webnovel

Breaking Up , No Joke ( Myanmar Translation )

Original Title ; 分手了, 别闹 Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras THIS IS A PURE FAN TRANSLATION. I got permission to retranslate . Despriction ; The most f**ked-up separation in the world is that there is a baby in your belly when you break up with someone. Bo Yu draws on his cigarette , slowly puffing out the smoke , and looks at the little boy lying in the bed with deep eyes. Two years later , he finally comes back.

naychilaiyee · perkotaan
Peringkat tidak cukup
27 Chs

Chapter-21(Fans)

ဖရဲသီး​လေးက က​လေးစီး​လျောထိပ်​လေးမှာ မတ်တပ်ရပ်​နေသည်။သူ လျောစီးလိုက်ပြီး ​အောက်ကို ​ရောက်​ရောက်ချင်းမှာပဲ ဖရဲသီး​လေးရဲ့ အင်္ကျီ​ကော်လံ​လေးဟာ ဖမ်းဆွဲခံလိုက်ရပြီး သူ ​ခြေတစ်လှမ်း​တောင် မ​ရွေ့နိုင်​တော့​​ပေ။

၀တုတ်​လေးရဲ့ မျက်နှာဝိုင်းဝိုင်း​လေးက ဖရဲသီး​လေးနားကို တိုးကပ်လာပြီး ​မေးလိုက်သည်။   " ​ပေါ်ရန်တင်း , ငါ မင်းကို ​မေးစရာရှိတယ် "

ဖရဲသီး​လေးက စ်တ်ဆိုးမာန်ဆိုးနဲ့ ၀တုတ်​လေးကို တွန်းထုတ်​ပေမယ့် သူ ၀တုတ်​လေးကို ​ရွေ့​အောင်မလုပ်နိုင်​ပေ။​ဖရဲသီး​လေးက စိတ်ဆိုးဆိုးနဲ့ ပြန်​ပြောလိုက်သည်။   " မင်း ဘာ​မေးချင်တာလဲ ? "

" မင်းရဲ့အ​ဖေက ​ပေါ်ယွီလား ? တီဗွီဇာတ်လမ်းတွဲ​တွေမှာ သရုပ်​ဆောင်တဲ့ တစ်​ယောက်​လေ "   ​​လေးနှစ်အရွယ် ၀တုတ်​လေးမှာ ကိစ္စအများကြီးနဲ့ပတ်သတ်ပြီး အ​ခြေခံနားလည်နိုင်စွမ်း​တော့ရှိသည်။

" ငါ မသိဘူး "   ဖရဲသီး​လေးက ရိုးရိုးသားသား အသံ​လေးနဲ့ ပြန်​ပြောလိုက်သည်။

ဝတုတ်​လေးဟာ ဖရဲသီး​လေးက အရူးတစ်​ယောက်ကျ​နေတာပဲလို့ ​တွေးလိုက်မိပြီး ​နောက်က​နေ iPad ကိုထုတ်ကာ ခလုတ်ဖွင့်လိုက်သည်။အဲဒီ​နောက်မှာ​တော့ screen ​ပေါ်တွင် ပုံတစ်ပုံ​ပေါ်လာသည်။၀တုတ်​လေးက ပုံကို အနီးကပ်ဆွဲပြပြီး ​မေးလိုက်သည်။   

" ဒါက မင်းအ​ဖေ​လေ ။ ဒီက​လေးက မင်းမဟုတ်လား ? "

ဖရဲသီး​လေးက စူးစိုက်ကြည့်ကာ ​ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းတယ် ၊ အရမ်း​ကောင်းတယ် "   မျက်နှာဝိုင်းဝိုင်းနဲ့ မျက်လုံး​မှေး​မှေး က​လေး​လေးက ​လှောင်​ပြောင်လိုက်သည်။   " မင်းအ​​ဖေရဲ့ တီဗွီဇာတ်လမ်းတွဲ​တွေက တကယ့်ကို ဆိုးဝါးတာပဲ "

​ပြောပြီးတာနဲ့ ၀တုတ်​လေးက iPad ကိုယူကာ သွက်လက်စွာ တန်း​ပြေးထွက်သွား​တော့သည်။

ဖရဲသီး​လေးက​တော့ စိတ်ဆိုး​နေတဲ့ မျက်နှာအမူအရာ​လေးနဲ့အတူ ​မြေကြီး​ပေါ်ကို အားပြင်းပြင်းနဲ့ ​​ခြေဆောင့်လိုက်​လေသည်။

_____________

ည ကိုးနာရီအချိန်တွင်။

ဝတုတ်​လေးက သူ့အ​ဖေရဲ့ စာကြည့်ခန်းတံခါးကို ​ခေါက်လိုက်ပြီး ချက်ချင်းပဲ သူ့အ​ဖေရဲ့ ခွင့်ပြုချက်နဲ့အတူ အထဲကို ၀င်လာခဲ့သည်။   " ဒက်ဒီ "

စာကြည့်စားပွဲ​နောက်မှာ ထိုင်​နေတဲ့ ချူဖန်းက သူ့ကို ကြည့်လိုက်သည်။ချူဖန်းက အရမ်း​ချော​​မောခန့်ညားကာ အပြုံး​လေးတစ်ခုနဲ့ နူးညံ့စွာ ​မေးလိုက်သည်။   " ဘာဖြစ်လို့လဲ ? "

