webnovel

Flame Armor_火焰戎装

Title - 火焰戎装 [ Flame Armor ] Original Author - 水千丞 ( Shui Qian Cheng ) Chapters - 196 chapters + 4 extras Total words: 1563027 Main Characters - Gong Ying Xian , Ren Yi 宫应弦 , 任燚 -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့ -- ( သတ္တိရှိ၍ချောမောတဲ့ မီးသတ်သမား နှင့် သန့်ရှင်း၍ဉာဏ်ကောင်းသော ရာဇဝတ်သားများအားဖမ်းဆီးသူ ) (နှစ်ဦး နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းမှစာနာခြင်းသို့။ သဘာဝနှင့်လူလုပ်ဘေးအန္တရာယ်များ၏ရှေ့တန်းစစ်မျက်နှာနှင့်တိုက်ခိုက်ခြင်းနှင့်မီးရှို့ခြင်းအမျိုးမျိုးကိုဖော်ထုတ်ရန်အတူတကွလုပ်ဆောင်ခြင်း။ )

Rei_lyn · Action
Not enough ratings
69 Chs

Chapter 20

[ Unicode ]

မ​နေ့ညက ​ပေကျင်းမှာ သည်းသည်းမည်းမည်း ရွာသွန်း​သောမိုးက ​နွေ​နှောင်းပိုင်းနှင့် ​ဆောင်းဦးပိုင်း၏ ပူပြင်းလှ​သောအပူချိန်ကို ငြိမ်းသတ်လိုက်ပြီး ကမ္ဘာတစ်ခုလုံးအသစ်​ ပြန်စတင်သွားသလို။

မိုးရွာပြီး ရာသီဥတုအ​ခြေအ​နေက အလွန်​အေးစိမ့်​နေကာ စခန်းတစ်ခုလုံးက​တော့ လာမယ့်နှစ်ပတ်လည်ပွဲအတွက် ပြင်ဆင်ကြဖို့ အားကစားကွင်းထဲမယ် ​လေ့ကျင့်​ရေးဆင်း​နေကြသည်။

အရင်ပြိုင်ပွဲ​တွေမှာဆိုရင်​တော့ဖြင့် ရန်ရိ ပြိုင်ပွဲအသစ်အသစ်​တွေနဲ့ အဖွဲ့လိုက်ပြိုင်ပွဲ​တွေ ပြသမှာဖြစ်​သော်လည်း စခန်း​ခေါင်း​ဆောင်တစ်​ယောက်ဖြစ်လာကတည်းက သူ့မှာ​လေ့ကျင့်​ဖို့အချိန် များများစားစားမရှိ။

ပြီး​တော့လည်း သူ အသက်နှစ်ဆယ်အရွယ် လူငယ်​လေး​တွေနဲ့ပြိုင်မယ်ဆို​တော့ မသင့်​တော်​ချေ။

သို့​သော် သူနဲ့ ချွီယန်​ပေါင်က စု​ပေါင်းအင်အားကိုပြသဖို့ရာအတွက် အဖွဲ့လိုက်ပြိုင်ပွဲအချို့မှာပါ၀င်ကြမည်။

ထိုအချိန်၌ ရုတ်တရက် သတိ​ပေးချက်ထမြည်​လေ၏။

ရန်ရိ တိုက်ခိုက်​ရေး၀တ်စုံကို၀တ်ကာ ​​လေ​ထောက်ပံ့​ရေးကိရိယာများသယ်​ဆောင်ထားကြလျက် အ​လေးချိန်ခုခံ၍အ​ပြေး​လေ့ကျင့်​ရေး လုပ်​ဆောင်​နေကြသည့် တပ်သားများကို ကြည့်လိုက်သည်။

သူရယ်ကျဲကျဲလုပ်ကာ ​ပြောလိုက်၏။

" သွားကြမယ် အ၀တ်လဲစရာမလို​တော့ဘူး "

လူအစုလိုက် ကားဂို​ဒေါင်ဆီ​ပြေးသွားကြပြီး ဂျူတီကျအ​ရေး​ပေါ်၀န်ထမ်းက ရန်ရိဆီ ​ပြေးလာလျက် မီးအ​ကြောင်း အစီရင်ခံသည်။

" ​ခေါင်း​ဆောင် ​မြေ​အောက်ဖြစ်စဥ်ကြောင့် မိလ္လာတွင်းအဆိပ်သင့်​သွားတာပါ "

ရန်ရိ ​အော်လိုက်သည်။

" အ​ရေး​ပေါ် ၀တ်စုံလဲကြ ! "

တပ်သားများ ​အော်ကြဟစ်ကြရင်း အ၀တ်အမြန်လဲကြ၏။

သူတို့တာ၀န်ထမ်း​ဆောင်ဖို့သွားရချိန်၌ မကြာခဏအများဆုံး၀တ်​လေ့ရှိ​သော ၀တ်စုံနှစ်မျိုးရှိသည်။

တစ်ခုက အဏုမြူအလင်းအရစ်များပါ​သော နက်ပြာ​ရောင် မီးသတ်၀တ်စုံဖြစ်ပြီး အခု၀တ်ရသည်က​တော့ အပူဒဏ်ခံပြီး မီးကူး​နှုန်းကိုနှေး​စေ​သော ပွ​ရောင်း​ရောင်း ​လေး​လေးပင်ပင်၀တ်စုံ ဖြစ်ကာ ကျန်တာက​တော့ လိမ္မော်​ရောင် အသက်ကယ် ၀တ်စုံဖြစ်ပြီး မီးအန္တရာယ်မရှိ၊ ​ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်အ​လေးချိန်​လျှော့ချရ​သော အခါမျိုးနှင့်ကိုက်ညီသည်။

" ​ကောင်းပြီ "

ရန်ရိ သူ့အ၀တ်အစား​တွေ ၀တ်ရင်းက​နေ ကယ်ဆယ်​ရေးထရပ်ကားနှင့် ​လှေကားရှည်ထရပ်ကားကို အပြင်ထုတ်လိုက်ပြီး အစီရင်ခံစာမှာပါသည့် ​နေရာသို့အမြန်သွားသည်။

တစ်ချိန်တည်းမှာပဲ အခင်း​နေရာကိုလည်း ဖုန်းဆက်လိုက်​သေး၏။

" ​ဟေး မင်းကဘယ်သူလဲ? အခင်း​နေရာကို ကြပ်မတ်တဲ့သူလား? "

" ကျွန်​တော်လား မဟုတ်ပါဘူး ကျွန်​တော်ကဒီက လုံခြုံ​ရေးအ​စောင့်ပါ "

" အ​ခြေအ​နေ​ပြောပြ​​ပေးပါ "

" ကျွန်​တော်တို့နယ်​မြေထဲမှာ မိုးကသည်း​တော့ ​ရေမြှုပ်ကုန်တာပါ ပြန်ပြင်ဖို့ ကျွန်​တော်တို့ လူ​တွေလွှတ်လိုက်​သေးတယ် လူသုံး​ယောက်ပြန်မတက်လာဘူး အဲ့တာနဲ့..."

လုံခြုံ​ရေးအ​စောင့်က ဖြစ်ညစ်​ပြောလာသည်။

" ပြီး​တော့ သူတို့ကိုကယ်ဖို့ ​နောက်ထပ်လူသုံး​ယောက်ထပ်လွှတ်လိုက်ပါတယ် "

" ​အောက်ကိုလူ​တွေလွှတ်နေတာ ရပ်လိုက်​တော့! "

ရန်ရိ ​အော်ငေါက်လိုက်သည်။

" မင်းတို့ ပြန်ပြင်ဖို့ လူတွေမလွှတ်ခင် ​ရေညစ်​တွေလွှတ်လိုက်​သေးလား? ​လေသန့်စင်တာ​ရောလုပ်လား? လူ​တွေက ​အောက်ကို အသက်ကယ်၀တ်စုံ​တွေနဲ့သွားတာလား? "

" ကျွန်​တော်.. ကျွန်​တော်နားမလည်ဘူး လွှတ်တာကျွန်​တော်မဟုတ်ဘူး "

" ကြီးကြပ်တဲ့သူဘယ်မှာလဲ? တာ၀န်ရှိသူ​ရောဘယ်မှာလဲ? "

" ​နောက်ပြီး...."

" ​နေဦး ဘာမှကိုမလုပ်နဲ့​တော့ ! "

ရန်ရိ ဖုန်းချလိုက်ပြီး မ​နေနိုင်ဘဲ ဆဲ​ရေးလိုက်သည်။

" နှစ်တိုင်း ဒီလူ​တွေနဲ့​တော့ တစ်ခုခုကိုဖြစ်​နေ​တော့တာပဲ "

​ကောင်းကယ် ကလည်း ကူကယ်ရာမဲ့ ညည်းတွားသည်။

" နှစ်တိုင်း ဒီလူ​တွေနဲ့​တော့ တစ်ခုခုကိုဖြစ်တာပါပဲ "

ကယ်ဆယ်​ရေးယာဥ်က နယ်​မြေထဲသို့ ​မောင်း၀င်သွားချိန် လူအုပ်ကလည်း မိလ္လာတွင်း​ရှေ့မှ ဝိုင်း​နေကြပြီးဖြစ်၏။

တာ၀န်ရှိသူနဲ့ လုံခြုံ​ရေးက မတတ်နိုင်တဲ့အဆုံး ​အောက်သို့ကြိုးချ​ပေး​နေကြသည်။

ရန်ရိ သူ့လူ​တွေနဲ့ အ​ပြေးသွားလိုက်ချိန်၊ မိလ္လာတွင်းမှာပြည့်နှက်​နေသည့် ဆိုးရွားလှ​သောအနံ့က လူကို​တောင် မူး​မေ့လဲသွား​စေနိုင်သည်။

သူငုံ့ကြည့်လိုက်​တော့ တွင်းနံရံက ကျဥ်း​မြောင်းကာ မိလ္လာများက တွင်း​အောက်​ခြေတွင် လှိုင်းဂယက်ထ​နေ၏။

ဘယ်​လောက်နက်မယ်ဆိုတာကို သူမတွက်နိုင်​ပေ။သူလှမ်း​အော်လိုက်သည်။

" ကြီးကြပ်တဲ့သူ ! "

အသက်လတ်ပိုင်းလူတစ်​ယောက် ​ပြေးလာပြီး ထိုသူ့မျက်နှာမှာ ​လန့်ဖျပ်သွားသဖြင့် ပြာနှမ်း​နေ​တော့၏။

" ကျွန်..ကျွန်​တော်က မန်​နေဂျာပါ "

" ခင်များ လူ​တွေကို​အောက်လွှတ်လိုက်တာလား? "

ရန်ရိ ထိုသူ့ကို မာမာထန်ထန်ကြည့်လိုက်သည်။

" ခင်များ လူ​တွေမလွှတ်ခင် ​ရေညစ်​တွေမသန့်ထားဘူးမလား? "

မန်​နေဂျာက တုန်တုန်

ယင်ယင်နဲ့​ပြောလာသည်။

" ​ရေ..​ရေကမနက်ပါဘူး ပြီး​တော့ ကျွမ်းကျင်တဲ့သူ​ပြောတာ​တော့ သူဆင်းတုန်းကသိပ်မနက်ဘူးတဲ့ "

" ခင်များတို့ ​လေထုသန့်စင်​အောင်​ရော လုပ်ခဲ့လို့လား? သူတို့ masks ​တွေ​ရောတပ်သွားလား? "

မန်​နေဂျာက ​ခေါင်းခါသည်။

" သူတို့ mask နဲ့ မီး​တွေ ယူသွားတယ် မီးကထွန်းလို့ရ​သေးတာပဲ ​oxygen ရှိပါတယ်! "

ရန်ရိ အသက်ပြင်းပြင်းရှူလိုက်၏။

​နှစ်ရှည်ပိတ်ထားတဲ့ မိလ္လာတွင်း​တွေမှာဆိုရင် အမြဲတမ်း​လေထုအလွှာပါး​တော့ရှိ​နေသည်။

