးကြီး(ရန်ရှန့်ရုန်) ကိုအပြစ်တင်ရမယ် "

[ T/N : 任燚 မှာ 任 က မျိုးရိုးနာမည် ၊ 燚 က ဓာတ်စင် 5 ခုထဲက မီးလေးခုပါတဲ့ပုံစံ။ တွေ့တဲ့အတိုင်း 燚 မှာ 火 ဆိုတဲ့ မီးလေးခုစုတ်ချက်ဆွဲထားတာ။ အဲ့တာကြောင့် ရန်ရိကို 四火 (စစ်ဟော်-four fires) လို့လည်းခေါ်ကြတယ်။

ရန်ရိက မီးသတ်တဲ့အလုပ်လုပ်တာကို သူ့အဖေက မီးနဲ့ပတ်သက်တဲ့ နာမည်ပေးလို့အပြစ်တင်နေတာ။ နောက်ပိုင်းက ကုံးရင့်ရှန်က ရန်ရိရဲ့ မီးက ဘယ်လိုမီးလဲဆိုတာ ရှင်းပြပါလိမ့်မယ်။ ]

နှစ်ယောက်သားဖုန်းမချခင် စကားအနည်းငယ်ပြောကြသေးသည်။

ညစာစားပြီးနောက် ရန်ရိသူ့အဖေနှင့်လမ်းလျှောက်ထွက်သည်။

သူ့အဖေကို အိပ်ရာဝင်ခိုင်းပြီးနောက် သူ့အိပ်ရာပေါ်လှဲကာ ဖုန်းဖြင့် ဂိမ်းနည်းနည်းလောက်ကစား၏။

ထို့နောက်တော့ သူဘယ်အချိန်အိပ်ပျော်သွားလဲမသိပေ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေချိန်မှာ ရုတ်တရက် သူ့ရဲ့ဖုန်းသံကြောင့်နိုးသွားရသည်။

သူဖုန်းကိုအမှောင်ထဲမှာ ဆွဲယူလိုက်သည်။ ခေါ်ဆိုသူကိုရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ရာ သူ့မျက်လုံးများကအလင်းရောင်ကို အသားကျ‌အောင်မလုပ်နိုင်ခင်မှာပဲ ဖြေကြားတဲ့ခလုတ်ကိုနှိပ်လိုက်သည်။

" Hello? "

" ရန်ရိ၊ စစ်ရှစ်ကျောင်(fourth perspective) မှာမီးလောင်နေတယ်"

ချီယန်ပေါင်၏အသံက ခပ်အေးအေးပေမဲ့ အလျင်လိုနေသည်။

ရန်ရိ အိပ်ရာမှခုန်ထကာ မီးကိုဖွင့်၊ အဝတ်ကောက်ဆွဲဝတ်လိုက်သည်။

" ဆက်ပြော "

" တပ်ရင်းက အခြားစခန်းနှစ်ခုကိုလည်းပို့လိုက်တယ်။ မင်းမြန်မြန်အောက်ဆင်းခဲ့ ငါတို့ထောင့်မှာဝင်ခေါ်မယ် "

" ကောင်းပြီ "

ရန်ရိအမြန်ပဲအဝတ်ဝတ်ကာ လေပွေကဲ့သို့ပင်အိမ်မှထွက်ပြီး အောက်သို့ပြေးဆင်း၍ အိမ်ရာဂိတ်သို့ ပြေးသွားလိုက်သည်။

သူအိမ်ရာရဲ့ဂိတ်ကိုပြေးထွက်သွားတော့ တစ်ဖက်ခြမ်းမှ မီးသတ်ကားများ ဂိုဒေါင်ထဲမှထုတ်နေသည်ကိုတွေ့ရ၏။

သူတို့စခန်း၌ ရှေ့ပြေးမော်တော်ဆိုင်ကယ် နှစ်စီး၊ ရှေးပြေးဂျစ်ပ်ကား တစ်စီးအပြင် ထပ်ပေါင်း၍ ကယ်ဆယ်ရေးထရပ်ကား ငါးစီးရှိသေးသည်။

ကားနံပါတ်တစ် : ဘက်စုံသုံးကယ်ဆယ်‌ရေးယာဉ်၊ အမျိုးမျိုးသောပစ္စည်းကိရိယာများတပ်ဆင်ထားပြီး အရွယ်အသေးစား၊ ပြောင်းရအလွယ်ဆုံးဖြစ်ကာ မီးမလောင်-ကယ်ဆယ်ရေး များအတွက်သင့်တော်သည်။

ကားနံပါတ်နှစ် : ရေမြှုပ်ရောစပ်စနစ် နှင့် မီးငြှိမ်းသတ်ရေးပေါင်ဒါတပ်ဆင်ထားသော ၁၂ တန် အလတ်ဆိုဒ်ရေယာဉ်၊ အသေးစားမီးလောင်မှုများအတွက် သင့်တော်သည်။

ကားနံပါတ်သုံး : ထောက်တိုင်ပါသော 15 မီတာလှေကားနှင့် ကယ်‌ဆယ်ရေးယာဉ်၊ အမိုးမပါ၊ ထိခိုက်မှုများအတွက်အတွက်အထူးပြုလုပ်ထားသော မီတာဝက် အထူရှိဒြပ်ထုစတီးဘမ်ပါကား။

ကားနံပါတ်လေး : 70m အမြင့်ရောက် ကယ်ဆယ်ရေးပလက်ဖောင်းပါရှိ‌သည့်  4 တန်ဝင်ရေသယ် မီးသတ်ထရပ်ကား၊ အမြင့်ပိုင်း ကယ်ဆယ်ရေးများအတွက်သင့်တော်သည်။

ကားနံပါတ်ငါး : တန် 30 အလေးသယ် ရေထောက်ပံ့ရေးရေသယ် မီးသတ်ကား။

ပုံမှန်ကယ်ဆယ်ရေးတွင် များသောအားဖြင့် မတော်တဆမှု‌များကိုဖြေရှင်းရန် ပထမဆုံးကားသုံးစီးသာ အများဆုံးသုံးသည်။

နံပါတ်လေးကားနှင့်ငါးကားမြောက်ကအကောင်ကြီးများဖြစ်ပြီး၊ ၎င်းတို့ကိုတစ်နှစ်မှာတောင် အကြိမ်အနည်းငယ်သာသုံးသည်။

ရန်ရိ ကားလေးစီးထက်ပို၍ ကားဂိုဒေါင်မှတစ်စီးချင်း ထွက်လာသည်ကိုမြင်တော့ ပြင်းထန်တဲ့သတိပေးချက်ဖြစ်ရမည်ကို သိလိုက်၏။

စစ်ရှစ်ကျောင်က သူ့နယ်မြေထဲမှဘားတစ်ခု။

ထျန်ချီမြို့၌ ကျော်ကြားသည်။

စနေနေ့ညကတော့ ဘားရဲ့စီးပွားရေး အကောင်းဆုံးအချိန်အခါပင်ဖြစ်တော့၏။

ယာဉ်ကြောကအလွန်ကျပ်ပြီး ထိုအချိန်၌မီးထလောင်သည်က အကျိုးအမြတ်ဖို့ အရှုံးချည်းသာဖြစ်‌ချေ၏။

ရန်ရိ သူ့ရှေ့ကားရပ်လာသည်နှင့်ချက်ချင်း သူတံခါးဖွင့်က အမြန်တက်လိုက်သည်။ လူတိုင်းက တန်ဆာအပြည့်နှင့်ဖြစ်ကာ ချီယန်ပေါင်ပင်ထွက်ရ၏။

ရန်ရိ သူ့၏ကိရိယာများတပ်ဆင်ပြီးသည်နှင့် မေးလိုက်သည်။ " အခြေအနေဘယ်လိုရှိလဲ?"

" စစ်ရှစ်ကျောင် ၊ ဒုတိယထပ်အခန်းကမီးစလောင်တယ်၊ မီးခိုးငွေ့တွေက လေထွက်ပေါက်ကနေဗဟို လေအေးပေးစက်ကိုအမြန်ပဲကူးသွားပြီး ဒုတိယထပ်နဲ့ တတိယထပ်ကလူအများကြီး အဆိပ်မိပြီး ပိတ်မိသွားကြတာ။ ပထမထပ်ခန်းမကနေထွက်ပြေးကြတုန်း တက်နင်းတာတွေပါဖြစ်သွားတယ်။ လေအကူအညီနဲ့ မီးကနောက်ဘေးဘက်ကိုပါကူးနေပြီ စည်ပင်သာယာက ဆန်းနင် တပ်ဖွဲ့နဲ့ လောရှန့် တပ်ဖွဲ့ကိုလွှတ်လိုက်တယ် ရွှီချန်းမင် ရဲ့အဓိကဝန်ထမ်းတွေလည်း အခင်းနေရာကိုအပြေးသွားနေကြပြီ "

[T/N : ချန်းမင် - ဦးစီးချုပ် ]

" စစ်ရှစ်ကျောင် ဖိုင်ရော?"

ချီယန်ပေါင် သူ့ကိုဖိုင်ကမ်းပေးလာသည်။

မီးသတ်တပ်ဖွဲ့တိုင်းက မီးကာကွယ်ရေးဖိုင်တွင် ၎င်းတို့နယ်မြေတိုင်း၏ အဓိကယူနစ်များအားတင်ပြထားသည်။ အန္တရာယ်ရှိသောကုန်ပစ္စည်းများရောင်းချသည့်၊ အရွယ်အစားတွင်ကြီးမားသည့်၊ လူအဝင်အထွက်များပြားသည့် အဓိကယူနစ်များက တစ်ခါမတော်တဆမှုဖြစ်ပြီဆိုလျှင် လူအားရော ငွေအားပါ ဆုံးရှုံးမှုကြီးမားသည်။ မီးသတ်ဌာနက ဝတ္ထုပစ္စည်းများ အပေါ်တွင်သာအာရုံထားသည်။

ဤဖိုင်တွင် ဗိသုကာဆိုင်ရာ ဒီဇိုင်းဆွဲသားချက်များ၊ အရေးပေါ်မီးအတိုင်းအတာဆွဲသားချက်များ ပါဝင်ကာ အန္တရာယ်မြင့်မားသောယူနစ်များအနေဖြင့် မီးအစီအစဉ်များ စီစဉ်ထားရမည်၊ မီးသတ်နှင့်ပူးပေါင်းကြရမည်၊ မီးသတ်စစ်ဆေးခြင်းများ ပုံမှန်လုပ်ဆောင်ရန်ခွင့်ပြုရမည်ဖြစ်ပြီး မီးလေ့ကျင့်ရေးများပင်လုပ်ဆောင်ကြရမည်။

စစ်ရှစ်ကျောင် ရဲ့ထိန်းသိမ်းစာရင်းထဲမှာ မီးအစီအစဉ်တွေမရှိပေမယ့် ပြည့်စုံသောဗိသုကာပုံများနှင့် အတွင်းတည်ဆောက်ပုံ ဆွဲသားချက်‌တွေတော့ရှိသည်။

စစ်ရှစ်ကျောင်ရဲ့ ပထမထပ်မှာ dance floor ရှိပြီး ဘေးနှစ်ဖက်နှစ်ချက်လုံးတွင် စားပွဲများဖြင့်ဝန်းရံထားသည်။ ပြီးတော့ ဒုတိယထပ်နှင့် တတိယထပ်ကတော့ အားလုံးအခန်းငယ်များပင်ဖြစ်သည်။

ဒီလို စနေနေ့ညမှာ လူအဝင်အထွက်က လေးရာငါးရာ ထိတောင်ရှိနိုင်သည်။

ရန်ရိလည်း ထိုဘားကိုရောက်ဖူးသည်။ အသံလုံဖို့အတွက်နှင့် တန်ဆာဆင်ခြင်းများအတွက်polyurethane[1] အများအပြားသုံးထား၏။

စားသောက်ခန်းငယ်များထဲမှ ခန်းစီးများကPolyester-cotton[2] နှင့် chemical fiber[3]ဖောက်ရက်ထားသောအထည်စများဖြစ်သည်။

ထိုပစ္စည်းနှစ်ခုကသာ မီးလောင်လွယ်မှုမြင့်မားပြီး မီးလောင်ခြင်းက carbon monoxide[4] အများအပြားထွက်စေသည်။

ထိုအချိန်တွင် walkie-talkie[5] မှအသံလာသည်။

" ခေါင်းဆောင်,ကာကွယ်ရေးဦးစီးချုပ်ရွှီ အခင်းနေရာ မရောက်ခင် မင်းအမိန့်ပေးထားလိုက်ပါ "

ရန်ရိ အကြောင်းပြန်လိုက်သည်။ " လက်ခံပါတယ် "

၎င်းကား မနက်တစ်နာရီဖြစ်ကာ လမ်းရှင်းနေသည်။

ငါးမိနစ်အကြာမှာပင် သူတို့အခင်းနေရာသို့ရောက်၏။

စစ်ရှစ်ကျောင် က ဘားလမ်းမ၏အလယ်တွင်ဖြစ်သည်။ လမ်းမတစ်လျှောက်လုံးက ဘားတွေKTV တွေ၊ စားသောက်ဆိုင်တွေ၊ ‌‌အရောင်းဆိုင်တွေ၊ Chess နှင့် card ကစားခန်းတွေ စသည်ဖြင့်...ပြည့်နှက်နေသည်။

၎င်းက ‌ထင်ရှားသောညပွဲလမ်းပင်။ ၎င်းနေရာမှ အဆောက်အအုံများက နိမ့်ကာ ပုံမှန်အားဖြင့် လေးထပ်ထက်မပို‌။ သို့သော် နေရာကကျဉ်းမြောင်းပြီး တစ်ချို့အဆောက်အအုံများမှာ နေရာလပ်ပင်မရှိ‌ချေ။

အဆောက်အအုံနှစ်ခုကြား ဘယ်မီးမှခြားနားလို့မရလုနီးပါးရှိသည်။

ဒီလိုအပန်းဖြေနေရာမျိုးကတော့ လွယ်လွယ်နှင့်ပဲမီးကူးစေနိုင်ပြီး အဆောက်အအုံးတစ်ခုလုံးမီးလောင်ခြင်းဖြင့် ပြင်းထန်သောမတော်တဆမှုကြီးဖြစ်စေနိုင်သည်။