အဲဒီ​နောက် တစ်စက္ကန့်မှာပဲ ၀တုတ်​လေးက ​အောက်ခံ​ဘောင်းဘီတို​လေးကိုသာ ၀တ်ထားပြီး သူ့ရဲ့အိအိစက်စက် အဆီတုံး​လေး​တွေက အပြင်ထွက်​နေရင်းနဲ့ သူ့​ရှေ့​ရောက်လာတာကို ချူဖန်း မြင်လိုက်ရတဲ့အချိန်မှာ ရုတ်တရက် ​ဒေါသထွက်သွား​တော့သည်။   " မင်း ဘာလို့ အ၀တ်အစား​တွေ ၀တ်မထားတာလဲ ? "

ဝတုတ်​လေးက သူ့ဗိုက်ကို ပုတ်လိုက်တဲ့အခါ ဗိုက်မှာရှိတဲ့အဆီ​လေး​တွေက တုန်တုန်တုန်တုန်​လေး ဖြစ်သွားသည်။အမြင်အာရုံ ထိခိုက်မှုက အရမ်းကို ရုတ်တရက်ဆန်သွားရသည်။

" သား ဒက်ဒိ့ကို ​ပြောစရာရှိလို့ ။ အဲဒါပြီးရင် သွားအိပ်​တော့မှာကို ဘာလို့ အ၀တ်အစား​တွေ ၀တ်​နေ​တော့မလဲ ? "

ချူဖန်းက သူ့နဲ့ အကျင့်​ရော ပုံစံပါ ​တော်​တော်​လေး ကွဲထွက်​နေတဲ့ ၀တုတ်​လေးကို ကြည့်ပြီး ခဏ​လောက် တိတ်ဆိတ်သွားရသည်။တကယ်လို့ သူသာ ဖခင်ဖြစ်​ကြောင်း စစ်​ဆေးမှုကို တိတ်တဆိတ် မလုပ်ရ​သေးရင် ဒီဝတုတ်​လေးက သူ့သားဆိုတာကို ချူဖန်း သူ လက်ခံနိုင်မှာမဟုတ်​ပေ။

" သား ​ပေါ်ယွီကို အများကြီးသ​ဘောကျတယ် ။ အဲဒါ​ကြောင့် ကုမ္ပဏီကိုလာဖို့ သူ့ကို ​ခေါ်ရင်​ရော ဘယ်လိုလဲ ? "   ၀တုတ်​လေးမှာ ရုတ်တရက် ပုံမှန်မဟုတ်​တော့ဘဲ ရှက်​သွေးဖြာလာ​တော့သည်။

" ​ပေါ်ယွီ ? " ချူဖန်း နှစ်ကြိမ်​လောက် ပြန်စဉ်းစားလိုက်ရသည်။သူ အခုတ​လော နာမည်ကြီး​နေတဲ့ အဲဒီ star ကို သ​ဘောကျ​ပေမယ့် ၀တုတ်​လေးကပါ ​ပေါ်ယွီကို အာရုံစိုက်​နေလိမ့်မယ်လို့ တစ်ခါမှ မထင်မိ​ပေ။

" ဘာလို့ သူ့ကို ကြိုက်တာလဲ ? " ချူဖန်း သိချင်စိတ်နဲ့ ​မေးကြည့်လိုက်သည်။

၀တုတ်​လေးက သူ့ဆံပင်​တွေ ကျွတ်​တော့မလိုထိ စိတ်ရှုပ်သွားသည်။​ပေါ်ယွီလိုမျိုး ဘ၀င်မြင့်ပြီး စိတ်ထားမ​ကောင်းတဲ့သူကို ကြိုက်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်​ပေ။

အကယ်၍ သူက တစ်​ယောက်​ယောက်ကို မဖြစ်မ​နေ ကြိုက်ရမယ်ဆိုရင်​တောင် အ​ကောင်းဆုံးအမျိုးသားသရုပ်​ဆောင်ဆုပိုင်ရှင် လျူခိုင်လို ၊ ငယ်ရွယ်​ချော​မောခန်ညားတဲ့ ​မော့အန်းယွီလို အဲ့လိုလူမျိုး​တွေကိုပဲ ကြိုက်မှာဖြစ်သည်။

" သူ့သားက သားတို့​ကျောင်းက " ၀တုတ်​လေးက တခစ်ခစ်ရယ်လိုက်သည်။

​ကျောင်းက ?

ချူဖန်း လက်ကို​ ဝေ့ယမ်းပြလိုက်သည်။

" သွားအိပ်​တော့ ငါ အဲဒီကိစ္စကို စဉ်းစားထားလိုက်မယ် "

၀တုတ်​လေးက ​ခေါင်း​လေးငုံ့ကာ လှည့်ထွက်သွား​တော့သည်။

ဒါ​ပေမယ့် သူ စာကြည့်ခန်းထဲက​နေ ထွက်လာပြီးတဲ့​နောက်မှာ ၀တုတ်​လေးက ချက်ချင်းပဲ သူ့အိပ်ခန်းဆီပြန်ကာ အိပ်ရာ​ပေါ်​လေးမှာ လှဲရင်း စိတ်လှုပ်ရှားစွာနဲ့ iPad ကို ဖွင့်လိုက်သည်။

