webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 59

Sun, Aug 22, 2021

{ Unicode }

" ပေါင်ရှန့်ဓာတုစက်မှုဇုန်‌ ပေါက်ကွဲမှုနဲ့ ကုံးမိသားစုမီးလောင်မှုအတွက် အချက်အလက်အကုန်လုံးကို အဖေအဲ့နှစ်က တာဝန်ကျအစီရင်ခံစာထဲမှာ ချရေးခဲ့တယ်၊ အဖေ့လက်ရှိမှတ်ဉာဏ်က အဲ့နှစ်ကအစီရင်ခံစာထက် ပိုပြီးအ‌သေးစိတ်မကျနိုင်ဘူး "

ရန်ရှန့်ရုန် ရန်ရိကို အရင်ဆုံးအကြိုကာကွယ်ပြီး ပြောလာသည်။

" အဖေ ဘယ်လောက်ကူညီနိုင်မလဲ မသိဘူး "

" ကျွန်တော်အစီရင်ခံစာဖတ်ရမှာ နားလည်ပါတယ်၊ ပြီးတော့ ကျွန်တော် အစီရင်ခံစာထဲမပါတဲ့ အကြောင်းအရာတစ်ချို့မေးမယ်၊ ဥပမာ ဒီပေါက်ကွဲမှုက လုပ်ကြံတာဖြစ်နိုင်လား? "

ရန်ရိ မေးလိုက်သည်။

ရန်ရှန့်ရုန်က ခေါင်းခါပြီး

" ပေါက်ကွဲမှူအကြောင်းရင်းက ဓာတုဒြပ်ပေါင်းပေါက်ကွဲတာ၊ အခြားဓာတုပစ္စည်းတွေကိုမီးကူးပြီး ကွင်းဆက်ပေါက်ကွဲမှုဖြစ်သွားတာပဲ၊ ပိုက်သားပေါ်မှာ မိုးကြိုးလျှပ်စီးဖြစ်လာပြီး၊ မိုးကြိုးလျှပ်စီးကြောင့်ဖြစ်လာတဲ့ လျှပ်စစ်မီးပွားတွေက ဓာတုပစ္စည်းရဲ့မတည်ငြိမ်တဲ့ဓာတ်ငွေ့ကို မီးတောက်စေတယ်၊ ဒါပေမယ့် ဒါကအခင်းဖြစ်ပွားပြီးနောက်ပိုင်း ကြွင်းကျန်သက်သေအမျိုးမျိုးကနေ အခြေခံပြီးသုံးသပ်ထားတာပဲ၊ တကယ်တော့ အဲ့အချိန်ကအလုပ်ခွင်တစ်ခုလုံး ပေါက်ကွဲထွက်သွားတာ၊ အလုပ်သမား ၁၂ ယောက်နဲ့ နည်းပညာရှင်တွေနေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်၊ မပေါက်ကွဲခင် ဘာဖြစ်ခဲ့လဲဆိုတာတော့....."

ရန်ရှန့်ရှန် သူ့ခေါင်းထိပ်ကိုညွှန်ပြပြီး

" ဘုရားပဲ သိလိမ့်မယ် "

[ T/n : ဒီနေရာမှာ မိုးကြိုးလျှပ်စီးဆိုတာက လျှပ်စစ်အဖိုနဲ့အမ ပေါင်းစုံပြီးဖြစ်လာတဲ့ လျှပ်စီးကြောင်းကိုခေါ်တာပါ၊ မိုးကြိုးပစ်တယ်လို့သုံးတယ် ]

" ဒီသုံးသပ်ချက်က ပိုပြီးကျိုးကြောင်း သင့်‌လျော်တာပဲ "

ရန်ရိ ပြောလိုက်သည်။

" အဲ့ဒီ့ခေတ်ကာလမှာ အသက်ကယ်နည်းလမ်းတွေနဲ့ နားလည်သဘောပေါက်မှုက အတော်ခေတ်နောက်ကျတယ်၊ သူတို့မှာ ခေတ်မီကာကွယ်ရေးနဲ့ စောင့်ကြည့်ရေးနည်းပညာတွေလည်း မရှိဘူး "

ရန်ရှန့်ရုန်က သက်ပြင်းချပြီး

" ဒီအသက်ကယ်နည်းလမ်းတွေ၊ စကားလုံးတိုင်းရဲ့နောက်ကွယ်မှာ သွေးချွေးနဲ့ရင်းပြီး ရေးထားရတာပဲ "

သူခဏတွေးလိုက်သည်။

" ပေါက်ကွဲမှုဖြစ်ပွားရတဲ့အ‌ကြောင်းရင်း စုံစမ်းမှုရလဒ်မှာ ပြဿနာတစ်ခုရှိနေတာ ဖြစ်နိုင်လား? "

" မဟုတ်ဘူး၊ လောလောဆယ် အဲ့ကိစ္စကတမင်လုပ်ကြံထားတာလို့ သံသယဝင်ရအောင် ဘာသက်သေမှမရှိဘူး "

ရန်ရှန်ရုန် စိတ်အေးသက်ပြင်း ချလိုက်သည်။

" အဖေတော့ အဲ့တာဖြစ်နိုင်မယ်မထင်ဘူး၊ ဒါပေမယ့် တမင်တကာမဟုတ်ရင်တောင် ထုတ်ကုန်မတော်တဆမှုအတွက် တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာပဲ "

ရန်ရိမျက်နှာထက် စိတ်လေးလံမှုအနည်းငယ် ပေါ်လာသည်။

ထုတ်ကုန်မတော်တဆမှုမှာ ဓာတုပစ္စည်းမထုတ်လုပ်ခင်မှစ၍ မတော်တဆမှုဖြစ်ပြီးသည်အထိ၊ လူတိုင်းထိကိုင်ခဲ့တဲ့ ပစ္စည်းတွေအားလုံး ဒါမှမဟုတ် အဲ့ဒီ့အချိန်အတွင်း ဖြစ်ပွားခဲ့တဲ့အရာအားလုံးက ညင်ညင်သာသာလေး လိပ်ပြာတောင်ပံခတ်သလိုပင်။ တဖြည်းဖြည်းချင်း ကမ္ဘာကြီးကို ကြီးမားသောမုန်တိုင်းကြောင့် မင်သက်စေခဲ့သည်။

ပေါင်ရှန့်ဓာတုစက်မှုဇုန်ပေါက်ကွဲမှုကို ဥပမာယူကြည့်ရင် ထုတ်လုပ်မှုပတ်ဝန်းကျင်နဲ့ ဓာတုကုန်ကြမ်းပစ္စည်းတွေ သန့်စင်ရေးကဘာများလဲ? သိုလှောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးအခြေအနေတွေ အရည်အသွေးပြည့်မီလား၊ မပြည့်မီဘူးလား? ထုတ်ပိုးမှုနဲ့ အသုံးပြုထားတဲ့နည်းလမ်းတွေ ဆီလျော်လား၊မဆီလျော်ဘူးလား? လေ့ကျင့်ရေးနဲ့ စက်မောင်းသမားတွေကွပ်ကဲမှုကရော နေရာကျလား၊ မကျဘူးလား? မတော်တဆမှုဖြစ်စဉ်နဲ့ အဖွဲ့အစည်းကယ်ဆယ်ရေး လုပ်ဆောင်နိုင်စွမ်းကရော နေရာကျရဲ့လား၊ မကျတာလား? အသေးစိတ်အချက်အလက်တိုင်းက ထုတ်ကုန်ဘေးကင်းဖို့အတွက် အရေးပါသည်။ ထို့ကြောင့် ယခုကဲ့သို့သက်သေရှာတွေ့ဖို့ခက်ပြီး၊ ဖြစ်ပွားရတဲ့အကြောင်းရင်း စုံစမ်းဖော်ထုတ်ဖို့ ခဲယဉ်း တဲ့အမှုတွေမှာ သဘာဝအတိုင်း မန်နေဂျာနဲ့ထုတ်လုပ်သူသာလျှင် အကြီးမားဆုံးတာဝန်ယူရသည်။

