webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 45

{ Unicode }

ရန်ရိ ကုံးရင့်ရှန်အတွက် ရေတစ်ခွက်ငှဲ့ပေးပြီး ဘေးမှာ ငြိမ်ငြိမ်လေး အဖော်ပြုပေးလိုက်သည်။

သူတို့နှစ်ဦး စစ်မေးခန်းထဲမှာပဲ ရှိနေဆဲ‌ဖြစ်ကာ ကုံးရင့်ရှန်က ကုလားထိုင်မှာထိုင်ရင်း အချိန်အကြာကြီး နှုတ်ဆိတ်နေသည်။ တစ်ခါသုံး စက္ကူခွက်လေးက သူ့လက်ကို သာမန်ထက်လွန်ကဲစွာ ကြီးနေစေသော်လည်း ရန်ရိ ထိုခန္ဓာကိုယ်အကြီးကြီးထဲမှာ တစ်ခုဖုံးကွယ်ထားတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဆယ်ရှစ်နှစ်တာလုံး တကယ်ထွက်‌‌မလာခဲ့တဲ့ အရိပ်ငယ်တစ်ခု အတွင်းပိုင်းမှာ နစ်မြုပ်နေ၏။

ကုံးရင့်ရှန် လက်ကိုခပ်တောင့်တောင့် မြှောက်လိုက်သည်၊ သူ့လက်ထဲမှာ ခွက်တစ်ခုရှိတယ်ဆိုတာ ခံစားသိစေဖို့သာ။ သူခွက်ကို စားပွဲပေါ်ချလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရေရွတ်လာသည်။

" ဘာလို့ ခင်များအမြဲတမ်း ကျွန်တော့်ကို ဒီလိုချည်းပဲ တွေ့နေရတာလဲ ? "

သူလူတွေရှေ့မှာဆို အချိန်တိုင်းလိုလို တည်ငြိမ်ပေမယ့် ရန်ရိရှေ့မှာဆိုရင်တော့ အကြောင်းပြချက်အမျိုးမျိုးကြောင့် အချိန်တိုင်းလိုလို သူထိန်းချုပ်မှုလွတ်သွားရသည်။

ရန်ရိ သူ့ကို ညင်သာသောအသံဖြင့် နှစ်သိမ့်လိုက်သည်။

" ငါတို့က သူငယ်ချင်းတွေမိုလို့လေ၊ သူငယ်ချင်းဆိုတာ တစ်ယောက်ကိုတစ်ယောက် မတူညီတဲ့ဘက်ခြမ်းကို ပြတတ်ကြတယ် "

" တကယ်ပဲ....."

ကုံးရင့်ရှန် နဖူးရှေ့က ဆံဖျားစတွေကို လက်နဲ့ သပ်တင်လိုက်တော့၊ ချွေးနဲ့ရွှဲနေတဲ့ဆံသားတွေက ဆံပင်တွေနဲ့ကပ်သွားပြီး ချောမွေ့သောနဖူးပြင်ကျယ်ကို ပုံပေါ်လာစေသည်။

" ခင်များကျွန်တော့်ကို မေးစရာမေးခွန်းအများကြီး ရှိနေလား? "

" မင်းပြောချင်ရင် ငါနားထောင်ရတာသဘောကျပါတယ်၊ ဒါပေမယ့် ငါမင်းကို မတိုက်တွန်းဘူး "

ကုံးရင့်ရှန် ရန်ရိကို ကြည့်ဖို့ ခေါင်းမော့လာပြီး သူ့မျက်လုံးများက ဗလာသက်သက်ဖြစ်နေသည်။

" ကျွန်တော်ရဲအရာရှိလုပ်တာ ကျွန်တော့်မိဘနဲ့အစ်မကို လုပ်ကြံခဲ့တဲ့သူကိုရှာမလို့ "

ရန်ရိ ခေါင်းညိတ်ပြလိုက်သည်။

" ငါခန့်မှန်းမိတယ် "

" ကျွန်တော့်မှာ အချိန်တစ်နှစ်ကျော်ပဲ ကျန်တော့တယ် "

ကုံးရင့်ရှန်က တုန်ယင်နေလျက်။

" တရားစွဲဆိုမှုသက်တမ်း ၂၀ ကကုန်တော့မယ်၊ ဒါပေမယ့် ကျွန်တော့်မှာ တရားစွဲဖို့ တရားခံ တစ်ယောက်တစ်လေမှတောင် မရှိဘူး "

ရန်ရိ ကုံးရင့်ရှန် မျက်လုံးထဲ ပေါ်လွင်နေတဲ့နာကျင်မှုတွေကို ကြည့်လိုက်ပြီး သူရင်ဘတ်တစ်ခုလုံး ဝမ်းနည်းမှုဖြင့် လွှမ်းခြုံသွားသည်။ ၎င်းက အသက်ခြောက်နှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက်အဖို့ အလွန်တရာခက်ခဲပြီး လွန်ခဲ့တဲ့ ၁၈ နှစ်က သဲလွန်စတွေကို လိုက်ဖို့လည်း များများစားစား မမှတ်မိနိုင်ချေ။

" ယန်ကျဲနဲ့ ကျွန်တော်နဲ့ ဒီနှစ်တွေမှာစုဆောင်းလို့ ရသမျှ သက်သေတွေအကုန်လုံး စုဆောင်းထားတယ်၊ ဒါပေမယ့် သဲလွန်စက ပျောက်နေတုန်းပဲ "

ကုံးရင့်ရှန် လက်သီးဆုပ်လိုက်ပြီး

" ဒါပေမယ့် ခုနက၊ အဲ့ဒီ့လူ သူမသိနိုင်လောက်တဲ့ကိစ္စကို ပြောသွားတယ် "

" သူကတရားခံမဖြစ်နိုင်ဘူး၊ အသက်မကိုက်ဘူးလေ "

" မဟုတ်ဘူး၊ ဒါပေမယ့် ဘယ်သူလုပ်လဲဆိုတာ သူသိလောက်တယ် "

ကုံးရင့်ရှန် အံကိုကြိတ်ရင်း မျက်နှာထားက တင်းမာနေသည်။

" လူသတ်သမားက အသက်ရှင်နေတုန်းပဲ အသက်ရှင်နေတုန်း! "

ရန်ရိ အလေးအနက်ထားပြောလိုက်သည်။

" ငါမင်းအတွက် ဘာလုပ်ပေးနိုင်မလဲ? "

ကုံးရင့်ရှန် မျက်ဝန်းနက်တွေထဲ ရီဝေသောမျက်ဆံများကတောက်ပလျက် ရန်ရိကို စိုက်ကြည့်သည်။

" ...ကျွန်တော် အခုစိတ်ရှုပ်နေတယ်၊ ကျွန်တော်မသိဘူး "

ရန်ရိ သူ့ပခုံးကို ပုတ်ပေးလိုက်ရင်း

" ရပါတယ် ငါမင်းအတွေးတွေ ပြန်စုစည်းနိုင်တဲ့အထိ စောင့်မယ်၊ ငါတကယ် ကူညီနိုင်လောက်မှာပါ "

သူအိမ်ပြန်ပြီး သူ့အဖေကိုမေးမယ်၊ အဖေ အဲ့ဒီ့မီးလောင်မှုကိုမှတ်မိလား ဆိုပြီး။ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်ကသဲလွန်ကို ရှာချင်တယ်ဆိုရင် အဲ့အချိန်ရှိနေတဲ့သူထက် ဘယ်သူမှပိုပြီးသိနိုင်မှာမဟုတ်။ သူအဖေဦးနှောက်အခြေအနေအရ၊ ဘာမှမသိတော့တာလဲ ဖြစ်နိုင်သည်မို့၊ သူကုံးရင့်ရှန်ကို မပြောသေးဘူး၊ အဲ့တာမှ သူ့ကိုပျော်အောင် မလုပ်မိမှာပင်။