ပြီး​တော့ သူ ' ​ပေါ်ယွီ ' လို့ ရိုက်ရှာကြည့်လိုက်သည်။

အဲဒီအခါ ​ပေါ်ယွီရဲ့ ကိုယ်​ရေးအချက်အလက်​တွေနဲ့ အတင်းအဖျင်း​တွေဟာ search result မှာ ​ပေါ်လာပြီး ၀တုတ်​လေးက နှုတ်ခမ်းကို မဲ့ကာ ​နောက်တစ်ကြိမ် ထပ်ရိုက်ရှာလိုက်သည်။ ' ​ပေါ်ယွီရဲ့ တီဗွီဇာတ်လမ်းတွဲများ '

<The Young General> အမည်ရတဲ့ ဒီနှစ်မှာ နာမည်အကြီးဆုံး web series က မြင်ကွင်းထဲကို ၀င်​ရောက်လာခဲ့သည်။

______________

" WTF ! မြန်မြန်လုပ် ! ​ပြေး ! အား , သူ အဖမ်းခံလိုက်ရပြီ ... အား ! အား ! အား ! ... "

" ​ပေါ်ယွီက အရူးလား ၊ သူများ​ထောင်​ချောက်မထဲမှာ မိသွားရတယ်လို့ ... ဟာကွာ "

" မြန်မြန်​ပြေးစမ်းပါ ! အဲဒီအူ​ကြောင်​ကြောင်မိန်းမကို ဂရုစိုက်မ​နေနဲ့ !!! " ၀တုတ်​လေးက သူ့အိပ်ရာအိအိ​လေးကို ​​ဒေါသတကြီးပုတ်ရင်း တံ​တွေး​တွေ စင်ထွက်တဲ့အထိ ​အော်ဟစ်​နေသည်။

______________

​နောက်တစ်​နေ့ မနက်ခင်းတွင် ချူဖန်းက ​ကော်ဖီ​သောက်ရင်း ထမင်းစားစားပွဲကထိုင်ခုံမှာ ထိုင်​နေသည်။

၀တုတ်​လေးက​တော့ အားမရှိ​တော့သလို ခံစား​နေရပြီး ပင်ပန်းနုံးချိည့်​နေတဲ့ပုံစံ​လေးနဲ့ မျက်ကွင်း​တွေ ညိုမည်းကာ စိတ်ကူးထဲလွင့်​မျော​နေရင်း စားပွဲဆီ ​ရောက်လာသည်။

ချူဖန်း ; " ........ "

_______________

ဇာတ်သိမ်းပိုင်းကို ဒီအပတ် ​သောကြာ​နေ့ ညရှစ်နာရီအချိန်တွင် Small Fan website မှာ ပြသခဲ့သည်။

ဂုဏ်းချုပ်စုံတွဲ ။ တစ်​ယောက်က ​သေဆုံးသွားပြီး ​နောက်တစ်​ယောက်က ဒဏ်ရာရခဲ့သည်။

[ ဇာတ်သိမ်းပိုင်း​ကြောင့် ငါ​လေး အရမ်းကို ၀မ်းနည်း​ကြေကွဲ​နေရတယ် ။ ငါ့မျက်ရည်​တွေဆိုရင် မြစ်တစ်စင်းနီးပါး​လောက် စုပုံ​နေပြီ ]

[ ငါ့မျက်လုံးထဲက မျက်ရည်​တွေနဲ့အတူတူ ငါ့နှလုံးသား​လေးလည်း နာကျင်ကိုက်ခဲ​နေတယ် ]

[ ငါ ဒီအတွဲရဲ့ကံကြမ္မာက ​ပျော်စရာမ​ကောင်းနိုင်​လောက်ဘူးဆိုတာကို စဉ်းစားခဲ့ဖူး​ပေမယ့်လည်း ငါ မှန်းထားတာ​တွေက တကယ်လည်းဖြစ်လာ​ရော ငါ​​လေး အကြီးအကျယ်ကို ပြင်းပြင်းထန်ထန် ခံစား​ရေတုန်းပဲ ]

<The Young General> ရဲ့ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြီးတဲ့အချိန်မှာ​တော့ အင်တာနက် အသုံးပြုသူ​တွေက သူတို့ဟာ မျက်ရည်ကျစရာ ဇာတ်သိမ်းကြီးနဲ့ ညှင်းပန်းနှိပ်စက်ခံ​နေရပြီး မျက်လုံး​တွေ ကန်းလုနီးပါး ငို​ကြွေး​နေရ​ကြောင်းကို ​ပြောဆို​နေကြသည်။

ဒါ​ပေမယ့်လည်း အဲဒီလိုဆိုရင်​တောင်မှ ဒါရိုက်တာ​ဟော်က​တော့ ဇာတ်သိမ်းကို ​ပြောင်းလဲ​ပေးတာ ဒါမှမဟုတ် အင်တာနက် အသုံးပြုသူ​တွေရဲ့ဆန္ဒအတိုင်း side story ရိုက်​ပေးတာမျိုး လုံး၀မလုပ်​ပေ။

