webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 5

Translator - Lynx | Editor - Kellow

[ Unicode Version ]

နောက်တစ်နေ့မနက်ခင်းတွင် ရန်ရိ ဟုန်းဝူပြည်သူ့လုံခြုံရေးဗျူရိုအား သတင်းပို့ရန်သွားလိုက်သည်။

၎င်းဌာနသည်က မီးသတ်ဌာနနှင့်မဝေး။ သူ့နယ်မြေအတွင်း မပါသော်လည်း အမြဲလိုလိုအဆက်အသွယ်ရှိသည်။ ဘယ်အချိန်များ ကုံးရင့်ရှန် ဒီကိုလာမလဲတော့သူမသိပေ။

ဌာနတွင် သူ့ကိုစုံစမ်းစစ်ဆေးရေးတွင် ကူညီရန်ခေါ်သော -စုန့်ပေ အားတွေ့သည်။

စုန့်ပေက အရွယ်ရပြီဖြစ်သော ရဲတစ်ယောက်ဖြစ်သည်။

သူသည်ယခု ဟုန်းဝူဌာနခွဲ ၊ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ၊တတိယ‌မြောက်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်၏။ သူကားအလွန်ဖော်ရွေပုံပေါ်သည်။

ရန်ရိ လက်ဆန့်ပေးလိုက်သည်။ " စုန့် သွေ့ကျောင်* "

[ T/N : 队长 (Duì Zhâng-သွေ့ကျောင်)- Team leader ]

" ရန်သွေ့ကျောင် ၊ မင်္ဂလာပါ  ထိုင်ပါဦး "

နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ရန်ရိ ထိုင်လိုက်သည်။ သူရုံးခန်းကိုဝေ့ကြည့်လိုက်ပြီး မှန်ကဖောက်မြင်ရကာ လူများဝင်ထွက်သွားလာနေသည်ကို မြင်နိုင်၏။

စုန့်ပေ ပြုံးကာပြောသည်။ " ဒီလိုပူပြင်းတဲ့နေ့ကြီးမှာ လာခိုင်းရတာ ခေါင်းဆောင်ကိုအားနာပါတယ် "

" ယဉ်ကျေးနေပါပြီ ၊ ပြောရရင်ခေါင်းဆောင်ကအကြီးပါ ရှောင်ရန် လို့ခေါ်ဖို့ပြောမလို့ပေမယ့် ခေါင်းဆောင်က ကျနော့်နာမည်လည်းသိပြီးသားဆိုတော့ ရှိုးတိုးရှန့်တန့်ဖြစ်ရတယ်ဗျာ "

စုန့်ပေ ရယ်သည်။ " အဲ့တာဆို.. ခေါင်းဆောင်လို့ပဲဆက်ခေါ်တာပေါ့ "

ရန်ရိပြုံးလျက်ပြောလိုက်သည်။ " ကျွန်တော်တို့ ဝန်ထမ်းခေါင်းဆောင် ပြောပုံအရတော့ ခုန်ချတဲ့အမှုပြန်လိုက်မှာဆို? "

" ဟုတ်တယ် အစကတော့ သတ်သေတဲ့အမှုအနေနဲ့ပိတ်လိုက်တော့မလို့ပဲ မကြာခင်ကမှစီးပွားရေးကိစ္စနဲ့ ပတ်သက်နေနိုင်တဲ့အခြေအနေတွေရတော့ မင်းကို စုံစမ်းစစ်ဆေးပေးဖို့ မေးချင်တာ နောက်ဆုံးတော့ အဲ့အချိန်ကအမှုကို မင်းပဲအနားလည်ဆုံးပဲလေ "

ရန်ရိခေါင်းညိတ်လိုက်သည်။ " နားလည်ပါပြီ "

ထိုအချိန်က ညည့်နက်သန်းခေါင်ဆိုတာ သူမှတ်မိသည်။ မနက်လေးနာရီကျော် အိပ်ရေးနက်နေချိန်၌ ရဲစခန်းသို့လူတွေရုတ်တရက်ရောက်လာခဲ့ကြသည်။ ကမ်းခြေမှပြန်လာကြသော လူငယ်လေးအချို့က တိုက်ရဲ့ပထမထပ်ခြံဝင်းထဲက သံဆူးကာခြံစည်းရိုးပေါ်တွင် ထုတ်ချင်းပေါက်နေသော လူကိုတွေ့ခဲ့ကြတာဖြစ်၏။ သွေးများက ဝင်းကြီးရဲ့လမ်းကလေးအတိုင်း အောက်ဘက်ဂိတ်သို့စီးသွားခဲ့သည်။

မီးသတ်ကားရောက်လာသည့်အချိန်မှာပင် လူ‌တွေ ဒေါထနေကြဆဲဖြစ်သည်။ သူတို့ ခြံစည်းရိုးကိုဖြတ်ချလိုက်ပြီး လူနာတင်ယာဉ်က ထိုသံဆူးနှင့်အတူ လူကိုဆေးရုံသို့ခေါ်သွားခဲ့ပေမယ့် ဆေးရုံမရောက်ခင်မှာပင် အသက်‌ဆုံးသွားခဲ့လေသည်။

သူတို့အားလုံး သတ်သေတာလို့တွေးခဲ့ကြတယ်၊ ဒါပေမယ့်သူတို့မထင်ခဲ့တာက အမှုရဲ့အခြေအနေက နှစ်လအတွင်းပြောင်းသွားမည်ဟူ၍ပင်။

မီးသတ်နှင့်ရဲတပ်ဖွဲ့၏ ပူးပေါင်းလုပ်ဆောင်ချက်များက အလွန်နီးစပ်သည်။ အဘယ်ကြောင့်ဆိုသော် မှုခင်းနေရာအားပထမဦးဆုံးအရောက်သွားကြရသူများမှာ မီးသတ်တပ်ဖွဲ့ဝင်များပင်ဖြစ်ပြီး လူကယ်ဆယ်ရေးနှင့် အခင်းအားပြဿနာဖြစ်စေမည့် အထူးသဖြင့် မီးကဲ့သို့သော မရှောင်လွှဲနိုင်သည့်ကိစ္စရပ်များ ဖြေရှင်းပေးရသည်။

စုန့်ပေ အခင်းဖြစ်ရာမှပုံများကို ရန်ရိရှေ့၌ဖြန့်ပြရင်း ပြန်လည်သတိရစေသည်။

" ငါမင်းရဲ့တင်ပြချက်ကိုကြည့်ပြီးပြီ။ မင်းတွေးကြည့်ရင် အဲ့မှာ အရေးကြီးအချက်အလက်တွေရှိနိုင်တယ် "

ရန်ရိ မှတ်ဉာဏ်တွေနဲ့ဆက်စပ်ပြီး ထိုအချိန်ကသူမြင်ခဲ့သမျှကို ပြန်ဖော်နိုင်ဖို့အကောင်းဆုံးကြိုးစားသည်။

စုန့်ပေ ကမေးခွန်းများကို အတည်အတံ့မေးကာ သူတို့နှစ်ယောက် စည်းဝေးခန်းထဲ၌နှစ်နာရီထက်ကြာအောင် ထိုင်ကြရသည်။

ရုတ်တရက် စုန့်ပေကသိချင်စိတ်ဖြင့်မေးလာသည်။

" မင်းအသိတစ်ယောက်ကို ရှာနေတာလား?"

" ဟမ်? ဘာကိုလဲ? "

စုန့်ပေကမေးမော့ပြသည်။

" မင်း ဘယ်သူဖြတ်သွားဖြတ်သွား ပြတင်းပေါက်ကိုကြည့်နေတာ ငါတွေ့တယ် "

" အာ...sorry " ရန်ရိ လုံးဝရှက်သွားရ၏။ သူ့ဆံပင်သူကိုင်လိုက်ရင်း ရုတ်ရက် တံတွေးအနည်းငယ်မျိုချလိုက်သည်။ သူကုံးရင့်ရှန်နဲ့တွေ့ရဖို့ တွေးမိတာကို ဘာလို့များနားမလည်နိုင် စိတ်လှုပ်ရှားနေရတာလဲ? သူ့အမှားမှမရှိတာ။

စုန့်ပေ လက်ပတ်နာရီကိုကြည့်လိုက်သည်။

" အိုး နေ့လည်တောင်ရောက်ပြီပဲ မင်းအချိန်အကြာကြီးယူမိတာ တောင်းပန်ပါတယ် သွားရအောင် ထမင်းလိုက်ကျွေးမယ် "

" မဟုတ်တာ ရပါတယ် ကျွန်တော့်ဌာနကနီးပါတယ် ပြန်ပြီးစားလိုက်မယ် "

" မျက်နှာပူစရာပဲ သွားရအောင် ဒီနားမှာစားသောက်ဆိုင်ကောင်းကောင်းရှိတယ် မင်းအဖေအကြောင်းလည်းကြားချင်လို့ပါ "

ရန်ရိ ပြုံးကာပြောလိုက်သည်။ " အဲ့တာဆို ကျွန်တော်လက်ခံပါ့မယ် "

" လမ်းလျှောက်တာပေါ့ "

သူတို့နှစ်ဦး အစည်းအဝေးခန်းမှထွက်ကာ အလုပ်နေရာကိုဖြတ်သွားတော့ လူတွေအကုန်လုံးအပြင်ထွက်ကြသည်ကိုတွေ့ရသည်၊ လူတစ်ယောက်သာလျှင် လူအုပ်ကိုဖြတ်လျှက်သူတို့ ဘက်သို့လျှောက်လာ၏။

ကုံးရင့်ရှန်!

