webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Aktion
Zu wenig Bewertungen
69 Chs

Chapter 28

[ Unicode ]

ရန်ရိနဲ့ ချီရှောင်း တစ်ခုခုအရင်စားပြီး ရုပ်ရှင်ကြည့်ကြသည်။ ညကျတော့ သူတို့သွားနေကျဘားကို သူငယ်ချင်းနည်းနည်းစီ ထပ်ခေါ်လိုက်သည်။

တကယ်တော့ ရန်ရိ သောက်ရတာကြိုက်သည်၊ သူ အရက်အများကြီး မသောက်ပေမယ့်လည်း အလုပ်ချိန်မှာ သောက်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထား၏။ အားလပ်ရက်ရဖို့လည်း ရှားတော့ ထုံးစံအတိုင်း အပန်းဖြေဖို့လိုသည်လေ။

ညလယ်ခေါင်ထိ သောက်ကြပြီးတော့ ပါရမီရှင်အုပ်စုလည်း တစ်ဖြည်းဖြည်း လူစုကွဲသွားသည်။

ရန်ရိ အများကြီးသောက်ထားသော်လည်း ခြေ‌မြဲအောင်တော့ ရပ်နိုင်သေး၏။ ချီရှောင်းကတော့ သူ့ကို ယိုင်တိယိုင်ထိုးနဲ့ တွဲခိုထားသည်။

ကားဆီကို လျှောက်သွားရင်း ရန်ရိ လက်တစ်ဖက်ကိုဆွဲဖြည်ကာ သူ့ဖုန်းကိုထုတ်လိုက်သည်။

" ခဏလေး ကိုယ် Driver ခေါ်လိုက်ဦးမယ် "

ချီရှောင်းက ရန်ရိလည်ပင်းကို သိုင်းဖက်ရင်း ခေါင်းမော့ကာ သူ့နှုတ်ခမ်းနွေးနွေးလေးနဲ့ ရန်ရိကို ခပ်ဖွဖွ နမ်းလာသည်။

ရန်ရိ သူ့(ချီရှောင်း) ခါးကိုဖက်လိုက်ပြီး ဝါးတားတားပြောလိုက်သည်။

" ကောင်းပြီ အိမ်အရင်ပြန်ရအောင် "

ချီရှောင်း ရန်ရိကို ရီဝေဝေမျက်လုံးများဖြင့်ကြည့်လာပြီး ခပ်တိုးတိုး ပြောသည်။

" ကောက အရမ်းကောင်းတယ် အရမ်းအရမ်းကို ကောင်းတယ် "

" အင်းပါ ကိုယ်သိတယ် "

ရန်ရိ ပြုံးလိုက်ပြီး

" မင်းဘာဖြစ်လို့လဲ? "

" တကယ် ကျွန်တော် အစ်ကိုနဲ့ အတည်ဖြစ်ချင်တယ် "

ချီရှောင်း မူးကြောင်ကြောင်နဲ့ပြောလာသည်။

" ဒါပေမယ့် ကျွန်တော် ခံစားရတယ်.... ကျွန်တော်က ဘာမှမဟုတ်သလိုပဲ နာမည်လည်းမကြီးဘူး၊ ပိုက်ဆံလည်းမရှိဘူး၊ အဲ့တာကြောင့် ကျွန်တော်က ချစ်ဖို့ အဆင့်မမီဘူး "

ရန်ရိ နှစ်သိမ့်ပေးလိုက်သည်။

" မင်းက နှစ်ဆယ်သုံးနှစ်ပဲ ရှိသေးတာ၊ ဘာလို့လောနေတာလဲ? မင်းတကယ်ကို နာမည်ကြီးလာမှာပါ "

သူ order တင်တဲ့ software မှာ နေရာဖြည့်လိုက်ပြီး ဒရိုင်ဘာရောက်ဖို့ စောင့်နေလိုက်သည်။

" အခုခေတ် ဆယ်ကျော်သက်တွေတောင် အဟွတ် ဟွတ် ဖျော်ဖြေရေးထဲဝင်နေကြပြီ "

ချီရှောင်း ရန်ရိ မျက်နှာကို သူ့ပါးနဲ့ပွတ်ပြီး

" ကျွန်တော် ကောကိုပြောတာ၊ ကိုးနှစ်ပဲ ဖြစ်ဖြစ် ဆယ့်ရှစ်နှစ်ပဲဖြစ်ဖြစ် ကော လုပ်နိုင်မှာလား? ကျွန်တော်လည်း ငယ်ရွယ်တယ်ဆိုတာနဲ့ အလှမ်းဝေးနေပြီ "

" မဟုတ်တာတွေ ပြောနေတာပဲကွာ "

ရန်ရိ ရယ်လိုက်ပြီး

" မင်းကောင်းကောင်း အိပ်ရအောင် အိမ်ပြန်ပို့ပေးမယ် "

" ကော....ဘာလို့ချစ်သူမရှိရတာလဲ? "

" အချိန်မရှိဘူး "

ချီရှောင်း ညစ်ကျယ်ကျယ်ပြုံးရင်း ရန်ရိကို ကြည့်လာသည်။

" လုပ်ကြည့်ရအောင်.....ဘယ်လိုလဲ? "

ရန်ရိ ချီရှောင်း ဆံပင်ကို ပွတ်ပေးရင်း နူးနူးညံ့ညံ့ပြောလိုက်သည်။

" မင်း အသိပြန်ဝင်လာတဲ့အထိ စောင့်လိုက်ပါဦး "

သူ ချစ်သူမထားချင်ဘူး၊ သူနဲ့ ချီရှောင်းက နောက်ခံအသိုင်းအဝိုင်းချင်းရော အဆင့်အတန်းချင်းပါ အတော်လေးကွာခြားမှန်း သူသိသည်၊ ထို့ကြောင့်လည်း သူတို့ဆက်ဆံရေးအကြောင်း မပြောနိုင်မှာကို စိုးရိမ်မိ၏။

ချီရှောင်းက သူ့လက်တွေကို ရန်ရိခါးတစ်ဝိုက် တွယ်ဖက်ထားကာ ခန္ဓာကိုယ်တစ်ခုလုံးကို ရန်ရိထံမှီထားလျက် မျက်နှာကို ရင်ခွင်ထဲနှစ်ထားပြီး ဖြည်းဖြည်းချင်း ပွတ်နေသည်မှာ ကြောင်လိမ္မာလေးအလား။

ခဏနေ ဒရိုင်ဘာရောက်လာပြီး ရန်ရိ ချီရှောင်းကို ကားထဲသွင်းပေးလိုက်တော့ အိပ်ပျော်သွားပြီမှန်း သိရသည်။

ရန်ရိ ဒရိုင်ဘာကို ချီရှောင်းအိမ်မောင်းဖို့ပြောလိုက်သည်။

======

နောက်တစ်နေ့မနက်မှာ ရန်ရိ ဖုန်းမြည်သံကြောင့် နိုးလာရ၏။ သူ အိပ်ချင်မူးတူးနဲ့ အိပ်ရာဘေး စားပွဲပေါ်က ဖုန်းကို လှမ်း‌ဆွဲလိုက်ပြီး နား,နားကပ်ကာ ဖုန်းဖြေလိုက်သည်။ အသံကတော့ ဩရှနေလျက်။

ဖုန်းထဲကသူက ခဏ တန့်သွားပြီး

" ခင်များ ဒီအချိန်ထိ ‌အိပ်နေတုန်းလား? "

ကုံးရင့်ရှန်ရဲ့ အေးစက်စက်အသံက ရန်ရိ မျက်နှာပေါ် ရေခဲရေတစ်ဘူး ပက်ဖြန်းလိုက်သည့်အလား ချက်ချင်း အမူးပြေသွားစေသည်။ သူ မျက်စိကိုအတင်းဖွင့်လိုက်ပြီး

" ဘယ်အချိန်ရှိပြီလဲ? "

သူမေးပြီး ဖုန်း screen ကိုကြည့်လိုက်တော့ ၉ နာရီတောင် ထိုးတော့မည်။

" ခင်များ သောက်ထားတာပဲ "

ကုံးရင့်ရှန် အသံက အနည်းငယ်ဆိုးရွားနေမှန်း သိသာ၏။

" အာ..ငါမနေ့ညက သူငယ်ချင်းတွေနဲ့ သောက်တာညဉ့်နက်သွားလို့ "