Happy ending ဆိုတာ လုံး၀ကို စိတ်​ကျေနပ်အားရစရာ​ကောင်းတာက ဟုတ်ပါတယ် ။ ဒါ​ပေမယ့် ၀မ်းနည်းစရာဇာတ်​ကြောင်း​တွေက​တော့ ပရိသတ်​တွေရဲ့ နှလုံးသားထဲမှာ စွဲမြဲမှတ်မိ​နေဖို့ ပိုလွယ်တယ်​လေ။

<The Young General> ထုတ်လုပ်​ရေးက လုံလုံ​လောက်​လောက် ​ချော​ချော​မွေ့​မွေ့မဖြစ်ခဲ့တာ​ကြောင့် ရိုက်ကွင်းအပြင်အဆင်ကလည်း သိပ်လက်ရာမ​​မြောက်တာဖြစ်နိုင်သည်။ဒါ​ပေမယ့် တစ်နှစ်လုံးလုံး ထပ်ကာထပ်ကာ စစ်​ဆေးအကဲဖြတ်ပြီးတဲ့​ စာ​ရေးဆရာနဲ့ ဒါရိုက်တာက ဇာတ်ညွှန်းစာသား​တွေကို ဖန်တီးခဲ့သည်။

​သေချာတာ​ပေါ့။<The Young General> ရဲ့ ​အောင်မြင်မှုဟာ သရုပ်​ဆောင်မင်းသား​တွေရဲ့ ပြီးပြည့်စုံလှတဲ့ သရုပ်​ဆောင်အရည်အချင်း​ကြောင့်ပဲဖြစ်သည်၊တကယ်လို့ ​ပေါ်ယွီရဲ့ သရုပ်​ဆောင်အရဘ်အချင်းကသာ မ​ကောင်းရင် <The Young General> ဟာ ဒီ​လောက် အရမ်းကြီး နာမည်ကြီးလာမှာမဟုတ်​ချေ။

<The Young General> က အ​ကောင်းဆုံးစံနမူနာ ဇာတ်လမ်းတွဲတစ်ခု​တော့မဟုတ်​ပေ။ဒါ​ပေမယ့် လူထုက​တော့ <The Young General> ဟာ ​ပေါ်ယွီရဲ့အ​ပြောင်​မြောက်ဆုံးလက်ရာတစ်ခုအဖြစ် မှတ်မိ​နေကြ​တော့မှာဖြစ်သည်။

<The Young General> က ​ပေါ်ယွီအတွက် ​အောင်မြင်မှု​တွေကို ယူ​ဆောင်လာ​ပေးခဲ့ပြီး ​​ပေါ်ယွီကလည်း <The Young General> ကို ပိုပြီးနာမည်ကြီး​ရေပန်းစားလာ​အောင် ကူညီ​ပေးခဲ့သည်​။

______________

၀တုတ်​လေးက screen အမည်းကြီးနဲ့အတူ နှာရည်​တွေထွက်တဲ့အထိ ငို​ရင်း အိပ်ရာ​ပေါ်မှာ လှဲ​နေသည်။

သူ့​ခေါင်း​မြှီးခြုံထားတဲ့​စောင်​လေးဟာ တစ်စုံတစ်​ယောက်ရဲ့ ဆွဲမခြင်းကို ခံလိုက်ရသည်။

ချူဖန်းက ရုပ်ဆိုးစွာ ငိုယို​နေတဲ့ ၀တုတ်​လေးကိုမြင်ကာ အံ့အားသင့်သွားသည်။ " မင်း ဘာလို့ ငို​နေတာလဲ ? "

" ဒက်ဒီ , ကုချန်ကျင်းက ​သေသွားတယ် ... " ၀တုတ်​လေးက ချူဖန်း သူ့ကို ကမ်း​ပေးတဲ့ tissue ကိုယူပြီး သူ့မျက်နှာ​လေးကို သုတ်ရင်း တိုးတိုး​လေး ​ပြောလိုက်သည်။

" ကုချန်ကျင်းက မင်းသူငယ်ချင်းလား ? သူက ဘာလို့​သေသွားတာတဲ့လဲ ? " ချူဖန်းက အိပ်ရာ​ဘေးမှာ ၀င်ထိုင်ကာ ဂရုမစိုက်စွာ ​မေးလိုက်သည်။

" ........ " ၀တုတ်​လေးက နှာမှုတ်လိုက်ပြီး iPad ကိုယူကာ ချူဖန်းဆီ လှမ်း​ပေးလိုက်သည်။

ချူဖန်းက iPad ကို ယူကြည့်ပြီး ​မေးလိုက်သည်။ " ​ပေါ်ယွီက ဒီထဲမှာ သရုပ်​ဆောင်ထားတာလား ? "

" အွန်း " ၀တုတ်​လေးက သူ့အကြိုက်ဆုံး ဇာတ်လိုက်ရဲ့​သေဆုံးမှု​​ကြောင့် ၀မ်းနည်း​ကြေကွဲမှု​တွေထဲမှာ နှစ်မြှုပ်​နေသည်။သူက အ​ရှေ့ကို ငူငူငိုင်ငိုင်​လေးကြည့်ရင်း သူနှစ်​ခေါင်းမှာ တွဲ​လောင်းကျ​နေတဲ့ နှစ်​တွေကို​တောင် သုတ်​ဖို့​​မေ့နေသည်။ " သား အရမ်းကို အသည်းကွဲ​နေတယ် "

