webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 54

Mon, Aug 16, 2021

{ Unicode }

အိမ်ပြန်ရောက်တော့ ရန်ရိအိပ်ချင်နေပေမယ့် စွမ်းအင်အပြည့်ဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" မင်း ရေအရင်သွားချိုးနှင့်၊ ငါမင်းအတွက် ခေါက်ဆွဲပြုတ်ထားပေးမယ် "

" အိုကေ "

ကုံးရင့်ရှန်က suit နဲ့ necktie ကို ချိတ်မှာ ရင်းနှီးသောအပြုအမူအတိုင်း ချိတ်လိုက်၏။

ရန်ရိ သူ့နောက်ကနေ လှမ်းကြည့်ရင်း တိတ်တခိုးပြုံးလိုက်သည်။ သူဒီလို နှစ်ယောက်အတူနေသလို ဘဝအပြုအမူမျိုးကို သဘောကျသည်။

" ရေချိုးခန်းအေးနေရင် အပူပေးစက်ဖွင့်လိုက်နော် "

ရန်ရိ မီးဖိုချောင်ထဲသွားပြီး ခေါက်ဆွဲခြောက်ထုပ်နဲနဲယူကာ ကြက်ဥနဲ့ ဝက်အူချောင်းပြင်ပြီး ပြုတ်လိုက်သည်။ ခဏစဉ်းစားကြည့်ပြီး ရေခဲသေတ္တာကို အကြာကြီးဖွင့်ရှာလိုက်တော့ အစာသွပ်သုံးမျိုးပါတဲ့ အေးခဲ‌ခဲဖက်ထုပ်တစ်ထုပ် ရှာတွေ့သည်။ နောက်ဆုံးတော့လည်း ခေါက်‌ဆွဲပြုတ်ပဲစားရတာ နည်းနည်းရိုးပြီး 'ကုံးရှောင်ကျယ်' ရဲ့ဂျီးများတဲ့ မျက်လုံးတွေကို စိတ်ကူးမိတော့ မအောင့်နိုင်ဘဲ ရယ်မိသည်။

ခေါက်ဆွဲပြုတ်ကျက်သွားတဲ့အခါ ရန်ရိ အရင်ဆုံး ပန်ကန်လုံးနှစ်လုံးယူကာ ခွဲထည့်လိုက်ပြီးနောက် အိုးခွဲပြုတ်ထားတဲ့ကြက်ဥဖြူဖြူနုနုလေးတွေကို ခေါက်ဆွဲပေါ်ဖြန့်ထည့်လိုက်ပြီး ဝက်အူချောင်းကို အဝိုင်းလေးတွေညှပ်ကာ အခွံခွာထားသောကြက်ဥများဘေး၌ တစ်ခုစီနေရာချလိုက်သည်။ ထို့နောက် ခေါက်ဆွဲနှစ်ပန်းကန်ကို ပိုပြီးစားချင်စဖွယ်ဖြစ်အောင် အကောင်းဆုံးပြင်လိုက်၏။

ကုံးရင့်ရှန် ရေချိုးခန်းထဲကထွက်လာပြီး လန်းဆန်းကာ အသားက glow လောက်တဲ့အထိ ဖြူဝင်းနေသည်။ ယခုတင်သပ်တင်လိုက်သောဆံပင်က မျက်နှာဘေး၌ ပျော့ပျော့ပျောင်းပျောင်း ပူးကပ်နေသည်။ သူပုံမှန်ထက် အနည်းငယ်ပိုငယ်ရွယ်ပုံပေါက်ပြီး ကောလိပ်ကျောင်းသား တစ်ယောက်လိုပင်။ အသားနည်းနည်းထူပေမယ့်လည်း သူ့ဆောင်းရာသီ pajamas က ပခုံးကျယ်‌တွေ ၊ ခြေတံရှည်ရှည်တွေနဲ့ သာလွန်တဲ့ပုံပန်းသဏ္ဌာန်ကို မဖုံးကွယ်နိုင်။

ရန်ရိ သိပ်မဝေးတဲ့နေရာမှာရပ်ပြီး သူ့ကိုကြည့်ကာ ရင်ခုန်လာသည်။

ကုံးရင့်ရှန်က ထမင်းစားပွဲပေါ်ကို လှမ်းကြည့်ရင်း

" ပြင်ပြီးပြီလား? တိုးတက်မှုရှိသားပဲ "

" ငါအကောင်းဆုံးလုပ်ထားတယ်၊ မင်းအမြန်လိုချင်တယ်ဆိုရင်တော့ ဒါပဲရမှာ "

ရန်ရိပြုံးပြီး ပြောလိုက်သည်။

" စားရအောင် မင်းဗိုက်ပြည့်သွားရင် ကောင်းကောင်းအိပ်ပျော်လိမ့်မယ် "

ကုံးရင့်ရှန် ထိုင်လိုက်ပြီး တူနဲ့ခေါက်ဆွဲဖက်အနည်းငယ်ညှပ်ယူကာ မှုတ်ရင်း တိုးတိုးပြောလာသည်။

" ပူတယ် "

" ဖြည်းဖြည်းစား ခဏနေအေးသွားလိမ့်မယ် "

ရန်ရိ ခေါက်ဆွဲတစ်ကိုက်စားလိုက်ပြီး

" ခေါက်ဆွဲခြောက်တွေက အတော်ဆိုးတော့ တစ်ခါတစ်လေမှစားသင့်တယ် ထင်တယ် "

" တကယ်လား "

ကုံးရင့်ရှန် မယုံသင်္ကာဖြစ်သွားသည်။

" မင်းက ကွဲပြားတယ် "

ရန်ရိ ထပ်ဖြည့်ပြောလိုက်သည်။

" မင်းကအမြဲတမ်း အခြားသူတွေနဲ့ကွဲပြားတယ် "

ကုံးရင့်ရှန် ပါးကို လက်တစ်ဖက်ပေါ်တင်ရင်း ရန်ရိကိုစိုက်ကြည့်လာသည်။

" ခင်များကျွန်တော့်ကို ချီးကျူးနေတာလား? "

ရန်ရိတန့်သွားပြီး အပြုံးဖြင့်ပြောလိုက်သည်။

" အင်း "

"...ခင်များလည်း အခြားသူတွေနဲ့ကွဲပြားတယ် "

ကုံးရင့်ရှန် စကားပြောပြီးနောက် ခေါင်းငုံ့ကာ ဆက်မှုတ်စားနေသည်။

ရန်ရိနှလုံးသားချိုမြနေ၏။

ရုတ်တရက် ကုံးရင့်ရှန်ပြောလာသည်။

" ခင်များမီးဖိုထဲမှာ တစ်ခုခုလုပ်ထားသေးလား? "

ရန်ရိလန့်ပြီးထရပ်ကာ မီးဖိုထဲပြေးသွားလိုက်သည်။ သူ ဖက်ထုပ်အိုးတည်ထားသေးမှန်း မေ့သွားခဲ့၏။ သူ့ အာရုံကတစ်ချိန်လုံး ကုံးရင့်ရှန်ဆီသာရောက်နေပြီး ဒီလောက် ပွက်ပွက်ဆူနေတဲ့ အသံအကျယ်ကြီးကိုတောင် မကြားနိုင်ချေ။

