webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 44

{ Unicode }

သူတို့နှစ်ယောက် အတူကြည့်လိုက်ကြတော့ လမ်းကြားအဝက ‌လူနှစ်ယောက်ထွက်လာသည်ကို မြင်လိုက်ရပြီး အရပ်ရှည်ရှည်နဲ့တစ်ယောက်က သူတို့ cctv မှာမြင်ခဲ့သော ခေါင်းစွပ်သမားနှင့်တူသည်။

ဆိုင့်ချောင်အသံ အင်တာကွန်းကနေ ထွက်ပေါ်လာသည်။

" သေစမ်း ငါနှစ်မိနစ်လောက်ပဲ ထွက်သွားတာကို "

ကုံးရင့်ရှန် ပြောလိုက်သည်။

" သူတို့လမ်းက အမှိုက်ပုံးနားရောက်ရင် ငါတို့ ရှေ့ရောနောက်ကပါဝိုင်းမယ်၊ ဆူဆူညံညံမဖြစ်ဖို့သတိထားပါ၊ ဆိုင့်ချောင် မင်းကသူတို့ငှားထားတဲ့အိမ်ကို တန်းသွားပြီး ပိုက်ကွန်ထဲငါးကျန်ခဲ့လားဆိုတာ သွားကြည့်ကြည့် "

သူပြောကာ ကားတံခါးဖွင့်ပြီးအပြင်ထွက်သွားသည်။

ရန်ရိ လည်းတံခါးဖွင့်လိုက်ပေမယ့် ကုံးရင့်ရှန်က သူလက်နဲ့တံခါးကို ပြန်တွန်းပိတ်လိုက်သည်။

" ခင်များ ကားထဲမှာပဲနေ "

ရန်ရိက လက်မခံဘဲ ကားမှန်ချကာ ပြောလိုက်သည်။

" ငါမင်းကို အရင်တစ်ခေါက်က ငါ့အလုပ်မှာ ပူးပေါင်းခိုင်းတယ်လေ "

" အဲ့တာက ခင်များကျွန်တော့်ကိုခေါ်တာလေ၊ ပြီးတော့ အခု ကျွန်တော်ကခင်များကို ကားထဲမှာနေခိုင်းတာ "

ကုံးရင့်ရှန် သဘောထားက အလွန်တင်းမာနေလျက်။

" ထွက်မလာနဲ့ "

ရန်ရိ နှုတ်ခမ်းဆူလိုက်သည်။

ကုံးရင့်ရှန်ကတော့ necktie ကိုဆွဲဆန့်ကာ တရားခံဆီသို့ထွက်သွားပြီး အလုံပိတ်ကားထဲမှ သာမန်ဝတ်စုံနဲ့လူနှစ်ယောက်ကလည်း အခြားတစ်ဖက်မှ ချဥ်းကပ်သွားကြသည်။

ကုံးရင့်ရှန် ခေါင်းစွပ်သမားနဲ့ ဆယ်မီတာလောက်ပဲကွာတော့တဲ့အချိန်မှာ ခေါင်းစွပ်သမား ကုံးရင့်ရှန်ကိုတွေ့သွားပြီး ထိုသူ့ခန္ဓာကိုယ်က သိသိသာသာကို တုန်လှုပ်သွားသည်။

ကုံးရင့်ရှန်သူ့ပုံစံသူ သတိမထားမိလောက်ဘူးလို့ ရန်ရိတွေးမိသည်။ သူ့ပုံစံက အရမ်းကို ပေါ်လွင်နေပြီး ရာဇဝတ်သားတွေဖမ်းဖို့တကယ်ကို မသင့်တော်ပါပေ။

သေချာပါ၏။ ခေါင်းစွပ်သမားက မသင်္ကာဖြစ်သွားတာ ဒါမှမဟုတ် ကုံးရင့်ရှန်ကို မှတ်မိသွားသည်မို့ သူ့အဖော်ကို တစ်ခုခုပြောလိုက်ပြီးနောက် နှစ်ယောက်သား လှည့်ပြေးကြတော့သည်။

ရဲတွေ သူတို့ကို လိုက်ဖမ်းကြသည်။

တရားခံနှစ်ယောက်က လမ်းနှစ်ဖက်ကို ကိုယ်စီပြေးဝင်သွားကြပြီး လူထူထပ်တဲ့ကြားထဲ ရောနှောဝင်ရောက်သွားသည်။

ကုံးရင့်ရှန်က ခေါင်းစွပ်သမားကို အနီးကပ်လိုက်ဖမ်းပြီး သူ့လူနှစ်ယောက်အား ခေါင်းစွပ်သမားအဖော်ကို လိုက်ဖမ်းခိုင်းသည်။

ခေါင်းစွပ်သမားက အကြမ်းဖက်မှတ်တမ်းရှိသူဖြစ်ပြီး ရဲတွေဒီလို လူအရမ်းထူထပ်တဲ့နေရာမှာ နောက်ဆုံးအရေးမှမဟုတ်ရင် ပစ်ခတ်ဖို့ မဖြစ်နိုင်မှန်း ရန်ရိသိသည်။ တစ်ချက်က လူအုပ်ကိုမထိခိုက်စေရန်ဖြစ်ပြီး နောက်တစ်ချက်က အထိတ်တလန့်‌ဖြစ်စေမည်စိုးသောကြောင့်ပင်။ ရန်ရိ ကုံးရင့်ရှန်ကိုမစိုးရိမ်ဘဲ မနေနိုင်၊ သူကားတံခါးကိုတွန်းဖွင့်ကာ သူ့နောက်လိုက်သွားတော့၏။

ခေါင်းစွပ်သမားက ဒီနယ်မြေနဲ့အလွန်အကျွမ်းတဝင်ရှိမှန်း သိသာသည်။ သူလမ်းသွယ်ထဲကို ထင်ရာစိုင်းဝင်သွားပြီး ထိုလမ်းသွယ်ထဲမှာတော့ ဘဝ၏ပြင်းထန်သော အငွေ့အသက်များ ပြည့်နေလျက်။ လမ်းတစ်လျှောက် နေ့ရာအနှံ့အပြား၌ အဝတ်လှမ်းထားသည်များ၊ ကောက်ပဲသီးနှံလှမ်းထားသည်များ၊ ကုန်စုံဆိုင်များ၊ သစ်ချသီးလှော်ဆိုင်များရှိနေသည်။ ဒီနေရာက ဖွဲ့စည်းပုံအခြေခံမကောင်းသောကြောင့် လမ်းတွေက ချိုင့်များဖြင့်ပြည့်နှက်နေပြီး အိမ်တွေကလည်း ယိုယွင်းပျက်စီးကာ အမှိုက်နှင့်မြောင်းပုပ်နံ့များက နေရာတိုင်းလိုလိုပင်။

ရန်ရိ အဝေးကနေ ‌ကုံးရင့်ရှန်နောက်ကျောဆီလိုက်ရင်း ကုံးရင့်ရှန်က အမြဲတမ်းလိုလို သူတော်ကောင်းယောင်ဆောင်တယ်၊ ဒီအမှုကိုင်တွယ်ရတဲ့အချိန် ညစ်ပတ်ပြီး ပင်ပန်းတာကို သူတွန့်ဆုတ်မနေဘူး၊ သူ့စိတ်ဓာတ်ဘယ်လောက် ကြံ့ခိုင်ကြောင်းပဲ ပြနေတယ်လို့ တွေးမိသည်။

ကုံးရင့်ရှန် အော်လိုက်သည်။

" ရပ်လိုက်! ရဲ‌တွေပဲ ! "

အခြေအနေကိုတွေ့တော့ အရပ်သားတွေ တစ်ယောက်ပြီးတစ်ယောက် လမ်းနှစ်ဖက်စလုံး၌ ပုန်းကွယ်သွားကြသည်။

ခေါင်းစွပ်နဲ့လူက ကိုယ်ခံအားအရမ်းကောင်းပြီး ပြေးတာအရမ်းမြန်သည်။ ကုံးရင့်ရှန် သူ့နောက်က လိုက်ဖမ်းရင်း၊ သူ့လက်လုပ် သားရည်ရှူးဖိနပ်များက ချိုင့်ခွက်လမ်းမထက် တစ်ဖက်တိမ်၊ တစ်ဖက်နက်ဖြင့် နင်းလျှောက်နေရသည်။ ပြေးတာက ကောင်းမွန်သောရွေးခြယ်မှု မဟုတ်ခဲ့သော်လည်း သူပိုပြီးနီးကပ်အောင် ပြေးနေဆဲပင်ဖြစ်၏။

နောက်ဆုံးတော့ ခေါင်းစွပ်သမား ပိုပြီးအတွင်းကျကျပြေးရင်းနဲ့ စိုးတထိတ်ထိတ်ဖြင့် လမ်းဆုံးရောက်သွားသည်။

" မပြေးနဲ့! "

ခေါင်းစွပ်နဲ့လူက ကုံရင့်ရှန်ကို ပြန်လှည့်ကြည့်ပြီး နံရံအောက်ခြေက အမှိုက်ပုံးကြီးပေါ်သို့ ခုန်တက်လိုက်ရင်း ထပ်ခုန်ကာ နံရံဆီ ကုတ်တက်သွားသည်။

ကုံးရင့်ရှန်က အမှိုက်ပုံးဆီရောက်နေပြီဖြစ်၍ လက်ဆန့်ကာ လှမ်းဆွဲလိုက်သော်ငြား ခေါင်းစွပ်သမားခြေထောက်ကို ဖမ်းမမိခဲ့ပေ။ ခေါင်းစွပ်သမား နံရံကနေ လှိမ့်ချသွားသည်။

ရန်ရိ လမ်းကြားထဲရောက်သွားသည်နှင့် ကုံးရင့်ရှန် နေရာကနေခုန်တက်လိုက်ပြီး အမှိုက်ပုံးအကူအညီဖြင့် နံရံကနေ အသာလေးခုန်ကျော်သွား‌ကြောင်း မြင်လိုက်ရသည်။ မီးသတ်သမားတစ်ယောက်အနေဖြင့် လက်ဗလာဖြင့်နံရံပေါ်တက်ခြင်း၊ တံတိုင်းကိုကျော်လွှားခြင်းများက လေ့ကျင့်ပြီးသားစွမ်းရည်များသာ။ ပြီးတော့ သူလည်း နောက်ကလိုက်သွားဖို့ တွန့်ဆုတ်မနေခဲ့ချေ။

ကုံးရင့်ရှန် ခုန်ချပြီးသည်နှင့် သူ့ဘေးက တံမြက်စည်းရိုးအပိုင်းကို ‌လှမ်းဆွဲပြီး ခေါင်းစွပ်သမားဆီ ပစ်လိုက်သည်။

ခေါင်းစွပ်သမား ကျောကိုမှန်သွားပေမယ့် ရပ်ရုံပဲရပ်သွားပြီး အသက်မရှိသလို ဆက်ပြေးနေသည်။ ကုံးရင့်ရှန် အခုလေးတင် အမှိုက်ပုံးပေါ်ခုန်ကျော်ခဲ့ရပြီး ဒေါသကလည်း ငယ်ထိပ်ရောက်နေ၏။ လေက သူ့ခြေထောက်တွေအောက် လျှပ်တိုက်သွားပြီး သူရှေ့ကို တဟုန်ထိုးပြေးသွားလိုက်သည်။ ထို့နောက် တစ်ချက်ခုန်အုပ်လိုက်တော့ ခေါင်းစွပ်သမား မြေကြီးပေါ် လဲကျသွားသည်။

