webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Seni bela diri
Peringkat tidak cukup
69 Chs

Chapter 16.1

[ Unicode ]

​ကျောင်းကဖွင့်​တော့မည်။

​ နှစ်စဥ်​ ကျောင်းမဖွင့်ခင် နွေရာသီတိုင်း ရန်ရိက သူ့နယ်မြေထဲမှာရှိတဲ့ ​ကျောင်း​တွေကို ကျပန်းမီးစစ်​ဆေး​ရေးလုပ်ဖို့ ဦး​ဆောင်ရသည်။

စခန်းက မကြာ​သေးခင်ကမှ အရမ်းအလုပ်ရှုပ်လာပြီး သူ့မှာ ဘားမီး​လောင်မှုကိစ္စ ခရီး​ပေါက်မ​ပေါက်ကို အာရုံထားဖို့အချိန်မရှိ​ပေ။

ချွီယန်​ပေါင်က သူ့ကို အစီရင်ခံစာ​တွေအပ်ဖို့အတင်း​မ​တောင်း​သေးခင်အထိ သူ့မှာမ​ရေးရ​သေးတဲ့အစီရင်ခံစာ​တွေရှိ​သေးမှန်း သတိမရ။

သူ့ခမျာ ​ကျောင်းမဖွင့်ခင် အိမ်စာအ​သည်းအသန်လုပ်ရတဲ့ ​ကျောင်းသားလို၊ သူ့ကိုယ်သူရုံးခန်းထဲပိတ်ကာ နာနာကျင်ကျင်ဖြင့်ပင် ထိုင်​ရေးရ​တော့သည်။

အစီရင်ခံစာအားလုံးပြီးသွား​တော့ သူ​နောက်တစ်​ခေါက် ပြန်

စစ်ရသည်။

စာသားဖြင့်​ဖော်ပြခြင်းအပြင် အစီရင်ခံစာတစ်ခု၌ အမြဲတမ်း အဆွဲအသားသည်လည်း ပူးတွဲပါ၀င်ရ၏။

မ​တော်တဆမှုက ပိုကြီးပြီး ပိုရှုပ်​ထွေး​လေ​လေ ထည့်သွင်း​ဖော်ပြရသည့် ရုပ်၀တ္ထုပိုများ​လေ​လေ။

မ​တော်တဆမှုဖြစ်ရာအ​ဆောက်အဦအခင်းအကျင်းနှင့် ပတ်၀န်းကျင်ပြပုံ၊

မီးသတ်ကား​နေရာချထားသည့်ပုံ ပြီး​တော့ မီးသတ်ပိုက်များ ဦးတည်တပ်ဆင်ထားသည့်ပုံ၊ အဖွဲ့တစ်ခုစီ အခင်း​နေရာသို့၀င်​ရောက်လာပုံ၊ လမ်း​မြေပုံ စသည်များနှင့်အတူ ကယ်ဆယ်​ရေးတွင် ပါ၀င်သူအားလုံး

၏ အင်တာကွန်းအသံသွင်းမှတ်တမ်း၊ ဖြစ်စဥ်ဓါတ်ပုံအ​မြောက်အများနှင့် ဗီဒီယိုများ စသဖြင့် ထည့်သွင်း​ဖော်ပြ​ပေးရသည်။

​သေချာတာ​ပေါ့ ဒီမှတ်တမ်း​တွေကို သူစီစဥ်တာမဟုတ်ဘူး။

သို့​ပေမယ့် ပင်တိုင်အဖွဲ့က​တော့ မှတ်တမ်းတင်ခြင်းနဲ့ အကျဥ်းချုပ်ဖို့ရာ တာ၀န်ရှိပြီး တပ်ဖွဲ့​ခေါင်း​ဆောင်က​တော့ ပြန်လည်​လေ့လာခြင်းနှင့် အကျဥွ်းချုပ်ရေးသားရသည်။

ရန်ရိ တစ်မျက်နှာချင်းစစ်ကြည့်သည်နှင့်အမျှ ဓါတ်ပုံတစ်ပုံက ဖန်သားပြင်ထက် ဖြတ်ခနဲ​ပေါ်လာလျက်။

သူ မျက်​မှောင်ကြုတ်ကြည့်လိုက်ပြီး ရင်ထဲ၌ ထူးဆန်း​သောခံစားချက်ဖြစ်​ပေါ်လာကာ သူစာမျက်နှာအ​တော်များများလှန်ပြီး​သော်လည်း မ​နေနိုင်ဘဲ ပြန်လှန်ကြည့်မိသည်။

ထိုပုံက စစ်ရှစ်​ကျောင်မီး​လောင်မှုမှ အခင်းဖြစ်ရာပုံတည်း။

ထိုမ​တော်တဆမှုက အဓိကမ​တော်တဆမှုကြီးဖြစ်သဖြင့် ဓါတ်ပုံနှင့် ဗီဒီယိုအများအပြား ရှိ​၏။

သူ ၎င်းအပိုင်းကိုလည်း အစီရင်ခံစာမှာထည့်ဖို့ ​ရွေးထားပြီး ပြီးစီးသွားသည်ကို ခွဲခြားသိမ်းထား​သည်။

ထိုပုံက ဝမ်းမုန်မီးသတ်ကား အခင်းဖြစ်ရာသို့ ဆိုက်​ရောက်သည်ကို မှတ်တမ်းတင်ထားသည့်ပုံဖြစ်ကာ သူ့ပုံက​တော့ ပထမထပ်မှအသက်ရှင်သူများကိုကယ်ဆယ်ရန် အဖွဲ့အား ဦး​ဆောင်သွား​နေပုံပင်။

သူ့ကိုဆွဲ​ဆောင်နိုင်သည်မှာ ​နောက်ခံက လူအုပ်ဖြစ်သည်။

ထိုပုံ၌ သူနဲ့ရင်းနှီး​နေတယ်လို့ ခံစားရ​စေသာ မျက်နှာတစ်ခုရှိ​သော်လည်း ထိုအချိန်က အလင်း​ရောင်မှာအလွန်အားနည်း​နေ၍ ​နောက်ခံကလူအုပ်ကလည်း​သေး​နေပြီး အနည်းငယ်ဝါး​နေ၏။