ဒါ​ပေမယ့် မျက်​မှောက်​လေအ​ခြေအ​နေက​တော့ အန္တရာကင်းတယ်လို့ မဆိုသာ​ပေ။

ဘာ​ကြောင့်ဆို အဲ့မှာ biogas, carbon monoxide နဲ့ hydrogen sulfide စသဖြင့် အားလုံးနီးပါး​သေ​စေနိုင်တဲ့ အဆိပ်သင့်ဓါတ်​ငွေ့​တွေအများကြီးရှိ​နေလို့ပင်။

[ T/n : Biogas >> ​အော်ဂဲနစ်​တွေ အချဥ်​ဖောက်ပြီးဖြစ်လာတဲ့ မီသိန်းဓါတ်​ငွေ့ *ချဥ်စုတ်စုတ်အနံ့*,

Carbon monoxide >>ကာဗွန်မီး​လောင်တဲ့အခါ ထွက်လာတဲ့အဆိပ်​ငွေ့,

Hydrogen sulfide >> သက်ရှိ​တွေ ​သေဆုံးပြီး​နောက်ထွက်လာတဲ့ အနံ့အသက်​တွေ ]

​အောက်ဆင်းသွားကြတဲ့ အလုပ်သမားအများစုက ဗဟုသုတမရှိ၊ အ​တွေ့အကြုံမရှိ၊ ပစ္စည်းကိရိယာမပါရှိ​သော ​ရွှေ့​ပြောင်းအလုပ်များသာဖြစ်သည်။

ကြီးကြပ်တဲ့သူ ဘာမှနားမလည်ကတည်းက လူ​တွေကို ​သေဖို့ ​အောက်လွှတ်လိုက်သည်ပင်။

နှစ်တိုင်း ​မြေ​အောက်ဥပ​ဒေမဲ့လုပ်​ဆောင်မှုများ​ကြောင့် မ​တော်တဆမှုအများအပြားဖြစ်ပွား​လေ့ရှိ​ပေ၏။

ရန်ရိ ​ဆောင့်​ကြောင့်ထိုင်ချလိုက်ပြီး တွင်းရဲ့နှုတ်ခမ်း၀ကို တိုင်းတာကြည့်လိုက်​တော့ အချင်း 70 သို့မဟုတ် 80 ​လောက်ရှိမည်။

သူ​လေထဲ​အော်လိုက်ကြည့်လိုက်တော့ လူကိုယ်လုံးအ​နေနဲ့ ​အောက်ဆင်းဖို့အလွန်ခဲယဥ်းသည်။

သူအမိန့်​ပေးလိုက်၏။

" စွန်းတင့်ရိ လျှို​ဟွေး အား၀မ် ​ရှောင်​ထောင် ​ရှောင်ချွမ် မင်းတို့ငါး​ယောက်ကကိုယ်လုံးသွယ်တယ် ကြိုးအသင့်ပြင်ထား "

" ဟုတ်ကဲ့ ! "

လီဆာက ကင်မရာကိုယူပြီး စတင်ရိုက်ကူး၏။

အခင်းကို ရုပ်သံဖမ်းရသည်မှာ ပင်ထိုင်စာ​ရေးအဖွဲ့ရဲ့ အလုပ်ပင်ဖြစ်သည်။

တပ်သားများက လူငါး​ယောက်ကို ကြိုးတွဲချည်​ပေးဖို့ ကူညီကြပြီး စွန်းတင့်ရိက တွင်းထဲဆင်းဖို့ ​ရှေ့ဆုံးတွင်​နေရာယူ၏။

ရုတ်တရက် ရန်ရိ စွန်းတင့်ရိကို တားလိုက်ပြီး မန်​နေဂျာဆိုသူကို စူးရှရှမျက်၀န်းများဖြင့် လှမ်းကြည့်လိုက်သည်။

" ခင်များ ​ရေဆန်မိလ္လာ​တွေကို ဖြတ်​တောက်ထားလား? "

မန်​နေဂျာက မကြား​လောက်သည့်​လေသံဖြင့် ​ပြောလာသည်။

" ကျွန်​တော်....."

" Fuck you...."

ရန်ရိ တစ်​ယောက်​ယောက်ကို ရိုက်နှက်ချင်သည့်စိတ်အား ထိန်းထားလိုက်ရသည်။

" မြန်မြန် ဘားကိုပိတ်လိုက် ! "

မန်​နေဂျာက ဆုတ်နင့်ဆုတ်နင့်နဲ့ထွက်သွား၏။

ရန်ရိ လီဆာဆီအပြေးသွားကာ ​ပြောလိုက်သည်။

" မင်း ရဲ​ခေါ်ပြီးပြီလား? ဟုန်းဝူဌာနခွဲကိုဖုန်းဆက်ပြီး ဒီလူ​တွေကို လာဖမ်းခိုင်းလိုက်စမ်းပါ "

" ​ကောင်းပါပြီ "

ရန်ရိ စွန်းတင့်ရိရဲ့ ပခုံးကိုပုတ်​ပေးလိုက်ပြီး တည်တံ့​သောအကြည့်ဖြင့်ကြည့်လိုက်သည်။

" ဂရုစိုက် "

စွန်းတင့်ရိက ရန်ရိကို မျက်စိမှိတ်ပြလိုက်ရင်း ​နောက်​နောက်​ပြောင်​ပြောင်​ပြော၏။

" ငါ ဒီလိုညစ်ပတ်နံ​စော်​နေတဲ့အလုပ်ကို ဘယ်သူ့ကိုမှမလုပ်​စေချင်ဘူး ကြည့် မင်း card game နိုင်လို့က​တော့ တန်ရာတန်​ကြေး​တော့ ပြန်​ပေးရမယ် "

ရန်ရိ ပြုံး၍ ဆဲလိုက်သည်။

" ​ခွေး​ကောင် သွားပြီးမြန်မြန် ပြန်လာခဲ့ "

လူ​တွေ mask တပ်လိုက်ကြပြီး ​လှေကားကတစ်ဆင့် ​အောက်ဆင်းသွားကြသည်။

စွန်းတင့်ရိ ပထမဆုံးဆင်းသွားကာ ချက်ချင်း သူ့​​ခြေ​ထောက်တွေ မိလ္လာ​ရေထဲ မြုပ်သွား​တော့၏။

သူ​အော်လိုက်သည်။

" ​ခေါင်း​ဆောင် ​ရေက အနည်းဆုံး ​ခြောက်ဆယ်( စင်တီမီတာ) ​လောက်နက်တယ် လိုရမယ်ရ ​ရေညစ်သန့်တဲ့ထရပ်​ခေါ်လိုက်ပါလား "

" အို​ကေ အချိန်မ​ရွေးသတင်းပို့​နော် "

ရန်ရိ အင်တာကွန်းကို နှိပ်လိုက်လျက်။

" အဖွဲ့ ငါတို့ ​ရေညစ်စုပ်တဲ့ကား လိုတယ် "

" နားလည်ပါပြီ "

လုံခြုံ​ရေးက ​ပြောသည်။

" ကျွန်​တော်တို့​မြေ​အောက်ဂို​ဒေါင်ထဲမှာ ​ရေစုပ်စက်ရှိတယ် "

" ဒီကိုမြန်မြန်ယူလာခဲ့ "

စွန်းတင့်ရိ ဂရုတစိုက် ၀င်သွားသည်နှင့်အညီ မိလ္လာပိုက်လိုင်းက ​မှောင်မည်း​နေလျက် သူ့​ခြေ​ထောက်​အောက်က ​ရေအနက်သည်လည်း ကွာခြားသွား၏။

သူ့​ခေါင်း​ပေါ်မှာ​ဆောင်းထားတဲ့ helmet ကမီး​ရောင်က မည်းနက်​နေသည့်တွင်းထဲသို့ အလင်းဖြာနိုင်သလိုရှိ​ပေမယ့် သူ့မှာလည်း အကန့်အသတ်ရှိ​နေ​သေးသည်။

မကြာခင် သူတို့ လုံခြုံ​ရေးယူနီ​ဖောင်းနဲ့ လူတစ်​ယောက်ကို​တွေ့လိုက်ကြပြီး ကြည့်ရတာ တစ်​ယောက်​ယောက်ကိုကယ်ဖို့ ​အောက်ဆင်းလာသည့်နှယ်။

တွင်းထဲ၌ ထိုင်လျက် ​သတိလစ်​နေသည်။

စွန်းတင့်ရိနဲ့ လျှို​ဟွေးက ထိုလူ့ကို ထနိုင်​အောင်ကူမလိုက်ပြီး ​နောက်မှာရှိ​နေတဲ့ အား၀မ်ဆီ လက်လွှဲ​ပေးလိုက်သည်။

အား၀မ်က ထိုလူကိုလက်လွှဲယူလိုက်ပြီး တွင်း၀ဆီပြန်၍ ထိုလူ့ကို အသက်ကယ်ကြိုးနှင့်ချည်​ပေးပြီး​နောက် အ​ပေါ်ရှိ တပ်သားများက ထိုလူအား ဆွဲတင်ကြ၏။

သူတို့ဆက်လျှောက်၀င်သွားကြ​တော့ ​နောက်ထပ်နှစ်​ယောက်ထပ်​တွေ့ရကာ တစ်​ယောက်က​တော့ သတိရှိ​နေဆဲဖြစ်၍ တစ်​ယောက်က​တော့ coma ​ကြောင့် ​ရေထဲနစ်​နေကာ ​သွေးမခုန်​တော့​ချေ။

​ရှောင်ချွမ်နဲ့ ပြန်​ရောက်လာတဲ့ အား၀မ်က လူ​တွေကို ပြန်သယ်သွားကြသည်။

ရန်ရိ ပြန်သယ်လာ​သော အ​လောင်းကိုကြည့်ရင်း ​မေးလိုက်သည်။

" စွန်းတင့်ရိ အ​ခြေအ​နေဘယ်လိုရှိလဲ? "

" လေးယောက်​မြောက်ကို​တွေ့​ပေမယ့် ငါ​တော့ ​ဒေါသထွက်​နေတုန်းပဲ "

စွန်းတင့်ရိ ​ပြောလာသည်။

" လျှို​ဟွေး ​ရှောင်​ထောင် လမ်းကအရမ်း​ဝေးတယ် မင်းတို့လူ​တွေအတူသယ်သွားလိုက် "

" မရဘူး မင်း​အောက်မှာ တစ်​ယောက်တည်းအန္တရာယ်မကင်းဘူး​လေ "

" အဲ့လိုလုပ်လည်းရပါတယ် ​ခေါင်း​ဆောင်ရဲ့ ကျွန်​တော့်ကိုယ်မှာ အသက်ကယ်ကြိုး ချည်ထားပါတယ် ကျွန်​တော်တို့ မီတာတစ်ရာ​လောက် ​လျှောက်လာပြီးပြီ လမ်း​လျှောက်ဖို့ကအ​တော်ခက်တယ် တစ်​ယောက်တည်း သယ်​တော့လည်းအရမ်း​နှေးတာကို "

ရန်ရိ တွန့်ဆုတ်​နေပြီး

" အင်း အချိန်တိုင်းသတင်းပို့​နေ​ "

ရုတ်တရက် အင်တာကွန်းထဲမှ ​အော်သံတစ်သံထွက်​ပေါ်လာကာ လူတိုင်း စိတ်​လေးသွားကြရသည်။

၎င်းအသံကား ​ရှောင်​ထောင့်အသံဖြစ်​ပေ၏။

" ​ရှောင်​ထောင် ဘာဖြစ်တာလဲ?! "

" ကျွန်​တော့်ခြေ​ထောက်ကို တစ်ခုခုထိုးမိသွားတယ် ! "

လျှို​ဟွေး ထိကြည့်ဖို့ ဒူး​ထောက်ထိုင်လိုက်သည်။

သို့​သော် သတိလစ်​နေတဲ့သူကို​တော့ ချထားလို့မရ။ သူ စိုးထိတ်လျက် ​ပြောလိုက်သည်။

" ​သေ​သေချာချာမြင်ရဖို့ ​ရေကအရမ်းနက်​နေတယ် "

စွန်းတင့်ရိ ​ပြောလိုက်သည်။

" ကျွန်​တော် ပြန်သွားရမလား? "

ရန်ရိ ​ပြန်ပြောလိုက်သည်။

" မသွားနဲ့ ​ရှောင်ချွမ်နဲ့ အား၀မ်ပဲ ပြန်သွားကြည့်လိုက်ကြ "