ခေါင်းစွပ်သမားက အော်ဟစ်ကာ အကြောက်အကန်ရုန်းသည်။ ကုံးရင့်ရှန် သူ့ကို နှစ်ချက်လောက်အရင် ဆင့်ထိုးလိုက်ပြီး   ရုတ်တရက် သူ့လက်ကို ဘေးလွှဲလိုက်သည် ။ ကုံးရင့်ရှန် မျက်လုံးအစွန်းကနေ ငွေဖြူရောင်သတ္တု အလင်းတန်းတစ်ခု  ညအမှောင်ကိုဖြတ်၍ လက်ခနဲဖြစ်သွားကြောင်း မြင်လိုက်ရ၏။

အဲ့တာဘာဆိုတာ မမြင်လိုက်ရခင် ကုံးရင့်ရှန် အလိုအလျောက် တုံ့ပြန်သောအားဖြင့် ဘေးသို့ရှောင်လိုက်သည်။ ထို့နောက်သူ စူးရှသောဓားတစ်လက် အဝတ်စကိုဖြတ်ပိုင်းသွားသံကြားလိုက်ရပြီး ကလက်ခနဲ တစ်ခုခုအောက်ပြုတ်ကျသွားသည်။

ကုံးရင့်ရှန် မြေကြီးပေါ် နှစ်ချက်မျှလှိမ့်လိုက်ပြီး ကိုယ်ကိုပြန်မတ်လိုက်သည်။ သူမြေပြင်ပေါ်ဆောင့်ကြောင့်ထိုင်ရင်း အောက်ကိုငုံ့ကြည့်လိုက်တော့ အင်္ကျီဘယ်လက်‌ချိုင်းသားစက အရှည်ကြီးပိုင်းဖြတ်ခံလိုက်ရပြီး သူ့လက်မောင်းအောက်က ပစ္စတိုအိတ်ကြိုးသိုင်း ပြတ်သွားသည်။ သေနတ်ကတော့ သူတို့နှစ်ယောက်ကြား-- ခေါင်းစွပ်သမားနှင့်ပိုနီးသောနေရာ၌ ပြုတ်ကျနေလျက်။

ခေါင်းစွပ်သမားက လက်ထဲဓားမြှောင်ကိုင်ထားရင်း ကြမ်းယုတ်ပုံပေါ်သည်။ သူ့မျက်လုံးများက မြေကြီးပေါ်ကသေနတ်ဆီ တစ်ချက်ပြီးတစ်ချက် အကြည့်ပို့နေပြီး အလင်းရောင်အားနည်းသောကြောင့် သေနတ်ဟုတ်ဟုတ် နှစ်ခါပြန်အတည်ပြုလိုက်ရသည်။

ကုံးရင့်ရှန် မျက်နှာမှုန်သိုးလျက် ထရပ်လိုက်ပြီး သူ့ suit ကို ခပ်ကြမ်းကြမ်းကြယ်သီးဖြုတ်ကာ အပေါ်ထပ်ကိုချွတ်ပြီး မြေကြီးပေါ်လွှင့်ပစ်လိုက်သည်။

ထိုအချိန် ရန်ရိ နံရံပေါ်ကကျော်ဆင်းရင်း မြေကြီးပေါ်အမြန်ခုန်ချလိုက်သည်။

ကုံးရင့်ရှန် နောက်တွန့်သွားပြီး ရန်ရိကို ကြောက်စရာကောင်းသော အကြည့်တစ်ချက် ပို့လွှတ်လာသည်။ ခေါင်းစွပ်နဲ့လူ သေနတ်ကောက်ဖို့ အမြန်ကုန်းလိုက်တာမြင်တော့ သူအမြန်ပြေးသွားလိုက်သည်။

ခေါင်းစွပ်သမားက သေနတ်ကိုလက်တစ်ဖက်နဲ့ ကောက်ယူလိုက်ပြီး အခြားလက်တစ်ဖက်က ဓားမြှောင်ကိုဝေ့ယမ်းရင်း ကုံးရင့်ရှန်ကို အားနဲ့ထိုးလိုက်သည်။ ကုံးရင့်ရှန်ဘေးသို့ရှောင်လိုက်ပြီး ထိုသူ့လက်မောင်းကို ချိတ်၍ အခြားလက်တစ်ဖက်နဲ့ သူ့ကို လှန်ချကာ လက်ကောက်ဝတ်ကို ဆွဲပြီး တင်းတင်းကြပ်ကြပ်ချုပ်ထားလိုက်သည်။

ခေါင်းစွပ်သမားက အော်ဟစ်လျက် ဓား‌မြှောင်ကိုလွှတ်ချဖို့ ဖိအားပေးခံရတော့ ‌ခြေထောက်နဲ့ ကုံးရင့်ရှန်ကိုယ်အောက်ပိုင်းကို ‌ကန်ကျောက်သည်။

ဒီလို ကလိမ်ကကျစ်နည်းလမ်းအများစုက ထောင်ထဲ၌ သင်ယူခဲ့ရတာဖြစ်သည်။ ကုံးရင့်ရှန် သူ့လက်ကိုလွှတ်လိုက်ပြီး နောက်နှစ်လှမ်းဆုတ်လိုက်သည်။

ခေါင်းစွပ်သမားက ထိုအခွင့်အရေးကိုယူပြီး ပစ္စတိုအိတ်ကို ဖွင့်ဖို့ကြိုးစားကာ ပစ္စတိုထုတ်လိုက်သည်။

ရန်ရိ စိုးရိမ်တကြီးနဲ့ အော်လိုက်သည်။

" သတိထား! "

သူပြေးသွားလိုက်၏။

ကုံးရင့်ရှန်က သူ့ခြေတံရှည်တွေကိုလွှဲယမ်းလိုက်ပြီး ခေါင်းစွပ်သမား ဗိုက်ကိုကန်ကာ လူကို မြေကြီးပေါ် လိမ့်သွားစေသည်။

ခေါင်းစွပ်သမားမျက်လုံးတွေက ဒေါသဖြင့်ပြည့်နှက်နေပြီး သေနတ်ပြောင်းဝကို ကုံးရင့်ရှန်ဘက်ချိန်လိုက်သည်။ ကုံးရင့်ရှန်က ခုန်ပျံလိုက်ပြီး ခေါင်းစွပ်သမားရဲ့လက်ကောက်ဝတ်ကို ကန်လိုက်တော့ သေနတ်လွတ်သွား၏။

ကုံးရင့်ရှန် ထပ်ကန်ပြီး ခေါင်းစွပ်သမားဗိုက်ကို အားပြင်းပြင်းနဲ့ ဆောင့်ကန်သည်။

ခေါင်းစွပ်သမားက မြေကြီးပေါ် အကြိမ်အနည်းငယ်လှိမ့်လိုက်ပြီး အဆက်မပြတ်အော်ကာ ထရပ်ဖို့ကြိုးစားသည်။

ကုံးရင့်ရှန် သူ့ခါးပတ်က လက်ထပ်ကိုဖြုတ်ကာ ခေါင်းစွပ်သမားကို မြေကြီးပေါ်ထပ်ကန်ချလိုက်ပြီး ကျွမ်းကျင်စွာ လက်ထိပ်ခတ်လိုက်သည်။

ဖြစ်စဉ်တစ်ခုလုံး စက္ကန့်ပိုင်းမျှသာကြာလိုက်ပြီး ရန်ရိ ပြေးပြီးရောက်မလာသေးခင် ပြီးဆုံးသွား၏။ သူ ကုံးရင့်ရှန်ရဲ့ထက်မြတ်မှုကြောင့် အံ့ဩမင်သက်သွားရတော့သည်။

လက်ထိပ်ခတ်ပြီးတော့ ကုံးရင့်ရှန် စိတ်အေးသက်ပြင်းချလိုက်ပြီး ခေါင်းစွပ်နဲ့လူကို အေးစက်သောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ရန်ရိ ရုန်းကန်နေဆဲ ခေါင်းစွပ်သမားကိုကြည့်ပြီး ထိုသူ ကုံးရင့်ရှန်ကို သေနတ်ဖြင့်ချိန်ထားသည့် ပုံရိပ်က သူ့စိတ်ထဲ စွဲကျန်နေကာ ရင်တလှပ်လှပ်ဖြစ်နေဆဲပင်။

ကုံးရင့်ရှန် မြေကြီးပေါ်က သေနတ်ကိုကောက်ကိုင်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

" မောင်းတောင်မချိန်နိုင်ဘဲနဲ့ သေနတ်ကိုင်ရဲသေးတယ်လား? "

ရန်ရိ အသိပြန်ဝင်လာပြီး ကုံးရင့်ရှန်ရဲ့ ပြဲနေသောအင်္ကျီကိုကြည့်ကာ စိုးထိတ်သွားသည်။

" မင်း အဆင်ပြေရဲ့လား? "

ကုံးရင့်ရှန်က ‌ဒေါသထွက်ထွက်နဲ့ ပြောလိုက်သည်။

" ခင်များကို ကားထဲနေခိုင်းတာလေ ! "

သူ ရာဇဝတ်မှုမှတ်တမ်းရှိတဲ့ အကြမ်းဖက်တရားခံကို ဖမ်းနေတာ၊ သူ့ကိုဖမ်းမိသွားတာနဲ့ လူသတ်တရားခံပါ ဖြစ်သွားဦးမည်၊ ဒီလိုလူယုတ်မာမျိုးကို ဖမ်းရတာ ဘယ်လိုအန္တရာယ်မျိုးမဆို ကြုံနိုင်မှန်းသူသိသည်။ ရန်ရိ ပေါ်လာတဲ့အချိန်မှာ သူ့သေနတ်က တရားခံခြေထောက်အောက်မှာပဲ၊ ပြီးတော့ အဲ့အချိန် သူနှလုံးကလည်း လည်ချောင်းဝမှာတစ်နေပြီ။

ရန်ရိ အခွင့်အရေးယူကာ အမြန်ပြောလိုက်သည်။

" မင်း ငါအရင်တစ်ခေါက်က ဘာလို့ဒေါသထွက်လဲ သိပြီမလား! "

သူတို့နှစ်ယောက် အမြဲလိုလိုစကားများကြရင် ကုံးရင့်ရှန်ပဲ အမြဲနိုင်နေပေမယ့် ဒီတစ်ခါတော့ သူပါးစပ်ပိတ်သွားရသည်။ သို့သော် သူပိုကျယ်တဲ့အသံနဲ့ အမြန်အော်လိုက်၏။

" ခင်များပြန်ပြောရဲတယ်! "

" ငါ....."

