webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 57

Thu, Aug 19, 2021

{ Unicode }

" ကျွန်တော်တို့ ဒီနေ့အချိန်တိုအတွင်း အများကြီးအကျိုးရခဲ့တယ်၊ ကျိုးချွမ်းနဲ့ ဖုန်ဖေးကို စစ်မေးပြီး ချန်ဖေ့ရဲ့ ညီငယ်နှစ်ယောက်ကိုပါ မေးခဲ့တယ်၊ ပြီးတော့ ချန်ဖေ့ ချစ်သူကောင်မလေးကိုဖမ်းပြီး ခိုးရာပါပိုက်ဆံအတော်များများ လက်ဝယ်မိခဲ့တယ် "

ဆိုင့်ချောင် ခြေချိတ်ထိုင်လိုက်ပြီး :

" ဖုန်ဖေး ခဏနေဒီရောက်လာလိမ့်မယ်၊ အောင်မြင်မှုက မျက်စိရှေ့တင်ပဲ "

ကုံးရင့်ရှန် ပြောလိုက်သည် :

" ကျိုးချွမ်း စစ်ရှစ်ကျောင်မှာ ကျွန်တော်တို့ဖမ်းတာခံရပြီးကတည်းက နိုးနိုးကြားကြားရှိလာပြီး၊ အရေးကြီးတဲ့ဆက်သွယ်ရေးတွေကို သူ့ကိုယ်ပိုင်ကွန်ပျူတာနဲ့ မသုံးတော့ဘူး၊ ဒါပေမယ့် အင်တာနက်ကဖေးတွေ၊ စာကြည့်တိုက်လိုမျိုးတွေသွားတယ်၊ ကျွန်တော်တို့ လူလဲမီးရှို့တဲ့ပို့စ်ကြောင့် လှည့်စားခံလိုက်တယ်လို့ သူပြောတယ်၊ အနည်းဆုံးတော့ ဒီပို့စ်က ဝမ်ရမ့်ရပ်ကွက်ကမီးလောင်မှုနဲ့ ဘာမှမဆိုင်ဘူး၊ ဘာလို့လဲဆိုတော့ တစ်ချက်ကြည့်ရုံနဲ့တင် အဲ့ပို့စ်က အသစ်ဝင်လာတဲ့သူတစ်ယောက်တင်ထားတာ ဒါမှမဟုတ် ကြွားဝါတာသက်သက်ပဲဖြစ်မယ်၊ ပြီးတော့ တကယ်ပြစ်မှုကျူးလွန်ချင်တဲ့သူက ဘယ်တော့မှ အဲ့ဒီ့ကိုလာမှာမဟုတ်ဘူး၊ Public မှာပြောဆိုဆက်သွယ်ထားတာမှန်သမျှ Seraph မှာခြေရာလက်ရာ ကျန်ခဲ့တယ် "

" အဲ့တာဆိုသူတို့ ဘယ်လိုဆက်သွယ်ကြလဲ? "

ရန်ရိ တွန့်ဆုတ်‌‌ပြီး :

" ငါတို့အစကတည်းက မှားခန့်မှန်းမိတာလား? ဝမ်ရမ့်ရပ်ကွက်က မီးရှို့မှုနဲ့ ကားမီးလောင်မှုက လူလဲမီးရှို့တာမဟုတ်ဘူးလား? "

" အဲ့တာ လူလဲမီးရှို့တာလား? ကျွန်တော် ဖုန်ဖေးပါးစပ်ကနေ အမှန်တရားနှိုက်ထုတ်ရမှာတောင် ကြောက်မိတယ်၊ ကျိုးချွမ်းပြောတာအရရော---- ရှောင်ထန် မကြာခင်က ရှာကြည့်ထားတာအရရောဆို---- Seraph မှာသူတို့ users တွေအတွက် website တွင်းသစ္စာစောင့်သိမှတ်ဆိုတာ ရှိတယ်၊ User မှတ်ပုံတင်ထားတဲ့နှစ်တွေ၊ တက်ကြွလှုပ်ရှားမှု၊ သုံးစွဲပမာဏ၊ အပြောအဆိုအစွန်းရောက်မှုအဆင့် စသဖြင့်ပေါ့၊ User တွေကို ပိုလျှို့ဝှက်ပြီး ပိုအဆင့်မြင့်တဲ့နေရာ‌တွေဆီ ခေါ်သွားတယ်၊ ဒါက Dark web ထဲက dark web ပဲ၊ အဖွဲ့အစည်းထဲက လူတွေပဲသိတယ်၊ ပြီးတော့ ကျိုးချွမ်းလည်း အဲ့ထဲမရောက်ဖူးဘူး "

" အဲ့တာဆို ကျိုးချွမ်းမှာ ချန်ဖေ့ကိုတွန်းလှန်နိုင်တဲ့ သက်သေရှိလား? "

" ကျိုးချွမ်းပြောတယ် ချန်ဖေ့လည်း သူ့လိုပဲ မီးရှို့မှုစွဲလန်းတာမျိုးမရှိဘူးတဲ့၊ သူတို့အားလုံး 'ခန့်ထားခံရ' တာပဲ "

ဆိုင့်ချောင် စကားဖြတ်ပြောလိုက်သည်။

" 'ဟုန်ယန့်' လို့ခေါ်တဲ့သူတစ်ယောက်ကြောင့် "

[ T/n : 红焰 (Hóng yàn) - အနီရောင်မီးတောက် ]

" 'ဟုန်ယန့်'?

ချိုးယန် ရေရွတ်လိုက်သည်။

" ကျွန်မဒီမနက် အများကြီးလွတ်သွားသွားတာပဲ၊ 'ဟုန်ယန့်' က အဖွဲ့အစည်းက member လား? "

ဆိုင့်ချောင် ချောင်းညိတ်သည်။

" ကျိုးချွမ်းပြောတယ် သူ့မီးလောင်မှုသတင်းအားလုံး တစ်ဝက်လောက်က မီဒီယာကလေ့လာထားတာ၊ ပြီးတော့ ကျန်တဲ့တစ်ဝက်က 'ဟုန်ယန့်' လို့ခေါ်တဲ့လူဆီကတဲ့၊ ဟုန်ယန့် တစ်ခါက သူ့ကိုမီးရှို့ဖို့ ငွေချေပေးဖူးတယ်၊ ဒါပေမယ့် သူမလုပ်ရဲဘူး၊ အဲ့တာနဲ့ သူအမြဲတမ်း ရိုက်ကူးရေးလုပ်ပြီး live ပဲလွှင့်တယ်၊ သူ ချန်ဖေ့ကို ဟုန်ယန့်ဆီက ကြားဖူးတာ၊ ဒါပေမယ့် သူနာမည်မသိသလို တွေ့လည်းမတွေ့ဖူးဘူး၊ ချန်ဖေ့အဖမ်းခံလိုက်တဲ့အချိန် သူအကောင့်ထဲရှိနေခဲ့တယ်၊ သူမီးရှို့တဲ့အခါ video တစ်ခုတော့ရိုက်ထားရမယ်၊ ဘာလို့လဲ‌ဆိုတော့ နောက်ကျရင် သူအလုပ်အပ်ခံရရုံတင်မကဘဲ ဈေးကောင်းကောင်းနဲ့လည်း ရောင်းထုတ်နိုင်တယ်၊ ချန်ဖေ့ video က‌အကောင်းဆုံးသက်သေပဲ "

" Video ကဘယ်မှာလဲ? သူ ဟုန်ယန့်နဲ့ ဘယ်လိုဆက်သွယ်တာလဲ? "

