webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 23

[ Unicode ]

ပြိုင်ပွဲပြီးတော့ ရန်ရိ ကုံးရင့်ရှန်နဲ့ ကုံး​ဖေးလန်ကို ပွဲကြည့်​နေရာမှာ နောက်ထပ်ပွဲသစ်​တွေမှာ ၀င်ပြိုင်မယ့် မီးသတ်သမား​တွေကို ထိုင်ပြီး​အား​ပေးဖို့ ​ခေါ်သွားလိုက်သည်။

​ဆွေမျိုး​တွေနဲ့ မိတ်​ဆွေသူငယ်ချင်း​တွေ အများအပြားလာ​ရောက် အား​ပေးကြ​သော်ငြား ထိုမောင်နှမက​တော့ဖြင့် ပို၍ထင်​ပေါ်​နေရာ လူကြည့်အများဆုံး​ဖြစ်​နေလေသည်။

ကြည့်​နေတုန်းမှာပဲ ၀မ်ရွှမ်းက ice - cola နှစ်ဖာယူလာ​ပေး​တော့ ရန်ရိ ပုလင်းအချို့ယူလိုက်ပြီး ကုံးရင့်ရှန်နဲ့ ကုံး​ဖေးလန်ကို ​ပေးလိုက်၏။ ကုံး​ဖေးလန်က အမြန်ယူလိုက်​​ပေမယ့် ကုံးရင့်ရှန်က​တော့ ရိုးရိုးပဲ​ပြောလာသည်။

" ကျွန်​တော် ကာဗွန်ပါတဲ့ အ​အေး​တွေမ​သောက်ဘူး "

" ဧည့်ခံဖို့ခက်တာပဲ "

ရန်ရိ သူ့အတွက် ​ရေသန့်ပုလင်း​ပြောင်း​ပေးလိုက်သည်။

ကုံး​ဖေးလန် မတတ်သာပဲ ​ခေါင်းညိတ်လိုက်ရင်း

" အစ်ကိုက အစား​ရွေးတဲ့သူဖြစ်မယ် "

" စား​သောက်တဲ့နည်းလမ်းမှန်ကို ​ရွေးတာ အစား​ရွေးတာမဟုတ်ဘူး "

ရန်ရိ သ​ရော်ပြုံး ပြုံးလိုက်ပြီး

" မင်းဒါမစားဘူးဆို မစားဘူး​ပေါ့ ပိုထင်ရှား​အောင် အစား​ရွေးတယ်လို့​ခေါ်ရတယ် "

ကုံးရင့်ရှန် သူ့ထံသို့မျက်​စောင်းထိုးလိုက်ရင်း

" ခင်များကိုလည်း ကျွန်​တော့်အတွက် အစားအစာ​တွေ မပြင်ခိုင်းပါဘူး ဘာကိုအထွန့်တက်​နေ​သေးတာလဲ "

" ဘယ်သူများ အထွန့်တက်ရဲပါ့မလဲ​နော် "

ကုံး​ဖေးလန် အကူအညီမဲ့ ပြောလာသည်။

" အစ်ကိုတို့ အမြဲ​တော့ ရန်ဖြစ်မ​နေဘူးမလား? "

ရန်ရိ ​ချောင်းအသာဟန့်လိုက်ပြီး စကားလမ်း​ကြောင်း ​ပြောင်းလိုက်သည်။

" ခိုင့်၀မ်အမှုက ဘယ်လိုဖြစ်သွားပြီလဲ? "

" ကျွန်​တော် အချက်​အလက်တွေဆက်စပ်ကြည့်လိုက်​တော့ ခိုင့်၀မ်ရဲ့ အစ်ကိုဆိုတဲ့သူကို ချိတ်ဆက်မိတယ် အဲ့လူက ခိုင့်ချန်းလို့​ခေါ်တယ်။ တစ်နှစ်လုံးငြိမ်​နေပြီး ထျန်ချီကို အလုပ်ထူးထူးဆန်းဆန်း​တွေ လာလုပ်တတ်တယ် လုံခြုံ​ရေးအ​စောင့်၊ Deli သမား အဲ့လို​ပေါ့။ ဒါ​ပေမယ့် ဘယ်​တော့မှ အကြာကြီးမလုပ်ဘူး။ မကြာခင်က အဲ့လူ ထျန်ချီကို လာခဲ့တယ်ဆိုတဲ့ သက်​သေရှိတယ် ဒါ​ပေမယ့် သူအမြန်​ချောပို့၀န်​ဆောင်မှုကို မသုံးခဲ့သလို ID မှတ်တမ်း လည်းရှိမနေဘူး "

" ဘားမီး​လောင်မှုပြီးမှ ​ရောက်လာတာလား? "

ရန်ရိ ​ပြောလိုက်သည်။

" အရမ်း သံသယဖြစ်စရာ​ကောင်းတာပဲ "

" ဟုတ်တယ် သူထျန်ချီကိုလာတဲ့အ​ကြောင်း လူ​တွေနားထဲ​ပေါက်မကြား​အောင် တမင်တကာ ​ရှောင်​နေတော့ စုံစမ်းရတာအရမ်းခက်တယ်။ ကျွန်​တော် ​ခေါင်း​ဆောင်ချိုးကို နယ်​မြေခံရဲတပ်ဖွဲ့နဲ့ဆက်သွယ်​ပေးဖို့ အကူအညီ​တောင်းပြီး အဲ့ဒီ့လူကိုနည်းနည်း စုံစမ်းကြည့်လိုက်​တော့ မကြာခင်ကမှ ထူးထူးခြားခြား အ​တော်အသုံးကြမ်း​နေတာ သိလိုက်ရတယ် အရင်းအမြစ်မသိဘဲ ​ငွေ​တွေ၀င်လာသလိုမျိုး "

" ဖမ်းမိသွားလား? "

"ဟင့်အင်း ​ငွေအလွှဲအ​ပြောင်း​တွေက သက်​သေရှာဖို့မလွယ်ဘူး လူ​တွေကိုမဖမ်းခင် သက်​သေအ​ထောက်အထား အစစ်အမှန်​တွေရှိဖို့လိုတယ် ဒါ​ပေမယ့် မြန်​တော့မြန်ရမှာပဲ "

" မင်းသာ ခိုင့်၀မ်ကို ​ထောင်​ချောက်ထဲမိသွား​အောင် လုပ်နိုင်လို့က​တော့ ငါတကယ်​ ခေါင်းဆောင်ချိုးကို ​ကျေးဇူးတင်ရ​တော့မယ် "

ရန်ရိ ဘာလိုလိုနဲ့ ​ပြောလိုက်သည်။

" မင်းသူ့ကို ယန်ကျဲလို့​ခေါ်တယ်မလား? "

" မမယန်? သူကဘာလို့လဲ? "

ကုံး​ဖေးလန် လှည့်​မေးလိုက်သည်။

" မင်း​ရော သူ့ကိုသိတာလား? "

" သိတာ​ပေါ့ သမီးတို့မိသားစုနဲ့ မမယန်တို့မိသားစုက တစ်မိသားစုလုံးမိတ်​ဆွေ​တွေပဲ သမီးတို့ က​လေးဘ၀ကတည်းက ခင်ကြတာ "

" ..... "

ထိုအချိန် ကုံးရင့်ရှန်ဖုန်း မြည်လာပြီး သူဖုန်းဖြေဖို့ ထထွက်သွားသည်။

ရန်ရိ မ​နေနိုင်​တော့ဘဲ ကုံးဖေးလန်ကို ​မေးလိုက်၏။

" ​ဖေးလန် မင်းအစ်ကိုနဲ့ ​ခေါင်း​ဆောင်ချိုးက တကယ်ပဲ ငယ်ချစ်ဦး​တွေလား? "

[ T/n : ကုံး​ဖေးလန်နဲ့ ကုံးရင့်ရှန်ကြားက အ​ခေါ်အ​ဝေါ်ကို အစ်ကိုလို့ပဲရေးပြီ *၀မ်းကွဲ​တွေ* ဆိုတာ​တော့ မှတ်ထားကြ​ပေါ့ ]

" လုံး၀မဟုတ်ဘူး သူတို့က ၇ နှစ် ၈ နှစ်​လောက်ပဲရှိဦးမှာကို ဘယ်လိုလုပ် ကြိုက်လို့ရမှာလဲ? "

ရန်ရိ ​ခေါင်းညိတ်လိုက်သည်။

" ဒါမယ့် အစ်ကိုက​တော့ ကြိုက်​နေ​လောက်တယ် "

ကုံး​ဖေးလန် ယုံကြည်ချက်ရှိရှိ ​ပြောလာ၏။

ရန်ရိ ​တောင့်သွားပြီး

" ...တကယ်ပဲ "

" အင်း မမယန်က အစ်ကိုနဲ့ဆက်ဆံ​ရေးရှိတဲ့ တစ်ဦးတည်း​သော မိန်းက​လေး​လေ မမယန်ကအရမ်းလှပြီး ​တော်လည်း​တော်တယ် အစ်ကို့လိုစရိုက်မျိုးပဲ အစ်ကိုသာ သူ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့အရမ်း​ကောင်း​နေမှာလဲ "

ရန်ရိ တီးတိုး​ရေရွတ်လိုက်သည်။

" ဟုတ်သားပဲ သူတို့နှစ်​ယောက် လိုက်ဖက်တယ်.... "

" အား! "

ကုံး​ဖေးလန် ရုတ်တရက်ထ​အော်လိုက်ပြီးရန်ရိကို စိုးရိမ်တကြီးကြည့်​လာသည်။

" ​ခေါင်း​ဆောင်ရန် ရှင် မမယန်ကို​တော့ကြိုက်မ​နေဘူးမလား? "

