webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 50

Thu, Aug 12, 2021

-----------------

{ Unicode }

ရန်ရိ မားကတ်ထဲပြန်သွားတော့ လူတိုင်းကောင်းကယ်ကို ရှာနေကြတာ တွေ့ပြီး သူမေးလိုက်သည်။

" ပစ္စည်းထားတဲ့အခန်းမှာ လူရှိလား? "

" မရှိဘူး ကျွန်တော်တို့ နေရာတိုင်းလိုက်ရှာပြီးပြီ "

" ဘယ်သူ သူ့ကိုနောက်ဆုံးတွေ့တာလဲ? "

အားလုံးတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။

စွန်းတင့်ရိက စိုးရိမ်တကြီးပြောလာသည်။

" ကျွန်တော်တို့ပဲ.....ဖြစ်လောက်တယ် "

" အချက်ပေးကိရိယာရော? သူ့အချက်ပေးကိရိယာ မြည်လား? "

မီးသတ်သမားတိုင်း ကိုယ်ပေါ်မှာ လဲကျ၊မကျထောက်လှမ်းနိုင်သော အချက်ပေးကိရိယာတစ်ခုစီရှိကြသည်။ ပိုင်ရှင်လဲနေတာ စက္ကန့် ၂၀ ကျော်တာနဲ့ အသံအကျယ်ကြီး ထမြည်မှာဖြစ်ပြီး အခင်းနေရာက ဆူညံနေပေမယ့် ထိုအသံကို မကြားရတာမျိုး မဖြစ်နိုင်ပေ။

" မကြားမိဘူး "

ရန်ရိ နည်းနည်းခေါင်းရှုပ်သွားသည်။ ဒီလို အသက်ရှိတဲ့လူကြီးတစ်ယောက်က လေထဲဘယ်လို ပျောက်သွားနိုင်မှာလဲ? သူအသက်ပြင်းပြင်းရှူလိုက်သည်။

" ထပ်ဝင်ကြည့်ရအောင်၊ မင်းရယ် ငါရယ် ကောင်းကယ်ရယ် အတူတူရေဖြန်းနေခဲ့တာပဲ၊ ပြီးတော့ နောက်တစ်ဖွဲ့နဲ့လူလဲတယ်၊ နောက်အဖွဲ့ကဘယ်သူတွေလဲ? "

" ကျွန်တော်တို့ပါ "

လျှိုဟွေးကပြောလာသည်။

" ကျွန်တော်တို့သုံးယောက် "

" ငါတို့ထွက်လာတုန်းက ကောင်းကယ်နောက်မှကျန်ခဲ့တယ်၊ သူဘယ်သွားလဲဆိုတာ ဘယ်သူတွေ့မိလဲ? "

လျှို့ဟွေးတို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်သည်။

" ကြည့်ရတာ.....ဘယ်သူမှမတွေ့တဲ့ပုံပဲ "

" ဘယ်လိုလုပ် မတွေ့ဘဲနေမလဲ? "

စွန်းတင့်ရိ အော်လိုက်သည်။

" ဒီလောက် နေရာ‌ကျဉ်းကျဉ်းလေးမှာ တံခါးတစ်ချပ်ပဲရှိတယ်၊ အထဲမှာလည်း ဘယ်သူမှမရှိဘူး၊ ဘယ်သူမှလည်း သူထွက်လာတာမမြင်ဘူး၊ လူကဘယ်ရောက်သွားရမှာလဲ? ကြွက်တွင်းထဲကျသွားတာလား? "

" အိုး! "

ဘေးက အသတ်လတ်ပိုင်းလူကြီးတစ်ယောက်က ထပြောလာသည်။

တပ်သားတွေ သူ့ကို ပြိုင်တူကြည့်လိုက်ကြ၏။

" ပစ္စည်းထားတဲ့အခန်းမှာ တကယ်တွင်းရှိတယ်! "

သူက ဗျာများလျက်ပြောလာသည်။

" အဲ့တာက ‌မြေအောက်ရေလမ်းကြောင်းနဲ့ လျှပ်စစ်ပစ္စည်းတွေစစ်ဖို့ လုပ်ထားတာ၊ ပုံမှန်ဆိုရင်တော့ သံပြားနဲ့ဖုံးထားတယ်၊ သံပြားအရည်ပျော်သွားတာဖြစ်မယ် "

ရန်ရိ စိုးရိမ်လျက် ပြောလိုက်သည်။

" ဘယ်နားမှာလဲ?! ဘယ်လောက်နက်လဲ?! "

ထိုလူက အနီးစပ်ဆုံးတည်နေရာကို ပြောပြတော့ တပ်သားတွေပြေးဝင်သွားကြသည်။ နောက်လူတစ်ယောက် ထပ်မပြုတ်ကျအောင် ကာကွယ်ဖို့ ခါးတစ်ဝိုက်မှာ ကြိုးချည်ပြီး စမ်းတဝါးဝါးသွားရသည်။ ပစ္စည်းခန်းက မြူဆိုင်းနေပြီး မြင်နိုင်စွမ်းက အလွန်ကိုနည်းသည်။ ရန်ရိခေါင်းပေါ်က မီးရောင်က ‌ကြမ်းပြင်ကအရိပ်မည်းတစ်ခုကို ထိုးမိသွားသည်။ သူကြိုးကိုခါပြီး လျှောက်သွားကြည့်လိုက်တော့ သေချာပါတယ် တွင်းတစ်တွင်းတွေ့လိုက်ရတော့၏။ သူအော်ခေါ်လိုက်သည်။

" ကောင်းကယ်! ကောင်းကယ်! "

အောက်ကတုံ့ပြန်မှုမရှိ၊ သို့သော် ကိုယ်ထည် ခပ်ရေးရေးကိုမြင်နိုင်၏။

ရန်ရိ လှေကားကနေ ဆင်းသွားသည်။

မီးခိုးက လေထက်ပေါ့သဖြင့် အပေါ်တက်သွားပြီး အောက်ခြေမှာ မီးခိုးသိပ်မထူတော့ပေ။ ကောင်းကယ် အောက်ဆီဂျင်ဘူးက လှေကားမှာချိတ်နေကြောင်း တွေ့လိုက်ရပြီး လူကတော့ ထိုင်နေသော်ငြား သတိလစ်နေသည်။ ပြုတ်ကျတုန်းက လှေကားနဲ့ဆောင့်မိတာဖြစ်မည်။

ရန်ရိ ကောင်းကယ်သွေးကြောကို စမ်းကြည့်ပြီး စိတ်အေးသွားရသည်။ ကောင်းကယ် အသက်ရှူကိရိယာကိုကြည့်လိုက်တော့ မီးနီပြနေပြီး အောက်ဆီဂျင်အရမ်းကျနေကြောင်း သက်သေပြသည်။

ရန်ရိ ကြိုးချိတ်ကို ကောင်းကယ်ခါးပတ်မှာချိတ်လိုက်ပြီး ကြိုးဆွဲလိုက်တော့ အပေါ်မှာရှိတဲ့သူက ကောင်းကယ်ကိုဆွဲတင်ပေးသည်။

ကောင်းကယ်ကို အပြင်သယ်ထုတ်သွားပေးပြီး mask ချွတ်ပေးလိုက်သည်။ သူ့အသားအရောင်က မူမမှန်စွာ နီရဲနေပြီး ခန္ဓာကိုယ်က ရေထဲမှဆွဲထုတ်လာသလို တစ်ကိုယ်လုံးရွှဲနစ်နေလျက် အသက်ရှူနှုန်းက တိုတောင်းခက်ခဲနေသည်။

" သူ့အဝတ်တွေအရင်ချွတ်လိုက်၊ လူနာတင်ယာဉ်လာပြီလား? "

ရန်ရိမေးလိုက်သည်။

" ခဏနေရောက်တော့မှာပါ "

သူတို့ ကောင်းကယ်ရဲ့ကာကွယ်ရေးဝတ်စုံကို အမြန်ချွတ်လိုက်ကြပြီး လည်ပင်းကိုခုထားပေးရင်း တတ်နိုင်သလောက် အသက်ရှူရချောအောင် ကြိုးစားကြလျက်၊ ခန္ဓာကိုယ်က အရမ်းပူနေတော့ ရေနဲ့အပူချိန်လျှော့ချရသည်။

လူနာတင်ကားမရောက်ခင် ကောင်းကယ်သတိနည်းနည်းပြန်ဝင်လာပြီး ခြောက်ကပ်ကပ်အသံဖြင့် ရေတောင်းလာသည်။

ရန်ရိသူ့ဘေးမှာထိုင်ရင်း ရေနည်းနည်းတိုက်ကာ ကြောက်အားလန့်အားနဲ့ ပြောလိုက်သည်။

" ရှုန်းတိ၊ မင်းငါ့ကို သေအောင်လှန့်နေတာပဲ "

သူတို့နောက်ကျမှရောက်သွားပြီး အခြေအနေတွေဆိုးဝါးခဲ့ရင်ရော၊ သူဘယ်လိုလုပ် မကြောက်ဘဲနေမလဲ?