ရန်ရိ ထလိုက်သည်။

" ငါမနက်ခင်း အိပ်ရာထနောက်ကျတာတောင် မဖြစ်တာကြာပြီပဲ....ဘာကိစ္စရှိလို့လဲ? "

" မေ့လိုက်တော့ "

ကုံးရင့်ရှန် တစ်ခါတည်း ဖုန်းချသွားသည်။

ဖုန်းတစ်ဖက်က အလုပ်ရှုပ်နေသံတွေကြားပြီးနောက် ရန်ရိ အတော်ကြာကြာ ရပ်တန့်သွားရသည်။ နောက်ဆုံး အသိပြန်ဝင်လာတော့မှ မနေ့က သူတို့နှစ်ယောက် ဝမ်ရမ့်ရပ်ကွက်ကို အတူထပ်သွားဖို့ ချိန်းထားမှန်း သတိရသည်။ လူတွေရဲ့ ပုံမှန်ဘဝကို အနှောက်အယှက်ဖြစ်စေတာမို့ မီးသင့်အဆောက်အအုံကို ဘားတုန်းကလိုမျိုး ကြာကြာပိတ်ထားမည်မဟုတ်ဘဲ အချိန်အကန့်အသတ် ရှိနေသည်။

သူမနေ့ညက တကယ်ကိုမူးပြီး မေ့သွားခဲ့ပါ၏။

ရန်ရိ သူ့ခေါင်းသူထုရင်း ဆိုဖာပေါ်က ထလိုက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်လိုက်သည်။

မနေ့ညက သူ ချီရှောင်းနဲ့ အချိန်ကုန်ပြီး ချီရှောင်းကို အိပ်ယာပေါ်တင်ပြီးနောက် လှုပ်ရှားဖို့တောင် အရမ်းအိပ်ချင်နေသဖြင့် အိပ်ရာပေါ်မှာပဲ အိပ်ပျော်သွားခဲ့သည်။ အိပ်ရာကနိုးတော့ ကျောဘက်ကအောင့်ပြီး မူးမော်ကာ ပျို့အန်ချင်နေသည်။ အရက်နာကျသည့် လက္ခဏာများပင်။

သူရေချိုး‌တော့ ချီရှောင်းက အိပ်နေတုန်းရှိသေးသည်။ သူ အဝတ်ဗီရိုကို လှန်လှောပြီး ခေတ်စားတဲ့အင်္ကျီတွေကြားက အသင့်အတင့်ရိုးရှင်းသော T shirt တစ်ထည်ရွေးလိုက်သည်။ သူက ချီရှောင်းထက် အရပ်သိပ်မရှည်တော့ size တစ်ခုတည်း ဝတ်နိုင်သည်။

အဝတ်တွေလဲပြီးတော့ ချီရှောင်းကို သူအရင်သွားတော့မယ် ဆိုတဲ့အကြောင်း စာရေးထားခဲ့ပြီး ကားသော့ကိုဆွဲကာ ထွက်လာခဲ့သည်။

အလုပ်တက်ချိန်ဖြစ်နေတော့ ရန်ရိ သုံးလမ်းမှာ ကားပိတ်မိနေသည်။ ရန်ရိ သူ့ရှေ့က အဆုံးမရှိတဲ့ ကားတန်းကြီးကို ကြည့်လိုက်သည်။ သူ ဖုန်းယူလိုက်ပြီး ကုံးရင့်ရှန်ဆီ စာပို့ထားလိုက်၏။

[ ကားနည်းနည်းကြပ်နေလို့ ငါခဏနေရောက်မယ် ]

လမ်းမှာ ကျိုးဝန်ဆီက ဖုန်းလက်ခံရသည်။ စမ်းသပ်ဖို့အတွက် ဓာတ်ခွဲခန်းပို့လိုက်တဲ့ နမူနာရဲ့ ရလဒ်ထွက်လာပြီဖြစ်ပြီး အမှန်ပင် ဓာတ်ဆီ ဖြစ်သည်။ ရန်ရိ ကျိုးဝန်ကို ထပ်လာခဲ့ဖို့ ခေါ်လိုက်ပြီး သူတို့ တရားခံဖော်ထုတ်နိုင်မယ့် သက်သေအထောက်အထားတွေ ရှာချင်သေးသည်။

၁၀ ကီလိုမီတာလောက်ပဲ ရှိတဲ့ ခရီးတိုကို ရန်ရိ မိနစ် ၄၀ ကျော် မောင်းလိုက်ရသည်။ သူ ကုံးရင့်ရှန်ကားကို ဝမ်ရမ့်အဆောက်အအုံ ရှေ့မှာ တွေ့လိုက်ရမှ စိတ်သက်သာသွားတော့၏။ ကံကောင်းလို့ သူ (ကုံးရင့်ရှန်) ဒီမှာ ရှိနေဆဲပင်။

ရန်ရိ အပေါ်ထပ်ကိုတက်သွားလိုက်တော့ ကုံးရင့်ရှန်နဲ့ ရဲသားအချို့ကို အခင်းနေရာ၌ တွေ့ရသည်။

သူ့ကို တွေ့တော့ ကုံးရင့်ရှန်က သာမန်ကာလျှံကာပဲ တစ်ချက်ကြည့်ပြီး မျက်နှာလှည့်သွား၏။ နှာခေါင်းစည်းတပ်ထားသည့် သူ့မျက်နှာမှာ မျက်ဝန်းလှလှတစ်စုံသာ ပေါ်နေပြီး ခံစားချက်အများအပြားကို ကွယ်ဝှက်ထားသည်။

ရန်ရိ လျှောက်သွားလိုက်ပြီး :

" မီးသုံးသပ်ရေးအဖွဲ့က အခန်း ၂၂၀၉ မီးလောင်တာ ဓာတ်ဆီကြောင့်လို့ အတည်ပြုလိုက်တယ်၊ မီးရှို့မှုပဲ "

" အင်း သိပြီးသွားပြီ "

ကုံးရင့်ရှန် ပြောလာသည်။

" မီးရှို့သမားက ဒီအထပ် အိမ်နီးချင်းတွေထဲက တစ်ယောက်ဖြစ်နိုင်ချေရှိတယ် "

ရန်ရိ လှည့်ပတ်ကြည့်လိုက်ပြီး

" ဒီမှာ အိမ်ခန်း ၁၂ ခန်းရှိတယ် ၂၂၁၁ က အိမ်ရှင်တွေကသေပြီး အခြားအိမ်ရှင်တွေကလည်း ဒဏ်ရာ အနည်းနဲ့အများ ရကြတယ် မီးရှို့သမားလည်း အကျိုးဆက်ကြောင့် ဒုက္ဒရောက်တာလားတောင် မပြောတတ်တော့ဘူး "

ကုံးရင့်ရှန် ဘာမှတုံ့ပြန်မလာဘဲ ၂၂၀၉ ကို စစ်ဆေးတာတွင်သာ အာရုံစိုက်ထားသည်။

ရန်ရိ သူ့နောက်လိုက်သွားပြီး ဆက်ပြောသည်။

" မီးရှို့တဲ့သူက ၂၂၀၉ ကိုကလဲ့စားချေချင်ရုံပဲ၊ ဒါပေမယ့် မီးကဒီလောက်ကြီးသွားမယ်လို့ မျှော်မှန်းထားပုံမရဘူး "

ကုံးရင့်ရှန် စကားပြောမလာသေးပေ။

ရန်ရိ အားပျက်သွားရပြီး ကုံးရင့်ရှန် အရှေ့၌ပိတ်ရပ်ကာ သူ့ကိုကြည့်လာအောင် ဖိအားပေးလိုက်သည်။

" ဘာလို့လဲ? ဒေါက်တာကုံး မင်းငါ့ကို စိတ်ဆိုးနေတာလား? "

ရန်ရိ ကုံးရင့်ရှန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

ကုံးရင့်ရှန် အေးတိအေးစက် ပြောလာ၏။

" အဲ့တာအတွက် အချိန်မရှိဘူး "

" ငါခဏပဲ နောက်ကျတာမဟုတ်လား? ငါ့အတွက် နားရက်ရဖို့ရှားတယ် သောက်စားပျော်ပါးတာက လူ့သဘာဝပဲလေ "

