webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Acción
Sin suficientes valoraciones
69 Chs

Chapter 26

[ Unicode ]

ရန်ရိက ကုံးရင့်ရှန်သူ့ကို ဟောက်ငမ်းတယ်လို့ထင်လိုက်မိပြီး ခဏလောက်တန့်သွားသည်။

[ T/n : အမှိုက်*လို့ပြောလိုက်တာက သူ့ကို အသုံးမကျဘူး လို့ ဆူဆဲလိုက်သလိုဖြစ်သွားတာပါ ရုတ်တရက်ဆိုတော့အဲ့လိုထင်လိုက်တာပေါ့ ]

ကုံးရင့်ရှန် ပြောလာသည်။

" ဒီကြမ်းပေါ်မှာရှိနေတာတွေအကုန်လုံး အမှိုက်တွေဖြစ်လောက်တယ် "

" အို့ ဟုတ်သားပဲ "

ရန်ရိ သူ့ခြေထောက်နဲ့ကန်ကြည့်လိုက်သည်။ ပစ္စည်းအများစုက ခွဲလို့မရတော့အောင် ပုံပျက်နေပေမယ့် အမှိုက်တွေဆိုတာကိုတော့ ပြောနိုင်သေးသည်။

" ကြွေပြားကြမ်းပြင်ကအမဲတွေက တကယ်တော့ အရည်ကိုမီးစွဲတဲ့အခါ စိုထိုင်းတဲ့ပစ္စည်းတွေဓာတ်ပျက်ပြီး ထွက်လာတဲ့ ကာဗွန်ဖြစ်မယ်။ ဒါပေမယ့် ဓာတ်ဆီဆိုတာ ခင်များသေချာလား?  "

ကုံးရင့်ရှန် နှာခေါင်းရှုံ့ပြီး အနံ့ခံကြည့်သည်။

ဒါပေမယ့် ဒီနေရာမှာ မီးလောင်ထားတာအရမ်းပြင်းတော့ တကယ်ဓာတ်ဆီ ဟုတ်မဟုတ်ဆိုတာကို မီးကြွင်းနံ့တွေကတစ်ဆင့် အတည်ပြုရန်ခက်၏။

" ဓာတ်ဆီကို မီးတောက်အောင် နည်းနည်းပဲသုံးတာဆိုရင် အနံ့ကသိပ်မသိသာဘူး အဲ့တုန်းက ငါဒီနေရာနဲ့အတော်လှမ်းတယ် မီးဗဟိုချက်ကအရမ်းပူပြင်းတော့ ငါတို့လည်းဝင်လို့မရခဲ့ဘူး သိပ်မသေချာဘူးရယ် "

ရန်ရိအော်ပြောလိုက်သည်။

" ကျန်းဝန် မင်းဘာကိရိယာတွေယူခဲ့လဲ? "

ကျန်းဝန်က ပစ္စည်းသေတ္တာကိုဖွင့်ကြည့်ပြီး ပြောလာသည်။

" ခေါင်းဆောင် ကျွန်တော် ဟိုက်ဒြိုကာဗွန်စမ်းသပ်ကိရိယာပဲယူလာခဲ့တယ် ဘာအမျိုးအစားလည်းတော့မသိဘူး နမူနာကို စမ်းသပ်ခန်းပြန်ယူသွားရဦးမယ် "

" ယူလာခဲ့ "

ရန်ရိ ကြမ်းပြင်က ပဲ့နေသောကြွေပြားကိုချိုးယူလိုက်ပြီး လှည့်လိုက်သည်။ ၎င်း၏စိမ့်ဝင်နိုင်မှုကြောင့် အရည်များ ကြမ်းပြင်သို့စီးဝင်ပြီး သဲလွန်စကြီးကြီးမားမားရှိနေနိုင်သည်။ Alcohol လိုအငွေ့ပျံ့နိုင်တဲ့အရည်တွေကတော့ သဲလွန်စမကျန်ပေ၊ အဲ့တာကြောင့်လည်း သူတို့စစ်ရှစ်ကျောင် မီးလောင်မှုရဲ့အဓိကအကြောင်းရင်းကို အစပိုင်းရှာမတွေ့ခဲ့တာဖြစ်သည်။

ကုံးရင့်ရှန်ပြောလိုက်သည်။

" ကျန်းဝန် မင်းအခန်းထဲကို ဓာတ်ပုံရိုက်ပြီးပြီလား?"

" မရိုက်ရသေးဘူး "

" မြန်မြန်ဓာတ်ပုံရိုက်တော့ ငါတို့အထဲဝင်ကြည့်ဖို့လိုတယ် "

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

ကျန်းဝန် အခင်းနေရာအား ဓာတ်ပုံရိုက်သည်။

ကုံးရင့်ရှန် အ‌နီးနားကအခန်းတွေဆီလျှောက်သွားတော့ ရန်ရိလည်း လိုက်သွားသည်။

" အနောက်ဘက်ခြမ်းမှာဆို ၂၂၀၉ က ဓာတ်လှေကားဝင်ပေါက်နဲ့အနီးဆုံးအခန်း၊ ဓာတ်လှေကားနဲ့ကပ်ရပ်ပဲ ပြီးတော့ ကော်ရစ်တာအဆုံးမှာက လေဝင်ပေါက်၊ ဒီနေရာမှာသာ မီးရှို့လိုက်ရင် မီးကအောက်ဆီဂျင်ကို နေရာနှစ်ဘက်ကနေပြီး အတော်မြန်မြန်ပျံ့သွားလိမ့်မယ် "

ရန်ရိ ခေါင်းယမ်းကာ

" ရလဒ်ကတော့ အတော်‌စိတ်မကောင်းစရာပဲ "

" အနောက်ခြမ်းနဲ့အနီးဆုံး အိမ်ရှင်နှစ်ယောက်ကလွတ်သွားပြီး ၂၂၀၉ အိမ်ရှင်ကဆုံးသွားတယ် မီးရှို့သမားက ၂၂၀၉ ကိုပစ်မှတ်ထားတာဖြစ်နိုင်လား..."

ကုံးရင့်ရှန် ရေရွတ်လိုက်သည်။

သူတို့နှစ်ယောက် လှည့်ပတ်သွားကြည့်တော့ မီးကျွမ်းရာများကိုကြည့်ကာ မီးလောင်သော အပိုင်းတွေသာ မှန်းဆနိုင်ပြီး ဘာမှသံသယဖြစ်စရာမတွေ့ရပေ။ ထိုအချိန် ကျန်းဝန်လည်း ဓာတ်ပုံရိုက်လို့ပြီးရော သူတို့ ၂၂၀၉ သို့အတူဝင်ကြည့်ကြသည်။

‌အခန်း ၂၂၀၉ ရဲ့တံခါးသည် ပြာကျသွားခဲ့ပါ၏။ အမြင်အားဖြင့်ကြည့်သော် အိပ်ခန်းသုံးခန်းနှင့် အိမ်ဦးခန်းနှစ်ခန်းရဲ့ မီးလောင်ကွင်းမှာ ၇၀% ကျော်သည်ဟု ခန့်မှန်းရပြီး အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

ကုံးရင့်ရှန်အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဘောင်းဘီအိပ်ကပ်ထဲ ထည့်ထားသောလက်များသည်လည်း လက်သီးဆုပ်အဖြစ် ပြောင်းလဲသွား၍ ပြန်ဖြေလျော့လိုက်ကာ အမူအရာကိုအကြိမ်ကြိမ် ထိန်းညှိနေ‌ရသည်။

ရန်ရိပြောလိုက်သည်။

" မင်းအဆင်ပြေလား? "

ကုံးရင့်ရှန်ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက် မီးအခင်းဖြစ်ရာအား ဂရုတစိုက်ကြည့်ကြသည်။

" ဒါကသေဆုံးတဲ့နေရာပဲ အိမ်ရှင်က ဧည့်ခန်းကိုဖြတ်ပြေးဖို့ကြိုးစားပေမယ့် တံခါးအပြင်ဘက်မှာမီးတွေလောင်နေတယ် နောက်တဖြည်းဖြည်းနဲ့ အဆိပ်ငွေ့တွေရှူမိတော့ အသက်ရှုကျပ်ပြီး လဲကျသွားတယ် "

ရန်ရိ သေဆုံးသည့်နေရာ၌ ဆွဲထားသော မျဉ်းများအားကြည့်နေမိသည်။ သေဆုံးတဲ့နေရာကနေ တံခါးကို ခြေလှမ်း ၂၀ တောင်မဝေးတော့ပေမယ့် သူဖြတ်နိုင်ခဲ့ရင်တောင် တံခါးကိုဖွင့်ဖို့ရန် မစွမ်းနိုင်ပေ။

ကုံးရင့်ရှန်က ထိုသူမသေဆုံးခင်အခြေအနေနှင့်လှုပ်ရှားမှုများကို စစ်ဆေးသည်။ အခန်းတိုင်းမှာရှိတဲ့ ပြတင်းပေါက်တွေနဲ့ တံခါးတွေကိုလည်း သေသေချာချာကြည့်ပါ၏။ တစ်ယောက်တည်းရုန်းကန်ခဲ့တာတွေမှအပ သံသယဖြစ်ဖွယ်မတွေ့ရပေ။

သူ(ကုံးရင့်ရှန်) မေးလိုက်သည်။

" ဒီမှာတော့ ဘာမှသိသာတာမရှိဘူး ရင်ခွဲရလဒ်နဲ့ ဝင်ရောက်ကယ်ဆယ်မှုမှတ်တမ်းကရော? အဖြေထွက်ပြီလား? "

ကျန်းဝန်ပြောလိုက်သည်။

" ကျွန်တော်အခုဖုန်းဆက်မေးလိုက်မယ် "

ရန်ရိက မီးပျံ့နှံ့သွား‌သည့်တည်နေရာနှင့် လျှပ်စစ်ပတ်လမ်းမီး‌လောင်ထားသော  သဲလွန်စများအား အဓိကစစ်ဆေးသည်။ အကယ်၍ မီးလမ်းကြောင်းက ပုံမှန်နိယာမနဲ့ ကိုက်ညီနေလျှင်   အနည်းဆုံး အခန်းထဲကစလောင်‌‌တဲ့မီး မဟုတ်ကြောင်း သက်သေတည်နိုင်သေး၏။ ထပ်ပြောရရင် လောလောဆယ် လျှပ်စစ်ရှော့ဖြစ်ခြင်းက မီးလောင်မှုအားလုံးရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုအဖြစ် ယူဆရပြီး စစ်ဆေးရမယ့်အပိုင်းတစ်ခုလည်းဖြစ်သည်။ မီးလောင်ခြင်း၏ ၉၀% ကအပြင်ကလို့ ဆုံးဖြတ်ထားပြီးဖြစ်သော်ငြား လိုလိုမယ်မယ် ဖြစ်နိုင်ချေအားလုံးကိုရှာရပေမည်။