နယ်မြေရဲတပ်ဖွဲ့နှင့် ယာဉ်ကြောထိန်းချုပ်ရေးတပ်ဖွဲ့က အခင်းနေရာသို့ ရောက်နေကြပြီဖြစ်ကာ ယာဉ်ကြောကိုရှင်း၍ လူအုပ်ကိုရှင်းလင်းကြသည်။ အနီးနားလမ်းများကတော့ လူများဖြင့်ပြည့်နှက်နေ၏။

စစ်ရှစ်ကျောင်ရဲ့ ဒုတိယထပ်ကမီးဟုန်းဟုန်းတောက်ကာ မီးခိုးအပူလှိုင်းများက တတိယထပ်သို့ရိုက်ခတ်နေပြီး ပထမထပ်ကပြတင်းပေါက်များကတော့ အစိတ်စိတ်ကွဲအက်ကုန်သည်။

မီးလျှာက ဘေးဘက်ရှိ ဟော့ပေါ့စားသောက်ဆိုင်ကို လျက်နေပြီး အခင်းနေရာကား မီးခိုးနက်ရောင် များဖြင့်ပြည့်နှက်၍နေသည်။

ဒုတိယထပ်နှင့် တတိယထပ်မှ ပြတင်းပေါက်များအားလုံးနီးပါး အကူအညီတောင်းခံနေကြပြီး ငိုကြွေးသံ၊ အော်ဟစ်သံ၊ လောင်ကျွမ်းသံများနှင့် ရဲဥဩဆွဲသံများက စိတ်မချမ်းမြေ့ဖွယ်အခင်း‌နေရာတွင် ရောယှက်နေသည်။

ရန်ရိ ကားပြင်ထွက်သည်နှင့်ချက်ချင်း ယာဉ်ထိန်းရဲကသူ့ထံပြေးလာကာ ထိတ်လန့်တကြားပြောသည်။

" ခေါင်းဆောင်ရန်၊ ပတ်ဝန်းကျင်ဆိုင်တွေကလူတွေ ရှောင်တိမ်းပြီးပါပြီ ဘားထဲကလူအမြောက်အများကတော့ ပိတ်မိနေပြီး ဘားအနောက်ဘက်က အရေးပေါ်တံခါးကလော့ချထားတယ် "

ရန်ရိ ခေါင်းညိတ်သည်။

" အခင်းနေရာက မီးခိုးတွေကအဆိပ်ရှိတယ် လူအားလုံးကိုဝေးဝေးသွားခိုင်းပါ "

ရန်ရိ intercom[6] ကိုနှိပ်လိုက်သည်။

" ဌာနချုပ်, ဘားလမ်းကို ဓာတ်အားပေးနေတာဖြတ်တောက်ပေးဖို့ ဓာတ်ငွေ့တပ်ဖွဲ့ကိုအကူအညီတောင်းပါတယ် "

" နားလည်ပြီ "

" စွန်းတင့်ရိ အနောက်ဘက်က အရေးပေါ်ထွက်ပေါက်ကိုဖွင့်ဖို့သွားကြည့်"

"စွေ့ရိရှောင်း မင်းအဖွဲ့ကသုံးယောက်က ရေ‌ထောက်ပံ့ရေးသေချာအောင်လုပ်ဖို့တာဝန်ယူ၊ ပြီးတော့မင်းက အခြားတစ်ယောက်ကိုခေါ်ပြီး တတိယထပ်က မီးခိုးထွက်ပေါက်ဖွင့်ဖို့သွား "

" ချွီယမ်ပေါင် ပထမဆုံး စွေ့ရိရှောင်းကိုတတိယထပ်ရဲ့ထိပ်ကိုပို့ပေး, ပြီးရင် တတိယထပ်ကပြတင်းပေါက်ကိုဖျက်ပြီး ပြတင်းပေါက်မှာပိတ်မိနေတဲ့သူတွေကိုကယ်၊ နောက်ပြီးတော့ မီးခိုးထွက်ပေါက်ဖွင့်ပြီး ရှာဖွေကယ်ဆယ်ရေးအတွက် လူတွေအထဲခေါ်သွားလိုက် "

" ကောင်းကယ် ရေပိုက်နှစ်ပိုက်ထုတ်... "

" မီးသတ်သမားရေ! မီးသတ်သမား! "

အပြင်မောင်းထုတ်ခံရပြီးသော အသက်လတ်ပိုင်းလူတစ်ယောက်က လက်ကိုဆက်တိုက်ဝေ့ရမ်းက ရန်ရိကိုလှမ်းအော်ပြောသည်။

" ဦးကဟော့ပေါ့ဆိုင်ပိုင်ရှင်ပါ မီးသတ်သမား!  "

ရန်ရိ ထိုသူ့ကိုတစ်ချက်ကြည့်လိုက်သည်။

" ပေးဝင်လိုက် "

ထိုလူရန်ရိထံပြေးလာကာ ထိတ်လန့်တကြားဖြင့်ပြောသည်။

" ဦးတို့ဆိုင်က အသေးစားဂတ်စ်ဘူးတွေနဲ့ပြည့်နေတယ် ပြီးတော့စားပွဲတိုင်းမှာရှိတာ! "

ရန်ရိ မျက်နှာအုံ့မှိုင်းသွားသည်။

" ကောင်းကယ် လူတွေကို ဂတ်စ်ဘူးတွေနားကနေခေါ်ထုတ်သွား၊ အနောက်တောင်ဘက်ကိုမီးသတ်ဖို့ ရေပိုက်နှစ်ပိုက်ထုတ် ၊ ပြီးရင် ဟော့ပေါ့ဆိုင်ကို မီးမကူးတာသေချာအောင်စောင့်ကြည့်နေ၊ နောက်ပြီး‌ အရှေ့‌တောင်ဘက်မျက်နှာစာကို အေးဖို့ပိုက်တစ်ခုထုတ် "

" ဟုတ်ကဲ့! "

" ဘာလို့လူတွေမကယ်တာလဲ! "

လူအုပ်ထဲမှတစ်ယောက်ကအော်သည်။

" အထဲမှာလူတွေအများကြီးပဲ! "

တစ်ယောက်ကငိုကာပြောသည်။

" အထဲမှာငါ့ညီမလေးရှိတယ် မင်းဘာလို့လူတွေမကယ်ရတာလဲ!"

ရန်ရိ နှဖူးတွင်ချွေးများဝေ့သီလျက် မီးမှိုက်နေသောဘားကိုကြည့်လိုက်ပြီး သူ့နှလုံးက အရိုင်းဆန်စွာခုန်နေတော့၏။

ထိုအချိန် တတိယထပ်ကမီးသိပ်မကြီး၊ မီးခိုးလုံးကြီးများသာရှိသည်၊ သို့သော် မီးခိုးထွက်ပေါက်မဖွင့်ရသေးခင်တော့ ရှာဖွေကယ်ဆယ်ဖို့ လူတွေကိုအန္တရာယ်တောထဲ သူလွှတ်မည်မဟုတ်ပါ။

မီးရဲ့သဘောက အပေါ်ကိုတက်နိုင်သလောက်တက်သည်၊ ထို့ကြောင့် အောက်ထပ်အဆောက်အအုံသာ ထိန်းချုပ်မှုလွတ်သွားခဲ့လျှင် အပေါ်ထပ်မှကျောက်ပြားချပ်များ မီးမှိုက်ခံရမည်။ တစ်နည်းအားဖြင့် မီးသည် အောက်ဆီဂျင်ရှိရာ ပြတင်းပေါက်များအားလုံးဆီသို့ ပျံ့သွားလိမ့်မည်။

ထိုအချိန် လူဝင်ကယ်ခြင်းက မီးများဖြင့်အဝိုင်းခံရမည်သာ။

ဒုတိယထပ်အခြေအနေက ပိုပြင်းထန်၍ မီးပျံ့နှံ့ခြင်း၊ မီးစွဲလောင်ခြင်းများနှင့် အချိန်မရွေးပင် ပြိုကျနိုင်၏။ သူ့မှာ လှေကားတစ်ခုပါသော ကားသာရှိသည်။ ထို့ကြောင့် ဒုတိယနှင့်တတိယနှစ်ထပ်လုံးကို ဂရုမစိုက်နိုင်။

သူစိုးရိမ်တကြီးမေးလိုက်သည်။

" ဌာနချုပ်၊ ဆန်းနင်တပ်ဖွဲ့နဲ့ လောရှန့်တပ်ဖွဲ့ အခင်းနေရာရောက်ဖို့ ဘယ်လောက်ကြာဦးမှာပါလဲ?"

" နှစ်မိနစ်ကနေ ခြောက်မိနစ်လောက် "

ရန်ရိ အံကိုကြိတ်ကာ နောက်လှည့်၍ ဘားအရှေ့သို့လျှောက်လှမ်းလိုက်သည်။ သူတို့ အခုသွားပြီးရှာ‌ဖွေ ကယ်ဆယ်နိုင် တဲ့တစ်ခုတည်းသောနေရာက ပထမထပ်ပင်။

ဒါပေမယ့် မကြာခင်ကပဲ အရေးတကြီး လူအင်အားလျော့နည်းသွားရပြီ။

သူသာအခုချိန် အဖွဲ့ကိုဦးဆောင်ပြီး အထဲဝင်သွားရင် အခင်းနေရာကို ညွှန်ကြားမယ့်သူမရှိတော့။

" ခင်များကရူးနေတာပဲ ဘားကမီးလောင်နေပါတယ်ဆို ဟော့ပေါ့ဆိုင်ကိုရေဖြန်းနေတယ်!"

လူအုပ်ကြီးက လှုံ့ဆော်ကာ‌အော်ဟစ်ကြသည်။

" ဟုတ်တယ် ဘာလို့အပြင်ဘက်ကိုရေဖြန်းနေတာလဲ!"

" ဘာလို့လူတွေကယ်ဖို့ကျတော့ တစ်ယောက်မှမသွားကြတာလဲ?! "

ထိုစဉ် စွန်းတင့်ရိက ‌အရေးပေါ်ထွက်ပေါက်ကို ရှာကာဖွင့်ပေးလိုက်သည်။

ဖွင့်ပြီးပြီးချင်းပဲ လူဒါဇင်‌ကျော်က အစုလိုက်အပုံလိုက်ထွက်လာကြသည်။ အရှေ့မှလူက မြေကြီးပေါ်သို့လဲကျသွားကာ အနောက်မှလူများ၏ အုပ်မိုးခြင်း၊ တက်နင်းသွားခြင်းကိုခံရပေတော့၏။

စွန်းတင်းရိနှင့် တပ်သားအနည်းငယ်က လူအုပ်ကြီးကို ခွဲ၍ထိန်းကြသည်။ အော်ဟစ်၍၎င်းတို့အသံများဖြင့် ဟန့်တားကြရသည်။

" မတိုးကြနဲ့! မတွန်းကြနဲ့!"

ထိုလူအုပ်မှ လူတစ်ချို့ကလှုပ်ရှားဖို့အားရှိကြသေးသည်။ တစ်ချို့က နောက်ဆုံးလက်ကျန်အားဖြင့် လွတ်မြောက်ဖို့ရုန်းကန်နေကြသည်။ တစ်ချို့ကတော့ လူကြားထဲသို့သာလဲကျကုန်၏။

သူတို့နောက်မှအရာက သားရဲများထက်ပင်ပို၍ ကြောက်မက်ဖွယ်ဖြစ်သောကြောင့် ဦးတည်ရာမရှိထွက်ပြေးကြကုန်သည်။

စွန်းတင်းရိ အင်တာကွန်းမှလှမ်းပြောသည်။

" ခေါင်းဆောင် ပထမထပ်အရေးပေါ်ထွက်ပေါက်ကဝင်ပြီး ရှာဖွေကယ်ဆယ်ဖို့ခွင့်တောင်းပါတယ် "

" သွားပါ "

နှစ်မိနစ်ကြာသော် ဆန်းနင်တပ်ဖွဲ့အခင်း‌နေရာသို့ ရောက်လာသည်။ ရန်ရိချက်ချင်းပဲ ဒုတိယထပ်ပြတင်းပေါက်တွေဖျက်ဖို့ သူတို့ရဲ့လှေကားပါထရပ်ကားကို တပ်ကူခိုင်းလိုက်သည်။ သို့ပေမယ့် ပြတင်းပေါက်မှလူများအား ကယ်ဆယ်ရန်သာ ခွင့်ပြုပြီး မည်သူ့ကိုမှ ဒုတိယထပ်ကိုဝင်ခွင့်မပေးပေ။

ထိုအချိန် စွေ့ရိရှောင်းကအပေါ်ဆုံးထပ်မှ မီးခိုးထွက်ပေါက်ကိုဖွင့်လိုက်ပြီးသည်နှင့် ရန်ရိ သူတို့ကို ရှာဖွေကယ်ဆယ်ရေးအတွက် တတိယထပ်ဝင်ဖို့ ချက်ချင်းအမိန့်ပေးလိုက်သည်။

နောက်ထပ်နှစ်မိနစ်ကြာတော့ ရွှီကျင့်,ဌာနချုပ်၏အကြီးအကဲ, အခင်းဖြစ်ရာသို့ရောက်ရှိလာသည်။ ရန်ရိ ချက်ချင်း ရွှီကျင့်အား အခင်းအခြေအနေတင်ပြလိုက်ပြီးနောက် အဖွဲ့ကိုဦးဆောင်ပြီး ပထမထပ်ကိုရှာဖွေကယ်ဆယ်ရေးသွားဖို့ရာ မေးလိုက်သည်။

ရွှီကျင့် ဒုတိယထပ်မှ မီးများနှင့်မီးခိုးလုံးများကို တည်ကြည်စွာကြည့်လိုက်သည်။

" အတွဲလိုက် လုံခြုံရေးကြိုးတွေချည်ထားကြ၊ ဘယ်သူမှ တစ်ယောက်တည်းလှုပ်ရှားဖို့ခွင့်မပြုဘူး။ ကိရိယာယူပြီး ကာဗွန်မိုနောက်ဆိုဒ်ကိုတိုင်းတာကြည့် "

" ဟုတ်ကဲ့! "

ရန်ရိ သူ့တပ်ဖွဲ့နှင့် ဆန်းနင်တပ်ဖွဲ့မှ စုစုပေါင်းလူဆယ့်တစ်ယောက်ခေါ်ပြီး လူတိုင်းနှစ်ယောက်တစ်တွဲ အသက်ကယ်ကြိုးတစ်ချောင်းစီ[7] ချည်ပေးလိုက်သည်။