" ဟုန်ယန့်သတင်းက အပြစ်ဒဏ်လျှော့ပေါ့တဲ့အနေနဲ့ လဲသုံးဖို့ပဲ၊ အခုတော့ သူမပြောသေးဘူး၊ ပြီးတော့ ရဲတွေအခု ဒီအမှုစစ်နေကြတော့ video ကို ချန်ဖေ့ တစ်နေရာရာမှာ ဖွက်ထားရမယ်၊ ချန်ဖေ့ အဲ့တာကိုမရောင်းခင် သတင်းပျံ့တာစောင့်နေလောက်တယ် "

" အဲ့တာဆို ကျွန်တော်တို့ video ရှာရမှာပေါ့? "

ရန်ရိ ပြောလိုက်သည်။

" ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်မနေဘူးလား? "

ကုံးရင့်ရှန် လှောင်ထေ့ရယ်လိုက်ပြီး

" ချန်ဖေ့ ညီငယ်တစ်ယောက်က ဝန်တောင်ဝန်ခံပြီးသွားပြီ "

ရန်ရိ လက်မြှောက်ရိုက်လိုက်ပြီး

" ကောင်းလိုက်တာ! "

" Video ထဲမှာ ချန်ဖေ့ မီးအထိန်းအကွပ်မဲ့သွားမယ်လို့ မမျှော်လင့်ထားမှန်း တွေ့နိုင်တယ်၊ သူမီးအနောက်ဘက်ကို မပြန့်သွားအောင် တားဖို့ကြိုးစားခဲ့တယ်၊ ပြီးတော့ သူ့ဖုန်းမြည်လာပြီး မီးအရမ်းကြီးလာရင် ဘာလုပ်ရမလဲမေးတယ်၊ ပြီးတော့ ဖုန်းထဲကလူက သူ့ကို ‌အနောက်ဘက်ကိုပိတ်ပြီး အရှေ့ဘက်က ပြတင်းပေါက်တွေနဲ့ လှေကားခွင်ကတံခါးတွေကို ဖွင့်ထားဖို့ နည်းလမ်းပြတယ်၊ အဲ့ထဲမှာမှ သူ '2212' ဆိုတာကို နှစ်ခါထည့်ပြောသွားတယ်၊ ဖုန်ဖေးအိမ်ပဲ "

" ဖုန်းခေါ်မှတ်တမ်းကို ထောက်လှမ်းလို့ရလား? "

" မရဘူး တစ်ခါသုံးဖုန်းပဲ "

" ချန်ဖေ့ ဒီလိုသက်သေမျိုးကို ငြင်းလို့မရဘူး "

" ကျွန်တော်တို့ သူ့ကိုစစ်မေးနေတာ ခုနစ်ခေါက်၊ ရှစ်ခေါက်လောက်ရှိပြီ၊ ပြီးတော့ ပေသီးတွက်ကစားခဲ့ရတယ်၊ ဒီတစ်ခါတော့ သက်သေခိုင်မာပြီး နောက်ဆုံး‌မေးနိုင်ခဲ့ပြီ၊ သူပြောတာက သူ ငွေသားအများကြီးရပြီး စီစဉ်ထားတဲ့အချိန်နဲ့နေရာမှာ သူ့ကို 2209 ရှေ့ပုံထားတဲ့အမှိုက်တွေ မီးရှို့ခိုင်းတယ်၊ နေ့ခင်းလည်းဖြစ်ပြီး မကြာခင် မီးသတ်နိုင်မှာပဲလို့သူထင်ခဲ့တာ၊ မီးအထိန်းအကွပ်မဲ့သွားမယ်ဆိုတာ မမျှော်ထားခဲ့ဘူး၊ နောက်တော့ ဖောက်သည်ကသူ့ကို ရုတ်တရက်ဖုန်းခေါ်လာပြီး အခြေအနေမေးတယ်၊ မီးထိန်းဖို့သင်ပေးတယ်၊ ပြီးတော့ 2212 ကို မီးမလောင်စေဖို့ပြောတယ် "

" ဆိုတော့ ဟုန်ယန့်က အနားမှာပဲ "

ရန်ရိ သုံးသပ်ကြည့်လိုက်သည်။

" မီးရှို့သမားတွေက သူတို့ရဲ့ပြောင်မြောက်တဲ့လက်ရာကို အပြစ်ကျူးလွန်တဲ့နေရာမှာ ကြည့်ရတာကြိုက်တယ်၊ ဒါပေမယ့်.....သူတို့အားလုံး အဲ့တာကို ကိုယ်တိုင်လုပ်ကြည့်ချင်ကြတာ၊ ဘာလို့ဆို အကောင်းဆုံးသာယာမှုပေးတာက မီးရှို့တဲ့လုပ်ငန်းစဉ်ပဲ၊ သူ ဘယ်လိုလုပ် သူ့'သာယာမှု' လုပ်ငန်းစဉ်ကို အခြားသူတွေဆီပေးနိုင်မှာလဲ? ဒီ 'ဟုန်ယန့်' က မီးရှို့မှုကိုရူးသွပ်တဲ့သူတွေလက္ခဏာနဲ့ တစ်စိတ်တစ်ပိုင်း ကိုက်ညီပေမယ့်၊ တစ်စိတ်တစ်ပိုင်းကလည်း မကိုက်ညီပြန်ဘူး "

" အဲ့အချက်ကို ကျွန်တော်လည်း ဒွိဟ‌ဖြစ်နေတာ၊ ကျွန်တော် ခန့်မှန်းချက်တစ်ခုရှိတယ် "

ကုံးရင့်ရှန် ပြောလာသည်။

" ဘာခန့်မှန်းချက်လဲ? "

" 'ဟုန်ယန့် (အနီရောင်မီးတောက်)' ဆိုတာဘာလဲ ခင်များသိလား? "

ရန်ရိ မင်သက်သွားသည်။

" .....ဟုန်ယန့် "

သူခဏအတွင်း ဒီနာမည်အကြောင်း ထူးခြားတာဘာမှမစဉ်းစားမိ။

ချိုးယန် မျက်လုံးတွေ အရောင်လက်သွားပြီး

" မီးအပူချိန်နဲ့ အရောင်ကို ဆိုလိုတာလား? "

ရန်ရိ ရုတ်တရက် သဘောပေါက်သွားသည်။

" လက်စသတ်တော့ အနီရောင်မီးတောက် က မီးတောက်တွေထဲမှာ အပူချိန်အနိမ့်ဆုံးမီးတောက်ပဲ! "

" ဟုတ်တယ်၊ ကျိုးချွမ်းပြောတဲ့ အဖွဲ့အစည်းသာ တကယ်ရှိရင် အဖွဲ့ဝင်တွေထဲမှာလည်း အဆင့်အတန်းကွာခြားချက်တွေရှိလိမ့်မယ်၊ ဒါက ဘယ်အဖွဲ့အစည်းတည်ဆောက်ပုံမှာမဆို ရှောင်လွှဲမရတဲ့ဟာပဲ၊ 'အနီရောင်မီးတောက်' က အနိမ့်ဆုံးအဖွဲ့ဝင်လို့ ကျွန်တော်တို့ သုံးသပ်ထားတယ်၊ နောက်ပြီး သူ့အပြုအမူက အထက်ကလူတွေ လှုံ့ဆော်ပေးတာဖြစ်နိုင်တယ်၊ ဆိုတော့ သူ့အပြုအမူကို မီးရှို့မှုမှာရူးသွပ်လား၊ မရူးသွပ်လားဆိုတာ ခန့်မှန်းဖို့သုံးမရဘူး "

ချိုးယန်က မျက်စိမှေးစင်းလိုက်ပြီး :