ဒီမတော်တဆမှုမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဓာတုပစ္စည်းကိုအဏုမြူဓာတ်ပေါင်းဖိုဆီ ပို့ဆောင်ပေးတဲ့ ပလက်စတစ်ပိုက်သားက အဆင့်မမီဘူး၊ ပြီးတော့ သိုလှောင်စည်ရဲ့အောက်ခံဝိုင်ယာက ဆွေးနေတယ်လို့ ယုံကြည်ကြသည်။ ဒီနှစ်ခုက ကြီးမားတဲ့တွန်းကန်အားဖြစ်ပြီး ပေါက်ကွဲမှုရဲ့အဓိကအကြောင်းရင်း မိုးကြိုးလျှပ်စီးအဖြစ် စုစည်းသွားသည်။ ဒုတိယအနေနဲ့ကတော့ သိုလှောင်ရုံထဲကအခြား‌ဓာတုပစ္စည်းတွေရဲ့ ထားသိုရာအကွာအဝေး၊ ပစ္စည်းပမာဏ၊ အပူချိန်ထိန်းချုပ်မှုနှင့် လေဝင်လေထွက်ပေါက်များက အရည်ချင်းမပြည့်မီဘူးဆို၍။ ပထမပေါက်ကွဲမှုအပြီး စက်မှုဇုန်က မီးကိုအချိန်ကိုက်ထိန်းချုပ်ဖို့ မအောင်မြင်ခဲ့ဘဲ ထိုအရာနှစ်ခုက ဒုတိယပေါက်ကွဲမှုကို ဖြစ်ပေါ်စေပြီး မတော်တဆမှုထိခိုက်နှုန်းကို ပို၍ကြီးမားလာစေလျက်၊ အဆုံးမှာ လူပေါင်း ၁၃၇ ယောက်သေဆုံး၍  ၂၆၉ ‌ဦးထိခိုက်ဒဏ်ရာရရှိကာ ၇၂၀ မီလီယမ်ယွမ်အထိ စီးပွားရေးဆုံးရှုံးမှုကြီးဖြစ်ပွားခဲ့သော စံနှုန်းမြင့်ထုတ်လုပ်ရေးမတော်တဆမှုကြီးက နိုင်ငံတစ်ဝန်းလှုပ်ခတ်မှုကြီးဖြစ်စေခဲ့သည်။ ထပ်ပေါင်းပြောရရင် ဓာတုယိုစိမ့်မှုကြောင့်ဖြစ်ခဲ့သော ဆင့်ပွားကပ်ဘေးဆုံးရှုံးမှုများက ပို၍ပင်မှန်းဆရန်ခက်ပါ၏။

ထိုအချိန်က ပေါင်ရှန့်ဓာတုစက်မှုဇုန်ရဲ့ ဝယ်လက်များ၊ အင်ဂျင်နီယာများ၊ အလုပ်ရုံဒါရိုက်တာများ၊ လုံခြုံရေးခေါင်းဆောင်များနှင့် စက်ရုံဒါရိုက်တာများအားလုံး ဖမ်းဆီးခံရပြီး ပေါင်ရှန့်အုပ်စုရဲ့ ကြီးကြပ်ကွပ်ကဲရေးမှူးသည်လည်း မလွှဲသာမရှောင်သာ စုံစမ်းစစ်ဆေးခြင်းခံရသည်။

အဆုံးမှာတော့ အရည်အသွေးနိမ့်ပစ္စည်းများဝယ်ယူခြင်း၊ အိုဆွေးသောကိရိယာတန်ဆာများသုံးစွဲခြင်း၊ စီမံခန့်ခွဲမှုပျက်ကွက်ခြင်းစသည့် အဓိကတာဝန်ယူမှုအားလုံး "ပြစ်ဒဏ်ကြောက်၍ သတ်သေသွားသော" အုပ်စုဥက္ကဌ ကုံးမင်ယွီထံသို့သာ ပုံကျလာခဲ့သည်။

ပိုင်ဆိုင်မှုတန်ဖိုး ပြန်လည်ခွဲခြမ်းပြီး ပေါင်ရှန့်အုပ်စုက ၎င်းနာမည်နှင့် မျိုးရိုးကိုပြောင်းကာ  နှစ်အတော်ကြာပြန်လည်ထူထောင်ပြီးနောက် ဓာတုစက်မှုဇုန်နယ်‌ပယ်မှာ သူ့နေရာသူပြန်ရလာသည်။

အရင်ကဖြစ်ခဲ့တာတွေကို ပြန်မြင်ယောင်ကြည့်တော့ ရန်ရှန့်ရုန် အလွန်ဝမ်းနည်းနေမိဆဲသာ။ အန္တရာယ်‌ဘေးနဲ့ ကယ်ဆယ်ရေးမှာ ရဲဘော်တွေဆုံးရှုံးခဲ့ရတာ ပြောပြတဲ့အချိန် မတတ်နိုင်ဘဲဒေါသကြောင့် မျက်နှာနီမြန်းလာသည်။

ရန်ရိ အပြစ်မကင်းသလိုခံစားရပြီး သူ့အဖေကို ရက်စက်တဲ့အတိတ်ကဖြစ်ရပ်တွေ ပြန်စဉ်းစားခိုင်းရတာ ဝတ္တရားမကျေသလိုခံစားရသည်။ သူပြောလိုက်၏။

" အဖေ ကျွန်တော် ပေါင်ရှန့်ဓာတုစက်မှုဇုန်အကြောင်း နားလည်သလောက်ရှိပြီ၊ ကျန်တာတွေတော့ ကျွန်တော့်ဘာသာ အချက်အလက်ရှာလိုက်မယ်၊ ကျွန်တော့်ကို ကုံးမိသားစုမီးလောင်မှုအကြောင်း ပြောလို့ရပြီ "

ရန်ရှန့်ရုန် သူ့မျက်ကွင်းတွေကို ပွတ်သုတ်လိုက်ပြီး

" အင်း အရမ်းစိတ်သောကရောက်ရတယ်၊ အရမ်းဝမ်းနည်းစရာကောင်းတယ်  "

ရန်ရိ ကုံးရင့်ရှန်တွေ့ကြုံခဲ့ရတာအားလုံးကို ပြန်တွေးကြည့်တော့ နှလုံးသားနာကျင်မှုကို ဖိနှိပ်ဖို့ခဲယဉ်းသည်။ ကုံးရင့်ရှန် တွေ့ကြုံခံစားခဲ့ရတဲ့ငရဲကို ဘယ်ဘာသာစကား၊ ဘယ်ရုပ်ပုံကမှ အဓိပ္ပါယ်မဖော်နိုင်ဘူး။ ဘယ်လောက်ပဲ သနားကြင်နာပြီး စာနာစိတ်ရှိတဲ့သူဖြစ်ပါစေ ဘယ်သူမှ ကုံးရင့်ရှန်ရဲ့နာကျင်မှုကို မခံစားနိုင်ဘူး။ ဒါကသူ့ကို အားအင်မဲ့ဒေါသဖြစ်စေသည်။

ရန်ရှန့်ရုန်က ဖြည်းဖြည်းချင်းပြောလာသည်။

" နှစ်အရမ်းကြာပြီဆိုတော့ အဖေအကြောင်းအရာများများစားစား မမှတ်မိနိုင်ဘူး၊ စိတ်ထဲ အစွဲကျန်ဆုံးအရာက မီးအခင်းနေရာကိုဝင်တော့ သူတို့မိသားစုလေးယောက်လုံး ရေချိုးခန်းထဲက ပြတင်းပေါက်ဘောင်အောက်မှာ အချင်းချင်းဖက်ရင်း ကျုံ့ဝပ်နေကြတာပဲ "

ရန်ရိလက်များ အနည်းငယ်တုန်ယင်သွားသည်။

" မိဘတွေက....သူ့တို့ခန္ဓာကိုယ်ကိုသုံးပြီး ကလေးတွေမီးမလောင်အောင် ကာပေးထားတယ်၊ အစ်မကြီးက ‌မောင်လေးကို သူ့နောက်မှာကွယ်ပေးထားတယ်၊ မိသားစု‌သုံးယောက်လုံး မမှတ်မိနိုင်အောင် မီးလောင်ခဲ့ကြတာ၊ ကောင်ငယ်လေးတစ်ယောက်ပဲ မပွန်းမပဲ့လုနီးပါးကျန်တယ် "

ရန်ရှန့်ရုန်အသံက ဆိုနင့်နေပြီဖြစ်ကာ

" ကောင်မလေး အဲ့တုန်းကအသက်ရှင်သေးတယ်၊ ပြီးတော့ကြားတာက ရက်နည်းနည်းလောက် ဆေးရုံတက်လိုက်ရပေမယ့် ဘာမှထူးမလာဘူးတဲ့...."

ရန်ရိခေါင်းငုံ့လိုက်ပြီး အသက်ရှူရတာ အလွန့်အလွန်ခဲယဉ်းလာသည်။

" အဖေကောင်လေးကို ကယ်ထုတ်ခဲ့တုန်းက သူကြောက်လန့်နေပြီး မငိုခဲ့ဘူး၊ သူမငိုခဲ့ဘူး..."