မီးလောင်ရာပတ်ဝန်းကျင်က ရှုပ်ထွေးနေပြီး ထူထဲသောမီးခိုးများကြောင့် မြင်နိုင်ဖို့ရာလည်းအလွန်ခက်သည်။ နောက်ပြီး သူတို့ကလည်း အတွင်းပိုင်းတည်ဆောက်ပုံနှင့်မရင်းနှီး‌သဖြင့် အလွယ်တကူလမ်းပျောက်နိုင်၏။

သူတို့ကိုအစုံလိုက်တွဲချည်ထားခြင်းက ဘေးကင်းမှုကိုသေချာစေပြီး အပြန်အလှန်ကူညီဖို့ဖြစ်သည်။

ရန်ရိ mask တပ်ကာ တည်ငြိမ်၍အကြောက်တရားမဲ့သော မျက်ဝန်းများဖြင့် ချင်းချင်းနီတောက်လောင်နေသော မီးတောက်များကိုကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာပြောလိုက်သည်။

" သွားမယ် "

တပ်ဖွဲ့သည် မီးလောင်မှုထဲသို့ တုန့်ဆိုင်းခြင်းအလျင်းမရှိဘဲ ဝင်သွားကြ၏။

ပထမထပ်တွင် မျက်နှာကျက်ကမီးစွဲနေသည်။ အဖြူရောင်ကျောက်ပြားက မီးကိုအံတုနေပေမယ့် မီးကတော့ ပိုကြီးသည်ထက်ကြီးလာပြီး ၎င်းကမြေပြင်နေရာအကျယ်ကြီးသို့ စတင်ပြိုကျနေ‌လေပြီ။

ပထမထပ်ရှိဘားနှင့် ဆိုဖာများက မီး‌ကျွမ်းသွားပြီဖြစ်ပြီး  မီးလောင်လွယ်‌တဲ့ပစ္စည်းများမရှိသော အကခန်းမ သာကျန်ရှိတော့ကာ မီးကြီးနိုင်ချေမရှိ။

သို့သော်လည်း မျက်နှာကျက်မှဝတ္ထုပစ္စည်းများက ဆက်လက် ပြိုကျနေပြီဖြစ်သည်ကား တူညီသောအန္တရာယ်တည်း။

မြင့်မားသောအပူချိန်နှင့် ထူထပ်သောမီးခိုးများက သူ့အရှေ့မှအခင်းနေရာအား ငရဲအလားခံစားရစေသည်။

အသက်ရှူကိရိယာမှ လေဆုံးရှုံးမှုကိုလျော့နည်းစေရန် ရန်ရိ သူ့အသက်ရှူနှုန်းကိုတတ်နိုင်သလောက် အလိုက်သင့်ဖြစ်အောင်ထိန်းသည်။

" မင်းတို့နှစ်ယောက် အရှေ့ဘက်စားပွဲဆီသွား၊ မင်းတို့နှစ်ယောက်က အနောက်ဘက်စားပွဲဆီသွား၊ တင်ချင်း ဘားနေရာကိုသွား၊ နောက်တစ်ယောက်ကိုတော့ ငါနဲ့သန့်စင်ခန်း ထဲသွားဖို့အတွက်ချန်ခဲ့ "

" ဟုတ်ကဲ့! "

စားပွဲဧရိယာက မီးစွဲလောင်နေသည်၊ ရန်ရိ သူ့လူများကိုအကခန်းမကိုဖြတ်ကာ ဦးဆောင်သွားပြီး သူခြေလှမ်းလိုက်သည်နှင့်အမျှ နားထဲ၌ တချွတ်ချွတ် တဖြောက်ဖြောက်မြည်သံများနှင့် မီးလောင်သံများကိုကြားနေရသည်။

ရန်ရိကိရိယာပေါ်မှ ဒေတာကိုကြည့်လိုက်ကာ အစီရင်ခံလိုက်သည်။

" ကာကွယ်ရေးဦးစီးချုပ်၊ ပထမထပ်ရဲ့ ပေါက်ကွဲမှုနှုန်းက 46% ရောက်နေပါပြီ ၊ ဒုတိယထပ်မှာ ကာဗွန်မိုနောက်ဆိုဒ်ဓာ‌တ်ငွေ့ထွက်နိုင်တဲ့ အသုံးအဆောင်တွေအများကြီးရှိတော့ (မီးလောင်နှုန်း) ပိုမြင့်မားနိုင်တယ် "

" နားလည်ပြီ "

" ခေါင်းဆောင်ရန် ဒီမှာလူတွေရှိတယ်! "

တစ်ယောက်က ကပွဲခန်းခအစွန်အဖျားမှာ လဲနေသောလူကို (လက်ညှိုး)ထိုးပြသည်။

ထိုသူ့ဘေးပတ်လည်မှ မျက်နှာကျက်က ဆက်လက်ပြိုကျနေဆဲဖြစ်သည်။

ဒီအခြေအနေက အလွန်အန္တရာယ်များ၏။

ရန်ရိ အော်ပြောလိုက်သည်။ " မလှုပ်နဲ့ "

သူထူထဲသောမီးခိုးများကြား အပေါ်မျက်နှာပြင်ကိုအနည်းငယ် လေ့လာကြည့်ကာ ဘေးကင်းနိုင်မယ့်အခွင့်အရေးကိုစောင့်သည်၊ သူမအော်ခင် ‌ငါးစက္ကန့် ခြောက်စက္ကန့်စောင့်သည်။

" အခုပဲ! "

ရန်ရိ ဦးဆောင်ကာ‌ပြေးသွားသည်။ လူအများစုက ကပွဲကြမ်းပြင်မှလူကိုသယ်ရန် အတူတကွအလုပ်လုပ်ကြသည်။

ထိုသူရဲ့ ကိုယ်တွင်မီးလောင်ရာအများအပြားရှိပြီး သတိမေ့နေသော်လည်း ‌‌အသက်ရှိသေး၏။

ရန်ရိ နှစ်ယောက်ကို လူသယ်ထုတ်သွားဖို့ပြောလိုက်ပြီး ကျန်ရှိသေးသောလူများကတော့ စမ်းတဝါးဝါးနှင့် သန့်စင်ခန်း သို့ဆက်၍ဦးတည်ကြသည်။

" ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယထပ်ကို ရှာဖွေကယ်ဆယ်ရေးလွှတ်ဖို့တောင်းဆိုပါတယ် "

လောရှန့်တပ်ဖွဲ့ခေါင်းဆောင် ဝမ်းမုန်ရဲ့အသံ အင်တာကွန်းမှထွက်ပေါ်လာသည်။

" မရဘူး " ရွှီကျင့်အသံကတည်ကြည်ကာ ပြတ်သားသည်။

" ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယထပ်ကိုရှာဖွေ‌ကယ်‌ဆယ်ရေးလွှတ်ဖို့တောင်းဆိုပါတယ် သုံးမိနစ်ပဲအချိန်ပေးပါ "

" မရဘူး "

" နှစ်မိနစ်ပဲ "

ရွှီကျင့် ကနှုတ်ပိတ်နေသည်။

" တစ်မိနစ်! " ဝမ်းမုန်စိုးရိမ်တကြီးပြောလာသည်။

ရွှီကျင့်က အချိန်အကြာကြီးနှုတ်ဆိတ်နေပြီး :

" တစ်မိနစ် "

ရန်ရိပြောလိုက်သည်။   "ဝမ်းမုန် အရှေ့တောင်ဘက်ကိုမသွားနဲ့ မီးတွေရှိတယ် "

" နားလည်ပါပြီ "

" ခေါင်းဆောင် သန့်စင်ခန်းထဲမှာတစ်ယောက်ယောက် ရှိတယ်! "

သူတို့အော်သံများအကြား သန့်စင်ခန်းမှ တိုးဖွသောတုံ့ပြန်သံထွက်လာသည်။

သန့်စင်ခန်းတံခါးက ပုံပျက်နေပြီးဖြစ်သည်။

သို့သော် ရန်ရိခပ်ပြင်းပြင်း ကန်ဖွင့်သော်လည်း ပွင့်မလာခဲ့။

တံခါးရွက်ကတော့လျော့ရဲကျလာပြီး သူနဲ့လျိုဟွေး တံခါးကို ဆောင့်ဖွင့်လိုက်ကြသည်။

သန့်စင်ခန်း၌ အနည်းဆုံး လူအယောက် ၃၀ ထက်ပို၏။

သူတို့ တံခါးပေါ်မှအက်ကြောင်းများကို အဝတ်စိုများ၊ အိမ်သာသုံးစက္ကူအစိုများဖြင့် စို့ထားကြပြီး တံခါးကိုရေများဖြင့်လောင်းကြခြင်းဖြင့်  အဆိပ်မီးခိုးငွေ့များကာကွယ်ပြီး တံခါးဘောင်‌ကို‌ဖြတ်၍‌ အမြင့်ဆုံးပမာဏဖြင့်လောင်မြိုက် ဝင်လာသော အပူလှိုင်းများကို  တာဆီးထားကြသည်။

တံခါးပွင့်လာသောအခါ အုပ်စုထဲမှ လူငယ်လူရွယ်များ၏မျက်နှာများက စိတ်အားငယ်ခြင်းနှင့်မျှော်လင့်ခြင်းများ ရောယှက်နေပြီး တစ်ချို့ကခါးသီးစွာ ငိုကြွေးကြသည်။

ရန်ရိ မေးလိုက်သည်။ " စွန်းတင့်ရိ အသက်ကယ်လမ်းကြောင်းဖွင့်ထားလား"

" ရေငွေ့တွေနဲ့ကာပြီး ဖွင့်ပေးထားပါတယ် "

" မင်းတို့နှစ်ယောက် လူတွေကိုကယ်ဆယ်ရေးလမ်းကြောင်းကနေ ခေါ်ထုတ်သွားလိုက်၊ ကျန်တဲ့သူတွေက ငါနဲ့မီးဖိုထဲလိုက်ခဲ့ကြ "

" ဟုတ်ကဲ့! "

ဆန်းနင်တပ်ဖွဲ့မှတပ်သားများအော်ကြသည်။

" ကိုယ်ကိုကိုင်းထား၊ လက်တွေတွဲ၊ ဟုတ်ပြီ၊ တစ်ယောက်မှထွက်မသွားစေနဲ့ ၊ ပြာယာမခတ်ကြနဲ့၊ ကျွန်တော်တို့နောက်ကလိုက်ခဲ့ကြပါ! "

ရန်ရိ ကျန်ရှိသောလူသုံးဦးကို ဦးဆောင်ကာကပွဲခန်းမကိုဖြတ်ရပြန်သည်။

ဒီဇိုင်းကိုခန့်မှန်းချက်အရတော့ ကပွဲခန်းမရဲ့တစ်ဖက်ခြမ်းက မီး‌ဖိုချောင်နှင့် ဝန်ထမ်းရုံးခန်းဖြစ်မည်။

သူတို့ ကပွဲခန်းမရဲ့အလယ်ကို ဖြတ်လျှောက်ရုံပဲရှိသေး၊ ရုတ်တရက် သူတို့ဦးခေါင်းထက်မှ အဆောက်အအုံ‌က ပွသလိုမျိုးကြွတက်လာသံ ထွက်ပေါ်လာ၏။ တပ်သားအများစု ခေါင်းမော့ကြည့်လိုက်ကြသည်။

သို့သော် ခေါင်းထက်မှာ ထူထဲတဲ့မီးခိုးမှိုင်းကြီးသာရှိနေပြီး ဘာမှမရှင်းလင်းပေ။

ထို့နောက်တော့ မျက်နှာကျက်ကြီး ပြိုကျလာသည်။

ရန်ရိ သူနဲ့ (ကြိုး)ဆက်သွယ်ထားသောလျိုဟွေးကို ကြမ်းပြင်ပေါ်သို့ ပစ်တွန်းလိုက်ပြီး ဒူးခွေနိုင်လောက်တဲ့ မီးကျွမ်းမျက်နှာကျက်ကြီးက သူတို့‌လေးယောက် ပေါ်ပိကျလာတော့သည်။

ရန်ရိနှင့် လျိုဟွေးကအချိန်မီ ခိုကိုးလိုက်သောကြောင့် ဒဏ်ရာအသေးအမွှားလောက်သာရသည်။

သို့သော်အခြားနှစ်ယောက်ကတော့ မျက်နှာကျက်ပစ္စည်းများဖြင့် ပိသွားကြ၏။

နှစ်ယောက် မြေပြင်ပေါ်မှထကာ သူတို့ကိုယ်ပေါ်မှအမှုန်များ ခါထုတ်လိုက်ကြပြီးနောက် အခြားတပ်ဖွဲ့သားနှစ်ယောက်ကို ကယ်ဆယ် ရန်အမြန်‌သွားလိုက်ကြသည်။

၎င်းတို့ထဲမှတစ်ယောက်က mask ကွဲသွားကာ အသက်ရှူရန်ခက်ခဲနေ၏။

သူတို့ မျက်နှာကျက်ဝတ္ထုများကို ဖယ်ရှားပြီးချိန်၌ အခြားတစ်ယောက်မှာ သတိတစ်ဝက်လစ်သော အခြေအနေတွင်ရှိနေပြီး ခန္ဓာကိုယ်တွင်လည်းမီးစွဲနေလေပြီ။

လျိုဟွေး သူ့ကိုယ်တွင်ချည်ထားသော လုံခြုံရေးကြိုးခါးပတ်ကိုဖြေကာ တစ်ဖက်လူဆီပစ်ဝင်လိုက်ပြီး ဖက်ထားလျက် အရှေ့နှင့်အနောက်လှိမ့်‌ရန် ထိန်းပေးထားသည်။

သူတို့ဝတ်သော တိုက်ပွဲဝတ်စုံများက အပူဒဏ်ကာကွယ်ကာ မီးဒဏ်ခံသည်။

မီးဒဏ်ခံသည်မှာကား မီးမကူးနိုင်ဟုမဆိုလို။

မီးစွဲသွားပါက အလွန်အန္တရာယ်ရှိသည်။

နှစ်ယောက်သားနောက်ဆုံး မီးကိုဖိနှိပ်နိုင်ခဲ့သည်၊ သို့သော် မီးကာကွယ်ရေးဝတ်စုံကအတော်လေးကို ပျက်စီးသွားပြီး အရေပြားများထိခိုက်သွားသည်။

ကုသဖို့အတွက် ရန်ရိတို့ ထိုနှစ်ယောက်အားအပြင်ကိုသာအရင် ပြန်ပို့ရတော့၏။

သူတို့ဘားတံခါးအပြင် ထွက်လိုက်သည်နှင့်တပြိုင်နက် ရွှီကျင့် အော်နေတာကိုကြားလိုက်ရသည်။

" တပ်သားတွေအားလုံး ချက်ချင်းအဆောက်အအုံအပြင်ထွက်ကြ!! တပ်သားတွေအကုန်လုံး ချက်ချင်းအဆောက်အအုံအပြင်ထွက်ကြ!! "

ရန်ရိ နောက်လှည့်ကြည့်လိုက်ရာ ဒုတိယထပ်မှ မီးတောက်များက ပင်လယ်ပြင်လှိုင်းလုံးများသဖွယ် ရိုက်ခတ်လာသည်ကိုတွေ့လိုက်ရ၏။

အခင်းနေရာမှအပူချိန်က ထိုးထက်သွားသည်။

သူအပြင်ထွက်လာပြီးသည့်တိုင် အသားများအကင်ခံလိုက်သကဲ့ ခံစားသွားရ၏။

ဒါက လေ(oxygen) ကြောင့် မီး‌ထတောက်တဲ့လက္ခဏာပဲ!