ရန်ရိ ကုံးရင့်ရှန်ရဲ့ ဒေါသပေါက်ကွဲလုနီးပါး အမူအရာကိုကြည့်ကာ အခုလေးတင်တရားခံဖမ်းမိသွားတဲ့ သူ့စွမ်းရည်အကြောင်း စဉ်းစားမိပြီး ချက်ချင်း ချော့ပြောလိုက်သည်။

" ...မင်းဒဏ်ရာရထားတာလား? "

ကုံးရင့်ရှန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး

" ဒီလိုပေါက်တတ်ကရမျိုးက ကျွန်တော့်ကို မထိခိုက်နိုင်ဘူး "

သူခေါင်းငုံ့ကာ ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်သည်။ သူအရမ်းစိတ်မသက်မသာဖြစ်သွားပြီး ခေါင်းစွပ်သမားကို မြေကြီးပေါ်ကနေ အကြမ်းပတမ်းဆွဲထူလိုက်ကာ ‌ရှေ့ပို့ပြီးဆက်သွားဖို့ တွန်းလိုက်သည်။

ရန်ရိနောက်က ထပ်ကြပ်မခွာလိုက်ရင်း ကုံးရင့်ရှန်ကို ခိုးခိုးကြည့်နေသည်။

သူတို့ထိုနေရာကထွက်ပြီး အရင်က သူတို့စောင့်ကြည့်နေတဲ့နေရာကို ပြန်သွားတော့ ရဲကားနှစ်စီးစောင့်နှင့်နေပြီဖြစ်ကာ တရားခံနှစ်ယောက်လုံးကို ကားထဲသွင်းလိုက်သည်။

ဆိုင့်ချောင်က ကုံးရင့်ရှန်ရဲ့ ညစ်ပေနေတဲ့ကိုယ်ကို ကြည့်ပြီး မတတ်နိုင်ဘဲ စုပ်သတ်မိသည်။

" အိုး ဒေါက်တာကုံး မင်းတော့အခက်တွေ့တာပဲ "

ကုံးရင့်ရှန် လက်အိတ်တွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပြီး၊ ‌ကားနောက်ဖုံးကိုဖွင့်ကာ ပိုးသတ်ဆေးဘူးထုတ်၍ သူ့ကိုယ်ပေါ်အရင်ဖြန်းလိုက်သည်။

ရန်ရိရောက်လာပြီး

" မင်းသွားချင်..."

ကုံးရင့်ရှန် သူ့လက်ကောက်ဝတ်ကိုလှည့်ပြီး ရန်ရိဆီ မယဉ်ကျေးစွာ ဖြန်းလိုက်သည်။ ရန်ရိ ကူကယ်ရာမဲ့ မျက်လုံးတွေမှိတ်လိုက်ပြီး အရက်ပြန်နံ့စူးစူးကိုသာ အနံ့ခံနေရသည်။

ပုလင်း‌အောက်ခြေနားရောက်တဲ့အထိ စောင့်ပြီး ရန်ရိ ပြောလိုက်သည်။

" မင်း ဘယ်ကိုသွားပြီး သန့်ရှင်းမှာလဲ? "

ကုံးရင့်ရှန် သူ့ကိုစောင်းငဲ့ကြည့်လိုက်ပြီး

" ဌာနခွဲပြန်မလို့၊ ကားထဲဝင် "

နှစ်ယောက်သား တစ်လမ်းလုံး အသံတိတ်နေကြပြီး ‌လေထုအခြေအနေကတော့ အသက်ရှူကြပ်စရာပင်။

ဌာနခွဲရောက်တော့ ကုံးရင့်ရှန် နောက်ဖုံးထဲက suit အသန့်တစ်စုံနဲ့ ရှူးတွေယူပြီး ရန်ရိကိုတောင်မကြည့်ဘဲ ဌာနခွဲထဲ တန်းတန်းမတ်မတ်ဝင်သွားတော့၏။

ရန်ရိမှာ မကျေနပ်တာကို ဖော်ပြဖို့အချိန်တောင်မရှိ၊ သူအခု ခေါင်းစွပ်နဲ့သူကိုစစ်မေးတာပဲ ပိုပြီးအာရုံထားသည်။

ဆိုင့်ချောင် ရန်ရိကို ဌာနခွဲဆီခေါ်သွားသည်။ အချိန်အားဖြင့် အလုပ်ဆင်းချိန်ဖြစ်သော်လည်း ဂျူတီကျသူများနှင့် အချိန်ပိုဆင်းသူ အများအပြားရှိနေဆဲပင်။ ဌာနခွဲတစ်ခုလုံး မီးလင်းထိန်နေပြီး ခုနတင်ဖမ်းမိလာသော တရားခံက အနည်းငယ်ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

ဆိုင့်ချောင် ရန်ရိကို စစ်မေးခန်းဘေးက စောင့်ကြည့်ရေးအခန်းကို ခေါ်သွားသည်။ မင်းတို့ စစ်မေးခန်းကို ကြားလည်းကြားရသလို မြင်လည်းမြင်နိုင်သည်။ သို့ပေမယ့် စစ်မေးခန်းကတော့ မင်းတို့ကို မြင်လည်းမမြင်၊ ကြားလည်းမကြားရပေ။ ခေါင်းစွပ်သမား ခုံမှာပစ်ထိုင်နေပြီး သူ့မျက်လုံးများက အသက်မဲ့နေကြောင်း သူမြင်ရသည်။ ကုံးရင့်ရှန်ကန်ချက်တွေကြောင့် စိတ်ပန်းသွားတာလား၊ သူအဆုံးသတ်ပြီဆိုတာကို သိလို့ ဘာမှဂရုစိုက်တော့တာလား ဆိုတာ သူမသိ။

ဆိုင့်ချောင် ခုံတစ်လုံးဆွဲယူလိုက်ပြီး ပြုံးကာပြောလာသည်။

" ထိုင်ပါဦး ခေါင်းဆောင်ရဲ့၊ ဒီအမှုမှာ ခင်များ အများကြီးလုပ်ပေးထားတာပါ၊ မီးစုံစမ်းရေးမှာ ကူညီတာက ကိစ္စမရှိဘူး၊ ခင်များကတကယ်ကို လူဆိုးဖမ်းဖို့ တိုက်ပွဲထဲ ဝင်သွားတာပဲ "

ရန်ရိ သူ့ဘာသာရယ်လိုက်သည်။

" အရမ်းစိတ်လှုပ်ရှားစရာကောင်းမှန်း ငါဘယ်မှာသိခဲ့တာပါလိမ့် "

" ခင်များ ကျွန်တော်တို့ လေးစားထိုက်တဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် ‌ဖြစ်တော့မှာပါ "

ငါးမိနစ်ကြာတော့ ရန်ရိ စစ်မေးခန်းတံခါးပွင့်လာတာကို မြင်လိုက်ရသည်။ ကုံးရင့်ရှန့်က ခေါင်းစခြေဆုံး မီးခိုးမှိုင်းရောင် suit ကိုလဲဝတ်ထားပြီး၊ ပုံပျက်နေတဲ့ဆံပင်တွေကိုတောင် ပြန်ပြင်ထားလျက်၊ ယခုနက မျက်နှာပူစရာကောင်းသော ညစ်ပတ်ရှုပ်ပွနေသည်များမှာ ခြေရာလက်ရာပင်မကျန်တော့ပါချေ။

ဆိုင့်ချောင်က အပြုံးဖြင့်ပြောလိုက်သည်။

" ဒေါက်တာကုံးတစ်ယောက် စတားမဟုတ်တာ ဝမ်းနည်းစရာပဲ "

ရန်ရိလည်း ပြုံးလိုက်သည်။

ကုံးရင့်ရှန် ခေါင်းစွပ်သမားနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး စားပွဲကိုပုတ်ကာ လုပ်ရိုးလုပ်စဉ်အတိုင်း အခြေခံအချက်အ‌လက်တွေမေးလိုက်သည်။

ခေါင်းစွပ်သမားက ဘာတစ်ခွန်းမှမပြောပေမယ့် ကုံးရင့်ရှန်ကို ရယ်သွမ်းသွေးကာ ကြည့်နေသည်။

ကုံးရင့်ရှန် တစ်ခဏမျှတိတ်ဆိတ်သွားပြီး စစ်မေးခန်း၌ သူ့အသံတစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။

" ဘာလို့လဲ? စကားမပြောတာ အရာရောက်မယ်ထင်လို့လား? "

" ငါကဒီတိုင်း အဓိပ္ပါယ်မရှိတာတွေ ပြောရမှာပျင်းလွန်းလို့ "

ခေါင်းစွပ်သမားက မေး‌ငေါ့ကာ လှောင်ရယ်လိုက်သည်။

" မင်းဘာလို့ စိတ်ဝင်စားစရာ‌တစ်ခုခု မမေးတာလဲ? "

" ဘာက စိတ်ဝင်စားစရာကောင်းလို့လဲ? "

ကုံးရင့်ရှန် ပြောလိုက်သည်။

" ဝမ်ရမ့်အဆောက်အအုံ အခန်း ၂၂၀၉ ကို ခင်များမီးရှို့တာလား? "

ခေါင်းစွပ်သမားက မတ်မတ်ထိုင်လိုက်ပြီး ရှေ့ကိုပင်ကိုင်းကာ ကုံးရင့်ရှန်ကို တည့်တည့်စိုက်ကြည့်သည်။

" ငါမင်းကိုသိတယ် "

ကုံးရင့်ရှန် ခံစားချက်မပါဘဲ ပြောလိုက်သည်။

" ကျွန်တော့် ကိုယ်ရေးအချက်အလက်တွေက ခင်များတို့ မူမမှန်တဲ့ဆွေးနွေးခန်းမှာ ပေါ်သွားတာပဲ၊ ခင်များ ကျွန်တော့်ကိုသိတာ  မထူးဆန်းပါဘူး "

" မဟုတ်ဘူး ငါမင်းကို အဲ့အရာတွေထက် ပိုသိတယ် "

ခေါင်းစွပ်သမားက မရိုးဖြောင့်စွာပြုံးလိုက်သည်။

" လွန်ခဲ့တဲ့ ၁၈ နှစ်သတင်းစာထဲက ကောင်လေးက ကြီးလာတော့ လူ‌တစ်ယောက်လိုဖြစ်နေမယ်လို့ ငါမထင်ခဲ့ဘူး "

ကုံးရင့်ရှန် မျက်နှာပြောင်းလဲသွားပြီး

" ခင်များဘာပြောတယ်!  "

ရန်ရိ ခုံကနေထလိုက်ပြီး သူအမူအရာကလည်းသွေးပျက်နေ၏။

ဆိုင့်ချောင်လည်း မင်သက်သွားသည်။

ခေါင်းစွပ်သမားက ရယ်လျက်။

ကုံးရင့်ရှန်က စားပွဲကို ခပ်ပြင်းပြင်းရိုက်ချလိုက်ပြီး သွေးတွေ သူ့ငယ်ထိပ်ထိ ဆောင့်တက်သွားသည်။

" ခင်များ ဘာပြောလိုက်တာလဲ?! "

" ငါပြောတာက....."