ရန်ရိ ရယ်လိုက်ပြီး

" မင်းစိတ်မဆိုးဘူးမလား? "

ကုံးရင့်ရှန် သူ့ကို ကျော်ပြီး ၂၂၀၉ ရဲ့ မီးဖိုခန်းထဲသွားကာ တစ်ခုခုရှာနေသည်။

" မင်း....မင်းဘာရှာနေတာလဲ? "

" ကော်ဖီဖျော်စက် "

" ဘာ? "

ကုံးရင့်ရှန် ရုပ်လုံးမပေါ်တော့တဲ့ မီးဖိုချောင်မှာ ဂရုတစိုက် လှန်လှောရှာပြီး မျက်မှောင်ကြုတ်သွားကာ ခဏစဉ်းစားနေပြီးနောက် ရေချိုးခန်းထဲ တစ်ခုခုသွားရှာပြန်သည်။

" မင်းအခုဘာရှာနေပြန်တာလဲ? "

" လျှပ်စစ်သွားတိုက်တံ "

ရန်ရိ ပိုပြီးတော့တောင် ခေါင်းရှုပ်သွားပြီး

" မင်းဘာမဟုတ်တာတွေ လုပ်မလို့လဲ? "

" အဓိပ္ပါယ်မရှိတာတွေ ပြောနေမယ့်အစား လာကူရှာပေးတာကောင်းမယ် "

ရန်ရိ ကုံးရင့်ရှန်ကို ကူရှာပေးလိုက်ပေမယ့် မီးကျွမ်းထားတဲ့ ရေချိုးခန်းအံဆွဲအောက်ကနေ ပလက်စတစ်သွားတိုက်တံလက်ကိုင် အပိုင်းတစ်ဝက်ကိုသာ ‌ရှာတွေ့၏။

ကုံးရင့်ရှန် သွားတိုက်တံအပိုင်းကိုလည်း သက်သေခံအိတ်ထဲ ထည့်လိုက်သည်။

ရန်ရိ နည်းနည်းစိတ်ပျက်သွားပြီး

" မင်းဘာအ‌ရေးမပါတာတွေ လုပ်နေတာလဲ? ငါတစ်ခုပြောမယ် မင်းကိုငါကူညီတယ်ဆိုကတည်းက ငါလည်းအကုန်သိရမှာပဲ "

နောက်ဆုံးတော့ ကုံးရင့်ရှန် ရန်ရိကို စိုက်ကြည့်လာပြီး ဘာမှမဖြစ်သလိုပြောလာသည်။

" တံခါးရှေ့ မီးလောင်ထားတဲ့ အမှိုက်ပုံကနေ ဒီမိသားစုနဲ့ မဆိုင်လောက်တဲ့ အိမ်သုံးအမှိုက်တချို့ ရှာတွေ့ထားတယ် "

" ဘယ်လိုမျိုး? "

" ဒီမိသားစုက အရမ်းအဆင့်မမြင့်ဘူးဆိုတာ သတိထားမိတယ်၊ အိမ်ထဲမှာ လူကြည့်လောက်စရာ ပစ္စည်းအသုံးအဆောင် အသစ်မရှိဘူး၊ အဝတ်လျှော်စက်တောင် ဒိတ်အောက်ကြီး "

ကုံးရင့်ရှန် သူ့လက်ထဲကအိတ်ကို မြှောက်လိုက်ပြီး

" ဒါပေမယ့် အမှိုက်ပုံထဲက ကော်ဖီစေ့၊ လျှပ်စစ်သွားတိုက်တံ၊ အစားထိုးခေါင်း၊ အဲ့လိုမျိုး‌တွေ ရှာတွေ့တယ် "

ရန်ရိ မျက်လုံးပြူးသွားပြီး

" ဝိုး မင်းသေချာကို ရှာထားတာပဲ၊ အဲ့တော့ အခန်းရှေ့ကအမှိုက်ပုံက ဒီမိသားစုဟာ မဟုတ်ဘူးလား? "

" တစ်စိတ်တစ်ပိုင်းပဲ၊ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က အိမ်နီးချင်းတွေဆီသွားပြီး ဦးလေးဖုန်ပြောတာကို အတည်ပြုထားတယ်၊ ဒီမိသားစုက တစ်ခါတစ်လေ တံခါးရှေ့မှာအမှိုက်တွေပုံထားတတ်တယ်၊ နောက်တော့ အိမ်နီးချင်းတွေကို တမင်တကာရန်စချင်တာနဲ့ တစ်ရက်နှစ်ရက်မက အမှိုက်တွေစုထားပြီး တစ်ပတ်တစ်ခါမှပဲ အမှိုက်သွားပစ်‌တော့တယ် တဲ့ "

" အဲ့တာဆို ဘာလို့ တံခါးရှေ့က အမှိုက်ပုံမှာ သူတို့နဲ့မဆိုင်တဲ့ အမှိုက်တွေ ရှိနေတာလဲ? "

" ခင်များ တရားခံကိုပဲ မေးလို့ရမယ် "

ရန်ရိ အဲ့အကြောင်း ခဏလောက်စဉ်းစားလိုက်ပြီး

" အောက်ထပ်က CCTV မှာ အထောက်အထား တွေ့သေးလား? "

" ကျွန်တော် ခုနကပဲ ဌာနခွဲကို ပြန်ယူသွားလိုက်တာ အခုကျွန်တော့် လုပ်ဖော်ကိုင်ဖက် ကြည့်နေတယ် "

ကုံးရင့်ရှန်‌ ပြောလာသည်။

" ခင်များ ကျွန်တော်ကို အခင်းနေရာကနေ အခြေခံပြီး မီးပျံ့သွားတဲ့လမ်းကြောင်းပုံ ဆွဲပြလို့ရလား? အိမ်ထဲပဲမဟုတ်ဘဲ တစ်လွှာလုံးလေ၊ မီးပျံ့သွားတဲ့ လမ်းကြောင်းက တစ်ခုခုတော့ ပြနိုင်မှာပဲ "

" ရတယ် "

ကုံးရင့်ရှန် သူ့ iPad ကိုထုတ်ပြီး အဆောက်အအုံရဲ့ အလွှာဖွဲ့စည်းပုံကို ဖော်ကာ ရန်ရိကို ပေးလိုက်သည်။

ရန်ရိ အဲ့တာကိုယူပြီး ကော်ရစ်တာကို ပြန်သွားသည်။ ကြမ်းပြင်ပေါ်ရှိ မီးလောင်ရာအမှတ်များ၊ ကျပ်ခိုးပုံသဏ္ဌာန်နဲ့ နံရံပေါ်ရှိ တည်နေရာ၊ မျက်နှာကျက် ပြိုကျခြင်း နှင့် မီးသင့်ပြီးနောက် အခင်းနေရာတွင် သိုဝှက်ကျန်ခဲ့သော အခြားသက်သေခံများအရ မီးပျံ့ခြင်း၏ တည်နေရာနှင့် ဇာတ်ကွက်တို့ကို ရေးဆွဲလိုက်သည်။

နောက်တော့ ကျန်းဝန်ရောက်လာပြီး စစ်ဆေးဖို့ သူ့ဆီလိုက်လာသည်။

ပုံဆွဲပြီးသွားတော့ သူတို့သုံးယောက် ထိုပုံကိုကြည့်ကာ အသံတိတ်သွားကြ၏။

" ထူးဆန်းတယ်....."

