Wed, Aug 18, 2021
{ Unicode }
နေ့လယ်စာစားပြီးတော့ စွန်းတင့်ရိက ကတ်ကစားချင်ပေမယ့် ရန်ရိမသွားလိုက်။ တစ်မှေးလောက်အိပ်ဖို့ အဆောင်ပြန်ခဲ့သည်။ အိပ်တော့လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ပေ၊ သူဖုန်းထုတ်ပြီး တိတ်တဆိတ်ခိုးရိုက်ထားတဲ့ ကုံးရင့်ရှန်ဓာတ်ပုံကိုဖွင့်လိုက်သည်။ ပြီးတော့ ရူးရူးမိုက်မိုက်ပျော်ရွှင်စွာ အချိန်အကြာကြီး ကြည့်နေမိသည်။
တကယ်တော့၊ သူကုံးရင့်ရှန်နဲ့ တကယ်ဓာတ်ပုံအတူရိုက်ချင်သည်။ ယောက်ျားကြီးနှစ်ယောက် selfie အတူဆွဲတော့မယ်ဆိုရင် သူဘယ်လိုဆင်ခြေမျိုးရှာသင့်လဲ...
စဉ်းစားရင်း သူနည်းနည်းအိပ်ငိုက်လာသည်။ မှေးခနဲအိပ်ပျော်သွားရုံပဲရှိသေး သတိပေးချက်မြည်လာ၏။ သူရုတ်တရက်မျက်လုံးဖွင့်ပြီး အိပ်ရာပေါ်ကလှိမ့်ဆင်းကာ အောက်ထပ်သို့အပြေးသွားလိုက်သည်။
" ခေါင်းဆောင်၊ ကျစ်ရှင်းအဆောက်အဦးက လူတစ်ယောက်ခုန်ချတော့မယ်တဲ့ "
" ကြည့်ကြည့်ရအောင် "
ရန်ရိစဉ်းစားလိုက်သည်။ ကျစ်ရှင်းအဆောက်အဦးက ဟုန်းဝူဌာနခွဲနဲ့မျက်နှာချင်းဆိုင်ပဲ၊ ရဲဌာနအပေါက်ဝဆီလာပြီး ခုန်ချတယ်၊ အဲ့လိုလူအများစုက လိုချင်တဲ့စရာကိစ္စတွေရှိပြီး တကယ်မသေချင်ကြပေ။
သုံးသပ်ချက်က ထိုကဲ့သို့ဖြစ်နေသော်ငြား ရန်ရိမျက်ကွယ်မပြုရဲ၊ သူကားထဲဝင်ပြီး အမြန်ဆုံးနှုန်းနဲ့ အခင်းနေရာသို့ အပြေးသွားလိုက်သည်။
လမ်းမှာ ရန်ရိအခြေအနေမေးရအောင် ကုံးရင့်ရှန်ကို ဖုန်းခေါ်ချင်ပေမယ့် ချိုးယန်ဖုန်းနံပါတ်က အရင်ခေါ်လာခဲ့သည်။
" ဟေး ခေါင်းဆောင်ချိုး "
" ခေါင်းဆောင် ရှင်တာဝန်ရလား? "
" ရတယ် ဘာကိစ္စများလဲ? "
ချိုးယန် ခါးသက်သက်ပြုံးလိုက်ပြီး
" ကျေးဇူးပြုပြီး မြန်မြန်လာပေးပါ၊ ဒီကိစ္စက ကျွန်မတို့အပေါ် တစ်ခုခုဆိုကျိုးသက်ရောက်မှုရှိတယ်၊ ပြီးတော့ ရဲမှူးလည်းဒေါသထွက်နေပြီ "
" စိတ်မပူပါနဲ့၊ ကျွန်တော့်ကို ဘာဖြစ်တာလဲဆိုတာ အရင်ပြောပေး "
" ကျွန်မဖုန်းထဲမှာ ပြောလို့မရဘူး၊ ရဲမှူးကိုပြန်ခေါ်ရဦးမယ်၊ အခင်းနေရာမှာတွေ့ကြတာပေါ့ "
ပြောပြီးနောက် သူမအလောတကြီး ဖုန်းချသွားသည်။
ရန်ရိ တင်းချင်ကိုမေးလိုက်သည်။
" ရဲတွေဘာပြောလဲ? "
" အဖိုးကြီးတစ်ယောက် အဆောက်အဦးပေါ်ကခုန်ချမလို့တဲ့၊ သူ့သားကအောက်မှာရှိတယ်၊ ပြီးတော့ သတင်းသမားတွေအုပ်စုလိုက်ရောက်လာတယ် "
" အကြောင်းပြချက်ကရော? "
" ကျွန်တော်မသိဘူး "
သူတို့ အခင်းနေရာကို အလွန်မြန်မြန်မောင်းသွားလိုက်သည်။ ကျစ်ရှင်းအဆောက်အဦးအောက်မှာတော့ လူတွေအများကြီး ရောက်နှင့်နေကြပြီဖြစ်၍ မီဒီယာသမားကားတွေက လမ်းတစ်ဝက်လောက်ကို ပိတ်ထားသည်။ ကျိန်းသေတာပေါ့၊ အဆောက်အဦးထိပ်က လက်ရန်းအပြင်မှာ ရပ်ပြီး "ရဲတွေပြည်သူကို အနိုင်ကျင့်ပါတယ် " ဆိုပြီးအော်နေတဲ့ အဖိုးကြီးတစ်ယောက်ရှိသည်။ ပြီးတော့ ရုပ်ချင်းဆင်သော အောက်ဘက်ရှိ အသတ်လတ်ပိုင်းယောက်ျားကတော့ စိတ်လှုပ်တရှားနဲ့ မီဒီယာတွေအင်တာဗျူးခြင်း ခံနေရသည်။
ရန်ရိ ပြောလိုက်သည်။
" မီဒီယာကားတွေကို လမ်းဖယ်ခိုင်းလိုက် "
စွန်းတင့်ရိ ကားပေါ်ကဆင်းပြီး မီးသတ်ကားအတွက်လမ်းရှင်းဖို့ မီဒီယာကားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရသည်။
ကားထဲကထွက်ပြီးတော့ သူတို့ လေကူရှင်ကိုလေဖြည့်ပြီး အောက်ဘက်မှာနေရာချသည်။ သို့သော် အဖိုးကြီးက ငါးလွှာအပေါ်ဆုံးထပ်မှာရှိနေပြီး ဒီအမြင့်နဲ့ သူ့အသက်အရွယ်အရ လေကူရှင်ပေါ်ပြုတ်ကျမယ်ဆိုရင်တောင် သေတာ ဒါမှမဟုတ် ကျိုးပဲ့တာမျိုးဖြစ်နိုင်သည်။
ကုံးရင့်ရှန်နဲ့ ချိုးယန်တို့ ရန်ရိဆီလျှောက်လာပြီး ရန်ရိကုံးရင့်ရှန်ကိုမြင်တော့ မထိန်းနိုင်ဘဲ ပြုံးပြလိုက်သည်။
" ကျွန်တော်နဲ့ အပေါ်ထပ်လိုက်ခဲ့၊ လမ်းသွားရင်း စကားပြောတာပေါ့ "
စွန်းတင့်ရိနဲ့အခြားသူတွေ သူတို့နောက်ကလိုက်လာသည်။
ချိုးယန်က လုံးဝဒေါသထွက်နေ၏။
" ကျွန်မတို့ရုံးမှာ ဒီနှစ်မှစာမေးပွဲအောင်တဲ့ ရဲမေလေးတစ်ယောက်ရှိတယ်၊ အပေါ်မှာရှိတဲ့လူက သူ့ဦးလေး၊ အောက်ကလူက သူ့ဝမ်းကွဲအစ်ကို "
" ဒါနဲ့ဘာဆိုင်လို့လဲ? "
စွန်းတင့်ရိက နားမလည်နိုင်ဘဲ မေးလိုက်သည်။
" ရဲမေလေးအဖေ လွန်ခဲ့တဲ့လက ကားအက်ဆီးဒန့်ဖြစ်ပြီး ဆုံးသွားတယ်၊ သူကမိသားစုထဲမှာ တစ်ဦးတည်းသောသမီးပဲ၊ သူ့အဖေက အိမ်နှစ်အိမ်နဲ့ ငွေသားသိန်းနဲ့ချီပြီးချန်ထားခဲ့တယ်၊ အခု သူ့ဦးလေးပြောနေတာက သူတို့မိသားစုထဲမှာ သားယောက်ျားလေးမရှိလို့ ကောင်မလေးအဖေရဲ့အမွေတွေအားလုံးက မြေးအကြီးဆုံးဖြစ်တဲ့ သူ့အစ်ကိုဝမ်းကွဲနဲ့ပဲ သက်ဆိုင်သင့်တယ်တဲ့ "
[ T/n : တရုတ်ရှေးမိသားစုတွေမှာ အိမ်ရဲ့အကြီးအကဲဟာ အဖေ ဒုတိယအကြီးအကဲဟာ သားအကြီးဆုံးပဲ၊ အိမ်ထောင်စုရဲ့ဘယ်နေရာမှာမဆို သားကြီးကမျက်နှာရတယ်၊ ပိုအလေးသာတယ်၊ သမီးမိန်းကလေးကို ချိုးနှိမ်တယ်၊ ဒါပေမယ့် ညီငယ်ရဲ့အမွေတွေက သူ့အစ်ကိုသားနဲ့မဆိုင်တာတော့ သေချာတယ် ]
စွန်းတင့်ရိ မျက်လုံးပြူးသွားပြီး
" သူ့ဦးနှောက် ရေမြုပ်သွားတာလား? "
စွေးရီရှန့်ကခေါင်းခါသည်။
" ဒီလိုမြေရှင်ပဒေသရာဇ်အတွေးနဲ့ နေရာအများကြီးရှိသေးတယ်လို့တော့ မပြောလိုက်နဲ့ "
" သူတို့ အမွေဆက်ဆံခြင်းဥပဒေကို နားမလည်ဘူးလား? "
" တကယ်နားမလည်ဘူးလို့လည်း သေချာပေါက်မဆိုလိုဘူး "
ရန်ရိ စပ်ဆုတ်ရွံရှာမှုဖြင့် ပြောလိုက်သည်။
" မိဘမဲ့တွေနဲ့ မုဆိုးမတွေကို နှိပ်ကွပ်အနိုင်ကျင့်ဖို့ဆိုရင် ဘယ်နေရာဖြစ်ဖြစ် စားချင်ကြတာချည်းပဲ "
ကုံးရင့်ရှန်က ပြောလာသည်။
" ဇာတိမှာလည်း ပြဿနာရှာတယ်လို့ကြားတယ်၊ လုပ်ဖော်ကိုင်ဖက်က သူတို့နဲ့မရှုပ်ချင်လို့ သူ့အမေကို ထျန်ချီမှာနေဖို့ခေါ်လာတာ၊ ပြီးတော့ သူတို့ဌာနခွဲမှာ ပြဿနာလာရှာတယ်၊ ကျွန်တော်တို့ နှင်ထုတ်လိုက်တာခံလိုက်ရပြီး အခုတိုက်ပေါ်ကခုန်ချဖို့လာတာပဲ "
" ဖမ်းပြီး ရက်နည်းနည်းလောက် ထောင်မချလိုက်ဘူးလား? "
စွန်းတင့်ရိ ပြောလိုက်သည်။
" သူတို့ ဆွေမျိုးတွေဖြစ်နေလို့ သက်ညှာပေးခဲ့တာ "
ချိုးယန်က ဒေါသထွက်ထွက်နှင့်။
" ဒီတစ်ခါတော့ ဘာသက်ညှာမှုမှ မရှိတော့ဘူး "
စကားပြောနေစဉ်အတွင်းမှာပဲ လူအတော်များများ အပေါ်ဆုံးထပ်ခေါင်းမိုးဆီရောက်သွားကြပြီး ရဲသားသုံးယောက်က အဖိုးကြီးကိုဝိုင်းကာ တက်တက်ကြွကြွနှင့် ဖြောင်းဖြနေကြသည်။
အဖိုးကြီးက ချိုးယန်ကိုတွေ့တော့ လက်ညှိုးထိုးပြီးပြောလာသည်။
" မင်းက ရှောင်ကောင်းရဲ့ခေါင်းဆောင်မလား? ရှောင်ကောင်းကို လွှတ်လိုက်စမ်း၊ သူ့ဦးလေးကို လာတွေ့ရဲလားလို့! "
ချိုးယန်သူ့ကို အေးစက်စက်ကြည့်လိုက်ပြီး
" ရှောင်ကောင်း အလုပ်လုပ်နေတယ်၊ လူကြီးမင်းကောင်း အပေါ်ကပြန်ဆင်းခဲ့ပါ၊ ကိုယ့်အတွက်အန္တရာယ်ရှိနိုင်တာမျိုးနဲ့ အဓိပ္ပါယ်မရှိတာတွေ လုပ်မနေပါနဲ့ "
" သူကဘာကို အလုပ်လုပ်နေသေးတာလဲ? "
အဖိုးကြီးက အော်ဟစ်သည်။
" သူက အရှက်မရှိတဲ့မိန်းမပဲ၊ သူ့အဖေ ကျောင်းတက်နေတုန်းက ငါတို့မိသားစုအိမ်မှာ ဘယ်လောက်တောင်လာစားသောက်ခဲ့လဲ? သူ့ဦးလေးသူရော ဝတ္တရားသိတတ်ရဲ့လား? သူကဘယ်လိုအလုပ်လိုချင်ပြီး ဘယ်လိုမိသားစုမျိုးရချင်နေတာလဲ? "
" အမွေဆက်ခံခြင်းဥပဒေအရ သေဆုံးသူရဲ့ပိုင်ဆိုင်ခြင်း ပထမသတ်မှတ်ချက်က ဇနီးမယား၊ သားသမီးနဲ့ မိဘတွေပဲ၊ သူတို့အသက်ရှင်နေသေးတယ်၊ အဲ့တာကြောင့် အခြားသူတွေမရနိုင်ဘူး....."