ခေါင်းစွပ်သမားက မလိုတမာပြုံး,ပြုံးလိုက်ပြီး

" သခင်လေးကုံး၊ မင်းအဲ့ဒီ့ ' ငှက် ' ကိုမှတ်မိ‌သေးလား? "

ကုံးရင့်ရှန် ရုတ်ခြည်းဆိုသလို မျက်လုံးတွေပြူးကျယ်သွားပြီး မျက်ဆံတွေက ကျုံ့သေးသွားသည်။ သူ ထိုင်ခုံကနေ  ဓာတ်လိုက်သွားသလို ခုန်ထလိုက်ပြီး စားပွဲကိုပတ်သွားကာ ခေါင်းစွပ်သမားကို ဆွဲမပြီး နံရံနဲ့ပစ်ဆောင့်လိုက်သည်။ သူ့လက်ထိပ်တွေက စားပွဲနှင့်ဆက်ထားဆဲဖြစ်ပြီး ကုံးရင့်ရှန်လှုပ်ရှားမှုက အလွန်ကြီးမား‌သဖြင့် စားပွဲကိုပါ ဆွဲချသွားပြီး ဆူဆူညံညံအသံများထွက်လာသည်။

‌ဆိုင့်ချောင် စောင့်ကြည့်ခန်းထဲကပြေးထွက်သွားပြီး ရန်ရိလည်း လိုက်ပြေးထွက်သွားသည်။

" ခင်များ ဘာပြောတာလဲ?! ခင်များ ဘာပြောတာလဲလို့?! "

ကုံးရင့်ရှန် ခေါင်းစွပ်သမားကို အော်သည်။ သူ့မျက်လုံးတွေက သွေးလိုရဲရဲတောက်နေပြီး အမူအရာက သားရဲတစ်‌ကောင်လို ရက်စက်ကြမ်းကြုတ်နေသည်။

ဆိုင့်ချောင် ဝင်သွားပြီး ကုံးရင့်ရှန်ကို ချုပ်ထားလိုက်သည်။

" ဒေါက်တာကုံး လွှတ်လိုက်၊ သူ့ကိုလွှတ်ပေးလိုက်! "

ရန်ရိလည်း ကုံးရင့်ရှန်ကို ဆွဲဖို့သွားသည်။

ကုံးရင့်ရှန်က ခေါင်းစွပ်သမားကို တင်းတင်းကိုင်ထားရင်း အော်ပဲအော်နေသည်။

" ခင်များ ဘာပြောတာလဲ! "

သူစိတ်လွတ်သွားချေပြီ။

ရန်ရိ အော်လိုက်သည်။

" ကုံးရင့်ရှန် လွှတ်လိုက်! ၊ မင်းအပြစ်ပေးခံရရင် သူ့ကို စစ်ဆေးနိုင်တော့မှာမဟုတ်ဘူး ! "

ရန်ရိ အသံက မိုးချုန်းသံအလား၊ ကုံးရင့်ရှန် နိုးထလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားသည်။

သူတို့နှစ်ယောက် ကုံးရင့်ရှန် စိတ်ငြိမ်သွားတာကို အခွင့်ကောင်းယူပြီး သူ့လက်ထဲကနေ ခေါင်းစွပ်သမားကို ဆွဲဖယ်ရသည်။

ဆိုင့်ချောင် သူနှာဖူးက ချွေးစေးတွေကို သုတ်လိုက်ပြီး

" တော်သေးလို့ ဘယ်သူမှရှိ‌မနေတာ၊ မဟုတ်ရင် ပြဿနာတက်မှာပဲ "

သူ မျက်မှောင်ကြုတ်လိုက်ပြီး

" ဒေါက်တာကုံး မင်းဘာဖြစ်တာလဲ? မင်း အရမ်းစိတ်မငြိမ်မသက်ဖြစ်တာကို ငါပထမဆုံးမြင်ဖူးတာပဲ၊ ဒီနေ့ဟာမေ့လိုက်တော့၊ အမှုမစစ်နဲ့၊ မင်းပြန်ပြီး နားလိုက်ဦး "

ကုံးရင့်ရှန်က နေရာမှာပင် ကြက်သေသေနေဆဲဖြစ်ပြီး ခပ်တိုးတိုးရေရွတ်နေပေမယ့် စကားမပြောနိုင်။

ရန်ရိ ဆိုင့်ချောင်ကို မျက်စပစ်ပြလိုက်ပြီး ခေါင်းစွပ်သမားကို ထုတ်သွားခိုင်းလိုက်တော့ ဆိုင့်ချောင် အမြန်ပဲသူ့ကို ဝေးဝေးခေါ်ထုတ်သွားသည်။

ရန်ရိ ကုံးရင့်ရှန်ရဲ့ ဖြူလျော်နေတဲ့မျက်နှာကိုကြည့်ပြီး ခုနက ခေါင်းစွပ်သမားပြောသွားတာက လွန်ခဲ့တဲ့ ၁၈ နှစ်က သူတို့မိသားစုလူသတ်တရားခံနဲ့ ဆက်နွယ်နေရမယ်လို့ သိလိုက်သည်။ ကုံးရင့်ရှန် တုံ့ပြန်မှုကအံ့ဩခြင်း လုံးဝဟုတ်မနေချေ။

" ကုံး၊ ဒေါက်တာကုံး "

ရန်ရိ နူးနူးညံ့ညံ့ပြောလိုက်သည်။

" မင်းစိတ်လျှော့ပြီး အသက်ပြင်းပြင်းရှူကြည့်ပါဦး "

ကုံးရင့်ရှန် တဖြည်းဖြည်းချင်း မျက်လုံးလှန်လာပြီး ရန်ရိကို စိုက်ကြည့်သည်။

" အသက်ပြင်းပြင်းရှူ "

ရန်ရိ သူ့ကိုယ်တိုင် အသက်ရှူသွင်းရှူထုတ်လုပ်ပြလိုက်သည်။

" မင်းဘာပဲကြားကြား၊ ဘာပဲဖြစ်ဖြစ်၊ မင်းအခုလုပ်ရမယ့် အရေးအကြီးဆုံးအရာက စိတ်လျှော့ထားဖို့ပဲ "

ကုံးရင့်ရှန် မျက်ကွင်းနီတွေက တဖြည်းဖြည်းချင်း ပြန့်သွားပြီး ခန္ဓာကိုယ်က နည်းနည်းတုန်ယင်နေသည်။

ရန်ရိ နှလုံးသားအထုထောင်း ခံလိုက်ရပုံသည်။ သူ အလိုအလျောက် လက်ဆန့်ထုတ်မိသွားပြီး ကုံးရင့်ရှန်ရဲ့လည်ပင်းကို ထိန်းကိုင်ကာ ပါးနုနုလေးကို သူ့လက်မဖြင့် ပွတ်သပ်ပေးမိသည်။

" မင်း ငါ့ကိုပြောလို့ရပါတယ်၊ မင်းတစ်ယောက်တည်း သိမ်းထားစရာမလိုဘူး၊ မင်းငါ့ကိုပြောလို့ရတယ် ဒါပေမယ့် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ "

ကုံးရင့်ရှန် မျက်လုံးပြူးသွားပြီး မျက်ရည်အကျမခံဘဲ မပီမသပြောလိုက်သည်။

" ငှက်....ငှက်မျက်နှာဖုံး "

" ဘာလဲ? "

" အဲ့လူ ငှက်မျက်နှာဖုံး ဝတ်ထားတယ် "

ထိုစကားပြောပြီးနောက် ကုံးရင့်ရှန် မျက်လုံးတွေ မှေးစင်းလာပြီး မနည်းအသက်ရှူနေရသည်။ သူ ရန်ရိကို ရုတ်တရက်ဖက်လိုက်၏။ သူပြုတ်ကျမသွားခင် ကယ်တင်‌ပေးမယ့်သူကို ဖက်ထားသည့်အလား တင်းတင်းကြပ်ကြပ်ကို ဖက်ထားသည်။

ရန်ရိလည်း သူ့လက်တွေကိုဆန့်ကာ ကျောပြင်ကျယ်ကျယ်ကို ဖက်ထားပြီး၊ အရမ်းစိတ်ပူလွန်းလို့ စကားတောင်မပြောနိုင်ခဲ့ပေ။

ဘာလို့အခုချိန်လဲ၊ ဘာလို့အခုချိန်မှလဲ၊ ရန်ရိ သူ့ရင်ဘတ်ထဲက နာကျင်မှုကို ရှင်းရှင်းလင်းလင်း ခံစားရပြီးချိန်၊ အလွန့်အလွန် သည်းမခံနိုင်ခြင်းနှင့် ဝမ်းနည်းမှု၊ ကြေကွဲခြင်းနှင့် ဒေါသတို့ကို ခံစားရပြီးချိန်၊ သူ‌ထပ်ပြီး ရှောင်လွှဲဖို့မဖြစ်နိုင်တော့တဲ့အချိန်၊ သူစိတ်လှည့်ဖြားဖို့လည်း မတတ်နိုင်တော့ဘဲ နောက်ဆုံးတော့ သူ့လက်မောင်းများကြားက လူတစ်ယောက်ရဲ့ ဖြားယောင်းသွေးဆောင်မှု ခံလိုက်ရပြီမှန်း သူဝန်ခံရတော့မည်။

==========

ချိုအီနေတာပဲ~

ဒါနဲ့ ဒီ chapter မှာ ထူးဆန်းတာလေးသတိထားမိလား ဟဲဟဲ

Btw စာလုံးရေများလို့ကြာနေတာ ~

တစ်ချက်ကြည့်လိုက်

==========

{ Zawgyi }

သူတို႔ႏွစ္ေယာက္ အတူၾကည့္လိုက္ၾကေတာ့ လမ္းၾကားအဝက ‌လူႏွစ္ေယာက္ထြက္လာသည္ကို ျမင္လိုက္ရၿပီး အရပ္႐ွည္႐ွည္နဲ႔တစ္ေယာက္က သူတို႔ cctv မွာျမင္ခဲ့ေသာ ေခါင္းစြပ္သမားႏွင့္တူသည္။

ဆိုင့္ေခ်ာင္အသံ အင္တာကြန္းကေန ထြက္ေပၚလာသည္။

" ေသစမ္း ငါႏွစ္မိနစ္ေလာက္ပဲ ထြက္သြားတာကို "

ကုံးရင့္႐ွန္ ေျပာလိုက္သည္။

" သူတို႔လမ္းက အမိႈက္ပုံးနားေရာက္ရင္ ငါတို႔ ေ႐ွ႕ေရာေနာက္ကပါဝိုင္းမယ္၊ ဆူဆူညံညံမျဖစ္ဖို႔သတိထားပါ၊ ဆိုင့္ေခ်ာင္ မင္းကသူတို႔ငွားထားတဲ့အိမ္ကို တန္းသြားၿပီး ပိုက္ကြန္ထဲငါးက်န္ခဲ့လားဆိုတာ သြားၾကည့္ၾကည့္ "

သူေျပာကာ ကားတံခါးဖြင့္ၿပီးအျပင္ထြက္သြားသည္။

ရန္ရိ လည္းတံခါးဖြင့္လိုက္ေပမယ့္ ကုံးရင့္႐ွန္က သူလက္နဲ႔တံခါးကို ျပန္တြန္းပိတ္လိုက္သည္။

" ခင္မ်ား ကားထဲမွာပဲေန "

ရန္ရိက လက္မခံဘဲ ကားမွန္ခ်ကာ ေျပာလိုက္သည္။

" ငါမင္းကို အရင္တစ္ေခါက္က ငါ့အလုပ္မွာ ပူးေပါင္းခိုင္းတယ္ေလ "

" အဲ့တာက ခင္မ်ားကြၽန္ေတာ့္ကိုေခၚတာေလ၊ ၿပီးေတာ့ အခု ကြၽန္ေတာ္ကခင္မ်ားကို ကားထဲမွာေနခိုင္းတာ "

