webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 58

Sat, Aug 21, 2021

‼️ ဂရုစိုက်ပြီးဖတ်ပေးပါ! ဇာတ်လမ်းရဲ့ရှေ့မှာ ဖြစ်ပျက်မယ့်ကိစ္စတွေရဲ့ အရင်းခံအကြောင်းအရာတွေပါတာမို့ပါ၊ သတိထား‌ဖတ်ပေးပါ ‼️

===========

ရန်ရိ စခန်းပြန်သွားပြီးတော့ အကြီးအကဲကိုကြိုဖို့ အဝတ်အစားလဲရန် အဆင်သင့်‌ဖြစ်နေပြီ။ သို့သော် သူအဆောက်အဦးထဲဝင်ဝင်ချင်း ချွီယန်ပေါ်တားတာ ခံလိုက်ရသည်။

" လာ လာ "

ချွီယန်ပေါ် သူ့ကိုနှုတ်ဆက်ပြီး

" ငါနဲ့ ကားဂိုဒေါင်ထဲ လိုက်ခဲ့ "

ရန်ရိ ချွီယန်ပေါ်လက်ထဲမှာ SLR ( single-lens reflex camera ) နဲ့ ဟိုလုပ်သည်လုပ် လုပ်နေတာကိုကြည့်လိုက်ပြီး :

" မင်းဘာတွေရိုက်နေတာလဲ? "

" ချစ်ရည်ရွှမ်းတဲ့ ဇာတ်ကားတွေလေ "

ချွီယန်ပေါ်က သာမန်ကာလျှံကာ ပြန်ဖြေသည်။

ရန်ရိ ပြုံးလိုက်ပြီး :

" ဒီလိုကိစ္စတွေအတွက် ငါ့ကိုရှာတာမှန်တာပေါ့ "

သူ ကားဂိုဒေါင်ကိုရောက်တော့၊ မီးသတ်လှေကားတစ်ကန့် ဆန့်ထုတ်ထားသည်ကို မြင်လိုက်ရပြီး၊ လီဆာက ထိုကား‌လှေကားမှာ ဇောက်ထိုးတွဲလောင်းချလျက်၊ အောက်က တပ်သားတွေအားလုံး လက်ခုပ်ဩဘာပေးရင်း အော်ဟစ်နေကြသည်။

" ဒါကဘာအတွက်လဲ? "

ရန်ရိ အနည်းငယ်တုန်လှုပ်ကာ ကြည့်လိုက်သည်။

" သူ့ကို ဘယ်သူတက်ခိုင်းတာလဲ? "

" နည်းပြက သူ့ကို video cut တစ်ခုရိုက်ပြီး ကျွန်တော်တို့ weibo ‌မှာတင်မယ်လို့ ပြောတယ် "

စွန်းတင့်ရိက ခေါင်းမာမာနဲ့ပြောသည်။

" လူအားလုံး စက္ကန့်နည်းနည်းစီ ခွဲလုပ်ပြီးသွားပြီ၊ ဒါသူလုပ်ချင်တဲ့ဟာပဲ "

လီဆာပြုံးပြီး ရန်ရိကိုလက်ယမ်းပြသည်။

" မင်္ဂလာပါ၊ ခေါင်ဆောင် "

" ဟာ မင်းကအရမ်းကြီးနေပြီ၊ အရူးမလေး "

ရန်ရိ ချွီယန်ပေါ်ကို လှမ်းကြည့်လိုက်သည်။

" မင်းက ဘာရိုက်မှာလဲ? ရိုက်ကူးရေးပြီးရင် ပြန်ချပေးလိုက် "

ချွီယန်ပေါ် ပြောလိုက်သည်။

" လီဆာ၊ ငါ သုံးကနေတစ်အထိ ရေမယ်၊ ပြီးတဲ့အထိမရယ်နဲ့ "

" OK "

" သုံး နှစ် တစ် "

ချွီယန်ပေါ် ကင်မရာကို လီဆာဘက် ချိန်လိုက်သည်။

လီဆာ ဇောက်ထိုးဆွဲရင်း အိပ်ထမတင် စလုပ်သည်။ လှုပ်ရှားမှုများက သေသပ်မြန်ဆန်ပြီး အသက်တစ်အောင့်စာမှာ အခါနှစ်‌ဆယ်လောက် လုပ်နိုင်သည်။ နောက်ဆုံးအကြိမ် ပြန်ထတဲ့အခါ လှေကားကို လက်နှစ်ဖက်လုံးနဲ့ကိုင်လိုက်ပြီး ခြေတံရှည်နှစ်ဖက်ကိုလှုပ်ခါရင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်တန်းတန်း ဆန့်ထုတ်လိုက်သည်။ တုန်လှုပ်ခြင်း မရှိသလောက်ပင်။ လက်တွေဖြေချလိုက်တော့ လူကငြိမ်ငြိမ်သက်သက်ပဲ ကျလာသည်။

" တော်တယ် "

အားလုံး ဩဘာပေးရင်း အော်ကြသည်။

ချွီယန်ပေါ်လည်း အော်ပြီး

" ကောင်းတယ် ကောင်းတယ်၊ အောင်မြင်သွားပြီ "

" ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်နေတာလဲ? "

" ကျွန်‌တော်တို့ ဆာကျဲက အခုအရမ်းပေါ်ပြူလာဖြစ်နေတယ်လေ၊ ဖန်အများကြီး သူ့ကိုမြင်ချင်နေကြတာ "

တင်းချင် ပြောလာသည်။

" ခေါင်းဆောင်ရန်၊ ခေါင်းဆောင်လည်း မျက်နှာပြသင့်တယ်နော်၊ ခေါင်းဆောင်မျက်နှာမြင်ရင် ကျွန်တော်တို့ weibo အာရုံစိုက်မှု မြင့်တက်သွားမှာပဲ "

" မပြဘူး "

ရန်ရိ နှုတ်ခမ်းတွန့်လိုက်ပြီး

" ငါထျန်ချီမီးသတ်ဌာနအတွက် ကြော်ငြာဗီဒီယိုလုပ်တုန်းကဆို နှစ်အကြာကြီး ဟားတိုက်ခံခဲ့ရတာ၊ ငါ့သူငယ်ချင်းတွေဆို တွေ့တာနဲ့ ငါ့နောက်ကလိုက်လုပ်ကြရော "

သူ ချွီယန်ပေါ်ကို လက်ညှိုးထိုးပြီး

" မင်းလုပ်ချင်လည်း ငါ့ကိုတော့လွှတ်ပေးရမယ် "

ဒီနှစ်မှလာတဲ့ တပ်သားငယ်လေးက ပြုံးရင်း ပြောလာသည်။

" ခေါင်းဆောင်ရန် ကျွန်တော်ကလေးဘဝကတည်းက ခေါင်းဆောင်ဗီဒီယိုတွေ ကြည့်ပြီး ကြီးပြင်းလာတာ "

ရုတ်တရက် စွန်းတင့်ရိက မတ်မတ်ထရပ်လိုက်ပြီး ရင်ဘတ်နဲ့ ဝမ်းဗိုက်‌ပေါ် လက်ယှက်ကာ မျက်နှာက ခန့်ညားတည်ကြည်လျက်၊ မျက်လုံးများက စူးရှနေပြီး အဝေးကိုကြည့်ကာ သရုပ်ဆောင်ပြောလိုက်သည်။

" မီးဘေးလုံခြုံမှုက မိသားစုထောင်ပေါင်းများစွာအတွက်ပါ၊ ပြီးတော့ ကာကွယ်မှုကလည်း မင်းတို့၊ ကျွန်တော်နဲ့ သူတို့ပေါ် မူတည်တယ် "