မီးအခင်းဖြစ်တဲ့နေရာမှာ မမျှော်လင့်တဲ့ မတော်တဆမှုပေါင်းစုံရှိသည်။ သူတို့ဘယ်လောက်ပဲ သတိထားထား၊ လုံးဝရှောင်လွှဲဖို့ ခက်သည်။ တကယ်ကို အားအင်မဲ့ပါ၏။

" လူနာတင်ကားရောက်ပြီ "

ကောင်းကယ်ကို လူနာတင်ကားနဲ့ထည့်ပေးလိုက်ပြီး ကျန်တဲ့တပ်သားတွေကတော့ မီးဆက်ငြိမ်းဖို့ ပြန်သွားရသည်။

သူတို့ နေ့လယ်ကနေ ညအထိ အလုပ်ရှုပ်နေပြီး မီးမငြိမ်းသတ်သွားခင် ခုနစ်နာရီတိတိကြာ၏။ ဒီကာလအတွင်းမှာ ရေဖြန်းဖို့အလှည့်ကျသွားရပြီး လမ်းဘေးမှာ‌ထိုင်ရင်း အစားစားကြရသည်။ အားလုံး အနည်းဆုံးသုံးကြိမ်လောက် အောက်ဆီဂျင်အိုးလဲရသည်။

မီးငြိမ်းသတ်ပြီးနောက် တပ်သားတွေဆိုတာ မတ်တပ်ရပ်ဖို့တောင် အလွန်ပင်ပန်းနေကြသည်။ အပူချိန် ၁၀ ဒီဂရီအောက်နိမ့်သော ဆောင်းညနက်နက်မှာ သူတို့မြေကြီးပေါ်လှဲချလိုက်တဲ့အချိန် အေးတယ်လို့မခံစားရ။ ပစ္စည်းခန်းထဲက မြင့်မားသောရေနွေးငွေ့များ သူတို့ချွေးပေါက်တွေထဲ ယခုအချိန်ထိ စိမ့်ဝင်နေတုန်းဖြစ်ရမည်။ ဘာမှလွင့်ပျောက်မသွားပေ။

သူတို့စခန်းပြန်တော့ ရန်ရိ မီးသတ်ကားကို လမ်းလွှဲသွားပြီး သူနဲ့ စွန်းတင့်ရိကို ဟုန်းဝူဆေးရုံမှာချပေးဖို့ ပြောလိုက်သည်။

ကောင်းကယ်က ယခုတင် စမ်းသပ်ခံပြီးသွား၍ လူနာဆောင်၌ အနားယူနေသည်။ သူသတိပြန်‌ရနေပြီဖြစ်ကာ စိတ်အတော်အသင့်တုန်လှုပ်နေပြီး ခန္ဓာကိုယ်မှာလည်း မီးလောင်တဲ့ ဒဏ်ရာအမျိုးမျိုးရှိနေသည်။ မပြင်းထန်သော်ငြား စောင့်ကြည့်လေ့လာဖို့ ဆေးရုံ၌ရက်အနည်းငယ်နေရမည်။

သူတို့လူနာဆောင်ထဲ ဝင်သွားတော့ ကောင်းကယ်က သူ့မိန်းမနဲ့ကလေးကို Video call ခေါ်နေပြီး သူတို့လာတာမြင်တော့ ဖုန့်လှည့်ပြလိုက်သည်။

" သမီးလေး၊ ဒါက ရန်ရှုးရှုနဲ့ စွန်းရှုးရှု၊ နှုတ်ဆက်လိုက်ပါဦး "

[ T/n : 闺女 (Guīnǚ) - Damsel/ Daughter, 叔叔 (Shūshu) - Uncle ]

" မင်္ဂလာပါ ဦးဦး "

ကလေးမလေးက လိမ်လိမ်မာမာပြောလာ၏။

ရန်ရိရော စွန်းတင့်ရိပါ သူ့မိန်းမကိုသိသည်။ သူတို့သားအမိက‌ ပေကျင်းမှာမဟုတ်ပေမယ့် နှစ်သစ်ကူးကျင်းပဖို့ စခန်းကို နှစ်‌ခါလာဖူးသည်။

ကောင်းကယ် သူတို့ကိုစကားနည်းနည်းပြောပြီး ဖုန်းချလိုက်သည်။

" မီးငြိမ်းသွားပြီလား? "

" မသေမျိုးငါတို့တွေပြန်လာပြီလေ "

စွန်းတင့်ရိက သူ့ညစ်ပတ်နေတဲ့မျက်နှာကို ပွတ်သုတ်လိုက်ပြီး

" Air-con ခန်းထဲနေရတာ အဆင်မပြေဘူးမလား? "

" ပြေသားပဲ "

ကောင်းကယ်က မျက်လုံးမှိတ်ပြကာ ပြောလာသည်။

" မင်းတို့ ငါ့ကိုသေလောက်အောင် မနာလိုဖြစ်နေတယ်ပေါ့ "

ရန်ရိ ပြုံးကာ ဆဲရေးလိုက်သည်။

" ပေါတောတောလုပ်မနေနဲ့၊ အခုမင်းဘယ်လိုနေသေးလဲ? "

" ငါ့ခန္ဓာကိုယ်နာပြီး မူးတူးတူးဖြစ်နေတယ်၊ ဒါပေမယ့် ဘာမှမပြင်းထန်ပါဘူး "

ကောင်းကယ်က အဖြေရှာသလိုပြောလာသည်။

" ငါအခုထိ ဘာဖြစ်ခဲ့လဲမသိဘူး "

စွန်းတင့်ရိ ရှင်းပြလိုက်သည်။

" ပစ္စည်းခန်းထဲမှာ စစ်ဆေးပေါက်တစ်ခုရှိတယ်ကွာ၊ အောက်ဆင်းတဲ့လှေကားလည်းရှိတယ်၊ အစကတော့ သံပြားနဲ့ကာထားပေမယ့် သံပြားအရည်ပျော်သွားတာ "

" fuck...."

ကောင်းကယ်က သက်ပြင်းချသည်။

" အဲ့မှာဘာမှမမြင်ရဘူးကွ "

" ဟုတ်တယ်၊ ငါတို့မင်းကို အကြာကြီးရှာနေကြတာ၊ လူတစ်ယောက်လုံးလေထဲပျောက်သွားတာလေ၊ မီးသမားသာအဲ့တာမတွေးမိခဲ့ရင်....."

ရန်ရိ တည်တည်တံ့တံ့ပြောလိုက်သည်။

" အဲ့တုန်းက မင်းအသက်ရှူကိရိယာလည်း ချက်ချင်းအချိန်ကုန်သွားတာ၊ အန္တရာယ်များတယ် "

ကောင်းကယ် တမင်တကာရယ်ပြီး သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

" အန္တရာယ်များတာတောင်မသေတာ၊ ကံကောင်းတာပေါ့ကွာ "

" ငါတို့မင်းကိုလာကြည့်မှာပါ၊ မင်းအဆင်ပြေရင် ငါတို့ပြန်တော့မယ်၊ ခွင့်နည်းနည်းပိုယူလိုက်ဦး၊ မင်းမိန်းမနဲ့ကလေးခေါ်ပြီး အတူနေကြပေါ့ "

ကောင်းကယ်က ခေါင်းညိတ်ပြီး

" ငါ့မိန်းမ မနက်ဖြန်လက်မှတ်ဝယ်ထားတယ် "

သူတို့လူနာဆောင်ကထွက်တော့ ရန်ရိလှည့်လိုက်တဲ့အချိန် လည်ပင်းက စူးစူးအောင့်အောင့်နာလာပြီး သူရှိုက်လိုက်သည်။

" ဘာဖြစ်တာလဲ? "

" မင်းငါ့လည်ပင်းကို တစ်ချက်ကြည့်ပေး "

စွန့်တင့်ရိ ရန်ရိကော်လံကိုလှန်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

" အပူလောင်ထားတယ်၊ မင်းကော်လံသေချာမတတ်ထားဘူးလား? "