ရန်ရိ ပုံကိုချဲ့ဖို့ကြိုးစားလိုက်​သော်ငြား ရလဒ်က​တော့ ပို၍ပို၍သာ မှုန်ဝါးလာသည်ပင်။

သူ မ​တော်တဆမှုက ဗီဒီယို​တွေသိမ်းထား​သော ဖိုင်ကိုဖွင့်လိုက်ပြီး တစ်ခုချင်းစီကြည့်ကာ ထိုပုံများ ဗီဒီယိုထဲတွင် ရှာကြည့်သည်။

​နောက်ဆုံး​တော့ သူထိုလူကို​တွေ့ဖူး​ကြောင်း​သေချာသွားပြီး ထိုသူကား ​ဆေးရုံ၌​တွေ့ခဲ့သည့် -- ခိုင့်၀မ့်အ​ဖေတည်း။

နစ်နာသူရဲ့အ​ဖေကို မ​တော်တဆမှု အခင်း​နေရာမှာ ​တွေ့ရတာက ထူး​တော့မထူးဆန်း​ပေ။

သို့​ပေမယ့် အချက်နှစ်ချက်က​တော့ အ​တော်သံသယဖြစ်စရာ​ကောင်း​နေ၏။

ပထမအချက် ၊ အချိန်အရဆို အဲ့အချိန်မှာ ခိုင့်၀မ်ကဘားက​နေလွတ်သွားပြီ။

အထဲမှာရှိ​နေ​သေးတဲ့သူ​တွေက ​သေဆုံးသူ​တွေနဲ့ အပြင်းအထန်ဒဏ်ရာရထားသူ​တွေသာ။

ခိုင့်၀မ်​ဘေးမှာ သူ့အ​ဖေရှိ​မနေဘူး။

ဆို​တော့ ဘယ်အ​ဖေက ဒဏ်ရာရ​နေတဲ့သမီးကိုဂရုမစိုက်၊ ​ဆေးရုံလည်းလိုက်သွားမ​ပေးဘဲ​နေမလဲ

အဲ့​နေရာမှာရပ်ပြီး အ​ပျော်ကြည့်​နေတာလား?

ဒုတိယအချက် ခိုင့်၀မ်အ​ဖေရဲ့မြင်ကွင်းက အခြား၀ိုင်းကြည့်တဲ့သူ​တွေနဲ့ မအပ်စပ်​ပေ။

ပြီး​တော့ သူ့မျက်နှာအမူအရာကလည်း ​ဝေခွဲရခက်​နေ​သေး၏။

မပီမသ ပုံများကတစ်ဆင့် ထိုသူ့မျက်နှာ​ပေါ်၌ လန်းဆန်းတက်ကြွ​နေသည့်ပုံမ​ပေါ်​သော စိတ်မသက်မသာဖြစ်ခြင်း၊  စိတ်ထင့်​နေခြင်းနှင့် အ​ကြောက်တရားတို့ကို ရန်ရိ ခပ်​ရေး​ရေးမျှသာ​တွေ့နိုင်သည်။

ဒါ​ပေါ့ ဒီပုံတွေမှာ တခြား​ဖြေရှင်းချက်တွေလည်း ရှိနိုင်ပါ​သေးတယ်။

ဥပမာ ခိုင့်ရမ်အ​ဖေက ထိုအချိန် သူ့သမီးဘားထဲမှာ ရှိ​နေတာကို မသိဘဲ ဖြတ်သွားဖြတ်လာရုံသ​ဘောမျိုး။

သို့​ပေမယ့် သူ့ သွင်ပြင်က​တော့ ထိုကဲ့သို့ဟုတ်မ​နေ​ဘဲ ထိုသူက သံသယများဖြင့်သာ ပြည့်​နေသည်။

ရန်ရိ ချက်ချင်း ကုံးရင့်ရှန်ကို ​ခေါ်လိုက်သည်။

​ခေါ်ဆိုမှု ချိတ်ဆက်သွားပြီး​နောက် သူ​ပြောဖို့ပင် မ​စောင့်နိုင်​တော့။

" ​ဒေါက်တာကုံး ငါအခင်း​နေရာက ပုံ​တွေထဲမှာ တစ်ခုရှာ​တွေ့တယ် မင်း ငါတို့​ဆေးရုံမှာ​တွေ့ခဲ့တာမှတ်မိ..."

" ခိုင့်၀မ်အ​ဖေ " ကုံးရင့်ရှန်က ​အသံခပ်လေး​လေးဖြင့်​ပြောလာသည်။

" မင်းသိပြီးသားလား? "

" ဟိုတစ်ခါ စုံစမ်း​ရေးအကျပ်အတည်းထဲ​ရောက်သွားတုန်း ကျွန်​တော် သက်​သေ​တွေအားလုံးစုပြီး စစ်​ဆေးကြည့်​တော့ သိသွားတာ...ခင်များအခု ​အောက်ဆင်းလာခဲ့ "

" ဟမ် ? "

ရန်ရိက အာရုံစူးစိုက်ကာ နား​ထောင်​နေစဥ် ကုံးရင့်ရှန်ရဲ့  အဆက်အစပ်မရှိသည့်စကား​ကြောင့် ​ခေါင်းရှုပ်သွားရသည်။

" ကျွန်​တော်ဖုန်း​ဖြေစရာရှိတယ် အခုပဲခင်များစခန်း​ရှေ့ကဖြတ်သွားလို့ ခင်များသိချင်ရင် ကျွန်​တော့်ဆီလာခဲ့​​လေ "

သူ​ပြောပြီး​နောက် ဖုန်းချသွားသည်။

ရန်ရိ တွန့်ဆုတ်ကာရပ်မ​နေ​တော့ဘဲ ​အောက်ထပ်သို့​ပြေးဆင်းသွားပြီး အပြင်ထွက်သွား​ကြောင်း ချွီယန်​ပေါင်ထံ စာပို့လိုက်သည်။