​ရှောင်​ထောင် က​ပြောလာသည်။

" ကျွန်​တော်အတွက် ပူမ​နေနဲ့ လူကိုအရင်အပြင်ပို့လိုက်ပါ သူ​သေခါနီး​နေပြီ "

သူတို့ ​ရှောင်ချွမ်နဲ့ အား၀မ်ကယ်ဆယ်လာတဲ့ လူကို အမြန်ပဲ ဆွဲတင်လိုက်ကြပြီး သူတို့နှစ်​ယောက်က ​ရှောင်​ထောင်ကို ကြည့်ဖို့ပြန်သွားကြသည်။

လျှို​ဟွေး​ကပြော၏။

" မင်းတို့ လူကိုအရင်မလိုက်၊ ​ရှောင်​ထောင် မစိုးရိမ်​နဲ့​နော် ငါအရင်ထိကြည့်လိုက်မယ် "

အားချွမ်နဲ့ အား၀မ်က သူတို့ဆီကလူကို တွင်းအပြင်ဘက်သယ်လာကြသည်။

သူတို့နှစ်​ယောက် လူ​တွေ အသယ်အပို့လုပ်​နေသည်မှာ သုံး​လေးကြိမ်​လောက်ရှိ​နေ​ပြီဖြစ်ကာ အလွန်အကျွံလှုပ်ရှား​နေကြရပြီးဖြစ်၏။

ရန်ရိ သူတို့အ​ပေါ်ပြန်တက်လာဖို့​ပြောပြီး သူသွားဖို့ပြင်သည်။

" ရန်ရိ မင်းဘာလို့​အောက်ဆင်းမှာလဲ? အရမ်းကျဥ်းတယ်ကွ "

​ကောင်းကယ် မျက်​မှောင်ကြုတ်ကာ တွင်းကိုကြည့်လိုက်သည်။

" ​ကောင်းကယ် အခုမင်းလာအမိန့်​ပေး​​တော့ "

ရန်ရိ ​ပြောလိုက်သည်။

" ငါအရင်​အောက်ဆင်းပြီး အသက်ရှူ​အောင့်ထားကြည့်မယ် ပြီး​တော့ မင်းငါ့ကိုအသက်ရှူကိရိယာလှမ်း​ပေးလိုက် "

" မ​နောက်စမ်းပါနဲ့! "

​ကောင်းကယ် ငိုကြီးချက်မနဲ့ပြောလာ၏။

" အရမ်းအန္တရာယ်များတယ် မသွားနဲ့! "

" ငါလုပ်နိုင်ပါတယ် မြန်မြန် "

ရန်ရိ ​ပြောလိုက်သည်။

" ဘယ်သူမှဆင်းလို့မရဘူး "

လီဆာ​ပြေးလာပြီး

" ​ခေါင်း​ဆောင် ဆင်းခွင့်​ပေးပါ ကျွန်မကအပိန်ဆုံးပဲ "

ရှိ​နေသည့် တပ်သားအားလုံးတောင့်သွားကြပြီး လီဆာကို အံ့သြတကြီးကြည့်လိုက်ကြသည်။

​ကောင်းကယ်က မျက်​မှောင်ကြုတ်ရင်း ​ပြောလိုက်၏။

" ပြဿနာမလုပ်နဲ့ မင်း​အောက်ဆင်းလို့မရဘူး "

လီဆာက စိုးရိမ်တကြီး​ပြောသည်။

" ကျွန်မ ပုံမှန်​လေ့ကျင့်​ရေးရော ပျက်ဖူးလား? အမြဲတမ်း ပျင်း​နေတာ​ရောရှိလား? ကျွန်မမှာ ဘာရုပ်ပိုင်းဆိုင်ရာ ပြဿနာမှချို့ယွင်းမ​နေဘူး ​အောက်ဆင်းခွင့်​ပေးပါ "

ရန်ရိ လွန်ဆွဲ​နေရင်းပင် အင်တာကွန်းမှ စွန်းတင့်ရိရဲ့ စကားသံကိုကြားလိုက်ရသည်။

" ​ခေါင်းဆောင်ရန် ကျွန်​တော် ကျန်တဲ့နှစ်​ယောက်ကို ​တွေ့ပြီ တစ်​ယောက်က​တော့ အသက်ရှိ​သေးတယ် "

ရန်ရိ လီဆာကိုကြည့်ကာ အ​လေးအနက်​ပြောလိုက်၏။

" ကိရိယာ​တွေ၀တ် "

လီဆာ ကယ်ဆယ်​ရေးယာဥ်ဆီသို့ ပြန်လှည့်​ပြေးသွားပြီး အသက်ရှူကိရိယာတစ်စုံကိုတပ်ဆင်ကာ ပြန်​ပြေးလာသည်။

လျှို​ဟွေးအသံလည်း ထွက်လာပြန်၏။

" ​ရှောင်​ထောင်ရဲ့​ခြေ​ထောက်က ပျက်စီး​နေတဲ့ ပိုက်အ​ဆွေးနဲ့ထိမိသွားတာဖြစ်မယ် ဖြတ်ဖို့လိုတယ် "

[ T/n : မစိုးရိမ်ကြပါနဲ့ ​ခြေ​ထောက်ဖြတ်မှာမဟုတ် :3 ]

" ငါယူလာခဲ့မယ် "

ရန်ရိ ​ပြောလိုက်သည်။

" ငါလည်းသွားဖို့လိုတယ် လီဆာတစ်​ယောက်တည်းနဲ့မလုံ​လောက်ဘူး "

​ကောင်းကယ်လည်း သူ့ကိုမ​ဖြောင်းဖြနိုင်​တော့လို့ ​ပြောရုံသာ​ပြောလိုက်သည်။

" မင်းအရင်​အောက်ဆင်းလိုက် ငါအသက်ရှူကိရိယာနဲ့ လွှနဲ့လှမ်း​ပေးမယ် "

လီဆာကတွင်းထဲသို့အရင်ဆင်းသည်။

ရန်ရိ အသက်ရှူ​အောင့်ကာ ခပ်သွက်သွက်ဆင်းသွားလိုက်၏။

သူ အသက်ရှူ​အောင့်ထားရင်းနဲ့​တောင် ပုတ်​စော်ချဥ်​စော်​အနံ့​တွေအားလုံးကို ရပ်မထားနိုင်​ပေ။

ဗိုက်ထဲက​နေ ရုတ်တရက် ပျို့တက်လာသလိုခံစားလိုက်ရပြီး အန်​တောင်အန်မိ​တော့မလို။

​ကောင်းကယ်က mask ရယ် ​လေဘူးရယ်ကို ကြိုးနဲ့တစ်ခါတည်းချည်လိုက်ပြီး ​အောက်ချ​ပေး​တော့ ရန်ရိ အသက်ရှူရမခက်လာခင် အမြန်လှမ်းယူတပ်လိုက်သည်။

လွှစက်ကိုသယ်ရင်းဖြင့် နှစ်​ယောက်သား မိလ္လာတွင်းထဲသို့၀င်သွားကြ​၏။

ပိုက်လိုင်းကို တစ်နှစ်ပတ်လည်လုံးမသန့်ရှင်းထားသဖြင့် အပျက်အစီးအစအန​များ၊ မိလ္လာအညစ်အ​ကြေးများ၊ ​ရေညှိများနဲ့ ပြည့်​နှက်နေလျက်။

ထိုအရာများ​ပေါ် ​ခြေနင်းရသည်မှာ ​ရွှံ့များအလွန်ထူထပ်​နေပြီး တစ်​နေရာနဲ့တစ်​နေရာ အတိမ်အနက်ကလည်းမတူ​​သည်မို့ လူ​တွေကို စက်ဆုပ်ရွံရှာ​စေသည်။

ပိုက်မျက်နှာပြင်များတွင်လည်း အမျိုးအမည်မသိ အညစ်အ​ကြေးများရှိ​နေ​သေး၏။

ရန်ရိ လမ်း​လျှောက်ရင်းနဲ့ ​မေးလိုက်သည်။

" မင်းတို့သုံး​ယောက် ကျန်​သေးတဲ့အသက်ရှူကိရိယာနှုန်းထားကို​ပြော "

" 32% " စွန်းတင့်ရိ​ပြောလာသည်။

" အသက်ရှိ​သေးတဲ့သူကို သယ်ပြီးအပြင်ထွက်ဖို့​ ​လောက်​တယ် "

" ကျွန်​တော်တို့နှစ်​ယောက်က 39% "

လျှို​ဟွေး ​ပြောလာသည်။

ရန်ရိ ​ပြောလိုက်၏။

" စွန်းတင့်ရိ ငါအခု မင်းကိုကူညီဖို့ လီဆာကိုလွှတ်လိုက်မယ် သူမ​ရောက်ခင်အထိ မင်းဒီတိုင်းရပ်​နေ၊ oxygen မဖြုန်းတီးမိ​စေနဲ့ "

" ဒါ​ပေမယ့်....."

" ဒါ​ပေမယ့် မလုပ်နဲ့၊ ရပ်​နေ "

သူတို့သယ်​ဆောင်ထားတဲ့ ​လေရှူကိရိယာက သီအိုရီအတိုင်းဆို ၄၅ မိနစ်​လောက်လူတစ်​ယောက်စာ အသက်ရှူသွင်းနိုင်​ပေမယ့် သီအိုရီကလည်း အ​လေးချိန်၊ အပူချိန်၊ စိတ်အ​ခြေအ​နေ၊ လှုပ်ရှားမှုအမျိုးအစား စသဖြင့် အ​ကြောင်းအရာအဆင့်ဆင့်အ​ပေါ်မူတည်​သည်။

အထူးသဖြင့် လှုပ်ရှားမှုအ​ခြေအ​နေကြီးမားတဲ့အခါ oxygen သုံးစွဲမှုနှုန်းကလည်း အလွန့်အလွန်မြန်၏။

အန္တရာယ်ကင်း​ရေးအတွက် oxygen က ၁၅ မိနစ်စာအတွက်ပဲ လုံ​လောက်​တော့မယ်ဆိုရင် တပ်သား​တွေကိုအခင်း​နေရာက ပြန်ဆုတ်ခွာစေရန်လိုသည်။

ဘာ​ကြောင့်လဲဆို​တော့ အခင်း​နေရာရဲ့ ပတ်၀န်းကျင်နဲ့ ​မြေပြင်အ​ခြေအ​နေအများစုက ရှုပ်​ထွေးပြီး ပိတ်မိသွားဖို့ရာလွယ်သည်။

၁၅ မိနစ်စာက​တော့ အ​ရေးပေါ်အ​ခြေအ​နေအတွက် သီးသန့်ထား​ပေးရမည်။

သူတို့နှစ်ယောက် ​ရှောင်​ထောင်နဲ့ လျှို​ဟွေးကို​တွေ့ပြီး လီဆာက စွန်းတင့်ရိကိုကူညီဖို့ဆက်သွားကာ

ရန်ရိက လွှစက်ကိုကိုင်လျက် ဘယ်လိုဖြတ်ရင်​ကောင်းမလဲလို့ လျှို​ဟွေးနဲ့တိုင်ပင်သည်။

​ရှောင်​ထောင့် ​ခြေ​ထောက်က ​ရေထဲမှာညှပ်မိ​နေပြီး သူဘာမှသဲသဲကွဲကွဲမမြင်ရ​။

ရန်ရိ အချိန်အ​တော်ကြာဖယ်​ကြည့်သော်လည်း မ​သေချာလှ​ဘဲ သူ​မေးလိုက်သည်။

" ​ရေစုပ်စက်​လာ​နေပြီလား? "

​ကောင်းကယ် အ​ကြောင်းပြန်သည်။

" ဒီမှာ, ​ရေညစ်သန့်ကားလည်း လာ​နေပြီ "

" မြန်မြန်လုပ် "

ရန်ရိ ​ပြောလိုက်သည်။

" ​ရှောင်​ထောင် မင်းခံနိုင်လား? မင်းအရိုးကိုကိုင်ကြည့်တာ​တော့ အဆင်​ပြေပါတယ် "

​ရှောင်​ထောင် ​ပြော၏။

" နည်းနည်းနာတယ် ဒါမယ့် ရပါတယ် ကျွန်​တော် ခံနိုင်တယ် "

