webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 53

Sun, Aug 15, 2021

------------

{ Unicode }

ရန်ရိက စိတ်မရှည်တော့သည်ပုံနှင့်

" ဒီနေ့ တကယ်အလုပ်ရှုပ်တဲ့နေ့ပဲ၊ ဘယ်အချိန်ရှိပြီတုန်း၊ ရင့်ရှန် ငါတော့မင်းဒီမှာပဲ အချိန်ဖြုန်းနေသင့်တယ် မထင်ဘူး၊ မနက်ဖြန် အခြားအိမ်ရှင်တွေကို စစ်မေးရဦးမယ် "

ကုံးရင့်ရှန် ရန်ရိကို သေချာပြန်ကြည့်လာပြီး ခေါင်းညိတ်သည်။

" ဟုတ်တယ် "

သူ notebook ကိုပိတ်လိုက်ပြီး

" အမျိုးသမီးပိုင်၊ ဒီနေ့ အနှောင့်အယှက်ပေးမိတယ်၊ ပြန်လိုက်ပါတော့ "

အမျိုးသမီးပိုင်က ခေါင်းမော့ပြီး သူတို့နှစ်ယောက် မတ်တပ်ရပ်လိုက်တာကို တအံ့တဩ ကြည့်လာသည်။

ရန်ရိနောက်လှည့်ပြီး ကုံးရင့်ရှန်ကို တိုးတိုးကပ်ပြောလိုက်သည်။

" 2207 အိမ်ရှင်က အနာဂတ်ကောင်းလိုချင်တဲ့ လူငယ်ပဲ၊ သူမထက်အရင် ထုတ်ပြောလာလောက်တယ် "

ကုံးရင့်ရှန်က အတည်အတံ့ခေါင်းညိတ်ပြပြီး ရှေ့ဆက်သွားသည်။

" ခဏ ခဏလေးနေပါဦး "

အမျိုးသမီးပိုင်က လှမ်းအော်သည်။

" မင်းတို့ငါ့ကို အကြာကြီးစောင့်ခိုင်းထားပြီးတော့ အခုပြန်ရတော့မှာလား? "

" အမျိုးသမီးပိုင် ခင်များကဘာမှမပြောချင်‌ဘဲ၊ တစ်ယောက်အချိန်တစ်ယောက် ဖြုန်းနေတယ်၊ နောက်ကျနေပြီ၊ အားလုံးပြန်ရတော့မှာ "

" နေဦး! "

အမျိုးသမီးပိုင်က တွန့်ဆုတ်ဆုတ်နဲ့ ပြောလာသည်။

" ငါသိသမျှအကုန်ပြောပြမယ်ဆိုရင် လုပ်မှာ....မဟုတ်ဘူး၊ ငါ့ကိုပြစ်ဒဏ်မချဘူးမလား? "

" အဲ့တာက ခင်များအမှုမှာ ဘယ်လောက်ပူးပေါင်းလဲဆိုတာပေါ် မူတည်တယ် "

" ငါအမှိုက်ပဲ ပစ်ခဲ့တာပါ၊ ဘာမှမလုပ်ဘူး "

ကုံးရင့်ရှန်နဲ့ ရန်ရိ အချင်းချင်းကြည့်လိုက်ပြီး

" သွားရအောင် "

" ငါတို့ကို အမှိုက်ပစ်ခိုင်းတာ ရှောင်ဖုန်ပဲ! "

အမျိုးသမီးပိုင်က စိုးထိတ်စွာပြောလာ၏။

သူတို့နှစ်ယောက် အမျိုးသမီးပိုင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်သည်။

အမျိုးသမီးပိုင်က သူ့မပါးစပ်ကိုကာရင်း ဆို့နင့်နေသောအသံဖြင့် ပြောလာသည်။

" 2209 ကိုကလဲ့စားချေဖို့ အတူတိုင်ပင်ကြရအောင်တဲ့ ရှောင်ဖုန်ပြောတာ၊ သူတို့ငါတို့ကို ဘယ်လိုရွံစရာလုပ်ခဲ့လဲ၊ ငါတို့ရောသူတို့ကို ဘယ်လိုရွံစရာပြန်လုပ်မလဲ၊ သူ့တံခါးရှေ့မှာ အမှိုက်တွေသွားပစ်ကြမယ်တဲ့ "

" အဲ့တော့ ခင်များတို့သောကြာနေ့မှာ 2209 တံခါးရှေ့ အမှိုက်အတူပစ်ကြဖို့ အချိန်းအချက် လုပ်ခဲ့တယ်ပေါ့? "

အမျိုးသမီးပိုင်က ခေါင်းညိတ်သည်။

" ဒါပေမယ့် ဘယ်သူမှ မီးရှို့ဖို့မပြောခဲ့ဘူး၊ တကယ်ပါ ငါတို့ အဲ့တာမီးလောင်မယ်ဆိုတာ မသိဘူး၊ ငါတို့ အိမ်ကိုဘာလုပ်မယ်ဆိုတာသိခဲ့ရင်၊ ဘယ်သူက ကိုယ့်အိမ်ကိုယ် မီးရှို့ချင်ပါ့မလဲ? "

" အဲ့တာဆို ခင်များဘာလို့ အစကတည်းကမပြောတာလဲ? "

အမျိုးသမီးပိုင်က ငိုရင်း

" ရှောင်ဖုန်က ငါတို့အားလုံးကြံရာပါတွေလို့ ပြောတယ်၊ လူတွေအများကြီးသေပြီး အိမ်အများကြီးလည်း မီးလောင်ခဲ့တယ်၊ ရဲတွေသိသွားရင် ငါတို့အားလုံးအပြစ်ပေးခံရမယ်တဲ့၊ အဲ့တာကြောင့် ဘယ်သူမှမပြောရဲတာ "

" သူမှန်တယ်၊ ဒါပေမယ့် ပြစ်ဒဏ်တွေကလည်း ကွဲပြားတယ်၊ ခင်များတို့ အမှိုက်ပစ်ရုံသက်သက်ပဲပစ်ပြီး မီးရှို့သမားနဲ့ ဘာမှမပတ်သက်ရင် ခင်များတို့ ရာဇသတ်ကြီးဥပ‌ဒေအတွက် အပြစ်မခံရဘူး၊ ဒါပေမယ့် အမှိုက်ပစ်တာထက်စာရင် ပစ်မှုကိုဖုံးကွယ်ပေးတာက အများကြီးပိုအပြစ်ရှိတယ် "

" ငါမလုပ်ရဲဘူး၊ မဖုံးကွယ်ရဲပါဘူး၊ မင်းတို့ကို ငါသိသလောက် ပြောပြီးပြီပဲ "

အမျိုးသမီးပိုင် ငို၏။

" ငါ့အမေရင်းလည်း သေသွားရပြီ၊ ငါတကယ်မသိပါဘူး "

သူတို့ ငိုနေတဲ့အဒေါ်ကြီးကို ပြန်ပို့ပြီးနောက် စိတ်တွေ ခဏရှုပ်ထွေးနေပြီး ဘယ်သူမှစကားပြောမလာပေ။

" သူပြောတာမှန်တယ်လို့ ငါခံစားရတယ်၊ အိမ်နီးချင်းတွေ အမှိုက်ပဲပစ်ခဲ့ကြပြီး မီးလောင်မှာမသိလောက်ဘူး ထင်တယ် "

ကုံးရင့်ရှန် စဉ်းစားကြည့်လိုက်ပြီး

" အခြားသူတွေမသိလောက်ပေမယ့်၊ ဖုန်ဖေးတော့သိလောက်တယ်၊ ဒါပေမယ့် လတ်တလော သက်သေအထောက်အထားအရ သူသိခဲ့လား ဒါမှမဟုတ် မီးရှို့မှုမှာပါနေလားဆိုတာ သက်သေမပြနိုင်သေးဘူး "

" စကားမစပ်၊ ကားပိုင်ရှင်ကရော? မင်းလှုပ်ရှား‌မှုတွေ ရှာနိုင်လိုက်လား? "

" ကားက ကျပန်းရွေးထားတာ၊ ကျိုးချွမ်းပြောသလိုပဲ၊ ကားပိုင်ရှင်တွေ သူတို့ကို မသိဘူး၊ သူတို့နေ့စဉ်ဘဝမှာလည်း ပါဝင်ပတ်သက်မှုမရှိဘူး "

" အမှုသော့ချက်က ဒီလူသုံးယောက်နဲ့တင် လည်နေတာပဲ၊ ဒါပေမယ့် တစ်ယောက်က အခြားသူတွေထက်ပိုပြီး ကိုင်တွယ်ဖို့ခက်တယ် "

‌ကုံးရင့်ရှန် အေးစက်စက်ပြောလာသည်။

" ချန်ဖေ့က ကျွန်တော်ကိုတွေ့ဖို့ မေးနေတယ်၊ ဒါပေမယ့် ကျွန်တော်အရင်ရက်တွေထဲ သူနဲ့မတွေ့ဘူး၊ အဲ့ဒီ့အစား သူ့ကိုစစ်ဆေးဖို့ ယန်ကျဲကိုပြောထားတယ်၊ ယန်ကျဲလည်း အဲ့လိုလုပ်ချင်တာပါတယ်၊ သူက ကျွန်တော်စိတ်ထိခိုက်မှာ ကြောက်နေတာ "

" သူမင်းကို တွေ့ချင်တယ်? "

ရန်ရိ အံ့ဩပြီးမေးလိုက်သည်။

" သူဘာလုပ်ချင်တာလဲ? "

" သူကျွန်တော်နဲ့ ညှိနှိုင်းချင်တာအဖြစ်နိုင်ဆုံးပဲ "

ကုံးရင့်ရှန် မျက်လုံးတွေညှို့မှိုင်းလာလျက်။

" ကျွန်တော်လိုချင်တဲ့ဟာ သူ့ခေါင်းထဲမှာရှိမှန်း သူသိတယ် "