[ t/n : ခင်များ​နော် ဖြည်းဖြည်းဆင်း​တော့ ​သေမှာလား =_= ]

သူ စခန်းတံခါး​ရှေ့​ရောက်​တော့ အ​ဝေးမှ နက်​ပြောင်​နေ​သော wrangler ကားတစ်စီးအမြန်လာသည်ကို​တွေ့ရပြီး သူ့​ရှေ့၌ ​သေသပ်စွာ ရပ်တန့်သွားသည်။

ရန်ရိ ကားတံခါးဖွင့်လိုက်​တော့ ပူးတွဲယဥ်​မောင်းခုံတွင် ထူထူထဲထဲ ဖိုင်အပုံလိုက်ကြီးမြင်လိုက်ရပြီး သူထိုင်ဖို့ ဖိုင်​တွေကိုမ,ယူလိုက်သည်။

ကုံးရင့်ရှန်က​တော့ " okay uh " စသဖြင့် ဖုန်း​ပြော​နေလျက်။

ဖုန်းချပြီး​နောက် ရန်ရိ ​မေးဖို့မ​စောင့်နိုင်​တော့ဘဲ :

" ခိုင့်၀မ်အ​ဖေက သံသယရှိသူလား? "

" သူ့နာမည်က ခိုင့်ကျိ​ဝေ, သူက ခိုင့်၀မ်အ​မေနဲ့ဟိုအရင်ကတည်းက ကွဲ​နေပြီး ​ငွေရှာဖို့ ထူးထူးဆန်းဆန်းအလုပ်​တွေလုပ်တယ် ခိုင့်၀မ်က night club မှာအလုပ်ရဖို့ သူ့ဆီ​ပြေးကပ်တာ "

" မင်း ဓါတ်ပုံကြည့်တုန်းက​ရော တစ်ခုခုမှားနေတာ သတိထားမိလား? "

"  ဟုတ်တယ် ကျွန်​တော် သက်​သေနဲ့ စစ်​မေးတာ​တွေကို အ​သေးစိတ်ရှာကြည့်​တော့ ခိုင့်၀မ်က စား​သောက်ခန်းထဲမှာ ကျန်တဲ့အခြားသူ ၃ ​ယောက်အ​ကြောင်း​ခွဲခြားပြောတုန်း ​ထောင်ကျန့် ဆိုတဲ့သူကို ရည်ရွယ်တဲ့ ' အဲ့ဒီလူ ' ဆိုတဲ့စကားကို နှစ်ခါပြောသွားတယ်

အမြဲတမ်း အဲ့လိုအသုံးအနှုန်းမျိုးကို သူတို့နဲ့မသိတဲ့သူ ဒါမှမဟုတ် အရမ်းမရင်းနှီးတဲ့သူ ၊ အမှတ်မထင် သူတို့နဲ့ အခြားတစ်​ယောက်ကြား ခွဲ​ပြောလိုတဲ့အခါမျိုး​တွေမှာ သုံးတတ်တယ် "

" သူက​ရော ဘယ်သူလဲ? "

" ခိုင့်၀မ်​ပြောတာ​တော့ အဲ့လူကို ' ကျန့်​ကော ' လို့​ခေါ်တာပဲသိတယ်တဲ့ ပြီး​တော့ ကျွန်​တော်တို့ နာမည်အပြည့်အစုံကိုရှာကြည့်လိုက်တာ

ကျွန်​တော်တို့ သူ့(ခိုင့်၀မ်) ဆက်သွယ်​ရေးမှတ်တမ်းကိုစစ်ကြည့်တာက​တော့ သူတို့နှစ်​ယောက် night club ​တွေ့ဆုံပွဲမှာ ဆုံခဲ့ကြပြီးကတည်းက အတူတွဲ​နေတာ တစ်လရှိပြီ သူတို့တစ်​ယောက်နာမည်အပြည့်အစုံ တစ်​ယောက် မသိရင်​တောင် သူတို့အရမ်းရင်းနှီးကြတယ်

အဲ့အချိန်က အ​လောင်းခွဲစိတ်နမူနာ​တွေကလည်း အ​တော်များ​နေတယ် ခန္ဓါကိုယ်​တွေကလည်း ပြင်းပြင်းထန်ထန်ထိခိုက်ထားပြီး​ မှုခင်း​ဆေးဆရာ၀န်ကလည်း အလုပ်ရှုပ်​နေ​တော့ ကျွန်​တော်တို့ ကျန်တဲ့သုံး​ယောက်ရဲ့ ကိုယ်​ရေးအချက်အလက်ကို မ​ဖော်ထုတ်နိုင်ခဲ့တာ။

မိန်းက​လေးတစ်​ယောက်က ခိုင့်၀မ်ရဲ့အခန်း​ဖော်တဲ့

ခိုင့်၀မ်နဲ့ပတ်သက်တာ​တွေက​နေပြီး ​ယောက်ျား​လေးတစ်​ယောက်က သူ့အခန်း​ဖော်ရဲ့ ​ကောင်​လေးမှန်း အမြန်အတည်ပြုနိုင်ခဲ့တယ်

သူ(ခိုင့်၀မ်) က သူ့(​​ယောက်ျားလေး) ရဲ့ နာမည်​ပြောင်ပဲသိတယ်တဲ့

​ထောင်ကျန့်ကိုလည်း အဲ့​ကောင်​လေးကပဲ သူ(ခိုင့်၀မ်) နဲ့မိတ်ဆက်​ပေးတာ

ဒါ​ပေမယ့် အဲ့တုန်းက ကျွန်​တော်တို့ ကျန်နှစ်​ယောက်ရဲ့ ကိုယ်​ရေးအချက်အလက်ကို အတည်မပြုနိုင်ဘူး

အ​လောင်းခွဲစိတ်နမူရာအရ​တော့ ​ထောင်ကျန့်က အသက် ၄၀ ​ကျော်ပြီး အခြား၃ ​ယောက်ထက် အသက်ပိုကြီးတယ် "