ရန်ရိ သူအပြင်မှာရှိတုန်း အပူချိန်လျှော့ဖို့ ကော်လံဖွင့်ထားခဲ့မှန်း သတိရသွားသည်။  နောက် ကောင်းကယ်ပျောက်သွားတယ်ကြားတော့ သူအမြန်ပြန်သွားသည်။ သူဒါကို ဘယ်မှာဂရုစိုက်အားမလဲ။

လည်ပင်းနေရာက သူတို့ကာကွယ်ရေးဝတ်စုံတွေ အတော်အားနည်းတဲ့နေရာဖြစ်သည်။ ဘယ်လောက်ပဲ ကာကွယ်ရေးဝတ်စုံဝတ်ဝတ် အသားပြောင်နဲ့ဆက်စပ်နေတာပဲ၊ လည်ပင်းအပေါ်ပိုင်းက ဦးထုပ်အကာနဲ့ပဲ ကာထားရသည်။ ဘာပဲဖြစ်ဖြစ် ဖောက်မဝင်ဘူးဆိုတာ မဖြစ်နိုင်။ ပြီးတော့ ထိုနေရာကလည်း အပူချိန်လှိုင်းအမြင့်ဆုံးရိုက်ခတ်သည့်နေရာပင်။

သူ့ကော်လံကိုမစေ့ထားတော့ သဘာဝအတိုင်း အပူချိန်မြင့်ရေငွေ့‌ကြောင့် အပူလောင်သွားရသည်။

" သွား၊ သွားဖြေရှင်းမယ် "

ရန်ရိပြောလိုက်သည်။

" ငါ့ဘာသာသွားပါ့မယ်၊ မင်းစခန်းပြန်ပြီး ကောင်းကောင်းနားလို့ရပြီ "

" အချိန်ရှိသေးတာပဲ၊ သွားမယ်လာ "

သူတို့နှစ်ယောက် သူနာပြုရှာတွေ့တော့ အဝတ်အစားချွတ်ပြီး သူ့လည်ပင်းမှာ ငုံးဥအရွယ်လောက်ရှိသော အနီရောင်အပူဖုအချို့ရှိနေကြောင်း မြင်လိုက်ရသည်။ ပြီးတော့ အဲ့ထဲကတစ်ခုသည်လည်း လည်ပင်းကော်လံကြောင့် ပေါက်ပြဲသွားခဲ့၏။

" ရှင်မခံစားရဘူးလား? "

သူနာပြုက အပြစ်တင်လိုက်သည်။

" အကုန်လုံးပေါက်ပြဲပြီး ရောဂါပိုးဝင်ဖို့လွယ်သွားလိမ့်မယ် "

ရန်ရိက ခါးသက်သက်ပြုံးလိုက်ပြီး

" ကျွန်တော်အခုတင် အရမ်းပူပြီး နေရာတိုင်းနာနေတော့ တကယ်မခံစားရတော့ဘူး "

သူနာပြုက ရန်ရိဒဏ်ရာကို စတင်စစ်ဆေးသည်။

စွန့်တင့်ရိက သူနာပြုဆရာမ အပူဖုကိုအပေါက်ဖောက်ပြီး အထဲကအရည်တွေထုတ်လိုက်တော့ ရန်ရိ မျက်မှောင်ကြုတ်သွားပြီး ဘာမှမပြောတာကို ကြည့်‌နေသည်။ သူထပ်သည်းမခံနိုင်တော့ဘဲ :

" ငါမင်းကိုဆေးသွားယူပေးမယ် "

" ကောင်းပြီ "

ခဏကြာတော့ စွန်းတင့်ရိက ဆေးနဲ့အတူပြန်လာသည်။

" ခေါင်းဆောင်ရန်၊ ငါ ဒေါက်တာကုံးကိုတွေ့ခဲ့တယ် "

ရန်ရိ ရုတ်တရက်ခေါင်းထောင်လာပြီး

" ဘယ်မှာလဲ? "

သူနာပြုက သူ့ကျောကို မတော်တဆအပ်နဲ့ထိုးမိသွားပြီး သူ "အား" ဟုအသံထွက်သွားလျက်၊ သူနာပြုက သူ့ကိုပြန်ငုံ့ချပေးလိုက်သည်။

" လျှောက်မလှုပ်နဲ့ "

ရန်ရိ စွန်းတင့်ရိကို ကြည့်ပြီး

" ဘယ်မှာလဲ? ဒီမှာလား? "

" သူ့မသေမျိုးအင်္ဂါရပ်ကြီးကို အထင်မှားစရာလား? အပြင်မှာ၊ ရာဇဝတ်သားနဲ့ဖြစ်မယ် "

စွန်းတင့်ရိပြောလာသည်။

" ငါသူ့ကို သွားခေါ်လိုက်မယ် "

" ဟေး မခေါ်....."

ရန်ရိ စွန့်တင့်ရိကိုတားလိုက်ချင်ပေမယ့် လှည့်ထွက်သွားချေပြီ။

သူကုံးရင့်ရှန်ကို အရမ်းတွေ့ချင်ပေမယ့် သူအခုညစ်ပတ်နေပြီး၊ တွေ့ဖို့အချိန်ကောင်းမဟုတ်မှန်း သိသာသည်။

မကြာပါဘူး၊ ကုံးရင့်ရှန် စွန်းတင့်ရိနဲ့အတူဝင်လာပြီး ရန်ရိကိုတွေ့တော့ အံ့ဩမင်သက်သွားသည်။ ရန်ရိက ချွေးတွေရွှဲနေတဲ့ အပြာရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး ကာကွယ်ရေးဝတ်စုံဘောင်းဘီက ကြိုးသိုင်းတွေကို ပခုံးမှာချိတ်ဆွဲထားဆဲ။ သူ့မျက်နှာနဲ့ခန္ဓာကိုယ်မှာ မီးခိုးမှိုင်းအမဲတွေ ပေကျံနေပြီး လည်ပင်းမှာတော့ အနီရောင်အမာရွတ်တစ်ခုရှိနေသည်။ ညစ်ပတ်နေသောပုံပန်းနှင့် ဖြူစွတ်သော အခန်းက အတော်ကြီးခြားနားနေလျက်၊ သူတစ်ဘဝလုံးစာ ပင်ပန်းပြီး ရှက်ရွံ့မိသည်။

ကုံးရင့်ရှန်ကတော့ သူ့နှလုံးသား အတင်းအကြပ် ဆွဲလှုပ်ခံလိုက်ရသလို ခံစားရပြီး အမြန်‌သွားကာ စိုးရိမ်တကြီးမေးလိုက်သည်။

" ခင်များ ဒဏ်ရာရထားတာလား? လည်ပင်းကဘာဖြစ်တာလဲ? "

ရန်ရိက ဘာမှမဟုတ်သလို ပြောလိုက်သည်။

" တာဝန်တစ်ခုပေါ်လာလို့၊ အဆင်ပြေပါတယ်၊ နည်းနည်းအပူလောင်သွားတာ "

ကုံးရင့်ရှန် ရန်ရိလည်ဂုတ်က အပူဖုတွေကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ အကြာကြီးနေမှ သူပြောလာ၏။

" နာမှာပဲ "

" ရပါတယ်၊ သူနာပြုအစ်မ ညင်သာပေးလိမ့်မယ် "

ရန်ရိ မျက်လုံးမှိတ်ပြလိုက်ပြီး

" အပူဖုလေးပါပဲ၊ ရက်နဲနဲကြာရင် ပျောက်သွားမှာ "

သူနာပြုက ဆေးလိမ်းပေးပြီး ပြောလာသည်။

" ခေါင်းဆောင် ပေါက်သွားတဲ့ဟာက ဘာမှမဖြစ်တော့ဘူး၊ အခြားဟာတွေ‌‌ကိုတော့ အရည်ပြားကာကွယ်ရမယ်၊ မပွတ်နဲ့၊ ရေနဲ့မထိနဲ့၊ အဲ့တာဆို အမာရွတ်က နောက်ကျရင် မြန်မြန်ပျောက်သွားလိမ့်မယ် "

" ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် "

ရန်ရိ ထရပ်လိုက်သည်။

" မင်းဆေးရုံမှာ ဘာလုပ်နေတာလဲ? ကျိုးချွမ်းလား? "

ကုံးရင့်ရှန် ခေါင်းညိတ်လိုက်ပေမယ့် မျက်လုံးတွေကတော့ ရန်ရိဒဏ်ရာဆီမှာပဲ ရှိသေးသည်။

" ကျိုးချွမ်း ဒီနေ့ဆေးရုံဆင်းတယ် "