ရန်ရိ မျက်ခုံးပင့်လိုက်ကာ ကုံးရင့်ရှန်အားတွေ့ရသည်။ သူလွန်ခဲ့တဲ့ နှစ်ခေါက်က တွေ့ခဲ့သလိုပင်  သေသပ်တဲ့ဝတ်စုံပြည့် ၊ ရှည်လျားတဲ့ခြေချောင်းများဖြင့်လျှောက်လှမ်းကာ သူတို့ဆီသို့လျှောက်လာသည်။ လက်တွင် ရိုးရိုးရှင်းရှင်းလက်အိတ်အဖြူများစွပ်ထားပြီး စက္ကူအိတ်ဖြင့်။

နှစ်ယောက်သား မျက်လုံးချင်းဆုံသည်နှင့် ကုံးရင့်ရှန်၏မျက်လုံးများထဲ၌ အံ့ဩခြင်းအရိပ်များဖြတ်ပြေးသွားသည်။

စုန့်ပေ ကုံးရင့်ရှန်အား နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" ရှောင်ကုံး စားပြီလား"

ကုံးရင့်ရှန်လည်းပဲ ခေါင်းညိတ်သည်။ " စုန့်သွေ့ကျောင်"

သူရန်ရိအား သူစိမ်းတစ်ယောက်လို့ကြည့်သကဲ့သို့ တစ်ချက်ကြည့်သည်။

" လာပါ မိတ်ဆက်ပေးမယ် ဒါက ကတိတည်ပြီးငယ်ရွယ်တဲ့ ဖီးနစ်မီးသတ်တပ်ဖွဲ့ကခေါင်းဆောင် ရန်ရိ ၊ခုန်ချတဲ့အမှုကို ကူပြီးစုံစမ်းစစ်ဆေးပေးဖို့လာတာ။ ခေါင်းဆောင်ရန် ဒါကမနှစ်ကမှရောက်လာတဲ့ ငါတို့ရဲ့အတော်ဆုံးသင်တန်းသား  MIT မှာ ဓာတုဗေဒ PhD ဘွဲ့ရထားတဲ့ ကုံးရင့်ရှန် "

စကားကဒီတင်ဆုံးပြီ။ သို့ပေမယ့် စုန့်ပေ ထိုနှစ်ယောက်လက်ဆွဲနှုတ်ဆက်တာကို မတွေ့သေးပေ။

တကယ်တော့ နှစ်ယောက်သားသာစိုက်ကြည့်နေကြ၏။

စုန့်ပေ သိချင်သွားသည်။

" မင်းတို့သိကြတာလား? "

" မသိဘူး "

သူတို့နှစ်ယောက် တစ်ပြိုင်တည်းပြောလိုက်သည်။ စကားကအလွန်မြန်ကာ စကားအရမ်းနှေးသွားပါက သူတို့ရှုံးမည်ကိုစိုးနေသည့်အလား။

စုန့်ပေ သူ့မေးကိုပွတ်လိုက်သည်။

ရန်ရိကပြော၏။ " ခေါင်းဆောင်စုန့် သွားကြရအောင် ကျွန်တော်တကယ်ဆာနေပြီ "

" အို့ သွားရအောင် "

ကုံးရင့်ရှန် အဝေးသို့လျှောက်ထွက်သွားသောအခါ စုန့်ပေကရယ်လျက်ပြောလာသည်။

" ဘယ်လိုလဲ ငါတို့ဌာနမှာ star လိုရဲဝန်ထမ်းတစ်ယောက်ရှိမယ်လို့ မင်းမထင်ဘူးမလား?သူရောက်လာတဲ့နေ့ကဆို ငါတို့ဆီက lesbian တွေတောင်ရူးသွားမတတ်ပဲ "

[T/N : Lesbian - အမျိုးသမီးအားကြိုက်နှစ်သက်သူအမျိုးသမီး]

" ဟမ်..သူကခေါင်းဆောင်ဟာလို့ မထင်ခဲ့မိဘူး?"

"အင်း.. မထင်မှတ်လောက်စရာလူငယ်လေးပဲ ၊ ဒါပေမယ့် သူ့ကိုယ်ရေးကိုယ်တာက နည်းနည်း....တစ်သီးတစ်သန့်ဆန်တယ် "

"တစ်သီးတစ်သန့်ဆန်တယ်" လို့သုံးလိုက်တာက အရမ်းယဉ်ကျေးနေပါပြီ ဟုရန်ရိ တိတ်တိတ်လေးတွေးရင်း မေးလိုက်သည်။

" လူတိုင်းအပြင်ထွက်သွားရတာ သူ့ကိုဘာလို့အထဲဝင်ခံတာလဲ?"

" နေ့လယ်ဆိုတော့ အားလုံး cafe မှာသွားစားသောက်ကြတာ‌ပေါ့ ၊ သူ..သူက"

စုန့်ပေ ခေါင်းခါသည်။ " သူကငါတို့နဲ့မစားဘူး "

" ဘာလို့လဲ ?"

" သူကအသန့်ကြိုက်တတ်တဲ့သူ သူသယ်လာတဲ့ဟာပဲစားတယ် "

" သူသာအရမ်းအဆင်မပြေဖြစ်‌နေရင် ရဲသားလုပ်လို့ဖြစ်နိုင်မလား?"

" အရင်းမြစ်အားလုံးနဲ့ဆိုင်တာပေါ့ "

စုန့်ပေ သူ့နားထင်ကိုထောက်ပြသည်။

" သူကဦးနှောက်ကောင်းတယ် တိုက်နိုင်တယ် သတ္တိရှိတယ် ပြီးတော့ အရည်‌အသွေးတွေအများကြီးရှိတယ် ငါတို့ပါရမီအများကြီးလိုတယ် "

ရန်ရိ မနေနိုင်ပဲ အတင်းပြောမိသည်။ သူလက်နက်တွေအများကြီးလှူလို့နေမှာပေါ့။

" ပြီးတော့ သူ့မှာအဆင်မပြေဖြစ်ရတဲ့ အကြောင်းရင်းရှိသေးတယ် ၊။ နားလည်နိုင်ပါတယ် "

" အို့..ဘာအကြောင်းရင်းလဲ?"

စုန့်ပေပြုံးသည်။ ‌ဆက်၍မပြောချင်သည်မှာသိသာ၏။ ရန်ရိလည်းထပ်မမေးတော့၊ ပြီးတော့လည်းသူနဲ့မှဘာမှမသက်ဆိုင်တာ ၊ ဆက်မေးနေရင်လည်း မသင်္ကာစရာဖြစ်ရဦးမည်။

___________

စားသောက်ပြီးသည့်အခါ၊ ရန်ရိ အိမ်ပြန်ရန်အချိန်ယူ၍

သူ့အဖေနှင့် နေ့လယ်လက်ဖက်ရည်အတူသောက်ကာ စခန်းသို့ပြန်လာခဲ့သည်။

သူစခန်းသို့ရောက်နှင့် ချွီယမ်ပေါင်ကရုံးခန်းသို့ခေါ်၏။

လူသုံးယောက်က ရုံးခန်းဆိုဖာပေါ်တွင်ထိုင်နေပြီး ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်သည်။ သူအခန်းထဲဝင်လိုက်သည်နှင့် ထိုသုံးယောက်က မတ်တပ်ရပ်လိုက်ကြသည်။

ယောက်ျားလေးနှစ်ယောက်က ဘာမှမထူးခြားသော်လည်း မိန်းကလေးကတော့ အရပ်ရှည်၍ ယောက်ျားကဲ့သို့ ဆံပင်တို၏။

သူမက ကြည့်ကောင်း‌သည်၊ သို့သော်မိန်းမဆန်သောအမူအရာမတွေ့ရဘဲ သူရဲကောင်းဆန်မှုများပြည့်နေသည်။

ရန်ရိ မပြောသေးခင်၊ သုံးယောက်က စစ်တပ်ဟန်ဖြင့်နှုတ်ကြသည်။

" မင်္ဂလာပါ ခေါင်းဆောင် "

[T/N: စစ်တပ်ဟန်နဲ့နှုတ်ဆက်တာက လက်ကိုနှဖူးပေါ်အလျားလိုက်ဖြတ်ပြီး မာန်ပါပါနဲ့လေးစားမှုပြတာပါ ]

ရန်ရိလည်းပြန်လည် လေးစားမှုပြကာ ချွီယမ်ပေါင်အား ပဟေဠိဆန်စွာကြည့်လိုက်သည်။

" oh ဒါကငါတို့စခန်းအတွက်ငါရွေးထားတဲ့ မီးသတ်အလောင်းအလျာတွေ ၊ဒါပေါ့ မင်းကိုယ်တိုင် အင်တာ‌ဗျူးလို့ရပါတယ် "

ရန်ရိ ထိုသုံးယောက်ကို ထပ်မံစစ်ဆေးကြည့်လိုက်ပြီး ပြောလိုက်သည်။

" အိုကေ ဒီနေ့ကနည်းနည်းနောက်ကျနေပြီ၊ မင်းတို့အရင်ပြန်လိုက်ပါ၊ ကိုယ်အင်တာဗျူးအချိန်ကိုအသိပေးလိုက်မယ် "

" နှုတ်ဆက်ပါတယ် ခေါင်းဆောင် ၊ နှုတ်ဆက်ပါတယ် နည်းပြ "

လူသုံးယောက်ပြန်သွားသောအခါ ရန်ရိ ချွီယမ်ပေါင်ကိုစိုက်ကြည့်လိုက်သည်။

" မင်းဘာတွေတွေးနေတာလဲ ? မိန်းကလေးတပ်သား?"

" မိန်းကလေးတပ်သားတွေကဘာဖြစ်လို့လဲ"

ချွီယမ်ပေါင်ပုခုံးတွန့်ပြသည်။

" မိန်းကလေးတပ်သားတွေရွေးချယ်မခံရနိုင်တဲ့ စာတမ်းသတ်မှတ်ချက်များ ဘယ်မှာရှိလို့လဲ?"