ရန်ရိ ကော်ရစ်တာအဆုံးက ပြတင်းပေါက်ကို ကြည့်ရင်း

" ၂၂၀၉ က ‌အနောက်ခြမ်းမှာ၊ ပြီးတော့ မီးစလောင်တာလည်း အနောက်ဘက်ကပဲ၊ အရင်ဆုံး အနောက်ခြမ်းက လေဝင်ပေါက်တံခါးဆီကိုပဲ မီးပျံ့သွားသင့်တာပေါ့၊ ဘယ်လိုလုပ် အနောက်ဘက်ကမီးက  အရှေ့ဘက်ကို ကူးသွားတာလဲ? မျက်နှာကျက်က မီးစလောင်တာပဲ ဖြစ်ရမယ် "

" အနောက်ဘက်ကမီးက မျက်နှာကျက်က စလောင်တယ်ဆိုတာ ခင်များဘယ်လိုလုပ် သေချာနေတာလဲ? "

ရန်ရိ မျက်နှာကျက်ပြားကို ကောက်ကိုင်လိုက်ပြီး

" အရမ်းရိုးရှင်းတယ် အနောက်ဘက်မှာ ကြမ်းပြင်က မီးစလောင်တယ်ဆိုရင် နံရံကို မီးကူးပြီး အရင်ဆုံး မျက်နှာကျက်မှာ ကျက်ခိုးစွဲသွားလိမ့်မယ်၊ မျက်နှာကျက် ပြိုကျတဲ့ တစ်ချိန်တည်းမှာပဲ အခြား မီးလောင်ထားတဲ့ ပစ္စည်းတွေအပေါ်ကို ကျပြီး ကြမ်းပြင်မှာ ကျက်ခိုးစွဲသွားမယ်၊ ဒါပေမယ့် မျက်နှာကျက်ပြားက....."

သူ မျက်နှာကျက်ပြားကို ပြောင်းပြန်လှန်လိုက်သော်လည်း အနောက်ဘက်က ပြောင်နေသည်။

" ကြမ်းပေါ်မှာတင် ကျက်ခိုးမရှိတာ မဟုတ်ဘဲ အောက်ခြေမှာလည်း မီးကူးထားတဲ့ ပစ္စည်းမရှိဘူး၊ ဆိုတော့ ကြမ်းပြင်ပေါ်  ပြိုမကျခင်  မျက်နှာကျက်မှာ မီးကူးပြီး ပြိုကျတော့ ကြမ်းပြင်ကို မီးစွဲသွားတာလို့ သက်သေပြနေတယ် "

" ဘယ်လိုကြောင့်လဲ? "

ရန်ရိ ခေါင်းခါလိုက်ပြီး

" နှစ်ဖက်လုံးက ဆိုးဆိုးဝါးဝါး မီးလောင်နေတာ၊ ငါလူကယ်ဖို့ ဝင်သွားတော့ အနောက်ခြမ်းက မီးဗဟိုမိုလို့ မီးအရှိန်တအားပြင်းပြီး ဖြတ်ဖို့ခက်တာနဲ့ အရှေ့ဘက်မှာပဲ လှုပ်ရှားနိုင်တယ်၊ အနောက်ဘက်က မီးစလောင်တာလို့ ငါတွေးလိုက်တာ‌ပေါ့ ၊ ဟုတ်တယ် ပွင့်နေတဲ့ ပြတင်းပေါက်ကလည်း ဒါကို သက်သေထူနေတာပဲလေ၊ ဒါပေမယ့် သက်သေတွေ အကုန်လုံးကို ပြန်ခြုံကြည့်လိုက်တော့ အချက်တွေက ဆန့်ကျင်ဘက်ဖြစ်နေတယ် "

" ဘာလို့ ဒီလိုဖြစ်သွားတာလဲ? "

" ငါမနေ့က ၂၂၀၉ ကိုပဲ စစ်ကြည့်ပြီး ကော်ရစ်တာကို သေချာမစစ်လိုက်ဘူး "

ရန်ရိ စိတ်ရှုပ်ရှုပ်နဲ့ ပြောလိုက်သည်။

" ငါတွေးလို့ရတဲ့ ဖြစ်နိုင်ချေတွေထဲ တစ်ခုက အဲ့အချိန်မှာ အနောက်ဘက်ခြမ်းက ပြတင်းပေါက် ပိတ်နေပြီး မီးက အရှေ့ဘက်ခြမ်း ပြတင်းပေါက်ဆီ ပျံ့သွားတာပဲ "

" တစ်ချက်ကြည့်ရအောင် "

သူတို့ သုံးယောက် အနောက်ဘက်က ပြတင်းပေါက်ဆီ လျှောက်သွားသည်။ ပြတင်းပေါက်ကတော့ ဘောင်ပဲ ကျန်တော့သည်အထိ လောင်ကျွမ်းသွားခဲ့ပြီး မှန်စများကတော့ ကြမ်းတစ်ပြင်လုံးပေါ် ကွဲကြေကျနေသည်။ လက်ရှိ တံခါးဘောင်အခြေအနေကို ယူဆရသလောက် တံခါးကပိတ်နေပေမယ့် အလွှာတွင်းမီးအပူရှိန်ကို မခံနိုင်ခဲ့တာဖြစ်မည်။

ကုံးရင့်ရှန် : " ပြတင်းပေါက်က လေဝင်လေထွက်ကောင်းဖို့သုံးတာ၊ ယျေဘုယျအားဖြင့် ဆောင်းရာသီမှမဟုတ်ရင် တံခါးပိတ်ထားမှာမဟုတ်ဘူး "

ကုံးရင့်ရှန် စဉ်းစားကြည့်လိုက်သည်။

ကုံးရင့်ရှန် : " ကော်ရစ်တာမှာ နံစော်နေတဲ့ အမှိုက်ပုံကြီး‌ရှိနေရင်လဲ ဘယ်သူမှပိတ်ပစ်မှာမဟုတ်ဘူး "

ရန်ရိ အသက်ပြင်းပြင်း ရှုရှိုက်လိုက်ရင်း

" တစ်ယောက်ယောက်က မီးအနောက်ဘက်ကို ဆက်ကူးသွားအောင် တံခါးပိတ်လိုက်တာလား? "

သူတို့နှစ်ယောက်စလုံး ညှို့မှိုင်းနေသည့် ကော်ရစ်တာတစ်လျှောက်အား ပြိုင်တူ ကြည့်မိလိုက်ကြသည်။

အနောက်ဘက်က အခန်း ၆ ခန်းမှာ ဘယ်သူကများ မီးရှို့သမားဖြစ်မလဲ?

############

ကျနော့် လက်ကောက်ဝတ် ကိုက်နေတာ အတော်ကြာပြီ၊ ဒဏ်ဖြစ်သလိုမျိုးပဲ၊ စာတွေရိုက်ရင် ပိုဆိုးတယ်၊ ‌နားလိုက်ရင် သက်သာမှာပေမယ့် နောက် နာတာရှည်ဖြစ်သွားမှာစိုးတယ် ☠️

13, Jul, 2021

12 : 54 PM

##########

[ Zawgyi ]

ရန္ရိနဲ႔ ခ်ီေ႐ွာင္း တစ္ခုခုအရင္စားၿပီး ႐ုပ္႐ွင္ၾကည့္ၾကသည္။ ညက်ေတာ့ သူတို႔သြားေနက်ဘားကို သူငယ္ခ်င္းနည္းနည္းစီ ထပ္ေခၚလိုက္သည္။

တကယ္ေတာ့ ရန္ရိ ေသာက္ရတာႀကိဳက္သည္၊ သူ အရက္အမ်ားႀကီး မေသာက္ေပမယ့္လည္း အလုပ္ခ်ိန္မွာ ေသာက္တာကို တင္းတင္းၾကပ္ၾကပ္ တားျမစ္ထား၏။ အားလပ္ရက္ရဖို႔လည္း ႐ွားေတာ့ ထုံးစံအတိုင္း အပန္းေျဖဖို႔လိုသည္ေလ။

ညလယ္ေခါင္ထိ ေသာက္ၾကၿပီးေတာ့ ပါရမီ႐ွင္အုပ္စုလည္း တစ္ျဖည္းျဖည္း လူစုကြဲသြားသည္။

ရန္ရိ အမ်ားႀကီးေသာက္ထားေသာ္လည္း ေျခ‌ၿမဲေအာင္ေတာ့ ရပ္ႏိုင္ေသး၏။ ခ်ီေ႐ွာင္းကေတာ့ သူ႕ကို ယိုင္တိယိုင္ထိုးနဲ႔ တြဲခိုထားသည္။

ကားဆီကို ေလွ်ာက္သြားရင္း ရန္ရိ လက္တစ္ဖက္ကိုဆြဲျဖည္ကာ သူ႕ဖုန္းကိုထုတ္လိုက္သည္။

" ခဏေလး ကိုယ္ Driver ေခၚလိုက္ဦးမယ္ "