" ချန်ဖေ့မီး‌ရှို့တဲ့အချိန် ဟုန်ယန့်ကအနီးနားမှာ ‌စောင့်ကြည့်နေတယ်၊ မီးအထိန်းအကွပ်မဲ့သွားပြီထင်တော့ ချန်ဖေ့ကိုဖုန်းခေါ်ပြီး 2212 ကိုမီးရှို့လို့မဖြစ်ကြောင်း သတိပေးတယ်၊ ဟုန်ယန့်နဲ့ ဖုန်ဖေး ပတ်သက်မှုကဘာလဲ? လက်ရှိသက်သေတွေကို သုံးသပ်ကြည့်ရသလောက်တော့ နှစ်ယောက်က တစ်ဦးတည်းဖြစ်ပုံမရဘူး "

" ကျွန်တော်လည်း သူတို့နှစ်ယောက်ကို တစ်ဦးတည်းလို့မထင်ဘူး၊ ကျိုးချွမ်းရော ‌ချန်ဖေ့ရောနှစ်ယောက်လုံး ဟုန်ယန့်ကသူတို့ကို အမြဲတမ်း ရိုးရိုးစာကြောင်းနဲ့ပဲ ဆက်သွယ်ခဲ့တယ်လို့ပြောတယ်၊ သူတို့ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ဖို့ လမ်းစမရှိဘူး၊ ဆိုတော့ သူတို့စုံစမ်းလို့မရဘူး၊ ချန်ဖေ့ အရင်ကလူတွေကို မကောင်းတဲ့အလုပ်လုပ်ပြီး ကူညီပေးဖူးတယ်၊ ဟုန်ယန့် သူ့ဖုန်းနံပါတ်ကို ဘယ်လိုရသွားလဲသူမသိဘူး၊ ပြီးတော့ ငွေရှင်းဖို့လည်း အရမ်းလွယ်တယ်၊ ဒါပေမယ့် သူဟုန်ယန့်ကို တစ်ခါမှမတွေ့ဖူးဘူး၊ ဆိုတော့ လူငယ်ဖြစ်ပြီး အသက်လတ်ပိုင်းလောက်ရှိမယ်ဆိုတာပဲ သူသေချာနိုင်တယ် "

" အဲ့တာဆို မင်းအကြောင်း....."

ရန်ရိ ကုံးရင့်ရှန်ကို ကြည့်လိုက်သည်။

" အဲ့တာကိုရော ချန်ဖေ့ ဟုန်ယန့်ဆီက သိလာတာလား? "

ကုံးရင့်ရှန် ခေါင်းခါသည်။

" ဒီမေးခွန်းကို ချန်ဖေ့မပြောခင် သူကျွန်တော်နဲ့တွေ့မှရမယ်လို့ ပြောတယ်၊ ခေါင်းဆောင်ချိုးက ဝမ်ရမ့်ရပ်ကွက်အမှုကို သက်ရောက်မှုမဖြစ်စေချင်တော့ အချိန်တစ်ခုထိ ကျွန်တော့်ကိုသွားမတွေ့ခိုင်းဘူး "

ချိုးယန် ပြောလာသည်။

" ချန်ဖေ့က လူရမ်းကားပဲ၊ ကျိုးချွမ်းအလွယ်တကူကြောက်မယ့်သူမျိုး မဟုတ်ဘူး၊ အဆုံးမှာသေရမှာကို ရှောင်လွှဲမရမှန်းသိလည်း လျှို့ဝှက်ချက်ကိုထိန်းထားတုန်းပဲ၊ ထုတ်မပြောဘူး၊ အခြားရည်ရွယ်ချက်တွေ ရှိလောက်တယ်၊ သူအခု စစ်ဆေးရေးကိုတော့ အနှောင့်အယှက်ပေးနိုင်မယ် မထင်ဘူး "

" အတိုချုပ်ရရင် ဒီသက်သေတွေနဲ့ ဖုန်ဖေးဘယ်လို နွားမရွံ့ပိတ်ငြင်းနေဦးမလဲ မြင်ချင်တယ် "

ဆိုင့်ချောင် ခပ်ပြင်းပြင်းနှာမှုတ်လိုက်သည်။

" ကိစ္စတစ်ခုလုံး ပိုပိုပြီးထင်ရှားလာပြီ၊ ဒါပေမယ့် ဖုန်ဖေးဘယ်လိုလုပ်ပြီး Seraph ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်နေမှန်း မသိဘူး "

ကုံးရင့်ရှန် အေးစက်စက်ပြောလိုက်သည် :

" သူကိုယ်တိုင် ကျွန်တော်တို့ကို ထုတ်ပြောလာမှာပဲ စောင့်တာပေါ့ "

ဖုန်ဖေး သက်သေတွေအပေါ်တုံ့ပြန်မှာကို ရန်ရိသူ့မျက်လုံးနဲ့ ကိုယ်တိုင်ကြည့်ချင်ပေမယ့်လည်း ဒီနေ့လယ် ခေါင်းဆောင်တစ်ယောက် လာစစ်ဆေးမှာဖြစ်သည်။ အချိန်နီးပြီဆိုတာမြင်တော့ အမြန်ပြန်ပြေးဖို့လိုသည်။

ကုံးရင့်ရှန်ကသူ့ကို အစည်းအဝေးအခန်းတံခါးဆီ လိုက်ပို့ပြီး :

" ခင်များ အလုပ်ပြန်လုပ်လိုက်ဦး၊ ကျွန်တော် ညကျရင် ရလဒ်ပြောပြဖို့ ဖုန်းဆက်လိုက်မယ် "

" အိုကေ "

ရန်ရိ ကုံးရင့်ရှန်မျက်လုံးအောက်က အနက်ရောင်မျက်ကွင်း ခပ်ရေးရေးကို ကြည့်လိုက်သည်။

" မင်းခဏလောက် နားသင့်တယ်၊ အဲ့တာ အမှုကိုင်တွယ်ဖို့အတွက် အရေးကြီးတယ်၊ ပြီးတော့ မင်းခန္ဓာကိုယ်ကလည်း တောင့်တင်းနေပြီ "

" ရပါတယ်၊ ကျွန်တော် အမှန်တရားနဲ့နီးလာလေလေ၊ စိတ်ပိုကြည်လာလေလေပဲ "

ကုံးရင့်ရှန် နင့်နဲသောအသံဖြင့် ပြောလာသည်။

" ကျွန်တော်တို့ရှေ့မှာ မီးရှို့သမားတစ်ယောက်နှစ်ယောက်တင် မကဘူး၊ website ပဲမဟုတ်ဘူး၊ ဒါပေမယ့် ရာဇဝတ်သမားအဖွဲ့အစည်းကြီး တစ်ခုလုံးပဲ၊ ကျွန်တော် ဒါကိုတွေးမိရင် အိပ်တာတောင် အချိန်ဖြုန်းတာပဲလို့ ခံစားရတယ် "

ရန်ရိ ကုံးရင့်ရှန်ပခုံးကို ကိုင်လိုက်ပြီး

" မင်း အဲ့လိုတွေးလို့မရဘူးလေ၊ ပထမအချက် မင်းက တစ်ယောက်တည်း မဟုတ်ဘူး၊ မင်းမှာ ငါ၊ ငါနဲ့...ခေါင်းဆောင်ချိုး ရှိသေးတယ်၊ ဒုတိယအချက် ပိုအရေးကြီးတာက ညဉ့်နက်အောင်အလုပ်မလုပ်ဖို့ပဲ၊ မင်းကိုယ်မင်း ဖိအားမပေးပါနဲ့၊ ငါတို့နေ့တိုင်း သဲလွန်စတွေ ပိုရနေတာပဲ၊ အောင်မြင်မှုက လုံးဝတရားမျှတပြီး ငါတို့နဲ့ပဲဆိုင်တယ်၊ အလျင်မလိုနဲ့ "