အားလုံးရယ်ကြတော့ ရန်ရိခြေထောက်မြှောက်ပြီး သူ့ကိုကန်လိုက်သည်။

ချွီယန်ပေါ်က အပြစ်မဲ့စွာ ပခုံးတွန့်ပြပြီး

" ငါက အထက်လူကြီးတွေ အမိန့်ကို လိုက်နာရုံပဲ၊ အခုရော ငါ့မှာကြော်ငြာကိစ္စဘယ်လောက်တောင် လုပ်စရာများလည်းမင်းသိလား? မင်းမျက်နှာ ပြလို့မရလည်း အသားတော့ပြလို့ရတယ်မလား "

ရန်ရိ တည်တံ့ချင်ယောင်ဆောင်လိုက်ပြီး

" မင်းငါ့ကို ဘယ်သူထင်နေတာလဲ? "

" ငါမင်းကို လူလို့မထင်ဘူး "

ချွီ‌ယန်ပေါ် နာရီကြည့်လိုက်ပြီး

" အကြီးအကဲ မကြာခင်ရောက်တော့မယ်၊ မြန်မြန်ချွတ်လိုက်တော့ "

[ T/n : 領導( lǐngdǎo ) - Leader, အားလုံးရဲ့အကြီးအမှူး/ခေါင်းဆောင်ဆိုတဲ့ အဓိပ္ပါယ်မျိုးဆိုတော့ မီးသတ်ဘက်မှာပြောရရင် ညွှန်ချုပ်လား ဘာလားမသိဘူး၊ ရှေ့ပိုင်းတွေမှာ အကြီးအကဲလို့ပဲ သုံးခဲ့မယ်ထင်တယ်၊ စာပြန်မစစ်အားသေးလို့ပါ ]

ရန်ရိ အထွန့်တက်လိုက်သည်။

" ထူးထူးခြားခြား အေးနေသလိုပဲ...."

သို့သော် အင်္ကျီချွတ်လိုက်ဆဲသာဖြစ်ပြီး အဆီပိုမရှိ ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟာပြလိုက်သည်။ ကားဂိုဒေါင်အပေါက်ဝကနေ လေတစ်ချက်တိုးဝေ့လာတော့ သူနည်းနည်း တုန်တက်သွား၏။

" ဝိုး ရင်ဘတ်၊ ခါး၊ လန်းလိုက်တာ "

လျိုဟွေးက လက်ခုပ်တီးသည်။

ချွီယန်ပေါ်က ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ပြီး ကျေနပ်အားရမှုဖြင့် ပြောလာသည်။

" မဆိုးဘူး၊ အလားအလာရှိတယ် "

ရန်ရိ ကိုယ်ကိုင်းပြီး screen ကိုကြည့်ကာ အတော်ကျေနပ်သွားပြီး

" ငါ့ဖုန်းထဲ ပို့လိုက် "

ချွီယန်ပေါ်က သူ့ကိုမျက်စောင်းထိုးကြည့်ပြီး

" မင်းဘာလုပ်မလို့လဲ? "

" ငါ့ပုံတွေ ငါဘယ်လိုသုံးမလဲဆိုတာ မင်းကိုတင်ပြစရာလား "

ချွီယန်ပေါ်က မျက်မှန်ပင့်တင်လိုက်ပြီး ညစ်ကျယ်ကျယ်အပြုံး ပေါ်လာလျက်၊ အသံနှိမ့်ပြီးပြောလာသည်။

" စစ်ဟော် မင်းဘယ်သူ့ကို ဒီပုံတွေပြပြီး နောက်မလို့လဲ? "

" စိတ်ပူမနေနဲ့၊ ငါ့ကိုပို့ပေး "

ရန်ရိစိတ်ထဲမှာတော့ ဒီပုံတွေကိုဘယ်လိုနည်းနဲ့ ကုံးရင့်ရှန်အမှတ်တမဲ့မြင်အောင် ပြရမလဲဆိုတာ တွေးပြီးပြီဖြစ်သည်။

" သိပြီ "

" စကားမစပ် မင်း ငါစစ်ကြည့်ခိုင်းထားတာတွေ ဘယ်လိုစစ်ကြည့်လိုက်လဲ? "

" ငါအကူညီတောင်းလိုက်တယ်၊ ဌာနချုပ်ထိန်းသိမ်းရေးအခန်းက အတော်စုံ‌နေပြီ၊ ဒါပေမယ့် ငါထုတ်ဖို့အကြောင်းပြချက် ရှာမရဘူး၊ အကူညီပေးလောက်မယ့် သူငယ်ချင်းတစ်ယောက် ရှာနေတာ "

" ကျေးဇူးပဲကွာ "

သူတကယ်တော့ ချန်းရှောင်ဖေးကို ဒီကိစ္စတွေ ကူညီပေးဖို့မေးနိုင်တယ်၊ ဒါပေမယ့် တိတိကျကျပြောရရင် ချန်းရှောင်ဖေးနဲ့သူ့အဖေက ရဲဘော်ဟောင်းတွေဖြစ်ပြီး သံသယမဖြစ်အောင် ပိုပြီးရှောင်ကြဉ်ရမယ့် အသိမိတ်ဆွေတွေလည်း ဖြစ်သောကြောင့်ပင်။ သူ့အသက်အရွယ်မှာ အထူးမီးသတ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းမပြည့်မီပုံရသည်။ သူအရည်အချင်းမီတာ သူသိပေမယ့် အခြားသူတွေကတော့ ထိုသို့မတွေးလောက်ပေ။

နေ့လယ်ခင်းမှာ ဖီးနစ်စခန်းကို အကြီးအကဲတစ်ယောက် လာစစ်ဆေးသည်။ မီးဘေးကာကွယ်ရေး ပြန်လည်ပြင်ဆင်ခြင်းနှင့် အရေးပေါ်စီမံကွပ်ကဲရေးဌာန တည်ထောင်ဖွဲ့စည်းခြင်းတို့ လုပ်ဆောင်ပြီးသကာလ စခန်းအမျိုးမျိုးမှာ ‌အခြေကျအောင်လုပ်ပြီး ပြင်ဆင်နေရသည်။ အထူးသ‌ဖြင့် တပ်သားသစ်များ ခေါ်ယူခန့်ထားခြင်းနှင့် ပြည်သူများအာရုံစိုက်မှုရယူခြင်းတွင် ဖြစ်သည်။ သူတို့က ဟုန်းဝူနယ်မြေထဲမှာ တစ်ခုတည်းသော အထူးမီးသတ်တပ်ဖွဲ့ဖြစ်‌တာမို့ အရာအားလုံး စံပြဖြစ်ရန်လိုသည်။ ချွီယန်ပေါ်ရဲ့ အလုပ်တာဝန်ပမာဏကလည်း အခုတလော တကယ့်ကိုအလွန်ကြီးမားသည်။

ချန်းရှောင်ဖေးက ဌာနချုပ်ခေါင်းဆောင်နဲ့အတူလာပြီး ရန်ရိနဲ့ ချွီယန်ပေါင်ရဲ့ အလုပ်ကြိုးစားမှုကို ခေါင်းဆောင်တွေရှေ့မှာချီးကျူးသည်။ သို့ရာတွင် မပြန်ခင်မှာတော့ ပြီးခဲ့တဲ့လတွေမှာ ဆေးရုံတက်ခဲ့ရတဲ့ ရဲဘော်နှစ်ယောက်ကို ဆေးရုံပြန်ဆင်းရင် အာရုံစိုက်ထားဖို့ တိုးတိုးသတိပေးလာသည်။

ရန်ရိလည်း အရမ်းစိတ်မသက်မသာ ဖြစ်ရသည်။ စွန်းတင့်ရိနဲ့ ကောင်းကယ်ဒဏ်ရာတွေက မပြင်းထန်ဘဲ မလွန်ဆန်နိုင်တဲ့အဖြစ်မျိုး ကြုံခဲ့ရပေမယ့် ဘယ်မတော်တဆမှုမှာမဆို ခေါင်းဆောင်ကို အပြစ်မတင်ဘဲမနေရ။ သူတာဝန်ယူရမှာကို ဘယ်တော့မှမကြောက်ပေ။ သူကြောက်တာက ရဲဘော်တွေကိုအန္တရာယ်ကင်းကင်းနဲ့ တာဝန်ခေါ်သွားပြီး  အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာဖို့ တာဝန်မယူနိုင်မှာကိုသာဖြစ်သည်။