ဖက်ထုပ်ဟင်းရည်တွေက ဂတ်စ်မီးဖိုတစ်ခုလုံးပေါ် ဝေကျနေသည်။ သူအမြန်မီးပိတ်ပြီး ငုံ့ကြည့်လိုက်တော့ တကယ်စိတ်ပျက်စရာကောင်း၏။ ဖက်ထုပ်အိုးတစ်အိုးလုံး ရုပ်ပျက်သွားသလိုပင်။

ကုံးရင့်ရှန် တစ်နေရာထိလျှောက်လာပြီး

" ခင်များ ဘာချက်ထားတာလဲ? "

" .....ဖက်.....အသားလုံးဟင်းချို "

ကုံးရင့်ရှန်လာပြီး တစ်ချက်ကြည့်လိုက်သည်။

" ဖက်ထုပ်တွေမဟုတ်ဘူးလား? "

" မင်း ဖက်ထုပ်ဆိုတာ သိနိုင်သေးလား? "

ရန်ရိ ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။

ကုံးရင့်ရှန်ကသူ့ကို နှိမ့်ချသလို စွေကြည့်လာပြီး

" ကျွန်တော် အခုခင်များကို မရယ်မိအောင် ထိန်းထားရတာ၊ လာမဆွနဲ့ "

ရန်ရိ ချောင်းအသာဟန့်လိုက်သည်။

" မင်းကြည့်ရင် ဖက်ထုပ်နဲ့တူပေမယ့် အသားလုံးဟင်းချိုပဲ "

" ခင်များ ပြောချင်ရာပြောတော့ "

ကုံးရင့်ရှန် ထမင်းစားပွဲဆီ ပြန်လျှောက်သွား၏။

ရန်ရိ သူ့အတွက်သူ တစ်ပန်းကန်ခပ်ပြီး ယူလာလိုက်သည်။

ကုံးရင့်ရှန် ရန်ရိကိုမယုံနိုင်သလို ကြည့်လာသည်။

" ခင်များ ဆက်စားဦးမလို့လား? "

" အစားအစာဖြုန်းတီးလို့မရဘူးလေ "

ရန်ရိ အကြီးကြီးကိုက်စားလိုက်သည်။

" အမ်း စားလို့ကောင်းသားပဲ၊ ပုစွန်ဆိတ်လေးတွေပါတယ် "

ကုံးရင့်ရှန် လှောင်ရယ်ရင်းခေါင်းခါပြီး နောက်ဆုံးတော့ ပထမအကြိမ်အဖြစ် ခေါက်ဆွဲပြုတ်စားလိုက်သည်။

ရန်ရိ မျှော်လင့်တကြီးနဲ့ မေးလိုက်သည်။

" ဘယ်လိုလဲ? "

" ကျွန်တော်ထင်ထားသလိုပဲ၊ အတုလုပ်ထားတဲ့ ခပ်ပြင်းပြင်းအရသာမျိုး၊ ဒါပေမယ့်....အဆင်ပြေပါတယ် "

ရန်ရိ ပြုံးလိုက်၏။ ကုံးရင့်ရှန်က ခံစားချက်ဖော်ပြတဲ့နေရာမှာ မတော်မှန်းသူသိပြီး၊ အဲ့တာက လူငယ်ဘဝမှာ စားလို့ကောင်းပြီး လုပ်သင့်တဲ့အရာဖြစ်တာမို့ " အဆင်ပြေတယ်" ဆိုတာနဲ့တင် တန်ဖိုးကောင်းကောင်းဖြတ်နိုင်နေပါပြီ။ သူချက်ထားတဲ့ ခေါက်ဆွဲပြုတ်ကို ကုံးရင့်ရှန်ခံတွင်းအပြည့်စားနေတာ ကြည့်ပြီးနောက်  သူ့စားချင်စိတ်လည်း အများကြီးပိုတိုးလာသည်။

ကုံးရင့်ရှန် ရန်ရိပန်းကန်လုံးကို အကြိမ်တော်တော်များများကြည့်နေပြီး ခဏတွန့်ဆုတ်ကာ ပြောလာသည်။

" ကျွန်တော့်ကို ခင်များချက်ထားတဲ့ အသားလုံးဟင်းချိုနည်းနည်းပေး "

ရန်ရိ နောက်တွန့်ပြီး အံ့ဩသွားသည်။

" တကယ်လား? "

ကုံးရင့်ရှန်က ခပ်ရှက်ရှက်နဲ့ ပြောလာသည်။

" အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ "

ရန်ရိချက်ချင်းပဲ မီး‌ဖိုချောင်ထဲသွားပြီး ကုံးရင့်ရှန်အတွက် ပန်းကန်လုံးအသေးတစ်ပန်းကန်ခပ်ပေးလိုက်သည်။ ပြီးတော့ ကုံးရင့်ရှန်ကို မှုန်သိုးသိုးအပြုံးနဲ့ကြည့်နေ၏။

" ကျွန်တော် အစားဖြုန်းတီးတာမဟုတ်ဘူး "

ကုံးရင့်ရှန် ရှင်းပြလာသည်။

" ခင်များ ဒီဟင်းအိုးအတွက် တောင်းပန်သင့်တယ် "

" ငါတောင်းပန်ပါတယ် "

ရန်ရိ ရိုးရိုးသားသားပြောလိုက်သည်။

ကုံးရင့်ရှန် သူ့ကြောင့် ရယ်ချင်သွား၏။

ရန်ရိ ကုံးရင့်ရှန်ကိုပြုံးပြကာ မဝံ့မရဲစမ်းစားကြည့်လိုက်ပြီး ကုံးရင့်ရှန်က ကြင်နာတဲ့သူဖြစ်လောက်ပေမယ့် သူ့ကိုယ်သူ ဥပေက္ခာပြုတာတွေ၊ ဖယ်ကြဉ်တာတွေနဲ့ ဖုံးအုပ်ထားတယ်လို့တွေးမိသွားသည်။

========

နောက်တစ်နေ့မနက်မှာ ရန်ရိ စခန်းမှာပုံမှန်ထတဲ့အချိန်ထက် စောထပြီး စိတ်နှစ်ထားသောမနက်စာပြင်သည်။ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတုန်း နားကြပ်တပ်ပြီး သူ့အဖေကို ဖုန်းခေါ်လိုက်သည်။ သူ့အတွေ့အကြုံအရဆို သူ့အဖေမနက်အိပ်ရာထတဲ့အချိန် ပုံမှန်လိုလိုပဲဖြစ်၏။

" မင်းဘာလို့ မနက်အစောကြီးခေါ်တာတုန်း? အလုပ်ခံရလို့လား "

ရန်ရှန့်ရုန်က ဆန်ပြုတ်သောက်နေတာဖြစ်သည်။

" အမ်း လောင်ရန်၊ ကျွန်တော် အဖေ့ကိုကိစ္စနှစ်ခုပြောစရာရှိတယ် "

" ဘာလဲ? "