ရန်ရိ ​ခေါင်းညိတ်ပြလိုက်ပြီး

" ငါမဖြတ်ရဲဘူး မင်း​ခြေ​ထောက်ကိုထိခိုက်သွားမှာစိုးတယ် အန္တရာယ်ကင်း​အောင် အရင်ဆုံး​ရေညစ်​တွေစုပ်ထုတ်တာ​ပေါ့

လျှို​ဟွေး မင်းပြန်ပြီး​ ​လေပုလင်းလဲလိုက် ပြီး​တော့ ​ရှောင်​ထောင်အတွက် ​လေပုလင်းတစ်ပုလင်း ယူလာခဲ့ "

" ဟုတ်ကဲ့ "

လျှို​ဟွေးထွက်သွားပြီးချက်ချင်း သူတို့ မိလ္လာတွင်းအနက်ပိုင်းက​နေ ထူးထူးဆန်းဆန်းလှုပ်ရှားသံ ကြားလိုက်ရကာ တစ်ခုခုပြုတ်ထွက်သွားသည့်အလား။

ပြီး​နောက် ​အောက်​ခြေ​ရေပြင်ကလည်း 'ဘန်း' ဆိုသည့်အသံကိုပါ ထပ်ကြားရသည်။

ရန်ရိ ခပ်တိုးတိုး ဆဲ​ရေးလိုက်ပြီး

" မိလ္လာ​တွေ အ​ပေါ်က​ကျလာပြီ ! "

မိလ္လာများ တွင်းအနက်ပိုင်းက​နေ လှိုက်ထွက်လာ​ပေ၏။

လီဆာ စွန်းတင့်ရိကို​တွေ့သွားပြီဖြစ်​သော်လည်း သူတို့နှစ်​ယောက်ကြား အကွာအ​ဝေးတစ်ခု​တော့ရှိ​နေ​သေးသည်။

စွန်းတင့်ရိက ​နေရာမှာ ဒီတိုင်းရိုးရိုးသားသား​တော့ရပ်မ​နေ​ပေ။

တစ်စက္ကန့်တိုင်းရဲ့ ကြန့်ကြာမှုနဲ့ သူ့လက်ထဲကလူ အသက်ရှင်ဖို့​မျှော်လင့်ချက် ယုတ်​လျော့လာရသည်ကို သူသိသည်။

စွန်းတင့်ရိ နံရံကိုမှီလျက်ရပ်​နေကာ မိလ္လာ​တွေရဲ့သက်​ရောက်မှုကို ​တောင့်ခံ​နေသည်။

​ရေကသူတို့နှစ်​ယောက်ကို တိုး​ဆောင့်သွားချိန် ကိုမာ၀င်​နေသည့် အလုပ်သမားက ရုတ်တရက်လန့်နိုးလာလျက်၊ ကြောက်လန့်တကြားထ​အော်ပြီး စွန်းတင့်ရိကို တင်းတင်းကြပ်ကြပ်ဖက်ထား​တော့သည်။

​ရေနစ်​နေသူတစ်​ယောက် ​ကောက်ရိုးမျှဥ်တစ်စကို လှမ်းဆွဲ​နေသည့်အလား။

သူ့တစ်ဘ၀လုံးစာအင်အားဖြင့် သူမိသွား​သောလူကိုသာ ဖမ်းဆုပ်ထားသည်။

စွန့်တင်းရိ သတိလက်လွတ်ဖြစ်သွား၍ ထိုလူဆွဲလိုက်သဖြင့်​ ​ရေထဲသို့ဆွဲချခံလိုက်ရပြီး သူ့မျက်နှာက တစ်ခုခုနဲ့ရိုက်မိသွားကာ ရုတ်တရက် mask ကွဲသွား​သည်။

သူ့​ရှေ့မှာတင် အပိုင်းအစများပြန့်သွားသည်ကို မြင်လိုက်ပြီး​နောက် ညစ်ညမ်းလှ​သော ​လေထုထဲသို့ဆွဲသွင်းခံလိုက်ရ​တော့၏။

သူနဲ့ အလုပ်သမားတို့ ညစ်ပတ်နံ​စော်​သော​ရေထဲမယ် ရုန်းရင်းဆန်ခတ်ဖြစ်သွားကြလျက်၊

ရေမွန်းသွားကာ အဆိပ်သင့်ဓါတ်​ငွေ့များ ရှူသွင်းမိပြီး​နောက် သူ့မျက်လုံးများ ရီ​ဝေ​ဝေ စဖြစ်လာသည်။

လီဆာ ​အော်လိုက်၏။

" တပ်စု​ခေါင်း​ဆောင်စွန်း ! "

သူ(မ) တပ်စု​ခေါင်း​ဆောင်စွန်းထံသို့ အ​ပြေးသွားလိုက်​သော်လည်း ထိုအချိန် ​ရေများက သူ့​ပေါင်ကြားအထိပင်​ရောက်နေပြီဖြစ်၍ရုန်းကန်​နေရသည်။

" ဘာဖြစ်လို့လဲ? " ရန်ရိ စိုးရိမ်တကြီး​မေးလိုက်၏။

" တပ်စု​ခေါင်း​ဆောင်စွန်း လဲကျသွားလို့ "

" စွန်းတင့်ရိ! စွန်းတင့်ရိ ! စကားပြန် ! "

ရန်ရိ ​အော်သည်။

စွန်းတင့်ရိက​တော့ ပြန်မ​ဖြေ​တော့​ပေ။

ရန်ရိ ​ပြောလိုက်သည်။

" လျှို​ဟွေး မင်းပြန်​လာပြီလား? "

" ကျွန်​တော်ခဏ​နေ​ရောက်မယ် ​ရှောင်​ထောင်ကို ကျွန်​တော်ဂရုစိုက်လိုက်မယ် စွန်းတင့်ရိကို သွားကြည့်လိုက်ပါ "

ရန်ရိ မိလ္လာတွင်းအနက်ပိုင်းသို့​ ပြေးသွားလိုက်သည်။

​နောက်ဆုံး​တော့ လီဆာ စွန်းတင့်ရိထံ​ရောက်သွားပြီး အလုပ်သမားက​တော့ ထပ်မံသတိလစ်သွားကာ ​ရေထဲတွင် မလှုပ်မယှပ်​ဖြစ်နေသည်။

လီဆာ စွန်းတင့်ရိကို အရင်မလိုက်ပြီး သူ့ mask ကွဲသွား​ကြောင်းတွေ့လိုက်ရလျက်၊

သူ့မျက်နှာက ရွှံ့များ​ပေကျံ​နေကာ semi-coma အ​ခြေအ​နေတွင်ရှိ​နေသည်။

" တပ်စု​ခေါင်း​ဆောင်စွန်း...! "

လီဆာအသက်​အောင့်လိုက်ရင်း သူ့ mask ကိုချွတ်ကာ စွန်းတင့်ရိရဲ့​ခေါင်းမှာစွပ်​ပေးလိုက်သည်။

စွန်းတင့်ရိက ​ရေများသီး​နေချိန် အသက်ရှူလည်း ပြင်းထန်​နေ၏။

လီဆာ အလုပ်သမားကို​ရေထဲကထုတ်ဖို့ ရုန်းကန်လိုက်​သော်လည်း ထိုလူက​တော့ အသိစိတ်​​ပျောက်​နေပြီဖြစ်ရာ မထနိုင်တော့​ပေ။

လီဆာ သူ့ကို ​ရေထဲထိုင်​ပေးထားလိုက်ပြီး သူ့​မေးကိုမကာ နှာ​ခေါင်းနဲ့ ပါးစပ်ကို ​ရေ​ပေါ်​ဖော်​ပေးထားလိုက်သည်။

စွန့်တင့်ရိ တစ်ခဏကြာ အသက်ရှူပြီး​နောက် လီဆာ mask ကိုဖြုတ်ကာ သူ(မ) ​ခေါင်း၌ ပြန်တပ်လိုက်သည်။

သူ(မ) ​ဘေးဘီကို မကြာခဏကြည့်ရင်း လူတိုင်းကိုစိတ်​အေး​စေနိုင်မယ့် လူတစ်​ယောက် ​မကြာခင်ပေါ်လာပါ​စေလို့ပဲ ​မျှော်လင့်​နေမိသည်။

​နောက်ဆုံး​တော့ အလင်းပျောက်လေး လက်လာပြီး တဖြည်းဖြည်း ကြီးလာကာ ​ပြေးဖို့ရုန်းကန်​နေသည့်ပုံရိပ်တစ်ခု ​ပေါ်လာ​လေ၏။

ရန်ရိ ​ရှေ့သို့​ပြေးသွားလိုက်​တော့ စွန်းတင့်ရိကို​တွေ့ပြီး သူ့မျက်နှာဖြူ​ရော်သွားရသည်။

" ဘာဖြစ်တာလဲ! "

" တပ်စု​ခေါင်း​ဆောင်ရဲ့ face mask ကွဲသွားတယ် "

လီဆာ​ပြောလာသည်။

" အလုပ်သမားက​တော့ ​သွေးခုန်​နှုန်းရှိသေးတယ် "

ရန်ရိ အသက်​အောင့်ကာ သူ့ mask ကိုချွတ်လိုက်ပြီး စွန်းတင့်ရိ​ခေါင်းမှာစွပ်​ပေးလိုက်ပြီး​နောက် ခပ်ကြမ်းကြမ်းကိုင်လှုပ်လိုက်သည်။

" ညီ​လေး ​တောင့်ထားဦး...."

သို့​ပေမယ့် စွန်းတင့်ရိက​တော့ ဆက်မ​တောင့်ခံထားနိုင်​တော့ဘဲ လုံးလုံး​မေ့​မြောသွား​တော့သည်။

================

ဒါက​တော့ ကယ်ဆယ်ရတာဘယ်​လောက်ခက်​ကြောင်း ပုံ​တွေပါ 

မိလ္လာတွင်းဆိုတာ ညစ်ညမ်းပြီး ကျဥ်း​မြောင်းပါတယ်

အဲ့ထဲထိ ၀င်ပြီး ကယ်ဆယ်ရတာ မ​သေသွားနိုငိဘူးလို့လဲ မ​ပြောနိုငိပါဘူး 

ထပ်မံ ​လေးစားဂုဏ်ယူပါတယ် မီးသတ်သမားတို့ ♡

=========

[ Zawgyi ]

မ​ေန႔ညက ​ေပက်င္းမွာ သည္းသည္းမည္းမည္း ႐ြာသြန္း​ေသာမိုးက ​ေႏြ​ေႏွာင္းပိုင္းႏွင့္ ​ေဆာင္းဦးပိုင္း၏ ပူျပင္းလွ​ေသာအပူခ်ိန္ကို ၿငိမ္းသတ္လိုက္ၿပီး ကမာၻတစ္ခုလုံးအသစ္​ ျပန္စတင္သြားသလို။

မိုး႐ြာၿပီး ရာသီဥတုအ​ေျခအ​ေနက အလြန္​ေအးစိမ့္​ေနကာ စခန္းတစ္ခုလုံးက​ေတာ့ လာမယ့္ႏွစ္ပတ္လည္ပြဲအတြက္ ျပင္ဆင္ၾကဖို႔ အားကစားကြင္းထဲမယ္ ​ေလ့က်င့္​ေရးဆင္း​ေနၾကသည္။

အရင္ၿပိဳင္ပြဲ​ေတြမွာဆိုရင္​ေတာ့ျဖင့္ ရန္ရိ ၿပိဳင္ပြဲအသစ္အသစ္​ေတြနဲ႔ အဖြဲ႕လိုက္ၿပိဳင္ပြဲ​ေတြ ျပသမွာျဖစ္​ေသာ္လည္း စခန္း​ေခါင္း​ေဆာင္တစ္​ေယာက္ျဖစ္လာကတည္းက သူ႔မွာ​ေလ့က်င့္​ဖို႔အခ်ိန္ မ်ားမ်ားစားစားမရွိ။

ၿပီး​ေတာ့လည္း သူ အသက္ႏွစ္ဆယ္အ႐ြယ္ လူငယ္​ေလး​ေတြနဲ႔ၿပိဳင္မယ္ဆို​ေတာ့ မသင့္​ေတာ္​ေခ်။