ကုံးရင့်ရှန် ရန်ရိကိုကြည့်လိုက်ပြီး

" ခေါင်းဆောင်ဖြစ်ထိုက်ပါတယ်၊ လူတွေကို အရမ်းစိတ်အားပေးတတ်တာပဲ "

" ငါ့မှာ လုပ်ရမှာတွေအများကြီး ရှိပါသေးတယ် "

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" မင်းမှာ ဖြည်းဖြည်းချင်းလေ့လာဖို့ အချိန်ရှိသားပဲ "

ကုံးရင့်ရှန် ခပ်‌ယဲ့ယဲ့ပြုံး‌ပြီးနောက် တွန့်ဆုတ်နေသည်။

" ခင်များ ဘယ်အချိန်အားမလဲ? "

" ဘာဖြစ်လို့လဲ? "

" ချန်ဖေ့ကို အမှုထပ်စစ်ရင် "

ကုံးရင့်ရှန် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး

" ခင်များရှိပေးဖို့ မျှော်လင့်တယ် "

သူ ချန့်ဖေ့ကိုမကြောက်ဘူး။ သူမီးကို ဘယ်လောက်ပဲကြောက်ပါစေ၊ ရင်ဆိုင်မည်၊ တစ်ယောက်တည်း‌ဖြစ်နေတာကိုတော့ ပြောစရာတောင်မလိုပေ။ အဲ့တာက ဒီတိုင်း ရန်ရိသူ့ဘေးနားရှိ‌တဲ့အခါ အရာရာကိုရင်ဆိုင်ဖို့ သတ္တိပိုရှိလာမှန်း ‌သိခဲ့ရသောကြောင့်သာ။ သူ ရန်ရိအတွက် ဘဝရဲ့အိမ်မက်ဆိုးကို ချဉ်းကပ်နိုင်သည်။ ရန်ရိရှိနေရင် သူပိုပြီးလုပ်နိုင်သလို ခံစားရသည်။

ရန်ရိ ဝမ်းသာသွားပြီး

" ဒါပေါ့၊ လိုအပ်တာပေါ့၊ ငါရှိနေသင့်တယ် "

ရန်ရိရင်ထဲ မပြောပြနိုင်သော အထိအတွေ့ ပေါ်ပေါက်လာသည်။ ကုံးရင့်ရှန်ရဲ့ တန်ဖိုးထားယုံကြည်ခံရတာက သူ့ကိုထူးထူးခြားခြားခိုင်မာပြီး ဝမ်းသာအားရဖြစ်စေသည်။

ကုံးရင့်ရှန်လည်း ရင်ထဲနွေးထွေးသွားပြီး

" အဲ့တာဆို နောက်မှတွေ့မယ် "

" bye "

အချင်းချင်း နှုတ်ဆက်ကြပြီးပေမယ့် တစ်ယောက်မှ‌မရွေ့။ သူတို့ တစ်ယောက်ကိုတစ်ယောက်သာ မျက်တောင်မခတ်တမ်း ဆက်ကြည့်နေကြပြီး၊ တစ်ဖက်လူ နောက်လှည့်သွားမှာကို စောင့်နေသည့်အလား။ သို့သော် ဘယ်သူမှ အရင်မထွက်ခွာလိုပေ။

သူတို့သတိထားမိတော့ မဖော်ပြတတ်အောင် မလှုပ်သာမရှပ်သာဖြစ်သွားကြသည်။

ရန်ရိ အစည်းအဝေးခန်းတံခါးကို လက်ညှိုးထိုးပြပြီး

" မင်း မင်းပြန်ဝင်ပြီး အလုပ်များလိုက်ပါဦး "

" .....အင်း "

ကုံးရင့်ရှန် ခေါင်းညိတ်ကာ အစည်းအဝေးခန်းထဲ ပြန်ဝင်သွားသည်။

ရန်ရိကိုယ်လှည့်ကာ နံရံကိုမှီလျက် နှလုံးကိုလက်ဖြင့်ဖိရင်း မျက်နှာမှာတော့ ခါးသက်သက်အပြုံးတစ်ခု ဖြစ်တည်လာသည်။ သူတွေးခဲ့ဖူး၏၊ ကြိုက်တယ်ဆိုတာ ဟော်မုန်းလှုံ့ဆော်မှု၊ ပြင်းထန်တဲ့ အလိုဆန္ဒ၊ တက်ကြွမှုကနေ အဆုံးမရှိတဲ့ ပေါက်ထွက်မှုပဲ။ မှန်တယ် ဒါ‌တွေအကုန်လုံး မှန်ပါတယ်၊ ဒါပေမယ့် သူကုံးရင့်ရှန်ကိုမတွေ့ခင်အထိ သူဒါ‌တွေနားမလည်ခဲ့ဘူး၊ တစ်ဖက်လူအတွက် ပေးဆပ်နိုင်ပေမယ့် အနှောင့်အယှက်မပေးရဲတာ။ အမှတ်တမဲ့အကြည့်တွေကတောင် စိတ်လှုပ်ရှားစရာကောင်းနေတာ။ တံတောင်ချင်း ထိခတ်မိတာကတောင် ရူးသွပ်စေနိုင်တာ၊ ပြီးတော့ စကားတစ်ခွန်းရဲ့ အဆုံးသံ အတက်အကျကတောင် အကြိမ်ကြိမ်အခါခါ ရင်ခုန်ဖို့ထိုက်တန်နေတာမျိုး။

ဖန်သားလို သတိထားသင့်ပြီး ကျိုးပဲ့လွယ်တဲ့ သဘောကျနှစ်သက်မှုပါပင်။

===========

If u want to support me

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel -

[ Send a simple message to 09795118580 ]

===========

Thu, Aug 19, 2021

{ Zawgyi }

" ကြၽန္ေတာ္တို႔ ဒီေန႔အခ်ိန္တိုအတြင္း အမ်ားႀကီးအက်ိဳးရခဲ့တယ္၊ က်ိဳးခြၽမ္းနဲ႔ ဖုန္ေဖးကို စစ္ေမးၿပီး ခ်န္ေဖ့ရဲ႕ ညီငယ္ႏွစ္ေယာက္ကိုပါ ေမးခဲ့တယ္၊ ၿပီးေတာ့ ခ်န္ေဖ့ ခ်စ္သူေကာင္မေလးကိုဖမ္းၿပီး ခိုးရာပါပိုက္ဆံအေတာ္မ်ားမ်ား လက္ဝယ္မိခဲ့တယ္ "

ဆိုင့္ေခ်ာင္ ေျခခ်ိတ္ထိုင္လိုက္ၿပီး :

" ဖုန္ေဖး ခဏေနဒီေရာက္လာလိမ့္မယ္၊ ေအာင္ျမင္မႈက မ်က္စိေ႐ွ႕တင္ပဲ "

ကုံးရင့္႐ွန္ ေျပာလိုက္သည္ :