ခ်ီေ႐ွာင္းက ရန္ရိလည္ပင္းကို သိုင္းဖက္ရင္း ေခါင္းေမာ့ကာ သူ႕ႏႈတ္ခမ္းေႏြးေႏြးေလးနဲ႔ ရန္ရိကို ခပ္ဖြဖြ နမ္းလာသည္။

ရန္ရိ သူ႕(ခ်ီေ႐ွာင္း) ခါးကိုဖက္လိုက္ၿပီး ဝါးတားတားေျပာလိုက္သည္။

" ေကာင္းၿပီ အိမ္အရင္ျပန္ရေအာင္ "

ခ်ီေ႐ွာင္း ရန္ရိကို ရီေဝေဝမ်က္လုံးမ်ားျဖင့္ၾကည့္လာၿပီး ခပ္တိုးတိုး ေျပာသည္။

" ေကာက အရမ္းေကာင္းတယ္ အရမ္းအရမ္းကို ေကာင္းတယ္ "

" အင္းပါ ကိုယ္သိတယ္ "

ရန္ရိ ျပဳံးလိုက္ၿပီး

" မင္းဘာျဖစ္လို႔လဲ? "

" တကယ္ ကြၽန္ေတာ္ အစ္ကိုနဲ႔ အတည္ျဖစ္ခ်င္တယ္ "

ခ်ီေ႐ွာင္း မူးေၾကာင္ေၾကာင္နဲ႔ေျပာလာသည္။

" ဒါေပမယ့္ ကြၽန္ေတာ္ ခံစားရတယ္.... ကြၽန္ေတာ္က ဘာမွမဟုတ္သလိုပဲ နာမည္လည္းမႀကီးဘူး၊ ပိုက္ဆံလည္းမ႐ွိဘူး၊ အဲ့တာေၾကာင့္ ကြၽန္ေတာ္က ခ်စ္ဖို႔ အဆင့္မမီဘူး "

ရန္ရိ ႏွစ္သိမ့္ေပးလိုက္သည္။

" မင္းက ႏွစ္ဆယ္သုံးႏွစ္ပဲ ႐ွိေသးတာ၊ ဘာလို႔ေလာေနတာလဲ? မင္းတကယ္ကို နာမည္ႀကီးလာမွာပါ "

သူ order တင္တဲ့ software မွာ ေနရာျဖည့္လိုက္ၿပီး ဒ႐ိုင္ဘာေရာက္ဖို႔ ေစာင့္ေနလိုက္သည္။

" အခုေခတ္ ဆယ္ေက်ာ္သက္ေတြေတာင္ အဟြတ္ ဟြတ္ ေဖ်ာ္ေျဖေရးထဲဝင္ေနၾကၿပီ "

ခ်ီေ႐ွာင္း ရန္ရိ မ်က္ႏွာကို သူ႕ပါးနဲ႔ပြတ္ၿပီး

" ကြၽန္ေတာ္ ေကာကိုေျပာတာ၊ ကိုးႏွစ္ပဲ ျဖစ္ျဖစ္ ဆယ့္႐ွစ္ႏွစ္ပဲျဖစ္ျဖစ္ ေကာ လုပ္ႏိုင္မွာလား? ကြၽန္ေတာ္လည္း ငယ္႐ြယ္တယ္ဆိုတာနဲ႔ အလွမ္းေဝးေနၿပီ "

" မဟုတ္တာေတြ ေျပာေနတာပဲကြာ "

ရန္ရိ ရယ္လိုက္ၿပီး

" မင္းေကာင္းေကာင္း အိပ္ရေအာင္ အိမ္ျပန္ပို႔ေပးမယ္ "

" ေကာ....ဘာလို႔ခ်စ္သူမ႐ွိရတာလဲ? "

" အခ်ိန္မ႐ွိဘူး "

ခ်ီေ႐ွာင္း ညစ္က်ယ္က်ယ္ျပဳံးရင္း ရန္ရိကို ၾကည့္လာသည္။

" လုပ္ၾကည့္ရေအာင္.....ဘယ္လိုလဲ? "

ရန္ရိ ခ်ီေ႐ွာင္း ဆံပင္ကို ပြတ္ေပးရင္း ႏူးႏူးညံ့ညံ့ေျပာလိုက္သည္။

" မင္း အသိျပန္ဝင္လာတဲ့အထိ ေစာင့္လိုက္ပါဦး "

သူ ခ်စ္သူမထားခ်င္ဘူး၊ သူနဲ႔ ခ်ီေ႐ွာင္းက ေနာက္ခံအသိုင္းအဝိုင္းခ်င္းေရာ အဆင့္အတန္းခ်င္းပါ အေတာ္ေလးကြာျခားမွန္း သူသိသည္၊ ထို႔ေၾကာင့္လည္း သူတို႔ဆက္ဆံေရးအေၾကာင္း မေျပာႏိုင္မွာကို စိုးရိမ္မိ၏။

ခ်ီေ႐ွာင္းက သူ႕လက္ေတြကို ရန္ရိခါးတစ္ဝိုက္ တြယ္ဖက္ထားကာ ခႏၶာကိုယ္တစ္ခုလုံးကို ရန္ရိထံမွီထားလ်က္ မ်က္ႏွာကို ရင္ခြင္ထဲႏွစ္ထားၿပီး ျဖည္းျဖည္းခ်င္း ပြတ္ေနသည္မွာ ေၾကာင္လိမၼာေလးအလား။

ခဏေန ဒ႐ိုင္ဘာေရာက္လာၿပီး ရန္ရိ ခ်ီေ႐ွာင္းကို ကားထဲသြင္းေပးလိုက္ေတာ့ အိပ္ေပ်ာ္သြားၿပီမွန္း သိရသည္။

ရန္ရိ ဒ႐ိုင္ဘာကို ခ်ီေ႐ွာင္းအိမ္ေမာင္းဖို႔ေျပာလိုက္သည္။

======

ေနာက္တစ္ေန႔မနက္မွာ ရန္ရိ ဖုန္းျမည္သံေၾကာင့္ ႏိုးလာရ၏။ သူ အိပ္ခ်င္မူးတူးနဲ႔ အိပ္ရာေဘး စားပြဲေပၚက ဖုန္းကို လွမ္း‌ဆြဲလိုက္ၿပီး နား,နားကပ္ကာ ဖုန္းေျဖလိုက္သည္။ အသံကေတာ့ ဩ႐ွေနလ်က္။

ဖုန္းထဲကသူက ခဏ တန္႔သြားၿပီး

" ခင္မ်ား ဒီအခ်ိန္ထိ ‌အိပ္ေနတုန္းလား? "

ကုံးရင့္႐ွန္ရဲ႕ ေအးစက္စက္အသံက ရန္ရိ မ်က္ႏွာေပၚ ေရခဲေရတစ္ဘူး ပက္ျဖန္းလိုက္သည့္အလား ခ်က္ခ်င္း အမူးေျပသြားေစသည္။ သူ မ်က္စိကိုအတင္းဖြင့္လိုက္ၿပီး

" ဘယ္အခ်ိန္႐ွိၿပီလဲ? "

သူေမးၿပီး ဖုန္း screen ကိုၾကည့္လိုက္ေတာ့ ၉ နာရီေတာင္ ထိုးေတာ့မည္။

" ခင္မ်ား ေသာက္ထားတာပဲ "

ကုံးရင့္႐ွန္ အသံက အနည္းငယ္ဆိုး႐ြားေနမွန္း သိသာ၏။

" အာ..ငါမေန႔ညက သူငယ္ခ်င္းေတြနဲ႔ ေသာက္တာညဥ့္နက္သြားလို႔ "

ရန္ရိ ထလိုက္သည္။

" ငါမနက္ခင္း အိပ္ရာထေနာက္က်တာေတာင္ မျဖစ္တာၾကာၿပီပဲ....ဘာကိစၥ႐ွိလို႔လဲ? "

" ေမ့လိုက္ေတာ့ "

