webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 27

[ Unicode ]

ရန်ရိ ဟုန်းဝူဌာနခွဲကို ထပ်သွားရပြီး ဧည့်ကြိုဌာနက အမျိုးသမီးဝန်ထမ်းများပင် သူ့ကိုသိနေကြပြီဖြစ်သည်။ သူလည်း အလွန်ကိုစိတ်ပါလက်ပါနဲ့ တစ်လမ်းလုံး နှုတ်ဆက်လာခဲ့၍ ကုံးရင့်ရှန်ထက်စာရင် သူကတောင် ဒီမှာအလုပ်လုပ်နေတဲ့သူနဲ့တူသေး၏။

စစ်ဆေးခန်းထဲဝင်သွားတော့ ချိုးယန်နဲ့အခြားရဲဝန်ထမ်းတွေက အရင်ရောက်နှင့်နေပြီး၊ လက်ထိပ်ခတ်ခံထားရလျက် စားပွဲတွင်ထိုင်နေသောသူမှာ ခိုင့်ဝမ်ရဲ့အစ်ကို ခိုင့်ချုန်းမှန်းသိသာသည်။

ကုံးရင့်ရှန် ခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။

" ခေါင်းဆောင်ချိုး "

ရန်ရိလည်းနှုတ်ဆက်လိုက်သည်။

ချိုးယန်ကပြောလာ၏။

" ခေါင်းဆောင် ဒီအမှုကြောင့်အနှောင့်အယှက်ဖြစ်သွားရပြီ ခေါင်းဆောင်ရဲ့ဇွဲလုံ့လကြောင့် ဒီလူကိုဖမ်းမိပြီး အမှန်တရားကိုဖော်ဆောင်နိုင်တာပါ "

ရန်ရိ ပြုံးကာပြောလိုက်သည်။

" ကျွန်တော်လည်း ဘာမှမကူညီလိုက်ရပါဘူးဗျာ ဒေါက်တာကုံးသာ နောက်ကွယ်က ပံ့ပိုးနေတာပါ "

" သူကတော့ ခေါင်းဆောင်ကသူ့ကို လက်မလျှော့အောင် အားပေးခဲ့တယ်လို့ပြောတာပဲ "

ချိုးယန် ကုံးရင့်ရှန်ကို မျက်စပစ်လိုက်ရင်း

" ဟုတ်တယ်မလား? "

ကုံးရင့်ရှန် ခေါင်းဟန့်လိုက်ပြီး သူနဲ့မဆိုင်သလိုလုပ်နေသည်။

ချိုးယန် ခေါင်းလှည့်ပြီး ခိုင့်ချုန်းကိုကြည့်လိုက်သည့်အခါဝယ် သူမ၏ မျက်ဝန်းလှလှများက အေးစက်စူးရှလာသည်။

" သူ့ကိုသူ့မြို့မှာဖမ်းမိကတည်းက အတော်များများဝန်ခံထားပြီးပြီ အခုတော့ သူ့အဖေနဲ့သူ့ညီမက တရားမဝင်ငွေလက်ခံခိုင်းတာကို ဝန်ခံတယ် "

ခိုင့်ချုန်းက ရုတ်တရက်ထအော်သည်။

" ဒါပေမယ့် အဲ့ငွေတွေက မသန့်ရှင်းမှန်းငါမသိဘူး ဒီတိုင်းသူတို့ရှာထားတာလို့ပဲ ထင်တာ! "

" မင်းအဲ့ပိုက်ဆံတွေ ဘယ်ကရလဲလို့ သံသယဝင်ဖူးလား? "

ကုံးရင့်ရှန်ပြောလိုက်သည်။

" မင်းမိသားစုအရင်က ဝင်ငွေဘယ်လောက်ရှိမှန်း မသိဘူးလား? "

" ငါမမေးခဲ့ဘူး "

ခိုင့်ချုန်း ‌ထပ်ပြီးခေါင်းငုံ့သွားပြန်သည်။

ချိုးယန် သူ့ကိုကြည့်ပြီး

" မင်း ထောင်ကျချင်နေတာလား? "

" ငါထောင်မကျချင်ဘူး "

ခိုင့်ချုန်းက တုန်လှုပ်ခြောက်ခြားစွာပြောလာသည်။

" ငါအဲ့ငွေတွေကို ခိုးလာတာလည်းမဟုတ်ဘူး လုလာတာလည်းမဟုတ်ဘူး  ငါ့အဖေပေးတဲ့ပိုက်ဆံအ‌တွက်နဲ့ ဘာလို့ ဥပဒေချိုးဖောက်တာဖြစ်မလဲ? "

" မင်းက တရားမဝင်တဲ့ ခိုးရာပါငွေတွေကို သုံးခဲ့တာပဲ "

ချိုးယန် လှောင်ထေ့ပြုံးကာ သူ့(ခိုင့်ချုန်း)ကို‌ကြောက်လန့်စေသည်။

" ပြီးတော့မင်းက အဲ့ခိုးရာပါငွေတွေကို အဆိပ်ခတ်သတ်ဖို့သုံးခဲ့တာပဲ မင်းလည်း ဒီရာဇတ်မှုမှာ ပါတယ်လို့ ငါတို့သံသယရှိတယ် "

" မဟုတ်ဘူး ငါမပါဘူး! "

ခိုင့်ချိုး ကြောက်လန့်တကြားပြောသည်။

" ငါဘာမှမသိဘူး!"

" ခင်များညီမ အကျယ်ချုပ်ချခံထားရတာ သိလား? ခင်များအဖေ ထွက်ပြေးဖို့ကြိုးစားတာ ရောသိလား? ခင်များအကုန်သိရဲ့သားနဲ့ အရူးဟန်ဆောင်နေတာ "

" ငါမသိဘူး ငါတကယ်ကိုမသိတာ....."

" အခု ခင်များအပြစ်ဝန်ခံမှ ပြစ်ဒဏ်လျှော့ပေါ့ပေးလို့ရမယ် "

ခိုင့်ချုန်း အားလုံးကို မမှိတ်မသုန်ကြည့်လာသည်။

ချိုးယန် : " ပိုက်ဆံတွေရှာတွေ့ပြီးကတည်းက ခိုင်မာတဲ့သက်သေဖြစ်သွားပြီ မင်းတို့ သုံးယောက်လုံး ပြေးမလွတ်ဘူး အခုတော့ ထောင်ဒဏ်နှစ်နည်းနည်းလောက် လျော့သွားဖို့ဆိုတာ ဘယ်သူပိုဝန်ခံမလဲ ဆိုတာပေါ် မူတည်တယ် "

ချိုးယန် သူမရဲ့ နက်မှောင်ကာ ထူထဲသော ဆံစများကို နားနောက်သွင်းလိုက်ရင်း

ထိုကဲ့သို့သော မိန်းမဆန်သည့်အပြုအမူကို သူမအတွက်တော့ ဓားအိမ်ထဲက ဓားထုတ်လိုက်သည့်အလား သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပုံဖော်လိုက်သည်။

ချိုးယန် : " မင်းပြောတော့ မင်းအဖေနဲ့ မင်းညီမက ဒီပိုက်‌ဆံတွေပေးတာဆို၊ မင်းဘာမှမသိဘူးဆို၊ မင်းညီမလည်းအဲ့လိုပဲ သူဘာမှမသိဘူးလို့ပြောတယ် မင်းသူ့ကို သွေးထိုးနေတာလား? "

ခိုင့်ချုန်း: " အဓိပ္ပါယ်မရှိဘူး အဲ့တာသူ(မ) လုပ်တာ! ငါဘယ်ဥပဒေမှ မချိုးဖောက်ဘူး! "

ကုံးရင့်ရှန် စိတ်ကျေနပ်သွားပုံပေါ်ပြီး

" ခိုင့်ဝမ်ကို သက်သေပြဖို့ မင်းသဘောတူလား? "

ခိုင့်ချုန်း မျက်လုံးပြူးသွားသည်။ ဆက်၍ တွန့်ဆုတ်နေသည့်အလား။

ချိုးယန် မတ်တပ်ရပ်လိုက်ပြီး

" အဲ့တာဆို ခိုင့်ဝမ်ကို အရင်ကြိုးစားကြည့်တာပေါ့ "

" နေဦး! "

ခိုင့်ချုန်း ဒရောသောပါး ပြောလာသည်။

" ငါ.....ငါ..."

ချိုးယန် အခြားရဲတစ်ယောက်ကို ခေါင်းဆတ်ပြလိုက်ပြီး

" မင်းနေခဲ့ပြီး သူဝန်ခံတာကို မှတ်တမ်းတင်လိုက် "

" ဟုတ်ကဲ့ ခေါင်းဆောင် "

သူတို့ သုံးယောက် စစ်မေးခန်းကနေ ထွက်လာလိုက်သည်။ ရန်ရိ သူ့ရင်ဘတ်သူပုတ်ရင်း ရင်ထဲမှာ အရမ်းပျော်ရွှင်သွားသလို ခံစားရသည်။

" ကောင်းတယ် အခု သူ(မ) လုံးဝငြင်းလို့ရတော့မှာမဟုတ်ဘူး "

ကုံးရင့်ရှန်လည်း ပိတီဖြစ်စွာ ပြုံးလျက်။

" အရင်လတွေတုန်းက လုပ်ခဲ့တာ‌ အလကားမဖြစ်တော့ဘူး "

ချိုးယန် : " အင်း မင်း ဒီအမှုရဲ့ တကယ့်တရားခံကို ဖော်ထုတ်နိုင်ခဲ့တာပဲ ဂုဏ်ပြုပါတယ် "

ချိုးယန် ရန်ရိဆီလှည့်လိုက်ပြီး

" ခေါင်းဆောင်ရန် ကျွန်မတို့အမှုကို ကူညီပေးတာအတွက် နောက်တစ်ခါ ကျေးဇူးတင်ပါရစေ၊ ဒီတစ်ခါ ရှင် ဝမ်ရမ့်ရပ်ကွက်က အမှုကို စုံစမ်းနေတယ်လို့ကြားတယ်၊ ကျွန်မတို့တော့ ရှင့်ကျေးဇူးကြောင့် လုံ့လတစ်ဝက်လောက်နဲ့ ရလဒ်နှစ်ခုရတော့မှာပဲ "

ရန်ရိ ပြုံးကာ ပြောလိုက်သည်။

" ခေါင်းဆောင်က ယဉ်ကျေးနေပါပြီ၊ ဌာနမှူးရော ကျွန်တော်ရော အရမ်းကိုကူညီချင်တာပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရည်မှန်းချက်က အတူတူပဲမလား "