ကျန်းဝန် ဖုန်းပြောပြီးတော့ပြန်လာသည်။

" ခေါင်းဆောင်ရန် ၊ ဒေါက်တာကုံး၊  မီးလောင်တဲ့အကြောင်းအရင်းက မီးခိုးအဆိပ်သင့်တာပါ ပြင်းပြင်းထန်ထန်ထိခိုက်ထားတာမျိုးမရှိဘူး ခန္ဓာကိုယ်မှာ အရက်နဲ့ဆေးသုံးထားတဲ့ လက္ခဏာလည်းမရှိဘူး ပြီးတော့ မီးမလောင်ခင်ကတည်းက ဆုံးသွားတာပါတဲ့ "

" ရှောင်ကျန်း ဒီတစ်အိမ်လုံးက လျှပ်စစ်ပတ်လမ်းမီးလောင်ထားတာတွေ ငါနဲ့လိုက်စစ်ပေး "

" ဟုတ်ကဲ့ "

နှစ်ယောက်သား လျှပ်စစ်ပတ်လမ်းကိုစစ်ကြည့်ပေမယ့် ရှော့ဖြစ်ထားတဲ့လက္ခဏာမရှိပေ။

ရန်ရိ အိပ်ခန်းထဲကထွက်လာပြီဖြစ်သော်လည်း ကုံးရင့်ရှန်ကတော့ ကြမ်းပေါ်မှာ ဆောင့်ကြောင့်ထိုင်နေဆဲပင်၊ သူဘာကိုကြည့်နေလဲမသိရ။

" အခုထိ သက်သေတွေကတော့ မီးလောင်တဲ့အ‌ကြောင်းရင်းက အခန်းအပြင်အမှိုက်ပုံကဆိုတာပဲ ပြနေတယ်။ မီးပျံ့နှံ့တဲ့လက္ခဏာတွေကလည်း ပုံစံကျတယ် "

ကုံးရင့်ရှန်က အနိမ့်သံဖြင့် " အမ် " ဟုသာတုံ့ပြန်လာသည်။

ရန်ရိ သူ(ကုံးရင့်ရှန်) တော့တစ်ခုခုဖြစ်နေပြီလို့ ခံစားမိလိုက်ပြီး သူ့‌ဘေးနားသွားကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။

" ဟေး မင်း....."

ကုံးရင့်ရှန်မျက်နှာကား ဖြူစုတ်နေလျက်၊ အသက်ရှူသံတို့က ပြတ်တောင်းနေကာ နဖူးပေါ်မှ ချွေးစေးများ တတောက်တောက်စီးကျနေပြီး မျက်လုံးများက အနည်းငယ်တန်းနေသည်။

ရန်ရိ စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

" မင်းဘာလို့ကိုယ့်ဘာသာ အခက်တွေ့အောင်လုပ်နေတာလဲ? ငါမင်းကို အသက်ရှူချောင်အောင် ခေါ်သွားပေးမယ် "

ကုံးရင့်ရှန်က ခေါင်းခါသည်။

" ကျွန်တော် နေသားကျဖို့လိုတယ် ဒါလည်းကုထုံးတစ်မျိုးပဲ "

" ဘယ်လိုနေသားကျအောင်လုပ်မလို့လဲ? မင်းကိုယ်မင်း ဖိအားပေးပြီးတော့လား? "

ကုံးရင့်ရှန်ရောဂါက စိတ်မသန့်ဘဲ ဖိအားများနေတတ်တဲ့ ရောဂါမျိုးဖြစ်ရာ ဒီလို ' ကုထုံး ' မျိုးက ပို၍သာ အရာမရောက်ဘဲဖြစ်စေလိမ့်မည်။

" အင်း ဒါက....."

ကုံးရင့်ရှန် တုန်ယင်နေလျက်။

" ....အကောင်းဆုံးနည်းပဲ "

ရန်ရိသူ့ကိုကြည့်ရင်း နည်းနည်းစိုးရိမ်လာသည်။

" မင်းစိတ်ရောဂါအထူးကုနဲ့ပြလား? ဘာလို့မင်းကိုမင်း ဒုက္ခခံပြီး အရမ်းတွန်းအားပေးနေတာလဲ "

ကုံးရင့်ရှန် ရန်ရိကိုကြည့်ဖို့ ခေါင်းမော့လာပြီး

" ကျွန်တော် ဒါလေးတောင်မကျော်လွှားနိုင်ရင် ဘယ်လိုလုပ်ရဲသားတစ်ယောက် ဖြစ်လာနိုင်မလဲ ? မီးရှို့သမားတွေကို ဘယ်လိုဖမ်းမလဲ? "

ရန်ရိ ပါးစပ်ပြင်လိုက်ပေမယ့် ဘာပြောရမလဲ မသိချေ။

ကုံးရင့်ရှန် အသက်ရှူမှန်အောင်ထိန်းလိုက်ပြီး မတ်တပ်ရပ်သည်။

" အဆင်ပြေပါတယ် "

" မင်းဒီနေ့ပြန်လိုက်တာမကောင်းဘူးလား? ကျန်းဝန်က  ငါတို့ခွဲထုတ်ထားတဲ့ သက်သေခံပစ္စည်းတွေကို ပြန်စမ်းသပ်ရဦးမယ် မင်းလည်း အိမ်ရှင်တွေအချင်းချင်း ပတ်သက်မှုကို စုံစမ်းရဦးမှာပဲ လိုအပ်ရင် မနက်ဖြန်မှပြန်လာကြတာပေါ့ "

ကုံးရင့်ရှန် ခဏလောက်စဉ်းစားပြီးမှ ခေါင်းငြိမ့်သည်။

အောက်ပြန်ဆင်းပြီးတော့ ကျန်းဝန်ကအရင်ပြန်သွားသည်။ ရန်ရိ ကုံးရင့်ရှန်မျက်နှာ တဖြည်းဖြည်းသွေး‌ရောင် ပြန်လွှမ်းလာတာကို မြင်ရသည်။

" မင်းကားမောင်းလို့အဆင်ပြေလား? "

" ရတယ် " ကုံးရင့်ရှန် ရန်ရိကို လှမ်းကြည့်ပြီး

" ခင်များ ကျွန်တော့်ကိုတကယ် မောင်းမပို့ချင်ဘူးဆိုရင်ပေါ့ "

ရန်ရိ နှာခေါင်းရှုံ့လိုက်ပြီး

" မင်းငါ့ကို တကယ်တွယ်ကပ်နေတာပဲ ရတယ်လေ ငါလည်းအခု မင်းကိုတကယ် မောင်းပို့ပေးချင်နေတော့ ပြော မင်းဘယ်သွားချင်လဲ? "

ကုံးရင့်ရှန် အင်္ကျီလက်စကိုဆွဲတင်လိုက်ပြီး နာရီငုံ့ကြည့်လိုက်သည်။

" အခုလေးတင် ရဲဘော်တစ်ယောက်ကစာပို့တယ် ခိုင့်ဝမ်အစ်ကိုကဝန်ခံဖို့ရောက်လာပြီး အခုဌာနခွဲမှာတဲ့ ခင်များအတူလိုက်ကြည့်ချင်လား? "

" ဒါပေါ့ ငါသူ့နဲ့လူချင်းတွေ့ချင်တယ် "

" သွားရအောင် "

သူတို့နှစ်ယောက် ကားဘေးသို့လျှောက်သွားလိုက်ပြီး ရန်ရိ သတိတရ လက်ဆန့်ထုတ်ပေးလိုက်သည်။

" ပေး "

ကုံးရင့်ရှန် အရင်ဆုံး နောက်ဖုံးထဲက အပူခံဘူးကို ထုတ်လိုက်ပြီး ရန်ရိဆီ သော့ပစ်ပေးလိုက်သည်။

" ဘာလဲ မင်းငါ့ကို ကားထဲမှာ ထမင်းဖိတ်ကျွေးဦးမလို့လား? "

" ကိုယ့်ဘာသာစားမလို့ "

" မင်းအခုထိ နေ့လယ်စာ မစားရသေးဘူးလား? "

" မနက်ကအလုပ်များနေလို့ "

ကုံးရင့်ရှန် နောက်ခန်းရဲ့ ဘယ်ဘက်တံခါးကိုဖွင့်လိုက်သည်။

" အဲ့လိုမရဘူးလေ "

ရန်ရိ တံခါးကိုပြန်တွန်းပိတ်လိုက်ပြီး :

" မင်းငါ့ကို ကားမောင်းပေးစေချင်ရင် ငါ့ဘေးနားကခုံမှာပဲ ထိုင်ရမယ် "

" ဘာလို့လဲ? "

" ဘာလို့ဆို ငါတို့စကားပြောနေတုန်း ငါမင်းကို နောက်ကြည့်မှန်ကနေတစ်ဆင့် မကြည့်ချင်ဘူး အန္တရာယ်များတယ် "

ကုံးရင့်ရှန် မျက်မှောင်ကြုတ်ပြီး :

" ခင်များက ဘာလို့ ကျွန်တော့်ကို နောက်ကြည့်မှန်ကနေ ကြည့်ချင်တာလဲ? ဒီတိုင်း ပါးစပ်လှုပ်ပြီးပဲ စကားပြောပေါ့ ကျွန်တော်လုပ်နေတာကြည့်လေ "

" ....."