ချူဖန်း ရယ်​မောလိုက်ရင်း ၀တုတ်​လေးရဲ့ ဗိုက်လုံးလုံး​လေးကို ပုတ်​ပေးကာ iPad ကိုယူပြီး ထွက်သွား​တော့သည်။ " မင်း မနက်ဖြန် ​ကျောင်းမှာ ​ပေါ်ယွီကို ​တွေ့လို့ရတယ် ။ ငို​နေတာကိုရပ်ပြီး အနားယူ​တော့ ။ iPad နဲ့ ဖုန်းကို​တော့ ငါ သိမ်းသွားလိုက်​တော့မယ် "

​ပြောပြီးတာနဲ့ ချူဖန်းက သမုဒ္ဒရာရှုခင်းပုံစံ ပြင်ဆင်ထားတဲ့ ၀တုတ်​လေးရဲ့အခန်းက​နေ ထွက်သွား​တော့သည်။

၀တုတ်​လေးက နှာ​ခေါင်းရှုံ့လိုက်ပြီး သူ့ရဲ့ခံစားချက်​တွေလည်း ပိုမိုဆိုးဝါးသွား​လေသည်။

______________

အဲဒီအချိန်မှာပဲ ညစာစား​နေတဲ့ ​ပေါ်ယွီက​တော့ ဖရဲသီး​လေးရဲ့​ဘောင်းဘီတို​လေးကို ဆွဲချွတ်ခဲ့ဖူးတဲ့ ၀တုတ်ဟာ သူ့ကို သ​ဘော​တွေကျ​နေတယ်ဆိုတာ မသိ​ပေ။

ဖရဲသီး​လေးက သူ့နှုတ်ခမ်း​လေးကို စူလိုက်သည်။ " ပါးပါး , သား ငါးမကြိုက်ဘူး "

​ပေါ်ယွီ တည်ငြိမ်စွာ ပြန်​ပြောလိုက်သည်။

" ပါးပါးက ငါးစားရတာကြိုက်တယ် ၊ အဲဒါ​ကြောင့် ပါးပါးလိုပဲ မင်းလည်း ငါးစားရတာကို ကြိုက်သင့်တယ် "

စကားဆုံးတဲ့အခါ ​ပေါ်ယွီက ငါးဆန်ပြုတ်ကို ဇွန်းနဲ့အပြည့် ​နောက်တစ်ဇွန်းခပ်ကာ ဖရဲသီး​လေးရဲ့ ပါးစပ်​လေးနားမှာ ဇွန်း​​တေ့​ပေးလိုက်သည်။

ဖရဲသီး​လေးက ​ပေါ်ယွီကို ဘယ်လိုပြန်လည်​ချေပရမလဲဆိုတာ မသိ​ပေ။သူ့မှာ နာနာခံခံနဲ့ပဲ ငါးဆန်ပြုတ်ကိုသား စားလိုက်ရပြီး ဖရဲသီး​လေးက မ​ပျော်ရွှင်​တော့​ပေ။

ငါးဆန်ပြုတ်​ကျွေးပြီးတဲ့​နောက် ​ပေါ်ယွီက tissue ​လေးနဲ့ ဖရဲသီး​လေးရဲ့ပါးစပ်ကို သုတ်​ပေးလိုက်ပြီး ဖရဲသီး​​လေးရဲ့စူထွက်​နေတဲ့ နှုတ်ခမ်း​လေးကို လက်ညှိုးရယ်လက်မရယ်နဲ့ ဆွဲညှပ်ကာ ရယ်​မောလိုက်သည်။ " မင်း မ​ပျော်ဘူးလား ? "

ဖရဲသီး​လေးရဲ့နှုတ်ခမ်းဟာ ဘဲနှုတ်သီး​လေးဖြစ်သွားတဲ့အထိ ဖိဆွဲခံလိုက်ရတာ​ကြောင့် ဖရဲသီး​လေးက ပိုပြီး​တော့​တောင် မ​ပျော်မရွှင်ဖြစ်သွားသည်။ဒါ​ပေမယ့် သူ ဘာ​ပြောရမလဲမသိတာ​ကြောင့် ဖရဲသီး​လေးက သုန်မှုန်ကာ စိတ်​ကောက်​နေသည်။

ဖရဲသီး​လေး စိတ်ဆိုးလာတာကို မြင်တဲ့အခါ ​ပေါ်ယွီက သူ ဖရဲသီး​လေးကို စ​နောက်​နေတာရပ်လိုက်သည်။​ပေါ်ယွီ ခပ်ဟဟရယ်​မောရင်း ပန်းကန်လုံး​တွေနဲ့ တူ​တွေကို ​ကောက်ယူကာ ​ဘေစင်ထဲ ထည့်ထားလိုက်သည်။အဲဒီ​နောက် သူ ပြန်သွားကာ ​ဖရဲသီး​လေးကို ​ပွေ့ချီလိုက်ပြီး သူ့လက်​မောင်း​တွေထဲမှာ ဖက်လိုက်သည်။ " ဒီ​နေ့ည ပါးပါနဲ့အတူတူ အိပ်မလား ??? "

ဖရဲသီး​လေးရဲ့ မျက်လုံး​လေး​တွေက ​တောက်ပလာပြီး သူ့မှာ ​ပေါ်ယွီနဲ့အတူ အငြင်းပွား​နေဖို့ အချိန်မရှိ​ပေ။ " အိပ်မယ် !!! "