ချိုးယန်က ကုံးရင့်ရှန်ကို ခံစားချက်ပါပါကြည့်လိုက်ရင်း

" ရင့်ရှန်က ကျွန်မအတွက် မောင်အရင်းတစ်ယောက်လိုပါပဲ၊ သူက လူတွေနဲ့သိပ်ပြီး ရောရောနှောနှော မနေတတ်ဘူး၊ ရှင်တို့ အတူရှိနေတာမြင်ရတော့ ကျွန်မတကယ်ကို ဝမ်းသာတယ်၊ ခေါင်းဆောင် သည်းခံ‌ပေးတာကိုလည်း ကျွန်မတကယ် ကျေးဇူးတင်ပါတယ် "

ရန်ရိ အနိုင်ရသွားသည့်ဟန်နှင့် ကုံးရင့်ရှန် ဘက်ကို မေးဆတ်ပြလိုက်ပြီး

" မင်းကြားတယ်မလား ခေါင်းဆောင်ချိုးက ဘယ်လောက် ထိုးထွင်းဉာဏ်ရှိလိုက်လဲ၊  ငါမင်းကို သည်းခံထားရတာတွေ သူသိတယ် "

ကုံးရင့်ရှန် နှာခေါင်းရှံ့လိုက်ပြီး

" ခင်များ အခုလို ချီးမွမ်းစကားတွေကိုလည်း ယုံတယ်ပေါ့ ခင်များက သုံးဆယ်လား သုံးနှစ်သားလားပဲ "

ရန်ရိ ပခုံးတွန့်လိုက်ပြီး

" ငါ့ကို ချီးကျူးတဲ့သူ မှန်သမျှ ငါယုံတယ် "

သူတို့ စကားပြောရင်း ရယ်မောနေကြပြီး ရုံးအပြင်ဘက် ဧည့်ကောင်တာက ဖြစ်မည်ထင်ရသော အုတ်အော်သောင်းနင်းသံတွေ ကြားလိုက်ရသည်။

သူတို့ ရုံးခန်းထဲက ထွက်လိုက်ပြီး ချိုးယန်က မေးလိုက်သည်။

" ဘာကိစ္စလဲ? "

လူတိုင်း ဘာမှမသိပုံ ပေါ်သည်။

အမျိုးသမီးတစ်ယောက်က ထအော်၏။

"သူ ငါ့ယောက်ျားကိုသတ်တာ! သူက လူသတ်သမားပဲ! ငါ့ယောက်ျားနဲ့ အိမ်နီးချင်းတွေကို သူ သတ်လိုက်တာ! "

သူတို့ဘက်ကိုကြည့်လိုက်တော့ ဒေါသထွက်နေသော သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က သူ့သားကို လက်တစ်ဖက်က ကိုင်ထားရင်း တစ်ခြားလက်တစ်ဖက်က ယောက်ျားတစ်ယောက်ရဲ့ အဝတ်များကို ဆွဲထားလျက်၊ ထိုလူကို ရဲစခန်းထဲ မရောက်ရောက်အောင် အတင်းဆွဲခေါ်လာသည်။

ဟောခန်းထဲကလူအားလုံး ဘေးကို ကြည့်လိုက်သည်။

ရဲသားတစ်ယောက်က ရှေ့ကို လျှောက်သွားလိုက်ပြီး

" အစ်မကြီး အမှုဖွင့်ချင်လို့လား? ကျွန်တော်နဲ့ အစ်မ...."

" သူ ၊ ငါသူ့ကို အမှုဖွင့်ချင်တယ် သူငါ့ယောက်ျားကို သတ်တာ! "

အမျိုးသမီးက ထိုယောက်ျားကို မျက်လုံးရဲများဖြင့် စိုက်ကြည့်ပြီး

" ဝမ်ရမ့်ရပ်ကွက်မှာ မီးရှို့တာသူပဲ ! သူက လူသတ်ကောင်! "

ရန်ရိ အံ့ဩကာ ကုံးရင့်ရှန်ကို ကြည့်လိုက်သည်။

ထိုလူကတော့ ဘာမှမဖြစ်ဘဲ ဂရုမစိုက်သလို။

" အဒေါ် အရင်ဆုံးစိတ်လျော့ပါဦး ဒီကိုလာပြီး ဖောင်ဖြည့်ပေးပါ "

ကုံးရင့်ရှန် လျှောက်သွားလိုက်ပြီး

" အဒေါ် ကျေးဇူးပြုပြီး ထိုင်ပါ အဒေါ်ဆက်ပြီး ဒေါသထွက်နေမယ်ဆိုရင် ကျွန်တော်တို့ ကူညီနိုင်မှာမဟုတ်ဘူး ဒီက ဦးလေးလည်း ‌ထိုင်ပေးပါ "

" ငါမထိုင်ဘူး "

ထိုလူက အေးစက်စက်ပြောလာသည်။

" ငါဘာမှမလုပ်ဘူး ဒီရူးနေတဲ့မိန်းမက ငါ့ကို ရဲစခန်းအတင်းဆွဲခေါ်လာတာ၊ ငါမလာရင် နောင်တရမယ်ဆိုပြီးတော့ "

" နင်ငါ့ယောက်ျားကို သတ်တာလေ! "

အမျိုးသမီးက စိတ်ကစဉ့်ကလျားနဲ့ အော်သည်။

" ရဲသားလေး သူငါ့ယောက်ျားနဲ့ ရန်ဖြစ်ဖူးတယ် သူငါ့တို့မိသားစုကို အမြဲ ဒုက္ခပေးတာ၊ သူပဲ မီးရှို့တာဖြစ်ရမယ်! "

" ခင်များကတော့ ရှက်စရာပဲ ! "

ထိုလူက ဆဲရေးလိုက်သည်။

" မိုးမေလင်းလိုက်! စောက်ကောင်! "

သူတို့နှစ်ယောက် ရန်ထဖြစ်ကြတော့မည့်အလား။

" စိတ်လျော့! "

ချိုးယန်က စားပွဲကို လက်နဲ့ရိုက်ပြီး အော်လိုက်သည်။

" ရှင်တို့က ပြဿနာဖြေရှင်းချင်တာလား ဒါမှမဟုတ် ရန်ဖြစ်ပြီး အချုပ်ထဲရောက်ချင်နေတာလား? "

ရန်ရိ သူတို့သုံးယောက်ကို ကြည့်လိုက်သည်။

အဒေါ်ကြီးက ခက်ထန်နေပြီး လူကြီးက မထီမဲ့မြင်ပြုနေလျက်၊ ဆယ်နှစ်အရွယ်လောက်ရှိမည့် ကောင်လေးကတော့ ပြဿနာတစ်ခုလုံး သူနဲ့ လားလားမျှမဆိုင်သလို ပျင်းတွဲပြီး သူ့ဖုန်းသူဆော့နေသည်။

အဒေါ်ကြီးက အသက်ရှူမဝဖြစ်ပြီး ထိုင်လိုက်သည်။

ကုံးရင့်ရှန် မေးလိုက်၏။

" နာမည် "

" နာမည်က ဝမ်းမေ"

" ဖုန်ဖေး "

ကုံးရင့်ရှန်: " အဒေါ်ဝမ်း အမှုဖွင့်ရတဲ့ အကြောင်းရှင်းပြပေးပါ "

ဝမ်းမေ: " အဒေါ်က ဝမ်ရမ့်အဆောက်အအုံ အခန်း 2209 ကပါ၊ အဒေါ့်ယောက်ျား မီးရှို့သတ်ခံလိုက်ရပြီး အခြားအိမ်နီးချင်းတွေလည်း မီးလောင်တဲ့အထဲ ပါသွားကြတယ် "

ဝမ်းမေ က ဝမ်းနည်းပက်လက်ငိုရင်း ပြောလာသည်။

ဝမ်းမေ: " အဲ့‌မကောင်းဆိုးဝါးက ငါ့ကို စောင့်ကြည့်ပြီးရင်း စောင့်ကြည့်နေတာ၊ ပြီးတော့ ခေါင်းမာပြီး လွန်ခဲ့တဲ့ လအနည်းငယ်က  အဒေါ့် ယောက်ျားနဲ့ ရန်ဖြစ်ခဲ့သေးတယ် သူပဲ မီးရှို့တာဖြစ်ရမယ်! "

ဖုန်ဖေးက အေးတိအေးစက် နှာခေါင်းရှုံ့ရင်း

ဖုန်ဖေး: " ငါမီးရှို့တာမဟုတ်ဘူး မီးလောင်တဲ့အချိန်ကတောင် ငါအိမ်မှာရှိလို့လား "

ကုံးရင့်ရှန် : " ဦးလေးဖုန် ဦးလေးကရော ဘယ်သူများလဲ? "

" ငါက သူ့အိမ်နီးချင်း အခန်း 2213 က "

ဖုန်ဖေးပြောလိုက်သည်။

" ငါသာ မီးရှို့တယ်ဆိုရင် ဘာကိစ္စ ငါ့အိမ်ငါပြန်ရှို့ပါ့မလဲ? ကံကောင်းလို့ အိမ်ထဲမှာလူမရှိပေမယ့် ဆုံးရှုံးမှုကတော့ အတော်များတယ် "

" 2209 ရဲ့အခန်းပိုင်ရှင်နဲ့ သဘောထားကွဲလွဲမှုတွေရှိတယ်ဆိုတာ တကယ်ပါလား? "

" ဟုတ်တယ် သူပဲရန်လာရှာတာလေ "

ဝမ်းမေ: " ဒီချီး....."

ရန်ရိ ပြောလိုက်သည်။

" အဒေါ်ဝမ်း စိတ်လျှော့ပါ "

" ဘာလို့လဲ? "

ကုံးရင့်ရှန်မေးလိုက်သည်။

" ဘာလို့ သဘောထားကွဲလွဲရတာလဲ? ပြီးတော့ အဒေါ်ဝမ်းက ခင်များမီးရှို့တာလို့ ဘာကြောင့်ထင်တာလဲ?"

ဖုန်ဖေးက လှောင်ထေ့လိုက်ရင်း

" သူတို့မိသားစုက ဘယ်လောက်ထူးဆန်းပြီး စိတ်ပျက်စရာကောင်းလဲ မင်းသိလား?

