webnovel
Training with system to be a god
ကမ္ဘာစစ်ဖြစ်ပြီးတော့ ကမ္ဘာကပျက်စီးစပြုနေပြီ အဏုမြူလက်နက်တွေကြောင့် ပျက်စီးသွားတဲ့ကမ္ဘာကိုကယ်တင်ရန် လူသားလေးတစ်ယောက်က စွမ်းအားရှာခြင်းမှာ system က ကူညီပေးသောအခါ
Kaung_Zaw_0552 · Juegos
Sin suficientes valoraciones
3 Chs
Ch 2 ( in space )
  Unicode
       "အား လားလား ခေါင်းမူးလိုက်တာ နတ်ဘုရား Kris ကလည်း လုပ်ရက်လိုက်တာ ကောင်းကောင်းမွန်မွန် ပို့ပေးလိုက်လည်း ခက်တာမှတ်လို့ 😒😒"
          (Hello ... host, ကျနော်က host ရဲ့ system လို့ပြောလို့ရပါတယ် အရှင် Kris ဖန်တီးထားတဲ့ နတ်သူငယ် တစ်ပါးပါ။)
           " ဟမ်.... system လို့ပြောလိုက်တာလား ငါက နတ်ဆိုး Leo ရဲ့ ဝိညာဥ်တွေ လိုက်စုရမှာဆို"
            (ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့ သူ့ဝိညာဥ်က ပုံရိပ်ယောင်ကမ္ဘာတွေထဲကို ပျံ့သွားတာပါ။ ပြောချင်တာက အရှင် Kris ဖန်တီးထားတဲ့ ဝတ္ထုထဲရောက်သွားတာပါ  Leo ကိုယ်တိုင်တောင်မသိဘူးထင်ပါတယ်။)
            "ဆိုလိုချင်တာက ငါက အရှင် Kris ရဲ့ ဝတ္ထုထဲမှာဘဲ စွမ်းအားတွေကျင့်ပြီး အဲ့ Leo ကို ပြန်ဖမ်းရမယ်ပေါ့။ ပြီးတော့ မင်းက ဒီဝတ္ထု ကမ္ဘာကို စောင့်ရှောက်ရတဲ့ နတ်သူငယ်လို့ပြောချင်တာလား"
            (ဟုတ်ပါတယ် host ။ ဒါနဲ့ ကျနော် ချောတယ်လို့ပြောပေးပါ host 😅 ပြောပေးရင် အရှင်မသိအောင် နောက်ကမ္ဘာမှပေးရမယ် စွမ်းအင်တွေ ထဲက ရွေးချယ်ခွင့်ပေးပါ့မယ် ။)
            သတိုးသီဟ သူ့ရှေ့က နတ်သူငယ်ကိုကြည့်လိုက်တယ်။ ခေါင်းက လုံးလုံး ၊ ထိပ်ကပြောင်သေး၊ ဗိုက်ကလေးက စူလို့ မချောတာမှ လုံးဝမချောတာ။ ဒါမဲ့ မချောဘူးပြောရင် အခွင့်အရေးက လက်လွတ်မှာစိုးလို့ စိတ်ထဲနဲ့ တခြားစီ အပြင်မှာမြှောက်ပင့်ပြောလိုက်တယ်။
             " ငါတို့ system လေးက မျက်လုံးလေးက puppy eyes လေးတွေနဲ့ ၊ ကိုယ်လေးကလည်းသေးသေးလေး ၊ အတောင်ပံလေးနဲ့ cupid ( မြှားနတ်မောင်)အတိုင်းဘဲ ☺ ချစ်စရာလေး "
            (😒😒 host ချောလားမေးတာ ချစ်စရာလေးလို့ပြောခိုင်းတာမှုတ်ဘူး🤧။ တော်ပြီ တော်ပြီ ဘယ်တတ်နိုင်မလဲ ရွေး နှစ်ခုထဲက တစ်ခု။)
အတတ်ပညာ: နေရာရွေ့ပြောင်းစွမ်းအင်၊ စိတ်ညို့ပညာ
            "ommmm စိတ်ညို့ကြည့်ချင်လို့ အဲ့တာထည့်ပေး"
             (ငါ့ကိုချစ်စရာလေးလို့ပြောမှတော့ ပေးဘူး အဲ့တာ ယူ နေရာရွေ့ပြောင်းစွမ်းအင် 😏)
             " ဟားဟား ထင်တော့ ထင်သားဘဲ အဲ့တာကြောင့် ပြောင်းပြန်ပြောတာလေ ငအလေးရေ🙃🙃)