ရန်ရှန့်ရုန် မျက်နှာလွှဲသွားသည်။

ရန်ရိအသက်ဝဝရှူလိုက်ပြီး တတ်နိုင်သလောက် ညင်သာသောအသံဖြင့် ပြောလိုက်သည်။

" အဖေ၊ အဖေ့တစ်ဘဝလုံးစာ အတွေ့အကြုံတွေနဲ့ မီးသတ်တဲ့နေရာမှာ အလိုအလျောက်ခံစားမိတဲ့ စိတ်ပေါ်အခြေခံပြီး မီးရှို့တဲ့သူက အဲ့ဒီ့အိမ်ရှင်ယောက်ျားလို့ထင်လား? "

ရန်ရှန့်ရုန် တစ်ခဏတာ တိတ်ဆိတ်သွားပြီး

" စုံစမ်းစစ်ဆေးရေးရလဒ်တွေ ထွက်မလာခင်အထိ အဲ့ကိစ္စကိုသတ်သေမှုလို့ လုံးဝမတွေးခဲ့ဘူး၊ သူတို့က အသက်ရှင်ချင်စိတ်ပြင်းထန်တာကို ဖော်ပြနေတယ်၊ ထွက်လမ်းတစ်လျှောက်လုံး မီးတွေနဲ့ကာနေပြီး မိသားစုတွေ ရေချိုးခန်းထဲမှာပုန်းခဲ့ကြတာ၊ ဒါပေမယ့် ရေချိုးခန်းပြတင်းပေါက်မှာ ထွက်ပေါက်ပိတ်သံတိုင်တွေ ရှိနေတယ်၊ ပြီးတော့ သူတို့ဖျက်မဖွင့်နိုင်ခဲ့ဘူး "

" သေကြောင်းကြံတာနဲ့လည်း မတူပါဘူး "

ရန်ရိထပ်ပြောလိုက်သည်။

" မတူဘူး "

ရန်ရှန့်ရုန် ပြောလာသည်။

" ဒါပေမယ့် သေကြောင်းကြံပြီးမှ နောင်တပြန်ရတာမျိုးလည်းရှိတာပဲ၊ ‌ဒါ့အပြင် အဲ့ခေတ်တုန်းက မီးစုံစမ်းရေးဆိုတာ လုံးဝရဲတွေအလုပ်ပဲ၊ အဖေတို့အလုပ်က မီးသတ်ကယ်ဆယ်ပြီး အစီရင်ခံစာတင်ပြီးတာနဲ့ ပြီးသွားရော၊ အဖေ ‌နောက်ဆက်တွဲစုံစမ်းရေးရလဒ်တွေအကြောင်း လေ့လာခဲ့တာမှန်တယ်၊ မယုံကြည်နိုင်စရာကောင်းမှန်း သိပေမယ့်လည်း အဲ့အကြောင်းအရမ်းမတွေးခဲ့ဘူး၊ တကယ်တမ်းကျတော့ ကုံးမင်ယွီက ဒီလိုအပြောင်းလဲကြီးကို ကျော်ဖြတ်ခဲ့ရပြီး သေကြောင်းကြံစည်နိုင်တဲ့ အကြောင်းရင်းရှိခဲ့တာပဲ "

" ပိုပြီးအချက်ကျကျ မှတ်မိနိုင်သေးလား? "

" အဲ့တုန်းက အဖေအရေးကြီးတယ်လို့ ထင်တာတွေကို အမှုအစီရင်ခံစာထဲ ချရေးခဲ့တယ် "

ရန်ရှန့်ရုန် စဉ်းစားလိုက်ပြီး

" ပြန်သတိရအောင်ဆိုပြီး မနေ့ကတောင် အစီရင်ခံစာမူကြမ်း ပြန်ဖတ်ခဲ့သေးတယ်၊   မီးလောင်မှုက ရှို့မီးဖြစ်နိုင်တယ်၊ လွတ်လမ်းက တမင်တကာအပိတ်ခံထားရပေမယ့် တံခါး‌တွေ၊ ပြတင်းပေါက်တွေကတော့ အကောင်းပကတိရှိတယ်၊ ပြီးတော့ အားသုံးဖွင့်ထားတဲ့ ထွက်ပေါက်မျိုးမရှိဘူး "

" အဲ့တော့ ကုံးရင့်ရှန်ပြောတဲ့ မျက်နှာဖုံးနဲ့လူကရော? အဲ့တုန်းက အခြားလူတစ်ယောက်ယောက်ရဲ့ ခြေရာလက်ရာမျိုးရှိလား? "

ရန်ရှန့်ရုန်က မျက်မှောင်ကြုတ်ပြီး

" အနည်းဆုံးတော့ အဖေတို့ဝင်သွားတုန်းက မရှိဘူး၊ ဒီလောက်မီးလောင်နေတဲ့

အိမ်မှာ ဘယ်သက်ရှိလူမှမနေနိုင်ဘူး၊ ဆိုတော့ သူအရင်ကတည်းက ထွက်သွားတာဖြစ်ရမယ် "

" အခြားလက္ခဏာတွေ ရှိသေးလား? "

ရန်ရိ ပြောလိုက်သည်။

" အဖေ၊ အဖေသေချာပြန်စဉ်းစားကြည့်ပါဦး၊ အရေးကြီးတဲ့အချက်များ ရှိသေးလာလို့ "

ရန်ရှန့်ရုန် အချိန်အကြာကြီးစဉ်းစားလိုက်သည်။

" ယေဘုယျအားဖြင့် ‌သတ်သေချင်တဲ့သူတွေ၊ အထူးသဖြင့် တစ်မိသားစုလုံးကို သေကြောင်းကြံချင်တဲ့သူတွေက ညင်သာပြီး နာကျင်မှူမရှိတဲ့နည်းလမ်းမျိုးတွေ မီး‌သွေးမီးရှို့တာမျိုး၊ ဆေးသောက်တာမျိုးကို ‌ရွေးချယ်လိမ့်မယ်၊ ကုံးမင်ယွီငယ်ငယ်ကတည်းက ချမ်းသာတဲ့သခင်လေးဖြစ်ခဲ့တာ၊ ဒီလောက်ကြေကွဲစရာကောင်းတဲ့ နည်းလမ်းမျိုးကိုရွေးပြီး မိန်းမနဲ့ သားသမီးတွေကိုပါ တစ်ပါတည်းခေါ်သွင်းနိုင်မယ့်သူလို့ မထင်ဘူး၊ မတော်တဆမှုဖြစ်တော့ သူတို့မိသားစု ညအိပ်ဝတ်စုံတွေဝတ်ထားကြတာ၊ အိပ်ရင်းနဲ့ နိုးလာတဲ့အတိုင်းပဲ၊ သေကြောင်းကြံတဲ့ပုံစံနဲ့ မကိုက်ဘူး၊ လူတွေရဲ့ ထူးခြားတဲ့လက္ခဏာတွေ- အထူးသဖြင့် ကုံးမင်ယွီလိုနိုင်ငံခြားမှာနေခဲ့ပြီး အဲ့ခေတ်အခါက ဝတ်စားဆင်ယင်မှုကို အများကြီးအာရုံစိုက်တတ်တဲ့သူမျိုးက အသက်ရှင်နေစဉ်မှာ ဂုဏ်သိက္ခာကြီးခဲ့တယ်၊ ဒါပေမယ့် သေဆုံးတဲ့အခါကျတော့ရော ဘာလိုလုပ် ဂုဏ်သိက္ခာမထားတာဖြစ်နိုင်မလဲ? "

" အဖေမှန်တယ်၊ သာမန်လူတွေတောင် သေကြောင်းကြံတဲ့အခါ ဂုဏ်သိက္ခာရှိရှိဖြစ်ချင်ကြတယ် "

" အဖေတို့ တာဝန်အတူသွားခဲ့တဲ့ဘယ်သူမှ သေကြောင်းကြံတယ်လို့ မထင်ဘူး၊ အခင်းနေရာက သိသိသာသာကြီးကို လုပ်ကြံမှုပဲ၊ ဒါပေမယ့် စုံစမ်းရေးရလဒ်တွေထွက်လာတော့ ကုံးမင်ယွီက စက်မှုဇုန်ပေါက်ကွဲမှုကနေ အများကြီးဆုံးရှုံးနစ်နာခဲ့ပြီး စိတ်အခြေအနေပုံမှန်မဟုတ်ဘူးတဲ့၊ အဲ့တော့ အားလုံးရှင်းပြီးသားလိုဖြစ်ပြီး ကိစ္စပြတ်သွားတာပဲ "

ရန်ရှန့်ရုန်ရုတ်တရက် တစ်ခုခုတွေးမိသွားပြီး

" နေဦး.....အဲ့တာမီးပဲ "

" ဘာကို? "

" အဖေ မီးအခင်းနေရာထဲဝင်တော့ ဧည့်ခန်းက အရမ်းပူနေတယ်၊ ဒါပေမယ့် မီးဗဟိုက ဧည့်ခန်းမဟုတ်ဘူးဆိုတာ စိတ်ထဲအလိုလိုသိနေတယ်၊ ကြည့်ရတာ မီးလောင်မှုကမပြည့်စုံတာမျိုး ဒါမှမဟုတ် အဲ့အချိန်က အခြားအချက်တွေ ရှိခဲ့ပုံရတယ်၊ အတွေ့အကြုံအရ သုံးသပ်ကြ‌ည့်ရင် အဲ့နေရာကမီးဗဟိုချက်မဟုတ်ဘူး၊ ဒါပေမယ့် အထောက်အပံ့ပေးတဲ့ရှို့မြှိုက်ခန်းပဲ၊ မီးလောင်ရတဲ့ပစ္စည်းက အဲ့နေရာမှာပြန့်သွားတာ၊ ဒါပေမယ့် ဒါကအဖေ့အသိစိတ်သက်သက်ပဲ၊ မီးသတ်သမားတစ်ယောက်အနေနဲ့ ကိုယ်တိုင်နဲ့တပ်သားတွေလုံခြုံဖို့ ဒါကိုအရင်သုံးသပ်ကြည့်ခဲ့တာ။ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာမှာ ဧည့်ခန်းကမီးလောင်တယ်လို့ပဲ ဖော်ပြထားတယ်၊ ပြီးတော့ အဲ့အချိန်ကအဖေဒါကို သံသယမဝင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ မီးစုံစမ်းရေးက အဖေ့အလုပ်မဟုတ်လို့၊ အဖေမီးသတ်တာကို ရဲတွေလာမေးခွန်းထုတ်လို့ မရသလိုပဲလေ "