သူတို့ လတ်တလော မီးသတ်ကာကွယ်ရေးပြောင်းလဲမှုကို ရင်ဆိုင်နေရသည်။ တပ်ကိုမနှစ်ကဝင်ရောက်ခဲ့သော ရဲသားအုပ်စုက နောက်ဆုံး တာဝန်ထမ်းဆောင်ရသောရဲသားများဖြစ်သည်။ နှစ်အကုန်၌ သူတို့တစ်ချိန်တည်းထွက်ကာ ကျွမ်းကျင်သူများဖြစ်လာ၍ ပြည်သူ့လုံခြုံရေးနှင့်မီးသတ်ကာကွယ်ရေးဝန်ကြီးဌာနမှသည် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနသို့ အချိန်ပြည့် မီးသတ်သမားများအဖြစ်ရွေးချယ်ခံကြရမည်။

သူတို့ပုံမှန်အားဖြင့် မီးသတ်သမားများမရွေးချယ်မီ မီးသတ်ထဲ၌တာဝန်ထမ်းဆောင်သူများကို ‌အခြားသူများထက်အရေးပေးသည်။

စခန်းခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် အမြင့်ဆုံးသော ပုဂ္ဂိုလ်ရေးအခွင့်အရေးများရရှိကာ ချွီယမ်ပေါင်ကတော့ အချိန်ပြည့်ရုံးထိုင်ရကာ ပြည်ထဲရေးကိစ္စများကိုဆောင်ရွက်ရပြီး အစောပိုင်းရွေးချယ်ရေးအတွက်လည်း တာဝန်ယူသည်။

သူမထင်မိတာက ချွီယမ်ပေါင် တကယ်ပဲ အမျိုးသမီးမီးသတ်သမား တစ်ယောက်ရွေးလိမ့်မယ် ဟူ၍သာ။

ရန်ရိ မျက်နှာပျက်သွားသည်။

" ငါတို့တပ်ဖွဲ့မှာ တပ်သား ၄၀ ကျော်ရှိတယ် အဲ့တာအဆင်မပြေသေးဘူးလား? ချစ်လှစွာ‌သော တပ်ဖွဲ့သားပေါင်ပေါင် "

" အရင်စိတ်လျှော့ပါ ချစ်လှစွာသောတပ်ဖွဲ့သားရန်ရန် "

ချွီယမ်ပေါင် သူ၏အမှတ်သညာဖြစ်သော အပြုံးကိုဆင်မြန်းထားသည်။

" စက်တင်ဘာဆို တပ်က လူအများစုသင်တန်းဆင်းကြမှာ ငါတို့နှစ်ဝစ်ဝက်လုံးမှာမှ အချိန်ပြည့်ရာထူး သုံးယောက်ပဲရွေးချယ်တယ် ဝန်ထမ်းက လုံလောက်တယ်ဆိုတာကို ဝေးပါသေးတယ်"

" မင်းမှာဝန်ထမ်းအလုံအလောက်မရှိရင်လည်း ပြဿနာမရှာနဲ့လေ "

" ဘာပြဿနာရှာတာတုန်း ၊ မင်းမှာအမျိုးသမီးတပ်သားအကြောင်း အမြင်ရှိလို့လား?"

" ငါ့မှာအမျိုးသမီးစစ်သားတွေအပေါ် ဘာမှကန့်ကွက်ချက်မရှိပါဘူး ဒါပေမယ့် ဒီအလုပ်ကသူမအတွက်အဆင်ပြေမယ်လို့ မင်းထင်လား? သူမစစ်သားဖြစ်တုန်းက အနည်းဆုံးတော့ မိန်းကလေးတွေပတ်ဝန်းကျင်မှာရှိသေးတယ် ဒါမယ့် သူမသာဒီကိုလာရင်.....ငါသူမအတွက်တွေးပေးနေတာပါ ဒီလမ်းကဘယ်လောက်လျှောက်ဖို့ခက်တယ် ဆိုတာကိုသူမသိပါတယ် "

" ငါတော့သူမအတော်ပြတ်ပြတ်သားသား စဉ်းစားပြီးပြီလို့ထင်တယ် "

ချွီယမ်ပေါင် သူ့မျက်မှန်ကိုတွန်းတင်လိုက်သည်။

" မင်းသူ့ကိုအင်တာဗျူးတောင်မလုပ်ရသေးဘူး သူမကိုတိုက်ရိုက်ပယ်ချတာမကောင်းပါဘူး ငါ့အမြင်အရတော့ သူမကအရည်အချင်းပြည့်မှီတဲ့ မီးသတ်သမားတစ်ယောက်ပါ"

" မီးသတ်သမားတွေက ရှေ့ဆုံးလမ်းကသွားချင်ရတယ် မိန်းမတွေအတွက် ရှေ့ဆုံးလမ်းကမသင့်တော်ဘူး "

" မင်းကခွဲခြားပြီး အစွဲကြီးနေတာပဲ "

" ငါ့ကိုဖိအားပေးဖို့ဒီလိုမပြောပါနဲ့ မင်းနိုင်ငံထဲကအမျိုးသမီးမီးသတ်သမားရှိတဲ့ မီးသတ်တပ်‌ဖွဲ့တွေကိုသွားမေးစမ်းပါ ဒါကစွဲလမ်းတာလားဆိုတာ? ဒါကအလုပ်ပုံစံပါ "

" ငါတို့က သာမန်တပ်ဖွဲ့မဟုတ်ဘူး ငါတို့က အထူးဝန်ဆောင်မှုတပ်ဖွဲ့ ၊ ငါတို့မှာအရာအားလုံးကိုလက်ခံနိုင်တဲ့ စိတ်ရှိရမယ် အို့ ဟုတ်တယ် သူမကမင်းရဲ့ဂျူနီယာပဲ ပြီးတော့ ရဲတက္ကသိုလ်ကနေ မီးသတိပေးမေဂျာ နဲ့ဘွဲ့ရခဲ့တာ "

ယနေ့၌ "အရင်းမြစ်အားလုံးနဲ့ဆိုင်တယ်" ဟူသောစကားအသွားအလာကို ဒုတိယအကြိမ်မြောက်ကြားရခြင်းဖြစ်သည်။ သို့သော် ချွီယမ်ပေါင်နှုတ်မှကြားရသဖြင့် သူကွဲပြားတဲ့တစ်စုံတစ်ခုကိုနှာခေါင်းရှုံ့မိ၏။

(အနံ့ရ *သတင်းအနံ့*)

" ယမ်ပေါင် မင်းကငါ့ထက်ပြတ်သားသင့်တယ် နားထောင် မင်းစကားမင်းနားထောင်ကြည့်ပါ လူစကားပဲဟာ မင်းငါ့ကိုတစ်ခုခုဖုံးကွယ်ထားတာများရှိလား?"

ချွီယမ်ပေါင် သူ၏မျက်မှန်ကိုချွတ်ကာမှန်သားများကို ဖြည်းဖြည်းချင်းသုတ်၍ တစ်ဖန်ပြန်တပ်လိုက်သည်။

" သင်တန်းပေးချိန်ပြီးသွားရင် ဝါဒဖြန့်ချိရေးဝန်ကြီးဌာနက အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ပြရုပ်အသစ် သူရဲကောင်းကို တစ်နိုင်ငံလုံးချပြဖို့ တာဝန်တွဲတွေလုပ်လိမ့်မယ် ၊ အမျိုးသမီးမီးသတ်သမား ၊ မင်းသိရဲ့လား ငါတို့တပ်ဖွဲ့အပေါ်အာရုံစိုက်မှု ဘယ်လောက်တောင်ရလိုက်မလဲ"

ရန်ရိ ခေါင်းငုံ့လိုက်သည်။

" သတင်းကအရမ်းကောင်းတာပဲ မင်းအဖေပြောတာလား?"

" ဟုတ်တယ် "

ချွီယမ်ပေါင်ကား အထူးတပ်ဖွဲ့ဝင်စီနီယာတစ်ယောက်၏သားဖြစ်ပြီး မွေးကတည်းကပင် ရာထူးကြီးများ၏‌လမ်းစဉ်ကိုလိုက်ဖို့ ကံပါခဲ့သူဖြစ်ရမည်။ သူတို့သူငယ်ချင်းတွေဖြစ်တာ နှစ်များစွာရှိပြီပေမယ့် ကိစ္စအများကြီးတွင်သူတို့ မကြာခဏ သဘောမတူနိုင်ကြဆဲဖြစ်၏။

ချွီယမ်ပေါင် စိတ်ရှည်လျက်ပဲ သူ့အားသွေးဆောင်သည်။

" ရန်ရိ ဒီမိန်းကလေးက အန္တရာယ်များတဲ့အလုပ်နဲ့မကိုက်ညီမှာ မင်း စိုးရိမ်မှန်းသိပါတယ် ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒီမိန်းကလေးသာ မင်းလက်အောက်မှာဆို မင်းသူ့ကိုအဆောင်အနေနဲ့ထားလို့ရတယ် တစ်ချို့အခင်းတွေ သူမကိုမသွားခိုင်းနဲ့ သူမကမီးသတ်သမားဖြစ်ချင်တာ ငါတို့မှာမီးသတ်သမားရှားတယ် ငါတို့တပ်ဖွဲ့ကိုတောင် သူမကတောက်ပစေနိုင်သေးတယ် ဒါအားလုံးအတွက်ကောင်းတာပဲမဟုတ်လား?"