သို႔​ေသာ္ သူနဲ႔ ခြၽီယန္​ေပါင္က စု​ေပါင္းအင္အားကိုျပသဖို႔ရာအတြက္ အဖြဲ႕လိုက္ၿပိဳင္ပြဲအခ်ိဳ႕မွာပါ၀င္ၾကမည္။

ထိုအခ်ိန္၌ ႐ုတ္တရက္ သတိ​ေပးခ်က္ထျမည္​ေလ၏။

ရန္ရိ တိုက္ခိုက္​ေရး၀တ္စုံကို၀တ္ကာ ​​ေလ​ေထာက္ပံ့​ေရးကိရိယာမ်ားသယ္​ေဆာင္ထားၾကလ်က္ အ​ေလးခ်ိန္ခုခံ၍အ​ေျပး​ေလ့က်င့္​ေရး လုပ္​ေဆာင္​ေနၾကသည့္ တပ္သားမ်ားကို ၾကည့္လိုက္သည္။

သူရယ္က်ဲက်ဲလုပ္ကာ ​ေျပာလိုက္၏။

" သြားၾကမယ္ အ၀တ္လဲစရာမလို​ေတာ့ဘူး "

လူအစုလိုက္ ကားဂို​ေဒါင္ဆီ​ေျပးသြားၾကၿပီး ဂ်ဴတီက်အ​ေရး​ေပၚ၀န္ထမ္းက ရန္ရိဆီ ​ေျပးလာလ်က္ မီးအ​ေၾကာင္း အစီရင္ခံသည္။

" ​ေခါင္း​ေဆာင္ ​ေျမ​ေအာက္ျဖစ္စဥ္ေၾကာင့္ မိလႅာတြင္းအဆိပ္သင့္​သြားတာပါ "

ရန္ရိ ​ေအာ္လိုက္သည္။

" အ​ေရး​ေပၚ ၀တ္စုံလဲၾက ! "

တပ္သားမ်ား ​ေအာ္ၾကဟစ္ၾကရင္း အ၀တ္အျမန္လဲၾက၏။

သူတို႔တာ၀န္ထမ္း​ေဆာင္ဖို႔သြားရခ်ိန္၌ မၾကာခဏအမ်ားဆုံး၀တ္​ေလ့ရွိ​ေသာ ၀တ္စုံႏွစ္မ်ိဳးရွိသည္။

တစ္ခုက အဏုျမဴအလင္းအရစ္မ်ားပါ​ေသာ နက္ျပာ​ေရာင္ မီးသတ္၀တ္စုံျဖစ္ၿပီး အခု၀တ္ရသည္က​ေတာ့ အပူဒဏ္ခံၿပီး မီးကူး​ႏႈန္းကိုေႏွး​ေစ​ေသာ ပြ​ေရာင္း​ေရာင္း ​ေလး​ေလးပင္ပင္၀တ္စုံ ျဖစ္ကာ က်န္တာက​ေတာ့ လိေမၼာ္​ေရာင္ အသက္ကယ္ ၀တ္စုံျဖစ္ၿပီး မီးအႏၲရာယ္မရွိ၊ ​ေပါ့ေပါ့ပါးပါးနဲ႔ ကိုယ္အ​ေလးခ်ိန္​ေလွ်ာ့ခ်ရ​ေသာ အခါမ်ိဳးႏွင့္ကိုက္ညီသည္။

" ​ေကာင္းၿပီ "

ရန္ရိ သူ႔အ၀တ္အစား​ေတြ ၀တ္ရင္းက​ေန ကယ္ဆယ္​ေရးထရပ္ကားႏွင့္ ​ေလွကားရွည္ထရပ္ကားကို အျပင္ထုတ္လိုက္ၿပီး အစီရင္ခံစာမွာပါသည့္ ​ေနရာသို႔အျမန္သြားသည္။

တစ္ခ်ိန္တည္းမွာပဲ အခင္း​ေနရာကိုလည္း ဖုန္းဆက္လိုက္​ေသး၏။

" ​ေဟး မင္းကဘယ္သူလဲ? အခင္း​ေနရာကို ၾကပ္မတ္တဲ့သူလား? "

" ကြၽန္​ေတာ္လား မဟုတ္ပါဘူး ကြၽန္​ေတာ္ကဒီက လုံၿခဳံ​ေရးအ​ေစာင့္ပါ "

" အ​ေျခအ​ေန​ေျပာျပ​​ေပးပါ "

" ကြၽန္​ေတာ္တို႔နယ္​ေျမထဲမွာ မိုးကသည္း​ေတာ့ ​ေရျမႇဳပ္ကုန္တာပါ ျပန္ျပင္ဖို႔ ကြၽန္​ေတာ္တို႔ လူ​ေတြလႊတ္လိုက္​ေသးတယ္ လူသုံး​ေယာက္ျပန္မတက္လာဘူး အဲ့တာနဲ႔..."

လုံၿခဳံ​ေရးအ​ေစာင့္က ျဖစ္ညစ္​ေျပာလာသည္။

" ၿပီး​ေတာ့ သူတို႔ကိုကယ္ဖို႔ ​ေနာက္ထပ္လူသုံး​ေယာက္ထပ္လႊတ္လိုက္ပါတယ္ "

" ​ေအာက္ကိုလူ​ေတြလႊတ္ေနတာ ရပ္လိုက္​ေတာ့! "

ရန္ရိ ​ေအာ္ေငါက္လိုက္သည္။

" မင္းတို႔ ျပန္ျပင္ဖို႔ လူေတြမလႊတ္ခင္ ​ေရညစ္​ေတြလႊတ္လိုက္​ေသးလား? ​ေလသန္႔စင္တာ​ေရာလုပ္လား? လူ​ေတြက ​ေအာက္ကို အသက္ကယ္၀တ္စုံ​ေတြနဲ႔သြားတာလား? "

" ကြၽန္​ေတာ္.. ကြၽန္​ေတာ္နားမလည္ဘူး လႊတ္တာကြၽန္​ေတာ္မဟုတ္ဘူး "

" ႀကီးၾကပ္တဲ့သူဘယ္မွာလဲ? တာ၀န္ရွိသူ​ေရာဘယ္မွာလဲ? "

" ​ေနာက္ၿပီး...."

" ​ေနဦး ဘာမွကိုမလုပ္နဲ႔​ေတာ့ ! "

ရန္ရိ ဖုန္းခ်လိုက္ၿပီး မ​ေနႏိုင္ဘဲ ဆဲ​ေရးလိုက္သည္။

" ႏွစ္တိုင္း ဒီလူ​ေတြနဲ႔​ေတာ့ တစ္ခုခုကိုျဖစ္​ေန​ေတာ့တာပဲ "

​ေကာင္းကယ္ ကလည္း ကူကယ္ရာမဲ့ ညည္းတြားသည္။

" ႏွစ္တိုင္း ဒီလူ​ေတြနဲ႔​ေတာ့ တစ္ခုခုကိုျဖစ္တာပါပဲ "

ကယ္ဆယ္​ေရးယာဥ္က နယ္​ေျမထဲသို႔ ​ေမာင္း၀င္သြားခ်ိန္ လူအုပ္ကလည္း မိလႅာတြင္း​ေရွ႕မွ ဝိုင္း​ေနၾကၿပီးျဖစ္၏။

တာ၀န္ရွိသူနဲ႔ လုံၿခဳံ​ေရးက မတတ္ႏိုင္တဲ့အဆုံး ​ေအာက္သို႔ႀကိဳးခ်​ေပး​ေနၾကသည္။

ရန္ရိ သူ႔လူ​ေတြနဲ႔ အ​ေျပးသြားလိုက္ခ်ိန္၊ မိလႅာတြင္းမွာျပည့္ႏွက္​ေနသည့္ ဆိုး႐ြားလွ​ေသာအနံ႔က လူကို​ေတာင္ မူး​ေမ့လဲသြား​ေစႏိုင္သည္။

သူငုံ႔ၾကည့္လိုက္​ေတာ့ တြင္းနံရံက က်ဥ္း​ေျမာင္းကာ မိလႅာမ်ားက တြင္း​ေအာက္​ေျခတြင္ လႈိင္းဂယက္ထ​ေန၏။

ဘယ္​ေလာက္နက္မယ္ဆိုတာကို သူမတြက္ႏိုင္​ေပ။သူလွမ္း​ေအာ္လိုက္သည္။

" ႀကီးၾကပ္တဲ့သူ ! "

အသက္လတ္ပိုင္းလူတစ္​ေယာက္ ​ေျပးလာၿပီး ထိုသူ႔မ်က္ႏွာမွာ ​လန္႔ဖ်ပ္သြားသျဖင့္ ျပာႏွမ္း​ေန​ေတာ့၏။

" ကြၽန္..ကြၽန္​ေတာ္က မန္​ေနဂ်ာပါ "

" ခင္မ်ား လူ​ေတြကို​ေအာက္လႊတ္လိုက္တာလား? "

ရန္ရိ ထိုသူ႔ကို မာမာထန္ထန္ၾကည့္လိုက္သည္။

" ခင္မ်ား လူ​ေတြမလႊတ္ခင္ ​ေရညစ္​ေတြမသန္႔ထားဘူးမလား? "

မန္​ေနဂ်ာက တုန္တုန္

ယင္ယင္နဲ႔​ေျပာလာသည္။

" ​ေရ..​ေရကမနက္ပါဘူး ၿပီး​ေတာ့ ကြၽမ္းက်င္တဲ့သူ​ေျပာတာ​ေတာ့ သူဆင္းတုန္းကသိပ္မနက္ဘူးတဲ့ "

" ခင္မ်ားတို႔ ​ေလထုသန္႔စင္​ေအာင္​ေရာ လုပ္ခဲ့လို႔လား? သူတို႔ masks ​ေတြ​ေရာတပ္သြားလား? "

မန္​ေနဂ်ာက ​ေခါင္းခါသည္။

" သူတို႔ mask နဲ႔ မီး​ေတြ ယူသြားတယ္ မီးကထြန္းလို႔ရ​ေသးတာပဲ ​oxygen ရွိပါတယ္! "

ရန္ရိ အသက္ျပင္းျပင္းရႉလိုက္၏။

​ႏွစ္ရွည္ပိတ္ထားတဲ့ မိလႅာတြင္း​ေတြမွာဆိုရင္ အၿမဲတမ္း​ေလထုအလႊာပါး​ေတာ့ရွိ​ေနသည္။

ဒါ​ေပမယ့္ မ်က္​ေမွာက္​ေလအ​ေျခအ​ေနက​ေတာ့ အႏၲရာကင္းတယ္လို႔ မဆိုသာ​ေပ။

ဘာ​ေၾကာင့္ဆို အဲ့မွာ biogas, carbon monoxide နဲ႔ hydrogen sulfide စသျဖင့္ အားလုံးနီးပါး​ေသ​ေစႏိုင္တဲ့ အဆိပ္သင့္ဓါတ္​ေငြ႕​ေတြအမ်ားႀကီးရွိ​ေနလို႔ပင္။

[ T/n : Biogas >> ​ေအာ္ဂဲနစ္​ေတြ အခ်ဥ္​ေဖာက္ၿပီးျဖစ္လာတဲ့ မီသိန္းဓါတ္​ေငြ႕ *ခ်ဥ္စုတ္စုတ္အနံ႔*,

Carbon monoxide >>ကာဗြန္မီး​ေလာင္တဲ့အခါ ထြက္လာတဲ့အဆိပ္​ေငြ႕,

Hydrogen sulfide >> သက္ရွိ​ေတြ ​ေသဆုံးၿပီး​ေနာက္ထြက္လာတဲ့ အနံ႔အသက္​ေတြ ]

​ေအာက္ဆင္းသြားၾကတဲ့ အလုပ္သမားအမ်ားစုက ဗဟုသုတမရွိ၊ အ​ေတြ႕အႀကဳံမရွိ၊ ပစၥည္းကိရိယာမပါရွိ​ေသာ ​ေ႐ႊ႕​ေျပာင္းအလုပ္မ်ားသာျဖစ္သည္။

ႀကီးၾကပ္တဲ့သူ ဘာမွနားမလည္ကတည္းက လူ​ေတြကို ​ေသဖို႔ ​ေအာက္လႊတ္လိုက္သည္ပင္။

ႏွစ္တိုင္း ​ေျမ​ေအာက္ဥပ​ေဒမဲ့လုပ္​ေဆာင္မႈမ်ား​ေၾကာင့္ မ​ေတာ္တဆမႈအမ်ားအျပားျဖစ္ပြား​ေလ့ရွိ​ေပ၏။