တိုက်တစ်တိုက်လုံး သူတို့အကြောင်း ကောင်းကောင်းသိတယ်၊ ပြီးတော့ သူတို့လုပ်ခဲ့တဲ့ အကောင်းဆုံးအလုပ်တွေကိုရောပဲ၊ သူတို့ကားထားဖို့နေရာလည်းမဝယ်ဘူး၊ တစ်ခါတစ်လေ သူများကားရပ်ဖို့နေရာမှာ ခိုးရပ်တယ်၊ အိမ်နီးချင်းတွေရဲ့ takeaways တွေ၊ ပို့/ဆက် သမားတွေကိုလည်း ထောက်လှမ်းပြီး ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ သူတို့မိသားစုက အောက်ဆင်းပြီး အမှိုက်ပစ်ဖို့တောင် အရမ်းပျင်းလွန်းတော့ တစ်ခါတစ်လေ ဓာတ်လှေကားထဲမှာ အ‌မှိုက်တွေပစ်ထားတယ်၊ ဓာတ်လှေကားမှာဆို နံဟောင်နေတာပဲ "

အဒေါ်ဝမ်းက ဖုန်ဖေးကို စူးရဲစွာ စိုက်ကြည့်နေသည်။

" နောက် သူတို့ကို အပြစ်ပေးတော့ ဒဏ်ငွေဆောင်ဖို့ ငြင်းပေမယ့် နည်းနည်းအချိုးပြောင်း လာပြီး၊ အမှိုက်တွေကို အခန်းတံခါးရှေ့ စုပုံထားတယ်၊ အမှိုက်အိတ် တစ်ဒါဇင်လောက်ကို မလွှင့်ပစ်ဘူး၊ ကော်ရစ်တာတစ်ခုလုံး အမှိုက်တွေနဲ့ပဲ ပြည့်နေတာ၊ အမှိုက်တွေကြောင့် ကြွက်တွေ၊ ပိုးဟပ်တွေ၊ ခြင်တွေပါ ပွားလာရော၊ ဘယ်သူပဲ အော်ငေါက်ငေါက် အရှက်မရှိသလိုပဲ လုပ်နေတယ်၊ ငါတို့အိမ်နီးချင်းတွေ ဘယ်လိုတောင်ကံဆိုးလို့ ဒီလို လက်ဖျားခါ‌လောက်တဲ့ ဟာတွေနဲ့ လာဆုံရတာလဲ "

ဖုန်ဖေး အံကြိတ်ပြီး ပြောလာသည်။

" ငါစာတွေဖတ်ဖူးတယ် ငါကအဆင့်အတန်းရှိပြီး ကျိုးကြောင်းဆီလျော်တဲ့သူတစ်ယောက်ပါ၊ ဒါပေမယ့် ဒီလိုအိမ်နီးချင်းမျိုးကိုတော့ သည်းမခံနိုင်ဘူး၊ ဒါပေမယ့်လည်း ငါမီးမရှို့ဘူး၊ သူငါ့ကို ခြိမ်းခြောက်လည်းမကြောက်ဘူး၊ ငါမလုပ်ဘူးဆို မလုပ်ဘူးပဲ စစ်ဆေးကြည့်လိုက်ပါ "

အခြားကိစ္စနဲ့ လာကြတဲ့သူ‌တွေကတော့ မင်သက်သွားကြသည်။ တကယ့်အပြင်လောကမှာ အခုလို ထိပ်တန်းမိသားစုမျိုး ရှိမယ်လို့ သူတို့ တွေးမိမှာတောင်မဟုတ်ပေ၊ ဒါပေမယ့် ရဲတွေနဲ့ မီးသတ်သမားတွေကတော့ တည်ငြိမ်နိုင်သည်။ သူတို့ မထင်မှတ်လောက်စရာတွေ အများကြီး ကြုံတွေ့ဖူးမှန်း ပြောစရာကိုမလိုချေ။

ဝမ်းမေ အော်လိုက်သည်။

" နင်က သောက်ချီးစကားတွေပြောနေတာပဲ! ကားပါကင်နေရာ ငှားသုံးတာနဲ့ပဲ ဥပဒေကို ချိုးဖောက်ရောလား? ပို့/ဆက်သမား မှားသွားတာနဲ့ပဲ ဥပဒေချိုးဖောက်ရောလား? ငါ့အိမ်ရှေ့ငါ အမှိုက်ပုံတာနဲ့ပဲ ဥပဒေချိုးဖောက်တယ်ဖြစ်ရောလား?! ငါပြောမယ် စောက်ကောင်! မီးရှို့သမားနဲ့ လူသတ်သမားက တရားမဝင်ဘူး! ငါတို့တစ်မိသားလုံး ပိုက်ဆံရှာဖို့ ငါ့ယောက်ျားတစ်ယောက်တည်းကို အားကိုးနေရတာ၊ နင်ကငါ့ယောက်ျားကိုသတ်လိုက်ပြီး ငါတို့ကို မိဘမဲ့(သား)၊ မုဆိုးမ(မိန်းမ) ဖြစ်အောင်လုပ်လိုက်တယ်ပေါ့၊ ငါ့ယောက်ျားအသက်အတွက် နင်ပြန်ပေးဆပ်ရမယ်! "

ဖုန်ဖေး အော်ဂလီဆန်စွာ ပြောလိုက်သည်။

" အရူးမ ၊ ဖျားနေတာ "

ဝမ်းမေက ထခုန်ပြီး သူ့ကိုကုတ်ဖဲ့ဖို့လုပ်တုန်း ရဲတွေဝိုင်းဆွဲတာခံလိုက်ရသည်။

သူတို့ရန်ဖြစ်တာကြောင့် ကုံးရင့်ရှန် ခေါင်းကိုက်လာရပြီး စားပွဲကို ဆက်ခေါက်နေကာ

" ဦးလေးဖုန် အိမ်အရင်ပြန်နှင့်ပါ နောက်မှ အမှုမှာပူးပေါင်းပေးဖို့ ကျွန်တော်တို့ ရဲတွေလွှတ်လိုက်ပါမယ်၊ အဒေါ်ဝမ်း အရင်ဆုံးအမှုဖွင့်ဖို့အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ရမယ်၊ ဆက်မလုပ်ခင် မှတ်ပုံတင်ပါ "

ရဲသားတွေက အမှုဖွင့်ဖို့အချက်အလက်တွေ ပြင်တုန်း ရန်ရိနဲ့ ကုံးရင့်ရှန်က ဘေးကပ်ရပ်ကာ အသံတိုးတိုးဖြင့် ပြောကြသည်။

ကုံးရင့်ရှန် : " ဖုန်ဖေးက မီးရှို့သမားနဲ့မတူပေမယ့်လည်း သေဆုံးသူဇနီးပြောတဲ့ စကားအရဆို အလီဘိုင်ရှိဖို့ခဲယဥ်းတယ် ဒီအမှုက လက်စားချေမီးရှို့တာမျိုးနဲ့ ဆင်တယ် "

ရန်ရိ ခေါင်းညိတ်လိုက်ပြီး

" ဖုန်ဖေးပြောပုံအတိုင်းဆို ဒီမိသားစုက လူအတော်များများကို မျက်မုန်းကျိုးအောင်လုပ်ထားတာပဲ၊ ရှာဖို့ခက်တယ် "

" မနက်ဖြန် ဖုန်ဖေးအလီဘိုင်ကို စုံစမ်းလိုက်မယ် ပြီးတော့ သူတို့ပြောတာကို အတည်ပြုဖို့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့  ရပ်ကွက်ထဲသွားကြည့်လိုက်မယ် "

ကုံးရင့်ရှန် မေးကိုထိလိုက်ပြီး

" အမှိုက်ပုံကစဖြစ်သွားတာပဲဆိုတော့ သံသယဖြစ်စရာက တစ်လွှာထဲက အိမ်နီးချင်းတွေပဲ "

" ငါခွင့်ရက်နည်းနည်းယူထားတယ် မနက်ဖြန် မင်းနဲ့အတူသွားလို့ရတယ် ပြီးတော့ ငါတို့နှစ်ယောက် မီးအခင်းနေရာသွားပြီး သဲလွန်စသွားရှာလို့ရတာပေါ့ "

" အင်း "

ကုံးရင့်ရှန် သူ့မျက်ခုံးများကို နှိပ်နယ်လိုက်ပြီး

" ကျွန်တော်ခေါင်းကိုက်လို့ အိမ်အရင်ပြန်ချင်တယ် "

" မင်းမသက်မသာ ဖြစ်နေတာလည်း မပြောနဲ့ တစ်နေ့တည်း အများကြီးကြုံလိုက်ရတာပဲ၊ ပြန်နားလိုက်ဦး "

ရန်ရိ ပြောလိုက်သည်။

" မင်းပြန်ရင်း ငါ့ကို ဝမ်ရမ့်ရက်ကွက်ကို ပြန်ပို့ပေးဦး ငါ့ကားက အဲ့မှာရပ်ထားတုန်းရှိသေးတယ် "

" သွားရအောင် "

သူတို့နှစ်ယောက်မှာ ကုံးရင့်ရှန်ကို တွဲဖက်ထိုင်ခုံမှာထိုင်စေလျက်ပဲ မောင်းလာရင်း တစ်လမ်းလုံး အမှုအကြောင်းဆွေးနွေးလာကြသည်။

ရုတ်တရက် ရန်ရိဖုန်းမြည်လာပြီး သူထုတ်ကြည့်လိုက်တော့ ချီရှောင်းခေါ်တာမှန်း တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ချိန်းထားတာကို သူလုံးဝမေ့‌နေခဲ့ပြီး အကြောင်းပြချက်တစ်ချို့ကြောင့် သူကားထဲမှာ ဖုန်းဖြေဖို့ကို တွန့်ဆုတ်နေမိသည်။ ဘာလို့ဆို ဒီလို နေရာကျဉ်းကျဉ်းလေးမှာဆို ကုံးရင့်ရှန်လည်း ကြားနိုင်သည်မို့။

သူ တိတ်တိတ်လေး အသံပိတ်လိုက်သည်။

မမျှော်လင့်ဘဲ တစ်မိနစ်လောက်ကြာတော့ ဖုန်းထပ်မြည်လာပြီး ကုံးရင့်ရှန် သူ့ကို လှမ်းကြည့်လာသည်။

" ခင်များ ဖုန်းမဖြေဘူးလား? "

ရန်ရိ ဖုန်းဖြေလိုက်ရပြီး

" hello? "

" ဟေး ကော "

ချီရှောင်း ဖုန်းတစ်ဖက်မှ ပြောလာသည်။

" ကော ဝမ်ရမ့်ရပ်ကွက်ထဲမှာလား? "

" ဟမ်? မင်းဘယ်လိုသိတာလဲ? "

" တိုက်ဆိုင်လိုက်တာ ကျွန်‌တော် ဒီနေ့ အဲ့နားမှာ အသံသွင်းဖို့ရှိတာ၊ ပြန်ထွက်လာတော့ ဖြတ်သွားရင်း ကော ကား‌လမ်းဘေးမှာရပ်ထားတာတွေ့လို့၊ ကော ရပ်ကွက်ထဲမှာလား? "

" အာ မဟုတ်ဘူး၊ ကိုယ်လုပ်စရာရှိလို့ သူငယ်ချင်းကား ယူသွားလိုက်တာ "

" အဲ့တာဆို ကော အခုပြန်လာတော့မှာလား? ကျွန်တော်ဒီကစောင့်နေမယ် ကျွန်တော် နောက်အချိန်တွေအားတော့ အတူသွားသောက်ကြတာပေါ့ "

" အာ..."