=========

အကြီးအကဲကိုပြန်ပို့ပြီးနောက် ရန်ရိတာဝန်ထွက်ရတာထက် ပိုပြင်ပန်းသလိုခံစားရပြီး ပါးတွေက တောင့်တောင့်ကြီးရယ်နေရသည်။ ချွီယန်ပေါ်က ဒီလိုကိစ္စတွေမှာ ရေထဲကငါးလိုပင်၊ သူကတော့ ပင်အပ်တွေ၊ ထိုးအပ်တွေပေါ်မှာ ထိုင်နေရသည့်အလား။ အဲ့တာကြောင့် အခြားသူတွေ သူတို့ကို အတွင်းသခင်နဲ့ အပြင်သခင်ဆိုပြီး ဝိုင်းရယ်ကြတာ၊ တကယ်လည်းမှန်ပါ၏။

ရန်ရိ ညစာစားဖို့တောင် အရမ်းပျင်းနေပြီး အသိုက်အောင်းဖို့ အဆောင်ပြန်သည်။

အဆုံးမှာတော့ သူကုံးရင့်ရှန်ဖုန်းခေါ်မှာကို စဉ်းစားမိနေဆဲဖြစ်သည်။

သူဖုန်းကို အကြာကြီးစိုက်ကြည့်နေပြီး၊ မြောင်မြောင်ကိုသွားချီကာ ဓာတ်ပုံနည်းနည်းရိုက်လိုက်သည်။ ပြီးတော့ ကုံးရင့်ရှန်ကိုပို့ပြီး စာလည်းရေးလိုက်သည်။

- ငါတို့ကြောင်လေး နည်းနည်းပိုကြီးလာပြီ -

အကြာကြီးနေပြီးမှ ကုံးရင့်ရှန် ပင်လယ်ပြာရောင်မြွေပုံတစ်ပုံပို့လာပြီး

- သူ Sachiel နဲ့ကစားလို့ရပြီလား? -

ရန်ရိပြုံးကာ စာပြန်လိုက်သည်။

- မရဘူး -

ကုံးရင့်ရှန် စာထပ်ပြန်မလာပေ။ ရန်ရိ သူအခု အလုပ်ရှုပ်နေလောက်ပြီလို့ ခန့်မှန်းလိုက်ပြီး သူတို့ chat မှတ်တမ်းကိုအခါခါ ပြန်ကြည့်ရင်း နောက်တစ်ခါနှစ်ယောက်တွဲ‌ပုံရိုက်ဖို့ အခွင့်အရေးရှာမယ်လို့ ‌တွေးလိုက်သည်။

ရန်ရိနာရီကြည့်လိုက်ပြီး စောနေသေးတော့ အိမ်ပြန်ပြီးသူ့အဖေနဲ့ ပေါင်ရှန့်ဓာတုစက်မှုဇုန်ကိစ္စ စကားပြောမယ်လို့ ဆုံးဖြတ်လိုက်သည်။

သူအိမ်ပြန်ရောက်တော့ ရန်ရှန့်ရုန်ကညစာစားပြီးရုံပင်။

ရန်ရိ နာနီကိုရှောင်ပေးဖို့ ပြောလိုက်သည်။

" လောင်ရန်၊ ကျွန်တော် အရင်တစ်ခါကပြောတာတွေ အကုန်မှတ်မိသေးလား? "

ရန်ရှန့်ရုန်အမူအရာက အနည်းငယ်တည်ကြည်နေလျက်။

" အဖေ့ကိုအရင်ပြော၊ မင်းဘာလို့ရုတ်တရက် နှစ်အကြာကြီးကကိစ္စတွေ ထမေးတာလဲ? တကယ်တော့ ငါမင်းကိုအရင်တစ်ခေါက် ဒီအမှုအကြောင်းပြောတုန်းက မင်းအမူအရာသိပ်မမှန်ဘူး "

ရန်ရိ ရန်ရှန့်ရုန်နောက်က ကော်ဖီစားပွဲကိုလှမ်းကြည့်လိုက်တော့ အဲ့ဒီ့ပေါ်မှာ ဒီအမှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းအပုံလိုက်ရှိနေသည်။ သူလျှောက်သွားလိုက်ပြီး ဝါကျင်ကျင်စာရွက်ပိုင်းလေးကို ဆွဲထုတ်လိုက်သည်။ ထိုစာရွက်က သူ့အဖေကုံးရင့်ရှန်ကို မီးတွင်းကကယ်ပေးခဲ့တဲ့ပုံပါသော သတင်းစာအဟောင်းတစ်ရွက်ဖြစ်သည်။ သူဓာတ်ပုံထဲက ကောင်လေးကိုလက်ညှိုးထိုးပြလိုက်ရင်း သူ့အသံကအနည်းငယ် လေးလံနေသည်။

" ဒီကလေးကုံးရင့်ရှန်က အခုဟန်းဝူဌာနခွဲမှာ မှုခင်းရဲအရာရှိပဲ၊ ဒီအချိန်အတောအတွင်း ကျွန်တော်မီးရှို့မှုတွေ စုံစမ်းဖို့ ရဲတွေကိုကူညီပေးခဲ့တယ်၊ ပြီးတော့ သူလည်းကျွန်တော်နဲ့အတူတူပဲ "

ရန်ရှန့်ရုန်က အံ့ဩပြီးပြောလာသည်။

" မင်းဘယ်အချိန်ကတည်းက ဒီအကြောင်းသိနေတာလဲ? "

" ကျွန်တော်တို့အရင်တစ်ခေါက် ဒီအကြောင်းပြောတုန်းကမှပါ၊ ကျွန်တော် ကုံးရင့်ရှန်အကြောင်း ကောလဟာလတွေ ကြားဖူးတယ်၊ ဒီမျိုးရိုးနာမည်က ‌အတော်ရှားတယ်လို့ထင်တာနဲ့ အတည်ပြုရအောင် အင်တာနက်ပေါ်က ရှာလိုက်တာ "

ရန်ရိ ခပ်ဖွဖွပြောလိုက်သည်။

" အဖေ ကုံးရင့်ရှန်တို့မိသားစုလေးယောက်မှာ သူတစ်ယောက်ပဲမီးထဲက အသက်ရှင်တာ၊ သူက သူ့အဖေသက်သေတာမဟုတ်ဘဲနဲ့ နာမည်ခံလူအနေနဲ့ အသတ်ခံရတာလို့ အခိုင်အမာခံယူထားတယ် "

ရန်ရှန့်ရုန် ရန်ရိကိုငေးကြည့်ရင်း သူ့အမူအရာကြည့်ရတာ ခဏလောက်အာရုံစုစည်းမရတဲ့ပုံပေါ်ပြီး ရေရွတ်လာသည်။

" အသတ်ခံရတာ.....ပေါင်ရှန့်ဓာတုစက်မှုဇုန်ကြောင့်လား? "

" အသေအချာပဲ၊ ပေါင်ရှန့်စက်မှုဇုန်မှာ တာဝန်အရှိဆုံးလူက သူ့အဖေလေ၊ ‌ပြီးတော့သေတာနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်လို့မရဘူး "

ရန်ရှန့်ရုန် မျက်မှောင်ကြုတ်သွားပြီး အကြာကြီးတိတ်ဆိတ်ကာ ပြောလာသည်။

" ဒီကလေးကအရမ်းငယ်ပြီး အသိစိတ်မှမရှိသေးပဲ၊ ဒါတွေအကုန်လုံးက သူအမှန်တရားကိုလက်မခံနိုင်လို့ ဖြစ်လာတဲ့ပုံရိပ်ယောင်တွေမဟုတ်ဘူးဆိုတာ မင်းဘယ်လိုလုပ် သေချာနိုင်တာလဲ? "