ကုံးရင့္႐ွန္ သေဘာထားက အလြန္တင္းမာေနလ်က္။

" ထြက္မလာနဲ႔ "

ရန္ရိ ႏႈတ္ခမ္းဆူလိုက္သည္။

ကုံးရင့္႐ွန္ကေတာ့ necktie ကိုဆြဲဆန္႔ကာ တရားခံဆီသို႔ထြက္သြားၿပီး အလုံပိတ္ကားထဲမွ သာမန္ဝတ္စုံနဲ႔လူႏွစ္ေယာက္ကလည္း အျခားတစ္ဖက္မွ ခ်ဥ္းကပ္သြားၾကသည္။

ကုံးရင့္႐ွန္ ေခါင္းစြပ္သမားနဲ႔ ဆယ္မီတာေလာက္ပဲကြာေတာ့တဲ့အခ်ိန္မွာ ေခါင္းစြပ္သမား ကုံးရင့္႐ွန္ကိုေတြ႕သြားၿပီး ထိုသူ႕ခႏၶာကိုယ္က သိသိသာသာကို တုန္လႈပ္သြားသည္။

ကုံးရင့္႐ွန္သူ႕ပုံစံသူ သတိမထားမိေလာက္ဘူးလို႔ ရန္ရိေတြးမိသည္။ သူ႕ပုံစံက အရမ္းကို ေပၚလြင္ေနၿပီး ရာဇဝတ္သားေတြဖမ္းဖို႔တကယ္ကို မသင့္ေတာ္ပါေပ။

ေသခ်ာပါ၏။ ေခါင္းစြပ္သမားက မသကၤာျဖစ္သြားတာ ဒါမွမဟုတ္ ကုံးရင့္႐ွန္ကို မွတ္မိသြားသည္မို႔ သူ႕အေဖာ္ကို တစ္ခုခုေျပာလိုက္ၿပီးေနာက္ ႏွစ္ေယာက္သား လွည့္ေျပးၾကေတာ့သည္။

ရဲေတြ သူတို႔ကို လိုက္ဖမ္းၾကသည္။

တရားခံႏွစ္ေယာက္က လမ္းႏွစ္ဖက္ကို ကိုယ္စီေျပးဝင္သြားၾကၿပီး လူထူထပ္တဲ့ၾကားထဲ ေရာေႏွာဝင္ေရာက္သြားသည္။

ကုံးရင့္႐ွန္က ေခါင္းစြပ္သမားကို အနီးကပ္လိုက္ဖမ္းၿပီး သူ႕လူႏွစ္ေယာက္အား ေခါင္းစြပ္သမားအေဖာ္ကို လိုက္ဖမ္းခိုင္းသည္။

ေခါင္းစြပ္သမားက အၾကမ္းဖက္မွတ္တမ္း႐ွိသူျဖစ္ၿပီး ရဲေတြဒီလို လူအရမ္းထူထပ္တဲ့ေနရာမွာ ေနာက္ဆုံးအေရးမွမဟုတ္ရင္ ပစ္ခတ္ဖို႔ မျဖစ္ႏိုင္မွန္း ရန္ရိသိသည္။ တစ္ခ်က္က လူအုပ္ကိုမထိခိုက္ေစရန္ျဖစ္ၿပီး ေနာက္တစ္ခ်က္က အထိတ္တလန္႔‌ျဖစ္ေစမည္စိုးေသာေၾကာင့္ပင္။ ရန္ရိ ကုံးရင့္႐ွန္ကိုမစိုးရိမ္ဘဲ မေနႏိုင္၊ သူကားတံခါးကိုတြန္းဖြင့္ကာ သူ႕ေနာက္လိုက္သြားေတာ့၏။

ေခါင္းစြပ္သမားက ဒီနယ္ေျမနဲ႔အလြန္အကြၽမ္းတဝင္႐ွိမွန္း သိသာသည္။ သူလမ္းသြယ္ထဲကို ထင္ရာစိုင္းဝင္သြားၿပီး ထိုလမ္းသြယ္ထဲမွာေတာ့ ဘဝ၏ျပင္းထန္ေသာ အေငြ႕အသက္မ်ား ျပည့္ေနလ်က္။ လမ္းတစ္ေလွ်ာက္ ေန႔ရာအႏွံ႔အျပား၌ အဝတ္လွမ္းထားသည္မ်ား၊ ေကာက္ပဲသီးႏွံလွမ္းထားသည္မ်ား၊ ကုန္စုံဆိုင္မ်ား၊ သစ္ခ်သီးေလွာ္ဆိုင္မ်ား႐ွိေနသည္။ ဒီေနရာက ဖြဲ႕စည္းပုံအေျခခံမေကာင္းေသာေၾကာင့္ လမ္းေတြက ခ်ိဳင့္မ်ားျဖင့္ျပည့္ႏွက္ေနၿပီး အိမ္ေတြကလည္း ယိုယြင္းပ်က္စီးကာ အမိႈက္ႏွင့္ေျမာင္းပုပ္နံ႔မ်ားက ေနရာတိုင္းလိုလိုပင္။

ရန္ရိ အေဝးကေန ‌ကုံးရင့္႐ွန္ေနာက္ေက်ာဆီလိုက္ရင္း ကုံးရင့္႐ွန္က အၿမဲတမ္းလိုလို သူေတာ္ေကာင္းေယာင္ေဆာင္တယ္၊ ဒီအမႈကိုင္တြယ္ရတဲ့အခ်ိန္ ညစ္ပတ္ၿပီး ပင္ပန္းတာကို သူတြန္႔ဆုတ္မေနဘူး၊ သူ႕စိတ္ဓာတ္ဘယ္ေလာက္ ၾကံ့ခိုင္ေၾကာင္းပဲ ျပေနတယ္လို႔ ေတြးမိသည္။

ကုံးရင့္႐ွန္ ေအာ္လိုက္သည္။

" ရပ္လိုက္! ရဲ‌ေတြပဲ ! "

အေျခအေနကိုေတြ႕ေတာ့ အရပ္သားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ လမ္းႏွစ္ဖက္စလုံး၌ ပုန္းကြယ္သြားၾကသည္။

ေခါင္းစြပ္နဲ႔လူက ကိုယ္ခံအားအရမ္းေကာင္းၿပီး ေျပးတာအရမ္းျမန္သည္။ ကုံးရင့္႐ွန္ သူ႕ေနာက္က လိုက္ဖမ္းရင္း၊ သူ႕လက္လုပ္ သားရည္႐ွဴးဖိနပ္မ်ားက ခ်ိဳင့္ခြက္လမ္းမထက္ တစ္ဖက္တိမ္၊ တစ္ဖက္နက္ျဖင့္ နင္းေလွ်ာက္ေနရသည္။ ေျပးတာက ေကာင္းမြန္ေသာေ႐ြးျခယ္မႈ မဟုတ္ခဲ့ေသာ္လည္း သူပိုၿပီးနီးကပ္ေအာင္ ေျပးေနဆဲပင္ျဖစ္၏။

ေနာက္ဆုံးေတာ့ ေခါင္းစြပ္သမား ပိုၿပီးအတြင္းက်က်ေျပးရင္းနဲ႔ စိုးတထိတ္ထိတ္ျဖင့္ လမ္းဆုံးေရာက္သြားသည္။

" မေျပးနဲ႔! "

ေခါင္းစြပ္နဲ႔လူက ကုံရင့္႐ွန္ကို ျပန္လွည့္ၾကည့္ၿပီး နံရံေအာက္ေျခက အမိႈက္ပုံးႀကီးေပၚသို႔ ခုန္တက္လိုက္ရင္း ထပ္ခုန္ကာ နံရံဆီ ကုတ္တက္သြားသည္။

ကုံးရင့္႐ွန္က အမိႈက္ပုံးဆီေရာက္ေနၿပီျဖစ္၍ လက္ဆန္႔ကာ လွမ္းဆြဲလိုက္ေသာ္ျငား ေခါင္းစြပ္သမားေျခေထာက္ကို ဖမ္းမမိခဲ့ေပ။ ေခါင္းစြပ္သမား နံရံကေန လွိမ့္ခ်သြားသည္။

ရန္ရိ လမ္းၾကားထဲေရာက္သြားသည္ႏွင့္ ကုံးရင့္႐ွန္ ေနရာကေနခုန္တက္လိုက္ၿပီး အမိႈက္ပုံးအကူအညီျဖင့္ နံရံကေန အသာေလးခုန္ေက်ာ္သြား‌ေၾကာင္း ျမင္လိုက္ရသည္။ မီးသတ္သမားတစ္ေယာက္အေနျဖင့္ လက္ဗလာျဖင့္နံရံေပၚတက္ျခင္း၊ တံတိုင္းကိုေက်ာ္လႊားျခင္းမ်ားက ေလ့က်င့္ၿပီးသားစြမ္းရည္မ်ားသာ။ ၿပီးေတာ့ သူလည္း ေနာက္ကလိုက္သြားဖို႔ တြန္႔ဆုတ္မေနခဲ့ေခ်။

ကုံးရင့္႐ွန္ ခုန္ခ်ၿပီးသည္ႏွင့္ သူ႕ေဘးက တံျမက္စည္း႐ိုးအပိုင္းကို ‌လွမ္းဆြဲၿပီး ေခါင္းစြပ္သမားဆီ ပစ္လိုက္သည္။

ေခါင္းစြပ္သမား ေက်ာကိုမွန္သြားေပမယ့္ ရပ္႐ုံပဲရပ္သြားၿပီး အသက္မ႐ွိသလို ဆက္ေျပးေနသည္။ ကုံးရင့္႐ွန္ အခုေလးတင္ အမိႈက္ပုံးေပၚခုန္ေက်ာ္ခဲ့ရၿပီး ေဒါသကလည္း ငယ္ထိပ္ေရာက္ေန၏။ ေလက သူ႕ေျခေထာက္ေတြေအာက္ လွ်ပ္တိုက္သြားၿပီး သူေ႐ွ႕ကို တဟုန္ထိုးေျပးသြားလိုက္သည္။ ထို႔ေနာက္ တစ္ခ်က္ခုန္အုပ္လိုက္ေတာ့ ေခါင္းစြပ္သမား ေျမႀကီးေပၚ လဲက်သြားသည္။

ေခါင္းစြပ္သမားက ေအာ္ဟစ္ကာ အေၾကာက္အကန္႐ုန္းသည္။ ကုံးရင့္႐ွန္ သူ႕ကို ႏွစ္ခ်က္ေလာက္အရင္ ဆင့္ထိုးလိုက္ၿပီး   ႐ုတ္တရက္ သူ႕လက္ကို ေဘးလႊဲလိုက္သည္ ။ ကုံးရင့္႐ွန္ မ်က္လုံးအစြန္းကေန ေငြျဖဴေရာင္သတၱဳ အလင္းတန္းတစ္ခု  ညအေမွာင္ကိုျဖတ္၍ လက္ခနဲျဖစ္သြားေၾကာင္း ျမင္လိုက္ရ၏။

အဲ့တာဘာဆိုတာ မျမင္လိုက္ရခင္ ကုံးရင့္႐ွန္ အလိုအေလ်ာက္ တုံ႔ျပန္ေသာအားျဖင့္ ေဘးသို႔ေ႐ွာင္လိုက္သည္။ ထို႔ေနာက္သူ စူး႐ွေသာဓားတစ္လက္ အဝတ္စကိုျဖတ္ပိုင္းသြားသံၾကားလိုက္ရၿပီး ကလက္ခနဲ တစ္ခုခုေအာက္ျပဳတ္က်သြားသည္။