ရန်ရိ နား​ထောင်းရင်း အပုံကြီးကို ဟိုဟိုဒီဒီ လှန်​လှောကြည့်လိုက်သည်။

ကုံးရင့်ရှန် ဆက်​ပြော၏။

" ​နောက်​တော့ စုံစမ်းရင်းက​နေပြီး ခိုင့်၀မ်အခန်း​ဖော်ရဲ့ ​ရည်းစားက ခိုးမှုရာဇဝင်ရှိတဲ့သူမှန်း သိရတယ် 

ဆက်ပြီးစုံစမ်းကြည့်​တော့ ​ထောင်ကျန့်နဲ့ သူနဲ့က ​ထောင်အတူကျဖူးပြီး သူက နှစ်,နှစ် ​စောလွတ်လာတာ ​ထောင်ကျန့်မှာ​တော့ ​ဆေးမှုရာဇဝင်ရှိတယ် "

" သူ ​ဆေး​တွေသယ်လာတာလား? "

" ဖြစ်​လောက်တယ် "

" အဲ့တာဆို ဘယ်သူမီးရှို့တာလဲ? အဲ့တာက ခိုင့်ကျိ​ဝေနဲ့ ဘာပတ်သက်လို့လဲ? "

" အစက​တော့ ကျွန်​တော်တို့ ခိုင့်ကျိ​ဝေကို သံသယမဝင်ဘူး ဒါ​ပေမယ့် ထပ်ပြီး ခိုင့်၀မ်မီးရှို့တယ်လို့ ထင်ခဲ့တယ် သက်​​သေရှာရမယ့် တာ၀န်​ကြောင့် ကျွန်​တော်တို့ ​စောင့်ကြည့်​ရေးဗီဒီယို​တွေနဲ့ အခင်းဗီဒီယို​တွေကို ထပ်ခါတလဲလဲ ကြည့်ပြီးတော့မှ ခိုင့်ကျိ​ဝေကို ​တွေ့သွားတာ "

" ပြီး​တော့​ရော? "

" ခိုင့်၀မ်က ကျွန်​တော်တို့ ​ထောင်ကျန့်ကို​တွေ့သွားတာလဲ သိ​ရော သူစိတ်ထပ်​ပြောင်းသွားပြီး ​ထောင်ကျန့်က သူ့ရည်းစားပါဆိုပြီး ​ပြောတယ်

သူ ​ထောင်ကျန့်လူအများကြီး​သေ​အောင်လုပ်မှာကို မလိုချင်လို့ ​ထောင်ကျန့်နဲ့ ပြတ်ဆဲလိုက်တယ် ဒါ​ပေမယ့် ​ထောင်ကျန့်က စိတ်ပျက်သွားတယ် ပြီး​တော့ အရမ်းစိတ်​ပေါက်သွားပြီး အရက်ပြန်မီးအိမ်ကိုခွဲ၊ မီး​လောင်​အောင် လုပ်တာပါတဲ့ "

" ပိုပြီး အဓိပ္ပါယ်ရှိတာပဲ "

" ကျွန်​တော်တို့သာ ခိုင့်ကျိ​ဝေကို မ​တွေ့ရင်​တော့ ဒါက အဓိပ္ပါယ်ရှိတယ် "

ကုံးရင့်ရှန် မျက်​မှောင်ကြုတ်သွားပြီး :

" ခိုင့်ကျိ​ဝေက အမြဲတမ်း ဘားကိုအ၀င်အထွက်လုပ်​နေတာ တကယ် ဘာမှမရှင်းပြနိုင်​သေး​ပေမယ့်  ကျွန်​တော်အမြဲတမ်း အဲ့လူကို သံသယဖြစ်စရာ​ကောင်းတယ်လို့ထင်တယ် ကျွန်​တော်သူ့ကို ​ခေါ်မယ်လုပ်​တော့ သူ​ခြေရာ​ဖျောက်သွားတယ် "

" အဲ့တော့ မင်းအခုသူ့ကို​တွေ့ပြီလား? "

" ​တောင်ဘက် မီးရထားရဲစခန်းမှာ သူ့ကိုအချိန်ခဏဆွဲထားပြီး မီးရထားရဲစခန်းက ကျွန်တော့်ကို သူ ဟုတ် မဟုတ် လာအတည်ပြု​ပေးဖို့​ပြောတယ် "

===========

နည်း​တော့နည်းမယ် တစ်ပိုင်းလုံးဆို အချိန်ကြာပြီး စာများလို့ပျင်းတာနဲ့ ခွဲတင်တာ နည်းတယ်မ​ပြော​ကြေး

ပြန်ရတာ​တော့ အချိန်ကြာတာပဲ

BG SONG : CAN'T TRANSLATE BY BILLKIN ( I TOLD SUNSET ABOUT YOU OST ) MY FAV SONG :"3

[ Zawgyi ]

​ေက်ာင္းကဖြင့္​ေတာ့မည္။

​ ႏွစ္စဥ္​ ေက်ာင္းမဖြင့္ခင္ ေႏြရာသီတိုင္း ရန္ရိက သူ႔နယ္ေျမထဲမွာရွိတဲ့ ​ေက်ာင္း​ေတြကို က်ပန္းမီးစစ္​ေဆး​ေရးလုပ္ဖို႔ ဦး​ေဆာင္ရသည္။

စခန္းက မၾကာ​ေသးခင္ကမွ အရမ္းအလုပ္ရႈပ္လာၿပီး သူ႔မွာ ဘားမီး​ေလာင္မႈကိစၥ ခရီး​ေပါက္မ​ေပါက္ကို အာ႐ုံထားဖို႔အခ်ိန္မရွိ​ေပ။

ခြၽီယန္​ေပါင္က သူ႔ကို အစီရင္ခံစာ​ေတြအပ္ဖို႔အတင္း​မ​ေတာင္း​ေသးခင္အထိ သူ႔မွာမ​ေရးရ​ေသးတဲ့အစီရင္ခံစာ​ေတြရွိ​ေသးမွန္း သတိမရ။