ကုံးရင့္႐ွန္ တစ္ခါတည္း ဖုန္းခ်သြားသည္။

ဖုန္းတစ္ဖက္က အလုပ္႐ႈပ္ေနသံေတြၾကားၿပီးေနာက္ ရန္ရိ အေတာ္ၾကာၾကာ ရပ္တန္႔သြားရသည္။ ေနာက္ဆုံး အသိျပန္ဝင္လာေတာ့မွ မေန႔က သူတို႔ႏွစ္ေယာက္ ဝမ္ရမ့္ရပ္ကြက္ကို အတူထပ္သြားဖို႔ ခ်ိန္းထားမွန္း သတိရသည္။ လူေတြရဲ႕ ပုံမွန္ဘဝကို အေႏွာက္အယွက္ျဖစ္ေစတာမို႔ မီးသင့္အေဆာက္အအုံကို ဘားတုန္းကလိုမ်ိဳး ၾကာၾကာပိတ္ထားမည္မဟုတ္ဘဲ အခ်ိန္အကန္႔အသတ္ ႐ွိေနသည္။

သူမေန႔ညက တကယ္ကိုမူးၿပီး ေမ့သြားခဲ့ပါ၏။

ရန္ရိ သူ႕ေခါင္းသူထုရင္း ဆိုဖာေပၚက ထလိုက္ၿပီး မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းထဲဝင္လိုက္သည္။

မေန႔ညက သူ ခ်ီေ႐ွာင္းနဲ႔ အခ်ိန္ကုန္ၿပီး ခ်ီေ႐ွာင္းကို အိပ္ယာေပၚတင္ၿပီးေနာက္ လႈပ္႐ွားဖို႔ေတာင္ အရမ္းအိပ္ခ်င္ေနသျဖင့္ အိပ္ရာေပၚမွာပဲ အိပ္ေပ်ာ္သြားခဲ့သည္။ အိပ္ရာကႏိုးေတာ့ ေက်ာဘက္ကေအာင့္ၿပီး မူးေမာ္ကာ ပ်ိဳ႕အန္ခ်င္ေနသည္။ အရက္နာက်သည့္ လကၡဏာမ်ားပင္။

သူေရခ်ိဳး‌ေတာ့ ခ်ီေ႐ွာင္းက အိပ္ေနတုန္း႐ွိေသးသည္။ သူ အဝတ္ဗီ႐ိုကို လွန္ေလွာၿပီး ေခတ္စားတဲ့အက်ႌေတြၾကားက အသင့္အတင့္႐ိုး႐ွင္းေသာ T shirt တစ္ထည္ေ႐ြးလိုက္သည္။ သူက ခ်ီေ႐ွာင္းထက္ အရပ္သိပ္မ႐ွည္ေတာ့ size တစ္ခုတည္း ဝတ္ႏိုင္သည္။

အဝတ္ေတြလဲၿပီးေတာ့ ခ်ီေ႐ွာင္းကို သူအရင္သြားေတာ့မယ္ ဆိုတဲ့အေၾကာင္း စာေရးထားခဲ့ၿပီး ကားေသာ့ကိုဆြဲကာ ထြက္လာခဲ့သည္။

အလုပ္တက္ခ်ိန္ျဖစ္ေနေတာ့ ရန္ရိ သုံးလမ္းမွာ ကားပိတ္မိေနသည္။ ရန္ရိ သူ႕ေ႐ွ႕က အဆုံးမ႐ွိတဲ့ ကားတန္းႀကီးကို ၾကည့္လိုက္သည္။ သူ ဖုန္းယူလိုက္ၿပီး ကုံးရင့္႐ွန္ဆီ စာပို႔ထားလိုက္၏။

[ ကားနည္းနည္းၾကပ္ေနလို႔ ငါခဏေနေရာက္မယ္ ]

လမ္းမွာ က်ိဳးဝန္ဆီက ဖုန္းလက္ခံရသည္။ စမ္းသပ္ဖို႔အတြက္ ဓာတ္ခြဲခန္းပို႔လိုက္တဲ့ နမူနာရဲ႕ ရလဒ္ထြက္လာၿပီျဖစ္ၿပီး အမွန္ပင္ ဓာတ္ဆီ ျဖစ္သည္။ ရန္ရိ က်ိဳးဝန္ကို ထပ္လာခဲ့ဖို႔ ေခၚလိုက္ၿပီး သူတို႔ တရားခံေဖာ္ထုတ္ႏိုင္မယ့္ သက္ေသအေထာက္အထားေတြ ႐ွာခ်င္ေသးသည္။

၁၀ ကီလိုမီတာေလာက္ပဲ ႐ွိတဲ့ ခရီးတိုကို ရန္ရိ မိနစ္ ၄၀ ေက်ာ္ ေမာင္းလိုက္ရသည္။ သူ ကုံးရင့္႐ွန္ကားကို ဝမ္ရမ့္အေဆာက္အအုံ ေ႐ွ႕မွာ ေတြ႕လိုက္ရမွ စိတ္သက္သာသြားေတာ့၏။ ကံေကာင္းလို႔ သူ (ကုံးရင့္႐ွန္) ဒီမွာ ႐ွိေနဆဲပင္။

ရန္ရိ အေပၚထပ္ကိုတက္သြားလိုက္ေတာ့ ကုံးရင့္႐ွန္နဲ႔ ရဲသားအခ်ိဳ႕ကို အခင္းေနရာ၌ ေတြ႕ရသည္။

သူ႕ကို ေတြ႕ေတာ့ ကုံးရင့္႐ွန္က သာမန္ကာလွ်ံကာပဲ တစ္ခ်က္ၾကည့္ၿပီး မ်က္ႏွာလွည့္သြား၏။ ႏွာေခါင္းစည္းတပ္ထားသည့္ သူ႕မ်က္ႏွာမွာ မ်က္ဝန္းလွလွတစ္စုံသာ ေပၚေနၿပီး ခံစားခ်က္အမ်ားအျပားကို ကြယ္ဝွက္ထားသည္။

ရန္ရိ ေလွ်ာက္သြားလိုက္ၿပီး :

" မီးသုံးသပ္ေရးအဖြဲ႕က အခန္း ၂၂၀၉ မီးေလာင္တာ ဓာတ္ဆီေၾကာင့္လို႔ အတည္ျပဳလိုက္တယ္၊ မီး႐ိႈ႕မႈပဲ "

" အင္း သိၿပီးသြားၿပီ "

ကုံးရင့္႐ွန္ ေျပာလာသည္။

" မီး႐ိႈ႕သမားက ဒီအထပ္ အိမ္နီးခ်င္းေတြထဲက တစ္ေယာက္ျဖစ္ႏိုင္ေခ်႐ွိတယ္ "

ရန္ရိ လွည့္ပတ္ၾကည့္လိုက္ၿပီး

" ဒီမွာ အိမ္ခန္း ၁၂ ခန္း႐ွိတယ္ ၂၂၁၁ က အိမ္႐ွင္ေတြကေသၿပီး အျခားအိမ္႐ွင္ေတြကလည္း ဒဏ္ရာ အနည္းနဲ႔အမ်ား ရၾကတယ္ မီး႐ိႈ႕သမားလည္း အက်ိဳးဆက္ေၾကာင့္ ဒုကၵေရာက္တာလားေတာင္ မေျပာတတ္ေတာ့ဘူး "

ကုံးရင့္႐ွန္ ဘာမွတုံ႔ျပန္မလာဘဲ ၂၂၀၉ ကို စစ္ေဆးတာတြင္သာ အာ႐ုံစိုက္ထားသည္။

ရန္ရိ သူ႕ေနာက္လိုက္သြားၿပီး ဆက္ေျပာသည္။

" မီး႐ိႈ႕တဲ့သူက ၂၂၀၉ ကိုကလဲ့စားေခ်ခ်င္႐ုံပဲ၊ ဒါေပမယ့္ မီးကဒီေလာက္ႀကီးသြားမယ္လို႔ ေမွ်ာ္မွန္းထားပုံမရဘူး "

ကုံးရင့္႐ွန္ စကားေျပာမလာေသးေပ။

ရန္ရိ အားပ်က္သြားရၿပီး ကုံးရင့္႐ွန္ အေ႐ွ႕၌ပိတ္ရပ္ကာ သူ႕ကိုၾကည့္လာေအာင္ ဖိအားေပးလိုက္သည္။

" ဘာလို႔လဲ? ေဒါက္တာကုံး မင္းငါ့ကို စိတ္ဆိုးေနတာလား? "

ရန္ရိ ကုံးရင့္႐ွန္ကို နားမလည္ႏိုင္စြာ ၾကည့္လိုက္သည္။

ကုံးရင့္႐ွန္ ေအးတိေအးစက္ ေျပာလာ၏။

" အဲ့တာအတြက္ အခ်ိန္မ႐ွိဘူး "