ရန်ရိ မချိမဆန့်ပြုံးလိုက်ကာ

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကိုယ်တို့​တွေ့ဖူးတာမှာ ၂ မိနစ်​လောက်ပဲရှိတာ "

ကုံး​ဖေးလန် ရန်ရိကို သံသယဖြင့်ကြည့်​နေ၏။

" မင်းအစ်ကိုက သူနဲ့ရယ်လိုက်​မောလိုက် စကား​ပြော​နေတာ​တွေ့​တော့ ကိုယ်ဒီတိုင်းသိချင်မိရုံပါ "

" အိုး အဲ့တာ​ကောင်းတာ​ပေါ့ တကယ်​တော့​လေ အစ်ကိုက သူနဲ့တကယ်အ​နေ​ဝေးတာ "

ကုံး​ဖေးလန်က ​ခေါင်းရမ်းလျက်။

" စိတ်ညစ်ရတာက အစ်ကိုတရုတ်ကို ပြန်​ရောက်တာ အရမ်းကြာ​နေပြီကို ဘာလှုပ်ရှားမှုမှမ​တွေ့ရ​သေးဘူး တကယ်စိတ်ပူစရာပဲ "

ရန်ရိ သူ့ရင်ထဲဘယ်လိုဖြစ်​နေတယ် ဆိုတာ မ​ပြောနိုင်​ပေ။

သူအဓိပ္ပါယ်မ​ဖော်နိုင်​လောက်​အောင် လမ်းစ​ပျောက်​နေပြီး ရယ်ပစ်လိုက်ချင်သည်။

တကယ်တော့ ကုံးရင့်ရှန်က ရက်စက်တာမဟုတ်၊ တစ်မိသားစုတည်းကို ခြွင်းချက်ထားတာပဲ။

ဖုန်း​ပြောပြီး​ ကုံးရင့်ရှန် ပြန်လာ​တော့ သူတို့နှစ်​ယောက် တည်ငြိမ်ချင်​ယောင် ​ဆောင်လိုက်ကြသည်။ လေထုအ​ခြေအ​နေက အနည်းငယ်ထူးဆန်း​နေတာသတိထားမိ​ပြီး ​သူမေးလိုက်၏။

" ခင်များတို့နှစ်​ယောက် ခုနဘာ​ပြော​နေတာလဲ? "

" ဘာမှမဟုတ်ဘူး တပ်သား​တွေကိုအား​ပေး​နေတာ "

ရန်ရိ​ပြောလိုက်သည်။

ကုံး​ဖေးလန်က​တော့ ပြုံးကာ ဘာမှမ​ပြော​ပေ။

ကုံးရင့်ရှန် မျက်လုံး​မှေးစင်းလိုက်သည်။

သိသိသာသာကြီးကို အဆင်​ပြေမ​နေတာပင်။

ထိုအချိန် ရန်ရိဖုန်းက မြည်လာပြန်ပြီး သူငုံ့ကြည့်​တော့ ရွှီကျင့်​ခေါ်တာဖြစ်သည်။

" ဟုတ်ကဲ့ ကြီးကြပ်ရေးမှူး "

[ t/n : အရင်ကဘယ်လို​ရေးခဲ့​သေးလဲ မသိဘူး ကြီးကြပ်​ရေးမှူးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် ရွှီကျင့်က ရွှီကျင့် ဟုန်းဝူမီးသတ်ဌာနချုပ်ရဲ့အကြီးဆုံးလို့ပဲမှတ်ပါ ကျ​နော်က အ​ခေါ်အ​ဝေါ်​တွေမှတ်တာ မကျွမ်းဘူး ]

" ရန်ရိ မင်းဘယ်မှာလဲ? "

" ကျွန်​တော် အားကစားပြိုင်ပွဲမှာပါ "

" တစ်ခုခုဖြစ်လို့ အန်းမင်လမ်းက အထပ်မြင့်အ​ဆောက်အဦး မီး​လောင်ပြီး မီးက အ​တော်ပြင်းတယ် ဒီကိုချက်ချင်းလာခဲ့ "

ရန်ရိ ချက်ချင်း ထရပ်လိုက်ပြီး

" ၀မ်ရွှမ်း မင်း​နေခဲ့ပြီး ပြိုင်ပွဲ၀င်​နေတဲ့လူ​တွေကို ​စောင့်ကြည့်​နေလိုက် အခြားသူ​တွေက အခုချက်ချင်း ငါနဲ့တာ၀န်သွားရမယ် "

အားလုံး ထရပ်လိုက်ကြပြီး ​စွေ့ရီရှန့်က​မေးလာသည်။

" ​ခေါင်း​ဆောင်ရန် ဘာဖြစ်တာလဲ? ဘယ်မှာမ​တော်တဆမှုဖြစ်လို့လဲ? "

" အန်းမင်လမ်းက အထပ်မြင့်အ​ဆောက်အအုံ အခုပဲ ငါ့ကိုကြီးကြပ်​ရေးမှူး ဖုန်းဆက်တာ "

ရန်ရိ ​ပြောရင်းဆိုရင်း တပ်သား​တွေနဲ့အတူ မီးသတ်ကားဆီ​ပြေးသွားလိုက်သည်။

အန်းမင်လမ်းက သူ့နယ်​မြေထဲမှာ​တော့မပါ​ပေ။ ဒါ​ပေမယ့် သူ့စခန်းနဲ့အနည်းငယ်အလှမ်း​ဝေး​သော အိုက်ရှင်း(အချစ်)မီးသတ်စခန်း နဲ့​တော့ သက်ဆိုင်ပြီး ဒီ​နေရာနဲ့ နီးသည်။

[ T/n : ဟားဟား စခန်းနာမည်က အချစ်တဲ့ ]

မီး​လောင်မှုအခင်းကြီး​တွေဆိုရင် စခန်းအ​တော်များများပါ၀င်ဖို့လိုပြီး အချို့ ဌာန​တွေပါ အတူ၀င်ပါရ​သေးသည်။

ရွှီကျင့်ရဲ့ အသံအ​နေအထားကို ခန့်မှန်းကြည့်ရသ​လောက်​တော့ အ​ခြေအ​နေပြင်းထန်​၏။

ရန်ရိ အ၀တ်အစား​တွေလဲပြီး ကားထဲ၀င်အံ့ဆဲဆဲမှာပင် သူ့​​ကျောနောက်က​နေ ကုံးရင့်ရှန်အသံထွက်​ပေါ်လာသည်။

" ​ခေါင်း​ဆောင်ရန် ကျွန်​တော်​ရော အတူလိုက်လို့ရလား? "

ရန်ရိလှည့်ကြည့်လိုက်ပြီး သူတို့နှစ်​ယောက်ကို သတိရသွားသည်။ တာ၀န်ထမ်း​ဆောင်ရပြီဆိုတာနဲ့ သူဘာကိုမှ အာရုံမထား​တော့​ပေ။

ရန်ရိ ​မေး​ငေါ့ပြလိုက်ပြီး

" ကားထဲ၀င် "

ကုံးရင့်ရှန် ကုံး​ဖေးလန်ကို ​ပြောလိုက်သည်။

" ဒီမှာပဲ​စောင့်​နေ ငါမင်းကိုလာကြိုဖို့ driver ကို​ပြောလိုက်မယ် "

" အစ်ကို သမီးလည်း အတူလိုက်မယ်​လေ..."

" မရဘူး အိမ်​ရောက်ရင် ငါ့ကို​ဖုန်းဆက်လိုက် "

ကုံးရင့်ရှန် ရန်ရိ​နောက်မှလိုက်ကာ ကားထဲ၀င်လိုက်သည်။

လမ်းတွင် ရန်ရိတို့နဲ့အတူ ထွက်ခွာ​နေ​သော အခြားမီးသတ်ကား ၃ စီးလည်းရှိပြီး သူတို့လည်း ​စေလွှတ်ခံရသည်မှာသိသာသည်။ ရန်ရိ ​ကောင်းကယ်ကို Wechat က​နေစာပို့လိုက်ပြီး သူ​ရောတာ၀န်​ပေးခံရလားလို့​မေးလိုက်သည်။ ​ကောင်းကယ်အမြန်ပဲ စာပြန်လာတာက - သူတို့ဆီက​နေဆို အ​တော်အလှမ်း​ဝေးပြီး အချိန်ကုန်တာမို့ အ​ကြောင်းမကြားဘူးတဲ့။

ကားထဲမှာ​တော့ တင်းချင်က​မေးလာသည်။

" ​ခေါင်း​ဆောင် အ​ခြေအ​နေဘယ်လိုတဲ့လဲ? "

" မသိဘူး ကြီးကြပ်​ရေးမှူးက အခုအရမ်းအလုပ်ရှုပ်​နေ​လောက်တယ် အခင်း​နေရာ​ရောက်မှပဲ ကိုယ့်ဘာသာကြည့်တာ​ပေါ့ "

ရန်ရိ မျက်​မှောင်ကြုတ်လိုက်ရင်း

" ဒီတစ်ခါမီး​လောင်တာက လူ​နေအ​ဆောက်အအုံဆို​တော့ အ​တော်ပြဿနာများတယ် "

အခုက ဗုဒ္ဓဟူး​နေ့ ည​နေ ၅နာရီအချိန်ဖြစ်သည်။ သူ့အ​တွေ့အကြုံအရ ဒီလိုအချိန် လူငယ်​တွေ ပုံမှန်အလုပ်သမား​တွေနဲ့ ​ကျောင်းသား​တွေက အိမ်မှာ မရှိတတ်​ပေ။ အိမ်မှာရှိတတ်တဲ့လူ​တွေက အသက်ကြီးပိုင်း အငြိမ်းစားယူထားတဲ့သူ​တွေ၊ အိမ်ရှင်မ​တွေနဲ့ ​ကျောင်းမ​နေ​သေးတဲ့အရွယ် က​လေး​များပင်ဖြစ်ကြသည်။

သက်ကြီးရွယ်အို​တွေ၊ အမျိုးသမီး​တွေနဲ့ က​လေးသူငယ်တွေအားလုံးက မ​တော်တဆမှုမှာ အကူအညီ​ပေးမှ မဟုတ်ရင် ကယ်ဆယ်​ပေးမှ ရနိုင်တဲ့ အားနွဲ့သည့် လူတန်းစားပင်ဖြစ်​ချေ၏။

ပြီး​တော့ ဒီလူ​နေအ​ဆောက်အအုံကလည်း မြင့်မား​သေးသည်...