ရန္ရိ ​ေဆာင့္​ေၾကာင့္ထိုင္ခ်လိုက္ၿပီး တြင္းရဲ႕ႏႈတ္ခမ္း၀ကို တိုင္းတာၾကည့္လိုက္​ေတာ့ အခ်င္း 70 သို႔မဟုတ္ 80 ​ေလာက္ရွိမည္။

သူ​ေလထဲ​ေအာ္လိုက္ၾကည့္လိုက္ေတာ့ လူကိုယ္လုံးအ​ေနနဲ႔ ​ေအာက္ဆင္းဖို႔အလြန္ခဲယဥ္းသည္။

သူအမိန္႔​ေပးလိုက္၏။

" စြန္းတင့္ရိ လွ်ိဳ​ေဟြး အား၀မ္ ​ေရွာင္​ေထာင္ ​ေရွာင္ခြၽမ္ မင္းတို႔ငါး​ေယာက္ကကိုယ္လုံးသြယ္တယ္ ႀကိဳးအသင့္ျပင္ထား "

" ဟုတ္ကဲ့ ! "

လီဆာက ကင္မရာကိုယူၿပီး စတင္႐ိုက္ကူး၏။

အခင္းကို ႐ုပ္သံဖမ္းရသည္မွာ ပင္ထိုင္စာ​ေရးအဖြဲ႕ရဲ႕ အလုပ္ပင္ျဖစ္သည္။

တပ္သားမ်ားက လူငါး​ေယာက္ကို ႀကိဳးတြဲခ်ည္​ေပးဖို႔ ကူညီၾကၿပီး စြန္းတင့္ရိက တြင္းထဲဆင္းဖို႔ ​ေရွ႕ဆုံးတြင္​ေနရာယူ၏။

႐ုတ္တရက္ ရန္ရိ စြန္းတင့္ရိကို တားလိုက္ၿပီး မန္​ေနဂ်ာဆိုသူကို စူးရွရွမ်က္၀န္းမ်ားျဖင့္ လွမ္းၾကည့္လိုက္သည္။

" ခင္မ်ား ​ေရဆန္မိလႅာ​ေတြကို ျဖတ္​ေတာက္ထားလား? "

မန္​ေနဂ်ာက မၾကား​ေလာက္သည့္​ေလသံျဖင့္ ​ေျပာလာသည္။

" ကြၽန္​ေတာ္....."

" Fuck you...."

ရန္ရိ တစ္​ေယာက္​ေယာက္ကို ႐ိုက္ႏွက္ခ်င္သည့္စိတ္အား ထိန္းထားလိုက္ရသည္။

" ျမန္ျမန္ ဘားကိုပိတ္လိုက္ ! "

မန္​ေနဂ်ာက ဆုတ္နင့္ဆုတ္နင့္နဲ႔ထြက္သြား၏။

ရန္ရိ လီဆာဆီအေျပးသြားကာ ​ေျပာလိုက္သည္။

" မင္း ရဲ​ေခၚၿပီးၿပီလား? ဟုန္းဝူဌာနခြဲကိုဖုန္းဆက္ၿပီး ဒီလူ​ေတြကို လာဖမ္းခိုင္းလိုက္စမ္းပါ "

" ​ေကာင္းပါၿပီ "

ရန္ရိ စြန္းတင့္ရိရဲ႕ ပခုံးကိုပုတ္​ေပးလိုက္ၿပီး တည္တံ့​ေသာအၾကည့္ျဖင့္ၾကည့္လိုက္သည္။

" ဂ႐ုစိုက္ "

စြန္းတင့္ရိက ရန္ရိကို မ်က္စိမွိတ္ျပလိုက္ရင္း ​ေနာက္​ေနာက္​ေျပာင္​ေျပာင္​ေျပာ၏။

" ငါ ဒီလိုညစ္ပတ္နံ​ေစာ္​ေနတဲ့အလုပ္ကို ဘယ္သူ႔ကိုမွမလုပ္​ေစခ်င္ဘူး ၾကည့္ မင္း card game ႏိုင္လို႔က​ေတာ့ တန္ရာတန္​ေၾကး​ေတာ့ ျပန္​ေပးရမယ္ "

ရန္ရိ ၿပဳံး၍ ဆဲလိုက္သည္။

" ​ေခြး​ေကာင္ သြားၿပီးျမန္ျမန္ ျပန္လာခဲ့ "

လူ​ေတြ mask တပ္လိုက္ၾကၿပီး ​ေလွကားကတစ္ဆင့္ ​ေအာက္ဆင္းသြားၾကသည္။

စြန္းတင့္ရိ ပထမဆုံးဆင္းသြားကာ ခ်က္ခ်င္း သူ႔​​ေျခ​ေထာက္ေတြ မိလႅာ​ေရထဲ ျမဳပ္သြား​ေတာ့၏။

သူ​ေအာ္လိုက္သည္။

" ​ေခါင္း​ေဆာင္ ​ေရက အနည္းဆုံး ​ေျခာက္ဆယ္( စင္တီမီတာ) ​ေလာက္နက္တယ္ လိုရမယ္ရ ​ေရညစ္သန္႔တဲ့ထရပ္​ေခၚလိုက္ပါလား "

" အို​ေက အခ်ိန္မ​ေ႐ြးသတင္းပို႔​ေနာ္ "

ရန္ရိ အင္တာကြန္းကို ႏွိပ္လိုက္လ်က္။

" အဖြဲ႕ ငါတို႔ ​ေရညစ္စုပ္တဲ့ကား လိုတယ္ "

" နားလည္ပါၿပီ "

လုံၿခဳံ​ေရးက ​ေျပာသည္။

" ကြၽန္​ေတာ္တို႔​ေျမ​ေအာက္ဂို​ေဒါင္ထဲမွာ ​ေရစုပ္စက္ရွိတယ္ "

" ဒီကိုျမန္ျမန္ယူလာခဲ့ "

စြန္းတင့္ရိ ဂ႐ုတစိုက္ ၀င္သြားသည္ႏွင့္အညီ မိလႅာပိုက္လိုင္းက ​ေမွာင္မည္း​ေနလ်က္ သူ႔​ေျခ​ေထာက္​ေအာက္က ​ေရအနက္သည္လည္း ကြာျခားသြား၏။

သူ႔​ေခါင္း​ေပၚမွာ​ေဆာင္းထားတဲ့ helmet ကမီး​ေရာင္က မည္းနက္​ေနသည့္တြင္းထဲသို႔ အလင္းျဖာႏိုင္သလိုရွိ​ေပမယ့္ သူ႔မွာလည္း အကန္႔အသတ္ရွိ​ေန​ေသးသည္။

မၾကာခင္ သူတို႔ လုံၿခဳံ​ေရးယူနီ​ေဖာင္းနဲ႔ လူတစ္​ေယာက္ကို​ေတြ႕လိုက္ၾကၿပီး ၾကည့္ရတာ တစ္​ေယာက္​ေယာက္ကိုကယ္ဖို႔ ​ေအာက္ဆင္းလာသည့္ႏွယ္။

တြင္းထဲ၌ ထိုင္လ်က္ ​သတိလစ္​ေနသည္။

စြန္းတင့္ရိနဲ႔ လွ်ိဳ​ေဟြးက ထိုလူ႔ကို ထႏိုင္​ေအာင္ကူမလိုက္ၿပီး ​ေနာက္မွာရွိ​ေနတဲ့ အား၀မ္ဆီ လက္လႊဲ​ေပးလိုက္သည္။

အား၀မ္က ထိုလူကိုလက္လႊဲယူလိုက္ၿပီး တြင္း၀ဆီျပန္၍ ထိုလူ႔ကို အသက္ကယ္ႀကိဳးႏွင့္ခ်ည္​ေပးၿပီး​ေနာက္ အ​ေပၚရွိ တပ္သားမ်ားက ထိုလူအား ဆြဲတင္ၾက၏။

သူတို႔ဆက္ေလွ်ာက္၀င္သြားၾက​ေတာ့ ​ေနာက္ထပ္ႏွစ္​ေယာက္ထပ္​ေတြ႕ရကာ တစ္​ေယာက္က​ေတာ့ သတိရွိ​ေနဆဲျဖစ္၍ တစ္​ေယာက္က​ေတာ့ coma ​ေၾကာင့္ ​ေရထဲနစ္​ေနကာ ​ေသြးမခုန္​ေတာ့​ေခ်။

​ေရွာင္ခြၽမ္နဲ႔ ျပန္​ေရာက္လာတဲ့ အား၀မ္က လူ​ေတြကို ျပန္သယ္သြားၾကသည္။

ရန္ရိ ျပန္သယ္လာ​ေသာ အ​ေလာင္းကိုၾကည့္ရင္း ​ေမးလိုက္သည္။

" စြန္းတင့္ရိ အ​ေျခအ​ေနဘယ္လိုရွိလဲ? "

" ေလးေယာက္​ေျမာက္ကို​ေတြ႕​ေပမယ့္ ငါ​ေတာ့ ​ေဒါသထြက္​ေနတုန္းပဲ "

စြန္းတင့္ရိ ​ေျပာလာသည္။

" လွ်ိဳ​ေဟြး ​ေရွာင္​ေထာင္ လမ္းကအရမ္း​ေဝးတယ္ မင္းတို႔လူ​ေတြအတူသယ္သြားလိုက္ "

" မရဘူး မင္း​ေအာက္မွာ တစ္​ေယာက္တည္းအႏၲရာယ္မကင္းဘူး​ေလ "

" အဲ့လိုလုပ္လည္းရပါတယ္ ​ေခါင္း​ေဆာင္ရဲ႕ ကြၽန္​ေတာ့္ကိုယ္မွာ အသက္ကယ္ႀကိဳး ခ်ည္ထားပါတယ္ ကြၽန္​ေတာ္တို႔ မီတာတစ္ရာ​ေလာက္ ​ေလွ်ာက္လာၿပီးၿပီ လမ္း​ေလွ်ာက္ဖို႔ကအ​ေတာ္ခက္တယ္ တစ္​ေယာက္တည္း သယ္​ေတာ့လည္းအရမ္း​ေႏွးတာကို "

ရန္ရိ တြန္႔ဆုတ္​ေနၿပီး

" အင္း အခ်ိန္တိုင္းသတင္းပို႔​ေန​ "

႐ုတ္တရက္ အင္တာကြန္းထဲမွ ​ေအာ္သံတစ္သံထြက္​ေပၚလာကာ လူတိုင္း စိတ္​ေလးသြားၾကရသည္။

၎အသံကား ​ေရွာင္​ေထာင့္အသံျဖစ္​ေပ၏။

" ​ေရွာင္​ေထာင္ ဘာျဖစ္တာလဲ?! "

" ကြၽန္​ေတာ့္ေျခ​ေထာက္ကို တစ္ခုခုထိုးမိသြားတယ္ ! "

လွ်ိဳ​ေဟြး ထိၾကည့္ဖို႔ ဒူး​ေထာက္ထိုင္လိုက္သည္။

သို႔​ေသာ္ သတိလစ္​ေနတဲ့သူကို​ေတာ့ ခ်ထားလို႔မရ။ သူ စိုးထိတ္လ်က္ ​ေျပာလိုက္သည္။

" ​ေသ​ေသခ်ာခ်ာျမင္ရဖို႔ ​ေရကအရမ္းနက္​ေနတယ္ "

စြန္းတင့္ရိ ​ေျပာလိုက္သည္။

" ကြၽန္​ေတာ္ ျပန္သြားရမလား? "

ရန္ရိ ​ျပန္ေျပာလိုက္သည္။

" မသြားနဲ႔ ​ေရွာင္ခြၽမ္နဲ႔ အား၀မ္ပဲ ျပန္သြားၾကည့္လိုက္ၾက "

​ေရွာင္​ေထာင္ က​ေျပာလာသည္။

" ကြၽန္​ေတာ္အတြက္ ပူမ​ေနနဲ႔ လူကိုအရင္အျပင္ပို႔လိုက္ပါ သူ​ေသခါနီး​ေနၿပီ "

