webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 4

Translator - Lynx | Editor - Kellow

[ Unicode Version ]

ရန်ရိ ကုံးရင့်ရှန်မျက်နှာအား စူးစမ်းစိတ်ဖြင့် တစ်ခဏကြာကြည့်နေမိသည်။

ကုံးရင့်ရှန် ကတော့သူ့ကိုလျစ်လျူရှုထား၏။

" ဖေးလန် ငါမင်းကိုအိမ်ပြန်ပို့ပေးမယ် "

ကုံးဖေးလန် ခေါင်းငုံ့ထားပြီးဘာတစ်လုံးမှမဟ။

" အရင်ဆုံး ငါ့နေရာကိုသွားရအောင် ငါအန်တီ့ကိုပြောပေးမယ် "

" ဘာများပြောပေးဦးမှာလဲ " ကုံးဖေးလန်နှုတ်ခမ်းတစ်ဖက်တွန့်သွားသည်။

" ငါတစ်သက်လုံးအိမ်မပြန်ရင်တောင် သူသိမှာမဟုတ်ဘူး "

" ငါနဲ့အရင်ပြန်လိုက်ခဲ့ပါ "  ကုံးရင့်ရှန် ရန်ရိအား စောင်းငဲ့ကြည့်လိုက်သည်။

" မင်း ဒီလိုနေရာမျိုး ကိုနောက်ထပ် ထပ်လာစရာမလိုဘူး"

ရန်ရိ သတိပြန်ဝင်လာပြီး၊ ဒီလူက အရမ်းဒေါသထွက်စရာကောင်းတာကို၊ သူတော့မျက်စိကန်းသွားပြီ လို့ သူ့ဘာသာတွေးလိုက်သည်။

[T/N : Seme ရဲ့အလှတရားမှာကြွေသွားမိလို့ ကိုယ့်ဘာသာပြန်တရားချနေ :၀ ]

" ဘာကို ' ဒီလိုနေရာမျိုး ' လဲ? "

သူလက်ပိုက်လိုက်ကာ ကုံးရင့်ရှန်အား ‌ဒေါသထွက်လျက်ကြည့်လိုက်သည်။

" ဒီနေရာက ထျန်ချီမြို့၊ ဟုန်းဝူပိုင်နက် ၊ ပြည်သူ့မီးသတ်လုံခြုံရေးဌာနရဲ့ ဖီးနစ်အထူးမီးငြှိမ်းသတ်ရေးစခန်းပါ

အသက်အိုးအိမ်တွေနဲ့ 12 စတုရန်းကီလိုမီတာက လူတွေကိုကာကွယ်ပေးတဲ့နေရာ

မင်း ' ဒီလိုနေရာမျိုး ' လို့ပြောလိုက်တာအပေါ် ဘယ်လိုထင်မြင်ချက်များရှိတာလဲ? "

" ဒီနေရာက ပတ်ဝန်းကျင်သန့်ရှင်းမှုအဆင့်အတန်းနိမ့်ပြီး သန့်ရှင်းမှုအဆင့်အတန်းနိမ့်တဲ့လူတွေ အုပ်စုဖွဲ့နေတဲ့နေရာ "

ကုံးဖေးလန်ထရပ်လိုက်သည်။

" ဝမ်းကွဲအစ်ကို ဆက်မပြောနဲ့တော့ "

" မင်းမျက်လုံးက ဘာလို့ငါတို့သန့်ရှင်းမှုကအဆင့်မမြင့်ဘူး ထင်ရတာလဲ? ငါနေ့တိုင်းရေချိုးတယ် "

ရန်ရိ ကုံးရင့်ရှန်အားစိုက်ကြည့်လိုက်သည်။

" အိုး တောင်းပန်ပါတယ် ကိုယ်က အသက်ရှူနိုင်ဖို့တော့ အရက်ပြန်မသုံးဘူးပေါ့ မင်းရဲ့သန့်ရှင်းမှု အဆင့်အတန်းကိုတော့မမှီနိုင်ပါဘူး "

" ခင်များ စခန်းမှာလူဘယ်နှယောက်ရှိလဲ? "

" 42 ဘာလို့လဲ? မင်းတစ်ယောက်ချင်းစီကို ပိုးလိုက်သတ်မလို့လား? "

" သန့်ရှင်းရေးနမူနာစစ်ဆေးချက်အတွက်တော့ ခင်များက ၄၂ လုံးအတွက်အချက်အလက် လုံလုံလောက်လောက်မပေးနိုင်ဘူး ဒါပေမယ့် ဒီစခန်းရဲ့ စခန်းမှူးတစ်ယောက်အနေနဲ့ ခင်များခေါင်းဆောင်တဲ့အဖွဲ့ရဲ့ ပျမ်းမျှအဆင့်တော့ ရှိရမယ် "

ကုံးရင့်ရှန် ရန်ရိအား အပေါ်မှအောက်သို့ အကြည့်များပစ်လွှတ်လိုက်ရင်း ‌နှာမှုတ်လျက် အေးစက်စွာပြောလာသည်။

" ခင်များဖိနပ်ကိုဖီးနစ်စခန်းရဲ့ ပတ်ဝန်းကျင်နမူနာအနေနဲ့ သုံးနိုင်တယ် "

ရန်ရိ ယောင်ပြီးသူ့ဖိနပ်သူငုံ့ကြည့်လိုက်သည်။ အနည်းငယ်တော့ညစ်ပတ်နေ၏။

သူစိတ်ထဲမှကျိန်ဆဲလိုက်ကာ ခုံမှထရပ်လိုက်သည်။

" မင်း ပုံမှန်မဟုတ်ဘူးလား? "

" ခင်များ ' ပုံမှန် ' ဆိုတာကိုအရင်စာဖွဲ့ကြည့် "

" ဝမ်းကွဲအစ်ကို " ကုံးဖေးလန် ကုံးရင့်ရှန်၏ကျောအားတွန်းလိုက်သည်။

" ငါပြန်လိုက်မယ် အခုပဲပြန်ကြရအောင် "

သူမ ရန်ရိအား တောင်းပန်သောအကြည့်ဖြင့်ကြည့်လိုက်ပြီး ပြောသည်။

" ကျွန်မတောင်းပန်ပါတယ် "

" မင်း ဒီကိုအပြစ်အနာအဆာတွေ လာရှာတာလား? ငါမင်းကို စိတ်ထိခိုက်အောင်လုပ်မိလို့လား? ဒါမှမဟုတ် မင်းကပဲ တစ်ဖက်လူကို သောက်ရမ်းအဆင့်တွေမြင့်ပြတတ်တဲ့သူလား? "

ရန်ရိ ဒေါသထွက်လျက်ပြောလိုက်သည်။

" ငါက မင်းညီမကိုကယ်ခဲ့တာပါ မင်းငါ့ကိုကျေးဇူးမတင်လည်းရတယ် မင်းအပြုအမူတွေကဘာလို့ အရမ်းဆိုးရွားနေရတာလဲ? "

ကုံးရင့်ရှန် မျက်ခုံးများကျုံးသွားသည်။

" ခင်များက ကျွန်တော့်ညီမကိုကယ်တာ၊ ကျွန်တော့်ကိုကယ်တာမှမဟုတ်ဘဲ ဘာလို့ကျေးဇူးတင်ရမှာလဲ? "

" မင်း..."

ရန်ရိအရမ်းဒေါသထွက်နေပြီး တစ်ယောက်ယောက်ကို ကန်ကျောက်လိုက်ချင်သည်။

" မင်းငါ့ကိုကျေးဇူးမတင်ရင်တောင် ငါ့ကိုပုံစံလာသွင်းစရာမလိုဘူးလေ အခုဒီကိစ္စမှာပါတဲ့ ဖေးလန် မင်းမှာမင်းအစ်ကိုကို ပြောစရာမရှိဘူးလား? "

ကုံးရင့်ရှန် ကုံးဖေးလန်အားငုံ့ကြည့်လိုက်သည်။

ကုံးဖေးလန်က သူမနှုတ်ခမ်းများကိုမပျော်ရွှင်စွာကိုက်ထားသည်။

" သူက ငါ့ချစ်သူမဟုတ်ဘူး "

ရန်ရိ သူ့လက်များကို ဖြန့်ကားလိုက်သည်။

" မင်းကြားလား ?"

ကုံးဖေးလန် ယုံကြည်ချက်ရှိစွာပြောသည်။

" ဒါပေမယ့် တစ်နေ့တော့ငါ့ချစ်သူဖြစ်လာမှာ "

" သူဖြစ်လာမှမဟုတ်ဘူး " ကုံးရင့်ရှန် ကုံးဖေးလန်အားပြန်ရန်ဆွဲလိုက်သည်။

[ T/N - မှန်ပါပေ့ သူကမင်းချစ်သူဖြစ်လာမှာ မင်းညီမချစ်သူမဟုတ်ဘူး 6-6 ]

" မင်းရပ်လိုက်စမ်း "

ရန်ရိ အကျယ်ကြီးပြော‌လိုက်သည်။

ကုံးရင့်ရှန် ရပ်လိုက်ကာရန်ရိအား အဓိပ္ပါယ်မပါသော အကြည့်ဖြင့်ကြည့်လိုက်သည်။

" မင်းအကုန်ကြားပြီးပြီပဲ ငါ့ကိုမှားခဲ့တာရော ငါ့အိမ်ကိုလာရှာပြီးမေးတာရောအတွက် မတောင်းပန်သင့်ဘူးလား? "

" သီအိုရီအရတော့ မှန်ပါတယ် "

" ....အဲ့တာဆို တောင်းပန်လေ "

" ဒါပေမယ့် ကျွန်တော်မတောင်းပန်ချင်ဘူး "

ရန်ရိ မျက်လုံးများတန်းသွားသည်။

" မင်း.....မင်းမှားတာ..မသိဘူးလား ငါ့ကိုမတောင်းပန်ချင်ဘူးပေါ့? "

" ဟုတ်တယ် " ကုံးရင့်ရှန် အမူအရာကား အလွန်တည်ငြိမ်၍အေးဆေးသည်။

သူ့အား တည်တည်ငြိမ်ငြိမ်ဆက်ဆံနေသကဲ့သို့။

ရန်ရိ အသက်ကိုနက်နက်ရှူသွင်းလိုက်ပြီး အရေးမပါတဲ့ကိစ္စကိုသည်းခံဖို့ သူ့တစ်ဘဝလုံးစာ သည်းခံခြင်းတရားတွေကိုသုံးလိုက်ရ၏။

သူခေါင်းညိတ်ပြီး နှစ်ယောက်လုံးကိုလက်ခါပြလိုက်သည်။

" သွားကြ သွားကြ မြန်မြန် "

ကုံးဖေးလန် အော်ပြောသည်။

" ရန်ကော ကျွန်မတောင်းပန်ပါတယ်..... "