ရန်ရိ မျက်ဖြူလှန်လိုက်ပြီး

" ပုံမှန်လူတွေက စကားပြောနေရင်း အကြည့်ချင်းဆုံတယ် အဲ့တာက အလေ့အကျင့်ပဲ ပြီးတော့ ထိန်းချုပ်လို့မရဘူး "

ကုံးရင့်ရှန် ခဏတွေးလိုက်ပြီး

" အိုကေ အဓိပ္ပါယ်ရှိသားပဲ "

သူ (ကုံးရင့်ရှန် ) ရှေ့ခုံဆီသို့ပတ်သွားလိုက်သည်။

ရန်ရိ တိုးတိုးပြောလိုက်သည်။

" တစ်ခါတစ်လေ မင်းမျက်နှာကြည့်ပြီး ငါ့ကိုယ်ငါ အဲ့လိုမလုပ်မိအောင် ပြန်သတိပေးနေရတယ် "

" လုပ်မယ်? ခင်များကဘာလုပ်မလို့လဲ? "

" ....ဘာမှမဟုတ်ဘူး "

ကားထဲဝင်ပြီးတော့ ကုံးရင့်ရှန်က စားပွဲခင်းစကို သူ့ပေါင်ပေါ်မှာခင်းရင်း နေ့လယ်စာဘူးကို ဂရုတစိုက်ထုတ်ကာ ဖြည်းဖြည်းချင်း စားနေသည်။

ရန်ရိ သူ‌စားနေတာကို စောင်းငဲ့ကြည့်လိုက်ပြီး ထိုအရာကား လူကို ခံတွင်းပျက်စေ၏။

" ခင်များ ဘာတွေးနေလဲသိတယ် "

ကုံးရင့်ရှန် အေးစက်စက်နှာမှုတ်လိုက်ပြီး

" ခင်များစိတ်ထဲ ကျွန်တော်စားတဲ့ပုံစံကို အပြစ်ရှာနေတာ မသိဘူးမထင်နဲ့ "

" မင်းလည်းငါ့ကို အပြစ်ရှာတာပဲလေ ကျေသွားပြီပေါ့ "

" တော်သေးတာပေါ့ အတူထိုင်မစားရပေလို့ "

ရန်ရိက သံကို စတီး ဖြစ်စေလိုသည့်အသံနှင့်ပြောလာသည်။

[ T/n : ဘယ်လိုပြောရမလဲ ကောင်းစေချင်တဲ့ သဘောနဲ့ ပြောတဲ့ပုံမျိုးပါပဲ ]

" မင်းအရသာရှိတဲ့အစားအစာတွေ ဘယ်လောက်တောင် လက်လွှတ်လိုက်ရပြီလဲ သိလား? Hot pot, barbecue, ပေါက်စီ အကုန်လုံးပူတယ် မင်းအဲ့တာတွေမစားရင်တောင် တရုတ်ဟင်းအမယ်တွေက အပူအစပ်အဓိကပဲလေ၊ မင်းမသိချင်ဘူးလား? စားမကြည့်ချင်ဘူးလား? "

" မသိချင်ဘူး ကျွန်တော် အပူချိန်မြင့်တဲ့ဟာတွေ မုန်းတယ် "

" အပူချိန်မြင့်တယ်ဆိုတာ ဘယ်လောက်လဲ? "

" လူ့အပူချိန်ထက်ပိုတာတွေ "

ရန်ရိ သူ့ကို မသင်္ကာနဲ့ကြည့်လိုက်သည်။

" အဲ့တာဆို မင်းလူတွေကိုရော မုန်းလား? "

" ကျွန်တော်နဲ့ မလိုအပ်တဲ့အထိအတွေ့မျိုး မလုပ်သရွေ့ ရတယ် "

" ...မဟုတ်ဘူး မင်းပြောတာက မင်းဘယ်တော့မှ လူတွေနဲ့ မလိုအပ်တဲ့ အထိအတွေ့မျိုးမလုပ်ဘူးပေါ့? "

" အိုကေ "

" အဲ့တာဆို ဘာကလိုအပ်ပြီး ဘာကမလိုအပ်တာလဲ? "

" အများစုက မလိုအပ်ဘူး လက်ဆွဲနှုတ်ဆက်တာလိုမျိုး "

ကုံးရင့်ရှန် သူ့ရဲ့ လက်အိပ်စွပ်ထားတဲ့ လက်တွေကို ကြည့်ရင်း

" ဒါပေမယ့် အလုပ်အတွက်‌ ရိုးရာယဉ်ကျေးမှုကိုလိုက်နာဖို့ ကြိုးစားရတာပေါ့ "

ရန်ရိ တံတွေးမျိုချလိုက်ပြီး နှလုံးသားတစ်ခုလုံး သိချင်စိတ်များဖြင့် ပြည့်နေသည်။

" အဲ့တာဆို.....ဟိုဟာ၊ မင်းချစ်ရောချစ်ဖူးလား? "

ထိုသို့မေးလိုက်ပြီး သူရုတ်တရက် ရင်နည်းနည်းခုန်သွားသည်။

ကုံးရင့်ရှန် ရန်ရိကို စောင်းကြည့်လာသည်။

" မင်းချစ်မိသွားရင် လုပ်ရမယ်လေ.....မင်းသိပါတယ်"

ကုံးရင့်ရှန် အမူအရာမပြောင်းလဲဘဲပြောလာသည်။

" အရင်းနှီးဆုံးခန္ဓာကိုယ် ထိတွေ့မှု၊ ခန္ဓာကိုယ် အရည်တွေဖလှယ်တယ်၊ ကိုယ်အင်္ဂါအချင်းချင်း ပွတ်တိုက်တယ် ခင်များအဲ့တာတွေကို ပြောချင်တာလား? "

ရန်ရိ အမူအရာက လက်ဖျားခါသွားပုံရပြီး ခဏအတွင်း သူပြန်မဖြေနိုင်တော့ပေ။

" ဟင်အင်း ကျွန်တော်ကဘာလို့ လူတစ်ယောက်နဲ့ အနီးကပ်ဆုံး ထိတွေ့ဆက်ဆံပြီး အရည်တွေလည်းဖလှယ်၊ ကလေးမွေးထုတ်ဖို့လည်း..... "

" ကောင်းပြီ ကောင်းပြီ မပြောပါနဲ့တော့ "

ရန်ရိ ပါးစပ်က ရှက်ရွံ့တာကြောင့် တုန်နေလျက်။ လေထုသိပ်သည်းမှုကို ဖြေလျှော့နိုင်ဖို့ သူ့မျက်လုံးတွေကို ကုံးရင့်ရှန်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းရှိရာဆီ အကြည့်ပို့ကာ နောက်လိုက်သည်။

" ဒေါက်တာကုံး၊ မင်းက.....ဟမ်? "

ကုံးရင့်ရှန် ရန်ရိကို စိုက်ကြည့်လာပြီး သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။

" ခင်များက ကျွန်တော့်ရဲ့ ယောက်ျား‌မျိုးပွားအင်္ဂါမှာ ပြဿနာရှိတယ်လို့ အကြံပေးချင်တာလား? "

ရန်ရိ သူ့မျက်နှာကြောများ တင်းသွားသလို ခံစားရပြီး သူ့ကိုယ်သူခေါင်းမာလိုက်တာလို့တောင် သံသယဖြစ်မိသည်။ ဘာလို့ သူ အခက်တွေ့အောင်ပဲလုပ်နေရတာလဲ? အရှက်လွန်ပြီး သေနိုင်တယ်ဆို သူအသက်ပင်ရှိတော့မည်မဟုတ်ချေ။ သူက အရည်ပါးတဲ့သူမျိုးလည်းမဟုတ်ပါဘူး(တော်ရုံအထိမနာတတ်)။ ပုံမှန်ဆို သူလိင်ကိစ္စတွေပြောရင် ဘာမှဝန်လေးနေတာမျိုးမရှိ။ သို့ပေမယ့် ထိုအရာမျိုးက အသွားအပြန်ရှိသည်။ သူက ကုံးရင့်ရှန်ကို ပင်ပေါင်လုံးလောက်နဲ့ ပစ်လိုက်ပါသော်ငြား ကုံးရင့်ရှန်က သူ့ကို ဘိုးလင်းလုံးလောက်နဲ့ ပြန်ပစ်လာခဲ့သည်မှာတော့ လွန်လွန်းပါ၏။

" ကျွန်တော့် ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံး ဒေါင်ဒေါင်မြည်ပဲ "

ကုံးရင့်ရှန်ပြောလာသည်။

" ကျွန်တော် မသုံးဘူးဆိုတာက သုံးလို့မရဘူးလို့ပြောတာမဟုတ်ဘူး လိင်မဆက်ဆံတာကြောင့်နဲ့ ကျွန်တော့် လိင်အင်္ဂါကို မေးခွန်းထုတ်တယ်ဆို ခင်များကိုလည်း ကျွန်တော်မေးရမှာပဲ "

သူလည်း ရန်ရိ့နေရာကို တမင်တကာကြည့်ပြီး လှောင်ရယ် ရယ်လိုက်သည်။

ရန်ရိ မျက်လုံးပြူးသွားပြီး

" မင်းဘာပြောချင်တာလဲ? "

" ခင်များပြောသလိုပဲပြောတာ "

" ငါ့ဟာလည်းအရမ်းကိုသုံးရလွယ်ပြီးသား "

" အဲ့တာ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ? "

" မင်းဟာကလည်း ငါနဲ့ဘာမှမဆိုင်ပါဘူး! "

" ခင်များနဲ့ မဆိုင်ရင် ဘာလို့မေးနေသေးလဲ? "

ရန်ရိ စကားလုံးတို့တစ်ဆို့ကာ အားစေးသွားသည်။

ကုံးရင့်ရှန် အောင်နိုင်သူအပြုံး ပြုံးပြီး နေ့လယ်စာဘူးကို အဝေးပို့လိုက်သည်။

ရန်ရိ သူတစ်ယောက်ယောက်ကို ပါးချမိမှာစိုးသဖြင့် စကားပြောတာရပ်လိုက်သည်။

ဒါပေမယ့် ခဏကြာတော့ ကုံးရင့်ရှန်က ရုတ်တရက်ပြောလာသည်။

" ခင်များက အရမ်းစပ်စုတာပဲ "

" အာ....ဟုတ်မယ် "

" ခင်များအတွေးတွေအားလုံးက သာမန်လူတွေနဲ့မတူဘူး ခင်များက မေးခွန်းထုတ်ရတာကြိုက်တယ် "

" ဟုတ်လို့လား? "

" ဟုတ်တယ် ခင်များ ကျွန်တော့်အကြောင်းဆို အရမ်းစပ်စုတာလေ "

ရန်ရိ ရုတ်တရက် အနည်းငယ်စိတ်မသန့်ဖြစ်မိသည်။

" ပထမဆုံးပြောချင်တာက ငါမင်းအကြောင်းအရမ်းသိချင်တယ် ဒါပေမယ့် ဘာအဓိပ္ပါယ်မှမရှိဘူး၊ ဒီတိုင်း....."