ကုံးရင့်ရှန် မျက်လုံးမှိတ်ပြီး ငြီးငွေ့စွာပြောလာသည်။

" ကျွန်တော် အိပ်မက်မက်နေသလို ခံစားရတယ်၊ နှစ်အများကြီးကြာပြီးတော့ ကျွန်တော် ကြံမိကြံရာတောင်လုပ်တော့မလို့ပဲ၊ အဲ့အချိန် သဲလွန်စတွေပေါ်လာမယ်လို့ မထင်ထားခဲ့ဘူး "

" အကောင်းအဆိုးဒွန်တွဲနေတာပဲ၊ ဒါက မင်းလူသတ်သမားကို တရားနည်းလမ်းကျ အပြစ်ပေးဖို့ ကံပါလာတယ်လို့ ဆိုရမယ် "

" ကျွန်တော်သူ့ကို တရားနည်းလမ်းကျလုပ်နိုင်လားဆိုတာ စိတ်မဝင်စားဘူး "

ကုံးရင့်ရှန် မျက်လုံးများ မှောင်မိုက်လာသည်။

" သူ့ကိုရှာတွေ့တာနဲ့ တရားစွဲသက်တမ်းကုန်သွားရင်တောင် ကျွန်တော်ကိုယ်တိုင် သူ့ကိုသတ်ပစ်မယ် "

ရန်ရိ ငြိမ်ကျသွားသည်။

" ကျွန်တော် ‌အကြိမ်မရေမတွက်‌နိုင်အောင် စိတ်ကူးဖူးတယ် "

ကုံးရင့်ရှန် လက်ချောင်းတွေကို ယှက်လိုက်ပြီး နဖူးကိုထောက်ကာ ကြောချမ်းစရာအသံဖြင့်ပြောလာ၏။

" သူ့ကိုယ်ပေါ်ကို ဓာတ်ဆီတွေလောင်းချပြီး မီးရှို့မယ်၊ ကျွန်တော်ကတော့ ဘေးမှာရပ်ပြီး သူအော်ဟစ်နေတာကို ကြည့်မယ်၊ သူအရှင်လတ်လတ်မီးရှို့ခံရမှာပဲ၊ ကျွန်တော့်မိသားစုကို လုပ်ခဲ့သလိုမျိုး "

" မင်းကအခု ရဲအရာရှိတစ်ယောက်နော်၊ ငါယုံတယ်၊ တကယ်လို့ သူမင်းရှေ့မှာရပ်နေရင်တောင် မင်းအဲ့လိုလုပ်မှာမဟုတ်ဘူး၊ သူကသာမန် မီးရှို့သမားသက်သက်မဟုတ်လို့လေ ဟုတ်တယ်မလား? "

ရန်ရိ တီးတိုးပြောလိုက်သည်။

" မင်းမိသားစုဘာဖြစ်ခဲ့လို့လဲ? အဲ့တာ ပေါင်ရှန့်ဓာတုစက်မှုဇုန်‌ပေါက်ကွဲမှုနဲ့ ဆိုင်လား? "

ကုံးရင့်ရှန်ပခုံးများ တုန်ယင်နေပြီး အကြာကြီးနေပြီးမှ သူရေရွတ်လာခဲ့သည်။

" ခင်များ တွေးမိမှာပါ၊ ကျွန်တော့်အဖေက ကြားဝင်ခံလိုက်ရတဲ့သူ သက်သက်ပဲ၊ ကျွန်တော် မီးရှို့တဲ့သူကိုပဲ ရှာမှာမဟုတ်ဘူး၊ သူ့ကို အတို့အထောင်လုပ်တဲ့သူကိုပါ ရှာမယ်၊ ကျွန်တော် လက်စားချေ‌ချင်တယ်၊ အဖေရဲ့ အပြစ်မဲ့မှုကိုလည်း ပြန်ရယူပေးချင်တယ် "

ရန်ရိ မျက်မှောင်ကြုတ်သွားသည်။ အဲ့ဒီ့နှစ်က မတော်တဆမှုမှာ ရက်စက်တဲ့ပူးပေါင်းကြံစည်မှုတွေ ဘယ်လောက်တောင် ဖုံးကွယ်သွားခဲ့လဲဆိုတာ တွေးကြည့်ဖို့ခက်သည်။ သူတို့မထင်ထားမိခဲ့တာက သူတို့မီးရှို့မှုနဲ့မဆိုင်ဘူးလို့ ထင်ရတဲ့အမှုတွေကို စစ်ဆေးတဲ့အခါ အချိန်အကြာကြီး အဆက်ပြတ်နေတဲ့သဲလွန်စတွေကို မတော်တဆ ရှာတွေ့နိုင်တယ်ဆိုတာပင်။

အရာအားလုံးက ကံစီမံရာသာ။

ရန်ရိ ကုံးရင့်ရှန်အခြေအနေကို နည်းနည်းစိုးရိမ်မိသွားပြီး

" ငါမင်းကို အိမ်ပြန်ပို့ပေးမယ်၊ ဒီနေ့အရမ်းပင်ပန်းသွားရပြီ၊ ဘာမှမတွေးနဲ့တော့၊ အိမ်ပြန်ပြီး ကောင်းကောင်းနားလိုက် "

ကုံးရင့်ရှန် ခေါင်းခါပြီး တိုးတိုးပြောလာသည်။

" ကျွန်တော်တို့ ပြောထားတာရှိတယ်လေ "

" ဘာကို? "

ကုံးရင့်ရှန် လက်မြှောက်ပြီး ရန်ရိကို သူ့နာရီပြလိုက်သည်။

ရန်ရိ လှမ်းကြည့်လိုက်ပြီး

" အာ လှပါတယ်၊ အတော်ဈေးကြီးမယ့်ပုံပဲ "

" ၁၂ မကျော်သေးဘူး၊ ဒီနေ့ကျွန်တော် ခင်များအိမ်မှာ ဧည့်သည်လိုက်လုပ်သင့်တယ် "

ကုံးရင့်ရှန် အဲ့အချိန်က အိမ်လုံးဝမပြန်ချင်၊ ရန်ရိပဲ သူ့ကို အဖော်ပြုပေးစေချင်သည်။

ရန်ရိ ဝုန်းဒိုင်းကြဲရင်ခုန်ပြီး လွှတ်ခနဲထွက်သွားသည်။

" ကောင်းပြီလေ "

သူပြောပြီးတော့မှ နည်းနည်းနောင်တရသွားသည်။ ဒီ ' ကောင်းပြီလေ ' ဆိုတဲ့စကားစုက အရမ်းတက်ကြွနေသလိုပင်၊ ဒါပေမယ့်လည်း သူတကယ်ကို မတတ်နိုင်လိုက်ပါချေ။

တစ်စုံတစ်ယောက်လိုပဲ သူမတတ်နိုင်ခဲ့။

အဲ့တာကြောင့် သူကုံးရင့်ရှန်နဲ့ ထပ်ခါထပ်ခါတွေ့ရဖို့ ဆင်ခြေအမျိုးမျိုးရှာခဲ့သည်။ သူ့ခံစားချက်တွေကို အကြိမ်ကြိမ်အခါခါ ထိန်းသိမ်းဖို့ကြိုးစားခဲ့တာတောင် အချည်းနှီးဖြစ်ရသည်။