" မင်း ဒီည အိပ်ရာ​ပေါ်မှာ ရှူးရှူး​ပေါက်ချရင်​တော့ ငါ မင်းနဲ့မအိပ်ဘူး​နော် ! " ​ပေါ်ယွီက ဖရဲသီး​လေးကို ​အောက်ချ​ပေးလိုက်ပြီး ဖရဲသီး​လေးက စိတ်ဆိုးမာန်ဆိုးနဲ့ သူ့အခန်း​လေးဆီ သွက်သွက်ပြန်သွားတာကို ကြည့်လိုက်သည်။ချက်ချင်းပဲ ​ပေါ်ယွီ ပိုမို​ပျော်ရွှင်သွားသည်။

ဖရဲသီး​လေးရဲ့ပါး​လေး​တွေဟာ စိတ်ဆိုး​နေတာ​ကြောင့် အနီ​ရောင်သမ်း​နေသည်။သူက သူ့ကိုယ်​လေးသူ ​စောင်​အောက်ထဲ တိုး၀င်ပြီး သူ့ရဲ့တင်ပါး​လေးကို​တော့ အ​ပေါ်ကို ပင့်​မြှောက်ထားကာ စိတ်​ကောက်​နေ​လေသည်။

______________

သီးသန့် ဘိလိယက်ခန်းမတွင်။

ချီယန်ဟာ ​ဘောဒီဂတ်​တွေရဲ့ အပြင်ဘက်က​နေ အထဲကို ရိုင်းစိုင်းစွာ တွန်းလွှတ်ခြင်းခံလိုက်ရသည်။သူ သူ့​ဒေါသ​တွေကို မ​ပေါက်ကွဲရ​သေးခင်မှာပဲ ချီယန် ​မော့ကြည့်လိုက်တဲ့အခါ ဘာကိုမှဂရုမစိုက်တဲ့ မျက်နှာ​ဘေးနဲ့အတူ သူ့​ရှေ့မှာ မတ်တပ်ရပ်​​နေတဲ့ ​မော့အန်းယွီကို မြင်လိုက်ရသည်။ချီယန် ချက်ချင်းပဲ နှုတ်ဆက်လိုက်သည်။

ဆိုရိုးစကားရှိသည်။ ' ကံကြမ္မာက ကိုယ့်ကို ဆန့်ကျင်အ​လေးမ​ပေးတဲ့အချိန်မှာ ဉာဏ်ပညာရှိတဲ့ ​ယောကျ်ားတစ်​ယောက်က မတိုက်ခိုက်​ပေ။ ' ပြီး​တော့ ချီယန်ကလည်း သူ့ကိုလာပြီး ဆိုးဆိုးဝါးဝါး ဆက်ဆံတာကို သ​ဘောကျတဲ့လူမဟုတ်​ပေ။

" မစ္စတာချီက​တော့ ခမ်းနားထည်ဝါမှုအပြည့်နဲ့ နာမည်ကြီး ကြယ်တစ်ပွင့်ပါပဲ ။ ဒီကိုလာဖို့အတွက် မစ္စတာချီကို ဖိတ်ကြားဖို့က စကား​ကောင်း​တွေနဲ့တင် မလုံ​လောက်ဘူး​လေ ။ အဲဒါ​ကြောင့် ငါ မင်းကို​ခေါ်လာဖို့ လူလွှတ်လိုက်တာ " ​မော့အန်းယွီက သူ့လက်ထဲမှာ ဘိလိယက်ထိုးတဲ့တုတ်တံကို ကိုင်ထားပြီး အဖြူ​ရောင်​ဘောလုံးကို ချိန်ကာ ချက်ချင်း ထိုးချလိုက်သည်။

အပြာ​ရောင်​ဘောလုံးက တွင်းထဲကို ကျသွားပြီး ပိုက်ကွန်က​နေ ပြုတ်ကျမလာ​ပေ။

{ T / N ; ဘိလိယက်က ဘယ်လိုကစားရလဲမသိတာမို့လို့ ပါတဲ့အတိုင်း​ရေးလိုက်ပါတယ် အမှားပါသွားရင်လည်း မီယားနဲယို }

ချီယန်က ခပ်တည်တည်နဲ့ပဲ သူ့အ၀တ်အစား​တွေကို သပ်ရပ်​အောင်ပြင်ဆင်လိုက်ပြီး ​ရှေ့ကို​လျှောက်လာကာ ​ဘေးဘီကိုကြည့်ရင်း ထိုင်လိုက်သည်။

ဒီ​နေရာက အဆင့်မြင့်​စျေးကြီး ကိုယ်ပိုင်ဘိလိယက်ခန်းမတစ်ခုဖြစ်ပြီး သူတို့​တွေဟာ သီးသန့် Black card တစ်ခုရှိတဲ့ ဧည့်သည်​တော်​တွေကိုသာ လက်ခံတာဖြစ်သည်။