" ကောင်းတယ် နောက်ဆုံးတော့ ငါဒီမြေးစုတ်ကို ထောင်ထဲပို့လို့ရပြီ "

ရန်ရိမေးလိုက်သည်။

" အမှုစစ်နေတဲ့ဟာတွေရော ဘယ်လိုလဲ? "

" တိုးတက်မှုကောင်းတယ် "

‌ကုံးရင့်ရှန် ပြောလာသည်။

" ကျွန်တော် ခင်များတို့ကိုစခန်းပြန်ပို့ပေးမယ်၊ ပြီးတော့ ခင်များနေပြန်ကောင်းမှ ကျွန်တော် ပြောပြတော့မယ် "

" ငါအပူပဲလောင်တာလေ၊ ဘာရောဂါမှ မကူးစက်ထားပါဘူး "

" သွားရအောင် "

ရန်ရိ တုံ့ဆိုင်းကာ ပြောလိုက်သည်။

" ငါတို့အရမ်းညစ်ပတ်နေတာ၊ မင်းကားထဲ ဘယ်လိုစီးရမလဲ? "

" ကျွန်တော်မောင်းမလာဘူး၊ ရဲကားနဲ့လာတာ "

စွန်းတင့်ရိက လက်တွေပွတ်သပ်လိုက်ပြီး

" ဝိုး ငါ ရဲကားတစ်ခါမှ မစီးဖူးသေးဘူး "

" မင်းအတွေ့အကြုံ အပြည့်အဝရချင်လား? "

ရန်ရိ စနောက်လိုက်သည်။

" သူ့မှာ လက်ထိပ်တွေရှိတယ် "

" မလိုပါဘူး "

ကားထဲဝင်ပြီးတော့ ကုံးရင့်ရှန်နဲ့ ရန်ရိက နောက်ခန်းမှာထိုင်ပြီး ရန်ရိဘေးကပ်ကာ ကုံးရင့်ရှန်နဲ့ နီးမှာကြောက်နေသည်။ ကုံးရင့်ရှန်က သူ့ကိုမျက်စောင်းထိုးကြည့်လာပြီး

" ပုန်း‌မနေနဲ့၊ ခင်များ ခေါင်းမိုးပေါ်တက်ထိုင်ချင်သေးလို့လား? "

ရန်ရိရယ်ကာ ပြောလိုက်သည်။

"ငါက မင်းအန်ချင်လာမှာ ကြောက်လို့ "

" ခင်များ.....ကျွန်တော် နဲနဲသည်းခံလို့ရတယ် "

ကုံးရင့်ရှန် နူးနူးညံ့ညံ့ပြောလာ၏။

ရန်ရိ သိသလိုလို ‌ပြုံးလိုက်သည်။

ရဲကားက သူတို့ကိုစခန်းဆီလိုက်ပို့ပြီး ရန်ရိ ကုံးရင့်ရှန်ကို မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည်။

" မင်းအထဲဝင်ထိုင်ချင်လား? မင်းဌာနခွဲကို အလျင်စလိုပြန်စရာမရှိရင်...."

" ‌Ok "

စခန်းထဲ ဝင်ပြီးတော့ တပ်သားတွေ ကောင်းကယ်အခြေအနေမေးဖို့ လာကြသည်။ ကောင်းကယ်အဆင်ပြေတာလည်း သိပြီးရော သူတို့ရန်ရိဒဏ်ရာကို စတင်ဂရုစိုက်ပေးလာသည်။

ရန်ရိရှင်းပြပြီး ကုံးရင့်ရှန်ကို သူ့အဆောင်ဆီ ခေါ်သွားလိုက်၏။

စခန်း၌ စခန်းခေါင်းဆောင်နဲ့ နည်းပြမှာပဲ ကိုယ်ပိုင်အဆောင်ရှိကြသည်။ အခင်းအကျင်းက ရိုးရှင်းပေမယ့် အိပ်ခန်း၊ ရေချိုးခန်း၊ အလုပ်ခန်း အကုန်ပါသည်။

ကုံးရင့်ရှန် အိမ်ထဲမှာရပ်ရင်း လှည့်ပတ်ကြည့်လိုက်သည်။ သူ့ဖီးနစ်စခန်းကို အကြိမ်အတော်များများ ရောက်ဖူးပေမယ့် ရန်ရိအဆောင်ထဲဝင်တာတော့ ပထဆုံးပင်။ နှစ်အတော်ကြာလူမနေသော ရန်ရိအိမ်နဲ့ယှဉ်ရင် ဒီအိမ်ကပိုအသက်ဝင်ကာ ပိုပြီး...ရန်ရိကိုယ်ငွေ့များသည်။

" ရေသောက်မလား? "

ရန်ရိ ရုတ်တရက် နည်းနည်းစိတ်လှုပ်ရှားလာသည်။ ကောင်လေးတစ်ယောက် ကောင်မလေးကို သူ့အခန်းဆီ ပထမဆုံးအလည်ခေါ်သလိုမျိုး၊ ရှုပ်ပွပြီး အရမ်းမသေသပ်နေမှာ စိုးရိမ်မိသည်။

" မသောက်တော့ဘူး "

" အဲ့တာဆို မင်းခဏထိုင်ဦး၊ ငါရေချိုးလိုက်ဦးမယ် "

ရန်ရိ သူ့လည်ပင်းက အနာအကြောင်းတွေးမိသွားသည်။ သူနာပြုက အခုတင် ရေနဲ့မထိဖို့ မှာလိုက်ပေမယ့် သူဘာသာသူတောင် မကြည့်နိုင်။ သူ 'ကျစ်' ဟုခပ်တိုးတိုးစုပ်သတ်ပြီး ကိုယ်ဘာသာကိုယ် ရေရွတ်လိုက်သည်။

" ရေဘယ်လိုချိုးရပါ့မလဲ? "

" ကျွန်တော်ကူညီပေးမယ် "

ကုံးရင့်ရှန် ပြောလာသည်။

ရန်ရိ မျက်လုံးပြူးသွားပြီး ခေါင်းမလှည့်ရဲတော့ပေ။

=======

ဟူး~ တစ်ညလုံးထိုင်ရေးတာ ပြီးသွားပြီ။ ဟိုနေ့က အပိုင်း ၁၀၀ စောင့်ရမယ်လို့ပြောခဲ့တာ မလန့်သွားပါနဲ့၊ ဘယ်လိုဘယ်လိုကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး၊ အခုကစပြီး ချိုအီနေမှာ (ᗒᗩᗕ)

6:17 am

13.8.21

========

{ Zawgyi }

ရန္ရိ မားကတ္ထဲျပန္သြားေတာ့ လူတိုင္းေကာင္းကယ္ကို ႐ွာေနၾကတာ ေတြ႕ၿပီး သူေမးလိုက္သည္။

" ပစၥည္းထားတဲ့အခန္းမွာ လူ႐ွိလား? "

" မ႐ွိဘူး ကြၽန္ေတာ္တို႔ ေနရာတိုင္းလိုက္႐ွာၿပီးၿပီ "

" ဘယ္သူ သူ႕ကိုေနာက္ဆုံးေတြ႕တာလဲ? "

အားလုံးတစ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္ၾကသည္။

စြန္းတင့္ရိက စိုးရိမ္တႀကီးေျပာလာသည္။

" ကြၽန္ေတာ္တို႔ပဲ.....ျဖစ္ေလာက္တယ္ "

" အခ်က္ေပးကိရိယာေရာ? သူ႕အခ်က္ေပးကိရိယာ ျမည္လား? "

မီးသတ္သမားတိုင္း ကိုယ္ေပၚမွာ လဲက်၊မက်ေထာက္လွမ္းႏိုင္ေသာ အခ်က္ေပးကိရိယာတစ္ခုစီ႐ွိၾကသည္။ ပိုင္႐ွင္လဲေနတာ စကၠန္႔ ၂၀ ေက်ာ္တာနဲ႔ အသံအက်ယ္ႀကီး ထျမည္မွာျဖစ္ၿပီး အခင္းေနရာက ဆူညံေနေပမယ့္ ထိုအသံကို မၾကားရတာမ်ိဳး မျဖစ္ႏိုင္ေပ။

" မၾကားမိဘူး "