ကုံးရင့်ရှန်ကသာ သူ့ကိုဖြားယောင်းခဲ့ပြီး ကုံးရှင့်ရှန် သူ့ကို အဲ့လိုမျိုး မတွေးဘူးဆိုတာ သူသိသည်။ သူဝန်ခံလိုက်တဲ့ အ‌ချိန်ကစပြီး သူရှုံးသွားပြီ။ လူတွေမှာ ကောင်းကျိုးရှာပြီး ဆိုကျိုးရှောင်တဲ့ ဗီဇစရိုက်ရှိသည်၊ ဖြစ်နိုင်ရင် ဘယ်သူမှ ဒီလိုအခြေအနေမျိုးထဲ မကျရောက်ချင်ကြပေ။

ဒီတိုင်း အခုသူ့ကိုယ်တိုင်တောင် မတတ်နိုင်တော့၍သာ။

သူတို့နှစ်ယောက် ဌာနခွဲကထွက်ပြီး ရန်ရိအိမ်ဆီမောင်းသွားကြသည်။

သူတို့တံခါးကဝင်လိုက်သည်နှင့် ကုံးရင့်ရှန်က ပတ်ပတ်လည်ကို သေချာ ကြည့်သည်။

ရန်ရိ ပြုံးကာပြောလိုက်သည်။

" ဒီလိုအိမ်သေးသေးလေးမျိုးမှာ မနေရတာကြာပြီမို့လား? "

" တစ်ခါမှမနေဖူးဘူး "

ကုံးရှင့်ရှန် ရိုးရိုးသားသား ပြောလိုက်သည်။

" အဲ့တာဆို ငါဒီနေ့ သခင်လေးတစ်ယောက်လို ဘဝမျိုးခံစားရတော့မှာပေါ့ "

" ဒါခင်များနေတဲ့နေရာပဲ "

ကုံးရင့်ရှန် သာမန်အိမ်လေးကို ကြည့်လိုက်ပေမယ့် ရင်းနှီးပြီး စိတ်တည်ငြိမ်သလို ခံစားရသည်။ အဲ့တာက အခြားလူနေအိမ်ပေါင်းထောင်ချီနှင့် ကွဲပြားခြားနားနေပြီး ဒီကနေရာတိုင်းမှာ ရန်ရိအသံရှူငွေ့တွေ ရှိနေတာကြောင့် ဖြစ်နိုင်သည်။

" နှစ်နည်းနည်းနေပြီး ငါ့အဖေနေမကောင်းဖြစ်တော့ အဖေက အိမ်ဟောင်းကိုပြန်ပြောင်းသွားတာ၊ စခန်းနဲ့မနီးဘူးလား? "

ရန်ရိ ပြောလိုက်သည်။

" ဦးလေးရှန့်က မင်းအတွက် အားလုံးပြင်ပြီးသွားပြီ၊ အိပ်ရာခင်းနဲ့ မွေ့ရာတွေအကုန် မင်းအိမ်ကပဲ ဒီယူလာတာ၊ အိုး ပြီးတော့ မင်းရဲ့ချစ်ခေါင်းအုံးလေးရော "

ကုံးရင့်ရှန် အမူအရာက ရုတ်တရက် နည်းနည်းမူမမှန်ဖြစ်လာသည်။ သူ့ အပေါ်ထပ်ကို ချွတ်ကာ အင်္ကျီချိတ်မှာ ချိတ်လိုက်ပြီး တစ်ဖက်လှည့်ဖို့ အခွင့်ကောင်းယူကာ ပြောလာသည်။

" အဲ့ခေါင်းအုံးက အရမ်းသက်သောင့်သက်သာရှိတာကို၊ ဘာထူးဆန်းလို့လဲ "

" တကယ်ပဲ ဘယ်လိုတောင်စွမ်းအားကြီးတဲ့ ခေါင်းအုံးပါလိမ့်၊ ငါ့ကိုအိပ်ခွင့်ပေးမလား? "

ရန်ရိ သာမန်ကာလျှံကာ‌ ပြောလိုက်သည်။

ကုံးရင့်ရှန်က ကြက်သေသေသွားပြီး

" ခင်များ ကျွန်တော့်ခေါင်းအုံး လိုချင်တာလား? "

ရန်ရိ သူ့အပေါ်ထပ်ကိုချွတ်ပြီး အေပရွန်ဝတ်လိုက်ရင်း ပြုံးသည်။

" မင်းမှာ အလုံးသုံးတယ်နီးပါးပဲ ကျန်တော့တာ၊ မင်းသေတဲ့အထိ သုံးသွားရမှာပဲ၊ ငါမတောင်းရဲပါဘူး "

ကုံးရင့်ရှန် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ သူ့ခေါင်းအုံးကို ဘယ်သူ့မှမပေးဖူးဘူး၊ ဒါပေမယ့် ရန်ရိကလိုချင်တယ်ဆိုရင်တော့ သူပေး.....

" မင်းထိုင်ပြီး TV ခဏကြည့်နေပါလား? ငါဟင်းချက်လိုက်ဦးမယ်၊ မင်းဗိုက်ဆာလား? ငါတို့နေ့လယ်ကတည်းက ဘာမှမစားရသေးဘူးလေ "

" အရမ်းနောက်ကျနေပြီ၊ ကျွန်တော့်ကားထဲက နေ့လယ်စာဘူးပဲ စားတော့ "

" ဘယ်လိုလုပ် ငါ့အိမ်မှာငါ ဧည့်သည်ပြန်လုပ်ရမလဲ?၊ ဘယ်လိုလုပ် ငါမင်းကို နေ့လယ်စာဘူးနဲ့ ဧည့်ခံရမလဲ? ရပါတယ် ငါပါဝင်ပစ္စည်းတွေပြင်ပြီးသွားပြီ၊ ငါ့ကို တစ်နာရီပဲအချိန်ပေး အိုကေလား? "

ရန်ရိ မီးခိုချောင်မှာ အလုပ်ရှုပ်နေတုန်း ကုံးရင့်ရှန်က ဆိုဖာပေါ်မှာ မလှုပ်မရှပ်ထိုင်နေပြီး သူ့စိတ်က ပရမ်းပတာဖြစ်နေသည်။ သူ့အတွေးတွေက ခေါင်းစွပ်သမားပြောတဲ့စကားလုံးတွေနဲ့ ချုပ်နှောင်ခံထားရပုံပေါ်ပြီး မလွတ်မြောက်နိုင်၊ သူ့ခေါင်းသူ ခပ်ပြင်းပြင်းရိုက်လိုက်ပြီး ဒီနေ့စိတ်ခံစားမှုအတက်အကျအရမ်းများလို့ တွေးဖို့အချိန်အခါမသင့်မှန်း အသိတရားဝင်စေသည်။ သူအခုလိုတာက အားအင်ဖြည့်ဖို့ အစားအသောက်နဲ့ ညခင်းကောင်းကောင်းအိပ်ဖို့ပဲ။

မီးဖိုချောင်ထဲ ချက်ပြုတ်သံတွေကြားနေရပြီး ဟင်းနံ့များက တံခါးကြားကနေ လေနှင့်အတူ လွင့်ပါလာသည်။

ကုံးရင့်ရှန် ဘယ်သောအခါမှ မီးကိုမြင်သာအောင်မနေ၊ အဲ့ဒီ့အရာတွေ သူမှတ်မိနေတာက အလွန်နာကျင်စရာကောင်းပြီး သူ့တစ်ဘဝလုံး မီးကိုရှောင်ဖို့ကြိုးစားနေခဲ့သည်။ ဒါပေမယ့် ထပ်ခါထပ်ခါ အတင်းအကြပ် " ခံစားချက်လျှော့ချရေးကုထုံး " တွေလုပ်ပြီးနောက် သူ့သည်းခံနိုင်စွမ်းက တကယ်ကို တိုးတက်ခဲ့ပြီး အများကြီးပိုကောင်းမွန်လာခဲ့သည်။