" ဒါပေမယ့် ခင်များ ကျွန်တော်ဘာလို့ မီးတွေ ဆေးရုံတွေ ပူတာတွေကို မုန်းလဲဆိုတာ ဘယ်တော့မှမမေးဘူး "

ကုံးရင့်ရှန် တဖြည်းဖြည်းချင်း ခေါင်းလှည့်လာပြီး သူ့မျက်လုံးများက နက်မှောင်တောက်ပကာ အရာရာကို ထိုးထွင်းမြင်နိုင်သကဲ့သို့ပင်။

ရန်ရိ အသံတိတ်‌သွားသည်။

" ခင်များသိပြီးပြီပဲ "

ကုံးရင့်ရှန် တည်တည်ငြိမ်ငြိမ်ပဲ ပြောလာသည်။

" တစ်ယောက်ယောက်ဆီက စုံစမ်းလိုက်တာလား? "

" ငါ၊ ငါမစုံစမ်းဘူး ငါအများကြီးမစုံစမ်းပါဘူး....."

" ကိစ္စမရှိဘူး ကျွန်တော်လည်း တမင်တကာဖုံးကွယ်ထားတာမှမဟုတ်ပဲ ခင်များ ကျွန်တော့်ကို ဘာလို့ ရဲသားတစ်ယောက်ဖြစ်လာလဲလို့ မေးတယ်မလား။ အဲ့တာက တကယ်တော့ ကျွန်တော့်ငယ်ဘဝအဖြစ်အပျက်ကြောင့် ရဲတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာ "

ကုံးရင့်ရှန် ပြောလာသည်။

" ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှမပြောချင်ဘူး ခင်များလည်း အရမ်းသိချင်နေရဲ့သားနဲ့ အစမဖော်ခဲ့ဘူး ကောင်းပါတယ် "

ရန်ရိ သက်ပြင်းခိုးချလိုက်ပြီး

" လူတိုင်းမှာ သူတို့မပြောချင်တဲ့ အဖြစ်အပျက်တွေရှိတာပဲ သူငယ်ချင်းတွေကြားမှာတောင် အတိုင်းအတာရှိသေးတယ်လေ "

ကုံးရင့်ရှန် ခဏမျှ နောက်တွန့်သွားလျက်၊ သတိထားကာ မေးလိုက်သည်။

" ကျွန်တော်တို့က သူငယ်ချင်းတွေလား? "

ရန်ရိသည်လည်း တန့်သွားရသည်။

" အာ အင်း ငါတို့အမြဲလိုလိုတွေ့နေတာပဲလေ "

စကားဆုံးတော့ သူ ပို၍ပို၍ ယုံကြည်ချက်မဲ့လာသည်။

ကုံးရင့်ရှန်ကတော့ ရှေ့တည့်တည့်ကိုသာကြည့်လျက် တိတ်ဆိတ်လို့နေသည်။

ရန်ရိ အရမ်းစိတ်လှုပ်ရှားနေပြီး သူဒီလို ဆယ်ကျော်သက်အရွယ် ရှက်ကြောက်စိတ်မျိုးမဖြစ်ရတာ အတော်ကြာပြီဖြစ်သည်။

သူအသက်ဝဝရှူလိုက်ပြီး

" မင်းငါနဲ့ သူငယ်ချင်းမလုပ်ချင်ဘူးလား? မင်းရဲ့အိမ်တော်ထိန်းနဲ့ မင်းညီမကတော့ အရမ်းထောက်ခံကြတယ်လို့ထင်တာပဲ "

ကုံးရင့်ရှန် ဂရုမထားသလိုနဲ့ မျက်နှာကို ပြတင်းပေါက်အပြင်သို့အကြည့်ပို့လိုက်ရင်း ပေါ့ပေါ့ပါးပါးရှိသလို ဟန်ဆောင်လိုက်သည်။

" အင်း အဲ့တာဆို သူငယ်ချင်းလုပ်ကြတာပေါ့ "

ရန်ရိ ကုံးရင့်ရှန်ကို လှမ်းကြည့်ကာ ရုတ်တရက်ရယ်ချင်လာပြီး သူ့နှုတ်ခမ်းစွန်းများကတော့ တကယ်ပင် ပြုံးမိသွားရ၏။

========================

ပြောစရာရှိ!!!

ဟိုလေ ကျနော် ကုံးရင့်ရှန် စကားပြောတဲ့နေရာတွေကို *ကျွန်တော်* သုံးပြီးရေးတာက

(၁) ကုံးရင့်ရှန်က ရိုင်းစိုင်းတဲ့သူမျိုးမဟုတ်ပါဘူး။ သူကနည်းနည်းလေးခက်ထန်ပေမယ့် ဆိုးဆိုးသွမ်းသွမ်းကြီးမဟုတ်လို့ ရန်ရိလို စခန်းခေါင်းဆောင်တစ်ယောက်ကို ပြောဆိုရင်ပဲ‌ဖြစ်ဖြစ် အခြားရာထူးကြီးတဲ့သူကို ခေါ်ဝေါ်ရင်ပဲ ဖြစ်ဖြစ် ကျွန်တော်လို့ပဲ သုံးမှာပါ။

(၂) ကုံးကုံးကို 188 gp က သူ့အစ်ကိုတွေနဲ့ ယှဉ်မကြည့်ကြပါိနဲ့နော် ကုံးကုံးက တကယ်ကို ဖြူစင်သူလေးပါ တစ်ယောက်တည်းဖြစ်ခဲ့တာဆိုတော့ သူစိမ်းဆန်တဲ့လက္ခဏာတွေတွေ့ရမယ်ဆိုပေမယ့် ယုတ်မာတဲ့သူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် 188 gp plot အရ သူ့ဟာနဲ့သူတော့ ရှိတယ်ပေါ့လေ hehe

(၃) အရင်က *မင်းနဲ့ငါ* အသုံးအနှုန်းကို သုံးဖို့ရည်ရွယ်ခဲ့ပေမယ့် *ကျွန်တော်နဲ့ခင်များ* အသုံးအနှုန်းကိုပိုသဘောကြပါတယ် *ခင်များ* လို့ခေါ်တာက မရိုင်းပေမယ့် သူစိမ်းဆန်ပါတယ် အဲ့တာကြောင့် ကုံးရင့်ရှန် Character နဲ့လိုက်အောင် *ကျွန်တော်နဲ့ခင်များ* လို့ပဲသုံးပေးထားပါတယ်

(၄) နောက်ထပ်စကားအသုံးအနှုန်းများစွာကိုလည်း ရိုင်းစိုင်းမှုမပါဘဲ စိမ်းကားမှုလေးတွေ၊ မောက်မာမှုလေးတွေ၊ အမျိုးမျိုး မျက်စိထဲပေါ်အောင် ရေးပေးထားပါတယ်

(၅) တစ်ယောက်တည်း ရေးရ ပြင်ရနဲ့ဆိုတော့ အမှားတွေပါနိုင်တာမို့ ခွင့်လှတ်ပေးစေချင်ပါတယ် Character တွေရဲ့ နာမည်တွေအသံထွက်လွဲခဲ့ရင် နောက်ပိုင်းပြင်ပြင်သွားတဲ့အသံထွက်တွေကအမှန်ပါ ရှေ့ကဟာတွေတော့ မပြင်အားတော့လို့ ထားလိုက်ပါတော့မယ်နော်။

[ အရေးကြီးဆုံးက စုံစမ်းရေးတွေ မီးသတ်တာတွေ အမှုအခင်းကိစ္စတွေ ပါတာမို့ သေချာဂရုတစိုက် နားလည်အောင် ‌ဖတ်ပေးစေချင်ပါတယ် အတတ်နိုင်ဆုံးနားလည်အောင် ကြိုးစားရေးပေးထားပါတယ်ခင်မျာ ]

1,July,2021

#######

[ Zawgyi ]

ရန္ရိက ကုံးရင့္႐ွန္သူ႕ကို ေဟာက္ငမ္းတယ္လို႔ထင္လိုက္မိၿပီး ခဏေလာက္တန္႔သြားသည္။

[ T/n : အမိႈက္*လို႔ေျပာလိုက္တာက သူ႕ကို အသုံးမက်ဘူး လို႔ ဆူဆဲလိုက္သလိုျဖစ္သြားတာပါ ႐ုတ္တရက္ဆိုေတာ့အဲ့လိုထင္လိုက္တာေပါ့ ]

ကုံးရင့္႐ွန္ ေျပာလာသည္။

" ဒီၾကမ္းေပၚမွာ႐ွိေနတာေတြအကုန္လုံး အမိႈက္ေတြျဖစ္ေလာက္တယ္ "

" အို႔ ဟုတ္သားပဲ "

ရန္ရိ သူ႕ေျခေထာက္နဲ႔ကန္ၾကည့္လိုက္သည္။ ပစၥည္းအမ်ားစုက ခြဲလို႔မရေတာ့ေအာင္ ပုံပ်က္ေနေပမယ့္ အမိႈက္ေတြဆိုတာကိုေတာ့ ေျပာႏိုင္ေသးသည္။

" ေႂကြျပားၾကမ္းျပင္ကအမဲေတြက တကယ္ေတာ့ အရည္ကိုမီးစြဲတဲ့အခါ စိုထိုင္းတဲ့ပစၥည္းေတြဓာတ္ပ်က္ၿပီး ထြက္လာတဲ့ ကာဗြန္ျဖစ္မယ္။ ဒါေပမယ့္ ဓာတ္ဆီဆိုတာ ခင္မ်ားေသခ်ာလား?  "

ကုံးရင့္႐ွန္ ႏွာေခါင္း႐ႈံ႕ၿပီး အနံ႔ခံၾကည့္သည္။

ဒါေပမယ့္ ဒီေနရာမွာ မီးေလာင္ထားတာအရမ္းျပင္းေတာ့ တကယ္ဓာတ္ဆီ ဟုတ္မဟုတ္ဆိုတာကို မီးႂကြင္းနံ႔ေတြကတစ္ဆင့္ အတည္ျပဳရန္ခက္၏။

" ဓာတ္ဆီကို မီးေတာက္ေအာင္ နည္းနည္းပဲသုံးတာဆိုရင္ အနံ႔ကသိပ္မသိသာဘူး အဲ့တုန္းက ငါဒီေနရာနဲ႔အေတာ္လွမ္းတယ္ မီးဗဟိုခ်က္ကအရမ္းပူျပင္းေတာ့ ငါတို႔လည္းဝင္လို႔မရခဲ့ဘူး သိပ္မေသခ်ာဘူးရယ္ "