ရန်ရိ အံ့ဩသွားသည်။

" မီးဗဟိုချက်ခန့်မှန်းတဲ့နေရာမှာ အမှားပါသွားရင် တရားခံရဲ့လွတ်လမ်းကလည်း မေးခွန်းထုတ်စရာ ဖြစ်သွားလိမ့်မယ် "

အိမ်တည်ဆောက်ပုံ၊ အခင်းနေရာကသက်သေအထောက်အထား၊ တရားခံရဲ့ကိုယ်ခံအားကြံ့ခိုင်မှုနဲ့ နောက်ဆုံးရှာတွေ့ခဲ့တဲ့တည်နေရာတွေအရဆို တရားခံရဲ့ လွတ်လမ်းကို ပြန်ရှာထုတ်နိုင်သည်။ ထို့ပြင် မီး‌ဗဟိုချက်က လွတ်မြောက်လမ်းဆုံးဖြတ်တဲ့နေရာမှာ အဓိကအချက်အနေဖြင့် ပါဝင်သည်။ ဒါတင်မကသေး၊ မီးဗဟိုချက်က မတော်တဆမှုတစ်ခုလုံးကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ အလွန်အရေးပါသည်။ ထို့ကြောင့် ဘယ်မီးစုံစမ်းရေးမှာမဆို မီးဗဟိုချက်ရှာဖို့က ပထမဦးစားပေးဖြစ်သည်။

ပထမဦးဆုံး မီးဗဟိုချက်ခန့်မှန်းတာ မှားခဲ့ရင် လွတ်မြောက်လမ်းမှားယွင်းသွားစေနိုင်သည်။ မီးဗဟိုချက်က ကုံးမင်ယွီအိပ်ခန်းပြန်တဲ့လမ်းမှာဆိုပြီး စဉ်းစားကြည့်ရင် သူမီးရှို့ပြီးနောက်ပိုင်း ဖြတ်သွားနိုင်မှာမဟုတ်တော့ဘူး။ အဆုံးမှာ သူဘယ်လိုလုပ် မိသားစုတစ်စုလုံးနဲ့ အတူရှိနေနိုင်မှာလဲ? လူတွေရေချိုးခန်းထဲမှာ တွေ့တယ်ဆိုကတည်းက ကုံးမင်ယွီက မီးရှို့တဲ့သူမဟုတ်ကြောင်း သက်သေတည်နေပြီ။ ဒါက စိတ်ကူးယဥ်ကြည့်တာသက်သက်ပဲဖြစ်ပေမယ့် အခင်းနေရာမှာ ပထမဆုံးကယ်ဆယ်ခဲ့တဲ့သူ ရန်ရှန့်ရုန်အနေဖြင့်  အတွေ့အကြုံနဲ့ အလိုအလျောက်အသိစိတ်က သုံးသပ်မှုတွေကိုအခြေခံပြီး မကြာခဏဆိုသလို အလွန်နှီးနှောဆက်ယှက်နိုင်သည်။

ရန်ရိ ပြောလိုက်သည်။

" အဖေ ဒါကအရမ်းအသုံးဝင်တယ်၊ ကုံးရင့်ရှန် ခေတ်မီနည်းပညာသုံးပြီး အဲ့ဒီ့နှစ်ကဓာတ်ပုံတွေ ပြန်ပုံဖော်နေတယ်၊ ကျွန်တော် မီးအခင်းစုံးစမ်းသုံးသပ်တာ ပြန်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ် "

ရန်ရှန့်ရုန်က သက်ပြင်းဖွဖွချသည်။

" သား၊ အကယ်၍ အရင်ကဒီအမှုသာ လုပ်ကြံမှုဖြစ်ခဲ့တယ်ဆိုရင် လူတွေပိုပြီး ပါဝင်ပတ်သက်နေလိမ့်မယ်၊ မင်းဘာကို ရင်ဆိုင်ရမလဲဆိုတာ သိလား? ဆယ့်ရှစ်နှစ်တောင်ရှိပြီဆိုတော့ အမှုပြန်ဖော်ထုတ်ဖို့ အများကြီးရင်းရမှာပဲ "

ရန်ရိ အခိုင်အမာခေါင်းညိတ်လိုက်ပြီး

" အဖေ ကျွန်တော့်ကိုမတားပါနဲ့ "

" သားကိုမတားပါဘူး "

ရန်ရှန့်ရုန်က တည်တည်ငြိမ်ငြိမ် ပြောလာသည်။

" မင်းစိတ်က အဖေနဲ့တစ်သားတည်းပဲ၊ မင်းကိုတားလည်း အပိုပဲဆိုတာသိတယ် "

ရန်ရိ လွတ်လပ်ပွင့်လင်းသော အပြုံးကို ဖော်ပြရင်း

" အဖေ၊ မီးသတ်သမားတစ်ယောက်ရဲ့တာဝန်က လူတွေကယ်ဖို့၊ အပြစ်သားတစ်ယောက်ကို အလွတ်မပေးတာကလည်း နစ်နာသူတစ်ယောက်ကို အဆုံးရှုံးမခံတာနဲ့ သဘောတရားချင်းအတူတူပဲ "

" ပုံတွေပြန်ဖော်ပြီးရင် အဖေ့ကိုလည်းပြဦး၊ ပိုပြီးစဉ်းစားနိုင်ရင် စဉ်းစားနိုင်မှာပေါ့ "

" အိုကေ၊ ကျွန်တော်....."

ရန်ရိဖုန်း ရုတ်တရက်ထမြည်လာပြီး ကုံးရင့်ရှန်ခေါ်တာဖြစ်သည်။

" ဟယ်လို? "

" ရန်ရိ ခင်များစခန်းထဲမှာလား? "

ကုံးရင့်ရှန်အသံက နည်းနည်းတိုးနေသည်။

" ဟုတ်တယ်‌၊ ဘာကိစ္စရှိလို့လဲ? "

" ကျွန်တော်စခန်းမှာ "

ကုံးရင့်ရှန် ခဏတန့်ပြီး နူးနူးညံ့ညံ့ပြောလာသည်။

" ကျွန်တော် ခင်များကိုတွေ့ချင်တယ် "

ရန်ရိ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး

" ‌ငါ့ကိုစောင့်ပေး၊ ခဏနေရောက်မယ် "

============

ဒီအပိုင်းက အတော်ရင်ထိတ်စရာကောင်းတယ်၊ စာရေးရတာရင်တုန်သလို ငိုတောင် ငိုချင်တယ်၊ ပြီးတော့ ကုံးရင့်ရှန်မွေးနေ့အတွက် ပြင်ထားတဲ့လက်ဆောင်လေးလည်း မရနိုင်တော့ဘူးတဲ့၊ ရက်ကနီးနေပြီ၊ ကြည့်စီစဉ်ရမှာပဲ။ ရင်တုန်ပန်းတုန်ဖြစ်နေပေမယ့် စာရေးတဲ့အချိန် mood ပြောင်းသွားလို့ အိုကေပါတယ်၊ အမှားပါရင် ပြောပေး ~

If u wanna support me

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel

[ 09795118580 - send me a simple message ]

=============

Sun, Aug 22, 2021

{ Zawgyi }

" ေပါင္႐ွန္႔ဓာတုစက္မႈဇုန္‌ ေပါက္ကြဲမႈနဲ႔ ကုံးမိသားစုမီးေလာင္မႈအတြက္ အခ်က္အလက္အကုန္လုံးကို အေဖအဲ့ႏွစ္က တာဝန္က်အစီရင္ခံစာထဲမွာ ခ်ေရးခဲ့တယ္၊ အေဖ့လက္႐ွိမွတ္ဉာဏ္က အဲ့ႏွစ္ကအစီရင္ခံစာထက္ ပိုၿပီးအ‌ေသးစိတ္မက်ႏိုင္ဘူး "

ရန္႐ွန္႔႐ုန္ ရန္ရိကို အရင္ဆုံးအႀကိဳကာကြယ္ၿပီး ေျပာလာသည္။

" အေဖ ဘယ္ေလာက္ကူညီႏိုင္မလဲ မသိဘူး "

" ကြၽန္ေတာ္အစီရင္ခံစာဖတ္ရမွာ နားလည္ပါတယ္၊ ၿပီးေတာ့ ကြၽန္ေတာ္ အစီရင္ခံစာထဲမပါတဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ေမးမယ္၊ ဥပမာ ဒီေပါက္ကြဲမႈက လုပ္ၾကံတာျဖစ္ႏိုင္လား? "

ရန္ရိ ေမးလိုက္သည္။

ရန္႐ွန္႔႐ုန္က ေခါင္းခါၿပီး

" ေပါက္ကြဲမႉအေၾကာင္းရင္းက ဓာတုျဒပ္ေပါင္းေပါက္ကြဲတာ၊ အျခားဓာတုပစၥည္းေတြကိုမီးကူးၿပီး ကြင္းဆက္ေပါက္ကြဲမႈျဖစ္သြားတာပဲ၊ ပိုက္သားေပၚမွာ မိုးႀကိဳးလွ်ပ္စီးျဖစ္လာၿပီး၊ မိုးႀကိဳးလွ်ပ္စီးေၾကာင့္ျဖစ္လာတဲ့ လွ်ပ္စစ္မီးပြားေတြက ဓာတုပစၥည္းရဲ႕မတည္ၿငိမ္တဲ့ဓာတ္ေငြ႕ကို မီးေတာက္ေစတယ္၊ ဒါေပမယ့္ ဒါကအခင္းျဖစ္ပြားၿပီးေနာက္ပိုင္း ႂကြင္းက်န္သက္ေသအမ်ိဳးမ်ိဳးကေန အေျခခံၿပီးသုံးသပ္ထားတာပဲ၊ တကယ္ေတာ့ အဲ့အခ်ိန္ကအလုပ္ခြင္တစ္ခုလုံး ေပါက္ကြဲထြက္သြားတာ၊ အလုပ္သမား ၁၂ ေယာက္နဲ႔ နည္းပညာ႐ွင္ေတြေနရာမွာပဲ ပြဲခ်င္းၿပီးေသသြားတယ္၊ မေပါက္ကြဲခင္ ဘာျဖစ္ခဲ့လဲဆိုတာေတာ့....."