ရန်ရိ ဒဏ်ရာရသမားတွေကို အမြန်ပဲ အဆောက်အအုံနဲ့ဝေးဝေး ပို့လိုက်သည်။

ဒုတိယထပ်အတွက်ဝမ်းမုန်လွှတ်လိုက်သော ရှာဖွေကယ်ဆယ်ရေးသမားများမှလွဲ၍ တတိယထပ်မှ ရှာဖွေကယ်ဆယ်ရေးသမားတွေအားလုံး လွတ်မြောက်သွားကြသည်။

ရန်ရိ မျက်လုံးများနီရဲလျက် ဒုတိယထပ်ရှိပြတင်းပေါက်များသို့ ကြည့်လိုက်ပြီး၊ သူ့ခန္ဓာကိုယ်ကတော့ တသိမ့်သိမ့်တုန်နေ၏။

ထူးဆန်းသော အုပ်လွှမ်းသံကိုကြားလိုက်ရပြီးနောက် မီးသည်ဆတိုးလာကာ မျက်စိတစ်မှိတ်စာလောက်မှာတင် တတိယထပ်ကိုဝါးမြိုလိုက်ပြီး နောက်တစ်ခဏ၌ ဒုတိယထပ် ပေါက်ကွဲ‌ထွက်သွား‌တော့သည် !!!

-----------

Translator's Notes

1. Polyurethane -Polyurethane သည်အများအားဖြင့်ပြောင်းလွယ်ပြင်လွယ်ဖြင့် ပြုလုပ်ထားသောအမြှုပ်များပုံစံဖြင့် အိမ်တွင်းပရိဘောဂများ၊ အိပ်ယာခင်းများနှင့်ကော်ဇောခင်းများကဲ့သို့သော လူကြိုက်အများဆုံးပစ္စည်းများ အနက်မှတစ်ခုဖစ်သည်။  ကူရှင်ချုပ်ထားသောပရိဘောဂများအတွက် လွယ်ကူသောပစ္စည်းအဖြစ် ပြောင်းလွယ်ပြင်လွယ်ရှိသော ပိုလီယိုရမ်တိုင်အမြှုပ်သည် ပရိဘောဂများအားပိုမိုကြာရှည်ခံ‌‌စေသည်။

ဘေးထွက်ဆိုးကျိုး - Polyurethane, ရေနံဓာတုဗဓေလသစ် isocyanates ပါဝင်သောအသက်ရှူလမ်းကြောင်းဆိုင်ရာအဆိပ်အတောက်ဖြစ်သည်။  မသန့်ရှင်းသော polyurethane သည်ပန်းနာရင်ကျပ်ရောဂါကဲ့သို့သောအသက်ရှူပြဿနာများဖြစ်စေနိုင်သည်။  ... အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိသောကလေးများနှင့် လူများသည်အထူသဖြင့် polyurethane ရှိအဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများကိုအထူးသတိပြုရမည်။

2. Polyester – cotton -သဘာဝအသားမဟုတ်ဘဲ ရောရက်လုပ်ထားတဲ့အထည်စ။ လောင်ကျွမ်းရင် အနံ့ဆိုးထွက်တယ်။

3. Chemical fiber -ဓာတုဗေဓနဲ့ပြုလုပ်ထားတဲ့ ဆိုဖာတွေဘာတွေ ဖိုင်ဘာသားပစ္စည်းတွေမှာအသုံးများတယ် ။ အဝတ်အထည်စတွေမှာလည်း ပြောင်ချောချောအထည်စမျိုးတွေပါ

4. Carbon monoxide -ယိုစိမ့်သောပတ်ပတ်လည်၌ အညိုရောင် သို့မဟုတ် အဝါရောင်အဝါရောင်အစွန်းအထင်းများ။  မီးခိုးသို့မဟုတ်အပူပေးသော အရာတစ်ခု၏အနံ့ကဲ့သို့ဟောင်းနွမ်းသော၊  မီးထဲ၌မီးခိုးများ၊ မီးခိုးများ သို့မဟုတ် နောက်ကျောကိုမီးခိုးခေါင်းတိုင်၊ မီးဖို သို့မဟုတ် အခြားလောင်စာဆီသုံး ကိရိယာများမှထွက်သောအနံ့များ။

ဆိုးကျိုး- အသက်ရှူသောအခါ ကာဗွန်မိုနောက်ဆိုဒ်သည် သွေးထဲတွင်အောက်စီဂင်ကိုဖယ်ရှားပေးပြီးနှလုံး ၊ ဦး နှောက်နှင့် အခြားအရေးကြီးသော အောက်စီဂျင်၏အင်္ဂါများကို ဆုံးရှုံးစေသောကြောင့် အသက်ရှုသောအခါအန္တရာယ်ရှိသည်။ 

5. Walkie-talkie -လက်မှာအလွယ်တကူကိုင်ဆောင်နိုင်တဲ့ ဒီဇိုင်းပါ။

6. Intercom - ​ခေါင်းမှာတပ်ထားရတဲ့ပုံစံပါ။

7. Safety rope အသက်ကယ်ကြိုး -

...................................

သေဆုံးသွားသော ဝမ်းမုန်ရဲ့တပ်သားများအတွက်5s လောက်ငြိမ်သတ်ပေးကြပါ!!!!!!

တကယ်ကိုဝမ်းနည်းရပါတယ်။

ဘာသာပြန်ရတာလည်း အဆင်ပြေမနေပါဘူး။ နောက်ပိုင်းသေမယ့်သူတွေကို တွေးပြီး စာရိုက်ရတာလည်း မျက်ရည်ဝဲရတယ်။

တကယ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေကိုလေးစားပါတယ်။ မြန်မာနိုင်ငံကမီးသတ်တပ်ဖွဲ့ဝင်တွေလည်း အလားတူပါပဲ။

တစ်ခုခုဆို လူ‌တွေက ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ဝိုင်းပြီး ဘုမသိဘမသိ အပြစ်ဖို့တတ်ကြတယ်။

မီးလောင်တာကလည်း ကိုယ့်အပြစ်လည်းရှိပါတယ်။ သေချာဂရုမစိုက်တာကြောင့်နဲ့ မိသားစု အိုးအိမ် ၊ ချစ်ရတဲ့သူတွေဆုံးရှုံးရတာ။

ဒေါသနဲ့ပူဆွေးမှုကြောင့် မီးသတ်သမားတွေကို အပြစ်ပြောတာ ဆူပူကြိမ်းမောင်းတာမျိုးတွေ မသိဘဲ ရမ်းသမ်းစွပ်စွဲတာမျိုးတွေ ဘယ်သောအခါမှမလုပ်ကြပါနဲ့။

စာဖတ်နေရင်းနဲ့လည်း အပြင်ဘဝအတွက် သင်ခန်းစာတွေ ဗဟုသုတတွေသယ်ဆောင်သွားကြပါ။

Shui da ကလည်းဒီလိုပဲဖြစ်စေချင်မှာပါ။

ကျွန်တော်လည်း ဗဟုသုတ‌ရအောင် အများစုကိုenglish လိုရေးပေးထားပြီး ရှင်းပြပေးထားပါတယ်။

ဒီအပိုင်းမှာ ကုံးရင့်ရှန်မပါပေမယ့် ကုံးရင့်ရှန်နဲ့ဆုံစည်းရမယ့် လမ်းကြောင်းအကြီးစားကြီးပါ။

ကျော်ခွဖတ်တဲ့သူများ သေချာပြန်ဖတ်ပေးကြပါ။ {သေချာပြန်ပေးထားတဲ့ ကျွန်တော့်ကိုလေးစားသောအားဖြင့် }

- Lynx

- 23 10 2020

__________________________________

[ Zawgyi ]

Translator - Lynx | Editor - Kellow

.......

အစက ခြင့္ရက္ရဲ႕ေနာက္ဆုံးေန႔မွာ သူ ဖုခိုင္ရယ္အျခားအေပါင္းအသင္းေတြရယ္နဲ႔ ထြက္ေသာက္ဖို႔ေတြ႕ခ်င္ခဲ့တယ္။

မေမွ်ာ္လင့္ဘဲ ပိတ္ရက္ႀကီးမွာ အားလုံးက အျခားအစီစဥ္မ်ားရွိေနၾကေခ်၏။ ၿပီးေတာ့သူကလည္း ႀကိဳခ်ိန္းမထားမိေပ။

သူမတတ္သာဘဲ ဖုခိုင္ကိုသာႀကိမ္းေမာင္းရေတာ့သည္။

ရန္ရိ: "အခ်ိန္တိုင္း မင္းမိန္းမနဲ႔ကေလးနားပဲ ေနေနလည္း ဘာေအာင္ျမင္မႈမွ ရတာလည္းမဟုတ္ဘဲနဲ႔ကြာ "

ဖုခိုင္: " ဟုတ္ပါၿပီ မင္းဘဝပဲေကာင္းတယ္၊ မင္းသာတစ္ကိုယ္တည္းသမား မင္းသာပုံမွန္လူပါ"

ဖုခိုင္ရယ္ကာေျပာသည္။

ဖုခိုင္: " မေန႔ညကသူငယ္ခ်င္းေတြေျပာတယ္ မင္းဘယ္သူနဲ႔ေသာက္ခဲ့လဲ?"

ရန္ရိ: " ဘယ္သူနဲ႔မွမေသာက္ဘူး"

ဖုခိုင္: " မင္းလား လေပၚမွာတစ္ေယာက္တည္း ထိုင္ေသာက္မွာ၊ သရဲပဲယုံမယ္ "

ဖုခိုင္က တိုးတိုးေျပာသည္။

ဖုခိုင္: " ဘယ္အေကာင္းစားေလးဆီမ်ား ငါတို႔ေကာင္ရန္ရိ သြားအိပ္ခဲ့သလဲဟမ္? ဟိုသ႐ုပ္ေဆာင္ေတာ့ မဟုတ္ဘူးမလား?"

ရန္ရိ မေရမရာေျဖလိုက္သည္။

ဖုခိုင္: " တကယ္ကိုသူပဲ "

ဖုခိုင္ "က်စ္" လို႔စုတ္သတ္သည္။

ရန္ရိ: " မင္းေလသံက ဘာကိုဆိုလိုတာလဲ?"

ဖုခိုင္: " ႏွစ္ေတြအမ်ားႀကီး ညီအစ္ကိုေတြလိုျဖစ္လာၾကတာ ၊ ငါမင္းရဲ႕ အရႈပ္အရွင္းေတြကိုေဝဖန္မေနပါဘူး အခုေတာ့အဲ့လိုမိန္းမဆန္တဲ့ မိန္းမလ်ာလိုေကာင္နဲ႔တဲ့လား?"

ဖုခိုင္မႏွစ္ၿမိဳ႕ေပ။

ရန္ရိ: " ငါကမင္းမ်က္ႏွာထက္ပိုလွတယ္လို႔ေတာ့မေတြးပါဘူး။ ၿပီးေတာ့သူကေျပာေသးတယ္ ငါကေခ်ာေမာၿပီး ဗလလည္းေတာင့္တယ္တဲ့။ "

ရန္ရိ သူ႔ေမးေစ့ကိုထိကိုင္လိုက္သည္။

ရန္ရိ: " ငါဘာလို႔ လူ(အလုပ္ရွင္) မေျပာင္းရမွာလဲ?  ငါလည္းခ်မ္းသာခ်င္တယ္ေလ "

ဖုခိုင္: " မင္းမ်က္ႏွာမင္းၾကည့္သင့္တယ္၊ မင္းဒီလိုပဲေသမွာပဲ မင္းကတစ္သက္တာလုံးမီးနဲ႔ ပတ္သက္ဖို႔ကံပါၿပီးသား "

ရန္ရိ : " ေဟး ငါ့ကိုဒီလိုနာမည္ေပးလို႔ အဖိုးႀကီး(ရန္ရွန႔္႐ုန္) ကိုအျပစ္တင္ရမယ္ "

[ T/N : 任燚 မွာ 任 က မ်ိဳး႐ိုးနာမည္ ၊ 燚 က ဓာတ္စင္ 5 ခုထဲက မီးေလးခုပါတဲ့ပုံစံ။ ေတြ႕တဲ့အတိုင္း 燚 မွာ 火 ဆိုတဲ့ မီးေလးခုစုတ္ခ်က္ဆြဲထားတာ။ အဲ့တာေၾကာင့္ ရန္ရိကို 四火 (စစ္ေဟာ္-four fires) လို႔လည္းေခၚၾကတယ္။

ရန္ရိက မီးသတ္တဲ့အလုပ္လုပ္တာကို သူ႔အေဖက မီးနဲ႔ပတ္သက္တဲ့ နာမည္ေပးလို႔အျပစ္တင္ေနတာ။ ေနာက္ပိုင္းက ကုံးရင့္ရွန္က ရန္ရိရဲ႕ မီးက ဘယ္လိုမီးလဲဆိုတာ ရွင္းျပပါလိမ့္မယ္။ ]