ရန်ရိ တီးတိုးပြောလိုက်သည်။

" ဒီသုံးယောက် အခြားတစ်ယောက်ကို နိုင်မယ်ဆိုသရွေ့ ကျန်တဲ့နှစ်ယောက်လည်း သူတို့အချင်းချင်း တိုက်ခိုက်ပြီး အပျက်စီးခံမှာမဟုတ်ဘူး "

" ကျွန်တော်တို့ အဓိကသော့ချက်သက်သေမရှိတာတော့ ဝမ်းနည်းစရာပဲ "

ကုံးရင့်ရှန် မျက်ခုံးတွေကို ပင်ပန်းစွာ နှိပ်နယ်လိုက်ပြီး

" အခြားသူတွေဆီမှာတော့ တိုးတက်မှုရှိပါစေ မျှော်လင့်ရတယ် "

" ဆိုင့်ချောင်နဲ့ ကျိုးချွမ်းကို သွားကြည့်ရအောင် "

" ကောင်းပြီ "

သူတို့နှစ်ယောက် အခြားစစ်ဆေးခန်းဆီသို့သွားလိုက်သည်။ သို့သော် ဝင်သွားမယ့်အစား တံခါးခေါက်လိုက်ကြ၏။

ဆိုင့်ချောင်ခေါင်းမော့ပြီး မှန်ကနေတစ်ဆင့် သူတို့ကိုလှမ်းကြည့်ကာ ထထွက်လာခဲ့သည်။

" ဘယ်လိုလဲ? "

ဆိုင့်ချောင်က တံခါးကိုသူ့ဘက်ဆွဲပြီး သမ်းဝေလိုက်သည်။

" ဒီမြေးစုတ်လေးက သောက်ရမ်းကို့ရို့ကားယားနိုင်ပြီး ဆိုးတာပဲ၊ သူ့ကို အမှုမစစ်ခင် ထိန်းသိမ်းရေးစင်တာမှာမနေဘဲ ဆေးရုံမှာပဲနေမယ်ဆိုပြီး လုပ်နေတယ်၊ ငါတို့လက်ခံရင် သူပြောပြမယ်တဲ့ "

ကုံးရင့်ရှန် မျက်မှောင်ကြုပ်သွားပြီး

" သူပါးစပ်က ဘယ်လောက်တောင်တန်ဖိုးရှိနေလို့လဲ? "

" ငါတို့ ချန်ဖေ့ကိုဖမ်းမိတာ သူသိတယ်၊ သူ ငါတို့အပြစ်ပေးလို့ရလောက်တဲ့ ချန်ဖေ့အကြောင်း တစ်ခုခုသိတယ်လို့ပြောတာပဲ "

ရန်ရိ မေးလိုက်သည်။

" ကားမီးရှို့တဲ့သူကရော? "

ဆိုင့်ချောင်က ခါးသက်သက်ပြုံးပြီး

" ဟေး မင်းအခု WeChat group ထဲဝင်ကြည့်လိုက်၊ ငါတကယ် စိတ်ဆင်းရဲတယ် "

ကုံးရင့်ရှန် ဖုန်းထုတ်ပြီးကြည့်လိုက်တော့ သူ့မျက်နှာရုတ်တရက် ပြောင်းလဲသွားသည်။

" ဒါက.....ဖုန်ဖေးရဲ့အလီဘိုင်လား? "

" ဟုတ်တယ်၊ ကားမီးလောင်မှုဖြစ်တဲ့ညက သူ သူငယ်ချင်းတစ်ယောက်အိမ်မှာ‌ နေခဲ့တယ်လို့ပြောတယ်လေ၊ ဘယ်သူမှသက်သေမပြနိုင်ဘူး၊ ဒါပေမယ့် သူည ၁၁ နာရီနောက်ပိုင်း အောက်ဆင်းပြီး စီးကရက်သွားဝယ်ခဲ့တယ်၊ ပြီးတော့ cctv မှာလည်းရိုက်မိထားတယ်၊ သူအဲ့အချိန်က မီးလောင်တဲ့နေရာဆီ အပြေးသွားတာ မဖြစ်နိုင်ဘူးလား? "

" ဒီအလီဘိုင်၊ သူဘာလို့ အစကတည်းကမပြောတာလဲ? "

" သူအခုမှ သတိရတယ်လို့ပြောတယ်"

ဆိုင့်ချောင် ကျိန်‌ဆဲလိုက်သည်။

" ချီးပဲ၊ သူတမင်တကာလုပ်တာ၊ သူက ငါတို့ ဘယ်လောက်ထိသိလဲဆိုတာ စမ်းသပ်တယ် ပြီးတော့ စုံစမ်းစစ်ဆေးရေးမှာ တမင်တကာဝင်နှောင့်ယှက်တာပဲ "

ကုံးရင့်ရှန် တိတ်ဆိတ်သွားပြီး၊ လက်သီးကျစ်ကျစ်ပါ‌အောင်ဆုပ်ရင်း အမူအရာက မတည်မငြိမ်ဖြစ်နေသည်။

ရန်ရိ စိတ်ထဲမှာ ရှော့ရသွား၏။ ဖုန်ဖေးအတွေးက အရမ်းနက်နဲပြီး ရဲတွေကို အချိန်အကြားကြီး သူ့ကိုတရားခံတစ်ယောက်လို စစ်ဆေးစေသည်။ ရဲတွေ ဘယ်လောက်ထိသိလဲဆိုတာ သိသွားရုံတင်မကဘဲ နောက်ဆုံးမှာ ရဲတွေကိုအခက်တွေ့အောင်လည်း လုပ်သေးသည်။ လက်ရှိအချိန်အထိ သူ့စကားကြောင့် လုပ်ခဲ့ရတဲ့အရာတွေအားလုံး အလဟဿဖြစ်သွားရပြီလို့ သက်သေပြနေ၏။

ကုံးရင့်ရှန် အေးစက်စွာ ပြောလိုက်သည်။

" သူအခြားအိမ်နီးချင်းတွေကို တစ်လေသံတည်းထွက်အောင် ခြိမ်းခြောက်ရဲတာလည်း မဆန်းပါဘူး၊ ငါတို့ သက်သေမလုံလောက်ဘူးဆိုတာ သိနေတာပဲ "

ဆိုင့်ချောင်- " ဒီမျိုးမစစ်က ‌အရမ်းကောက်ကျစ်တာပဲ၊ အခု ငါတို့ကိုအကြပ်အတည်းဖြစ်အောင် လုပ်တယ် "

ဆိုင့်ချောင် စစ်မေးခန်းထဲကို လှမ်းကြည့်လိုက်ပြီး

" ငါတို့ သူပြောတာတစ်ခုပဲ လက်ခံနိုင်မှာစိုးတယ် "

" မနက်ဖြန်မှ ဆွေးနွေးတာပေါ့ "

ဆိုင့်ချောင် ခေါင်းညိတ်ပြသည်။

" အရမ်းနောက်ကျနေပြီ၊ အိမ်ပြန်ကြတော့ "

သူရန်ရိကို နောက်လိုက်သည်။

" ခေါင်းဆောင်ရန် ခင်များတကယ် အလုပ်ပြောင်းဖို့စဉ်းစားနေတာတော့ မဟုတ်ဘူးမလား? ခင်များ အမှုတွေကိုင်တွယ်ဖြေရှင်းတဲ့အကြောင်း အရမ်းစိတ်အားထက်သန်နေတယ်လို့ ထင်တယ် "

ရန်ရိလည်း ပြုံးပြီး ပြောလိုက်သည်။

" မင်း‌တို့ခေါင်းဆောင် ငါ့ကိုတစ်လဘယ်လောက်ပေးနိုင်မလဲ မေးပေးရင်၊ ငါကျိန်းသေပေါက် အတည်တကျစဉ်းစားမိမှာပဲ "

ဆိုင့်ချောင်က တဟားဟားရယ်သည်။

နှုတ်ဆက်ပြီးနောက် သူတို့နှစ်ယောက် ကားပါကင်ဆီ သွားကြ၏။ ရန်ရိ တစ်လျှောက်လုံး သမ်းဝေနေပြီး အရမ်းဗိုက်ဆာနေတော့ စခန်းပြန်ရောက်ရင် ဘာမှာစားရကောင်းမလဲလို့ စဉ်းစားနေသည်။ ဘာစားရမလဲစဉ်းစားရင်း ရန်ရိ ကုံးရင့်ရှန်ကို အတူစားဖို့မေးရမှာ တုံ့ဆိုင်းနေသည်။ သူတို့နှစ်ယောက် ပထမအကြိမ်စားတုန်းက ကတောက်ကဆဖြစ်ခဲ့ပေမယ့် အခုတော့ သူတို့ဆက်ဆံရေးကောင်းလာပြီ၊ ကုံးရင့်ရှန် လက်ခံလောက်မှာပါ။ အခုချိန် သူကုံးရင့်ရှန်နဲ့ တစ်မိနစ်ခွဲကျော်လောက် အတူအချိန်ဖြုန်းရမယ်ဆိုသရွေ့အရမ်းစိတ်ကျေနပ်မိမှာ။

" ရန်ရိ....."

" ငါပြောမယ် လောင်ကုံး....."