ရန်ရိ ငြင်းဖို့ ဆင်ခြေရှာမရဘဲ ပြောလိုက်ရသည်။

" အိုကေ ကိုယ်ခဏနေရောက်မယ် "

ကုံးရင့်ရှန်တို့ ဝမ်ရမ့်ရပ်ကွက်ထဲကို မောင်းဝင်သွားလိုက်သည်။ ခပ်လှမ်းလှမ်းကနေ ရန်ရိရဲ့ Highlander car ဘေးမှာရပ်နေတဲ့ သူကို သူလှမ်းကြည့်လိုက်သည်။ ထိုသူက အလွန် ဖက်ရှင်ကျကျဝတ်စားထားပြီး ထက်မြက်ပုံလည်းပေါ်သည်။ သူ( ကုံးရင့်ရှန် ) မျက်မှောင်တဖြည်းဖြည်း ကြုတ်သွားသည်။

ရန်ရိ ကားရပ်၍ တံခါးဖွင့်ကာ ကားထဲကထွက်ပြီး ချီရှောင်းကို လက်လှမ်းပြလိုက်သည်။

ချီရှောင်းက ပြုံးကာ လျှောက်လာ၏။

" တကယ့်ကို ရေစက်ပါတာပဲ ဒီလိုအပျက်အစီးပုံကြီးမှာ လာဆုံရတယ်လို့၊ ကော ကားအသစ်ဝယ်လိုက်တာလား? "

သူ( ချီရှောင်း ) ကားထဲကိုလှမ်းကြည့်ရင်း တွဲဖက်နေရာ၌ ကုံးရင့်ရှန်ထိုင်နေသည်ကို ရိပ်ခနဲ မြင်လိုက်ရသည်။ ‌ချီရှောင်း တစ်ခ‌ဏလောက် ခဲသွား၏။

ဖျော်ဖြေရေးနယ်ပယ်ထဲမှာတောင် ကုံးရင့်ရှန်လို ချောတဲ့သူမျိုး အနည်းငယ်သာရှိသည်။ ပြီးတော့ ပင်ကိုစရိုက်ကလည်း အလွန်သီးသန့်ဆန်၏။

ကုံးရင့်ရှန် ကားထဲကထွက်လိုက်ပြီး ရန်ရိကို တိတ်တဆိတ် စိုက်ကြည့်လာသည်။

" အို့ ဒါက ငါ့သူငယ်ချင်း ချီရှောင်း၊ ချီရှောင်း ဒါက ဒေါက်တာကုံး အခုအလုပ်တွဲလုပ်နေတာ "

ချီရှောင်း ချဲ့ကားပြောလိုက်သည်။

" wow မင်းက အရမ်းချောတာပဲ ဒေါက်တာ ဘာဒေါက်တာမျိုးလဲ? "

ကုံးရင့်ရှန် လေးလေးပင်ပင်ပြောလိုက်သည်။

" Chemistry "

" wow အံ့ဩစရာပဲ "

ချီရှောင်းပြောလိုက်သည်။

" ကျွန်တော် ရန်ရိနဲ့သွားသောက်မလို့ အတူသွားရအောင် "

" ငါမသောက်ဘူး "

ကုံးရင့်ရှန် ပြောပြီးတော့ ကားဆီပြန်သွားကာ တံခါးကို ဆောင့်ပိတ်လိုက်ပြီး သေသပ်စွာ မောင်းထွက်သွားသည်။

ချီရှောင်း ရန်ရိကို မရေမရာ ကြည့်လိုက်သည်။

" အာ ကျွန်တော်သူ့ကို အပြစ်လုပ်မိလိုက်တာလား? "

ရန်ရိ ခါးသက်သက်ပြုံးရင်း

" မဟုတ်ပါဘူး သူ့မှာ အတော်ထူးဆန်းတဲ့စရိုက်မျိုးရှိလို့၊ ခံစားမနေပါနဲ့ "

ချီရှောင်း " ကျစ် ကျစ် " လို့နှစ်ခါစုတ်သပ်လိုက်ပြီး

" တကယ်ချောတာကို ရုပ်ရှင်မင်းသားမဟုတ်တာ စိတ်မကောင်းစရာပဲ၊ ကော သူနဲ့မဖြစ်ရဘူးနော်...."

" ဒီတိုင်း အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စပါပဲ "

ရန်ရိ ‌ခပ်ဖွဖွ ပြောလိုက်သည်။

" oh အဲ့တာဆို စိတ်မကောင်းစရာမလိုတော့ဘူး "

ချီရှောင်း ပခုံးတွန့်လိုက်ပြီး

" တကယ်တမ်းပြောရရင် ကျွန်တော်နည်းနည်း သဝန်တိုမိတယ် ဒါပေမယ့် ကောကမရှိ‌ဘူး‌ဆိုတော့လည်း မရှိတာပဲပေါ့ "

ရန်ရိ နှာခေါင်းရှုံ့လိုက်ပြီး

" သွားရအောင် မင်းဘယ်မှာသောက်ချင်လဲ? "

" နေရာဟောင်းပဲ "

" ဒီနေ့ အသံသွင်းတာဘယ်လိုလဲ? "

" မဆိုးပါဘူး ဇာတ်ကားတစ်ခုပဲ၊ ဇာတ်ကွက်လည်းကြီးတယ်၊ ဒါရိုက်တာကလည်း အံ့ဩစရာပဲ၊ သူတကယ်ပဲ စုန့်ကျွီးဟန် ကိုတောင် Theme song ဆိုဖို့ မေးထားတယ် "

" အိုး မဆိုးဘူးပဲ မင်းသွားနိုင်မယ်လို့ မျှော်လင့်တယ် "

" ကျွန်တော်က သူခိုးနေရာက အသံသွင်းတာ၊ ၈ မိနစ်နီးပါးလောက်သွင်းရတယ် ပြီးတော့ role လည်းအရမ်းကောင်းတယ် "

သူတို့ ပြောရင်း‌ဆိုရင်း [ Sanlitun ] ကိုသွားကြ၏။ သွားနေရင်းမှာ ရန်ရိ ကုံးရင့်ရှန်ရဲ့ အမူအရာကို ပြန်မြင်ယောင်လာသည်။