ႏွစ္ေယာက္သားဖုန္းမခ်ခင္ စကားအနည္းငယ္ေျပာၾကေသးသည္။

ညစာစားၿပီးေနာက္ ရန္ရိသူ႔အေဖႏွင့္လမ္းေလွ်ာက္ထြက္သည္။

သူ႔အေဖကို အိပ္ရာဝင္ခိုင္းၿပီးေနာက္ သူ႔အိပ္ရာေပၚလွဲကာ ဖုန္းျဖင့္ ဂိမ္းနည္းနည္းေလာက္ကစား၏။

ထို႔ေနာက္ေတာ့ သူဘယ္အခ်ိန္အိပ္ေပ်ာ္သြားလဲမသိေပ။

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနခ်ိန္မွာ ႐ုတ္တရက္ သူ႔ရဲ႕ဖုန္းသံေၾကာင့္ႏိုးသြားရသည္။

သူဖုန္းကိုအေမွာင္ထဲမွာ ဆြဲယူလိုက္သည္။ ေခၚဆိုသူကိုရွင္းရွင္းလင္းလင္းျမင္ႏိုင္ဖို႔ရာ သူ႔မ်က္လုံးမ်ားကအလင္းေရာင္ကို အသားက်‌ေအာင္မလုပ္ႏိုင္ခင္မွာပဲ ေျဖၾကားတဲ့ခလုတ္ကိုႏွိပ္လိုက္သည္။

" Hello? "

" ရန္ရိ၊ စစ္ရွစ္ေက်ာင္(fourth perspective) မွာမီးေလာင္ေနတယ္"

ခ်ီယန္ေပါင္၏အသံက ခပ္ေအးေအးေပမဲ့ အလ်င္လိုေနသည္။

ရန္ရိ အိပ္ရာမွခုန္ထကာ မီးကိုဖြင့္၊ အဝတ္ေကာက္ဆြဲဝတ္လိုက္သည္။

" ဆက္ေျပာ "

" တပ္ရင္းက အျခားစခန္းႏွစ္ခုကိုလည္းပို႔လိုက္တယ္။ မင္းျမန္ျမန္ေအာက္ဆင္းခဲ့ ငါတို႔ေထာင့္မွာဝင္ေခၚမယ္ "

" ေကာင္းၿပီ "

ရန္ရိအျမန္ပဲအဝတ္ဝတ္ကာ ေလေပြကဲ့သို႔ပင္အိမ္မွထြက္ၿပီး ေအာက္သို႔ေျပးဆင္း၍ အိမ္ရာဂိတ္သို႔ ေျပးသြားလိုက္သည္။

သူအိမ္ရာရဲ႕ဂိတ္ကိုေျပးထြက္သြားေတာ့ တစ္ဖက္ျခမ္းမွ မီးသတ္ကားမ်ား ဂိုေဒါင္ထဲမွထုတ္ေနသည္ကိုေတြ႕ရ၏။

သူတို႔စခန္း၌ ေရွ႕ေျပးေမာ္ေတာ္ဆိုင္ကယ္ ႏွစ္စီး၊ ေရွးေျပးဂ်စ္ပ္ကား တစ္စီးအျပင္ ထပ္ေပါင္း၍ ကယ္ဆယ္ေရးထရပ္ကား ငါးစီးရွိေသးသည္။

ကားနံပါတ္တစ္ : ဘက္စုံသုံးကယ္ဆယ္‌ေရးယာဥ္၊ အမ်ိဳးမ်ိဳးေသာပစၥည္းကိရိယာမ်ားတပ္ဆင္ထားၿပီး အ႐ြယ္အေသးစား၊ ေျပာင္းရအလြယ္ဆုံးျဖစ္ကာ မီးမေလာင္-ကယ္ဆယ္ေရး မ်ားအတြက္သင့္ေတာ္သည္။

ကားနံပါတ္ႏွစ္ : ေရျမႇဳပ္ေရာစပ္စနစ္ ႏွင့္ မီးျငႇိမ္းသတ္ေရးေပါင္ဒါတပ္ဆင္ထားေသာ ၁၂ တန္ အလတ္ဆိုဒ္ေရယာဥ္၊ အေသးစားမီးေလာင္မႈမ်ားအတြက္ သင့္ေတာ္သည္။

ကားနံပါတ္သုံး : ေထာက္တိုင္ပါေသာ 15 မီတာေလွကားႏွင့္ ကယ္‌ဆယ္ေရးယာဥ္၊ အမိုးမပါ၊ ထိခိုက္မႈမ်ားအတြက္အတြက္အထူးျပဳလုပ္ထားေသာ မီတာဝက္ အထူရွိျဒပ္ထုစတီးဘမ္ပါကား။

ကားနံပါတ္ေလး : 70m အျမင့္ေရာက္ ကယ္ဆယ္ေရးပလက္ေဖာင္းပါရွိ‌သည့္  4 တန္ဝင္ေရသယ္ မီးသတ္ထရပ္ကား၊ အျမင့္ပိုင္း ကယ္ဆယ္ေရးမ်ားအတြက္သင့္ေတာ္သည္။

ကားနံပါတ္ငါး : တန္ 30 အေလးသယ္ ေရေထာက္ပံ့ေရးေရသယ္ မီးသတ္ကား။

ပုံမွန္ကယ္ဆယ္ေရးတြင္ မ်ားေသာအားျဖင့္ မေတာ္တဆမႈ‌မ်ားကိုေျဖရွင္းရန္ ပထမဆုံးကားသုံးစီးသာ အမ်ားဆုံးသုံးသည္။

နံပါတ္ေလးကားႏွင့္ငါးကားေျမာက္ကအေကာင္ႀကီးမ်ားျဖစ္ၿပီး၊ ၎တို႔ကိုတစ္ႏွစ္မွာေတာင္ အႀကိမ္အနည္းငယ္သာသုံးသည္။

ရန္ရိ ကားေလးစီးထက္ပို၍ ကားဂိုေဒါင္မွတစ္စီးခ်င္း ထြက္လာသည္ကိုျမင္ေတာ့ ျပင္းထန္တဲ့သတိေပးခ်က္ျဖစ္ရမည္ကို သိလိုက္၏။

စစ္ရွစ္ေက်ာင္က သူ႔နယ္ေျမထဲမွဘားတစ္ခု။

ထ်န္ခ်ီၿမိဳ႕၌ ေက်ာ္ၾကားသည္။

စေနေန႔ညကေတာ့ ဘားရဲ႕စီးပြားေရး အေကာင္းဆုံးအခ်ိန္အခါပင္ျဖစ္ေတာ့၏။

ယာဥ္ေၾကာကအလြန္က်ပ္ၿပီး ထိုအခ်ိန္၌မီးထေလာင္သည္က အက်ိဳးအျမတ္ဖို႔ အရႈံးခ်ည္းသာျဖစ္‌ေခ်၏။

ရန္ရိ သူ႔ေရွ႕ကားရပ္လာသည္ႏွင့္ခ်က္ခ်င္း သူတံခါးဖြင့္က အျမန္တက္လိုက္သည္။ လူတိုင္းက တန္ဆာအျပည့္ႏွင့္ျဖစ္ကာ ခ်ီယန္ေပါင္ပင္ထြက္ရ၏။

ရန္ရိ သူ႔၏ကိရိယာမ်ားတပ္ဆင္ၿပီးသည္ႏွင့္ ေမးလိုက္သည္။ " အေျခအေနဘယ္လိုရွိလဲ?"

" စစ္ရွစ္ေက်ာင္ ၊ ဒုတိယထပ္အခန္းကမီးစေလာင္တယ္၊ မီးခိုးေငြ႕ေတြက ေလထြက္ေပါက္ကေနဗဟို ေလေအးေပးစက္ကိုအျမန္ပဲကူးသြားၿပီး ဒုတိယထပ္နဲ႔ တတိယထပ္ကလူအမ်ားႀကီး အဆိပ္မိၿပီး ပိတ္မိသြားၾကတာ။ ပထမထပ္ခန္းမကေနထြက္ေျပးၾကတုန္း တက္နင္းတာေတြပါျဖစ္သြားတယ္။ ေလအကူအညီနဲ႔ မီးကေနာက္ေဘးဘက္ကိုပါကူးေနၿပီ စည္ပင္သာယာက ဆန္းနင္ တပ္ဖြဲ႕နဲ႔ ေလာရွန႔္ တပ္ဖြဲ႕ကိုလႊတ္လိုက္တယ္ ႐ႊီခ်န္းမင္ ရဲ႕အဓိကဝန္ထမ္းေတြလည္း အခင္းေနရာကိုအေျပးသြားေနၾကၿပီ "

[T/N : ခ်န္းမင္ - ဦးစီးခ်ဳပ္ ]

" စစ္ရွစ္ေက်ာင္ ဖိုင္ေရာ?"

ခ်ီယန္ေပါင္ သူ႔ကိုဖိုင္ကမ္းေပးလာသည္။

မီးသတ္တပ္ဖြဲ႕တိုင္းက မီးကာကြယ္ေရးဖိုင္တြင္ ၎တို႔နယ္ေျမတိုင္း၏ အဓိကယူနစ္မ်ားအားတင္ျပထားသည္။ အႏၲရာယ္ရွိေသာကုန္ပစၥည္းမ်ားေရာင္းခ်သည့္၊ အ႐ြယ္အစားတြင္ႀကီးမားသည့္၊ လူအဝင္အထြက္မ်ားျပားသည့္ အဓိကယူနစ္မ်ားက တစ္ခါမေတာ္တဆမႈျဖစ္ၿပီဆိုလွ်င္ လူအားေရာ ေငြအားပါ ဆုံးရႈံးမႈႀကီးမားသည္။ မီးသတ္ဌာနက ဝတၳဳပစၥည္းမ်ား အေပၚတြင္သာအာ႐ုံထားသည္။

ဤဖိုင္တြင္ ဗိသုကာဆိုင္ရာ ဒီဇိုင္းဆြဲသားခ်က္မ်ား၊ အေရးေပၚမီးအတိုင္းအတာဆြဲသားခ်က္မ်ား ပါဝင္ကာ အႏၲရာယ္ျမင့္မားေသာယူနစ္မ်ားအေနျဖင့္ မီးအစီအစဥ္မ်ား စီစဥ္ထားရမည္၊ မီးသတ္ႏွင့္ပူးေပါင္းၾကရမည္၊ မီးသတ္စစ္ေဆးျခင္းမ်ား ပုံမွန္လုပ္ေဆာင္ရန္ခြင့္ျပဳရမည္ျဖစ္ၿပီး မီးေလ့က်င့္ေရးမ်ားပင္လုပ္ေဆာင္ၾကရမည္။

စစ္ရွစ္ေက်ာင္ ရဲ႕ထိန္းသိမ္းစာရင္းထဲမွာ မီးအစီအစဥ္ေတြမရွိေပမယ့္ ျပည့္စုံေသာဗိသုကာပုံမ်ားႏွင့္ အတြင္းတည္ေဆာက္ပုံ ဆြဲသားခ်က္‌ေတြေတာ့ရွိသည္။

စစ္ရွစ္ေက်ာင္ရဲ႕ ပထမထပ္မွာ dance floor ရွိၿပီး ေဘးႏွစ္ဖက္ႏွစ္ခ်က္လုံးတြင္ စားပြဲမ်ားျဖင့္ဝန္းရံထားသည္။ ၿပီးေတာ့ ဒုတိယထပ္ႏွင့္ တတိယထပ္ကေတာ့ အားလုံးအခန္းငယ္မ်ားပင္ျဖစ္သည္။

ဒီလို စေနေန႔ညမွာ လူအဝင္အထြက္က ေလးရာငါးရာ ထိေတာင္ရွိႏိုင္သည္။

ရန္ရိလည္း ထိုဘားကိုေရာက္ဖူးသည္။ အသံလုံဖို႔အတြက္ႏွင့္ တန္ဆာဆင္ျခင္းမ်ားအတြက္polyurethane[1] အမ်ားအျပားသုံးထား၏။

စားေသာက္ခန္းငယ္မ်ားထဲမွ ခန္းစီးမ်ားကPolyester-cotton[2] ႏွင့္ chemical fiber[3]ေဖာက္ရက္ထားေသာအထည္စမ်ားျဖစ္သည္။

ထိုပစၥည္းႏွစ္ခုကသာ မီးေလာင္လြယ္မႈျမင့္မားၿပီး မီးေလာင္ျခင္းက carbon monoxide[4] အမ်ားအျပားထြက္ေစသည္။

ထိုအခ်ိန္တြင္ walkie-talkie[5] မွအသံလာသည္။

" ေခါင္းေဆာင္,ကာကြယ္ေရးဦးစီးခ်ဳပ္႐ႊီ အခင္းေနရာ မေရာက္ခင္ မင္းအမိန႔္ေပးထားလိုက္ပါ"

ရန္ရိ အေၾကာင္းျပန္လိုက္သည္။ " လက္ခံပါတယ္ "

၎ကား မနက္တစ္နာရီျဖစ္ကာ လမ္းရွင္းေနသည္။

ငါးမိနစ္အၾကာမွာပင္ သူတို႔အခင္းေနရာသို႔ေရာက္၏။

စစ္ရွစ္ေက်ာင္ က ဘားလမ္းမ၏အလယ္တြင္ျဖစ္သည္။ လမ္းမတစ္ေလွ်ာက္လုံးက ဘားေတြKTV ေတြ၊ စားေသာက္ဆိုင္ေတြ၊ ‌‌အေရာင္းဆိုင္ေတြ၊ Chess ႏွင့္ card ကစားခန္းေတြ စသည္ျဖင့္...ျပည့္ႏွက္ေနသည္။

၎က ‌ထင္ရွားေသာညပြဲလမ္းပင္။ ၎ေနရာမွ အေဆာက္အအုံမ်ားက နိမ့္ကာ ပုံမွန္အားျဖင့္ ေလးထပ္ထက္မပို‌။ သို႔ေသာ္ ေနရာကက်ဥ္းေျမာင္းၿပီး တစ္ခ်ိဳ႕အေဆာက္အအုံမ်ားမွာ ေနရာလပ္ပင္မရွိ‌ေခ်။