" တစ်ခုက ကျွန်တော်အရင်တစ်ခါ ပြောခဲ့တယ်လေ၊ အန်တီဝမ်နဲ့ သူ့မိသားစုက ဇာတိမြို့ပြန်တော့မယ်၊ ကျွန်တော် အဖေ့အတွက် နာနီအသစ်ရှာနေတာ၊ အဖေ ကြိုပြီးစိတ်ပြင်ဆင်ထားရမယ်၊ ပြီးတော့ အဖေ ဒီနှစ်ကုန်လူပြောင်းရမယ် "

" မစိုးရိမ်နဲ့၊ ငါကလေးမဟုတ်ဘူး "

ရန်ရှန်ရုန် တန့်သွားပြီး အသံဒီဂရီအနည်းငယ်လျော့ကျသွား၏။

" နာနီအသစ် နေသားကျနိုင်၊မကျနိုင်ဆိုတာပဲ မသိတာ "

အရင်က နာနီတွေအများကြီးပြောင်းရတဲ့ပြဿနာက သူ့ကြောင့်ဆိုတာ စိတ်ထဲကသိနေသည်။

" ဒါက အဖေစိုးရိမ်ရမယ့် ကိစ္စမဟုတ်ဘူး၊ ဒီတိုင်း ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းပဲစားပါ "

ရန်ရှန့်ရုန် သက်ပြင်းဖွဖွချသည်။

" နောက်တစ်ခုက အဖေအတိတ်အကြောင်း ဘယ်လောက်မှတ်မိလဲ? "

" မင်းဘာကိုဆိုလိုတာလဲ? "

ရန်ရိ တွန့်ဆုတ်သွားပြီး

" ပေါင်ရှန့်ဓာတုစက်မှုဇုန်နဲ့ ကုံးမိသားစု မီးလောင်တဲ့ကိစ္စ "

ရန်ရှန့်ရုန် သိချင်သွားသည်။

" မင်းဘာလို့ ရုတ်တရက်ကြီး ဒီကိစ္စထမေးတာလဲ? "

" ကျွန်တော်တို့ မကြာခင်က ပုန်းကွယ်ပြီးရှာဖို့ခက်တဲ့ website တစ်ခုတွေ့ထားတယ်၊ အဲ့မှာ ထောက်လှမ်းဖို့ခက်တဲ့ ရာဇဝတ်မှုတွေအများကြီးရှိတယ်၊ ဒီလို website မျိုးကို အတိုချုံးပြီး Dark web လို့ခေါ်တယ်၊ ဒီ website မှာ ကမ္ဘာတစ်ဝန်းက မီးရှို့သမားတွေ၊ မီးရှို့မှုတွေအားလုံးစုစည်းထားတယ် "

" ဒီလို website မျိုးရှိတယ်ပေါ့?! "

ရန်ရှန့်ရုန် အံ့အားသင့်ပြီး ဒေါသထွက်သွားသည်။

" ဟုတ်တယ်၊ လတ်တလောအမှုအတော်များများ အဲ့ website နဲ့တစ်ခုခုပတ်သက်နေမှန်း တွေ့ရတယ်၊ နောက်ဆုံးစစ်ဆေးရေးကတောင် အဲ့နှစ်ကအမှုနှစ်ခုနဲ့ ပတ်သက်နေတာ "

" အဲ့တာဆို ဒါကလည်း ရဲတွေကိစ္စပဲ "

" ကျွန်တော်အခုတလော ရဲတွေကိုကူညီပေးနေတယ် "

ရန်ရိ ပြောလိုက်သည်။

" အဖေ၊ ဆရာဝန်ကပြောတယ်၊ အဖေ့ရောဂါလက္ခဏာတစ်ခုက တစ်ခါတစ်လေ လက်ရှိဖြစ်ရပ်တွေကို မေ့တတ်ပေမယ့် တစ်ခါတစ်လေ ဟိုအရင်ကကိစ္စတွေကို မှတ်မိနိုင်တယ်တဲ့၊ အဖေ ကျွန်တော့်ကို အဲ့အကြောင်း ကူစဉ်းစားပေးနိုင်မလား? အရင်ကကိစ္စတွေပြန်ရှာဖို့ အရမ်းအရေးကြီးတယ် "

" ပြဿနာမရှိဘူး၊ အဖေပြန်စဉ်းစားလိုက်မယ် "

" ကျွန်တော် အီလက်ထရောနစ်ဒေတာ‌တစ်ချို့ အဖေ့မိုဘိုင်းဖုန်းဆီပို့ထားတယ်၊ အန်တီဝမ်ကို print ထုတ်ပေးခိုင်းလိုက်ပါ၊ ကျွန်တော် ဒီနှစ်ရက်အတွင်း အိမ်ပြန်လာခဲ့မယ်၊ စကားကောင်းကောင်း ပြောကြတာပေါ့၊ ကျွန်တော် ဒီအမှုကို အထူးအာရုံစိုက်နေရတဲ့ အကြောင်းရင်းရှိတယ်၊ အဖေ့ကိုရှင်းပြမယ် "

" လုပ် "

ဖုန်းချလိုက်တော့ နားကြပ်ကနေ သီချင်းသံလွင့်ပျံလာပြီး ရန်ရိသီချင်းခပ်တိုးတိုးညည်းကာ ပျော်ပျော်ရွှင်ရွှင်ကြက်ဥကြော်လေ၏။

မနက်စာပြင်ပြီးတော့ ကုံးရင့်ရှန်လည်း နိုးလာသည်။ မနေ့ညက မအိပ်ခင်တစ်ခုခုစားခဲ့တာကြောင့် မျက်လုံးတွေ နည်းနည်း မို့အစ်နေပြီး မျက်ခမ်းစပ်မှာ ခပ်နီနီအရေးကြောင်းပါးပါးရှိနေသည်။ ပုံမသွင်းထားသောဆံပင်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ဒယိမ်းဒယိုင်ဖြစ်နေပြီး၊ ပျင်းတွဲတွဲအသက်ရှူသံဖြင့် ယားကျိကျိဖြစ်အောင် sexy ကျနေသည်။

တစ်ခါတရံ ရန်ရိ ကုံးရင့်ရှန်အကြောင်း စိတ်ကူးယဉ်တာတွေကို ထိန်းချုပ်ဖို့ခက်သည်။ ဆိုတော့ သူမျက်လုံးနဲ့ အမူအရာတွေကို ထိန်းချုပ်ဖို့ပဲ အကောင်းဆုံးကြိုးစားရ၏။ သူခေါင်းငုံ့ပြီး ပန်းကန်တွေ ဇွန်းတွေစီသလို ဟန်ဆောင်လိုက်ရသည်။

" မြန်မြန်လာပြီးစားကြည့်၊ ဒါမှငါ့ရဲ့တကယ့်အဆင့်ပဲ၊ မနေ့ညက အသားလုံးဟင်းချိုကို မေ့လိုက် "

ကုံးရင့်ရှန် သူ့ကို စလိုက်သည်။

" မနေ့ညကတော့ ဒီလိုမပြောပါလား "

ရန်ရိ သူ့ဆီကို လေမှုတ်လိုက်ပြီး

" နေ့သစ်တစ်ခု၊ ငါအသစ်‌တစ်ယောက်ပဲ "