ရန္႐ွန္႔႐ွန္ သူ႕ေခါင္းထိပ္ကိုၫႊန္ျပၿပီး

" ဘုရားပဲ သိလိမ့္မယ္ "

[ T/n : ဒီေနရာမွာ မိုးႀကိဳးလွ်ပ္စီးဆိုတာက လွ်ပ္စစ္အဖိုနဲ႔အမ ေပါင္းစုံၿပီးျဖစ္လာတဲ့ လွ်ပ္စီးေၾကာင္းကိုေခၚတာပါ၊ မိုးႀကိဳးပစ္တယ္လို႔သုံးတယ္ ]

" ဒီသုံးသပ္ခ်က္က ပိုၿပီးက်ိဳးေၾကာင္း သင့္‌ေလ်ာ္တာပဲ "

ရန္ရိ ေျပာလိုက္သည္။

" အဲ့ဒီ့ေခတ္ကာလမွာ အသက္ကယ္နည္းလမ္းေတြနဲ႔ နားလည္သေဘာေပါက္မႈက အေတာ္ေခတ္ေနာက္က်တယ္၊ သူတို႔မွာ ေခတ္မီကာကြယ္ေရးနဲ႔ ေစာင့္ၾကည့္ေရးနည္းပညာေတြလည္း မ႐ွိဘူး "

ရန္႐ွန္႔႐ုန္က သက္ျပင္းခ်ၿပီး

" ဒီအသက္ကယ္နည္းလမ္းေတြ၊ စကားလုံးတိုင္းရဲ႕ေနာက္ကြယ္မွာ ေသြးေခြၽးနဲ႔ရင္းၿပီး ေရးထားရတာပဲ "

သူခဏေတြးလိုက္သည္။

" ေပါက္ကြဲမႈျဖစ္ပြားရတဲ့အ‌ေၾကာင္းရင္း စုံစမ္းမႈရလဒ္မွာ ျပႆနာတစ္ခု႐ွိေနတာ ျဖစ္ႏိုင္လား? "

" မဟုတ္ဘူး၊ ေလာေလာဆယ္ အဲ့ကိစၥကတမင္လုပ္ၾကံထားတာလို႔ သံသယဝင္ရေအာင္ ဘာသက္ေသမွမ႐ွိဘူး "

ရန္႐ွန္႐ုန္ စိတ္ေအးသက္ျပင္း ခ်လိုက္သည္။

" အေဖေတာ့ အဲ့တာျဖစ္ႏိုင္မယ္မထင္ဘူး၊ ဒါေပမယ့္ တမင္တကာမဟုတ္ရင္ေတာင္ ထုတ္ကုန္မေတာ္တဆမႈအတြက္ တစ္ေယာက္ေယာက္ကေတာ့ တာဝန္ယူရမွာပဲ "

ရန္ရိမ်က္ႏွာထက္ စိတ္ေလးလံမႈအနည္းငယ္ ေပၚလာသည္။

ထုတ္ကုန္မေတာ္တဆမႈမွာ ဓာတုပစၥည္းမထုတ္လုပ္ခင္မွစ၍ မေတာ္တဆမႈျဖစ္ၿပီးသည္အထိ၊ လူတိုင္းထိကိုင္ခဲ့တဲ့ ပစၥည္းေတြအားလုံး ဒါမွမဟုတ္ အဲ့ဒီ့အခ်ိန္အတြင္း ျဖစ္ပြားခဲ့တဲ့အရာအားလုံးက ညင္ညင္သာသာေလး လိပ္ျပာေတာင္ပံခတ္သလိုပင္။ တျဖည္းျဖည္းခ်င္း ကမ႓ာႀကီးကို ႀကီးမားေသာမုန္တိုင္းေၾကာင့္ မင္သက္ေစခဲ့သည္။

ေပါင္႐ွန္႔ဓာတုစက္မႈဇုန္ေပါက္ကြဲမႈကို ဥပမာယူၾကည့္ရင္ ထုတ္လုပ္မႈပတ္ဝန္းက်င္နဲ႔ ဓာတုကုန္ၾကမ္းပစၥည္းေတြ သန္႔စင္ေရးကဘာမ်ားလဲ? သိုေလွာင္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရးအေျခအေနေတြ အရည္အေသြးျပည့္မီလား၊ မျပည့္မီဘူးလား? ထုတ္ပိုးမႈနဲ႔ အသုံးျပဳထားတဲ့နည္းလမ္းေတြ ဆီေလ်ာ္လား၊မဆီေလ်ာ္ဘူးလား? ေလ့က်င့္ေရးနဲ႔ စက္ေမာင္းသမားေတြကြပ္ကဲမႈကေရာ ေနရာက်လား၊ မက်ဘူးလား? မေတာ္တဆမႈျဖစ္စဥ္နဲ႔ အဖြဲ႕အစည္းကယ္ဆယ္ေရး လုပ္ေဆာင္ႏိုင္စြမ္းကေရာ ေနရာက်ရဲ႕လား၊ မက်တာလား? အေသးစိတ္အခ်က္အလက္တိုင္းက ထုတ္ကုန္ေဘးကင္းဖို႔အတြက္ အေရးပါသည္။ ထို႔ေၾကာင့္ ယခုကဲ့သို႔သက္ေသ႐ွာေတြ႕ဖို႔ခက္ၿပီး၊ ျဖစ္ပြားရတဲ့အေၾကာင္းရင္း စုံစမ္းေဖာ္ထုတ္ဖို႔ ခဲယဥ္း တဲ့အမႈေတြမွာ သဘာဝအတိုင္း မန္ေနဂ်ာနဲ႔ထုတ္လုပ္သူသာလွ်င္ အႀကီးမားဆုံးတာဝန္ယူရသည္။

ဒီမေတာ္တဆမႈမွာ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ဓာတုပစၥည္းကိုအဏုျမဴဓာတ္ေပါင္းဖိုဆီ ပို႔ေဆာင္ေပးတဲ့ ပလက္စတစ္ပိုက္သားက အဆင့္မမီဘူး၊ ၿပီးေတာ့ သိုေလွာင္စည္ရဲ႕ေအာက္ခံဝိုင္ယာက ေဆြးေနတယ္လို႔ ယုံၾကည္ၾကသည္။ ဒီႏွစ္ခုက ႀကီးမားတဲ့တြန္းကန္အားျဖစ္ၿပီး ေပါက္ကြဲမႈရဲ႕အဓိကအေၾကာင္းရင္း မိုးႀကိဳးလွ်ပ္စီးအျဖစ္ စုစည္းသြားသည္။ ဒုတိယအေနနဲ႔ကေတာ့ သိုေလွာင္႐ုံထဲကအျခား‌ဓာတုပစၥည္းေတြရဲ႕ ထားသိုရာအကြာအေဝး၊ ပစၥည္းပမာဏ၊ အပူခ်ိန္ထိန္းခ်ဳပ္မႈႏွင့္ ေလဝင္ေလထြက္ေပါက္မ်ားက အရည္ခ်င္းမျပည့္မီဘူးဆို၍။ ပထမေပါက္ကြဲမႈအၿပီး စက္မႈဇုန္က မီးကိုအခ်ိန္ကိုက္ထိန္းခ်ဳပ္ဖို႔ မေအာင္ျမင္ခဲ့ဘဲ ထိုအရာႏွစ္ခုက ဒုတိယေပါက္ကြဲမႈကို ျဖစ္ေပၚေစၿပီး မေတာ္တဆမႈထိခိုက္ႏႈန္းကို ပို၍ႀကီးမားလာေစလ်က္၊ အဆုံးမွာ လူေပါင္း ၁၃၇ ေယာက္ေသဆုံး၍  ၂၆၉ ‌ဦးထိခိုက္ဒဏ္ရာရ႐ွိကာ ၇၂၀ မီလီယမ္ယြမ္အထိ စီးပြားေရးဆုံး႐ႈံးမႈႀကီးျဖစ္ပြားခဲ့ေသာ စံႏႈန္းျမင့္ထုတ္လုပ္ေရးမေတာ္တဆမႈႀကီးက ႏိုင္ငံတစ္ဝန္းလႈပ္ခတ္မႈႀကီးျဖစ္ေစခဲ့သည္။ ထပ္ေပါင္းေျပာရရင္ ဓာတုယိုစိမ့္မႈေၾကာင့္ျဖစ္ခဲ့ေသာ ဆင့္ပြားကပ္ေဘးဆုံး႐ႈံးမႈမ်ားက ပို၍ပင္မွန္းဆရန္ခက္ပါ၏။