နှစ်ယောက်သား ပြိုင်တူပြောလိုက်ကြသည်။

ကုံးရင့်ရှန်သူ့ကို မျက်စောင်းထိုးကြည့်လာ၏။

ရန်ရိရယ်ပြီး ပြောလိုက်သည်။

" ဒီနာမည်ကို အထင်မသေးနဲ့၊ လူတိုင်းမင်းကို အဲ့လိုခေါ်ရင် မင်းဘယ်လောက်တောင် အကျိုးအမြတ်ရမလဲ? "

" လူတိုင်းကို ခင်များလိုထင်နေတာပဲ "

ကုံးရင့်ရှန် ခပ်ဖွဖွ ညည်းညူလိုက်သည်။

သူတစ်ယောက်ပဲ ဒါကိုဒီလိုခေါ်ရသောကြောင့် ရန်ရိ တိတ်တိတ်လေး ကြိတ်ရယ်လိုက်သည်။

" မင်း ကျေနပ်ရမှာပေါ့၊ တကယ် ငါ့ကိုတွေးကြည့်၊ 'ရှောင်ရန်' ပဲဖြစ်ဖြစ် 'လောင်ရန်' ပဲဖြစ်ဖြစ် ငါ့မှာအကျိုးမမြတ်မရှိဘူး "

ကုံးရင့်ရှန် မနေနိုင်ဘဲပြုံးမိပြီး

" ခင်များက တုံးတာပဲ၊ ကားထဲဝင်၊ ခင်များပြန်နားဖို့ လိုက်ပို့ပေးမယ် "

နှစ်ယောက်သား ကားထဲဝင်ပြီး ရန်ရိ‌ဆာနေတဲ့ဗိုက်ကို ထိလိုက်သည်။

" ဟေး မင်းဗိုက်မဆာဘူးလား? "

ကုံးရင့်ရှန် ပြောမလို့လုပ်တုန်းမှာပင် သူလည်း ကူးစက်ခံလိုက်ရသလို သမ်းဝေလိုက်ပြီး မျက်ခုံးများက ပင်ပန်းမှုကိုမသိမ်းဆည်းနိုင်ဘဲ တွန့်တက်နေသည်။

" မဆိုးပါဘူး၊ ခင်များဗိုက်ဆာလို့လား? "

ရန်ရိ ကုံးရင့်ရှန်ရဲ့ နွမ်းလျနေတဲ့အသွင်အပြင်ကိုကြည့်ပြီး ညလယ်စာစားဖို့ဖိတ်ချင်တာတွေ ဘာတွေပြောမထွက်တော့ပေ။ တစ်နေ့လုံးပင်ပန်းပြီး၊ ကုံးရင့်ရှန် မလုပ်သင့်ဘူး၊ မေ့လိုက်တာပေါ့။ သူပြောလိုက်သည်။

" ရပါတယ် အိမ်ပြန်နားကြတာပေါ့ "

စကားပြောပြီး နောက်တစ်ကြိမ်ထပ်သမ်းလိုက်သည်။

[ T/n : ဘာသာပြန်ရင်း ကိုယ်တောင်လိုက်သမ်းတယ် ]

" မင်းအရမ်း ပင်ပန်းနေပြီ၊ ကားမောင်းဖို့အဆင်ပြေရဲ့လား? "

" ပြဿနာမရှိဘူး၊ ကျွန်တော်ကျင့်သားရနေပြီ "

ကုံးရင့်ရှန် စခန်းသို့မောင်းလိုက်သည်။

" ငါ့မှာ အားလပ်ရက်ရှိသေးတယ်၊ မင်းကြည့်ရတာ အားလပ်ရက်အများကြီး ယူပုံမပေါ်ဘူး "

ရန်ရိ အရမ်းအိပ်ငိုက်နေတော့ မျက်တောင်များပင် ပုတ်ခတ်နေပြီ။ သူ ထိုင်ခုံကျောမှီကို အနည်းငယ်ချိန်ညှိလိုက်ပြီး မှီအိပ်ဖို့ သက်သောင့်သက်သာဖြစ်တဲ့ အနေအထားရှာလိုက်သည်။

" ကျွန်တော့်မှာလည်း အားလပ်ရက်ရှိတယ်၊ ဒါပေမယ့် ကျွန်‌တော်မသုံးဘူး "

ကုံးရင့်ရှန် ပြောလိုက်သည်။

" လုပ်စရာအများကြီးရှိတာကို၊ အားလပ်ရက်မလိုပါဘူး "

" လူတွေ အမြဲတမ်းဖိအားခံနေလို့မရဘူး၊ မင်း အလုပ်နဲ့ နားချိန် ပေါင်းစပ်မှုသဘောထားကို သိပါတယ် "

ကုံးရင့်ရှန် ခေါင်းခါပြီး

" အချိန်မရှိဘူး "

တရားစွဲဆိုမှုသက်တမ်း ၂၀ က သူ့နောက်ကိုအမြဲပြေးလိုက်နေတဲ့ သားရဲတစ်ကောင်လိုပင်။ သူ့ကို ကြောက်လန့်အောင်၊ ဆန္ဒမရှိအောင်၊ ရပ်တန့်လို့မရအောင် လုပ်သည်။ အမှန်တရားက ရှေ့မှာရှိနေတယ်လို့ ခိုင်ခိုင်မာမာတွေးပြီး ပြင်းပြင်းထန်ထန်ပြေးရမည်။

ရန်ရိ သက်ပြင်းဖွဖွချပြီး

" မင်း၊ မင်းကတကယ် အရမ်းနားထူတာပဲ "

ကုံးရင့်ရှန်ကတော့ အာရုံမထားပေ။

ကားထဲမှာ ခဏလောက်တိတ်ဆိတ်လာပြီး ရန်ရိ သူ့ရှေ့ကလေကာမှန်ကို ကြည့်လိုက်သည်။ အထူးအလင်းနှင့်အရိပ်ကြောင့် မှန်ပေါ်မှာထင်ဟပ်နေတဲ့ ကုံးရင့်ရှန်ရဲ့မှုန်ဝါးဝါးမျက်နှာကို သူမြင်နိုင်၏။ သူ စွဲစွဲလန်းလန်းကြည့်နေရင်း ခန့်မှန်းမိသည်။ ကုံးရင့်ရှန် သူနဲ့တစ်နေရာထဲမှာရှိနေတယ်၊ ဒီအချိန် သူ့စိတ်ထဲဘာများ တွေးနေမလဲ? သူ့အတွက် နေရာလေးနည်းနည်းလောက် ရှိနေလိမ့်မလား?

သူ့မျက်တောင်များ ပိုပိုလေးလံလာသည်။

မကြာခင်မှာပဲ ကုံးရင့်ရှန်သူ့ဘေးက စည်းချက်ညီတဲ့အသက်ရှူသံတွေ ကြားလိုက်ရပြီး ဘေးကထိုင်ခုံကို လှမ်းကြည့်လိုက်သည်။ ရန်ရိ ဒီလိုအိပ်ပျော်သွားတာလား?

ကုံးရင့်ရှန် ကားစတီယာရင်ကို ညင်ညင်သာသာလှည့်ပြီး ကားကို လမ်းဘေးချမောင်းကာ ဘရိတ်တွေပေါ်ကို ညင်သာသောအားဖြင့် ဖြည်းဖြည်းနင်းလိုက်တော့ ကားက ချောချောမွေ့မွေ့ရပ်တန့်သွားသည်။

ကုံးရင့်ရှန် ကားပါကင်ထိုးပြီး ခေါင်းလှည့်ကာ အိပ်မောကျနေတဲ့ရန်ရိကို တိတ်တဆိတ်ကြည့်ရင်း နက်နဲသောမျက်လုံးများက အလင်းရောင်မှိန်မှိန်အောက်မှာ တဖျပ်ဖျပ်လက်နေသည်။ ထို့နောက် သူသိချင်စိတ်ဖြင့် အနားတိုးကပ်သွားလိုက်ပြီး ရန်ရိမျက်နှာကို သေသေချာချာကြည့်သည်။

ဘာလို့သူ့ဆံပင်က အမြဲတမ်းကောက်ချင်နေတာလဲ? အရမ်းနူးညံ့လို့လား ဒါမှမဟုတ် အရမ်ကြမ်းလို့လား? သူ့မျက်ခုံးတွေက အမွှေး‌အများကြီးရှုပ်နေတယ်၊ ဒါပေမယ့် အရမ်းစတိုင်ကျတာပဲ။ သူ့နှာတံမှာရှိတဲ့မှဲ့က အရမ်းထူးခြားတယ်။ သူ့အောက်နှုတ်ခမ်းက အပေါ်နှုတ်ခမ်းထက်နဲနဲပိုထူပြီးတော့ တကယ်ဆူဆူဖောင်းဖောင်းလေး ဖြစ်နေတယ်၊ ဘယ်လိုခံစားရ‌လောက်လဲ?

ကုံးရင့်ရှန်စိတ်ထဲ မေးခွန်းတစ်ခုပြီးတစ်ခု ပေါ်လာပြီး ‌ထိုမေးခွန်းအားလုံးအတွက်အဖြေများက သူ့ကိုလက်ဆန့်ပြီးထိကြည့်ဖို့ တိုက်တွန်းနေသည်။

ကုံးရင့်ရှန် နှုတ်ခမ်းကိုတင်းတင့်စေ့ကာ မဝံ့မရဲလက်ဆန့်ထုတ်ပြီး ရန်ရိနှာတံပေါ်က မှဲ့လေးကို ခပ်ဖွဖွတို့ကြည့်လိုက်သည်။

ဖောင်းဖောင်းလေးနဲ့ နှာတံရဲ့မာကြောမှုကို ခံစားနိုင်သည်။

ကုံးရင့်ရှန်သူ့လက်ကို တစ်ဖန်ပြန်ချလိုက်ပြီး နှုတ်ခမ်းသားနုနုလေးတွေကိုလက်ချောင်းထိပ်များဖြင့် ညင်ညင်သာသာ အုပ်ကာလိုက်သည်။ ထို့နောက် တိတ်တဆိတ် ဖိအားနည်းနည်းတိုးလိုက်တော့ သူရန်ရိရဲ့ နှာခေါင်းကလေနွေးနွေးကို ခံစားရသည်။

ရန်ရိ အိပ်ရင်းရေရွတ်လာ၏။

ကုံးရင့်ရှန်လက် ဓာတ်လိုက်သလို ပြန်ခုန်ထွက်သွားပြီး အိပ်မက်ကနိုးလာတော့ သူ့မျက်နှာဝယ် အံ့အားသင့်ခြင်းများပြည့်နှက်နေသည်။ သူဘာလုပ်နေတာလဲ? သူဘာတွေ တွေးနေတာလဲ? ဒါတကယ်ထူးဆန်းတယ်၊ သူဘယ်သူ့အကြောင်းမှ အရမ်းမသိချင်ခဲ့ဖူးပေ။

ရန်ရိက သူ့ပထမဆုံးသူငယ်ချင်းမို့လို့လား?