အေဆာက္အအုံႏွစ္ခုၾကား ဘယ္မီးမွျခားနားလို႔မရလုနီးပါးရွိသည္။

ဒီလိုအပန္းေျဖေနရာမ်ိဳးကေတာ့ လြယ္လြယ္ႏွင့္ပဲမီးကူးေစႏိုင္ၿပီး အေဆာက္အအုံးတစ္ခုလုံးမီးေလာင္ျခင္းျဖင့္ ျပင္းထန္ေသာမေတာ္တဆမႈႀကီးျဖစ္ေစႏိုင္သည္။

နယ္ေျမရဲတပ္ဖြဲ႕ႏွင့္ ယာဥ္ေၾကာထိန္းခ်ဳပ္ေရးတပ္ဖြဲ႕က အခင္းေနရာသို႔ ေရာက္ေနၾကၿပီျဖစ္ကာ ယာဥ္ေၾကာကိုရွင္း၍ လူအုပ္ကိုရွင္းလင္းၾကသည္။ အနီးနားလမ္းမ်ားကေတာ့ လူမ်ားျဖင့္ျပည့္ႏွက္ေန၏။

စစ္ရွစ္ေက်ာင္ရဲ႕ ဒုတိယထပ္ကမီးဟုန္းဟုန္းေတာက္ကာ မီးခိုးအပူလႈိင္းမ်ားက တတိယထပ္သို႔႐ိုက္ခတ္ေနၿပီး ပထမထပ္ကျပတင္းေပါက္မ်ားကေတာ့ အစိတ္စိတ္ကြဲအက္ကုန္သည္။

မီးလွ်ာက ေဘးဘက္ရွိ ေဟာ့ေပါ့စားေသာက္ဆိုင္ကို လ်က္ေနၿပီး အခင္းေနရာကား မီးခိုးနက္ေရာင္ မ်ားျဖင့္ျပည့္ႏွက္၍ေနသည္။

ဒုတိယထပ္ႏွင့္ တတိယထပ္မွ ျပတင္းေပါက္မ်ားအားလုံးနီးပါး အကူအညီေတာင္းခံေနၾကၿပီး ငိုေႂကြးသံ၊ ေအာ္ဟစ္သံ၊ ေလာင္ကြၽမ္းသံမ်ားႏွင့္ ရဲဥဩဆြဲသံမ်ားက စိတ္မခ်မ္းေျမ့ဖြယ္အခင္း‌ေနရာတြင္ ေရာယွက္ေနသည္။

ရန္ရိ ကားျပင္ထြက္သည္ႏွင့္ခ်က္ခ်င္း ယာဥ္ထိန္းရဲကသူ႔ထံေျပးလာကာ ထိတ္လန႔္တၾကားေျပာသည္။

" ေခါင္းေဆာင္ရန္၊ ပတ္ဝန္းက်င္ဆိုင္ေတြကလူေတြ ေရွာင္တိမ္းၿပီးပါၿပီ ဘားထဲကလူအေျမာက္အမ်ားကေတာ့ ပိတ္မိေနၿပီး ဘားအေနာက္ဘက္က အေရးေပၚတံခါးကေလာ့ခ်ထားတယ္ "

ရန္ရိ ေခါင္းညိတ္သည္။

" အခင္းေနရာက မီးခိုးေတြကအဆိပ္ရွိတယ္ လူအားလုံးကိုေဝးေဝးသြားခိုင္းပါ "

ရန္ရိ intercom[6] ကိုႏွိပ္လိုက္သည္။

" ဌာနခ်ဳပ္, ဘားလမ္းကို ဓာတ္အားေပးေနတာျဖတ္ေတာက္ေပးဖို႔ ဓာတ္ေငြ႕တပ္ဖြဲ႕ကိုအကူအညီေတာင္းပါတယ္ "

" နားလည္ၿပီ "

" စြန္းတင့္ရီး အေနာက္ဘက္က အေရးေပၚထြက္ေပါက္ကိုဖြင့္ဖို႔သြားၾကည့္"

"ေစြရိရွန္း မင္းအဖြဲ႕ကသုံးေယာက္က ေရ‌ေထာက္ပံ့ေရးေသခ်ာေအာင္လုပ္ဖို႔တာဝန္ယူ၊ ၿပီးေတာ့မင္းက အျခားတစ္ေယာက္ကိုေခၚၿပီး တတိယထပ္က မီးခိုးထြက္ေပါက္ဖြင့္ဖို႔သြား "

" ခ်ီယန္ေပါင္ ပထမဆုံး ေစြရိရွန္းကိုတတိယထပ္ရဲ႕ထိပ္ကိုပို႔ေပး, ၿပီးရင္ တတိယထပ္ကျပတင္းေပါက္ကိုဖ်က္ၿပီး ျပတင္းေပါက္မွာပိတ္မိေနတဲ့သူေတြကိုကယ္၊ ေနာက္ၿပီးေတာ့ မီးခိုးထြက္ေပါက္ဖြင့္ၿပီး ရွာေဖြကယ္ဆယ္ေရးအတြက္ လူေတြအထဲေခၚသြားလိုက္ "

" ေကာင္ေကာ ေရပိုက္ႏွစ္ပိုက္ထုတ္..."

" မီးသတ္သမားေရ! မီးသတ္သမား!"

အျပင္ေမာင္းထုတ္ခံရၿပီးေသာ အသက္လတ္ပိုင္းလူတစ္ေယာက္က လက္ကိုဆက္တိုက္ေဝ့ရမ္းက ရန္ရိကိုလွမ္းေအာ္ေျပာသည္။

" ဦးကေဟာ့ေပါ့ဆိုင္ပိုင္ရွင္ပါ မီးသတ္သမား!"

ရန္ရိ ထိုသူ႔ကိုတစ္ခ်က္ၾကည့္လိုက္သည္။

" ေပးဝင္လိုက္ "

ထိုလူရန္ရိထံေျပးလာကာ ထိတ္လန႔္တၾကားျဖင့္ေျပာသည္။

"ဦးတို႔ဆိုင္က အေသးစားဂတ္စ္ဘူးေတြနဲ႔ျပည့္ေနတယ္ ၿပီးေတာ့စားပြဲတိုင္းမွာရွိတာ!"

ရန္ရိ မ်က္ႏွာအုံ႔မႈိင္းသြားသည္။

" ေကာင္‌ေကာ လူေတြကို ဂတ္စ္ဘူးေတြနားကေနေခၚထုတ္သြား၊ အေနာက္ေတာင္ဘက္ကိုမီးသတ္ဖို႔ ေရပိုက္ႏွစ္ပိုက္ထုတ္ ၊ ၿပီးရင္ ေဟာ့ေပါ့ဆိုင္ကို မီးမကူးတာေသခ်ာေအာင္ေစာင့္ၾကည့္ေန၊ ေနာက္ၿပီး‌ အေရွ႕‌ေတာင္ဘက္မ်က္ႏွာစာကို ေအးဖို႔ပိုက္တစ္ခုထုတ္ "

" ဟုတ္ကဲ့!"

" ဘာလို႔လူေတြမကယ္တာလဲ! "

လူအုပ္ထဲမွတစ္ေယာက္ကေအာ္သည္။

" အထဲမွာလူေတြအမ်ားႀကီးပဲ!"

တစ္ေယာက္ကငိုကာေျပာသည္။

" အထဲမွာငါ့ညီမေလးရွိတယ္ မင္းဘာလို႔လူေတြမကယ္ရတာလဲ!"

ရန္ရိ ႏွဖူးတြင္ေခြၽးမ်ားေဝ့သီလ်က္ မီးမႈိက္ေနေသာဘားကိုၾကည့္လိုက္ၿပီး သူ႔ႏွလုံးက အ႐ိုင္းဆန္စြာခုန္ေနေတာ့၏။

ထိုအခ်ိန္ တတိယထပ္ကမီးသိပ္မႀကီး၊ မီးခိုးလုံးႀကီးမ်ားသာရွိသည္၊ သို႔ေသာ္ မီးခိုးထြက္ေပါက္မဖြင့္ရေသးခင္ေတာ့ ရွာေဖြကယ္ဆယ္ဖို႔ လူေတြကိုအႏၲရာယ္ေတာထဲ သူလႊတ္မည္မဟုတ္ပါ။

မီးရဲ႕သေဘာက အေပၚကိုတက္ႏိုင္သေလာက္တက္သည္၊ ထို႔ေၾကာင့္ ေအာက္ထပ္အေဆာက္အအုံသာ ထိန္းခ်ဳပ္မႈလြတ္သြားခဲ့လွ်င္ အေပၚထပ္မွေက်ာက္ျပားခ်ပ္မ်ား မီးမႈိက္ခံရမည္။ တစ္နည္းအားျဖင့္ မီးသည္ ေအာက္ဆီဂ်င္ရွိရာ ျပတင္းေပါက္မ်ားအားလုံးဆီသို႔ ပ်ံ႕သြားလိမ့္မည္။

ထိုအခ်ိန္ လူဝင္ကယ္ျခင္းက မီးမ်ားျဖင့္အဝိုင္းခံရမည္သာ။

ဒုတိယထပ္အေျခအေနက ပိုျပင္းထန္၍ မီးပ်ံ႕ႏွံ႔ျခင္း၊ မီးစြဲေလာင္ျခင္းမ်ားႏွင့္ အခ်ိန္မေ႐ြးပင္ ၿပိဳက်ႏိုင္၏။ သူ႔မွာ ေလွကားတစ္ခုပါေသာ ကားသာရွိသည္။ ထို႔ေၾကာင့္ ဒုတိယႏွင့္တတိယႏွစ္ထပ္လုံးကို ဂ႐ုမစိုက္ႏိုင္။

သူစိုးရိမ္တႀကီးေမးလိုက္သည္။

" ဌာနခ်ဳပ္၊ ဆန္းနင္တပ္ဖြဲ႕နဲ႔ ေလာရွန႔္တပ္ဖြဲ႕ အခင္းေနရာေရာက္ဖို႔ ဘယ္ေလာက္ၾကာဦးမွာပါလဲ?"

" ႏွစ္မိနစ္ကေန ေျခာက္မိနစ္ေလာက္ "

ရန္ရိ အံကိုႀကိတ္ကာ ေနာက္လွည့္၍ ဘားအေရွ႕သို႔ေလွ်ာက္လွမ္းလိုက္သည္။ သူတို႔ အခုသြားၿပီးရွာ‌ေဖြ ကယ္ဆယ္ႏိုင္ တဲ့တစ္ခုတည္းေသာေနရာက ပထမထပ္ပင္။

ဒါေပမယ့္ မၾကာခင္ကပဲ အေရးတႀကီး လူအင္အားေလ်ာ့နည္းသြားရၿပီ။

သူသာအခုခ်ိန္ အဖြဲ႕ကိုဦးေဆာင္ၿပီး အထဲဝင္သြားရင္ အခင္းေနရာကို ၫႊန္ၾကားမယ့္သူမရွိေတာ့။

" ခင္မ်ားက႐ူးေနတာပဲ ဘားကမီးေလာင္ေနပါတယ္ဆို ေဟာ့ေပါ့ဆိုင္ကိုေရျဖန္းေနတယ္!"

လူအုပ္ႀကီးက လႈံ႕ေဆာ္ကာ‌ေအာ္ဟစ္ၾကသည္။

" ဟုတ္တယ္ ဘာလို႔အျပင္ဘက္ကိုေရျဖန္းေနတာလဲ!"

" ဘာလို႔လူေတြကယ္ဖို႔က်ေတာ့ တစ္ေယာက္မွမသြားၾကတာလဲ?! "

ထိုစဥ္ စြန္းတင့္ရီးက ‌အေရးေပၚထြက္ေပါက္ကို ရွာကာဖြင့္ေပးလိုက္သည္။

ဖြင့္ၿပီးၿပီးခ်င္းပဲ လူဒါဇင္‌ေက်ာ္က အစုလိုက္အပုံလိုက္ထြက္လာၾကသည္။ အေရွ႕မွလူက ေျမႀကီးေပၚသို႔လဲက်သြားကာ အေနာက္မွလူမ်ား၏ အုပ္မိုးျခင္း၊ တက္နင္းသြားျခင္းကိုခံရေပေတာ့၏။

စြန္းတင္းရိႏွင့္ တပ္သားအနည္းငယ္က လူအုပ္ႀကီးကို ခြဲ၍ထိန္းၾကသည္။ ေအာ္ဟစ္၍၎တို႔အသံမ်ားျဖင့္ ဟန႔္တားၾကရသည္။

" မတိုးၾကနဲ႔! မတြန္းၾကနဲ႔!"