ကုံးရင့်ရှန်က မျက်နှာခပ်ပျက်ပျက်နဲ့ ​ဘေးမှာထိုင်​နေပြီး ဘာတစ်ခွန်းမှမ​ပြော​ပေ။

ရန်ရိ ကုံးရင့်ရှန်ကိုကြည့်ပြီး တိုးတိုး​ပြောလိုက်သည်။

" မင်းဘာလို့လိုက်လာတာလဲ? "

ကုံးရင့်ရှန် မီး​လောင်မှုအခင်းကိုမကြည့်ချင်မှန်း သူသိတယ်။

​နောက်ဆုံး​တော့လည်း မီး​လောင်ပြီး အပျက်အစီးထဲ၀င်တာ​တောင် ​အော့အန်တာကို။

" ဟုန်းဝူနယ်​မြေထဲက မီး​လောင်မှုဖြစ်​နေသ​ရွေ့ အဆုံးမှာကျွန်​တော်တို့ တာ၀န်ယူရမှာပဲ "

ကုံးရင့်ရှန် အ​လေးအနက် ​ပြောလာသည်။

" ကျွန်​တော် မြန်မြန်​ဖော်ထုတ်ချင်တယ် "

" လူ​နေအ​ဆောက်အအုံက ​နေ့ခင်းဘက်မီး​လောင်တာဆို​တော့ မ​တော်တဆမှု ဖြစ်နိုင်​ချေအများဆုံးပဲ​ "

" မီးရှို့တာဆိုရင်​ရော? "

ကုံးရင့်ရှန် ရန်ရိကို စိုက်ကြည့်​နေရင်း

" ကျွန်​တော် ဘာဖြစ်နိုင်​ချေကိုမှ လက်လွှတ်ခံမှာမဟုတ်ဘူး "

ရန်ရိ ရင်ထဲက​နေ သက်ပြင်းချလိုက်ကာ

" မင်းအခင်း​နေရာကို​ရောက်ရင်သာ ဟို​လျှောက်သွား ဒီ​လျှောက်သွားလုပ်မ​နေနဲ့ ငါ့အမိန့်ကိုနား​ထောင် "

ကုံးရင့်ရှန် ​ခေါင်းညိတ်ပြသည်။

မီးသတ်ကားက အခင်း​နေရာကိုမ​ရောက်​သေး​သော်ငြား အကွာအ​ဝေးမှာရှိ​နေတဲ့ အထပ်မြင့်အ​ဆောက်အအုံက​နေ ထိုးထွက်လာတဲ့ မီးခိုးလုံး​တွေကိုမြင်​ရပြီး ရန်ရိ ရင်ထဲဆို့သွားသည်။

အထပ်မြင့်အ​ဆောက်အအုံတစ်ခု မီး​လောင်ပြီး ​သေချာတဲ့အထပ်တစ်ခုက​နေ မီးခိုးထွက်တယ်ဆိုရင် ၎င်းက မီးသိပ်မပျံ့​သေးဘူးဆိုတာကို သက်​သေပြုပြီး တကယ်လို့ မီးခိုး​တွေက အထက်ကို​ဒေါက်လိုက်တက်လာတယ်ဆိုရင် ၎င်းက မီးကိုမထိန်းချုပ်နိုင်သေး​ကြောင်း သက်​သေပြုသည်။

အကယ်၍များ မီးခိုးသက်​ရောက်မှုက ​လှေကား​တွေ၊ ဓါတ်လှေကား​တွေ၊ အခန်းတွေ၊ ပိုက်လိုင်း​ စတာတွေကို ကူးလာပြီး အလျင်အမြန်လှိုက်တက်လာပြီဆို မီး​လောင်တဲ့အထပ်ရဲ့အ​ပေါ်က အထပ်​တွေအားလုံး အန္တရာယ်တွင်းသို့ကျ​လေပြီ။

မီးခိုး​ငွေ့သက်​ရောက်မှုက အထပ်မြင့်အ​ဆောက်အအုံက မီးကာကွယ်​ရေးအတွက်​တော့ နတ်ဆိုးတမျှ ​ကြောက်မက်ဖွယ်​ကောင်းလှသည်။ မီးစ​လောင်ပြီဆိုတာနဲ့ မီးကို အပြင်းအထန်​လောင်မြိုက်​စေပြီး အလျင်အမြန်ပျံ့နှံ့​စေကာ အထပ်များတဲ့အ​ဆောက်အအုံ​တွေရဲ့ သုံးဘက်ဆိုင်​လောင်ကျွမ်းမှုကြောင့် မီးငြိမ်းသတ်ရာ၌လည်း အလွန့်အလွန်ကိုခက်ခဲသည်။ အချို့ အထပ်မြင့်အ​ဆောက်အဦး​တွေဆို မီးသတ်ကား​တွေထား​သော်ငြား မီးသတ်ပိုက်​တွေက မီးမငြိမ်းနိုင်​လောက်သည့်အတွက် ​လောင်တာကိုသာ ထိုင်ကြည့်​နေရ၏။

သူတို့ မီးသတ်ကား community ဂိတ်အတွင်းသို့ ​မောင်း၀င်သွားပြီး ပထမစခန်းက ကားဖယ်ပေးကာ သူတို့ကို ကား​နေရာချဖို့ ညွှန်​ပြသည်။

ကားထားပြီး​နောက် အားလုံး ကားထဲကထွက်ကြသည်။

ရန်ရိ ပထမဆုံး​တွေ့လိုက်တာက ​လော်ရှန့်စခန်း​ခေါင်း​ဆောင် ၀မ်းမုန်ဖြစ်၏။

" ၀မ်းမုန် အ​ခြေအ​နေဘယ်လိုလဲ? "

၀မ်းမုန်ကအမြန်​ဖြေလာသည်။

" မီးက ၂၂ထပ်က ​လောင်တာ အ​ဆောက်အဦးမှာ စုစု​ပေါင်း ၂၈ထပ်ရှိတယ် ​အောက်ထပ်ကလူ​တွေကတော့ ကယ်ထုတ်ပြီးသွားပြီ အ​ပေါ်မှာလူအများကြီးပိတ်မိ​နေကြတယ် ​လူသယ်စင်ထရပ်ကားက​တော့ အ​ပေါ်ကလူတစ်စုကို ကယ်ထုတ်ခဲ့​ပေမယ့် မီးက ပိုပိုကြီးလာတယ် ကြီးကြပ်​ရေးမှုးက မင်း​ရောက်​ရောက်ချင်း သူ့ကိုလာ​တွေ့ပါတဲ့ "

ရန်ရိ သူ့တပ်သား​တွေနဲ့အ​ရှေ့ကို​ပြေးသွားလိုက်​တော့ အခြား​ခေါင်း​ဆောင်​တွေနဲ့ ဗျူဟာ​ဆွေး​နွေး​နေသည့် ရွှီကျင့်ကို ​တွေ့၏။

သူတို့နဲ့သိပ်မ​ဝေးတဲ့​နေရာမှာ ကြီးမား​သော မီးသတ် ​လေကူရှင်ကြီး ၂ခုရှိသည်။

တကယ်တမ်း ဒီဟာနှစ်ခုက အခုလို အထပ်မြင့်မီး​လောင်မှုမှာ ကူအညီသိပ်မရ​ပေ။ အထပ် ၆ ထပ်ထက်မြင့်သွားတဲ့အခါ ​အောက်မှာ ဘာပဲရှိရှိမရှိရှိ ရလဒ်က​တော့ အတူတူနီးပါးပင်ဖြစ်သည်။

[ air cushion :  

ရွှီကျင့်က ရန်ရိကို​တွေ့တာနဲ့ ချက်ချင်း​ပြောလာသည်။

" ဒီကိုလာခဲ့ ငါတို့အခုချက်ချင်းအ​ပေါ်ကိုတက်ပြီး ရှာ​ဖွေကယ်ဆယ်​ရေးလုပ်ရမယ် "

ရန်ရိ ​လေးနက်သည့်အမူအရာဖြင့် သူ့​ခေါင်းထက်က မီးခိုးလုံးကြီးများကို​မော့ကြည့်လိုက်၏။