ဦးလေးရှန့်နဲ့ ယန်ကျဲပြောတာ မှန်လောက်တယ်၊ သူ သူငယ်ချင်းလိုအပ်ပြီး လူတိုင်းလည်း သူငယ်ချင်းလိုအပ်တယ်။ သူငယ်ချင်းရှိတာကလည်း တကယ်တော့ စိတ်ရှုပ်စရာကိစ္စမဟုတ်ဘူး။ အဲ့တာက သူ့ကိုတောင် ပျော်ရွှင်စေတယ်။ ရန်ရိဆိုတဲ့ဖြစ်တည်မှုက သူ့ကိုပျော်ရွှင်စေတယ်။

သူအရင်က လူသားသူငယ်ချင်း မရှိခဲ့ဖူးတော့ သူငယ်ချင်းတွေအကြောင်း သိချင်မိတာ၊ အဲ့တာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။

ကုံးရင့်ရှန် သူ့ကိုယ်သူဖြေသိမ့်ဖို့ အကြောင်းပြချက်တစ်ခု ရှာတွေ့သွားပြီးနောက် စိတ်အေးသွားသည်။ သူ အိပ်နေတဲ့ရန်ရိကို ကြည့်ပြီး မနှောင့်ယှက်ချင်တော့တာကြောင့် အမှုဖိုင်တွေကိုသာ တိတ်တဆိတ်ကြည့်နေလိုက်သည်။

ဘယ်လောက်ကြာသွားလဲ မသိပေမယ့် ရန်ရိနှာချေပြီး သူ့ဘာသာသူနိုးလာသည်။ သူမျက်လုံးဖွင့်ပြီး ဝါးတားတားပြောလိုက်၏။

" ငါ ငါအိပ်ပျော်သွားတာလား? "

ကုံးရင့်ရှန် သူ့ကိုကြည့်ဖို့ ခေါင်းလှည့်လိုက်ပြီး နိုးလာတော့ လည်ပင်းမှာ မေးနှစ်ထပ်ပုံနေတာကိုမြင်ပြီး ရယ်ချင်သွားသည်။

" ဟုတ်တယ် "

ရန်ရိ ထိုင်လိုက်ပြီး အကျယ်ကြီးသမ်းလိုက်သည်။

" မင်းဘာလို့ ငါ့ကိုမနှိုးတာလဲ? ငါပြန်ရောက်.....သေစမ်း! "

ရန်ရိ တအံ့တဩနဲ့ နာရီငုံ့ကြည့်လိုက်သည်။

" ငါ 2 နာရီတောင် အိပ်ပျော်သွားတာလား? "

" 1 နာရီနဲ့ 42 မိနစ် "

ကုံးရင့်ရှန် ရေသန့်ဘူးယူပြီး သူ့ကိုကမ်းပေးလိုက်သည်။

" ခင်များဒီနေ့ ဘာတာဝန်များလုပ်ခဲ့ရတာလဲ? အရမ်းပင်ပန်းနေတယ် "

ရန်ရိ ကုံးရင့်ရှန်ကို အကြမ်းဖျင်းပဲ ရှင်းပြလိုက်သည်။

" ပင်ပန်းတာရပါတယ်၊ ကောင်းကယ်ကြောင့် အဓိကလန့်သွားတာ "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" အဲ့တာကို ခင်များကျွန်တော်နဲ့ ဌာနခွဲလိုက်သေးတယ်ပေါ့၊ ခင်များ ကောင်းကောင်းနားသင့်တယ် "

ရန်ရိ ပြုံးပြီးပြောလိုက်သည်။

" ရတယ်၊ ငါအိပ်ပြီး တက်တက်ကြွကြွပြန်ခုန်ထနိုင်တယ် "

ကုံးရင့်ရှန် ကားစက်နှိုးလိုက်သည်။

" သွားရအောင် ခင်များကိုပြန်ပို့ပေးမယ် "

" ဒီဟာအဓိကပဲ၊ မင်းငါ့ကိုစခန်းပြန်ပို့ပြီး အိမ်ပြန်မယ်ဆို မင်းအိမ်ပြန်ရောက်ရင် နှစ်ချက် သုံးနာရီလောက်ဖြစ်သွားလိမ့်မယ် "

" မြန်မြန်မောင်းလို့ရတယ် "

" တော်လိုက် မင်းအိမ်ကအရမ်းဝေးတယ်၊ မင်းတစ်နေ့လုံးပင်ပန်းထားတာ၊ ပြီးတော့ အလုပ်ပင်ပန်းပြီးကားမောင်းတာ ဘယ်လောက်အန္တရာယ်များလိုက်လဲ "

" ရတယ် ကျွန်တော်အကျင့်ဖြစ်နေပြီ "

" ရပါတယ်၊ မင်း....."

ရန်ရိ ပြောနေတုန်း ဗိုက်ထဲကနေ တဂွီဂွီမြည်လာပြီး အလွန်ကျယ်လောင်၏။

ကုံးရင့်ရှန် လှောင်ပြုံးပြုံးလိုက်ပြီး

" ဒီလောက်တောင် ဆာနေတာလား? "

ရန်ရိ ဗိုက်ကြွက်သားတွေကို ပုတ်လိုက်ပြီး

" မင်းမဆာဘူးလား? "

" နည်းနည်းပါ "

" ငါ့အိမ်သွားတာ ပိုကောင်းတယ်၊ ငါ့အိမ်နဲ့ အရမ်းနီးတာပဲကို "

ရန်ရိ ပြုံးလိုက်သည်။

" မင်းအရင်က ခေါက်ဆွဲထုပ်တွေ စားဖူးလား? မင်းအတွက် ခေါက်ဆွဲပြုတ်ပေးမယ် "

" ခေါက်ဆွဲထုပ်က ကောင်းတဲ့အရာမဟုတ်ဘူး "

" ငါသုံးသပ်ပြတာ နားထောင် "

ရန်ရိ တည်တည်တံ့တံ့ပြောလိုက်သည်။

" ပထမအချက် မင်းကျိန်းသေပေါက် order မှာစားချင်မှာမဟုတ်ဘူး၊ မင်းအဲ့တာတွေ ညစ်ပတ်တယ်လို့ထင်တယ်၊ ဒုတိယအချက် ဟင်းချက်ဖို့အရမ်းကြာတယ်၊ တတိယအချက် မင်းတစ်ခါမှ‌ ခေါက်ဆွဲထုပ်မစားဖူးသလို ဒီလိုဘဝအတွေ့အကြုံမျိုးလည်း မရှိဘူး၊ ဒီည အတွေ့အကြုံယူရမယ် "

ကုံးရင့်ရှန် နူးနူးညံ့ညံ့ပြုံးလိုက်သည်။

ရန်ရိ မျက်လုံးထဲကနေ မျှော်လင့်ချက်များလွတ်ထွက်မသွားဖို့ အကောင်း‌ဆုံးကြိုးစားရင်း တည်ငြိမ်ချင်ယောင်ဆောင်ကာ မေးလိုက်သည်။

" ပြီးတော့ ငါ့အိမ်မှာမင်းခေါင်းအုံးလည်း ရှိသေးတယ်၊ သွားမှာလား? "

" ခင်များအိမ်ကို မောင်းနေတာပဲမဟုတ်လား? "

===========

အားးးးးးးးးး ပုံလေးနဲ့မိုက်

so so sweet ╰(⸝⸝⸝'꒳'⸝⸝⸝)╯

‌ကုံးရင့်ရှန်က သူငယ်တန်းကလေးသာသာမို့ အတွေ့အကြုံမရှိတဲ့အတွက် ဘာခံစားချက်ရှိတယ်ဆိုတာလည်း နားမလည်ပါဘူး၊ ခွင့်လွှတ်ပေးကြပါ သူတော်ကောင်းအပေါင်းတို့ (⊃。•́‿•̀。)⊃

ပင်ပန်းခလေး ပေးချင်ရင်

09795118580 ( Kpay or wavepay or bill )

=======

{ Zawgyi }

ရန္ရိက စိတ္မ႐ွည္ေတာ့သည္ပုံႏွင့္

" ဒီေန႔ တကယ္အလုပ္႐ႈပ္တဲ့ေန႔ပဲ၊ ဘယ္အခ်ိန္႐ွိၿပီတုန္း၊ ရင့္႐ွန္ ငါေတာ့မင္းဒီမွာပဲ အခ်ိန္ျဖဳန္းေနသင့္တယ္ မထင္ဘူး၊ မနက္ျဖန္ အျခားအိမ္႐ွင္ေတြကို စစ္ေမးရဦးမယ္ "

ကုံးရင့္႐ွန္ ရန္ရိကို ေသခ်ာျပန္ၾကည့္လာၿပီး ေခါင္းညိတ္သည္။

" ဟုတ္တယ္ "

သူ notebook ကိုပိတ္လိုက္ၿပီး

" အမ်ိဳးသမီးပိုင္၊ ဒီေန႔ အေႏွာင့္အယွက္ေပးမိတယ္၊ ျပန္လိုက္ပါေတာ့ "

အမ်ိဳးသမီးပိုင္က ေခါင္းေမာ့ၿပီး သူတို႔ႏွစ္ေယာက္ မတ္တပ္ရပ္လိုက္တာကို တအံ့တဩ ၾကည့္လာသည္။

ရန္ရိေနာက္လွည့္ၿပီး ကုံးရင့္႐ွန္ကို တိုးတိုးကပ္ေျပာလိုက္သည္။

" 2207 အိမ္႐ွင္က အနာဂတ္ေကာင္းလိုခ်င္တဲ့ လူငယ္ပဲ၊ သူမထက္အရင္ ထုတ္ေျပာလာေလာက္တယ္ "

ကုံးရင့္႐ွန္က အတည္အတံ့ေခါင္းညိတ္ျပၿပီး ေ႐ွ႕ဆက္သြားသည္။

" ခဏ ခဏေလးေနပါဦး "