" တိတိကျကျပြောမယ်ဆို တစ်နေ့တည်းပဲ ရှိသေးတာ "

" အာရုံလာစားနေတယ်၊ နောက်တစ်ခါမင်းလုပ် "

" ရတယ်လေ "

ကုံးရင့်ရှန် သာမန်ကာလျှံကာ ပြောလိုက်သည်။

ရန်ရိ သူ့ကိုစိုက်ကြည့်ပြီး

" ဟင်းချက်လို့ ပြောတာ "

" သိတယ် "

" မင်း ဟင်းချက်နိုင်တာလား? "

ကုံးရင့်ရှန်က ပခုံးတွန့်ပြရင်း

" ခင်များပြောသလိုပဲ၊ ဟင်းချက်နည်းအတိုင်းလုပ်ရင် ဘယ်နားမှားမလဲ? "

ရန်ရိ ပြောလိုက်သည်။

" အိုကေ၊ မင်း ငါ့အတွက်ချက်ပေးတာ စောင့်နေမယ် "

မနက်စာစားပြီးတော့ ကုံးရင့်ရှန် ရန်ရိကို စခန်းပြန်ပို့ပေးပြီး သူဘာသာ ဌာနခွဲပြန်သွားသည်။ နှစ်ယောက်သား အမှုတိုးတက်မှုအကြောင်း အဆက်အသွယ်ဆက်လုပ်ဖို့  သဘောတူထားကြသည်။ နောက်ဆုံးတော့လည်း သူတို့အားလုံး အမှုအကျပ်အတည်းဖြစ်လာမယ်ဆိုတာကို စိတ်ထင့်နေကြ၏။

စခန်းမှာတစ်မနက်လုံး ဘာပြဿနာမှမရှိပေ။ သူတို့ ဘတ်စ်ကတ်ဘောကစားကာ ကောင်းကယ်နဲ့ Video call ပြောပြီးနောက် မကြာခင် နေ့လယ်စာစားချိန်ရောက်လာသည်။

နေ့လယ်စာမစားခင် ရန်ရိ ကုံးရင့်ရှန်ဆီကနေ WeChat စာတစ်ဆောင် လက်ခံလိုက်ရပြီး သူတို့စစ်ဆေးတာပြီးသွားပြီ၊ ကျိုးချွမ်းပြောတဲ့အချက်ကို လက်ခံဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ပြောထားသည်။

ရန်ရိ စာပြန်လိုက်သည် : အဲ့မြေးစုတ်အတွက်တော့ ဈေးပေါတာပဲ

ကျိုးချွမ်း ဆေးရုံဆင်းနိုင်ပေမယ့်လည်း သူ့မီးလောင်ရာတွေက နှစ်ရှည်ကုထုံးနဲ့ ကုသမှုလိုအပ်သည်။ သူ ထိန်းသိမ်းရေးစင်တာထဲ သွားရရင် ဘဝတစ်ဝက်စာလောက် အချိန်ကုန်ရတော့မှန်း သူသိ၏။ ထိန်းသိမ်းရေးစင်တာက သန့်ရှင်းရေးနဲ့ ဆေးဝါးအခြေအနေကလည်း Top 3 ဆေးရုံတွေနဲ့ မယှဉ်နိုင်ပေ။

" သူ ချန်ဖေ့ရော Seraphရောနဲ့ ပတ်သက်တဲ့အချက်တွေ ဝန်ခံတယ် "

" ကောင်းတယ် "

ရန်ရိ စာပြန်လိုက်သည်။

" လောင်ကုံး ကြိုးစားထား! "

သူအဓိပ္ပါယ်ပါတဲ့ emoji တောင်ထည့်‌လိုက်သေး၏။

ရန်ရိ စာပို့ပြီးတော့ ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်ရင်း ကုံးရင့်ရှန်စာရိုက်နေတာကို ကြည့်နေသည်။ ထို့နောက် ရပ်သွားပြီး၊ စာပြန်ရိုက်နေကြောင်းပြသည်၊ နောက်တော့ သူဘာမှပြောမလာ‌။ တတိယအကြိမ် စာရိုက်နေကြောင်း ပြမလာခင်အထိ ရန်ရိနှလုံးသား လည်ပင်းမှာတန်းလန်းဖြစ်နေ၏။ နောက်ဆုံးတော့ သူစကားတိုတို‌လေးလုံးပဲ ပြန်ပို့လာသည်။

" နောက်မှပြောမယ် "

ရန်ရိ နည်းနည်းစိတ်ပျက်သွားပြီး ကိုယ့်ကိုယ်ကို လှောင်ထေ့ပြုံးလိုက်သည်။ အချိန်တိုင်း သူဒီလိုပါးစပ်နဲ့ပဲ အခွင့်ရေးယူရဲတယ်၊ သတိကြီးကြီးထားပြီး မဝံ့မရဲနဲ့ ဟန်ဆောင်ပြောနေရတယ်၊ တစ်ခါတစ်လေ ကြည်နူးပျော်ရွှင်ရပြီး တစ်ခါတစ်လေ စိတ်ပျက်အားငယ်ရတယ်၊ ချဉ်ပြီး ချိုတယ်၊ ဒါက တိတ်တခိုးချစ်ရတဲ့ အရသာမျိုးပဲဆိုတာ သိသာပါ၏။

==========

If u want to support me - [ 09795118580 (Kpay or wavepay) ]

==========

{ Zawgyi }

အိမ္ျပန္ေရာက္ေတာ့ ရန္ရိအိပ္ခ်င္ေနေပမယ့္ စြမ္းအင္အျပည့္ျဖင့္ စိတ္လႈပ္႐ွားစြာ ေျပာလိုက္သည္။

" မင္း ေရအရင္သြားခ်ိဳးႏွင့္၊ ငါမင္းအတြက္ ေခါက္ဆြဲျပဳတ္ထားေပးမယ္ "

" အိုေက "

ကုံးရင့္႐ွန္က suit နဲ႔ necktie ကို ခ်ိတ္မွာ ရင္းႏွီးေသာအျပဳအမူအတိုင္း ခ်ိတ္လိုက္၏။

ရန္ရိ သူ႕ေနာက္ကေန လွမ္းၾကည့္ရင္း တိတ္တခိုးျပဳံးလိုက္သည္။ သူဒီလို ႏွစ္ေယာက္အတူေနသလို ဘဝအျပဳအမူမ်ိဳးကို သေဘာက်သည္။

" ေရခ်ိဳးခန္းေအးေနရင္ အပူေပးစက္ဖြင့္လိုက္ေနာ္ "