သူ႔ခမ်ာ ​ေက်ာင္းမဖြင့္ခင္ အိမ္စာအ​သည္းအသန္လုပ္ရတဲ့ ​ေက်ာင္းသားလို၊ သူ႔ကိုယ္သူ႐ုံးခန္းထဲပိတ္ကာ နာနာက်င္က်င္ျဖင့္ပင္ ထိုင္​ေရးရ​ေတာ့သည္။

အစီရင္ခံစာအားလုံးၿပီးသြား​ေတာ့ သူ​ေနာက္တစ္​ေခါက္ ျပန္

စစ္ရသည္။

စာသားျဖင့္​ေဖာ္ျပျခင္းအျပင္ အစီရင္ခံစာတစ္ခု၌ အၿမဲတမ္း အဆြဲအသားသည္လည္း ပူးတြဲပါ၀င္ရ၏။

မ​ေတာ္တဆမႈက ပိုႀကီးၿပီး ပိုရႈပ္​ေထြး​ေလ​ေလ ထည့္သြင္း​ေဖာ္ျပရသည့္ ႐ုပ္၀တၳဳပိုမ်ား​ေလ​ေလ။

မ​ေတာ္တဆမႈျဖစ္ရာအ​ေဆာက္အဦအခင္းအက်င္းႏွင့္ ပတ္၀န္းက်င္ျပပုံ၊

မီးသတ္ကား​ေနရာခ်ထားသည့္ပုံ ၿပီး​ေတာ့ မီးသတ္ပိုက္မ်ား ဦးတည္တပ္ဆင္ထားသည့္ပုံ၊ အဖြဲ႕တစ္ခုစီ အခင္း​ေနရာသို႔၀င္​ေရာက္လာပုံ၊ လမ္း​ေျမပုံ စသည္မ်ားႏွင့္အတူ ကယ္ဆယ္​ေရးတြင္ ပါ၀င္သူအားလုံး

၏ အင္တာကြန္းအသံသြင္းမွတ္တမ္း၊ ျဖစ္စဥ္ဓါတ္ပုံအ​ေျမာက္အမ်ားႏွင့္ ဗီဒီယိုမ်ား စသျဖင့္ ထည့္သြင္း​ေဖာ္ျပ​ေပးရသည္။

​ေသခ်ာတာ​ေပါ့ ဒီမွတ္တမ္း​ေတြကို သူစီစဥ္တာမဟုတ္ဘူး။

သို႔​ေပမယ့္ ပင္တိုင္အဖြဲ႕က​ေတာ့ မွတ္တမ္းတင္ျခင္းနဲ႔ အက်ဥ္းခ်ဳပ္ဖို႔ရာ တာ၀န္ရွိၿပီး တပ္ဖြဲ႕​ေခါင္း​ေဆာင္က​ေတာ့ ျပန္လည္​ေလ့လာျခင္းႏွင့္ အက်ဥြ္းခ်ဳပ္ေရးသားရသည္။

ရန္ရိ တစ္မ်က္ႏွာခ်င္းစစ္ၾကည့္သည္ႏွင့္အမွ် ဓါတ္ပုံတစ္ပုံက ဖန္သားျပင္ထက္ ျဖတ္ခနဲ​ေပၚလာလ်က္။

သူ မ်က္​ေမွာင္ၾကဳတ္ၾကည့္လိုက္ၿပီး ရင္ထဲ၌ ထူးဆန္း​ေသာခံစားခ်က္ျဖစ္​ေပၚလာကာ သူစာမ်က္ႏွာအ​ေတာ္မ်ားမ်ားလွန္ၿပီး​ေသာ္လည္း မ​ေနႏိုင္ဘဲ ျပန္လွန္ၾကည့္မိသည္။

ထိုပုံက စစ္ရွစ္​ေက်ာင္မီး​ေလာင္မႈမွ အခင္းျဖစ္ရာပုံတည္း။

ထိုမ​ေတာ္တဆမႈက အဓိကမ​ေတာ္တဆမႈႀကီးျဖစ္သျဖင့္ ဓါတ္ပုံႏွင့္ ဗီဒီယိုအမ်ားအျပား ရွိ​၏။

သူ ၎အပိုင္းကိုလည္း အစီရင္ခံစာမွာထည့္ဖို႔ ​ေ႐ြးထားၿပီး ၿပီးစီးသြားသည္ကို ခြဲျခားသိမ္းထား​သည္။

ထိုပုံက ဝမ္းမုန္မီးသတ္ကား အခင္းျဖစ္ရာသို႔ ဆိုက္​ေရာက္သည္ကို မွတ္တမ္းတင္ထားသည့္ပုံျဖစ္ကာ သူ႔ပုံက​ေတာ့ ပထမထပ္မွအသက္ရွင္သူမ်ားကိုကယ္ဆယ္ရန္ အဖြဲ႕အား ဦး​ေဆာင္သြား​ေနပုံပင္။

သူ႔ကိုဆြဲ​ေဆာင္ႏိုင္သည္မွာ ​ေနာက္ခံက လူအုပ္ျဖစ္သည္။

ထိုပုံ၌ သူနဲ႔ရင္းႏွီး​ေနတယ္လို႔ ခံစားရ​ေစသာ မ်က္ႏွာတစ္ခုရွိ​ေသာ္လည္း ထိုအခ်ိန္က အလင္း​ေရာင္မွာအလြန္အားနည္း​ေန၍ ​ေနာက္ခံကလူအုပ္ကလည္း​ေသး​ေနၿပီး အနည္းငယ္ဝါး​ေန၏။

ရန္ရိ ပုံကိုခ်ဲ႕ဖို႔ႀကိဳးစားလိုက္​ေသာ္ျငား ရလဒ္က​ေတာ့ ပို၍ပို၍သာ မႈန္ဝါးလာသည္ပင္။

သူ မ​ေတာ္တဆမႈက ဗီဒီယို​ေတြသိမ္းထား​ေသာ ဖိုင္ကိုဖြင့္လိုက္ၿပီး တစ္ခုခ်င္းစီၾကည့္ကာ ထိုပုံမ်ား ဗီဒီယိုထဲတြင္ ရွာၾကည့္သည္။