" အဓိပ္ပါတယ်မရှိတဲ့ဥပဒေ! "
အဖိုးကြီးက အော်သည်။
" ဒီဥပဒေပေါ်တာမှ နှစ်နည်းနည်းပဲရှိသေးတယ်၊ ငါတို့ဘိုးဘေးတွေဓလေ့က နှစ်ထောင်နဲ့ချီပြီး ရှိနေတာ၊ သူက မျိုးရိုးဂုဏ်ရှိန်ကောင်းပြီး ယောက်ျားပီသတယ်၊ ဒါပေမယ့် သူ့မှာသားရှိနေရင်တော့ ငါမစိုးရိမ်ပါဘူး၊ တကယ်တမ်းကျတော့ မိန်းကလေးကို အခြားမိသားစုကလူတွေ ပိုင်သွားမှာပဲ၊ ငါသူ့အတွက်လုပ်ပေးတာ၊ ကောင်းမိသားစုအတွက် အမွေးတိုင်ထွန်းဖို့မဟုတ်ဘူး! ငါ့သားက အိမ်မကြီးရဲ့ မြေးပဲ၊ သူ့မှာသားမရှိဘူး၊ သေပြီးတော့ သူ့ပိုင်ဆိုင်မှုတွေက ငါ့သားအတွက်ပဲဖြစ်သင့်တယ် "
စွန်းတင့်ရိက မျက်လုံးစွေပြီး တိုးတိုးပြောလိုက်သည်။
" ခုန်ချသေဖို့ မေ့နေတာပဲ "
စွေးရီရှန့်က ညာဘက်ကိုသွားတုန်း ရန်ရိ စွန်းတင့်ရိကို ဘယ်ဘက်မှာရပ်ခိုင်းလိုက်သည်။ ရန်ရိ တဖြည်းဖြည်းအနားတိုးသွားပြီး တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ လက်ရန်းမှာ ကြိုးနဲ့ချည်သည်။
အဖိုးကြီးက ရန်ရိကိုလက်ညှိုးထိုးပြီး ပြောလာ၏။
" ဒီကိုမလာနဲ့ "
" ဦးလေး ဒီလိုအေးတဲ့ရာသီဥတုမှာ ခေါင်းမိုးပေါ်လေတွေတိုက်လို့ နေရထိုင်ထိုင်ရမကောင်းပါဘူး "
ရန်ရိသူ့ကို အေးအေးလူလူ ကြည့်လိုက်ပြီး
" ဆင်းလာခဲ့ပါ "
" ဒီကိုမလာနဲ့! "
အဖိုးကြီးက အော်သည်။
" ရှောင်ကောင်းကိုသာ ငါနဲ့တွေ့ဖို့လွှတ်လိုက်! "
" ရှောင်ကောင်းက ဦးလေးနဲ့မတွေ့ချင်ဘူး "
ရန်ရိ လက်ရန်းနဲ့နီးအောင် ကိုင်းလိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။
" အရမ်းမြင့်တယ်၊ ပြုတ်ကျရင် သွားပြီပဲ၊ ဦးလေး၊ အခု လူ့အသိုင်းအဝိုင်းက ဥပဒေစည်းမျဥ်းလက်အောက်မှာ၊ ဦးလေးအခါတစ်သောင်း သေရင်တောင် ဥပဒေက ဦးလေးညီရဲ့အမွေကို ဦးလေးသားဆီ ပေးမှာမဟုတ်ဘူး၊ အိုး ဒါပေမယ့် ဦးလေးအမွေတွေကိုတော့ ဦးလေးသားဆီ ချောချောချူချူပေးလို့ရတယ် "
" အဲ့တာဆို ငါအားလုံး၊ မီဒီယာသမားတွေကိုရော၊ သာမန်လူတွေကိုရောပါ ရဲတွေငါ့ကို ဖိအားပေးသေခိုင်းပါတယ် လို့ပြောလိုက်မယ် "
အဖိုးကြီးက ရူးသွပ်နေတဲ့အတိုင်း အော်သည်။
ရန်ရိ ကြိတ်ဆဲလိုက်မိ၏။ အဖိုးကြီးက မုန်းစရာကောင်းတယ်၊ ဒါပေမယ့် သူတကယ်ခုန်ချသွားရင် ချိုးယန်နဲ့ အခြားသူတွေ ရှောင်လွှဲလို့မရ။ အဖိုးကြီးခုန်ချမယ်လို့ သူမယုံပေမယ့်လည်း လူထုအကျိုးသက်ရောက်မှုက မကောင်းပေ။ ရှောင်းကောင်းရဲ့အနာဂတ်ကိုလည်း ထိခိုက်စေနိုင်သည်။
သုံးသပ်ကြည့်ရသလောက် အဖိုးကြီးက ပေသီးတွက်,တွက်သလိုကစားနေပြီး ရှောင်ကောင်းနဲ့ တစ်ခုနှစ်ခုလောက် သဘောတူညီမှုရအောင် လုပ်နေသည်။ ဘယ်နည်းနဲ့မှ လက်ဗလာပြန်မသွားနိုင်။
ရန်ရိပြန်သွားပြီး ကုံးရင့်ရှန်နဲ့ ချိုးယန်ကို လေသံခပ်တိုးတိုးဖြင့် ဆွေးနွေးလိုက်သည်။
" မင်းတို့မှာ အဖြေကောင်းတစ်ခုခုရှိလား? "
ကုံးရင့်ရှန်က ပြောလာသည်။
" သူကျိန်းသေပေါက် လုံးဝခုန်မချချင်ဘူး၊ ပြီးတော့ ကျွန်တော်တို့ကလည်း ရှောင်ကောင်း သူနဲ့လာညှိနှိုင်းပြီး တိုးတက်မှုရှိသွားမှာ မလိုလားဘူး "
ရန်ရိ ပြောလိုက်သည်။
" ဆွဲချမယ်၊ ဒီနည်းလမ်းက သိပ်မကောင်းဘူး၊ ခေါင်းမိုးထပ်က အေးပြီးလေထန်တယ်၊ အဖိုးကြီးကြည့်ရတာ အချိန်ကြာတော့ ခန္ဓာကိုယ်လည်း ပင်ပန်းလာပုံပဲ၊ မတော်တဆဖြစ်နိုင်တယ် "
" အဲ့တော့ ရှင်ဆိုလိုတာက...."
ချိုးယန် မျက်မှောင်ကြုတ်သွားပြီး ရန်ရိကို ကြည့်လိုက်သည်။
" ကျွန်တော့်တပ်သားတွေက အဆင်သင့်ပဲ၊ ကျွန်တော်တို့ ဒီလိုအဆောက်အဦးပေါ်ကခုန်ချတဲ့သူတွေ ကိုင်တွယ်ရတာ တော်တော်အတွေ့အကြုံရှိပါတယ်၊ ရှောင်ကောင်းကိုခေါ်ပြီး သူနဲ့ဆွေးနွေးခိုင်း၊ သူ့အာရုံကိုဖမ်းစားပြီး ကျွန်တော်တို့က လူကယ်ဖို့အခွင့်အရေးယူမယ် "
" ကျွန်မ ရှောင်ကောင်းကို ဘာပြောခိုင်းလိုက်ရမလဲ? "
" သူ့ကို ဘာမှအရေးမပေးနဲ့၊ ရန်ပဲစပေး "
ကုံးရင့်ရှန် ပြောလာသည်။
" ဂရုစိုက်ဦး "
" စိတ်မပူပါနဲ့ "
ချိုးယန်ဖုန်းထုတ်ပြီး
" လူကြီးမင်းကောင်း၊ ကျွန်မအခု ရှောင်းကောင်းကိုခေါ်နေပြီ၊ ဦးလေး ဆွေးနွေးလို့ရတယ် "
အဖိုးကြီးက အော်ပြောသည်။
" မင်းသူ့ကိုလာခိုင်းစမ်း၊ သူရဲစခန်းမှာ ဘာလုပ်နေတာလဲ? ဝတ္တရားမကျေဘဲ နေရဲတယ်၊ သူငါ့ကို လာမတွေ့ရဲလို့လား? "
ဖုန်းလိုင်းချိတ်ဆက်သွားတော့ ချိုးယန် တစ်ဖက်လူကို စကားနည်းနည်းပြောလိုက်ပြီးနောက် စပီကာဖွင့်လိုက်သည်။
အဖိုးကြီးက အော်သည်။
" ကောင်းရှောင်ယွဲ့ ထွက်လာခဲ့စမ်း! "
" ဦးလေး ဘာလိုချင်တာလဲ? "
ဖုန်းတစ်ဖက်ကနေ အမျိုးသမီးသံခပ်စွာစွာ ထွက်လာသည်။
" ဒီလိုပြဿနာရှာတာ ဦးလေးအတွက်တရားမဝင်ဘူး "
" လောင်ကျီက အကြီးအကဲပဲ၊ အဲ့တာ ကောင်းမိသားစုရဲ့နည်းလမ်း! မင်း အရှက်မရှိတဲ့အရိုင်အစိုင်းလေး၊ မင်းအဖေကျောင်းတက်တုန်းက ငါ့တို့ဆီမှာ ဘယ်လောက်တောင် လာစားသောက်ခဲ့လဲ? ငါလက်ထပ်တုန်းက အိမ်မှာ အပ်ချုပ်စက်တစ်လုံးဝယ်ခဲ့တယ်၊ မင်းမိဘတွေလက်ထပ်တော့ TV တစ်လုံးရှိလာတယ်၊ ငါသူ့ကိုညီဆိုပြီး လွှတ်ပေးထားတာပဲမဟုတ်ဘူးလား သူကဘာမိုလို့လဲ? မင်းမိဘတွေအားလုံး အမှိုက်တွေပဲ၊ ဒီလိုအသုံးမကျတဲ့သမီးကို မွေးထားတာလဲ ဝတ်မသေးဘူး "
[ T/n : 老子 - LâoZi - စိတ်ဆိုးတဲ့အချိန် မင်းအဖေငါက* ဆိုပြီး ယောက်ျားမာန်ပါပါ သုံးနှုန်းတတ်တဲ့စကားမျိုးပါ၊ ကျန့်ဆွေ့ယင်းဆိုအရမ်းသုံးတယ် lol ]
ကောင်းရှောင်ယွဲ့ တုန်လှုပ်သွားသည်။
" အဖေ ဦးလေးဆီက ထမင်းတစ်ဆုပ်နှစ်ဆုပ်စားခဲ့ပေမယ့် သူပြန်မပေးခဲ့လို့လား? ဒီနှစ်တွေမှာ သူဦးလေးကို ငွေဘယ်လောက်တောင် ချေးခဲ့ရလဲ? ဦးလေး ပြန်ဆပ်ပြီးပြီလား? အဖေ အစ်ကိုဝမ်းကွဲအတွက် အလုပ်ဘယ်နှခုတောင် ရှာပေးခဲ့ရလဲ? သူတစ်ခုတောင် လုပ်နိုင်လို့လား? ဦးလေး၊ ကျွန်မအဖေ ဆုံးပြီးရုံပဲရှိသေးတယ်၊ ဦးလေး ကျွန်မနဲ့ ကျွန်မအမေကို ဒီလိုအနိုင်ကျင့်တယ်၊ ရွာကလူတွေ ကျွန်မတို့ကောင်းမိသားစုကို ဘယ်လိုထင်မလဲ? "
" ရွာကလူတွေ မင်းကို အသုံးမကျတဲ့ကောင်မ၊ ဝတ္တရားမကျေတဲ့သူ၊ အာဏာဖီဆန်တဲ့သူလို့ခေါ်တာ ! "
အဖိုးကြီးက အော်ဟစ်သည်။
" ငါ့သားက ကောင်းမိသားစုရဲ့ တစ်ဦးတည်းသောသားပဲ၊ မိသားစုအမွေက မင်းရယ် မင်းအမေရယ်နဲ့ ဘာဆိုင်လို့လဲ? "
ကောင်းရှောင်ယွဲ့ အရမ်းစိတ်တိုပြီး အော်ပြောလာသည်။
" အခုလူ့အသိုင်းအဝိုင်းက ဥပဒေစည်းမျဉ်းလက်အောက်မှာပဲ၊ ဥပဒေက ဦးလေးရဲ့စည်းမျဉ်းတွေကို အသိအမှတ်ပြုမှာမဟုတ်ဘူး၊ ကျွန်မနဲ့ ကျွန်မအမေက အဖေရဲ့ အမွေဆက်ခံသူတွေပဲ၊ ပြီးတော့ ကျွန်မတို့မိသားစုအမွေက ဦးလေးနဲ့ဘာမှမဆိုင်ဘူး! "