ရန္ရိ မီးဖိုေခ်ာင္ထဲသြားၿပီး ေခါက္ဆြဲေျခာက္ထုပ္နဲနဲယူကာ ၾကက္ဥနဲ႔ ဝက္အူေခ်ာင္းျပင္ၿပီး ျပဳတ္လိုက္သည္။ ခဏစဥ္းစားၾကည့္ၿပီး ေရခဲေသတၱာကို အၾကာႀကီးဖြင့္႐ွာလိုက္ေတာ့ အစာသြပ္သုံးမ်ိဳးပါတဲ့ ေအးခဲ‌ခဲဖက္ထုပ္တစ္ထုပ္ ႐ွာေတြ႕သည္။ ေနာက္ဆုံးေတာ့လည္း ေခါက္‌ဆြဲျပဳတ္ပဲစားရတာ နည္းနည္း႐ိုးၿပီး 'ကုံးေ႐ွာင္က်ယ္' ရဲ႕ဂ်ီးမ်ားတဲ့ မ်က္လုံးေတြကို စိတ္ကူးမိေတာ့ မေအာင့္ႏိုင္ဘဲ ရယ္မိသည္။

ေခါက္ဆြဲျပဳတ္က်က္သြားတဲ့အခါ ရန္ရိ အရင္ဆုံး ပန္ကန္လုံးႏွစ္လုံးယူကာ ခြဲထည့္လိုက္ၿပီးေနာက္ အိုးခြဲျပဳတ္ထားတဲ့ၾကက္ဥျဖဴျဖဴႏုႏုေလးေတြကို ေခါက္ဆြဲေပၚျဖန္႔ထည့္လိုက္ၿပီး ဝက္အူေခ်ာင္းကို အဝိုင္းေလးေတြညႇပ္ကာ အခြံခြာထားေသာၾကက္ဥမ်ားေဘး၌ တစ္ခုစီေနရာခ်လိုက္သည္။ ထို႔ေနာက္ ေခါက္ဆြဲႏွစ္ပန္းကန္ကို ပိုၿပီးစားခ်င္စဖြယ္ျဖစ္ေအာင္ အေကာင္းဆုံးျပင္လိုက္၏။

ကုံးရင့္႐ွန္ ေရခ်ိဳးခန္းထဲကထြက္လာၿပီး လန္းဆန္းကာ အသားက glow ေလာက္တဲ့အထိ ျဖဴဝင္းေနသည္။ ယခုတင္သပ္တင္လိုက္ေသာဆံပင္က မ်က္ႏွာေဘး၌ ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္း ပူးကပ္ေနသည္။ သူပုံမွန္ထက္ အနည္းငယ္ပိုငယ္႐ြယ္ပုံေပါက္ၿပီး ေကာလိပ္ေက်ာင္းသား တစ္ေယာက္လိုပင္။ အသားနည္းနည္းထူေပမယ့္လည္း သူ႕ေဆာင္းရာသီ pajamas က ပခုံးက်ယ္‌ေတြ ၊ ေျခတံ႐ွည္႐ွည္ေတြနဲ႔ သာလြန္တဲ့ပုံပန္းသဏၭာန္ကို မဖုံးကြယ္ႏိုင္။

ရန္ရိ သိပ္မေဝးတဲ့ေနရာမွာရပ္ၿပီး သူ႕ကိုၾကည့္ကာ ရင္ခုန္လာသည္။

ကုံးရင့္႐ွန္က ထမင္းစားပြဲေပၚကို လွမ္းၾကည့္ရင္း

" ျပင္ၿပီးၿပီလား? တိုးတက္မႈ႐ွိသားပဲ "

" ငါအေကာင္းဆုံးလုပ္ထားတယ္၊ မင္းအျမန္လိုခ်င္တယ္ဆိုရင္ေတာ့ ဒါပဲရမွာ "

ရန္ရိျပဳံးၿပီး ေျပာလိုက္သည္။

" စားရေအာင္ မင္းဗိုက္ျပည့္သြားရင္ ေကာင္းေကာင္းအိပ္ေပ်ာ္လိမ့္မယ္ "

ကုံးရင့္႐ွန္ ထိုင္လိုက္ၿပီး တူနဲ႔ေခါက္ဆြဲဖက္အနည္းငယ္ညႇပ္ယူကာ မႈတ္ရင္း တိုးတိုးေျပာလာသည္။

" ပူတယ္ "

" ျဖည္းျဖည္းစား ခဏေနေအးသြားလိမ့္မယ္ "

ရန္ရိ ေခါက္ဆြဲတစ္ကိုက္စားလိုက္ၿပီး

" ေခါက္ဆြဲေျခာက္ေတြက အေတာ္ဆိုးေတာ့ တစ္ခါတစ္ေလမွစားသင့္တယ္ ထင္တယ္ "

" တကယ္လား "

ကုံးရင့္႐ွန္ မယုံသကၤာျဖစ္သြားသည္။

" မင္းက ကြဲျပားတယ္ "

ရန္ရိ ထပ္ျဖည့္ေျပာလိုက္သည္။

" မင္းကအၿမဲတမ္း အျခားသူေတြနဲ႔ကြဲျပားတယ္ "

ကုံးရင့္႐ွန္ ပါးကို လက္တစ္ဖက္ေပၚတင္ရင္း ရန္ရိကိုစိုက္ၾကည့္လာသည္။

" ခင္မ်ားကြၽန္ေတာ္႕ကို ခ်ီးက်ဴးေနတာလား? "

ရန္ရိတန္႔သြားၿပီး အျပဳံးျဖင့္ေျပာလိုက္သည္။

" အင္း "

"...ခင္မ်ားလည္း အျခားသူေတြနဲ႔ကြဲျပားတယ္ "

ကုံးရင့္႐ွန္ စကားေျပာၿပီးေနာက္ ေခါင္းငုံ႔ကာ ဆက္မႈတ္စားေနသည္။

ရန္ရိႏွလုံးသားခ်ိဳျမေန၏။

႐ုတ္တရက္ ကုံးရင့္႐ွန္ေျပာလာသည္။

" ခင္မ်ားမီးဖိုထဲမွာ တစ္ခုခုလုပ္ထားေသးလား? "

ရန္ရိလန္႔ၿပီးထရပ္ကာ မီးဖိုထဲေျပးသြားလိုက္သည္။ သူ ဖက္ထုပ္အိုးတည္ထားေသးမွန္း ေမ့သြားခဲ့၏။ သူ႕ အာ႐ုံကတစ္ခ်ိန္လုံး ကုံးရင့္႐ွန္ဆီသာေရာက္ေနၿပီး ဒီေလာက္ ပြက္ပြက္ဆူေနတဲ့ အသံအက်ယ္ႀကီးကိုေတာင္ မၾကားႏိုင္ေခ်။

ဖက္ထုပ္ဟင္းရည္ေတြက ဂတ္စ္မီးဖိုတစ္ခုလုံးေပၚ ေဝက်ေနသည္။ သူအျမန္မီးပိတ္ၿပီး ငုံ႔ၾကည့္လိုက္ေတာ့ တကယ္စိတ္ပ်က္စရာေကာင္း၏။ ဖက္ထုပ္အိုးတစ္အိုးလုံး ႐ုပ္ပ်က္သြားသလိုပင္။

ကုံးရင့္႐ွန္ တစ္ေနရာထိေလွ်ာက္လာၿပီး

" ခင္မ်ား ဘာခ်က္ထားတာလဲ? "

" .....ဖက္.....အသားလုံးဟင္းခ်ိဳ "

ကုံးရင့္႐ွန္လာၿပီး တစ္ခ်က္ၾကည့္လိုက္သည္။

" ဖက္ထုပ္ေတြမဟုတ္ဘူးလား? "