ထိုအခ်ိန္က ေပါင္႐ွန္႔ဓာတုစက္မႈဇုန္ရဲ႕ ဝယ္လက္မ်ား၊ အင္ဂ်င္နီယာမ်ား၊ အလုပ္႐ုံဒါ႐ိုက္တာမ်ား၊ လုံျခဳံေရးေခါင္းေဆာင္မ်ားႏွင့္ စက္႐ုံဒါ႐ိုက္တာမ်ားအားလုံး ဖမ္းဆီးခံရၿပီး ေပါင္႐ွန္႔အုပ္စုရဲ႕ ႀကီးၾကပ္ကြပ္ကဲေရးမႉးသည္လည္း မလႊဲသာမေ႐ွာင္သာ စုံစမ္းစစ္ေဆးျခင္းခံရသည္။

အဆုံးမွာေတာ့ အရည္အေသြးနိမ့္ပစၥည္းမ်ားဝယ္ယူျခင္း၊ အိုေဆြးေသာကိရိယာတန္ဆာမ်ားသုံးစြဲျခင္း၊ စီမံခန္႔ခြဲမႈပ်က္ကြက္ျခင္းစသည့္ အဓိကတာဝန္ယူမႈအားလုံး "ျပစ္ဒဏ္ေၾကာက္၍ သတ္ေသသြားေသာ" အုပ္စုဥကၠဌ ကုံးမင္ယြီထံသို႔သာ ပုံက်လာခဲ့သည္။

ပိုင္ဆိုင္မႈတန္ဖိုး ျပန္လည္ခြဲျခမ္းၿပီး ေပါင္႐ွန္႔အုပ္စုက ၎နာမည္ႏွင့္ မ်ိဳး႐ိုးကိုေျပာင္းကာ  ႏွစ္အေတာ္ၾကာျပန္လည္ထူေထာင္ၿပီးေနာက္ ဓာတုစက္မႈဇုန္နယ္‌ပယ္မွာ သူ႕ေနရာသူျပန္ရလာသည္။

အရင္ကျဖစ္ခဲ့တာေတြကို ျပန္ျမင္ေယာင္ၾကည့္ေတာ့ ရန္႐ွန္႔႐ုန္ အလြန္ဝမ္းနည္းေနမိဆဲသာ။ အႏၲရာယ္‌ေဘးနဲ႔ ကယ္ဆယ္ေရးမွာ ရဲေဘာ္ေတြဆုံး႐ႈံးခဲ့ရတာ ေျပာျပတဲ့အခ်ိန္ မတတ္ႏိုင္ဘဲေဒါသေၾကာင့္ မ်က္ႏွာနီျမန္းလာသည္။

ရန္ရိ အျပစ္မကင္းသလိုခံစားရၿပီး သူ႕အေဖကို ရက္စက္တဲ့အတိတ္ကျဖစ္ရပ္ေတြ ျပန္စဥ္းစားခိုင္းရတာ ဝတၱရားမေက်သလိုခံစားရသည္။ သူေျပာလိုက္၏။

" အေဖ ကြၽန္ေတာ္ ေပါင္႐ွန္႔ဓာတုစက္မႈဇုန္အေၾကာင္း နားလည္သေလာက္႐ွိၿပီ၊ က်န္တာေတြေတာ့ ကြၽန္ေတာ့္ဘာသာ အခ်က္အလက္႐ွာလိုက္မယ္၊ ကြၽန္ေတာ့္ကို ကုံးမိသားစုမီးေလာင္မႈအေၾကာင္း ေျပာလို႔ရၿပီ "

ရန္႐ွန္႔႐ုန္ သူ႕မ်က္ကြင္းေတြကို ပြတ္သုတ္လိုက္ၿပီး

" အင္း အရမ္းစိတ္ေသာကေရာက္ရတယ္၊ အရမ္းဝမ္းနည္းစရာေကာင္းတယ္  "

ရန္ရိ ကုံးရင့္႐ွန္ေတြ႕ၾကဳံခဲ့ရတာအားလုံးကို ျပန္ေတြးၾကည့္ေတာ့ ႏွလုံးသားနာက်င္မႈကို ဖိႏွိပ္ဖို႔ခဲယဥ္းသည္။ ကုံးရင့္႐ွန္ ေတြ႕ၾကဳံခံစားခဲ့ရတဲ့ငရဲကို ဘယ္ဘာသာစကား၊ ဘယ္႐ုပ္ပုံကမွ အဓိပၸါယ္မေဖာ္ႏိုင္ဘူး။ ဘယ္ေလာက္ပဲ သနားၾကင္နာၿပီး စာနာစိတ္႐ွိတဲ့သူျဖစ္ပါေစ ဘယ္သူမွ ကုံးရင့္႐ွန္ရဲ႕နာက်င္မႈကို မခံစားႏိုင္ဘူး။ ဒါကသူ႕ကို အားအင္မဲ့ေဒါသျဖစ္ေစသည္။

ရန္႐ွန္႔႐ုန္က ျဖည္းျဖည္းခ်င္းေျပာလာသည္။

" ႏွစ္အရမ္းၾကာၿပီဆိုေတာ့ အေဖအေၾကာင္းအရာမ်ားမ်ားစားစား မမွတ္မိႏိုင္ဘူး၊ စိတ္ထဲ အစြဲက်န္ဆုံးအရာက မီးအခင္းေနရာကိုဝင္ေတာ့ သူတို႔မိသားစုေလးေယာက္လုံး ေရခ်ိဳးခန္းထဲက ျပတင္းေပါက္ေဘာင္ေအာက္မွာ အခ်င္းခ်င္းဖက္ရင္း က်ံဳ႕ဝပ္ေနၾကတာပဲ "

ရန္ရိလက္မ်ား အနည္းငယ္တုန္ယင္သြားသည္။

" မိဘေတြက....သူ႕တို႔ခႏၶာကိုယ္ကိုသုံးၿပီး ကေလးေတြမီးမေလာင္ေအာင္ ကာေပးထားတယ္၊ အစ္မႀကီးက ‌ေမာင္ေလးကို သူ႕ေနာက္မွာကြယ္ေပးထားတယ္၊ မိသားစု‌သုံးေယာက္လုံး မမွတ္မိႏိုင္ေအာင္ မီးေလာင္ခဲ့ၾကတာ၊ ေကာင္ငယ္ေလးတစ္ေယာက္ပဲ မပြန္းမပဲ့လုနီးပါးက်န္တယ္ "

ရန္႐ွန္႔႐ုန္အသံက ဆိုနင့္ေနၿပီျဖစ္ကာ

" ေကာင္မေလး အဲ့တုန္းကအသက္႐ွင္ေသးတယ္၊ ၿပီးေတာ့ၾကားတာက ရက္နည္းနည္းေလာက္ ေဆး႐ုံတက္လိုက္ရေပမယ့္ ဘာမွထူးမလာဘူးတဲ့...."

ရန္ရိေခါင္းငုံ႔လိုက္ၿပီး အသက္႐ွဴရတာ အလြန္႔အလြန္ခဲယဥ္းလာသည္။

" အေဖေကာင္ေလးကို ကယ္ထုတ္ခဲ့တုန္းက သူေၾကာက္လန္႔ေနၿပီး မငိုခဲ့ဘူး၊ သူမငိုခဲ့ဘူး..."

ရန္႐ွန္႔႐ုန္ မ်က္ႏွာလႊဲသြားသည္။

ရန္ရိအသက္ဝဝ႐ွဴလိုက္ၿပီး တတ္ႏိုင္သေလာက္ ညင္သာေသာအသံျဖင့္ ေျပာလိုက္သည္။

" အေဖ၊ အေဖ့တစ္ဘဝလုံးစာ အေတြ႕အၾကဳံေတြနဲ႔ မီးသတ္တဲ့ေနရာမွာ အလိုအေလ်ာက္ခံစားမိတဲ့ စိတ္ေပၚအေျခခံၿပီး မီး႐ိႈ႕တဲ့သူက အဲ့ဒီ့အိမ္႐ွင္ေယာက်္ားလို႔ထင္လား? "

ရန္႐ွန္႔႐ုန္ တစ္ခဏတာ တိတ္ဆိတ္သြားၿပီး

" စုံစမ္းစစ္ေဆးေရးရလဒ္ေတြ ထြက္မလာခင္အထိ အဲ့ကိစၥကိုသတ္ေသမႈလို႔ လုံးဝမေတြးခဲ့ဘူး၊ သူတို႔က အသက္႐ွင္ခ်င္စိတ္ျပင္းထန္တာကို ေဖာ္ျပေနတယ္၊ ထြက္လမ္းတစ္ေလွ်ာက္လုံး မီးေတြနဲ႔ကာေနၿပီး မိသားစုေတြ ေရခ်ိဳးခန္းထဲမွာပုန္းခဲ့ၾကတာ၊ ဒါေပမယ့္ ေရခ်ိဳးခန္းျပတင္းေပါက္မွာ ထြက္ေပါက္ပိတ္သံတိုင္ေတြ ႐ွိေနတယ္၊ ၿပီးေတာ့ သူတို႔ဖ်က္မဖြင့္ႏိုင္ခဲ့ဘူး "