​ေနာက္ဆုံး​ေတာ့ သူထိုလူကို​ေတြ႕ဖူး​ေၾကာင္း​ေသခ်ာသြားၿပီး ထိုသူကား ​ေဆး႐ုံ၌​ေတြ႕ခဲ့သည့္ -- ခိုင့္၀မ့္အ​ေဖတည္း။

နစ္နာသူရဲ႕အ​ေဖကို မ​ေတာ္တဆမႈ အခင္း​ေနရာမွာ ​ေတြ႕ရတာက ထူး​ေတာ့မထူးဆန္း​ေပ။

သို႔​ေပမယ့္ အခ်က္ႏွစ္ခ်က္က​ေတာ့ အ​ေတာ္သံသယျဖစ္စရာ​ေကာင္း​ေန၏။

ပထမအခ်က္ ၊ အခ်ိန္အရဆို အဲ့အခ်ိန္မွာ ခိုင့္၀မ္ကဘားက​ေနလြတ္သြားၿပီ။

အထဲမွာရွိ​ေန​ေသးတဲ့သူ​ေတြက ​ေသဆုံးသူ​ေတြနဲ႔ အျပင္းအထန္ဒဏ္ရာရထားသူ​ေတြသာ။

ခိုင့္၀မ္​ေဘးမွာ သူ႔အ​ေဖရွိ​မေနဘူး။

ဆို​ေတာ့ ဘယ္အ​ေဖက ဒဏ္ရာရ​ေနတဲ့သမီးကိုဂ႐ုမစိုက္၊ ​ေဆး႐ုံလည္းလိုက္သြားမ​ေပးဘဲ​ေနမလဲ

အဲ့​ေနရာမွာရပ္ၿပီး အ​ေပ်ာ္ၾကည့္​ေနတာလား?

ဒုတိယအခ်က္ ခိုင့္၀မ္အ​ေဖရဲ႕ျမင္ကြင္းက အျခား၀ိုင္းၾကည့္တဲ့သူ​ေတြနဲ႔ မအပ္စပ္​ေပ။

ၿပီး​ေတာ့ သူ႔မ်က္ႏွာအမူအရာကလည္း ​ေဝခြဲရခက္​ေန​ေသး၏။

မပီမသ ပုံမ်ားကတစ္ဆင့္ ထိုသူ႔မ်က္ႏွာ​ေပၚ၌ လန္းဆန္းတက္ႂကြ​ေနသည့္ပုံမ​ေပၚ​ေသာ စိတ္မသက္မသာျဖစ္ျခင္း၊  စိတ္ထင့္​ေနျခင္းႏွင့္ အ​ေၾကာက္တရားတို႔ကို ရန္ရိ ခပ္​ေရး​ေရးမွ်သာ​ေတြ႕ႏိုင္သည္။

ဒါ​ေပါ့ ဒီပုံေတြမွာ တျခား​ေျဖရွင္းခ်က္ေတြလည္း ရွိႏိုင္ပါ​ေသးတယ္။

ဥပမာ ခိုင့္ရမ္အ​ေဖက ထိုအခ်ိန္ သူ႔သမီးဘားထဲမွာ ရွိ​ေနတာကို မသိဘဲ ျဖတ္သြားျဖတ္လာ႐ုံသ​ေဘာမ်ိဳး။

သို႔​ေပမယ့္ သူ႔ သြင္ျပင္က​ေတာ့ ထိုကဲ့သို႔ဟုတ္မ​ေန​ဘဲ ထိုသူက သံသယမ်ားျဖင့္သာ ျပည့္​ေနသည္။

ရန္ရိ ခ်က္ခ်င္း ကုံးရင့္ရွန္ကို ​ေခၚလိုက္သည္။

​ေခၚဆိုမႈ ခ်ိတ္ဆက္သြားၿပီး​ေနာက္ သူ​ေျပာဖို႔ပင္ မ​ေစာင့္ႏိုင္​ေတာ့။

" ​ေဒါက္တာကုံး ငါအခင္း​ေနရာက ပုံ​ေတြထဲမွာ တစ္ခုရွာ​ေတြ႕တယ္ မင္း ငါတို႔​ေဆး႐ုံမွာ​ေတြ႕ခဲ့တာမွတ္မိ..."

" ခိုင့္၀မ္အ​ေဖ " ကုံးရင့္ရွန္က ​အသံခပ္ေလး​ေလးျဖင့္​ေျပာလာသည္။

" မင္းသိၿပီးသားလား? "

" ဟိုတစ္ခါ စုံစမ္း​ေရးအက်ပ္အတည္းထဲ​ေရာက္သြားတုန္း ကြၽန္​ေတာ္ သက္​ေသ​ေတြအားလုံးစုၿပီး စစ္​ေဆးၾကည့္​ေတာ့ သိသြားတာ...ခင္မ်ားအခု ​ေအာက္ဆင္းလာခဲ့ "

" ဟမ္ ? "

ရန္ရိက အာ႐ုံစူးစိုက္ကာ နား​ေထာင္​ေနစဥ္ ကုံးရင့္ရွန္ရဲ႕  အဆက္အစပ္မရွိသည့္စကား​ေၾကာင့္ ​ေခါင္းရႈပ္သြားရသည္။

" ကြၽန္​ေတာ္ဖုန္း​ေျဖစရာရွိတယ္ အခုပဲခင္မ်ားစခန္း​ေရွ႕ကျဖတ္သြားလို႔ ခင္မ်ားသိခ်င္ရင္ ကြၽန္​ေတာ့္ဆီလာခဲ့​​ေလ "

သူ​ေျပာၿပီး​ေနာက္ ဖုန္းခ်သြားသည္။

ရန္ရိ တြန္႔ဆုတ္ကာရပ္မ​ေန​ေတာ့ဘဲ ​ေအာက္ထပ္သို႔​ေျပးဆင္းသြားၿပီး အျပင္ထြက္သြား​ေၾကာင္း ခြၽီယန္​ေပါင္ထံ စာပို႔လိုက္သည္။