အမ်ိဳးသမီးပိုင္က လွမ္းေအာ္သည္။

" မင္းတို႔ငါ့ကို အၾကာႀကီးေစာင့္ခိုင္းထားၿပီးေတာ့ အခုျပန္ရေတာ့မွာလား? "

" အမ်ိဳးသမီးပိုင္ ခင္မ်ားကဘာမွမေျပာခ်င္‌ဘဲ၊ တစ္ေယာက္အခ်ိန္တစ္ေယာက္ ျဖဳန္းေနတယ္၊ ေနာက္က်ေနၿပီ၊ အားလုံးျပန္ရေတာ့မွာ "

" ေနဦး! "

အမ်ိဳးသမီးပိုင္က တြန္႔ဆုတ္ဆုတ္နဲ႔ ေျပာလာသည္။

" ငါသိသမွ်အကုန္ေျပာျပမယ္ဆိုရင္ လုပ္မွာ....မဟုတ္ဘူး၊ ငါ့ကိုျပစ္ဒဏ္မခ်ဘူးမလား? "

" အဲ့တာက ခင္မ်ားအမႈမွာ ဘယ္ေလာက္ပူးေပါင္းလဲဆိုတာေပၚ မူတည္တယ္ "

" ငါအမိႈက္ပဲ ပစ္ခဲ့တာပါ၊ ဘာမွမလုပ္ဘူး "

ကုံးရင့္႐ွန္နဲ႔ ရန္ရိ အခ်င္းခ်င္းၾကည့္လိုက္ၿပီး

" သြားရေအာင္ "

" ငါတို႔ကို အမိႈက္ပစ္ခိုင္းတာ ေ႐ွာင္ဖုန္ပဲ! "

အမ်ိဳးသမီးပိုင္က စိုးထိတ္စြာေျပာလာ၏။

သူတို႔ႏွစ္ေယာက္ အမ်ိဳးသမီးပိုင္ကို တစ္ၿပိဳင္နက္တည္း ၾကည့္လိုက္သည္။

အမ်ိဳးသမီးပိုင္က သူ႕မပါးစပ္ကိုကာရင္း ဆို႔နင့္ေနေသာအသံျဖင့္ ေျပာလာသည္။

" 2209 ကိုကလဲ့စားေခ်ဖို႔ အတူတိုင္ပင္ၾကရေအာင္တဲ့ ေ႐ွာင္ဖုန္ေျပာတာ၊ သူတို႔ငါတို႔ကို ဘယ္လို႐ြံစရာလုပ္ခဲ့လဲ၊ ငါတို႔ေရာသူတို႔ကို ဘယ္လို႐ြံစရာျပန္လုပ္မလဲ၊ သူ႕တံခါးေ႐ွ႕မွာ အမိႈက္ေတြသြားပစ္ၾကမယ္တဲ့ "

" အဲ့ေတာ့ ခင္မ်ားတို႔ေသာၾကာေန႔မွာ 2209 တံခါးေ႐ွ႕ အမိႈက္အတူပစ္ၾကဖို႔ အခ်ိန္းအခ်က္ လုပ္ခဲ့တယ္ေပါ့? "

အမ်ိဳးသမီးပိုင္က ေခါင္းညိတ္သည္။

" ဒါေပမယ့္ ဘယ္သူမွ မီး႐ိႈ႕ဖို႔မေျပာခဲ့ဘူး၊ တကယ္ပါ ငါတို႔ အဲ့တာမီးေလာင္မယ္ဆိုတာ မသိဘူး၊ ငါတို႔ အိမ္ကိုဘာလုပ္မယ္ဆိုတာသိခဲ့ရင္၊ ဘယ္သူက ကိုယ့္အိမ္ကိုယ္ မီး႐ိႈ႕ခ်င္ပါ့မလဲ? "

" အဲ့တာဆို ခင္မ်ားဘာလို႔ အစကတည္းကမေျပာတာလဲ? "

အမ်ိဳးသမီးပိုင္က ငိုရင္း

" ေ႐ွာင္ဖုန္က ငါတို႔အားလုံးၾကံရာပါေတြလို႔ ေျပာတယ္၊ လူေတြအမ်ားႀကီးေသၿပီး အိမ္အမ်ားႀကီးလည္း မီးေလာင္ခဲ့တယ္၊ ရဲေတြသိသြားရင္ ငါတို႔အားလုံးအျပစ္ေပးခံရမယ္တဲ့၊ အဲ့တာေၾကာင့္ ဘယ္သူမွမေျပာရဲတာ "

" သူမွန္တယ္၊ ဒါေပမယ့္ ျပစ္ဒဏ္ေတြကလည္း ကြဲျပားတယ္၊ ခင္မ်ားတို႔ အမိႈက္ပစ္႐ုံသက္သက္ပဲပစ္ၿပီး မီး႐ိႈ႕သမားနဲ႔ ဘာမွမပတ္သက္ရင္ ခင္မ်ားတို႔ ရာဇသတ္ႀကီးဥပ‌ေဒအတြက္ အျပစ္မခံရဘူး၊ ဒါေပမယ့္ အမိႈက္ပစ္တာထက္စာရင္ ပစ္မႈကိုဖုံးကြယ္ေပးတာက အမ်ားႀကီးပိုအျပစ္႐ွိတယ္ "

" ငါမလုပ္ရဲဘူး၊ မဖုံးကြယ္ရဲပါဘူး၊ မင္းတို႔ကို ငါသိသေလာက္ ေျပာၿပီးၿပီပဲ "

အမ်ိဳးသမီးပိုင္ ငို၏။

" ငါ့အေမရင္းလည္း ေသသြားရၿပီ၊ ငါတကယ္မသိပါဘူး "

သူတို႔ ငိုေနတဲ့အေဒၚႀကီးကို ျပန္ပို႔ၿပီးေနာက္ စိတ္ေတြ ခဏ႐ႈပ္ေထြးေနၿပီး ဘယ္သူမွစကားေျပာမလာေပ။

" သူေျပာတာမွန္တယ္လို႔ ငါခံစားရတယ္၊ အိမ္နီးခ်င္းေတြ အမိႈက္ပဲပစ္ခဲ့ၾကၿပီး မီးေလာင္မွာမသိေလာက္ဘူး ထင္တယ္ "

ကုံးရင့္႐ွန္ စဥ္းစားၾကည့္လိုက္ၿပီး

" အျခားသူေတြမသိေလာက္ေပမယ့္၊ ဖုန္ေဖးေတာ့သိေလာက္တယ္၊ ဒါေပမယ့္ လတ္တေလာ သက္ေသအေထာက္အထားအရ သူသိခဲ့လား ဒါမွမဟုတ္ မီး႐ိႈ႕မႈမွာပါေနလားဆိုတာ သက္ေသမျပႏိုင္ေသးဘူး "

" စကားမစပ္၊ ကားပိုင္႐ွင္ကေရာ? မင္းလႈပ္႐ွား‌မႈေတြ ႐ွာႏိုင္လိုက္လား? "

" ကားက က်ပန္းေ႐ြးထားတာ၊ က်ိဳးခြၽမ္းေျပာသလိုပဲ၊ ကားပိုင္႐ွင္ေတြ သူတို႔ကို မသိဘူး၊ သူတို႔ေန႔စဥ္ဘဝမွာလည္း ပါဝင္ပတ္သက္မႈမ႐ွိဘူး "

" အမႈေသာ့ခ်က္က ဒီလူသုံးေယာက္နဲ႔တင္ လည္ေနတာပဲ၊ ဒါေပမယ့္ တစ္ေယာက္က အျခားသူေတြထက္ပိုၿပီး ကိုင္တြယ္ဖို႔ခက္တယ္ "

‌ကုံးရင့္႐ွန္ ေအးစက္စက္ေျပာလာသည္။

" ခ်န္ေဖ့က ကြၽန္ေတာ္ကိုေတြ႕ဖို႔ ေမးေနတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္အရင္ရက္ေတြထဲ သူနဲ႔မေတြ႕ဘူး၊ အဲ့ဒီ့အစား သူ႕ကိုစစ္ေဆးဖို႔ ယန္က်ဲကိုေျပာထားတယ္၊ ယန္က်ဲလည္း အဲ့လိုလုပ္ခ်င္တာပါတယ္၊ သူက ကြၽန္ေတာ္စိတ္ထိခိုက္မွာ ေၾကာက္ေနတာ "

" သူမင္းကို ေတြ႕ခ်င္တယ္? "

ရန္ရိ အံ့ဩၿပီးေမးလိုက္သည္။

" သူဘာလုပ္ခ်င္တာလဲ? "

" သူကြၽန္ေတာ္နဲ႔ ညႇိႏိႈင္းခ်င္တာအျဖစ္ႏိုင္ဆုံးပဲ "

ကုံးရင့္႐ွန္ မ်က္လုံးေတြညိႇဳ႕မိႈင္းလာလ်က္။

" ကြၽန္ေတာ္လိုခ်င္တဲ့ဟာ သူ႕ေခါင္းထဲမွာ႐ွိမွန္း သူသိတယ္ "

ရန္ရိ တီးတိုးေျပာလိုက္သည္။

" ဒီသုံးေယာက္ အျခားတစ္ေယာက္ကို ႏိုင္မယ္ဆိုသေ႐ြ႕ က်န္တဲ့ႏွစ္ေယာက္လည္း သူတို႔အခ်င္းခ်င္း တိုက္ခိုက္ၿပီး အပ်က္စီးခံမွာမဟုတ္ဘူး "

" ကြၽန္ေတာ္တို႔ အဓိကေသာ့ခ်က္သက္ေသမ႐ွိတာေတာ့ ဝမ္းနည္းစရာပဲ "

ကုံးရင့္႐ွန္ မ်က္ခုံးေတြကို ပင္ပန္းစြာ ႏွိပ္နယ္လိုက္ၿပီး

" အျခားသူေတြဆီမွာေတာ့ တိုးတက္မႈ႐ွိပါေစ ေမွ်ာ္လင့္ရတယ္ "

" ဆိုင့္ေခ်ာင္နဲ႔ က်ိဳးခြၽမ္းကို သြားၾကည့္ရေအာင္ "