ရွှီကျင့်က ဗိသုကာပုံကြမ်းကိုညွှန်းပြကာ ​ပြောလာသည်။

" အခု ၂၆၊ ၂၇ နဲ့ ၂၈ထပ်က မီးကို​တော့ ထိန်းချုပ်နိုင်တယ် လူသယ်စင်ထရပ်ကားက အဖွဲ့ ၂ဖွဲ့လွှတ်ပြီး အဲ့အထပ်​တွေက လူအားလုံးကိုကယ်ဆယ်ပြီးပြီ အခုက အထပ်၄ထပ်ပဲကျန်တယ် ငါတို့၀င်လို့ရ​လောက်မယ့် ပြတင်း​ပေါက်ကိုရှာ​နေကြတာ။ တစ်ချိန်တည်းမှာပဲ တပ်သား​တွေကို ၂၆ထပ် က​နေ ​အောက်ကိုရှာ​ဖွေကယ်ဆယ်​ရေးတစ်ဖွဲ့၊ ၂၁ထပ်က​နေ အ​ပေါ်ကိုရှာ​ဖွေကယ်ဆယ်​ရေးတစ်ဖွဲ့ ဆိုပြီး ၂ဖွဲ့ခွဲလွှတ်ရမယ်။ ၂၂ထပ်က မီးစ​လောင်တဲ့အထပ်ပဲ။ မင်းအဲ့ကိုသွားတာနဲ့ တစ်ချက်လွှတ်အမိန့်ပဲ။ မင်းတကယ်မသွားနိုင်ရင် ချက်ချင်းသတင်းပို့ ဖိအားမ​ပေးနဲ့ "

[ t/n : တစ်ချက်လွှတ်အမိန့်က အပြန်ဆိုတာမရှိသလိုပါပဲ ​သေ​သေရှင်ရှင် မဆိုင်​တော့ဘူး ပြန်လာလို့မရ​တော့တာလည်းဖြစ်နိုင်တယ် အ​ခြေအ​နေက အန္တရာယ်အရမ်းများမှန်း သိသာပါတယ် ]

" ဟုတ်ကဲ့ "

ထိုအချိန်၌ မနီးမ​ဝေးက တပ်သားများထ​အော်ကြသည်။

" မခုန်ချလိုက်နဲ့ ! မခုန်ချနဲ့! "

ရန်ရိ ကြည့်လိုက်ပြီးချက်ချင်း မီးထွက်​ပေါက်က​နေ ခုန်ချလာ​သော လူကို​မြင်လိုက်ရသည်။ ရန်ရိ မျက်နှာလွှဲလိုက်​သော်ငြား ​လေး​လေးပင်ပင်​အရာ၀တ္ထုရဲ့ ပြုတ်ကျသံက​တော့ လူတိုင်းနားထဲ၀င်​ရောက်လာကာ ကွင်းပြင်တစ်ခုလုံး ပွက်​လောရိုက်သွားသည်။

အုံကြည့်​နေသူများ ငို​ကြွေးကြ၏။

ရန်ရိ​ခေါင်းယမ်းကာ သူ့တပ်သား​တွေကို ပြင်ဆင်ဖို့​ခေါ်သွားသည်။

တာ၀န်၀တ်စုံနဲ့ ​​လေရှူကိရိယာအပြင် သူနဲ့အခြားတပ်သားတို့မှာ 65- အ၀ကျယ်ပိုက်လုံးများ၊ မီးသတ် ပုဆိန်များ၊ သံတူရွင်းများ၊ ဟိုက်ဒ​ရောလစ်ညှပ်များ၊ လွှစက်များ၊ ​​လေဘူးအပိုများနဲ့ အခြားပစ္စည်းကိရိယာများကိုလည်း သယ်​ဆောင်သွားရသည်။

သူတို့သယ်​ဆောင်ရသည့်အ​လေးချိန်မှာ ၅၀ ကတ်တီထက်မနည်း​ပေ။ ပြီး​တော့ အဲ့တာ​တွေကို​ကျောမှာသယ်ရင်း ၂၂ထပ်အမြင့်ဆီတက်ရဦးမည်။

[ T/n :Catty (ကတ်တီ) ဆိုတာတရုတ်နဲ့ အချို့နိုင်ငံ​တွေမှာသုံးတဲ့ အ​လေးချိန်အတိုင်းအတာပါ။

1 catty (ကတ်တီ) = 0.6 kg

50 catties = 30 kg ]

အားလုံးအဆင်သင့်ဖြစ်ချိန်တွင် ရန်ရိ သူ့တပ်သား​တွေနဲ့အတူ ထွက်ခွာ၏။ ရုတ်တရက်ဆိုသလို ကုံးရင့်ရှန်​ဘေးမှာရပ်​နေရင်း သူ့အားကြည့်​နေသည်ကို ​တွေ့လိုက်ရသည်။ ကုံးရင့်ရှန်မျက်နှာက​တော့ စာရွက်ဖြူတစ်ရွက်လို ​​ဖျော့​တော့​နေလျက်။

ရန်ရိ အမည်​ဖော်မရဘဲ သူ့နှလုံးသားကို ဖမ်းဆုပ်လိုက်သလို ခံစားလိုက်ရပြီး သူ့လက်အိတ်ကိုချွတ်ကာ ကုံးရင့်ရှန်ကို လက်မ​ထောင်ပြလိုက်ရင်း ပါးစပ်ကလည်း ​ပြောလိုက်​သေးသည်။

" မစိုးရိမ်ပါနဲ့ "

ကုံးရင့်ရှန် ရင်ဘတ်သည် တသိမ့်စိမ့်တုန်​နေ၍ သူလက်အိတ်ရှည်ကိုချွတ်ကာ ရန်ရိကို ပြန်လည်လက်မ​ထောင်ပြလိုက်​လေ၏။

♡♡♡♡♡♡♡♡♡♡

ဒီ chapter က ချစ်ဖို့​ကောင်းတယ် အန္တရာယ်လည်းများတယ် ခံစားချက်​တွေလည်း ​ဖောက်မြင်​နေရပြီ ဟုတ်? ဒါ​ပေမယ့် ကုံးရင့်ရှန်ဘက်က​တော့ အခုက သူငယ်ချင်းအချစ်စိတ်ပဲဖြစ်​နေပါ​သေးတယ် :3

အရမ်းအန္တရာယ်များတာပါ မီးသတ်သမား​တွေအလုပ်က ဘယ်​နေရာမဆို ​ရှေ့ဆုံးကထွက်ရ လုပ်ရတယ် ဒီ​နေ့သတင်းမှာ​တောင်ပါ​သေးတယ် ရန်ကုန်မှာကယ်ဆယ်​ရေးလေ။ ​မြွေကအစဖမ်း​ပေးရ၊ အိမ်ကအစ ​လော့ခ်ဖွင့်​ပေးရတဲ့ မီးသတ်သမား​တွေရယ်ပါ။ ​ရေးပြပုံ​ဖော်​ပေးပြီး ဂုဏ်ယူစရာ​ကောင်းတဲ့သူ​တွေကို အမြင်တစ်ခု​ပေါ်အောင် လမ်းခင်း​ပေးလို့ author ကိုလည်းအရမ်း​လေးစားမိပါတယ်။ Shui ge ရဲ့အ​ရေးအသား​တွေကိုလည်း ဂုဏ်ယူစွာနဲ့ ဘာသာပြန်​ပေးပါ့မယ် ♡

ဘာသာပြန်ရင်း ပြန်ရင်းနဲ့ မီးသတ်ထဲ၀င်မယ်ချည်း တကဲကဲလုပ်​နေလို့ အိမ်ကမနည်းတား​နေရပါတယ် :3

***အခု ရန်ရိက ​ရှေ့တန်းထွက်သွားတဲ့​ယောက်ျား၊ ကုံးရင့်ရှန်က ​ယောက်ျားကို​ရှေ့တန်းလိုက်ပို့ပြီး မျက်ရည်၀ဲ ​ရှေ့​ရေးကို​မျှော်​တွေး​စိတ်ပူနေတဲ့ မိန်းမနဲ့ တူမ​နေ​ပေဘူးလား ဟဲဟဲ ***

[ Zawgyi ]

ၿပိဳင္ပြဲၿပီးေတာ့ ရန္ရိ ကုံးရင့္ရွန္နဲ႔ ကုံး​ေဖးလန္ကို ပြဲၾကည့္​ေနရာမွာ ေနာက္ထပ္ပြဲသစ္​ေတြမွာ ၀င္ၿပိဳင္မယ့္ မီးသတ္သမား​ေတြကို ထိုင္ၿပီး​အား​ေပးဖို႔ ​ေခၚသြားလိုက္သည္။

​ေဆြမ်ိဳး​ေတြနဲ႔ မိတ္​ေဆြသူငယ္ခ်င္း​ေတြ အမ်ားအျပားလာ​ေရာက္ အား​ေပးၾက​ေသာ္ျငား ထိုေမာင္ႏွမက​ေတာ့ျဖင့္ ပို၍ထင္​ေပၚ​ေနရာ လူၾကည့္အမ်ားဆုံး​ျဖစ္​ေနေလသည္။

ၾကည့္​ေနတုန္းမွာပဲ ၀မ္႐ႊမ္းက ice - cola ႏွစ္ဖာယူလာ​ေပး​ေတာ့ ရန္ရိ ပုလင္းအခ်ိဳ႕ယူလိုက္ၿပီး ကုံးရင့္ရွန္နဲ႔ ကုံး​ေဖးလန္ကို ​ေပးလိုက္၏။ ကုံး​ေဖးလန္က အျမန္ယူလိုက္​​ေပမယ့္ ကုံးရင့္ရွန္က​ေတာ့ ႐ိုး႐ိုးပဲ​ေျပာလာသည္။

" ကြၽန္​ေတာ္ ကာဗြန္ပါတဲ့ အ​ေအး​ေတြမ​ေသာက္ဘူး "

" ဧည့္ခံဖို႔ခက္တာပဲ "

ရန္ရိ သူ႔အတြက္ ​ေရသန္႔ပုလင္း​ေျပာင္း​ေပးလိုက္သည္။

ကုံး​ေဖးလန္ မတတ္သာပဲ ​ေခါင္းညိတ္လိုက္ရင္း

" အစ္ကိုက အစား​ေ႐ြးတဲ့သူျဖစ္မယ္ "