ရန်ရိ စွန်းတင့်ရိကို အချက်ပြလိုက်ပြီး နှစ်ယောက်သား လက်ရန်းဆီ တိတ်တဆိတ်တက်ကာ အဖိုးကြီးဆီ ဖြည်းဖြည်းချင်းချဉ်းကပ်သွားသည်။
အဖိုးကြီးက အော်သည်။
" မင်းမေ-ိုး၊ မင်းက ကောင်းမိသားစုပဲ၊ ကောင်းမိသားစု စည်းမျဉ်းစည်းကမ်းကို နာခံရမယ်၊ ငါ မင်းနဲ့မင်းအမေကို သနားပါတယ်၊ မင်းတို့မှာ ဘာမှမကျန်ဘူးလို့ မပြောဘူး၊ အိမ်ဟောင်းကို မင်းတို့အတွက် ချန်ထားပေးမယ်၊ အိမ်သစ်ကိုတော့ အစ်ကိုကြီးဆီ လွှဲပေးရမယ်! "
" မဖြစ်နိုင်ဘူး ဦးလေး၊ အရူးမထစမ်းပါနဲ့၊ အရှက်မရှိဘူးလား! "
" မင်းအမေ မင်းလိုကလေးမျိုး ကောင်းမိသားစုအတွက် မွေးထားတာ ရှက်စရာပဲ! "
အဖိုးကြီးက အသံပြဲကြီးနဲ့ အော်ဆဲရင်း အနားကပ်လာတဲ့အရိပ်ကိုမြင်ပြီး ဘယ်အချိန်က သူ့နားလျှောက်လာမှန်းမသိတဲ့ ရန်ရိကို ခေါင်းလှည့်ကြည့်ကာ အော်လိုက်သည်။
" မလာနဲ့! ငါခုန်ချပစ်မယ်! "
[ T/n : အော်ပဲအော်နေတာ ဒီအဖိုးကြီး အာမပြဲသေးဘူးလား :"( ]
ရန်ရိ ဖြောင်းဖြတဲ့အမူအရာ လုပ်ပြလိုက်ပြီး
" ဦးလေး၊ ဦးလေးမှာ လိုအပ်ချက်တွေရှိရင် အသက်ဆက်ရှင်ရဦးမယ်လေ၊ ပြဿနာမရှာပါနဲ့တော့၊ အန္တရာယ်များတယ်၊ ပြုတ်ကျသွားတာနဲ့ သေမှာ"
" မလာနဲ့၊ ငါ မင်းဘာလုပ်ချင်လဲ သိတယ်၊ မင်းငါ့ကိုဖမ်းချင်နေတာ၊ ဘာပဲဖြစ်ဖြစ် မင်းလည်းရဲပဲ၊ မင်းဖမ်းချင်တဲ့သူ ဖမ်းလို့ရတယ် "
" ပထမဆုံး ကျွန်တော်ကရဲမဟုတ်ဘူး၊ မီးသတ်သမားပါ၊ ဒုတိယအချက် ရဲတွေက ဖမ်းချင်တဲ့သူ လိုက်ဖမ်းနေတာမဟုတ်ဘူး၊ ဒါပေမယ့် ဦးလေးနဲ့ ဦးလေးသားကတော့....."
ရန်ရိ 'ကျစ်' ဟုနှစ်ခါစုပ်သတ်လိုက်သည်။
အဖိုးကြီးက သူ့ကိုစိုက်ကြည့်ပြီး
" ငါတို့ဘာဖြစ်မှာလဲ? "
" ရန်ရှာတယ်၊ ရဲအရာရှိတွေကို နှောင့်ယှက်တယ်၊ နိုင်ငံရဲ့ ပြည်သူ့ဥပဒေကို ဆဲရေးတိုင်းထွာတယ်၊ ဆရာ ကျွန်တော် ဦးလေးကို ပြဿနာရှာတာရပ်ဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် ဦးလေးတကယ် ခုန်ချချင်လို့လား?"
" ခုန်ချတာပေါ့၊ ငါ့အတွက် ဘာဖြစ်နိုင်သေးလို့လဲ? ငါသေရမှာမကြောက်ဘူးကွ! "
အဖိုးကြီး လက်ရန်းကလက်တစ်ဖက်ကိုလွှတ်လိုက်ပြီး ခုန်ချမလို့လုပ်သည်။
" ကောင်းရှောင်ယွဲ့ ငါ့သားကိုအိမ်ပေးဖို့ လက်မခံသရွေ့ ပြဿနာရှာမှာပဲ၊ ငါအသက်ရှူနေသေးရင် ပြဿနာဆက်ရှာမယ်၊ ငါသူ့ကို အလုပ်ပြုတ်အောင်လုပ်မယ်၊ လူတွေကို မျက်နှာချင်းမဆိုင်နိုင်အောင် လုပ်ပစ်မယ်! "
စွန်းတင့်ရိက ပြောလိုက်သည်။
" အဲ့တာဆို ခင်များခုန်ချပြီးသေလေ၊ မကယ်ပဲ နေရအောင် "
အဖိုးကြီးဆဲဆိုရင်း အောက်ကိုမကြာမကြာငုံ့ကြည့်နေပြီး ခြေထောက်တွေ နည်းနည်းတုန်လာသည်။
ရန်ရိ ပြောလိုက်၏။
" ဦးလေး ကျွန်တော်တို့ ဒီလိုအေးတဲ့နေ့မျိုး ထွက်လာရတာမလွယ်ဘူး၊ ဦးလေး ခုန်ချ၊မချဆိုတာ ဦးလေးသိတာပဲ၊ ဦးလေး ခုန်ချတာမချတာ ကျွန်တော်တို့နဲ့မဆိုင်ဘူး၊ ကျွန်တော်တို့ ဦးလေးကိုဖြောင်းဖြတာပဲ ယဉ်ကျေးနေပြီ၊ မလုပ်နဲ့တော့ အသုံးမဝင်ဘူး "
သူတို့နှစ်ယောက် ကပ်လာတာမြင်တော့ အဖိုးကြီးကအော်သည်။
" ကောင်းရှောင်ယွဲ့၊ မင်းအိမ်ကို အစ်ကိုကြီးဆီပေးလိုက်စမ်း! မင်းလက်ခံတာမခံတာ ငါဂရုမစိုက်ဘူး၊ လက်မခံရင် မင်းတို့သားအမိကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်! "
ကောင်းရှောင်ယွဲ့ အော်လိုက်သည်။
" အိမ်မက်မက်နေလိုက်! "
အဖိုးကြီးက ဒေါသကြောင့်တုန်ယင်နေသည်။ ထိုအခိုက်အတန့် လေစိမ်းတစ်ချက်ဝေ့တိုက်လာပြီး လေတဲ့အတူရောပါလာတဲ့သဲတွေက သူ့မျက်လုံးကို ပက်ထည့်လိုက်၍ လက်လွတ်ကာ လူတစ်ကိုယ်လုံး အောက်ပြုတ်ကျသွားသည်။
" အား-----"
အဖိုးကြီးက ကြောက်အားလန့်အားအော်သည်။
ရန်ရိရှေ့သို့ခုန်ပျံကာ အဖိုးကြီးကိုသိုင်းဖက်လိုက်တော့ နှစ်ယောက်သားတစ်ချိန်တည်း ပြုတ်ကျသွားပြီး နောက်ဆုံး အသက်ကယ်ကြိုးဖြင့် လေဟာနယ်ထဲရောက်သွားသည်။
" ရန်ရိ! "
ရန်ရိ အဆောက်အဦးပေါ်က ခုန်ကျသွားတာမြင်ပြီး၊ အသက်ကယ်ကြိုးရှိနေတာတောင်၊ ကုံးရင့်ရှန် သွေးတွေပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးချမ်းစိမ့်လာသည်။ သူ လက်ရန်းဆီ အလောတကြီးသွားပြီး စိုးတထိတ်ထိတ်နဲ့ ငုံ့ကြည့်လိုက်သည်။
ရန်ရိကခေါင်းမော့ပြီး ပြုံးကာ သူ့ကိုတောင် ရွှတ်နောက်နောက်နဲ့ Fly kiss လှမ်းပေးလိုက်သေး၏။
ကုံးရင့်ရှန် စိတ်အေးသက်ပြင်း ချလိုက်သည်။
အဖိုးကြီးက အရမ်းကြောက်လွန်းလို့ ရန်ရိလက်ထဲမှာ ကြွက်တက်သလို ပျော့ခွေနေသည်။
တပ်သားတွေ သူတို့ကို အတူတူလာဆွဲထူကြပြီး ရန်ရိ ရုတ်တရက် သူ့ခြေထောက်ကနေ အပူချိန်ခံစားမိလိုက်သည်။ သူငုံ့ကြည့်လိုက်ချိန်မှာတော့ အဖိုးကြီးက တကယ်ကို ဘောင်းဘီထဲ ရှူးပေါက်ချထားခြင်းပင်။
" ငါ-ိုး "
ရန်ရိ ထခုန်လိုက်သည်။
အားလုံးဝိုင်းရယ်ကြ၏။
ရန်ရိ စိတ်တိုတိုနဲ့ ကယ်ဆယ်ရေးဝတ်စုံချွတ်သည်။ ကံကောင်းလို့ ဆောင်းရာသီဖြစ်ပြီး ကယ်ဆယ်ရေးဝတ်စုံအောက်မှာ အဝတ်တွေဝတ်ထားသေးသည်။ နွေရာသီမှာလို ဘာမှဝတ်မထားရင် ချွတ်လို့ရမှာမဟုတ်။ သူ ကယ်ဆယ်ရေးဝတ်စုံကို စွေးရီရှန့်ဆီ ကန်ပစ်ပေးလိုက်ပြီး
" မင်းကိုပေးတယ် "
စွေးရီရှန့်က မယူချင်ယူချင်နဲ့ "အမ်း" ဟုပြန်ဖြေလာသည်။
ချိုးယန် အဖိုးကြီးကို မခန့်လေးစားနဲ့ လှမ်းကြည့်လိုက်ပြီး
" ကြောက်လို့ သတိလစ်သွားပြီလား? "
ရန်ရိ ကုံးရင့်ရှန်ကို ပြုံးကြည့်လိုက်ပြီး
" ငါအခုတင် လေထဲခုန်ချလိုက်တာ၊ အရမ်းချောတယ်မလား၊ movie special effects တွေနဲ့ဆိုလို့ကတော့ "
ကုံးရင့်ရှန် မျက်မှောင်ကြုတ်ပြီး အတည့်အတံ့ကြည့်လာသည်။
" ခင်များ ဒဏ်ရာပြ "
" စိတ်မပူနဲ့၊ မထိမိဘူး "
ကုံးရင့်ရှန် ဖွဖွအော်လိုက်သည်။
" မလှုပ်နဲ့ "
သူ ရန်ရိ မီးလောင်ဒဏ်ရာကိုကြည့်ဖို့ အင်္ကျီကော်လံ ဖွင့်လိုက်တော့ အသားလွှာအကောင်းပကတိရှိသေးကြောင်း မြင်လိုက်ရပြီး စိတ်အေးသွားသည်။
ရန်ရိ မနေသာပဲ စိတ်ချမ်းမြေ့သလိုခံစားလိုက်ရပြီး မျက်နှာပေါ်က ချိုမြမြအပြုံးကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူမော့ကြည့်လိုက်တော့ ချိုးယန်သူ့ကိုကြည့်နေတာ တွေ့လိုက်သည်။ သူ့အမူအရာကို မြန်မြန်ထိန်းလိုက်ပြီး
" ခေါင်းဆောင်ချိုး၊ မင်းရဲဘော် စိတ်အခြေအနေဘယ်လိုလဲ? "
ချိုးယန်ပြောလာသည်။
" အိုး ကောင်းပါတယ်၊ ကျွန်မတို့ ဒီလိုကလိမ်ကကျစ်ကျတာမျိုးကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာလိုက်မယ်၊ ပြီးတော့ လူတွေ ရဲအရာရှိတွေကို နှောင့်ယှက်ခွင့်မပြုနိုင်ဘူး "