" ေသေၾကာင္းၾကံတာနဲ႔လည္း မတူပါဘူး "

ရန္ရိထပ္ေျပာလိုက္သည္။

" မတူဘူး "

ရန္႐ွန္႔႐ုန္ ေျပာလာသည္။

" ဒါေပမယ့္ ေသေၾကာင္းၾကံၿပီးမွ ေနာင္တျပန္ရတာမ်ိဳးလည္း႐ွိတာပဲ၊ ‌ဒါ့အျပင္ အဲ့ေခတ္တုန္းက မီးစုံစမ္းေရးဆိုတာ လုံးဝရဲေတြအလုပ္ပဲ၊ အေဖတို႔အလုပ္က မီးသတ္ကယ္ဆယ္ၿပီး အစီရင္ခံစာတင္ၿပီးတာနဲ႔ ၿပီးသြားေရာ၊ အေဖ ‌ေနာက္ဆက္တြဲစုံစမ္းေရးရလဒ္ေတြအေၾကာင္း ေလ့လာခဲ့တာမွန္တယ္၊ မယုံၾကည္ႏိုင္စရာေကာင္းမွန္း သိေပမယ့္လည္း အဲ့အေၾကာင္းအရမ္းမေတြးခဲ့ဘူး၊ တကယ္တမ္းက်ေတာ့ ကုံးမင္ယြီက ဒီလိုအေျပာင္းလဲႀကီးကို ေက်ာ္ျဖတ္ခဲ့ရၿပီး ေသေၾကာင္းၾကံစည္ႏိုင္တဲ့ အေၾကာင္းရင္း႐ွိခဲ့တာပဲ "

" ပိုၿပီးအခ်က္က်က် မွတ္မိႏိုင္ေသးလား? "

" အဲ့တုန္းက အေဖအေရးႀကီးတယ္လို႔ ထင္တာေတြကို အမႈအစီရင္ခံစာထဲ ခ်ေရးခဲ့တယ္ "

ရန္႐ွန္႔႐ုန္ စဥ္းစားလိုက္ၿပီး

" ျပန္သတိရေအာင္ဆိုၿပီး မေန႔ကေတာင္ အစီရင္ခံစာမူၾကမ္း ျပန္ဖတ္ခဲ့ေသးတယ္၊   မီးေလာင္မႈက ႐ိႈ႕မီးျဖစ္ႏိုင္တယ္၊ လြတ္လမ္းက တမင္တကာအပိတ္ခံထားရေပမယ့္ တံခါး‌ေတြ၊ ျပတင္းေပါက္ေတြကေတာ့ အေကာင္းပကတိ႐ွိတယ္၊ ၿပီးေတာ့ အားသုံးဖြင့္ထားတဲ့ ထြက္ေပါက္မ်ိဳးမ႐ွိဘူး "

" အဲ့ေတာ့ ကုံးရင့္႐ွန္ေျပာတဲ့ မ်က္ႏွာဖုံးနဲ႔လူကေရာ? အဲ့တုန္းက အျခားလူတစ္ေယာက္ေယာက္ရဲ႕ ေျခရာလက္ရာမ်ိဳး႐ွိလား? "

ရန္႐ွန္႔႐ုန္က မ်က္ေမွာင္ၾကဳတ္ၿပီး

" အနည္းဆုံးေတာ့ အေဖတို႔ဝင္သြားတုန္းက မ႐ွိဘူး၊ ဒီေလာက္မီးေလာင္ေနတဲ့

အိမ္မွာ ဘယ္သက္႐ွိလူမွမေနႏိုင္ဘူး၊ ဆိုေတာ့ သူအရင္ကတည္းက ထြက္သြားတာျဖစ္ရမယ္ "

" အျခားလကၡဏာေတြ ႐ွိေသးလား? "

ရန္ရိ ေျပာလိုက္သည္။

" အေဖ၊ အေဖေသခ်ာျပန္စဥ္းစားၾကည့္ပါဦး၊ အေရးႀကီးတဲ့အခ်က္မ်ား ႐ွိေသးလာလို႔ "

ရန္႐ွန္႔႐ုန္ အခ်ိန္အၾကာႀကီးစဥ္းစားလိုက္သည္။

" ေယဘုယ်အားျဖင့္ ‌သတ္ေသခ်င္တဲ့သူေတြ၊ အထူးသျဖင့္ တစ္မိသားစုလုံးကို ေသေၾကာင္းၾကံခ်င္တဲ့သူေတြက ညင္သာၿပီး နာက်င္မႉမ႐ွိတဲ့နည္းလမ္းမ်ိဳးေတြ မီး‌ေသြးမီး႐ိႈ႕တာမ်ိဳး၊ ေဆးေသာက္တာမ်ိဳးကို ‌ေ႐ြးခ်ယ္လိမ့္မယ္၊ ကုံးမင္ယြီငယ္ငယ္ကတည္းက ခ်မ္းသာတဲ့သခင္ေလးျဖစ္ခဲ့တာ၊ ဒီေလာက္ေၾကကြဲစရာေကာင္းတဲ့ နည္းလမ္းမ်ိဳးကိုေ႐ြးၿပီး မိန္းမနဲ႔ သားသမီးေတြကိုပါ တစ္ပါတည္းေခၚသြင္းႏိုင္မယ့္သူလို႔ မထင္ဘူး၊ မေတာ္တဆမႈျဖစ္ေတာ့ သူတို႔မိသားစု ညအိပ္ဝတ္စုံေတြဝတ္ထားၾကတာ၊ အိပ္ရင္းနဲ႔ ႏိုးလာတဲ့အတိုင္းပဲ၊ ေသေၾကာင္းၾကံတဲ့ပုံစံနဲ႔ မကိုက္ဘူး၊ လူေတြရဲ႕ ထူးျခားတဲ့လကၡဏာေတြ- အထူးသျဖင့္ ကုံးမင္ယြီလိုႏိုင္ငံျခားမွာေနခဲ့ၿပီး အဲ့ေခတ္အခါက ဝတ္စားဆင္ယင္မႈကို အမ်ားႀကီးအာ႐ုံစိုက္တတ္တဲ့သူမ်ိဳးက အသက္႐ွင္ေနစဥ္မွာ ဂုဏ္သိကၡာႀကီးခဲ့တယ္၊ ဒါေပမယ့္ ေသဆုံးတဲ့အခါက်ေတာ့ေရာ ဘာလိုလုပ္ ဂုဏ္သိကၡာမထားတာျဖစ္ႏိုင္မလဲ? "

" အေဖမွန္တယ္၊ သာမန္လူေတြေတာင္ ေသေၾကာင္းၾကံတဲ့အခါ ဂုဏ္သိကၡာ႐ွိ႐ွိျဖစ္ခ်င္ၾကတယ္ "

" အေဖတို႔ တာဝန္အတူသြားခဲ့တဲ့ဘယ္သူမွ ေသေၾကာင္းၾကံတယ္လို႔ မထင္ဘူး၊ အခင္းေနရာက သိသိသာသာႀကီးကို လုပ္ၾကံမႈပဲ၊ ဒါေပမယ့္ စုံစမ္းေရးရလဒ္ေတြထြက္လာေတာ့ ကုံးမင္ယြီက စက္မႈဇုန္ေပါက္ကြဲမႈကေန အမ်ားႀကီးဆုံး႐ႈံးနစ္နာခဲ့ၿပီး စိတ္အေျခအေနပုံမွန္မဟုတ္ဘူးတဲ့၊ အဲ့ေတာ့ အားလုံး႐ွင္းၿပီးသားလိုျဖစ္ၿပီး ကိစၥျပတ္သြားတာပဲ "

ရန္႐ွန္႔႐ုန္႐ုတ္တရက္ တစ္ခုခုေတြးမိသြားၿပီး

" ေနဦး.....အဲ့တာမီးပဲ "

" ဘာကို? "