" စား​ေသာက္တဲ့နည္းလမ္းမွန္ကို ​ေ႐ြးတာ အစား​ေ႐ြးတာမဟုတ္ဘူး "

ရန္ရိ သ​ေရာ္ၿပဳံး ၿပဳံးလိုက္ၿပီး

" မင္းဒါမစားဘူးဆို မစားဘူး​ေပါ့ ပိုထင္ရွား​ေအာင္ အစား​ေ႐ြးတယ္လို႔​ေခၚရတယ္ "

ကုံးရင့္ရွန္ သူ႔ထံသို႔မ်က္​ေစာင္းထိုးလိုက္ရင္း

" ခင္မ်ားကိုလည္း ကြၽန္​ေတာ့္အတြက္ အစားအစာ​ေတြ မျပင္ခိုင္းပါဘူး ဘာကိုအထြန္႔တက္​ေန​ေသးတာလဲ "

" ဘယ္သူမ်ား အထြန္႔တက္ရဲပါ့မလဲ​ေနာ္ "

ကုံး​ေဖးလန္ အကူအညီမဲ့ ေျပာလာသည္။

" အစ္ကိုတို႔ အၿမဲ​ေတာ့ ရန္ျဖစ္မ​ေနဘူးမလား? "

ရန္ရိ ​ေခ်ာင္းအသာဟန္႔လိုက္ၿပီး စကားလမ္း​ေၾကာင္း ​ေျပာင္းလိုက္သည္။

" ခိုင့္၀မ္အမႈက ဘယ္လိုျဖစ္သြားၿပီလဲ? "

" ကြၽန္​ေတာ္ အခ်က္​အလက္ေတြဆက္စပ္ၾကည့္လိုက္​ေတာ့ ခိုင့္၀မ္ရဲ႕ အစ္ကိုဆိုတဲ့သူကို ခ်ိတ္ဆက္မိတယ္ အဲ့လူက ခိုင့္ခ်န္းလို႔​ေခၚတယ္။ တစ္ႏွစ္လုံးၿငိမ္​ေနၿပီး ထ်န္ခ်ီကို အလုပ္ထူးထူးဆန္းဆန္း​ေတြ လာလုပ္တတ္တယ္ လုံၿခဳံ​ေရးအ​ေစာင့္၊ Deli သမား အဲ့လို​ေပါ့။ ဒါ​ေပမယ့္ ဘယ္​ေတာ့မွ အၾကာႀကီးမလုပ္ဘူး။ မၾကာခင္က အဲ့လူ ထ်န္ခ်ီကို လာခဲ့တယ္ဆိုတဲ့ သက္​ေသရွိတယ္ ဒါ​ေပမယ့္ သူအျမန္​ေခ်ာပို႔၀န္​ေဆာင္မႈကို မသုံးခဲ့သလို ID မွတ္တမ္း လည္းရွိမေနဘူး "

" ဘားမီး​ေလာင္မႈၿပီးမွ ​ေရာက္လာတာလား? "

ရန္ရိ ​ေျပာလိုက္သည္။

" အရမ္း သံသယျဖစ္စရာ​ေကာင္းတာပဲ "

" ဟုတ္တယ္ သူထ်န္ခ်ီကိုလာတဲ့အ​ေၾကာင္း လူ​ေတြနားထဲ​ေပါက္မၾကား​ေအာင္ တမင္တကာ ​ေရွာင္​ေနေတာ့ စုံစမ္းရတာအရမ္းခက္တယ္။ ကြၽန္​ေတာ္ ​ေခါင္း​ေဆာင္ခ်ိဳးကို နယ္​ေျမခံရဲတပ္ဖြဲ႕နဲ႔ဆက္သြယ္​ေပးဖို႔ အကူအညီ​ေတာင္းၿပီး အဲ့ဒီ့လူကိုနည္းနည္း စုံစမ္းၾကည့္လိုက္​ေတာ့ မၾကာခင္ကမွ ထူးထူးျခားျခား အ​ေတာ္အသုံးၾကမ္း​ေနတာ သိလိုက္ရတယ္ အရင္းအျမစ္မသိဘဲ ​ေငြ​ေတြ၀င္လာသလိုမ်ိဳး "

" ဖမ္းမိသြားလား? "

"ဟင့္အင္း ​ေငြအလႊဲအ​ေျပာင္း​ေတြက သက္​ေသရွာဖို႔မလြယ္ဘူး လူ​ေတြကိုမဖမ္းခင္ သက္​ေသအ​ေထာက္အထား အစစ္အမွန္​ေတြရွိဖို႔လိုတယ္ ဒါ​ေပမယ့္ ျမန္​ေတာ့ျမန္ရမွာပဲ "

" မင္းသာ ခိုင့္၀မ္ကို ​ေထာင္​ေခ်ာက္ထဲမိသြား​ေအာင္ လုပ္ႏိုင္လို႔က​ေတာ့ ငါတကယ္​ ေခါင္းေဆာင္ခ်ိဳးကို ​ေက်းဇူးတင္ရ​ေတာ့မယ္ "

ရန္ရိ ဘာလိုလိုနဲ႔ ​ေျပာလိုက္သည္။

" မင္းသူ႔ကို ယန္က်ဲလို႔​ေခၚတယ္မလား? "

" မမယန္? သူကဘာလို႔လဲ? "

ကုံး​ေဖးလန္ လွည့္​ေမးလိုက္သည္။

" မင္း​ေရာ သူ႔ကိုသိတာလား? "

" သိတာ​ေပါ့ သမီးတို႔မိသားစုနဲ႔ မမယန္တို႔မိသားစုက တစ္မိသားစုလုံးမိတ္​ေဆြ​ေတြပဲ သမီးတို႔ က​ေလးဘ၀ကတည္းက ခင္ၾကတာ "

" ..... "

ထိုအခ်ိန္ ကုံးရင့္ရွန္ဖုန္း ျမည္လာၿပီး သူဖုန္းေျဖဖို႔ ထထြက္သြားသည္။

ရန္ရိ မ​ေနႏိုင္​ေတာ့ဘဲ ကုံးေဖးလန္ကို ​ေမးလိုက္၏။

" ​ေဖးလန္ မင္းအစ္ကိုနဲ႔ ​ေခါင္း​ေဆာင္ခ်ိဳးက တကယ္ပဲ ငယ္ခ်စ္ဦး​ေတြလား? "

[ T/n : ကုံး​ေဖးလန္နဲ႔ ကုံးရင့္ရွန္ၾကားက အ​ေခၚအ​ေဝၚကို အစ္ကိုလို႔ပဲေရးၿပီ *၀မ္းကြဲ​ေတြ* ဆိုတာ​ေတာ့ မွတ္ထားၾက​ေပါ့ ]

" လုံး၀မဟုတ္ဘူး သူတို႔က ၇ ႏွစ္ ၈ ႏွစ္​ေလာက္ပဲရွိဦးမွာကို ဘယ္လိုလုပ္ ႀကိဳက္လို႔ရမွာလဲ? "

ရန္ရိ ​ေခါင္းညိတ္လိုက္သည္။

" ဒါမယ့္ အစ္ကိုက​ေတာ့ ႀကိဳက္​ေန​ေလာက္တယ္ "

ကုံး​ေဖးလန္ ယုံၾကည္ခ်က္ရွိရွိ ​ေျပာလာ၏။

ရန္ရိ ​ေတာင့္သြားၿပီး

" ...တကယ္ပဲ "

" အင္း မမယန္က အစ္ကိုနဲ႔ဆက္ဆံ​ေရးရွိတဲ့ တစ္ဦးတည္း​ေသာ မိန္းက​ေလး​ေလ မမယန္ကအရမ္းလွၿပီး ​ေတာ္လည္း​ေတာ္တယ္ အစ္ကို႔လိုစ႐ိုက္မ်ိဳးပဲ အစ္ကိုသာ သူ႔ကိုမႀကိဳက္ဘူးဆိုရင္ ဘာလို႔အရမ္း​ေကာင္း​ေနမွာလဲ "

ရန္ရိ တီးတိုး​ေရ႐ြတ္လိုက္သည္။

" ဟုတ္သားပဲ သူတို႔ႏွစ္​ေယာက္ လိုက္ဖက္တယ္.... "

" အား! "

ကုံး​ေဖးလန္ ႐ုတ္တရက္ထ​ေအာ္လိုက္ၿပီးရန္ရိကို စိုးရိမ္တႀကီးၾကည့္​လာသည္။

" ​ေခါင္း​ေဆာင္ရန္ ရွင္ မမယန္ကို​ေတာ့ႀကိဳက္မ​ေနဘူးမလား? "

ရန္ရိ မခ်ိမဆန္႔ၿပဳံးလိုက္ကာ

" ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ? ကိုယ္တို႔​ေတြ႕ဖူးတာမွာ ၂ မိနစ္​ေလာက္ပဲရွိတာ "

ကုံး​ေဖးလန္ ရန္ရိကို သံသယျဖင့္ၾကည့္​ေန၏။

" မင္းအစ္ကိုက သူနဲ႔ရယ္လိုက္​ေမာလိုက္ စကား​ေျပာ​ေနတာ​ေတြ႕​ေတာ့ ကိုယ္ဒီတိုင္းသိခ်င္မိ႐ုံပါ "

" အိုး အဲ့တာ​ေကာင္းတာ​ေပါ့ တကယ္​ေတာ့​ေလ အစ္ကိုက သူနဲ႔တကယ္အ​ေန​ေဝးတာ "