" က်ိဳးခြၽမ္း စစ္႐ွစ္ေက်ာင္မွာ ကြၽန္ေတာ္တို႔ဖမ္းတာခံရၿပီးကတည္းက ႏိုးႏိုးၾကားၾကား႐ွိလာၿပီး၊ အေရးႀကီးတဲ့ဆက္သြယ္ေရးေတြကို သူ႕ကိုယ္ပိုင္ကြန္ပ်ဴတာနဲ႔ မသုံးေတာ့ဘူး၊ ဒါေပမယ့္ အင္တာနက္ကေဖးေတြ၊ စာၾကည့္တိုက္လိုမ်ိဳးေတြသြားတယ္၊ ကြၽန္ေတာ္တို႔ လူလဲမီး႐ိႈ႕တဲ့ပို႔စ္ေၾကာင့္ လွည့္စားခံလိုက္တယ္လို႔ သူေျပာတယ္၊ အနည္းဆုံးေတာ့ ဒီပို႔စ္က ဝမ္ရမ့္ရပ္ကြက္ကမီးေလာင္မႈနဲ႔ ဘာမွမဆိုင္ဘူး၊ ဘာလို႔လဲဆိုေတာ့ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ အဲ့ပို႔စ္က အသစ္ဝင္လာတဲ့သူတစ္ေယာက္တင္ထားတာ ဒါမွမဟုတ္ ႂကြားဝါတာသက္သက္ပဲျဖစ္မယ္၊ ၿပီးေတာ့ တကယ္ျပစ္မႈက်ဴးလြန္ခ်င္တဲ့သူက ဘယ္ေတာ့မွ အဲ့ဒီ့ကိုလာမွာမဟုတ္ဘူး၊ Public မွာေျပာဆိုဆက္သြယ္ထားတာမွန္သမွ် Seraph မွာေျခရာလက္ရာ က်န္ခဲ့တယ္ "

" အဲ့တာဆိုသူတို႔ ဘယ္လိုဆက္သြယ္ၾကလဲ? "

ရန္ရိ တြန္႔ဆုတ္‌‌ၿပီး :

" ငါတို႔အစကတည္းက မွားခန္႔မွန္းမိတာလား? ဝမ္ရမ့္ရပ္ကြက္က မီး႐ိႈ႕မႈနဲ႔ ကားမီးေလာင္မႈက လူလဲမီး႐ိႈ႕တာမဟုတ္ဘူးလား? "

" အဲ့တာ လူလဲမီး႐ိႈ႕တာလား? ကြၽန္ေတာ္ ဖုန္ေဖးပါးစပ္ကေန အမွန္တရားႏိႈက္ထုတ္ရမွာေတာင္ ေၾကာက္မိတယ္၊ က်ိဳးခြၽမ္းေျပာတာအရေရာ---- ေ႐ွာင္ထန္ မၾကာခင္က ႐ွာၾကည့္ထားတာအရေရာဆို---- Seraph မွာသူတို႔ users ေတြအတြက္ website တြင္းသစၥာေစာင့္သိမွတ္ဆိုတာ ႐ွိတယ္၊ User မွတ္ပုံတင္ထားတဲ့ႏွစ္ေတြ၊ တက္ႂကြလႈပ္႐ွားမႈ၊ သုံးစြဲပမာဏ၊ အေျပာအဆိုအစြန္းေရာက္မႈအဆင့္ စသျဖင့္ေပါ့၊ User ေတြကို ပိုလွ်ိဳ႕ဝွက္ၿပီး ပိုအဆင့္ျမင့္တဲ့ေနရာ‌ေတြဆီ ေခၚသြားတယ္၊ ဒါက Dark web ထဲက dark web ပဲ၊ အဖြဲ႕အစည္းထဲက လူေတြပဲသိတယ္၊ ၿပီးေတာ့ က်ိဳးခြၽမ္းလည္း အဲ့ထဲမေရာက္ဖူးဘူး "

" အဲ့တာဆို က်ိဳးခြၽမ္းမွာ ခ်န္ေဖ့ကိုတြန္းလွန္ႏိုင္တဲ့ သက္ေသ႐ွိလား? "

" က်ိဳးခြၽမ္းေျပာတယ္ ခ်န္ေဖ့လည္း သူ႕လိုပဲ မီး႐ိႈ႕မႈစြဲလန္းတာမ်ိဳးမ႐ွိဘူးတဲ့၊ သူတို႔အားလုံး 'ခန္႔ထားခံရ' တာပဲ "

ဆိုင့္ေခ်ာင္ စကားျဖတ္ေျပာလိုက္သည္။

" 'ဟုန္ယန္႔' လို႔ေခၚတဲ့သူတစ္ေယာက္ေၾကာင့္ "

[ T/n : 红焰 (Hóng yàn) - အနီေရာင္မီးေတာက္ ]

" 'ဟုန္ယန္႔'?

ခ်ိဳးယန္ ေရ႐ြတ္လိုက္သည္။

" ကြၽန္မဒီမနက္ အမ်ားႀကီးလြတ္သြားသြားတာပဲ၊ 'ဟုန္ယန္႔' က အဖြဲ႕အစည္းက member လား? "

ဆိုင့္ေခ်ာင္ ေခ်ာင္းညိတ္သည္။

" က်ိဳးခြၽမ္းေျပာတယ္ သူ႕မီးေလာင္မႈသတင္းအားလုံး တစ္ဝက္ေလာက္က မီဒီယာကေလ့လာထားတာ၊ ၿပီးေတာ့ က်န္တဲ့တစ္ဝက္က 'ဟုန္ယန္႔' လို႔ေခၚတဲ့လူဆီကတဲ့၊ ဟုန္ယန္႔ တစ္ခါက သူ႕ကိုမီး႐ိႈ႕ဖို႔ ေငြေခ်ေပးဖူးတယ္၊ ဒါေပမယ့္ သူမလုပ္ရဲဘူး၊ အဲ့တာနဲ႔ သူအၿမဲတမ္း ႐ိုက္ကူးေရးလုပ္ၿပီး live ပဲလႊင့္တယ္၊ သူ ခ်န္ေဖ့ကို ဟုန္ယန္႔ဆီက ၾကားဖူးတာ၊ ဒါေပမယ့္ သူနာမည္မသိသလို ေတြ႕လည္းမေတြ႕ဖူးဘူး၊ ခ်န္ေဖ့အဖမ္းခံလိုက္တဲ့အခ်ိန္ သူအေကာင့္ထဲ႐ွိေနခဲ့တယ္၊ သူမီး႐ိႈ႕တဲ့အခါ video တစ္ခုေတာ့႐ိုက္ထားရမယ္၊ ဘာလို႔လဲ‌ဆိုေတာ့ ေနာက္က်ရင္ သူအလုပ္အပ္ခံရ႐ုံတင္မကဘဲ ေဈးေကာင္းေကာင္းနဲ႔လည္း ေရာင္းထုတ္ႏိုင္တယ္၊ ခ်န္ေဖ့ video က‌အေကာင္းဆုံးသက္ေသပဲ "

" Video ကဘယ္မွာလဲ? သူ ဟုန္ယန္႔နဲ႔ ဘယ္လိုဆက္သြယ္တာလဲ? "

" ဟုန္ယန္႔သတင္းက အျပစ္ဒဏ္ေလွ်ာ့ေပါ့တဲ့အေနနဲ႔ လဲသုံးဖို႔ပဲ၊ အခုေတာ့ သူမေျပာေသးဘူး၊ ၿပီးေတာ့ ရဲေတြအခု ဒီအမႈစစ္ေနၾကေတာ့ video ကို ခ်န္ေဖ့ တစ္ေနရာရာမွာ ဖြက္ထားရမယ္၊ ခ်န္ေဖ့ အဲ့တာကိုမေရာင္းခင္ သတင္းပ်ံ႕တာေစာင့္ေနေလာက္တယ္ "

" အဲ့တာဆို ကြၽန္ေတာ္တို႔ video ႐ွာရမွာေပါ့? "

ရန္ရိ ေျပာလိုက္သည္။

" ေကာက္႐ိုးပုံထဲ အပ္ေပ်ာက္႐ွာသလို ျဖစ္မေနဘူးလား? "