ရန္ရိေအာ္ေျပာလိုက္သည္။

" က်န္းဝန္ မင္းဘာကိရိယာေတြယူခဲ့လဲ? "

က်န္းဝန္က ပစၥည္းေသတၱာကိုဖြင့္ၾကည့္ၿပီး ေျပာလာသည္။

" ေခါင္းေဆာင္ ကြၽန္ေတာ္ ဟိုက္ၿဒိဳကာဗြန္စမ္းသပ္ကိရိယာပဲယူလာခဲ့တယ္ ဘာအမ်ိဳးအစားလည္းေတာ့မသိဘူး နမူနာကို စမ္းသပ္ခန္းျပန္ယူသြားရဦးမယ္ "

" ယူလာခဲ့ "

ရန္ရိ ၾကမ္းျပင္က ပဲ့ေနေသာေႂကြျပားကိုခ်ိဳးယူလိုက္ၿပီး လွည့္လိုက္သည္။ ၎၏စိမ့္ဝင္ႏိုင္မႈေၾကာင့္ အရည္မ်ား ၾကမ္းျပင္သို႔စီးဝင္ၿပီး သဲလြန္စႀကီးႀကီးမားမား႐ွိေနႏိုင္သည္။ Alcohol လိုအေငြ႕ပ်ံ႕ႏိုင္တဲ့အရည္ေတြကေတာ့ သဲလြန္စမက်န္ေပ၊ အဲ့တာေၾကာင့္လည္း သူတို႔စစ္႐ွစ္ေက်ာင္ မီးေလာင္မႈရဲ႕အဓိကအေၾကာင္းရင္းကို အစပိုင္း႐ွာမေတြ႕ခဲ့တာျဖစ္သည္။

ကုံးရင့္႐ွန္ေျပာလိုက္သည္။

" က်န္းဝန္ မင္းအခန္းထဲကို ဓာတ္ပုံ႐ိုက္ၿပီးၿပီလား?"

" မ႐ိုက္ရေသးဘူး "

" ျမန္ျမန္ဓာတ္ပုံ႐ိုက္ေတာ့ ငါတို႔အထဲဝင္ၾကည့္ဖို႔လိုတယ္ "

" ဟုတ္ကဲ့ ဟုတ္ကဲ့ "

က်န္းဝန္ အခင္းေနရာအား ဓာတ္ပုံ႐ိုက္သည္။

ကုံးရင့္႐ွန္ အ‌နီးနားကအခန္းေတြဆီေလွ်ာက္သြားေတာ့ ရန္ရိလည္း လိုက္သြားသည္။

" အေနာက္ဘက္ျခမ္းမွာဆို ၂၂၀၉ က ဓာတ္ေလွကားဝင္ေပါက္နဲ႔အနီးဆုံးအခန္း၊ ဓာတ္ေလွကားနဲ႔ကပ္ရပ္ပဲ ၿပီးေတာ့ ေကာ္ရစ္တာအဆုံးမွာက ေလဝင္ေပါက္၊ ဒီေနရာမွာသာ မီး႐ိႈ႕လိုက္ရင္ မီးကေအာက္ဆီဂ်င္ကို ေနရာႏွစ္ဘက္ကေနၿပီး အေတာ္ျမန္ျမန္ပ်ံ႕သြားလိမ့္မယ္ "

ရန္ရိ ေခါင္းယမ္းကာ

" ရလဒ္ကေတာ့ အေတာ္‌စိတ္မေကာင္းစရာပဲ "

" အေနာက္ျခမ္းနဲ႔အနီးဆုံး အိမ္႐ွင္ႏွစ္ေယာက္ကလြတ္သြားၿပီး ၂၂၀၉ အိမ္႐ွင္ကဆုံးသြားတယ္ မီး႐ိႈ႕သမားက ၂၂၀၉ ကိုပစ္မွတ္ထားတာျဖစ္ႏိုင္လား..."

ကုံးရင့္႐ွန္ ေရ႐ြတ္လိုက္သည္။

သူတို႔ႏွစ္ေယာက္ လွည့္ပတ္သြားၾကည့္ေတာ့ မီးကြၽမ္းရာမ်ားကိုၾကည့္ကာ မီးေလာင္ေသာ အပိုင္းေတြသာ မွန္းဆႏိုင္ၿပီး ဘာမွသံသယျဖစ္စရာမေတြ႕ရေပ။ ထိုအခ်ိန္ က်န္းဝန္လည္း ဓာတ္ပုံ႐ိုက္လို႔ၿပီးေရာ သူတို႔ ၂၂၀၉ သို႔အတူဝင္ၾကည့္ၾကသည္။

‌အခန္း ၂၂၀၉ ရဲ႕တံခါးသည္ ျပာက်သြားခဲ့ပါ၏။ အျမင္အားျဖင့္ၾကည့္ေသာ္ အိပ္ခန္းသုံးခန္းႏွင့္ အိမ္ဦးခန္းႏွစ္ခန္းရဲ႕ မီးေလာင္ကြင္းမွာ ၇၀% ေက်ာ္သည္ဟု ခန္႔မွန္းရၿပီး အလြန္ ေၾကာက္မက္ဖြယ္ေကာင္းလွသည္။

ကုံးရင့္႐ွန္အသက္ကို ျပင္းျပင္း႐ွဴလိုက္ရင္း ေဘာင္းဘီအိပ္ကပ္ထဲ ထည့္ထားေသာလက္မ်ားသည္လည္း လက္သီးဆုပ္အျဖစ္ ေျပာင္းလဲသြား၍ ျပန္ေျဖေလ်ာ့လိုက္ကာ အမူအရာကိုအႀကိမ္ႀကိမ္ ထိန္းညႇိေန‌ရသည္။

ရန္ရိေျပာလိုက္သည္။

" မင္းအဆင္ေျပလား? "

ကုံးရင့္႐ွန္ေခါင္းညိတ္ျပလိုက္၏။

သူတို႔ႏွစ္ေယာက္ မီးအခင္းျဖစ္ရာအား ဂ႐ုတစိုက္ၾကည့္ၾကသည္။

" ဒါကေသဆုံးတဲ့ေနရာပဲ အိမ္႐ွင္က ဧည့္ခန္းကိုျဖတ္ေျပးဖို႔ႀကိဳးစားေပမယ့္ တံခါးအျပင္ဘက္မွာမီးေတြေလာင္ေနတယ္ ေနာက္တျဖည္းျဖည္းနဲ႔ အဆိပ္ေငြ႕ေတြ႐ွဴမိေတာ့ အသက္႐ႈက်ပ္ၿပီး လဲက်သြားတယ္ "

ရန္ရိ ေသဆုံးသည့္ေနရာ၌ ဆြဲထားေသာ မ်ဥ္းမ်ားအားၾကည့္ေနမိသည္။ ေသဆုံးတဲ့ေနရာကေန တံခါးကို ေျခလွမ္း ၂၀ ေတာင္မေဝးေတာ့ေပမယ့္ သူျဖတ္ႏိုင္ခဲ့ရင္ေတာင္ တံခါးကိုဖြင့္ဖို႔ရန္ မစြမ္းႏိုင္ေပ။

ကုံးရင့္႐ွန္က ထိုသူမေသဆုံးခင္အေျခအေနႏွင့္လႈပ္႐ွားမႈမ်ားကို စစ္ေဆးသည္။ အခန္းတိုင္းမွာ႐ွိတဲ့ ျပတင္းေပါက္ေတြနဲ႔ တံခါးေတြကိုလည္း ေသေသခ်ာခ်ာၾကည့္ပါ၏။ တစ္ေယာက္တည္း႐ုန္းကန္ခဲ့တာေတြမွအပ သံသယျဖစ္ဖြယ္မေတြ႕ရေပ။

သူ(ကုံးရင့္႐ွန္) ေမးလိုက္သည္။

" ဒီမွာေတာ့ ဘာမွသိသာတာမ႐ွိဘူး ရင္ခြဲရလဒ္နဲ႔ ဝင္ေရာက္ကယ္ဆယ္မႈမွတ္တမ္းကေရာ? အေျဖထြက္ၿပီလား? "

က်န္းဝန္ေျပာလိုက္သည္။

" ကြၽန္ေတာ္အခုဖုန္းဆက္ေမးလိုက္မယ္ "

ရန္ရိက မီးပ်ံ႕ႏွံ႔သြား‌သည့္တည္ေနရာႏွင့္ လွ်ပ္စစ္ပတ္လမ္းမီး‌ေလာင္ထားေသာ  သဲလြန္စမ်ားအား အဓိကစစ္ေဆးသည္။ အကယ္၍ မီးလမ္းေၾကာင္းက ပုံမွန္နိယာမနဲ႔ ကိုက္ညီေနလွ်င္   အနည္းဆုံး အခန္းထဲကစေလာင္‌‌တဲ့မီး မဟုတ္ေၾကာင္း သက္ေသတည္ႏိုင္ေသး၏။ ထပ္ေျပာရရင္ ေလာေလာဆယ္ လွ်ပ္စစ္ေ႐ွာ့ျဖစ္ျခင္းက မီးေလာင္မႈအားလုံးရဲ႕ အႀကီးဆုံးအစိတ္အပိုင္းတစ္ခုအျဖစ္ ယူဆရၿပီး စစ္ေဆးရမယ့္အပိုင္းတစ္ခုလည္းျဖစ္သည္။ မီးေလာင္ျခင္း၏ ၉၀% ကအျပင္ကလို႔ ဆုံးျဖတ္ထားၿပီးျဖစ္ေသာ္ျငား လိုလိုမယ္မယ္ ျဖစ္ႏိုင္ေခ်အားလုံးကို႐ွာရေပမည္။

က်န္းဝန္ ဖုန္းေျပာၿပီးေတာ့ျပန္လာသည္။

" ေခါင္းေဆာင္ရန္ ၊ ေဒါက္တာကုံး၊  မီးေလာင္တဲ့အေၾကာင္းအရင္းက မီးခိုးအဆိပ္သင့္တာပါ ျပင္းျပင္းထန္ထန္ထိခိုက္ထားတာမ်ိဳးမ႐ွိဘူး ခႏၶာကိုယ္မွာ အရက္နဲ႔ေဆးသုံးထားတဲ့ လကၡဏာလည္းမ႐ွိဘူး ၿပီးေတာ့ မီးမေလာင္ခင္ကတည္းက ဆုံးသြားတာပါတဲ့ "