စုန့်ရှီလင်အ​ပေါ် မှီခို​နေတဲ့ ချီယန်က entertainment ​လောကထဲမှာ နှစ်အ​တော်ကြာ သုံးဖြုန်းခဲ့သည်။သူက အမြဲတမ်း အ​ကောင်းဆုံး သရုပ်​ဆောင်အခွင့်အလမ်း​တွေကိုရရှိပြီး သူ ဘယ်​နေရာဘဲ​ရောက်​ရောက် ကိစ္စမရှိဘဲ လူ​တွေရဲ့လက်ခုပ်သံ တ​ဖြောင်း​ဖြောင်းနဲ့ တဖြတ်ဖြတ်လက်​နေတဲ့ ကင်မရာမီး​ရောင်​တွေက သူနဲ့အတူ အမြဲရှိသည်။

ဒါ​ပေမယ့် ဒီသီးသန့်ဘိလိယက်ခန်းမထဲမှာ​တော့ သူ သိမ်ငယ်မှုကို ခံစား​နေရသည်။အဘယ်​ကြောင့်ဆို​သော် သူဟာ ဒီထဲကို ၀င်ခွင့်​တောင်မရ​ပေ။

ဒါ​ပေမယ့် ​မော့အန်းယွီက​တော့ ဒီထဲကို ၀င်နိုင်ရုံသာမက တစ်ချက်​တောင် အတားအဆီးမခံရဘဲနဲ့ ​ဘော်ဒီဂတ်​တွေကပါ တစ်လမ်းလုံး သူ့ကို လိုက်ပါ​​စောင့်​ရှောက်​ပေးသည်။​မော့အန်းယွီရဲ့ ​နောက်ခံအင်အားက မြင်ရသ​လောက် မရိုးရှင်းနိုင်ဘူးဆိုတာကို ​ချီယန် ခန့်မှန်းမိသည်။

​မော့အန်းယွီက ဘ်လိယက်ထိုးတဲ့တုတ်တံကို တစ်ဖက်ပစ်လိုက်ပြီး ဝိုင်ခွက်ထဲက​နေ ဝိုင်နီတစ်ငုံ​လောက် ယူ​သောက်ကာ ချီယန်ကို တစ်ချက်ကြည့်လိုက်သည်။ " ​သောက်ဦးမလား ? "

" မင်း ငါ့ကို ဒီ​နေရာ​ခေါ်လာပြီး ဘာလုပ်​စေချင်​နေတာလဲ ? " ချီယန်က ​မော့အန်းယွီကို ​အေးစက်စွာ ပြန်ကြည့်လိုက်သည်။

​မော့အန်းယွီ ​လှောင်​ပြောင်လိုက်သည်။

" မင်းက တကယ်ပဲ မင်းကိုယ်မင်း နာမည်ကြီး star လို သ​ဘောထား​နေတာပဲ ၊ ငါက မင်းကို ငါနဲ့အတူ ကစားပြီး အနားယူဖို့ မင်းကို ဖိတ်​ခေါ်ချင်ရုံတင်ပါ "

" ငါ ဘိလိယက် မကစားတတ်ဘူး " အဲဒီစကားလုံး​တွေက ချီယန်အတွက် အသုံးမ၀င်​ပေ။

​မော့အန်းယွီက ​ဘောလုံးတစ်လုံးကို ​ကောက်ပြီး ချီယန်ဆီ ပစ်​ပေးကာ ​ဒေါသလည်းမပါ ​ပျော်ရွှင်မှုလည်းမရှိတဲ့ ​လေသံနဲ့ ​ပြောလိုက်သည်။ " ဒီကိုလာပြီး ငါနဲ့အတူ တစ်ခွက်​လောက် ​သောက်လှည့် ။ ​ငါ့ကို နောက်ထပ်တစ်ခါ ထပ်​ပြောရ​အောင်မလုပ်နဲ့ "

ချီယန်က ​မော့အန်းယွီကို ကြည့်ကာ အံ့သြသွားပြီး ​ကြောက်လန့်လာသည်။သူ ​မော့အန်းယွီကိုထပ်ပြီး ​မောက်မာမပြရဲ​တော့​ပေ။ချီယန် ​ရှေ့ကိုတိုးသွားလိုက်ပြီး ဝိုက်ခွက်ကိုယူကာ ဂရုတစိုက် ​သောက်လိုက်သည်။

" အကုန်လုံး​သောက် " ​မော့အန်းယွီက ချီယန်ကို ​ပြုံးပြကာ ​ပြောလိုက်သည်။

ချီယန် ဝိုင်ခွက်ထဲမှာရှိတဲ့ ဝိုင်နီ​တွေအားလုံးကို ​သောက်ပစ်လိုက်သည်။သူ ​ဝိုင်သောက်ပြီးတဲ့​နောက် ချီယန် သူ့​ဒေါသ​တွေကို ချုပ်တည်းပြီး ​မေးလိုက်သည်။ " မင်း ငါ့ကို ဘာ​စောက်လုပ်​တွေ လုပ်​စေချင်​နေတာလဲ ??? "

" ငါ မင်းကို အရင်တစ်ခါ ဆက်သွယ်တဲ့အချိန်တုန်းက မင်းရဲ့ပါးစပ်က​နေ အပုပ်နံ့ထွက်​နေမှန်း ငါ သိလိုက်ရတယ်​လေ ။ အဲဒါ​ကြောင့် ငါ မင်းပါးစပ်ကို ​ဆေး​ကြောပစ်ချင်လို့ " ​မော့အန်းယွီ ​လှောင်​ပြောင်သ​ရော်လိုက်သည်။

ချီယန် အကူအညီမဲ့စွာနဲ့ပဲ ဆက်လက်သည်းမခံနိုင်​တော့​ပေ။

စုန့်ရှီလင်က ​ပေါ်ယွီအတွက် သူ့ကို အတိုက်အခံလုပ်တယ် ။ အခု​တော့ ​ပေါ်ယွီ့အတွက်နဲ့ ​မော့အန်းယွီကပါ သူ့ကို အကူအညီမ​ပေးဖို့ ဆုံးဖြတ်လိုက်တယ်​ပေါ့​လေ ?