ရန္ရိ နည္းနည္းေခါင္း႐ႈပ္သြားသည္။ ဒီလို အသက္႐ွိတဲ့လူႀကီးတစ္ေယာက္က ေလထဲဘယ္လို ေပ်ာက္သြားႏိုင္မွာလဲ? သူအသက္ျပင္းျပင္း႐ွဴလိုက္သည္။

" ထပ္ဝင္ၾကည့္ရေအာင္၊ မင္းရယ္ ငါရယ္ ေကာင္းကယ္ရယ္ အတူတူေရျဖန္းေနခဲ့တာပဲ၊ ၿပီးေတာ့ ေနာက္တစ္ဖြဲ႕နဲ႔လူလဲတယ္၊ ေနာက္အဖြဲ႕ကဘယ္သူေတြလဲ? "

" ကြၽန္ေတာ္တို႔ပါ "

လွ်ိဳေဟြးကေျပာလာသည္။

" ကြၽန္ေတာ္တို႔သုံးေယာက္ "

" ငါတို႔ထြက္လာတုန္းက ေကာင္းကယ္ေနာက္မွက်န္ခဲ့တယ္၊ သူဘယ္သြားလဲဆိုတာ ဘယ္သူေတြ႕မိလဲ? "

လွ်ိဳ႕ေဟြးတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္လိုက္သည္။

" ၾကည့္ရတာ.....ဘယ္သူမွမေတြ႕တဲ့ပုံပဲ "

" ဘယ္လိုလုပ္ မေတြ႕ဘဲေနမလဲ? "

စြန္းတင့္ရိ ေအာ္လိုက္သည္။

" ဒီေလာက္ ေနရာ‌က်ဥ္းက်ဥ္းေလးမွာ တံခါးတစ္ခ်ပ္ပဲ႐ွိတယ္၊ အထဲမွာလည္း ဘယ္သူမွမ႐ွိဘူး၊ ဘယ္သူမွလည္း သူထြက္လာတာမျမင္ဘူး၊ လူကဘယ္ေရာက္သြားရမွာလဲ? ႂကြက္တြင္းထဲက်သြားတာလား? "

" အိုး! "

ေဘးက အသတ္လတ္ပိုင္းလူႀကီးတစ္ေယာက္က ထေျပာလာသည္။

တပ္သားေတြ သူ႕ကို ၿပိဳင္တူၾကည့္လိုက္ၾက၏။

" ပစၥည္းထားတဲ့အခန္းမွာ တကယ္တြင္း႐ွိတယ္! "

သူက ဗ်ာမ်ားလ်က္ေျပာလာသည္။

" အဲ့တာက ‌ေျမေအာက္ေရလမ္းေၾကာင္းနဲ႔ လွ်ပ္စစ္ပစၥည္းေတြစစ္ဖို႔ လုပ္ထားတာ၊ ပုံမွန္ဆိုရင္ေတာ့ သံျပားနဲ႔ဖုံးထားတယ္၊ သံျပားအရည္ေပ်ာ္သြားတာျဖစ္မယ္ "

ရန္ရိ စိုးရိမ္လ်က္ ေျပာလိုက္သည္။

" ဘယ္နားမွာလဲ?! ဘယ္ေလာက္နက္လဲ?! "

ထိုလူက အနီးစပ္ဆုံးတည္ေနရာကို ေျပာျပေတာ့ တပ္သားေတြေျပးဝင္သြားၾကသည္။ ေနာက္လူတစ္ေယာက္ ထပ္မျပဳတ္က်ေအာင္ ကာကြယ္ဖို႔ ခါးတစ္ဝိုက္မွာ ႀကိဳးခ်ည္ၿပီး စမ္းတဝါးဝါးသြားရသည္။ ပစၥည္းခန္းက ျမဴဆိုင္းေနၿပီး ျမင္ႏိုင္စြမ္းက အလြန္ကိုနည္းသည္။ ရန္ရိေခါင္းေပၚက မီးေရာင္က ‌ၾကမ္းျပင္ကအရိပ္မည္းတစ္ခုကို ထိုးမိသြားသည္။ သူႀကိဳးကိုခါၿပီး ေလွ်ာက္သြားၾကည့္လိုက္ေတာ့ ေသခ်ာပါတယ္ တြင္းတစ္တြင္းေတြ႕လိုက္ရေတာ့၏။ သူေအာ္ေခၚလိုက္သည္။

" ေကာင္းကယ္! ေကာင္းကယ္! "

ေအာက္ကတုံ႔ျပန္မႈမ႐ွိ၊ သို႔ေသာ္ ကိုယ္ထည္ ခပ္ေရးေရးကိုျမင္ႏိုင္၏။

ရန္ရိ ေလွကားကေန ဆင္းသြားသည္။

မီးခိုးက ေလထက္ေပါ့သျဖင့္ အေပၚတက္သြားၿပီး ေအာက္ေျခမွာ မီးခိုးသိပ္မထူေတာ့ေပ။ ေကာင္းကယ္ ေအာက္ဆီဂ်င္ဘူးက ေလွကားမွာခ်ိတ္ေနေၾကာင္း ေတြ႕လိုက္ရၿပီး လူကေတာ့ ထိုင္ေနေသာ္ျငား သတိလစ္ေနသည္။ ျပဳတ္က်တုန္းက ေလွကားနဲ႔ေဆာင့္မိတာျဖစ္မည္။

ရန္ရိ ေကာင္းကယ္ေသြးေၾကာကို စမ္းၾကည့္ၿပီး စိတ္ေအးသြားရသည္။ ေကာင္းကယ္ အသက္႐ွဴကိရိယာကိုၾကည့္လိုက္ေတာ့ မီးနီျပေနၿပီး ေအာက္ဆီဂ်င္အရမ္းက်ေနေၾကာင္း သက္ေသျပသည္။

ရန္ရိ ႀကိဳးခ်ိတ္ကို ေကာင္းကယ္ခါးပတ္မွာခ်ိတ္လိုက္ၿပီး ႀကိဳးဆြဲလိုက္ေတာ့ အေပၚမွာ႐ွိတဲ့သူက ေကာင္းကယ္ကိုဆြဲတင္ေပးသည္။

ေကာင္းကယ္ကို အျပင္သယ္ထုတ္သြားေပးၿပီး mask ခြၽတ္ေပးလိုက္သည္။ သူ႕အသားအေရာင္က မူမမွန္စြာ နီရဲေနၿပီး ခႏၶာကိုယ္က ေရထဲမွဆြဲထုတ္လာသလို တစ္ကိုယ္လုံး႐ႊဲနစ္ေနလ်က္ အသက္႐ွဴႏႈန္းက တိုေတာင္းခက္ခဲေနသည္။

" သူ႕အဝတ္ေတြအရင္ခြၽတ္လိုက္၊ လူနာတင္ယာဥ္လာၿပီလား? "

ရန္ရိေမးလိုက္သည္။

" ခဏေနေရာက္ေတာ့မွာပါ "

သူတို႔ ေကာင္းကယ္ရဲ႕ကာကြယ္ေရးဝတ္စုံကို အျမန္ခြၽတ္လိုက္ၾကၿပီး လည္ပင္းကိုခုထားေပးရင္း တတ္ႏိုင္သေလာက္ အသက္႐ွဴရေခ်ာေအာင္ ႀကိဳးစားၾကလ်က္၊ ခႏၶာကိုယ္က အရမ္းပူေနေတာ့ ေရနဲ႔အပူခ်ိန္ေလွ်ာ့ခ်ရသည္။

လူနာတင္ကားမေရာက္ခင္ ေကာင္းကယ္သတိနည္းနည္းျပန္ဝင္လာၿပီး ေျခာက္ကပ္ကပ္အသံျဖင့္ ေရေတာင္းလာသည္။

ရန္ရိသူ႕ေဘးမွာထိုင္ရင္း ေရနည္းနည္းတိုက္ကာ ေၾကာက္အားလန္႔အားနဲ႔ ေျပာလိုက္သည္။

" ႐ႈန္းတိ၊ မင္းငါ့ကို ေသေအာင္လွန္႔ေနတာပဲ "

သူတို႔ေနာက္က်မွေရာက္သြားၿပီး အေျခအေနေတြဆိုးဝါးခဲ့ရင္ေရာ၊ သူဘယ္လိုလုပ္ မေၾကာက္ဘဲေနမလဲ?