အဲ့အချိန် ရန်ရိ မီးဖိုချောင်‌ထဲမှာ ဘာလုပ်နေလဲဆိုတာ သူတကယ်သိချင်မိပြီး စိတ်ဆန္ဒက သူမီးကြောက်တဲ့ပြဿနာကိုတောင် လွှမ်းမိုးသွားနိုင်သည်။

သူအကြာကြီး တွန့်ဆုတ်နေပြီးမှ ထရပ်ကာ မီးဖို့ချောင်ထဲ လျှောက်ဝင်သွားလိုက်သည်။

မီးဖိုချောင်တံခါးကို တွန်းဖွင့်လိုက်တော့ အပူလှိုင်းက ပျံ့ထွက်လာပြီး ကုံးရင့်ရှန် ဂတ်စ်မီးဖိုမှာ တောက်လောင်နေတဲ့မီးတွေနဲ့ ဒယ်အိုးဝိုင်းကနေ အငွေ့တွေထွက်နေတာကိုကြည့်ကာ သူ့ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ရန်ရိ အံ့ဩကာ ပြောလိုက်သည်။

" ဘာကိစ္စရှိလို့လဲ? "

" လာကြည့်တာ "

ကုံးရင့်ရှန် ခံစားချက်မပါဘဲ ပြောလိုက်သည်။

" မင်း ဒါကိုမကြည့်ချင်ပါဘူး "

ရန်ရိ စိုးရိမ်ပြီးပြောလိုက်သည်။

" ကျွန်တော် ဂတ်စ်မီးဖိုက မီးကိုတော့မကြောက်သေးပါဘူး "

ကုံးရင့်ရှန် ရန်ရိရဲ့ အိမ်ဝတ်အေပရွန်ကို ကြည့်ပြီး သူ့ရင်ထဲ မဖော်ပြနိုင်သော နွေးထွေးမှုတို့ဖြစ်တည်လာသည်။

" ခင်များ ဘာချက်နေတာလဲ? "

" ဒါက အမဲအာလူးနှပ် "

ရန်ရိ သူ့ဘေးက အမဲနှပ်အိုးကို ပြလိုက်သည်။

" ဒါက ကျောက်ဖရုံသီးဟင်းချို "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်သွားသည်။

" မစိုးရိမ်ပါနဲ့ အကယ်၍မင်းအဲ့တာတွေမစားချင်ရင်ဆိုပြီး ငါအခြားအေးတဲ့ဟင်းတွေလည်း ပြင်ထား‌တယ် "

ရန်ရိ ပြုံးလိုက်ပြီး

" မင်းတကယ်ကြည့်ချင်တယ်ဆို အရင်ဆုံးအဝတ်လဲလိုက်ဦး၊ မင်းဝတ်စုံအနံ့စွဲကုန်မယ် "

" အိုး "

ကုံးရင့်ရှန် အဝတ်သွားပြန်ဝတ်သည်။

ခဏကြာတော့ ကုံးရင့်ရှန် အစိမ်းပုပ်ရောင်အိမ်နေရင်းဝတ်အစင်းကျားဝတ်စုံ ပြောင်းဝတ်လာပြီး မီးဖိုချောင်တံခါးကိုမှီကာ ရန်ရိအလုပ်ရှုပ်နေတာကို တိတ်တိတ်လေး ကြည့်နေလိုက်သည်။

သူဘေးလှည့်ရင်ပဲဖြစ်ဖြစ် နောက်လှည့်ထားရင်ပဲဖြစ်ဖြစ် ကုံးရင့်ရှန်အကြည့်ကို ခံစားမိသည်။ အိမ်နေရင်းဝတ် အဝတ်အစားတွေနဲ့ သူ့အိမ်ကမီးဖိုချောင်မှာ ရှိနေပုံက သူတို့.....သူတို့နှစ်ယောက်အတူနေကြသလိုပင်။

ရန်ရိ ဟိုဟိုဒီဒိလှည့်ရင်း မထိန်းချုပ်နိုင်ဘဲ ပြုံးနေမိသည်။ သူဗိုက်ဆာနေရင်‌တောင် ဟင်းချက်တာ ပိုပိုပြီးကြာပါစေလို့ပဲ မျှော်လင့်နေမိသည်။ အဲ့တာမှ ဒီအခိုက်အတန့်လေး ပိုကြာကြာတည်မြဲနေမှာ။

မီးရှူးမီးပန်းတွေနဲ့ ဘယ်လောက်တောင် ပျော်စရာကောင်းတဲ့ ကမ္ဘာကြီးလဲ။

----- Volume 2 Anger end.-----

===========

ဝမ်းသာပါတယ် *clap clap clap*

ချိုချိုမြိန်မြိန်လေးပါပဲ~

နောက် vol တစ်ခုကိုလည်း ကျနော်နဲ့အတူ လိုက်လာကြဖို့ မျှော်လင့်တယ်

သဘက်ခါ ကျနော့်မွေးနေ့ပါ စပရိုက်လေးရှိတယ် 🥺✨

Chapter 44 မှာမေးထားတာလေးက

ရန်ရိ သူတို့လူစုနေတဲ့နေရာကို ကားနဲ့လာခဲ့ပြီး ပြန်တော့ ကုံးရင့်ရှန်ကသူ့ကားနဲ့ခေါ်သွားတာနော် ရန်ရိကားက အဲ့အချိန်ဘယ်ရောက်သွားလို့လဲ? ဟားဟားဟား

===========

{ Zawgyi }

ရန္ရိ ကုံးရင့္႐ွန္အတြက္ ေရတစ္ခြက္ငွဲ႔ေပးၿပီး ေဘးမွာ ၿငိမ္ၿငိမ္ေလး အေဖာ္ျပဳေပးလိုက္သည္။

သူတို႔ႏွစ္ဦး စစ္ေမးခန္းထဲမွာပဲ ႐ွိေနဆဲ‌ျဖစ္ကာ ကုံးရင့္႐ွန္က ကုလားထိုင္မွာထိုင္ရင္း အခ်ိန္အၾကာႀကီး ႏႈတ္ဆိတ္ေနသည္။ တစ္ခါသုံး စကၠဴခြက္ေလးက သူ႕လက္ကို သာမန္ထက္လြန္ကဲစြာ ႀကီးေနေစေသာ္လည္း ရန္ရိ ထိုခႏၶာကိုယ္အႀကီးႀကီးထဲမွာ တစ္ခုဖုံးကြယ္ထားတာကို ႐ွင္း႐ွင္းလင္းလင္း ျမင္ႏိုင္သည္။ ဆယ္႐ွစ္ႏွစ္တာလုံး တကယ္ထြက္‌‌မလာခဲ့တဲ့ အရိပ္ငယ္တစ္ခု အတြင္းပိုင္းမွာ နစ္ျမဳပ္ေန၏။

ကုံးရင့္႐ွန္ လက္ကိုခပ္ေတာင့္ေတာင့္ ေျမႇာက္လိုက္သည္၊ သူ႕လက္ထဲမွာ ခြက္တစ္ခု႐ွိတယ္ဆိုတာ ခံစားသိေစဖို႔သာ။ သူခြက္ကို စားပြဲေပၚခ်လိုက္ၿပီး အသက္ျပင္းျပင္း႐ွဴကာ ေရ႐ြတ္လာသည္။

" ဘာလို႔ ခင္မ်ားအၿမဲတမ္း ကြၽန္ေတာ့္ကို ဒီလိုခ်ည္းပဲ ေတြ႕ေနရတာလဲ ? "

သူလူေတြေ႐ွ႕မွာဆို အခ်ိန္တိုင္းလိုလို တည္ၿငိမ္ေပမယ့္ ရန္ရိေ႐ွ႕မွာဆိုရင္ေတာ့ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေၾကာင့္ အခ်ိန္တိုင္းလိုလို သူထိန္းခ်ဳပ္မႈလြတ္သြားရသည္။

ရန္ရိ သူ႕ကို ညင္သာေသာအသံျဖင့္ ႏွစ္သိမ့္လိုက္သည္။

" ငါတို႔က သူငယ္ခ်င္းေတြမိုလို႔ေလ၊ သူငယ္ခ်င္းဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ မတူညီတဲ့ဘက္ျခမ္းကို ျပတတ္ၾကတယ္ "

" တကယ္ပဲ....."