ကုံးရင့္႐ွန္ ေလွာင္ေထ့ရယ္လိုက္ၿပီး

" ခ်န္ေဖ့ ညီငယ္တစ္ေယာက္က ဝန္ေတာင္ဝန္ခံၿပီးသြားၿပီ "

ရန္ရိ လက္ေျမႇာက္႐ိုက္လိုက္ၿပီး

" ေကာင္းလိုက္တာ! "

" Video ထဲမွာ ခ်န္ေဖ့ မီးအထိန္းအကြပ္မဲ့သြားမယ္လို႔ မေမွ်ာ္လင့္ထားမွန္း ေတြ႕ႏိုင္တယ္၊ သူမီးအေနာက္ဘက္ကို မျပန္႔သြားေအာင္ တားဖို႔ႀကိဳးစားခဲ့တယ္၊ ၿပီးေတာ့ သူ႕ဖုန္းျမည္လာၿပီး မီးအရမ္းႀကီးလာရင္ ဘာလုပ္ရမလဲေမးတယ္၊ ၿပီးေတာ့ ဖုန္းထဲကလူက သူ႕ကို ‌အေနာက္ဘက္ကိုပိတ္ၿပီး အေ႐ွ႕ဘက္က ျပတင္းေပါက္ေတြနဲ႔ ေလွကားခြင္ကတံခါးေတြကို ဖြင့္ထားဖို႔ နည္းလမ္းျပတယ္၊ အဲ့ထဲမွာမွ သူ '2212' ဆိုတာကို ႏွစ္ခါထည့္ေျပာသြားတယ္၊ ဖုန္ေဖးအိမ္ပဲ "

" ဖုန္းေခၚမွတ္တမ္းကို ေထာက္လွမ္းလို႔ရလား? "

" မရဘူး တစ္ခါသုံးဖုန္းပဲ "

" ခ်န္ေဖ့ ဒီလိုသက္ေသမ်ိဳးကို ျငင္းလို႔မရဘူး "

" ကြၽန္ေတာ္တို႔ သူ႕ကိုစစ္ေမးေနတာ ခုနစ္ေခါက္၊ ႐ွစ္ေခါက္ေလာက္႐ွိၿပီ၊ ၿပီးေတာ့ ေပသီးတြက္ကစားခဲ့ရတယ္၊ ဒီတစ္ခါေတာ့ သက္ေသခိုင္မာၿပီး ေနာက္ဆုံး‌ေမးႏိုင္ခဲ့ၿပီ၊ သူေျပာတာက သူ ေငြသားအမ်ားႀကီးရၿပီး စီစဥ္ထားတဲ့အခ်ိန္နဲ႔ေနရာမွာ သူ႕ကို 2209 ေ႐ွ႕ပုံထားတဲ့အမိႈက္ေတြ မီး႐ိႈ႕ခိုင္းတယ္၊ ေန႔ခင္းလည္းျဖစ္ၿပီး မၾကာခင္ မီးသတ္ႏိုင္မွာပဲလို႔သူထင္ခဲ့တာ၊ မီးအထိန္းအကြပ္မဲ့သြားမယ္ဆိုတာ မေမွ်ာ္ထားခဲ့ဘူး၊ ေနာက္ေတာ့ ေဖာက္သည္ကသူ႕ကို ႐ုတ္တရက္ဖုန္းေခၚလာၿပီး အေျခအေနေမးတယ္၊ မီးထိန္းဖို႔သင္ေပးတယ္၊ ၿပီးေတာ့ 2212 ကို မီးမေလာင္ေစဖို႔ေျပာတယ္ "

" ဆိုေတာ့ ဟုန္ယန္႔က အနားမွာပဲ "

ရန္ရိ သုံးသပ္ၾကည့္လိုက္သည္။

" မီး႐ိႈ႕သမားေတြက သူတို႔ရဲ႕ေျပာင္ေျမာက္တဲ့လက္ရာကို အျပစ္က်ဴးလြန္တဲ့ေနရာမွာ ၾကည့္ရတာႀကိဳက္တယ္၊ ဒါေပမယ့္.....သူတို႔အားလုံး အဲ့တာကို ကိုယ္တိုင္လုပ္ၾကည့္ခ်င္ၾကတာ၊ ဘာလို႔ဆို အေကာင္းဆုံးသာယာမႈေပးတာက မီး႐ိႈ႕တဲ့လုပ္ငန္းစဥ္ပဲ၊ သူ ဘယ္လိုလုပ္ သူ႕'သာယာမႈ' လုပ္ငန္းစဥ္ကို အျခားသူေတြဆီေပးႏိုင္မွာလဲ? ဒီ 'ဟုန္ယန္႔' က မီး႐ိႈ႕မႈကို႐ူးသြပ္တဲ့သူေတြလကၡဏာနဲ႔ တစ္စိတ္တစ္ပိုင္း ကိုက္ညီေပမယ့္၊ တစ္စိတ္တစ္ပိုင္းကလည္း မကိုက္ညီျပန္ဘူး "

" အဲ့အခ်က္ကို ကြၽန္ေတာ္လည္း ဒြိဟ‌ျဖစ္ေနတာ၊ ကြၽန္ေတာ္ ခန္႔မွန္းခ်က္တစ္ခု႐ွိတယ္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ဘာခန္႔မွန္းခ်က္လဲ? "

" 'ဟုန္ယန္႔ (အနီေရာင္မီးေတာက္)' ဆိုတာဘာလဲ ခင္မ်ားသိလား? "

ရန္ရိ မင္သက္သြားသည္။

" .....ဟုန္ယန္႔ "

သူခဏအတြင္း ဒီနာမည္အေၾကာင္း ထူးျခားတာဘာမွမစဥ္းစားမိ။

ခ်ိဳးယန္ မ်က္လုံးေတြ အေရာင္လက္သြားၿပီး

" မီးအပူခ်ိန္နဲ႔ အေရာင္ကို ဆိုလိုတာလား? "

ရန္ရိ ႐ုတ္တရက္ သေဘာေပါက္သြားသည္။

" လက္စသတ္ေတာ့ အနီေရာင္မီးေတာက္ က မီးေတာက္ေတြထဲမွာ အပူခ်ိန္အနိမ့္ဆုံးမီးေတာက္ပဲ! "

" ဟုတ္တယ္၊ က်ိဳးခြၽမ္းေျပာတဲ့ အဖြဲ႕အစည္းသာ တကယ္႐ွိရင္ အဖြဲ႕ဝင္ေတြထဲမွာလည္း အဆင့္အတန္းကြာျခားခ်က္ေတြ႐ွိလိမ့္မယ္၊ ဒါက ဘယ္အဖြဲ႕အစည္းတည္ေဆာက္ပုံမွာမဆို ေ႐ွာင္လႊဲမရတဲ့ဟာပဲ၊ 'အနီေရာင္မီးေတာက္' က အနိမ့္ဆုံးအဖြဲ႕ဝင္လို႔ ကြၽန္ေတာ္တို႔ သုံးသပ္ထားတယ္၊ ေနာက္ၿပီး သူ႕အျပဳအမူက အထက္ကလူေတြ လႈံ႕ေဆာ္ေပးတာျဖစ္ႏိုင္တယ္၊ ဆိုေတာ့ သူ႕အျပဳအမူကို မီး႐ိႈ႕မႈမွာ႐ူးသြပ္လား၊ မ႐ူးသြပ္လားဆိုတာ ခန္႔မွန္းဖို႔သုံးမရဘူး "

ခ်ိဳးယန္က မ်က္စိေမွးစင္းလိုက္ၿပီး :