ကုံးရင့်ရှန်က ကုံးဖေးလန်အားဆွဲကာ ပြန်လှည့်မကြည့်ဘဲထွက်သွားသည်။

ရန်ရိ သူ့မျက်နှာကိုပွတ်သုတ်လိုက်ရင်း သူ့ရင်ထဲမှာမီးစသေးသေးလေး တောက်လောင်လာသည်ဟုပင်ခံစားရသည်။

သူ ထိုင်ခုံကိုဆွဲလှည့်လိုက်ပြီး ကူရှင်အား အကြိမ်အတော်များများ ထိုးလိုက်၏။

ရန်ရိ အရမ်းစိတ်ဆိုးနေပြီး ညစာပင်မစားချေ။

သူ သူ့အ‌ဆောင်အခန်းမှာပဲသီချင်းနားထောင်ရန် နေလိုက်သည်။

သူအမြဲတမ်း rock နဲ့ rap သီချင်းများနားထောင်လေ့ရှိသည်။

ဒီနေ့တော့ သူပထမဆုံးအကြိမ်အဖြစ် စိတ်အေးစေသော ပေါ့ပေါ့ပါးပါး သီချင်းများ နားထောင်ဖြစ်ပါ၏။

သူအိပ်ပျော်တော့မည့်ဆဲဆဲအချိန်မှာပဲ ဖုန်းမြည်လာသည်။

ရန်ရိ ဖုန်း screen ကိုလှမ်းကြည့်လိုက်တော့ ဖုခိုင် ဖြစ်သည်။

သူ လက်ခံ ကိုနှိပ်လိုက်ပြီး အားနည်းစွာ " hey " ဟု အသံကိုပြုလိုက်သည်။

" ရန်စစ်ဟော် မင်းဘာဖြစ်နေတာလဲ? " ဖုခိုင်ကစနောက်လိုက်သည်။

" မယုံနိုင်စရာပဲ  "

[ T/N : သူခေါ်လိုက်တာက Ren Sì Huô

「任四火」四 - sì က တရုတ်အက္ခရာ "လေး" ၊  火 - huô က မီး လို့အဓိပ္ပါယ်ရတယ် ]

" မင်းက 'ခန့်မှန်းရခက်' တဲ့ကောင်ပဲ ဘာလို့ဖုန်းဆက်တာလဲ?"

" မင်းကငါ့ကိုဘာလို့လဲမေးနေသေးတယ်? မင်းနေ့လယ်ကငါ့ကို စိုးရိမ်တကြီးနဲ့ ကုံးရင့်ရှန်ဖုန်းနံပါတ်မေးတယ်လေ ဘာကိစ္စရှိလို့လဲ? မင်းသူနဲ့ပတ်သက်ချင်နေတာလား? "

" ပြောရရင်ရှည်တယ် "

" ရှည်ရင် တိုလိုက် "

ရန်ရိ ဖြစ်ကြောင်းစုံလင်အား ပျင်းတွဲစွာပြောလိုက်သည်။

" ဝေါင်း မင်းကဈေးကြီးရုပ်ရှင်ရိုက်တဲ့ မီးသတ်သမားတစ်ယောက်ဖြစ်သွားတာပဲ ဆွဲဆောင်မှုတွေက‌ မဆုံးနိုင်တော့ဘူး "

" ငါမင်းနဲ့အခုစကားပြောဖို့အားမရှိဘူး

အဲ့အရူးခရင်းကောင်က နေ့လယ်ကငါ့ကို တစ်ဝက်လောက်သေအောင်လုပ်သွားတာ သူဘယ်ဂြိုလ်ကများလာပါလိမ့်? မင်းတို့ရဲဌာနကလူအဲ့လောက်တောင် ရှားနေလား? လူတွေခေါ်နေတာလား ခွေးတွေခေါ်နေတာလားမသဲကွဲဘူး "

" အို့ သူကရဲလုပ်တာနှစ်အတော်ကြာနေပြီ ငါ့ဘဝမှာလည်း ရဲနဲ့မတူတာဆိုလို့ သူ့တစ်ယောက်ပဲတွေ့ဖူးသေးတယ် "

" ဘာလို့လဲ?"

" ငါကြားတာတော့ သူ့မိသားစုက ဓာတုဗေဓစက်ရုံကတဲ့ သူ့မှာပိုက်ဆံရှိတယ် လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ ရာဇဝတ်မှုခွဲခြမ်းစိတ်ဖြာရေးဌာနနဲ့ မီးစုံစမ်းစစ်ဆေးရေးဌာနကို မီလီယမ်ရာချီတဲ့ ပစ္စည်းကိရိယာတွေလှူခဲ့တယ်လို့ကြားတယ် အဲ့လိုလူက ဘာလာလုပ်တယ်လို့မင်းထင်လဲ? "

" ဟမ်? ငါကလူတစ်ယောက် ကောလိပ်ဝင်ဖို့ငွေတွေလှူတယ်ပဲကြားတာ အခု လှူတဲ့သူကရဲဖြစ်နိုင်သေးတာလား? "

" ဘာတွေအိပ်မက်မက်နေတာလဲ? သူ့မှာအပြည်ပြည်ဆိုင်ရာလုံခြုံရေးတက္ကသိုလ် က ရာဇဝတ်မှုစုံစမ်းထောက်လှမ်းရေး မာစတာဘွဲ့နဲ့ MIT ကဓာတုဗေဓပါရဂူဘွဲ့တွေရှိတယ် "

" Doctor ? သူကလား? " ရန်ရိ အံ့ဩစွာပြောလိုက်သည်။

" သူကအသက်ကြီးပုံလည်း မပေါ်ပါဘူး "

[ T/N : ဆေးကုတဲ့ဆရာဝန်မဟုတ်ဘဲ ဘွဲ့ Dr. မို့ Doctor ပဲရေးလိုက်ပါတယ် ]

" နှစ်ဆယ့်လေး နှစ်ဆယ့်ငါးလောက်ပေါ့ ကြည့်ရတာ တက္ကသိုလ်က အဆင့်ကျော်တက်ပေးလိုက်တယ်ထင်တယ် "

ရန်ရိ ဘုရားသခင်က အနုစိတ်ခေါက်လုပ်ထားတဲ့ မျက်နှာလေးကို တွေးလိုက်သည်။

ခဏအကြာမှာတော့ ထိုကဲ့သို့သောအကြောင်းအရာမျိုးကို ထည့်မြင်မရဘဲရှိချေ၏။

IQ ကောင်းတဲ့သူတွေက ပိုပြီးထူးဆန်းကြတာလား? TV မှာလည်းအဲ့လိုတွေတွေ့နေရတာပဲ။

ထိုသို့တွေးလိုက်ပြီးတော့ ရန်ရိအနည်းငယ်စိတ်သက်သာရာရသွားသည်။

" သူဘာလို့ရဲဌာနကိုလာတယ်လို့မင်းထင်လဲ? သူ့တစ်ဘဝလုံးငွေတွေထိုင်ဖြုန်းနေလို့ရတယ် သူ့မိသားစုစီးပွားရေးဖြစ်ဖြစ် ဓာတုဗေဒ စမ်းသပ်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ် အဲ့တာကို ရဲတစ်ယောက်ဖြစ်လာတယ်? ဒါမှမဟုတ် သူကရဲအလုပ်လို ပင်ပန်းပြီး အန္တရာယ်များတာကိုကြိုက်တာလား?" ဖုခိုင်ခါးသက်စွာပြုံးလိုက်သည်။

" ဘယ်သူမှမသိနိုင်ဘူး "

" ဘယ်သူမှသူ့ကိုမမေးကြဘူးလား? "

" မင်းလည်းသူနဲ့ပြောဆိုဖူးတာပဲ သူကမင်းအားတဲ့အချိန် မင်းနဲ့စကားလက်ဆုံကျနိုင်တဲ့သူလို့ထင်လို့လား? "

ရန်ရိ နှာခေါင်းရှုံ့လိုက်သည်။

" ဟုတ်တယ် အရမ်းစိတ်ရှုပ်ရတာပဲ "

" သူကအတော်ထူးဆန်းတယ် ဒါပေမယ့် စည်းကမ်းတွေကိုတော့မသွေဖယ်ဘူး ဘာနည်းနဲ့ဖြစ်ဖြစ် သူနဲ့မပတ်သက်နဲ့ သူကမင်းကိုပစ်မှတ်ထားတာမဟုတ်ဘူး သုကလူတိုင်းကိုအဲ့လိုပဲ ဆက်ဆံတာ "

ရန်ရိစုတ်သတ်သည်။

" ငါဒီထက်ပိုပြီး ဂရုမစိုက်နေတော့ပါဘူး ငါကသူ့ညီမထပ်‌မလာဖို့ပဲမျှော်လင့်တာ ငါ့မှာစိတ်ပါတဲ့သူရှိပြီးသား "

" okay မစိုးရိမ်ပါနဲ့ နောက်မှအတူသောက်ကြတာပေါ့ "

ဖုန်းချပြီးနောက် ရန်ရိ ဖုခိုင်ပြောသွားသည်များကို တွေးကြည့်သော်လည်း မယုံကြည်နိုင်ခြင်းများဖြင့်သာပြည့်နေသည်။

ဘာလို့ ကုံးရင့်ရှန်က ရဲဝန်ထမ်း လုပ်တာလဲ?

...............

ထိုအချိန်မှစ၍ ကုံးဖေးလန်သည် ရန်ရိအား WeChat မှလည်းစာမပို့တော့သကဲ့သို့ မီးသတ်စခန်းကိုလည်းမလာတော့ပါချေ။

ရန်ရိ သည် သူမကားအသိရှိသူတစ်ယောက် ဖြစ်ရမည်ဟုတွေးပြီး ကိစ္စသည်လည်းပြီးပြတ်သွားခဲ့သည်။

ယခုအပတ်၌ ရဲဘက်မှ ၂ ကြိမ်ခေါ်ခဲ့သော်လည်း သူမသွားခဲ့ပေ။

ရဲများကိုင်တွယ်သောပြဿနာတို့က အလွန်နတ်ဆိုးဆန်သည်။

တစ်ခါတစ်လေတော့ တစ်ပတ်နှစ်ပတ်လောက် ငြိမ်းချမ်းနေပြီး တစ်ခါတစ်လေကျပြန်တော့လည်း ရပ်ကိုမရပ်ရဘဲ အကြိမ်များစွာအဝင်အထွက် လုပ်နေရတတ်သည်။

သူ့မှာ လက်ထောက်ခေါင်းဆောင် နှစ်ယောက်ရှိပြီး အချို့အန္တရာယ်များနှင့် အ‌နိမ့်ပိုင်းရှုပ်ထွေးမှု ပြဿနာများအား လက်ထောက်နှစ်ယောက်အမိန့်အောက်တွင် ထားရှိသည်။

သူက လူအများအား ညွှန်းကြားစေခိုင်းကာ သူ့ကိုယ်သူသက်သာအောင်နေသည်။

ယခုညနေ ရန်ရိ သူ့အဖေအားတွေ့ဖို့အိမ်ပြန်တော့မည့်ဆဲဆဲ၌ ကုန်တင်ကားတိမ်းမှောက်၍ သယ်ဆောင်လာသော ကတ္တရာများက ကားကိုမြုပ်သွားစေသည် ဟု ရုတ်တရက်သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