သူ စိတ်ဆိုးသွားတာလား?

~~~~~~~~~~~~~~~~~~

Note -

1. ရန်ရိရဲ့ Highlander car -

2. Sanlitun - Salitun ဆိုတာက ခေတ်မီတဲ့ညစာစားပွဲတွေနဲ့ ညရှုခင်းအလှကြောင့် နာမည်ကြီးတာပါ အဆင့်မြင့် စားသောက်တန်းကြီးလို့ပြောရမလား ပုံထဲကအတိုင်းပါပဲ၊ သူက နေရာတစ်ခုပေါ့၊ လမ်းတစ်လျှောက်မှာ ဆိုင်တွေအများကြီးရှိတယ်၊ အရမ်းမိုက်ပါတယ်!

ဒီအခန်းမှာ ဘယ်သူပါလာပြီလဲ ???

######

[ Zawgyi ]

ရန္ရိ ဟုန္းဝူဌာနခြဲကို ထပ္သြားရၿပီး ဧည့္ႀကိဳဌာနက အမ်ိဳးသမီးဝန္ထမ္းမ်ားပင္ သူ႕ကိုသိေနၾကၿပီျဖစ္သည္။ သူလည္း အလြန္ကိုစိတ္ပါလက္ပါနဲ႔ တစ္လမ္းလုံး ႏႈတ္ဆက္လာခဲ့၍ ကုံးရင့္႐ွန္ထက္စာရင္ သူကေတာင္ ဒီမွာအလုပ္လုပ္ေနတဲ့သူနဲ႔တူေသး၏။

စစ္ေဆးခန္းထဲဝင္သြားေတာ့ ခ်ိဳးယန္နဲ႔အျခားရဲဝန္ထမ္းေတြက အရင္ေရာက္ႏွင့္ေနၿပီး၊ လက္ထိပ္ခတ္ခံထားရလ်က္ စားပြဲတြင္ထိုင္ေနေသာသူမွာ ခိုင့္ဝမ္ရဲ႕အစ္ကို ခိုင့္ခ်ဳန္းမွန္းသိသာသည္။

ကုံးရင့္႐ွန္ ေခါင္းၿငိမ့္ႏႈတ္ဆက္လိုက္သည္။

" ေခါင္းေဆာင္ခ်ိဳး "

ရန္ရိလည္းႏႈတ္ဆက္လိုက္သည္။

ခ်ိဳးယန္ကေျပာလာ၏။

" ေခါင္းေဆာင္ ဒီအမႈေၾကာင့္အေႏွာင့္အယွက္ျဖစ္သြားရၿပီ ေခါင္းေဆာင္ရဲ႕ဇြဲလုံ႔လေၾကာင့္ ဒီလူကိုဖမ္းမိၿပီး အမွန္တရားကိုေဖာ္ေဆာင္ႏိုင္တာပါ "

ရန္ရိ ျပဳံးကာေျပာလိုက္သည္။

" ကြၽန္ေတာ္လည္း ဘာမွမကူညီလိုက္ရပါဘူးဗ်ာ ေဒါက္တာကုံးသာ ေနာက္ကြယ္က ပံ့ပိုးေနတာပါ "

" သူကေတာ့ ေခါင္းေဆာင္ကသူ႕ကို လက္မေလွ်ာ့ေအာင္ အားေပးခဲ့တယ္လို႔ေျပာတာပဲ "

ခ်ိဳးယန္ ကုံးရင့္႐ွန္ကို မ်က္စပစ္လိုက္ရင္း

" ဟုတ္တယ္မလား? "

ကုံးရင့္႐ွန္ ေခါင္းဟန္႔လိုက္ၿပီး သူနဲ႔မဆိုင္သလိုလုပ္ေနသည္။

ခ်ိဳးယန္ ေခါင္းလွည့္ၿပီး ခိုင့္ခ်ဳန္းကိုၾကည့္လိုက္သည့္အခါဝယ္ သူမ၏ မ်က္ဝန္းလွလွမ်ားက ေအးစက္စူး႐ွလာသည္။

" သူ႕ကိုသူ႕ၿမိဳ႕မွာဖမ္းမိကတည္းက အေတာ္မ်ားမ်ားဝန္ခံထားၿပီးၿပီ အခုေတာ့ သူ႕အေဖနဲ႔သူ႕ညီမက တရားမဝင္ေငြလက္ခံခိုင္းတာကို ဝန္ခံတယ္ "

ခိုင့္ခ်ဳန္းက ႐ုတ္တရက္ထေအာ္သည္။

" ဒါေပမယ့္ အဲ့ေငြေတြက မသန္႔႐ွင္းမွန္းငါမသိဘူး ဒီတိုင္းသူတို႔႐ွာထားတာလို႔ပဲ ထင္တာ! "

" မင္းအဲ့ပိုက္ဆံေတြ ဘယ္ကရလဲလို႔ သံသယဝင္ဖူးလား? "

ကုံးရင့္႐ွန္ေျပာလိုက္သည္။

" မင္းမိသားစုအရင္က ဝင္ေငြဘယ္ေလာက္႐ွိမွန္း မသိဘူးလား? "

" ငါမေမးခဲ့ဘူး "

ခိုင့္ခ်ဳန္း ‌ထပ္ၿပီးေခါင္းငုံ႔သြားျပန္သည္။

ခ်ိဳးယန္ သူ႕ကိုၾကည့္ၿပီး

" မင္း ေထာင္က်ခ်င္ေနတာလား? "

" ငါေထာင္မက်ခ်င္ဘူး "

ခိုင့္ခ်ဳန္းက တုန္လႈပ္ေျခာက္ျခားစြာေျပာလာသည္။

" ငါအဲ့ေငြေတြကို ခိုးလာတာလည္းမဟုတ္ဘူး လုလာတာလည္းမဟုတ္ဘူး  ငါ့အေဖေပးတဲ့ပိုက္ဆံအ‌တြက္နဲ႔ ဘာလို႔ ဥပေဒခ်ိဳးေဖာက္တာျဖစ္မလဲ? "

" မင္းက တရားမဝင္တဲ့ ခိုးရာပါေငြေတြကို သုံးခဲ့တာပဲ "

ခ်ိဳးယန္ ေလွာင္ေထ့ျပဳံးကာ သူ႕(ခိုင့္ခ်ဳန္း)ကို‌ေၾကာက္လန္႔ေစသည္။

" ၿပီးေတာ့မင္းက အဲ့ခိုးရာပါေငြေတြကို အဆိပ္ခတ္သတ္ဖို႔သုံးခဲ့တာပဲ မင္းလည္း ဒီရာဇတ္မႈမွာ ပါတယ္လို႔ ငါတို႔သံသယ႐ွိတယ္ "

" မဟုတ္ဘူး ငါမပါဘူး! "

ခိုင့္ခ်ိဳး ေၾကာက္လန္႔တၾကားေျပာသည္။

" ငါဘာမွမသိဘူး!"

" ခင္မ်ားညီမ အက်ယ္ခ်ဳပ္ခ်ခံထားရတာ သိလား? ခင္မ်ားအေဖ ထြက္ေျပးဖို႔ႀကိဳးစားတာ ေရာသိလား? ခင္မ်ားအကုန္သိရဲ႕သားနဲ႔ အ႐ူးဟန္ေဆာင္ေနတာ "

" ငါမသိဘူး ငါတကယ္ကိုမသိတာ....."

" အခု ခင္မ်ားအျပစ္ဝန္ခံမွ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးလို႔ရမယ္ "

ခိုင့္ခ်ဳန္း အားလုံးကို မမွိတ္မသုန္ၾကည့္လာသည္။

ခ်ိဳးယန္ : " ပိုက္ဆံေတြ႐ွာေတြ႕ၿပီးကတည္းက ခိုင္မာတဲ့သက္ေသျဖစ္သြားၿပီ မင္းတို႔ သုံးေယာက္လုံး ေျပးမလြတ္ဘူး အခုေတာ့ ေထာင္ဒဏ္ႏွစ္နည္းနည္းေလာက္ ေလ်ာ့သြားဖို႔ဆိုတာ ဘယ္သူပိုဝန္ခံမလဲ ဆိုတာေပၚ မူတည္တယ္ "

ခ်ိဳးယန္ သူမရဲ႕ နက္ေမွာင္ကာ ထူထဲေသာ ဆံစမ်ားကို နားေနာက္သြင္းလိုက္ရင္း

ထိုကဲ့သို႔ေသာ မိန္းမဆန္သည့္အျပဳအမူကို သူမအတြက္ေတာ့ ဓားအိမ္ထဲက ဓားထုတ္လိုက္သည့္အလား သတ္ျဖတ္ခ်င္စိတ္တို႔ျဖင့္ ပုံေဖာ္လိုက္သည္။

ခ်ိဳးယန္ : " မင္းေျပာေတာ့ မင္းအေဖနဲ႔ မင္းညီမက ဒီပိုက္‌ဆံေတြေပးတာဆို၊ မင္းဘာမွမသိဘူးဆို၊ မင္းညီမလည္းအဲ့လိုပဲ သူဘာမွမသိဘူးလို႔ေျပာတယ္ မင္းသူ႕ကို ေသြးထိုးေနတာလား? "

ခိုင့္ခ်ဳန္း: " အဓိပၸါယ္မ႐ွိဘူး အဲ့တာသူ(မ) လုပ္တာ! ငါဘယ္ဥပေဒမွ မခ်ိဳးေဖာက္ဘူး! "

ကုံးရင့္႐ွန္ စိတ္ေက်နပ္သြားပုံေပၚၿပီး

" ခိုင့္ဝမ္ကို သက္ေသျပဖို႔ မင္းသေဘာတူလား? "

ခိုင့္ခ်ဳန္း မ်က္လုံးျပဴးသြားသည္။ ဆက္၍ တြန္႔ဆုတ္ေနသည့္အလား။

ခ်ိဳးယန္ မတ္တပ္ရပ္လိုက္ၿပီး

" အဲ့တာဆို ခိုင့္ဝမ္ကို အရင္ႀကိဳးစားၾကည့္တာေပါ့ "

" ေနဦး! "

ခိုင့္ခ်ဳန္း ဒေရာေသာပါး ေျပာလာသည္။

" ငါ.....ငါ..."

ခ်ိဳးယန္ အျခားရဲတစ္ေယာက္ကို ေခါင္းဆတ္ျပလိုက္ၿပီး

" မင္းေနခဲ့ၿပီး သူဝန္ခံတာကို မွတ္တမ္းတင္လိုက္ "

" ဟုတ္ကဲ့ ေခါင္းေဆာင္ "

သူတို႔ သုံးေယာက္ စစ္ေမးခန္းကေန ထြက္လာလိုက္သည္။ ရန္ရိ သူ႕ရင္ဘတ္သူပုတ္ရင္း ရင္ထဲမွာ အရမ္းေပ်ာ္႐ႊင္သြားသလို ခံစားရသည္။

" ေကာင္းတယ္ အခု သူ(မ) လုံးဝျငင္းလို႔ရေတာ့မွာမဟုတ္ဘူး "

ကုံးရင့္႐ွန္လည္း ပိတီျဖစ္စြာ ျပဳံးလ်က္။