ရန်ရိ ချွီယမ်ပေါင်၏ ဖျော့ဖျော့‌အရောင်ဟပ်နေသော မျက်မှန်ရွက်များကို တိုက်ရိုက်ကြည့်လိုက်သည်။

သို့သော် သူ့မျက်လုံးကိုမတွေ့ရ။

" ငါလက်မခံရင်ရော"

ချွီယမ်ပေါင် ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

" နည်းပြအနေနဲ့ ငါ့မှာအမြဲတမ်း မဲတစ်ခုရှိတယ် "

သူတို့နှစ်ယောက်က ညီမျှနေသော်လည်း အခြေခံမူအရ ချွီယမ်ပေါင်၏ စကားကသူ့ထက်ပိုအားများသည်၊ အနည်းဆုံးအထက်မှာရှိ၏။

သို့သော်လည်း ချွီယမ်ပေါင် သူ့ကိုဒါနဲ့မလွှမ်းမိုးပေ။

" ကောင်းပြီ အခုမင်းဆုံးဖြတ်ထားပြီးပြီပဲ "

ရန်ရိ အသံထားကအရမ်း‌အဆင်ပြေမနေ။

" ရှုန်းတိ* မင်းအရမ်းမပျော်ဘူးဆိုတာသိပါတယ် ဒါပေမယ့်ငါဒါကို ငါတို့ကောင်းဖို့အတွက်လုပ်တာပါ "

[ T/N : 兄弟 - Xiōng Dì *brother* - ညီလို့ရေးလိုက်ရင် ဖိုးသိုးဖက်သက်တွေဖြစ်ကုန်မှာစိုးလို့ သူတို့နှစ်ယောက်ကလည်း တစ်ခုခုပဲ : 3 ]

ချွီယမ်ပေါင်ပြောသည်။

" ငါလူသိများချင်တယ်ဆိုတာ မငြင်းပါဘူး ဘယ်သူကလူသိမများချင်ပါ့မလဲ? မင်းပြည်ထဲရေးတွေမှာမပါဝင်ချင်ဘူး ငါ့မှာငါတို့အကျိုးလုပ်ဖို့တာဝန်ရှိတယ် ငါတို့ပိုပြီးမြင့်သထက်မြင့်အောင် သွားနိုင်မယ်လို့မျှော်လင့်တယ် တပ်ဖွဲ့ကောင်းရင်ငါတို့လည်းကောင်းတာပဲမလား? eh? "

ရန်ရိ သက်ပြင်းရှည်ကြီးချလိုက်သည်။

" မင်းပြောတာနားထောင်ရင် ဘယ်နည်းနဲ့ဖြစ်ဖြစ် နောက်‌ဆုံး မင်းမှန်တယ်ဆိုတာ လက်ခံရတာပဲ "

ချွီယမ်ပေါင် သူ့ခေါင်းကိုပုတ်ကာ အပြုံးဖြင့်ပြောသည်။

" တကယ်ကောင်းပါတယ် "

ရန်ရိ လက်သည်းထုတ်ကာ ဆူဟန်ဆဲဆဲ၌ပင် သတိပေးချက်က ထမြည်လေ၏။

[T/N : ကြောင်လေးတွေက အမြဲလက်သည်းဝှက်ထားတတ်တယ်လေ ကုတ်တော့မယ့်အချိန်မှ လက်သည်းထုတ်တာ အဲ့လိုသဘောပဲ ]

သူ အောက်ထပ်သို့ပြေးဆင်းသွားလိုက်သည်။

" ဘယ်အခြေအနေလဲ?"

" .....သော့ဖျက်တာ "

တပ်သားအားလုံး စုအုံလာကြသံဆူညံနေ၏။

ရန်ရိ အနည်းငယ်ဒေါသထွက်ကာ သူဝေ့ဝဲကြည့်လိုက်သည်။

" ရဲမိန့်တင်ပြ "

အကြောင်းကြားစာကို သူ့လက်ထဲထည့်လာသည်။ သူ့ဖုန်းကို ထုတ်ကာ ရဲစာရွက်မှာပါတဲ့အတိုင်းဖုန်းခေါ်လိုက်သည်။

" ဟယ်လို မီးသတ်ကပါ "

တစ်ဖက်မှ အသက်ကြီးကြီးမိန်းမတစ်ယောက်ရဲ့ စိုးထိတ်တဲ့အသံထွက်လာသည်။

" မီးသတ်သမားရေ ဘယ်တော့လာမှာလဲ? ကျွန်မမြေးလေးမကြာခင်ကျောင်းကပြန်လာတော့မှာ သူ့အတွက်ညစာချက်ပေးရဦးမယ်! "

" အန်တီ ကျွန်တော်တို့က ဒီလိုသော့ဖျက်တဲ့အလုပ်မျိုးကို လုံးဝမကျွမ်းကျင်ပါဘူး သော့ဖျက်တဲ့ကုမ္ပဏီကို ရှာဖို့အကြံပေးပါရစေ "

" ဘာလို့ သော့ဖျက်တဲ့ ကုမ္ပဏီကိုရှာရမှာလဲ? မင်းတို့မဖွင့်နိုင်ဘူးလား?"

အန်တီကြီးကငို၏။ " သော့ဖျက်တဲ့ကုမ္ပဏီအတွက် ပိုက်ဆံမရှိဘူး!"

" အန်တီ ဒါကပြဿနာပါ " ရန်ရိအလွန်စိတ်ရှည်စွာပြောသည်။

" ကျွန်တော်တို့မှာ သော့ဖျက်တဲ့နည်းသုံးနည်းရှိပါတယ် သော့ဖျက်တာ၊ တံခါးဖွင့်တာ ၊ နံရံဖြိုတာ တစ်ခုစီအလိုက် ထိခိုက်မှုတိုးသွားပါတယ် အခြေအနေပေါ်မူတည်ပြီး အဓိကကျတဲ့ ‌နည်းလမ်းကိုရွေးရပါတယ် ဒါပေမယ့် ကျွန်တော်တို့‌သေးပြီး ရှုပ်ထွေးတဲ့သော့တွေကိုတော့ မဖွင့်နိုင်ပါဘူး အများအားဖြင့် တံခါးကိုပဲဖျက်လိုက်တာများပါတယ် ကျွန်နော်တို့အားတယ် ဒါပေမယ့် သော့ကိုပြောင်းဖို့ကအကုန်အကျများမှာပါ "

" .....မင်းလိမ်နေတာမဟုတ်ဘူးမလား"

" ကျွန်တော်မလိမ်ပါဘူး တကယ်လို့ဘယ်လိုဆက်သွယ်ရမလဲမသိရင် ကျွန်တော် သော့ဖျက်တဲ့ကုမ္ပဏီကို မိတ်ဆက်ပေးလို့ရပါတယ် "

" မင်းမိတ်ဆက်ပေးမှာလား?"

အန်တီရဲ့ စကားအဆုံးကမြင့်ပြီး သံသယများပြည့်နေသည်။

ရန်ရိ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

" အန်တီ သော့ဖွင့်ဖို့က ယွမ် ၁၀၀ ကျပါတယ် ပြီးတော့ ကျွန်တော်ပိုက်ဆံယူမှာမဟုတ်ပါဘူး "

" အိုကေ လုပ်တာပေါ့ "

" ကျေးဇူးပြုပြီးသတိပေးချက်ဖျက်သိမ်းဖို့ 119 ကိုခေါ်ပေးပါ"

တစ်ဖက်မှဖုန်းချသွားသည်။

ရန်ရိ ရဲစာရင်းကိုဘောလုံးလုံးလိုက်ကာ ဂျူတီကျနေသော တပ်သားထံပစ်ပေါက်လိုက်သည်။

" နောက်ကျရင် သော့ဖျက်ဖို့လိုတဲ့သူတွေရှိလာလိမ့်မယ် အိမ်မှာအရေးပေါ်ကိစ္စမရှိရင် ဒီလိုပဲရှင်းလိုက် "

" ဟုတ်ကဲ့ "

ရန်ရိ ကိုက်ခဲနေသောနားထင်ကိုဖိကာ ‌ဒေါသကိုဖြေလျှော့လိုက်သည်။ ဒီကာလမှာအဖြစ်အပျက်အရမ်းများလို့ဖြစ်မည်၊ သူစိတ်အရမ်းတိုလာပြီး မကျန်းမမာလည်းဖြစ်သည်။

သူအဖေအနားနေဖို့၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ဒါမှမဟုတ် တစ်ယောက်နဲ့သွားတွေ့ဖို့ နားရက်တိုလေးယူရန် ဆုံးဖြတ်လိုက်သည်။

----------------------------

Translator's Notes

1. သံဆူးကာခြံစည်းရိုး

2. စစ်တပ်ဟန်နှုန်ဆက်ပုံ

-------------------------------------------------------

[ Zawgyi version ]

ေနာက္တစ္ေန႔မနက္ခင္းတြင္ ရန္ရိ ဟုန္းဝူျပည္သူ႔လုံၿခဳံေရးဗ်ဴ႐ိုအား သတင္းပို႔ရန္သြားလိုက္သည္။

၎ဌာနသည္က မီးသတ္ဌာနႏွင့္မေဝး။ သူ႔နယ္ေျမအတြင္း မပါေသာ္လည္း အၿမဲလိုလိုအဆက္အသြယ္ရွိသည္။ ဘယ္အခ်ိန္မ်ား ကုံးရင့္ရွန္ ဒီကိုလာမလဲေတာ့သူမသိေပ။

ဌာနတြင္ သူ႔ကိုစုံစမ္းစစ္ေဆးေရးတြင္ ကူညီရန္ေခၚေသာ -စုန႔္ေပ အားေတြ႕သည္။

စုန႔္ေပက အ႐ြယ္ရၿပီျဖစ္ေသာ ရဲတစ္ေယာက္ျဖစ္သည္။

သူသည္ယခု ဟုန္းဝူဌာနခြဲ ၊ ရာဇဝတ္မႈဆိုင္ရာစုံစမ္းစစ္ေဆးေရးဌာန ၊တတိယ‌ေျမာက္တပ္ဖြဲ႕၏ ေခါင္းေဆာင္ျဖစ္၏။ သူကားအလြန္ေဖာ္ေ႐ြပုံေပၚသည္။

ရန္ရိ လက္ဆန႔္ေပးလိုက္သည္။ " စုန႔္ ေသြ႕ေက်ာင္* "

[ T/N : 队长 (Duì Zhâng-ေသြ႕ေက်ာင္)- Team leader ]

" ရန္ေသြ႕ေက်ာင္ ၊ မဂၤလာပါ  ထိုင္ပါဦး "

ႏွစ္ေယာက္လက္ဆြဲႏႈတ္ဆက္လိုက္ၾကၿပီး ရန္ရိ ထိုင္လိုက္သည္။ သူ႐ုံးခန္းကိုေဝ့ၾကည့္လိုက္ၿပီး မွန္ကေဖာက္ျမင္ရကာ လူမ်ားဝင္ထြက္သြားလာေနသည္ကို ျမင္ႏိုင္၏။

စုန႔္ေပ ၿပဳံးကာေျပာသည္။ " ဒီလိုပူျပင္းတဲ့ေန႔ႀကီးမွာ လာခိုင္းရတာ ေခါင္းေဆာင္ကိုအားနာပါတယ္ "