" ကောင်းတာပဲ "
ချိုးယန်ပြောလိုက်သည်။
" ရင့်ရှန် မင်းဟိုမှာ တရားခံစစ်နေတုန်းမလား၊ မင်းအရင်ပြန်သင့်တယ်၊ ငါတို့ နောက်ဆက်တွဲကိစ္စ တာဝန်ယူလိုက်မယ် "
[ T/n : ကလေး ပထုတ်ခံလိုက်ရ ]
" အိုကေ "
ကုံးရင့်ရှန် ရန်ရိကို တိုးတိုးကပ်ပြောသွားသည်။
" ခင်များပြီးရင် ဌာနခွဲလာခဲ့ဦး "
ရန်ရိ သူ့ကို OK လက်ဟန်လုပ်ပြလိုက်သည်။
ရဲသားအချို့နဲ့ မီးသတ်သမားအချို့ အဖိုးကြီးကို အောက်သယ်သွားကြပြီး အပေါ်ထပ်မှာ ရန်ရိနဲ့ ချိုးယန်ပဲကျန်တော့တဲ့အချိန် ချိုးယန်က သက်ပြင်းချပြီး
" ခေါင်းဆောင်ကူညီတာ ကျေးဇူးတင်ပါတယ်၊ ဒီလိုအရှုပ်ထုပ်မျိုးက တကယ်အံ့ဩစရာပဲ၊ ရယ်မရ ငိုမရနဲ့ "
" မင်းအတွက် မလွယ်ဘူးပဲ "
ရန်ရိ ပြုံးလိုက်သည်။
" အိမ်တွင်းရေးပြဿနာတွေက ဖြေရှင်းဖို့အခက်ဆုံးပဲ၊ အထူးသဖြင့် မခြေအမြစ်မရှိတာတွေနဲ့ ကြုံလာရင်ပေါ့၊ မင်းဘာလုပ်ရမလဲ သိပြီလား? "
" အရင်ခြောက်လှန့်လိုက်မယ်၊ ရှောင်ကောင်းသဘောမတူနိုင်တာ သိသွားအောင် ရက်နည်းနည်းလောက် ထိန်းသိမ်းထားရင် အကောင်းဆုံးပဲ၊ ပြီးတော့ အကျိုးအမြတ်လေးပေးလိုက်မယ်၊ တစ်သောင်း၊ နှစ်သောင်းလောက်ပေါ့၊ အဲ့တာဆို ဖြေရှင်းနိုင်လောက်မှာပါ "
ရန်ရိ ခေါင်းညိတ်လိုက်ပြီး
" ဒီလိုလူမျိုးကို ကိုင်တွယ်ဖို့ အဲ့တာအသုံးဝင်လောက်တယ် "
ချိုးယန် ပင်ပင်ပန်းပန်းနဲ့ မျက်ခုံးနှိပ်လိုက်ပြီး အိတ်ကတ်ထဲက စီးကရက်ထုတ်ကာ ရန်ရိကို အရင်အချက်ပြသည်။
ရန်ရိ လက်ဝေ့ပြလိုက်ပြီး
" ကျေးဇူးပါ ကျွန်တော်ကတော်ပြီ "
ချိုးယန် စီးကရက်နဲ့ မီးခြစ်ထုတ်လိုက်သည်။ သို့ပေမယ့် မီးတောက်များက လေကြောင့် လွင့်ပြယ်သွား၏။
ဒါကိုမြင်တော့ ရန်ရိဘေးကပ်သွားလိုက်ရင်း
" ကျွန်တော် ကာပေးထားမယ် "
ချိုးယန် ရန်ရိကို ခပ်ဖျော့ဖျော့ရယ်ပြသည်။ သူမအပြုံးက ဆွဲဆောင်မှုရှိပြီး ရမ္မက်ဆန္ဒများဖြင့် ပြည့်လျှမ်းနေသည်။ သူမ ခြေလှမ်းနည်းနည်း တိုးကပ်လိုက်တော့ ရန်ရိရင်ခွင်ထဲတောင် ဝင်လုနီးပါးပင်။ မီးခြစ်ခြစ်ပြီး သူ့မဘာသာ စီးကရက်မီးညှိလိုက်သည်။
ရန်ရိ ဒီအငွေ့အသက်က တစ်ခုခုမှားနေမှန်း သတိထားမိလိုက်၏။
ချိုးယန် တစ်ဖွာရှိုက်လိုက်ပြီးနောက် ရန်ရိမျက်နှာပေါ်သို့ မီးခိုးငွေ့များ ခပ်ဖွဖွမှုတ်ထုတ်လိုက်ရင်း အပြုံးယောင်ယောင် ပြုံးလိုက်သည်။
" ခေါင်းဆောင်ရန်က ကျွန်မတို့ကို အများကြီးကူညီထားတယ်၊ တစ်ခါတစ်လေ ကျွန်မ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး "
ရန်ရိ မသိသာစေဘဲ နောက်နည်းနည်းဆုတ်လိုက်သည်။
" ရပါတယ် အဆင်ပြေတယ် "
ချိုးယန် ရန်ရိကို ရွှန်းလဲ့နေသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
" ရှင်ကျွန်မကို ကျေးဇူးတင်ဖို့ အခွင့်အရေးပေးသင့်တယ် "
ရန်ရိ ပြုံးကာ ပြောလိုက်သည်။
" ခေါင်းဆောင်ချိုး မင်းအရမ်းပျူငှာနေပါပြီ၊ ကျွန်တော်တို့အလုပ်က အမျိုးအစားကွဲပြားပေမယ့် အရင်းခံကတော့ ပြည်သူကိုအမှုထမ်းဖို့ပဲလေ "
ချိုးယန်က ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး
" ကျွန်မအရိပ်အကဲပြနေတာ သိပ်မသိသာလို့ပဲလား ဒါမှမဟုတ် ရှင်တုံးချင်ယောင်ဆောင်နေတာလား? "
ရန်ရိ ရှိုးတိုးရှန့်တန့်ပြုံးပြလိုက်ရင်း
" ခေါင်းဆောင်ချိုး...."
ချိုးယန် ရန်ရိကိုမော့ကြည့်လာချိန် အကြည့်များကတောက်ပလျက် ချယ်ရီနှုတ်ခမ်းများက အနည်းငယ်ဆူဖောင်းနေပြီး အလွန်လှပပေ၏။
" ကျွန်မထုတ်မေးတာ ကြားချင်လို့လား? "
ရန်ရိ ချိုးယန်ကိုကြည့်ပြီး ညင်ညင်သာသာပြောလိုက်သည်။
" ခေါင်းဆောင်ချိုး၊ ရိုးရိုးသားသားပြောရရင် ကျွန်တော်တကယ် ရင်ခုန်မိပါတယ် ဒါပေမယ့် ကျွန်တော်...."
" ရှင့်မှာ ချစ်သူမိန်းကလေးရှိလို့လား? "
ချိုးယန် ပြုံးလျက် ပြောလာသည်။
" မရှိဘူးလေ ကျွန်မတို့စခန်းက ရဲမေလေးတွေအကုန်လုံး သေချာစုံစမ်းထားကြပြီးပြီ "
" မရှိပါဘူး၊ ဒါပေမယ့် ကျွန်တော်ကြိုက်တဲ့သူတော့ရှိတယ် "
" တကယ်လား? ဘယ်လိုမိန်းကလေးမျိုးများလဲ? "
ချိုးယန်က တက်မက်ဖွယ်ကောင်းစွာ ဆံပင်သပ်လိုက်ပြီး
" ကျွန်မထက် ပိုချောလို့လား? "
" ခေါင်းဆောင်ချိုး၊ မင်းက ကျွန်တော်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးနဲ့အလှဆုံးမိန်းကလေးပါပဲ၊ ဒါပေမယ့် ဒီလိုကိစ္စမျိုးက နှိုင်းယှဉ်လို့မရဘူး မလား? "
" မှန်တာပေါ့၊ ကျွန်မဘယ်လောက်ကောင်းကောင်း မနှိုင်းယှဉ်နိုင်တဲ့ အရာတစ်ခုခုတော့ရှိတာပဲ၊ ဥပမာပြောရရင်....."
ချိုးယန် ရန်ရိမျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း ရုတ်တရက် သူမမျက်လုံးတွေ ထက်ရှလာပြီး မျက်ခုံးပင့်လိုက်သည်။
" လိင်အမျိုးအစား? "
ရန်ရိ နောက်တွန့်သွားပြီး ရုတ်တရက်ကြောင်အသွားသည်။
ဒီအမျိုးသမီးက မှုခင်းရဲစခန်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ထိုက်မှန်း သူမြင်နိုင်သည်။ သူမမျက်လုံးများက အလွန်အဆိပ်ပြင်းပါ၏။
ချိုးယန် သူမပင်ကိုပုံစံ ပြန်ပြောင်းသွားပြီး ခေါင်းခါယမ်းကာ မျက်နှာ၌ မတတ်နိုင်ခြင်းများ ပြည့်နေသည်။
" တကယ်ကို ကျွန်မထင်တဲ့အတိုင်းပဲ "
" ကျွန်တော်....."
ချိုးယန် လက်မြှောက်ပြီး သူ့ကိုတားလိုက်သည်။
" ရှင် ရင့်ရှန်ကို ကြိုက်လား? ဟုတ်တယ် မဟုတ်ဘူးပဲဖြေ "
ရန်ရိ မျက်လွှာချပြီး တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်သည်။
" ဟုတ်တယ် "
=================
ချိုးယန်ကြောင့်ရင်ခုန်နေပြီ
¯\_༼ ಥ ‿ ಥ ༽_/¯
morning kiss လိုပဲသဘောထားလိုက် အိပ်ရာထတဲ့အချိန်တင်ပေးတာ မွ~
If u want to support me
[ 09795118580 - Kpay or wavepay or bill ]
=================
{ Zawgyi }
Wed, Aug 18, 2021
ေန႔လယ္စာစားၿပီးေတာ့ စြန္းတင့္ရိက ကတ္ကစားခ်င္ေပမယ့္ ရန္ရိမသြားလိုက္။ တစ္ေမွးေလာက္အိပ္ဖို႔ အေဆာင္ျပန္ခဲ့သည္။ အိပ္ေတာ့လည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ေပ၊ သူဖုန္းထုတ္ၿပီး တိတ္တဆိတ္ခိုး႐ိုက္ထားတဲ့ ကုံးရင့္႐ွန္ဓာတ္ပုံကိုဖြင့္လိုက္သည္။ ၿပီးေတာ့ ႐ူး႐ူးမိုက္မိုက္ေပ်ာ္႐ႊင္စြာ အခ်ိန္အၾကာႀကီး ၾကည့္ေနမိသည္။
တကယ္ေတာ့၊ သူကုံးရင့္႐ွန္နဲ႔ တကယ္ဓာတ္ပုံအတူ႐ိုက္ခ်င္သည္။ ေယာက်္ားႀကီးႏွစ္ေယာက္ selfie အတူဆြဲေတာ့မယ္ဆိုရင္ သူဘယ္လိုဆင္ေျခမ်ိဳး႐ွာသင့္လဲ...