" အရင္လေတြတုန္းက လုပ္ခဲ့တာ‌ အလကားမျဖစ္ေတာ့ဘူး "

ခ်ိဳးယန္ : " အင္း မင္း ဒီအမႈရဲ႕ တကယ့္တရားခံကို ေဖာ္ထုတ္ႏိုင္ခဲ့တာပဲ ဂုဏ္ျပဳပါတယ္ "

ခ်ိဳးယန္ ရန္ရိဆီလွည့္လိုက္ၿပီး

" ေခါင္းေဆာင္ရန္ ကြၽန္မတို႔အမႈကို ကူညီေပးတာအတြက္ ေနာက္တစ္ခါ ေက်းဇူးတင္ပါရေစ၊ ဒီတစ္ခါ ႐ွင္ ဝမ္ရမ့္ရပ္ကြက္က အမႈကို စုံစမ္းေနတယ္လို႔ၾကားတယ္၊ ကြၽန္မတို႔ေတာ့ ႐ွင့္ေက်းဇူးေၾကာင့္ လုံ႔လတစ္ဝက္ေလာက္နဲ႔ ရလဒ္ႏွစ္ခုရေတာ့မွာပဲ "

ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။

" ေခါင္းေဆာင္က ယဥ္ေက်းေနပါၿပီ၊ ဌာနမႉးေရာ ကြၽန္ေတာ္ေရာ အရမ္းကိုကူညီခ်င္တာပါ၊ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ရည္မွန္းခ်က္က အတူတူပဲမလား "

ခ်ိဳးယန္က ကုံးရင့္႐ွန္ကို ခံစားခ်က္ပါပါၾကည့္လိုက္ရင္း

" ရင့္႐ွန္က ကြၽန္မအတြက္ ေမာင္အရင္းတစ္ေယာက္လိုပါပဲ၊ သူက လူေတြနဲ႔သိပ္ၿပီး ေရာေရာေႏွာေႏွာ မေနတတ္ဘူး၊ ႐ွင္တို႔ အတူ႐ွိေနတာျမင္ရေတာ့ ကြၽန္မတကယ္ကို ဝမ္းသာတယ္၊ ေခါင္းေဆာင္ သည္းခံ‌ေပးတာကိုလည္း ကြၽန္မတကယ္ ေက်းဇူးတင္ပါတယ္ "

ရန္ရိ အႏိုင္ရသြားသည့္ဟန္ႏွင့္ ကုံးရင့္႐ွန္ ဘက္ကို ေမးဆတ္ျပလိုက္ၿပီး

" မင္းၾကားတယ္မလား ေခါင္းေဆာင္ခ်ိဳးက ဘယ္ေလာက္ ထိုးထြင္းဉာဏ္႐ွိလိုက္လဲ၊  ငါမင္းကို သည္းခံထားရတာေတြ သူသိတယ္ "

ကုံးရင့္႐ွန္ ႏွာေခါင္း႐ွံ႕လိုက္ၿပီး

" ခင္မ်ား အခုလို ခ်ီးမြမ္းစကားေတြကိုလည္း ယုံတယ္ေပါ့ ခင္မ်ားက သုံးဆယ္လား သုံးႏွစ္သားလားပဲ "

ရန္ရိ ပခုံးတြန္႔လိုက္ၿပီး

" ငါ့ကို ခ်ီးက်ဴးတဲ့သူ မွန္သမွ် ငါယုံတယ္ "

သူတို႔ စကားေျပာရင္း ရယ္ေမာေနၾကၿပီး ႐ုံးအျပင္ဘက္ ဧည့္ေကာင္တာက ျဖစ္မည္ထင္ရေသာ အုတ္ေအာ္ေသာင္းနင္းသံေတြ ၾကားလိုက္ရသည္။

သူတို႔ ႐ုံးခန္းထဲက ထြက္လိုက္ၿပီး ခ်ိဳးယန္က ေမးလိုက္သည္။

" ဘာကိစၥလဲ? "

လူတိုင္း ဘာမွမသိပုံ ေပၚသည္။

အမ်ိဳးသမီးတစ္ေယာက္က ထေအာ္၏။

"သူ ငါ့ေယာက်္ားကိုသတ္တာ! သူက လူသတ္သမားပဲ! ငါ့ေယာက်္ားနဲ႔ အိမ္နီးခ်င္းေတြကို သူ သတ္လိုက္တာ! "

သူတို႔ဘက္ကိုၾကည့္လိုက္ေတာ့ ေဒါသထြက္ေနေသာ သက္လတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္က သူ႕သားကို လက္တစ္ဖက္က ကိုင္ထားရင္း တစ္ျခားလက္တစ္ဖက္က ေယာက်္ားတစ္ေယာက္ရဲ႕ အဝတ္မ်ားကို ဆြဲထားလ်က္၊ ထိုလူကို ရဲစခန္းထဲ မေရာက္ေရာက္ေအာင္ အတင္းဆြဲေခၚလာသည္။

ေဟာခန္းထဲကလူအားလုံး ေဘးကို ၾကည့္လိုက္သည္။

ရဲသားတစ္ေယာက္က ေ႐ွ႕ကို ေလွ်ာက္သြားလိုက္ၿပီး

" အစ္မႀကီး အမႈဖြင့္ခ်င္လို႔လား? ကြၽန္ေတာ္နဲ႔ အစ္မ...."

" သူ ၊ ငါသူ႕ကို အမႈဖြင့္ခ်င္တယ္ သူငါ့ေယာက်္ားကို သတ္တာ! "

အမ်ိဳးသမီးက ထိုေယာက်္ားကို မ်က္လုံးရဲမ်ားျဖင့္ စိုက္ၾကည့္ၿပီး

" ဝမ္ရမ့္ရပ္ကြက္မွာ မီး႐ိႈ႕တာသူပဲ ! သူက လူသတ္ေကာင္! "

ရန္ရိ အံ့ဩကာ ကုံးရင့္႐ွန္ကို ၾကည့္လိုက္သည္။

ထိုလူကေတာ့ ဘာမွမျဖစ္ဘဲ ဂ႐ုမစိုက္သလို။

" အေဒၚ အရင္ဆုံးစိတ္ေလ်ာ့ပါဦး ဒီကိုလာၿပီး ေဖာင္ျဖည့္ေပးပါ "

ကုံးရင့္႐ွန္ ေလွ်ာက္သြားလိုက္ၿပီး

" အေဒၚ ေက်းဇူးျပဳၿပီး ထိုင္ပါ အေဒၚဆက္ၿပီး ေဒါသထြက္ေနမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ကူညီႏိုင္မွာမဟုတ္ဘူး ဒီက ဦးေလးလည္း ‌ထိုင္ေပးပါ "

" ငါမထိုင္ဘူး "

ထိုလူက ေအးစက္စက္ေျပာလာသည္။

" ငါဘာမွမလုပ္ဘူး ဒီ႐ူးေနတဲ့မိန္းမက ငါ့ကို ရဲစခန္းအတင္းဆြဲေခၚလာတာ၊ ငါမလာရင္ ေနာင္တရမယ္ဆိုၿပီးေတာ့ "

" နင္ငါ့ေယာက်္ားကို သတ္တာေလ! "

အမ်ိဳးသမီးက စိတ္ကစဥ့္ကလ်ားနဲ႔ ေအာ္သည္။

" ရဲသားေလး သူငါ့ေယာက်္ားနဲ႔ ရန္ျဖစ္ဖူးတယ္ သူငါ့တို႔မိသားစုကို အၿမဲ ဒုကၡေပးတာ၊ သူပဲ မီး႐ိႈ႕တာျဖစ္ရမယ္! "

" ခင္မ်ားကေတာ့ ႐ွက္စရာပဲ ! "

ထိုလူက ဆဲေရးလိုက္သည္။

" မိုးေမလင္းလိုက္! ေစာက္ေကာင္! "

သူတို႔ႏွစ္ေယာက္ ရန္ထျဖစ္ၾကေတာ့မည့္အလား။

" စိတ္ေလ်ာ့! "

ခ်ိဳးယန္က စားပြဲကို လက္နဲ႔႐ိုက္ၿပီး ေအာ္လိုက္သည္။

" ႐ွင္တို႔က ျပႆနာေျဖ႐ွင္းခ်င္တာလား ဒါမွမဟုတ္ ရန္ျဖစ္ၿပီး အခ်ဳပ္ထဲေရာက္ခ်င္ေနတာလား? "

ရန္ရိ သူတို႔သုံးေယာက္ကို ၾကည့္လိုက္သည္။

အေဒၚႀကီးက ခက္ထန္ေနၿပီး လူႀကီးက မထီမဲ့ျမင္ျပဳေနလ်က္၊ ဆယ္ႏွစ္အ႐ြယ္ေလာက္႐ွိမည့္ ေကာင္ေလးကေတာ့ ျပႆနာတစ္ခုလုံး သူနဲ႔ လားလားမွ်မဆိုင္သလို ပ်င္းတြဲၿပီး သူ႕ဖုန္းသူေဆာ့ေနသည္။

အေဒၚႀကီးက အသက္႐ွဴမဝျဖစ္ၿပီး ထိုင္လိုက္သည္။

ကုံးရင့္႐ွန္ ေမးလိုက္၏။

" နာမည္ "

" နာမည္က ဝမ္းေမ"

" ဖုန္ေဖး "

ကုံးရင့္႐ွန္: " အေဒၚဝမ္း အမႈဖြင့္ရတဲ့ အေၾကာင္း႐ွင္းျပေပးပါ "

ဝမ္းေမ: " အေဒၚက ဝမ္ရမ့္အေဆာက္အအုံ အခန္း 2209 ကပါ၊ အေဒၚ့ေယာက်္ား မီး႐ိႈ႕သတ္ခံလိုက္ရၿပီး အျခားအိမ္နီးခ်င္းေတြလည္း မီးေလာင္တဲ့အထဲ ပါသြားၾကတယ္ "

ဝမ္းေမ က ဝမ္းနည္းပက္လက္ငိုရင္း ေျပာလာသည္။

ဝမ္းေမ: " အဲ့‌မေကာင္းဆိုးဝါးက ငါ့ကို ေစာင့္ၾကည့္ၿပီးရင္း ေစာင့္ၾကည့္ေနတာ၊ ၿပီးေတာ့ ေခါင္းမာၿပီး လြန္ခဲ့တဲ့ လအနည္းငယ္က  အေဒၚ့ ေယာက်္ားနဲ႔ ရန္ျဖစ္ခဲ့ေသးတယ္ သူပဲ မီး႐ိႈ႕တာျဖစ္ရမယ္! "

ဖုန္ေဖးက ေအးတိေအးစက္ ႏွာေခါင္း႐ႈံ႕ရင္း

ဖုန္ေဖး: " ငါမီး႐ိႈ႕တာမဟုတ္ဘူး မီးေလာင္တဲ့အခ်ိန္ကေတာင္ ငါအိမ္မွာ႐ွိလို႔လား "

ကုံးရင့္႐ွန္ : " ဦးေလးဖုန္ ဦးေလးကေရာ ဘယ္သူမ်ားလဲ? "