" မင္း ဖက္ထုပ္ဆိုတာ သိႏိုင္ေသးလား? "

ရန္ရိ ႐ွက္ကိုး႐ွက္ကန္းနဲ႔ ေျပာလိုက္သည္။

ကုံးရင့္႐ွန္ကသူ႕ကို ႏွိမ့္ခ်သလို ေစြၾကည့္လာၿပီး

" ကြၽန္ေတာ္ အခုခင္မ်ားကို မရယ္မိေအာင္ ထိန္းထားရတာ၊ လာမဆြနဲ႔ "

ရန္ရိ ေခ်ာင္းအသာဟန္႔လိုက္သည္။

" မင္းၾကည့္ရင္ ဖက္ထုပ္နဲ႔တူေပမယ့္ အသားလုံးဟင္းခ်ိဳပဲ "

" ခင္မ်ား ေျပာခ်င္ရာေျပာေတာ့ "

ကုံးရင့္႐ွန္ ထမင္းစားပြဲဆီ ျပန္ေလွ်ာက္သြား၏။

ရန္ရိ သူ႕အတြက္သူ တစ္ပန္းကန္ခပ္ၿပီး ယူလာလိုက္သည္။

ကုံးရင့္႐ွန္ ရန္ရိကိုမယုံႏိုင္သလို ၾကည့္လာသည္။

" ခင္မ်ား ဆက္စားဦးမလို႔လား? "

" အစားအစာျဖဳန္းတီးလို႔မရဘူးေလ "

ရန္ရိ အႀကီးႀကီးကိုက္စားလိုက္သည္။

" အမ္း စားလို႔ေကာင္းသားပဲ၊ ပုစြန္ဆိတ္ေလးေတြပါတယ္ "

ကုံးရင့္႐ွန္ ေလွာင္ရယ္ရင္းေခါင္းခါၿပီး ေနာက္ဆုံးေတာ့ ပထမအႀကိမ္အျဖစ္ ေခါက္ဆြဲျပဳတ္စားလိုက္သည္။

ရန္ရိ ေမွ်ာ္လင့္တႀကီးနဲ႔ ေမးလိုက္သည္။

" ဘယ္လိုလဲ? "

" ကြၽန္ေတာ္ထင္ထားသလိုပဲ၊ အတုလုပ္ထားတဲ့ ခပ္ျပင္းျပင္းအရသာမ်ိဳး၊ ဒါေပမယ့္....အဆင္ေျပပါတယ္ "

ရန္ရိ ျပဳံးလိုက္၏။ ကုံးရင့္႐ွန္က ခံစားခ်က္ေဖာ္ျပတဲ့ေနရာမွာ မေတာ္မွန္းသူသိၿပီး၊ အဲ့တာက လူငယ္ဘဝမွာ စားလို႔ေကာင္းၿပီး လုပ္သင့္တဲ့အရာျဖစ္တာမို႔ " အဆင္ေျပတယ္" ဆိုတာနဲ႔တင္ တန္ဖိုးေကာင္းေကာင္းျဖတ္ႏိုင္ေနပါၿပီ။ သူခ်က္ထားတဲ့ ေခါက္ဆြဲျပဳတ္ကို ကုံးရင့္႐ွန္ခံတြင္းအျပည့္စားေနတာ ၾကည့္ၿပီးေနာက္  သူ႕စားခ်င္စိတ္လည္း အမ်ားႀကီးပိုတိုးလာသည္။

ကုံးရင့္႐ွန္ ရန္ရိပန္းကန္လုံးကို အႀကိမ္ေတာ္ေတာ္မ်ားမ်ားၾကည့္ေနၿပီး ခဏတြန္႔ဆုတ္ကာ ေျပာလာသည္။

" ကြၽန္ေတာ့္ကို ခင္မ်ားခ်က္ထားတဲ့ အသားလုံးဟင္းခ်ိဳနည္းနည္းေပး "

ရန္ရိ ေနာက္တြန္႔ၿပီး အံ့ဩသြားသည္။

" တကယ္လား? "

ကုံးရင့္႐ွန္က ခပ္႐ွက္႐ွက္နဲ႔ ေျပာလာသည္။

" အဓိပၸါယ္မ႐ွိတာေတြ ေျပာမေနနဲ႔ "

ရန္ရိခ်က္ခ်င္းပဲ မီး‌ဖိုေခ်ာင္ထဲသြားၿပီး ကုံးရင့္႐ွန္အတြက္ ပန္းကန္လုံးအေသးတစ္ပန္းကန္ခပ္ေပးလိုက္သည္။ ၿပီးေတာ့ ကုံးရင့္႐ွန္ကို မႈန္သိုးသိုးအျပဳံးနဲ႔ၾကည့္ေန၏။

" ကြၽန္ေတာ္ အစားျဖဳန္းတီးတာမဟုတ္ဘူး "

ကုံးရင့္႐ွန္ ႐ွင္းျပလာသည္။

" ခင္မ်ား ဒီဟင္းအိုးအတြက္ ေတာင္းပန္သင့္တယ္ "

" ငါေတာင္းပန္ပါတယ္ "

ရန္ရိ ႐ိုး႐ိုးသားသားေျပာလိုက္သည္။

ကုံးရင့္႐ွန္ သူ႕ေၾကာင့္ ရယ္ခ်င္သြား၏။

ရန္ရိ ကုံးရင့္႐ွန္ကိုျပဳံးျပကာ မဝံ့မရဲစမ္းစားၾကည့္လိုက္ၿပီး ကုံးရင့္႐ွန္က ၾကင္နာတဲ့သူျဖစ္ေလာက္ေပမယ့္ သူ႕ကိုယ္သူ ဥေပကၡာျပဳတာေတြ၊ ဖယ္ၾကဥ္တာေတြနဲ႔ ဖုံးအုပ္ထားတယ္လို႔ေတြးမိသြားသည္။

========

ေနာက္တစ္ေန႔မနက္မွာ ရန္ရိ စခန္းမွာပုံမွန္ထတဲ့အခ်ိန္ထက္ ေစာထၿပီး စိတ္ႏွစ္ထားေသာမနက္စာျပင္သည္။ မီးဖိုေခ်ာင္ထဲမွာ အလုပ္႐ႈပ္ေနတုန္း နားၾကပ္တပ္ၿပီး သူ႕အေဖကို ဖုန္းေခၚလိုက္သည္။ သူ႕အေတြ႕အၾကဳံအရဆို သူ႕အေဖမနက္အိပ္ရာထတဲ့အခ်ိန္ ပုံမွန္လိုလိုပဲျဖစ္၏။

" မင္းဘာလို႔ မနက္အေစာႀကီးေခၚတာတုန္း? အလုပ္ခံရလို႔လား "

ရန္႐ွန္႔႐ုန္က ဆန္ျပဳတ္ေသာက္ေနတာျဖစ္သည္။

" အမ္း ေလာင္ရန္၊ ကြၽန္ေတာ္ အေဖ့ကိုကိစၥႏွစ္ခုေျပာစရာ႐ွိတယ္ "

" ဘာလဲ? "