" ေကာင္းၿပီ "

သူတို႔ႏွစ္ေယာက္ အျခားစစ္ေဆးခန္းဆီသို႔သြားလိုက္သည္။ သို႔ေသာ္ ဝင္သြားမယ့္အစား တံခါးေခါက္လိုက္ၾက၏။

ဆိုင့္ေခ်ာင္ေခါင္းေမာ့ၿပီး မွန္ကေနတစ္ဆင့္ သူတို႔ကိုလွမ္းၾကည့္ကာ ထထြက္လာခဲ့သည္။

" ဘယ္လိုလဲ? "

ဆိုင့္ေခ်ာင္က တံခါးကိုသူ႕ဘက္ဆြဲၿပီး သမ္းေဝလိုက္သည္။

" ဒီေျမးစုတ္ေလးက ေသာက္ရမ္းကို႔႐ို႕ကားယားႏိုင္ၿပီး ဆိုးတာပဲ၊ သူ႕ကို အမႈမစစ္ခင္ ထိန္းသိမ္းေရးစင္တာမွာမေနဘဲ ေဆး႐ုံမွာပဲေနမယ္ဆိုၿပီး လုပ္ေနတယ္၊ ငါတို႔လက္ခံရင္ သူေျပာျပမယ္တဲ့ "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳပ္သြားၿပီး

" သူပါးစပ္က ဘယ္ေလာက္ေတာင္တန္ဖိုး႐ွိေနလို႔လဲ? "

" ငါတို႔ ခ်န္ေဖ့ကိုဖမ္းမိတာ သူသိတယ္၊ သူ ငါတို႔အျပစ္ေပးလို႔ရေလာက္တဲ့ ခ်န္ေဖ့အေၾကာင္း တစ္ခုခုသိတယ္လို႔ေျပာတာပဲ "

ရန္ရိ ေမးလိုက္သည္။

" ကားမီး႐ိႈ႕တဲ့သူကေရာ? "

ဆိုင့္ေခ်ာင္က ခါးသက္သက္ျပဳံးၿပီး

" ေဟး မင္းအခု WeChat group ထဲဝင္ၾကည့္လိုက္၊ ငါတကယ္ စိတ္ဆင္းရဲတယ္ "

ကုံးရင့္႐ွန္ ဖုန္းထုတ္ၿပီးၾကည့္လိုက္ေတာ့ သူ႕မ်က္ႏွာ႐ုတ္တရက္ ေျပာင္းလဲသြားသည္။

" ဒါက.....ဖုန္ေဖးရဲ႕အလီဘိုင္လား? "

" ဟုတ္တယ္၊ ကားမီးေလာင္မႈျဖစ္တဲ့ညက သူ သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ‌ ေနခဲ့တယ္လို႔ေျပာတယ္ေလ၊ ဘယ္သူမွသက္ေသမျပႏိုင္ဘူး၊ ဒါေပမယ့္ သူည ၁၁ နာရီေနာက္ပိုင္း ေအာက္ဆင္းၿပီး စီးကရက္သြားဝယ္ခဲ့တယ္၊ ၿပီးေတာ့ cctv မွာလည္း႐ိုက္မိထားတယ္၊ သူအဲ့အခ်ိန္က မီးေလာင္တဲ့ေနရာဆီ အေျပးသြားတာ မျဖစ္ႏိုင္ဘူးလား? "

" ဒီအလီဘိုင္၊ သူဘာလို႔ အစကတည္းကမေျပာတာလဲ? "

" သူအခုမွ သတိရတယ္လို႔ေျပာတယ္"

ဆိုင့္ေခ်ာင္ က်ိန္‌ဆဲလိုက္သည္။

" ခ်ီးပဲ၊ သူတမင္တကာလုပ္တာ၊ သူက ငါတို႔ ဘယ္ေလာက္ထိသိလဲဆိုတာ စမ္းသပ္တယ္ ၿပီးေတာ့ စုံစမ္းစစ္ေဆးေရးမွာ တမင္တကာဝင္ေႏွာင့္ယွက္တာပဲ "

ကုံးရင့္႐ွန္ တိတ္ဆိတ္သြားၿပီး၊ လက္သီးက်စ္က်စ္ပါ‌ေအာင္ဆုပ္ရင္း အမူအရာက မတည္မၿငိမ္ျဖစ္ေနသည္။

ရန္ရိ စိတ္ထဲမွာ ေ႐ွာ့ရသြား၏။ ဖုန္ေဖးအေတြးက အရမ္းနက္နဲၿပီး ရဲေတြကို အခ်ိန္အၾကားႀကီး သူ႕ကိုတရားခံတစ္ေယာက္လို စစ္ေဆးေစသည္။ ရဲေတြ ဘယ္ေလာက္ထိသိလဲဆိုတာ သိသြား႐ုံတင္မကဘဲ ေနာက္ဆုံးမွာ ရဲေတြကိုအခက္ေတြ႕ေအာင္လည္း လုပ္ေသးသည္။ လက္႐ွိအခ်ိန္အထိ သူ႕စကားေၾကာင့္ လုပ္ခဲ့ရတဲ့အရာေတြအားလုံး အလဟႆျဖစ္သြားရၿပီလို႔ သက္ေသျပေန၏။

ကုံးရင့္႐ွန္ ေအးစက္စြာ ေျပာလိုက္သည္။

" သူအျခားအိမ္နီးခ်င္းေတြကို တစ္ေလသံတည္းထြက္ေအာင္ ၿခိမ္းေျခာက္ရဲတာလည္း မဆန္းပါဘူး၊ ငါတို႔ သက္ေသမလုံေလာက္ဘူးဆိုတာ သိေနတာပဲ "

ဆိုင့္ေခ်ာင္- " ဒီမ်ိဳးမစစ္က ‌အရမ္းေကာက္က်စ္တာပဲ၊ အခု ငါတို႔ကိုအၾကပ္အတည္းျဖစ္ေအာင္ လုပ္တယ္ "

ဆိုင့္ေခ်ာင္ စစ္ေမးခန္းထဲကို လွမ္းၾကည့္လိုက္ၿပီး

" ငါတို႔ သူေျပာတာတစ္ခုပဲ လက္ခံႏိုင္မွာစိုးတယ္ "

" မနက္ျဖန္မွ ေဆြးေႏြးတာေပါ့ "

ဆိုင့္ေခ်ာင္ ေခါင္းညိတ္ျပသည္။

" အရမ္းေနာက္က်ေနၿပီ၊ အိမ္ျပန္ၾကေတာ့ "

သူရန္ရိကို ေနာက္လိုက္သည္။

" ေခါင္းေဆာင္ရန္ ခင္မ်ားတကယ္ အလုပ္ေျပာင္းဖို႔စဥ္းစားေနတာေတာ့ မဟုတ္ဘူးမလား? ခင္မ်ား အမႈေတြကိုင္တြယ္ေျဖ႐ွင္းတဲ့အေၾကာင္း အရမ္းစိတ္အားထက္သန္ေနတယ္လို႔ ထင္တယ္ "

ရန္ရိလည္း ျပဳံးၿပီး ေျပာလိုက္သည္။

" မင္း‌တို႔ေခါင္းေဆာင္ ငါ့ကိုတစ္လဘယ္ေလာက္ေပးႏိုင္မလဲ ေမးေပးရင္၊ ငါက်ိန္းေသေပါက္ အတည္တက်စဥ္းစားမိမွာပဲ "

ဆိုင့္ေခ်ာင္က တဟားဟားရယ္သည္။

ႏႈတ္ဆက္ၿပီးေနာက္ သူတို႔ႏွစ္ေယာက္ ကားပါကင္ဆီ သြားၾက၏။ ရန္ရိ တစ္ေလွ်ာက္လုံး သမ္းေဝေနၿပီး အရမ္းဗိုက္ဆာေနေတာ့ စခန္းျပန္ေရာက္ရင္ ဘာမွာစားရေကာင္းမလဲလို႔ စဥ္းစားေနသည္။ ဘာစားရမလဲစဥ္းစားရင္း ရန္ရိ ကုံးရင့္႐ွန္ကို အတူစားဖို႔ေမးရမွာ တုံ႔ဆိုင္းေနသည္။ သူတို႔ႏွစ္ေယာက္ ပထမအႀကိမ္စားတုန္းက ကေတာက္ကဆျဖစ္ခဲ့ေပမယ့္ အခုေတာ့ သူတို႔ဆက္ဆံေရးေကာင္းလာၿပီ၊ ကုံးရင့္႐ွန္ လက္ခံေလာက္မွာပါ။ အခုခ်ိန္ သူကုံးရင့္႐ွန္နဲ႔ တစ္မိနစ္ခြဲေက်ာ္ေလာက္ အတူအခ်ိန္ျဖဳန္းရမယ္ဆိုသေ႐ြ႕အရမ္းစိတ္ေက်နပ္မိမွာ။

" ရန္ရိ....."

" ငါေျပာမယ္ ေလာင္ကုံး....."