" ကျွန်တော်သူ့ကိုယုံတယ် "

ရန်ရိလွှတ်ခနဲ ထွက်သွားသည်။

ရန်ရှန့်ရုန် ရန်ရိကိုစိုက်ကြည့်လာ၏။

ရန်ရိ ဒီစကားလုံးတွေက အခြေအနေမသင့်ဘူးဆိုတာသိပြီး ဖြည့်ပြောလိုက်သည်။

" လူတစ်ယောက်ကိုယုံတာက အမှန်တရားကိုဆုံးဖြတ်တဲ့နေရာမှာ အခြေခံမကျဘူးဆိုတာသိပေမယ့် ဒီအမှုမှာ တကယ်သံသယဖြစ်စရာကောင်းတဲ့ တစ်ခုရှိတယ် "

သူ ငှက်မျက်နှာဖုံးတပ်ထားတဲ့ တရားခံအကြောင်း ပြောပြလိုက်သည်။

" တကယ်လို့ ကုံးရင့်ရှန်ငယ်ဘဝမှတ်ဉာဏ်တွေက ယုံကြည်မရဘူးဆိုရင်၊ အခုဖမ်းမိထားတဲ့တရားခံက အရင်ကအခင်းဖြစ်တဲ့နေရာမှာ ဒီလိုလူမျိုးရှိခဲ့ကြောင်း အပြည့်အဝသက်သေပြနိုင်တယ် "

ရန်ရှန့်ရုန် အသက်ဝဝရှူလိုက်ပြီး၊ အိုမင်းနေတဲ့မျက်နှာမှာ ရှုပ်ထွေးထွေးအကြည့်တစ်ခုပေါ်လာလျက်၊ ရေရွတ်လိုက်သည်။

" တကယ်ပဲ လုပ်ကြံခံရတာဖြစ်နိုင်လား....."

" ‌အဖေ၊ ‌ကုံးရင့်ရှန်နဲ့ ခေါင်းဆောင်ချိုးက ရှစ်နှစ်လုံးလုံး အမှန်တရားနောက်လိုက်နေကြတာ၊ အခုတော့ သူတို့သဲလွန်စအသစ်တွေ ရလာပြီ၊ အဖေတစ်ယောက်ပဲ ပေါင်ရှန့်စက်မှုဇုန်မီးလောင်မှုမှာရော ကုံးမိသားစုမီးလောင်မှုမှာပါ တစ်ပြိုင်တည်း တာဝန်ကျတဲ့မီးသတ်သမားရှိတယ်၊ ကျွန်တော်တို့ကို ကူညီပါ "

ရန်ရှန့်ရုန် ရန်ရိကို လေးလေးနက်နက် ကြည့်လာသည်။

" အဖေတစ်ယောက်ပဲ အခုချိန်ထိအသက်ရှင်သေးတာ ဖြစ်လောက်မယ် "

ရန်ရိမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" အဖေအခြားသူတွေကိုရော မှတ်မိသေးလား? ကျွန်တော် အခြားစီနီယာတွေနဲ့လည်း ပြောကြည့်ဖို့လုပ်ထားတယ် "

ရန်ရှန့်ရုန် စဉ်းစားကြည့်လိုက်ပြီး

" ပေါင်ရှန့်စက်မှုဇုန်ကိစ္စမှာ စခန်းပေါင်းဆယ့်နှစ်ခု စေလွှတ်ခံရတယ်၊ ရှေ့တန်းကယ်ဆယ်ရေးမှာ တာဝန်ကျတဲ့သူတွေအားလုံး အသက်ရှင်ကျန်တဲ့သူ သိပ်မရှိဘူး၊ ဒါပေမယ့် အဲ့တုန်းက ကုံးမိသားစုအိမ်က ဟုန်းဝူနယ်မြေထဲမှာဆိုတော့ စခန်းနှစ်ခုဝာာဝန်ကျတယ်၊ အမှုနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်းတာဝန်ကျတဲ့ စခန်းဆိုရင်တော့...."

သူ ခဏလောက်စဉ်းစားလိုက်ပြီး

" အဖေ အဲ့နှစ်ကတာဝန်ကျစာရင်းကို ပြန်ကြည့်မှရမယ်၊ အခုတော့ အဖေနဲ့ လောင်ချန်းပဲ မှတ်မိတော့တယ် "

အရင်က ချန်းရှောင်ဖေးက သူ့အဖေရဲ့လက်ထောက်စခန်းမှူး ဖြစ်သည်။ ရန်ရိ ဒီအဖြေကို ထင်ထားခဲ့ပြီးသား။

" လေးလေးချန်းဘက်ကိုတော့ ကျွန်တော် ခိုင်မာတဲ့သက်သေမတွေ့မချင်း ပေးမသိစေချင်ဘူး "

ရန်ရှန့်ရုန်က ခေါင်းညိတ်ပြီး

" အဖေကမင်းကို အခုရှောင်ဖေးက ဌာနချုပ်ခေါင်းဆောင်ဆိုတာပဲ သတိပေးချင်တာပါ၊ သူ့ကိုတစ်ခုခုကြောင့် မဆင်မခြင် ဒုက္ခမပေးမိစေနဲ့၊ မင်းအဲ့နှစ်ကအမှုကို တကယ်သံသယဖြစ်စရာကောင်းတယ်လို့ ထင်တယ်ဆိုတော့ အဖေလည်းကိုယ့်သားကိုယ် ယုံပါတယ်၊ အခုအဖေမှတ်မိနိုင်သလောက် မင်းကိုအစအဆုံးပြောပြမယ် "

============

နောက်ပိုင်းစာပြန်စစ်ရင်း ရာထူးပတ်သက်မှုတွေ ပြန်ပြောပေးပါ့မယ်၊ အခုတော့မအားသေးလို့ပါနော်၊ မျက်ရိုးတွေလည်း ထိုးကိုက်နေလို့ပါ

If u wanna support me

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel

[ 09795118580 - send a simple message ]

============

Sat, Aug 21, 2021

‼️ ဂ႐ုစိုက္ၿပီးဖတ္ေပးပါ! ဇာတ္လမ္းရဲ႕ေ႐ွ႕မွာ ျဖစ္ပ်က္မယ့္ကိစၥေတြရဲ႕ အရင္းခံအေၾကာင္းအရာေတြပါတာမို႔ပါ၊ သတိထား‌ဖတ္ေပးပါ ‼️

===========

{ Zawgyi }

ရန္ရိ စခန္းျပန္သြားၿပီးေတာ့ အႀကီးအကဲကိုႀကိဳဖို႔ အဝတ္အစားလဲရန္ အဆင္သင့္‌ျဖစ္ေနၿပီ။ သို႔ေသာ္ သူအေဆာက္အဦးထဲဝင္ဝင္ခ်င္း ခြၽီယန္ေပၚတားတာ ခံလိုက္ရသည္။

" လာ လာ "

ခြၽီယန္ေပၚ သူ႕ကိုႏႈတ္ဆက္ၿပီး

" ငါနဲ႔ ကားဂိုေဒါင္ထဲ လိုက္ခဲ့ "

ရန္ရိ ခြၽီယန္ေပၚလက္ထဲမွာ SLR ( single-lens reflex camera ) နဲ႔ ဟိုလုပ္သည္လုပ္ လုပ္ေနတာကိုၾကည့္လိုက္ၿပီး :

" မင္းဘာေတြ႐ိုက္ေနတာလဲ? "

" ခ်စ္ရည္႐ႊမ္းတဲ့ ဇာတ္ကားေတြေလ "

ခြၽီယန္ေပၚက သာမန္ကာလွ်ံကာ ျပန္ေျဖသည္။

ရန္ရိ ျပဳံးလိုက္ၿပီး :

" ဒီလိုကိစၥေတြအတြက္ ငါ့ကို႐ွာတာမွန္တာေပါ့ "