မီးအခင္းျဖစ္တဲ့ေနရာမွာ မေမွ်ာ္လင့္တဲ့ မေတာ္တဆမႈေပါင္းစုံ႐ွိသည္။ သူတို႔ဘယ္ေလာက္ပဲ သတိထားထား၊ လုံးဝေ႐ွာင္လႊဲဖို႔ ခက္သည္။ တကယ္ကို အားအင္မဲ့ပါ၏။

" လူနာတင္ကားေရာက္ၿပီ "

ေကာင္းကယ္ကို လူနာတင္ကားနဲ႔ထည့္ေပးလိုက္ၿပီး က်န္တဲ့တပ္သားေတြကေတာ့ မီးဆက္ၿငိမ္းဖို႔ ျပန္သြားရသည္။

သူတို႔ ေန႔လယ္ကေန ညအထိ အလုပ္႐ႈပ္ေနၿပီး မီးမၿငိမ္းသတ္သြားခင္ ခုနစ္နာရီတိတိၾကာ၏။ ဒီကာလအတြင္းမွာ ေရျဖန္းဖို႔အလွည့္က်သြားရၿပီး လမ္းေဘးမွာ‌ထိုင္ရင္း အစားစားၾကရသည္။ အားလုံး အနည္းဆုံးသုံးႀကိမ္ေလာက္ ေအာက္ဆီဂ်င္အိုးလဲရသည္။

မီးၿငိမ္းသတ္ၿပီးေနာက္ တပ္သားေတြဆိုတာ မတ္တပ္ရပ္ဖို႔ေတာင္ အလြန္ပင္ပန္းေနၾကသည္။ အပူခ်ိန္ ၁၀ ဒီဂရီေအာက္နိမ့္ေသာ ေဆာင္းညနက္နက္မွာ သူတို႔ေျမႀကီးေပၚလွဲခ်လိုက္တဲ့အခ်ိန္ ေအးတယ္လို႔မခံစားရ။ ပစၥည္းခန္းထဲက ျမင့္မားေသာေရေႏြးေငြ႕မ်ား သူတို႔ေခြၽးေပါက္ေတြထဲ ယခုအခ်ိန္ထိ စိမ့္ဝင္ေနတုန္းျဖစ္ရမည္။ ဘာမွလြင့္ေပ်ာက္မသြားေပ။

သူတို႔စခန္းျပန္ေတာ့ ရန္ရိ မီးသတ္ကားကို လမ္းလႊဲသြားၿပီး သူနဲ႔ စြန္းတင့္ရိကို ဟုန္းဝူေဆး႐ုံမွာခ်ေပးဖို႔ ေျပာလိုက္သည္။

ေကာင္းကယ္က ယခုတင္ စမ္းသပ္ခံၿပီးသြား၍ လူနာေဆာင္၌ အနားယူေနသည္။ သူသတိျပန္‌ရေနၿပီျဖစ္ကာ စိတ္အေတာ္အသင့္တုန္လႈပ္ေနၿပီး ခႏၶာကိုယ္မွာလည္း မီးေလာင္တဲ့ ဒဏ္ရာအမ်ိဳးမ်ိဳး႐ွိေနသည္။ မျပင္းထန္ေသာ္ျငား ေစာင့္ၾကည့္ေလ့လာဖို႔ ေဆး႐ုံ၌ရက္အနည္းငယ္ေနရမည္။

သူတို႔လူနာေဆာင္ထဲ ဝင္သြားေတာ့ ေကာင္းကယ္က သူ႕မိန္းမနဲ႔ကေလးကို Video call ေခၚေနၿပီး သူတို႔လာတာျမင္ေတာ့ ဖုန္႔လွည့္ျပလိုက္သည္။

" သမီးေလး၊ ဒါက ရန္႐ႈး႐ႈနဲ႔ စြန္း႐ႈး႐ႈ၊ ႏႈတ္ဆက္လိုက္ပါဦး "

[ T/n : 闺女 (Guīnǚ) - Damsel/ Daughter, 叔叔 (Shūshu) - Uncle ]

" မဂၤလာပါ ဦးဦး "

ကေလးမေလးက လိမ္လိမ္မာမာေျပာလာ၏။

ရန္ရိေရာ စြန္းတင့္ရိပါ သူ႕မိန္းမကိုသိသည္။ သူတို႔သားအမိက‌ ေပက်င္းမွာမဟုတ္ေပမယ့္ ႏွစ္သစ္ကူးက်င္းပဖို႔ စခန္းကို ႏွစ္‌ခါလာဖူးသည္။

ေကာင္းကယ္ သူတို႔ကိုစကားနည္းနည္းေျပာၿပီး ဖုန္းခ်လိုက္သည္။

" မီးၿငိမ္းသြားၿပီလား? "

" မေသမ်ိဳးငါတို႔ေတြျပန္လာၿပီေလ "

စြန္းတင့္ရိက သူ႕ညစ္ပတ္ေနတဲ့မ်က္ႏွာကို ပြတ္သုတ္လိုက္ၿပီး

" Air-con ခန္းထဲေနရတာ အဆင္မေျပဘူးမလား? "

" ေျပသားပဲ "

ေကာင္းကယ္က မ်က္လုံးမွိတ္ျပကာ ေျပာလာသည္။

" မင္းတို႔ ငါ့ကိုေသေလာက္ေအာင္ မနာလိုျဖစ္ေနတယ္ေပါ့ "

ရန္ရိ ျပဳံးကာ ဆဲေရးလိုက္သည္။

" ေပါေတာေတာလုပ္မေနနဲ႔၊ အခုမင္းဘယ္လိုေနေသးလဲ? "

" ငါ့ခႏၶာကိုယ္နာၿပီး မူးတူးတူးျဖစ္ေနတယ္၊ ဒါေပမယ့္ ဘာမွမျပင္းထန္ပါဘူး "

ေကာင္းကယ္က အေျဖ႐ွာသလိုေျပာလာသည္။

" ငါအခုထိ ဘာျဖစ္ခဲ့လဲမသိဘူး "

စြန္းတင့္ရိ ႐ွင္းျပလိုက္သည္။

" ပစၥည္းခန္းထဲမွာ စစ္ေဆးေပါက္တစ္ခု႐ွိတယ္ကြာ၊ ေအာက္ဆင္းတဲ့ေလွကားလည္း႐ွိတယ္၊ အစကေတာ့ သံျပားနဲ႔ကာထားေပမယ့္ သံျပားအရည္ေပ်ာ္သြားတာ "

" fuck...."

ေကာင္းကယ္က သက္ျပင္းခ်သည္။

" အဲ့မွာဘာမွမျမင္ရဘူးကြ "

" ဟုတ္တယ္၊ ငါတို႔မင္းကို အၾကာႀကီး႐ွာေနၾကတာ၊ လူတစ္ေယာက္လုံးေလထဲေပ်ာက္သြားတာေလ၊ မီးသမားသာအဲ့တာမေတြးမိခဲ့ရင္....."

ရန္ရိ တည္တည္တံ့တံ့ေျပာလိုက္သည္။

" အဲ့တုန္းက မင္းအသက္႐ွဴကိရိယာလည္း ခ်က္ခ်င္းအခ်ိန္ကုန္သြားတာ၊ အႏၲရာယ္မ်ားတယ္ "

ေကာင္းကယ္ တမင္တကာရယ္ၿပီး သူတို႔ကို ႏွစ္သိမ့္ေပးလိုက္သည္။

" အႏၲရာယ္မ်ားတာေတာင္မေသတာ၊ ကံေကာင္းတာေပါ့ကြာ "

" ငါတို႔မင္းကိုလာၾကည့္မွာပါ၊ မင္းအဆင္ေျပရင္ ငါတို႔ျပန္ေတာ့မယ္၊ ခြင့္နည္းနည္းပိုယူလိုက္ဦး၊ မင္းမိန္းမနဲ႔ကေလးေခၚၿပီး အတူေနၾကေပါ့ "

ေကာင္းကယ္က ေခါင္းညိတ္ၿပီး

" ငါ့မိန္းမ မနက္ျဖန္လက္မွတ္ဝယ္ထားတယ္ "

သူတို႔လူနာေဆာင္ကထြက္ေတာ့ ရန္ရိလွည့္လိုက္တဲ့အခ်ိန္ လည္ပင္းက စူးစူးေအာင့္ေအာင့္နာလာၿပီး သူ႐ိႈက္လိုက္သည္။

" ဘာျဖစ္တာလဲ? "

" မင္းငါ့လည္ပင္းကို တစ္ခ်က္ၾကည့္ေပး "

စြန္႔တင့္ရိ ရန္ရိေကာ္လံကိုလွန္ၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္သြားသည္။

" အပူေလာင္ထားတယ္၊ မင္းေကာ္လံေသခ်ာမတတ္ထားဘူးလား? "