ကုံး​ေဖးလန္က ​ေခါင္းရမ္းလ်က္။

" စိတ္ညစ္ရတာက အစ္ကိုတ႐ုတ္ကို ျပန္​ေရာက္တာ အရမ္းၾကာ​ေနၿပီကို ဘာလႈပ္ရွားမႈမွမ​ေတြ႕ရ​ေသးဘူး တကယ္စိတ္ပူစရာပဲ "

ရန္ရိ သူ႔ရင္ထဲဘယ္လိုျဖစ္​ေနတယ္ ဆိုတာ မ​ေျပာႏိုင္​ေပ။

သူအဓိပၸါယ္မ​ေဖာ္ႏိုင္​ေလာက္​ေအာင္ လမ္းစ​ေပ်ာက္​ေနၿပီး ရယ္ပစ္လိုက္ခ်င္သည္။

တကယ္ေတာ့ ကုံးရင့္ရွန္က ရက္စက္တာမဟုတ္၊ တစ္မိသားစုတည္းကို ႁခြင္းခ်က္ထားတာပဲ။

ဖုန္း​ေျပာၿပီး​ ကုံးရင့္ရွန္ ျပန္လာ​ေတာ့ သူတို႔ႏွစ္​ေယာက္ တည္ၿငိမ္ခ်င္​ေယာင္ ​ေဆာင္လိုက္ၾကသည္။ ေလထုအ​ေျခအ​ေနက အနည္းငယ္ထူးဆန္း​ေနတာသတိထားမိ​ၿပီး ​သူေမးလိုက္၏။

" ခင္မ်ားတို႔ႏွစ္​ေယာက္ ခုနဘာ​ေျပာ​ေနတာလဲ? "

" ဘာမွမဟုတ္ဘူး တပ္သား​ေတြကိုအား​ေပး​ေနတာ "

ရန္ရိ​ေျပာလိုက္သည္။

ကုံး​ေဖးလန္က​ေတာ့ ၿပဳံးကာ ဘာမွမ​ေျပာ​ေပ။

ကုံးရင့္ရွန္ မ်က္လုံး​ေမွးစင္းလိုက္သည္။

သိသိသာသာႀကီးကို အဆင္​ေျပမ​ေနတာပင္။

ထိုအခ်ိန္ ရန္ရိဖုန္းက ျမည္လာျပန္ၿပီး သူငုံ႔ၾကည့္​ေတာ့ ႐ႊီက်င့္​ေခၚတာျဖစ္သည္။

" ဟုတ္ကဲ့ ႀကီးၾကပ္ေရးမႉး "

[ t/n : အရင္ကဘယ္လို​ေရးခဲ့​ေသးလဲ မသိဘူး ႀကီးၾကပ္​ေရးမႉးပဲျဖစ္ျဖစ္ ဘာႀကီးပဲျဖစ္ျဖစ္ ႐ႊီက်င့္က ႐ႊီက်င့္ ဟုန္းဝူမီးသတ္ဌာနခ်ဳပ္ရဲ႕အႀကီးဆုံးလို႔ပဲမွတ္ပါ က်​ေနာ္က အ​ေခၚအ​ေဝၚ​ေတြမွတ္တာ မကြၽမ္းဘူး ]

" ရန္ရိ မင္းဘယ္မွာလဲ? "

" ကြၽန္​ေတာ္ အားကစားၿပိဳင္ပြဲမွာပါ "

" တစ္ခုခုျဖစ္လို႔ အန္းမင္လမ္းက အထပ္ျမင့္အ​ေဆာက္အဦး မီး​ေလာင္ၿပီး မီးက အ​ေတာ္ျပင္းတယ္ ဒီကိုခ်က္ခ်င္းလာခဲ့ "

ရန္ရိ ခ်က္ခ်င္း ထရပ္လိုက္ၿပီး

" ၀မ္႐ႊမ္း မင္း​ေနခဲ့ၿပီး ၿပိဳင္ပြဲ၀င္​ေနတဲ့လူ​ေတြကို ​ေစာင့္ၾကည့္​ေနလိုက္ အျခားသူ​ေတြက အခုခ်က္ခ်င္း ငါနဲ႔တာ၀န္သြားရမယ္ "

အားလုံး ထရပ္လိုက္ၾကၿပီး ​ေစြ႕ရီရွန္႔က​ေမးလာသည္။

" ​ေခါင္း​ေဆာင္ရန္ ဘာျဖစ္တာလဲ? ဘယ္မွာမ​ေတာ္တဆမႈျဖစ္လို႔လဲ? "

" အန္းမင္လမ္းက အထပ္ျမင့္အ​ေဆာက္အအုံ အခုပဲ ငါ့ကိုႀကီးၾကပ္​ေရးမႉး ဖုန္းဆက္တာ "

ရန္ရိ ​ေျပာရင္းဆိုရင္း တပ္သား​ေတြနဲ႔အတူ မီးသတ္ကားဆီ​ေျပးသြားလိုက္သည္။

အန္းမင္လမ္းက သူ႔နယ္​ေျမထဲမွာ​ေတာ့မပါ​ေပ။ ဒါ​ေပမယ့္ သူ႔စခန္းနဲ႔အနည္းငယ္အလွမ္း​ေဝး​ေသာ အိုက္ရွင္း(အခ်စ္)မီးသတ္စခန္း နဲ႔​ေတာ့ သက္ဆိုင္ၿပီး ဒီ​ေနရာနဲ႔ နီးသည္။

[ T/n : ဟားဟား စခန္းနာမည္က အခ်စ္တဲ့ ]

မီး​ေလာင္မႈအခင္းႀကီး​ေတြဆိုရင္ စခန္းအ​ေတာ္မ်ားမ်ားပါ၀င္ဖို႔လိုၿပီး အခ်ိဳ႕ ဌာန​ေတြပါ အတူ၀င္ပါရ​ေသးသည္။

႐ႊီက်င့္ရဲ႕ အသံအ​ေနအထားကို ခန္႔မွန္းၾကည့္ရသ​ေလာက္​ေတာ့ အ​ေျခအ​ေနျပင္းထန္​၏။

ရန္ရိ အ၀တ္အစား​ေတြလဲၿပီး ကားထဲ၀င္အံ့ဆဲဆဲမွာပင္ သူ႔​​ေက်ာေနာက္က​ေန ကုံးရင့္ရွန္အသံထြက္​ေပၚလာသည္။

" ​ေခါင္း​ေဆာင္ရန္ ကြၽန္​ေတာ္​ေရာ အတူလိုက္လို႔ရလား? "

ရန္ရိလွည့္ၾကည့္လိုက္ၿပီး သူတို႔ႏွစ္​ေယာက္ကို သတိရသြားသည္။ တာ၀န္ထမ္း​ေဆာင္ရၿပီဆိုတာနဲ႔ သူဘာကိုမွ အာ႐ုံမထား​ေတာ့​ေပ။

ရန္ရိ ​ေမး​ေငါ့ျပလိုက္ၿပီး

" ကားထဲ၀င္ "

ကုံးရင့္ရွန္ ကုံး​ေဖးလန္ကို ​ေျပာလိုက္သည္။

" ဒီမွာပဲ​ေစာင့္​ေန ငါမင္းကိုလာႀကိဳဖို႔ driver ကို​ေျပာလိုက္မယ္ "

" အစ္ကို သမီးလည္း အတူလိုက္မယ္​ေလ..."

" မရဘူး အိမ္​ေရာက္ရင္ ငါ့ကို​ဖုန္းဆက္လိုက္ "

ကုံးရင့္ရွန္ ရန္ရိ​ေနာက္မွလိုက္ကာ ကားထဲ၀င္လိုက္သည္။

လမ္းတြင္ ရန္ရိတို႔နဲ႔အတူ ထြက္ခြာ​ေန​ေသာ အျခားမီးသတ္ကား ၃ စီးလည္းရွိၿပီး သူတို႔လည္း ​ေစလႊတ္ခံရသည္မွာသိသာသည္။ ရန္ရိ ​ေကာင္းကယ္ကို Wechat က​ေနစာပို႔လိုက္ၿပီး သူ​ေရာတာ၀န္​ေပးခံရလားလို႔​ေမးလိုက္သည္။ ​ေကာင္းကယ္အျမန္ပဲ စာျပန္လာတာက - သူတို႔ဆီက​ေနဆို အ​ေတာ္အလွမ္း​ေဝးၿပီး အခ်ိန္ကုန္တာမို႔ အ​ေၾကာင္းမၾကားဘူးတဲ့။

ကားထဲမွာ​ေတာ့ တင္းခ်င္က​ေမးလာသည္။

" ​ေခါင္း​ေဆာင္ အ​ေျခအ​ေနဘယ္လိုတဲ့လဲ? "

" မသိဘူး ႀကီးၾကပ္​ေရးမႉးက အခုအရမ္းအလုပ္ရႈပ္​ေန​ေလာက္တယ္ အခင္း​ေနရာ​ေရာက္မွပဲ ကိုယ့္ဘာသာၾကည့္တာ​ေပါ့ "

ရန္ရိ မ်က္​ေမွာင္ၾကဳတ္လိုက္ရင္း

" ဒီတစ္ခါမီး​ေလာင္တာက လူ​ေနအ​ေဆာက္အအုံဆို​ေတာ့ အ​ေတာ္ျပႆနာမ်ားတယ္ "

အခုက ဗုဒၶဟူး​ေန႔ ည​ေန ၅နာရီအခ်ိန္ျဖစ္သည္။ သူ႔အ​ေတြ႕အႀကဳံအရ ဒီလိုအခ်ိန္ လူငယ္​ေတြ ပုံမွန္အလုပ္သမား​ေတြနဲ႔ ​ေက်ာင္းသား​ေတြက အိမ္မွာ မရွိတတ္​ေပ။ အိမ္မွာရွိတတ္တဲ့လူ​ေတြက အသက္ႀကီးပိုင္း အၿငိမ္းစားယူထားတဲ့သူ​ေတြ၊ အိမ္ရွင္မ​ေတြနဲ႔ ​ေက်ာင္းမ​ေန​ေသးတဲ့အ႐ြယ္ က​ေလး​မ်ားပင္ျဖစ္ၾကသည္။

သက္ႀကီး႐ြယ္အို​ေတြ၊ အမ်ိဳးသမီး​ေတြနဲ႔ က​ေလးသူငယ္ေတြအားလုံးက မ​ေတာ္တဆမႈမွာ အကူအညီ​ေပးမွ မဟုတ္ရင္ ကယ္ဆယ္​ေပးမွ ရႏိုင္တဲ့ အားႏြဲ႕သည့္ လူတန္းစားပင္ျဖစ္​ေခ်၏။

ၿပီး​ေတာ့ ဒီလူ​ေနအ​ေဆာက္အအုံကလည္း ျမင့္မား​ေသးသည္...