ကုံးရင့္႐ွန္ နဖူးေ႐ွ႕က ဆံဖ်ားစေတြကို လက္နဲ႔ သပ္တင္လိုက္ေတာ့၊ ေခြၽးနဲ႔႐ႊဲေနတဲ့ဆံသားေတြက ဆံပင္ေတြနဲ႔ကပ္သြားၿပီး ေခ်ာေမြ႕ေသာနဖူးျပင္က်ယ္ကို ပုံေပၚလာေစသည္။

" ခင္မ်ားကြၽန္ေတာ့္ကို ေမးစရာေမးခြန္းအမ်ားႀကီး ႐ွိေနလား? "

" မင္းေျပာခ်င္ရင္ ငါနားေထာင္ရတာသေဘာက်ပါတယ္၊ ဒါေပမယ့္ ငါမင္းကို မတိုက္တြန္းဘူး "

ကုံးရင့္႐ွန္ ရန္ရိကို ၾကည့္ဖို႔ ေခါင္းေမာ့လာၿပီး သူ႕မ်က္လုံးမ်ားက ဗလာသက္သက္ျဖစ္ေနသည္။

" ကြၽန္ေတာ္ရဲအရာ႐ွိလုပ္တာ ကြၽန္ေတာ့္မိဘနဲ႔အစ္မကို လုပ္ၾကံခဲ့တဲ့သူကို႐ွာမလို႔ "

ရန္ရိ ေခါင္းညိတ္ျပလိုက္သည္။

" ငါခန္႔မွန္းမိတယ္ "

" ကြၽန္ေတာ့္မွာ အခ်ိန္တစ္ႏွစ္ေက်ာ္ပဲ က်န္ေတာ့တယ္ "

ကုံးရင့္႐ွန္က တုန္ယင္ေနလ်က္။

" တရားစြဲဆိုမႈသက္တမ္း ၂၀ ကကုန္ေတာ့မယ္၊ ဒါေပမယ့္ ကြၽန္ေတာ့္မွာ တရားစြဲဖို႔ တရားခံ တစ္ေယာက္တစ္ေလမွေတာင္ မ႐ွိဘူး "

ရန္ရိ ကုံးရင့္႐ွန္ မ်က္လုံးထဲ ေပၚလြင္ေနတဲ့နာက်င္မႈေတြကို ၾကည့္လိုက္ၿပီး သူရင္ဘတ္တစ္ခုလုံး ဝမ္းနည္းမႈျဖင့္ လႊမ္းျခဳံသြားသည္။ ၎က အသက္ေျခာက္ႏွစ္ပဲ႐ွိေသးတဲ့ ကေလးတစ္ေယာက္အဖို႔ အလြန္တရာခက္ခဲၿပီး လြန္ခဲ့တဲ့ ၁၈ ႏွစ္က သဲလြန္စေတြကို လိုက္ဖို႔လည္း မ်ားမ်ားစားစား မမွတ္မိႏိုင္ေခ်။

" ယန္က်ဲနဲ႔ ကြၽန္ေတာ္နဲ႔ ဒီႏွစ္ေတြမွာစုေဆာင္းလို႔ ရသမွ် သက္ေသေတြအကုန္လုံး စုေဆာင္းထားတယ္၊ ဒါေပမယ့္ သဲလြန္စက ေပ်ာက္ေနတုန္းပဲ "

ကုံးရင့္႐ွန္ လက္သီးဆုပ္လိုက္ၿပီး

" ဒါေပမယ့္ ခုနက၊ အဲ့ဒီ့လူ သူမသိႏိုင္ေလာက္တဲ့ကိစၥကို ေျပာသြားတယ္ "

" သူကတရားခံမျဖစ္ႏိုင္ဘူး၊ အသက္မကိုက္ဘူးေလ "

" မဟုတ္ဘူး၊ ဒါေပမယ့္ ဘယ္သူလုပ္လဲဆိုတာ သူသိေလာက္တယ္ "

ကုံးရင့္႐ွန္ အံကိုႀကိတ္ရင္း မ်က္ႏွာထားက တင္းမာေနသည္။

" လူသတ္သမားက အသက္႐ွင္ေနတုန္းပဲ အသက္႐ွင္ေနတုန္း! "

ရန္ရိ အေလးအနက္ထားေျပာလိုက္သည္။

" ငါမင္းအတြက္ ဘာလုပ္ေပးႏိုင္မလဲ? "

ကုံးရင့္႐ွန္ မ်က္ဝန္းနက္ေတြထဲ ရီေဝေသာမ်က္ဆံမ်ားကေတာက္ပလ်က္ ရန္ရိကို စိုက္ၾကည့္သည္။

" ...ကြၽန္ေတာ္ အခုစိတ္႐ႈပ္ေနတယ္၊ ကြၽန္ေတာ္မသိဘူး "

ရန္ရိ သူ႕ပခုံးကို ပုတ္ေပးလိုက္ရင္း

" ရပါတယ္ ငါမင္းအေတြးေတြ ျပန္စုစည္းႏိုင္တဲ့အထိ ေစာင့္မယ္၊ ငါတကယ္ ကူညီႏိုင္ေလာက္မွာပါ "

သူအိမ္ျပန္ၿပီး သူ႕အေဖကိုေမးမယ္၊ အေဖ အဲ့ဒီ့မီးေလာင္မႈကိုမွတ္မိလား ဆိုၿပီး။ လြန္ခဲ့တဲ့ ဆယ့္႐ွစ္ႏွစ္ကသဲလြန္ကို ႐ွာခ်င္တယ္ဆိုရင္ အဲ့အခ်ိန္႐ွိေနတဲ့သူထက္ ဘယ္သူမွပိုၿပီးသိႏိုင္မွာမဟုတ္။ သူအေဖဦးေႏွာက္အေျခအေနအရ၊ ဘာမွမသိေတာ့တာလဲ ျဖစ္ႏိုင္သည္မို႔၊ သူကုံးရင့္႐ွန္ကို မေျပာေသးဘူး၊ အဲ့တာမွ သူ႕ကိုေပ်ာ္ေအာင္ မလုပ္မိမွာပင္။

ကုံးရင့္႐ွန္ မ်က္လုံးမွိတ္ၿပီး ၿငီးေငြ႕စြာေျပာလာသည္။

" ကြၽန္ေတာ္ အိပ္မက္မက္ေနသလို ခံစားရတယ္၊ ႏွစ္အမ်ားႀကီးၾကာၿပီးေတာ့ ကြၽန္ေတာ္ ၾကံမိၾကံရာေတာင္လုပ္ေတာ့မလို႔ပဲ၊ အဲ့အခ်ိန္ သဲလြန္စေတြေပၚလာမယ္လို႔ မထင္ထားခဲ့ဘူး "