ရန္ရိ သူအျပင္မွာ႐ွိတုန္း အပူခ်ိန္ေလွ်ာ့ဖို႔ ေကာ္လံဖြင့္ထားခဲ့မွန္း သတိရသြားသည္။  ေနာက္ ေကာင္းကယ္ေပ်ာက္သြားတယ္ၾကားေတာ့ သူအျမန္ျပန္သြားသည္။ သူဒါကို ဘယ္မွာဂ႐ုစိုက္အားမလဲ။

လည္ပင္းေနရာက သူတို႔ကာကြယ္ေရးဝတ္စုံေတြ အေတာ္အားနည္းတဲ့ေနရာျဖစ္သည္။ ဘယ္ေလာက္ပဲ ကာကြယ္ေရးဝတ္စုံဝတ္ဝတ္ အသားေျပာင္နဲ႔ဆက္စပ္ေနတာပဲ၊ လည္ပင္းအေပၚပိုင္းက ဦးထုပ္အကာနဲ႔ပဲ ကာထားရသည္။ ဘာပဲျဖစ္ျဖစ္ ေဖာက္မဝင္ဘူးဆိုတာ မျဖစ္ႏိုင္။ ၿပီးေတာ့ ထိုေနရာကလည္း အပူခ်ိန္လိႈင္းအျမင့္ဆုံး႐ိုက္ခတ္သည့္ေနရာပင္။

သူ႕ေကာ္လံကိုမေစ့ထားေတာ့ သဘာဝအတိုင္း အပူခ်ိန္ျမင့္ေရေငြ႕‌ေၾကာင့္ အပူေလာင္သြားရသည္။

" သြား၊ သြားေျဖ႐ွင္းမယ္ "

ရန္ရိေျပာလိုက္သည္။

" ငါ့ဘာသာသြားပါ့မယ္၊ မင္းစခန္းျပန္ၿပီး ေကာင္းေကာင္းနားလို႔ရၿပီ "

" အခ်ိန္႐ွိေသးတာပဲ၊ သြားမယ္လာ "

သူတို႔ႏွစ္ေယာက္ သူနာျပဳ႐ွာေတြ႕ေတာ့ အဝတ္အစားခြၽတ္ၿပီး သူ႕လည္ပင္းမွာ ငုံးဥအ႐ြယ္ေလာက္႐ွိေသာ အနီေရာင္အပူဖုအခ်ိဳ႕႐ွိေနေၾကာင္း ျမင္လိုက္ရသည္။ ၿပီးေတာ့ အဲ့ထဲကတစ္ခုသည္လည္း လည္ပင္းေကာ္လံေၾကာင့္ ေပါက္ၿပဲသြားခဲ့၏။

" ႐ွင္မခံစားရဘူးလား? "

သူနာျပဳက အျပစ္တင္လိုက္သည္။

" အကုန္လုံးေပါက္ၿပဲၿပီး ေရာဂါပိုးဝင္ဖို႔လြယ္သြားလိမ့္မယ္ "

ရန္ရိက ခါးသက္သက္ျပဳံးလိုက္ၿပီး

" ကြၽန္ေတာ္အခုတင္ အရမ္းပူၿပီး ေနရာတိုင္းနာေနေတာ့ တကယ္မခံစားရေတာ့ဘူး "

သူနာျပဳက ရန္ရိဒဏ္ရာကို စတင္စစ္ေဆးသည္။

စြန္႔တင့္ရိက သူနာျပဳဆရာမ အပူဖုကိုအေပါက္ေဖာက္ၿပီး အထဲကအရည္ေတြထုတ္လိုက္ေတာ့ ရန္ရိ မ်က္ေမွာင္ၾကဳတ္သြားၿပီး ဘာမွမေျပာတာကို ၾကည့္‌ေနသည္။ သူထပ္သည္းမခံႏိုင္ေတာ့ဘဲ :

" ငါမင္းကိုေဆးသြားယူေပးမယ္ "

" ေကာင္းၿပီ "

ခဏၾကာေတာ့ စြန္းတင့္ရိက ေဆးနဲ႔အတူျပန္လာသည္။

" ေခါင္းေဆာင္ရန္၊ ငါ ေဒါက္တာကုံးကိုေတြ႕ခဲ့တယ္ "

ရန္ရိ ႐ုတ္တရက္ေခါင္းေထာင္လာၿပီး

" ဘယ္မွာလဲ? "

သူနာျပဳက သူ႕ေက်ာကို မေတာ္တဆအပ္နဲ႔ထိုးမိသြားၿပီး သူ "အား" ဟုအသံထြက္သြားလ်က္၊ သူနာျပဳက သူ႕ကိုျပန္ငုံ႔ခ်ေပးလိုက္သည္။

" ေလွ်ာက္မလႈပ္နဲ႔ "

ရန္ရိ စြန္းတင့္ရိကို ၾကည့္ၿပီး

" ဘယ္မွာလဲ? ဒီမွာလား? "

" သူ႕မေသမ်ိဳးအဂၤါရပ္ႀကီးကို အထင္မွားစရာလား? အျပင္မွာ၊ ရာဇဝတ္သားနဲ႔ျဖစ္မယ္ "

စြန္းတင့္ရိေျပာလာသည္။

" ငါသူ႕ကို သြားေခၚလိုက္မယ္ "

" ေဟး မေခၚ....."

ရန္ရိ စြန္႔တင့္ရိကိုတားလိုက္ခ်င္ေပမယ့္ လွည့္ထြက္သြားေခ်ၿပီ။

သူကုံးရင့္႐ွန္ကို အရမ္းေတြ႕ခ်င္ေပမယ့္ သူအခုညစ္ပတ္ေနၿပီး၊ ေတြ႕ဖို႔အခ်ိန္ေကာင္းမဟုတ္မွန္း သိသာသည္။

မၾကာပါဘူး၊ ကုံးရင့္႐ွန္ စြန္းတင့္ရိနဲ႔အတူဝင္လာၿပီး ရန္ရိကိုေတြ႕ေတာ့ အံ့ဩမင္သက္သြားသည္။ ရန္ရိက ေခြၽးေတြ႐ႊဲေနတဲ့ အျပာေရာင္႐ွပ္အက်ႌကို ဝတ္ထားၿပီး ကာကြယ္ေရးဝတ္စုံေဘာင္းဘီက ႀကိဳးသိုင္းေတြကို ပခုံးမွာခ်ိတ္ဆြဲထားဆဲ။ သူ႕မ်က္ႏွာနဲ႔ခႏၶာကိုယ္မွာ မီးခိုးမိႈင္းအမဲေတြ ေပက်ံေနၿပီး လည္ပင္းမွာေတာ့ အနီေရာင္အမာ႐ြတ္တစ္ခု႐ွိေနသည္။ ညစ္ပတ္ေနေသာပုံပန္းႏွင့္ ျဖဴစြတ္ေသာ အခန္းက အေတာ္ႀကီးျခားနားေနလ်က္၊ သူတစ္ဘဝလုံးစာ ပင္ပန္းၿပီး ႐ွက္႐ြံ႕မိသည္။

ကုံးရင့္႐ွန္ကေတာ့ သူ႕ႏွလုံးသား အတင္းအၾကပ္ ဆြဲလႈပ္ခံလိုက္ရသလို ခံစားရၿပီး အျမန္‌သြားကာ စိုးရိမ္တႀကီးေမးလိုက္သည္။

" ခင္မ်ား ဒဏ္ရာရထားတာလား? လည္ပင္းကဘာျဖစ္တာလဲ? "

ရန္ရိက ဘာမွမဟုတ္သလို ေျပာလိုက္သည္။

" တာဝန္တစ္ခုေပၚလာလို႔၊ အဆင္ေျပပါတယ္၊ နည္းနည္းအပူေလာင္သြားတာ "

ကုံးရင့္႐ွန္ ရန္ရိလည္ဂုတ္က အပူဖုေတြကိုၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္သြားသည္။ အၾကာႀကီးေနမွ သူေျပာလာ၏။

" နာမွာပဲ "

" ရပါတယ္၊ သူနာျပဳအစ္မ ညင္သာေပးလိမ့္မယ္ "

ရန္ရိ မ်က္လုံးမွိတ္ျပလိုက္ၿပီး

" အပူဖုေလးပါပဲ၊ ရက္နဲနဲၾကာရင္ ေပ်ာက္သြားမွာ "