သူတို႔ ​ေရွာင္ခြၽမ္နဲ႔ အား၀မ္ကယ္ဆယ္လာတဲ့ လူကို အျမန္ပဲ ဆြဲတင္လိုက္ၾကၿပီး သူတို႔ႏွစ္​ေယာက္က ​ေရွာင္​ေထာင္ကို ၾကည့္ဖို႔ျပန္သြားၾကသည္။

လွ်ိဳ​ေဟြး​ကေျပာ၏။

" မင္းတို႔ လူကိုအရင္မလိုက္၊ ​ေရွာင္​ေထာင္ မစိုးရိမ္​နဲ႔​ေနာ္ ငါအရင္ထိၾကည့္လိုက္မယ္ "

အားခြၽမ္နဲ႔ အား၀မ္က သူတို႔ဆီကလူကို တြင္းအျပင္ဘက္သယ္လာၾကသည္။

သူတို႔ႏွစ္​ေယာက္ လူ​ေတြ အသယ္အပို႔လုပ္​ေနသည္မွာ သုံး​ေလးႀကိမ္​ေလာက္ရွိ​ေန​ၿပီျဖစ္ကာ အလြန္အကြၽံလႈပ္ရွား​ေနၾကရၿပီးျဖစ္၏။

ရန္ရိ သူတို႔အ​ေပၚျပန္တက္လာဖို႔​ေျပာၿပီး သူသြားဖို႔ျပင္သည္။

" ရန္ရိ မင္းဘာလို႔​ေအာက္ဆင္းမွာလဲ? အရမ္းက်ဥ္းတယ္ကြ "

​ေကာင္းကယ္ မ်က္​ေမွာင္ၾကဳတ္ကာ တြင္းကိုၾကည့္လိုက္သည္။

" ​ေကာင္းကယ္ အခုမင္းလာအမိန္႔​ေပး​​ေတာ့ "

ရန္ရိ ​ေျပာလိုက္သည္။

" ငါအရင္​ေအာက္ဆင္းၿပီး အသက္ရႉ​ေအာင့္ထားၾကည့္မယ္ ၿပီး​ေတာ့ မင္းငါ့ကိုအသက္ရႉကိရိယာလွမ္း​ေပးလိုက္ "

" မ​ေနာက္စမ္းပါနဲ႔! "

​ေကာင္းကယ္ ငိုႀကီးခ်က္မနဲ႔ေျပာလာ၏။

" အရမ္းအႏၲရာယ္မ်ားတယ္ မသြားနဲ႔! "

" ငါလုပ္ႏိုင္ပါတယ္ ျမန္ျမန္ "

ရန္ရိ ​ေျပာလိုက္သည္။

" ဘယ္သူမွဆင္းလို႔မရဘူး "

လီဆာ​ေျပးလာၿပီး

" ​ေခါင္း​ေဆာင္ ဆင္းခြင့္​ေပးပါ ကြၽန္မကအပိန္ဆုံးပဲ "

ရွိ​ေနသည့္ တပ္သားအားလုံးေတာင့္သြားၾကၿပီး လီဆာကို အံ့ၾသတႀကီးၾကည့္လိုက္ၾကသည္။

​ေကာင္းကယ္က မ်က္​ေမွာင္ၾကဳတ္ရင္း ​ေျပာလိုက္၏။

" ျပႆနာမလုပ္နဲ႔ မင္း​ေအာက္ဆင္းလို႔မရဘူး "

လီဆာက စိုးရိမ္တႀကီး​ေျပာသည္။

" ကြၽန္မ ပုံမွန္​ေလ့က်င့္​ေရးေရာ ပ်က္ဖူးလား? အၿမဲတမ္း ပ်င္း​ေနတာ​ေရာရွိလား? ကြၽန္မမွာ ဘာ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာမွခ်ိဳ႕ယြင္းမ​ေနဘူး ​ေအာက္ဆင္းခြင့္​ေပးပါ "

ရန္ရိ လြန္ဆြဲ​ေနရင္းပင္ အင္တာကြန္းမွ စြန္းတင့္ရိရဲ႕ စကားသံကိုၾကားလိုက္ရသည္။

" ​ေခါင္းေဆာင္ရန္ ကြၽန္​ေတာ္ က်န္တဲ့ႏွစ္​ေယာက္ကို ​ေတြ႕ၿပီ တစ္​ေယာက္က​ေတာ့ အသက္ရွိ​ေသးတယ္ "

ရန္ရိ လီဆာကိုၾကည့္ကာ အ​ေလးအနက္​ေျပာလိုက္၏။

" ကိရိယာ​ေတြ၀တ္ "

လီဆာ ကယ္ဆယ္​ေရးယာဥ္ဆီသို႔ ျပန္လွည့္​ေျပးသြားၿပီး အသက္ရႉကိရိယာတစ္စုံကိုတပ္ဆင္ကာ ျပန္​ေျပးလာသည္။

လွ်ိဳ​ေဟြးအသံလည္း ထြက္လာျပန္၏။

" ​ေရွာင္​ေထာင္ရဲ႕​ေျခ​ေထာက္က ပ်က္စီး​ေနတဲ့ ပိုက္အ​ေဆြးနဲ႔ထိမိသြားတာျဖစ္မယ္ ျဖတ္ဖို႔လိုတယ္ "

[ T/n : မစိုးရိမ္ၾကပါနဲ႔ ​ေျခ​ေထာက္ျဖတ္မွာမဟုတ္ :3 ]

" ငါယူလာခဲ့မယ္ "

ရန္ရိ ​ေျပာလိုက္သည္။

" ငါလည္းသြားဖို႔လိုတယ္ လီဆာတစ္​ေယာက္တည္းနဲ႔မလုံ​ေလာက္ဘူး "

​ေကာင္းကယ္လည္း သူ႔ကိုမ​ေျဖာင္းျဖႏိုင္​ေတာ့လို႔ ​ေျပာ႐ုံသာ​ေျပာလိုက္သည္။

" မင္းအရင္​ေအာက္ဆင္းလိုက္ ငါအသက္ရႉကိရိယာနဲ႔ လႊနဲ႔လွမ္း​ေပးမယ္ "

လီဆာကတြင္းထဲသို႔အရင္ဆင္းသည္။

ရန္ရိ အသက္ရႉ​ေအာင့္ကာ ခပ္သြက္သြက္ဆင္းသြားလိုက္၏။

သူ အသက္ရႉ​ေအာင့္ထားရင္းနဲ႔​ေတာင္ ပုတ္​ေစာ္ခ်ဥ္​ေစာ္​အနံ႔​ေတြအားလုံးကို ရပ္မထားႏိုင္​ေပ။

ဗိုက္ထဲက​ေန ႐ုတ္တရက္ ပ်ိဳ႕တက္လာသလိုခံစားလိုက္ရၿပီး အန္​ေတာင္အန္မိ​ေတာ့မလို။

​ေကာင္းကယ္က mask ရယ္ ​ေလဘူးရယ္ကို ႀကိဳးနဲ႔တစ္ခါတည္းခ်ည္လိုက္ၿပီး ​ေအာက္ခ်​ေပး​ေတာ့ ရန္ရိ အသက္ရႉရမခက္လာခင္ အျမန္လွမ္းယူတပ္လိုက္သည္။

လႊစက္ကိုသယ္ရင္းျဖင့္ ႏွစ္​ေယာက္သား မိလႅာတြင္းထဲသို႔၀င္သြားၾက​၏။

ပိုက္လိုင္းကို တစ္ႏွစ္ပတ္လည္လုံးမသန္႔ရွင္းထားသျဖင့္ အပ်က္အစီးအစအန​မ်ား၊ မိလႅာအညစ္အ​ေၾကးမ်ား၊ ​ေရညႇိမ်ားနဲ႔ ျပည့္​ႏွက္ေနလ်က္။

ထိုအရာမ်ား​ေပၚ ​ေျခနင္းရသည္မွာ ​႐ႊံ႕မ်ားအလြန္ထူထပ္​ေနၿပီး တစ္​ေနရာနဲ႔တစ္​ေနရာ အတိမ္အနက္ကလည္းမတူ​​သည္မို႔ လူ​ေတြကို စက္ဆုပ္႐ြံရွာ​ေစသည္။

ပိုက္မ်က္ႏွာျပင္မ်ားတြင္လည္း အမ်ိဳးအမည္မသိ အညစ္အ​ေၾကးမ်ားရွိ​ေန​ေသး၏။

ရန္ရိ လမ္း​ေလွ်ာက္ရင္းနဲ႔ ​ေမးလိုက္သည္။

" မင္းတို႔သုံး​ေယာက္ က်န္​ေသးတဲ့အသက္ရႉကိရိယာႏႈန္းထားကို​ေျပာ "

" 32% " စြန္းတင့္ရိ​ေျပာလာသည္။

" အသက္ရွိ​ေသးတဲ့သူကို သယ္ၿပီးအျပင္ထြက္ဖို႔​ ​ေလာက္​တယ္ "

" ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္က 39% "

လွ်ိဳ​ေဟြး ​ေျပာလာသည္။

ရန္ရိ ​ေျပာလိုက္၏။

" စြန္းတင့္ရိ ငါအခု မင္းကိုကူညီဖို႔ လီဆာကိုလႊတ္လိုက္မယ္ သူမ​ေရာက္ခင္အထိ မင္းဒီတိုင္းရပ္​ေန၊ oxygen မျဖဳန္းတီးမိ​ေစနဲ႔ "

" ဒါ​ေပမယ့္....."

" ဒါ​ေပမယ့္ မလုပ္နဲ႔၊ ရပ္​ေန "

သူတို႔သယ္​ေဆာင္ထားတဲ့ ​ေလရႉကိရိယာက သီအိုရီအတိုင္းဆို ၄၅ မိနစ္​ေလာက္လူတစ္​ေယာက္စာ အသက္ရႉသြင္းႏိုင္​ေပမယ့္ သီအိုရီကလည္း အ​ေလးခ်ိန္၊ အပူခ်ိန္၊ စိတ္အ​ေျခအ​ေန၊ လႈပ္ရွားမႈအမ်ိဳးအစား စသျဖင့္ အ​ေၾကာင္းအရာအဆင့္ဆင့္အ​ေပၚမူတည္​သည္။

အထူးသျဖင့္ လႈပ္ရွားမႈအ​ေျခအ​ေနႀကီးမားတဲ့အခါ oxygen သုံးစြဲမႈႏႈန္းကလည္း အလြန္႔အလြန္ျမန္၏။

အႏၲရာယ္ကင္း​ေရးအတြက္ oxygen က ၁၅ မိနစ္စာအတြက္ပဲ လုံ​ေလာက္​ေတာ့မယ္ဆိုရင္ တပ္သား​ေတြကိုအခင္း​ေနရာက ျပန္ဆုတ္ခြာေစရန္လိုသည္။

ဘာ​ေၾကာင့္လဲဆို​ေတာ့ အခင္း​ေနရာရဲ႕ ပတ္၀န္းက်င္နဲ႔ ​ေျမျပင္အ​ေျခအ​ေနအမ်ားစုက ရႈပ္​ေထြးၿပီး ပိတ္မိသြားဖို႔ရာလြယ္သည္။

၁၅ မိနစ္စာက​ေတာ့ အ​ေရးေပၚအ​ေျခအ​ေနအတြက္ သီးသန္႔ထား​ေပးရမည္။

သူတို႔ႏွစ္ေယာက္ ​ေရွာင္​ေထာင္နဲ႔ လွ်ိဳ​ေဟြးကို​ေတြ႕ၿပီး လီဆာက စြန္းတင့္ရိကိုကူညီဖို႔ဆက္သြားကာ

ရန္ရိက လႊစက္ကိုကိုင္လ်က္ ဘယ္လိုျဖတ္ရင္​ေကာင္းမလဲလို႔ လွ်ိဳ​ေဟြးနဲ႔တိုင္ပင္သည္။

​ေရွာင္​ေထာင့္ ​ေျခ​ေထာက္က ​ေရထဲမွာညႇပ္မိ​ေနၿပီး သူဘာမွသဲသဲကြဲကြဲမျမင္ရ​။

ရန္ရိ အခ်ိန္အ​ေတာ္ၾကာဖယ္​ၾကည့္ေသာ္လည္း မ​ေသခ်ာလွ​ဘဲ သူ​ေမးလိုက္သည္။

" ​ေရစုပ္စက္​လာ​ေနၿပီလား? "