" ယဥ္ေက်းေနပါၿပီ ၊ ေျပာရရင္ေခါင္းေဆာင္ကအႀကီးပါ ေရွာင္ရန္ လို႔ေခၚဖို႔ေျပာမလို႔ေပမယ့္ ေခါင္းေဆာင္က က်ေနာ့္နာမည္လည္းသိၿပီးသားဆိုေတာ့ ရႈိးတိုးရွန႔္တန႔္ျဖစ္ရတယ္ဗ်ာ "

စုန႔္ေပ ရယ္သည္။ " အဲ့တာဆို.. ေခါင္းေဆာင္လို႔ပဲဆက္ေခၚတာေပါ့ "

ရန္ရိၿပဳံးလ်က္ေျပာလိုက္သည္။ " ကြၽန္ေတာ္တို႔ ဝန္ထမ္းေခါင္းေဆာင္ ေျပာပုံအရေတာ့ ခုန္ခ်တဲ့အမႈျပန္လိုက္မွာဆို? "

" ဟုတ္တယ္ အစကေတာ့ သတ္ေသတဲ့အမႈအေနနဲ႔ပိတ္လိုက္ေတာ့မလို႔ပဲ မၾကာခင္ကမွစီးပြားေရးကိစၥနဲ႔ ပတ္သက္ေနႏိုင္တဲ့အေျခအေနေတြရေတာ့ မင္းကို စုံစမ္းစစ္ေဆးေပးဖို႔ ေမးခ်င္တာ ေနာက္ဆုံးေတာ့ အဲ့အခ်ိန္ကအမႈကို မင္းပဲအနားလည္ဆုံးပဲေလ "

ရန္ရိေခါင္းညိတ္လိုက္သည္။ " နားလည္ပါၿပီ "

ထိုအခ်ိန္က ညည့္နက္သန္းေခါင္ဆိုတာ သူမွတ္မိသည္။ မနက္ေလးနာရီေက်ာ္ အိပ္ေရးနက္ေနခ်ိန္၌ ရဲစခန္းသို႔လူေတြ႐ုတ္တရက္ေရာက္လာခဲ့ၾကသည္။ ကမ္းေျခမွျပန္လာၾကေသာ လူငယ္ေလးအခ်ိဳ႕က တိုက္ရဲ႕ပထမထပ္ၿခံဝင္းထဲက သံဆူးကာၿခံစည္း႐ိုးေပၚတြင္ ထုတ္ခ်င္းေပါက္ေနေသာ လူကိုေတြ႕ခဲ့ၾကတာျဖစ္၏။ ေသြးမ်ားက ဝင္းႀကီးရဲ႕လမ္းကေလးအတိုင္း ေအာက္ဘက္ဂိတ္သို႔စီးသြားခဲ့သည္။

မီးသတ္ကားေရာက္လာသည့္အခ်ိန္မွာပင္ လူ‌ေတြ ေဒါထေနၾကဆဲျဖစ္သည္။ သူတို႔ ၿခံစည္း႐ိုးကိုျဖတ္ခ်လိုက္ၿပီး လူနာတင္ယာဥ္က ထိုသံဆူးႏွင့္အတူ လူကိုေဆး႐ုံသို႔ေခၚသြားခဲ့ေပမယ့္ ေဆး႐ုံမေရာက္ခင္မွာပင္ အသက္‌ဆုံးသြားခဲ့ေလသည္။

သူတို႔အားလုံး သတ္ေသတာလို႔ေတြးခဲ့ၾကတယ္၊ ဒါေပမယ့္သူတို႔မထင္ခဲ့တာက အမႈရဲ႕အေျခအေနက ႏွစ္လအတြင္းေျပာင္းသြားမည္ဟူ၍ပင္။

မီးသတ္ႏွင့္ရဲတပ္ဖြဲ႕၏ ပူးေပါင္းလုပ္ေဆာင္ခ်က္မ်ားက အလြန္နီးစပ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ မႈခင္းေနရာအားပထမဦးဆုံးအေရာက္သြားၾကရသူမ်ားမွာ မီးသတ္တပ္ဖြဲ႕ဝင္မ်ားပင္ျဖစ္ၿပီး လူကယ္ဆယ္ေရးႏွင့္ အခင္းအားျပႆနာျဖစ္ေစမည့္ အထူးသျဖင့္ မီးကဲ့သို႔ေသာ မေရွာင္လႊဲႏိုင္သည့္ကိစၥရပ္မ်ား ေျဖရွင္းေပးရသည္။

စုန႔္ေပ အခင္းျဖစ္ရာမွပုံမ်ားကို ရန္ရိေရွ႕၌ျဖန႔္ျပရင္း ျပန္လည္သတိရေစသည္။

" ငါမင္းရဲ႕တင္ျပခ်က္ကိုၾကည့္ၿပီးၿပီ။ မင္းေတြးၾကည့္ရင္ အဲ့မွာ အေရးႀကီးအခ်က္အလက္ေတြရွိႏိုင္တယ္ "

ရန္ရိ မွတ္ဉာဏ္ေတြနဲ႔ဆက္စပ္ၿပီး ထိုအခ်ိန္ကသူျမင္ခဲ့သမွ်ကို ျပန္ေဖာ္ႏိုင္ဖို႔အေကာင္းဆုံးႀကိဳးစားသည္။

စုန႔္ေပ ကေမးခြန္းမ်ားကို အတည္အတံ့ေမးကာ သူတို႔ႏွစ္ေယာက္ စည္းေဝးခန္းထဲ၌ႏွစ္နာရီထက္ၾကာေအာင္ ထိုင္ၾကရသည္။

႐ုတ္တရက္ စုန႔္ေပကသိခ်င္စိတ္ျဖင့္ေမးလာသည္။

" မင္းအသိတစ္ေယာက္ကို ရွာေနတာလား?"

" ဟမ္? ဘာကိုလဲ? "

စုန႔္ေပကေမးေမာ့ျပသည္။

" မင္း ဘယ္သူျဖတ္သြားျဖတ္သြား ျပတင္းေပါက္ကိုၾကည့္ေနတာ ငါေတြ႕တယ္ "

" အာ...sorry " ရန္ရိ လုံးဝရွက္သြားရ၏။ သူ႔ဆံပင္သူကိုင္လိုက္ရင္း ႐ုတ္ရက္ တံေတြးအနည္းငယ္မ်ိဳခ်လိုက္သည္။ သူကုံးရင့္ရွန္နဲ႔ေတြ႕ရဖို႔ ေတြးမိတာကို ဘာလို႔မ်ားနားမလည္ႏိုင္ စိတ္လႈပ္ရွားေနရတာလဲ? သူ႔အမွားမွမရွိတာ။

စုန႔္ေပ လက္ပတ္နာရီကိုၾကည့္လိုက္သည္။

" အိုး ေန႔လည္ေတာင္ေရာက္ၿပီပဲ မင္းအခ်ိန္အၾကာႀကီးယူမိတာ ေတာင္းပန္ပါတယ္ သြားရေအာင္ ထမင္းလိုက္ေကြၽးမယ္ "

" မဟုတ္တာ ရပါတယ္ ကြၽန္ေတာ့္ဌာနကနီးပါတယ္ ျပန္ၿပီးစားလိုက္မယ္ "

" မ်က္ႏွာပူစရာပဲ သြားရေအာင္ ဒီနားမွာစားေသာက္ဆိုင္ေကာင္းေကာင္းရွိတယ္ မင္းအေဖအေၾကာင္းလည္းၾကားခ်င္လို႔ပါ "

ရန္ရိ ၿပဳံးကာေျပာလိုက္သည္။ " အဲ့တာဆို ကြၽန္ေတာ္လက္ခံပါ့မယ္ "

" လမ္းေလွ်ာက္တာေပါ့ "

သူတို႔ႏွစ္ဦး အစည္းအေဝးခန္းမွထြက္ကာ အလုပ္ေနရာကိုျဖတ္သြားေတာ့ လူေတြအကုန္လုံးအျပင္ထြက္ၾကသည္ကိုေတြ႕ရသည္၊ လူတစ္ေယာက္သာလွ်င္ လူအုပ္ကိုျဖတ္လွ်က္သူတို႔ ဘက္သို႔ေလွ်ာက္လာ၏။

ကုံးရင့္ရွန္!

ရန္ရိ မ်က္ခုံးပင့္လိုက္ကာ ကုံးရင့္ရွန္အားေတြ႕ရသည္။ သူလြန္ခဲ့တဲ့ ႏွစ္ေခါက္က ေတြ႕ခဲ့သလိုပင္  ေသသပ္တဲ့ဝတ္စုံျပည့္ ၊ ရွည္လ်ားတဲ့ေျခေခ်ာင္းမ်ားျဖင့္ေလွ်ာက္လွမ္းကာ သူတို႔ဆီသို႔ေလွ်ာက္လာသည္။ လက္တြင္ ႐ိုး႐ိုးရွင္းရွင္းလက္အိတ္အျဖဴမ်ားစြပ္ထားၿပီး စကၠဴအိတ္ျဖင့္။

ႏွစ္ေယာက္သား မ်က္လုံးခ်င္းဆုံသည္ႏွင့္ ကုံးရင့္ရွန္၏မ်က္လုံးမ်ားထဲ၌ အံ့ဩျခင္းအရိပ္မ်ားျဖတ္ေျပးသြားသည္။

စုန႔္ေပ ကုံးရင့္ရွန္အား ႏႈတ္ဆက္သည့္အေနျဖင့္ ေခါင္းညိတ္ျပလိုက္သည္။

" ေရွာင္ကုံး စားၿပီလား"

ကုံးရင့္ရွန္လည္းပဲ ေခါင္းညိတ္သည္။ " စုန႔္ေသြ႕ေက်ာင္"