သူနာျပဳက ေဆးလိမ္းေပးၿပီး ေျပာလာသည္။

" ေခါင္းေဆာင္ ေပါက္သြားတဲ့ဟာက ဘာမွမျဖစ္ေတာ့ဘူး၊ အျခားဟာေတြ‌‌ကိုေတာ့ အရည္ျပားကာကြယ္ရမယ္၊ မပြတ္နဲ႔၊ ေရနဲ႔မထိနဲ႔၊ အဲ့တာဆို အမာ႐ြတ္က ေနာက္က်ရင္ ျမန္ျမန္ေပ်ာက္သြားလိမ့္မယ္ "

" ေကာင္းၿပီ၊ ေက်းဇူးတင္ပါတယ္ "

ရန္ရိ ထရပ္လိုက္သည္။

" မင္းေဆး႐ုံမွာ ဘာလုပ္ေနတာလဲ? က်ိဳးခြၽမ္းလား? "

ကုံးရင့္႐ွန္ ေခါင္းညိတ္လိုက္ေပမယ့္ မ်က္လုံးေတြကေတာ့ ရန္ရိဒဏ္ရာဆီမွာပဲ ႐ွိေသးသည္။

" က်ိဳးခြၽမ္း ဒီေန႔ေဆး႐ုံဆင္းတယ္ "

" ေကာင္းတယ္ ေနာက္ဆုံးေတာ့ ငါဒီေျမးစုတ္ကို ေထာင္ထဲပို႔လို႔ရၿပီ "

ရန္ရိေမးလိုက္သည္။

" အမႈစစ္ေနတဲ့ဟာေတြေရာ ဘယ္လိုလဲ? "

" တိုးတက္မႈေကာင္းတယ္ "

‌ကုံးရင့္႐ွန္ ေျပာလာသည္။

" ကြၽန္ေတာ္ ခင္မ်ားတို႔ကိုစခန္းျပန္ပို႔ေပးမယ္၊ ၿပီးေတာ့ ခင္မ်ားေနျပန္ေကာင္းမွ ကြၽန္ေတာ္ ေျပာျပေတာ့မယ္ "

" ငါအပူပဲေလာင္တာေလ၊ ဘာေရာဂါမွ မကူးစက္ထားပါဘူး "

" သြားရေအာင္ "

ရန္ရိ တုံ႔ဆိုင္းကာ ေျပာလိုက္သည္။

" ငါတို႔အရမ္းညစ္ပတ္ေနတာ၊ မင္းကားထဲ ဘယ္လိုစီးရမလဲ? "

" ကြၽန္ေတာ္ေမာင္းမလာဘူး၊ ရဲကားနဲ႔လာတာ "

စြန္းတင့္ရိက လက္ေတြပြတ္သပ္လိုက္ၿပီး

" ဝိုး ငါ ရဲကားတစ္ခါမွ မစီးဖူးေသးဘူး "

" မင္းအေတြ႕အၾကဳံ အျပည့္အဝရခ်င္လား? "

ရန္ရိ စေနာက္လိုက္သည္။

" သူ႕မွာ လက္ထိပ္ေတြ႐ွိတယ္ "

" မလိုပါဘူး "

ကားထဲဝင္ၿပီးေတာ့ ကုံးရင့္႐ွန္နဲ႔ ရန္ရိက ေနာက္ခန္းမွာထိုင္ၿပီး ရန္ရိေဘးကပ္ကာ ကုံးရင့္႐ွန္နဲ႔ နီးမွာေၾကာက္ေနသည္။ ကုံးရင့္႐ွန္က သူ႕ကိုမ်က္ေစာင္းထိုးၾကည့္လာၿပီး

" ပုန္း‌မေနနဲ႔၊ ခင္မ်ား ေခါင္းမိုးေပၚတက္ထိုင္ခ်င္ေသးလို႔လား? "

ရန္ရိရယ္ကာ ေျပာလိုက္သည္။

"ငါက မင္းအန္ခ်င္လာမွာ ေၾကာက္လို႔ "

" ခင္မ်ား.....ကြၽန္ေတာ္ နဲနဲသည္းခံလို႔ရတယ္ "

ကုံးရင့္႐ွန္ ႏူးႏူးညံ့ညံ့ေျပာလာ၏။

ရန္ရိ သိသလိုလို ‌ျပဳံးလိုက္သည္။

ရဲကားက သူတို႔ကိုစခန္းဆီလိုက္ပို႔ၿပီး ရန္ရိ ကုံးရင့္႐ွန္ကို ေမွ်ာ္လင့္ခ်က္အနည္းငယ္ျဖင့္ ေမးလိုက္သည္။

" မင္းအထဲဝင္ထိုင္ခ်င္လား? မင္းဌာနခြဲကို အလ်င္စလိုျပန္စရာမ႐ွိရင္...."

" ‌Ok "

စခန္းထဲ ဝင္ၿပီးေတာ့ တပ္သားေတြ ေကာင္းကယ္အေျခအေနေမးဖို႔ လာၾကသည္။ ေကာင္းကယ္အဆင္ေျပတာလည္း သိၿပီးေရာ သူတို႔ရန္ရိဒဏ္ရာကို စတင္ဂ႐ုစိုက္ေပးလာသည္။

ရန္ရိ႐ွင္းျပၿပီး ကုံးရင့္႐ွန္ကို သူ႕အေဆာင္ဆီ ေခၚသြားလိုက္၏။

စခန္း၌ စခန္းေခါင္းေဆာင္နဲ႔ နည္းျပမွာပဲ ကိုယ္ပိုင္အေဆာင္႐ွိၾကသည္။ အခင္းအက်င္းက ႐ိုး႐ွင္းေပမယ့္ အိပ္ခန္း၊ ေရခ်ိဳးခန္း၊ အလုပ္ခန္း အကုန္ပါသည္။

ကုံးရင့္႐ွန္ အိမ္ထဲမွာရပ္ရင္း လွည့္ပတ္ၾကည့္လိုက္သည္။ သူ႕ဖီးနစ္စခန္းကို အႀကိမ္အေတာ္မ်ားမ်ား ေရာက္ဖူးေပမယ့္ ရန္ရိအေဆာင္ထဲဝင္တာေတာ့ ပထဆုံးပင္။ ႏွစ္အေတာ္ၾကာလူမေနေသာ ရန္ရိအိမ္နဲ႔ယွဥ္ရင္ ဒီအိမ္ကပိုအသက္ဝင္ကာ ပိုၿပီး...ရန္ရိကိုယ္ေငြ႕မ်ားသည္။

" ေရေသာက္မလား? "

ရန္ရိ ႐ုတ္တရက္ နည္းနည္းစိတ္လႈပ္႐ွားလာသည္။ ေကာင္ေလးတစ္ေယာက္ ေကာင္မေလးကို သူ႕အခန္းဆီ ပထမဆုံးအလည္ေခၚသလိုမ်ိဳး၊ ႐ႈပ္ပြၿပီး အရမ္းမေသသပ္ေနမွာ စိုးရိမ္မိသည္။

" မေသာက္ေတာ့ဘူး "

" အဲ့တာဆို မင္းခဏထိုင္ဦး၊ ငါေရခ်ိဳးလိုက္ဦးမယ္ "

ရန္ရိ သူ႕လည္ပင္းက အနာအေၾကာင္းေတြးမိသြားသည္။ သူနာျပဳက အခုတင္ ေရနဲ႔မထိဖို႔ မွာလိုက္ေပမယ့္ သူဘာသာသူေတာင္ မၾကည့္ႏိုင္။ သူ 'က်စ္' ဟုခပ္တိုးတိုးစုပ္သတ္ၿပီး ကိုယ္ဘာသာကိုယ္ ေရ႐ြတ္လိုက္သည္။

" ေရဘယ္လိုခ်ိဳးရပါ့မလဲ? "

" ကြၽန္ေတာ္ကူညီေပးမယ္ "

ကုံးရင့္႐ွန္ ေျပာလာသည္။

ရန္ရိ မ်က္လုံးျပဴးသြားၿပီး ေခါင္းမလွည့္ရဲေတာ့ေပ။

=======

ဟူး~ တစ္ညလုံးထိုင္ေရးတာ ၿပီးသြားၿပီ။ ဟိုေန႔က အပိုင္း ၁၀၀ ေစာင့္ရမယ္လို႔ေျပာခဲ့တာ မလန္႔သြားပါနဲ႔၊ ဘယ္လိုဘယ္လိုကုန္သြားမွန္းေတာင္ သိလိုက္မွာမဟုတ္ဘူး၊ အခုကစၿပီး ခ်ိဳအီေနမွာ (ᗒᗩᗕ)

6:17 am

13.8.21