​ေကာင္းကယ္ အ​ေၾကာင္းျပန္သည္။

" ဒီမွာ, ​ေရညစ္သန္႔ကားလည္း လာ​ေနၿပီ "

" ျမန္ျမန္လုပ္ "

ရန္ရိ ​ေျပာလိုက္သည္။

" ​ေရွာင္​ေထာင္ မင္းခံႏိုင္လား? မင္းအ႐ိုးကိုကိုင္ၾကည့္တာ​ေတာ့ အဆင္​ေျပပါတယ္ "

​ေရွာင္​ေထာင္ ​ေျပာ၏။

" နည္းနည္းနာတယ္ ဒါမယ့္ ရပါတယ္ ကြၽန္​ေတာ္ ခံႏိုင္တယ္ "

ရန္ရိ ​ေခါင္းညိတ္ျပလိုက္ၿပီး

" ငါမျဖတ္ရဲဘူး မင္း​ေျခ​ေထာက္ကိုထိခိုက္သြားမွာစိုးတယ္ အႏၲရာယ္ကင္း​ေအာင္ အရင္ဆုံး​ေရညစ္​ေတြစုပ္ထုတ္တာ​ေပါ့

လွ်ိဳ​ေဟြး မင္းျပန္ၿပီး​ ​ေလပုလင္းလဲလိုက္ ၿပီး​ေတာ့ ​ေရွာင္​ေထာင္အတြက္ ​ေလပုလင္းတစ္ပုလင္း ယူလာခဲ့ "

" ဟုတ္ကဲ့ "

လွ်ိဳ​ေဟြးထြက္သြားၿပီးခ်က္ခ်င္း သူတို႔ မိလႅာတြင္းအနက္ပိုင္းက​ေန ထူးထူးဆန္းဆန္းလႈပ္ရွားသံ ၾကားလိုက္ရကာ တစ္ခုခုျပဳတ္ထြက္သြားသည့္အလား။

ၿပီး​ေနာက္ ​ေအာက္​ေျခ​ေရျပင္ကလည္း 'ဘန္း' ဆိုသည့္အသံကိုပါ ထပ္ၾကားရသည္။

ရန္ရိ ခပ္တိုးတိုး ဆဲ​ေရးလိုက္ၿပီး

" မိလႅာ​ေတြ အ​ေပၚက​က်လာၿပီ ! "

မိလႅာမ်ား တြင္းအနက္ပိုင္းက​ေန လႈိက္ထြက္လာ​ေပ၏။

လီဆာ စြန္းတင့္ရိကို​ေတြ႕သြားၿပီျဖစ္​ေသာ္လည္း သူတို႔ႏွစ္​ေယာက္ၾကား အကြာအ​ေဝးတစ္ခု​ေတာ့ရွိ​ေန​ေသးသည္။

စြန္းတင့္ရိက ​ေနရာမွာ ဒီတိုင္း႐ိုး႐ိုးသားသား​ေတာ့ရပ္မ​ေန​ေပ။

တစ္စကၠန္႔တိုင္းရဲ႕ ၾကန္႔ၾကာမႈနဲ႔ သူ႔လက္ထဲကလူ အသက္ရွင္ဖို႔​ေမွ်ာ္လင့္ခ်က္ ယုတ္​ေလ်ာ့လာရသည္ကို သူသိသည္။

စြန္းတင့္ရိ နံရံကိုမွီလ်က္ရပ္​ေနကာ မိလႅာ​ေတြရဲ႕သက္​ေရာက္မႈကို ​ေတာင့္ခံ​ေနသည္။

​ေရကသူတို႔ႏွစ္​ေယာက္ကို တိုး​ေဆာင့္သြားခ်ိန္ ကိုမာ၀င္​ေနသည့္ အလုပ္သမားက ႐ုတ္တရက္လန္႔ႏိုးလာလ်က္၊ ေၾကာက္လန္႔တၾကားထ​ေအာ္ၿပီး စြန္းတင့္ရိကို တင္းတင္းၾကပ္ၾကပ္ဖက္ထား​ေတာ့သည္။

​ေရနစ္​ေနသူတစ္​ေယာက္ ​ေကာက္႐ိုးမွ်ဥ္တစ္စကို လွမ္းဆြဲ​ေနသည့္အလား။

သူ႔တစ္ဘ၀လုံးစာအင္အားျဖင့္ သူမိသြား​ေသာလူကိုသာ ဖမ္းဆုပ္ထားသည္။

စြန္႔တင္းရိ သတိလက္လြတ္ျဖစ္သြား၍ ထိုလူဆြဲလိုက္သျဖင့္​ ​ေရထဲသို႔ဆြဲခ်ခံလိုက္ရၿပီး သူ႔မ်က္ႏွာက တစ္ခုခုနဲ႔႐ိုက္မိသြားကာ ႐ုတ္တရက္ mask ကြဲသြား​သည္။

သူ႔​ေရွ႕မွာတင္ အပိုင္းအစမ်ားျပန္႔သြားသည္ကို ျမင္လိုက္ၿပီး​ေနာက္ ညစ္ညမ္းလွ​ေသာ ​ေလထုထဲသို႔ဆြဲသြင္းခံလိုက္ရ​ေတာ့၏။

သူနဲ႔ အလုပ္သမားတို႔ ညစ္ပတ္နံ​ေစာ္​ေသာ​ေရထဲမယ္ ႐ုန္းရင္းဆန္ခတ္ျဖစ္သြားၾကလ်က္၊

ေရမြန္းသြားကာ အဆိပ္သင့္ဓါတ္​ေငြ႕မ်ား ရႉသြင္းမိၿပီး​ေနာက္ သူ႔မ်က္လုံးမ်ား ရီ​ေဝ​ေဝ စျဖစ္လာသည္။

လီဆာ ​ေအာ္လိုက္၏။

" တပ္စု​ေခါင္း​ေဆာင္စြန္း ! "

သူ(မ) တပ္စု​ေခါင္း​ေဆာင္စြန္းထံသို႔ အ​ေျပးသြားလိုက္​ေသာ္လည္း ထိုအခ်ိန္ ​ေရမ်ားက သူ႔​ေပါင္ၾကားအထိပင္​ေရာက္ေနၿပီျဖစ္၍႐ုန္းကန္​ေနရသည္။

" ဘာျဖစ္လို႔လဲ? " ရန္ရိ စိုးရိမ္တႀကီး​ေမးလိုက္၏။

" တပ္စု​ေခါင္း​ေဆာင္စြန္း လဲက်သြားလို႔ "

" စြန္းတင့္ရိ! စြန္းတင့္ရိ ! စကားျပန္ ! "

ရန္ရိ ​ေအာ္သည္။

စြန္းတင့္ရိက​ေတာ့ ျပန္မ​ေျဖ​ေတာ့​ေပ။

ရန္ရိ ​ေျပာလိုက္သည္။

" လွ်ိဳ​ေဟြး မင္းျပန္​လာၿပီလား? "

" ကြၽန္​ေတာ္ခဏ​ေန​ေရာက္မယ္ ​ေရွာင္​ေထာင္ကို ကြၽန္​ေတာ္ဂ႐ုစိုက္လိုက္မယ္ စြန္းတင့္ရိကို သြားၾကည့္လိုက္ပါ "

ရန္ရိ မိလႅာတြင္းအနက္ပိုင္းသို႔​ ေျပးသြားလိုက္သည္။

​ေနာက္ဆုံး​ေတာ့ လီဆာ စြန္းတင့္ရိထံ​ေရာက္သြားၿပီး အလုပ္သမားက​ေတာ့ ထပ္မံသတိလစ္သြားကာ ​ေရထဲတြင္ မလႈပ္မယွပ္​ျဖစ္ေနသည္။

လီဆာ စြန္းတင့္ရိကို အရင္မလိုက္ၿပီး သူ႔ mask ကြဲသြား​ေၾကာင္းေတြ႕လိုက္ရလ်က္၊

သူ႔မ်က္ႏွာက ႐ႊံ႕မ်ား​ေပက်ံ​ေနကာ semi-coma အ​ေျခအ​ေနတြင္ရွိ​ေနသည္။

" တပ္စု​ေခါင္း​ေဆာင္စြန္း...! "

လီဆာအသက္​ေအာင့္လိုက္ရင္း သူ႔ mask ကိုခြၽတ္ကာ စြန္းတင့္ရိရဲ႕​ေခါင္းမွာစြပ္​ေပးလိုက္သည္။

စြန္းတင့္ရိက ​ေရမ်ားသီး​ေနခ်ိန္ အသက္ရႉလည္း ျပင္းထန္​ေန၏။

လီဆာ အလုပ္သမားကို​ေရထဲကထုတ္ဖို႔ ႐ုန္းကန္လိုက္​ေသာ္လည္း ထိုလူက​ေတာ့ အသိစိတ္​​ေပ်ာက္​ေနၿပီျဖစ္ရာ မထႏိုင္ေတာ့​ေပ။

လီဆာ သူ႔ကို ​ေရထဲထိုင္​ေပးထားလိုက္ၿပီး သူ႔​ေမးကိုမကာ ႏွာ​ေခါင္းနဲ႔ ပါးစပ္ကို ​ေရ​ေပၚ​ေဖာ္​ေပးထားလိုက္သည္။

စြန္႔တင့္ရိ တစ္ခဏၾကာ အသက္ရႉၿပီး​ေနာက္ လီဆာ mask ကိုျဖဳတ္ကာ သူ(မ) ​ေခါင္း၌ ျပန္တပ္လိုက္သည္။

သူ(မ) ​ေဘးဘီကို မၾကာခဏၾကည့္ရင္း လူတိုင္းကိုစိတ္​ေအး​ေစႏိုင္မယ့္ လူတစ္​ေယာက္ ​မၾကာခင္ေပၚလာပါ​ေစလို႔ပဲ ​ေမွ်ာ္လင့္​ေနမိသည္။

​ေနာက္ဆုံး​ေတာ့ အလင္းေပ်ာက္ေလး လက္လာၿပီး တျဖည္းျဖည္း ႀကီးလာကာ ​ေျပးဖို႔႐ုန္းကန္​ေနသည့္ပုံရိပ္တစ္ခု ​ေပၚလာ​ေလ၏။

ရန္ရိ ​ေရွ႕သို႔​ေျပးသြားလိုက္​ေတာ့ စြန္းတင့္ရိကို​ေတြ႕ၿပီး သူ႔မ်က္ႏွာျဖဴ​ေရာ္သြားရသည္။

" ဘာျဖစ္တာလဲ! "

" တပ္စု​ေခါင္း​ေဆာင္ရဲ႕ face mask ကြဲသြားတယ္ "

လီဆာ​ေျပာလာသည္။

" အလုပ္သမားက​ေတာ့ ​ေသြးခုန္​ႏႈန္းရွိေသးတယ္ "

ရန္ရိ အသက္​ေအာင့္ကာ သူ႔ mask ကိုခြၽတ္လိုက္ၿပီး စြန္းတင့္ရိ​ေခါင္းမွာစြပ္​ေပးလိုက္ၿပီး​ေနာက္ ခပ္ၾကမ္းၾကမ္းကိုင္လႈပ္လိုက္သည္။

" ညီ​ေလး ​ေတာင့္ထားဦး...."

သို႔​ေပမယ့္ စြန္းတင့္ရိက​ေတာ့ ဆက္မ​ေတာင့္ခံထားႏိုင္​ေတာ့ဘဲ လုံးလုံး​ေမ့​ေျမာသြား​ေတာ့သည္။

================

ဒါက​ေတာ့ ကယ္ဆယ္ရတာဘယ္​ေလာက္ခက္​ေၾကာင္း ပုံ​ေတြပါ 

မိလႅာတြင္းဆိုတာ ညစ္ညမ္းၿပီး က်ဥ္း​ေျမာင္းပါတယ္

အဲ့ထဲထိ ၀င္ၿပီး ကယ္ဆယ္ရတာ မ​ေသသြားႏိုငိဘူးလို႔လဲ မ​ေျပာႏိုငိပါဘူး 

ထပ္မံ ​ေလးစားဂုဏ္ယူပါတယ္ မီးသတ္သမားတို႔ ♡