ရန်ရိ တပ်ဖွဲ့သုံးဖွဲ့လုံးကိုခေါ်၍ အခင်းဖြစ်ရာသို့အလျင်အမြန်သွားကြသည်။

သတိပေးချက်အတိုင်းပင် ကားသည် ကုန်တင်ကားကြီးအား မျက်နှာချင်းဆိုင်အနေအထားသို့ စည်းကမ်းချိုးဖောက်ကာ ဦးတည်ရာပြောင်းလိုက်ပြီး အလေးချိန်လွန်သော ကုန်တင်ကားကြီးက ၎င်းအားလွတ်အောင်မရှောင်တိမ်းနိုင်သောအခါ ကုန်တင်ကားကြီး တိမ်းမှောက်ခဲ့ရသည်။

အခင်းနေရာမှအခြေအနေကား အလွန်းဆိုးရွား၏။

ကုန်တင်ကားသည် ကားကို၎င်းအောက်သို့ပွတ်ဆွဲသွားသော်လည်း ကုန်တင်ကားကတော့ လုံးလုံး တိမ်းမှောက်သွားခြင်းမရှိ။

အဖုံးတစ်ဖက်ရှိ တာယာသည်က ကျွတ်ထွက်သွားလျက် ကုန်တင်ကားပေါ်မှ ကတ္တရာများက ကားအားအပြည့်အဝဖုံးအုပ်သွားကာ 10 မီတာခန့်အထိပင် ပြန့်ကျဲသွားသေးသည်။

ကုန်တင်ကားမောင်းသမားက ထိခိုက်သွားခြင်းမရှိပေ။

သို့သော် သိသိသာသာထိတ်လန့်နေလျက် ရဲကားနောက်၌ထိုင်ချလိုက်ပြီး ခေါင်းကိုအုပ်ကိုင်ထား၍ လှုပ်ရှားမှုကင်းမဲ့နေသည်။

လူများက ၎င်းတို့၏ဖုန်းများအားကိုင်လျက် အံ့အားသင့်စွာ အုံကြည့်ကြသည်။

ရန်ရိ ထိုဖြစ်စဉ်အားကြည့်ရင်း စိတ်မချမ်းမှုများထင်ဟပ်လာရသည်။

မကြာမီနှစ်များက သူမတော်တဆမှုအမျိုးအစားအားလုံးကို တွေ့ခဲ့ဖူးသော်လည်း ယခုသည်သာပထမဆုံး ကတ္တရာ နှင့်ပတ်သက်တာဖြစ်သည်။

ယခုကဲ့သို့ပူပြင်းသောနေ့မျိုးမှာ ဒီကတ္တရာများ၏အပူချိန်က ရေဆူမှတ်ထိတိုင်အောင် ပြင်းထန်သည်။

ကားထဲရှိလူများ သေခြင်းတရားသို့ရောက်ရှိခြင်း မရှိသည့်တိုင် ထိုကဲ့သို့အလားတူပင်ဖြစ်ချေ၏။

အသက်ရှူကျပ်ခြင်း သို့နည်းမဟုတ် မီးလောင်ကျွမ်းခြင်းဖြင့် သေကြရပေမည်။

အကယ်၍များ ၎င်းတို့၌ဘဝအလင်းတန်းလေး ရှိနေသေးသ၍တော့ သေခြင်းတရားကိုတွန်းလှန်နိုင်လိမ့်မည်။

ရန်ရိ အမိန့်ပေးလိုက်သည်။

"တင်ချင်း နှစ်ယောက်ခေါ်သွား ယာဉ်ထိန်းရဲကိုကူညီပြီးလမ်းပိတ်နေတာတွေရှင်းဖို့လုပ် , စွေ့ရိရှောင်း မီးသတ်ဆေးဘူးအသင့်ပြင်ထား အပူချိန်မြင့်တဲ့ကတ္တရာတွေက အင်ဂျင်ကယိုစိမ့်တဲ့ ဆီကိုမီးလောင်အောင်လုပ်လိမ့်မယ် ပြီးတော့ ဂေါ်ပြားယူပြီးတူးကြ! "

" ဟုတ်ကဲ့! "

ရန်ရိ ကယ်တယ်ရေးဝတ်စုံအပေါ်ပိုင်းအား ချွတ်ကာ ခါး၌စည်းထားလိုက်သည်။

သူ၏အပေါ်ပိုင်းကိုယ်တွင်ဝတ်ထားသော စွပ်ကျယ်က ပါး၍ ခိုင်ခံ့သည်။ ရင်အုံမှ လက်မောင်းများအထိ ကြွက်သားစိုင်များက လက်မတိုင်းမှာ ကြံ့ခိုင်မှုဖြင့်ပြည့်နေပြီး လှပသည်။

ရန်ရိ တူရွင်းပြားကိုယူလိုက်ကာ စတင်၍ ကတ္တရာများကိုတူးထုတ်သည်။

မီးသတ်တပ်ဖွဲ့သုံးဖွဲ့ လူအယောက် နှစ်ဆယ်ခန့်သည် မြင့်မားလှသော 40° အပူချိန်အောက်၌ ဂေါ်ပြားများအားဝေ့ယမ်းကာ ကားအား ကတ္တရာများအောက်မှ နည်းနည်းချင်း တူးထုတ်ကြသည်။

အဆိပ်ပြင်းသောနေရောင်က သူ၏ခေါင်းအထက်မှာ ၊ အပူချိန်မြင့် ကတ္တရာများက သူ၏ခြေရင်းမှာ ဖြစ်သည်။

သူတို့၏ ခန္ဓာကိုယ်အပူချိန်ကား အနည်းဆုံး 50° 60° လောက်ရှိမည်ဟု ရန်ရိခန့်မှန်းလိုက်၏။

ကပ်စေး-အနံ့‌ဆိုးသော ကတ္တရာများပေါ် သူ့ချွေးစက်များကျသွားကာ ကြည့်ရင်းနှင့်ပင် ၎င်းတို့ချက်ချင်းအငွေ့ပျံသွားသည်...

တူးတာတစ်ဝက်လောက်အရောက်၌ ရန်ရိ သူ့လက်မောင်းများနာကျင်လာသည်ကို ခံစားမိပြီး အနည်းငယ်ပင် မူးနောက်နောက်ဖြစ်လာသည်။

သူ ခါးကိုမတ်လိုက်ကာ ရေတစ်ငုံသောက်လိုက်သည်။

သူ ရုတ်တရက် မှောက်နေသောကုန်တင်ကားကြီး လှုပ်သွားပြီး ကတ္တရာများဖိကျကာ ပြိုပျက်သံကြားလိုက်ရသည်....

ရန်ရိ တစ်ခဏတောင့်သွားသည်။ "နေဦး ရပ်ကြ "

တပ်သားများရပ်လိုက်ကြသည်။ သူတို့ပါးများမှ ရဲတွတ်နေကာ နွားများကဲ့သို့ဟောဟဲလိုက်နေကြသည်။

ရန်ရိ အလေးအနက်မျက်နှာဖြင့် အခင်းနေရာတစ်ဝိုက် ပတ်ကြည့်သည်။

ကောင်းကယ် ‌ပြောလာသည်။ "ခေါင်းဆောင် ဘာဖြစ်လို့လဲ?"

" ကတ္တရာတွေက ကုန်တင်ကားကြီးရဲ့အလေးချိန်ကိုထိန်းပေးထားတာ ငါတို့သာ ကတ္တရာတွေကိုကော်ထုတ်လိုက်ရင် ကုန်တင်ကားက ကားကိုလုံးဝပိသွားလိမ့်မယ် "

သူအစက ‌ကတ္တရာများကိုကော်ထုတ်ပြီး လူတွေကိုထုတ်စေချင်တာဖြစ်သည်။

" ငါတို့ ကုန်တင်ကားပြဿနာကိုအရင်ရှင်းရမယ် "

ကောင်းကယ် အနီးကပ်ကြည့်လိုက်သည်။

" တကယ်ပဲ ငါတို့ကုန်တင်ကားကိုအရင်ရွှေ့ရမယ် ကားရဲ့ ခရီးသည် ထိုင်ခုံကအဖိမခံရဘူး လူကအသက်ရှင်နေလောက်ဦးမယ် "

" ပစ္စည်းတွေသွားယူကြ "

ကောင်းကယ် လူနှစ်ယောက်အား ချိတ်များ¹ ယူရန်ခေါ်သွားပြီး ကုန်တင်ကားကြီးအား ချိတ်နှစ်ခုဖြင့်ချိတ်ကာ အခြားတစ်ဖက်ကိုတော့ သူတို့ရဲ့ အလတ်ဆိုဒ်ရေသယ်ကား တွင်ချည်လိုက်သည်။

ထိုကားက သေးငယ်ပြီးလုပ်ဆောင်မှုများစွာပါသဖြင့်  သူတို့မကြာခဏသုံးဖြစ်သည်။

ထိုကားက လမ်းကျဉ်းများကိုဝင်နိုင်ပြီး အမြန်ကယ်‌ဆယ်ရေးအတွက် သင့်တော်လှသည်။

ချည်နှောင်ပြီးသည်နှင့် ကားမောင်းသမားသည် ကားထဲသို့ဝင်ကာ အမြန်နှုန်းတင်လိုက်ပြီး အားအပြည့်ဖြင့်မောင်းနှင်လေသည်။

မြေပြင်မှာတော့ တာယာပွတ်ဆွဲသံများဖြစ်ပေါ်လာ၏။

ကုန်တင်ကားသည် ဆွဲမခံလိုက်ရ၍ 'ဘန်း' ဆိုသည့်အသံကြားလိုက်ရပြီး ကုန်တင်ကား၏တာယာများ မြေပြင်ပေါ်သို့ကျသွားသည်။

" ဆက်တူးကြ! "

တစ်နာရီကျော်တူးပြီးနောက် အလယ်၌မီးအနည်းငယ်တောက်လာသည်။ သို့သော် အလျင်အမြန်ပဲငြိမ်းသတ်ခံလိုက်ရကာ နောက်ဆုံးတော့ ကားသည်လည်း ကတ္တရာများကြားမှဆွဲထုတ်နိုင်ခဲ့လေပြီ။

ကားအဖုံးက လုံးဝအဖိခံလိုက်ရပြီး အနီနှင့်အဖြူအဖုံးသားက အနက်ရောင်ကတ္တရာများဖြင့်ရောနေ၍ ခွဲခြားရပင်ခက်ချေသည်။

ကောင်းကယ် ရုတ်တရက်အသိပေးသည်။

" ခေါင်းဆောင် ခရီးသည်ခုံမှာလူတစ်ယောက်ရှိတယ်! "

" ဟိုက်ဒရောလစ်သံ‌နှုတ်!²  မြန်မြန်! "