ႏွစ္ေယာက္သား ၿပိဳင္တူေျပာလိုက္ၾကသည္။

ကုံးရင့္႐ွန္သူ႕ကို မ်က္ေစာင္းထိုးၾကည့္လာ၏။

ရန္ရိရယ္ၿပီး ေျပာလိုက္သည္။

" ဒီနာမည္ကို အထင္မေသးနဲ႔၊ လူတိုင္းမင္းကို အဲ့လိုေခၚရင္ မင္းဘယ္ေလာက္ေတာင္ အက်ိဳးအျမတ္ရမလဲ? "

" လူတိုင္းကို ခင္မ်ားလိုထင္ေနတာပဲ "

ကုံးရင့္႐ွန္ ခပ္ဖြဖြ ညည္းညဴလိုက္သည္။

သူတစ္ေယာက္ပဲ ဒါကိုဒီလိုေခၚရေသာေၾကာင့္ ရန္ရိ တိတ္တိတ္ေလး ႀကိတ္ရယ္လိုက္သည္။

" မင္း ေက်နပ္ရမွာေပါ့၊ တကယ္ ငါ့ကိုေတြးၾကည့္၊ 'ေ႐ွာင္ရန္' ပဲျဖစ္ျဖစ္ 'ေလာင္ရန္' ပဲျဖစ္ျဖစ္ ငါ့မွာအက်ိဳးမျမတ္မ႐ွိဘူး "

ကုံးရင့္႐ွန္ မေနႏိုင္ဘဲျပဳံးမိၿပီး

" ခင္မ်ားက တုံးတာပဲ၊ ကားထဲဝင္၊ ခင္မ်ားျပန္နားဖို႔ လိုက္ပို႔ေပးမယ္ "

ႏွစ္ေယာက္သား ကားထဲဝင္ၿပီး ရန္ရိ‌ဆာေနတဲ့ဗိုက္ကို ထိလိုက္သည္။

" ေဟး မင္းဗိုက္မဆာဘူးလား? "

ကုံးရင့္႐ွန္ ေျပာမလို႔လုပ္တုန္းမွာပင္ သူလည္း ကူးစက္ခံလိုက္ရသလို သမ္းေဝလိုက္ၿပီး မ်က္ခုံးမ်ားက ပင္ပန္းမႈကိုမသိမ္းဆည္းႏိုင္ဘဲ တြန္႔တက္ေနသည္။

" မဆိုးပါဘူး၊ ခင္မ်ားဗိုက္ဆာလို႔လား? "

ရန္ရိ ကုံးရင့္႐ွန္ရဲ႕ ႏြမ္းလ်ေနတဲ့အသြင္အျပင္ကိုၾကည့္ၿပီး ညလယ္စာစားဖို႔ဖိတ္ခ်င္တာေတြ ဘာေတြေျပာမထြက္ေတာ့ေပ။ တစ္ေန႔လုံးပင္ပန္းၿပီး၊ ကုံးရင့္႐ွန္ မလုပ္သင့္ဘူး၊ ေမ့လိုက္တာေပါ့။ သူေျပာလိုက္သည္။

" ရပါတယ္ အိမ္ျပန္နားၾကတာေပါ့ "

စကားေျပာၿပီး ေနာက္တစ္ႀကိမ္ထပ္သမ္းလိုက္သည္။

[ T/n : ဘာသာျပန္ရင္း ကိုယ္ေတာင္လိုက္သမ္းတယ္ ]

" မင္းအရမ္း ပင္ပန္းေနၿပီ၊ ကားေမာင္းဖို႔အဆင္ေျပရဲ႕လား? "

" ျပႆနာမ႐ွိဘူး၊ ကြၽန္ေတာ္က်င့္သားရေနၿပီ "

ကုံးရင့္႐ွန္ စခန္းသို႔ေမာင္းလိုက္သည္။

" ငါ့မွာ အားလပ္ရက္႐ွိေသးတယ္၊ မင္းၾကည့္ရတာ အားလပ္ရက္အမ်ားႀကီး ယူပုံမေပၚဘူး "

ရန္ရိ အရမ္းအိပ္ငိုက္ေနေတာ့ မ်က္ေတာင္မ်ားပင္ ပုတ္ခတ္ေနၿပီ။ သူ ထိုင္ခုံေက်ာမွီကို အနည္းငယ္ခ်ိန္ညႇိလိုက္ၿပီး မွီအိပ္ဖို႔ သက္ေသာင့္သက္သာျဖစ္တဲ့ အေနအထား႐ွာလိုက္သည္။

" ကြၽန္ေတာ့္မွာလည္း အားလပ္ရက္႐ွိတယ္၊ ဒါေပမယ့္ ကြၽန္‌ေတာ္မသုံးဘူး "

ကုံးရင့္႐ွန္ ေျပာလိုက္သည္။

" လုပ္စရာအမ်ားႀကီး႐ွိတာကို၊ အားလပ္ရက္မလိုပါဘူး "

" လူေတြ အၿမဲတမ္းဖိအားခံေနလို႔မရဘူး၊ မင္း အလုပ္နဲ႔ နားခ်ိန္ ေပါင္းစပ္မႈသေဘာထားကို သိပါတယ္ "

ကုံးရင့္႐ွန္ ေခါင္းခါၿပီး

" အခ်ိန္မ႐ွိဘူး "

တရားစြဲဆိုမႈသက္တမ္း ၂၀ က သူ႕ေနာက္ကိုအၿမဲေျပးလိုက္ေနတဲ့ သားရဲတစ္ေကာင္လိုပင္။ သူ႕ကို ေၾကာက္လန္႔ေအာင္၊ ဆႏၵမ႐ွိေအာင္၊ ရပ္တန္႔လို႔မရေအာင္ လုပ္သည္။ အမွန္တရားက ေ႐ွ႕မွာ႐ွိေနတယ္လို႔ ခိုင္ခိုင္မာမာေတြးၿပီး ျပင္းျပင္းထန္ထန္ေျပးရမည္။

ရန္ရိ သက္ျပင္းဖြဖြခ်ၿပီး

" မင္း၊ မင္းကတကယ္ အရမ္းနားထူတာပဲ "

ကုံးရင့္႐ွန္ကေတာ့ အာ႐ုံမထားေပ။

ကားထဲမွာ ခဏေလာက္တိတ္ဆိတ္လာၿပီး ရန္ရိ သူ႕ေ႐ွ႕ကေလကာမွန္ကို ၾကည့္လိုက္သည္။ အထူးအလင္းႏွင့္အရိပ္ေၾကာင့္ မွန္ေပၚမွာထင္ဟပ္ေနတဲ့ ကုံးရင့္႐ွန္ရဲ႕မႈန္ဝါးဝါးမ်က္ႏွာကို သူျမင္ႏိုင္၏။ သူ စြဲစြဲလန္းလန္းၾကည့္ေနရင္း ခန္႔မွန္းမိသည္။ ကုံးရင့္႐ွန္ သူနဲ႔တစ္ေနရာထဲမွာ႐ွိေနတယ္၊ ဒီအခ်ိန္ သူ႕စိတ္ထဲဘာမ်ား ေတြးေနမလဲ? သူ႕အတြက္ ေနရာေလးနည္းနည္းေလာက္ ႐ွိေနလိမ့္မလား?

သူ႕မ်က္ေတာင္မ်ား ပိုပိုေလးလံလာသည္။

မၾကာခင္မွာပဲ ကုံးရင့္႐ွန္သူ႕ေဘးက စည္းခ်က္ညီတဲ့အသက္႐ွဴသံေတြ ၾကားလိုက္ရၿပီး ေဘးကထိုင္ခုံကို လွမ္းၾကည့္လိုက္သည္။ ရန္ရိ ဒီလိုအိပ္ေပ်ာ္သြားတာလား?

ကုံးရင့္႐ွန္ ကားစတီယာရင္ကို ညင္ညင္သာသာလွည့္ၿပီး ကားကို လမ္းေဘးခ်ေမာင္းကာ ဘရိတ္ေတြေပၚကို ညင္သာေသာအားျဖင့္ ျဖည္းျဖည္းနင္းလိုက္ေတာ့ ကားက ေခ်ာေခ်ာေမြ႕ေမြ႕ရပ္တန္႔သြားသည္။

ကုံးရင့္႐ွန္ ကားပါကင္ထိုးၿပီး ေခါင္းလွည့္ကာ အိပ္ေမာက်ေနတဲ့ရန္ရိကို တိတ္တဆိတ္ၾကည့္ရင္း နက္နဲေသာမ်က္လုံးမ်ားက အလင္းေရာင္မွိန္မွိန္ေအာက္မွာ တဖ်ပ္ဖ်ပ္လက္ေနသည္။ ထို႔ေနာက္ သူသိခ်င္စိတ္ျဖင့္ အနားတိုးကပ္သြားလိုက္ၿပီး ရန္ရိမ်က္ႏွာကို ေသေသခ်ာခ်ာၾကည့္သည္။

ဘာလို႔သူ႕ဆံပင္က အၿမဲတမ္းေကာက္ခ်င္ေနတာလဲ? အရမ္းႏူးညံ့လို႔လား ဒါမွမဟုတ္ အရမ္ၾကမ္းလို႔လား? သူ႕မ်က္ခုံးေတြက အေမႊး‌အမ်ားႀကီး႐ႈပ္ေနတယ္၊ ဒါေပမယ့္ အရမ္းစတိုင္က်တာပဲ။ သူ႕ႏွာတံမွာ႐ွိတဲ့မွဲ႔က အရမ္းထူးျခားတယ္။ သူ႕ေအာက္ႏႈတ္ခမ္းက အေပၚႏႈတ္ခမ္းထက္နဲနဲပိုထူၿပီးေတာ့ တကယ္ဆူဆူေဖာင္းေဖာင္းေလး ျဖစ္ေနတယ္၊ ဘယ္လိုခံစားရ‌ေလာက္လဲ?

ကုံးရင့္႐ွန္စိတ္ထဲ ေမးခြန္းတစ္ခုၿပီးတစ္ခု ေပၚလာၿပီး ‌ထိုေမးခြန္းအားလုံးအတြက္အေျဖမ်ားက သူ႕ကိုလက္ဆန္႔ၿပီးထိၾကည့္ဖို႔ တိုက္တြန္းေနသည္။

ကုံးရင့္႐ွန္ ႏႈတ္ခမ္းကိုတင္းတင့္ေစ့ကာ မဝံ့မရဲလက္ဆန္႔ထုတ္ၿပီး ရန္ရိႏွာတံေပၚက မွဲ႔ေလးကို ခပ္ဖြဖြတို႔ၾကည့္လိုက္သည္။

ေဖာင္းေဖာင္းေလးနဲ႔ ႏွာတံရဲ႕မာေၾကာမႈကို ခံစားႏိုင္သည္။

ကုံးရင့္႐ွန္သူ႕လက္ကို တစ္ဖန္ျပန္ခ်လိုက္ၿပီး ႏႈတ္ခမ္းသားႏုႏုေလးေတြကိုလက္ေခ်ာင္းထိပ္မ်ားျဖင့္ ညင္ညင္သာသာ အုပ္ကာလိုက္သည္။ ထို႔ေနာက္ တိတ္တဆိတ္ ဖိအားနည္းနည္းတိုးလိုက္ေတာ့ သူရန္ရိရဲ႕ ႏွာေခါင္းကေလေႏြးေႏြးကို ခံစားရသည္။

ရန္ရိ အိပ္ရင္းေရ႐ြတ္လာ၏။

ကုံးရင့္႐ွန္လက္ ဓာတ္လိုက္သလို ျပန္ခုန္ထြက္သြားၿပီး အိပ္မက္ကႏိုးလာေတာ့ သူ႕မ်က္ႏွာဝယ္ အံ့အားသင့္ျခင္းမ်ားျပည့္ႏွက္ေနသည္။ သူဘာလုပ္ေနတာလဲ? သူဘာေတြ ေတြးေနတာလဲ? ဒါတကယ္ထူးဆန္းတယ္၊ သူဘယ္သူ႕အေၾကာင္းမွ အရမ္းမသိခ်င္ခဲ့ဖူးေပ။

ရန္ရိက သူ႕ပထမဆုံးသူငယ္ခ်င္းမို႔လို႔လား?