ကုံးရင့္႐ွန္ ေျမႀကီးေပၚ ႏွစ္ခ်က္မွ်လွိမ့္လိုက္ၿပီး ကိုယ္ကိုျပန္မတ္လိုက္သည္။ သူေျမျပင္ေပၚေဆာင့္ေၾကာင့္ထိုင္ရင္း ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ အက်ႌဘယ္လက္‌ခ်ိဳင္းသားစက အ႐ွည္ႀကီးပိုင္းျဖတ္ခံလိုက္ရၿပီး သူ႕လက္ေမာင္းေအာက္က ပစၥတိုအိတ္ႀကိဳးသိုင္း ျပတ္သြားသည္။ ေသနတ္ကေတာ့ သူတို႔ႏွစ္ေယာက္ၾကား-- ေခါင္းစြပ္သမားႏွင့္ပိုနီးေသာေနရာ၌ ျပဳတ္က်ေနလ်က္။

ေခါင္းစြပ္သမားက လက္ထဲဓားေျမႇာင္ကိုင္ထားရင္း ၾကမ္းယုတ္ပုံေပၚသည္။ သူ႕မ်က္လုံးမ်ားက ေျမႀကီးေပၚကေသနတ္ဆီ တစ္ခ်က္ၿပီးတစ္ခ်က္ အၾကည့္ပို႔ေနၿပီး အလင္းေရာင္အားနည္းေသာေၾကာင့္ ေသနတ္ဟုတ္ဟုတ္ ႏွစ္ခါျပန္အတည္ျပဳလိုက္ရသည္။

ကုံးရင့္႐ွန္ မ်က္ႏွာမႈန္သိုးလ်က္ ထရပ္လိုက္ၿပီး သူ႕ suit ကို ခပ္ၾကမ္းၾကမ္းၾကယ္သီးျဖဳတ္ကာ အေပၚထပ္ကိုခြၽတ္ၿပီး ေျမႀကီးေပၚလႊင့္ပစ္လိုက္သည္။

ထိုအခ်ိန္ ရန္ရိ နံရံေပၚကေက်ာ္ဆင္းရင္း ေျမႀကီးေပၚအျမန္ခုန္ခ်လိုက္သည္။

ကုံးရင့္႐ွန္ ေနာက္တြန္႔သြားၿပီး ရန္ရိကို ေၾကာက္စရာေကာင္းေသာ အၾကည့္တစ္ခ်က္ ပို႔လႊတ္လာသည္။ ေခါင္းစြပ္နဲ႔လူ ေသနတ္ေကာက္ဖို႔ အျမန္ကုန္းလိုက္တာျမင္ေတာ့ သူအျမန္ေျပးသြားလိုက္သည္။

ေခါင္းစြပ္သမားက ေသနတ္ကိုလက္တစ္ဖက္နဲ႔ ေကာက္ယူလိုက္ၿပီး အျခားလက္တစ္ဖက္က ဓားေျမႇာင္ကိုေဝ့ယမ္းရင္း ကုံးရင့္႐ွန္ကို အားနဲ႔ထိုးလိုက္သည္။ ကုံးရင့္႐ွန္ေဘးသို႔ေ႐ွာင္လိုက္ၿပီး ထိုသူ႕လက္ေမာင္းကို ခ်ိတ္၍ အျခားလက္တစ္ဖက္နဲ႔ သူ႕ကို လွန္ခ်ကာ လက္ေကာက္ဝတ္ကို ဆြဲၿပီး တင္းတင္းၾကပ္ၾကပ္ခ်ဳပ္ထားလိုက္သည္။

ေခါင္းစြပ္သမားက ေအာ္ဟစ္လ်က္ ဓား‌ေျမႇာင္ကိုလႊတ္ခ်ဖို႔ ဖိအားေပးခံရေတာ့ ‌ေျခေထာက္နဲ႔ ကုံးရင့္႐ွန္ကိုယ္ေအာက္ပိုင္းကို ‌ကန္ေက်ာက္သည္။

ဒီလို ကလိမ္ကက်စ္နည္းလမ္းအမ်ားစုက ေထာင္ထဲ၌ သင္ယူခဲ့ရတာျဖစ္သည္။ ကုံးရင့္႐ွန္ သူ႕လက္ကိုလႊတ္လိုက္ၿပီး ေနာက္ႏွစ္လွမ္းဆုတ္လိုက္သည္။

ေခါင္းစြပ္သမားက ထိုအခြင့္အေရးကိုယူၿပီး ပစၥတိုအိတ္ကို ဖြင့္ဖို႔ႀကိဳးစားကာ ပစၥတိုထုတ္လိုက္သည္။

ရန္ရိ စိုးရိမ္တႀကီးနဲ႔ ေအာ္လိုက္သည္။

" သတိထား! "

သူေျပးသြားလိုက္၏။

ကုံးရင့္႐ွန္က သူ႕ေျခတံ႐ွည္ေတြကိုလႊဲယမ္းလိုက္ၿပီး ေခါင္းစြပ္သမား ဗိုက္ကိုကန္ကာ လူကို ေျမႀကီးေပၚ လိမ့္သြားေစသည္။

ေခါင္းစြပ္သမားမ်က္လုံးေတြက ေဒါသျဖင့္ျပည့္ႏွက္ေနၿပီး ေသနတ္ေျပာင္းဝကို ကုံးရင့္႐ွန္ဘက္ခ်ိန္လိုက္သည္။ ကုံးရင့္႐ွန္က ခုန္ပ်ံလိုက္ၿပီး ေခါင္းစြပ္သမားရဲ႕လက္ေကာက္ဝတ္ကို ကန္လိုက္ေတာ့ ေသနတ္လြတ္သြား၏။

ကုံးရင့္႐ွန္ ထပ္ကန္ၿပီး ေခါင္းစြပ္သမားဗိုက္ကို အားျပင္းျပင္းနဲ႔ ေဆာင့္ကန္သည္။

ေခါင္းစြပ္သမားက ေျမႀကီးေပၚ အႀကိမ္အနည္းငယ္လွိမ့္လိုက္ၿပီး အဆက္မျပတ္ေအာ္ကာ ထရပ္ဖို႔ႀကိဳးစားသည္။

ကုံးရင့္႐ွန္ သူ႕ခါးပတ္က လက္ထပ္ကိုျဖဳတ္ကာ ေခါင္းစြပ္သမားကို ေျမႀကီးေပၚထပ္ကန္ခ်လိုက္ၿပီး ကြၽမ္းက်င္စြာ လက္ထိပ္ခတ္လိုက္သည္။

ျဖစ္စဥ္တစ္ခုလုံး စကၠန္႔ပိုင္းမွ်သာၾကာလိုက္ၿပီး ရန္ရိ ေျပးၿပီးေရာက္မလာေသးခင္ ၿပီးဆုံးသြား၏။ သူ ကုံးရင့္႐ွန္ရဲ႕ထက္ျမတ္မႈေၾကာင့္ အံ့ဩမင္သက္သြားရေတာ့သည္။

လက္ထိပ္ခတ္ၿပီးေတာ့ ကုံးရင့္႐ွန္ စိတ္ေအးသက္ျပင္းခ်လိုက္ၿပီး ေခါင္းစြပ္နဲ႔လူကို ေအးစက္ေသာမ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။

ရန္ရိ ႐ုန္းကန္ေနဆဲ ေခါင္းစြပ္သမားကိုၾကည့္ၿပီး ထိုသူ ကုံးရင့္႐ွန္ကို ေသနတ္ျဖင့္ခ်ိန္ထားသည့္ ပုံရိပ္က သူ႕စိတ္ထဲ စြဲက်န္ေနကာ ရင္တလွပ္လွပ္ျဖစ္ေနဆဲပင္။

ကုံးရင့္႐ွန္ ေျမႀကီးေပၚက ေသနတ္ကိုေကာက္ကိုင္လိုက္ၿပီး ေအးစက္စက္ေျပာလိုက္သည္။

" ေမာင္းေတာင္မခ်ိန္ႏိုင္ဘဲနဲ႔ ေသနတ္ကိုင္ရဲေသးတယ္လား? "

ရန္ရိ အသိျပန္ဝင္လာၿပီး ကုံးရင့္႐ွန္ရဲ႕ ၿပဲေနေသာအက်ႌကိုၾကည့္ကာ စိုးထိတ္သြားသည္။

" မင္း အဆင္ေျပရဲ႕လား? "

ကုံးရင့္႐ွန္က ‌ေဒါသထြက္ထြက္နဲ႔ ေျပာလိုက္သည္။

" ခင္မ်ားကို ကားထဲေနခိုင္းတာေလ ! "

သူ ရာဇဝတ္မႈမွတ္တမ္း႐ွိတဲ့ အၾကမ္းဖက္တရားခံကို ဖမ္းေနတာ၊ သူ႕ကိုဖမ္းမိသြားတာနဲ႔ လူသတ္တရားခံပါ ျဖစ္သြားဦးမည္၊ ဒီလိုလူယုတ္မာမ်ိဳးကို ဖမ္းရတာ ဘယ္လိုအႏၲရာယ္မ်ိဳးမဆို ၾကဳံႏိုင္မွန္းသူသိသည္။ ရန္ရိ ေပၚလာတဲ့အခ်ိန္မွာ သူ႕ေသနတ္က တရားခံေျခေထာက္ေအာက္မွာပဲ၊ ၿပီးေတာ့ အဲ့အခ်ိန္ သူႏွလုံးကလည္း လည္ေခ်ာင္းဝမွာတစ္ေနၿပီ။

ရန္ရိ အခြင့္အေရးယူကာ အျမန္ေျပာလိုက္သည္။

" မင္း ငါအရင္တစ္ေခါက္က ဘာလို႔ေဒါသထြက္လဲ သိၿပီမလား! "

သူတို႔ႏွစ္ေယာက္ အၿမဲလိုလိုစကားမ်ားၾကရင္ ကုံးရင့္႐ွန္ပဲ အၿမဲႏိုင္ေနေပမယ့္ ဒီတစ္ခါေတာ့ သူပါးစပ္ပိတ္သြားရသည္။ သို႔ေသာ္ သူပိုက်ယ္တဲ့အသံနဲ႔ အျမန္ေအာ္လိုက္၏။

" ခင္မ်ားျပန္ေျပာရဲတယ္! "

" ငါ....."