ထိုလူအုပ္မွ လူတစ္ခ်ိဳ႕ကလႈပ္ရွားဖို႔အားရွိၾကေသးသည္။ တစ္ခ်ိဳ႕က ေနာက္ဆုံးလက္က်န္အားျဖင့္ လြတ္ေျမာက္ဖို႔႐ုန္းကန္ေနၾကသည္။ တစ္ခ်ိဳ႕ကေတာ့ လူၾကားထဲသို႔သာလဲက်ကုန္၏။

သူတို႔ေနာက္မွအရာက သားရဲမ်ားထက္ပင္ပို၍ ေၾကာက္မက္ဖြယ္ျဖစ္ေသာေၾကာင့္ ဦးတည္ရာမရွိထြက္ေျပးၾကကုန္သည္။

စြန္းတင္းရိ အင္တာကြန္းမွလွမ္းေျပာသည္။

" ေခါင္းေဆာင္ ပထမထပ္အေရးေပၚထြက္ေပါက္ကဝင္ၿပီး ရွာေဖြကယ္ဆယ္ဖို႔ခြင့္ေတာင္းပါတယ္ "

" သြားပါ "

ႏွစ္မိနစ္ၾကာေသာ္ ဆန္းနင္တပ္ဖြဲ႕အခင္း‌ေနရာသို႔ ေရာက္လာသည္။ ရန္ရိခ်က္ခ်င္းပဲ ဒုတိယထပ္ျပတင္းေပါက္ေတြဖ်က္ဖို႔ သူတို႔ရဲ႕ေလွကားပါထရပ္ကားကို တပ္ကူခိုင္းလိုက္သည္။ သို႔ေပမယ့္ ျပတင္းေပါက္မွလူမ်ားအား ကယ္ဆယ္ရန္သာ ခြင့္ျပဳၿပီး မည္သူ႔ကိုမွ ဒုတိယထပ္ကိုဝင္ခြင့္မေပးေပ။

ထိုအခ်ိန္ ေစြရိရွန္းကအေပၚဆုံးထပ္မွ မီးခိုးထြက္ေပါက္ကိုဖြင့္လိုက္ၿပီးသည္ႏွင့္ ရန္ရိ သူတို႔ကို ရွာေဖြကယ္ဆယ္ေရးအတြက္ တတိယထပ္ဝင္ဖို႔ ခ်က္ခ်င္းအမိန႔္ေပးလိုက္သည္။

ေနာက္ထပ္ႏွစ္မိနစ္ၾကာေတာ့ ႐ႊီက်င့္,ဌာနခ်ဳပ္၏အႀကီးအကဲ, အခင္းျဖစ္ရာသို႔ေရာက္ရွိလာသည္။ ရန္ရိ ခ်က္ခ်င္း ႐ႊီက်င့္အား အခင္းအေျခအေနတင္ျပလိုက္ၿပီးေနာက္ အဖြဲ႕ကိုဦးေဆာင္ၿပီး ပထမထပ္ကိုရွာေဖြကယ္ဆယ္ေရးသြားဖို႔ရာ ေမးလိုက္သည္။

႐ႊီက်င့္ ဒုတိယထပ္မွ မီးမ်ားႏွင့္မီးခိုးလုံးမ်ားကို တည္ၾကည္စြာၾကည့္လိုက္သည္။

" အတြဲလိုက္ လုံၿခဳံေရးႀကိဳးေတြခ်ည္ထားၾက၊ ဘယ္သူမွ တစ္ေယာက္တည္းလႈပ္ရွားဖို႔ခြင့္မျပဳဘူး။ ကိရိယာယူၿပီး ကာဗြန္မိုေနာက္ဆိုဒ္ကိုတိုင္းတာၾကည့္ "

" ဟုတ္ကဲ့! "

ရန္ရိ သူ႔တပ္ဖြဲ႕ႏွင့္ ဆန္းနင္တပ္ဖြဲ႕မွ စုစုေပါင္းလူဆယ့္တစ္ေယာက္ေခၚၿပီး လူတိုင္းႏွစ္ေယာက္တစ္တြဲ အသက္ကယ္ႀကိဳးတစ္ေခ်ာင္းစီ[7] ခ်ည္ေပးလိုက္သည္။

မီးေလာင္ရာပတ္ဝန္းက်င္က ရႈပ္ေထြးေနၿပီး ထူထဲေသာမီးခိုးမ်ားေၾကာင့္ ျမင္ႏိုင္ဖို႔ရာလည္းအလြန္ခက္သည္။ ေနာက္ၿပီး သူတို႔ကလည္း အတြင္းပိုင္းတည္ေဆာက္ပုံႏွင့္မရင္းႏွီး‌သျဖင့္ အလြယ္တကူလမ္းေပ်ာက္ႏိုင္၏။

သူတို႔ကိုအစုံလိုက္တြဲခ်ည္ထားျခင္းက ေဘးကင္းမႈကိုေသခ်ာေစၿပီး အျပန္အလွန္ကူညီဖို႔ျဖစ္သည္။

ရန္ရိ mask တပ္ကာ တည္ၿငိမ္၍အေၾကာက္တရားမဲ့ေသာ မ်က္ဝန္းမ်ားျဖင့္ ခ်င္းခ်င္းနီေတာက္ေလာင္ေနေသာ မီးေတာက္မ်ားကိုၾကည့္လိုက္ၿပီး တည္ၾကည္ေလးနက္စြာေျပာလိုက္သည္။

" သြားမယ္ "

တပ္ဖြဲ႕သည္ မီးေလာင္မႈထဲသို႔ တုန႔္ဆိုင္းျခင္းအလ်င္းမရွိဘဲ ဝင္သြားၾက၏။

ပထမထပ္တြင္ မ်က္ႏွာက်က္ကမီးစြဲေနသည္။ အျဖဴေရာင္ေက်ာက္ျပားက မီးကိုအံတုေနေပမယ့္ မီးကေတာ့ ပိုႀကီးသည္ထက္ႀကီးလာၿပီး ၎ကေျမျပင္ေနရာအက်ယ္ႀကီးသို႔ စတင္ၿပိဳက်ေန‌ေလၿပီ။

ပထမထပ္ရွိဘားႏွင့္ ဆိုဖာမ်ားက မီး‌ကြၽမ္းသြားၿပီျဖစ္ၿပီး  မီးေလာင္လြယ္‌တဲ့ပစၥည္းမ်ားမရွိေသာ အကခန္းမ သာက်န္ရွိေတာ့ကာ မီးႀကီးႏိုင္ေခ်မရွိ။

သို႔ေသာ္လည္း မ်က္ႏွာက်က္မွဝတၳဳပစၥည္းမ်ားက ဆက္လက္ ၿပိဳက်ေနၿပီျဖစ္သည္ကား တူညီေသာအႏၲရာယ္တည္း။

ျမင့္မားေသာအပူခ်ိန္ႏွင့္ ထူထပ္ေသာမီးခိုးမ်ားက သူ႔အေရွ႕မွအခင္းေနရာအား ငရဲအလားခံစားရေစသည္။

အသက္ရႉကိရိယာမွ ေလဆုံးရႈံးမႈကိုေလ်ာ့နည္းေစရန္ ရန္ရိ သူ႔အသက္ရႉႏႈန္းကိုတတ္ႏိုင္သေလာက္ အလိုက္သင့္ျဖစ္ေအာင္ထိန္းသည္။

" မင္းတို႔ႏွစ္ေယာက္ အေရွ႕ဘက္စားပြဲဆီသြား၊ မင္းတို႔ႏွစ္ေယာက္က အေနာက္ဘက္စားပြဲဆီသြား၊ တင္ခ်င္း ဘားေနရာကိုသြား၊ ေနာက္တစ္ေယာက္ကိုေတာ့ ငါနဲ႔သန္႔စင္ခန္း ထဲသြားဖို႔အတြက္ခ်န္ခဲ့ "

" ဟုတ္ကဲ့! "

စားပြဲဧရိယာက မီးစြဲေလာင္ေနသည္၊ ရန္ရိ သူ႔လူမ်ားကိုအကခန္းမကိုျဖတ္ကာ ဦးေဆာင္သြားၿပီး သူေျခလွမ္းလိုက္သည္ႏွင့္အမွ် နားထဲ၌ တခြၽတ္ခြၽတ္ တေျဖာက္ေျဖာက္ျမည္သံမ်ားႏွင့္ မီးေလာင္သံမ်ားကိုၾကားေနရသည္။

ရန္ရိကိရိယာေပၚမွ ေဒတာကိုၾကည့္လိုက္ကာ အစီရင္ခံလိုက္သည္။

" ကာကြယ္ေရးဦးစီးခ်ဳပ္၊ ပထမထပ္ရဲ႕ ေပါက္ကြဲမႈႏႈန္းက 46% ေရာက္ေနပါၿပီ ၊ ဒုတိယထပ္မွာ ကာဗြန္မိုေနာက္ဆိုဒ္ဓာ‌တ္ေငြ႕ထြက္ႏိုင္တဲ့ အသုံးအေဆာင္ေတြအမ်ားႀကီးရွိေတာ့ (မီးေလာင္ႏႈန္း) ပိုျမင့္မားႏိုင္တယ္ "

" နားလည္ၿပီ "

" ေခါင္းေဆာင္ရန္ ဒီမွာလူေတြရွိတယ္! "

တစ္ေယာက္က ကပြဲခန္းခအစြန္အဖ်ားမွာ လဲေနေသာလူကို (လက္ညႇိဳး)ထိုးျပသည္။

ထိုသူ႔ေဘးပတ္လည္မွ မ်က္ႏွာက်က္က ဆက္လက္ၿပိဳက်ေနဆဲျဖစ္သည္။

ဒီအေျခအေနက အလြန္အႏၲရာယ္မ်ား၏။

ရန္ရိ ေအာ္ေျပာလိုက္သည္။ " မလႈပ္နဲ႔ "

သူထူထဲေသာမီးခိုးမ်ားၾကား အေပၚမ်က္ႏွာျပင္ကိုအနည္းငယ္ ေလ့လာၾကည့္ကာ ေဘးကင္းႏိုင္မယ့္အခြင့္အေရးကိုေစာင့္သည္၊ သူမေအာ္ခင္ ‌ငါးစကၠန႔္ ေျခာက္စကၠန႔္ေစာင့္သည္။

" အခုပဲ! "

ရန္ရိ ဦးေဆာင္ကာ‌ေျပးသြားသည္။ လူအမ်ားစုက ကပြဲၾကမ္းျပင္မွလူကိုသယ္ရန္ အတူတကြအလုပ္လုပ္ၾကသည္။

ထိုသူရဲ႕ ကိုယ္တြင္မီးေလာင္ရာအမ်ားအျပားရွိၿပီး သတိ

ေမ့ေနေသာ္လည္း ‌‌အသက္ရွိေသး၏။

ရန္ရိ ႏွစ္ေယာက္ကို လူသယ္ထုတ္သြားဖို႔ေျပာလိုက္ၿပီး က်န္ရွိေသးေသာလူမ်ားကေတာ့ စမ္းတဝါးဝါးႏွင့္ သန႔္စင္ခန္း သို႔ဆက္၍ဦးတည္ၾကသည္။

" ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယထပ္ကို ရွာေဖြကယ္ဆယ္ေရးလႊတ္ဖို႔ေတာင္းဆိုပါတယ္ "

ေလာရွန႔္တပ္ဖြဲ႕ေခါင္းေဆာင္ ဝမ္းမုန္ရဲ႕အသံ အင္တာကြန္းမွထြက္ေပၚလာသည္။

" မရဘူး " ႐ႊီက်င့္အသံကတည္ၾကည္ကာ ျပတ္သားသည္။

" ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယထပ္ကိုရွာေဖြ‌ကယ္‌ဆယ္ေရးလႊတ္ဖို႔ေတာင္းဆိုပါတယ္ သုံးမိနစ္ပဲအခ်ိန္ေပးပါ "

" မရဘူး "

" ႏွစ္မိနစ္ပဲ "

႐ႊီက်င့္ ကႏႈတ္ပိတ္ေနသည္။

" တစ္မိနစ္! " ဝမ္းမုန္စိုးရိမ္တႀကီးေျပာလာသည္။

႐ႊီက်င့္က အခ်ိန္အၾကာႀကီးႏႈတ္ဆိတ္ေနၿပီး :

" တစ္မိနစ္ "

ရန္ရိေျပာလိုက္သည္။   "ဝမ္းမုန္ အေရွ႕ေတာင္ဘက္ကိုမသြားနဲ႔ မီးေတြရွိတယ္ "

" နားလည္ပါၿပီ "

" ေခါင္းေဆာင္ သန႔္စင္ခန္းထဲမွာတစ္ေယာက္ေယာက္ ရွိတယ္! "

သူတို႔ေအာ္သံမ်ားအၾကား သန႔္စင္ခန္းမွ တိုးဖြေသာတုံ႔ျပန္သံထြက္လာသည္။

သန႔္စင္ခန္းတံခါးက ပုံပ်က္ေနၿပီးျဖစ္သည္။

သို႔ေသာ္ ရန္ရိခပ္ျပင္းျပင္း ကန္ဖြင့္ေသာ္လည္း ပြင့္မလာခဲ့။

တံခါး႐ြက္ကေတာ့ေလ်ာ့ရဲက်လာၿပီး သူနဲ႔လ်ိဳေဟြး တံခါးကို ေဆာင့္ဖြင့္လိုက္ၾကသည္။

သန႔္စင္ခန္း၌ အနည္းဆုံး လူအေယာက္ ၃၀ ထက္ပို၏။

သူတို႔ တံခါးေပၚမွအက္ေၾကာင္းမ်ားကို အဝတ္စိုမ်ား၊ အိမ္သာသုံးစကၠဴအစိုမ်ားျဖင့္ စို႔ထားၾကၿပီး တံခါးကိုေရမ်ားျဖင့္ေလာင္းၾကျခင္းျဖင့္  အဆိပ္မီးခိုးေငြ႕မ်ားကာကြယ္ၿပီး တံခါးေဘာင္‌ကို‌ျဖတ္၍‌ အျမင့္ဆုံးပမာဏျဖင့္ေလာင္ၿမိဳက္ ဝင္လာေသာ အပူလႈိင္းမ်ားကို  တာဆီးထားၾကသည္။

တံခါးပြင့္လာေသာအခါ အုပ္စုထဲမွ လူငယ္လူ႐ြယ္မ်ား၏မ်က္ႏွာမ်ားက စိတ္အားငယ္ျခင္းႏွင့္ေမွ်ာ္လင့္ျခင္းမ်ား ေရာယွက္ေနၿပီး တစ္ခ်ိဳ႕ကခါးသီးစြာ ငိုေႂကြးၾကသည္။

ရန္ရိ ေမးလိုက္သည္။ " စြန္းတင့္ရီး အသက္ကယ္လမ္းေၾကာင္းဖြင့္ထားလား"

" ေရေငြ႕ေတြနဲ႔ကာၿပီး ဖြင့္ေပးထားပါတယ္ "

" မင္းတို႔ႏွစ္ေယာက္ လူေတြကိုကယ္ဆယ္ေရးလမ္းေၾကာင္းကေန ေခၚထုတ္သြားလိုက္၊ က်န္တဲ့သူေတြက ငါနဲ႔မီးဖိုထဲလိုက္ခဲ့ၾက "

" ဟုတ္ကဲ့! "

ဆန္းနင္တပ္ဖြဲ႕မွတပ္သားမ်ားေအာ္ၾကသည္။

" ကိုယ္ကိုကိုင္းထား၊ လက္ေတြတြဲ၊ ဟုတ္ၿပီ၊ တစ္ေယာက္မွထြက္မသြားေစနဲ႔ ၊ ျပာယာမခတ္ၾကနဲ႔၊ ကြၽန္ေတာ္တို႔ေနာက္ကလိုက္ခဲ့ၾကပါ! "

ရန္ရိ က်န္ရွိေသာလူသုံးဦးကို ဦးေဆာင္ကာကပြဲခန္းမကိုျဖတ္ရျပန္သည္။

ဒီဇိုင္းကိုခန႔္မွန္းခ်က္အရေတာ့ ကပြဲခန္းမရဲ႕တစ္ဖက္ျခမ္းက မီး‌ဖိုေခ်ာင္ႏွင့္ ဝန္ထမ္း႐ုံးခန္းျဖစ္မည္။