​ပေါ်ယွီက သူ့ခန္ဓာကိုယ်ကို ​ရောင်းစားပြီး စုန့်ရှီလင်ကို မြှူဆွယ်ဖျား​ယောင်း​နေတဲ့လူမျိုးသာသာပဲဟာကို ။ ဘာလို့ ​​မော့အန်းယွီက ခဏခဏ သူ့​ခေါင်းလာနင်း​နေရတာလဲ ?

" မင်း ​ပေါ်ယွီအ​ပေါ်ထွက်တဲ့ ​ဒေါသ​တွေကို ငါ့ဆီလာ ​ပေါက်ကွဲ​နေတာလား ? " ချီယန် ​ပြောလိုက်သည်။ " စုန့်ရှီလင်ကို မြှူဆွယ်ခဲ့တာသူပါ ။ ငါက ဘာလို့ သူ့ကို တစ်ခုခု​လောက်​တောင်မ​ပြောနိုင်ရတာလဲ ? What the fuck ? "

​မော့အန်းယွီက အရမ်းကို ​ဒေါသ​တွေထွက်လာပြီး ဟားတိုက်ရယ်​မောကာ သူ့လက်ထဲမှာရှိတဲ့ ဖန်ခွက်ကို ရိုက်ခွဲချလိုက်ပြီး ဖန်ကွဲစနဲ့ ချီယန်ကို ချိန်ရွယ်လိုက်သည်။အဲဒီ​​နောက် သူ ​မေး​စေ့ကို ​မော့ကာ အ​ရေးမစိုက်ဟန်နဲ့ ဆိုလိုက်သည်။ " မင်း ​နောက်ထပ် စကားတစ်လုံးထပ်​ပြောရင် ငါ မင်းကို တံခါးက​နေ အပြင်ကို ဘယ်​တော့မှ လမ်း​လျှောက်ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး "

ချီယန်က ​နေရာမှာပဲရပ်​နေရင်း တည်ငြိမ်တဲ့အသံနဲ့ ​ဖြေဖို့ ကြိုးစားလိုက်သည်။ " ဒါကြီးက ငါ့ကို ဒီ​နေရာမှာ လာပြော​နေလို့ မင်းအတွက် အဓိပ္ပါယ်မရှိဘူး​လေ ။ ​ပေါ်ယွီကလည်း မင်း သူ့ကို ကာကွယ်​ပေး​နေတာ သိမှာမဟုတ်ဘူး ။ သူ့​ရှေ့မှာမှ မင်းက အလှ​လေးကို ကယ်တင်တဲ့ သူရဲ​ကောင်းကြီးဖြစ်ရမှာ​လေ !!! "

​မော့အန်းယွီက ဖန်ကွဲစကို ကြမ်းပြင်​ပေါ် ပစ်ချလိုက်ပြီး တည်ငြိမ်စွာ ​ပြောလာခဲ့သည်။

" ချီယန် , တကယ်လို့​လေ စုန့်ရှီလင်ကသာ မင်းကို ဆက်ပြီးကာကွယ်မ​ပေး​တော့ရင် မင်းရဲ့ဘ၀ကြီးမှာ ဘာကိစ္စမဆို ဖြစ်လာနိုင်​လောက်လား ? "

" အဲဒါက မင်းထက်​တော့ သာပါ​သေးတယ် ။ မင်းကမှ မင်းချစ်တဲ့လူကို ​ငေးရုံပဲ​​ငေးကြည့်​​နေရပြီး သူကလည်း တခြား​ယောကျ်ားတစ်​ယောက်နဲ့ ​ဆက်ဆံ​ရေးတစ်ခုရှိ​​နေတယ်​လေ" ချီယန် ပြုံးပြလိုက်သည်။

​မော့အန်းယွီက ချီယန်ကို ​စေ့​စေ့ကြည့်ကာ ​ပြောလာခဲ့သည်။ " အခု စုန့်ရှီလင်က ​ပေါ်ယွီရဲ့​ဘေးအိမ်က အိမ်နီးချင်းဖြစ်​နေတယ်​ပေါ့ ??? "

ချီယန် မှင်တက်သွားပြီး​နောက် ​ခေါင်းငြိမ့်လိုက်သည်။ " ငါ ငါ့မျက်လုံးနဲ့ ဆက်ဆက် သူတို့ တစ်အိမ်တည်းမှာ ​နေ​နေတာကို မြင်ခဲ့တာ ။ ​မော့အန်းယွီ , မင်းက ငါ့ထက်​တောင် ပိုပြီး စိတ်ဆင်းရဲရဦးမယ် !!! "

​မော့အန်းယွီက ရုတ်ချည်း ဗြုန်းခနဲ ထရယ်လိုက်​လေသည်။

.

.

.

.

.

.

Please vote and comment .❤❤❤