" ေ႐ွာင္က်န္း ဒီတစ္အိမ္လုံးက လွ်ပ္စစ္ပတ္လမ္းမီးေလာင္ထားတာေတြ ငါနဲ႔လိုက္စစ္ေပး "

" ဟုတ္ကဲ့ "

ႏွစ္ေယာက္သား လွ်ပ္စစ္ပတ္လမ္းကိုစစ္ၾကည့္ေပမယ့္ ေ႐ွာ့ျဖစ္ထားတဲ့လကၡဏာမ႐ွိေပ။

ရန္ရိ အိပ္ခန္းထဲကထြက္လာၿပီျဖစ္ေသာ္လည္း ကုံးရင့္႐ွန္ကေတာ့ ၾကမ္းေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ေနဆဲပင္၊ သူဘာကိုၾကည့္ေနလဲမသိရ။

" အခုထိ သက္ေသေတြကေတာ့ မီးေလာင္တဲ့အ‌ေၾကာင္းရင္းက အခန္းအျပင္အမိႈက္ပုံကဆိုတာပဲ ျပေနတယ္။ မီးပ်ံ႕ႏွံ႔တဲ့လကၡဏာေတြကလည္း ပုံစံက်တယ္ "

ကုံးရင့္႐ွန္က အနိမ့္သံျဖင့္ " အမ္ " ဟုသာတုံ႔ျပန္လာသည္။

ရန္ရိ သူ(ကုံးရင့္႐ွန္) ေတာ့တစ္ခုခုျဖစ္ေနၿပီလို႔ ခံစားမိလိုက္ၿပီး သူ႕‌ေဘးနားသြားကာ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။

" ေဟး မင္း....."

ကုံးရင့္႐ွန္မ်က္ႏွာကား ျဖဴစုတ္ေနလ်က္၊ အသက္႐ွဴသံတို႔က ျပတ္ေတာင္းေနကာ နဖူးေပၚမွ ေခြၽးေစးမ်ား တေတာက္ေတာက္စီးက်ေနၿပီး မ်က္လုံးမ်ားက အနည္းငယ္တန္းေနသည္။

ရန္ရိ စိတ္ပ်က္လက္ပ်က္ေျပာလိုက္သည္။

" မင္းဘာလို႔ကိုယ့္ဘာသာ အခက္ေတြ႕ေအာင္လုပ္ေနတာလဲ? ငါမင္းကို အသက္႐ွဴေခ်ာင္ေအာင္ ေခၚသြားေပးမယ္ "

ကုံးရင့္႐ွန္က ေခါင္းခါသည္။

" ကြၽန္ေတာ္ ေနသားက်ဖို႔လိုတယ္ ဒါလည္းကုထုံးတစ္မ်ိဳးပဲ "

" ဘယ္လိုေနသားက်ေအာင္လုပ္မလို႔လဲ? မင္းကိုယ္မင္း ဖိအားေပးၿပီးေတာ့လား? "

ကုံးရင့္႐ွန္ေရာဂါက စိတ္မသန္႔ဘဲ ဖိအားမ်ားေနတတ္တဲ့ ေရာဂါမ်ိဳးျဖစ္ရာ ဒီလို ' ကုထုံး ' မ်ိဳးက ပို၍သာ အရာမေရာက္ဘဲျဖစ္ေစလိမ့္မည္။

" အင္း ဒါက....."

ကုံးရင့္႐ွန္ တုန္ယင္ေနလ်က္။

" ....အေကာင္းဆုံးနည္းပဲ "

ရန္ရိသူ႕ကိုၾကည့္ရင္း နည္းနည္းစိုးရိမ္လာသည္။

" မင္းစိတ္ေရာဂါအထူးကုနဲ႔ျပလား? ဘာလို႔မင္းကိုမင္း ဒုကၡခံၿပီး အရမ္းတြန္းအားေပးေနတာလဲ "

ကုံးရင့္႐ွန္ ရန္ရိကိုၾကည့္ဖို႔ ေခါင္းေမာ့လာၿပီး

" ကြၽန္ေတာ္ ဒါေလးေတာင္မေက်ာ္လႊားႏိုင္ရင္ ဘယ္လိုလုပ္ရဲသားတစ္ေယာက္ ျဖစ္လာႏိုင္မလဲ ? မီး႐ိႈ႕သမားေတြကို ဘယ္လိုဖမ္းမလဲ? "

ရန္ရိ ပါးစပ္ျပင္လိုက္ေပမယ့္ ဘာေျပာရမလဲ မသိေခ်။

ကုံးရင့္႐ွန္ အသက္႐ွဴမွန္ေအာင္ထိန္းလိုက္ၿပီး မတ္တပ္ရပ္သည္။

" အဆင္ေျပပါတယ္ "

" မင္းဒီေန႔ျပန္လိုက္တာမေကာင္းဘူးလား? က်န္းဝန္က  ငါတို႔ခြဲထုတ္ထားတဲ့ သက္ေသခံပစၥည္းေတြကို ျပန္စမ္းသပ္ရဦးမယ္ မင္းလည္း အိမ္႐ွင္ေတြအခ်င္းခ်င္း ပတ္သက္မႈကို စုံစမ္းရဦးမွာပဲ လိုအပ္ရင္ မနက္ျဖန္မွျပန္လာၾကတာေပါ့ "

ကုံးရင့္႐ွန္ ခဏေလာက္စဥ္းစားၿပီးမွ ေခါင္းၿငိမ့္သည္။

ေအာက္ျပန္ဆင္းၿပီးေတာ့ က်န္းဝန္ကအရင္ျပန္သြားသည္။ ရန္ရိ ကုံးရင့္႐ွန္မ်က္ႏွာ တျဖည္းျဖည္းေသြး‌ေရာင္ ျပန္လႊမ္းလာတာကို ျမင္ရသည္။

" မင္းကားေမာင္းလို႔အဆင္ေျပလား? "

" ရတယ္ " ကုံးရင့္႐ွန္ ရန္ရိကို လွမ္းၾကည့္ၿပီး

" ခင္မ်ား ကြၽန္ေတာ့္ကိုတကယ္ ေမာင္းမပို႔ခ်င္ဘူးဆိုရင္ေပါ့ "

ရန္ရိ ႏွာေခါင္း႐ႈံ႕လိုက္ၿပီး

" မင္းငါ့ကို တကယ္တြယ္ကပ္ေနတာပဲ ရတယ္ေလ ငါလည္းအခု မင္းကိုတကယ္ ေမာင္းပို႔ေပးခ်င္ေနေတာ့ ေျပာ မင္းဘယ္သြားခ်င္လဲ? "

ကုံးရင့္႐ွန္ အက်ႌလက္စကိုဆြဲတင္လိုက္ၿပီး နာရီငုံ႔ၾကည့္လိုက္သည္။

" အခုေလးတင္ ရဲေဘာ္တစ္ေယာက္ကစာပို႔တယ္ ခိုင့္ဝမ္အစ္ကိုကဝန္ခံဖို႔ေရာက္လာၿပီး အခုဌာနခြဲမွာတဲ့ ခင္မ်ားအတူလိုက္ၾကည့္ခ်င္လား? "

" ဒါေပါ့ ငါသူ႕နဲ႔လူခ်င္းေတြ႕ခ်င္တယ္ "

" သြားရေအာင္ "

သူတို႔ႏွစ္ေယာက္ ကားေဘးသို႔ေလွ်ာက္သြားလိုက္ၿပီး ရန္ရိ သတိတရ လက္ဆန္႔ထုတ္ေပးလိုက္သည္။

" ေပး "

ကုံးရင့္႐ွန္ အရင္ဆုံး ေနာက္ဖုံးထဲက အပူခံဘူးကို ထုတ္လိုက္ၿပီး ရန္ရိဆီ ေသာ့ပစ္ေပးလိုက္သည္။

" ဘာလဲ မင္းငါ့ကို ကားထဲမွာ ထမင္းဖိတ္ေကြၽးဦးမလို႔လား? "

" ကိုယ့္ဘာသာစားမလို႔ "

" မင္းအခုထိ ေန႔လယ္စာ မစားရေသးဘူးလား? "

" မနက္ကအလုပ္မ်ားေနလို႔ "

ကုံးရင့္႐ွန္ ေနာက္ခန္းရဲ႕ ဘယ္ဘက္တံခါးကိုဖြင့္လိုက္သည္။

" အဲ့လိုမရဘူးေလ "

ရန္ရိ တံခါးကိုျပန္တြန္းပိတ္လိုက္ၿပီး :

" မင္းငါ့ကို ကားေမာင္းေပးေစခ်င္ရင္ ငါ့ေဘးနားကခုံမွာပဲ ထိုင္ရမယ္ "

" ဘာလို႔လဲ? "

" ဘာလို႔ဆို ငါတို႔စကားေျပာေနတုန္း ငါမင္းကို ေနာက္ၾကည့္မွန္ကေနတစ္ဆင့္ မၾကည့္ခ်င္ဘူး အႏၲရာယ္မ်ားတယ္ "

ကုံးရင့္႐ွန္ မ်က္ေမွာင္ၾကဳတ္ၿပီး :

" ခင္မ်ားက ဘာလို႔ ကြၽန္ေတာ့္ကို ေနာက္ၾကည့္မွန္ကေန ၾကည့္ခ်င္တာလဲ? ဒီတိုင္း ပါးစပ္လႈပ္ၿပီးပဲ စကားေျပာေပါ့ ကြၽန္ေတာ္လုပ္ေနတာၾကည့္ေလ "

" ....."