" ငါခဏပဲ ေနာက္က်တာမဟုတ္လား? ငါ့အတြက္ နားရက္ရဖို႔႐ွားတယ္ ေသာက္စားေပ်ာ္ပါးတာက လူ႕သဘာဝပဲေလ "

ရန္ရိ ရယ္လိုက္ၿပီး

" မင္းစိတ္မဆိုးဘူးမလား? "

ကုံးရင့္႐ွန္ သူ႕ကို ေက်ာ္ၿပီး ၂၂၀၉ ရဲ႕ မီးဖိုခန္းထဲသြားကာ တစ္ခုခု႐ွာေနသည္။

" မင္း....မင္းဘာ႐ွာေနတာလဲ? "

" ေကာ္ဖီေဖ်ာ္စက္ "

" ဘာ? "

ကုံးရင့္႐ွန္ ႐ုပ္လုံးမေပၚေတာ့တဲ့ မီးဖိုေခ်ာင္မွာ ဂ႐ုတစိုက္ လွန္ေလွာ႐ွာၿပီး မ်က္ေမွာင္ၾကဳတ္သြားကာ ခဏစဥ္းစားေနၿပီးေနာက္ ေရခ်ိဳးခန္းထဲ တစ္ခုခုသြား႐ွာျပန္သည္။

" မင္းအခုဘာ႐ွာေနျပန္တာလဲ? "

" လွ်ပ္စစ္သြားတိုက္တံ "

ရန္ရိ ပိုၿပီးေတာ့ေတာင္ ေခါင္း႐ႈပ္သြားၿပီး

" မင္းဘာမဟုတ္တာေတြ လုပ္မလို႔လဲ? "

" အဓိပၸါယ္မ႐ွိတာေတြ ေျပာေနမယ့္အစား လာကူ႐ွာေပးတာေကာင္းမယ္ "

ရန္ရိ ကုံးရင့္႐ွန္ကို ကူ႐ွာေပးလိုက္ေပမယ့္ မီးကြၽမ္းထားတဲ့ ေရခ်ိဳးခန္းအံဆြဲေအာက္ကေန ပလက္စတစ္သြားတိုက္တံလက္ကိုင္ အပိုင္းတစ္ဝက္ကိုသာ ‌႐ွာေတြ႕၏။

ကုံးရင့္႐ွန္ သြားတိုက္တံအပိုင္းကိုလည္း သက္ေသခံအိတ္ထဲ ထည့္လိုက္သည္။

ရန္ရိ နည္းနည္းစိတ္ပ်က္သြားၿပီး

" မင္းဘာအ‌ေရးမပါတာေတြ လုပ္ေနတာလဲ? ငါတစ္ခုေျပာမယ္ မင္းကိုငါကူညီတယ္ဆိုကတည္းက ငါလည္းအကုန္သိရမွာပဲ "

ေနာက္ဆုံးေတာ့ ကုံးရင့္႐ွန္ ရန္ရိကို စိုက္ၾကည့္လာၿပီး ဘာမွမျဖစ္သလိုေျပာလာသည္။

" တံခါးေ႐ွ႕ မီးေလာင္ထားတဲ့ အမိႈက္ပုံကေန ဒီမိသားစုနဲ႔ မဆိုင္ေလာက္တဲ့ အိမ္သုံးအမိႈက္တခ်ိဳ႕ ႐ွာေတြ႕ထားတယ္ "

" ဘယ္လိုမ်ိဳး? "

" ဒီမိသားစုက အရမ္းအဆင့္မျမင့္ဘူးဆိုတာ သတိထားမိတယ္၊ အိမ္ထဲမွာ လူၾကည့္ေလာက္စရာ ပစၥည္းအသုံးအေဆာင္ အသစ္မ႐ွိဘူး၊ အဝတ္ေလွ်ာ္စက္ေတာင္ ဒိတ္ေအာက္ႀကီး "

ကုံးရင့္႐ွန္ သူ႕လက္ထဲကအိတ္ကို ေျမႇာက္လိုက္ၿပီး

" ဒါေပမယ့္ အမိႈက္ပုံထဲက ေကာ္ဖီေစ့၊ လွ်ပ္စစ္သြားတိုက္တံ၊ အစားထိုးေခါင္း၊ အဲ့လိုမ်ိဳး‌ေတြ ႐ွာေတြ႕တယ္ "

ရန္ရိ မ်က္လုံးျပဴးသြားၿပီး

" ဝိုး မင္းေသခ်ာကို ႐ွာထားတာပဲ၊ အဲ့ေတာ့ အခန္းေ႐ွ႕ကအမိႈက္ပုံက ဒီမိသားစုဟာ မဟုတ္ဘူးလား? "

" တစ္စိတ္တစ္ပိုင္းပဲ၊ ကြၽန္ေတာ့္ လုပ္ေဖာ္ကိုင္ဖက္က အိမ္နီးခ်င္းေတြဆီသြားၿပီး ဦးေလးဖုန္ေျပာတာကို အတည္ျပဳထားတယ္၊ ဒီမိသားစုက တစ္ခါတစ္ေလ တံခါးေ႐ွ႕မွာအမိႈက္ေတြပုံထားတတ္တယ္၊ ေနာက္ေတာ့ အိမ္နီးခ်င္းေတြကို တမင္တကာရန္စခ်င္တာနဲ႔ တစ္ရက္ႏွစ္ရက္မက အမိႈက္ေတြစုထားၿပီး တစ္ပတ္တစ္ခါမွပဲ အမိႈက္သြားပစ္‌ေတာ့တယ္ တဲ့ "

" အဲ့တာဆို ဘာလို႔ တံခါးေ႐ွ႕က အမိႈက္ပုံမွာ သူတို႔နဲ႔မဆိုင္တဲ့ အမိႈက္ေတြ ႐ွိေနတာလဲ? "

" ခင္မ်ား တရားခံကိုပဲ ေမးလို႔ရမယ္ "

ရန္ရိ အဲ့အေၾကာင္း ခဏေလာက္စဥ္းစားလိုက္ၿပီး

" ေအာက္ထပ္က CCTV မွာ အေထာက္အထား ေတြ႕ေသးလား? "

" ကြၽန္ေတာ္ ခုနကပဲ ဌာနခြဲကို ျပန္ယူသြားလိုက္တာ အခုကြၽန္ေတာ့္ လုပ္ေဖာ္ကိုင္ဖက္ ၾကည့္ေနတယ္ "

ကုံးရင့္႐ွန္‌ ေျပာလာသည္။

" ခင္မ်ား ကြၽန္ေတာ္ကို အခင္းေနရာကေန အေျခခံၿပီး မီးပ်ံ႕သြားတဲ့လမ္းေၾကာင္းပုံ ဆြဲျပလို႔ရလား? အိမ္ထဲပဲမဟုတ္ဘဲ တစ္လႊာလုံးေလ၊ မီးပ်ံ႕သြားတဲ့ လမ္းေၾကာင္းက တစ္ခုခုေတာ့ ျပႏိုင္မွာပဲ "

" ရတယ္ "

ကုံးရင့္႐ွန္ သူ႕ iPad ကိုထုတ္ၿပီး အေဆာက္အအုံရဲ႕ အလႊာဖြဲ႕စည္းပုံကို ေဖာ္ကာ ရန္ရိကို ေပးလိုက္သည္။

ရန္ရိ အဲ့တာကိုယူၿပီး ေကာ္ရစ္တာကို ျပန္သြားသည္။ ၾကမ္းျပင္ေပၚ႐ွိ မီးေလာင္ရာအမွတ္မ်ား၊ က်ပ္ခိုးပုံသဏၭာန္နဲ႔ နံရံေပၚ႐ွိ တည္ေနရာ၊ မ်က္ႏွာက်က္ ၿပိဳက်ျခင္း ႏွင့္ မီးသင့္ၿပီးေနာက္ အခင္းေနရာတြင္ သိုဝွက္က်န္ခဲ့ေသာ အျခားသက္ေသခံမ်ားအရ မီးပ်ံ႕ျခင္း၏ တည္ေနရာႏွင့္ ဇာတ္ကြက္တို႔ကို ေရးဆြဲလိုက္သည္။

ေနာက္ေတာ့ က်န္းဝန္ေရာက္လာၿပီး စစ္ေဆးဖို႔ သူ႕ဆီလိုက္လာသည္။

ပုံဆြဲၿပီးသြားေတာ့ သူတို႔သုံးေယာက္ ထိုပုံကိုၾကည့္ကာ အသံတိတ္သြားၾက၏။

" ထူးဆန္းတယ္....."