စဥ္းစားရင္း သူနည္းနည္းအိပ္ငိုက္လာသည္။ ေမွးခနဲအိပ္ေပ်ာ္သြား႐ုံပဲ႐ွိေသး သတိေပးခ်က္ျမည္လာ၏။ သူ႐ုတ္တရက္မ်က္လုံးဖြင့္ၿပီး အိပ္ရာေပၚကလွိမ့္ဆင္းကာ ေအာက္ထပ္သို႔အေျပးသြားလိုက္သည္။
" ေခါင္းေဆာင္၊ က်စ္႐ွင္းအေဆာက္အဦးက လူတစ္ေယာက္ခုန္ခ်ေတာ့မယ္တဲ့ "
" ၾကည့္ၾကည့္ရေအာင္ "
ရန္ရိစဥ္းစားလိုက္သည္။ က်စ္႐ွင္းအေဆာက္အဦးက ဟုန္းဝူဌာနခြဲနဲ႔မ်က္ႏွာခ်င္းဆိုင္ပဲ၊ ရဲဌာနအေပါက္ဝဆီလာၿပီး ခုန္ခ်တယ္၊ အဲ့လိုလူအမ်ားစုက လိုခ်င္တဲ့စရာကိစၥေတြ႐ွိၿပီး တကယ္မေသခ်င္ၾကေပ။
သုံးသပ္ခ်က္က ထိုကဲ့သို႔ျဖစ္ေနေသာ္ျငား ရန္ရိမ်က္ကြယ္မျပဳရဲ၊ သူကားထဲဝင္ၿပီး အျမန္ဆုံးႏႈန္းနဲ႔ အခင္းေနရာသို႔ အေျပးသြားလိုက္သည္။
လမ္းမွာ ရန္ရိအေျခအေနေမးရေအာင္ ကုံးရင့္႐ွန္ကို ဖုန္းေခၚခ်င္ေပမယ့္ ခ်ိဳးယန္ဖုန္းနံပါတ္က အရင္ေခၚလာခဲ့သည္။
" ေဟး ေခါင္းေဆာင္ခ်ိဳး "
" ေခါင္းေဆာင္ ႐ွင္တာဝန္ရလား? "
" ရတယ္ ဘာကိစၥမ်ားလဲ? "
ခ်ိဳးယန္ ခါးသက္သက္ျပဳံးလိုက္ၿပီး
" ေက်းဇူးျပဳၿပီး ျမန္ျမန္လာေပးပါ၊ ဒီကိစၥက ကြၽန္မတို႔အေပၚ တစ္ခုခုဆိုက်ိဳးသက္ေရာက္မႈ႐ွိတယ္၊ ၿပီးေတာ့ ရဲမႉးလည္းေဒါသထြက္ေနၿပီ "
" စိတ္မပူပါနဲ႔၊ ကြၽန္ေတာ့္ကို ဘာျဖစ္တာလဲဆိုတာ အရင္ေျပာေပး "
" ကြၽန္မဖုန္းထဲမွာ ေျပာလို႔မရဘူး၊ ရဲမႉးကိုျပန္ေခၚရဦးမယ္၊ အခင္းေနရာမွာေတြ႕ၾကတာေပါ့ "
ေျပာၿပီးေနာက္ သူမအေလာတႀကီး ဖုန္းခ်သြားသည္။
ရန္ရိ တင္းခ်င္ကိုေမးလိုက္သည္။
" ရဲေတြဘာေျပာလဲ? "
" အဖိုးႀကီးတစ္ေယာက္ အေဆာက္အဦးေပၚကခုန္ခ်မလို႔တဲ့၊ သူ႕သားကေအာက္မွာ႐ွိတယ္၊ ၿပီးေတာ့ သတင္းသမားေတြအုပ္စုလိုက္ေရာက္လာတယ္ "
" အေၾကာင္းျပခ်က္ကေရာ? "
" ကြၽန္ေတာ္မသိဘူး "
သူတို႔ အခင္းေနရာကို အလြန္ျမန္ျမန္ေမာင္းသြားလိုက္သည္။ က်စ္႐ွင္းအေဆာက္အဦးေအာက္မွာေတာ့ လူေတြအမ်ားႀကီး ေရာက္ႏွင့္ေနၾကၿပီျဖစ္၍ မီဒီယာသမားကားေတြက လမ္းတစ္ဝက္ေလာက္ကို ပိတ္ထားသည္။ က်ိန္းေသတာေပါ့၊ အေဆာက္အဦးထိပ္က လက္ရန္းအျပင္မွာ ရပ္ၿပီး "ရဲေတြျပည္သူကို အႏိုင္က်င့္ပါတယ္ " ဆိုၿပီးေအာ္ေနတဲ့ အဖိုးႀကီးတစ္ေယာက္႐ွိသည္။ ၿပီးေတာ့ ႐ုပ္ခ်င္းဆင္ေသာ ေအာက္ဘက္႐ွိ အသတ္လတ္ပိုင္းေယာက်္ားကေတာ့ စိတ္လႈပ္တ႐ွားနဲ႔ မီဒီယာေတြအင္တာဗ်ဴးျခင္း ခံေနရသည္။
ရန္ရိ ေျပာလိုက္သည္။
" မီဒီယာကားေတြကို လမ္းဖယ္ခိုင္းလိုက္ "
စြန္းတင့္ရိ ကားေပၚကဆင္းၿပီး မီးသတ္ကားအတြက္လမ္း႐ွင္းဖို႔ မီဒီယာကားေတြနဲ႔ ညႇိႏိႈင္းေဆာင္႐ြက္ရသည္။
ကားထဲကထြက္ၿပီးေတာ့ သူတို႔ ေလကူ႐ွင္ကိုေလျဖည့္ၿပီး ေအာက္ဘက္မွာေနရာခ်သည္။ သို႔ေသာ္ အဖိုးႀကီးက ငါးလႊာအေပၚဆုံးထပ္မွာ႐ွိေနၿပီး ဒီအျမင့္နဲ႔ သူ႕အသက္အ႐ြယ္အရ ေလကူ႐ွင္ေပၚျပဳတ္က်မယ္ဆိုရင္ေတာင္ ေသတာ ဒါမွမဟုတ္ က်ိဳးပဲ့တာမ်ိဳးျဖစ္ႏိုင္သည္။
ကုံးရင့္႐ွန္နဲ႔ ခ်ိဳးယန္တို႔ ရန္ရိဆီေလွ်ာက္လာၿပီး ရန္ရိကုံးရင့္႐ွန္ကိုျမင္ေတာ့ မထိန္းႏိုင္ဘဲ ျပဳံးျပလိုက္သည္။
" ကြၽန္ေတာ္နဲ႔ အေပၚထပ္လိုက္ခဲ့၊ လမ္းသြားရင္း စကားေျပာတာေပါ့ "
စြန္းတင့္ရိနဲ႔အျခားသူေတြ သူတို႔ေနာက္ကလိုက္လာသည္။
ခ်ိဳးယန္က လုံးဝေဒါသထြက္ေန၏။
" ကြၽန္မတို႔႐ုံးမွာ ဒီႏွစ္မွစာေမးပြဲေအာင္တဲ့ ရဲေမေလးတစ္ေယာက္႐ွိတယ္၊ အေပၚမွာ႐ွိတဲ့လူက သူ႕ဦးေလး၊ ေအာက္ကလူက သူ႕ဝမ္းကြဲအစ္ကို "
" ဒါနဲ႔ဘာဆိုင္လို႔လဲ? "
စြန္းတင့္ရိက နားမလည္ႏိုင္ဘဲ ေမးလိုက္သည္။
" ရဲေမေလးအေဖ လြန္ခဲ့တဲ့လက ကားအက္ဆီးဒန္႔ျဖစ္ၿပီး ဆုံးသြားတယ္၊ သူကမိသားစုထဲမွာ တစ္ဦးတည္းေသာသမီးပဲ၊ သူ႕အေဖက အိမ္ႏွစ္အိမ္နဲ႔ ေငြသားသိန္းနဲ႔ခ်ီၿပီးခ်န္ထားခဲ့တယ္၊ အခု သူ႕ဦးေလးေျပာေနတာက သူတို႔မိသားစုထဲမွာ သားေယာက်္ားေလးမ႐ွိလို႔ ေကာင္မေလးအေဖရဲ႕အေမြေတြအားလုံးက ေျမးအႀကီးဆုံးျဖစ္တဲ့ သူ႕အစ္ကိုဝမ္းကြဲနဲ႔ပဲ သက္ဆိုင္သင့္တယ္တဲ့ "
[ T/n : တ႐ုတ္ေ႐ွးမိသားစုေတြမွာ အိမ္ရဲ႕အႀကီးအကဲဟာ အေဖ ဒုတိယအႀကီးအကဲဟာ သားအႀကီးဆုံးပဲ၊ အိမ္ေထာင္စုရဲ႕ဘယ္ေနရာမွာမဆို သားႀကီးကမ်က္ႏွာရတယ္၊ ပိုအေလးသာတယ္၊ သမီးမိန္းကေလးကို ခ်ိဳးႏွိမ္တယ္၊ ဒါေပမယ့္ ညီငယ္ရဲ႕အေမြေတြက သူ႕အစ္ကိုသားနဲ႔မဆိုင္တာေတာ့ ေသခ်ာတယ္ ]
စြန္းတင့္ရိ မ်က္လုံးျပဴးသြားၿပီး
" သူ႕ဦးေႏွာက္ ေရျမဳပ္သြားတာလား? "
ေစြးရီ႐ွန္႔ကေခါင္းခါသည္။
" ဒီလိုေျမ႐ွင္ပေဒသရာဇ္အေတြးနဲ႔ ေနရာအမ်ားႀကီး႐ွိေသးတယ္လို႔ေတာ့ မေျပာလိုက္နဲ႔ "
" သူတို႔ အေမြဆက္ဆံျခင္းဥပေဒကို နားမလည္ဘူးလား? "
" တကယ္နားမလည္ဘူးလို႔လည္း ေသခ်ာေပါက္မဆိုလိုဘူး "
ရန္ရိ စပ္ဆုတ္႐ြံ႐ွာမႈျဖင့္ ေျပာလိုက္သည္။
" မိဘမဲ့ေတြနဲ႔ မုဆိုးမေတြကို ႏွိပ္ကြပ္အႏိုင္က်င့္ဖို႔ဆိုရင္ ဘယ္ေနရာျဖစ္ျဖစ္ စားခ်င္ၾကတာခ်ည္းပဲ "
ကုံးရင့္႐ွန္က ေျပာလာသည္။
" ဇာတိမွာလည္း ျပႆနာ႐ွာတယ္လို႔ၾကားတယ္၊ လုပ္ေဖာ္ကိုင္ဖက္က သူတို႔နဲ႔မ႐ႈပ္ခ်င္လို႔ သူ႕အေမကို ထ်န္ခ်ီမွာေနဖို႔ေခၚလာတာ၊ ၿပီးေတာ့ သူတို႔ဌာနခြဲမွာ ျပႆနာလာ႐ွာတယ္၊ ကြၽန္ေတာ္တို႔ ႏွင္ထုတ္လိုက္တာခံလိုက္ရၿပီး အခုတိုက္ေပၚကခုန္ခ်ဖို႔လာတာပဲ "
" ဖမ္းၿပီး ရက္နည္းနည္းေလာက္ ေထာင္မခ်လိုက္ဘူးလား? "
စြန္းတင့္ရိ ေျပာလိုက္သည္။
" သူတို႔ ေဆြမ်ိဳးေတြျဖစ္ေနလို႔ သက္ညႇာေပးခဲ့တာ "
ခ်ိဳးယန္က ေဒါသထြက္ထြက္ႏွင့္။
" ဒီတစ္ခါေတာ့ ဘာသက္ညႇာမႈမွ မ႐ွိေတာ့ဘူး "
စကားေျပာေနစဥ္အတြင္းမွာပဲ လူအေတာ္မ်ားမ်ား အေပၚဆုံးထပ္ေခါင္းမိုးဆီေရာက္သြားၾကၿပီး ရဲသားသုံးေယာက္က အဖိုးႀကီးကိုဝိုင္းကာ တက္တက္ႂကြႂကြႏွင့္ ေျဖာင္းျဖေနၾကသည္။
အဖိုးႀကီးက ခ်ိဳးယန္ကိုေတြ႕ေတာ့ လက္ညိႇဳးထိုးၿပီးေျပာလာသည္။
" မင္းက ေ႐ွာင္ေကာင္းရဲ႕ေခါင္းေဆာင္မလား? ေ႐ွာင္ေကာင္းကို လႊတ္လိုက္စမ္း၊ သူ႕ဦးေလးကို လာေတြ႕ရဲလားလို႔! "
ခ်ိဳးယန္သူ႕ကို ေအးစက္စက္ၾကည့္လိုက္ၿပီး
" ေ႐ွာင္ေကာင္း အလုပ္လုပ္ေနတယ္၊ လူႀကီးမင္းေကာင္း အေပၚကျပန္ဆင္းခဲ့ပါ၊ ကိုယ့္အတြက္အႏၲရာယ္႐ွိႏိုင္တာမ်ိဳးနဲ႔ အဓိပၸါယ္မ႐ွိတာေတြ လုပ္မေနပါနဲ႔ "
" သူကဘာကို အလုပ္လုပ္ေနေသးတာလဲ? "
အဖိုးႀကီးက ေအာ္ဟစ္သည္။
" သူက အ႐ွက္မ႐ွိတဲ့မိန္းမပဲ၊ သူ႕အေဖ ေက်ာင္းတက္ေနတုန္းက ငါတို႔မိသားစုအိမ္မွာ ဘယ္ေလာက္ေတာင္လာစားေသာက္ခဲ့လဲ? သူ႕ဦးေလးသူေရာ ဝတၱရားသိတတ္ရဲ႕လား? သူကဘယ္လိုအလုပ္လိုခ်င္ၿပီး ဘယ္လိုမိသားစုမ်ိဳးရခ်င္ေနတာလဲ? "
" အေမြဆက္ခံျခင္းဥပေဒအရ ေသဆုံးသူရဲ႕ပိုင္ဆိုင္ျခင္း ပထမသတ္မွတ္ခ်က္က ဇနီးမယား၊ သားသမီးနဲ႔ မိဘေတြပဲ၊ သူတို႔အသက္႐ွင္ေနေသးတယ္၊ အဲ့တာေၾကာင့္ အျခားသူေတြမရႏိုင္ဘူး....."