ရန္ရိ မ်က္ျဖဴလွန္လိုက္ၿပီး

" ပုံမွန္လူေတြက စကားေျပာေနရင္း အၾကည့္ခ်င္းဆုံတယ္ အဲ့တာက အေလ့အက်င့္ပဲ ၿပီးေတာ့ ထိန္းခ်ဳပ္လို႔မရဘူး "

ကုံးရင့္႐ွန္ ခဏေတြးလိုက္ၿပီး

" အိုေက အဓိပၸါယ္႐ွိသားပဲ "

သူ (ကုံးရင့္႐ွန္ ) ေ႐ွ႕ခုံဆီသို႔ပတ္သြားလိုက္သည္။

ရန္ရိ တိုးတိုးေျပာလိုက္သည္။

" တစ္ခါတစ္ေလ မင္းမ်က္ႏွာၾကည့္ၿပီး ငါ့ကိုယ္ငါ အဲ့လိုမလုပ္မိေအာင္ ျပန္သတိေပးေနရတယ္ "

" လုပ္မယ္? ခင္မ်ားကဘာလုပ္မလို႔လဲ? "

" ....ဘာမွမဟုတ္ဘူး "

ကားထဲဝင္ၿပီးေတာ့ ကုံးရင့္႐ွန္က စားပြဲခင္းစကို သူ႕ေပါင္ေပၚမွာခင္းရင္း ေန႔လယ္စာဘူးကို ဂ႐ုတစိုက္ထုတ္ကာ ျဖည္းျဖည္းခ်င္း စားေနသည္။

ရန္ရိ သူ‌စားေနတာကို ေစာင္းငဲ့ၾကည့္လိုက္ၿပီး ထိုအရာကား လူကို ခံတြင္းပ်က္ေစ၏။

" ခင္မ်ား ဘာေတြးေနလဲသိတယ္ "

ကုံးရင့္႐ွန္ ေအးစက္စက္ႏွာမႈတ္လိုက္ၿပီး

" ခင္မ်ားစိတ္ထဲ ကြၽန္ေတာ္စားတဲ့ပုံစံကို အျပစ္႐ွာေနတာ မသိဘူးမထင္နဲ႔ "

" မင္းလည္းငါ့ကို အျပစ္႐ွာတာပဲေလ ေက်သြားၿပီေပါ့ "

" ေတာ္ေသးတာေပါ့ အတူထိုင္မစားရေပလို႔ "

ရန္ရိက သံကို စတီး ျဖစ္ေစလိုသည့္အသံႏွင့္ေျပာလာသည္။

[ T/n : ဘယ္လိုေျပာရမလဲ ေကာင္းေစခ်င္တဲ့ သေဘာနဲ႔ ေျပာတဲ့ပုံမ်ိဳးပါပဲ ]

" မင္းအရသာ႐ွိတဲ့အစားအစာေတြ ဘယ္ေလာက္ေတာင္ လက္လႊတ္လိုက္ရၿပီလဲ သိလား? Hot pot, barbecue, ေပါက္စီ အကုန္လုံးပူတယ္ မင္းအဲ့တာေတြမစားရင္ေတာင္ တ႐ုတ္ဟင္းအမယ္ေတြက အပူအစပ္အဓိကပဲေလ၊ မင္းမသိခ်င္ဘူးလား? စားမၾကည့္ခ်င္ဘူးလား? "

" မသိခ်င္ဘူး ကြၽန္ေတာ္ အပူခ်ိန္ျမင့္တဲ့ဟာေတြ မုန္းတယ္ "

" အပူခ်ိန္ျမင့္တယ္ဆိုတာ ဘယ္ေလာက္လဲ? "

" လူ႕အပူခ်ိန္ထက္ပိုတာေတြ "

ရန္ရိ သူ႕ကို မသကၤာနဲ႔ၾကည့္လိုက္သည္။

" အဲ့တာဆို မင္းလူေတြကိုေရာ မုန္းလား? "

" ကြၽန္ေတာ္နဲ႔ မလိုအပ္တဲ့အထိအေတြ႕မ်ိဳး မလုပ္သေ႐ြ႕ ရတယ္ "

" ...မဟုတ္ဘူး မင္းေျပာတာက မင္းဘယ္ေတာ့မွ လူေတြနဲ႔ မလိုအပ္တဲ့ အထိအေတြ႕မ်ိဳးမလုပ္ဘူးေပါ့? "

" အိုေက "

" အဲ့တာဆို ဘာကလိုအပ္ၿပီး ဘာကမလိုအပ္တာလဲ? "

" အမ်ားစုက မလိုအပ္ဘူး လက္ဆြဲႏႈတ္ဆက္တာလိုမ်ိဳး "

ကုံးရင့္႐ွန္ သူ႕ရဲ႕ လက္အိပ္စြပ္ထားတဲ့ လက္ေတြကို ၾကည့္ရင္း

" ဒါေပမယ့္ အလုပ္အတြက္‌ ႐ိုးရာယဥ္ေက်းမႈကိုလိုက္နာဖို႔ ႀကိဳးစားရတာေပါ့ "

ရန္ရိ တံေတြးမ်ိဳခ်လိုက္ၿပီး ႏွလုံးသားတစ္ခုလုံး သိခ်င္စိတ္မ်ားျဖင့္ ျပည့္ေနသည္။

" အဲ့တာဆို.....ဟိုဟာ၊ မင္းခ်စ္ေရာခ်စ္ဖူးလား? "

ထိုသို႔ေမးလိုက္ၿပီး သူ႐ုတ္တရက္ ရင္နည္းနည္းခုန္သြားသည္။

ကုံးရင့္႐ွန္ ရန္ရိကို ေစာင္းၾကည့္လာသည္။

" မင္းခ်စ္မိသြားရင္ လုပ္ရမယ္ေလ.....မင္းသိပါတယ္"

ကုံးရင့္႐ွန္ အမူအရာမေျပာင္းလဲဘဲေျပာလာသည္။

" အရင္းႏွီးဆုံးခႏၶာကိုယ္ ထိေတြ႕မႈ၊ ခႏၶာကိုယ္ အရည္ေတြဖလွယ္တယ္၊ ကိုယ္အဂၤါအခ်င္းခ်င္း ပြတ္တိုက္တယ္ ခင္မ်ားအဲ့တာေတြကို ေျပာခ်င္တာလား? "

ရန္ရိ အမူအရာက လက္ဖ်ားခါသြားပုံရၿပီး ခဏအတြင္း သူျပန္မေျဖႏိုင္ေတာ့ေပ။

" ဟင္အင္း ကြၽန္ေတာ္ကဘာလို႔ လူတစ္ေယာက္နဲ႔ အနီးကပ္ဆုံး ထိေတြ႕ဆက္ဆံၿပီး အရည္ေတြလည္းဖလွယ္၊ ကေလးေမြးထုတ္ဖို႔လည္း..... "

" ေကာင္းၿပီ ေကာင္းၿပီ မေျပာပါနဲ႔ေတာ့ "

ရန္ရိ ပါးစပ္က ႐ွက္႐ြံ႕တာေၾကာင့္ တုန္ေနလ်က္။ ေလထုသိပ္သည္းမႈကို ေျဖေလွ်ာ့ႏိုင္ဖို႔ သူ႕မ်က္လုံးေတြကို ကုံးရင့္႐ွန္ရဲ႕ အေရးႀကီးဆုံးအစိတ္အပိုင္း႐ွိရာဆီ အၾကည့္ပို႔ကာ ေနာက္လိုက္သည္။

" ေဒါက္တာကုံး၊ မင္းက.....ဟမ္? "

ကုံးရင့္႐ွန္ ရန္ရိကို စိုက္ၾကည့္လာၿပီး သူ႕ကိုယ္သူျပန္ၾကည့္လိုက္သည္။

" ခင္မ်ားက ကြၽန္ေတာ့္ရဲ႕ ေယာက်္ား‌မ်ိဳးပြားအဂၤါမွာ ျပႆနာ႐ွိတယ္လို႔ အၾကံေပးခ်င္တာလား? "

ရန္ရိ သူ႕မ်က္ႏွာေၾကာမ်ား တင္းသြားသလို ခံစားရၿပီး သူ႕ကိုယ္သူေခါင္းမာလိုက္တာလို႔ေတာင္ သံသယျဖစ္မိသည္။ ဘာလို႔ သူ အခက္ေတြ႕ေအာင္ပဲလုပ္ေနရတာလဲ? အ႐ွက္လြန္ၿပီး ေသႏိုင္တယ္ဆို သူအသက္ပင္႐ွိေတာ့မည္မဟုတ္ေခ်။ သူက အရည္ပါးတဲ့သူမ်ိဳးလည္းမဟုတ္ပါဘူး(ေတာ္႐ုံအထိမနာတတ္)။ ပုံမွန္ဆို သူလိင္ကိစၥေတြေျပာရင္ ဘာမွဝန္ေလးေနတာမ်ိဳးမ႐ွိ။ သို႔ေပမယ့္ ထိုအရာမ်ိဳးက အသြားအျပန္႐ွိသည္။ သူက ကုံးရင့္႐ွန္ကို ပင္ေပါင္လုံးေလာက္နဲ႔ ပစ္လိုက္ပါေသာ္ျငား ကုံးရင့္႐ွန္က သူ႕ကို ဘိုးလင္းလုံးေလာက္နဲ႔ ျပန္ပစ္လာခဲ့သည္မွာေတာ့ လြန္လြန္းပါ၏။

" ကြၽန္ေတာ့္ ကိုယ္အဂၤါအစိတ္အပိုင္းအားလုံး ေဒါင္ေဒါင္ျမည္ပဲ "

ကုံးရင့္႐ွန္ေျပာလာသည္။

" ကြၽန္ေတာ္ မသုံးဘူးဆိုတာက သုံးလို႔မရဘူးလို႔ေျပာတာမဟုတ္ဘူး လိင္မဆက္ဆံတာေၾကာင့္နဲ႔ ကြၽန္ေတာ့္ လိင္အဂၤါကို ေမးခြန္းထုတ္တယ္ဆို ခင္မ်ားကိုလည္း ကြၽန္ေတာ္ေမးရမွာပဲ "

သူလည္း ရန္ရိ႕ေနရာကို တမင္တကာၾကည့္ၿပီး ေလွာင္ရယ္ ရယ္လိုက္သည္။

ရန္ရိ မ်က္လုံးျပဴးသြားၿပီး

" မင္းဘာေျပာခ်င္တာလဲ? "

" ခင္မ်ားေျပာသလိုပဲေျပာတာ "

" ငါ့ဟာလည္းအရမ္းကိုသုံးရလြယ္ၿပီးသား "

" အဲ့တာ ကြၽန္ေတာ္နဲ႔ဘာဆိုင္လို႔လဲ? "

" မင္းဟာကလည္း ငါနဲ႔ဘာမွမဆိုင္ပါဘူး! "

" ခင္မ်ားနဲ႔ မဆိုင္ရင္ ဘာလို႔ေမးေနေသးလဲ? "