" အေကာင္းအဆိုးဒြန္တြဲေနတာပဲ၊ ဒါက မင္းလူသတ္သမားကို တရားနည္းလမ္းက် အျပစ္ေပးဖို႔ ကံပါလာတယ္လို႔ ဆိုရမယ္ "

" ကြၽန္ေတာ္သူ႕ကို တရားနည္းလမ္းက်လုပ္ႏိုင္လားဆိုတာ စိတ္မဝင္စားဘူး "

ကုံးရင့္႐ွန္ မ်က္လုံးမ်ား ေမွာင္မိုက္လာသည္။

" သူ႕ကို႐ွာေတြ႕တာနဲ႔ တရားစြဲသက္တမ္းကုန္သြားရင္ေတာင္ ကြၽန္ေတာ္ကိုယ္တိုင္ သူ႕ကိုသတ္ပစ္မယ္ "

ရန္ရိ ၿငိမ္က်သြားသည္။

" ကြၽန္ေတာ္ ‌အႀကိမ္မေရမတြက္‌ႏိုင္ေအာင္ စိတ္ကူးဖူးတယ္ "

ကုံးရင့္႐ွန္ လက္ေခ်ာင္းေတြကို ယွက္လိုက္ၿပီး နဖူးကိုေထာက္ကာ ေၾကာခ်မ္းစရာအသံျဖင့္ေျပာလာ၏။

" သူ႕ကိုယ္ေပၚကို ဓာတ္ဆီေတြေလာင္းခ်ၿပီး မီး႐ိႈ႕မယ္၊ ကြၽန္ေတာ္ကေတာ့ ေဘးမွာရပ္ၿပီး သူေအာ္ဟစ္ေနတာကို ၾကည့္မယ္၊ သူအ႐ွင္လတ္လတ္မီး႐ိႈ႕ခံရမွာပဲ၊ ကြၽန္ေတာ့္မိသားစုကို လုပ္ခဲ့သလိုမ်ိဳး "

" မင္းကအခု ရဲအရာ႐ွိတစ္ေယာက္ေနာ္၊ ငါယုံတယ္၊ တကယ္လို႔ သူမင္းေ႐ွ႕မွာရပ္ေနရင္ေတာင္ မင္းအဲ့လိုလုပ္မွာမဟုတ္ဘူး၊ သူကသာမန္ မီး႐ိႈ႕သမားသက္သက္မဟုတ္လို႔ေလ ဟုတ္တယ္မလား? "

ရန္ရိ တီးတိုးေျပာလိုက္သည္။

" မင္းမိသားစုဘာျဖစ္ခဲ့လို႔လဲ? အဲ့တာ ေပါင္႐ွန္႔ဓာတုစက္မႈဇုန္‌ေပါက္ကြဲမႈနဲ႔ ဆိုင္လား? "

ကုံးရင့္႐ွန္ပခုံးမ်ား တုန္ယင္ေနၿပီး အၾကာႀကီးေနၿပီးမွ သူေရ႐ြတ္လာခဲ့သည္။

" ခင္မ်ား ေတြးမိမွာပါ၊ ကြၽန္ေတာ့္အေဖက ၾကားဝင္ခံလိုက္ရတဲ့သူ သက္သက္ပဲ၊ ကြၽန္ေတာ္ မီး႐ိႈ႕တဲ့သူကိုပဲ ႐ွာမွာမဟုတ္ဘူး၊ သူ႕ကို အတို႔အေထာင္လုပ္တဲ့သူကိုပါ ႐ွာမယ္၊ ကြၽန္ေတာ္ လက္စားေခ်‌ခ်င္တယ္၊ အေဖရဲ႕ အျပစ္မဲ့မႈကိုလည္း ျပန္ရယူေပးခ်င္တယ္ "

ရန္ရိ မ်က္ေမွာင္ၾကဳတ္သြားသည္။ အဲ့ဒီ့ႏွစ္က မေတာ္တဆမႈမွာ ရက္စက္တဲ့ပူးေပါင္းၾကံစည္မႈေတြ ဘယ္ေလာက္ေတာင္ ဖုံးကြယ္သြားခဲ့လဲဆိုတာ ေတြးၾကည့္ဖို႔ခက္သည္။ သူတို႔မထင္ထားမိခဲ့တာက သူတို႔မီး႐ိႈ႕မႈနဲ႔မဆိုင္ဘူးလို႔ ထင္ရတဲ့အမႈေတြကို စစ္ေဆးတဲ့အခါ အခ်ိန္အၾကာႀကီး အဆက္ျပတ္ေနတဲ့သဲလြန္စေတြကို မေတာ္တဆ ႐ွာေတြ႕ႏိုင္တယ္ဆိုတာပင္။

အရာအားလုံးက ကံစီမံရာသာ။

ရန္ရိ ကုံးရင့္႐ွန္အေျခအေနကို နည္းနည္းစိုးရိမ္မိသြားၿပီး

" ငါမင္းကို အိမ္ျပန္ပို႔ေပးမယ္၊ ဒီေန႔အရမ္းပင္ပန္းသြားရၿပီ၊ ဘာမွမေတြးနဲ႔ေတာ့၊ အိမ္ျပန္ၿပီး ေကာင္းေကာင္းနားလိုက္ "

ကုံးရင့္႐ွန္ ေခါင္းခါၿပီး တိုးတိုးေျပာလာသည္။

" ကြၽန္ေတာ္တို႔ ေျပာထားတာ႐ွိတယ္ေလ "

" ဘာကို? "

ကုံးရင့္႐ွန္ လက္ေျမႇာက္ၿပီး ရန္ရိကို သူ႕နာရီျပလိုက္သည္။

ရန္ရိ လွမ္းၾကည့္လိုက္ၿပီး

" အာ လွပါတယ္၊ အေတာ္ေဈးႀကီးမယ့္ပုံပဲ "

" ၁၂ မေက်ာ္ေသးဘူး၊ ဒီေန႔ကြၽန္ေတာ္ ခင္မ်ားအိမ္မွာ ဧည့္သည္လိုက္လုပ္သင့္တယ္ "

ကုံးရင့္႐ွန္ အဲ့အခ်ိန္က အိမ္လုံးဝမျပန္ခ်င္၊ ရန္ရိပဲ သူ႕ကို အေဖာ္ျပဳေပးေစခ်င္သည္။

ရန္ရိ ဝုန္းဒိုင္းႀကဲရင္ခုန္ၿပီး လႊတ္ခနဲထြက္သြားသည္။

" ေကာင္းၿပီေလ "

သူေျပာၿပီးေတာ့မွ နည္းနည္းေနာင္တရသြားသည္။ ဒီ ' ေကာင္းၿပီေလ ' ဆိုတဲ့စကားစုက အရမ္းတက္ႂကြေနသလိုပင္၊ ဒါေပမယ့္လည္း သူတကယ္ကို မတတ္ႏိုင္လိုက္ပါေခ်။

တစ္စုံတစ္ေယာက္လိုပဲ သူမတတ္ႏိုင္ခဲ့။

အဲ့တာေၾကာင့္ သူကုံးရင့္႐ွန္နဲ႔ ထပ္ခါထပ္ခါေတြ႕ရဖို႔ ဆင္ေျခအမ်ိဳးမ်ိဳး႐ွာခဲ့သည္။ သူ႕ခံစားခ်က္ေတြကို အႀကိမ္ႀကိမ္အခါခါ ထိန္းသိမ္းဖို႔ႀကိဳးစားခဲ့တာေတာင္ အခ်ည္းႏွီးျဖစ္ရသည္။