သူတို႔ ကပြဲခန္းမရဲ႕အလယ္ကို ျဖတ္ေလွ်ာက္႐ုံပဲရွိေသး၊ ႐ုတ္တရက္ သူတို႔ဦးေခါင္းထက္မွ အေဆာက္အအုံ‌က ပြသလိုမ်ိဳးႂကြတက္လာသံ ထြက္ေပၚလာ၏။ တပ္သားအမ်ားစု ေခါင္းေမာ့ၾကည့္လိုက္ၾကသည္။

သို႔ေသာ္ ေခါင္းထက္မွာ ထူထဲတဲ့မီးခိုးမႈိင္းႀကီးသာရွိေနၿပီး ဘာမွမရွင္းလင္းေပ။

ထို႔ေနာက္ေတာ့ မ်က္ႏွာက်က္ႀကီး ၿပိဳက်လာသည္။

ရန္ရိ သူနဲ႔ (ႀကိဳး)ဆက္သြယ္ထားေသာလ်ိဳေဟြးကို ၾကမ္းျပင္ေပၚသို႔ ပစ္တြန္းလိုက္ၿပီး ဒူးေခြႏိုင္ေလာက္တဲ့ မီးကြၽမ္းမ်က္ႏွာက်က္ႀကီးက သူတို႔‌ေလးေယာက္ ေပၚပိက်လာေတာ့သည္။

ရန္ရိႏွင့္ လ်ိဳေဟြးကအခ်ိန္မီ ခိုကိုးလိုက္ေသာေၾကာင့္ ဒဏ္ရာအေသးအမႊားေလာက္သာရသည္။

သို႔ေသာ္အျခားႏွစ္ေယာက္ကေတာ့ မ်က္ႏွာက်က္ပစၥည္းမ်ားျဖင့္ ပိသြားၾက၏။

ႏွစ္ေယာက္ ေျမျပင္ေပၚမွထကာ သူတို႔ကိုယ္ေပၚမွအမႈန္မ်ား ခါထုတ္လိုက္ၾကၿပီးေနာက္ အျခားတပ္ဖြဲ႕သားႏွစ္ေယာက္ကို ကယ္ဆယ္ ရန္အျမန္‌သြားလိုက္ၾကသည္။

၎တို႔ထဲမွတစ္ေယာက္က mask ကြဲသြားကာ အသက္ရႉရန္ခက္ခဲေန၏။

သူတို႔ မ်က္ႏွာက်က္ဝတၳဳမ်ားကို ဖယ္ရွားၿပီးခ်ိန္၌ အျခားတစ္ေယာက္မွာ သတိတစ္ဝက္လစ္ေသာ အေျခအေနတြင္ရွိေနၿပီး ခႏၶာကိုယ္တြင္လည္းမီးစြဲေနေလၿပီ။

လ်ိဳေဟြး သူ႔ကိုယ္တြင္ခ်ည္ထားေသာ လုံၿခဳံေရးႀကိဳးခါးပတ္ကိုေျဖကာ တစ္ဖက္လူဆီပစ္ဝင္လိုက္ၿပီး ဖက္ထားလ်က္ အေရွ႕ႏွင့္အေနာက္လွိမ့္‌ရန္ ထိန္းေပးထားသည္။

သူတို႔ဝတ္ေသာ တိုက္ပြဲဝတ္စုံမ်ားက အပူဒဏ္ကာကြယ္ကာ မီးဒဏ္ခံသည္။

မီးဒဏ္ခံသည္မွာကား မီးမကူးႏိုင္ဟုမဆိုလို။

မီးစြဲသြားပါက အလြန္အႏၲရာယ္ရွိသည္။

ႏွစ္ေယာက္သားေနာက္ဆုံး မီးကိုဖိႏွိပ္ႏိုင္ခဲ့သည္၊ သို႔ေသာ္ မီးကာကြယ္ေရးဝတ္စုံကအေတာ္ေလးကို ပ်က္စီးသြားၿပီး အေရျပားမ်ားထိခိုက္သြားသည္။

ကုသဖို႔အတြက္ ရန္ရိတို႔ ထိုႏွစ္ေယာက္အားအျပင္ကိုသာအရင္ ျပန္ပို႔ရေတာ့၏။

သူတို႔ဘားတံခါးအျပင္ ထြက္လိုက္သည္ႏွင့္တၿပိဳင္နက္ ႐ႊီက်င့္ ေအာ္ေနတာကိုၾကားလိုက္ရသည္။

" တပ္သားေတြအားလုံး ခ်က္ခ်င္းအေဆာက္အအုံအျပင္ထြက္ၾက!! တပ္သားေတြအကုန္လုံး ခ်က္ခ်င္းအေဆာက္အအုံအျပင္ထြက္ၾက!! "

ရန္ရိ ေနာက္လွည့္ၾကည့္လိုက္ရာ ဒုတိယထပ္မွ မီးေတာက္မ်ားက ပင္လယ္ျပင္လႈိင္းလုံးမ်ားသဖြယ္ ႐ိုက္ခတ္လာသည္ကိုေတြ႕လိုက္ရ၏။

အခင္းေနရာမွအပူခ်ိန္က ထိုးထက္သြားသည္။

သူအျပင္ထြက္လာၿပီးသည့္တိုင္ အသားမ်ားအကင္ခံလိုက္သကဲ့ ခံစားသြားရ၏။

ဒါက ေလ(oxygen) ေၾကာင့္ မီး‌ထေတာက္တဲ့လကၡဏာပဲ!

ရန္ရိ ဒဏ္ရာရသမားေတြကို အျမန္ပဲ အေဆာက္အအုံနဲ႔ေဝးေဝး ပို႔လိုက္သည္။

ဒုတိယထပ္အတြက္ဝမ္းမုန္လႊတ္လိုက္ေသာ ရွာေဖြကယ္ဆယ္ေရးသမားမ်ားမွလြဲ၍ တတိယထပ္မွ ရွာေဖြကယ္ဆယ္ေရးသမားေတြအားလုံး လြတ္ေျမာက္သြားၾကသည္။

ရန္ရိ မ်က္လုံးမ်ားနီရဲလ်က္ ဒုတိယထပ္ရွိျပတင္းေပါက္မ်ားသို႔ ၾကည့္လိုက္ၿပီး၊ သူ႔ခႏၶာကိုယ္ကေတာ့ တသိမ့္သိမ့္တုန္ေန၏။

ထူးဆန္းေသာ အုပ္လႊမ္းသံကိုၾကားလိုက္ရၿပီးေနာက္ မီးသည္ဆတိုးလာကာ မ်က္စိတစ္မွိတ္စာေလာက္မွာတင္ တတိယထပ္ကိုဝါးၿမိဳလိုက္ၿပီး ေနာက္တစ္ခဏ၌ ဒုတိယထပ္ ေပါက္ကြဲ‌ထြက္သြား‌ေတာ့သည္ !!!

-----------

Translator's Notes

1. Polyurethane -Polyurethane သည္အမ်ားအားျဖင့္ေျပာင္းလြယ္ျပင္လြယ္ျဖင့္ ျပဳလုပ္ထားေသာအျမႇဳပ္မ်ားပုံစံျဖင့္ အိမ္တြင္းပရိေဘာဂမ်ား၊ အိပ္ယာခင္းမ်ားႏွင့္ေကာ္ေဇာခင္းမ်ားကဲ့သို႔ေသာ လူႀကိဳက္အမ်ားဆုံးပစၥည္းမ်ား အနက္မွတစ္ခုဖစ္သည္။  ကူရွင္ခ်ဳပ္ထားေသာပရိေဘာဂမ်ားအတြက္ လြယ္ကူေသာပစၥည္းအျဖစ္ ေျပာင္းလြယ္ျပင္လြယ္ရွိေသာ ပိုလီယိုရမ္တိုင္အျမႇဳပ္သည္ ပရိေဘာဂမ်ားအားပိုမိုၾကာရွည္ခံ‌‌ေစသည္။

ေဘးထြက္ဆိုးက်ိဳး - Polyurethane, ေရနံဓာတုဗေဓလသစ္ isocyanates ပါဝင္ေသာအသက္ရႉလမ္းေၾကာင္းဆိုင္ရာအဆိပ္အေတာက္ျဖစ္သည္။  မသန႔္ရွင္းေသာ polyurethane သည္ပန္းနာရင္က်ပ္ေရာဂါကဲ့သို႔ေသာအသက္ရႉျပႆနာမ်ားျဖစ္ေစႏိုင္သည္။  ... အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားရွိေသာကေလးမ်ားႏွင့္ လူမ်ားသည္အထူသျဖင့္ polyurethane ရွိအဆိပ္အေတာက္ျဖစ္ေစေသာ ဓာတုပစၥည္းမ်ားကိုအထူးသတိျပဳရမည္။

2. Polyester – cotton -သဘာဝအသားမဟုတ္ဘဲ ေရာရက္လုပ္ထားတဲ့အထည္စ။ ေလာင္ကြၽမ္းရင္ အနံ႔ဆိုးထြက္တယ္။

3. Chemical fiber -ဓာတုေဗဓနဲ႔ျပဳလုပ္ထားတဲ့ ဆိုဖာေတြဘာေတြ ဖိုင္ဘာသားပစၥည္းေတြမွာအသုံးမ်ားတယ္ ။ အဝတ္အထည္စေတြမွာလည္း ေျပာင္ေခ်ာေခ်ာအထည္စမ်ိဳးေတြပါ

4. Carbon monoxide -ယိုစိမ့္ေသာပတ္ပတ္လည္၌ အညိဳေရာင္ သို႔မဟုတ္ အဝါေရာင္အဝါေရာင္အစြန္းအထင္းမ်ား။  မီးခိုးသို႔မဟုတ္အပူေပးေသာ အရာတစ္ခု၏အနံ႔ကဲ့သို႔ေဟာင္းႏြမ္းေသာ၊  မီးထဲ၌မီးခိုးမ်ား၊ မီးခိုးမ်ား သို႔မဟုတ္ ေနာက္ေက်ာကိုမီးခိုးေခါင္းတိုင္၊ မီးဖို သို႔မဟုတ္ အျခားေလာင္စာဆီသုံး ကိရိယာမ်ားမွထြက္ေသာအနံ႔မ်ား။

ဆိုးက်ိဳး- အသက္ရႉေသာအခါ ကာဗြန္မိုေနာက္ဆိုဒ္သည္ ေသြးထဲတြင္ေအာက္စီဂင္ကိုဖယ္ရွားေပးၿပီးႏွလုံး ၊ ဦး ေႏွာက္ႏွင့္ အျခားအေရးႀကီးေသာ ေအာက္စီဂ်င္၏အဂၤါမ်ားကို ဆုံးရႈံးေစေသာေၾကာင့္ အသက္ရႈေသာအခါအႏၲရာယ္ရွိသည္။ 

5. Walkie-talkie -လက္မွာအလြယ္တကူကိုင္ေဆာင္ႏိုင္တဲ့ ဒီဇိုင္းပါ။

6. Intercom - ​ေခါင္းမွာတပ္ထားရတဲ့ပုံစံပါ။

7. Safety rope အသက္ကယ္ႀကိဳး -

...................................

ေသဆုံးသြားေသာ ဝမ္းမုန္ရဲ႕တပ္သားမ်ားအတြက္5s ေလာက္ၿငိမ္သတ္ေပးၾကပါ!!!!!!

တကယ္ကိုဝမ္းနည္းရပါတယ္။

ဘာသာျပန္ရတာလည္း အဆင္ေျပမေနပါဘူး။ ေနာက္ပိုင္းေသမယ့္သူေတြကို ေတြးၿပီး စာ႐ိုက္ရတာလည္း မ်က္ရည္ဝဲရတယ္။

တကယ္ကို မီးသတ္တပ္ဖြဲ႕ဝင္ေတြကိုေလးစားပါတယ္။ ျမန္မာႏိုင္ငံကမီးသတ္တပ္ဖြဲ႕ဝင္ေတြလည္း အလားတူပါပဲ။

တစ္ခုခုဆို လူ‌ေတြက ဘာျဖစ္တယ္ ညာျဖစ္တယ္ နဲ႔ဝိုင္းၿပီး ဘုမသိဘမသိ အျပစ္ဖို႔တတ္ၾကတယ္။

မီးေလာင္တာကလည္း ကိုယ့္အျပစ္လည္းရွိပါတယ္။ ေသခ်ာဂ႐ုမစိုက္တာေၾကာင့္နဲ႔ မိသားစု အိုးအိမ္ ၊ ခ်စ္ရတဲ့သူေတြဆုံးရႈံးရတာ။

ေဒါသနဲ႔ပူေဆြးမႈေၾကာင့္ မီးသတ္သမားေတြကို အျပစ္ေျပာတာ ဆူပူႀကိမ္းေမာင္းတာမ်ိဳးေတြ မသိဘဲ ရမ္းသမ္းစြပ္စြဲတာမ်ိဳးေတြ ဘယ္ေသာအခါမွမလုပ္ၾကပါနဲ႔။

စာဖတ္ေနရင္းနဲ႔လည္း အျပင္ဘဝအတြက္ သင္ခန္းစာေတြ ဗဟုသုတေတြသယ္ေဆာင္သြားၾကပါ။

Shui da ကလည္းဒီလိုပဲျဖစ္ေစခ်င္မွာပါ။

ကြၽန္ေတာ္လည္း ဗဟုသုတ‌ရေအာင္ အမ်ားစုကိုenglish လိုေရးေပးထားၿပီး ရွင္းျပေပးထားပါတယ္။

ဒီအပိုင္းမွာ ကုံးရင့္ရွန္မပါေပမယ့္ ကုံးရင့္ရွန္နဲ႔ဆုံစည္းရမယ့္ လမ္းေၾကာင္းအႀကီးစားႀကီးပါ။

ေက်ာ္ခြဖတ္တဲ့သူမ်ား ေသခ်ာျပန္ဖတ္ေပးၾကပါ။ {ေသခ်ာျပန္ေပးထားတဲ့ ကြၽန္ေတာ့္ကိုေလးစားေသာအားျဖင့္ }

- Lynx

- 23 10 2020

__________________________________