" အဓိပၸါတယ္မ႐ွိတဲ့ဥပေဒ! "
အဖိုးႀကီးက ေအာ္သည္။
" ဒီဥပေဒေပၚတာမွ ႏွစ္နည္းနည္းပဲ႐ွိေသးတယ္၊ ငါတို႔ဘိုးေဘးေတြဓေလ့က ႏွစ္ေထာင္နဲ႔ခ်ီၿပီး ႐ွိေနတာ၊ သူက မ်ိဳး႐ိုးဂုဏ္႐ွိန္ေကာင္းၿပီး ေယာက်္ားပီသတယ္၊ ဒါေပမယ့္ သူ႕မွာသား႐ွိေနရင္ေတာ့ ငါမစိုးရိမ္ပါဘူး၊ တကယ္တမ္းက်ေတာ့ မိန္းကေလးကို အျခားမိသားစုကလူေတြ ပိုင္သြားမွာပဲ၊ ငါသူ႕အတြက္လုပ္ေပးတာ၊ ေကာင္းမိသားစုအတြက္ အေမြးတိုင္ထြန္းဖို႔မဟုတ္ဘူး! ငါ့သားက အိမ္မႀကီးရဲ႕ ေျမးပဲ၊ သူ႕မွာသားမ႐ွိဘူး၊ ေသၿပီးေတာ့ သူ႕ပိုင္ဆိုင္မႈေတြက ငါ့သားအတြက္ပဲျဖစ္သင့္တယ္ "
စြန္းတင့္ရိက မ်က္လုံးေစြၿပီး တိုးတိုးေျပာလိုက္သည္။
" ခုန္ခ်ေသဖို႔ ေမ့ေနတာပဲ "
ေစြးရီ႐ွန္႔က ညာဘက္ကိုသြားတုန္း ရန္ရိ စြန္းတင့္ရိကို ဘယ္ဘက္မွာရပ္ခိုင္းလိုက္သည္။ ရန္ရိ တျဖည္းျဖည္းအနားတိုးသြားၿပီး တစ္ခ်ိန္တည္းမွာပဲ သူ႕ကိုယ္သူ လက္ရန္းမွာ ႀကိဳးနဲ႔ခ်ည္သည္။
အဖိုးႀကီးက ရန္ရိကိုလက္ညိႇဳးထိုးၿပီး ေျပာလာ၏။
" ဒီကိုမလာနဲ႔ "
" ဦးေလး ဒီလိုေအးတဲ့ရာသီဥတုမွာ ေခါင္းမိုးေပၚေလေတြတိုက္လို႔ ေနရထိုင္ထိုင္ရမေကာင္းပါဘူး "
ရန္ရိသူ႕ကို ေအးေအးလူလူ ၾကည့္လိုက္ၿပီး
" ဆင္းလာခဲ့ပါ "
" ဒီကိုမလာနဲ႔! "
အဖိုးႀကီးက ေအာ္သည္။
" ေ႐ွာင္ေကာင္းကိုသာ ငါနဲ႔ေတြ႕ဖို႔လႊတ္လိုက္! "
" ေ႐ွာင္ေကာင္းက ဦးေလးနဲ႔မေတြ႕ခ်င္ဘူး "
ရန္ရိ လက္ရန္းနဲ႔နီးေအာင္ ကိုင္းလိုက္ၿပီး ေအာက္ကိုငုံ႔ၾကည့္လိုက္သည္။
" အရမ္းျမင့္တယ္၊ ျပဳတ္က်ရင္ သြားၿပီပဲ၊ ဦးေလး၊ အခု လူ႕အသိုင္းအဝိုင္းက ဥပေဒစည္းမ်ဥ္းလက္ေအာက္မွာ၊ ဦးေလးအခါတစ္ေသာင္း ေသရင္ေတာင္ ဥပေဒက ဦးေလးညီရဲ႕အေမြကို ဦးေလးသားဆီ ေပးမွာမဟုတ္ဘူး၊ အိုး ဒါေပမယ့္ ဦးေလးအေမြေတြကိုေတာ့ ဦးေလးသားဆီ ေခ်ာေခ်ာခ်ဴခ်ဴေပးလို႔ရတယ္ "
" အဲ့တာဆို ငါအားလုံး၊ မီဒီယာသမားေတြကိုေရာ၊ သာမန္လူေတြကိုေရာပါ ရဲေတြငါ့ကို ဖိအားေပးေသခိုင္းပါတယ္ လို႔ေျပာလိုက္မယ္ "
အဖိုးႀကီးက ႐ူးသြပ္ေနတဲ့အတိုင္း ေအာ္သည္။
ရန္ရိ ႀကိတ္ဆဲလိုက္မိ၏။ အဖိုးႀကီးက မုန္းစရာေကာင္းတယ္၊ ဒါေပမယ့္ သူတကယ္ခုန္ခ်သြားရင္ ခ်ိဳးယန္နဲ႔ အျခားသူေတြ ေ႐ွာင္လႊဲလို႔မရ။ အဖိုးႀကီးခုန္ခ်မယ္လို႔ သူမယုံေပမယ့္လည္း လူထုအက်ိဳးသက္ေရာက္မႈက မေကာင္းေပ။ ေ႐ွာင္းေကာင္းရဲ႕အနာဂတ္ကိုလည္း ထိခိုက္ေစႏိုင္သည္။
သုံးသပ္ၾကည့္ရသေလာက္ အဖိုးႀကီးက ေပသီးတြက္,တြက္သလိုကစားေနၿပီး ေ႐ွာင္ေကာင္းနဲ႔ တစ္ခုႏွစ္ခုေလာက္ သေဘာတူညီမႈရေအာင္ လုပ္ေနသည္။ ဘယ္နည္းနဲ႔မွ လက္ဗလာျပန္မသြားႏိုင္။
ရန္ရိျပန္သြားၿပီး ကုံးရင့္႐ွန္နဲ႔ ခ်ိဳးယန္ကို ေလသံခပ္တိုးတိုးျဖင့္ ေဆြးေႏြးလိုက္သည္။
" မင္းတို႔မွာ အေျဖေကာင္းတစ္ခုခု႐ွိလား? "
ကုံးရင့္႐ွန္က ေျပာလာသည္။
" သူက်ိန္းေသေပါက္ လုံးဝခုန္မခ်ခ်င္ဘူး၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ကလည္း ေ႐ွာင္ေကာင္း သူနဲ႔လာညႇိႏိႈင္းၿပီး တိုးတက္မႈ႐ွိသြားမွာ မလိုလားဘူး "
ရန္ရိ ေျပာလိုက္သည္။
" ဆြဲခ်မယ္၊ ဒီနည္းလမ္းက သိပ္မေကာင္းဘူး၊ ေခါင္းမိုးထပ္က ေအးၿပီးေလထန္တယ္၊ အဖိုးႀကီးၾကည့္ရတာ အခ်ိန္ၾကာေတာ့ ခႏၶာကိုယ္လည္း ပင္ပန္းလာပုံပဲ၊ မေတာ္တဆျဖစ္ႏိုင္တယ္ "
" အဲ့ေတာ့ ႐ွင္ဆိုလိုတာက...."
ခ်ိဳးယန္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ရန္ရိကို ၾကည့္လိုက္သည္။
" ကြၽန္ေတာ့္တပ္သားေတြက အဆင္သင့္ပဲ၊ ကြၽန္ေတာ္တို႔ ဒီလိုအေဆာက္အဦးေပၚကခုန္ခ်တဲ့သူေတြ ကိုင္တြယ္ရတာ ေတာ္ေတာ္အေတြ႕အၾကဳံ႐ွိပါတယ္၊ ေ႐ွာင္ေကာင္းကိုေခၚၿပီး သူနဲ႔ေဆြးေႏြးခိုင္း၊ သူ႕အာ႐ုံကိုဖမ္းစားၿပီး ကြၽန္ေတာ္တို႔က လူကယ္ဖို႔အခြင့္အေရးယူမယ္ "
" ကြၽန္မ ေ႐ွာင္ေကာင္းကို ဘာေျပာခိုင္းလိုက္ရမလဲ? "
" သူ႕ကို ဘာမွအေရးမေပးနဲ႔၊ ရန္ပဲစေပး "
ကုံးရင့္႐ွန္ ေျပာလာသည္။
" ဂ႐ုစိုက္ဦး "
" စိတ္မပူပါနဲ႔ "
ခ်ိဳးယန္ဖုန္းထုတ္ၿပီး
" လူႀကီးမင္းေကာင္း၊ ကြၽန္မအခု ေ႐ွာင္းေကာင္းကိုေခၚေနၿပီ၊ ဦးေလး ေဆြးေႏြးလို႔ရတယ္ "
အဖိုးႀကီးက ေအာ္ေျပာသည္။
" မင္းသူ႕ကိုလာခိုင္းစမ္း၊ သူရဲစခန္းမွာ ဘာလုပ္ေနတာလဲ? ဝတၱရားမေက်ဘဲ ေနရဲတယ္၊ သူငါ့ကို လာမေတြ႕ရဲလို႔လား? "
ဖုန္းလိုင္းခ်ိတ္ဆက္သြားေတာ့ ခ်ိဳးယန္ တစ္ဖက္လူကို စကားနည္းနည္းေျပာလိုက္ၿပီးေနာက္ စပီကာဖြင့္လိုက္သည္။
အဖိုးႀကီးက ေအာ္သည္။
" ေကာင္းေ႐ွာင္ယြဲ႕ ထြက္လာခဲ့စမ္း! "
" ဦးေလး ဘာလိုခ်င္တာလဲ? "
ဖုန္းတစ္ဖက္ကေန အမ်ိဳးသမီးသံခပ္စြာစြာ ထြက္လာသည္။
" ဒီလိုျပႆနာ႐ွာတာ ဦးေလးအတြက္တရားမဝင္ဘူး "
" ေလာင္က်ီက အႀကီးအကဲပဲ၊ အဲ့တာ ေကာင္းမိသားစုရဲ႕နည္းလမ္း! မင္း အ႐ွက္မ႐ွိတဲ့အ႐ိုင္အစိုင္းေလး၊ မင္းအေဖေက်ာင္းတက္တုန္းက ငါ့တို႔ဆီမွာ ဘယ္ေလာက္ေတာင္ လာစားေသာက္ခဲ့လဲ? ငါလက္ထပ္တုန္းက အိမ္မွာ အပ္ခ်ဳပ္စက္တစ္လုံးဝယ္ခဲ့တယ္၊ မင္းမိဘေတြလက္ထပ္ေတာ့ TV တစ္လုံး႐ွိလာတယ္၊ ငါသူ႕ကိုညီဆိုၿပီး လႊတ္ေပးထားတာပဲမဟုတ္ဘူးလား သူကဘာမိုလို႔လဲ? မင္းမိဘေတြအားလုံး အမိႈက္ေတြပဲ၊ ဒီလိုအသုံးမက်တဲ့သမီးကို ေမြးထားတာလဲ ဝတ္မေသးဘူး "
[ T/n : 老子 - LâoZi - စိတ္ဆိုးတဲ့အခ်ိန္ မင္းအေဖငါက* ဆိုၿပီး ေယာက်္ားမာန္ပါပါ သုံးႏႈန္းတတ္တဲ့စကားမ်ိဳးပါ၊ က်န္႔ေဆြ႕ယင္းဆိုအရမ္းသုံးတယ္ lol ]
ေကာင္းေ႐ွာင္ယြဲ႕ တုန္လႈပ္သြားသည္။
" အေဖ ဦးေလးဆီက ထမင္းတစ္ဆုပ္ႏွစ္ဆုပ္စားခဲ့ေပမယ့္ သူျပန္မေပးခဲ့လို႔လား? ဒီႏွစ္ေတြမွာ သူဦးေလးကို ေငြဘယ္ေလာက္ေတာင္ ေခ်းခဲ့ရလဲ? ဦးေလး ျပန္ဆပ္ၿပီးၿပီလား? အေဖ အစ္ကိုဝမ္းကြဲအတြက္ အလုပ္ဘယ္ႏွခုေတာင္ ႐ွာေပးခဲ့ရလဲ? သူတစ္ခုေတာင္ လုပ္ႏိုင္လို႔လား? ဦးေလး၊ ကြၽန္မအေဖ ဆုံးၿပီး႐ုံပဲ႐ွိေသးတယ္၊ ဦးေလး ကြၽန္မနဲ႔ ကြၽန္မအေမကို ဒီလိုအႏိုင္က်င့္တယ္၊ ႐ြာကလူေတြ ကြၽန္မတို႔ေကာင္းမိသားစုကို ဘယ္လိုထင္မလဲ? "
" ႐ြာကလူေတြ မင္းကို အသုံးမက်တဲ့ေကာင္မ၊ ဝတၱရားမေက်တဲ့သူ၊ အာဏာဖီဆန္တဲ့သူလို႔ေခၚတာ ! "
အဖိုးႀကီးက ေအာ္ဟစ္သည္။
" ငါ့သားက ေကာင္းမိသားစုရဲ႕ တစ္ဦးတည္းေသာသားပဲ၊ မိသားစုအေမြက မင္းရယ္ မင္းအေမရယ္နဲ႔ ဘာဆိုင္လို႔လဲ? "