ရန္ရိ စကားလုံးတို႔တစ္ဆို႔ကာ အားေစးသြားသည္။

ကုံးရင့္႐ွန္ ေအာင္ႏိုင္သူအျပဳံး ျပဳံးၿပီး ေန႔လယ္စာဘူးကို အေဝးပို႔လိုက္သည္။

ရန္ရိ သူတစ္ေယာက္ေယာက္ကို ပါးခ်မိမွာစိုးသျဖင့္ စကားေျပာတာရပ္လိုက္သည္။

ဒါေပမယ့္ ခဏၾကာေတာ့ ကုံးရင့္႐ွန္က ႐ုတ္တရက္ေျပာလာသည္။

" ခင္မ်ားက အရမ္းစပ္စုတာပဲ "

" အာ....ဟုတ္မယ္ "

" ခင္မ်ားအေတြးေတြအားလုံးက သာမန္လူေတြနဲ႔မတူဘူး ခင္မ်ားက ေမးခြန္းထုတ္ရတာႀကိဳက္တယ္ "

" ဟုတ္လို႔လား? "

" ဟုတ္တယ္ ခင္မ်ား ကြၽန္ေတာ့္အေၾကာင္းဆို အရမ္းစပ္စုတာေလ "

ရန္ရိ ႐ုတ္တရက္ အနည္းငယ္စိတ္မသန္႔ျဖစ္မိသည္။

" ပထမဆုံးေျပာခ်င္တာက ငါမင္းအေၾကာင္းအရမ္းသိခ်င္တယ္ ဒါေပမယ့္ ဘာအဓိပၸါယ္မွမ႐ွိဘူး၊ ဒီတိုင္း....."

" ဒါေပမယ့္ ခင္မ်ား ကြၽန္ေတာ္ဘာလို႔ မီးေတြ ေဆး႐ုံေတြ ပူတာေတြကို မုန္းလဲဆိုတာ ဘယ္ေတာ့မွမေမးဘူး "

ကုံးရင့္႐ွန္ တျဖည္းျဖည္းခ်င္း ေခါင္းလွည့္လာၿပီး သူ႕မ်က္လုံးမ်ားက နက္ေမွာင္ေတာက္ပကာ အရာရာကို ထိုးထြင္းျမင္ႏိုင္သကဲ့သို႔ပင္။

ရန္ရိ အသံတိတ္‌သြားသည္။

" ခင္မ်ားသိၿပီးၿပီပဲ "

ကုံးရင့္႐ွန္ တည္တည္ၿငိမ္ၿငိမ္ပဲ ေျပာလာသည္။

" တစ္ေယာက္ေယာက္ဆီက စုံစမ္းလိုက္တာလား? "

" ငါ၊ ငါမစုံစမ္းဘူး ငါအမ်ားႀကီးမစုံစမ္းပါဘူး....."

" ကိစၥမ႐ွိဘူး ကြၽန္ေတာ္လည္း တမင္တကာဖုံးကြယ္ထားတာမွမဟုတ္ပဲ ခင္မ်ား ကြၽန္ေတာ္႕ကို ဘာလို႔ ရဲသားတစ္ေယာက္ျဖစ္လာလဲလို႔ ေမးတယ္မလား။ အဲ့တာက တကယ္ေတာ့ ကြၽန္ေတာ့္ငယ္ဘဝအျဖစ္အပ်က္ေၾကာင့္ ရဲတစ္ေယာက္ျဖစ္ဖို႔ ဆုံးျဖတ္ခဲ့တာ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" ဒါေပမယ့္ ကြၽန္ေတာ္ ဘယ္သူ႕ကိုမွမေျပာခ်င္ဘူး ခင္မ်ားလည္း အရမ္းသိခ်င္ေနရဲ႕သားနဲ႔ အစမေဖာ္ခဲ့ဘူး ေကာင္းပါတယ္ "

ရန္ရိ သက္ျပင္းခိုးခ်လိုက္ၿပီး

" လူတိုင္းမွာ သူတို႔မေျပာခ်င္တဲ့ အျဖစ္အပ်က္ေတြ႐ွိတာပဲ သူငယ္ခ်င္းေတြၾကားမွာေတာင္ အတိုင္းအတာ႐ွိေသးတယ္ေလ "

ကုံးရင့္႐ွန္ ခဏမွ် ေနာက္တြန္႔သြားလ်က္၊ သတိထားကာ ေမးလိုက္သည္။

" ကြၽန္ေတာ္တို႔က သူငယ္ခ်င္းေတြလား? "

ရန္ရိသည္လည္း တန္႔သြားရသည္။

" အာ အင္း ငါတို႔အၿမဲလိုလိုေတြ႕ေနတာပဲေလ "

စကားဆုံးေတာ့ သူ ပို၍ပို၍ ယုံၾကည္ခ်က္မဲ့လာသည္။

ကုံးရင့္႐ွန္ကေတာ့ ေ႐ွ႕တည့္တည့္ကိုသာၾကည့္လ်က္ တိတ္ဆိတ္လို႔ေနသည္။

ရန္ရိ အရမ္းစိတ္လႈပ္႐ွားေနၿပီး သူဒီလို ဆယ္ေက်ာ္သက္အ႐ြယ္ ႐ွက္ေၾကာက္စိတ္မ်ိဳးမျဖစ္ရတာ အေတာ္ၾကာၿပီျဖစ္သည္။

သူအသက္ဝဝ႐ွဴလိုက္ၿပီး

" မင္းငါနဲ႔ သူငယ္ခ်င္းမလုပ္ခ်င္ဘူးလား? မင္းရဲ႕အိမ္ေတာ္ထိန္းနဲ႔ မင္းညီမကေတာ့ အရမ္းေထာက္ခံၾကတယ္လို႔ထင္တာပဲ "

ကုံးရင့္႐ွန္ ဂ႐ုမထားသလိုနဲ႔ မ်က္ႏွာကို ျပတင္းေပါက္အျပင္သို႔အၾကည့္ပို႔လိုက္ရင္း ေပါ့ေပါ့ပါးပါး႐ွိသလို ဟန္ေဆာင္လိုက္သည္။

" အင္း အဲ့တာဆို သူငယ္ခ်င္းလုပ္ၾကတာေပါ့ "

ရန္ရိ ကုံးရင့္႐ွန္ကို လွမ္းၾကည့္ကာ ႐ုတ္တရက္ရယ္ခ်င္လာၿပီး သူ႕ႏႈတ္ခမ္းစြန္းမ်ားကေတာ့ တကယ္ပင္ ျပဳံးမိသြားရ၏။

========================

ေျပာစရာ႐ွိ!!!

ဟိုေလ က်ေနာ္ ကုံးရင့္႐ွန္ စကားေျပာတဲ့ေနရာေတြကို *ကြၽန္ေတာ္* သုံးၿပီးေရးတာက

(၁) ကုံးရင့္႐ွန္က ႐ိုင္းစိုင္းတဲ့သူမ်ိဳးမဟုတ္ပါဘူး။ သူကနည္းနည္းေလးခက္ထန္ေပမယ့္ ဆိုးဆိုးသြမ္းသြမ္းႀကီးမဟုတ္လို႔ ရန္ရိလို စခန္းေခါင္းေဆာင္တစ္ေယာက္ကို ေျပာဆိုရင္ပဲ‌ျဖစ္ျဖစ္ အျခားရာထူးႀကီးတဲ့သူကို ေခၚေဝၚရင္ပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္လို႔ပဲ သုံးမွာပါ။

(၂) ကုံးကုံးကို 188 gp က သူ႕အစ္ကိုေတြနဲ႔ ယွဥ္မၾကည့္ၾကပါိနဲ႔ေနာ္ ကုံးကုံးက တကယ္ကို ျဖဴစင္သူေလးပါ တစ္ေယာက္တည္းျဖစ္ခဲ့တာဆိုေတာ့ သူစိမ္းဆန္တဲ့လကၡဏာေတြေတြ႕ရမယ္ဆိုေပမယ့္ ယုတ္မာတဲ့သူမ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ့္ 188 gp plot အရ သူ႕ဟာနဲ႔သူေတာ့ ႐ွိတယ္ေပါ့ေလ hehe

(၃) အရင္က *မင္းနဲ႔ငါ* အသုံးအႏႈန္းကို သုံးဖို႔ရည္႐ြယ္ခဲ့ေပမယ့္ *ကြၽန္ေတာ္နဲ႔ခင္မ်ား* အသုံးအႏႈန္းကိုပိုသေဘာၾကပါတယ္ *ခင္မ်ား* လို႔ေခၚတာက မ႐ိုင္းေပမယ့္ သူစိမ္းဆန္ပါတယ္ အဲ့တာေၾကာင့္ ကုံးရင့္႐ွန္ Character နဲ႔လိုက္ေအာင္ *ကြၽန္ေတာ္နဲ႔ခင္မ်ား* လို႔ပဲသုံးေပးထားပါတယ္

(၄) ေနာက္ထပ္စကားအသုံးအႏႈန္းမ်ားစြာကိုလည္း ႐ိုင္းစိုင္းမႈမပါဘဲ စိမ္းကားမႈေလးေတြ၊ ေမာက္မာမႈေလးေတြ၊ အမ်ိဳးမ်ိဳး မ်က္စိထဲေပၚေအာင္ ေရးေပးထားပါတယ္

(၅) တစ္ေယာက္တည္း ေရးရ ျပင္ရနဲ႔ဆိုေတာ့ အမွားေတြပါႏိုင္တာမို႔ ခြင့္လွတ္ေပးေစခ်င္ပါတယ္ Character ေတြရဲ႕ နာမည္ေတြအသံထြက္လြဲခဲ့ရင္ ေနာက္ပိုင္းျပင္ျပင္သြားတဲ့အသံထြက္ေတြကအမွန္ပါ ေ႐ွ႕ကဟာေတြေတာ့ မျပင္အားေတာ့လို႔ ထားလိုက္ပါေတာ့မယ္ေနာ္။

[ အေရးႀကီးဆုံးက စုံစမ္းေရးေတြ မီးသတ္တာေတြ အမႈအခင္းကိစၥေတြ ပါတာမို႔ ေသခ်ာဂ႐ုတစိုက္ နားလည္ေအာင္ ‌ဖတ္ေပးေစခ်င္ပါတယ္ အတတ္ႏိုင္ဆုံးနားလည္ေအာင္ ႀကိဳးစားေရးေပးထားပါတယ္ခင္မ်ာ ]

1,July,2021