" ငါက သူ႕အိမ္နီးခ်င္း အခန္း 2213 က "

ဖုန္ေဖးေျပာလိုက္သည္။

" ငါသာ မီး႐ိႈ႕တယ္ဆိုရင္ ဘာကိစၥ ငါ့အိမ္ငါျပန္႐ိႈ႕ပါ့မလဲ? ကံေကာင္းလို႔ အိမ္ထဲမွာလူမ႐ွိေပမယ့္ ဆုံး႐ႈံးမႈကေတာ့ အေတာ္မ်ားတယ္ "

" 2209 ရဲ႕အခန္းပိုင္႐ွင္နဲ႔ သေဘာထားကြဲလြဲမႈေတြ႐ွိတယ္ဆိုတာ တကယ္ပါလား? "

" ဟုတ္တယ္ သူပဲရန္လာ႐ွာတာေလ "

ဝမ္းေမ: " ဒီခ်ီး....."

ရန္ရိ ေျပာလိုက္သည္။

" အေဒၚဝမ္း စိတ္ေလွ်ာ့ပါ "

" ဘာလို႔လဲ? "

ကုံးရင့္႐ွန္ေမးလိုက္သည္။

" ဘာလို႔ သေဘာထားကြဲလြဲရတာလဲ? ၿပီးေတာ့ အေဒၚဝမ္းက ခင္မ်ားမီး႐ိႈ႕တာလို႔ ဘာေၾကာင့္ထင္တာလဲ?"

ဖုန္ေဖးက ေလွာင္ေထ့လိုက္ရင္း

" သူတို႔မိသားစုက ဘယ္ေလာက္ထူးဆန္းၿပီး စိတ္ပ်က္စရာေကာင္းလဲ မင္းသိလား?

တိုက္တစ္တိုက္လုံး သူတို႔အေၾကာင္း ေကာင္းေကာင္းသိတယ္၊ ၿပီးေတာ့ သူတို႔လုပ္ခဲ့တဲ့ အေကာင္းဆုံးအလုပ္ေတြကိုေရာပဲ၊ သူတို႔ကားထားဖို႔ေနရာလည္းမဝယ္ဘူး၊ တစ္ခါတစ္ေလ သူမ်ားကားရပ္ဖို႔ေနရာမွာ ခိုးရပ္တယ္၊ အိမ္နီးခ်င္းေတြရဲ႕ takeaways ေတြ၊ ပို႔/ဆက္ သမားေတြကိုလည္း ေထာက္လွမ္းၿပီး ဓာတ္ပုံ႐ိုက္တယ္၊ ၿပီးေတာ့ သူတို႔မိသားစုက ေအာက္ဆင္းၿပီး အမိႈက္ပစ္ဖို႔ေတာင္ အရမ္းပ်င္းလြန္းေတာ့ တစ္ခါတစ္ေလ ဓာတ္ေလွကားထဲမွာ အ‌မိႈက္ေတြပစ္ထားတယ္၊ ဓာတ္ေလွကားမွာဆို နံေဟာင္ေနတာပဲ "

အေဒၚဝမ္းက ဖုန္ေဖးကို စူးရဲစြာ စိုက္ၾကည့္ေနသည္။

" ေနာက္ သူတို႔ကို အျပစ္ေပးေတာ့ ဒဏ္ေငြေဆာင္ဖို႔ ျငင္းေပမယ့္ နည္းနည္းအခ်ိဳးေျပာင္း လာၿပီး၊ အမိႈက္ေတြကို အခန္းတံခါးေ႐ွ႕ စုပုံထားတယ္၊ အမိႈက္အိတ္ တစ္ဒါဇင္ေလာက္ကို မလႊင့္ပစ္ဘူး၊ ေကာ္ရစ္တာတစ္ခုလုံး အမိႈက္ေတြနဲ႔ပဲ ျပည့္ေနတာ၊ အမိႈက္ေတြေၾကာင့္ ႂကြက္ေတြ၊ ပိုးဟပ္ေတြ၊ ျခင္ေတြပါ ပြားလာေရာ၊ ဘယ္သူပဲ ေအာ္ေငါက္ေငါက္ အ႐ွက္မ႐ွိသလိုပဲ လုပ္ေနတယ္၊ ငါတို႔အိမ္နီးခ်င္းေတြ ဘယ္လိုေတာင္ကံဆိုးလို႔ ဒီလို လက္ဖ်ားခါ‌ေလာက္တဲ့ ဟာေတြနဲ႔ လာဆုံရတာလဲ "

ဖုန္ေဖး အံႀကိတ္ၿပီး ေျပာလာသည္။

" ငါစာေတြဖတ္ဖူးတယ္ ငါကအဆင့္အတန္း႐ွိၿပီး က်ိဳးေၾကာင္းဆီေလ်ာ္တဲ့သူတစ္ေယာက္ပါ၊ ဒါေပမယ့္ ဒီလိုအိမ္နီးခ်င္းမ်ိဳးကိုေတာ့ သည္းမခံႏိုင္ဘူး၊ ဒါေပမယ့္လည္း ငါမီးမ႐ိႈ႕ဘူး၊ သူငါ့ကို ၿခိမ္းေျခာက္လည္းမေၾကာက္ဘူး၊ ငါမလုပ္ဘူးဆို မလုပ္ဘူးပဲ စစ္ေဆးၾကည့္လိုက္ပါ "

အျခားကိစၥနဲ႔ လာၾကတဲ့သူ‌ေတြကေတာ့ မင္သက္သြားၾကသည္။ တကယ့္အျပင္ေလာကမွာ အခုလို ထိပ္တန္းမိသားစုမ်ိဳး ႐ွိမယ္လို႔ သူတို႔ ေတြးမိမွာေတာင္မဟုတ္ေပ၊ ဒါေပမယ့္ ရဲေတြနဲ႔ မီးသတ္သမားေတြကေတာ့ တည္ၿငိမ္ႏိုင္သည္။ သူတို႔ မထင္မွတ္ေလာက္စရာေတြ အမ်ားႀကီး ၾကဳံေတြ႕ဖူးမွန္း ေျပာစရာကိုမလိုေခ်။

ဝမ္းေမ ေအာ္လိုက္သည္။

" နင္က ေသာက္ခ်ီးစကားေတြေျပာေနတာပဲ! ကားပါကင္ေနရာ ငွားသုံးတာနဲ႔ပဲ ဥပေဒကို ခ်ိဳးေဖာက္ေရာလား? ပို႔/ဆက္သမား မွားသြားတာနဲ႔ပဲ ဥပေဒခ်ိဳးေဖာက္ေရာလား? ငါ့အိမ္ေ႐ွ႕ငါ အမိႈက္ပုံတာနဲ႔ပဲ ဥပေဒခ်ိဳးေဖာက္တယ္ျဖစ္ေရာလား?! ငါေျပာမယ္ ေစာက္ေကာင္! မီး႐ိႈ႕သမားနဲ႔ လူသတ္သမားက တရားမဝင္ဘူး! ငါတို႔တစ္မိသားလုံး ပိုက္ဆံ႐ွာဖို႔ ငါ့ေယာက်္ားတစ္ေယာက္တည္းကို အားကိုးေနရတာ၊ နင္ကငါ့ေယာက်္ားကိုသတ္လိုက္ၿပီး ငါတို႔ကို မိဘမဲ့(သား)၊ မုဆိုးမ(မိန္းမ) ျဖစ္ေအာင္လုပ္လိုက္တယ္ေပါ့၊ ငါ့ေယာက်္ားအသက္အတြက္ နင္ျပန္ေပးဆပ္ရမယ္! "

ဖုန္ေဖး ေအာ္ဂလီဆန္စြာ ေျပာလိုက္သည္။

" အ႐ူးမ ၊ ဖ်ားေနတာ "

ဝမ္းေမက ထခုန္ၿပီး သူ႕ကိုကုတ္ဖဲ့ဖို႔လုပ္တုန္း ရဲေတြဝိုင္းဆြဲတာခံလိုက္ရသည္။

သူတို႔ရန္ျဖစ္တာေၾကာင့္ ကုံးရင့္႐ွန္ ေခါင္းကိုက္လာရၿပီး စားပြဲကို ဆက္ေခါက္ေနကာ

" ဦးေလးဖုန္ အိမ္အရင္ျပန္ႏွင့္ပါ ေနာက္မွ အမႈမွာပူးေပါင္းေပးဖို႔ ကြၽန္ေတာ္တို႔ ရဲေတြလႊတ္လိုက္ပါမယ္၊ အေဒၚဝမ္း အရင္ဆုံးအမႈဖြင့္ဖို႔အတြက္ လုပ္႐ိုးလုပ္စဥ္အတိုင္း ေဆာင္႐ြက္ရမယ္၊ ဆက္မလုပ္ခင္ မွတ္ပုံတင္ပါ "

ရဲသားေတြက အမႈဖြင့္ဖို႔အခ်က္အလက္ေတြ ျပင္တုန္း ရန္ရိနဲ႔ ကုံးရင့္႐ွန္က ေဘးကပ္ရပ္ကာ အသံတိုးတိုးျဖင့္ ေျပာၾကသည္။

ကုံးရင့္႐ွန္ : " ဖုန္ေဖးက မီး႐ိႈ႕သမားနဲ႔မတူေပမယ့္လည္း ေသဆုံးသူဇနီးေျပာတဲ့ စကားအရဆို အလီဘိုင္႐ွိဖို႔ခဲယဥ္းတယ္ ဒီအမႈက လက္စားေခ်မီး႐ိႈ႕တာမ်ိဳးနဲ႔ ဆင္တယ္ "

ရန္ရိ ေခါင္းညိတ္လိုက္ၿပီး

" ဖုန္ေဖးေျပာပုံအတိုင္းဆို ဒီမိသားစုက လူအေတာ္မ်ားမ်ားကို မ်က္မုန္းက်ိဳးေအာင္လုပ္ထားတာပဲ၊ ႐ွာဖို႔ခက္တယ္ "

" မနက္ျဖန္ ဖုန္ေဖးအလီဘိုင္ကို စုံစမ္းလိုက္မယ္ ၿပီးေတာ့ သူတို႔ေျပာတာကို အတည္ျပဳဖို႔ ကြၽန္ေတာ့္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔  ရပ္ကြက္ထဲသြားၾကည့္လိုက္မယ္ "

ကုံးရင့္႐ွန္ ေမးကိုထိလိုက္ၿပီး

" အမိႈက္ပုံကစျဖစ္သြားတာပဲဆိုေတာ့ သံသယျဖစ္စရာက တစ္လႊာထဲက အိမ္နီးခ်င္းေတြပဲ "

" ငါခြင့္ရက္နည္းနည္းယူထားတယ္ မနက္ျဖန္ မင္းနဲ႔အတူသြားလို႔ရတယ္ ၿပီးေတာ့ ငါတို႔ႏွစ္ေယာက္ မီးအခင္းေနရာသြားၿပီး သဲလြန္စသြား႐ွာလို႔ရတာေပါ့ "

" အင္း "

ကုံးရင့္႐ွန္ သူ႕မ်က္ခုံးမ်ားကို ႏွိပ္နယ္လိုက္ၿပီး

" ကြၽန္ေတာ္ေခါင္းကိုက္လို႔ အိမ္အရင္ျပန္ခ်င္တယ္ "

" မင္းမသက္မသာ ျဖစ္ေနတာလည္း မေျပာနဲ႔ တစ္ေန႔တည္း အမ်ားႀကီးၾကဳံလိုက္ရတာပဲ၊ ျပန္နားလိုက္ဦး "