သူရန္ရိအား သူစိမ္းတစ္ေယာက္လို႔ၾကည့္သကဲ့သို႔ တစ္ခ်က္ၾကည့္သည္။

" လာပါ မိတ္ဆက္ေပးမယ္ ဒါက ကတိတည္ၿပီးငယ္႐ြယ္တဲ့ ဖီးနစ္မီးသတ္တပ္ဖြဲ႕ကေခါင္းေဆာင္ ရန္ရိ ၊ခုန္ခ်တဲ့အမႈကို ကူၿပီးစုံစမ္းစစ္ေဆးေပးဖို႔လာတာ။ ေခါင္းေဆာင္ရန္ ဒါကမႏွစ္ကမွေရာက္လာတဲ့ ငါတို႔ရဲ႕အေတာ္ဆုံးသင္တန္းသား  MIT မွာ ဓာတုေဗဒ PhD ဘြဲ႕ရထားတဲ့ ကုံးရင့္ရွန္ "

စကားကဒီတင္ဆုံးၿပီ။ သို႔ေပမယ့္ စုန႔္ေပ ထိုႏွစ္ေယာက္လက္ဆြဲႏႈတ္ဆက္တာကို မေတြ႕ေသးေပ။

တကယ္ေတာ့ ႏွစ္ေယာက္သားသာစိုက္ၾကည့္ေနၾက၏။

စုန႔္ေပ သိခ်င္သြားသည္။

" မင္းတို႔သိၾကတာလား? "

" မသိဘူး "

သူတို႔ႏွစ္ေယာက္ တစ္ၿပိဳင္တည္းေျပာလိုက္သည္။ စကားကအလြန္ျမန္ကာ စကားအရမ္းေႏွးသြားပါက သူတို႔ရႈံးမည္ကိုစိုးေနသည့္အလား။

စုန႔္ေပ သူ႔ေမးကိုပြတ္လိုက္သည္။

ရန္ရိကေျပာ၏။ " ေခါင္းေဆာင္စုန႔္ သြားၾကရေအာင္ ကြၽန္ေတာ္တကယ္ဆာေနၿပီ "

" အို႔ သြားရေအာင္ "

ကုံးရင့္ရွန္ အေဝးသို႔ေလွ်ာက္ထြက္သြားေသာအခါ စုန႔္ေပကရယ္လ်က္ေျပာလာသည္။

" ဘယ္လိုလဲ ငါတို႔ဌာနမွာ star လိုရဲဝန္ထမ္းတစ္ေယာက္ရွိမယ္လို႔ မင္းမထင္ဘူးမလား?သူေရာက္လာတဲ့ေန႔ကဆို ငါတို႔ဆီက lesbian ေတြေတာင္႐ူးသြားမတတ္ပဲ "

[T/N : Lesbian - အမ်ိဳးသမီးအားႀကိဳက္ႏွစ္သက္သူအမ်ိဳးသမီး]

" ဟမ္..သူကေခါင္းေဆာင္ဟာလို႔ မထင္ခဲ့မိဘူး?"

"အင္း.. မထင္မွတ္ေလာက္စရာလူငယ္ေလးပဲ ၊ ဒါေပမယ့္ သူ႔ကိုယ္ေရးကိုယ္တာက နည္းနည္း....တစ္သီးတစ္သန႔္ဆန္တယ္ "

"တစ္သီးတစ္သန႔္ဆန္တယ္" လို႔သုံးလိုက္တာက အရမ္းယဥ္ေက်းေနပါၿပီ ဟုရန္ရိ တိတ္တိတ္ေလးေတြးရင္း ေမးလိုက္သည္။

" လူတိုင္းအျပင္ထြက္သြားရတာ သူ႔ကိုဘာလို႔အထဲဝင္ခံတာလဲ?"

" ေန႔လယ္ဆိုေတာ့ အားလုံး cafe မွာသြားစားေသာက္ၾကတာ‌ေပါ့ ၊ သူ..သူက"

စုန႔္ေပ ေခါင္းခါသည္။ " သူကငါတို႔နဲ႔မစားဘူး "

" ဘာလို႔လဲ ?"

" သူကအသန႔္ႀကိဳက္တတ္တဲ့သူ သူသယ္လာတဲ့ဟာပဲစားတယ္ "

" သူသာအရမ္းအဆင္မေျပျဖစ္‌ေနရင္ ရဲသားလုပ္လို႔ျဖစ္ႏိုင္မလား?"

" အရင္းျမစ္အားလုံးနဲ႔ဆိုင္တာေပါ့ "

စုန႔္ေပ သူ႔နားထင္ကိုေထာက္ျပသည္။

" သူကဦးေႏွာက္ေကာင္းတယ္ တိုက္ႏိုင္တယ္ သတၱိရွိတယ္ ၿပီးေတာ့ အရည္‌အေသြးေတြအမ်ားႀကီးရွိတယ္ ငါတို႔ပါရမီအမ်ားႀကီးလိုတယ္ "

ရန္ရိ မေနႏိုင္ပဲ အတင္းေျပာမိသည္။ သူလက္နက္ေတြအမ်ားႀကီးလႉလို႔ေနမွာေပါ့။

" ၿပီးေတာ့ သူ႔မွာအဆင္မေျပျဖစ္ရတဲ့ အေၾကာင္းရင္းရွိေသးတယ္ ၊။ နားလည္ႏိုင္ပါတယ္ "

" အို႔..ဘာအေၾကာင္းရင္းလဲ?"

စုန႔္ေပၿပဳံးသည္။ ‌ဆက္၍မေျပာခ်င္သည္မွာသိသာ၏။ ရန္ရိလည္းထပ္မေမးေတာ့၊ ၿပီးေတာ့လည္းသူနဲ႔မွဘာမွမသက္ဆိုင္တာ ၊ ဆက္ေမးေနရင္လည္း မသကၤာစရာျဖစ္ရဦးမည္။

___________

စားေသာက္ၿပီးသည့္အခါ၊ ရန္ရိ အိမ္ျပန္ရန္အခ်ိန္ယူ၍

သူ႔အေဖႏွင့္ ေန႔လယ္လက္ဖက္ရည္အတူေသာက္ကာ စခန္းသို႔ျပန္လာခဲ့သည္။

သူစခန္းသို႔ေရာက္ႏွင့္ ခ်ီယန္ေပါင္က႐ုံးခန္းသို႔ေခၚ၏။

လူသုံးေယာက္က ႐ုံးခန္းဆိုဖာေပၚတြင္ထိုင္ေနၿပီး ေယာက္်ားႏွစ္ေယာက္ႏွင့္ မိန္းမတစ္ေယာက္ျဖစ္သည္။ သူအခန္းထဲဝင္လိုက္သည္ႏွင့္ ထိုသုံးေယာက္က မတ္တပ္ရပ္လိုက္ၾကသည္။

ေယာက္်ားေလးႏွစ္ေယာက္က ဘာမွမထူးျခားေသာ္လည္း မိန္းကေလးကေတာ့ အရပ္ရွည္၍ ေယာက္်ားကဲ့သို႔ ဆံပင္တို၏။

သူမက ၾကည့္ေကာင္း‌သည္၊ သို႔ေသာ္မိန္းမဆန္ေသာအမူအရာမေတြ႕ရဘဲ သူရဲေကာင္းဆန္မႈမ်ားျပည့္ေနသည္။

ရန္ရိ မေျပာေသးခင္၊ သုံးေယာက္က စစ္တပ္ဟန္ျဖင့္ႏႈတ္ၾကသည္။

" မဂၤလာပါ ေခါင္းေဆာင္ "

[T/N: စစ္တပ္ဟန္နဲ႔ႏႈတ္ဆက္တာက လက္ကိုႏွဖူးေပၚအလ်ားလိုက္ျဖတ္ၿပီး မာန္ပါပါနဲ႔ေလးစားမႈျပတာပါ ]

ရန္ရိလည္းျပန္လည္ ေလးစားမႈျပကာ ခ်ီယန္ေပါင္အား ပေဟဠိဆန္စြာၾကည့္လိုက္သည္။

" oh ဒါကငါတို႔စခန္းအတြက္ငါေ႐ြးထားတဲ့ မီးသတ္အေလာင္းအလ်ာေတြ ၊ဒါေပါ့ မင္းကိုယ္တိုင္ အင္တာ‌ဗ်ဴးလို႔ရပါတယ္ "

ရန္ရိ ထိုသုံးေယာက္ကို ထပ္မံစစ္ေဆးၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

" အိုေက ဒီေန႔ကနည္းနည္းေနာက္က်ေနၿပီ၊ မင္းတို႔အရင္ျပန္လိုက္ပါ၊ ကိုယ္အင္တာဗ်ဴးအခ်ိန္ကိုအသိေပးလိုက္မယ္ "

" ႏႈတ္ဆက္ပါတယ္ ေခါင္းေဆာင္ ၊ ႏႈတ္ဆက္ပါတယ္ နည္းျပ "

လူသုံးေယာက္ျပန္သြားေသာအခါ ရန္ရိ ခ်ီယန္ေပါင္ကိုစိုက္ၾကည့္လိုက္သည္။

" မင္းဘာေတြေတြးေနတာလဲ ? မိန္းကေလးတပ္သား?"

" မိန္းကေလးတပ္သားေတြကဘာျဖစ္လို႔လဲ"

ခ်ီယန္ေပါင္ပုခုံးတြန႔္ျပသည္။

" မိန္းကေလးတပ္သားေတြေ႐ြးခ်ယ္မခံရႏိုင္တဲ့ စာတမ္းသတ္မွတ္ခ်က္မ်ား ဘယ္မွာရွိလို႔လဲ?"