ကုံးရင့္ရွန္က မ်က္ႏွာခပ္ပ်က္ပ်က္နဲ႔ ​ေဘးမွာထိုင္​ေနၿပီး ဘာတစ္ခြန္းမွမ​ေျပာ​ေပ။

ရန္ရိ ကုံးရင့္ရွန္ကိုၾကည့္ၿပီး တိုးတိုး​ေျပာလိုက္သည္။

" မင္းဘာလို႔လိုက္လာတာလဲ? "

ကုံးရင့္ရွန္ မီး​ေလာင္မႈအခင္းကိုမၾကည့္ခ်င္မွန္း သူသိတယ္။

​ေနာက္ဆုံး​ေတာ့လည္း မီး​ေလာင္ၿပီး အပ်က္အစီးထဲ၀င္တာ​ေတာင္ ​ေအာ့အန္တာကို။

" ဟုန္းဝူနယ္​ေျမထဲက မီး​ေလာင္မႈျဖစ္​ေနသ​ေ႐ြ႕ အဆုံးမွာကြၽန္​ေတာ္တို႔ တာ၀န္ယူရမွာပဲ "

ကုံးရင့္ရွန္ အ​ေလးအနက္ ​ေျပာလာသည္။

" ကြၽန္​ေတာ္ ျမန္ျမန္​ေဖာ္ထုတ္ခ်င္တယ္ "

" လူ​ေနအ​ေဆာက္အအုံက ​ေန႔ခင္းဘက္မီး​ေလာင္တာဆို​ေတာ့ မ​ေတာ္တဆမႈ ျဖစ္ႏိုင္​ေခ်အမ်ားဆုံးပဲ​ "

" မီးရႈိ႕တာဆိုရင္​ေရာ? "

ကုံးရင့္ရွန္ ရန္ရိကို စိုက္ၾကည့္​ေနရင္း

" ကြၽန္​ေတာ္ ဘာျဖစ္ႏိုင္​ေခ်ကိုမွ လက္လႊတ္ခံမွာမဟုတ္ဘူး "

ရန္ရိ ရင္ထဲက​ေန သက္ျပင္းခ်လိုက္ကာ

" မင္းအခင္း​ေနရာကို​ေရာက္ရင္သာ ဟို​ေလွ်ာက္သြား ဒီ​ေလွ်ာက္သြားလုပ္မ​ေနနဲ႔ ငါ့အမိန္႔ကိုနား​ေထာင္ "

ကုံးရင့္ရွန္ ​ေခါင္းညိတ္ျပသည္။

မီးသတ္ကားက အခင္း​ေနရာကိုမ​ေရာက္​ေသး​ေသာ္ျငား အကြာအ​ေဝးမွာရွိ​ေနတဲ့ အထပ္ျမင့္အ​ေဆာက္အအုံက​ေန ထိုးထြက္လာတဲ့ မီးခိုးလုံး​ေတြကိုျမင္​ရၿပီး ရန္ရိ ရင္ထဲဆို႔သြားသည္။

အထပ္ျမင့္အ​ေဆာက္အအုံတစ္ခု မီး​ေလာင္ၿပီး ​ေသခ်ာတဲ့အထပ္တစ္ခုက​ေန မီးခိုးထြက္တယ္ဆိုရင္ ၎က မီးသိပ္မပ်ံ႕​ေသးဘူးဆိုတာကို သက္​ေသျပဳၿပီး တကယ္လို႔ မီးခိုး​ေတြက အထက္ကို​ေဒါက္လိုက္တက္လာတယ္ဆိုရင္ ၎က မီးကိုမထိန္းခ်ဳပ္ႏိုင္ေသး​ေၾကာင္း သက္​ေသျပဳသည္။

အကယ္၍မ်ား မီးခိုးသက္​ေရာက္မႈက ​ေလွကား​ေတြ၊ ဓါတ္ေလွကား​ေတြ၊ အခန္းေတြ၊ ပိုက္လိုင္း​ စတာေတြကို ကူးလာၿပီး အလ်င္အျမန္လႈိက္တက္လာၿပီဆို မီး​ေလာင္တဲ့အထပ္ရဲ႕အ​ေပၚက အထပ္​ေတြအားလုံး အႏၲရာယ္တြင္းသို႔က်​ေလၿပီ။

မီးခိုး​ေငြ႕သက္​ေရာက္မႈက အထပ္ျမင့္အ​ေဆာက္အအုံက မီးကာကြယ္​ေရးအတြက္​ေတာ့ နတ္ဆိုးတမွ် ​ေၾကာက္မက္ဖြယ္​ေကာင္းလွသည္။ မီးစ​ေလာင္ၿပီဆိုတာနဲ႔ မီးကို အျပင္းအထန္​ေလာင္ၿမိဳက္​ေစၿပီး အလ်င္အျမန္ပ်ံ႕ႏွံ႔​ေစကာ အထပ္မ်ားတဲ့အ​ေဆာက္အအုံ​ေတြရဲ႕ သုံးဘက္ဆိုင္​ေလာင္ကြၽမ္းမႈေၾကာင့္ မီးၿငိမ္းသတ္ရာ၌လည္း အလြန္႔အလြန္ကိုခက္ခဲသည္။ အခ်ိဳ႕ အထပ္ျမင့္အ​ေဆာက္အဦး​ေတြဆို မီးသတ္ကား​ေတြထား​ေသာ္ျငား မီးသတ္ပိုက္​ေတြက မီးမၿငိမ္းႏိုင္​ေလာက္သည့္အတြက္ ​ေလာင္တာကိုသာ ထိုင္ၾကည့္​ေနရ၏။

သူတို႔ မီးသတ္ကား community ဂိတ္အတြင္းသို႔ ​ေမာင္း၀င္သြားၿပီး ပထမစခန္းက ကားဖယ္ေပးကာ သူတို႔ကို ကား​ေနရာခ်ဖို႔ ၫႊန္​ျပသည္။

ကားထားၿပီး​ေနာက္ အားလုံး ကားထဲကထြက္ၾကသည္။

ရန္ရိ ပထမဆုံး​ေတြ႕လိုက္တာက ​ေလာ္ရွန္႔စခန္း​ေခါင္း​ေဆာင္ ၀မ္းမုန္ျဖစ္၏။

" ၀မ္းမုန္ အ​ေျခအ​ေနဘယ္လိုလဲ? "

၀မ္းမုန္ကအျမန္​ေျဖလာသည္။

" မီးက ၂၂ထပ္က ​ေလာင္တာ အ​ေဆာက္အဦးမွာ စုစု​ေပါင္း ၂၈ထပ္ရွိတယ္ ​ေအာက္ထပ္ကလူ​ေတြကေတာ့ ကယ္ထုတ္ၿပီးသြားၿပီ အ​ေပၚမွာလူအမ်ားႀကီးပိတ္မိ​ေနၾကတယ္ ​လူသယ္စင္ထရပ္ကားက​ေတာ့ အ​ေပၚကလူတစ္စုကို ကယ္ထုတ္ခဲ့​ေပမယ့္ မီးက ပိုပိုႀကီးလာတယ္ ႀကီးၾကပ္​ေရးမႈးက မင္း​ေရာက္​ေရာက္ခ်င္း သူ႔ကိုလာ​ေတြ႕ပါတဲ့ "

ရန္ရိ သူ႔တပ္သား​ေတြနဲ႔အ​ေရွ႕ကို​ေျပးသြားလိုက္​ေတာ့ အျခား​ေခါင္း​ေဆာင္​ေတြနဲ႔ ဗ်ဴဟာ​ေဆြး​ေႏြး​ေနသည့္ ႐ႊီက်င့္ကို ​ေတြ႕၏။

သူတို႔နဲ႔သိပ္မ​ေဝးတဲ့​ေနရာမွာ ႀကီးမား​ေသာ မီးသတ္ ​ေလကူရွင္ႀကီး ၂ခုရွိသည္။

တကယ္တမ္း ဒီဟာႏွစ္ခုက အခုလို အထပ္ျမင့္မီး​ေလာင္မႈမွာ ကူအညီသိပ္မရ​ေပ။ အထပ္ ၆ ထပ္ထက္ျမင့္သြားတဲ့အခါ ​ေအာက္မွာ ဘာပဲရွိရွိမရွိရွိ ရလဒ္က​ေတာ့ အတူတူနီးပါးပင္ျဖစ္သည္။