သူ ကားဂိုေဒါင္ကိုေရာက္ေတာ့၊ မီးသတ္ေလွကားတစ္ကန္႔ ဆန္႔ထုတ္ထားသည္ကို ျမင္လိုက္ရၿပီး၊ လီဆာက ထိုကား‌ေလွကားမွာ ေဇာက္ထိုးတြဲေလာင္းခ်လ်က္၊ ေအာက္က တပ္သားေတြအားလုံး လက္ခုပ္ဩဘာေပးရင္း ေအာ္ဟစ္ေနၾကသည္။

" ဒါကဘာအတြက္လဲ? "

ရန္ရိ အနည္းငယ္တုန္လႈပ္ကာ ၾကည့္လိုက္သည္။

" သူ႕ကို ဘယ္သူတက္ခိုင္းတာလဲ? "

" နည္းျပက သူ႕ကို video cut တစ္ခု႐ိုက္ၿပီး ကြၽန္ေတာ္တို႔ weibo ‌မွာတင္မယ္လို႔ ေျပာတယ္ "

စြန္းတင့္ရိက ေခါင္းမာမာနဲ႔ေျပာသည္။

" လူအားလုံး စကၠန္႔နည္းနည္းစီ ခြဲလုပ္ၿပီးသြားၿပီ၊ ဒါသူလုပ္ခ်င္တဲ့ဟာပဲ "

လီဆာျပဳံးၿပီး ရန္ရိကိုလက္ယမ္းျပသည္။

" မဂၤလာပါ၊ ေခါင္ေဆာင္ "

" ဟာ မင္းကအရမ္းႀကီးေနၿပီ၊ အ႐ူးမေလး "

ရန္ရိ ခြၽီယန္ေပၚကို လွမ္းၾကည့္လိုက္သည္။

" မင္းက ဘာ႐ိုက္မွာလဲ? ႐ိုက္ကူးေရးၿပီးရင္ ျပန္ခ်ေပးလိုက္ "

ခြၽီယန္ေပၚ ေျပာလိုက္သည္။

" လီဆာ၊ ငါ သုံးကေနတစ္အထိ ေရမယ္၊ ၿပီးတဲ့အထိမရယ္နဲ႔ "

" OK "

" သုံး ႏွစ္ တစ္ "

ခြၽီယန္ေပၚ ကင္မရာကို လီဆာဘက္ ခ်ိန္လိုက္သည္။

လီဆာ ေဇာက္ထိုးဆြဲရင္း အိပ္ထမတင္ စလုပ္သည္။ လႈပ္႐ွားမႈမ်ားက ေသသပ္ျမန္ဆန္ၿပီး အသက္တစ္ေအာင့္စာမွာ အခါႏွစ္‌ဆယ္ေလာက္ လုပ္ႏိုင္သည္။ ေနာက္ဆုံးအႀကိမ္ ျပန္ထတဲ့အခါ ေလွကားကို လက္ႏွစ္ဖက္လုံးနဲ႔ကိုင္လိုက္ၿပီး ေျခတံ႐ွည္ႏွစ္ဖက္ကိုလႈပ္ခါရင္း ခႏၶာကိုယ္ကို ေျဖာင့္ေျဖာင့္တန္းတန္း ဆန္႔ထုတ္လိုက္သည္။ တုန္လႈပ္ျခင္း မ႐ွိသေလာက္ပင္။ လက္ေတြေျဖခ်လိုက္ေတာ့ လူကၿငိမ္ၿငိမ္သက္သက္ပဲ က်လာသည္။

" ေတာ္တယ္ "

အားလုံး ဩဘာေပးရင္း ေအာ္ၾကသည္။

ခြၽီယန္ေပၚလည္း ေအာ္ၿပီး

" ေကာင္းတယ္ ေကာင္းတယ္၊ ေအာင္ျမင္သြားၿပီ "

" ဘာေတြ ႀကီးႀကီးက်ယ္က်ယ္ လုပ္ေနတာလဲ? "

" ကြၽန္‌ေတာ္တို႔ ဆာက်ဲက အခုအရမ္းေပၚျပဴလာျဖစ္ေနတယ္ေလ၊ ဖန္အမ်ားႀကီး သူ႕ကိုျမင္ခ်င္ေနၾကတာ "

တင္းခ်င္ ေျပာလာသည္။

" ေခါင္းေဆာင္ရန္၊ ေခါင္းေဆာင္လည္း မ်က္ႏွာျပသင့္တယ္ေနာ္၊ ေခါင္းေဆာင္မ်က္ႏွာျမင္ရင္ ကြၽန္ေတာ္တို႔ weibo အာ႐ုံစိုက္မႈ ျမင့္တက္သြားမွာပဲ "

" မျပဘူး "

ရန္ရိ ႏႈတ္ခမ္းတြန္႔လိုက္ၿပီး

" ငါထ်န္ခ်ီမီးသတ္ဌာနအတြက္ ေၾကာ္ျငာဗီဒီယိုလုပ္တုန္းကဆို ႏွစ္အၾကာႀကီး ဟားတိုက္ခံခဲ့ရတာ၊ ငါ့သူငယ္ခ်င္းေတြဆို ေတြ႕တာနဲ႔ ငါ့ေနာက္ကလိုက္လုပ္ၾကေရာ "

သူ ခြၽီယန္ေပၚကို လက္ညိႇဳးထိုးၿပီး

" မင္းလုပ္ခ်င္လည္း ငါ့ကိုေတာ့လႊတ္ေပးရမယ္ "

ဒီႏွစ္မွလာတဲ့ တပ္သားငယ္ေလးက ျပဳံးရင္း ေျပာလာသည္။

" ေခါင္းေဆာင္ရန္ ကြၽန္ေတာ္ကေလးဘဝကတည္းက ေခါင္းေဆာင္ဗီဒီယိုေတြ ၾကည့္ၿပီး ႀကီးျပင္းလာတာ "

႐ုတ္တရက္ စြန္းတင့္ရိက မတ္မတ္ထရပ္လိုက္ၿပီး ရင္ဘတ္နဲ႔ ဝမ္းဗိုက္‌ေပၚ လက္ယွက္ကာ မ်က္ႏွာက ခန္႔ညားတည္ၾကည္လ်က္၊ မ်က္လုံးမ်ားက စူး႐ွေနၿပီး အေဝးကိုၾကည့္ကာ သ႐ုပ္ေဆာင္ေျပာလိုက္သည္။

" မီးေဘးလုံျခဳံမႈက မိသားစုေထာင္ေပါင္းမ်ားစြာအတြက္ပါ၊ ၿပီးေတာ့ ကာကြယ္မႈကလည္း မင္းတို႔၊ ကြၽန္ေတာ္နဲ႔ သူတို႔ေပၚ မူတည္တယ္ "

အားလုံးရယ္ၾကေတာ့ ရန္ရိေျခေထာက္ေျမႇာက္ၿပီး သူ႕ကိုကန္လိုက္သည္။

ခြၽီယန္ေပၚက အျပစ္မဲ့စြာ ပခုံးတြန္႔ျပၿပီး

" ငါက အထက္လူႀကီးေတြ အမိန္႔ကို လိုက္နာ႐ုံပဲ၊ အခုေရာ ငါ့မွာေၾကာ္ျငာကိစၥဘယ္ေလာက္ေတာင္ လုပ္စရာမ်ားလည္းမင္းသိလား? မင္းမ်က္ႏွာ ျပလို႔မရလည္း အသားေတာ့ျပလို႔ရတယ္မလား "

ရန္ရိ တည္တံ့ခ်င္ေယာင္ေဆာင္လိုက္ၿပီး

" မင္းငါ့ကို ဘယ္သူထင္ေနတာလဲ? "

" ငါမင္းကို လူလို႔မထင္ဘူး "

ခြၽီ‌ယန္ေပၚ နာရီၾကည့္လိုက္ၿပီး

" အႀကီးအကဲ မၾကာခင္ေရာက္ေတာ့မယ္၊ ျမန္ျမန္ခြၽတ္လိုက္ေတာ့ "

[ T/n : 領導( lǐngdǎo ) - Leader, အားလုံးရဲ႕အႀကီးအမႉး/ေခါင္းေဆာင္ဆိုတဲ့ အဓိပၸါယ္မ်ိဳးဆိုေတာ့ မီးသတ္ဘက္မွာေျပာရရင္ ၫႊန္ခ်ဳပ္လား ဘာလားမသိဘူး၊ ေ႐ွ႕ပိုင္းေတြမွာ အႀကီးအကဲလို႔ပဲ သုံးခဲ့မယ္ထင္တယ္၊ စာျပန္မစစ္အားေသးလို႔ပါ ]

ရန္ရိ အထြန္႔တက္လိုက္သည္။

" ထူးထူးျခားျခား ေအးေနသလိုပဲ...."