သူတို႔ လတ္တေလာ မီးသတ္ကာကြယ္ေရးေျပာင္းလဲမႈကို ရင္ဆိုင္ေနရသည္။ တပ္ကိုမႏွစ္ကဝင္ေရာက္ခဲ့ေသာ ရဲသားအုပ္စုက ေနာက္ဆုံး တာဝန္ထမ္းေဆာင္ရေသာရဲသားမ်ားျဖစ္သည္။ ႏွစ္အကုန္၌ သူတို႔တစ္ခ်ိန္တည္းထြက္ကာ ကြၽမ္းက်င္သူမ်ားျဖစ္လာ၍ ျပည္သူ႔လုံၿခဳံေရးႏွင့္မီးသတ္ကာကြယ္ေရးဝန္ႀကီးဌာနမွသည္ အေရးေပၚစီမံခန႔္ခြဲမႈဝန္ႀကီးဌာနသို႔ အခ်ိန္ျပည့္ မီးသတ္သမားမ်ားအျဖစ္ေ႐ြးခ်ယ္ခံၾကရမည္။

သူတို႔ပုံမွန္အားျဖင့္ မီးသတ္သမားမ်ားမေ႐ြးခ်ယ္မီ မီးသတ္ထဲ၌တာဝန္ထမ္းေဆာင္သူမ်ားကို ‌အျခားသူမ်ားထက္အေရးေပးသည္။

စခန္းေခါင္းေဆာင္တစ္ေယာက္အေနျဖင့္ သူသည္ အျမင့္ဆုံးေသာ ပုဂၢိဳလ္ေရးအခြင့္အေရးမ်ားရရွိကာ ခ်ီယန္ေပါင္ကေတာ့ အခ်ိန္ျပည့္႐ုံးထိုင္ရကာ ျပည္ထဲေရးကိစၥမ်ားကိုေဆာင္႐ြက္ရၿပီး အေစာပိုင္းေ႐ြးခ်ယ္ေရးအတြက္လည္း တာဝန္ယူသည္။

သူမထင္မိတာက ခ်ီယန္ေပါင္ တကယ္ပဲ အမ်ိဳးသမီးမီးသတ္သမား တစ္ေယာက္ေ႐ြးလိမ့္မယ္ ဟူ၍သာ။

ရန္ရိ မ်က္ႏွာပ်က္သြားသည္။

" ငါတို႔တပ္ဖြဲ႕မွာ တပ္သား ၄၀ ေက်ာ္ရွိတယ္ အဲ့တာအဆင္မေျပေသးဘူးလား? ခ်စ္လွစြာ‌ေသာ တပ္ဖြဲ႕သားေပါင္ေပါင္ "

" အရင္စိတ္ေလွ်ာ့ပါ ခ်စ္လွစြာေသာတပ္ဖြဲ႕သားရန္ရန္ "

ခ်ီယန္ေပါင္ သူ၏အမွတ္သညာျဖစ္ေသာ အၿပဳံးကိုဆင္ျမန္းထားသည္။

" စက္တင္ဘာဆို တပ္က လူအမ်ားစုသင္တန္းဆင္းၾကမွာ ငါတို႔ႏွစ္ဝစ္ဝက္လုံးမွာမွ အခ်ိန္ျပည့္ရာထူး သုံးေယာက္ပဲေ႐ြးခ်ယ္တယ္ ဝန္ထမ္းက လုံေလာက္တယ္ဆိုတာကို ေဝးပါေသးတယ္"

" မင္းမွာဝန္ထမ္းအလုံအေလာက္မရွိရင္လည္း ျပႆနာမရွာနဲ႔ေလ "

" ဘာျပႆနာရွာတာတုန္း ၊ မင္းမွာအမ်ိဳးသမီးတပ္သားအေၾကာင္း အျမင္ရွိလို႔လား?"

" ငါ့မွာအမ်ိဳးသမီးစစ္သားေတြအေပၚ ဘာမွကန႔္ကြက္ခ်က္မရွိပါဘူး ဒါေပမယ့္ ဒီအလုပ္ကသူမအတြက္အဆင္ေျပမယ္လို႔ မင္းထင္လား? သူမစစ္သားျဖစ္တုန္းက အနည္းဆုံးေတာ့ မိန္းကေလးေတြပတ္ဝန္းက်င္မွာရွိေသးတယ္ ဒါမယ့္ သူမသာဒီကိုလာရင္.....ငါသူမအတြက္ေတြးေပးေနတာပါ ဒီလမ္းကဘယ္ေလာက္ေလွ်ာက္ဖို႔ခက္တယ္ ဆိုတာကိုသူမသိပါတယ္ "

" ငါေတာ့သူမအေတာ္ျပတ္ျပတ္သားသား စဥ္းစားၿပီးၿပီလို႔ထင္တယ္ "

ခ်ီယန္ေပါင္ သူ႔မ်က္မွန္ကိုတြန္းတင္လိုက္သည္။

" မင္းသူ႔ကိုအင္တာဗ်ဴးေတာင္မလုပ္ရေသးဘူး သူမကိုတိုက္႐ိုက္ပယ္ခ်တာမေကာင္းပါဘူး ငါ့အျမင္အရေတာ့ သူမကအရည္အခ်င္းျပည့္မွီတဲ့ မီးသတ္သမားတစ္ေယာက္ပါ"

" မီးသတ္သမားေတြက ေရွ႕ဆုံးလမ္းကသြားခ်င္ရတယ္ မိန္းမေတြအတြက္ ေရွ႕ဆုံးလမ္းကမသင့္ေတာ္ဘူး "

" မင္းကခြဲျခားၿပီး အစြဲႀကီးေနတာပဲ "

" ငါ့ကိုဖိအားေပးဖို႔ဒီလိုမေျပာပါနဲ႔ မင္းႏိုင္ငံထဲကအမ်ိဳးသမီးမီးသတ္သမားရွိတဲ့ မီးသတ္တပ္‌ဖြဲ႕ေတြကိုသြားေမးစမ္းပါ ဒါကစြဲလမ္းတာလားဆိုတာ? ဒါကအလုပ္ပုံစံပါ "

" ငါတို႔က သာမန္တပ္ဖြဲ႕မဟုတ္ဘူး ငါတို႔က အထူးဝန္ေဆာင္မႈတပ္ဖြဲ႕ ၊ ငါတို႔မွာအရာအားလုံးကိုလက္ခံႏိုင္တဲ့ စိတ္ရွိရမယ္ အို႔ ဟုတ္တယ္ သူမကမင္းရဲ႕ဂ်ဴနီယာပဲ ၿပီးေတာ့ ရဲတကၠသိုလ္ကေန မီးသတိေပးေမဂ်ာ နဲ႔ဘြဲ႕ရခဲ့တာ "

ယေန႔၌ "အရင္းျမစ္အားလုံးနဲ႔ဆိုင္တယ္" ဟူေသာစကားအသြားအလာကို ဒုတိယအႀကိမ္ေျမာက္ၾကားရျခင္းျဖစ္သည္။ သို႔ေသာ္ ခ်ီယန္ေပါင္ႏႈတ္မွၾကားရသျဖင့္ သူကြဲျပားတဲ့တစ္စုံတစ္ခုကိုႏွာေခါင္းရႈံ႕မိ၏။

(အနံ႔ရ *သတင္းအနံ႔*)

" ယန္ေပါင္ မင္းကငါ့ထက္ျပတ္သားသင့္တယ္ နားေထာင္ မင္းစကားမင္းနားေထာင္ၾကည့္ပါ လူစကားပဲဟာ မင္းငါ့ကိုတစ္ခုခုဖုံးကြယ္ထားတာမ်ားရွိလား?"

ခ်ီယန္ေပါင္ သူ၏မ်က္မွန္ကိုခြၽတ္ကာမွန္သားမ်ားကို ျဖည္းျဖည္းခ်င္းသုတ္၍ တစ္ဖန္ျပန္တပ္လိုက္သည္။

" သင္တန္းေပးခ်ိန္ၿပီးသြားရင္ ဝါဒျဖန႔္ခ်ိေရးဝန္ႀကီးဌာနက အေရးေပၚစီမံခန႔္ခြဲေရးဝန္ႀကီးဌာနရဲ႕ ျပ႐ုပ္အသစ္ သူရဲေကာင္းကို တစ္ႏိုင္ငံလုံးခ်ျပဖို႔ တာဝန္တြဲေတြလုပ္လိမ့္မယ္ ၊ အမ်ိဳးသမီးမီးသတ္သမား ၊ မင္းသိရဲ႕လား ငါတို႔တပ္ဖြဲ႕အေပၚအာ႐ုံစိုက္မႈ ဘယ္ေလာက္ေတာင္ရလိုက္မလဲ"

ရန္ရိ ေခါင္းငုံ႔လိုက္သည္။

" သတင္းကအရမ္းေကာင္းတာပဲ မင္းအေဖေျပာတာလား?"

" ဟုတ္တယ္ "

ခ်ီယန္ေပါင္ကား အထူးတပ္ဖြဲ႕ဝင္စီနီယာတစ္ေယာက္၏သားျဖစ္ၿပီး ေမြးကတည္းကပင္ ရာထူးႀကီးမ်ား၏‌လမ္းစဥ္ကိုလိုက္ဖို႔ ကံပါခဲ့သူျဖစ္ရမည္။ သူတို႔သူငယ္ခ်င္းေတြျဖစ္တာ ႏွစ္မ်ားစြာရွိၿပီေပမယ့္ ကိစၥအမ်ားႀကီးတြင္သူတို႔ မၾကာခဏ သေဘာမတူႏိုင္ၾကဆဲျဖစ္၏။

ခ်ီယန္ေပါင္ စိတ္ရွည္လ်က္ပဲ သူ႔အားေသြးေဆာင္သည္။

" ရန္ရိ ဒီမိန္းကေလးက အႏၲရာယ္မ်ားတဲ့အလုပ္နဲ႔မကိုက္ညီမွာ မင္း စိုးရိမ္မွန္းသိပါတယ္ ဘယ္နည္းနဲ႔ျဖစ္ျဖစ္ ဒီမိန္းကေလးသာ မင္းလက္ေအာက္မွာဆို မင္းသူ႔ကိုအေဆာင္အေနနဲ႔ထားလို႔ရတယ္ တစ္ခ်ိဳ႕အခင္းေတြ သူမကိုမသြားခိုင္းနဲ႔ သူမကမီးသတ္သမားျဖစ္ခ်င္တာ ငါတို႔မွာမီးသတ္သမားရွားတယ္ ငါတို႔တပ္ဖြဲ႕ကိုေတာင္ သူမကေတာက္ပေစႏိုင္ေသးတယ္ ဒါအားလုံးအတြက္ေကာင္းတာပဲမဟုတ္လား?"