စွန်းတင့်ရိ ပုံပျက်နေသောကားတံခါးကို သံနှုတ်ဖြင့်ဖွင့်သည်။

တံခါးပွင့်ပွင့်ချင်း ကတ္တရာများကတံခါးမှတစ်ဆင့် အပြုံလိုက်ကျလာပြီး မိန်းမတစ်ယောက်သည်လည်း အောက်ကျလာသည်။

စွန်းတင့်ရိ သူမကိုဖမ်းလိုက်ကာ အကြည့်တစ်ချက်ဖြင့်ပင် မခံနိုင်သောအမူအရာဖြစ်သွားရသည်။

သူမ၏ ခန္ဓာကိုယ်နေရာအများအပြားမီးလောင်ထား၍ ခန္ဓာကိုယ်တစ်ခုလုံးသည်ကား မီးကင်ထားသော ပုစွန်ထုပ်ကဲ့သို့ပင်ရှိလေပြီ။

စွန်းတင့်ရိ သူ၏လက်အိတ်ကိုချွတ်ကာ  သူမ၏သွေးလည်ပတ်မှုလမ်းကြောင်းကို စမ်းလိုက်သည်။

" အသက်ရှင်သေးတယ်! "

ရန်ရိပြောလိုက်သည်။ " လူတွေသေချာထုတ်မယ် ဂရုတစိုက်လုပ် တူရွင်းပြားတွေမသုံးနဲ့ "

တပ်သားအချို့ လက်အိတ်များစွပ်လိုက်ကြပြီး သူမကိုယ်အောက်ပိုင်းမှ ကတ္တရာများကိုဂရုတစိုက် တူးကြကာ နောက်ဆုံးလူကိုအပြင်သယ်ထုတ်နိုင်လိုက်သည်။

သူမနာကျင်မှုဖြင့်ညည်း၏။

ပထမအဖွဲ့ အချိန်အကြာကြီးစောင့်နေကြပြီးဖြစ်သည်။

သူမကို လူနာတင်ကပ် ပေါ်တင်၍ လူနာတင်ယာဉ်ဆီခေါ်‌ဆောင်သွားကြသည်။

စွန်းတင့်ရိ သူ၏ချွေးများကိုသုတ်လိုက်ရင်း ရန်ရိကိုကြည့်သည်။ " သူမအသက်ရှင်နိုင်ပါ့မလား? "

ရန်ရိ ခေါင်းရမ်းလိုက်သည်။ " အဲ့အကြောင်းမတွေးနဲ့ အခြားတစ်ယောက်ကိုလည်းထုတ်ဖို့လုပ် "

ယာဉ်မောင်းသူနေရာမှလူသည်ကား အဖိခံရကာပုံပျက်နေပြီဖြစ်ပြီး အခြားမည်သူမှမကျန်ရှိတော့ပေ။

အသားစိုင်များနှင့် အရိုးများက ကတ္တရာများနှင့် ပေါင်းစပ်နေပြီး သွေးနံ့များက ကပ်စေးအနံ့များဖြင့်ရောနေသည်။

ထိုပုံရိပ်နှင့် ထိုအနံ့များက ရန်ရိဘဝတစ်သက်တာလုံး မေ့၍မရမည်ကိုပင်စိုးရိမ်မိပေ၏။

စခန်းရဲ့ တပ်သားတစ်ဝက်လောက်က စစ်တပ်မှအကူအဖြစ်‌စာရင်းသွင်းထားသော လူငယ်လေးများသာဖြစ်သည်။

ဒီလိုအခင်းဖြစ်စဉ်မျိုးကို သူတို့ဘယ်တုန်းကမှမတွေ့ခဲ့ဖူးပေ၊ အချို့ဆိုလျှင် တိုက်ရိုက်အန်ချကြကုန်သည်။

သူတို့ မသက်သာမှုကိုအန်တုကာ ကတ္တရာထဲမှလူကိုသယ်ထုတ်ကြရသည်။

သူတို့စခန်းပြန်ရောက်တော့ နေပင်ဝင်ချေပြီဖြစ်ကာ တပ်သားများကတော့ ကားငိုဒေါင်မှာပဲထိုင်ချလိုက်ကြပြီး အချိန်အကြာကြီး မထနိုင်ပဲရှိကြသည်။

လူတိုင်းက ညစ်ပတ်၍နံစော်နေကြပြီး အနည်းငယ်လည်း မီးသင်းခံထားကြရသည်။

ရန်ရိ သူ့မျက်လုံးများကိုမှိတ်ထားလျက် မြေကြီးပေါ်၌ပင် အနားယူနေသည်။ ရုတ်တရက် အေးသောအရာတစ်ခုခုကသူ့မျက်နှာကို ထိကပ်လာပြီး ထူးထူးဆန်းဆန်း အနေရသက်သာစေသည်။

သူ့မျက်လုံးများဖွင့်ကြည့်လိုက်တော့ ၎င်းက ချွီယမ်ပေါင် ဖြစ်သည်။

ရန်ရိ ချွီယမ်ပေါင် လက်ထဲကရေဘူးကိုယူလိုက်ပြီး 'ကျစ်' ခနဲစုတ်သတ်လိုက်လျက် ထိုသူ့ကိုပြန်ပေးလိုက်သည်။

" ဝန်ဆောင်မှုကညံ့ဖျင်းလိုက်တာ ရေဘူးက ဖွင့်လို့တောင်မရဘူး "

ချွီယမ်ပေါင် ပြုံးလိုက်ကာ သူ့အတွက်ရေဘူးဖွင့်ပေးလိုက်သည်။

" ငါမင်းကိုခွံ့တိုက်ရဦးမှာလား "

ရန်ရိ လက်ဆန့်ထုတ်လိုက်သည်။

" ထူပေးဦး "

" မင်းကအရမ်းညစ်ပတ်တယ် ကိုယ်ဘာသာထ "

ရန်ရိ ချွီယမ်ပေါင်၏ နှင်းလိုဖြူနေသောလက်မောင်းအား သူ့လက်ညစ်ပတ်ကြီးဖြင့် ဆွဲလိုက်သည်။

" အဲ့စိတ်ကျန်းမာရေးကောင်ဆီက မသင်ယူစမ်းပါနဲ့ "

ချွီယမ်ပေါင် ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုဆွဲထူလိုက်ရသည်။

ရန်ရိ ရေဘူးယူလိုက်ကာ တစ်လုပ်တည်းဖြင့်အကုန်မော့လိုက်ပြီး ရေအေးများသူ့လည်ချောင်းတစ်လျှောက်ဖြတ်စီးသွားကြသည်။

မီးအပူအရှိန်ကြောင့်ခြောက်ကပ်နေတာတွေ ခဏတာပျယ်လွင့်သွား၍ သူ့ဝိညာဉ်ပင်ပြန်ရောက်လာသလိုခံစားလိုက်ရသည်။

" ငါကြားတာ တစ်ယောက်က ကတ္တရာထဲမြုပ်သွားတယ်ဆို? "

" အင်း အဲ့တာကတကယ်စိတ်မသက်သာစရာပဲ

အခင်းဖြစ်တဲ့နေရာကလူတွေပြောကြတာတော့ ကားက ဦးတည်ရာ ကြုံရာပြောင်းလိုက်တယ် သူတို့အဲ့ဒီ့ ကုန်တင်ယာဉ်ကြီး‌ဆီကို မမှန်မကန်မောင်းနှင်တာတဲ့။ တကယ်ကိုပဲ...."

" အနည်းဆုံးတစ်ယောက်တော့ကယ်လိုက်နိုင်တာပဲ အဲ့အကြောင်းမတွေးနဲ့တော့ အခုတင်ပဲ ဝန်ထမ်းခေါင်းဆောင်ကခေါ်ပြောတယ် ဟုန်းဝူပြည်သူ့ကာကွယ်ရေးရုံးမှာ အမှုတွဲတစ်ခုရှိတယ် အဲ့တာမင်းစုံစမ်းစစ်ဆေးရေးမှာကူပေးရမယ် အဲ့တာက လွန်ခဲ့တဲ့ နှစ်လက‌ပေါ်လာတဲ့ရဲဝန်ထမ်းနဲ့ဆိုင်နေတယ် လုပ်စမ်းပါ "

" တိုက်ပေါ်ကခုန်ချပြီး ခြံစည်းရိုးပေါ်တင်နေတဲ့တစ်ယောက်လား? "

" ဟုတ်တယ် ရဲတွေက အဲ့တာသတ်သေတာမဖြစ်နိုင်ဘူး လို့ သံသယရှိနေတယ် "

" ကောင်းပြီ ငါမနက်ဖြန်သွားလိုက်မယ် "

ချွီယမ်ပေါင် ရန်ရိပုခုံးကိုပုတ်လိုက်သည်။

" ကျေးဇူးပဲ "

ရန်ရိ ပန်းလျစွာပြုံးပြလိုက်သည်။

_______________________

Translator's Notes

1. Hook lock -

2. Hydraulic Pliers -

******************************

[ Zawgyi Version ]

ရန္ရိ ကုံးရင့္ရွန္မ်က္ႏွာအား စူးစမ္းစိတ္ျဖင့္ တစ္ခဏၾကာၾကည့္ေနမိသည္။

ကုံးရင့္ရွန္ ကေတာ့သူ႔ကိုလ်စ္လ်ဴရႈထား၏။

" ေဖးလန္ ငါမင္းကိုအိမ္ျပန္ပို႔ေပးမယ္ "

ကုံးေဖးလန္ ေခါင္းငုံ႔ထားၿပီးဘာတစ္လုံးမွမဟ။

" အရင္ဆုံး ငါ့ေနရာကိုသြားရေအာင္ ငါအန္တီ့ကိုေျပာေပးမယ္ "

" ဘာမ်ားေျပာေပးဦးမွာလဲ " ကုံးေဖးလန္ႏႈတ္ခမ္းတစ္ဖက္တြန႔္သြားသည္။

" ငါတစ္သက္လုံးအိမ္မျပန္ရင္ေတာင္ သူသိမွာမဟုတ္ဘူး "

" ငါနဲ႔အရင္ျပန္လိုက္ခဲ့ပါ "  ကုံးရင့္ရွန္ ရန္ရိအား ေစာင္းငဲ့ၾကည့္လိုက္သည္။

" မင္း ဒီလိုေနရာမ်ိဳး ကိုေနာက္ထပ္ ထပ္လာစရာမလိုဘူး"

ရန္ရိ သတိျပန္ဝင္လာၿပီး၊ ဒီလူက အရမ္းေဒါသထြက္စရာေကာင္းတာကို၊ သူေတာ့မ်က္စိကန္းသြားၿပီ လို႔ သူ႔ဘာသာေတြးလိုက္သည္။

[T/N : Seme ရဲ႕အလွတရားမွာေႂကြသြားမိလို႔ ကိုယ့္ဘာသာျပန္တရားခ်ေန :၀ ]

" ဘာကို ' ဒီလိုေနရာမ်ိဳး ' လဲ? "