ကုံးရင့္႐ွန္ကသာ သူ႕ကိုျဖားေယာင္းခဲ့ၿပီး ကုံး႐ွင့္႐ွန္ သူ႕ကို အဲ့လိုမ်ိဳး မေတြးဘူးဆိုတာ သူသိသည္။ သူဝန္ခံလိုက္တဲ့ အ‌ခ်ိန္ကစၿပီး သူ႐ႈံးသြားၿပီ။ လူေတြမွာ ေကာင္းက်ိဳး႐ွာၿပီး ဆိုက်ိဳးေ႐ွာင္တဲ့ ဗီဇစ႐ိုက္႐ွိသည္၊ ျဖစ္ႏိုင္ရင္ ဘယ္သူမွ ဒီလိုအေျခအေနမ်ိဳးထဲ မက်ေရာက္ခ်င္ၾကေပ။

ဒီတိုင္း အခုသူ႕ကိုယ္တိုင္ေတာင္ မတတ္ႏိုင္ေတာ့၍သာ။

သူတို႔ႏွစ္ေယာက္ ဌာနခြဲကထြက္ၿပီး ရန္ရိအိမ္ဆီေမာင္းသြားၾကသည္။

သူတို႔တံခါးကဝင္လိုက္သည္ႏွင့္ ကုံးရင့္႐ွန္က ပတ္ပတ္လည္ကို ေသခ်ာ ၾကည့္သည္။

ရန္ရိ ျပဳံးကာေျပာလိုက္သည္။

" ဒီလိုအိမ္ေသးေသးေလးမ်ိဳးမွာ မေနရတာၾကာၿပီမို႔လား? "

" တစ္ခါမွမေနဖူးဘူး "

ကုံး႐ွင့္႐ွန္ ႐ိုး႐ိုးသားသား ေျပာလိုက္သည္။

" အဲ့တာဆို ငါဒီေန႔ သခင္ေလးတစ္ေယာက္လို ဘဝမ်ိဳးခံစားရေတာ့မွာေပါ့ "

" ဒါခင္မ်ားေနတဲ့ေနရာပဲ "

ကုံးရင့္႐ွန္ သာမန္အိမ္ေလးကို ၾကည့္လိုက္ေပမယ့္ ရင္းႏွီးၿပီး စိတ္တည္ၿငိမ္သလို ခံစားရသည္။ အဲ့တာက အျခားလူေနအိမ္ေပါင္းေထာင္ခ်ီႏွင့္ ကြဲျပားျခားနားေနၿပီး ဒီကေနရာတိုင္းမွာ ရန္ရိအသံ႐ွဴေငြ႕ေတြ ႐ွိေနတာေၾကာင့္ ျဖစ္ႏိုင္သည္။

" ႏွစ္နည္းနည္းေနၿပီး ငါ့အေဖေနမေကာင္းျဖစ္ေတာ့ အေဖက အိမ္ေဟာင္းကိုျပန္ေျပာင္းသြားတာ၊ စခန္းနဲ႔မနီးဘူးလား? "

ရန္ရိ ေျပာလိုက္သည္။

" ဦးေလး႐ွန္႔က မင္းအတြက္ အားလုံးျပင္ၿပီးသြားၿပီ၊ အိပ္ရာခင္းနဲ႔ ေမြ႕ရာေတြအကုန္ မင္းအိမ္ကပဲ ဒီယူလာတာ၊ အိုး ၿပီးေတာ့ မင္းရဲ႕ခ်စ္ေခါင္းအုံးေလးေရာ "

ကုံးရင့္႐ွန္ အမူအရာက ႐ုတ္တရက္ နည္းနည္းမူမမွန္ျဖစ္လာသည္။ သူ႕ အေပၚထပ္ကို ခြၽတ္ကာ အက်ႌခ်ိတ္မွာ ခ်ိတ္လိုက္ၿပီး တစ္ဖက္လွည့္ဖို႔ အခြင့္ေကာင္းယူကာ ေျပာလာသည္။

" အဲ့ေခါင္းအုံးက အရမ္းသက္ေသာင့္သက္သာ႐ွိတာကို၊ ဘာထူးဆန္းလို႔လဲ "

" တကယ္ပဲ ဘယ္လိုေတာင္စြမ္းအားႀကီးတဲ့ ေခါင္းအုံးပါလိမ့္၊ ငါ့ကိုအိပ္ခြင့္ေပးမလား? "

ရန္ရိ သာမန္ကာလွ်ံကာ‌ ေျပာလိုက္သည္။

ကုံးရင့္႐ွန္က ၾကက္ေသေသသြားၿပီး

" ခင္မ်ား ကြၽန္ေတာ့္ေခါင္းအုံး လိုခ်င္တာလား? "

ရန္ရိ သူ႕အေပၚထပ္ကိုခြၽတ္ၿပီး ေအပ႐ြန္ဝတ္လိုက္ရင္း ျပဳံးသည္။

" မင္းမွာ အလုံးသုံးတယ္နီးပါးပဲ က်န္ေတာ့တာ၊ မင္းေသတဲ့အထိ သုံးသြားရမွာပဲ၊ ငါမေတာင္းရဲပါဘူး "

ကုံးရင့္႐ွန္ စိတ္ေအးသြားၿပီး သက္ျပင္းခ်လိုက္သည္။ သူ႕ေခါင္းအုံးကို ဘယ္သူ႕မွမေပးဖူးဘူး၊ ဒါေပမယ့္ ရန္ရိကလိုခ်င္တယ္ဆိုရင္ေတာ့ သူေပး.....

" မင္းထိုင္ၿပီး TV ခဏၾကည့္ေနပါလား? ငါဟင္းခ်က္လိုက္ဦးမယ္၊ မင္းဗိုက္ဆာလား? ငါတို႔ေန႔လယ္ကတည္းက ဘာမွမစားရေသးဘူးေလ "

" အရမ္းေနာက္က်ေနၿပီ၊ ကြၽန္ေတာ့္ကားထဲက ေန႔လယ္စာဘူးပဲ စားေတာ့ "

" ဘယ္လိုလုပ္ ငါ့အိမ္မွာငါ ဧည့္သည္ျပန္လုပ္ရမလဲ?၊ ဘယ္လိုလုပ္ ငါမင္းကို ေန႔လယ္စာဘူးနဲ႔ ဧည့္ခံရမလဲ? ရပါတယ္ ငါပါဝင္ပစၥည္းေတြျပင္ၿပီးသြားၿပီ၊ ငါ့ကို တစ္နာရီပဲအခ်ိန္ေပး အိုေကလား? "

ရန္ရိ မီးခိုေခ်ာင္မွာ အလုပ္႐ႈပ္ေနတုန္း ကုံးရင့္႐ွန္က ဆိုဖာေပၚမွာ မလႈပ္မ႐ွပ္ထိုင္ေနၿပီး သူ႕စိတ္က ပရမ္းပတာျဖစ္ေနသည္။ သူ႕အေတြးေတြက ေခါင္းစြပ္သမားေျပာတဲ့စကားလုံးေတြနဲ႔ ခ်ဳပ္ေႏွာင္ခံထားရပုံေပၚၿပီး မလြတ္ေျမာက္ႏိုင္၊ သူ႕ေခါင္းသူ ခပ္ျပင္းျပင္း႐ိုက္လိုက္ၿပီး ဒီေန႔စိတ္ခံစားမႈအတက္အက်အရမ္းမ်ားလို႔ ေတြးဖို႔အခ်ိန္အခါမသင့္မွန္း အသိတရားဝင္ေစသည္။ သူအခုလိုတာက အားအင္ျဖည့္ဖို႔ အစားအေသာက္နဲ႔ ညခင္းေကာင္းေကာင္းအိပ္ဖို႔ပဲ။