ရန္ရိ ခ်ီယန္ေပါင္၏ ေဖ်ာ့ေဖ်ာ့‌အေရာင္ဟပ္ေနေသာ မ်က္မွန္႐ြက္မ်ားကို တိုက္႐ိုက္ၾကည့္လိုက္သည္။

သို႔ေသာ္ သူ႔မ်က္လုံးကိုမေတြ႕ရ။

" ငါလက္မခံရင္ေရာ"

ခ်ီယန္ေပါင္ ေပါ့ေပါ့ပါးပါးၿပဳံးလိုက္သည္။

" နည္းျပအေနနဲ႔ ငါ့မွာအၿမဲတမ္း မဲတစ္ခုရွိတယ္ "

သူတို႔ႏွစ္ေယာက္က ညီမွ်ေနေသာ္လည္း အေျခခံမူအရ ခ်ီယန္ေပါင္၏ စကားကသူ႔ထက္ပိုအားမ်ားသည္၊ အနည္းဆုံးအထက္မွာရွိ၏။

သို႔ေသာ္လည္း ခ်ီယန္ေပါင္ သူ႔ကိုဒါနဲ႔မလႊမ္းမိုးေပ။

" ေကာင္းၿပီ အခုမင္းဆုံးျဖတ္ထားၿပီးၿပီပဲ "

ရန္ရိ အသံထားကအရမ္း‌အဆင္ေျပမေန။

" ရႈန္းတိ* မင္းအရမ္းမေပ်ာ္ဘူးဆိုတာသိပါတယ္ ဒါေပမယ့္ငါဒါကို ငါတို႔ေကာင္းဖို႔အတြက္လုပ္တာပါ "

[ T/N : 兄弟 - Xiōng Dì *brother* - ညီလို႔ေရးလိုက္ရင္ ဖိုးသိုးဖက္သက္ေတြျဖစ္ကုန္မွာစိုးလို႔ သူတို႔ႏွစ္ေယာက္ကလည္း တစ္ခုခုပဲ : 3 ]

ခ်ီယန္ေပါင္ေျပာသည္။

" ငါလူသိမ်ားခ်င္တယ္ဆိုတာ မျငင္းပါဘူး ဘယ္သူကလူသိမမ်ားခ်င္ပါ့မလဲ? မင္းျပည္ထဲေရးေတြမွာမပါဝင္ခ်င္ဘူး ငါ့မွာငါတို႔အက်ိဳးလုပ္ဖို႔တာဝန္ရွိတယ္ ငါတို႔ပိုၿပီးျမင့္သထက္ျမင့္ေအာင္ သြားႏိုင္မယ္လို႔ေမွ်ာ္လင့္တယ္ တပ္ဖြဲ႕ေကာင္းရင္ငါတို႔လည္းေကာင္းတာပဲမလား? eh? "

ရန္ရိ သက္ျပင္းရွည္ႀကီးခ်လိုက္သည္။

" မင္းေျပာတာနားေထာင္ရင္ ဘယ္နည္းနဲ႔ျဖစ္ျဖစ္ ေနာက္‌ဆုံး မင္းမွန္တယ္ဆိုတာ လက္ခံရတာပဲ "

ခ်ီရန္ေပါင္ သူ႔ေခါင္းကိုပုတ္ကာ အၿပဳံးျဖင့္ေျပာသည္။

" တကယ္ေကာင္းပါတယ္ "

ရန္ရိ လက္သည္းထုတ္ကာ ဆူဟန္ဆဲဆဲ၌ပင္ သတိေပးခ်က္က ထျမည္ေလ၏။

[T/N : ေၾကာင္ေလးေတြက အၿမဲလက္သည္းဝွက္ထားတတ္တယ္ေလ ကုတ္ေတာ့မယ့္အခ်ိန္မွ လက္သည္းထုတ္တာ အဲ့လိုသေဘာပဲ ]

သူ ေအာက္ထပ္သို႔ေျပးဆင္းသြားလိုက္သည္။

" ဘယ္အေျခအေနလဲ?"

" .....ေသာ့ဖ်က္တာ "

တပ္သားအားလုံး စုအုံလာၾကသံဆူညံေန၏။

ရန္ရိ အနည္းငယ္ေဒါသထြက္ကာ သူေဝ့ဝဲၾကည့္လိုက္သည္။

" ရဲမိန႔္တင္ျပ "

အေၾကာင္းၾကားစာကို သူ႔လက္ထဲထည့္လာသည္။ သူ႔ဖုန္းကို ထုတ္ကာ ရဲစာ႐ြက္မွာပါတဲ့အတိုင္းဖုန္းေခၚလိုက္သည္။

" ဟယ္လို မီးသတ္ကပါ "

တစ္ဖက္မွ အသက္ႀကီးႀကီးမိန္းမတစ္ေယာက္ရဲ႕ စိုးထိတ္တဲ့အသံထြက္လာသည္။

" မီးသတ္သမားေရ ဘယ္ေတာ့လာမွာလဲ? ကြၽန္မေျမးေလးမၾကာခင္ေက်ာင္းကျပန္လာေတာ့မွာ သူ႔အတြက္ညစာခ်က္ေပးရဦးမယ္! "

" အန္တီ ကြၽန္ေတာ္တို႔က ဒီလိုေသာ့ဖ်က္တဲ့အလုပ္မ်ိဳးကို လုံးဝမကြၽမ္းက်င္ပါဘူး ေသာ့ဖ်က္တဲ့ကုမၸဏီကို ရွာဖို႔အႀကံေပးပါရေစ "

" ဘာလို႔ ေသာ့ဖ်က္တဲ့ ကုမၸဏီကိုရွာရမွာလဲ? မင္းတို႔မဖြင့္ႏိုင္ဘူးလား?"

အန္တီႀကီးကငို၏။ " ေသာ့ဖ်က္တဲ့ကုမၸဏီအတြက္ ပိုက္ဆံမရွိဘူး!"

" အန္တီ ဒါကျပႆနာပါ " ရန္ရိအလြန္စိတ္ရွည္စြာေျပာသည္။

" ကြၽန္ေတာ္တို႔မွာ ေသာ့ဖ်က္တဲ့နည္းသုံးနည္းရွိပါတယ္ ေသာ့ဖ်က္တာ၊ တံခါးဖြင့္တာ ၊ နံရံၿဖိဳတာ တစ္ခုစီအလိုက္ ထိခိုက္မႈတိုးသြားပါတယ္ အေျခအေနေပၚမူတည္ၿပီး အဓိကက်တဲ့ ‌နည္းလမ္းကိုေ႐ြးရပါတယ္ ဒါေပမယ့္ ကြၽန္ေတာ္တို႔‌ေသးၿပီး ရႈပ္ေထြးတဲ့ေသာ့ေတြကိုေတာ့ မဖြင့္ႏိုင္ပါဘူး အမ်ားအားျဖင့္ တံခါးကိုပဲဖ်က္လိုက္တာမ်ားပါတယ္ ကြၽန္ေနာ္တို႔အားတယ္ ဒါေပမယ့္ ေသာ့ကိုေျပာင္းဖို႔ကအကုန္အက်မ်ားမွာပါ "

" .....မင္းလိမ္ေနတာမဟုတ္ဘူးမလား"

" ကြၽန္ေတာ္မလိမ္ပါဘူး တကယ္လို႔ဘယ္လိုဆက္သြယ္ရမလဲမသိရင္ ကြၽန္ေတာ္ ေသာ့ဖ်က္တဲ့ကုမၸဏီကို မိတ္ဆက္ေပးလို႔ရပါတယ္ "

" မင္းမိတ္ဆက္ေပးမွာလား?"

အန္တီရဲ႕ စကားအဆုံးကျမင့္ၿပီး သံသယမ်ားျပည့္ေနသည္။

ရန္ရိ အသက္ျပင္းျပင္းရႉရႈိက္လိုက္သည္။

" အန္တီ ေသာ့ဖြင့္ဖို႔က ယြမ္ ၁၀၀ က်ပါတယ္ ၿပီးေတာ့ ကြၽန္ေတာ္ပိုက္ဆံယူမွာမဟုတ္ပါဘူး "

" အိုေက လုပ္တာေပါ့ "

" ေက်းဇူးျပဳၿပီးသတိေပးခ်က္ဖ်က္သိမ္းဖို႔ 119 ကိုေခၚေပးပါ"

တစ္ဖက္မွဖုန္းခ်သြားသည္။

ရန္ရိ ရဲစာရင္းကိုေဘာလုံးလုံးလိုက္ကာ ဂ်ဴတီက်ေနေသာ တပ္သားထံပစ္ေပါက္လိုက္သည္။

" ေနာက္က်ရင္ ေသာ့ဖ်က္ဖို႔လိုတဲ့သူေတြရွိလာလိမ့္မယ္ အိမ္မွာအေရးေပၚကိစၥမရွိရင္ ဒီလိုပဲရွင္းလိုက္ "

" ဟုတ္ကဲ့ "

ရန္ရိ ကိုက္ခဲေနေသာနားထင္ကိုဖိကာ ‌ေဒါသကိုေျဖေလွ်ာ့လိုက္သည္။ ဒီကာလမွာအျဖစ္အပ်က္အရမ္းမ်ားလို႔ျဖစ္မည္၊ သူစိတ္အရမ္းတိုလာၿပီး မက်န္းမမာလည္းျဖစ္သည္။

သူအေဖအနားေနဖို႔၊ သူငယ္ခ်င္းေတြနဲ႔ေတြ႕ဖို႔ ဒါမွမဟုတ္ တစ္ေယာက္နဲ႔သြားေတြ႕ဖို႔ နားရက္တိုေလးယူရန္ ဆုံးျဖတ္လိုက္သည္။

-------------------------------------------------

Translator's Notes

1. သံဆူးကာၿခံစည္း႐ိုး

2. စစ္တပ္ဟန္ႏႈန္ဆက္ပုံ