သို႔ေသာ္ အက်ႌခြၽတ္လိုက္ဆဲသာျဖစ္ၿပီး အဆီပိုမ႐ွိ က်စ္လစ္ေတာင့္တင္းေသာ ခႏၶာကိုယ္အေပၚပိုင္းကို လွစ္ဟာျပလိုက္သည္။ ကားဂိုေဒါင္အေပါက္ဝကေန ေလတစ္ခ်က္တိုးေဝ့လာေတာ့ သူနည္းနည္း တုန္တက္သြား၏။

" ဝိုး ရင္ဘတ္၊ ခါး၊ လန္းလိုက္တာ "

လ်ိဳေဟြးက လက္ခုပ္တီးသည္။

ခြၽီယန္ေပၚက ႐ႈေထာင့္အမ်ိဳးမ်ိဳးကေန ဓာတ္ပုံ႐ိုက္ၿပီး ေက်နပ္အားရမႈျဖင့္ ေျပာလာသည္။

" မဆိုးဘူး၊ အလားအလာ႐ွိတယ္ "

ရန္ရိ ကိုယ္ကိုင္းၿပီး screen ကိုၾကည့္ကာ အေတာ္ေက်နပ္သြားၿပီး

" ငါ့ဖုန္းထဲ ပို႔လိုက္ "

ခြၽီယန္ေပၚက သူ႕ကိုမ်က္ေစာင္းထိုးၾကည့္ၿပီး

" မင္းဘာလုပ္မလို႔လဲ? "

" ငါ့ပုံေတြ ငါဘယ္လိုသုံးမလဲဆိုတာ မင္းကိုတင္ျပစရာလား "

ခြၽီယန္ေပၚက မ်က္မွန္ပင့္တင္လိုက္ၿပီး ညစ္က်ယ္က်ယ္အျပဳံး ေပၚလာလ်က္၊ အသံႏွိမ့္ၿပီးေျပာလာသည္။

" စစ္ေဟာ္ မင္းဘယ္သူ႕ကို ဒီပုံေတြျပၿပီး ေနာက္မလို႔လဲ? "

" စိတ္ပူမေနနဲ႔၊ ငါ့ကိုပို႔ေပး "

ရန္ရိစိတ္ထဲမွာေတာ့ ဒီပုံေတြကိုဘယ္လိုနည္းနဲ႔ ကုံးရင့္႐ွန္အမွတ္တမဲ့ျမင္ေအာင္ ျပရမလဲဆိုတာ ေတြးၿပီးၿပီျဖစ္သည္။

" သိၿပီ "

" စကားမစပ္ မင္း ငါစစ္ၾကည့္ခိုင္းထားတာေတြ ဘယ္လိုစစ္ၾကည့္လိုက္လဲ? "

" ငါအကူညီေတာင္းလိုက္တယ္၊ ဌာနခ်ဳပ္ထိန္းသိမ္းေရးအခန္းက အေတာ္စုံ‌ေနၿပီ၊ ဒါေပမယ့္ ငါထုတ္ဖို႔အေၾကာင္းျပခ်က္ ႐ွာမရဘူး၊ အကူညီေပးေလာက္မယ့္ သူငယ္ခ်င္းတစ္ေယာက္ ႐ွာေနတာ "

" ေက်းဇူးပဲကြာ "

သူတကယ္ေတာ့ ခ်န္းေ႐ွာင္ေဖးကို ဒီကိစၥေတြ ကူညီေပးဖို႔ေမးႏိုင္တယ္၊ ဒါေပမယ့္ တိတိက်က်ေျပာရရင္ ခ်န္းေ႐ွာင္ေဖးနဲ႔သူ႕အေဖက ရဲေဘာ္ေဟာင္းေတြျဖစ္ၿပီး သံသယမျဖစ္ေအာင္ ပိုၿပီးေ႐ွာင္ၾကဥ္ရမယ့္ အသိမိတ္ေဆြေတြလည္း ျဖစ္ေသာေၾကာင့္ပင္။ သူ႕အသက္အ႐ြယ္မွာ အထူးမီးသတ္တပ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္ဖို႔ အရည္အခ်င္းမျပည့္မီပုံရသည္။ သူအရည္အခ်င္းမီတာ သူသိေပမယ့္ အျခားသူေတြကေတာ့ ထိုသို႔မေတြးေလာက္ေပ။

ေန႔လယ္ခင္းမွာ ဖီးနစ္စခန္းကို အႀကီးအကဲတစ္ေယာက္ လာစစ္ေဆးသည္။ မီးေဘးကာကြယ္ေရး ျပန္လည္ျပင္ဆင္ျခင္းႏွင့္ အေရးေပၚစီမံကြပ္ကဲေရးဌာန တည္ေထာင္ဖြဲ႕စည္းျခင္းတို႔ လုပ္ေဆာင္ၿပီးသကာလ စခန္းအမ်ိဳးမ်ိဳးမွာ ‌အေျခက်ေအာင္လုပ္ၿပီး ျပင္ဆင္ေနရသည္။ အထူးသ‌ျဖင့္ တပ္သားသစ္မ်ား ေခၚယူခန္႔ထားျခင္းႏွင့္ ျပည္သူမ်ားအာ႐ုံစိုက္မႈရယူျခင္းတြင္ ျဖစ္သည္။ သူတို႔က ဟုန္းဝူနယ္ေျမထဲမွာ တစ္ခုတည္းေသာ အထူးမီးသတ္တပ္ဖြဲ႕ျဖစ္‌တာမို႔ အရာအားလုံး စံျပျဖစ္ရန္လိုသည္။ ခြၽီယန္ေပၚရဲ႕ အလုပ္တာဝန္ပမာဏကလည္း အခုတေလာ တကယ့္ကိုအလြန္ႀကီးမားသည္။

ခ်န္းေ႐ွာင္ေဖးက ဌာနခ်ဳပ္ေခါင္းေဆာင္နဲ႔အတူလာၿပီး ရန္ရိနဲ႔ ခြၽီယန္ေပါင္ရဲ႕ အလုပ္ႀကိဳးစားမႈကို ေခါင္းေဆာင္ေတြေ႐ွ႕မွာခ်ီးက်ဴးသည္။ သို႔ရာတြင္ မျပန္ခင္မွာေတာ့ ၿပီးခဲ့တဲ့လေတြမွာ ေဆး႐ုံတက္ခဲ့ရတဲ့ ရဲေဘာ္ႏွစ္ေယာက္ကို ေဆး႐ုံျပန္ဆင္းရင္ အာ႐ုံစိုက္ထားဖို႔ တိုးတိုးသတိေပးလာသည္။