" ခ်န္ေဖ့မီး‌႐ိႈ႕တဲ့အခ်ိန္ ဟုန္ယန္႔ကအနီးနားမွာ ‌ေစာင့္ၾကည့္ေနတယ္၊ မီးအထိန္းအကြပ္မဲ့သြားၿပီထင္ေတာ့ ခ်န္ေဖ့ကိုဖုန္းေခၚၿပီး 2212 ကိုမီး႐ိႈ႕လို႔မျဖစ္ေၾကာင္း သတိေပးတယ္၊ ဟုန္ယန္႔နဲ႔ ဖုန္ေဖး ပတ္သက္မႈကဘာလဲ? လက္႐ွိသက္ေသေတြကို သုံးသပ္ၾကည့္ရသေလာက္ေတာ့ ႏွစ္ေယာက္က တစ္ဦးတည္းျဖစ္ပုံမရဘူး "

" ကြၽန္ေတာ္လည္း သူတို႔ႏွစ္ေယာက္ကို တစ္ဦးတည္းလို႔မထင္ဘူး၊ က်ိဳးခြၽမ္းေရာ ‌ခ်န္ေဖ့ေရာႏွစ္ေယာက္လုံး ဟုန္ယန္႔ကသူတို႔ကို အၿမဲတမ္း ႐ိုး႐ိုးစာေၾကာင္းနဲ႔ပဲ ဆက္သြယ္ခဲ့တယ္လို႔ေျပာတယ္၊ သူတို႔ တစ္ေယာက္ကိုတစ္ေယာက္ ဆက္သြယ္ဖို႔ လမ္းစမ႐ွိဘူး၊ ဆိုေတာ့ သူတို႔စုံစမ္းလို႔မရဘူး၊ ခ်န္ေဖ့ အရင္ကလူေတြကို မေကာင္းတဲ့အလုပ္လုပ္ၿပီး ကူညီေပးဖူးတယ္၊ ဟုန္ယန္႔ သူ႕ဖုန္းနံပါတ္ကို ဘယ္လိုရသြားလဲသူမသိဘူး၊ ၿပီးေတာ့ ေငြ႐ွင္းဖို႔လည္း အရမ္းလြယ္တယ္၊ ဒါေပမယ့္ သူဟုန္ယန္႔ကို တစ္ခါမွမေတြ႕ဖူးဘူး၊ ဆိုေတာ့ လူငယ္ျဖစ္ၿပီး အသက္လတ္ပိုင္းေလာက္႐ွိမယ္ဆိုတာပဲ သူေသခ်ာႏိုင္တယ္ "

" အဲ့တာဆို မင္းအေၾကာင္း....."

ရန္ရိ ကုံးရင့္႐ွန္ကို ၾကည့္လိုက္သည္။

" အဲ့တာကိုေရာ ခ်န္ေဖ့ ဟုန္ယန္႔ဆီက သိလာတာလား? "

ကုံးရင့္႐ွန္ ေခါင္းခါသည္။

" ဒီေမးခြန္းကို ခ်န္ေဖ့မေျပာခင္ သူကြၽန္ေတာ္နဲ႔ေတြ႕မွရမယ္လို႔ ေျပာတယ္၊ ေခါင္းေဆာင္ခ်ိဳးက ဝမ္ရမ့္ရပ္ကြက္အမႈကို သက္ေရာက္မႈမျဖစ္ေစခ်င္ေတာ့ အခ်ိန္တစ္ခုထိ ကြၽန္ေတာ္႕ကိုသြားမေတြ႕ခိုင္းဘူး "

ခ်ိဳးယန္ ေျပာလာသည္။

" ခ်န္ေဖ့က လူရမ္းကားပဲ၊ က်ိဳးခြၽမ္းအလြယ္တကူေၾကာက္မယ့္သူမ်ိဳး မဟုတ္ဘူး၊ အဆုံးမွာေသရမွာကို ေ႐ွာင္လႊဲမရမွန္းသိလည္း လွ်ိဳ႕ဝွက္ခ်က္ကိုထိန္းထားတုန္းပဲ၊ ထုတ္မေျပာဘူး၊ အျခားရည္႐ြယ္ခ်က္ေတြ ႐ွိေလာက္တယ္၊ သူအခု စစ္ေဆးေရးကိုေတာ့ အေႏွာင့္အယွက္ေပးႏိုင္မယ္ မထင္ဘူး "

" အတိုခ်ဳပ္ရရင္ ဒီသက္ေသေတြနဲ႔ ဖုန္ေဖးဘယ္လို ႏြားမ႐ြံ႕ပိတ္ျငင္းေနဦးမလဲ ျမင္ခ်င္တယ္ "

ဆိုင့္ေခ်ာင္ ခပ္ျပင္းျပင္းႏွာမႈတ္လိုက္သည္။

" ကိစၥတစ္ခုလုံး ပိုပိုၿပီးထင္႐ွားလာၿပီ၊ ဒါေပမယ့္ ဖုန္ေဖးဘယ္လိုလုပ္ၿပီး Seraph ဒါမွမဟုတ္ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အဖြဲ႕အစည္းနဲ႔ ပါဝင္ပတ္သက္ေနမွန္း မသိဘူး "

ကုံးရင့္႐ွန္ ေအးစက္စက္ေျပာလိုက္သည္ :

" သူကိုယ္တိုင္ ကြၽန္ေတာ္တို႔ကို ထုတ္ေျပာလာမွာပဲ ေစာင့္တာေပါ့ "

ဖုန္ေဖး သက္ေသေတြအေပၚတုံ႔ျပန္မွာကို ရန္ရိသူ႕မ်က္လုံးနဲ႔ ကိုယ္တိုင္ၾကည့္ခ်င္ေပမယ့္လည္း ဒီေန႔လယ္ ေခါင္းေဆာင္တစ္ေယာက္ လာစစ္ေဆးမွာျဖစ္သည္။ အခ်ိန္နီးၿပီဆိုတာျမင္ေတာ့ အျမန္ျပန္ေျပးဖို႔လိုသည္။

ကုံးရင့္႐ွန္ကသူ႕ကို အစည္းအေဝးအခန္းတံခါးဆီ လိုက္ပို႔ၿပီး :

" ခင္မ်ား အလုပ္ျပန္လုပ္လိုက္ဦး၊ ကြၽန္ေတာ္ ညက်ရင္ ရလဒ္ေျပာျပဖို႔ ဖုန္းဆက္လိုက္မယ္ "

" အိုေက "

ရန္ရိ ကုံးရင့္႐ွန္မ်က္လုံးေအာက္က အနက္ေရာင္မ်က္ကြင္း ခပ္ေရးေရးကို ၾကည့္လိုက္သည္။

" မင္းခဏေလာက္ နားသင့္တယ္၊ အဲ့တာ အမႈကိုင္တြယ္ဖို႔အတြက္ အေရးႀကီးတယ္၊ ၿပီးေတာ့ မင္းခႏၶာကိုယ္ကလည္း ေတာင့္တင္းေနၿပီ "

" ရပါတယ္၊ ကြၽန္ေတာ္ အမွန္တရားနဲ႔နီးလာေလေလ၊ စိတ္ပိုၾကည္လာေလေလပဲ "

ကုံးရင့္႐ွန္ နင့္နဲေသာအသံျဖင့္ ေျပာလာသည္။

" ကြၽန္ေတာ္တို႔ေ႐ွ႕မွာ မီး႐ိႈ႕သမားတစ္ေယာက္ႏွစ္ေယာက္တင္ မကဘူး၊ website ပဲမဟုတ္ဘူး၊ ဒါေပမယ့္ ရာဇဝတ္သမားအဖြဲ႕အစည္းႀကီး တစ္ခုလုံးပဲ၊ ကြၽန္ေတာ္ ဒါကိုေတြးမိရင္ အိပ္တာေတာင္ အခ်ိန္ျဖဳန္းတာပဲလို႔ ခံစားရတယ္ "