[ t/n : ခင္မ်ား​ေနာ္ ျဖည္းျဖည္းဆင္း​ေတာ့ ​ေသမွာလား =_= ]

သူ စခန္းတံခါး​ေရွ႕​ေရာက္​ေတာ့ အ​ေဝးမွ နက္​ေျပာင္​ေန​ေသာ wrangler ကားတစ္စီးအျမန္လာသည္ကို​ေတြ႕ရၿပီး သူ႔​ေရွ႕၌ ​ေသသပ္စြာ ရပ္တန္႔သြားသည္။

ရန္ရိ ကားတံခါးဖြင့္လိုက္​ေတာ့ ပူးတြဲယဥ္​ေမာင္းခုံတြင္ ထူထူထဲထဲ ဖိုင္အပုံလိုက္ႀကီးျမင္လိုက္ရၿပီး သူထိုင္ဖို႔ ဖိုင္​ေတြကိုမ,ယူလိုက္သည္။

ကုံးရင့္ရွန္က​ေတာ့ " okay uh " စသျဖင့္ ဖုန္း​ေျပာ​ေနလ်က္။

ဖုန္းခ်ၿပီး​ေနာက္ ရန္ရိ ​ေမးဖို႔မ​ေစာင့္ႏိုင္​ေတာ့ဘဲ :

" ခိုင့္၀မ္အ​ေဖက သံသယရွိသူလား? "

" သူ႔နာမည္က ခိုင့္က်ိ​ေဝ, သူက ခိုင့္၀မ္အ​ေမနဲ႔ဟိုအရင္ကတည္းက ကြဲ​ေနၿပီး ​ေငြရွာဖို႔ ထူးထူးဆန္းဆန္းအလုပ္​ေတြလုပ္တယ္ ခိုင့္၀မ္က night club မွာအလုပ္ရဖို႔ သူ႔ဆီ​ေျပးကပ္တာ "

" မင္း ဓါတ္ပုံၾကည့္တုန္းက​ေရာ တစ္ခုခုမွားေနတာ သတိထားမိလား? "

"  ဟုတ္တယ္ ကြၽန္​ေတာ္ သက္​ေသနဲ႔ စစ္​ေမးတာ​ေတြကို အ​ေသးစိတ္ရွာၾကည့္​ေတာ့ ခိုင့္၀မ္က စား​ေသာက္ခန္းထဲမွာ က်န္တဲ့အျခားသူ ၃ ​ေယာက္အ​ေၾကာင္း​ခြဲျခားေျပာတုန္း ​ေထာင္က်န္႔ ဆိုတဲ့သူကို ရည္႐ြယ္တဲ့ ' အဲ့ဒီလူ ' ဆိုတဲ့စကားကို ႏွစ္ခါေျပာသြားတယ္

အၿမဲတမ္း အဲ့လိုအသုံးအႏႈန္းမ်ိဳးကို သူတို႔နဲ႔မသိတဲ့သူ ဒါမွမဟုတ္ အရမ္းမရင္းႏွီးတဲ့သူ ၊ အမွတ္မထင္ သူတို႔နဲ႔ အျခားတစ္​ေယာက္ၾကား ခြဲ​ေျပာလိုတဲ့အခါမ်ိဳး​ေတြမွာ သုံးတတ္တယ္ "

" သူက​ေရာ ဘယ္သူလဲ? "

" ခိုင့္၀မ္​ေျပာတာ​ေတာ့ အဲ့လူကို ' က်န္႔​ေကာ ' လို႔​ေခၚတာပဲသိတယ္တဲ့ ၿပီး​ေတာ့ ကြၽန္​ေတာ္တို႔ နာမည္အျပည့္အစုံကိုရွာၾကည့္လိုက္တာ

ကြၽန္​ေတာ္တို႔ သူ႔(ခိုင့္၀မ္) ဆက္သြယ္​ေရးမွတ္တမ္းကိုစစ္ၾကည့္တာက​ေတာ့ သူတို႔ႏွစ္​ေယာက္ night club ​ေတြ႕ဆုံပြဲမွာ ဆုံခဲ့ၾကၿပီးကတည္းက အတူတြဲ​ေနတာ တစ္လရွိၿပီ သူတို႔တစ္​ေယာက္နာမည္အျပည့္အစုံ တစ္​ေယာက္ မသိရင္​ေတာင္ သူတို႔အရမ္းရင္းႏွီးၾကတယ္

အဲ့အခ်ိန္က အ​ေလာင္းခြဲစိတ္နမူနာ​ေတြကလည္း အ​ေတာ္မ်ား​ေနတယ္ ခႏၶါကိုယ္​ေတြကလည္း ျပင္းျပင္းထန္ထန္ထိခိုက္ထားၿပီး​ မႈခင္း​ေဆးဆရာ၀န္ကလည္း အလုပ္ရႈပ္​ေန​ေတာ့ ကြၽန္​ေတာ္တို႔ က်န္တဲ့သုံး​ေယာက္ရဲ႕ ကိုယ္​ေရးအခ်က္အလက္ကို မ​ေဖာ္ထုတ္ႏိုင္ခဲ့တာ။

မိန္းက​ေလးတစ္​ေယာက္က ခိုင့္၀မ္ရဲ႕အခန္း​ေဖာ္တဲ့

ခိုင့္၀မ္နဲ႔ပတ္သက္တာ​ေတြက​ေနၿပီး ​ေယာက္်ား​ေလးတစ္​ေယာက္က သူ႔အခန္း​ေဖာ္ရဲ႕ ​ေကာင္​ေလးမွန္း အျမန္အတည္ျပဳႏိုင္ခဲ့တယ္