သူလက္ပိုက္လိုက္ကာ ကုံးရင့္ရွန္အား ‌ေဒါသထြက္လ်က္ၾကည့္လိုက္သည္။

" ဒီေနရာက ထ်န္ခ်ီၿမိဳ႕၊ ဟုန္းဝူပိုင္နက္ ၊ ျပည္သူ႔မီးသတ္လုံၿခဳံေရးဌာနရဲ႕ ဖီးနစ္အထူးမီးျငႇိမ္းသတ္ေရးစခန္းပါ

အသက္အိုးအိမ္ေတြနဲ႔ 12 စတုရန္းကီလိုမီတာက လူေတြကိုကာကြယ္ေပးတဲ့ေနရာ

မင္း ' ဒီလိုေနရာမ်ိဳး ' လို႔ေျပာလိုက္တာအေပၚ ဘယ္လိုထင္ျမင္ခ်က္မ်ားရွိတာလဲ? "

" ဒီေနရာက ပတ္ဝန္းက်င္သန႔္ရွင္းမႈအဆင့္အတန္းနိမ့္ၿပီး သန႔္ရွင္းမႈအဆင့္အတန္းနိမ့္တဲ့လူေတြ အုပ္စုဖြဲ႕ေနတဲ့ေနရာ "

ကုံးေဖးလန္ထရပ္လိုက္သည္။

" ဝမ္းကြဲအစ္ကို ဆက္မေျပာနဲ႔ေတာ့ "

" မင္းမ်က္လုံးက ဘာလို႔ငါတို႔သန႔္ရွင္းမႈကအဆင့္မျမင့္ဘူး ထင္ရတာလဲ? ငါေန႔တိုင္းေရခ်ိဳးတယ္ "

ရန္ရိ ကုံးရင့္ရွန္အားစိုက္ၾကည့္လိုက္သည္။

" အိုး ေတာင္းပန္ပါတယ္ ကိုယ္က အသက္ရႉႏိုင္ဖို႔ေတာ့ အရက္ျပန္မသုံးဘူးေပါ့ မင္းရဲ႕သန႔္ရွင္းမႈ အဆင့္အတန္းကိုေတာ့မမွီႏိုင္ပါဘူး "

" ခင္မ်ား စခန္းမွာလူဘယ္ႏွေယာက္ရွိလဲ? "

" 42 ဘာလို႔လဲ? မင္းတစ္ေယာက္ခ်င္းစီကို ပိုးလိုက္သတ္မလို႔လား? "

" သန႔္ရွင္းေရးနမူနာစစ္ေဆးခ်က္အတြက္ေတာ့ ခင္မ်ားက ၄၂ လုံးအတြက္အခ်က္အလက္ လုံလုံေလာက္ေလာက္မေပးႏိုင္ဘူး ဒါေပမယ့္ ဒီစခန္းရဲ႕ စခန္းမႉးတစ္ေယာက္အေနနဲ႔ ခင္မ်ားေခါင္းေဆာင္တဲ့အဖြဲ႕ရဲ႕ ပ်မ္းမွ်အဆင့္ေတာ့ ရွိရမယ္ "

ကုံးရင့္ရွန္ ရန္ရိအား အေပၚမွေအာက္သို႔ အၾကည့္မ်ားပစ္လႊတ္လိုက္ရင္း ‌ႏွာမႈတ္လ်က္ ေအးစက္စြာေျပာလာသည္။

" ခင္မ်ားဖိနပ္ကိုဖီးနစ္စခန္းရဲ႕ ပတ္ဝန္းက်င္နမူနာအေနနဲ႔ သုံးႏိုင္တယ္ "

ရန္ရိ ေယာင္ၿပီးသူ႔ဖိနပ္သူငုံ႔ၾကည့္လိုက္သည္။ အနည္းငယ္ေတာ့ညစ္ပတ္ေန၏။

သူစိတ္ထဲမွက်ိန္ဆဲလိုက္ကာ ခုံမွထရပ္လိုက္သည္။

" မင္း ပုံမွန္မဟုတ္ဘူးလား? "

" ခင္မ်ား ' ပုံမွန္ ' ဆိုတာကိုအရင္စာဖြဲ႕ၾကည့္ "

" ဝမ္းကြဲအစ္ကို " ကုံးေဖးလန္ ကုံးရင့္ရွန္၏ေက်ာအားတြန္းလိုက္သည္။

" ငါျပန္လိုက္မယ္ အခုပဲျပန္ၾကရေအာင္ "

သူမ ရန္ရိအား ေတာင္းပန္ေသာအၾကည့္ျဖင့္ၾကည့္လိုက္ၿပီး ေျပာသည္။

" ကြၽန္မေတာင္းပန္ပါတယ္ "

" မင္း ဒီကိုအျပစ္အနာအဆာေတြ လာရွာတာလား? ငါမင္းကို စိတ္ထိခိုက္ေအာင္လုပ္မိလို႔လား? ဒါမွမဟုတ္ မင္းကပဲ တစ္ဖက္လူကို ေသာက္ရမ္းအဆင့္ေတြျမင့္ျပတတ္တဲ့သူလား? "

ရန္ရိ ေဒါသထြက္လ်က္ေျပာလိုက္သည္။

" ငါက မင္းညီမကိုကယ္ခဲ့တာပါ မင္းငါ့ကိုေက်းဇူးမတင္လည္းရတယ္ မင္းအျပဳအမူေတြကဘာလို႔ အရမ္းဆိုး႐ြားေနရတာလဲ? "

ကုံးရင့္ရွန္ မ်က္ခုံးမ်ားက်ဳံးသြားသည္။

" ခင္မ်ားက ကြၽန္ေတာ့္ညီမကိုကယ္တာ၊ ကြၽန္ေတာ့္ကိုကယ္တာမွမဟုတ္ဘဲ ဘာလို႔ေက်းဇူးတင္ရမွာလဲ? "

" မင္း..."

ရန္ရိအရမ္းေဒါသထြက္ေနၿပီး တစ္ေယာက္ေယာက္ကို ကန္ေက်ာက္လိုက္ခ်င္သည္။

" မင္းငါ့ကိုေက်းဇူးမတင္ရင္ေတာင္ ငါ့ကိုပုံစံလာသြင္းစရာမလိုဘူးေလ အခုဒီကိစၥမွာပါတဲ့ ေဖးလန္ မင္းမွာမင္းအစ္ကိုကို ေျပာစရာမရွိဘူးလား? "

ကုံးရင့္ရွန္ ကုံးေဖးလန္အားငုံ႔ၾကည့္လိုက္သည္။

ကုံးေဖးလန္က သူမႏႈတ္ခမ္းမ်ားကိုမေပ်ာ္႐ႊင္စြာကိုက္ထားသည္။

" သူက ငါ့ခ်စ္သူမဟုတ္ဘူး "

ရန္ရိ သူ႔လက္မ်ားကို ျဖန႔္ကားလိုက္သည္။

" မင္းၾကားလား ?"

ကုံးေဖးလန္ ယုံၾကည္ခ်က္ရွိစြာေျပာသည္။

" ဒါေပမယ့္ တစ္ေန႔ေတာ့ငါ့ခ်စ္သူျဖစ္လာမွာ "

" သူျဖစ္လာမွမဟုတ္ဘူး " ကုံးရင့္ရွန္ ကုံးေဖးလန္အားျပန္ရန္ဆြဲလိုက္သည္။

[ T/N - မွန္ပါေပ့ သူကမင္းခ်စ္သူျဖစ္လာမွာ မင္းညီမခ်စ္သူမဟုတ္ဘူး 6-6 ]

" မင္းရပ္လိုက္စမ္း "

ရန္ရိ အက်ယ္ႀကီးေျပာ‌လိုက္သည္။

ကုံးရင့္ရွန္ ရပ္လိုက္ကာရန္ရိအား အဓိပၸါယ္မပါေသာ အၾကည့္ျဖင့္ၾကည့္လိုက္သည္။

" မင္းအကုန္ၾကားၿပီးၿပီပဲ ငါ့ကိုမွားခဲ့တာေရာ ငါ့အိမ္ကိုလာရွာၿပီးေမးတာေရာအတြက္ မေတာင္းပန္သင့္ဘူးလား? "

" သီအိုရီအရေတာ့ မွန္ပါတယ္ "

" ....အဲ့တာဆို ေတာင္းပန္ေလ "

" ဒါေပမယ့္ ကြၽန္ေတာ္မေတာင္းပန္ခ်င္ဘူး "

ရန္ရိ မ်က္လုံးမ်ားတန္းသြားသည္။

" မင္း.....မင္းမွားတာ..မသိဘူးလား ငါ့ကိုမေတာင္းပန္ခ်င္ဘူးေပါ့? "

" ဟုတ္တယ္ " ကုံးရင့္ရွန္ အမူအရာကား အလြန္တည္ၿငိမ္၍ေအးေဆးသည္။

သူ႔အား တည္တည္ၿငိမ္ၿငိမ္ဆက္ဆံေနသကဲ့သို႔။

ရန္ရိ အသက္ကိုနက္နက္ရႉသြင္းလိုက္ၿပီး အေရးမပါတဲ့ကိစၥကိုသည္းခံဖို႔ သူ႔တစ္ဘဝလုံးစာ သည္းခံျခင္းတရားေတြကိုသုံးလိုက္ရ၏။

သူေခါင္းညိတ္ၿပီး ႏွစ္ေယာက္လုံးကိုလက္ခါျပလိုက္သည္။

" သြားၾက သြားၾက ျမန္ျမန္ "

ကုံးေဖးလန္ ေအာ္ေျပာသည္။

" ရန္ေကာ ကြၽန္မေတာင္းပန္ပါတယ္..... "

ကုံးရင့္ရွန္က ကုံးေဖးလန္အားဆြဲကာ ျပန္လွည့္မၾကည့္ဘဲထြက္သြားသည္။

ရန္ရိ သူ႔မ်က္ႏွာကိုပြတ္သုတ္လိုက္ရင္း သူ႔ရင္ထဲမွာမီးစေသးေသးေလး ေတာက္ေလာင္လာသည္ဟုပင္ခံစားရသည္။

သူ ထိုင္ခုံကိုဆြဲလွည့္လိုက္ၿပီး ကူရွင္အား အႀကိမ္အေတာ္မ်ားမ်ား ထိုးလိုက္၏။

ရန္ရိ အရမ္းစိတ္ဆိုးေနၿပီး ညစာပင္မစားေခ်။

သူ သူ႔အ‌ေဆာင္အခန္းမွာပဲသီခ်င္းနားေထာင္ရန္ ေနလိုက္သည္။

သူအၿမဲတမ္း rock နဲ႔ rap သီခ်င္းမ်ားနားေထာင္ေလ့ရွိသည္။

ဒီေန႔ေတာ့ သူပထမဆုံးအႀကိမ္အျဖစ္ စိတ္ေအးေစေသာ ေပါ့ေပါ့ပါးပါး သီခ်င္းမ်ား နားေထာင္ျဖစ္ပါ၏။

သူအိပ္ေပ်ာ္ေတာ့မည့္ဆဲဆဲအခ်ိန္မွာပဲ ဖုန္းျမည္လာသည္။

ရန္ရိ ဖုန္း screen ကိုလွမ္းၾကည့္လိုက္ေတာ့ ဖုခိုင္ ျဖစ္သည္။

သူ လက္ခံ ကိုႏွိပ္လိုက္ၿပီး အားနည္းစြာ " hey " ဟု အသံကိုျပဳလိုက္သည္။

" ရန္စစ္ေဟာ္ မင္းဘာျဖစ္ေနတာလဲ? " ဖုခိုင္ကစေနာက္လိုက္သည္။

" မယုံႏိုင္စရာပဲ  "

[ T/N : သူေခၚလိုက္တာက Ren Sì Huô

「任四火」四 - sì က တ႐ုတ္အကၡရာ "ေလး" ၊  火 - huô က မီး လို႔အဓိပၸါယ္ရတယ္ ]

" မင္းက 'ခန႔္မွန္းရခက္' တဲ့ေကာင္ပဲ ဘာလို႔ဖုန္းဆက္တာလဲ?"

