webnovel

အွန်လိုင်းကျင့်ကြံခြင်း

အွန်လိုင်းကျင့်ကြံခြင်း ဇာတ်လမ်းအကျဉ်း _____________________________________ ယွမ်က မွေးလာကတည်းက ကုသလို့မရနိုင်အောင် ဖျားနာခဲ့ပါတယ်။ အဲ့ဒါက သူကို ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မမြင် ဖြစ်စေပြီး နှစ်အနည်းငယ်အကြာမှာတော့ သူ့ဦးခေါင်း အောက်က ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး သုံးစားမရတော့ဘဲ ​မသန်မစွမ်းဖြစ်ခဲ့စေပါတယ်။ မျှော်လင့်မရှိတော့ဘူးလို့ယူဆပြီး သူ့မိဘတွေက သူ့အပေါ်အရှုံးပေးခဲ့ပြီး ကမ္ဘာကြီးကလည်း သူ့ကိုလျစ်လျူရှုထားပါတယ်။ မှောင်မိုက်ပြီးငြိမ်သက်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ သူ့ညီမလေးကသာ သူအသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်လာပါတယ်။ ဒီလူငယ်လေးဟာ အွန်လိုင်းကျင့်ကြံခြင်းလို့ခေါ်တဲ့ အဆန်းသစ် ဆုံး VRMMORPG ဂိမ်းတစ်ခုမှာ ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး ဂျီးနီးယပ်စ်တစ်ယောက်အဖြစ် ကမ္ဘာနှစ်ခုလုံးမှာ ဒဏ္ဍရီတစ်ခုဖြစ်လာတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဝတ္ထုအမည် - Cultivation Online မူရင်းစာရေးဆရာ- MyLittleBrother Translator - LazYouth

VIntage20 · Bandes dessinées et romans graphiques
Pas assez d’évaluations
19 Chs

Cultivation Online

Ch-1အွန်လိုင်းကျင့်ကြံခြင်း

အခန်း(၁)အွန်လိုင်းကျင့်ကြံခြင်း

--------------------

"အကို! အကိုလိုချင်တဲ့ဂိမ်းညီမလေးရခဲ့ပြီ" ဆယ်ကျော်သက်အရွယ်မိန်းကလေးသည် သူမဘေးရှိ ကုတင်ပေါ်တွင်လှဲလျောင်းနေသော လူငယ်လေးကို ရွှင်ပျစွာပြောလိုက်သည်။သူမရဲ့လက်ထဲမှာတော့ ခေါင်းဆောင်း(helmet)ကြီးတစ်ခုရှိပြီး အဲ့ဒါက စက်ဘီးစီးရင်ဆောင်းတဲ့ခေါင်းဆောင်းနဲ့တူပါတယ်။ဒါပေမယ့် သိပ္ပံစိတ်ကူးယဥ်၀တ္ထုထဲကပုံစံမျိုးနဲ့ပိုပြီး နီးစပ်ပါတယ်။

လူငယ်လေးက မျက်လုံးမှိတ်ထားပြီး အိပ်ပျော်နေပုံပေါ်ပါတယ် ဒါပေမယ့် ကောင်မလေးကဆက်ပြောပါတယ် " ငါမင်းကို ခေါင်းဆောင်းကူ၀တ်ပေးခွင့်ပြုပါ"

ကောင်မလေးကမိသားစုလေးယောက်လောက်ဆန့်တဲ့ အိပ်ယာကြီးပေါ်ကိုတက်လိုက်ပါတယ် ကောင်လေးရဲ့ခေါင်းကိုမပြီး သူမပြင်ဆင်ထားတဲ့ ခေါင်းဆောင်း(helmet)ကို ၀တ်ဆင်ပေးလိုက်ပါတယ်