ရန္ရိ ကုံးရင့္႐ွန္ရဲ႕ ေဒါသေပါက္ကြဲလုနီးပါး အမူအရာကိုၾကည့္ကာ အခုေလးတင္တရားခံဖမ္းမိသြားတဲ့ သူ႕စြမ္းရည္အေၾကာင္း စဥ္းစားမိၿပီး ခ်က္ခ်င္း ေခ်ာ့ေျပာလိုက္သည္။

" ...မင္းဒဏ္ရာရထားတာလား? "

ကုံးရင့္႐ွန္ အသက္ျပင္းျပင္း ႐ွဴသြင္းလိုက္ၿပီး

" ဒီလိုေပါက္တတ္ကရမ်ိဳးက ကြၽန္ေတာ့္ကို မထိခိုက္ႏိုင္ဘူး "

သူေခါင္းငုံ႔ကာ ညစ္ပတ္ေနတဲ့ခႏၶာကိုယ္ကိုၾကည့္လိုက္သည္။ သူအရမ္းစိတ္မသက္မသာျဖစ္သြားၿပီး ေခါင္းစြပ္သမားကို ေျမႀကီးေပၚကေန အၾကမ္းပတမ္းဆြဲထူလိုက္ကာ ‌ေ႐ွ႕ပို႔ၿပီးဆက္သြားဖို႔ တြန္းလိုက္သည္။

ရန္ရိေနာက္က ထပ္ၾကပ္မခြာလိုက္ရင္း ကုံးရင့္႐ွန္ကို ခိုးခိုးၾကည့္ေနသည္။

သူတို႔ထိုေနရာကထြက္ၿပီး အရင္က သူတို႔ေစာင့္ၾကည့္ေနတဲ့ေနရာကို ျပန္သြားေတာ့ ရဲကားႏွစ္စီးေစာင့္ႏွင့္ေနၿပီျဖစ္ကာ တရားခံႏွစ္ေယာက္လုံးကို ကားထဲသြင္းလိုက္သည္။

ဆိုင့္ေခ်ာင္က ကုံးရင့္႐ွန္ရဲ႕ ညစ္ေပေနတဲ့ကိုယ္ကို ၾကည့္ၿပီး မတတ္ႏိုင္ဘဲ စုပ္သတ္မိသည္။

" အိုး ေဒါက္တာကုံး မင္းေတာ့အခက္ေတြ႕တာပဲ "

ကုံးရင့္႐ွန္ လက္အိတ္ေတြကို အမိႈက္ပုံးထဲ လႊင့္ပစ္လိုက္ၿပီး၊ ‌ကားေနာက္ဖုံးကိုဖြင့္ကာ ပိုးသတ္ေဆးဘူးထုတ္၍ သူ႕ကိုယ္ေပၚအရင္ျဖန္းလိုက္သည္။

ရန္ရိေရာက္လာၿပီး

" မင္းသြားခ်င္..."

ကုံးရင့္႐ွန္ သူ႕လက္ေကာက္ဝတ္ကိုလွည့္ၿပီး ရန္ရိဆီ မယဥ္ေက်းစြာ ျဖန္းလိုက္သည္။ ရန္ရိ ကူကယ္ရာမဲ့ မ်က္လုံးေတြမွိတ္လိုက္ၿပီး အရက္ျပန္နံ႔စူးစူးကိုသာ အနံ႔ခံေနရသည္။

ပုလင္း‌ေအာက္ေျခနားေရာက္တဲ့အထိ ေစာင့္ၿပီး ရန္ရိ ေျပာလိုက္သည္။

" မင္း ဘယ္ကိုသြားၿပီး သန္႔႐ွင္းမွာလဲ? "

ကုံးရင့္႐ွန္ သူ႕ကိုေစာင္းငဲ့ၾကည့္လိုက္ၿပီး

" ဌာနခြဲျပန္မလို႔၊ ကားထဲဝင္ "

ႏွစ္ေယာက္သား တစ္လမ္းလုံး အသံတိတ္ေနၾကၿပီး ‌ေလထုအေျခအေနကေတာ့ အသက္႐ွဴၾကပ္စရာပင္။

ဌာနခြဲေရာက္ေတာ့ ကုံးရင့္႐ွန္ ေနာက္ဖုံးထဲက suit အသန္႔တစ္စုံနဲ႔ ႐ွဴးေတြယူၿပီး ရန္ရိကိုေတာင္မၾကည့္ဘဲ ဌာနခြဲထဲ တန္းတန္းမတ္မတ္ဝင္သြားေတာ့၏။

ရန္ရိမွာ မေက်နပ္တာကို ေဖာ္ျပဖို႔အခ်ိန္ေတာင္မ႐ွိ၊ သူအခု ေခါင္းစြပ္နဲ႔သူကိုစစ္ေမးတာပဲ ပိုၿပီးအာ႐ုံထားသည္။

ဆိုင့္ေခ်ာင္ ရန္ရိကို ဌာနခြဲဆီေခၚသြားသည္။ အခ်ိန္အားျဖင့္ အလုပ္ဆင္းခ်ိန္ျဖစ္ေသာ္လည္း ဂ်ဴတီက်သူမ်ားႏွင့္ အခ်ိန္ပိုဆင္းသူ အမ်ားအျပား႐ွိေနဆဲပင္။ ဌာနခြဲတစ္ခုလုံး မီးလင္းထိန္ေနၿပီး ခုနတင္ဖမ္းမိလာေသာ တရားခံက အနည္းငယ္ဝ႐ုန္းသုန္းကား ျဖစ္သြားေစသည္။

ဆိုင့္ေခ်ာင္ ရန္ရိကို စစ္ေမးခန္းေဘးက ေစာင့္ၾကည့္ေရးအခန္းကို ေခၚသြားသည္။ မင္းတို႔ စစ္ေမးခန္းကို ၾကားလည္းၾကားရသလို ျမင္လည္းျမင္ႏိုင္သည္။ သို႔ေပမယ့္ စစ္ေမးခန္းကေတာ့ မင္းတို႔ကို ျမင္လည္းမျမင္၊ ၾကားလည္းမၾကားရေပ။ ေခါင္းစြပ္သမား ခုံမွာပစ္ထိုင္ေနၿပီး သူ႕မ်က္လုံးမ်ားက အသက္မဲ့ေနေၾကာင္း သူျမင္ရသည္။ ကုံးရင့္႐ွန္ကန္ခ်က္ေတြေၾကာင့္ စိတ္ပန္းသြားတာလား၊ သူအဆုံးသတ္ၿပီဆိုတာကို သိလို႔ ဘာမွဂ႐ုစိုက္ေတာ့တာလား ဆိုတာ သူမသိ။

ဆိုင့္ေခ်ာင္ ခုံတစ္လုံးဆြဲယူလိုက္ၿပီး ျပဳံးကာေျပာလာသည္။

" ထိုင္ပါဦး ေခါင္းေဆာင္ရဲ႕၊ ဒီအမႈမွာ ခင္မ်ား အမ်ားႀကီးလုပ္ေပးထားတာပါ၊ မီးစုံစမ္းေရးမွာ ကူညီတာက ကိစၥမ႐ွိဘူး၊ ခင္မ်ားကတကယ္ကို လူဆိုးဖမ္းဖို႔ တိုက္ပြဲထဲ ဝင္သြားတာပဲ "

ရန္ရိ သူ႕ဘာသာရယ္လိုက္သည္။

" အရမ္းစိတ္လႈပ္႐ွားစရာေကာင္းမွန္း ငါဘယ္မွာသိခဲ့တာပါလိမ့္ "

" ခင္မ်ား ကြၽန္ေတာ္တို႔ ေလးစားထိုက္တဲ့လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ ‌ျဖစ္ေတာ့မွာပါ "

ငါးမိနစ္ၾကာေတာ့ ရန္ရိ စစ္ေမးခန္းတံခါးပြင့္လာတာကို ျမင္လိုက္ရသည္။ ကုံးရင့္႐ွန္႔က ေခါင္းစေျခဆုံး မီးခိုးမိႈင္းေရာင္ suit ကိုလဲဝတ္ထားၿပီး၊ ပုံပ်က္ေနတဲ့ဆံပင္ေတြကိုေတာင္ ျပန္ျပင္ထားလ်က္၊ ယခုနက မ်က္ႏွာပူစရာေကာင္းေသာ ညစ္ပတ္႐ႈပ္ပြေနသည္မ်ားမွာ ေျခရာလက္ရာပင္မက်န္ေတာ့ပါေခ်။

ဆိုင့္ေခ်ာင္က အျပဳံးျဖင့္ေျပာလိုက္သည္။

" ေဒါက္တာကုံးတစ္ေယာက္ စတားမဟုတ္တာ ဝမ္းနည္းစရာပဲ "

ရန္ရိလည္း ျပဳံးလိုက္သည္။

ကုံးရင့္႐ွန္ ေခါင္းစြပ္သမားနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္ၿပီး စားပြဲကိုပုတ္ကာ လုပ္႐ိုးလုပ္စဥ္အတိုင္း အေျခခံအခ်က္အ‌လက္ေတြေမးလိုက္သည္။

ေခါင္းစြပ္သမားက ဘာတစ္ခြန္းမွမေျပာေပမယ့္ ကုံးရင့္႐ွန္ကို ရယ္သြမ္းေသြးကာ ၾကည့္ေနသည္။

ကုံးရင့္႐ွန္ တစ္ခဏမွ်တိတ္ဆိတ္သြားၿပီး စစ္ေမးခန္း၌ သူ႕အသံတစ္ဖန္ျပန္လည္ ထြက္ေပၚလာသည္။

" ဘာလို႔လဲ? စကားမေျပာတာ အရာေရာက္မယ္ထင္လို႔လား? "

" ငါကဒီတိုင္း အဓိပၸါယ္မ႐ွိတာေတြ ေျပာရမွာပ်င္းလြန္းလို႔ "

ေခါင္းစြပ္သမားက ေမး‌ေငါ့ကာ ေလွာင္ရယ္လိုက္သည္။

" မင္းဘာလို႔ စိတ္ဝင္စားစရာ‌တစ္ခုခု မေမးတာလဲ? "

" ဘာက စိတ္ဝင္စားစရာေကာင္းလို႔လဲ? "

ကုံးရင့္႐ွန္ ေျပာလိုက္သည္။

" ဝမ္ရမ့္အေဆာက္အအုံ အခန္း ၂၂၀၉ ကို ခင္မ်ားမီး႐ိႈ႕တာလား? "

ေခါင္းစြပ္သမားက မတ္မတ္ထိုင္လိုက္ၿပီး ေ႐ွ႕ကိုပင္ကိုင္းကာ ကုံးရင့္႐ွန္ကို တည့္တည့္စိုက္ၾကည့္သည္။

" ငါမင္းကိုသိတယ္ "

ကုံးရင့္႐ွန္ ခံစားခ်က္မပါဘဲ ေျပာလိုက္သည္။

" ကြၽန္ေတာ့္ ကိုယ္ေရးအခ်က္အလက္ေတြက ခင္မ်ားတို႔ မူမမွန္တဲ့ေဆြးေႏြးခန္းမွာ ေပၚသြားတာပဲ၊ ခင္မ်ား ကြၽန္ေတာ့္ကိုသိတာ  မထူးဆန္းပါဘူး "

" မဟုတ္ဘူး ငါမင္းကို အဲ့အရာေတြထက္ ပိုသိတယ္ "

ေခါင္းစြပ္သမားက မ႐ိုးေျဖာင့္စြာျပဳံးလိုက္သည္။

" လြန္ခဲ့တဲ့ ၁၈ ႏွစ္သတင္းစာထဲက ေကာင္ေလးက ႀကီးလာေတာ့ လူ‌တစ္ေယာက္လိုျဖစ္ေနမယ္လို႔ ငါမထင္ခဲ့ဘူး "

ကုံးရင့္႐ွန္ မ်က္ႏွာေျပာင္းလဲသြားၿပီး

" ခင္မ်ားဘာေျပာတယ္!  "

ရန္ရိ ခုံကေနထလိုက္ၿပီး သူအမူအရာကလည္းေသြးပ်က္ေန၏။

ဆိုင့္ေခ်ာင္လည္း မင္သက္သြားသည္။

ေခါင္းစြပ္သမားက ရယ္လ်က္။

ကုံးရင့္႐ွန္က စားပြဲကို ခပ္ျပင္းျပင္း႐ိုက္ခ်လိုက္ၿပီး ေသြးေတြ သူ႕ငယ္ထိပ္ထိ ေဆာင့္တက္သြားသည္။

" ခင္မ်ား ဘာေျပာလိုက္တာလဲ?! "

" ငါေျပာတာက....."