ေကာင္းေ႐ွာင္ယြဲ႕ အရမ္းစိတ္တိုၿပီး ေအာ္ေျပာလာသည္။
" အခုလူ႕အသိုင္းအဝိုင္းက ဥပေဒစည္းမ်ဥ္းလက္ေအာက္မွာပဲ၊ ဥပေဒက ဦးေလးရဲ႕စည္းမ်ဥ္းေတြကို အသိအမွတ္ျပဳမွာမဟုတ္ဘူး၊ ကြၽန္မနဲ႔ ကြၽန္မအေမက အေဖရဲ႕ အေမြဆက္ခံသူေတြပဲ၊ ၿပီးေတာ့ ကြၽန္မတို႔မိသားစုအေမြက ဦးေလးနဲ႔ဘာမွမဆိုင္ဘူး! "
ရန္ရိ စြန္းတင့္ရိကို အခ်က္ျပလိုက္ၿပီး ႏွစ္ေယာက္သား လက္ရန္းဆီ တိတ္တဆိတ္တက္ကာ အဖိုးႀကီးဆီ ျဖည္းျဖည္းခ်င္းခ်ဥ္းကပ္သြားသည္။
အဖိုးႀကီးက ေအာ္သည္။
" မင္းေမ-ိဳး၊ မင္းက ေကာင္းမိသားစုပဲ၊ ေကာင္းမိသားစု စည္းမ်ဥ္းစည္းကမ္းကို နာခံရမယ္၊ ငါ မင္းနဲ႔မင္းအေမကို သနားပါတယ္၊ မင္းတို႔မွာ ဘာမွမက်န္ဘူးလို႔ မေျပာဘူး၊ အိမ္ေဟာင္းကို မင္းတို႔အတြက္ ခ်န္ထားေပးမယ္၊ အိမ္သစ္ကိုေတာ့ အစ္ကိုႀကီးဆီ လႊဲေပးရမယ္! "
" မျဖစ္ႏိုင္ဘူး ဦးေလး၊ အ႐ူးမထစမ္းပါနဲ႔၊ အ႐ွက္မ႐ွိဘူးလား! "
" မင္းအေမ မင္းလိုကေလးမ်ိဳး ေကာင္းမိသားစုအတြက္ ေမြးထားတာ ႐ွက္စရာပဲ! "
အဖိုးႀကီးက အသံၿပဲႀကီးနဲ႔ ေအာ္ဆဲရင္း အနားကပ္လာတဲ့အရိပ္ကိုျမင္ၿပီး ဘယ္အခ်ိန္က သူ႕နားေလွ်ာက္လာမွန္းမသိတဲ့ ရန္ရိကို ေခါင္းလွည့္ၾကည့္ကာ ေအာ္လိုက္သည္။
" မလာနဲ႔! ငါခုန္ခ်ပစ္မယ္! "
[ T/n : ေအာ္ပဲေအာ္ေနတာ ဒီအဖိုးႀကီး အာမၿပဲေသးဘူးလား :"( ]
ရန္ရိ ေျဖာင္းျဖတဲ့အမူအရာ လုပ္ျပလိုက္ၿပီး
" ဦးေလး၊ ဦးေလးမွာ လိုအပ္ခ်က္ေတြ႐ွိရင္ အသက္ဆက္႐ွင္ရဦးမယ္ေလ၊ ျပႆနာမ႐ွာပါနဲ႔ေတာ့၊ အႏၲရာယ္မ်ားတယ္၊ ျပဳတ္က်သြားတာနဲ႔ ေသမွာ"
" မလာနဲ႔၊ ငါ မင္းဘာလုပ္ခ်င္လဲ သိတယ္၊ မင္းငါ့ကိုဖမ္းခ်င္ေနတာ၊ ဘာပဲျဖစ္ျဖစ္ မင္းလည္းရဲပဲ၊ မင္းဖမ္းခ်င္တဲ့သူ ဖမ္းလို႔ရတယ္ "
" ပထမဆုံး ကြၽန္ေတာ္ကရဲမဟုတ္ဘူး၊ မီးသတ္သမားပါ၊ ဒုတိယအခ်က္ ရဲေတြက ဖမ္းခ်င္တဲ့သူ လိုက္ဖမ္းေနတာမဟုတ္ဘူး၊ ဒါေပမယ့္ ဦးေလးနဲ႔ ဦးေလးသားကေတာ့....."
ရန္ရိ 'က်စ္' ဟုႏွစ္ခါစုပ္သတ္လိုက္သည္။
အဖိုးႀကီးက သူ႕ကိုစိုက္ၾကည့္ၿပီး
" ငါတို႔ဘာျဖစ္မွာလဲ? "
" ရန္႐ွာတယ္၊ ရဲအရာ႐ွိေတြကို ေႏွာင့္ယွက္တယ္၊ ႏိုင္ငံရဲ႕ ျပည္သူ႕ဥပေဒကို ဆဲေရးတိုင္းထြာတယ္၊ ဆရာ ကြၽန္ေတာ္ ဦးေလးကို ျပႆနာ႐ွာတာရပ္ဖို႔ အၾကံေပးခ်င္တယ္၊ မဟုတ္ရင္ ဦးေလးတကယ္ ခုန္ခ်ခ်င္လို႔လား?"
" ခုန္ခ်တာေပါ့၊ ငါ့အတြက္ ဘာျဖစ္ႏိုင္ေသးလို႔လဲ? ငါေသရမွာမေၾကာက္ဘူးကြ! "
အဖိုးႀကီး လက္ရန္းကလက္တစ္ဖက္ကိုလႊတ္လိုက္ၿပီး ခုန္ခ်မလို႔လုပ္သည္။
" ေကာင္းေ႐ွာင္ယြဲ႕ ငါ့သားကိုအိမ္ေပးဖို႔ လက္မခံသေ႐ြ႕ ျပႆနာ႐ွာမွာပဲ၊ ငါအသက္႐ွဴေနေသးရင္ ျပႆနာဆက္႐ွာမယ္၊ ငါသူ႕ကို အလုပ္ျပဳတ္ေအာင္လုပ္မယ္၊ လူေတြကို မ်က္ႏွာခ်င္းမဆိုင္ႏိုင္ေအာင္ လုပ္ပစ္မယ္! "
စြန္းတင့္ရိက ေျပာလိုက္သည္။
" အဲ့တာဆို ခင္မ်ားခုန္ခ်ၿပီးေသေလ၊ မကယ္ပဲ ေနရေအာင္ "
အဖိုးႀကီးဆဲဆိုရင္း ေအာက္ကိုမၾကာမၾကာငုံ႔ၾကည့္ေနၿပီး ေျခေထာက္ေတြ နည္းနည္းတုန္လာသည္။
ရန္ရိ ေျပာလိုက္၏။
" ဦးေလး ကြၽန္ေတာ္တို႔ ဒီလိုေအးတဲ့ေန႔မ်ိဳး ထြက္လာရတာမလြယ္ဘူး၊ ဦးေလး ခုန္ခ်၊မခ်ဆိုတာ ဦးေလးသိတာပဲ၊ ဦးေလး ခုန္ခ်တာမခ်တာ ကြၽန္ေတာ္တို႔နဲ႔မဆိုင္ဘူး၊ ကြၽန္ေတာ္တို႔ ဦးေလးကိုေျဖာင္းျဖတာပဲ ယဥ္ေက်းေနၿပီ၊ မလုပ္နဲ႔ေတာ့ အသုံးမဝင္ဘူး "
သူတို႔ႏွစ္ေယာက္ ကပ္လာတာျမင္ေတာ့ အဖိုးႀကီးကေအာ္သည္။
" ေကာင္းေ႐ွာင္ယြဲ႕၊ မင္းအိမ္ကို အစ္ကိုႀကီးဆီေပးလိုက္စမ္း! မင္းလက္ခံတာမခံတာ ငါဂ႐ုမစိုက္ဘူး၊ လက္မခံရင္ မင္းတို႔သားအမိကို ဒုကၡေရာက္ေအာင္ လုပ္ပစ္မယ္! "
ေကာင္းေ႐ွာင္ယြဲ႕ ေအာ္လိုက္သည္။
" အိမ္မက္မက္ေနလိုက္! "
အဖိုးႀကီးက ေဒါသေၾကာင့္တုန္ယင္ေနသည္။ ထိုအခိုက္အတန္႔ ေလစိမ္းတစ္ခ်က္ေဝ့တိုက္လာၿပီး ေလတဲ့အတူေရာပါလာတဲ့သဲေတြက သူ႕မ်က္လုံးကို ပက္ထည့္လိုက္၍ လက္လြတ္ကာ လူတစ္ကိုယ္လုံး ေအာက္ျပဳတ္က်သြားသည္။
" အား-----"
အဖိုးႀကီးက ေၾကာက္အားလန္႔အားေအာ္သည္။
ရန္ရိေ႐ွ႕သို႔ခုန္ပ်ံကာ အဖိုးႀကီးကိုသိုင္းဖက္လိုက္ေတာ့ ႏွစ္ေယာက္သားတစ္ခ်ိန္တည္း ျပဳတ္က်သြားၿပီး ေနာက္ဆုံး အသက္ကယ္ႀကိဳးျဖင့္ ေလဟာနယ္ထဲေရာက္သြားသည္။
" ရန္ရိ! "
ရန္ရိ အေဆာက္အဦးေပၚက ခုန္က်သြားတာျမင္ၿပီး၊ အသက္ကယ္ႀကိဳး႐ွိေနတာေတာင္၊ ကုံးရင့္႐ွန္ ေသြးေတြေျပာင္းျပန္စီးဆင္းသြားသလို ခံစားလိုက္ရၿပီး တစ္ကိုယ္လုံးခ်မ္းစိမ့္လာသည္။ သူ လက္ရန္းဆီ အေလာတႀကီးသြားၿပီး စိုးတထိတ္ထိတ္နဲ႔ ငုံ႔ၾကည့္လိုက္သည္။
ရန္ရိကေခါင္းေမာ့ၿပီး ျပဳံးကာ သူ႕ကိုေတာင္ ႐ႊတ္ေနာက္ေနာက္နဲ႔ Fly kiss လွမ္းေပးလိုက္ေသး၏။
ကုံးရင့္႐ွန္ စိတ္ေအးသက္ျပင္း ခ်လိုက္သည္။
အဖိုးႀကီးက အရမ္းေၾကာက္လြန္းလို႔ ရန္ရိလက္ထဲမွာ ႂကြက္တက္သလို ေပ်ာ့ေခြေနသည္။
တပ္သားေတြ သူတို႔ကို အတူတူလာဆြဲထူၾကၿပီး ရန္ရိ ႐ုတ္တရက္ သူ႕ေျခေထာက္ကေန အပူခ်ိန္ခံစားမိလိုက္သည္။ သူငုံ႔ၾကည့္လိုက္ခ်ိန္မွာေတာ့ အဖိုးႀကီးက တကယ္ကို ေဘာင္းဘီထဲ ႐ွဴးေပါက္ခ်ထားျခင္းပင္။
" ငါ-ိဳး "
ရန္ရိ ထခုန္လိုက္သည္။
အားလုံးဝိုင္းရယ္ၾက၏။
ရန္ရိ စိတ္တိုတိုနဲ႔ ကယ္ဆယ္ေရးဝတ္စုံခြၽတ္သည္။ ကံေကာင္းလို႔ ေဆာင္းရာသီျဖစ္ၿပီး ကယ္ဆယ္ေရးဝတ္စုံေအာက္မွာ အဝတ္ေတြဝတ္ထားေသးသည္။ ေႏြရာသီမွာလို ဘာမွဝတ္မထားရင္ ခြၽတ္လို႔ရမွာမဟုတ္။ သူ ကယ္ဆယ္ေရးဝတ္စုံကို ေစြးရီ႐ွန္႔ဆီ ကန္ပစ္ေပးလိုက္ၿပီး
" မင္းကိုေပးတယ္ "
ေစြးရီ႐ွန္႔က မယူခ်င္ယူခ်င္နဲ႔ "အမ္း" ဟုျပန္ေျဖလာသည္။
ခ်ိဳးယန္ အဖိုးႀကီးကို မခန္႔ေလးစားနဲ႔ လွမ္းၾကည့္လိုက္ၿပီး
" ေၾကာက္လို႔ သတိလစ္သြားၿပီလား? "
ရန္ရိ ကုံးရင့္႐ွန္ကို ျပဳံးၾကည့္လိုက္ၿပီး
" ငါအခုတင္ ေလထဲခုန္ခ်လိုက္တာ၊ အရမ္းေခ်ာတယ္မလား၊ movie special effects ေတြနဲ႔ဆိုလို႔ကေတာ့ "
ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ၿပီး အတည့္အတံ့ၾကည့္လာသည္။
" ခင္မ်ား ဒဏ္ရာျပ "
" စိတ္မပူနဲ႔၊ မထိမိဘူး "
ကုံးရင့္႐ွန္ ဖြဖြေအာ္လိုက္သည္။
" မလႈပ္နဲ႔ "
သူ ရန္ရိ မီးေလာင္ဒဏ္ရာကိုၾကည့္ဖို႔ အက်ႌေကာ္လံ ဖြင့္လိုက္ေတာ့ အသားလႊာအေကာင္းပကတိ႐ွိေသးေၾကာင္း ျမင္လိုက္ရၿပီး စိတ္ေအးသြားသည္။