" မင္းကငါ့ကိုဘာလို႔လဲေမးေနေသးတယ္? မင္းေန႔လယ္ကငါ့ကို စိုးရိမ္တႀကီးနဲ႔ ကုံးရင့္ရွန္ဖုန္းနံပါတ္ေမးတယ္ေလ ဘာကိစၥရွိလို႔လဲ? မင္းသူနဲ႔ပတ္သက္ခ်င္ေနတာလား? "

" ေျပာရရင္ရွည္တယ္ "

" ရွည္ရင္ တိုလိုက္ "

ရန္ရိ ျဖစ္ေၾကာင္းစုံလင္အား ပ်င္းတြဲစြာေျပာလိုက္သည္။

" ေဝါင္း မင္းကေဈးႀကီး႐ုပ္ရွင္႐ိုက္တဲ့ မီးသတ္သမားတစ္ေယာက္ျဖစ္သြားတာပဲ ဆြဲေဆာင္မႈေတြက‌ မဆုံးႏိုင္ေတာ့ဘူး "

" ငါမင္းနဲ႔အခုစကားေျပာဖို႔အားမရွိဘူး

အဲ့အ႐ူးခရင္းေကာင္က ေန႔လယ္ကငါ့ကို တစ္ဝက္ေလာက္ေသေအာင္လုပ္သြားတာ သူဘယ္ၿဂိဳလ္ကမ်ားလာပါလိမ့္? မင္းတို႔ရဲဌာနကလူအဲ့ေလာက္ေတာင္ ရွားေနလား? လူေတြေခၚေနတာလား ေခြးေတြေခၚေနတာလားမသဲကြဲဘူး "

" အို႔ သူကရဲလုပ္တာႏွစ္အေတာ္ၾကာေနၿပီ ငါ့ဘဝမွာလည္း ရဲနဲ႔မတူတာဆိုလို႔ သူ႔တစ္ေယာက္ပဲေတြ႕ဖူးေသးတယ္ "

" ဘာလို႔လဲ?"

" ငါၾကားတာေတာ့ သူ႔မိသားစုက ဓာတုေဗဓစက္႐ုံကတဲ့ သူ႔မွာပိုက္ဆံရွိတယ္ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက သူ ရာဇဝတ္မႈခြဲျခမ္းစိတ္ျဖာေရးဌာနနဲ႔ မီးစုံစမ္းစစ္ေဆးေရးဌာနကို မီလီယမ္ရာခ်ီတဲ့ ပစၥည္းကိရိယာေတြလႉခဲ့တယ္လို႔ၾကားတယ္ အဲ့လိုလူက ဘာလာလုပ္တယ္လို႔မင္းထင္လဲ? "

" ဟမ္? ငါကလူတစ္ေယာက္ ေကာလိပ္ဝင္ဖို႔ေငြေတြလႉတယ္ပဲၾကားတာ အခု လႉတဲ့သူကရဲျဖစ္ႏိုင္ေသးတာလား? "

" ဘာေတြအိပ္မက္မက္ေနတာလဲ? သူ႔မွာအျပည္ျပည္ဆိုင္ရာလုံၿခဳံေရးတကၠသိုလ္ က ရာဇဝတ္မႈစုံစမ္းေထာက္လွမ္းေရး မာစတာဘြဲ႕နဲ႔ MIT ကဓာတုေဗဓပါရဂူဘြဲ႕ေတြရွိတယ္ "

" Doctor ? သူကလား? " ရန္ရိ အံ့ဩစြာေျပာလိုက္သည္။

" သူကအသက္ႀကီးပုံလည္း မေပၚပါဘူး "

[ T/N : ေဆးကုတဲ့ဆရာဝန္မဟုတ္ဘဲ ဘြဲ႕ Dr. မို႔ Doctor ပဲေရးလိုက္ပါတယ္ ]

" ႏွစ္ဆယ့္ေလး ႏွစ္ဆယ့္ငါးေလာက္ေပါ့ ၾကည့္ရတာ တကၠသိုလ္က အဆင့္ေက်ာ္တက္ေပးလိုက္တယ္ထင္တယ္ "

ရန္ရိ ဘုရားသခင္က အႏုစိတ္ေခါက္လုပ္ထားတဲ့ မ်က္ႏွာေလးကို ေတြးလိုက္သည္။

ခဏအၾကာမွာေတာ့ ထိုကဲ့သို႔ေသာအေၾကာင္းအရာမ်ိဳးကို ထည့္ျမင္မရဘဲရွိေခ်၏။

IQ ေကာင္းတဲ့သူေတြက ပိုၿပီးထူးဆန္းၾကတာလား? TV မွာလည္းအဲ့လိုေတြေတြ႕ေနရတာပဲ။

ထိုသို႔ေတြးလိုက္ၿပီးေတာ့ ရန္ရိအနည္းငယ္စိတ္သက္သာရာရသြားသည္။

" သူဘာလို႔ရဲဌာနကိုလာတယ္လို႔မင္းထင္လဲ? သူ႔တစ္ဘဝလုံးေငြေတြထိုင္ျဖဳန္းေနလို႔ရတယ္ သူ႔မိသားစုစီးပြားေရးျဖစ္ျဖစ္ ဓာတုေဗဒ စမ္းသပ္တာပဲျဖစ္ျဖစ္ လုပ္လို႔ရတယ္ အဲ့တာကို ရဲတစ္ေယာက္ျဖစ္လာတယ္? ဒါမွမဟုတ္ သူကရဲအလုပ္လို ပင္ပန္းၿပီး အႏၲရာယ္မ်ားတာကိုႀကိဳက္တာလား?" ဖုခိုင္ခါးသက္စြာၿပဳံးလိုက္သည္။

" ဘယ္သူမွမသိႏိုင္ဘူး "

" ဘယ္သူမွသူ႔ကိုမေမးၾကဘူးလား? "

" မင္းလည္းသူနဲ႔ေျပာဆိုဖူးတာပဲ သူကမင္းအားတဲ့အခ်ိန္ မင္းနဲ႔စကားလက္ဆုံက်ႏိုင္တဲ့သူလို႔ထင္လို႔လား? "

ရန္ရိ ႏွာေခါင္းရႈံ႕လိုက္သည္။

" ဟုတ္တယ္ အရမ္းစိတ္ရႈပ္ရတာပဲ "

" သူကအေတာ္ထူးဆန္းတယ္ ဒါေပမယ့္ စည္းကမ္းေတြကိုေတာ့မေသြဖယ္ဘူး ဘာနည္းနဲ႔ျဖစ္ျဖစ္ သူနဲ႔မပတ္သက္နဲ႔ သူကမင္းကိုပစ္မွတ္ထားတာမဟုတ္ဘူး သုကလူတိုင္းကိုအဲ့လိုပဲ ဆက္ဆံတာ "

ရန္ရိစုတ္သတ္သည္။

" ငါဒီထက္ပိုၿပီး ဂ႐ုမစိုက္ေနေတာ့ပါဘူး ငါကသူ႔ညီမထပ္‌မလာဖို႔ပဲေမွ်ာ္လင့္တာ ငါ့မွာစိတ္ပါတဲ့သူရွိၿပီးသား "

" okay မစိုးရိမ္ပါနဲ႔ ေနာက္မွအတူေသာက္ၾကတာေပါ့ "

ဖုန္းခ်ၿပီးေနာက္ ရန္ရိ ဖုခိုင္ေျပာသြားသည္မ်ားကို ေတြးၾကည့္ေသာ္လည္း မယုံၾကည္ႏိုင္ျခင္းမ်ားျဖင့္သာျပည့္ေနသည္။

ဘာလို႔ ကုံးရင့္ရွန္က ရဲဝန္ထမ္း လုပ္တာလဲ?

...............

ထိုအခ်ိန္မွစ၍ ကုံးေဖးလန္သည္ ရန္ရိအား WeChat မွလည္းစာမပို႔ေတာ့သကဲ့သို႔ မီးသတ္စခန္းကိုလည္းမလာေတာ့ပါေခ်။

ရန္ရိ သည္ သူမကားအသိရွိသူတစ္ေယာက္ ျဖစ္ရမည္ဟုေတြးၿပီး ကိစၥသည္လည္းၿပီးျပတ္သြားခဲ့သည္။

ယခုအပတ္၌ ရဲဘက္မွ ၂ ႀကိမ္ေခၚခဲ့ေသာ္လည္း သူမသြားခဲ့ေပ။

ရဲမ်ားကိုင္တြယ္ေသာျပႆနာတို႔က အလြန္နတ္ဆိုးဆန္သည္။

တစ္ခါတစ္ေလေတာ့ တစ္ပတ္ႏွစ္ပတ္ေလာက္ ၿငိမ္းခ်မ္းေနၿပီး တစ္ခါတစ္ေလက်ျပန္ေတာ့လည္း ရပ္ကိုမရပ္ရဘဲ အႀကိမ္မ်ားစြာအဝင္အထြက္ လုပ္ေနရတတ္သည္။

သူ႔မွာ လက္ေထာက္ေခါင္းေဆာင္ ႏွစ္ေယာက္ရွိၿပီး အခ်ိဳ႕အႏၲရာယ္မ်ားႏွင့္ အ‌နိမ့္ပိုင္းရႈပ္ေထြးမႈ ျပႆနာမ်ားအား လက္ေထာက္ႏွစ္ေယာက္အမိန႔္ေအာက္တြင္ ထားရွိသည္။

သူက လူအမ်ားအား ၫႊန္းၾကားေစခိုင္းကာ သူ႔ကိုယ္သူသက္သာေအာင္ေနသည္။

ယခုညေန ရန္ရိ သူ႔အေဖအားေတြ႕ဖို႔အိမ္ျပန္ေတာ့မည့္ဆဲဆဲ၌ ကုန္တင္ကားတိမ္းေမွာက္၍ သယ္ေဆာင္လာေသာ ကတၱရာမ်ားက ကားကိုျမဳပ္သြားေစသည္ ဟု ႐ုတ္တရက္သတိေပးခ်က္ ထြက္ေပၚလာခဲ့သည္။