မီးဖိုေခ်ာင္ထဲ ခ်က္ျပဳတ္သံေတြၾကားေနရၿပီး ဟင္းနံ႔မ်ားက တံခါးၾကားကေန ေလႏွင့္အတူ လြင့္ပါလာသည္။

ကုံးရင့္႐ွန္ ဘယ္ေသာအခါမွ မီးကိုျမင္သာေအာင္မေန၊ အဲ့ဒီ့အရာေတြ သူမွတ္မိေနတာက အလြန္နာက်င္စရာေကာင္းၿပီး သူ႕တစ္ဘဝလုံး မီးကိုေ႐ွာင္ဖို႔ႀကိဳးစားေနခဲ့သည္။ ဒါေပမယ့္ ထပ္ခါထပ္ခါ အတင္းအၾကပ္ " ခံစားခ်က္ေလွ်ာ့ခ်ေရးကုထုံး " ေတြလုပ္ၿပီးေနာက္ သူ႕သည္းခံႏိုင္စြမ္းက တကယ္ကို တိုးတက္ခဲ့ၿပီး အမ်ားႀကီးပိုေကာင္းမြန္လာခဲ့သည္။

အဲ့အခ်ိန္ ရန္ရိ မီးဖိုေခ်ာင္‌ထဲမွာ ဘာလုပ္ေနလဲဆိုတာ သူတကယ္သိခ်င္မိၿပီး စိတ္ဆႏၵက သူမီးေၾကာက္တဲ့ျပႆနာကိုေတာင္ လႊမ္းမိုးသြားႏိုင္သည္။

သူအၾကာႀကီး တြန္႔ဆုတ္ေနၿပီးမွ ထရပ္ကာ မီးဖို႔ေခ်ာင္ထဲ ေလွ်ာက္ဝင္သြားလိုက္သည္။

မီးဖိုေခ်ာင္တံခါးကို တြန္းဖြင့္လိုက္ေတာ့ အပူလိႈင္းက ပ်ံ႕ထြက္လာၿပီး ကုံးရင့္႐ွန္ ဂတ္စ္မီးဖိုမွာ ေတာက္ေလာင္ေနတဲ့မီးေတြနဲ႔ ဒယ္အိုးဝိုင္းကေန အေငြ႕ေတြထြက္ေနတာကိုၾကည့္ကာ သူ႕ခႏၶာကိုယ္ ေတာင့္တင္းသြားသည္။

ရန္ရိ အံ့ဩကာ ေျပာလိုက္သည္။

" ဘာကိစၥ႐ွိလို႔လဲ? "

" လာၾကည့္တာ "

ကုံးရင့္႐ွန္ ခံစားခ်က္မပါဘဲ ေျပာလိုက္သည္။

" မင္း ဒါကိုမၾကည့္ခ်င္ပါဘူး "

ရန္ရိ စိုးရိမ္ၿပီးေျပာလိုက္သည္။

" ကြၽန္ေတာ္ ဂတ္စ္မီးဖိုက မီးကိုေတာ့မေၾကာက္ေသးပါဘူး "

ကုံးရင့္႐ွန္ ရန္ရိရဲ႕ အိမ္ဝတ္ေအပ႐ြန္ကို ၾကည့္ၿပီး သူ႕ရင္ထဲ မေဖာ္ျပႏိုင္ေသာ ေႏြးေထြးမႈတို႔ျဖစ္တည္လာသည္။

" ခင္မ်ား ဘာခ်က္ေနတာလဲ? "

" ဒါက အမဲအာလူးႏွပ္ "

ရန္ရိ သူ႕ေဘးက အမဲႏွပ္အိုးကို ျပလိုက္သည္။

" ဒါက ေက်ာက္ဖ႐ုံသီးဟင္းခ်ိဳ "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္သြားသည္။

" မစိုးရိမ္ပါနဲ႔ အကယ္၍မင္းအဲ့တာေတြမစားခ်င္ရင္ဆိုၿပီး ငါအျခားေအးတဲ့ဟင္းေတြလည္း ျပင္ထား‌တယ္ "

ရန္ရိ ျပဳံးလိုက္ၿပီး

" မင္းတကယ္ၾကည့္ခ်င္တယ္ဆို အရင္ဆုံးအဝတ္လဲလိုက္ဦး၊ မင္းဝတ္စုံအနံ႔စြဲကုန္မယ္ "

" အိုး "

ကုံးရင့္႐ွန္ အဝတ္သြားျပန္လဲသည္။

ခဏၾကာေတာ့ ကုံးရင့္႐ွန္ အစိမ္းပုပ္ေရာင္အိမ္ေနရင္းဝတ္အစင္းက်ားဝတ္စုံ ေျပာင္းဝတ္လာၿပီး မီးဖိုေခ်ာင္တံခါးကိုမွီကာ ရန္ရိအလုပ္႐ႈပ္ေနတာကို တိတ္တိတ္ေလး ၾကည့္ေနလိုက္သည္။

သူေဘးလွည့္ရင္ပဲျဖစ္ျဖစ္ ေနာက္လွည့္ထားရင္ပဲျဖစ္ျဖစ္ ကုံးရင့္႐ွန္အၾကည့္ကို ခံစားမိသည္။ အိမ္ေနရင္းဝတ္ အဝတ္အစားေတြနဲ႔ သူ႕အိမ္ကမီးဖိုေခ်ာင္မွာ ႐ွိေနပုံက သူတို႔.....သူတို႔ႏွစ္ေယာက္အတူေနၾကသလိုပင္။

ရန္ရိ ဟိုဟိုဒီဒိလွည့္ရင္း မထိန္းခ်ဳပ္ႏိုင္ဘဲ ျပဳံးေနမိသည္။ သူဗိုက္ဆာေနရင္‌ေတာင္ ဟင္းခ်က္တာ ပိုပိုၿပီးၾကာပါေစလို႔ပဲ ေမွ်ာ္လင့္ေနမိသည္။ အဲ့တာမွ ဒီအခိုက္အတန္႔ေလး ပိုၾကာၾကာတည္ၿမဲေနမွာ။

မီး႐ွဴးမီးပန္းေတြနဲ႔ ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းတဲ့ ကမ႓ာႀကီးလဲ။

----- Volume 2 Anger end.-----

===========

ဝမ္းသာပါတယ္ *clap clap clap*

ခ်ိဳခ်ိဳၿမိန္ၿမိန္ေလးပါပဲ~

ေနာက္ vol တစ္ခုကိုလည္း က်ေနာ္နဲ႔အတူ လိုက္လာၾကဖို႔ ေမွ်ာ္လင့္တယ္

သဘက္ခါ က်ေနာ့္ေမြးေန႔ပါ စပ႐ိုက္ေလး႐ွိတယ္ 🥺✨

Chapter 44 မွာေမးထားတာေလးက

ရန္ရိ သူတို႔လူစုေနတဲ့ေနရာကို ကားနဲ႔လာခဲ့ၿပီး ျပန္ေတာ့ ကုံးရင့္႐ွန္ကသူ႕ကားနဲ႔ေခၚသြားတာေနာ္ ရန္ရိကားက အဲ့အခ်ိန္ဘယ္ေရာက္သြားလို႔လဲ? ဟားဟားဟား

===========