ရန္ရိလည္း အရမ္းစိတ္မသက္မသာ ျဖစ္ရသည္။ စြန္းတင့္ရိနဲ႔ ေကာင္းကယ္ဒဏ္ရာေတြက မျပင္းထန္ဘဲ မလြန္ဆန္ႏိုင္တဲ့အျဖစ္မ်ိဳး ၾကဳံခဲ့ရေပမယ့္ ဘယ္မေတာ္တဆမႈမွာမဆို ေခါင္းေဆာင္ကို အျပစ္မတင္ဘဲမေနရ။ သူတာဝန္ယူရမွာကို ဘယ္ေတာ့မွမေၾကာက္ေပ။ သူေၾကာက္တာက ရဲေဘာ္ေတြကိုအႏၲရာယ္ကင္းကင္းနဲ႔ တာဝန္ေခၚသြားၿပီး  အႏၲရာယ္ကင္းကင္းနဲ႔ ျပန္ေခၚလာဖို႔ တာဝန္မယူႏိုင္မွာကိုသာျဖစ္သည္။

=========

အႀကီးအကဲကိုျပန္ပို႔ၿပီးေနာက္ ရန္ရိတာဝန္ထြက္ရတာထက္ ပိုျပင္ပန္းသလိုခံစားရၿပီး ပါးေတြက ေတာင့္ေတာင့္ႀကီးရယ္ေနရသည္။ ခြၽီယန္ေပၚက ဒီလိုကိစၥေတြမွာ ေရထဲကငါးလိုပင္၊ သူကေတာ့ ပင္အပ္ေတြ၊ ထိုးအပ္ေတြေပၚမွာ ထိုင္ေနရသည့္အလား။ အဲ့တာေၾကာင့္ အျခားသူေတြ သူတို႔ကို အတြင္းသခင္နဲ႔ အျပင္သခင္ဆိုၿပီး ဝိုင္းရယ္ၾကတာ၊ တကယ္လည္းမွန္ပါ၏။

ရန္ရိ ညစာစားဖို႔ေတာင္ အရမ္းပ်င္းေနၿပီး အသိုက္ေအာင္းဖို႔ အေဆာင္ျပန္သည္။

အဆုံးမွာေတာ့ သူကုံးရင့္႐ွန္ဖုန္းေခၚမွာကို စဥ္းစားမိေနဆဲျဖစ္သည္။

သူဖုန္းကို အၾကာႀကီးစိုက္ၾကည့္ေနၿပီး၊ ေျမာင္ေျမာင္ကိုသြားခ်ီကာ ဓာတ္ပုံနည္းနည္း႐ိုက္လိုက္သည္။ ၿပီးေတာ့ ကုံးရင့္႐ွန္ကိုပို႔ၿပီး စာလည္းေရးလိုက္သည္။

- ငါတို႔ေၾကာင္ေလး နည္းနည္းပိုႀကီးလာၿပီ -

အၾကာႀကီးေနၿပီးမွ ကုံးရင့္႐ွန္ ပင္လယ္ျပာေရာင္ေႁမြပုံတစ္ပုံပို႔လာၿပီး

- သူ Sachiel နဲ႔ကစားလို႔ရၿပီလား? -

ရန္ရိျပဳံးကာ စာျပန္လိုက္သည္။

- မရဘူး -

ကုံးရင့္႐ွန္ စာထပ္ျပန္မလာေပ။ ရန္ရိ သူအခု အလုပ္႐ႈပ္ေနေလာက္ၿပီလို႔ ခန္႔မွန္းလိုက္ၿပီး သူတို႔ chat မွတ္တမ္းကိုအခါခါ ျပန္ၾကည့္ရင္း ေနာက္တစ္ခါႏွစ္ေယာက္တြဲ‌ပုံ႐ိုက္ဖို႔ အခြင့္အေရး႐ွာမယ္လို႔ ‌ေတြးလိုက္သည္။

ရန္ရိနာရီၾကည့္လိုက္ၿပီး ေစာေနေသးေတာ့ အိမ္ျပန္ၿပီးသူ႕အေဖနဲ႔ ေပါင္႐ွန္႔ဓာတုစက္မႈဇုန္ကိစၥ စကားေျပာမယ္လို႔ ဆုံးျဖတ္လိုက္သည္။

သူအိမ္ျပန္ေရာက္ေတာ့ ရန္႐ွန္႔႐ုန္ကညစာစားၿပီး႐ုံပင္။

ရန္ရိ နာနီကိုေ႐ွာင္ေပးဖို႔ ေျပာလိုက္သည္။

" ေလာင္ရန္၊ ကြၽန္ေတာ္ အရင္တစ္ခါကေျပာတာေတြ အကုန္မွတ္မိေသးလား? "

ရန္႐ွန္႔႐ုန္အမူအရာက အနည္းငယ္တည္ၾကည္ေနလ်က္။

" အေဖ့ကိုအရင္ေျပာ၊ မင္းဘာလို႔႐ုတ္တရက္ ႏွစ္အၾကာႀကီးကကိစၥေတြ ထေမးတာလဲ? တကယ္ေတာ့ ငါမင္းကိုအရင္တစ္ေခါက္ ဒီအမႈအေၾကာင္းေျပာတုန္းက မင္းအမူအရာသိပ္မမွန္ဘူး "

ရန္ရိ ရန္႐ွန္႔႐ုန္ေနာက္က ေကာ္ဖီစားပြဲကိုလွမ္းၾကည့္လိုက္ေတာ့ အဲ့ဒီ့ေပၚမွာ ဒီအမႈနဲ႔သက္ဆိုင္တဲ့ စာ႐ြက္စာတမ္းအပုံလိုက္႐ွိေနသည္။ သူေလွ်ာက္သြားလိုက္ၿပီး ဝါက်င္က်င္စာ႐ြက္ပိုင္းေလးကို ဆြဲထုတ္လိုက္သည္။ ထိုစာ႐ြက္က သူ႕အေဖကုံးရင့္႐ွန္ကို မီးတြင္းကကယ္ေပးခဲ့တဲ့ပုံပါေသာ သတင္းစာအေဟာင္းတစ္႐ြက္ျဖစ္သည္။ သူဓာတ္ပုံထဲက ေကာင္ေလးကိုလက္ညိႇဳးထိုးျပလိုက္ရင္း သူ႕အသံကအနည္းငယ္ ေလးလံေနသည္။

" ဒီကေလးကုံးရင့္႐ွန္က အခုဟန္းဝူဌာနခြဲမွာ မႈခင္းရဲအရာ႐ွိပဲ၊ ဒီအခ်ိန္အေတာအတြင္း ကြၽန္ေတာ္မီး႐ိႈ႕မႈေတြ စုံစမ္းဖို႔ ရဲေတြကိုကူညီေပးခဲ့တယ္၊ ၿပီးေတာ့ သူလည္းကြၽန္ေတာ္နဲ႔အတူတူပဲ "

ရန္႐ွန္႔႐ုန္က အံ့ဩၿပီးေျပာလာသည္။

" မင္းဘယ္အခ်ိန္ကတည္းက ဒီအေၾကာင္းသိေနတာလဲ? "

" ကြၽန္ေတာ္တို႔အရင္တစ္ေခါက္ ဒီအေၾကာင္းေျပာတုန္းကမွပါ၊ ကြၽန္ေတာ္ ကုံးရင့္႐ွန္အေၾကာင္း ေကာလဟာလေတြ ၾကားဖူးတယ္၊ ဒီမ်ိဳး႐ိုးနာမည္က ‌အေတာ္႐ွားတယ္လို႔ထင္တာနဲ႔ အတည္ျပဳရေအာင္ အင္တာနက္ေပၚက ႐ွာလိုက္တာ "

ရန္ရိ ခပ္ဖြဖြေျပာလိုက္သည္။

" အေဖ ကုံးရင့္႐ွန္တို႔မိသားစုေလးေယာက္မွာ သူတစ္ေယာက္ပဲမီးထဲက အသက္႐ွင္တာ၊ သူက သူ႕အေဖသက္ေသတာမဟုတ္ဘဲနဲ႔ နာမည္ခံလူအေနနဲ႔ အသတ္ခံရတာလို႔ အခိုင္အမာခံယူထားတယ္ "

ရန္႐ွန္႔႐ုန္ ရန္ရိကိုေငးၾကည့္ရင္း သူ႕အမူအရာၾကည့္ရတာ ခဏေလာက္အာ႐ုံစုစည္းမရတဲ့ပုံေပၚၿပီး ေရ႐ြတ္လာသည္။