ရန္ရိ တပ္ဖြဲ႕သုံးဖြဲ႕လုံးကိုေခၚ၍ အခင္းျဖစ္ရာသို႔အလ်င္အျမန္သြားၾကသည္။

သတိေပးခ်က္အတိုင္းပင္ ကားသည္ ကုန္တင္ကားႀကီးအား မ်က္ႏွာခ်င္းဆိုင္အေနအထားသို႔ စည္းကမ္းခ်ိဳးေဖာက္ကာ ဦးတည္ရာေျပာင္းလိုက္ၿပီး အေလးခ်ိန္လြန္ေသာ ကုန္တင္ကားႀကီးက ၎အားလြတ္ေအာင္မေရွာင္တိမ္းႏိုင္ေသာအခါ ကုန္တင္ကားႀကီး တိမ္းေမွာက္ခဲ့ရသည္။

အခင္းေနရာမွအေျခအေနကား အလြန္းဆိုး႐ြား၏။

ကုန္တင္ကားသည္ ကားကို၎ေအာက္သို႔ပြတ္ဆြဲသြားေသာ္လည္း ကုန္တင္ကားကေတာ့ လုံးလုံး တိမ္းေမွာက္သြားျခင္းမရွိ။

အဖုံးတစ္ဖက္ရွိ တာယာသည္က ကြၽတ္ထြက္သြားလ်က္ ကုန္တင္ကားေပၚမွ ကတၱရာမ်ားက ကားအားအျပည့္အဝဖုံးအုပ္သြားကာ 10 မီတာခန႔္အထိပင္ ျပန႔္က်ဲသြားေသးသည္။

ကုန္တင္ကားေမာင္းသမားက ထိခိုက္သြားျခင္းမရွိေပ။

သို႔ေသာ္ သိသိသာသာထိတ္လန႔္ေနလ်က္ ရဲကားေနာက္၌ထိုင္ခ်လိုက္ၿပီး ေခါင္းကိုအုပ္ကိုင္ထား၍ လႈပ္ရွားမႈကင္းမဲ့ေနသည္။

လူမ်ားက ၎တို႔၏ဖုန္းမ်ားအားကိုင္လ်က္ အံ့အားသင့္စြာ အုံၾကည့္ၾကသည္။

ရန္ရိ ထိုျဖစ္စဥ္အားၾကည့္ရင္း စိတ္မခ်မ္းမႈမ်ားထင္ဟပ္လာရသည္။

မၾကာမီႏွစ္မ်ားက သူမေတာ္တဆမႈအမ်ိဳးအစားအားလုံးကို ေတြ႕ခဲ့ဖူးေသာ္လည္း ယခုသည္သာပထမဆုံး ကတၱရာ ႏွင့္ပတ္သက္တာျဖစ္သည္။

ယခုကဲ့သို႔ပူျပင္းေသာေန႔မ်ိဳးမွာ ဒီကတၱရာမ်ား၏အပူခ်ိန္က ေရဆူမွတ္ထိတိုင္ေအာင္ ျပင္းထန္သည္။

ကားထဲရွိလူမ်ား ေသျခင္းတရားသို႔ေရာက္ရွိျခင္း မရွိသည့္တိုင္ ထိုကဲ့သို႔အလားတူပင္ျဖစ္ေခ်၏။

အသက္ရႉက်ပ္ျခင္း သို႔နည္းမဟုတ္ မီးေလာင္ကြၽမ္းျခင္းျဖင့္ ေသၾကရေပမည္။

အကယ္၍မ်ား ၎တို႔၌ဘဝအလင္းတန္းေလး ရွိေနေသးသ၍ေတာ့ ေသျခင္းတရားကိုတြန္းလွန္ႏိုင္လိမ့္မည္။

ရန္ရိ အမိန႔္ေပးလိုက္သည္။

"တင္ခ်င္း ႏွစ္ေယာက္ေခၚသြား ယာဥ္ထိန္းရဲကိုကူညီၿပီးလမ္းပိတ္ေနတာေတြရွင္းဖို႔လုပ္ , ေဆြရိရွန္း မီးသတ္ေဆးဘူးအသင့္ျပင္ထား အပူခ်ိန္ျမင့္တဲ့ကတၱရာေတြက အင္ဂ်င္ကယိုစိမ့္တဲ့ ဆီကိုမီးေလာင္ေအာင္လုပ္လိမ့္မယ္ ၿပီးေတာ့ ေဂၚျပားယူၿပီးတူးၾက! "

" ဟုတ္ကဲ့! "

ရန္ရိ ကယ္တယ္ေရးဝတ္စုံအေပၚပိုင္းအား ခြၽတ္ကာ ခါး၌စည္းထားလိုက္သည္။

သူ၏အေပၚပိုင္းကိုယ္တြင္ဝတ္ထားေသာ စြပ္က်ယ္က ပါး၍ ခိုင္ခံ့သည္။ ရင္အုံမွ လက္ေမာင္းမ်ားအထိ ႂကြက္သားစိုင္မ်ားက လက္မတိုင္းမွာ ႀကံ့ခိုင္မႈျဖင့္ျပည့္ေနၿပီး လွပသည္။

ရန္ရိ တူ႐ြင္းျပားကိုယူလိုက္ကာ စတင္၍ ကတၱရာမ်ားကိုတူးထုတ္သည္။

မီးသတ္တပ္ဖြဲ႕သုံးဖြဲ႕ လူအေယာက္ ႏွစ္ဆယ္ခန႔္သည္ ျမင့္မားလွေသာ 40° အပူခ်ိန္ေအာက္၌ ေဂၚျပားမ်ားအားေဝ့ယမ္းကာ ကားအား ကတၱရာမ်ားေအာက္မွ နည္းနည္းခ်င္း တူးထုတ္ၾကသည္။

အဆိပ္ျပင္းေသာေနေရာင္က သူ၏ေခါင္းအထက္မွာ ၊ အပူခ်ိန္ျမင့္ ကတၱရာမ်ားက သူ၏ေျခရင္းမွာ ျဖစ္သည္။

သူတို႔၏ ခႏၶာကိုယ္အပူခ်ိန္ကား အနည္းဆုံး 50° 60° ေလာက္ရွိမည္ဟု ရန္ရိခန႔္မွန္းလိုက္၏။

ကပ္ေစး-အနံ႔‌ဆိုးေသာ ကတၱရာမ်ားေပၚ သူ႔ေခြၽးစက္မ်ားက်သြားကာ ၾကည့္ရင္းႏွင့္ပင္ ၎တို႔ခ်က္ခ်င္းအေငြ႕ပ်ံသြားသည္...

တူးတာတစ္ဝက္ေလာက္အေရာက္၌ ရန္ရိ သူ႔လက္ေမာင္းမ်ားနာက်င္လာသည္ကို ခံစားမိၿပီး အနည္းငယ္ပင္ မူးေနာက္ေနာက္ျဖစ္လာသည္။

သူ ခါးကိုမတ္လိုက္ကာ ေရတစ္ငုံေသာက္လိုက္သည္။

သူ ႐ုတ္တရက္ ေမွာက္ေနေသာကုန္တင္ကားႀကီး လႈပ္သြားၿပီး ကတၱရာမ်ားဖိက်ကာ ၿပိဳပ်က္သံၾကားလိုက္ရသည္....

ရန္ရိ တစ္ခဏေတာင့္သြားသည္။ "ေနဦး ရပ္ၾက "

တပ္သားမ်ားရပ္လိုက္ၾကသည္။ သူတို႔ပါးမ်ားမွ ရဲတြတ္ေနကာ ႏြားမ်ားကဲ့သို႔ေဟာဟဲလိုက္ေနၾကသည္။

ရန္ရိ အေလးအနက္မ်က္ႏွာျဖင့္ အခင္းေနရာတစ္ဝိုက္ ပတ္ၾကည့္သည္။

ေကာင္ေကာ‌ေျပာလာသည္။ "ေခါင္းေဆာင္ ဘာျဖစ္လို႔လဲ?"

" ကတၱရာေတြက ကုန္တင္ကားႀကီးရဲ႕အေလးခ်ိန္ကိုထိန္းေပးထားတာ ငါတို႔သာ ကတၱရာေတြကိုေကာ္ထုတ္လိုက္ရင္ ကုန္တင္ကားက ကားကိုလုံးဝပိသြားလိမ့္မယ္ "

သူအစက ‌ကတၱရာမ်ားကိုေကာ္ထုတ္ၿပီး လူေတြကိုထုတ္ေစခ်င္တာျဖစ္သည္။

" ငါတို႔ ကုန္တင္ကားျပႆနာကိုအရင္ရွင္းရမယ္ "

ေကာင္ေကာ အနီးကပ္ၾကည့္လိုက္သည္။

" တကယ္ပဲ ငါတို႔ကုန္တင္ကားကိုအရင္ေ႐ႊ႕ရမယ္ ကားရဲ႕ ခရီးသည္ ထိုင္ခုံကအဖိမခံရဘူး လူကအသက္ရွင္ေနေလာက္ဦးမယ္ "

" ပစၥည္းေတြသြားယူၾက "

ေကာင္ေကာ လူႏွစ္ေယာက္အား ခ်ိတ္မ်ား¹ ယူရန္ေခၚသြားၿပီး ကုန္တင္ကားႀကီးအား ခ်ိတ္ႏွစ္ခုျဖင့္ခ်ိတ္ကာ အျခားတစ္ဖက္ကိုေတာ့ သူတို႔ရဲ႕ အလတ္ဆိုဒ္ေရသယ္ကား တြင္ခ်ည္လိုက္သည္။

ထိုကားက ေသးငယ္ၿပီးလုပ္ေဆာင္မႈမ်ားစြာပါသျဖင့္  သူတို႔မၾကာခဏသုံးျဖစ္သည္။

ထိုကားက လမ္းက်ဥ္းမ်ားကိုဝင္ႏိုင္ၿပီး အျမန္ကယ္‌ဆယ္ေရးအတြက္ သင့္ေတာ္လွသည္။

ခ်ည္ေႏွာင္ၿပီးသည္ႏွင့္ ကားေမာင္းသမားသည္ ကားထဲသို႔ဝင္ကာ အျမန္ႏႈန္းတင္လိုက္ၿပီး အားအျပည့္ျဖင့္ေမာင္းႏွင္ေလသည္။

ေျမျပင္မွာေတာ့ တာယာပြတ္ဆြဲသံမ်ားျဖစ္ေပၚလာ၏။

ကုန္တင္ကားသည္ ဆြဲမခံလိုက္ရ၍ 'ဘန္း' ဆိုသည့္အသံၾကားလိုက္ရၿပီး ကုန္တင္ကား၏တာယာမ်ား ေျမျပင္ေပၚသို႔က်သြားသည္။

" ဆက္တူးၾက! "