ရန္ရိ ကုံးရင့္႐ွန္ပခုံးကို ကိုင္လိုက္ၿပီး

" မင္း အဲ့လိုေတြးလို႔မရဘူးေလ၊ ပထမအခ်က္ မင္းက တစ္ေယာက္တည္း မဟုတ္ဘူး၊ မင္းမွာ ငါ၊ ငါနဲ႔...ေခါင္းေဆာင္ခ်ိဳး ႐ွိေသးတယ္၊ ဒုတိယအခ်က္ ပိုအေရးႀကီးတာက ညဥ့္နက္ေအာင္အလုပ္မလုပ္ဖို႔ပဲ၊ မင္းကိုယ္မင္း ဖိအားမေပးပါနဲ႔၊ ငါတို႔ေန႔တိုင္း သဲလြန္စေတြ ပိုရေနတာပဲ၊ ေအာင္ျမင္မႈက လုံးဝတရားမွ်တၿပီး ငါတို႔နဲ႔ပဲဆိုင္တယ္၊ အလ်င္မလိုနဲ႔ "

ကုံးရင့္႐ွန္ ရန္ရိကိုၾကည့္လိုက္ၿပီး

" ေခါင္းေဆာင္ျဖစ္ထိုက္ပါတယ္၊ လူေတြကို အရမ္းစိတ္အားေပးတတ္တာပဲ "

" ငါ့မွာ လုပ္ရမွာေတြအမ်ားႀကီး ႐ွိပါေသးတယ္ "

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" မင္းမွာ ျဖည္းျဖည္းခ်င္းေလ့လာဖို႔ အခ်ိန္႐ွိသားပဲ "

ကုံးရင့္႐ွန္ ခပ္‌ယဲ့ယဲ့ျပဳံး‌ၿပီးေနာက္ တြန္႔ဆုတ္ေနသည္။

" ခင္မ်ား ဘယ္အခ်ိန္အားမလဲ? "

" ဘာျဖစ္လို႔လဲ? "

" ခ်န္ေဖ့ကို အမႈထပ္စစ္ရင္ "

ကုံးရင့္႐ွန္ ႏႈတ္ခမ္းတင္းတင္းေစ့လိုက္ၿပီး

" ခင္မ်ား႐ွိေပးဖို႔ ေမွ်ာ္လင့္တယ္ "

သူ ခ်န္႔ေဖ့ကိုမေၾကာက္ဘူး။ သူမီးကို ဘယ္ေလာက္ပဲေၾကာက္ပါေစ၊ ရင္ဆိုင္မည္၊ တစ္ေယာက္တည္း‌ျဖစ္ေနတာကိုေတာ့ ေျပာစရာေတာင္မလိုေပ။ အဲ့တာက ဒီတိုင္း ရန္ရိသူ႕ေဘးနား႐ွိ‌တဲ့အခါ အရာရာကိုရင္ဆိုင္ဖို႔ သတၱိပို႐ွိလာမွန္း ‌သိခဲ့ရေသာေၾကာင့္သာ။ သူ ရန္ရိအတြက္ ဘဝရဲ႕အိမ္မက္ဆိုးကို ခ်ဥ္းကပ္ႏိုင္သည္။ ရန္ရိ႐ွိေနရင္ သူပိုၿပီးလုပ္ႏိုင္သလို ခံစားရသည္။

ရန္ရိ ဝမ္းသာသြားၿပီး

" ဒါေပါ့၊ လိုအပ္တာေပါ့၊ ငါ႐ွိေနသင့္တယ္ "

ရန္ရိရင္ထဲ မေျပာျပႏိုင္ေသာ အထိအေတြ႕ ေပၚေပါက္လာသည္။ ကုံးရင့္႐ွန္ရဲ႕ တန္ဖိုးထားယုံၾကည္ခံရတာက သူ႕ကိုထူးထူးျခားျခားခိုင္မာၿပီး ဝမ္းသာအားရျဖစ္ေစသည္။

ကုံးရင့္႐ွန္လည္း ရင္ထဲေႏြးေထြးသြားၿပီး

" အဲ့တာဆို ေနာက္မွေတြ႕မယ္ "

" bye "

အခ်င္းခ်င္း ႏႈတ္ဆက္ၾကၿပီးေပမယ့္ တစ္ေယာက္မွ‌မေ႐ြ႕။ သူတို႔ တစ္ေယာက္ကိုတစ္ေယာက္သာ မ်က္ေတာင္မခတ္တမ္း ဆက္ၾကည့္ေနၾကၿပီး၊ တစ္ဖက္လူ ေနာက္လွည့္သြားမွာကို ေစာင့္ေနသည့္အလား။ သို႔ေသာ္ ဘယ္သူမွ အရင္မထြက္ခြာလိုေပ။

သူတို႔သတိထားမိေတာ့ မေဖာ္ျပတတ္ေအာင္ မလႈပ္သာမ႐ွပ္သာျဖစ္သြားၾကသည္။

ရန္ရိ အစည္းအေဝးခန္းတံခါးကို လက္ညိႇဳးထိုးျပၿပီး

" မင္း မင္းျပန္ဝင္ၿပီး အလုပ္မ်ားလိုက္ပါဦး "

" .....အင္း "

ကုံးရင့္႐ွန္ ေခါင္းညိတ္ကာ အစည္းအေဝးခန္းထဲ ျပန္ဝင္သြားသည္။

ရန္ရိကိုယ္လွည့္ကာ နံရံကိုမွီလ်က္ ႏွလုံးကိုလက္ျဖင့္ဖိရင္း မ်က္ႏွာမွာေတာ့ ခါးသက္သက္အျပဳံးတစ္ခု ျဖစ္တည္လာသည္။ သူေတြးခဲ့ဖူး၏၊ ႀကိဳက္တယ္ဆိုတာ ေဟာ္မုန္းလႈံ႕ေဆာ္မႈ၊ ျပင္းထန္တဲ့ အလိုဆႏၵ၊ တက္ႂကြမႈကေန အဆုံးမ႐ွိတဲ့ ေပါက္ထြက္မႈပဲ။ မွန္တယ္ ဒါ‌ေတြအကုန္လုံး မွန္ပါတယ္၊ ဒါေပမယ့္ သူကုံးရင့္႐ွန္ကိုမေတြ႕ခင္အထိ သူဒါ‌ေတြနားမလည္ခဲ့ဘူး၊ တစ္ဖက္လူအတြက္ ေပးဆပ္ႏိုင္ေပမယ့္ အေႏွာင့္အယွက္မေပးရဲတာ။ အမွတ္တမဲ့အၾကည့္ေတြကေတာင္ စိတ္လႈပ္႐ွားစရာေကာင္းေနတာ။ တံေတာင္ခ်င္း ထိခတ္မိတာကေတာင္ ႐ူးသြပ္ေစႏိုင္တာ၊ ၿပီးေတာ့ စကားတစ္ခြန္းရဲ႕ အဆုံးသံ အတက္အက်ကေတာင္ အႀကိမ္ႀကိမ္အခါခါ ရင္ခုန္ဖို႔ထိုက္တန္ေနတာမ်ိဳး။

ဖန္သားလို သတိထားသင့္ၿပီး က်ိဳးပဲ့လြယ္တဲ့ သေဘာက်ႏွစ္သက္မႈပါပင္။

===========

If u want to support me

[ 09795118580 - Kpay or wavepay or bill ]

If u wanna join extra channel -

[ Send a simple message to 09795118580 ]

===========