[ air cushion : 

႐ႊီက်င့္က ရန္ရိကို​ေတြ႕တာနဲ႔ ခ်က္ခ်င္း​ေျပာလာသည္။

" ဒီကိုလာခဲ့ ငါတို႔အခုခ်က္ခ်င္းအ​ေပၚကိုတက္ၿပီး ရွာ​ေဖြကယ္ဆယ္​ေရးလုပ္ရမယ္ "

ရန္ရိ ​ေလးနက္သည့္အမူအရာျဖင့္ သူ႔​ေခါင္းထက္က မီးခိုးလုံးႀကီးမ်ားကို​ေမာ့ၾကည့္လိုက္၏။

႐ႊီက်င့္က ဗိသုကာပုံၾကမ္းကိုၫႊန္းျပကာ ​ေျပာလာသည္။

" အခု ၂၆၊ ၂၇ နဲ႔ ၂၈ထပ္က မီးကို​ေတာ့ ထိန္းခ်ဳပ္ႏိုင္တယ္ လူသယ္စင္ထရပ္ကားက အဖြဲ႕ ၂ဖြဲ႕လႊတ္ၿပီး အဲ့အထပ္​ေတြက လူအားလုံးကိုကယ္ဆယ္ၿပီးၿပီ အခုက အထပ္၄ထပ္ပဲက်န္တယ္ ငါတို႔၀င္လို႔ရ​ေလာက္မယ့္ ျပတင္း​ေပါက္ကိုရွာ​ေနၾကတာ။ တစ္ခ်ိန္တည္းမွာပဲ တပ္သား​ေတြကို ၂၆ထပ္ က​ေန ​ေအာက္ကိုရွာ​ေဖြကယ္ဆယ္​ေရးတစ္ဖြဲ႕၊ ၂၁ထပ္က​ေန အ​ေပၚကိုရွာ​ေဖြကယ္ဆယ္​ေရးတစ္ဖြဲ႕ ဆိုၿပီး ၂ဖြဲ႕ခြဲလႊတ္ရမယ္။ ၂၂ထပ္က မီးစ​ေလာင္တဲ့အထပ္ပဲ။ မင္းအဲ့ကိုသြားတာနဲ႔ တစ္ခ်က္လႊတ္အမိန္႔ပဲ။ မင္းတကယ္မသြားႏိုင္ရင္ ခ်က္ခ်င္းသတင္းပို႔ ဖိအားမ​ေပးနဲ႔ "

[ t/n : တစ္ခ်က္လႊတ္အမိန္႔က အျပန္ဆိုတာမရွိသလိုပါပဲ ​ေသ​ေသရွင္ရွင္ မဆိုင္​ေတာ့ဘူး ျပန္လာလို႔မရ​ေတာ့တာလည္းျဖစ္ႏိုင္တယ္ အ​ေျခအ​ေနက အႏၲရာယ္အရမ္းမ်ားမွန္း သိသာပါတယ္ ]

" ဟုတ္ကဲ့ "

ထိုအခ်ိန္၌ မနီးမ​ေဝးက တပ္သားမ်ားထ​ေအာ္ၾကသည္။

" မခုန္ခ်လိုက္နဲ႔ ! မခုန္ခ်နဲ႔! "

ရန္ရိ ၾကည့္လိုက္ၿပီးခ်က္ခ်င္း မီးထြက္​ေပါက္က​ေန ခုန္ခ်လာ​ေသာ လူကို​ျမင္လိုက္ရသည္။ ရန္ရိ မ်က္ႏွာလႊဲလိုက္​ေသာ္ျငား ​ေလး​ေလးပင္ပင္​အရာ၀တၳဳရဲ႕ ျပဳတ္က်သံက​ေတာ့ လူတိုင္းနားထဲ၀င္​ေရာက္လာကာ ကြင္းျပင္တစ္ခုလုံး ပြက္​ေလာ႐ိုက္သြားသည္။

အုံၾကည့္​ေနသူမ်ား ငို​ေႂကြးၾက၏။

ရန္ရိ​ေခါင္းယမ္းကာ သူ႔တပ္သား​ေတြကို ျပင္ဆင္ဖို႔​ေခၚသြားသည္။

တာ၀န္၀တ္စုံနဲ႔ ​​ေလရႉကိရိယာအျပင္ သူနဲ႔အျခားတပ္သားတို႔မွာ 65- အ၀က်ယ္ပိုက္လုံးမ်ား၊ မီးသတ္ ပုဆိန္မ်ား၊ သံတူ႐ြင္းမ်ား၊ ဟိုက္ဒ​ေရာလစ္ညႇပ္မ်ား၊ လႊစက္မ်ား၊ ​​ေလဘူးအပိုမ်ားနဲ႔ အျခားပစၥည္းကိရိယာမ်ားကိုလည္း သယ္​ေဆာင္သြားရသည္။

သူတို႔သယ္​ေဆာင္ရသည့္အ​ေလးခ်ိန္မွာ ၅၀ ကတ္တီထက္မနည္း​ေပ။ ၿပီး​ေတာ့ အဲ့တာ​ေတြကို​ေက်ာမွာသယ္ရင္း ၂၂ထပ္အျမင့္ဆီတက္ရဦးမည္။

[ T/n :Catty (ကတ္တီ) ဆိုတာတ႐ုတ္နဲ႔ အခ်ိဳ႕ႏိုင္ငံ​ေတြမွာသုံးတဲ့ အ​ေလးခ်ိန္အတိုင္းအတာပါ။

1 catty (ကတ္တီ) = 0.6 kg

50 catties = 30 kg ]

အားလုံးအဆင္သင့္ျဖစ္ခ်ိန္တြင္ ရန္ရိ သူ႔တပ္သား​ေတြနဲ႔အတူ ထြက္ခြာ၏။ ႐ုတ္တရက္ဆိုသလို ကုံးရင့္ရွန္​ေဘးမွာရပ္​ေနရင္း သူ႔အားၾကည့္​ေနသည္ကို ​ေတြ႕လိုက္ရသည္။ ကုံးရင့္ရွန္မ်က္ႏွာက​ေတာ့ စာ႐ြက္ျဖဴတစ္႐ြက္လို ​​ေဖ်ာ့​ေတာ့​ေနလ်က္။

ရန္ရိ အမည္​ေဖာ္မရဘဲ သူ႔ႏွလုံးသားကို ဖမ္းဆုပ္လိုက္သလို ခံစားလိုက္ရၿပီး သူ႔လက္အိတ္ကိုခြၽတ္ကာ ကုံးရင့္ရွန္ကို လက္မ​ေထာင္ျပလိုက္ရင္း ပါးစပ္ကလည္း ​ေျပာလိုက္​ေသးသည္။

" မစိုးရိမ္ပါနဲ႔ "

ကုံးရင့္ရွန္ ရင္ဘတ္သည္ တသိမ့္စိမ့္တုန္​ေန၍ သူလက္အိတ္ရွည္ကိုခြၽတ္ကာ ရန္ရိကို ျပန္လည္လက္မ​ေထာင္ျပလိုက္​ေလ၏။

♡♡♡♡♡♡♡♡♡♡

ဒီ chapter က ခ်စ္ဖို႔​ေကာင္းတယ္ အႏၲရာယ္လည္းမ်ားတယ္ ခံစားခ်က္​ေတြလည္း ​ေဖာက္ျမင္​ေနရၿပီ ဟုတ္? ဒါ​ေပမယ့္ ကုံးရင့္ရွန္ဘက္က​ေတာ့ အခုက သူငယ္ခ်င္းအခ်စ္စိတ္ပဲျဖစ္​ေနပါ​ေသးတယ္ :3

အရမ္းအႏၲရာယ္မ်ားတာပါ မီးသတ္သမား​ေတြအလုပ္က ဘယ္​ေနရာမဆို ​ေရွ႕ဆုံးကထြက္ရ လုပ္ရတယ္ ဒီ​ေန႔သတင္းမွာ​ေတာင္ပါ​ေသးတယ္ ရန္ကုန္မွာကယ္ဆယ္​ေရးေလ။ ​ေႁမြကအစဖမ္း​ေပးရ၊ အိမ္ကအစ ​ေလာ့ခ္ဖြင့္​ေပးရတဲ့ မီးသတ္သမား​ေတြရယ္ပါ။ ​ေရးျပပုံ​ေဖာ္​ေပးၿပီး ဂုဏ္ယူစရာ​ေကာင္းတဲ့သူ​ေတြကို အျမင္တစ္ခု​ေပၚေအာင္ လမ္းခင္း​ေပးလို႔ author ကိုလည္းအရမ္း​ေလးစားမိပါတယ္။ Shui ge ရဲ႕အ​ေရးအသား​ေတြကိုလည္း ဂုဏ္ယူစြာနဲ႔ ဘာသာျပန္​ေပးပါ့မယ္ ♡

ဘာသာျပန္ရင္း ျပန္ရင္းနဲ႔ မီးသတ္ထဲ၀င္မယ္ခ်ည္း တကဲကဲလုပ္​ေနလို႔ အိမ္ကမနည္းတား​ေနရပါတယ္ :3

***အခု ရန္ရိက ​ေရွ႕တန္းထြက္သြားတဲ့​ေယာက္်ား၊ ကုံးရင့္ရွန္က ​ေယာက္်ားကို​ေရွ႕တန္းလိုက္ပို႔ၿပီး မ်က္ရည္၀ဲ ​ေရွ႕​ေရးကို​ေမွ်ာ္​ေတြး​စိတ္ပူေနတဲ့ မိန္းမနဲ႔ တူမ​ေန​ေပဘူးလား ဟဲဟဲ ***