ရန္ရိ ေကာ္ရစ္တာအဆုံးက ျပတင္းေပါက္ကို ၾကည့္ရင္း

" ၂၂၀၉ က ‌အေနာက္ျခမ္းမွာ၊ ၿပီးေတာ့ မီးစေလာင္တာလည္း အေနာက္ဘက္ကပဲ၊ အရင္ဆုံး အေနာက္ျခမ္းက ေလဝင္ေပါက္တံခါးဆီကိုပဲ မီးပ်ံ႕သြားသင့္တာေပါ့၊ ဘယ္လိုလုပ္ အေနာက္ဘက္ကမီးက  အေ႐ွ႕ဘက္ကို ကူးသြားတာလဲ? မ်က္ႏွာက်က္က မီးစေလာင္တာပဲ ျဖစ္ရမယ္ "

" အေနာက္ဘက္ကမီးက မ်က္ႏွာက်က္က စေလာင္တယ္ဆိုတာ ခင္မ်ားဘယ္လိုလုပ္ ေသခ်ာေနတာလဲ? "

ရန္ရိ မ်က္ႏွာက်က္ျပားကို ေကာက္ကိုင္လိုက္ၿပီး

" အရမ္း႐ိုး႐ွင္းတယ္ အေနာက္ဘက္မွာ ၾကမ္းျပင္က မီးစေလာင္တယ္ဆိုရင္ နံရံကို မီးကူးၿပီး အရင္ဆုံး မ်က္ႏွာက်က္မွာ က်က္ခိုးစြဲသြားလိမ့္မယ္၊ မ်က္ႏွာက်က္ ၿပိဳက်တဲ့ တစ္ခ်ိန္တည္းမွာပဲ အျခား မီးေလာင္ထားတဲ့ ပစၥည္းေတြအေပၚကို က်ၿပီး ၾကမ္းျပင္မွာ က်က္ခိုးစြဲသြားမယ္၊ ဒါေပမယ့္ မ်က္ႏွာက်က္ျပားက....."

သူ မ်က္ႏွာက်က္ျပားကို ေျပာင္းျပန္လွန္လိုက္ေသာ္လည္း အေနာက္ဘက္က ေျပာင္ေနသည္။

" ၾကမ္းေပၚမွာတင္ က်က္ခိုးမ႐ွိတာ မဟုတ္ဘဲ ေအာက္ေျခမွာလည္း မီးကူးထားတဲ့ ပစၥည္းမ႐ွိဘူး၊ ဆိုေတာ့ ၾကမ္းျပင္ေပၚ  ၿပိဳမက်ခင္  မ်က္ႏွာက်က္မွာ မီးကူးၿပီး ၿပိဳက်ေတာ့ ၾကမ္းျပင္ကို မီးစြဲသြားတာလို႔ သက္ေသျပေနတယ္ "

" ဘယ္လိုေၾကာင့္လဲ? "

ရန္ရိ ေခါင္းခါလိုက္ၿပီး

" ႏွစ္ဖက္လုံးက ဆိုးဆိုးဝါးဝါး မီးေလာင္ေနတာ၊ ငါလူကယ္ဖို႔ ဝင္သြားေတာ့ အေနာက္ျခမ္းက မီးဗဟိုမိုလို႔ မီးအ႐ွိန္တအားျပင္းၿပီး ျဖတ္ဖို႔ခက္တာနဲ႔ အေ႐ွ႕ဘက္မွာပဲ လႈပ္႐ွားႏိုင္တယ္၊ အေနာက္ဘက္က မီးစေလာင္တာလို႔ ငါေတြးလိုက္တာ‌ေပါ့ ၊ ဟုတ္တယ္ ပြင့္ေနတဲ့ ျပတင္းေပါက္ကလည္း ဒါကို သက္ေသထူေနတာပဲေလ၊ ဒါေပမယ့္ သက္ေသေတြ အကုန္လုံးကို ျပန္ျခဳံၾကည့္လိုက္ေတာ့ အခ်က္ေတြက ဆန္႔က်င္ဘက္ျဖစ္ေနတယ္ "

" ဘာလို႔ ဒီလိုျဖစ္သြားတာလဲ? "

" ငါမေန႔က ၂၂၀၉ ကိုပဲ စစ္ၾကည့္ၿပီး ေကာ္ရစ္တာကို ေသခ်ာမစစ္လိုက္ဘူး "

ရန္ရိ စိတ္႐ႈပ္႐ႈပ္နဲ႔ ေျပာလိုက္သည္။

" ငါေတြးလို႔ရတဲ့ ျဖစ္ႏိုင္ေခ်ေတြထဲ တစ္ခုက အဲ့အခ်ိန္မွာ အေနာက္ဘက္ျခမ္းက ျပတင္းေပါက္ ပိတ္ေနၿပီး မီးက အေ႐ွ႕ဘက္ျခမ္း ျပတင္းေပါက္ဆီ ပ်ံ႕သြားတာပဲ "

" တစ္ခ်က္ၾကည့္ရေအာင္ "

သူတို႔ သုံးေယာက္ အေနာက္ဘက္က ျပတင္းေပါက္ဆီ ေလွ်ာက္သြားသည္။ ျပတင္းေပါက္ကေတာ့ ေဘာင္ပဲ က်န္ေတာ့သည္အထိ ေလာင္ကြၽမ္းသြားခဲ့ၿပီး မွန္စမ်ားကေတာ့ ၾကမ္းတစ္ျပင္လုံးေပၚ ကြဲေၾကက်ေနသည္။ လက္႐ွိ တံခါးေဘာင္အေျခအေနကို ယူဆရသေလာက္ တံခါးကပိတ္ေနေပမယ့္ အလႊာတြင္းမီးအပူ႐ွိန္ကို မခံႏိုင္ခဲ့တာျဖစ္မည္။

ကုံးရင့္႐ွန္ : " ျပတင္းေပါက္က ေလဝင္ေလထြက္ေကာင္းဖို႔သုံးတာ၊ ေယ်ဘုယ်အားျဖင့္ ေဆာင္းရာသီမွမဟုတ္ရင္ တံခါးပိတ္ထားမွာမဟုတ္ဘူး "

ကုံးရင့္႐ွန္ စဥ္းစားၾကည့္လိုက္သည္။

ကုံးရင့္႐ွန္ : " ေကာ္ရစ္တာမွာ နံေစာ္ေနတဲ့ အမိႈက္ပုံႀကီး‌႐ွိေနရင္လဲ ဘယ္သူမွပိတ္ပစ္မွာမဟုတ္ဘူး "

ရန္ရိ အသက္ျပင္းျပင္း ႐ႈ႐ိႈက္လိုက္ရင္း

" တစ္ေယာက္ေယာက္က မီးအေနာက္ဘက္ကို ဆက္ကူးသြားေအာင္ တံခါးပိတ္လိုက္တာလား? "

သူတို႔ႏွစ္ေယာက္စလုံး ညိႇဳ႕မိႈင္းေနသည့္ ေကာ္ရစ္တာတစ္ေလွ်ာက္အား ၿပိဳင္တူ ၾကည့္မိလိုက္ၾကသည္။

အေနာက္ဘက္က အခန္း ၆ ခန္းမွာ ဘယ္သူကမ်ား မီး႐ိႈ႕သမားျဖစ္မလဲ?

#######

က်ေနာ့္ လက္ေကာက္ဝတ္ ကိုက္ေနတာ အေတာ္ၾကာၿပီ၊ ဒဏ္ျဖစ္သလိုမ်ိဳးပဲ၊ စာေတြ႐ိုက္ရင္ ပိုဆိုးတယ္၊ ‌နားလိုက္ရင္ သက္သာမွာေပမယ့္ ေနာက္ နာတာ႐ွည္ျဖစ္သြားမွာစိုးတယ္ ☠️

13, Jul, 2021

12 : 54 PM