ရန္ရိ မေနသာပဲ စိတ္ခ်မ္းေျမ့သလိုခံစားလိုက္ရၿပီး မ်က္ႏွာေပၚက ခ်ိဳျမျမအျပဳံးကို မဖုံးကြယ္ႏိုင္ခဲ့ေပ။ သူေမာ့ၾကည့္လိုက္ေတာ့ ခ်ိဳးယန္သူ႕ကိုၾကည့္ေနတာ ေတြ႕လိုက္သည္။ သူ႕အမူအရာကို ျမန္ျမန္ထိန္းလိုက္ၿပီး
" ေခါင္းေဆာင္ခ်ိဳး၊ မင္းရဲေဘာ္ စိတ္အေျခအေနဘယ္လိုလဲ? "
ခ်ိဳးယန္ေျပာလာသည္။
" အိုး ေကာင္းပါတယ္၊ ကြၽန္မတို႔ ဒီလိုကလိမ္ကက်စ္က်တာမ်ိဳးကို ေျဖ႐ွင္းဖို႔ နည္းလမ္းတစ္ခု႐ွာလိုက္မယ္၊ ၿပီးေတာ့ လူေတြ ရဲအရာ႐ွိေတြကို ေႏွာင့္ယွက္ခြင့္မျပဳႏိုင္ဘူး "
" ေကာင္းတာပဲ "
ခ်ိဳးယန္ေျပာလိုက္သည္။
" ရင့္႐ွန္ မင္းဟိုမွာ တရားခံစစ္ေနတုန္းမလား၊ မင္းအရင္ျပန္သင့္တယ္၊ ငါတို႔ ေနာက္ဆက္တြဲကိစၥ တာဝန္ယူလိုက္မယ္ "
[ T/n : ကေလး ပထုတ္ခံလိုက္ရ ]
" အိုေက "
ကုံးရင့္႐ွန္ ရန္ရိကို တိုးတိုးကပ္ေျပာသြားသည္။
" ခင္မ်ားၿပီးရင္ ဌာနခြဲလာခဲ့ဦး "
ရန္ရိ သူ႕ကို OK လက္ဟန္လုပ္ျပလိုက္သည္။
ရဲသားအခ်ိဳ႕နဲ႔ မီးသတ္သမားအခ်ိဳ႕ အဖိုးႀကီးကို ေအာက္သယ္သြားၾကၿပီး အေပၚထပ္မွာ ရန္ရိနဲ႔ ခ်ိဳးယန္ပဲက်န္ေတာ့တဲ့အခ်ိန္ ခ်ိဳးယန္က သက္ျပင္းခ်ၿပီး
" ေခါင္းေဆာင္ကူညီတာ ေက်းဇူးတင္ပါတယ္၊ ဒီလိုအ႐ႈပ္ထုပ္မ်ိဳးက တကယ္အံ့ဩစရာပဲ၊ ရယ္မရ ငိုမရနဲ႔ "
" မင္းအတြက္ မလြယ္ဘူးပဲ "
ရန္ရိ ျပဳံးလိုက္သည္။
" အိမ္တြင္းေရးျပႆနာေတြက ေျဖ႐ွင္းဖို႔အခက္ဆုံးပဲ၊ အထူးသျဖင့္ မေျခအျမစ္မ႐ွိတာေတြနဲ႔ ၾကဳံလာရင္ေပါ့၊ မင္းဘာလုပ္ရမလဲ သိၿပီလား? "
" အရင္ေျခာက္လွန္႔လိုက္မယ္၊ ေ႐ွာင္ေကာင္းသေဘာမတူႏိုင္တာ သိသြားေအာင္ ရက္နည္းနည္းေလာက္ ထိန္းသိမ္းထားရင္ အေကာင္းဆုံးပဲ၊ ၿပီးေတာ့ အက်ိဳးအျမတ္ေလးေပးလိုက္မယ္၊ တစ္ေသာင္း၊ ႏွစ္ေသာင္းေလာက္ေပါ့၊ အဲ့တာဆို ေျဖ႐ွင္းႏိုင္ေလာက္မွာပါ "
ရန္ရိ ေခါင္းညိတ္လိုက္ၿပီး
" ဒီလိုလူမ်ိဳးကို ကိုင္တြယ္ဖို႔ အဲ့တာအသုံးဝင္ေလာက္တယ္ "
ခ်ိဳးယန္ ပင္ပင္ပန္းပန္းနဲ႔ မ်က္ခုံးႏွိပ္လိုက္ၿပီး အိတ္ကတ္ထဲက စီးကရက္ထုတ္ကာ ရန္ရိကို အရင္အခ်က္ျပသည္။
ရန္ရိ လက္ေဝ့ျပလိုက္ၿပီး
" ေက်းဇူးပါ ကြၽန္ေတာ္ကေတာ္ၿပီ "
ခ်ိဳးယန္ စီးကရက္နဲ႔ မီးျခစ္ထုတ္လိုက္သည္။ သို႔ေပမယ့္ မီးေတာက္မ်ားက ေလေၾကာင့္ လြင့္ျပယ္သြား၏။
ဒါကိုျမင္ေတာ့ ရန္ရိေဘးကပ္သြားလိုက္ရင္း
" ကြၽန္ေတာ္ ကာေပးထားမယ္ "
ခ်ိဳးယန္ ရန္ရိကို ခပ္ေဖ်ာ့ေဖ်ာ့ရယ္ျပသည္။ သူမအျပဳံးက ဆြဲေဆာင္မႈ႐ွိၿပီး ရမၼက္ဆႏၵမ်ားျဖင့္ ျပည့္လွ်မ္းေနသည္။ သူမ ေျခလွမ္းနည္းနည္း တိုးကပ္လိုက္ေတာ့ ရန္ရိရင္ခြင္ထဲေတာင္ ဝင္လုနီးပါးပင္။ မီးျခစ္ျခစ္ၿပီး သူ႕မဘာသာ စီးကရက္မီးညႇိလိုက္သည္။
ရန္ရိ ဒီအေငြ႕အသက္က တစ္ခုခုမွားေနမွန္း သတိထားမိလိုက္၏။
ခ်ိဳးယန္ တစ္ဖြာ႐ိႈက္လိုက္ၿပီးေနာက္ ရန္ရိမ်က္ႏွာေပၚသို႔ မီးခိုးေငြ႕မ်ား ခပ္ဖြဖြမႈတ္ထုတ္လိုက္ရင္း အျပဳံးေယာင္ေယာင္ ျပဳံးလိုက္သည္။
" ေခါင္းေဆာင္ရန္က ကြၽန္မတို႔ကို အမ်ားႀကီးကူညီထားတယ္၊ တစ္ခါတစ္ေလ ကြၽန္မ ဘယ္လိုေက်းဇူးတင္ရမွန္းေတာင္ မသိေတာ့ဘူး "
ရန္ရိ မသိသာေစဘဲ ေနာက္နည္းနည္းဆုတ္လိုက္သည္။
" ရပါတယ္ အဆင္ေျပတယ္ "
ခ်ိဳးယန္ ရန္ရိကို ႐ႊန္းလဲ့ေနေသာမ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။
" ႐ွင္ကြၽန္မကို ေက်းဇူးတင္ဖို႔ အခြင့္အေရးေပးသင့္တယ္ "
ရန္ရိ ျပဳံးကာ ေျပာလိုက္သည္။
" ေခါင္းေဆာင္ခ်ိဳး မင္းအရမ္းပ်ဴငွာေနပါၿပီ၊ ကြၽန္ေတာ္တို႔အလုပ္က အမ်ိဳးအစားကြဲျပားေပမယ့္ အရင္းခံကေတာ့ ျပည္သူကိုအမႈထမ္းဖို႔ပဲေလ "
ခ်ိဳးယန္က ညစ္က်ယ္က်ယ္ျပဳံးလိုက္ၿပီး
" ကြၽန္မအရိပ္အကဲျပေနတာ သိပ္မသိသာလို႔ပဲလား ဒါမွမဟုတ္ ႐ွင္တုံးခ်င္ေယာင္ေဆာင္ေနတာလား? "
ရန္ရိ ႐ိႈးတိုး႐ွန္႔တန္႔ျပဳံးျပလိုက္ရင္း
" ေခါင္းေဆာင္ခ်ိဳး...."
ခ်ိဳးယန္ ရန္ရိကိုေမာ့ၾကည့္လာခ်ိန္ အၾကည့္မ်ားကေတာက္ပလ်က္ ခ်ယ္ရီႏႈတ္ခမ္းမ်ားက အနည္းငယ္ဆူေဖာင္းေနၿပီး အလြန္လွပေပ၏။
" ကြၽန္မထုတ္ေမးတာ ၾကားခ်င္လို႔လား? "
ရန္ရိ ခ်ိဳးယန္ကိုၾကည့္ၿပီး ညင္ညင္သာသာေျပာလိုက္သည္။
" ေခါင္းေဆာင္ခ်ိဳး၊ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္တကယ္ ရင္ခုန္မိပါတယ္ ဒါေပမယ့္ ကြၽန္ေတာ္...."
" ႐ွင့္မွာ ခ်စ္သူမိန္းကေလး႐ွိလို႔လား? "
ခ်ိဳးယန္ ျပဳံးလ်က္ ေျပာလာသည္။
" မ႐ွိဘူးေလ ကြၽန္မတို႔စခန္းက ရဲေမေလးေတြအကုန္လုံး ေသခ်ာစုံစမ္းထားၾကၿပီးၿပီ "
" မ႐ွိပါဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္ႀကိဳက္တဲ့သူေတာ့႐ွိတယ္ "
" တကယ္လား? ဘယ္လိုမိန္းကေလးမ်ိဳးမ်ားလဲ? "
ခ်ိဳးယန္က တက္မက္ဖြယ္ေကာင္းစြာ ဆံပင္သပ္လိုက္ၿပီး
" ကြၽန္မထက္ ပိုေခ်ာလို႔လား? "
" ေခါင္းေဆာင္ခ်ိဳး၊ မင္းက ကြၽန္ေတာ္ေတြ႕ဖူးသမွ်ထဲမွာ အေကာင္းဆုံးနဲ႔အလွဆုံးမိန္းကေလးပါပဲ၊ ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးက ႏိႈင္းယွဥ္လို႔မရဘူး မလား? "
" မွန္တာေပါ့၊ ကြၽန္မဘယ္ေလာက္ေကာင္းေကာင္း မႏိႈင္းယွဥ္ႏိုင္တဲ့ အရာတစ္ခုခုေတာ့႐ွိတာပဲ၊ ဥပမာေျပာရရင္....."
ခ်ိဳးယန္ ရန္ရိမ်က္လုံးေတြကို တည့္တည့္စိုက္ၾကည့္ရင္း ႐ုတ္တရက္ သူမမ်က္လုံးေတြ ထက္႐ွလာၿပီး မ်က္ခုံးပင့္လိုက္သည္။
" လိင္အမ်ိဳးအစား? "
ရန္ရိ ေနာက္တြန္႔သြားၿပီး ႐ုတ္တရက္ေၾကာင္အသြားသည္။
ဒီအမ်ိဳးသမီးက မႈခင္းရဲစခန္းရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ထိုက္မွန္း သူျမင္ႏိုင္သည္။ သူမမ်က္လုံးမ်ားက အလြန္အဆိပ္ျပင္းပါ၏။
ခ်ိဳးယန္ သူမပင္ကိုပုံစံ ျပန္ေျပာင္းသြားၿပီး ေခါင္းခါယမ္းကာ မ်က္ႏွာ၌ မတတ္ႏိုင္ျခင္းမ်ား ျပည့္ေနသည္။
" တကယ္ကို ကြၽန္မထင္တဲ့အတိုင္းပဲ "
" ကြၽန္ေတာ္....."
ခ်ိဳးယန္ လက္ေျမႇာက္ၿပီး သူ႕ကိုတားလိုက္သည္။
" ႐ွင္ ရင့္႐ွန္ကို ႀကိဳက္လား? ဟုတ္တယ္ မဟုတ္ဘူးပဲေျဖ "
ရန္ရိ မ်က္လႊာခ်ၿပီး တုံ႔ဆိုင္းျခင္းမ႐ွိ ေျဖလိုက္သည္။
" ဟုတ္တယ္ "
=================
ခ်ိဳးယန္ေၾကာင့္ရင္ခုန္ေနၿပီ
¯\_༼ ಥ ‿ ಥ ༽_/¯
morning kiss လိုပဲသေဘာထားလိုက္ အိပ္ရာထတဲ့အခ်ိန္တင္ေပးတာ မြ~
If u want to support me
[ 09795118580 - Kpay or wavepay or bill ]
=================