တစ္နာရီေက်ာ္တူးၿပီးေနာက္ အလယ္၌မီးအနည္းငယ္ေတာက္လာသည္။ သို႔ေသာ္ အလ်င္အျမန္ပဲၿငိမ္းသတ္ခံလိုက္ရကာ ေနာက္ဆုံးေတာ့ ကားသည္လည္း ကတၱရာမ်ားၾကားမွဆြဲထုတ္ႏိုင္ခဲ့ေလၿပီ။

ကားအဖုံးက လုံးဝအဖိခံလိုက္ရၿပီး အနီႏွင့္အျဖဴအဖုံးသားက အနက္ေရာင္ကတၱရာမ်ားျဖင့္ေရာေန၍ ခြဲျခားရပင္ခက္ေခ်သည္။

ေကာင္ေကာ ႐ုတ္တရက္အသိေပးသည္။

" ေခါင္းေဆာင္ ခရီးသည္ခုံမွာလူတစ္ေယာက္ရွိတယ္! "

" ဟိုက္ဒေရာလစ္သံ‌ႏႈတ္!²  ျမန္ျမန္! "

စြန္းတင့္ရီး ပုံပ်က္ေနေသာကားတံခါးကို သံႏႈတ္ျဖင့္ဖြင့္သည္။

တံခါးပြင့္ပြင့္ခ်င္း ကတၱရာမ်ားကတံခါးမွတစ္ဆင့္ အၿပဳံလိုက္က်လာၿပီး မိန္းမတစ္ေယာက္သည္လည္း ေအာက္က်လာသည္။

စြန္းတင့္ရီး သူမကိုဖမ္းလိုက္ကာ အၾကည့္တစ္ခ်က္ျဖင့္ပင္ မခံႏိုင္ေသာအမူအရာျဖစ္သြားရသည္။

သူမ၏ ခႏၶာကိုယ္ေနရာအမ်ားအျပားမီးေလာင္ထား၍ ခႏၶာကိုယ္တစ္ခုလုံးသည္ကား မီးကင္ထားေသာ ပုစြန္ထုပ္ကဲ့သို႔ပင္ရွိေလၿပီ။

စြန္းတင့္ရီး သူ၏လက္အိတ္ကိုခြၽတ္ကာ    သူမ၏ေသြးလည္ပတ္မႈလမ္းေၾကာင္းကို စမ္းလိုက္သည္။

" အသက္ရွင္ေသးတယ္! "

ရန္ရိေျပာလိုက္သည္။ " လူေတြေသခ်ာထုတ္မယ္ ဂ႐ုတစိုက္လုပ္ တူ႐ြင္းျပားေတြမသုံးနဲ႔ "

တပ္သားအခ်ိဳ႕ လက္အိတ္မ်ားစြပ္လိုက္ၾကၿပီး သူမကိုယ္ေအာက္ပိုင္းမွ ကတၱရာမ်ားကိုဂ႐ုတစိုက္ တူးၾကကာ ေနာက္ဆုံးလူကိုအျပင္သယ္ထုတ္ႏိုင္လိုက္သည္။

သူမနာက်င္မႈျဖင့္ညည္း၏။

ပထမအဖြဲ႕ အခ်ိန္အၾကာႀကီးေစာင့္ေနၾကၿပီးျဖစ္သည္။

သူမကို လူနာတင္ကပ္ ေပၚတင္၍ လူနာတင္ယာဥ္ဆီေခၚ‌ေဆာင္သြားၾကသည္။

စြန႔္တင့္ရီး သူ၏ေခြၽးမ်ားကိုသုတ္လိုက္ရင္း ရန္ရိကိုၾကည့္သည္။ " သူမအသက္ရွင္ႏိုင္ပါ့မလား? "

ရန္ရိ ေခါင္းရမ္းလိုက္သည္။ " အဲ့အေၾကာင္းမေတြးနဲ႔ အျခားတစ္ေယာက္ကိုလည္းထုတ္ဖို႔လုပ္ "

ယာဥ္ေမာင္းသူေနရာမွလူသည္ကား အဖိခံရကာပုံပ်က္ေနၿပီျဖစ္ၿပီး အျခားမည္သူမွမက်န္ရွိေတာ့ေပ။

အသားစိုင္မ်ားႏွင့္ အ႐ိုးမ်ားက ကတၱရာမ်ားႏွင့္ ေပါင္းစပ္ေနၿပီး ေသြးနံ႔မ်ားက ကပ္ေစးအနံ႔မ်ားျဖင့္ေရာေနသည္။

ထိုပုံရိပ္ႏွင့္ ထိုအနံ႔မ်ားက ရန္ရိဘဝတစ္သက္တာလုံး ေမ့၍မရမည္ကိုပင္စိုးရိမ္မိေပ၏။

စခန္းရဲ႕ တပ္သားတစ္ဝက္ေလာက္က စစ္တပ္မွအကူအျဖစ္‌စာရင္းသြင္းထားေသာ လူငယ္ေလးမ်ားသာျဖစ္သည္။

ဒီလိုအခင္းျဖစ္စဥ္မ်ိဳးကို သူတို႔ဘယ္တုန္းကမွမေတြ႕ခဲ့ဖူးေပ၊ အခ်ိဳ႕ဆိုလွ်င္ တိုက္႐ိုက္အန္ခ်ၾကကုန္သည္။

သူတို႔ မသက္သာမႈကိုအန္တုကာ ကတၱရာထဲမွလူကိုသယ္ထုတ္ၾကရသည္။

သူတို႔စခန္းျပန္ေရာက္ေတာ့ ေနပင္ဝင္ေခ်ၿပီျဖစ္ကာ တပ္သားမ်ားကေတာ့ ကားငိုေဒါင္မွာပဲထိုင္ခ်လိုက္ၾကၿပီး အခ်ိန္အၾကာႀကီး မထႏိုင္ပဲရွိၾကသည္။

လူတိုင္းက ညစ္ပတ္၍နံေစာ္ေနၾကၿပီး အနည္းငယ္လည္း မီးသင္းခံထားၾကရသည္။

ရန္ရိ သူ႔မ်က္လုံးမ်ားကိုမွိတ္ထားလ်က္ ေျမႀကီးေပၚ၌ပင္ အနားယူေနသည္။ ႐ုတ္တရက္ ေအးေသာအရာတစ္ခုခုကသူ႔မ်က္ႏွာကို ထိကပ္လာၿပီး ထူးထူးဆန္းဆန္း အေနရသက္သာေစသည္။

သူ႔မ်က္လုံးမ်ားဖြင့္ၾကည့္လိုက္ေတာ့ ၎က ခ်ီယန္ေပါင္ ျဖစ္သည္။

ရန္ရိ ခ်ီယန္ေပါင္ လက္ထဲကေရဘူးကိုယူလိုက္ၿပီး 'က်စ္' ခနဲစုတ္သတ္လိုက္လ်က္ ထိုသူ႔ကိုျပန္ေပးလိုက္သည္။

" ဝန္ေဆာင္မႈကညံ့ဖ်င္းလိုက္တာ ေရဘူးက ဖြင့္လို႔ေတာင္မရဘူး "

ခ်ီယန္ေပါင္ ၿပဳံးလိုက္ကာ သူ႔အတြက္ေရဘူးဖြင့္ေပးလိုက္သည္။

" ငါမင္းကိုခြံ႕တိုက္ရဦးမွာလား "

ရန္ရိ လက္ဆန႔္ထုတ္လိုက္သည္။

" ထူေပးဦး "

" မင္းကအရမ္းညစ္ပတ္တယ္ ကိုယ္ဘာသာထ "

ရန္ရိ ခ်ီယန္ေပါင္၏ ႏွင္းလိုျဖဴေနေသာလက္ေမာင္းအား သူ႔လက္ညစ္ပတ္ႀကီးျဖင့္ ဆြဲလိုက္သည္။

" အဲ့စိတ္က်န္းမာေရးေကာင္ဆီက မသင္ယူစမ္းပါနဲ႔ "

ခ်ီယန္ေပါင္ ကူကယ္ရာမဲ့စြာျဖင့္ သူ႔ကိုဆြဲထူလိုက္ရသည္။

ရန္ရိ ေရဘူးယူလိုက္ကာ တစ္လုပ္တည္းျဖင့္အကုန္ေမာ့လိုက္ၿပီး ေရေအးမ်ားသူ႔လည္ေခ်ာင္းတစ္ေလွ်ာက္ျဖတ္စီးသြားၾကသည္။

မီးအပူအရွိန္ေၾကာင့္ေျခာက္ကပ္ေနတာေတြ ခဏတာပ်ယ္လြင့္သြား၍ သူ႔ဝိညာဥ္ပင္ျပန္ေရာက္လာသလိုခံစားလိုက္ရသည္။

" ငါၾကားတာ တစ္ေယာက္က ကတၱရာထဲျမဳပ္သြားတယ္ဆို? "

" အင္း အဲ့တာကတကယ္စိတ္မသက္သာစရာပဲ

အခင္းျဖစ္တဲ့ေနရာကလူေတြေျပာၾကတာေတာ့ ကားက ဦးတည္ရာ ႀကဳံရာေျပာင္းလိုက္တယ္ သူတို႔အဲ့ဒီ့ ကုန္တင္ယာဥ္ႀကီး‌ဆီကို မမွန္မကန္ေမာင္းႏွင္တာတဲ့။ တကယ္ကိုပဲ...."

" အနည္းဆုံးတစ္ေယာက္ေတာ့ကယ္လိုက္ႏိုင္တာပဲ အဲ့အေၾကာင္းမေတြးနဲ႔ေတာ့ အခုတင္ပဲ ဝန္ထမ္းေခါင္းေဆာင္ကေခၚေျပာတယ္ ဟုန္းဝူျပည္သူ႔ကာကြယ္ေရး႐ုံးမွာ အမႈတြဲတစ္ခုရွိတယ္ အဲ့တာမင္းစုံစမ္းစစ္ေဆးေရးမွာကူေပးရမယ္ အဲ့တာက လြန္ခဲ့တဲ့ ႏွစ္လက‌ေပၚလာတဲ့ရဲဝန္ထမ္းနဲ႔ဆိုင္ေနတယ္ လုပ္စမ္းပါ "

" တိုက္ေပၚကခုန္ခ်ၿပီး ၿခံစည္း႐ိုးေပၚတင္ေနတဲ့တစ္ေယာက္လား? "

" ဟုတ္တယ္ ရဲေတြက အဲ့တာသတ္ေသတာမျဖစ္ႏိုင္ဘူး လို႔ သံသယရွိေနတယ္ "

" ေကာင္းၿပီ ငါမနက္ျဖန္သြားလိုက္မယ္ "

ခ်ီယန္ေပါင္ ရန္ရိပုခုံးကိုပုတ္လိုက္သည္။

" ေက်းဇူးပဲ "

ရန္ရိ ပန္းလ်စြာၿပဳံးျပလိုက္သည္။

_______________________

Translator's Notes

1. Hook lock -

2. Hydraulic Pliers -

Like it ? Add to library!

Have some idea about my story? Comment it and let me know.

Rei_lyncreators' thoughts