ရန္ရိ ေျပာလိုက္သည္။

" မင္းျပန္ရင္း ငါ့ကို ဝမ္ရမ့္ရက္ကြက္ကို ျပန္ပို႔ေပးဦး ငါ့ကားက အဲ့မွာရပ္ထားတုန္း႐ွိေသးတယ္ "

" သြားရေအာင္ "

သူတို႔ႏွစ္ေယာက္မွာ ကုံးရင့္႐ွန္ကို တြဲဖက္ထိုင္ခုံမွာထိုင္ေစလ်က္ပဲ ေမာင္းလာရင္း တစ္လမ္းလုံး အမႈအေၾကာင္းေဆြးေႏြးလာၾကသည္။

႐ုတ္တရက္ ရန္ရိဖုန္းျမည္လာၿပီး သူထုတ္ၾကည့္လိုက္ေတာ့ ခ်ီေ႐ွာင္းေခၚတာမွန္း ေတြ႕လိုက္ရသည္။ သူတို႔ႏွစ္ေယာက္ ခ်ိန္းထားတာကို သူလုံးဝေမ့‌ေနခဲ့ၿပီး အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ သူကားထဲမွာ ဖုန္းေျဖဖို႔ကို တြန္႔ဆုတ္ေနမိသည္။ ဘာလို႔ဆို ဒီလို ေနရာက်ဥ္းက်ဥ္းေလးမွာဆို ကုံးရင့္႐ွန္လည္း ၾကားႏိုင္သည္မို႔။

သူ တိတ္တိတ္ေလး အသံပိတ္လိုက္သည္။

မေမွ်ာ္လင့္ဘဲ တစ္မိနစ္ေလာက္ၾကာေတာ့ ဖုန္းထပ္ျမည္လာၿပီး ကုံးရင့္႐ွန္ သူ႕ကို လွမ္းၾကည့္လာသည္။

" ခင္မ်ား ဖုန္းမေျဖဘူးလား? "

ရန္ရိ ဖုန္းေျဖလိုက္ရၿပီး

" hello? "

" ေဟး ေကာ "

ခ်ီေ႐ွာင္း ဖုန္းတစ္ဖက္မွ ေျပာလာသည္။

" ေကာ ဝမ္ရမ့္ရပ္ကြက္ထဲမွာလား? "

" ဟမ္? မင္းဘယ္လိုသိတာလဲ? "

" တိုက္ဆိုင္လိုက္တာ ကြၽန္‌ေတာ္ ဒီေန႔ အဲ့နားမွာ အသံသြင္းဖို႔႐ွိတာ၊ ျပန္ထြက္လာေတာ့ ျဖတ္သြားရင္း ေကာ ကား‌လမ္းေဘးမွာရပ္ထားတာေတြ႕လို႔၊ ေကာ ရပ္ကြက္ထဲမွာလား? "

" အာ မဟုတ္ဘူး၊ ကိုယ္လုပ္စရာ႐ွိလို႔ သူငယ္ခ်င္းကား ယူသြားလိုက္တာ "

" အဲ့တာဆို ေကာ အခုျပန္လာေတာ့မွာလား? ကြၽန္ေတာ္ဒီကေစာင့္ေနမယ္ ကြၽန္ေတာ္ ေနာက္အခ်ိန္ေတြအားေတာ့ အတူသြားေသာက္ၾကတာေပါ့ "

" အာ..."

ရန္ရိ ျငင္းဖို႔ ဆင္ေျခ႐ွာမရဘဲ ေျပာလိုက္ရသည္။

" အိုေက ကိုယ္ခဏေနေရာက္မယ္ "

ကုံးရင့္႐ွန္တို႔ ဝမ္ရမ့္ရပ္ကြက္ထဲကို ေမာင္းဝင္သြားလိုက္သည္။ ခပ္လွမ္းလွမ္းကေန ရန္ရိရဲ႕ Highlander car ေဘးမွာရပ္ေနတဲ့ သူကို သူလွမ္းၾကည့္လိုက္သည္။ ထိုသူက အလြန္ ဖက္႐ွင္က်က်ဝတ္စားထားၿပီး ထက္ျမက္ပုံလည္းေပၚသည္။ သူ( ကုံးရင့္႐ွန္ ) မ်က္ေမွာင္တျဖည္းျဖည္း ၾကဳတ္သြားသည္။

ရန္ရိ ကားရပ္၍ တံခါးဖြင့္ကာ ကားထဲကထြက္ၿပီး ခ်ီေ႐ွာင္းကို လက္လွမ္းျပလိုက္သည္။

ခ်ီေ႐ွာင္းက ျပဳံးကာ ေလွ်ာက္လာ၏။

" တကယ့္ကို ေရစက္ပါတာပဲ ဒီလိုအပ်က္အစီးပုံႀကီးမွာ လာဆုံရတယ္လို႔၊ ေကာ ကားအသစ္ဝယ္လိုက္တာလား? "

သူ( ခ်ီေ႐ွာင္း ) ကားထဲကိုလွမ္းၾကည့္ရင္း တြဲဖက္ေနရာ၌ ကုံးရင့္႐ွန္ထိုင္ေနသည္ကို ရိပ္ခနဲ ျမင္လိုက္ရသည္။ ‌ခ်ီေ႐ွာင္း တစ္ခ‌ဏေလာက္ ခဲသြား၏။

ေဖ်ာ္ေျဖေရးနယ္ပယ္ထဲမွာေတာင္ ကုံးရင့္႐ွန္လို ေခ်ာတဲ့သူမ်ိဳး အနည္းငယ္သာ႐ွိသည္။ ၿပီးေတာ့ ပင္ကိုစ႐ိုက္ကလည္း အလြန္သီးသန္႔ဆန္၏။

ကုံးရင့္႐ွန္ ကားထဲကထြက္လိုက္ၿပီး ရန္ရိကို တိတ္တဆိတ္ စိုက္ၾကည့္လာသည္။

" အို႔ ဒါက ငါ့သူငယ္ခ်င္း ခ်ီေ႐ွာင္း၊ ခ်ီေ႐ွာင္း ဒါက ေဒါက္တာကုံး အခုအလုပ္တြဲလုပ္ေနတာ "

ခ်ီေ႐ွာင္း ခ်ဲ႕ကားေျပာလိုက္သည္။

" wow မင္းက အရမ္းေခ်ာတာပဲ ေဒါက္တာ ဘာေဒါက္တာမ်ိဳးလဲ? "

ကုံးရင့္႐ွန္ ေလးေလးပင္ပင္ေျပာလိုက္သည္။

" Chemistry "

" wow အံ့ဩစရာပဲ "

ခ်ီေ႐ွာင္းေျပာလိုက္သည္။

" ကြၽန္ေတာ္ ရန္ရိနဲ႔သြားေသာက္မလို႔ အတူသြားရေအာင္ "

" ငါမေသာက္ဘူး "

ကုံးရင့္႐ွန္ ေျပာၿပီးေတာ့ ကားဆီျပန္သြားကာ တံခါးကို ေဆာင့္ပိတ္လိုက္ၿပီး ေသသပ္စြာ ေမာင္းထြက္သြားသည္။

ခ်ီေ႐ွာင္း ရန္ရိကို မေရမရာ ၾကည့္လိုက္သည္။

" အာ ကြၽန္ေတာ္သူ႕ကို အျပစ္လုပ္မိလိုက္တာလား? "

ရန္ရိ ခါးသက္သက္ျပဳံးရင္း

" မဟုတ္ပါဘူး သူ႕မွာ အေတာ္ထူးဆန္းတဲ့စ႐ိုက္မ်ိဳး႐ွိလို႔၊ ခံစားမေနပါနဲ႔ "

ခ်ီေ႐ွာင္း " က်စ္ က်စ္ " လို႔ႏွစ္ခါစုတ္သပ္လိုက္ၿပီး

" တကယ္ေခ်ာတာကို ႐ုပ္႐ွင္မင္းသားမဟုတ္တာ စိတ္မေကာင္းစရာပဲ၊ ေကာ သူနဲ႔မျဖစ္ရဘူးေနာ္...."

" ဒီတိုင္း အလုပ္နဲ႔ပတ္သက္တဲ့ ကိစၥပါပဲ "

ရန္ရိ ‌ခပ္ဖြဖြ ေျပာလိုက္သည္။

" oh အဲ့တာဆို စိတ္မေကာင္းစရာမလိုေတာ့ဘူး "

ခ်ီေ႐ွာင္း ပခုံးတြန္႔လိုက္ၿပီး

" တကယ္တမ္းေျပာရရင္ ကြၽန္ေတာ္နည္းနည္း သဝန္တိုမိတယ္ ဒါေပမယ့္ ေကာကမ႐ွိ‌ဘူး‌ဆိုေတာ့လည္း မ႐ွိတာပဲေပါ့ "

ရန္ရိ ႏွာေခါင္း႐ႈံ႕လိုက္ၿပီး

" သြားရေအာင္ မင္းဘယ္မွာေသာက္ခ်င္လဲ? "

" ေနရာေဟာင္းပဲ "

" ဒီေန႔ အသံသြင္းတာဘယ္လိုလဲ? "

" မဆိုးပါဘူး ဇာတ္ကားတစ္ခုပဲ၊ ဇာတ္ကြက္လည္းႀကီးတယ္၊ ဒါ႐ိုက္တာကလည္း အံ့ဩစရာပဲ၊ သူတကယ္ပဲ စုန္႔ကြၽီးဟန္ ကိုေတာင္ Theme song ဆိုဖို႔ ေမးထားတယ္ "

" အိုး မဆိုးဘူးပဲ မင္းသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္ "

" ကြၽန္ေတာ္က သူခိုးေနရာက အသံသြင္းတာ၊ ၈ မိနစ္နီးပါးေလာက္သြင္းရတယ္ ၿပီးေတာ့ role လည္းအရမ္းေကာင္းတယ္ "

သူတို႔ ေျပာရင္း‌ဆိုရင္း [Sanlitun] ကိုသြားၾက၏။ သြားေနတုန္းမွာ ရန္ရိ ကုံးရင့္႐ွန္ရဲ႕ အမူအရာကို ျပန္ျမင္ေယာင္လာသည္။

သူ စိတ္ဆိုးသြားတာလား?

~~~~~~~~~~~~~~~~~~

Note -

1. ရန္ရိရဲ႕ Highlander car -

2. Sanlitun - Salitun ဆိုတာက ေခတ္မီတဲ့ညစာစားပြဲေတြနဲ႔ ည႐ႈခင္းအလွေၾကာင့္ နာမည္ႀကီးတာပါ အဆင့္ျမင့္ စားေသာက္တန္းႀကီးလို႔ေျပာရမလား ပုံထဲကအတိုင္းပါပဲ၊ သူက ေနရာတစ္ခုေပါ့၊ လမ္းတစ္ေလွ်ာက္မွာ ဆိုင္ေတြအမ်ားႀကီး႐ွိတယ္၊ အရမ္းမိုက္ပါတယ္!

ဒီအခန္းမွာ ဘယ္သူပါလာၿပီလဲ ???