ေခါင္းစြပ္သမားက မလိုတမာျပဳံး,ျပဳံးလိုက္ၿပီး

" သခင္ေလးကုံး၊ မင္းအဲ့ဒီ့ ' ငွက္ ' ကိုမွတ္မိ‌ေသးလား? "

ကုံးရင့္႐ွန္ ႐ုတ္ျခည္းဆိုသလို မ်က္လုံးေတြျပဴးက်ယ္သြားၿပီး မ်က္ဆံေတြက က်ံဳ႕ေသးသြားသည္။ သူ ထိုင္ခုံကေန  ဓာတ္လိုက္သြားသလို ခုန္ထလိုက္ၿပီး စားပြဲကိုပတ္သြားကာ ေခါင္းစြပ္သမားကို ဆြဲမၿပီး နံရံနဲ႔ပစ္ေဆာင့္လိုက္သည္။ သူ႕လက္ထိပ္ေတြက စားပြဲႏွင့္ဆက္ထားဆဲျဖစ္ၿပီး ကုံးရင့္႐ွန္လႈပ္႐ွားမႈက အလြန္ႀကီးမား‌သျဖင့္ စားပြဲကိုပါ ဆြဲခ်သြားၿပီး ဆူဆူညံညံအသံမ်ားထြက္လာသည္။

‌ဆိုင့္ေခ်ာင္ ေစာင့္ၾကည့္ခန္းထဲကေျပးထြက္သြားၿပီး ရန္ရိလည္း လိုက္ေျပးထြက္သြားသည္။

" ခင္မ်ား ဘာေျပာတာလဲ?! ခင္မ်ား ဘာေျပာတာလဲလို႔?! "

ကုံးရင့္႐ွန္ ေခါင္းစြပ္သမားကို ေအာ္သည္။ သူ႕မ်က္လုံးေတြက ေသြးလိုရဲရဲေတာက္ေနၿပီး အမူအရာက သားရဲတစ္‌ေကာင္လို ရက္စက္ၾကမ္းၾကဳတ္ေနသည္။

ဆိုင့္ေခ်ာင္ ဝင္သြားၿပီး ကုံးရင့္႐ွန္ကို ခ်ဳပ္ထားလိုက္သည္။

" ေဒါက္တာကုံး လႊတ္လိုက္၊ သူ႕ကိုလႊတ္ေပးလိုက္! "

ရန္ရိလည္း ကုံးရင့္႐ွန္ကို ဆြဲဖို႔သြားသည္။

ကုံးရင့္႐ွန္က ေခါင္းစြပ္သမားကို တင္းတင္းကိုင္ထားရင္း ေအာ္ပဲေအာ္ေနသည္။

" ခင္မ်ား ဘာေျပာတာလဲ! "

သူစိတ္လြတ္သြားေခ်ၿပီ။

ရန္ရိ ေအာ္လိုက္သည္။

" ကုံးရင့္႐ွန္ လႊတ္လိုက္! ၊ မင္းအျပစ္ေပးခံရရင္ သူ႕ကို စစ္ေဆးႏိုင္ေတာ့မွာမဟုတ္ဘူး ! "

ရန္ရိ အသံက မိုးခ်ဳန္းသံအလား၊ ကုံးရင့္႐ွန္ ႏိုးထလာၿပီး သူ႕ခႏၶာကိုယ္တစ္ခုလုံး ေတာင့္ခဲသြားသည္။

သူတို႔ႏွစ္ေယာက္ ကုံးရင့္႐ွန္ စိတ္ၿငိမ္သြားတာကို အခြင့္ေကာင္းယူၿပီး သူ႕လက္ထဲကေန ေခါင္းစြပ္သမားကို ဆြဲဖယ္ရသည္။

ဆိုင့္ေခ်ာင္ သူႏွာဖူးက ေခြၽးေစးေတြကို သုတ္လိုက္ၿပီး

" ေတာ္ေသးလို႔ ဘယ္သူမွ႐ွိ‌မေနတာ၊ မဟုတ္ရင္ ျပႆနာတက္မွာပဲ "

သူ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

" ေဒါက္တာကုံး မင္းဘာျဖစ္တာလဲ? မင္း အရမ္းစိတ္မၿငိမ္မသက္ျဖစ္တာကို ငါပထမဆုံးျမင္ဖူးတာပဲ၊ ဒီေန႔ဟာေမ့လိုက္ေတာ့၊ အမႈမစစ္နဲ႔၊ မင္းျပန္ၿပီး နားလိုက္ဦး "

ကုံးရင့္႐ွန္က ေနရာမွာပင္ ၾကက္ေသေသေနဆဲျဖစ္ၿပီး ခပ္တိုးတိုးေရ႐ြတ္ေနေပမယ့္ စကားမေျပာႏိုင္။

ရန္ရိ ဆိုင့္ေခ်ာင္ကို မ်က္စပစ္ျပလိုက္ၿပီး ေခါင္းစြပ္သမားကို ထုတ္သြားခိုင္းလိုက္ေတာ့ ဆိုင့္ေခ်ာင္ အျမန္ပဲသူ႕ကို ေဝးေဝးေခၚထုတ္သြားသည္။

ရန္ရိ ကုံးရင့္႐ွန္ရဲ႕ ျဖဴေလ်ာ္ေနတဲ့မ်က္ႏွာကိုၾကည့္ၿပီး ခုနက ေခါင္းစြပ္သမားေျပာသြားတာက လြန္ခဲ့တဲ့ ၁၈ ႏွစ္က သူတို႔မိသားစုလူသတ္တရားခံနဲ႔ ဆက္ႏြယ္ေနရမယ္လို႔ သိလိုက္သည္။ ကုံးရင့္႐ွန္ တုံ႔ျပန္မႈကအံ့ဩျခင္း လုံးဝဟုတ္မေနေခ်။

" ကုံး၊ ေဒါက္တာကုံး "

ရန္ရိ ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

" မင္းစိတ္ေလွ်ာ့ၿပီး အသက္ျပင္းျပင္း႐ွဴၾကည့္ပါဦး "

ကုံးရင့္႐ွန္ တျဖည္းျဖည္းခ်င္း မ်က္လုံးလွန္လာၿပီး ရန္ရိကို စိုက္ၾကည့္သည္။

" အသက္ျပင္းျပင္း႐ွဴ "

ရန္ရိ သူ႕ကိုယ္တိုင္ အသက္႐ွဴသြင္း႐ွဴထုတ္လုပ္ျပလိုက္သည္။

" မင္းဘာပဲၾကားၾကား၊ ဘာပဲျဖစ္ျဖစ္၊ မင္းအခုလုပ္ရမယ့္ အေရးအႀကီးဆုံးအရာက စိတ္ေလွ်ာ့ထားဖို႔ပဲ "

ကုံးရင့္႐ွန္ မ်က္ကြင္းနီေတြက တျဖည္းျဖည္းခ်င္း ျပန္႔သြားၿပီး ခႏၶာကိုယ္က နည္းနည္းတုန္ယင္ေနသည္။

ရန္ရိ ႏွလုံးသားအထုေထာင္း ခံလိုက္ရပုံသည္။ သူ အလိုအေလ်ာက္ လက္ဆန္႔ထုတ္မိသြားၿပီး ကုံးရင့္႐ွန္ရဲ႕လည္ပင္းကို ထိန္းကိုင္ကာ ပါးႏုႏုေလးကို သူ႕လက္မျဖင့္ ပြတ္သပ္ေပးမိသည္။

" မင္း ငါ့ကိုေျပာလို႔ရပါတယ္၊ မင္းတစ္ေယာက္တည္း သိမ္းထားစရာမလိုဘူး၊ မင္းငါ့ကိုေျပာလို႔ရတယ္ ဒါေပမယ့္ စိတ္လိုက္မာန္ပါ မလုပ္ပါနဲ႔ "

ကုံးရင့္႐ွန္ မ်က္လုံးျပဴးသြားၿပီး မ်က္ရည္အက်မခံဘဲ မပီမသေျပာလိုက္သည္။

" ငွက္....ငွက္မ်က္ႏွာဖုံး "

" ဘာလဲ? "

" အဲ့လူ ငွက္မ်က္ႏွာဖုံး ဝတ္ထားတယ္ "

ထိုစကားေျပာၿပီးေနာက္ ကုံးရင့္႐ွန္ မ်က္လုံးေတြ ေမွးစင္းလာၿပီး မနည္းအသက္႐ွဴေနရသည္။ သူ ရန္ရိကို ႐ုတ္တရက္ဖက္လိုက္၏။ သူျပဳတ္က်မသြားခင္ ကယ္တင္‌ေပးမယ့္သူကို ဖက္ထားသည့္အလား တင္းတင္းၾကပ္ၾကပ္ကို ဖက္ထားသည္။

ရန္ရိလည္း သူ႕လက္ေတြကိုဆန္႔ကာ ေက်ာျပင္က်ယ္က်ယ္ကို ဖက္ထားၿပီး၊ အရမ္းစိတ္ပူလြန္းလို႔ စကားေတာင္မေျပာႏိုင္ခဲ့ေပ။

ဘာလို႔အခုခ်ိန္လဲ၊ ဘာလို႔အခုခ်ိန္မွလဲ၊ ရန္ရိ သူ႕ရင္ဘတ္ထဲက နာက်င္မႈကို ႐ွင္း႐ွင္းလင္းလင္း ခံစားရၿပီးခ်ိန္၊ အလြန္႔အလြန္ သည္းမခံႏိုင္ျခင္းႏွင့္ ဝမ္းနည္းမႈ၊ ေၾကကြဲျခင္းႏွင့္ ေဒါသတို႔ကို ခံစားရၿပီးခ်ိန္၊ သူ‌ထပ္ၿပီး ေ႐ွာင္လႊဲဖို႔မျဖစ္ႏိုင္ေတာ့တဲ့အခ်ိန္၊ သူစိတ္လွည့္ျဖားဖို႔လည္း မတတ္ႏိုင္ေတာ့ဘဲ ေနာက္ဆုံးေတာ့ သူ႕လက္ေမာင္းမ်ားၾကားက လူတစ္ေယာက္ရဲ႕ ျဖားေယာင္းေသြးေဆာင္မႈ ခံလိုက္ရၿပီမွန္း သူဝန္ခံရေတာ့မည္။

==========

ခ်ိဳအီေနတာပဲ~

ဒါနဲ႔ ဒီ chapter မွာ ထူးဆန္းတာေလးသတိထားမိလား ဟဲဟဲ

Btw စာလုံးေရမ်ားလို႔ၾကာေနတာ ~

တစ္ခ်က္ၾကည့္လိုက္

==========