" တစ္ခုက ကြၽန္ေတာ္အရင္တစ္ခါ ေျပာခဲ့တယ္ေလ၊ အန္တီဝမ္နဲ႔ သူ႕မိသားစုက ဇာတိၿမိဳ႕ျပန္ေတာ့မယ္၊ ကြၽန္ေတာ္ အေဖ့အတြက္ နာနီအသစ္႐ွာေနတာ၊ အေဖ ႀကိဳၿပီးစိတ္ျပင္ဆင္ထားရမယ္၊ ၿပီးေတာ့ အေဖ ဒီႏွစ္ကုန္လူေျပာင္းရမယ္ "

" မစိုးရိမ္နဲ႔၊ ငါကေလးမဟုတ္ဘူး "

ရန္႐ွန္႐ုန္ တန္႔သြားၿပီး အသံဒီဂရီအနည္းငယ္ေလ်ာ့က်သြား၏။

" နာနီအသစ္ ေနသားက်ႏိုင္၊မက်ႏိုင္ဆိုတာပဲ မသိတာ "

အရင္က နာနီေတြအမ်ားႀကီးေျပာင္းရတဲ့ျပႆနာက သူ႕ေၾကာင့္ဆိုတာ စိတ္ထဲကသိေနသည္။

" ဒါက အေဖစိုးရိမ္ရမယ့္ ကိစၥမဟုတ္ဘူး၊ ဒီတိုင္း ေကာင္းေကာင္းအိပ္ၿပီး ေကာင္းေကာင္းပဲစားပါ "

ရန္႐ွန္႔႐ုန္ သက္ျပင္းဖြဖြခ်သည္။

" ေနာက္တစ္ခုက အေဖအတိတ္အေၾကာင္း ဘယ္ေလာက္မွတ္မိလဲ? "

" မင္းဘာကိုဆိုလိုတာလဲ? "

ရန္ရိ တြန္႔ဆုတ္သြားၿပီး

" ေပါင္႐ွန္႔ဓာတုစက္မႈဇုန္နဲ႔ ကုံးမိသားစု မီးေလာင္တဲ့ကိစၥ "

ရန္႐ွန္႔႐ုန္ သိခ်င္သြားသည္။

" မင္းဘာလို႔ ႐ုတ္တရက္ႀကီး ဒီကိစၥထေမးတာလဲ? "

" ကြၽန္ေတာ္တို႔ မၾကာခင္က ပုန္းကြယ္ၿပီး႐ွာဖို႔ခက္တဲ့ website တစ္ခုေတြ႕ထားတယ္၊ အဲ့မွာ ေထာက္လွမ္းဖို႔ခက္တဲ့ ရာဇဝတ္မႈေတြအမ်ားႀကီး႐ွိတယ္၊ ဒီလို website မ်ိဳးကို အတိုခ်ံဳးၿပီး Dark web လို႔ေခၚတယ္၊ ဒီ website မွာ ကမ႓ာတစ္ဝန္းက မီး႐ိႈ႕သမားေတြ၊ မီး႐ိႈ႕မႈေတြအားလုံးစုစည္းထားတယ္ "

" ဒီလို website မ်ိဳး႐ွိတယ္ေပါ့?! "

ရန္႐ွန္႔႐ုန္ အံ့အားသင့္ၿပီး ေဒါသထြက္သြားသည္။

" ဟုတ္တယ္၊ လတ္တေလာအမႈအေတာ္မ်ားမ်ား အဲ့ website နဲ႔တစ္ခုခုပတ္သက္ေနမွန္း ေတြ႕ရတယ္၊ ေနာက္ဆုံးစစ္ေဆးေရးကေတာင္ အဲ့ႏွစ္ကအမႈႏွစ္ခုနဲ႔ ပတ္သက္ေနတာ "

" အဲ့တာဆို ဒါကလည္း ရဲေတြကိစၥပဲ "

" ကြၽန္ေတာ္အခုတေလာ ရဲေတြကိုကူညီေပးေနတယ္ "

ရန္ရိ ေျပာလိုက္သည္။

" အေဖ၊ ဆရာဝန္ကေျပာတယ္၊ အေဖ့ေရာဂါလကၡဏာတစ္ခုက တစ္ခါတစ္ေလ လက္႐ွိျဖစ္ရပ္ေတြကို ေမ့တတ္ေပမယ့္ တစ္ခါတစ္ေလ ဟိုအရင္ကကိစၥေတြကို မွတ္မိႏိုင္တယ္တဲ့၊ အေဖ ကြၽန္ေတာ့္ကို အဲ့အေၾကာင္း ကူစဥ္းစားေပးႏိုင္မလား? အရင္ကကိစၥေတြျပန္႐ွာဖို႔ အရမ္းအေရးႀကီးတယ္ "

" ျပႆနာမ႐ွိဘူး၊ အေဖျပန္စဥ္းစားလိုက္မယ္ "

" ကြၽန္ေတာ္ အီလက္ထေရာနစ္ေဒတာ‌တစ္ခ်ိဳ႕ အေဖ့မိုဘိုင္းဖုန္းဆီပို႔ထားတယ္၊ အန္တီဝမ္ကို print ထုတ္ေပးခိုင္းလိုက္ပါ၊ ကြၽန္ေတာ္ ဒီႏွစ္ရက္အတြင္း အိမ္ျပန္လာခဲ့မယ္၊ စကားေကာင္းေကာင္း ေျပာၾကတာေပါ့၊ ကြၽန္ေတာ္ ဒီအမႈကို အထူးအာ႐ုံစိုက္ေနရတဲ့ အေၾကာင္းရင္း႐ွိတယ္၊ အေဖ့ကို႐ွင္းျပမယ္ "

" လုပ္ "

ဖုန္းခ်လိုက္ေတာ့ နားၾကပ္ကေန သီခ်င္းသံလြင့္ပ်ံလာၿပီး ရန္ရိသီခ်င္းခပ္တိုးတိုးညည္းကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ၾကက္ဥေၾကာ္ေလ၏။

မနက္စာျပင္ၿပီးေတာ့ ကုံးရင့္႐ွန္လည္း ႏိုးလာသည္။ မေန႔ညက မအိပ္ခင္တစ္ခုခုစားခဲ့တာေၾကာင့္ မ်က္လုံးေတြ နည္းနည္း မို႔အစ္ေနၿပီး မ်က္ခမ္းစပ္မွာ ခပ္နီနီအေရးေၾကာင္းပါးပါး႐ွိေနသည္။ ပုံမသြင္းထားေသာဆံပင္ႏွင့္ ခႏၶာကိုယ္တစ္ခုလုံး ဒယိမ္းဒယိုင္ျဖစ္ေနၿပီး၊ ပ်င္းတြဲတြဲအသက္႐ွဴသံျဖင့္ ယားက်ိက်ိျဖစ္ေအာင္ sexy က်ေနသည္။