            ( တေချင်းဆိုး host တော်ပြီ မပြောတော့ဘူး။ လာစွမ်းအင် ထည့်ပေးမယ်)
သတိုးသီဟလည်း system ပြောတဲ့ အတိုင်းအနားကိုကပ်သွားတော့ မျက်ကပ်မှန်လိုလို အရာ နှစ်ခုကို ပေးတော့ ယူလိုက်ပြီး မျက်လုံးထဲထည့်လိုက်တယ်။
မျက်လုံးထဲမှ စူးအောင့်နာကျင်မှုကိုခံစားရပြီး သကာလ မျက်လုံးမှ အလင်းရောင်တွေ ထွက်နေသလိုခံစားရတာကြောင့် မှန်ကိုထုတ်ပြိးကြည့်လိုက်ရာ မျက်ဆံအရောင်မှာ ခရမ်းဖျော့ရောင် ကိုမြင်လိုက်ရတယ်။ ခဏအကြာ မျက်ဆံများက အစိမ်းရောင်အဖြစ်သို့ပြောင်းလဲသွားသည်ကို အံ့သြဖွယ်မြင်လိုက်ရသည်။
"system ငါ့မျက်လုံးအရောင်တွေက ဘယ်လိုဖြစ်တာလဲ။"
(Host မသိဘူးလား ရှင်းပြရတာပျင်းပါတယ်ဆို ၊ ဒီလိုဗျာ ကျနော်တို့ စွမ်းအင်တွေက မျက်လုံးအရောင်ပေါ်မူတည်ပြီး သုံးရတာဗျ ခရမ်းဖျော့က နေရာပြောင်းစွမ်းအင်ကို အဆင့်နည်းနည်းဘဲ ရှိသေးတယ်လို့ဆိုလိုတာဗျ အဆင့်မြင့်လာရင် အရောင်တောက်လာလိမ့်မယ်ဗျ ၊ အစိမ်းရောင်က သစ်တောစွမ်းအင်ပါ ဒါကတော့ ပြောနေစရာမလိုတော့ပါဘူးနော်)
"ဪ အေးအေး နားလည်ပြီ အခြားစွမ်းအင်တွေ မှာလဲ အခြားအရောင်တွေ လာလိမ့်မယ်လို့ပြောတာလား"
(Yes, host. Come near to me, let's prepare for your bio.)
အမည်         : သတိုးသီဟ
အသက်       : ၁၇ နှစ်   (အား host ကတော်တော်ငယ်သေးတာဘဲ 🤔)
သစ်ပင်စွမ်းအင် အဆင့်:  ၁
အခြားစွမ်းအင်            :နေရာ​ရွေ့ပြောင်းစွမ်းအင်
သိုလှောင်ပစ္စည်း           :မရှိသေး
point.                       : 0
ပြီးမြောက်သောကမ္ဘာ   :၀
             "အာ system ရေ point တွေ လိုလို့လား ငါက စွမ်းအားလာကျင့်တာလေ ၊ တာဝန်ထမ်းဆောင်လာတာမဟုတ်ဘူးလားလို့"
             ( အာ host မသိလို့ host ရဲ့ မူရင်းစွမ်းအင်က လေ့ကျင့်ရတာ အခြားစွမ်းအင်တွေက point တွေနဲ့ update တင်ရတာဗျ ကျနော်က အလကားနေပေးပါ့မလားလို့ ဟွန့် 😒😒)
              "အယ် ငါလဲမသိလို့ မေးတာပါကွ စိတ်ကကောက်ရသေးတယ်၊ ထားပါ ငါ့ကို ပို့ပေးတော့ "
              (ဟုတ် host ဒါဆို D အဆင့် ကမ္ဘာကိုသွားကြပါစို့။
1.2.3......... 100% complete..
_________________________________________
မှန်ဘယ်က ထွက်လာလဲ မ​ပြောနဲ့ မသိဝူး
10. 1. 2022
...................
Zawgyi
အမည်    : သတိုးသီဟ
point.           : 0
ပြီးမြောက်သောကမ္ဘာ :ဝ
1.2.3......... 100% complete..
_________________________________________
10. 1. 2022