ဦးေလး႐ွန္႔နဲ႔ ယန္က်ဲေျပာတာ မွန္ေလာက္တယ္၊ သူ သူငယ္ခ်င္းလိုအပ္ၿပီး လူတိုင္းလည္း သူငယ္ခ်င္းလိုအပ္တယ္။ သူငယ္ခ်င္း႐ွိတာကလည္း တကယ္ေတာ့ စိတ္႐ႈပ္စရာကိစၥမဟုတ္ဘူး။ အဲ့တာက သူ႕ကိုေတာင္ ေပ်ာ္႐ႊင္ေစတယ္။ ရန္ရိဆိုတဲ့ျဖစ္တည္မႈက သူ႕ကိုေပ်ာ္႐ႊင္ေစတယ္။

သူအရင္က လူသားသူငယ္ခ်င္း မ႐ွိခဲ့ဖူးေတာ့ သူငယ္ခ်င္းေတြအေၾကာင္း သိခ်င္မိတာ၊ အဲ့တာ ျဖစ္႐ိုးျဖစ္စဥ္ပါပဲ။

ကုံးရင့္႐ွန္ သူ႕ကိုယ္သူေျဖသိမ့္ဖို႔ အေၾကာင္းျပခ်က္တစ္ခု ႐ွာေတြ႕သြားၿပီးေနာက္ စိတ္ေအးသြားသည္။ သူ အိပ္ေနတဲ့ရန္ရိကို ၾကည့္ၿပီး မေႏွာင့္ယွက္ခ်င္ေတာ့တာေၾကာင့္ အမႈဖိုင္ေတြကိုသာ တိတ္တဆိတ္ၾကည့္ေနလိုက္သည္။

ဘယ္ေလာက္ၾကာသြားလဲ မသိေပမယ့္ ရန္ရိႏွာေခ်ၿပီး သူ႕ဘာသာသူႏိုးလာသည္။ သူမ်က္လုံးဖြင့္ၿပီး ဝါးတားတားေျပာလိုက္၏။

" ငါ ငါအိပ္ေပ်ာ္သြားတာလား? "

ကုံးရင့္႐ွန္ သူ႕ကိုၾကည့္ဖို႔ ေခါင္းလွည့္လိုက္ၿပီး ႏိုးလာေတာ့ လည္ပင္းမွာ ေမးႏွစ္ထပ္ပုံေနတာကိုျမင္ၿပီး ရယ္ခ်င္သြားသည္။

" ဟုတ္တယ္ "

ရန္ရိ ထိုင္လိုက္ၿပီး အက်ယ္ႀကီးသမ္းလိုက္သည္။

" မင္းဘာလို႔ ငါ့ကိုမႏိႈးတာလဲ? ငါျပန္ေရာက္.....ေသစမ္း! "

ရန္ရိ တအံ့တဩနဲ႔ နာရီငုံ႔ၾကည့္လိုက္သည္။

" ငါ 2 နာရီေတာင္ အိပ္ေပ်ာ္သြားတာလား? "

" 1 နာရီနဲ႔ 42 မိနစ္ "

ကုံးရင့္႐ွန္ ေရသန္႔ဘူးယူၿပီး သူ႕ကိုကမ္းေပးလိုက္သည္။

" ခင္မ်ားဒီေန႔ ဘာတာဝန္မ်ားလုပ္ခဲ့ရတာလဲ? အရမ္းပင္ပန္းေနတယ္ "

ရန္ရိ ကုံးရင့္႐ွန္ကို အၾကမ္းဖ်င္းပဲ ႐ွင္းျပလိုက္သည္။

" ပင္ပန္းတာရပါတယ္၊ ေကာင္းကယ္ေၾကာင့္ အဓိကလန္႔သြားတာ "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။

" အဲ့တာကို ခင္မ်ားကြၽန္ေတာ္နဲ႔ ဌာနခြဲလိုက္ေသးတယ္ေပါ့၊ ခင္မ်ား ေကာင္းေကာင္းနားသင့္တယ္ "

ရန္ရိ ျပဳံးၿပီးေျပာလိုက္သည္။

" ရတယ္၊ ငါအိပ္ၿပီး တက္တက္ႂကြႂကြျပန္ခုန္ထႏိုင္တယ္ "

ကုံးရင့္႐ွန္ ကားစက္ႏိႈးလိုက္သည္။

" သြားရေအာင္ ခင္မ်ားကိုျပန္ပို႔ေပးမယ္ "

" ဒီဟာအဓိကပဲ၊ မင္းငါ့ကိုစခန္းျပန္ပို႔ၿပီး အိမ္ျပန္မယ္ဆို မင္းအိမ္ျပန္ေရာက္ရင္ ႏွစ္ခ်က္ သုံးနာရီေလာက္ျဖစ္သြားလိမ့္မယ္ "

" ျမန္ျမန္ေမာင္းလို႔ရတယ္ "

" ေတာ္လိုက္ မင္းအိမ္ကအရမ္းေဝးတယ္၊ မင္းတစ္ေန႔လုံးပင္ပန္းထားတာ၊ ၿပီးေတာ့ အလုပ္ပင္ပန္းၿပီးကားေမာင္းတာ ဘယ္ေလာက္အႏၲရာယ္မ်ားလိုက္လဲ "

" ရတယ္ ကြၽန္ေတာ္အက်င့္ျဖစ္ေနၿပီ "

" ရပါတယ္၊ မင္း....."

ရန္ရိ ေျပာေနတုန္း ဗိုက္ထဲကေန တဂြီဂြီျမည္လာၿပီး အလြန္က်ယ္ေလာင္၏။

ကုံးရင့္႐ွန္ ေလွာင္ျပဳံးျပဳံးလိုက္ၿပီး

" ဒီေလာက္ေတာင္ ဆာေနတာလား? "

ရန္ရိ ဗိုက္ႂကြက္သားေတြကို ပုတ္လိုက္ၿပီး

" မင္းမဆာဘူးလား? "

" နည္းနည္းပါ "

" ငါ့အိမ္သြားတာ ပိုေကာင္းတယ္၊ ငါ့အိမ္နဲ႔ အရမ္းနီးတာပဲကို "

ရန္ရိ ျပဳံးလိုက္သည္။

" မင္းအရင္က ေခါက္ဆြဲထုပ္‌ေတြ စားဖူးလား? မင္းအတြက္ ေခါက္ဆြဲျပဳတ္ေပးမယ္ "

" ေခါက္ဆြဲထုပ္က ေကာင္းတဲ့အရာမဟုတ္ဘူး "

" ငါသုံးသပ္ျပတာ နားေထာင္ "

ရန္ရိ တည္တည္တံ့တံ့ေျပာလိုက္သည္။

" ပထမအခ်က္ မင္းက်ိန္းေသေပါက္ order မွာစားခ်င္မွာမဟုတ္ဘူး၊ မင္းအဲ့တာေတြ ညစ္ပတ္တယ္လို႔ထင္တယ္၊ ဒုတိယအခ်က္ ဟင္းခ်က္ဖို႔အရမ္းၾကာတယ္၊ တတိယအခ်က္ မင္းတစ္ခါမွ‌ ေခါက္ဆြဲထုပ္မစားဖူးသလို ဒီလိုဘဝအေတြ႕အၾကဳံမ်ိဳးလည္း မ႐ွိဘူး၊ ဒီည အေတြ႕အၾကဳံယူရမယ္ "

ကုံးရင့္႐ွန္ ႏူးႏူးညံ့ညံ့ျပဳံးလိုက္သည္။

ရန္ရိ မ်က္လုံးထဲကေန ေမွ်ာ္လင့္ခ်က္မ်ားလြတ္ထြက္မသြားဖို႔ အေကာင္း‌ဆုံးႀကိဳးစားရင္း တည္ၿငိမ္ခ်င္ေယာင္ေဆာင္ကာ ေမးလိုက္သည္။

" ၿပီးေတာ့ ငါ့အိမ္မွာမင္းေခါင္းအုံးလည္း ႐ွိေသးတယ္၊ သြားမွာလား? "

" ခင္မ်ားအိမ္ကို ေမာင္းေနတာပဲမဟုတ္လား? "

===========

အားးးးးးးးးး ပုံေလးနဲ႔မိုက္

so so sweet ╰(⸝⸝⸝'꒳'⸝⸝⸝)╯

‌ကုံးရင့္႐ွန္က သူငယ္တန္းကေလးသာသာမို႔ အေတြ႕အၾကဳံမ႐ွိတဲ့အတြက္ ဘာခံစားခ်က္႐ွိတယ္ဆိုတာလည္း နားမလည္ပါဘူး၊ ခြင့္လႊတ္ေပးၾကပါ သူေတာ္ေကာင္းအေပါင္းတို႔ (⊃。•́‿•̀。)⊃

ပင္ပန္းခေလး ေပးခ်င္ရင္

09795118580 ( Kpay or wavepay or bill)