" အသတ္ခံရတာ.....ေပါင္႐ွန္႔ဓာတုစက္မႈဇုန္ေၾကာင့္လား? "

" အေသအခ်ာပဲ၊ ေပါင္႐ွန္႔စက္မႈဇုန္မွာ တာဝန္အ႐ွိဆုံးလူက သူ႕အေဖေလ၊ ‌ၿပီးေတာ့ေသတာနဲ႔ သူတို႔ကိုယ္သူတို႔ ကာကြယ္လို႔မရဘူး "

ရန္႐ွန္႔႐ုန္ မ်က္ေမွာင္ၾကဳတ္သြားၿပီး အၾကာႀကီးတိတ္ဆိတ္ကာ ေျပာလာသည္။

" ဒီကေလးကအရမ္းငယ္ၿပီး အသိစိတ္မွမ႐ွိေသးပဲ၊ ဒါေတြအကုန္လုံးက သူအမွန္တရားကိုလက္မခံႏိုင္လို႔ ျဖစ္လာတဲ့ပုံရိပ္ေယာင္ေတြမဟုတ္ဘူးဆိုတာ မင္းဘယ္လိုလုပ္ ေသခ်ာႏိုင္တာလဲ? "

" ကြၽန္ေတာ္သူ႕ကိုယုံတယ္ "

ရန္ရိလႊတ္ခနဲ ထြက္သြားသည္။

ရန္႐ွန္႔႐ုန္ ရန္ရိကိုစိုက္ၾကည့္လာ၏။

ရန္ရိ ဒီစကားလုံးေတြက အေျခအေနမသင့္ဘူးဆိုတာသိၿပီး ျဖည့္ေျပာလိုက္သည္။

" လူတစ္ေယာက္ကိုယုံတာက အမွန္တရားကိုဆုံးျဖတ္တဲ့ေနရာမွာ အေျခခံမက်ဘူးဆိုတာသိေပမယ့္ ဒီအမႈမွာ တကယ္သံသယျဖစ္စရာေကာင္းတဲ့ တစ္ခု႐ွိတယ္ "

သူ ငွက္မ်က္ႏွာဖုံးတပ္ထားတဲ့ တရားခံအေၾကာင္း ေျပာျပလိုက္သည္။

" တကယ္လို႔ ကုံးရင့္႐ွန္ငယ္ဘဝမွတ္ဉာဏ္ေတြက ယုံၾကည္မရဘူးဆိုရင္၊ အခုဖမ္းမိထားတဲ့တရားခံက အရင္ကအခင္းျဖစ္တဲ့ေနရာမွာ ဒီလိုလူမ်ိဳး႐ွိခဲ့ေၾကာင္း အျပည့္အဝသက္ေသျပႏိုင္တယ္ "

ရန္႐ွန္႔႐ုန္ အသက္ဝဝ႐ွဴလိုက္ၿပီး၊ အိုမင္းေနတဲ့မ်က္ႏွာမွာ ႐ႈပ္ေထြးေထြးအၾကည့္တစ္ခုေပၚလာလ်က္၊ ေရ႐ြတ္လိုက္သည္။

" တကယ္ပဲ လုပ္ၾကံခံရတာျဖစ္ႏိုင္လား....."

" ‌အေဖ၊ ‌ကုံးရင့္႐ွန္နဲ႔ ေခါင္းေဆာင္ခ်ိဳးက ႐ွစ္ႏွစ္လုံးလုံး အမွန္တရားေနာက္လိုက္ေနၾကတာ၊ အခုေတာ့ သူတို႔သဲလြန္စအသစ္ေတြ ရလာၿပီ၊ အေဖတစ္ေယာက္ပဲ ေပါင္႐ွန္႔စက္မႈဇုန္မီးေလာင္မႈမွာေရာ ကုံးမိသားစုမီးေလာင္မႈမွာပါ တစ္ၿပိဳင္တည္း တာဝန္က်တဲ့မီးသတ္သမား႐ွိတယ္၊ ကြၽန္ေတာ္တို႔ကို ကူညီပါ "

ရန္႐ွန္႔႐ုန္ ရန္ရိကို ေလးေလးနက္နက္ ၾကည့္လာသည္။

" အေဖတစ္ေယာက္ပဲ အခုခ်ိန္ထိအသက္႐ွင္ေသးတာ ျဖစ္ေလာက္မယ္ "

ရန္ရိမ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။

" အေဖအျခားသူေတြကိုေရာ မွတ္မိေသးလား? ကြၽန္ေတာ္ အျခားစီနီယာေတြနဲ႔လည္း ေျပာၾကည့္ဖို႔လုပ္ထားတယ္ "

ရန္႐ွန္႔႐ုန္ စဥ္းစားၾကည့္လိုက္ၿပီး

" ေပါင္႐ွန္႔စက္မႈဇုန္ကိစၥမွာ စခန္းေပါင္းဆယ့္ႏွစ္ခု ေစလႊတ္ခံရတယ္၊ ေ႐ွ႕တန္းကယ္ဆယ္ေရးမွာ တာဝန္က်တဲ့သူေတြအားလုံး အသက္႐ွင္က်န္တဲ့သူ သိပ္မ႐ွိဘူး၊ ဒါေပမယ့္ အဲ့တုန္းက ကုံးမိသားစုအိမ္က ဟုန္းဝူနယ္ေျမထဲမွာဆိုေတာ့ စခန္းႏွစ္ခုဝာာဝန္က်တယ္၊ အမႈႏွစ္ခုစလုံးကို တစ္ၿပိဳင္နက္တည္းတာဝန္က်တဲ့ စခန္းဆိုရင္ေတာ့...."

သူ ခဏေလာက္စဥ္းစားလိုက္ၿပီး

" အေဖ အဲ့ႏွစ္ကတာဝန္က်စာရင္းကို ျပန္ၾကည့္မွရမယ္၊ အခုေတာ့ အေဖနဲ႔ ေလာင္ခ်န္းပဲ မွတ္မိေတာ့တယ္ "

အရင္က ခ်န္းေ႐ွာင္ေဖးက သူ႕အေဖရဲ႕လက္ေထာက္စခန္းမႉး ျဖစ္သည္။ ရန္ရိ ဒီအေျဖကို ထင္ထားခဲ့ၿပီးသား။

" ေလးေလးခ်န္းဘက္ကိုေတာ့ ကြၽန္ေတာ္ ခိုင္မာတဲ့သက္ေသမေတြ႕မခ်င္း ေပးမသိေစခ်င္ဘူး "

ရန္႐ွန္႔႐ုန္က ေခါင္းညိတ္ၿပီး

" အေဖကမင္းကို အခုေ႐ွာင္ေဖးက ဌာနခ်ဳပ္ေခါင္းေဆာင္ဆိုတာပဲ သတိေပးခ်င္တာပါ၊ သူ႕ကိုတစ္ခုခုေၾကာင့္ မဆင္မျခင္ ဒုကၡမေပးမိေစနဲ႔၊ မင္းအဲ့ႏွစ္ကအမႈကို တကယ္သံသယျဖစ္စရာေကာင္းတယ္လို႔ ထင္တယ္ဆိုေတာ့ အေဖလည္းကိုယ့္သားကိုယ္ ယုံပါတယ္၊ အခုအေဖမွတ္မိႏိုင္သေလာက္ မင္းကိုအစအဆုံးေျပာျပမယ္ "

============

ေနာက္ပိုင္းစာျပန္စစ္ရင္း ရာထူးပတ္သက္မႈေတြ ျပန္ေျပာေပးပါ့မယ္၊ အခုေတာ့မအားေသးလို႔ပါေနာ္၊ မ်က္႐ိုးေတြလည္း ထိုးကိုက္ေနလို႔ပါ

If u wanna support me

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel

[ 09795118580 - send a simple message ]

============