" အေဖ မီးအခင္းေနရာထဲဝင္ေတာ့ ဧည့္ခန္းက အရမ္းပူေနတယ္၊ ဒါေပမယ့္ မီးဗဟိုက ဧည့္ခန္းမဟုတ္ဘူးဆိုတာ စိတ္ထဲအလိုလိုသိေနတယ္၊ ၾကည့္ရတာ မီးေလာင္မႈကမျပည့္စုံတာမ်ိဳး ဒါမွမဟုတ္ အဲ့အခ်ိန္က အျခားအခ်က္ေတြ ႐ွိခဲ့ပုံရတယ္၊ အေတြ႕အၾကဳံအရ သုံးသပ္ၾက‌ည့္ရင္ အဲ့ေနရာကမီးဗဟိုခ်က္မဟုတ္ဘူး၊ ဒါေပမယ့္ အေထာက္အပံ့ေပးတဲ့႐ိႈ႕ၿမႇိဳက္ခန္းပဲ၊ မီးေလာင္ရတဲ့ပစၥည္းက အဲ့ေနရာမွာျပန္႔သြားတာ၊ ဒါေပမယ့္ ဒါကအေဖ့အသိစိတ္သက္သက္ပဲ၊ မီးသတ္သမားတစ္ေယာက္အေနနဲ႔ ကိုယ္တိုင္နဲ႔တပ္သားေတြလုံျခဳံဖို႔ ဒါကိုအရင္သုံးသပ္ၾကည့္ခဲ့တာ။ ဒါေပမယ့္လည္း စုံစမ္းစစ္ေဆးေရးအစီရင္ခံစာမွာ ဧည့္ခန္းကမီးေလာင္တယ္လို႔ပဲ ေဖာ္ျပထားတယ္၊ ၿပီးေတာ့ အဲ့အခ်ိန္ကအေဖဒါကို သံသယမဝင္ခဲ့ဘူး၊ ဘာလို႔လဲဆိုေတာ့ မီးစုံစမ္းေရးက အေဖ့အလုပ္မဟုတ္လို႔၊ အေဖမီးသတ္တာကို ရဲေတြလာေမးခြန္းထုတ္လို႔ မရသလိုပဲေလ "

ရန္ရိ အံ့ဩသြားသည္။

" မီးဗဟိုခ်က္ခန္႔မွန္းတဲ့ေနရာမွာ အမွားပါသြားရင္ တရားခံရဲ႕လြတ္လမ္းကလည္း ေမးခြန္းထုတ္စရာ ျဖစ္သြားလိမ့္မယ္ "

အိမ္တည္ေဆာက္ပုံ၊ အခင္းေနရာကသက္ေသအေထာက္အထား၊ တရားခံရဲ႕ကိုယ္ခံအားၾကံ့ခိုင္မႈနဲ႔ ေနာက္ဆုံး႐ွာေတြ႕ခဲ့တဲ့တည္ေနရာေတြအရဆို တရားခံရဲ႕ လြတ္လမ္းကို ျပန္႐ွာထုတ္ႏိုင္သည္။ ထို႔ျပင္ မီး‌ဗဟိုခ်က္က လြတ္ေျမာက္လမ္းဆုံးျဖတ္တဲ့ေနရာမွာ အဓိကအခ်က္အေနျဖင့္ ပါဝင္သည္။ ဒါတင္မကေသး၊ မီးဗဟိုခ်က္က မေတာ္တဆမႈတစ္ခုလုံးကို စုံစမ္းစစ္ေဆးတဲ့ေနရာမွာ အလြန္အေရးပါသည္။ ထို႔ေၾကာင့္ ဘယ္မီးစုံစမ္းေရးမွာမဆို မီးဗဟိုခ်က္႐ွာဖို႔က ပထမဦးစားေပးျဖစ္သည္။

ပထမဦးဆုံး မီးဗဟိုခ်က္ခန္႔မွန္းတာ မွားခဲ့ရင္ လြတ္ေျမာက္လမ္းမွားယြင္းသြားေစႏိုင္သည္။ မီးဗဟိုခ်က္က ကုံးမင္ယြီအိပ္ခန္းျပန္တဲ့လမ္းမွာဆိုၿပီး စဥ္းစားၾကည့္ရင္ သူမီး႐ိႈ႕ၿပီးေနာက္ပိုင္း ျဖတ္သြားႏိုင္မွာမဟုတ္ေတာ့ဘူး။ အဆုံးမွာ သူဘယ္လိုလုပ္ မိသားစုတစ္စုလုံးနဲ႔ အတူ႐ွိေနႏိုင္မွာလဲ? လူေတြေရခ်ိဳးခန္းထဲမွာ ေတြ႕တယ္ဆိုကတည္းက ကုံးမင္ယြီက မီး႐ိႈ႕တဲ့သူမဟုတ္ေၾကာင္း သက္ေသတည္ေနၿပီ။ ဒါက စိတ္ကူးယဥ္ၾကည့္တာသက္သက္ပဲျဖစ္ေပမယ့္ အခင္းေနရာမွာ ပထမဆုံးကယ္ဆယ္ခဲ့တဲ့သူ ရန္႐ွန္႔႐ုန္အေနျဖင့္  အေတြ႕အၾကဳံနဲ႔ အလိုအေလ်ာက္အသိစိတ္က သုံးသပ္မႈေတြကိုအေျခခံၿပီး မၾကာခဏဆိုသလို အလြန္ႏွီးေႏွာဆက္ယွက္ႏိုင္သည္။

ရန္ရိ ေျပာလိုက္သည္။

" အေဖ ဒါကအရမ္းအသုံးဝင္တယ္၊ ကုံးရင့္႐ွန္ ေခတ္မီနည္းပညာသုံးၿပီး အဲ့ဒီ့ႏွစ္ကဓာတ္ပုံေတြ ျပန္ပုံေဖာ္ေနတယ္၊ ကြၽန္ေတာ္ မီးအခင္းစုံးစမ္းသုံးသပ္တာ ျပန္လုပ္မယ္လို႔ ဆုံးျဖတ္ထားတယ္ "

ရန္႐ွန္႔႐ုန္က သက္ျပင္းဖြဖြခ်သည္။

" သား၊ အကယ္၍ အရင္ကဒီအမႈသာ လုပ္ၾကံမႈျဖစ္ခဲ့တယ္ဆိုရင္ လူေတြပိုၿပီး ပါဝင္ပတ္သက္ေနလိမ့္မယ္၊ မင္းဘာကို ရင္ဆိုင္ရမလဲဆိုတာ သိလား? ဆယ့္႐ွစ္ႏွစ္ေတာင္႐ွိၿပီဆိုေတာ့ အမႈျပန္ေဖာ္ထုတ္ဖို႔ အမ်ားႀကီးရင္းရမွာပဲ "

ရန္ရိ အခိုင္အမာေခါင္းညိတ္လိုက္ၿပီး

" အေဖ ကြၽန္ေတာ့္ကိုမတားပါနဲ႔ "

" သားကိုမတားပါဘူး "

ရန္႐ွန္႔႐ုန္က တည္တည္ၿငိမ္ၿငိမ္ ေျပာလာသည္။

" မင္းစိတ္က အေဖနဲ႔တစ္သားတည္းပဲ၊ မင္းကိုတားလည္း အပိုပဲဆိုတာသိတယ္ "

ရန္ရိ လြတ္လပ္ပြင့္လင္းေသာ အျပဳံးကို ေဖာ္ျပရင္း

" အေဖ၊ မီးသတ္သမားတစ္ေယာက္ရဲ႕တာဝန္က လူေတြကယ္ဖို႔၊ အျပစ္သားတစ္ေယာက္ကို အလြတ္မေပးတာကလည္း နစ္နာသူတစ္ေယာက္ကို အဆုံး႐ႈံးမခံတာနဲ႔ သေဘာတရားခ်င္းအတူတူပဲ "

" ပုံေတြျပန္ေဖာ္ၿပီးရင္ အေဖ့ကိုလည္းျပဦး၊ ပိုၿပီးစဥ္းစားႏိုင္ရင္ စဥ္းစားႏိုင္မွာေပါ့ "

" အိုေက၊ ကြၽန္ေတာ္....."

ရန္ရိဖုန္း ႐ုတ္တရက္ထျမည္လာၿပီး ကုံးရင့္႐ွန္ေခၚတာျဖစ္သည္။

" ဟယ္လို? "

" ရန္ရိ ခင္မ်ားစခန္းထဲမွာလား? "

ကုံးရင့္႐ွန္အသံက နည္းနည္းတိုးေနသည္။

" ဟုတ္တယ္‌၊ ဘာကိစၥ႐ွိလို႔လဲ? "

" ကြၽန္ေတာ္စခန္းမွာ "

ကုံးရင့္႐ွန္ ခဏတန္႔ၿပီး ႏူးႏူးညံ့ညံ့ေျပာလာသည္။

" ကြၽန္ေတာ္ ခင္မ်ားကိုေတြ႕ခ်င္တယ္ "

ရန္ရိ ခ်က္ခ်င္းမတ္တပ္ထရပ္လိုက္ၿပီး

" ‌ငါ့ကိုေစာင့္ေပး၊ ခဏေနေရာက္မယ္ "

============

ဒီအပိုင္းက အေတာ္ရင္ထိတ္စရာေကာင္းတယ္၊ စာေရးရတာရင္တုန္သလို ငိုေတာင္ ငိုခ်င္တယ္၊ ၿပီးေတာ့ ကုံးရင့္႐ွန္ေမြးေန႔အတြက္ ျပင္ထားတဲ့လက္ေဆာင္ေလးလည္း မရႏိုင္ေတာ့ဘူးတဲ့၊ ရက္ကနီးေနၿပီ၊ ၾကည့္စီစဥ္ရမွာပဲ။ ရင္တုန္ပန္းတုန္ျဖစ္ေနေပမယ့္ စာေရးတဲ့အခ်ိန္ mood ေျပာင္းသြားလို႔ အိုေကပါတယ္၊ အမွားပါရင္ ေျပာေပး ~

If u wanna support me

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel

[ 09795118580 - send me a simple message ]

=============