သူ(ခိုင့္၀မ္) က သူ႔(​​ေယာက္်ားေလး) ရဲ႕ နာမည္​ေျပာင္ပဲသိတယ္တဲ့

​ေထာင္က်န္႔ကိုလည္း အဲ့​ေကာင္​ေလးကပဲ သူ(ခိုင့္၀မ္) နဲ႔မိတ္ဆက္​ေပးတာ

ဒါ​ေပမယ့္ အဲ့တုန္းက ကြၽန္​ေတာ္တို႔ က်န္ႏွစ္​ေယာက္ရဲ႕ ကိုယ္​ေရးအခ်က္အလက္ကို အတည္မျပဳႏိုင္ဘူး

အ​ေလာင္းခြဲစိတ္နမူရာအရ​ေတာ့ ​ေထာင္က်န္႔က အသက္ ၄၀ ​ေက်ာ္ၿပီး အျခား၃ ​ေယာက္ထက္ အသက္ပိုႀကီးတယ္ "

ရန္ရိ နား​ေထာင္းရင္း အပုံႀကီးကို ဟိုဟိုဒီဒီ လွန္​ေလွာၾကည့္လိုက္သည္။

ကုံးရင့္ရွန္ ဆက္​ေျပာ၏။

" ​ေနာက္​ေတာ့ စုံစမ္းရင္းက​ေနၿပီး ခိုင့္၀မ္အခန္း​ေဖာ္ရဲ႕ ​ရည္းစားက ခိုးမႈရာဇဝင္ရွိတဲ့သူမွန္း သိရတယ္ 

ဆက္ၿပီးစုံစမ္းၾကည့္​ေတာ့ ​ေထာင္က်န္႔နဲ႔ သူနဲ႔က ​ေထာင္အတူက်ဖူးၿပီး သူက ႏွစ္,ႏွစ္ ​ေစာလြတ္လာတာ ​ေထာင္က်န္႔မွာ​ေတာ့ ​ေဆးမႈရာဇဝင္ရွိတယ္ "

" သူ ​ေဆး​ေတြသယ္လာတာလား? "

" ျဖစ္​ေလာက္တယ္ "

" အဲ့တာဆို ဘယ္သူမီးရႈိ႕တာလဲ? အဲ့တာက ခိုင့္က်ိ​ေဝနဲ႔ ဘာပတ္သက္လို႔လဲ? "

" အစက​ေတာ့ ကြၽန္​ေတာ္တို႔ ခိုင့္က်ိ​ေဝကို သံသယမဝင္ဘူး ဒါ​ေပမယ့္ ထပ္ၿပီး ခိုင့္၀မ္မီးရႈိ႕တယ္လို႔ ထင္ခဲ့တယ္ သက္​​ေသရွာရမယ့္ တာ၀န္​ေၾကာင့္ ကြၽန္​ေတာ္တို႔ ​ေစာင့္ၾကည့္​ေရးဗီဒီယို​ေတြနဲ႔ အခင္းဗီဒီယို​ေတြကို ထပ္ခါတလဲလဲ ၾကည့္ၿပီးေတာ့မွ ခိုင့္က်ိ​ေဝကို ​ေတြ႕သြားတာ "

" ၿပီး​ေတာ့​ေရာ? "

" ခိုင့္၀မ္က ကြၽန္​ေတာ္တို႔ ​ေထာင္က်န္႔ကို​ေတြ႕သြားတာလဲ သိ​ေရာ သူစိတ္ထပ္​ေျပာင္းသြားၿပီး ​ေထာင္က်န္႔က သူ႔ရည္းစားပါဆိုၿပီး ​ေျပာတယ္

သူ ​ေထာင္က်န္႔လူအမ်ားႀကီး​ေသ​ေအာင္လုပ္မွာကို မလိုခ်င္လို႔ ​ေထာင္က်န္႔နဲ႔ ျပတ္ဆဲလိုက္တယ္ ဒါ​ေပမယ့္ ​ေထာင္က်န္႔က စိတ္ပ်က္သြားတယ္ ၿပီး​ေတာ့ အရမ္းစိတ္​ေပါက္သြားၿပီး အရက္ျပန္မီးအိမ္ကိုခြဲ၊ မီး​ေလာင္​ေအာင္ လုပ္တာပါတဲ့ "

" ပိုၿပီး အဓိပၸါယ္ရွိတာပဲ "

" ကြၽန္​ေတာ္တို႔သာ ခိုင့္က်ိ​ေဝကို မ​ေတြ႕ရင္​ေတာ့ ဒါက အဓိပၸါယ္ရွိတယ္ "

ကုံးရင့္ရွန္ မ်က္​ေမွာင္ၾကဳတ္သြားၿပီး :

" ခိုင့္က်ိ​ေဝက အၿမဲတမ္း ဘားကိုအ၀င္အထြက္လုပ္​ေနတာ တကယ္ ဘာမွမရွင္းျပႏိုင္​ေသး​ေပမယ့္  ကြၽန္​ေတာ္အၿမဲတမ္း အဲ့လူကို သံသယျဖစ္စရာ​ေကာင္းတယ္လို႔ထင္တယ္ ကြၽန္​ေတာ္သူ႔ကို ​ေခၚမယ္လုပ္​ေတာ့ သူ​ေျခရာ​ေဖ်ာက္သြားတယ္ "

" အဲ့ေတာ့ မင္းအခုသူ႔ကို​ေတြ႕ၿပီလား? "

" ​ေတာင္ဘက္ မီးရထားရဲစခန္းမွာ သူ႔ကိုအခ်ိန္ခဏဆြဲထားၿပီး မီးရထားရဲစခန္းက ကြၽန္ေတာ့္ကို သူ ဟုတ္ မဟုတ္ လာအတည္ျပဳ​ေပးဖို႔​ေျပာတယ္ "

==========

နည်း​တော့နည်းမယ် တစ်ပိုင်းလုံးဆို အချိန်ကြာပြီး စာများလို့ပျင်းတာနဲ့ ခွဲတင်တာ နည်းတယ်မ​ပြော​ကြေး

ပြန်ရတာ​တော့ အချိန်ကြာတာပဲ

BG SONG : CAN'T TRANSLATE BY BILLKIN ( I TOLD SUNSET ABOUT YOU OST ) MY FAV SONG :"3