တစ္ခါတရံ ရန္ရိ ကုံးရင့္႐ွန္အေၾကာင္း စိတ္ကူးယဥ္တာေတြကို ထိန္းခ်ဳပ္ဖို႔ခက္သည္။ ဆိုေတာ့ သူမ်က္လုံးနဲ႔ အမူအရာေတြကို ထိန္းခ်ဳပ္ဖို႔ပဲ အေကာင္းဆုံးႀကိဳးစားရ၏။ သူေခါင္းငုံ႔ၿပီး ပန္းကန္ေတြ ဇြန္းေတြစီသလို ဟန္ေဆာင္လိုက္ရသည္။

" ျမန္ျမန္လာၿပီးစားၾကည့္၊ ဒါမွငါ့ရဲ႕တကယ့္အဆင့္ပဲ၊ မေန႔ညက အသားလုံးဟင္းခ်ိဳကို ေမ့လိုက္ "

ကုံးရင့္႐ွန္ သူ႕ကို စလိုက္သည္။

" မေန႔ညကေတာ့ ဒီလိုမေျပာပါလား "

ရန္ရိ သူ႕ဆီကို ေလမႈတ္လိုက္ၿပီး

" ေန႔သစ္တစ္ခု၊ ငါအသစ္‌တစ္ေယာက္ပဲ "

" တိတိက်က်ေျပာမယ္ဆို တစ္ေန႔တည္းပဲ ႐ွိေသးတာ "

" အာ႐ုံလာစားေနတယ္၊ ေနာက္တစ္ခါမင္းလုပ္ "

" ရတယ္ေလ "

ကုံးရင့္႐ွန္ သာမန္ကာလွ်ံကာ ေျပာလိုက္သည္။

ရန္ရိ သူ႕ကိုစိုက္ၾကည့္ၿပီး

" ဟင္းခ်က္လို႔ ေျပာတာ "

" သိတယ္ "

" မင္း ဟင္းခ်က္ႏိုင္တာလား? "

ကုံးရင့္႐ွန္က ပခုံးတြန္႔ျပရင္း

" ခင္မ်ားေျပာသလိုပဲ၊ ဟင္းခ်က္နည္းအတိုင္းလုပ္ရင္ ဘယ္နားမွားမလဲ? "

ရန္ရိ ေျပာလိုက္သည္။

" အိုေက၊ မင္း ငါ့အတြက္ခ်က္ေပးတာ ေစာင့္ေနမယ္ "

မနက္စာစားၿပီးေတာ့ ကုံးရင့္႐ွန္ ရန္ရိကို စခန္းျပန္ပို႔ေပးၿပီး သူဘာသာ ဌာနခြဲျပန္သြားသည္။ ႏွစ္ေယာက္သား အမႈတိုးတက္မႈအေၾကာင္း အဆက္အသြယ္ဆက္လုပ္ဖို႔  သေဘာတူထားၾကသည္။ ေနာက္ဆုံးေတာ့လည္း သူတို႔အားလုံး အမႈအက်ပ္အတည္းျဖစ္လာမယ္ဆိုတာကို စိတ္ထင့္ေနၾက၏။

စခန္းမွာတစ္မနက္လုံး ဘာျပႆနာမွမ႐ွိေပ။ သူတို႔ ဘတ္စ္ကတ္ေဘာကစားကာ ေကာင္းကယ္နဲ႔ Video call ေျပာၿပီးေနာက္ မၾကာခင္ ေန႔လယ္စာ စားခ်ိန္ေရာက္လာသည္။

ေန႔လယ္စာမစားခင္ ရန္ရိ ကုံးရင့္႐ွန္ဆီကေန WeChat စာတစ္ေဆာင္ လက္ခံလိုက္ရၿပီး သူတို႔စစ္ေဆးတာၿပီးသြားၿပီ၊ က်ိဳးခြၽမ္းေျပာတဲ့အခ်က္ကို လက္ခံဖို႔ဆုံးျဖတ္လိုက္ၾကတယ္လို႔ ေျပာထားသည္။

ရန္ရိ စာျပန္လိုက္သည္ : အဲ့ေျမးစုတ္အတြက္ေတာ့ ေဈးေပါတာပဲ

က်ိဳးခြၽမ္း ေဆး႐ုံဆင္းႏိုင္ေပမယ့္လည္း သူ႕မီးေလာင္ရာေတြက ႏွစ္႐ွည္ကုထုံးနဲ႔ ကုသမႈလိုအပ္သည္။ သူ ထိန္းသိမ္းေရးစင္တာထဲ သြားရရင္ ဘဝတစ္ဝက္စာေလာက္ အခ်ိန္ကုန္ရေတာ့မွန္း သူသိ၏။ ထိန္းသိမ္းေရးစင္တာက သန္႔႐ွင္းေရးနဲ႔ ေဆးဝါးအေျခအေနကလည္း Top 3 ေဆး႐ုံေတြနဲ႔ မယွဥ္ႏိုင္ေပ။

" သူ ခ်န္ေဖ့ေရာ Seraphေရာနဲ႔ ပတ္သက္တဲ့အခ်က္ေတြ ဝန္ခံတယ္ "

" ေကာင္းတယ္ "

ရန္ရိ စာျပန္လိုက္သည္။

" ေလာင္ကုံး ႀကိဳးစားထား! "

သူအဓိပၸါယ္ပါတဲ့ emoji ေတာင္ထည့္‌လိုက္ေသး၏။

ရန္ရိ စာပို႔ၿပီးေတာ့ ဖုန္းမ်က္ႏွာျပင္ကိုစိုက္ၾကည့္ရင္း ကုံးရင့္႐ွန္စာ႐ိုက္ေနတာကို ၾကည့္ေနသည္။ ထို႔ေနာက္ ရပ္သြားၿပီး၊ စာျပန္႐ိုက္ေနေၾကာင္းျပသည္၊ ေနာက္ေတာ့ သူဘာမွေျပာမလာ‌။ တတိယအႀကိမ္ စာ႐ိုက္ေနေၾကာင္း ျပမလာခင္အထိ ရန္ရိႏွလုံးသား လည္ပင္းမွာတန္းလန္းျဖစ္ေန၏။ ေနာက္ဆုံးေတာ့ သူစကားတိုတို‌ေလးလုံးပဲ ျပန္ပို႔လာသည္။

" ေနာက္မွေျပာမယ္ "

ရန္ရိ နည္းနည္းစိတ္ပ်က္သြားၿပီး ကိုယ့္ကိုယ္ကို ေလွာင္ေထ့ျပဳံးလိုက္သည္။ အခ်ိန္တိုင္း သူဒီလိုပါးစပ္နဲ႔ပဲ အခြင့္ေရးယူရဲတယ္၊ သတိႀကီးႀကီးထားၿပီး မဝံ့မရဲနဲ႔ ဟန္ေဆာင္ေျပာေနရတယ္၊ တစ္ခါတစ္ေလ ၾကည္ႏူးေပ်ာ္႐ႊင္ရၿပီး တစ္ခါတစ္ေလ စိတ္ပ်က္အားငယ္ရတယ္၊ ခ်ဥ္ၿပီး ခ်ိဳတယ္၊ ဒါက တိတ္တခိုးခ်စ္ရတဲ့ အရသာမ်ိဳးပဲဆိုတာ သိသာပါ၏။

==========

If u want to support me - [ 09795118580 (Kpay or wavepay) ]